← Chapters

စနစ်တွင်မှတ်ပုံတင်ရန်ကျရှုံးခြင်း

Vol. 37 Ch. 514

စနစ်တွင်မှတ်ပုံတင်ရန်ကျရှုံးခြင်း

Vol. 37 Ch. 514

ကျန်းလန် အစီအရင်ထဲတွင် မတ်တတ်ရပ်နေသည်။ အထဲမှ အရာအားလုံးကို နားလည်သည်ဟု ခံစားရပြီး အလွန်လည်း ထူးခြားဆန်းကျယ်လွန်းသည်။

အစီအရင်၏ လုပ်ဆောင်ချက်က အမှောင်ထုကို ဖိနှိပ်ပြီး တံဆိပ်ခတ်ထားရန်ဖြစ်သည်။

ထို့ကြောင့် အစီအရင်က ပစ်မှတ်ထားသည့်အရာကို နားလည်သွားလျှင် အမှောင်ထုကို မည်သို့ဖိနှိပ်ထားရမည်ကို နားလည်လာမည် ဖြစ်သည်။

ထို့နောက် သူ အမှောင်ထုကို လျှော့ချနိုင်သည့်နည်းလမ်းကို စဉ်းစားရမည် ဖြစ်သည်။

အစီအရင်ကို နားလည်ရန် မည်မျှကြာအောင် ကြိုးစားခဲ့ရသည်ကို မသိသော်လည်း တဖြည်းဖြည်း အသိဉာဏ်ပွင့်လင်းလာသည်။

ကြီးမားသည့် အမှောင်ထုဖိအားအောက်တွင် အထူးသဖြင့် သူ ပျော်ရွှင်နေမိသည်။

တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်ခြင်းက သူ၏စိတ်ကို ထိခိုက်စေမည်ကို ကျန်းလန်က စိတ်ပူနေမိသည်။ ယခုတော့ ဤသို့သော ဖိအားအောက်တွင် သူ၏ စိတ်စွမ်းအားတိုးတက်လာသည်ဟု ခံစားရသည်။

သူက ပိုမိုများပြားသည့် တန်ခိုးစွမ်းအားကို လက်ခံပြီး သူ့ကိုယ်သူ စွမ်းအားမြင့်မားသည်ထက်မြင့်မားအောင် ပြုလုပ်ချင်သည်။ သူ လမ်းပျောက်မသွားဘူးဆိုလျှင် ပိုမိုကြီးမားသည့် တန်ခိုးစွမ်းအားကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

သူ့အနေဖြင့် မောက်မာရန်လည်းမလိုသလို အလောတကြီးလုပ်စရာလည်း မလိုပေ။

အချိန်များကုန်ဆုံးသွားသည်နှင့်အမျှ သူ၏ စိတ်စွမ်းအားများ တိုးတက်လာပြီး တည်ငြိမ်သည်ထက် တည်ငြိမ်လာသည်။ ကောင်းကင်ဂူထဲမှ အစီအရင်ကို နားလည်မှုသည်လည်း ထိပ်ဆုံးအဆင့်သို့ ရောက်ရှိလာသည်။

အစီအရင်တစ်ခုလုံးကို သူ မတွေ့မြင်နိုင်သော်လည်း အစီအရင်ကို ဖြည့်စွက်ပြုပြင်ရန်အတွက် လုံလောက်သောနားလည်မှုကို ရရှိခဲ့သည်။

ထိုအရာက အသုံးဝင်ကောင်းဝင်နိုင်သည်။

***

လင်အန်းနှင့် အခြားသူများက ကျန်းလန်ကို ကြည့်နေကြသည်။

သူတို့ ဤနေရာတွင် စောင့်ကြည့်နေကြသည်မှာ အချိန် (၅)နှစ်ပင် ကြာမြင့်ခဲ့လေပြီ။

(၅)နှစ်အတွင်း သူတို့ ကျန်းလန်ကို ကာကွယ်ပေးစရာ မလိုအပ်ခဲ့ပေ။ ကြီးမားသောဖိအားကြီးကို ကျန်းလန်က သေသေချာချာ ကိုင်တွယ်နိုင်ခဲ့သည်။

အစပိုင်းတွင် သူတို့ မည်သည့်အရာမှ မခံစားရပေ။ (၃)နှစ်ကြာပြီးသည့်နောက် သူတို့စောင့်နေကြရင်း အံ့သြတုန်လှုပ်လာကြသည်။

ဤအရာအားလုံးကို တောင့်ခံထားသူသည် ထိုနေ့ကို ဖြတ်သန်းပြီးလျှင် အသက်မရှင်နိုင်တော့မည်ကို သူတို့ စိုးရိမ်မိကြသည်။

ယခင်က သူတို့အားလုံး နာကျင်မှုကို တွေ့ကြုံခံစားခဲ့ဖူးသည်။ ထို့ကြောင့် တစ်ယောက်တည်းဖြင့် ဖိအားများကို တောင့်ခံထားခြင်းက မည်မျှ ကြောက်မက်ဖွယ်ရာဖြစ်သည်ကို နားလည်ကြသည်။

သို့ပေသိ ကျန်းလန်ကတော့ အမှန်တကယ်ပင် အထင်ကြီးစရာကောင်းလှသည်။

သူ၏ကျင့်ကြံခြင်းအဆင့်က ထိုမျှလောက်မြင့်မားခြင်း မရှိသေးပေ။ သို့သော် သူ၏ စိတ်စွမ်းအားက ကောင်းလွန်းသည်။

"ဘာမှလည်း မထူးခြားဘူး"

"ဘာမှမထူးခြားရင်တောင်မှ ကျုပ်တို့ တည်တည်ငြိမ်ငြိမ်နဲ့ (၅)နှစ်လောက် နေလိုက်ရတယ်လေ"

"အမှန်ပဲ ၊ အချိန် (၅)နှစ်အတွင်း ပိုဆိုးလာတာတော့ မရှိပါဘူး"

ထပ်မံဆိုးရွားလာခြင်းမရှိသည်က ကောင်းမွန်သည့် ပြောင်းလဲမှုတစ်ခုပင် ဖြစ်သည်။

"ဂိုဏ်းတူညီလေးကျန်းလန်ကို လျှော့မတွက်နဲ့ ၊ အခုမှ (၅)နှစ်ပဲ ရှိသေးတာလေ"

"အရင်ကဆိုရင် မင်း တစ်နှစ်တောင် စောင့်နိုင်လို့လား ၊ ဒီတစ်ခါ အကြာကြီးစောင့်နေရတာ မဟုတ်ဘူးလား"

"……"

သူတို့ စကားပြောနေကြစဉ်မှာပင် အစီအရင်မှ အလင်းရောင်များက ပြန်လည်မှေးမှိန်သွားသည်။ သူ၏တန်ခိုးစွမ်းအားများအားလုံးက ကျုံ့ဝင်သွားသည်။

အရာအားလုံးက ပြီးဆုံးသွားသည့်အလား ဖြစ်သည်။ သူတို့မေးချင်သော်လည်း မမေးနိုင်ခဲ့ကြပေ။

အစီအရင်ကို ဖြည့်စွက်ပြုပြင်ခြင်း ကျရှုံးခဲ့သည်လား ၊ ဒါမှမဟုတ် တစ်စုံတစ်ခု ဖြစ်ခဲ့သည်လား။

တပည့်တစ်ယောက်က…

"ကျုပ်တို့ အရင်ကလုပ်နေတဲ့အလုပ်တွေ ဆက်လုပ်ရဦးမှာလား"

ထိုမေးခွန်းက အလွန်အရေးကြီးသည်။

ယခု ကျန်းလန်က အစီအရင်တစ်ခုလုံးကို အသက်မသွင်းခဲ့သော်လည်း အစီအရင်က အမှောင်ထုကို ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။

ဂိုဏ်းတူအစ်ကိုတစ်ယောက်က…

"ခဏလောက်စောင့်ကြည့်ကြတာပေါ့"

ကျန်းလန်က အစီအရင်ကို ပြုပြင်ရာတွင် သူ ကျရှုံးသွားသည်ဟု ထုတ်ဖော်မပြောခဲ့ပေ။ ထို့ကြောင့် ပုံမှန်လုပ်နေကျအတိုင်း သူတို့က အစီအရင်ကို သွားရောက်ပြုပြင်နေမည်ဆိုပါက မထင်မှတ်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။

ထို့ကြောင့် သူတို့ အချိန်အတန်ကြာအောင် စောင့်ကြည့်ရန် လိုအပ်သည်။ သို့သော် ခဏကြာပြီးနောက် သူတို့ စောင့်ကြည့်စရာ မလိုတော့ကြောင်း သိလိုက်ရသည်။

အစီအရင်မှထွက်ပေါ်နေသည့်အလင်းရောင်များ ပျောက်ကွယ်သွားသည်နှင့် ကျန်းလန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ကျန်းလန် ခြေချလိုက်သည်နှင့် အစီအရင်တစ်ခုလုံး အသက်ဝင်လာပြီး အလင်းရောင်များ တောက်ပလာပြန်သည်။ အစီအရင်အသက်ဝင်လာခြင်းက အမှောင်ထုကို လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။

အမှောင်ထုက အရှိန်အဟုန်ဖြင့်ဝင်ရောက်လာပြီး ကျန်းလန်ကိုပင် လုံး၀ ဖုံးကွယ်သွားလုမတတ် ဖြစ်သွားသည်။

စောင့်ကြည့်နေသူများ ထိတ်လန့်တုန်လှုပ်သွားကြပြီး အချိန်မရွေး လှုပ်ရှားမှုပြုလုပ်ရန် အသင့်ပြင်ထားလိုက်ကြသည်။ အမှောင်ထုဝင်ရောက်လာသည်ကိုကြည့်ရင်း အားလုံး၏ နဖူးထက်တွင် ချွေးများပျံလျှက် ရှိကြသည်။

သို့သော် သူတို့ အလောတကြီး မလှုပ်ရှားရဲကြပေ။

ထိုအချိန် ကျောက်ဂူတစ်ခုလုံးတွင် အစီအရင်မှ ထွက်ပေါ်နေသည့် အလင်းရောင်များ ဖုံးလွှမ်းနေပြီး အမှောင်ထုကတော့ ကျန်းလန်ကို ဝါးမျိုပစ်ရန် တဖြည်းဖြည်း မြင့်တက်လာသည်။

ထိုခဏတွင် ကျန်းလန်က လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး လေထဲတွင် အင်းသင်္ကေတများကို ရေးဆွဲလိုက်သည်။

ထိုအခါ အမှောင်ထုဖုံးလွှမ်းနေသည့်နေရာမှ လျှို့ဝှက်ဆန်းကျယ်သော အစီအရင်များ စတင်ထွက်ပေါ်လာသည်။

"ဘုန်း"

ထို့နောက် အစီအရင်က ကျန်းလန်၏ အင်းသင်္ကေတများနှင့် ပေါင်းစပ်သွားပြီး အမှောင်ထုကို အက်ကွဲသွားစေသည်။ အစက မတွန်းလှန်နိုင်ဟု ထင်ထားသည့် အမှောင်ထုသည် ပြိုကွဲသွားကာ နောက်သို့ ပြန်ဆုတ်သွားသည်။

မရေမတွက်နိုင်သော အင်းသင်္ကေတများက လှိုင်းလုံးများပမာ အမှောင်ထုထဲသို့ တိုးဝင်သွားသည်။

အရုဏ်တက်အလင်းရောင်က ညအမှောင်ကို ဖြိုခွင်းလိုက်သည့်အလားပင် ဖြစ်သည်။

လူတိုင်း အံ့အားသင့်သွားကြ၏။ ဤသည်က အမှောင်ထုကို တန်ပြန်တိုက်ခိုက်ခြင်းလေလား။

ဤနှစ်များအတွင်း သူတို့အားလုံး အမှောင်ထုကို အပြင်းအထန် ခုခံခဲ့ကြသည်။ သို့သော် ယခုကဲ့သို့ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး တစ်ခါမှ မရရှိခဲ့ပေ။

အစီအရင်မှ အလင်းရောင်များ တောက်ပနေသည်နှင့်အမျှ အမှောင်ထုက နောက်ပြန်ဆုတ်သွားသည်။ ဤသည်မှာ ထင်ယောင်ထင်မှားမြင်ကွင်းများလားဟုပင် သူတို့ ထင်မှတ်မိကြသည်။

ကျန်းလန်က အစီအရင်ကို တရစပ် ဆက်လက်ပြုပြင်နေသည်။ သူကိုယ်တိုင်က အမှောင်ထုကို နောက်ဆုတ်သွားစေရန် မစွမ်းဆောင်နိုင်ပေ။ ထို့ကြောင့် အစီအရင်မှ စွမ်းအားကို သူ၏ စွမ်းအားဖြင့် ပေါင်းစပ်အသုံးပြုခဲ့ရသည်။

အင်းင်္ကေတများကို တာ့လော်အင်မော်တယ်အဆင့် တန်ခိုးစွမ်းအားအသုံးပြုပြီး ရေးသားခဲ့သည့်တိုင် အမှောင်ထုကို တွန်းလှန်နိုင်ခဲ့ခြင်း မရှိပေ။ အစီအရင်မှ တန်ခိုးစွမ်းအားဖြင့် ပေါင်းစပ်လိုက်မှသာ အောင်မြင်နိုင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အမှောင်ထုကို တွန်းလှန်နိုင်သည့်အရာမှာ ဤကျောက်ဂူအတွင်းမှ အစီအရင်တစ်ခုတည်းသာ ဖြစ်သောကြောင့်ပင်။

သို့သော် အစီအရင်သည် အတော်လေး ပျက်စီးနေပြီ ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက် ကျန်းလန် ရပ်တန့်လိုက်ပြီး အစီအရင်မှ အလင်းရောင်များလည်း ပြန်လည်မှေးမှိန်သွားသည်။

သူ၏အကန့်အသတ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူ့အကန့်အသတ်မရောက်လျှင်တောင်မှ အစီအရင်က အကန့်အသတ်ရောက်ရှိသွားပြီ ဖြစ်သည်။

အမှောင်ထုကို အနည်းငယ်သာ တွန်းလှန်နိုင်ခဲ့သည်။

ဒီထက်ပိုပြီး သူ မလုပ်နိုင်တော့ပေ။ ကျန်းလန် အစီအရင်ကို ထိန်းချုပ်ထားခြင်းကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

မထွက်ခွာခင် ခဏမျှ အခြေအနေစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူကြည့်နေစဉ်မှာင် အမှောင်ထုထဲတွင် တောက်ပနေသည့် အလင်းရောင်ဖျော့ဖျော့ကို တွေ့မြင်လိုက်ရသည်။

ထိုအလင်းရောင်က အစီအရင်နှင့် ပဲ့တင်ထပ်နေပြီး အမှောင်ထုနှင့် သက်ဆိုင်သည့်အရာမဟုတ်ပေ။ ထိုအရာက အစီအရင်၏ ပျက်စီးသွားသော အစိတ်အပိုင်းတစ်ခု ဖြစ်ဟန်တူသည်။

သို့သော် ဘာကြောင့်မှန်းမသိ ထိုနေရာတွင် အမှောင်ထုက ပြိုကွဲမသွားဘဲ ဒီအတိုင်းပင် တည်ရှိနေခဲ့သည်။

ထူးဆန်းသည်ဟု ခံစားလိုက်ရပြီး ကျန်းလန်က အစီအရင်ကို အသက်သွင်းကာ ထိုအလင်းတန်းနှင့် ချိတ်ဆက်လိုက်သည်။

အလင်းရောင်ကို ထိတွေ့လိုက်သည်နှင့် ကျန်းလန်မှာ အစီအရင်အတွင်းသို့ ဆွဲသွင်းခံလိုက်ရသလို ခံစားလိုက်ရသည်။ သို့မဟုတ် အစီအရင်၏ ဖွဲ့စည်းပုံက သူ့စိတ်အာရုံထဲသို့ ဝင်ရောက်လာခြင်း ဖြစ်နိုင်သည်။

ထို့နောက် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရပြီး ကျန်းလန်၏ခန္ဓာကိုယ် တစ်ချက်တုန်ခါသွားသည်။

ပုံရိပ်က သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်ပြီး ထိုသူက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

"မင်းက ခွန်လွန်တောင်က တပည့်ဆိုရင် ရှေးဟောင်းအနောက်နန်းတော်မှာ ကျုပ်ကို လာရှာပါ ၊ ကျုပ်နာမည်က 'ကု' လို့ ခေါ်ပါတယ်"

အသံက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး "ကု"၏ ပုံရိပ်သည်လည်း လေထဲတွင် လွင့်ပြယ်ပျောက်ကွယ်သွားသည်။

ကျန်းလန် အသိစိတ်ပြန်ဝင်လာပြီး အနည်းငယ် အံ့အားသင့်သွားသည်။

ရှေးဟောင်းအနောက်နန်းတော်တဲ့လား။

ဧကရာဇ်ရှီးဟယ်က ထိုသူကို တွေ့မြင်ဖူးပါသလား။

ဤနေရာက ကောာင်းကင်ဘုံတံခါးဖြစ်လေရာ "ကု"က တစ်စုံတစ်ခုကို အကြောင်းကြားရန် ဤနေရာတွင် သတင်းစကားများ ချန်ထားခဲ့ခြင်းလား။

ကြည့်ရသည်မှာ သူက ထိုအလင်းတန်းကို ပထမဆုံး ကြုံတွေ့ရဖူးသူ ဖြစ်နိုင်သည်။ သို့သော် ထိုအလင်းတန်းက "ကု" ချန်ထားခဲ့သည့် အလင်းတန်းများစွာထဲမှ တစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဧကရာဇ်ရှီးဟယ်နှင့် အခြားသူများသည်လည်း ကြုံတွေ့ကောင်း ကြုံတွေ့ဖူးပေလိမ့်မည်။

ဧကရာဇ်ရှီးဟယ်နှင့် ဆရာဒေါ်လေးမြောင်ယွဲ့ကို မေးမကြည့်ဘဲ ထိုအကြောင်းများကို သိရှိနိုင်မည် မဟုတ်ပေ။

ဆရာဖြစ်သူကတော့ ထိုအကြောင်းများကို သိရှိမည်လား မသေချာပေ။

အခြေအနေတည်ငြိမ်သွားပြီးနောက် ကျန်းလန် ကျောက်ဂူအတွင်းမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ မည်သည့်အန္တရယ်မှ မကြုံတွေ့ခဲ့ရသလို မည်သည့်အကျိုးအမြတ်မှလည်း ရရှိခဲ့ခြင်း မရှိပေ။

ကောင်းကင်ဘုံကို မတွေ့မြင်နိုင်ခဲ့သလို အမှောင်ထုကိုလည်း ထိုးဖောက်ကြည့်ရှုနိုင်ခဲ့ခြင်း မရှိပေ။

ခွန်လွန်ဘိုးဘေး "ကု" ချန်ထားခဲ့သည့် စကားများကို ကြားသိခဲ့ရခြင်းကသာ အကျိုးအမြတ်တစ်ခုဟု သတ်မှတ်နိုင်သည်။

ထို့နောက် ကျန်းလန် စနစ်မှတ်ပုတင်ရန် ဆုံးဖြတ်လိုက်သည်။

ဤနေရာတွင် မဟာတာအိုလမ်းကြောင်းတည်ရှိကြောင်း စနစ်မှ အသိမပေးခဲ့ပေ။ မဟာတာအိုလမ်းကြောင်း မရှိဘူးလားဟုပင် ကျန်းလန် သံသယဝင်မိသည်။

သို့ပေသိ ကောင်းကင်ဘုံတံခါးဖြစ်သည့်အတွက် ထူးခြားသည့်ပစ္စည်းတစ်ခုခုများ ရရှိလေမည်လားဟု မျှော်လင့်မိသည်။

"စနစ် ဒီနေရာမှာ မှတ်ပုတင်မယ်"

ကျောက်ဂူအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာရင်း စနစ်မှတ်ပုတင်လိုက်သည်။

သို့သော် ခြေလှမ်း (၂)လှမ်းခန့် လှမ်းပြီးနောက် သူ့ခြေလှမ်းများ ရပ်တန့်သွားရသည်။

သာမန်ဆိုလျှင် တုန်လှုပ်ခြင်းမရှိသည့် သူ၏ စိတ်အစဉ်သည် စနစ်မှထွက်ပေါ်လာသည့်အသံကြောင့် တုန်လှုပ်သွားရပြီး လှိုင်များပင်ထသွားသလို ခံစားလိုက်ရ၏။

စနစ်မှ ထွက်ပေါ်လာသော အတက်အကျမရှိသည့် အသံက ယခင်ကနှင့်မတူညီသော စကားတစ်ခွန်းကို ပြောလိုက်သောကြောင့် ဖြစ်သည်။

ပုံမှန်အရဆိုလျှင် သူ စနစ်တွင် မှတ်ပုံတင်ပြီးသည်နှင့် "စနစ်မှတ်ပုံတင်ခြင်း အေင်မြင်ပါတယ်" ဟု စနစ်မှ ပြန်လည် သတင်းပေးလေ့ ရှိသည်။

ယခုတစ်ကြိမ် စနစ်မှ ထွက်ပေါ်လာသည့် အသံမှာတော့ -

[ဒင်!]

[ဤနေရာတွင် စနစ်မှတ်ပုံတင်၍ မရနိုင်ပါ ၊ ထို့ကြောင့် စနစ်ပိုင်ရှင်သည် မဟာတာအိုမှ ပေးအပ်သည့် လက်ဆောင်ကို မရယူနိုင်ပါ ၊ ထပ်မံပြီး စနစ်မှတ်ပုံတင်ချင်ပါသလား]

ထိုစကားကို ကြားသည့်အခါ သူ စနစ်ကို စတင်ရရှိစဉ်က မိတ်ဆက်စကားကို ပြန်လည် သတိရလိုက်မိသည်။

[ ကမ္ဘာဦးကာလအစမှ… ပရမ်းပတာအစီအစဉ်မကျခြင်းက အဓိကစိုးမိုးထားခဲ့တယ်… ၊ အဲဒီ အစီအစဉ်မကျခြင်းတွေက မဟာတာအိုလမ်းကြောင်းတွေအဖြစ် လူ့လောကတစ်လျှောက် ပျံ့နှံ့သွားတယ်… ]

သို့ဖြစ်ရာ ဤနေရာတွင် မဟာတာအိုလမ်းကြောင်း လုံးဝမရှိခြင်း ဖြစ်နိုင်လေသည်။

***

All Chapters