← Chapters

အခန်း (၃၅၁-၃၅၅)

Vol. 15 Ch. 351-355

အခန်း (၃၅၁-၃၅၅)

Vol. 15 Ch. 351-355

အပိုင်း (၃၅၁) ထိုက်ဖန်းတောင်

ထိုက်ဖန်းတောင်က အရမ်းကြီး မကြီးသလို သေးလည်း မသေးတဲ့ တောင်တစ်တောင်ပါ။ အရင်ထိုက်ဖန်းတောင် တစ်တောင်လုံးက စိမ်းညို့ရောင် တောတန်းတို့ဖြင့် အုံ့ဆိုင်းနေခဲ့ပြီး ပန်းပေါင်းစုံတို့ဖြင့် ဝေဆာလှပနေခဲ့ပါတယ်။ ဒါပေမယ့် အခု ထိုက်ဖန်းတောင် တစ်ခုလုံးကတော့ တိုက်ပွဲကွင်းပြင်တစ်ခု ဖြစ်သွားခဲ့ပါပြီ။

တိမ်မိစ္ဆာနယ်မြေက အင်အားစုတွေက ထိုက်ဖန်းတောင်ရဲ့ တောင်ဘက်တွင် တပ်စခန်း ချထားကြပြီး ဟန်မင်းဆက်က ကျင့်ကြံသူတွေ အဖွဲ့ကတော့ မြောက်ဘက်တွင် စခန်း ချထားကြပါတယ်။

လူငယ်တစ်ယောက်နဲ့ မိန်းမပျိုလေး နှစ်ယောက်က တိုက်ပွဲကွင်းပြင် တစ်ခုဖြစ်လာခဲ့တဲ့ ထိုက်ဖန်းတောင်ကို လှမ်းကြည့်လိုက်ကြတယ်။ လွန်ခဲ့တဲ့ လအတွင်း ထိုက်ဖန်းတောင်က တော်တော်လေး ပျက်ယွင်းလာခဲ့ပါပြီ။ တောင်တစ်ခုလုံး သွေးတွေနဲ့ စွန်းထင်းနေခဲ့ပြီး လူသေအလောင်းတွေ ဆိုရင်လည်း နေရာအနှံ့ပါပဲ။ ကျင့်ကြံသူ ဘယ်လောက်များများ အသက်ဆုံးရှုံးသွားခဲ့ပြီးပြီလဲ။

တိုက်ပွဲတစ်ခု စဖြစ်တာနဲ့ အခုလို မြင်ကွင်းမျိုးက သာမန်ပါပဲ။

တကယ်တော့ ထိုက်ဖန်းတောင် ဆိုတာ ကျွဲနှစ်ကောင်ကြားက မြေစာပင် ဖြစ်သွားခဲ့ရတာပါ။

တိမ်မိစ္ဆာနယ်မြေကနေ ထွက်လာပြီးကတည်း ဟူညီအစ်မ နှစ်ယောက် ဒီနေရာဆီ မြန်နိုင်သမျှ မြန်မြန် ရောက်အောင် အပြေးလာခဲ့တာပါ။ ဘာလို့လဲဆိုတော့ ဒီနေရာမှာ သူမတို့ရဲ့ ဂိုဏ်းသားတွေ ရှိနေသလို သွေးတိုက်ပွဲဂိုဏ်းက အကြီးအကဲတွေလည်း ရှိနေတာကြောင့်ပါပဲ။

လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက သူမတို့က ဒီနေရာမှာ တိုက်ခိုက်နေခဲ့တာပါ။ ဒါပေမယ့် အားကောင်းလှသည့် ရန်သူ့ဘက်က ပညာရှင်တွေနဲ့ ရင်ဆိုင်မိခဲ့တဲ့အတွက် တိမ်မိစ္ဆာနယ်မြေထဲ ထွက်ပြေးခဲ့ရပါတယ်။

သွားနေတဲ့ လမ်းတစ်လျှောက် အသုံးဝင်တဲ့ သတင်းအချက် အလက်များစွာကို ညီအစ်မ နှစ်ယောက်ဆီကနေ ရန်ကိုင် ကြားသိခဲ့ရပါတယ်။

ထိုက်ဖန်းတောင်က နှစ်ဖက်ကြားက အဓိကတိုက်ပွဲကွင်းပြင် တစ်ခု မဟုတ်ခဲ့တဲ့အတွက် ဒီနေရာ၌ ပညာရှင်တွေ အများကြီး ရှိမနေခဲ့ပါဘူး။ ဒီနေရာ၌ သွေးတိုက်ပွဲဂိုဏ်းက တပည့်တွေ အပြင် မုန်တိုင်းစံအိမ်က တပည့်အနည်းငယ် ရှိနေခဲ့သလို အခြား ဒုတိယအဆင့် အင်အားစုတွေက မရေမတွက်နိုင်တဲ့ လက်ရွေးစင်တွေလည်း ရှိနေခဲ့ကြပါတယ်။ သူတို့အားလုံးက ပထမအဆင့် အင်အားစု တစ်ခုရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင် နေရတာပါ။

ရှန်မိသားစု…

ဒီနေရာမှာ ရှိနေတဲ့ လူတွေအကုန်လုံးက အကုန်လုံးက ဟန်မင်းဆက်ရဲ့ နေရာအနှံ့မှ ဒုတိယအဆင့်၊ ဒါမှမဟုတ် အဲ့ထက် အဆင့်နိမ့်တဲ့ အင်အားစုတွေကနေ လာခဲ့တာ ဖြစ်တဲ့အတွက် ပထမအဆင့် အင်အားစု ဖြစ်တဲ့ ရှန်မိသားစုက အားလုံးရဲ့ ခေါင်းဆောင် ဖြစ်နေခဲ့ပါတယ်။

တစ်ယောက်ယောက်က သဘောမတူချင်ရင်တောင် ရှန်မိသားစုရဲ့ အမိန့်တွေကို မနာခံလို့ မရပါဘူး။ တကယ်တော့ တစ်ဖက်ရဲ့ နောက်ခံအင်အားက သူတို့ထက် အများကြီး ပိုအားကောင်းပါတယ်။

ထိုက်ဖန်းတောင်ရဲ့ တပ်စခန်းက ခုခံဖို့လွယ်တဲ့ နေရာမှာ တည်ဆောက်ထားတာပါ။ လွန်ခဲ့တဲ့ လအတွင်း တိုက်ပွဲအခြေအနေနဲ့ သင့်တော်အောင် သူတို့တွေ အမျိုးမျိုး ပြင်ဆင်ထားခဲ့ပြီးပါပြီ။ ထိုနေရာက တိမ်မိစ္ဆာနယ်မြေက ကျင့်ကြံသူတွေကို တိုက်ခိုက်တဲ့ သူတွေ ခိုးနားနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ညစ်ပတ်ပေရေနေတဲ့ လူငယ်တစ်ယောက်နဲ့ မိန်းမပျိုလေး နှစ်ယောက်က တပ်စခန်းဆီ လမ်းလျှောက်လာနေခဲ့တယ်။

တပ်စခန်းရဲ့ စစ်ဆေးရေးဂိတ်ပေါက်ကို ရောက်တဲ့ အချိန်မှာတော့ တောက်ပတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ လူတွေက သူတို့ကို ဟန့်တားလိုက်ပြီး စစ်ဆေးမေးမြန်းခဲ့တယ်။

ရန်ကိုင်နဲ့ ဟူညီအစ်မနှစ်ယောက်ရဲ့ ခွန်အားက အရမ်းကြီး မမြင့်မားဘူးဆိုတာကို သိထားတဲ့အတွက် ထိုအစောင့်တွေက သူတို့သုံးယောက်ကို အရမ်းကြီး အလေးအနက် မထားခဲ့ပဲ ပုံမှန်မေးရိုးမေးစဉ် မေးခွန်းအချို့ကို မေးဖို့အတွက်သာ ရပ်တန့်ခဲ့တာပါ။

ထိုယောကျ်ားလေး အစောင့်တွေက ဟူညေီအစ်မနှစ်ယောက်ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက် အနေအထားကို တစ်ချက် စူးစမ်းကြည့်လိုက်တယ်။ ဒါပေမယ့် သူတို့ အကြည့်က သူမတို့ရဲ့ ညစ်ပတ်ပေနေနေပြီး ကျောက်ပေါက်မာတွေ ပေါက်နေတဲ့ မျက်နှာထက် ရောက်သွားချိန်မှာတော့ ချက်ချင်းပဲ အကြည့်လွှဲလိုက်ပြီး သူတို့ မျက်ဝန်းထဲ ရွံ့ရှာသည့် အရိပ်အယောင်တို့တောင် ဖြတ်သန်းသွားခဲ့ပါတယ်။

ရန်ကိုင်က သူနဲ့ ဘာမှ မဆိုင်သည့်အလား စကားလေး တစ်ခွန်းတောင် ဝင်မပြောခဲ့ပါဘူး။

အဲ့အစား ဟူကျောင်းအာနဲ့ ဟူမေးအာတို့ နှစ်ယောက်က သူမတို့ နှစ်ယောက်မျက်နှာထက်က မိတ်ကပ်၊ အညစ်အကြေးတွေကို သုတ်ပစ်လိုက်ကာ ပုံမှန်ရုပ်ရည်သို့ ပြန်ပြောင်းလိုက်တယ်။

ရုတ်တရက် လမ်းဘေး၌ နားနေတဲ့ အစောင့်တွေထဲက တစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး အံ့အားသင့်နေတဲ့ အသံနဲ့ ပြောလိုက်တယ် “နင်တို့တွေက သွေးတိုက်ပွဲဂိုဏ်းက ဟူမိသားစုရဲ့ မိန်းမပျိုလေး နှစ်ယောက်မလား”

“အင်း” ဟူကျောင်းအာက ခေါင်းညိတ်ပြလိုက်တယ်။

“နင်တို့နှစ်ယောက်ပေါ့” သူမတို့ နှစ်ယောက်ကို မေးခွန်းမေးနေတဲ့ အစောင့်က ပျော်ရွှင်စွာနဲ့ အော်ဟစ်လိုက်မိပြီး ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “နင်တို့ နှစ်ယောက် လုံလုံခြုံခြုံနဲ့ ပြန်လာနိုင်တာ ကောင်းတယ်၊ ဝင်လာခဲ့ကြ”

ပြောပြီးတာနဲ့ အစောင့်က လမ်းပေါက်ကို အလျင်အမြန်ပဲ ဖွင့်ပေးလိုက်ပြီး နှိမ့်ချသည့် အမူအရာနဲ့ “ကျွန်တော်တို့ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ကျွန်တော်တို့တွေက တာဝန်အရ လုပ်နေရတာပါ။ ဒါကြောင့် မိန်းမပျိုလေး နှစ်ယောက်မှန်း မသိလို့ မေးခွန်းမေးမိတာကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”

ဟူကျောင်းအာက မျက်မှောင်ကြုံ့လိုက်တယ်။ သူမအမူအရာက အေးစက်သည့် ပုံမပေါက်သလို နွေးထွေးသည့် ပုံလည်း ပေါက်မနေခဲ့ပါဘူး။ သာမန်ပုံစံနဲ့ပဲ ရန်ကိုင်နဲ့ ဟူကျောင်းအာတို့‌ ရှေ့ကနေ ဦးဆောင်ပြီး သွားလိုက်တယ်။

သူတို့က ဝင်ပေါက်ကို ဖြတ်သွားဖို့ လုပ်နေတုန်းမှာပဲ အစောင့်တွေက ရန်ကိုင်ကို ကြည့်လိုက်ပြီး သူတို့ထဲက တစ်ယောက် ရှေ့တက်လိုက်ပြီး မေးလိုက်တယ် “မိန်းမပျိုးလေးတို့ နှစ်ယောက်၊ ကျွန်တော့်ကို တစ်ချက်လောက် ခွင့်ပြုပေးပါ၊ ဒီတစ်ယောက်က…”

“ငါ့သူငယ်ချင်း”

“အို၊ သူက မိန်းမပျိုလေးရဲ့ သူငယ်ချင်း ဖြစ်နေမှာတော့ အားလုံးက အဆင်ပြေသွားပြီပေါ့” အစောင့်ခေါင်းဆောင်က ပြုံးကာ ပြောလိုက်ပြီး ဘာမှ ဆက်မေးမနေတော့ပါဘူး။

လူငယ်သုံးယောက် ထွက်သွားတာနဲ့ အစောင့်အကြပ် ခေါင်းဆောင်ရဲ့ အမူအရာက တည်ကြည်လေးနက်သွားခဲ့ပြီး သူ့လက်အောက် ငယ်သားတွေထဲက တစ်ယောက်ကို ပြောလိုက်တယ် “ဟူညီအစ်မ နှစ်ယောက် လုံလုံခြုံခြုံနဲ့ ပြန်လာနိုင်ခဲ့ပြီလို့ သခင်ငယ်မလေးကို မြန်မြန်သွားပြောလိုက်၊ အခုပဲသွားတော့”

“ဟုတ်ကဲ့ပါ၊ ဆာ” သူ့လက်အောက် ငယ်သားတွေထဲက တစ်ယောက်က ခေါင်းညိတ်လိုက်ပြီး ပြေးထွက်သွားလိုက်တယ်။

ရန်ကိုင်လည်း ဟူညီအစ်မ နှစ်ယောက်ရဲ့ နောက်ကနေ တိတ်တဆိတ် လိုက်သွားနေရင်း သိပ်မကြာခင်မှာပဲ တပ်စခန်းရဲ့ အတွင်းပိုင်းဆီသို့ ရောက်ရှိလာခဲ့တယ်။

“အဲ့မှာပဲ” ဟူမေးအာက အနီးအနားက တစ်နေရာကို လက်ညိုးထိုးရင်း အလန့်တကြားနဲ့ ထအော်လိုက်တယ်။

သူမ ညွှန်ပြတဲ့ နေရာကို လှမ်းကြည့်လိုက်တဲ့အခါ အချင်းချင်း ဆွေးနွေးပြောဆိုနေကြတဲ့ လူတစ်အုပ်ကို ရန်ကိုင် တွေ့လိုက်ရတယ်။

သူတို့ဆီ တစ်ယောက်ယောက် ချဉ်းကပ်လာနေမှန်း သတိပြုမိလိုက်တာနဲ့ ထိုလူတွေအားလုံး ခေါင်းမော့ကြည့်လိုက်ကြတယ်။

ထို့နောက် အသက်၅၀၊၆၀ လောက်ရှိမယ့် ထွားကြိုင်းကြိုင်း လူအိုကြီးတစ်ယောက်ရဲ့ ခန္ဓာကိုယ် တုန်ရင်သွားခဲ့ပြီး ချက်ချင်းပဲ ဆွေးနွေးနေရာကနေ ထရပ်လိုက်ပြီး အပျော်တွေနဲ့ ပြည့်နေတဲ့ ဟူညီအစ်မ နှစ်ယောက်ကို စိုက်ကြည့်နေလိုက်တယ်။

ကွမ့်ချီလဲ့က သွေးတိုက်ပွဲဂိုဏ်းက အားအကောင်းဆုံး အကြီးအကဲတွေထဲက တစ်ယောက်ဖြစ်တဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄ ကျင့်ကြံသူ တစ်ယောက် ဖြစ်ပါတယ်။ သူက မန်ဝူရ သွေးတိုက်ပွဲဂိုဏ်းကို လာတိုက်တုန်းက တန်ပြန်ခုခံ တိုက်ခိုက်ခဲ့တဲ့ လူတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် လုံကျိုးရှန်လို မဟုတ်ပဲ ကွမ့်ချီလဲ့က သွေးတိုက်ပွဲဂိုဏ်းနှင့် ဟူမိသားစုအပေါ် အလွန်အမင်း သစ္စာစောင့်သိပါတယ်။ သူက ဟူညီအစ်မနှစ်ယောက် ကြီးပြင်းလာတာကို စောင့်ကြည့် လာခဲ့တဲ့ လူတစ်ယောက် ဖြစ်တဲ့အတွက် သူနဲ့သူမတို့ နှစ်ယောက်ကြားက ဆက်ဆံရေးက တော်တော်လေး ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။

“သခင်မလေးတို့လား” ကွမ်ချီလဲ့ တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ မေးလိုက်တယ်။

“သမီးတို့ပါ ဦးလေးလဲ့” ဟူကျောင်းအာက ပြုံးပြကာ ခေါင်းညိတ်ပြလိုက်တယ်။

“နင်းတို့တွေ လုံလုံခြုံခြုံနဲ့ ပြန်လာနိုင်ခဲ့တာပဲ” ကွမ်ချီလဲ့က ပျော်ရွှင်စွာနဲ့ အော်ပြောလိုက်ပြီး သူ့မျက်ဝန်းထဲကနေ မျက်ရည်တို့ စီးကျလာခဲ့တယ်။

ကျန်တဲ့လူတွေ အကုန်လုံးကလည်း ဟူညီအစ်မ နှစ်ယောက်ကို ပျော်ရွှင်စွာနဲ့ ကြည့်လိုက်ကြတယ်။ ညီအစ်မ နှစ်ယောက် ပျောက်သွားခဲ့တာ သုံးလတောင် ကြာသွားခဲ့ပါပြီ။ သူမတို့ကို နောက်ဆုံးအကြိမ် တွေ့လိုက်တုန်းက ဟူညီအစ်မ နှစ်ယောက်ကို မိစ္ဆာကျင့်ကြံသူ တစ်သိုက်က လိုက်ဖမ်းနေခဲ့တာပါ။

ဒါပေမယ့် သူမတို့ အသက်ရှင်လျက် လွတ်မြောက်နိုင်လိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် ရုတ်တရက် သူမတို့ ညီအစ်မနှစ်ယောက်က သူတို့ဆီ အသက်ရှင်လျက် အကောင်းပတိနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။

အဖွဲ့သား အရေအတွက်က တော်တော်လေး နည်းပါတယ်။ အများဆုံးမှ ဒါဇင်ကျော်ကျော်လေးပဲ ရှိပါတယ်။ ဒါပေမယ့် အကုန်လုံးကလည်း ရန်ကိုင် ရင်းနှီးနေတဲ့ လူတွေ ချည်းပါပဲ။

ထိုလူငယ်တွေအားလုံးက သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်စံအိမ်က တပည့်တွေပါ။

ပြီးတော့ သူ့ရဲ့ မိတ်ဆွေဟောင်းကြီး ဖန်ဇီဂျိကိုလည်း ရန်ကိုင် သတိပြုမိလိုက်ပါတယ်။

ထိုကောင်လည်း ဒီနေရာဆီ တိုက်ခိုက်ဖို့ ဆွဲခေါ်လာခံခဲ့ရတဲ့ပုံပါပဲ။

ဂိုဏ်းနှစ်ဂိုဏ်းစလုံးက တပည့်တွေက ရှေ့တန်းမှာ တိုက်ခိုက်ဖို့အတွက် ဒီနေရာဆီ ဆွဲခေါ်လာခံခဲ့ရပါတယ်။ ထို့ကြောင့် အားလပ်နေတဲ့ အချိန်အတောအတွင်း အားလုံး အတူတူ စုဝေးနေကြတာ အထူးအဆန်း မဟုတ်ပါဘူး။

“ကောင်းတယ်၊ ကောင်းတယ်။ နင်တို့ နှစ်ယောက် ဘာမှမဖြစ်ပဲ ပြန်လာနိုင်တာ တကယ်ကို ကောင်းတယ်၊ အရမ်းကို ကောင်းတယ်၊ အနည်းဆုံးတော့ ဂိုဏ်းချုပ် စိတ်အေးရပြီပေါ့” ကွမ်ချီလဲ့ သူ့အမူအရာကို ခပ်မြန်မြန်ပဲ ပြန်ထိန်းလိုက်ပြီး ပုတ်သင်ညိုလို အဆက်မပြတ် ခေါင်းညိတ်နေခဲ့တယ်။

ထို့နောက် သူ့အကြည့်က ရန်ကိုင်ဆီ ရောက်ရှိသွားခဲ့ပြီး မျက်မှောင်ကြုံကာ မယုံသင်္ကာဟန်နဲ့ ကြည့်ရင်း မေးလိုက်တယ် “ဒီက ညီငယ်လေးကို ဒီလူအိုကြီး တစ်နေရာမှာများ တွေ့ခဲ့ဖူးလား”

ဟူညီအစ်မတို့ နှစ်ယောက်စလုံး ရုတ်တရက် ဘယ်လို ရှင်းပြလို့ ရှင်းပြရမှန်းမသိ ဖြစ်သွားခဲ့တယ်။

ဒီနေရာမှာ ရှိနေတဲ့ အဖွဲ့သားတွေက ရန်ကိုင် ဘယ်သူလဲဆိုတာကို သိနေခဲ့ရင် ဘာပြဿနာမှ ရှိလိမ့်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခြားအင်အားစုက လူတွေသာ ရန်ကိုင်က ကောင်းကင်စံအိမ်က တပည့်တစ်ယောက် ဖြစ်နေမှန်း သိသွားခဲ့ရင် ဒီကိစ္စက ဒီမှာတင် အဆုံးသတ်သွားခဲ့လိမ့်မှာ မဟုတ်ပါဘူး။

ဖန်ဇီဂျိက ရန်ကိုင်ကို အဓိပ္ပါယ်ရှိရှိ ကြည့်လိုက်ပြီးနောက် အလျင်စလို ရှေ့တက်လိုက်ကာ အသာအယာလေး ချောင်းဟန့်ရင်း လက်သီးဆုပ်ကာ ပြောလိုက်တယ် “နှုတ်ဆက်ပါတယ်၊ ဒီတစ်ယောက်က မုန်တိုင်းစံအိမ်က ဖန်ဇီကျိပါ။ မင်းနဲ့ တူတဲ့ သူငယ်ချင်းတစ်ယောက် ငါ့မှာ ရှိခဲ့ဖူးတယ်။ ဒီက ရောင်းရင်းရဲ့ နာမည်ကို တစ်ချက်လောက် သိခွင့်ရှိမလား”

“ရန် ကိုင်” ရန်ကိုင်က စိတ်ထဲမှာသာ ကြိတ်ရယ်နေခဲ့တာပါ၊ သူ့မျက်နှာကတော့ နည်းနည်းလေးတောင် ပြောင်းလဲမသွားခဲ့ပါဘူး။

“အဲ့တော့ ညီအစ်ကိုရန်ပေါ့၊ ကောင်းတယ်၊ ကောင်းတယ်။ ဒီက ရောင်းရင်းက ငါ့ရဲ့ မရှိတော့တဲ့ သူငယ်ချင်းဟောင်း တစ်ယောက်နဲ့ ရုပ်တင် တူရုံမဟုတ်ပဲ နာမည်ပါ တူနေတာကိုး၊ ဟားဟားဟား… ဘယ်လောက်တောင် တိုက်ဆိုင်လဲလို့၊ ဟုတ်တယ်မလား” ဖန်ဇီကျိက သူ့အနားမှာ ရှိတဲ့ ဂျူနီယာတစ်ယောက်ရဲ့ ပုခုံးကို ပုတ်ချလိုက်တယ်။

“ဟုတ်တယ်၊ ဟုတ်တယ်…” ထိုဂျူနီလေးက ကူကယ်ရာမဲ့စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ ဖန်ဇီဂျိက အားပါပါနဲ့ ပုတ်ချလိုက်တာကြောင့် သူ့ပုခုံးလေး နာကျင်နေရပါပြီ။

အခြေအနေ တစ်ခုလုံးက… အတင်းအကြပ်ကြီး လုပ်ယူထားသလို ဖြစ်နေခဲ့ပါတယ်။

အားလုံးလည်း ဖန်ဇီဂျိ လုပ်နေတာကို နားလည်ထားကြပါတယ်။ တစ်ခဏလောက် ကြာပြီးနောက် အားလုံးလည်း ဖန်ဇီဂျိရဲ့ ဇာတ်လမ်းအတိုင်း လိုက်ကဖို့ ဆုံးဖြတ်လိုက်ကြတယ်။

လူအိုကြီးက အကင်းပါးတဲ့ လူတစ်ယောက်ပါ။ ထို့ကြောင့် ရန်ကိုင် ဆိုတဲ့ နာမည်ကို ကြားလိုက်ရပြီးတဲ့နောက်၌ ထိုလူငယ်လေးကို ဘာလို့ ရင်းနှီးနေသလို ခံစားရမှန်း သူနားလည်သွားခဲ့တယ် အဲ့တော့ သူပေါ့

အဖွဲ့သားတွေ အကုန်လုံး အခြေအနေတစ်ခုလုံးကို စိတ်ထဲကနေ နားလည်ထားကြပါတယ်၊ ဘယ်သူကမှလည်း အခြေအနေတွေကို ခက်ခဲအောင် လုပ်ဖို့ မကြိုးစားခဲ့ပါဘူး။

မြင်ရတဲ့ မြင်ကွင်းက တကယ်ကို ကြည်နူးစရာ ကောင်းလှပါတယ်။ ဒါပေမယ့် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ ရယ်သံတွေ၊ အပြုံးတွေ နောက်ကွယ်မှာ စိုးရိမ်ပူပန်မှုတွေ ဖုံးကွယ်နေတာကို ရန်ကိုင် သတိပြုမိခဲ့ပါတယ်။

အဖွဲ့သားတွေက အချင်းချင်း စကားစမြည် ပြောနေကြတဲ့အချိန် ဖန်ဇီဂျိရဲ့ မျက်ဝန်းအစုံးက အေးစက်သွားခဲ့ပြီး ဒေါသထွက်နေသည့် အလင်းတို့ လက်သွားခဲ့ကာ သူ့နှုတ်ခမ်းအစုံကို မဲ့ရွဲ့ပြီး ပြောလိုက်တယ် “ရှန်ချူ လာနေပြီ”

ထိုစကားတွေကို ပြောပြီးတာနဲ့ ဖန်ဇီဂျိက ဟူညီအစ်မ နှစ်ယောက်ကို အလိုလို လှမ်းကြည့်မိလိုက်တယ်။

အားလုံးလည်း ရုတ်ချည်း တိတ်ဆိတ်သွားခဲ့တယ်။ ကွမ့်ချီလဲ့ရဲ့ မျက်နှာလည်း ရှုံ့မဲ့သွားခဲ့မယ်။ သူမကျေနပ်တာကို သူ့မျက်နှာထက် အထင်းသား မြင်တွေ့နိုင်ပါတယ်။

အထက်အောက် လှန်လိုက်သလို ပြောင်းလဲသွားခဲ့တဲ့ လေထု အခြေအနေကို သတိပြုမိလုက်တာနဲ့ ရန်ကိုင်က ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလိုက်တဲ့အခါ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ နှစ်ယောက်နဲ့ ရုပ်ချောချော လူငယ်တစ်ယောက်က သူတို့ဆီ ချဉ်းကပ်လာနေတာကို ရန်ကိုင် တွေ့လိုက်ရတယ်။

သူ့ဝတ်ရုံတွေက သန့်ရှင်းသပ်ရပ် နေခဲ့ပြီး သူ့ရဲ့ ပြုံးနေတဲ့ မျက်နှာက နွေဦးလေညင်းလေးလို့ ညင်သာလန်ဆန်း နေခဲ့ပါတယ်။ လွတ်လပ်ပြီး စိတ်အားတက်ကြွနေတဲ့ မြင့်မြတ်တဲ့ သခင်လေး တစ်ယောက်ရဲ့ အပြီးပြည့်စုံဆုံး ပုံစံလို့ပဲ ပြောရမလား။

သူ့မျက်နှာအရတော့ အများဆုံးမှ အသက်၂၅၊ ၂၅ကျော်ကျော်လောက်ပဲ ရှိပါဦးမယ်။

ရှန်ချူ….

ပထမအဆင့် အင်အားစု တစ်ခုရဲ့ သခင်လေး တစ်ယောက်ဖြစ်တဲ့ ရှန်ချူရဲ့ အဆင့်အတန်းက မနိမ့်ကျပါဘူး။ သူ့အဆင့်အတန်းက လူငယ်မျိုးဆက်ရဲ့ ခေါင်းဆောင်တွေထဲက ဖြစ်ကြတဲ့ ဘိုင်ယွမ်ဖုန်းနဲ့ ဒေါင်ချင်းဟန်တို့နဲ့ အတူတူလောက် ရှိပါတယ်။

လွန်ခဲ့တဲ့ လအတွင်း ဟူညီအစ်မ နှစ်ယောက်ရဲ့ ပါးစပ်ကနေ ရှန်ချူအကြောင်းကို အကြိမ်များစွာ သူကြားခဲ့ရပါတယ်၊ ဒါပေမယ့် သူ့နာမည် ပါလာတိုင်း ဟူညီအစ်မ နှစ်ယောက်ရဲ့ မျက်နှာအမူအရာက ရှုံ့မဲ့သွားခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ခေါင်းစဉ် ပြောင်းပစ်လိုက်ပါတယ်။

သူ့မျက်လုံးနဲ့ တပ်အပ် မြင်လိုက်ရတော့မှပဲ ဟူညီအစ်မ နှစ်ယောက်က ထိုကောင်နဲ့ ဘာလို့ စကားမပြောချင်လဲ ဆိုတာကို ရန်ကိုင် နားလည်သွားခဲ့ရတယ်။

ထိုလူငယ်ကို မြင်လိုက်တာနဲ့ ဟူညီအစ်မ နှစ်ယောက်ရဲ့ အမူအရာ ပြောင်းလဲသွားရုံမကလို့ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေလည်း မျက်မှောင်ကြုံ့မိလိုက်ကြတယ်။

ရှန်ချူတစ်ယောက်သာ ပြုံးနေခဲ့ရင်းနဲ့ သူတို့အဖွဲ့ဆီ လမ်းလျှောက်လာနေခဲ့တယ်။

သူတို့ ရှေ့ရောက်တာနဲ့ ရှန်ချူရဲ့ မျက်ဝန်းအစုံထဲ ပျော်ရွှင်သည့် အရိပ်အယောင်တို့ လက်သွားခဲ့ပြီး သူကပဲ စပြီး စကားစလိုက်တယ် “ကျောင်းအာ၊ မေးအာ နင်တို့ နှစ်ယောက် တော်တော်လေး ခံစားခဲ့ရမှာပဲ။ နင်တို့ နှစ်ယောက် လုံလုံခြုံခြုံနဲ့ ပြန်လာနိုင်ခဲ့တာ ဘုရားမတာပဲ”

ကွမ့်ချီလဲ့ရဲ့ မျက်ဝန်းအစုံက မှေးကျဉ်းသွားခဲ့ပြီး သူ့အရှိန်အဝါက စတင် လှုပ်ခတ်လာခဲ့တယ်။ ဒါပေမယ့် သူ့အရှိန်အဝါက လှုပ်ခတ်လာတာနဲ့ ရှန်ချူဘေးမှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် အင်မော်တယ် နှစ်ယောက်က ကွမ့်ချီလဲ့ကို ချက်ချင်းပဲ စို်ကကြည့်လိုက်ကြတယ်။

ဟူကျောင်းအာရဲ့ အမူအရာက သုန်မှုန်လို့ သွားခဲ့ပြီး အေးစက်စက်လေသံနဲ့ ပြောလိုက်တယ် “သခင်ငယ်လေးရှန်၊ ကျောင်းအာနဲ့ မေးအာတို့ နာမည်တွေက ညီအစ်မတွေလို နင်ခေါ်လို့ ရတဲ့ နာမည်တွေ မဟုတ်ဘူးနော်၊ သခင်ငယ်လေးကို အရင်တုန်းကလည်း ကျွန်မ ပြောခဲ့ဖူးတယ် မဟုတ်ဘူးလား”

ရှန်ချူက တစ်ခုခုကို အမှတ်ရသွားတဲ့ ပုံစံနဲ့ သူ့မျက်နှာထက် အံ့အားသင့်သည့် အမူအရာတစ်ခု ထွက်ပေါ်လာခဲ့ပြီး လက်သီးဆုပ်ကာ ပြန်ပြောလိုက်တယ် “မိန်းမပျိုလေးတို့၊ ကျေးဇူးပြုပြီး ဒီတစ်ယောက်ကို ခွင့်လွှတ်ပေးပါ။ အချိန်အတော်ကြာပြီးမှ ပြန်တွေ့ရတော့ ဒီက သခင်ငယ်လေး အနေနဲ့ ကိုယ့်စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ပဲ ပါးစပ်ဖျားကနေ လွှတ်ထွက်မိသွားခဲ့တာပါ”

“နောက်တစ်ကြိမ် အခုလိုမျိုး မဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟူမေးအာက ရှန်ချူကို နည်းနည်းလေးတောင် မျက်နှာသာ မပေးပဲ ပြန်ပြောလိုက်တယ်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ အခုလိုမျိုး နောက်တစ်ကြိမ်ဆိုတာ ကျိန်းသေ မရှိစေရပါဘူး” ရှန်ချူက ခေါင်းညိတ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ကာ “ဒါပေမယ့် ဒီသခင်ငယ်လေးက မိန်းမပျိုးလေး နှစ်ယောက်ကို ဒီသခင်ငယ်လေးက အရင်ဆုံး တောင်းပန်ရပါဦးမယ်”

“အို” ဟူကျောင်းအာက မျက်မှောင်ကြုံ့လိုက်ပြီး ရှန်ချူကို စိုက်ကြည့်လိုက်တယ်။

ရှန်ချူက မဲ့ပြုံးပြုံးလိုက်ပြီး ဆက်ပြောလိုက်တယ် “တိုက်ပွဲတုန်းကလေ၊ မိန်းမပျိုလေးတို့နှစ်ယောက် မိစ္ဆာကျင့်ကြံသူလိုက်တာ ခံနေရတဲ့ အချိန်တုန်းကပေါ့၊ ဒီသခင်ငယ်လေးက မိန်းမပျိုလေးတို့ နှစ်ယောက်ကို လာကယ်ချင်ပေမယ့် လုံလောက်အောင် သန်မာမနေတော့ မိန်းမပျိုလေးနှစ်ယောက် မိစ္ဆာကျင့်ကြံသူတွေ ဝိုင်းခံနေရတာကိုပဲ ကူကယ်ရာမဲ့စွာနဲ့ပဲ ကြည့်နေခဲ့ရတယ်။ လွန်ခဲ့တဲ့ လတွေအတွင်းဆိုရင် မိန်းမပျိုလေး နှစ်ယောက်ကို စိတ်ပူလွန်းလို့ ဒီသခင်လေးမှာ အိပ်လို့လည်း မပျော်၊ စားလို့လည်း မဝင်၊ ငါ့မှာ အတောင်ပံနှစ်ဖက် ရှိမနေတာကိုပဲ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်၊ ငါ့မှာသာ အတောင်ပံတစ်စုံ ရှိနေခဲ့ရင် မိန်းမပျိုးလေး နှစ်ယောက်ဆီ အပြေးသွားပြီး ကာကွယ်ပေးနိုင်ခဲ့မှာ”

(ဒီကောင့်လောက်သာ အပြောကောင်းလို့ ကတော့ကွာ ငါ့လည်း စော်ရနေလောက်ပြီ)

ရုတ်တရက် တောက်ပသည့် အပြုံးကို ဆင်မြန်းလိုက်ပြီး “ကံကောင်းစွာနဲ့ပဲ ကောင်းကင်ဘုံရဲ့ စောင်မမှုကြောင့် မိန်းမပျိုလေး နှစ်ယောက် အကောင်းပကတိနဲ့ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်။ မိန်းမပျိုလေးတို့နှစ်ယောက် လုံခြုံနေတာကို သိလိုက်ရတော့မှပဲ ဒီတစ်ယောက်ရဲ့ နှလုံးသားထဲက အလုံးကြီး ကျသွားတော့တယ်”

(ဒီကောင့်လောက်သာ အပြောကောင်းလို့ ကတော့ကွာ ….)

စကားပြောနေတဲ့ အချိန်အတွင်း သူ့ မျက်ဝန်းအစုံက သန့်စင်လှတဲ့ လအလင်းရောင်လို ကြည်လင်နေခဲ့ပြီး ပြောလိုက်တဲ့ စကားလုံးတိုင်းကလည်း သူ့စိတ်ထဲ၊ နှလုံးသားထဲက ဖြစ်တည်လာတဲ့ပုံစံနဲ့ ပြောနေတာပါ။

ဒါပေမယ့် ဟူညီအစ်မ နှစ်ယောက်ကတော့ သူ့ပြောခဲ့တဲ့ စကားလုံးတွကို ဒီဘက်နားကဝင်၊ ဟိုဘက်နားက ထွက် ဆိုတဲ့ သဘောမျိုးနဲ့ နားထောင်နေခဲ့တာပါ။ သူမတို့ရဲ့ မျက်နှာ အမူအရာကလည်း နည်းနည်းလေးတောင် ပြောင်းလဲသွားခြင်း မရှိခဲ့ပဲ ရုပ်တည်ကြီးနဲ့သာ ရှန်ချူကို စိုက်ကြည့်နေခဲ့ပါတယ်။

ဒါပေမယ့် ထိုညီအစ်မ နှစ်ယောက်က သူ့ပြောတာကို မကြားသလို သဘောထားနေသည့်အတွက် ရှန်ချူက နည်းနည်းလေးတောင် စိတ်ပျက်သွားသည့်ပုံ မပေါက်ခဲ့ပါဘူး။ အဲ့အစား နောက်တစ်ကြိမ် လက်သီးဆုပ်လိုက်ပြီး ယဉ်ယဉ်ကျေးကျေးနဲ့ ပြောလိုက်တယ် “မိန်းမပျိုးလေးတို့ နှစ်ယောက် အန္တာရာယ်များတဲ့ ခရီးရှည်ကြီးကနေ ပြန်လာရလို့ ပင်ပန်းနေမှာပဲ။ မိန်းမပျိုးလေးတို့ နှစ်ယောက် အနားယူဖို့ လိုနေတာဆိုတော့ ဒီတစ်ယောက်က ဒီလောက်နဲ့ပဲ ပြန်ပါတော့မယ်။ တစ်ခုခု လိုအပ်တာရှိရင်လည်း တောင်းဆိုဖို့ တုန့်ဆိုင်းမနေပါနဲ့။ မိန်းမပျိုလေးတို့နှစ်ယောက် လိုအပ်တာကို ရစေရမယ်လို့ ဒီသခင်ငယ်လေး ကိုယ်တိုင် အာမခံပါတယ်”

ပြောပြီးတာနဲ့ ရှန်ချူက နွေးထွေးစွာ ပြုံးလိုက်ပြီး အလျင်အမြန်ပဲ ထွက်သွားလိုက်တယ်။

Martial Peak

အပိုင်း (၃၅၂) ရန်စခြင်း

ရှန်ချူ ထွက်သွားတာကို ကြည့်ရင်း ရန်ကိုင်လည်း မနေနိုင်တော့ပဲ မဲ့ပြုံးပြုံးလိုက်မိတယ်။

ရန်ကိုင်ကို တစ်ကြိမ်တစ်ခါမှတောင် မမြင်ဖူးတဲ့ ထိုအဖွဲ့က ရန်ကိုင်ကို လေလိုပဲ သဘောထားခဲ့ကြတယ်။

ရှန်မိသားစုက ပထမအဆင့် အင်အားစု တစ်ခုပါ။ ထို့ကြောင့် သူတို့ရဲ့ အဖိုးတန် သခင်လေးက လူတိုင်းကို လူလို မထင်တာ သဘာဝကျပါတယ်။

ဒါပေမယ့် ရှန်ချူရဲ့ ကျော့ရှင်းတဲ့ အပြုအမူ၊ အန္တရာယ်မရှိတဲ့ ပုံစံ၊ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့ စရိုက်က လူတိုင်းအား သူ့အပေါ် အကောင်းမြင်သွားစေနိုင်ပါတယ်။ ထို့ကြောင့် ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့မိရတယ်။

ထိုရှန်ချူဆိုတဲ့ ကောင်က ဟူညီအစ်မ နှစ်ယောက်ယောက်ကို စိတ်ဝင်စားနေတယ်ဆိုတာ ရန်ကိုင် သေချာ မြင်တွေ့လိုက်ရပါတယ်။ ပြီးတော့ သူစိတ်ဝင်စားနေတာကိုလည်း ဖုံးကွယ်ဖို့ နည်းနည်းလေးတောင် မကြိုးစားခဲ့ပါဘူး။ ပြီးတော့ ဟူကျောင်းအာက သူ့ကို အေးစက်စက်နဲ့ ဆက်ဆံနေတာတောင် သူကတော့ ပြုံးပြုံးရွှင်ရွှင် ဖော်ဖော်ရွေရွေနဲ့ပဲ စကား ပြန်ပြောခဲ့ပါတယ်။

မြင်မြင်ချင်းတော့ ဟူညီအစ်မ နှစ်ယောက်က ထိုလူငယ်လေးကို ဘာလို့ ဒီလောက်တောင် အမြင်ကတ် ကြည့်မရ ဖြစ်နေလဲဆိုတာကို ရန်ကိုင် နားမလည်ခဲ့ပါဘူး။

ဒါပေမယ့် အရာအားလုံးမှာ အကြောင်းပြချက် ဆိုတာ ရှိပါတယ်။ ပြီးတော့ လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို သူတို့ရဲ့ အပြင်ပိုင်းကို ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာကိုလည်း ရန်ကိုင် နားလည်ထားပါတယ်။ ရှန်ချူဆိုတဲ့ကောင်မှာ သူ့ရဲ့ ဖုံးကွယ်ထားတဲ့ မကောင်းတဲ့ဘက် ရှိနေတယ်လို့ သူ့ရဲ့ မသိစိတ်က ရန်ကိုင်ကို ပြောနေခဲ့တယ်။

ရှန်ချူထွက်သွားပြီးနောက် ဖန်ဇီကျိက ရန်ကိုင်နား ချဉ်းကပ်လာခဲ့ပြီး ရယ်ကာမောကာနဲ့ ပြောလိုက်တယ် “ရန်ကိုင်၊ အဲ့ကောင် လှည့်ဖြားတာ မခံရစေနဲ့။ အဲ့ကောင်ကို ကြည့်ရင်သာ ကြင်နာပြီး အန္တရာယ် မရှိတဲ့ လူတစ်ယောက်လို့ ထင်ရတာ၊ ဒါပေမယ့် ဒီကောင့် လျှစောင်းက ထက်သလား မမေးနဲ့၊ ပြီးတော့ အရမ်းလည်း ကောက်ကျစ်တယ်၊ သူ့ရဲ့ အခြားတစ်ဖက်ခြမ်းကို အခြားသူတွေ မမြင်အောင်သာ ဖုံးကွယ်ထားတာ၊ မဟုတ်ရင် ဒီနေရာတစ်ခုလုံးကို သူအမိန့်ပေးနေနိုင်မှာ မဟုတ်ဘူး”

“အင်း” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။ ရှန်ချူ ဘာတွေ ဖုံးကွယ်ထားတယ် ဆိုတာကို နားလည်ဖို့ သူတစ်ခါမှ မကြိုးစားခဲ့ပါဘူး။

ဘိုင်ယွမ်ဖုန်းလို သူ့ထက် အဆင့်နိမ့်တဲ့လူတွေကို မောက်မာစွာနဲ့ ဆက်ဆံပြီး သူ့ထက် အဆင့်မြင့်တဲ့ လူတွေကို လေးလေးစားစားနဲ့ ဆက်ဆံတဲ့ လူမျိုးက ရန်ကိုင်ကို နည်းနည်းလေးမှ မခြိမ်းခြောက်နိုင်ပါဘူး။

ဒါပေမယ့် ရှန်ချူလို အတွင်းစိတ်ကို အသေအချာ ဖုံးကွယ်ထားတဲ့ သူတောကောင်းယောင် ဆောင်နေတဲ့ ဝံပုလွေလို လူမျိုးတွေကတော့ တကယ်ကို ရင်ဆိုင်ရ ခက်ပါတယ်။

“ဒီနေရာတစ်ခုလုံးက သူ့အမိန့်အောက်မှာလား” ထိုစကားကို ကြားလိုက်တာနဲ့ ဟူကျောင်းအာက ဖန်ဇီကျိကို ထူးထူးဆနးဆန်း ကြည့်လိုက်ပြီး မေးလိုက်တယ် “ဘာတွေ ဖြစ်သွားတာလဲ။ သူက လူငယ်မျိုးဆက်ထဲ လူတစ်ယောက် သာသာပဲလေ။ ဒီနေရာကို ဘယ်လိုလုပ်ပြီး အမိန့်ပေးနေနိုင်ရတာလဲ။ ရှန်မိသားစုက အကြီးအကဲတွေက ဘယ်ရောက်ကုန်တာလဲ”

ဖန်ဇီကျိက မဲ့ပြုံးပြုံးရင်း ရယ်မောလိုက်ပြီး ကွမ့်ချီလဲ့ဆီ လှမ်းကြည့်လိုက်တယ်။

ကွမ့်ချီလဲ့က တစ်ခဏတာလောက် တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်တယ် “သခင်မလေးတို့ အဝေးကြီးကနေ ပြန်လာရတာဆိုတော့ မောနေခဲ့မှာပဲ။ အရင်ဆုံး ခဏပြန်နားနေလိုက်ဦး။ ညနေကျမှပဲ အကြောင်းအကုန်အစင်ကို ဒီလူအိုကြီး ရှင်းပြပေးမယ်”

“ကောင်းပြီလေ” ဟူကျောင်းအာက တုန့်ဆိုင်းမနေပဲ ချက်ချင်း ခေါင်းညိတ်လိုက်တယ်။ တပ်စခန်းဆီ ပြန်လာကတည်းက တစ်ခုခု ထူးခြားနေတယ်လို့ သူမ သတိပြုမိနေခဲ့တာပါ၊ ဒါပေမယ့် အရမ်းကြီး အရေးကြီးတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ပြီးတော့ လွန်ခဲ့တဲ့ လအတွင်း တောက်လျှောက် ပြေးလွှားနေခဲ့ရတဲ့အတွက် သူမတို့ကိုယ်သူမ သန့်ရှင်းဖို့ အချိန်နည်းနည်းလေးတောင် မရခဲ့ပါဘူး။

မိန်းမတွေဆိုတာ သန့်ရှင်းတာကို နှစ်ကြိုက်ကြတာကိုး။

“ရန်ကိုင်၊ ငါနဲ့လိုက်ခဲ့လိုက်” ဖန်ဇီကျိက နွေးထွေးစွာနဲ့ ပြောလိုက်တယ်။

ရန်ကိုင်လည်း ပြုံးလိုက်ပြီး ဖန်ဇီဂျိ နောက်ကနေ လိုက်သွားလိုက်တယ်။

ထိုည၊ မီပုံကြီး ဘေးပတ်ပတ်လညမှာ သွေးတိုက်ပွဲဂိုဏ်းနှင့် မုန်တိုင်းစံအိမ်က တပည့်တွေ စုဝေးနေခဲ့ကြပြီး ရန်ကိုင်နဲ့ ဖန်ဇီကျိကတော့ မီးပုံထက် သားကောင်အချို့ကို ကင်နေခဲ့ကြတယ်။

အချိန်အတော်ကြာပြီး နောက်ဆုံးမှာတော့ ဟူကျောင်းအာက စမေးလိုက်ပါပြီ “ဦးလေးလဲ့၊ ဘာတွေ ဖြစ်ခဲ့တာလဲ။ ဒီနေရာမှာ ရှိနေတဲ့ ပညာရှင်တွေ အရေအတွက်က‌ တော်တော်လေး လျော့ကျသွားသလိုပဲ။ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်စံအိမ်က အကြီးအကဲတွေ ဘယ်ရောက်ကုန်တာလဲ”

တိမ်မိစ္ဆာနယ်မြေထဲ ထွက်မပြေးရသေးတဲ့ လွန်ခဲ့တဲ့ သုံးလအချိန်တုန်းကဆိုရင် ဒီနေရာမှာ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်တွေ အများကြီး ရှိနေခဲ့တာပါ။ အခုတော့ ဒီနေရာမှာ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ ဆယ်ယောက်တောင် မရှိတတ်တော့ပါဘူး။

ရှန်ချူဘေးနားမှာ ကိုယ်ရံတော်လုပ်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ကလွဲလို့ ကျန်တဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ အကုန်လုံးက အရမ်းကြီး အားမကောင်းလှကြပါဘူး။

ဒီနေရာက အခြားနေရာတွေလောက် သိပ်ပြီး အရေးမကြီးပေမယ့် လျစ်လျူရှုထားရလောက်တဲ့ နေရာလည်း မဟုတ်ပါဘူး။ တပ်စခန်းရဲ့ လက်ရှိ အင်အားနဲ့ ဆိုရင် ရန်သူတွေသာ တောင်ကိုကျော်ပြီး သူတို့ကို လာတိုက်ပါကာ ဒီနေရာမှာ ရှိနေတဲ့ လူအားလုံး ခွေးပြေးဝက်ပြေး ပြေးရပါလိမ့်မယ်၊ မပြေးရင်လည်း သေဖို့ပဲ ရှိတော့တာကိုး။

ကွမ့်ချီလဲ့က သက်ပြင်းတစ်ချက် ချလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “အခြေအနေတွေက ပြောင်းလဲကုန်ပြီ။ လွန်ခဲ့တဲ့ တစ်လတုန်းက တိမ်မိစ္ဆာနယ်မြေနဲ့ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ပညာရှင်တွေနဲ့ လက်ရွေးစင်တွေ အားလုံးကို မိသားစုကြီးရှစ်ခုက ဆင့်ခေါ်လိုက်တယ်။ မိသားစုကြီး ရှစ်ခုနဲ့ နတ်ဆိုးအရှင်သခင်က ပြင်းထန်တဲ့ တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲတော့မယ့် ပုံပဲ”

“တိုက်ပွဲကြီးတစ်ခုလား” ဟူကျောင်းအာက ထိတ်လန့်တကြားနဲ့ အော်လိုက်တယ်။

ကွမ့်ချီလဲ့က‌ ခေါင်းညိတ်လိုက်ပြီး “ငါတို့တွေက တကယ့် စစ်တပ်တစ်ခု မဟုတ်ကြဘူးလေ၊ အားလုံးက ကြိုးတစ်ချောင်း တည်းပေါ်မှာ ရှိနေတဲ့ ဓါးခုတ်ကောင်တွေပဲ။ တိုက်ပွဲက စတာကြာလာတော့ နှစ်ဖက်စလုံးက တိုက်ပွဲကို ခပ်မြန်မြန်နဲ့ အဆုံးသတ်ချင်နေကြပြီ။ နှစ်ဖက်စလုံးက တကယ်တိုက်ပွဲကြီး အတွက် ကြိုတင်ပြင်ဆင်နေကြတဲ့ ပုံပဲ။ ဆင့်ခေါ်တဲ့အထဲမှာ နင့်ရဲ့ အဖေလည်း ပါသွားတယ်”

“အဖေလည်း ပါသွားတာလား” ဟူမေးအာက အသာအယာလေး ရေရွတ်လိုက်တယ်။

ဟူမန်ရဲ့ ကျင့်ကြံခြင်းအဆင့်က အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈ကို ရောက်နေခဲ့ပြီး လက်ရွေးစင် တစ်ယောက်လို့ ဆိုနိုင်ပေမယ့် ထိုတိုက်ပွဲကြီးဆိုတဲ့အထဲမှာ ပါဝင်ဖို့ ဆင့်ခေါ်ခြင်း ခံလိုက်ရပါတယ်။ သူသာ နည်းနည်းလေး သတိလွတ်သွားလိုက်တာနဲ့ တိုက်ပွဲထဲမှာ တစ်ခါတည်း အသက်ပျောက်သွားနိုင်ပါတယ်။

ဟူညီအစ်မ နှစ်ယောက်က မစိုးရိမ်ပဲ ဘယ်နေနိုင်ပါ့မလဲ။

“ငါတို့ မုန်တိုင်စံအိမ်လည်း အတူတူပဲ။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ အကုန်လုံး ထွက်သွားကြပြီ။ ကံကောင်းစွာနဲ့ တောင်ပေါ်က ပညာရှင်တွေလည်း ထွက်သွားလိုက်ရတယ်” ဖန်ဇီဂျိက မဲ့ပြုံးပြုံးလိုက်တယ်။ သူ့ရဲ့ ဆရာက မုန်တိုင်စံအိမ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရှောင်ရို့ဟန်ပါ။

“ဂိုဏ်းချုပ် အသနားခံ တောင်းဆိုတာကြောင့်သာ မဟုတ်ရင် ဒီလူအိုကြီးလည်း ဒီနေရာမှာ ဆက်ပြီး နေလို့ ရခဲ့မှာ မဟုတ်ဘူး” ကွမ့်ချီလဲံက သုန်မှုန်နေတဲ့ မျက်နှာက ချက်ချင်း အသက်ဝင် တက်ကြွလာခဲ့ပြီး “သခင်မလေးတို့ နှစ်ယောက် ဒီကို ကျိန်းသေ ပြန်လာနိုင်လိမ့်မယ်လို့ ဂိုဏ်းချုပ်က ပြောခဲ့တယ်။ ဒါကြောင့် ဒီလူအိုကြီး ဒီနေရာမှာ ဆက်နေနိုင်ဖို့အတွက် ဂိုဏ်းချုပ်က တောင်းဆိုခဲ့တယ်။ ပထမတစ်ချက်က ဂိုဏ်းက တပည့်တွေကို ဂရုစိုက်ဖို့၊ ဒုတိယတစ်ချက် သခင်မလေးတို့ နှစ်ယောက် ပြန်လာတာကို စောင့်ဆိုင်းဖို့ပဲ။ အခု ဂိုဏ်းချုပ်ရဲ့ ဆုံးဖြတ်ချက်က တကယ်ကို မှန်ကန်တဲ့ပုံပဲ”

ထိုနားရောက်တာနဲ့ ဖန်ဇီဂျိက မုန်းတီးမှု၊ နာကျည်းမှုတို့ ပြည့်နေတဲ့ လေသံနဲ့ ဖြတ်ပြောလိုက်တယ် “စီနီယာကွမ့်ရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် နင်တို့ သွေးတိုက်ပွဲဂိုဏ်းနဲ့ ငါတို့ မုန်တိုင်စံအိမ်က တပည့်တွေ အကုန်လုံး သေသွားလောက်ပြီ”

“ဘာတွေ ဖြစ်ခဲ့တာလဲ” ဟူကျောင်းအာရဲ့ မျက်နှာ သုန်မှုန်သွားခဲ့တယ်။

“အရင်တုန်းကလိုပဲလေ” ဖန်ဇီကျိက လှောင်ပြောင်လိုက်ပြီး “ငါတို့ဂိုဏ်းက ကောင်းကင်စံအိမ်နဲ့ နီးကပ်နေတော့ အခြား ဘယ်အင်အားစုကမှ ငါတို့ကို အကောင်းမမြင်ကြဘူးလေ။ နင်တို့နှစ်ယောက် ရှိနေတုန်းက ရှန်ချူက ဝင်ဝင်ပြောပေးနေတော့ အဆင်ပြေနေသေးတယ်။ ဒါပေမယ့် နင်တို့ မရှိတော့တာနဲ့ ရှန်ချူက ငါတို့အားလုံးကို အမှိုက်တွေ့လို စွန့်ပစ်လိုက်တယ်။ အန္တရာယ်များတဲ့ တာဝန်မှန်သမျှ ငါတို့ဂိုဏ်းနှစ်ဂိုဏ်းက တပည့်တွေပေါ်ပဲ ရောက်လာခဲ့တယ်”

ပြောနေရင်းနဲ့ ဖန်ဇီဂျိရဲ့ အမူအရာက အေးစက်သွားခဲ့ပြီး ဒေါသတကြီး ပြောလိုက်တယ် “ဒီနေရာကို ရောက်တုန်းက ငါတို့မှာ လူ၁၀၀ ကျော်လောက် ရှိတာ၊ ဒါပေမယ့် အခုတော့ လူဒါဇင်ကျော်လောက်ပဲ ရှိတော့တယ်”

ကိုယ်ချစ်ခင် ရင်းနှီးရတဲ့ ဂျူနီယာ ညီလေး၊ ညီမလေးတွေ ကိုယ့်ရှေ့မှာပဲ ဆိုးဆိုးရွားရွား သေဆုံးခဲ့ရတဲ့ ကြည့်နေခဲ့ရတဲ့ ဖန်ဇီဂျိ ရင်ထဲက နာကျင်မှုကို ကိုယ်ကိုယ်တိုင် ခံစားကြည့်မှပဲ သိနိုင်ပါလိမ့်မယ်။

ရုတ်တရက် ဖန်ဇီကျိက တစ်ခုခုကို သတိရသွားခဲ့ပြီး ရန်ကိုင်ဘက်လှည့်ကာ “ငါပြောတာကို မင်းစိတ်ထဲ မထားဘူးမလား၊ မင်းတို့ကို ရည်ရွယ်ပြီးတော့ ပြောခဲ့တာ မဟုတ်ပါဘူး”

“ငါသိတယ်” ရန်ကိုင်က အသာအယာလေး ခေါင်းပြန်ညိတ်ပြလိုက်တယ်။ ဖန်ဇီဂျိတို့အားလုံး အခုလို ဖြစ်လာခဲ့ရတာက သူတို့ရဲ့ မုန်တိုင်စံအိမ်နဲ့ သွေးတိုက်ပွဲဂိုဏ်းက ကောင်းကင်စံအိမ်နဲ့ နီးကပ်နေတာကြောင့်ဆိုတာ ရန်ကိုင် နားလည်ထားပါတယ်။

ထိုဂိုဏ်းနှစ်ဂိုဏ်း အခုလိုတွေ ဖြစ်လာရတာ ကောင်းကင်စံအိမ်မှာလည်း တာဝန်ရှိပါတယ်။

ဒါပေမယ့် အခြားအင်အားစုတွေရဲ့ လုပ်ရပ်ကတော့ အရမ်းကို လွန်ကဲသွားခဲ့ပါပြီ။ နတ်ဆိုးအရှင်သခင်က ကောင်းကင်စံအိမ်က တပည့်တစ်ယောက် ဖြစ်နေတာကြောင့် သက်သက်နဲ့ ကောင်းကင်စံအိမ်တစ်ခုလုံးကို အပျက်အစီး နယ်မြေဖြစ်သွားအောင် မီးရှို့ဖျက်စီးခဲ့ရုံမက သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်ကိုလည်း အလကားသက်သက် သွားအပြစ်တင်နေပါသေးတယ်။

ကွမ့်ချီလဲ့ ပြောတာကို ကြားပြီးနောက်မှာတော့ ဟူကျောင်းအာက တစ်ခဏတာလောက် တွေးလိုက်ပြီး ပြောလိုက်တယ် “အဲ့လိုဆိုရင် ဒီနေရာက အရင်ကလောက် အရေမးပါတော့ဘူးပေါ့၊ ဟုတ်တယ်မလား”

ကွမ့်ချီလဲ့က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “သခင်မလေး ပြောတာ အမှန်ပဲ၊ နောက်သုံးရက်ကနေ ငါးရက် မဟုတ်ရင် လဝက်အတွင်းပဲ အပြင်ကမ္ဘာနဲ့ တိမ်မိစ္ဆာနယ်မြေကြား တိုက်ပွဲကြီးတစ်ခု ဖြစ်ပွါးလိမ့်မယ်။ အဲ့တိုက်ပွဲမှာ နိုင်တဲ့လူက တိုက်ပွဲကို အဆုံးအဖြတ် ပေးသွားလိမ့်မယ်။ ဒါကြောင့် ငါတို့ဖြစ်စေ၊ တောင်တစ်ဖက်ခြမ်းက အင်အားစုတွေ ဖြစ်စေ၊ ဘာပြဿနာကိုမှ မဖန်တီးချင်ကြသေးဘူး။ တိုက်ပွဲကြီးပြီးတဲ့အထိ စောင့်ပြီးတာနဲ့ ဒီတောင်ရဲ့ တစ်ဖက်ခြမ်းစီမှာ ရှိနေတဲ့ အင်အားစု နှစ်ခုစလုံး ပြန်ဆုတ်သွားကြလိမ့်မယ်၊၊ ဒါကြောင့် အခု တိုက်ခိုက်ဖို့ ကြိုးစားနေတာက ဘာမှ အသုံးဝင်လိမ့်မှာ မဟုတ်ဘူး”

“အင်း” ဟူကျောင်းအာက အသာအယာလေး ခေါင်းညိတ်လိုက်တယ်။

“အဲ့ဒါကြောင့်ပဲ ရှန်မိသားစုက ရှန်ချူကို ဒီနေရာ အမိန့်ပေးဖို့ အခွင့်အာဏာကို ပေးအပ်ခဲ့တာပေါ့” ဖန်ဇီကျိက မဲ့ပြုံးပြုံးလိုက်ပြီး

“ရှန်မိသားစုက အခုအခွင့်အရေးကို သုံးပြီး သူ့ကို လက်ရည်သွေးပေးချင်နေတာနဲ့ တူတယ်”

အခုလိုမျိုး အခွင့်အရေးဆိုတာ များများစားစား ရှိလှတာ မဟုတ်ပါဘူး။ ဒီနေရာမှာ နေရာအမျိုးမျိုး၊ အင်အားစု အသီးသီးက လက်ရွေးစင်တပည့်တွေ၊ အကြီးအကဲတွေ ရှိနေခဲ့ပါတယ်။ လူတွေ စုဝေးလာတာ များရင် အချင်းများတာ သဘာဝပါပဲ။ ရှန်ချူသာ ဒီက ကိစ္စတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်ဆိုရင် ရှန်မိသားစုက ကိစ္စတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်လို့ ပြောနေတာနဲ့ အတူတူပါပဲ။ သူသာ ရှန်မိသားစုရဲ့ ခေါင်းဆောင် ဖြစ်ချင်ရင် အခုလို အခွင့်အရေးမျိုးက သူ့အတွက် အရမ်းကို အရေးပါပါတယ်။

ဒါက ရှန်မိသားစုရဲ့ အနာဂတ် ဆက်ဆံသူကို လေ့ကျင့်ပေးတဲ့ နည်းလမ်းဆိုတာ သိသာပါတယ်။

ထိုအကြောင်းတွေကို သိလိုက်ရတော့မှပဲ ဟူညီအစ်မ နှစ်ယောက် တော်တော်လေး စိတ်သက်သာရာ ရသွားခဲ့ရတယ်။ သူမတို့ အဖေကိုတော့ စိုးရိမ်နေရသေးတာပေါ့?

ခဏကြာပြီးနောက် အသားကင်အနံ့ လေထဲ ပျံ့လွင့်လာခဲ့တယ်။ ရန်ကိုင်က စတင်ပြီး အသားကင်ကို အားရပါးရနဲ့ ဝါးစားလိုက်တယ်။ ဟူညီအစ်မ နှစ်ယောက်လည်း ဆက်ပြီး မတောင့်ခံနိုင်တော့ပဲ ကျက်သရေရှိစွာနဲ့ အသားကင်တွေကို စတင် စားကြပါတော့တယ်။

ရန်ကိုင်နောက်လိုက်နေတဲ့ လွန်ခဲ့တဲ့ တစ်လအတောအတွင်း အခုလိုမျိုး သူမတို့ တစ်ခါမှ ဇိမ်မခံခဲ့ရဖူးပါဘူး။

အသားတွေစကား၊ စကားတွေ ပြောရင်းနဲ့ သူတို့ကြားက အုံးဆိုင်းနေတဲ့ လေထုက တဖြည်းဖြည်း ပျော်ရွှင်စရာ ကောင်းလာခဲ့တယ်။ အထူးသဖြင့် ဂိုဏ်းဆီ အသက်ရှင်လျက် ပြန်နိုင်မယ် ဆိုတဲ့အကြောင်းကို တွေးရင် သူတို့တွေ တော်တော်လေး ပျော်နေခဲ့ကြတယ်။ အခုအချိန်၌ သူတို့ကို ဘာကမှ ပိုပြီး ပျော်ရွှင်စေနိုင်တော့မှာ မဟုတ်ပါဘူး။ ဖန်ဇီဂျိက သူဖွက်ထားတဲ့ ဝိုင်တစ်အိုးကို ထုတ်ယူလိုက်ပြီး ရန်ကိုင်နဲ့အတူတူ အားရပါးရ သောက်ပါတော့တယ်။

သူတို့က ပျော်ပျော်ရွှင်ရွှင်နဲ့ ဝိုင်းဖွဲ့ စားသောက်၊ စကားတွေ ပြောနေတုန်း အဖွဲ့တစ်ဖွဲ့က သူတို့ဆီ ချဉ်းကပ်လို့ လာခဲ့တယ်။

အဖွဲ့ခေါင်းဆောင်က ရုပ်ချောချော ကောင်လေး တစ်ယောက်နဲ့ မိန်းမလှလေး တစ်ယောက်ပါ။

မိန်းကလေး သိသိသာသာကို နှစ်လိုဖွယ်ကောင်းလှပြီး ကိုယ်ကြပ်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားတဲ့အတွက် သူမရဲ့ ကောက်ကြောင်းအဖြာဖြာကို အထင်းသား မြင်နေခဲ့ရပါတယ်။ သူမရဲ့ နှင်းဖြူရောင် လက်မောင်းသား နှစ်ဖက်ကို လှစ်ဟာပြထားတဲ့အတွက် ညအမှောင်ထဲက လရောင်အောက်၌ သူမရဲ့ ပုံရိပ်က အရမ်းကို နှစ်လိုဖွယ် ကောင်းနေခဲ့တယ်။

ထို့နှစ်ယောက်က လမ်းလျှောက်လာနေရင်း သူတို့ရဲ့ မျက်နှာထက် ကောက်ကျစ်ယုတ်မာတော့မယ့် အပြုံးတို့ ထွက်ပေါ်လာခဲ့တယ်။ ထိုအဖွဲ့သားတွေက ရန်ကိုင်တို့ အဖွဲ့နဲ့ သုံးမီတာလောက်ပဲ ဝေးတော့သည့် အချိန်၌ ခေါင်းဆောင်အဖွဲ့သားက ရုတ်တရက် ခြေချော်သွားခဲ့တယ်။

သူ့ခြေထောက်က မြေကြီးနဲ့ ခလုတ်တိုက်သွားတာ ဖြစ်တဲ့အတွက် အကျိုးဆက်အနေနဲ့ မြေကြီးနဲ့သဲတွေက သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်‌ တပည့်တွေကို မျက်နှာကို သွားမှန်ပါတော့တယ်။

“အား…” ထိုလူက ထိတ်လန့်တကြား ထအော်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် အမြန်ပြန်ထိန်းလိုက်တယ်။

ပျော်ပျော်ရွှင်ရွှင်၊ ရယ်ကာမောကာနဲ့ စားသောက် စကာပြောနေကြတဲ့ လူတွေအကုန်လုံး ထိုပြောင်းလဲမှုကို ရုတ်တရက် သတိပြုမိလိုက်တယ်။ ကွမ့်ချီလဲ့က ချက်ချင်းပဲ လှုပ်ရှားလိုက်ပေမယ့် သဲတွေ အကုန်လုံးကို မတားဆီးနိုင်ခဲ့ပါဘူး။

တကယ်တော့ ထိုမြေကြီးတွေ၊ သဲတွေထဲ အစစ်အမှန်ချီ ပမာဏတော်တော်များများ ပါဝင်နေခဲ့တယ်လေ။

ထိုမြေကြီးတွေ၊ သဲတွေက လူတော်တော်များများရဲ့ မျက်နှာကို သွားစင်ခဲ့ကြပြီး သူတို့စားနေတဲ့ အစားအစာတွေပါ သဲတွေ၊ မြေကြီးတွေနဲ့ ညစ်ပတ်ကုန်ပါတယ်။

အသိပြန်ဝင်လာတာနဲ့ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေ အကုန်လုံး ချက်ချင်း ဆိုသလို မတ်တပ်ရပ်လိုက်ကြပြီး အသစ်ရောက်လာတဲ့ အဖွဲ့သားတွေကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကြတယ်။

သူတို့ မြင်လိုက်ရတာကတော့ ထိုလူက အထိတ်တလန့်နဲ့ ခေါင်းခါယမ်းနေခဲ့ပြီး ကံကောင်းသွားတဲ့ ပုံစံလေးနဲ့ ပြောနေခဲ့တာကိုပါ။ “ဟူး၊ နီးနီးလေးပဲ၊ မဟုတ်ရင် မြေကြီးနဲ့ မျက်နှာချင်းဆိုင် မိတ်ဆက်သွားရမှာ”

သူ့ဘေးနားက မိန်းမလှလေးက ရယ်မောလိုက်ပြီး “စီနီယာအစ်ကို ရှဲ့ရုန်က ဘာလို့ ဒီလောက် ကပျက်ကချော် နိုင်ရတာလဲ”

ရှဲ့ရုန်ဆိုတဲ့ လူက ပြန်ပြောလိုက်တယ် “ဂျူနီယာ ညီမလေး လီဖူ အဲ့လို မပြောသင့်ဘူးလေ၊ စီနီယာအစ်ကိုက မျောက်တစ်သိုက် ပျော်ပါးနေတာကို ကြည့်ရင်း မတော်တဆ ခြေချော်သွားခဲ့တာပါ။

လီယူက အူမြူးမြူးနဲ့ ရယ်မောနေလိုက်ပြီး ရိုးသားအပြစ်ကင်းစင်ဟန် အပြုံးလေးကို ဆင်မြန်းရင်း နှုတ်ခမ်းလေး ဆူလိုက်ပြီး “စီနီယာအစ်ကိုက ဟာသာ ပြောရတာ အရမ်းကြိုက်တာပဲ၊ အခုလို ညအချိန်ကြီးမှာ ဘယ်လိုလုပ်ပြီး မျောက်တွေ ရှိနေမှာလဲ၊ ရှိနေတယ်ဆိုရင် ဂျူနီယာညီမလေး ဘာလို့ မတွေ့ရတာလဲ”

ရှဲ့ရုန်က ကြိတ်ပြုံးပြုံးလိုက်ပြီး “ဂျူနီယာညီမလေးရဲ့ မျက်လုံးတွေက သိပ်မကောင်းတော့ဘူးနဲ့တူတယ်၊ ဟိုမှာလေ မတွေ့ဘူးလား၊ အဲ့မျောက်တွေက အသားတွေလည်း စားနေတာတောင် မဟုတ်ပဲ ဝိုင်တွေတောင် သောက်တတ်နေသေးတယ်၊ မထူးဆန်းလွန်းဘူးလား”

လီဖူက အံ့ဩသွားတဲ့ အမူအရာလေးနဲ့ “အမှန်ပဲလား,၊ အဲ့လို မျောက်တွေ တကယ်ပဲ ရှိတလာား၊ ဂျူနီယာညီမလေးလည် မြင်ချင်လိုက်တာ။ အဲ့မျောက်တွေ ဘယ်မှာလဲဟင်၊ ဘယ်မှာလဲ”

ပြောနေရင်းနဲ့ သူမအကြည့်က မီးပုံဆီ အလိုလို ရောက်သွားခဲ့ပြီး အထင်အမြင်သေးတဲ့ အရိပ်အယောင်တို့ သူမမျက်နှာထက် အထင်းသား ထွက်ပေါ်လာခဲ့တယ်။

သူတို့ ပြောနေတဲ့ မျောက်တွေက သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေကို ပြောနေတာမှန်း အားလုံး သိထားကြပါတယ်။

Martial Peak

အပိုင်း (၃၅၃) ဘယ်သူလှုပ်ရှားရဲလဲ

သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေရဲ့ ဘဝက တော်တော်လေးကို ဆိုးရွားလှပါတယ်။ တိုက်ပွဲဖြစ်တာနဲ့ အန္တရာယ်အများဆုံး နေရာတွေဆီ တွန်းပို့ခံရရုံမက ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နားနေတာတောင် အခြားသူတွေရဲ့ လှောင်ပြောင်၊ ရန်စခြင်းကို ခံနေရပါသေးတယ်။

ဒီနေရာမှာ စုဝေးနေတဲ့ အင်အားစု၅ခု၊ ၆ခု လောက် ရှိပါတယ်။ ပထမအဆင့် အင်အားစုဖြစ်တဲ့ ရှန်မိသားစုကလွဲလို့ ကျန်တဲ့ အင်အားစုတွေ အကုန်လုံးက ဒုတိယနဲ့ တတိယအဆင့် အင်အားစုတွေချည်းပါပဲ။

ထိုအင်းအားစုတွေရဲ့ လူအရေအတွက်နဲ့ ခွန်အားက သွေးတိုက်ပွဲဂိုဏ်းနှင့် မုန်တိုင်းစံအိမ်တို့နဲ့ အတူတူပါပဲ။ သူတို့ထဲ အချို့အင်အားစုတွေဆိုရင် ပိုပြီးတော့တောင် အားနည်းပါသေးတယ်။ ဒါပေမယ့် သူတို့တွေက နိမ့်ကျနေတာတောင် အနာထဲကို ဆားပက်ရဲပါသေးတယ်။ သူတို့တွေ စိတ်ကောင်းဝင်နေရင် ဒီအတိုင်းလေး စကားလေး သုံး၊လေး ခွန်းလောက် ပြောပြီး လှောင်ပြောင်ကြပေမယ့် စိတ်အခြေအနေ ဆိုးရွားနေပြီ ဆိုရင်တော့ လှောင်ပြောင်တာနဲ့တင် မပြီးတော့ပါဘူး။ ကိုယ်ထိလက်ရောက် ရန်စတာတွေပါ ပါလာပါလိမ့်မယ်။

သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်စံအိမ်က သူတို့ကို အကြွေးတစ်ခုခု တင်နေတယ်လို့ အားလုံးက ထင်နေကြတာပါ။

ဟူမန်နဲ့ရှောင်ရို့ဟန် ရှိနေစဉ်တုန်းက နည်းနည်း ထိန်းထိန်းသိမ်းသိမ်း နေကြပေမယ့် သူတို့တွေ မရှိတော့တဲ့ အချိန်မှာတော့ အားလုံးက အထိန်းအကွပ် မဲ့လာခဲ့ကြပါပြီ။

သူတို့ကို အနိုင်ကျင့်တဲ့ လူတွေထဲမှာ အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က ဂျူနီယာတွေက အဆိုးဆုံးပါပဲ။

အရင်နေ့တွေတုန်းကဆိုရင် သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က အမျိုးမျိုး ရန်စ လှောင်ပြောင်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ဘက်က လူအရေအတွက်က နည်းပါးနေတဲ့အတွက် သူတို့ရဲ့ ဒေါသကို မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့ပါတယ်။

မာနာကြီးတဲ့ ဖန်ဇီဂျိတောင် မကျေနပ်ပေမယ့် ငြိမ်ခံနေခဲ့ရပါတယ်။

သူတို့ ငြိမ်ခံနေလေ ဟိုကောင်တွေက ပိုပြီး ရွတက်လာလေပါ။ သူတို့တွေက ဘာမှပြန်မလုပ်၊ ပြန်မပြောပဲ ငြိမ်ခံနေတာ ကြာလာတော့ အားလုံးက သူတို့ကို အနိုင်ကျင့်လွယ်တဲ့ အမှိုက်တစ်စုဆိုပြီး ထင်မြင်လာခဲ့ပါတယ်။ ဒီနေ့ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေ ပျော်ပျော်ရွှင်ရွှင်၊ ရယ်ရယ်မောမောနဲ့ သောက်စားနေတာကို ရှဲ့ရုန်က မြင်လိုက်တော့ ထိုရွှေရောင်အခွင့် အရေးကြီးကို သူဘယ်လိုလုပ်ပြီး လက်လွတ်ခံနိုင်ပါ့မလဲ။

ဘာပဲဖြစ်ဖြစ် ဒီနေရာ၌ စစ်ပွဲကလည်း ဖြစ်မနေသလို သောက်စားပျော်ပါး အပန်းဖြေနိုင်တဲ့ နေရာကလည်း မရှိတော့ သူတို့ အချိန်တွေကို ဒီအတိုင်း လေ့ကျင့်ရင်း ကုန်ဆုံးနေရတာ အရမ်းကို ပျင်းရိဖွယ် ကောင်းလှပါတယ်။

မုန်းတိုင်စံအိမ်နဲ့ သွေးတိုက်ပွဲဂိုဏ်းက တပည့်ဒါဇင်ပေါင်းများစွာရဲ့ စိုက်ကြည့်ခြင်းကို ခံရပေမယ့် ရှဲ့ရုန်နဲ့ လီဖူက နည်းနည်းလေးတောင် ထိတ်လန့် သွားခြင်း မရှိခဲ့ပါဘူး။ အဲ့အစား ထီမထင်သည့် အမူအရာနဲ့သာ သူတို့ကို ပြန်စိုက်ကြည့်လိုက်ကြတယ်။ အမုန်းတရားတွေနဲ့ ပြည့်နေတဲ့ အကြည့်တွေက သူတို့ကို မထိတ်လန့်သွားစေတဲ့ အပြင် ကျေတောင်ကျေနပ်သွားစေတဲ့ ပုံပါပဲ။

“အားလုံး ပြန်ထိုင်နေလိုက်” ကွမ့်ချီလဲ့ရဲ့ မျက်နှာက သုန်မှုန်နေခဲ့တယ်။ ထို့နောက် သူ့ရဲ့ ဂျူနီယာတွေကို တစ်ချက် ကြည့်လိုက်ပြီး လှမ်းအော်လိုက်တယ်။

တပည့်ဒါဇင်ကျော်လောက်က အံကြိတ်လိုက်ပြီး လက်သီးတင်းတင်း ဆုပ်လိုက်ပေမယ့် ကွမ့်ချီလဲ့က ငြိမ်နေဖို့ ပြောမှတော့ သူတို့လည်း

ငြိမ်နေရုံပဲ တတ်နိုင်ပါတော့တယ်။

သွေးတွေက ဆူပွက်လောင်မြိုက်နေပေမယ့် တကယ်တမ်းသာ တိုက်ပွဲဖြစ်သွားခဲ့မယ်ဆိုရင် ခံရမယ့်သူက သူတို့တွေပါ။

သူတို့ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် တိုက်ခိုက်ကြတာနဲ့ သူတို့ပဲ ရှုံးမှာပါ။ မရှုံးခဲ့ပဲ့ အနိုင်ရနိုင်ခဲ့ရင်တောင် ရှန်မိသားစုက စစ်ဆေးလာတာနဲ့ သူတို့ရဲ့ အခြေအနေ အရပ်ရပ်ကြောင့် ဂိုဏ်းနှစ်ဂိုဏ်းစလုံးရဲ့ အခြေအနေက ပိုပြီး ဆိုးရွားသွားနိုင်ပါတယ်။

အားလုံးကို တစ်ယောက်ချင်း တစ်ယောက်ချင်း ပြန်ထိုင်လိုက်ကြတယ်။ ဖန်ဇီဂျိလည်း မထိုင်ချင် ထိုင်ချင်နဲ့ နောက်ဆုံး ထိုင်ချလိုက်ပါတယ်။ သူ့မျက်နှာ တစ်ခုလုံးက ဒေါသကြောင့် ရှုံ့မဲ့နေခဲ့ပြီး သူ့မျက်ခုံးတွေ ဆိုရင်လည်း ထိပ်စပ်တော့မတတ် ပူးကပ်နေခဲ့ပါတယ်။

မကျေနပ်ဘူးဆိုရင်တောင် အခုအချိန်မှာတော့ ငြိမ်ခံနေရပါဦးမယ်။

ရန်ကိုင် အမူအရာကတော့ ရှဲ့ရုန်တို့ ထွက်ပေါ်လာကတည်းက အခုအချိန်ထိ နည်းနည်းလေးတောင် မပြောင်းလဲသွားခဲ့ပါဘူး။ သူ့အသားမှာ ကပ်ပေနေတဲ့ သဲအနည်းငယ်ကို သုတ်လိုက်ပြီး အခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ စစ်ဆေးလိုက်တယ်။

အသစ်ရောက်လာတဲ့ လူတွေထဲက အချို့က အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေ ဖြစ်ကြပြီး အများစုကတော့ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေပဲ ဖြစ်ကြပါတယ်။ အဖွဲ့အင်အားက အရမ်းကိုး မမြင့်မားပေမယ့် အခုမြင်ကွင်းကို လေ့လာစစ်ဆေးနေတဲ့ ကောင်းကင်စိတ်အာရုံ များစွာ ရှိနေတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။

ထိုကောင်းကင် စိတ်အာရုံတွေထဲက နှစ်ခုက ရန်လိုသည့် အရိပ်အယောင်တို့ကို ထုတ်လွှတ်နေသလို သူတို့အားလုံးကိုလည်း သတိထား စောင့်ကြည့်နေခဲ့ပါတယ်။ ထိုကောင်းကင် စိတ်အာရုံ နှစ်ခုရဲ့ ပိုင်ရှင်က ရှဲ့ရုန်နဲ့ လီဖူတို့ရဲ့ အကြီးအကဲတွေ ဖြစ်နိုင်ချေ များပါတယ်။

ထိုကောင်းကင်စိတ်အာရုံ နှစ်ခုထက် ပိုပြီး အားကောင်းသည့် ကောင်းကင်စိတ်အာရုံ နှစ်ခုလည်း ရှိနေပါသေးတယ်။ ထိုကောင်းကင် စိတ်အာရုံ နှစ်ခုရဲ့ ပိုင်ရှင်က ရှန်ချူ ဘေးနားမှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ပဲ ဖြစ်ရပါမယ်။

ထိုအချက်ကို အားလုံးကို သေချာစဉ်းစား တွက်ချက်ပြီးတာနဲ့ ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး စိတ်ထဲ ကြိတ်လှောင်ပြောင်နေလိုက်တယ်။

မုန်တိုင်းစံအိမ်နဲ့ သွေးတိုက်ပွဲဂိုဏ်းက တပည့်တွေ ဘာမှ ပြန်မလုပ်တာကို တွေ့ရတာနဲ့ ပုံမှန်ဆို ထိုလူတွေက ရယ်ကာမောကာနဲ့ ထွက်သွားကြစမြဲပါ။ ဒါပေမယ့် ဒီနေ့မှာတော့ သူတို့တွေ ထွက်မသွားခဲ့ကြပါဘူး။

မုန်တိုင်းစံအိမ်နဲ့ သွေးတိုက်ပွဲဂိုဏ်းက တပည့်တွေ ပြန်ထိုင်လိုက်တာကို တွေ့လိုက်ပေမယ့် ရှဲ့ရုန်နဲ့ လီဖူက ထွက်မသွားသေးသည့်အပြင် ရှေ့ကိုတောင် တိုးသွားလိုက်ပါတယ်။ လီဖူက သူမရဲ့ ပါးစပ်ကို လက်ကလေးနဲ့ ကာရင်း ဟူညီအစ်မ နှစ်ယောက်ကို ပြုံးပြလိုက်ကာ ပြောလိုက်တယ် “နင်တို့ ညီအစ်မ နှစ်ယောက် အသက်ရှင်လျက်နဲ့ တကယ် ပြန်လာနိုင်ခဲ့တာပဲ။ နင်တို့နှစ်ယောက် တိမ်မိစ္ဆာနယ်မြေထဲ ထွက်ပြေးခဲ့ရတယ်ဆို။ နတ်ဆိုးတွေနဲ့ ပြည့်နေတဲ့ တိမ်မစ္ဆာနယ်မြေထဲကနေ နင်တို့နှစ်ယောက် ဘယ်လို အသက်ရှင်လျက် ပြန်ထွက်လာနိုင်လဲ ဆိုတာကို ဒီက အစ်မကြီး အရမ်း သိချင်မိတာပဲ။ ဟန်… နင်တို့ မိန်းမလှလေးနှစ်ယောက် ဘယ်လို ပြန်လွတ်လာတာလဲ”

ဟူကျောင်းအာရဲ့ အမူအရာက မဲမှောင်သွားခဲ့ပြီး လီဖူကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကာ ဒေါသတကြီး ပြန်ပြောလိုက်တယ် “နင်ဘာပြောချင်နေတာလဲ”

ဒါပေမယ့် လီဖူက တခစ်ခစ် ရယ်မောလိုက်ပြီး လှောင်ပြောင်စကား ဆိုလိုက်တယ် “အဲ့လို ငရဲတွင်းကနေ နင်တို့ ညီအစ်မနှစ်ယောက် ဘယ်လို လွတ်မြောက်ပြီး ထွက်ပြေးလာနိုင်ခဲ့လဲ ဆိုတာကို ဒီက အစ်မကြီးက သိချင်ရုံတင်ပါ။ နင်တို့ စိတ်မရှိဘူးဆိုရင် အဲ့နေရာကနေ ဘယ်လို အသက်ရှင်လျက် လွတ်မြောက်လာလဲဆိုတာ ငါ့ကို ပြောပြလို့ ရမလား၊ ဥပမာ နင်တို့ ယောကျ်ား ဘယ်လောက် များများကို ဆွဲဆောင်ပြီး နင်တို့ကိုယ်နင်တို့ အဲ့မိစ္ဆာတွေဆီ ဘယ်နှစ်ကြိမ်လောက် ရောင်းချခဲ့လဲ ဆိုတာကိုပေါ့”

လီဖူရဲ့ ဗြောင်ဗြောင်တင်းတင်း ရန်စစကားကို ကြားလိုက်တာနဲ့ ဟူကျောင်းအာနဲ့ ဟူမေးအာတို့ရဲ့ မျက်ဝန်းအစုံက အေးစက်စက် အလင်းရောင်တို့ဖြင့် လက်သွားခဲ့တယ်။

“အို အို… ငါတောင်းပန်ပါတယ်နော်၊ ဒီက အစ်မကြီးက မပြောသင့်တာတွေ ပြောမိကုန်ပြီ” လီဖူက တခစ်ခစ် တခစ်ခစ်နဲ့ ရယ်မောလိုက်တယ်။ တောင်းပန်ပါတယ်လို့ သာ ပြောခဲ့တာပါ၊ သူမရဲ့ မျက်ဝန်းတွေကတော့ ရွံ့ရှာမှု၊ အထင်အမြင် သေးမှုတို့ဖြင့် ပြည့်နေဆဲပါ။

လီဖူနောက်က ယောကျ်ားလေး တပည့်တွေကလည်း ဟူညီအစ်မ နှစ်ယောက်အား မိန်းမပျက်နှစ်ယောက်ကို ကြည့်သလို အထင်အမြင်သေးစွာဖြင့် ကြည့်နေလိုက်ကြတယ်။

“အဲ့ဒါအကြောင်းနဲ့ ပက်သက်ပြီး ငါလည်း သိချင်တယ်” ရှဲ့ရုန်က ပြုံးလိုက်ပြီး “ငါတို့တွေတင် မဟုတ်ဘူး၊ စခန်းမှာ ရှိနေတဲ့ လူအားလုံးပါ သိချင်နေကြတာ။ နင်တို့နှစ်ယောက်က အဲ့နေရာကနေ ဘယ်လို အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ် ဆိုတာရယ်၊ ဘယ်လို နည်းလမ်းတွေကို နင်တို့ အသုံးပြုခဲ့လဲ ဆိုတာရယ်ကို ငါတို့ အားလုံး သိချင်နေကြတာ”

ဟူကျောင်းအာက မျက်မှောင်ကြုံ့လိုက်မိသလို သူမရဲ့ အသက်ရှူသံလည်း မြန်ဆန်လာခဲ့ကာ လှောင်ပြောင်လိုသည့် အပြုံးကို ဆင်မြန်းလိုက်ပြီး “အဲ့ဒါ နင်တို့နဲ့ ဘာဆိုင်လို့လဲ”

“ငါတို့နဲ့ ဆိုင်တာပေါ့” လီဖူက ရက်စက်တော့မယ့် ပုံစံနဲ့ ပြုံးလိုက်ပြီး “နင်တို့နှစ်ယောက်က ငါတို့ ဟန်မင်းဆက်က ကျင့်ကြံသူတွေကို သစ္စာဖောက်၊ တိမ်မိစ္ဆာနယ်မြေက မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး အဲ့နေရာကနေ ထွက်ပြေးလာနိုင်ခဲ့တာ ဆိုရင်တောင် ငါတို့က ဘယ်လိုလုပ်ပြီး ဒီအတိုင်း ထိုင်နေလို့ ဖြစ်ပါ့မလဲ။ နင်တို့နှစ်ယောက်က တိမ်မိစ္ဆာနယ်မြေက မိစ္ဆာတွေရဲ့ အစေခံတွေတောင် ဖြစ်ရင် ဖြစ်နေမှာလေ၊ ဘာပဲဖြစ်ဖြစ် စစ်ဆေးရမယ့် အလုပ်က ငါတို့ရဲ့ တာဝန်ပဲလေ”

“အဲ့ဒါအမှန်ပဲ” ရှဲ့ရုန်ရဲ့ မျက်ဝန်းအစုံးက ရုတ်တရက် အေးစက်သွားခဲ့ပြီး ရန်ကိုင်ကို စိုက်ကြည့်လိုက်ကာ အလျင်မလိုသည့် ဟန်ဖြင့် မေးလိုက်တယ် “ဒီက မိတ်ဆွေက နည်းနည်း ထူးဆန်းနေသလိုပဲ၊ မင်းဘယ်က လာတာလဲ”

ဘေးနားကနေ အေးအေးဆေးဆေးနဲ့ နားထောင်နေတဲ့ ရန်ကိုင်က ထိုစကားကို ကြားလိုက်တဲ့ အချိန်၌ ချက်ချင်းဆိုသလို မျက်မှောင် ကြုံ့လိုက်တယ်။ ထိုအဖွဲ့က ဒီနေရာကို ရောက်လာရတဲ့ အကြောင်းအရင်းက သူ့ကြောင့်မှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်တယ်။

အစောပိုင်းတုန်းက လှောင်ပြောင် ရန်စ စော်ကားခဲ့တာတွေ အကုန်လုံးက အရံပါပဲ။ အခုမှ အဓိက အကြောင်းအရာ စမှာပါ။

“ပြောလို့ အဆင်မပြေဘူး” ခေါင်းခါလိုက်ပြီး ရန်ကိုင် အေးစက်ပြီး မထူးခြားနားသည့် လေသံဖြင့် ပြန်ပြောလိုက်တယ်။

“အို၊ ပြောလို့ အဆင်မပြေတာလား” လီဖူက လှောင်ပြောင်လိုက်တယ်။

ရှဲ့ရုန်က ဟူညီအစ်မ နှစ်ယောက်ဘက် လှည့်လိုက်ပြီး “သူ့ကို နင်တို့ နှစ်ယောက် ခေါ်လာတာဆိုတော့ သူဘယ်ကလာတာလဲ ဆိုတာ နင်တို့ သိမှာပေါ့ ၊ ဟုတ်တယ်မလား”

“ငါတို့လည်း မသိဘူး။ ငါတို့ သူ့ကို လမ်းမှာတွေ့ခဲ့တာ” ဟူကျောင်းအာက မထူးခြားနားသည့် ဟန်ဖြင့် ပြန်ပြောလိုက်တယ်။

ရန်ကိုင် ဘယ်ကလာလဲဆိုတာကို သူမ ဘယ်လိုလုပ်ပြီး ထုတ်ပြောလို့ ဖြစ်ပါ့မလဲ။ ကောင်းကင်စံအိမ်နဲ့ အိမ်နီးချင်း ဂိုဏ်းတွေ ဖြစ်နေလို့ အခုလိုမျိုး ဖြစ်ခဲ့ရပြီးတာကို ရန်ကိုင်က ကောင်းကင်စံအိမ်က လာတာမှန်း သူတို့ သိလိုက်တာနဲ့ သူရဲ့ ကံကြမ္မာက သူမတို့ထက် ပိုပြီး ဆိုးရွားသွားနိုင်ပါတယ်။

ထိုလူတွေသာ ကျိုးကြောင်းမဆင်မခြင်ပဲ အထိန်းအကွပ်မဲ့စွာနဲ့ လှုပ်ရှားခဲ့မယ်ဆိုရင် ရန်ကိုင်အနေနဲ့ နေရာမှာပဲ အသတ်ခံရရင် အသတ်ခံရနိုင်ပါတယ်။

“ဟုတ်သွားပြီ၊ မင်းက တကယ့်ကို သံသယဝင်စရာပဲ” ရှဲ့ရုန်က အမှန်းတရား ဘက်တော်သား တစ်ယောက်ရဲ့ လေသံနဲ့ ပြောလိုက်တယ် “သူ့ကို ဖမ်းလိုက်”

“ဘယ်သူလုပ်ရဲလဲ” ဖန်ဇီဂျိက မာန်သွင်း အော်ဟစ်လိုက်ပြီး မတ်တပ်ရပ်လိုက်တယ်။

သူလှုပ်ရှားလိုက်တာနဲ့ ကျန်တဲ့လူတွေ အကုန်လုံးလည်း မတ်တပ်ရပ်လိုက်ကြတယ်။ သူတို့အားလုံးက အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က တပည့်ကို သတိအပြည့်နဲ့ စိုက်ကြည့်နေလိုက်ကြတယ်။ ထို့နောက် လက်နက် အသီးသီးကို ထုတ်ယူလိုက်ကြပြီး သူတို့ရဲ့ အစစ်အမှန်ချီကို ကြိုတင်လှည့်ပတ် ထားလိုက်ကြတယ်။

ပြောင်းပြန် လှန်လိုက်သလို ဖြစ်သွားခဲ့တယ်။

“ဟတ်” ရှဲ့ရုန်က လှောင်ပြုံးပြုံးလိုက်ကာ ထေ့ငေါ့လိုက်တယ် “မင်းတို့က တိမ်မိစ္ဆာနယ်မြေက လူကို ကာကွယ်ပေးရဲတယ်ပေါ့၊ မင်းတို့အားလုံး သေပြီသာမှတ်”

ရက်စက်ကောက်ကျစ်သည့် အပြုံးတစ်ခု သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့တယ်။ အားလုံးက သူ့အစီအစဉ် အတိုင်း ဖြစ်လာခဲ့တဲ့ ပုံပါပဲ။ ထို့နောက် အမြန်အဆန် အော်လိုက်တယ် “လုပ်လိုက်တော့”

သူ့အသံ ပျောက်ကွယ်သွားတာနဲ့ ရန်ကိုင်တို့ အဖွဲ့ကို စောင့်ကြည့် စစ်ဆေးနေတဲ့ ကောင်းကင်စိတ်အာရုံတွေထဲက နှစ်ခုက ထက်ရှတဲ့ ဓါးသွားတွေ အဖြစ်ပြောင်းလဲသွားခဲ့ပြီး သတ်ဖြတ်လိုစိတ် အပြည့်နဲ့ ရန်ကိုင်ဆီ တိုးဝင်သွားခဲ့တယ်။

ထိုအချက်ကို သတိပြုမိလိုက်တာနဲ့ ကွမ့်ချီလဲ့ရဲ့ မျက်နှာက ဒေါသတို့ဖြင့် ပြည့်လျမ်းသွားခဲ့ပြီး ရန်ကိုင်ကို လှမ်းအော်ဟစ် သတိပေးလိုက်တယ် “သတိထား”

ထိုတိတ်တဆိတ် ချောင်းမြောင်း တိုက်ခိုက်မှုနှစ်ခုက ရန်ကိုင်ရဲ့ စိတ်ထဲ တိုးဝင်သွားခဲ့တယ်။ ဒါပေမယ့် ဝိဉာဉ်နန်းတော်နဲ့ တွေ့တာနဲ့ ထိုတိုက်ခိုက်မှု နှစ်ခုစလုံး ကျိုးပျက်သွားခဲ့ရတယ်။

ရန်ကိုင် မျက်နှာ သုန်မှုန်သွားခဲ့ပြီး သူ့မျက်ဝန်းတွေက အေးစက်လာခဲ့တယ်။

ထိုလူတွေက ရန်စ၊ ပြဿနာရှာချင်နေတာလို့ပဲ သူထင်နေခဲ့တာပါ။ ဒါပေမယ့် အခုတော့ သူထင်ထား မှားသွားခဲ့တဲ့ ပုံပါပဲ။

ကောင်းကင်စိတ်အာရုံနှစ်ခု ထွက်ပေါ်လာတဲ့ အရပ်ဆီမှ ခရမ်းရောင် အလင်းတို့ လက်သွားခဲ့တယ်။

ရေခဲတမျှ အေးစက်မှုက ရုတ်တရက် တိုးဝင်လာခဲ့ပြီး ချက်ချင်းပဲ ပြန်လည် ပျောက်ကွယ်သွားခဲ့တယ်။ ငါပဲ အထင်မှားသွားတာလား ဆိုပြီး အားလုံး တွေးလိုက်မိကြတယ်။

ဒါပေမယ့် အဲ့နောက်မှာတော့ မပီပြင်တဲ့ အသံနှစ်သံက အဝေးတစ်နေရာကနေ ထွက်ပေါ်လာခဲ့တယ်။ အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူနှစ်ယောက်ရဲ့ မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူတို့ မျက်လုံးတွေက ချက်ချင်း ဆိုသလို နီရဲသွားခဲ့တယ်။ ဒယီးဒယိုင် ဖြစ်သွားခဲ့ကာ မြေကြီးပေါ် ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့ရတယ်။

ထိုပညာရှင် နှစ်ယောက်စလုံး ရန်ကိုင့် ဝိဉာဉ်ပညာရပ် ထိမှန်ခြင်း ခံလိုက်ရတာပါ။ ထိုထူးခြားဆန်းကြယ်တဲ့ ဝိဉာဉ်ပညာရပ်က အေးစက်မှုတွေနဲ့ ပြည့်နေတဲ့ အတွက် သူတို့ရဲ့ အသိစိတ်ပင်လယ်တောင် အေးခဲသွားမလို ဖြစ်သွားခဲ့ရတယ်။

ကံကောင်းစွာနဲ့ အန္တရာယ်ကို ကြိုတင်သိရှိနိုင်ခဲ့ပြီး သူ့တို့ကိုယ်သူတို့ အချိန်မှီ ခုခံကာကွယ်နိုင်လိုက်ပါတယ်၊ အချိန်မှီသာ မကာကွယ်နိုင်ခဲ့ရင် အတွေးဆက်က မတွေးရဲစရာပါ။

သူတို့ရဲ့ ဝိဉာဉ်ကို အလျင်စလို ပြန်လည် တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ပညာရှင် နှစ်ယောက်က တုန်လှုပ်ခြောက်ခြားမှုတွေ ပြည့်နေတဲ့ မျက်ဝန်းအစုံနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြတယ်။

ရန်ကိုင်ကတော့ စတင် လှုပ်ရှားလိုက်ပါပြီ။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် နှစ်ယောက်ကို ဝိဉာဉ်ပညာရပ်နဲ့ တိုက်ခိုက်ပြီးနောက် လေအလျင်အလား ရှဲ့ရုန်ဆီ ပြေးဝင်သွားလိုက်တယ်။

ရန်ကိုင် သူ့နား ရောက်လာခဲ့တာတောင် ရှဲ့ရုန်က အူမြူးပျော်နေလို့ ကောင်းတုန်းပါ။ ရန်ကိုင်လက်ဝါး သူ့ရင်ဘတ်ပေါ် ရောက်လာတော့မှပဲ အခြေအနေက သူထင်ထားတာနဲ့ လွဲချော်သွားပြီးမှန်း သူသိလိုက်တယ်။ ဒါပေမယ့် သိလိုက်တာက နောက်ကျလွန်းသွားခဲ့ပါပြီ။ အစစ်အမှန်ယန်ယွမ်ချီတွေက သူ့သွေးကြောတွေထဲ စီးဝင်လာခဲ့တဲ့အတွက် သူ့တစ်ကိုယ်လုံး အလွန်အမင်း ပူလောင်နာကျင်နေသလို ရှဲ့ရုန် ခံစားလိုက်ရတယ်။

တစ်ချက်ကလေးသာ အော်ဟစ်လိုက်နိုင်ပြီး လက်ကြီးတစ်ဖက်က သူ့မျက်နှာနဲ့ မျက်လုံးတွေကို ဖုံးအုပ်သွားခဲ့တယ်။ မျက်တောင် တစ်ခတ်အတွင်းမှာပဲ ရှဲ့ရုန်ရဲ့ ကမ္ဘာမှောင်ကျသွားခဲ့ရတယ်။

“အား…” လီဖူ မျက်နှာလှလှလေးထက်က အတင်အမြင် သေးနေသည့် အမူအရာလည်း ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ရတယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို အသက်ရှင်လျက် ရန်ကိုင် လွတ်မြောက်သွားလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။

ထို့နောက် ရန်ကိုင်ရဲ့ အခြားလက်တစ်ဖက်က လီဖူရဲ့ လည်ပင်းကို လှမ်းညစ်လိုက်တယ်။

ထို့နောက် သူ့လက်နှစ်ဖက်ကို ဆွဲကပ်လိုက်ပြီး လီဖူနဲ့ ရှဲ့ရုန်တို့ နှစ်ယောက်ကို ခေါင်းချင်းယှဉ်တိုက်ပေးလိုက်တယ်။

ခွပ်…

အစစ်အမှန်ချီကို မလှည့်ပတ်ရသေးခင်မှာပဲ ရန်ကိုင်က သူတို့ နှစ်ယောက်ကို အားရပါးရ ဆော်ထည့်ပေးလိုက်တယ်။

နှစ်ယောက်စလုံးက ဂိုဏ်းအသီးသီးရဲ့ လက်ရွေးစင်တွေပါ။ ဒါပေမယ့် အခုအချိန်မှာတော့ နှစ်ယောက်စလုံးက ရန်ကိုင် လက်ထဲ၌ ကလေးလေးတွေလို ဖြစ်နေခဲ့တယ်။ နည်းနည်းလေးတောင် ပြန်မခုခံနိုင်ခဲ့ပါဘူး။

ဘုန်း…. ဘုန်း….

ခေါင်းနှစ်လုံးကို လင်ကွင်းတီးပေးလိုက်ပြီးနောက် ရန်ကိုင်က ရှဲ့ရုန်နဲ့ လီဖူကို မြေကြီးပေါ်သလို့ ရိုက်ချလိုက်တယ်။ အရိုးကျိုးသံ၊ နာကျင်စွာ အော်ဟစ်သံတွေနဲ့အတူ လူပုံစံကျင်းပေါက်နှစ်ခု မြေကြီးထက် ထွက်ပေါ်လာခဲ့တယ်။

အဲ့အချိန်မှပဲ ကျန်ရှိနေတဲ့ တပည့်တွေလည်း အသိပြန်ဝင်လာခဲ့ကြတယ်။

အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က တပည့်တွေက ရန်ကိုင်ကို ဒေါသ၊ မုန်းတီးမှုကို ရောယှတ်နေတဲ့အကြည့်တွေနဲ့ စိုက်ကြည့်လိုက်ကြတယ်။

“ဘယ်သူလှုပ်ရှားရဲလဲ” ရန်ကိုင်က လီဖူရဲ့ မျက်နှာကို ခြေထောက်နဲ့ ရက်ရက်စက်စက် နင်းချလိုက်ပြီး မေးလိုက်တယ်။ သူ့ရဲ့ အပြုအမူကြောင့် အားလုံး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားခဲ့ရတယ်။

သူ့လက်တစ်ဖက်မှာတော့ အစစ်အမှန်ချီဖြင့် ဖွဲ့စည်းထားသည့် ဓါးတစ်ချောင်း ရှိနေခဲ့ပြီး ဓါးထိပ်ဖျားက ရှဲ့ရုန်ရဲ့ ရင်ဘတ်နားကို ချိန်ရွယ်ထားခဲ့တယ်။

မှောင်မည်းနေတဲ့ ညအချိန်၌ မီးပုံကနေ ထွက်ပေါ်နေတဲ့ အလင်းရောင်က ရန်ကိုင် မျက်နှာထက် အလင်းပြန်နေတဲ့ အတွက် သူ့ပုံစံက ပိုပြီး ကြောက်စရာ ကောင်းနေခဲ့ပါတယ်။

သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေကတော့ ကိုးယိုးကားယား အမူအရာနဲ့ ဘေးနားကနေ မတ်တပ်ရပ်နေခဲ့ကြတယ်။ သူတို့အားလုံးက ရန်ကိုင်ကို မယုံကြည်နိုင်သည့် မျက်ဝန်းတွေနဲ့ ငေးကြောင်ကြည့်နေခဲ့ကြတယ်။

“ကောင်းတယ်၊ ဘယ်သူလှုပ်ရှားရဲလဲ” ဖန်ဇီဂျိက ငေးကြောင်နေရာမှ အသိပြန်ဝင်လာပြီးနောက် သူ့သောက်နေတဲ့ ခွက်ကို မီးပုံထဲ ပစ်ထည့်လိုက်ပြီး အသံအကျယ်ကြီးနဲ့ အော်မေးလိုက်တယ်။

ဝိုက်ခွက်ထဲက အရက်တွေက မီးပုံထဲ ကျသွားတဲ့အတွက် လောင်စာထည့်ပေးလိုက်သလို ဖြစ်ကာ မီးတောက်တွေက မီးတာဒါဇင်ကျော်လောက်အထိ မြင့်တက်သွားခဲ့တယ်။

Martial Peak

အပိုင်း (၃၅၄) မင်းငါ့ကို ခြိမ်းခြောက်နေတာလား

မီးတောက်တွေ မိုးပေါ် ထောင်တက်သွားတဲ့အချိန် အကြည့်ပေါင်းများစွာက ရန်ကိုင်အပေါ်သို့ ရောက်ရှိလာခဲ့တယ်။ စိုးရိမ်မှု၊ အံ့အားသင့်မှု၊ ထိတ်လန့်တုန်လှုပ်မှု၊ ကြောက်ရွံ့မှု၊ အရှက်တကွဲ အကျိုးနည်း ဖြစ်မှု၊ ဒေါသ၊ အမျိုးစုံသော စိတ်ခံစားချက်တို့က အားလုံးရဲ့ ရင်ထဲ လှိုက်တက်လာခဲ့တယ်။

မိုးကြိုးအလင်းဂိုဏ်းက တပည့်တစ်ယောက်က ရှေ့တက်လိုက်ပြီး သုန်မှုန်နေတဲ့ အမူအရာနဲ့ ပြောလိုက်တယ် “ဒီကမိတ်ဆွေ၊ မင်းတစ်ခုခုကို ဆွေးနွေးချင်တယ် ဆိုရင်လည်း ငါတို့လူတွေကို အရင်လွှတ်ပေးလို့ မရဘူးလား”

သက်တန့်နန်းတောက်က တပည့်ကတော့ ပိုပြီးမောက်မာပါတယ်။ တုန်တုန်လှုပ်လှုပ်နဲ့ ရန်ကိုင်အား အမိန့်ပေးသည့် လေသံဖြင့် အော်ဟစ်လိုက်တယ် “စီနီယာအစ်မ လီဖူကို ခပ်မြန်မြန် လွှတ်လိုက်စမ်း”

လီဖူဆိုတာ သူတို့ဂိုဏ်းရဲ့ ကောင်းချီပေး သမီးတော် တစ်ယောက်ပါ။ သက်တန့်နန်းတော်၌ သူမကို လေးစားမြတ်နိုးသည့် တပည့်အရေဆို အများကြီးပါပဲ။ အခု သူမရဲ့ မျက်နှာလှလှလေးကို ထိုသူတောင်းစားက ခြေထောက်နဲ့ တက်နင်းထားတာကို မြင်လိုက်ရတော့ သူတို့ ဒေါသမထွက်ပဲ ဘယ်နေပါ့မလဲ။ အခုလိုမျိုး ရန်စစော်ကားလိုက်တာကို သက်တန့်နန်းတော်က တပည့်တွေက ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါ့မလဲ။

ဒါဘာပဲ…. ဒါက လုံးဝ ခွင့်လွှတ်ပေးလို့ မရတဲ့ ရန်စစော်ကားမှု တစ်ခုပဲ။

ဒါပေမယ့် ရန်ကိုင်ကတော့ တစ်ချက်ကလေးတောင် မျက်တောင် မခတ်ခဲ့ပါဘူး။ သူ့မျက်ဝန်းအစုံက အရင်လို အေးစက်နေဆဲ ဖြစ်ပြီး သွားပေါ်အောင် ပြုံးလိုက်ကာ ပြောလိုက်တယ် “ဆွေးနွေးစရာ ရှိလို့လား”

“ဒီကမိတ်ဆွေရေ၊ ငါတို့က မင်းကို ဘာမှမလုပ်ရသေးတာကို မင်းက ငါတို့အဖွဲ့သား နှစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်တယ်။ မင်းအရမ်းကို လွန်ကဲသွားပြီလို့ မထင်ဘူးလား” မိုးကြိုးအလင်းဂိုဏ်းက မတရားခံရတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။

“အို တကယ်လား။ စိတ်ဝင်စားစရာပဲ” ရန်ကိုင်က ပြုံးလိုက်ပြီး ကွမ့်ချီလဲ့ကို ကြည့်ကာ “စီနီယာ၊ ခင်ဗျားရော ဘယ်လိုထင်လဲ”

အခု ရှိနေတဲ့ လူတွေ အားလုံးထဲမှာ ကွမ့်ချီလဲ့ တစ်ယောက်သာ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်တစ်ယောက်ပါ။ ထို့ကြောင့် လွန်ခဲ့တဲ့ အခိုက်အတန့်လေးက ရန်ကိုင်အတွက် ဘယ်လောက်တောင် အန္တရာယ်များခဲ့လဲ ဆိုတာကို ကွမ့်ချီလဲ့က လွဲပြီး ဘယ်သူမှ နားလည်မှာ မဟုတ်ပါဘူး။

မိုးကြိုးအလင်းဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်ရဲ့ စိတ်ဝိဥာဉ် တိုက်ခိုက်မှုကို ဝိဥာဉ်အား မလေ့ကျင့်ရသေးတဲ့ ထိုတပည့်တွေ အနေနဲ့ ခံစားမိနိုင်လိမ့်မည် မဟုတ်ပါဘူး။ ရန်ကိုင်သာ ကောင်းကင်စိတ်အာရုံကို မလေ့ကျင့်ရသေးသလို ဝိဥာဉ်နန်းတော်ကိုလည်း မပိုင်ဆိုင်ထားခဲ့ရင် အခုအချိန်လောက် သူသေသွားလောက်နေခဲ့ပါပြီ။

အားလုံးရဲ့ အမြင်မှာတော့ ရှဲ့ရုန်က တိုက်ခိုက်ဖို့ပဲ အော်လိုက်တာပါ။ ဒါပေမယ့် ရှဲ့ရုန်က မတိုက်ခိုက်ရသေးခင်မှာပဲ ရန်ကိုင်က စပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဒါကတော့ အားလုံးရဲ့ အမြင်ပေါ့။

ဒါပေမယ့် ဘယ်သူက အရင်စပြီး တိုက်ခိုက်ခဲ့တယ် ဆိုတာကို ရန်ကိုင်နဲ့ ကွမ့်ချီလဲ့တို့ နှစ်ယောက်ပဲ သေချာ သိကြပါတယ်။

ကွမ့်ချီလဲ့လည်း စိတ်ရှုပ်နေခဲ့တယ်။ ထိုတိုက်ခိုက်မှုကနေ ရန်ကိုင် ဘယ်လို အသက်ရှင် နေနိုင်ခဲ့လဲဆိုတာကို သူလုံးဝ မစဉ်းစားနိုင်ခဲ့ပါဘူး။ ရန်ကိုင် ပုံစံအရတော့ သူ့အနေနဲ့ နည်းနည်းလေးတောင် ဒဏ်ရာမရသွားတဲ့ ပုံပါပဲ။

ရန်ကိုင်ရဲ့ မေးတားကို ကြားလိုက်တာနဲ့ သူ့အတွေးတွေ အားလုံးကို ပြန်စုစည်းလိုက်ပြီး မတ်တပ်ရပ်လိုက်တယ်။ ရန်ကိုင်ကို ကြည့်တဲ့အကြည့်ထဲ သိချင်လိုစိတ်နဲ့ လေးစားအားကျသည့် အရိပ်အယောင် တစ်စွန်းတစ်စတို့ ပါဝင်နေခဲ့တယ်။

ခဏလောက် တိတ်ဆိတ်နေပြီးနောက် ကွမ့်ချီလဲ့က လှောင်ပြောင်ပြောဆိုလိုက်တယ် “ငါ့ကိုသာ အဲ့လိုမျိုး လာလုပ်မယ်ဆိုရင် ငါလည်း ငြိမ်ခံနေမှာ မဟုတ်ဘူး”

“ဟားဟား၊ စီနီယာပြောတာ ကောင်းတယ်” ရန်ကိုင်က နှစ်ထောင်းအားရစွာနဲ့ ရယ်မောလိုက်ပြီး လီဖူရဲ့ မျက်နှာကို အားပြင်းပြင်းနဲ့ ဖိချလိုက်တယ်။

“နင်… နင်ငါ့ကို လုပ်ရဲတယ်” လီဖူက စူးစူးရှရှ အသံနဲ့ အော်ဟစ်လိုက်တယ်။ သူမ ပါးစပ်ဖွင့်လိုက်တဲ့ အခိုက် ဖုန်တွေ၊ သဲတွေ၊ မြေကြီးတွေက သူမပါးစပ်ထဲ ဝင်သွားခဲ့တယ်။ သူမရဲ့ မျက်နှာလှလှလေးဟာတော့ သွေးတို့ဖြင့် စိုရွဲနေခဲ့ပြီး စုတ်ပြတ်သတ်နေခဲ့ပါပြီ။ သူမ မျက်ဝန်းတွေကတော့ အလွန်အမင်း သိပ်သည်းလှသည့် မုန်းတီးမှုတို့ဖြင့် ပြည့်နေခဲ့တယ်။

အကုန်လုံးကို အကျဉ်းချုံး ပြောရမယ် ဆိုရင်တော့ သူမရဲ့ ခွန်အားက အရမ်းမမြင့်သလို သူမရဲ့ အရည်အချင်းကလည်း သာမန်ထက် ပိုရုံလေးပါပဲ။ ဒါပေမယ့် ဒုတိယအဆင့် အင်အားစုဖြစ်တဲ့ သက်တန့်ဂိုဏ်းလို နေရာမျိုးမှာတော့ သူမကို လက်ရွေးစင် တစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။ ထို့ပြင် သူမရဲ့ မွေးရာပါ အလှကြောင့် အားလုံးရဲ့ ချီးကျူးမှု၊ ချီးမွမ်းမှုတွေ ကြားမှာ ကြီးပြင်လာခဲ့ကာ သူမရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်ကလည်း မောက်မာ၊ မာနာကြီးလာခဲ့ပါတယ်။

လူငယ် ပါရမီရှင်တွေ ဖြစ်တဲ့ ရှန်ချူလို လူတွေကလွဲပြီး သူမမျိုးဆက် ကျန်တဲ့ ယောကျ်ားတွေ အကုန်လုံး သူမရဲ့ စိတ်ဝင်စားမှုနှင့် မထိုက်တန်ပဲ သူမကိုတောင် ပြန်ပြီး ဖားယားနေရမှာပါ။ သူမ ဘယ်တုန်းက အခုလိုမျိုး အရှက်ခွဲ ခံရခဲ့ဖူးလို့လဲ။

ပါးစပ်ထဲ သဲအရသာကို မြည်းစမ်းနေရင်း သူမ အရမ်းဂုဏ်ယူရတဲ့ မျက်နှာလှလှလေးက ထိုကောင်စုတ်ရဲ့ ခြေထောက်နဲ့ နင်ခြေထားခံရတယ် ဆိုတာကို စဉ်းစားမိလိုက်တာနဲ့ လီဖူအနေနဲ့ ဒေါသထွက်လွန်းလို့ သတိလစ်လုမတတ် ဖြစ်သွားခဲ့ရတယ်။

“နင့် သောက်ပါးစပ်ကို ပိတ်ထားစမ်း” ရန်ကိုင် သူမကို အေးစက်စက် အကြည့်နဲ့ စိုက်ကြည့်ပြီး အော်ဟစ်လိုက်တယ်။

“သွားသေလိုက်ပါလား…” ရှဲ့ရုန်က အခြေအနေတွေကို နားမလည်သေးပဲ ရန်ကိုင်ကို ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်ပါတယ်။

ဒါပေမယ့် သူနောက်တစ်ခွန်း ထပ်မပြောရသေးခင်မှာပဲ ရန်ကိုင်လက်သီးနဲ့ မိတ်ဆက်လိုက်ရတယ်။

ဘုန်းဆိုတဲ့ မြည်သံနဲ့ အတူ ရှဲ့ရုန် မျက်နှာက မြေကြီးထဲ ကျွံဝင်သွားခဲ့သလို သွားလေးငါးချောင်းလောက်လည်း ကျွတ်ထွက်သွားခဲ့ရတယ်။ အခု သူ့ပါးစပ်တစ်ခုလုံး‌ သွေးတွေနဲ့ ပြည့်နေခဲ့တယ်။

ရန်ကိုင်ရဲ့ ရက်စက်သည့် အပြုအမူကို ကြောက်ရွံ့သည့် အတွက်ကြောင့် ရှဲ့ရုန်လည်း နောက်တစ်ခွန်း ထပ်မဟ ရဲတော့ပါဘူး။

“ရပ်လိုက်စမ်း” အခုမှပဲ မိုးကြိုးအလင်းဂိုဏ်းနဲ့ သက်တန့်နန်းတော်က အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ ရောက်ရှိလာခဲ့တယ်။ ရန်ကိုင်ရဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ခံလိုက်ရတာနဲ့ အခြေအနေတွေ မကောင်းတော့ဘူး ဆိုတာကို သတိပြုမိလိုက်ပြီး ဒီအနေရာဆီ အလျင်စလို ပြေးလာခဲ့တာပါ။ ဒါပေမယ့် သူတို့ ဒီလောက် မြန်မြန် ပြေးလာခဲ့တာတောင် နောက်ကျသွားခဲ့ရပါသေးတယ်။

ရွှစ်… ရွှစ်….

လေခွင်းသံနှင့်အတူ အကြီးအဲ နှစ်ယောက်က တစ်ချိန်တည်း ရောက်ရှိလာခဲ့ပြီး ရန်ကိုင်နဲ့ ငါးမီတာအကွာမှာ ရပ်လိုက်ကြကာ အေးစက်စက် အကြည့်နဲ့ ရန်ကိုင်ကို စိုက်ကြည့်နေလိုက်ကြတယ်။

ကွမ့်ချီလဲ့က တစ်ချိန်တည်းမှာ လှုပ်ရှားလိုက်ပြီး ရန်ကိုင်နဲ့ အကြီးအကဲ နှစ်ယောက်ကြား ဝင်ရပ်လိုက်တယ်။

ရန်ကိုင်ကလည်း ထိုအကြီးအကဲ နှစ်ယောက်ကို ပြန်ပြီး စိုက်ကြည့်လိုက်တယ်။

ထိုနှစ်ယောက်ရဲ့ ခွန်အားက အရမ်းကြီး မမြင့်လှပါဘူး။ ကွမ့်ချီလဲ့ထက်တောင် နိမ့်ကျနေပါသေးတယ်။ နှစ်ယောက်စလုံးက အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ချိုးဖျက်ပြီးတာ သိပ်မကြာသေးတဲ့ ပုံပါပဲ။

တကယ်တော့ တကယ့်ပညာရှင်တွေက တိုက်ပွဲအတွက် အကုန် ထွက်သွားခဲ့ကြပြီလေ။ ထို့ကြောင့် ကျန်ခဲ့တဲ့ လူတွေအကုန်လုံးက သူတို့ရဲ့ ဂျူနီယာလေးတွေကို ကာကွယ်စောင့်ကြည့်ဖို့သာ ကျန်ခဲ့တာပါ။ ထို့ကြောင့် သူတို့ရဲ့ ခွန်အားက အရမ်းကြီး သန်မာနေစရာ မလိုပါဘူး။

သူတို့ သုံးယောက်က တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စူးစိုက်ကြည့်နေခဲ့ကြပြီး သူတို့ကြားက လေထုက တင်းမာလာခဲ့တယ်။

တိတ်ဆိတ်မှုက အချိန်အတော်ကြာအောင် ကြီးစိုးနေပြီး နောက်မှာတော့ အကြီးအကဲ နှစ်ယောက် သွေးသံတရဲရဲ ဖြစ်နေတဲ့ ရှဲ့ရုန်နဲ့ လီဖူတို့ နှစ်ယောက်ကို လှမ်းကြည့်လိုက်တယ်။ နှစ်ယောက်စလုံးရဲ့ ရင်ထဲ ဒေါသတို့ လှိုက်တက်လာခဲ့တယ်။

သူတို့ရဲ့ ဂျူနီယာတွေ အခုလို ရက်ရက်စက်စက် အနိုင်ကျင့်ခံနေရတာကို မြင်လိုက်ရချိန်မှာတော့ အကြီးအကဲ နှစ်ယောက်စလုံးရဲ့ အမူအရာ သုန်မှုန်သွားခဲ့တယ်။ ပိုဆိုးတာက သူတို့နှစ်ယောက်က ထိုလူငယ်လေးကို ချောင်းမြောင်း တိုက်ခိုက်ခဲ့ပေမယ့် ထိုကောင်က ဘာမှမဖြစ်ပဲ သူတို့ကိုတောင် ပြန်ပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။

“ငါတို့နားလည်တယ်” မိုကြိုးအလင်းဂိုဏ်းက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူက ပြောလိုက်တယ်။

“မင်းတို့ လုပ်လို့ ငါက ပြန်လုပ်ရတာလေ” ရန်ကိုင်က ပြန်ပြောလိုက်တယ်။

သက်တန့်နန်းတော်က အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူက ချောင်းဟန့်လိုက်ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ပြောလိုက်တယ် “လူငယ်လေး၊ သူတို့ကို အရင်ဆုံး လွှတ်ပေးသင့်တယ်။ အခုလို မြင်ကွင်းမျိုးက ကြည့်လို့ရှုလို့ ကောင်းတာမဟုတ်ဘူး”

“အဲ့ဒါက ခင်ဗျားတို့ ကိစ္စလေ၊ ကျုပ်နဲ့ ဘာဆိုင်လို့လဲ”

အကြီးအကဲရဲ့ မျက်နှာ အမူအရာ အနည်းငယ် သုန်မှုန်သွားခဲ့ပြီး ပြောလိုက်တယ် “မင်းဆုံးဖြတ်ပြီးပြီလား”

မိုးကြိုးအလင်းဂိုဏ်းက အင်မော်တယ် တက်လှမ်းခြင်းအဆင့် အကြီးအကဲလည်း မကျေမနပ် ဖြစ်သွားခဲ့ပြီး အေးစက်စက် အမူအရာနဲ့ ပြန်ပြောလိုက်တယ် “လူငယ်လေး၊ ခုဏတုန်းက ကိစ္စက ဒီလူအိုကြီး နှစ်ယောက်နဲ့ပဲ သက်ဆိုင်တာလေ။ အဲ့ဒါကြောင့် ငါတို့ရဲ့ ဂျူနီယာနှစ်ယောက်ကို လွှတ်ပေးလိုက်ပါတယ်။ ငါတို့ ရှေ့တန်းမှာ ရှိနေသရွေ့ တစ်ယောက်နဲ့ တစ်ယောက် မှီခိုအားထား နေရဦးမှာကို မင်းသိထားသင့်တယ်နော်”

သူတို့ ပြောလိုက်တဲ့ စကားတွေက အဓိပ္ပါယ် နှစ်ခု ထွက်နေခဲ့ပါတယ်။ ထို့ကြောင့် အခြားသူတွေရဲ့ အမြင်မှာတော့ လူအိုကြီးနှစ်ယောက်ရဲ့ ရှဲ့ရုန်နဲ့ လီဖူတို့ နှစ်ယောက်ရဲ့ ရိုင်းပြမှုနဲ့ ပက်သက်ပြီး ဆွေးနွေးနေကြတာလို့ပဲ ထင်နေကြတာပါ။ ဒါပေမယ့် ရန်ကိုင်က ထိုလူအိုကြီး နှစ်ယောက် ချောင်းမြောင်းတိုက်ခိုက်တဲ့ ကိစ္စကို ပြောနေတယ် ဆိုတာကိုတော့ ကွမ့်ချီလဲ့က လွဲပြီး ဘယ်သူမှ မသိခဲ့ပါဘူး။

ပြုံးဖြဲဖြဲလုပ်လိုက်ရင်း ရန်ကိုင်က ခေါင်းခါလိုက်ပြီး “အချို့ကိစ္စတွေက တစ်ယောက်ယောက် မရောက်လာသေးသရွေ့ ဖြေရှင်းလို့ ရမှာမဟုတ်ဘူး”

“မင်းဘာလိုချင်တာလဲ” မိုးကြိုးအလင်းဂိုဏ်းက အကြီးအကဲရဲ့ မျက်နှာက ပိုပို သုန်မှုန်လာခဲ့တယ်။ ရန်ကိုင်က မရိုးရှင်းဘူး ဆိုတာကို သိထားပေမယ့် သူတို့ကတော့ ရန်ကိုင်ကို မကြောက်ပါဘူး။ ဒါပေမယ့် ရှဲ့ရုန်နဲ့ လီဖူတို့ရဲ့ အသက်က ရန်ကိုင် လက်ထဲ ရောက်နေတဲ့အတွက် သူတို့အနေနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးတော့ပဲ ပြောဆိုရပါတော့မယ်။

“ငါဘာမှ မလိုချင်ပါဘူး” ရန်ကိုင်က လှောင်ပြောင်လိုက်ပြီး အစစ်အမှန်ချီတွေက သူ့လက်တစ်လျှောက် ပြင်းပြင်းထန်ထန် လှည့်ပတ် စီးဆင်းလာခဲ့တယ်။

သူသိချင်တာက ထိုလူနှစ်ယောက် ဘာလို့ သူ့ကို သတ်ဖို့ ကြိုးစားရတာလဲ ဆိုတာကိုပါ။

ဟူညီအစ်မ နှစ်ယောက်နဲ့ သူဒီကို ရောက်တာ တစ်ရက်တောင် မကြာသေးပါဘူး။ ဒါပေမယ့် ထိုလူတွေက သူ့ကို သတ်ချင်နေခဲ့ပါတယ်။ ထိုလူတွေကို သူရန်စမိဖို့ မပြောနဲ့ အရင်တုန်းက တစ်ခါလေးတောင် တွေ့ခဲ့ဖူးတာ မဟုတ်ပါဘူး။

ဘာလို့ အခုတွေ ဖြစ်ရတာလဲဆိုတာကို ရန်ကိုင် စဉ်းစားမိတာ တစ်ခုတော့ ရှိပါတယ်။ ထိုအကြံဥာဏ်က နည်းနည်းလေး ရှက်စရာ ကောင်းနေခဲ့ပါတယ်။ သူထင်တာသာ မှန်မယ်ဆိုရင်တော့ တစ်ယောက်ယောက်က သူ့ကို မနာလိုနေလို့ အခုလို တွေ ဖြစ်လာရတာပါ။

“သူတို့ကို ခပ်မြန်မြန် လွှတ်ပေးဖို့ ဒီလူအိုကြီး မင်းကို အကြံပေးလိုက်မယ်၊ အဲ့လိုမှ မဟုတ်ရင်တော့ မင်းရဲ့ ဘဝတစ်လျှောက်လုံး ကျိန်းသေ နောင်တရသွားရလိမ့်မယ်” မိုးကြိုးအလင်းဂိုဏ်းက အကြီးအကဲက ရုတ်တရက် ပြောချလိုက်တယ်။ သူဆက်ပြီး ယဉ်ကျေးမနေတော့ပါဘူး။ ပြောပြီးတာနဲ့ သူ့ကိုယ်ကနေ အစစ်အမှန်ချီတို့ ထွက်ပေါ်လာခဲ့တယ်။ ရန်ကိုင်သာ ထိုနှစ်ယောက်ကို ချက်ချင်း မလွှတ်ပေးရင် နောက်ဘာဆက်ဖြစ်မယ် ဆိုတာကို အစစ်အမှန်ချီကို ထုတ်လွှတ်ပြီး သွယ်ဝိုက်ပြောလိုက်တာပါ။

“ခင်ဗျားကျုပ်ကို ခြိမ်းခြောက်နေတာလား” ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး သူ့အမူအရာကလည်း အေးစက်လာခဲ့တယ်။

“မင်းအဲ့လို တွေးလို့ရတယ်” မိုးကြိုးအလင်းဂိုဏ်းက အကြီးအကဲက ပြန်ပြောလိုက်တယ်။

“ခင်ဗျားကော” ရန်ကိုင်က သက်တန့်နန်းတော်က အကြီးအကဲဆီ လှမ်းကြည့်လိုက်တယ်။

ဒါပေမယ့် ထိုလူအိုကြီးက ဘာမှမပြောပဲ နှာခေါင်းသာ ရှုံ့လိုက်တယ်။

“ကောင်းတယ်” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။ ရန်ကိုင် အမူအရာက ရက်စက်တော့မယ့် အသွင်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး သူ့လက်ထဲက အစစ်အမှန်ချီကို ဓါးတစ်ချောင်းပုံစံအဖြစ် ပြောင်းလဲလိုက်တယ်။ ပြီးတာနဲ့ ရှဲ့ရုန်နဲ့ လီဖူတို့ နှစ်ယောက်ရဲ့ ပုခုံးနားဆီ ခုတ်ချလိုက်တယ်။

ရွှတ်….

ရှဲ့ရုန်နဲ့ လီဖူတို့ရဲ့ မျက်နှာ ဖြူလျော်သွားခဲ့ပြီး တစ်ခဏကြာ တိတ်ဆိတ်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းတဲ့ အော်ဟစ်သံတို့ သူတို့ပါးစပ်ကနေ ထွက်ပေါ်လာခဲ့တယ်။

သူတို့နှစ်ယောက်စလုံး လက်တစ်ဖက်စီ ပြတ်သွားခဲ့ကြလေပြီ။

“မင်း…” မိုးကြိုးအလင်းဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်စလုံးကို ရန်ကိုင်အား မယုံကြည့်စွာနဲ့ စိုက်ကြည့်နေလိုက်ကြတယ်။ ရန်ကိုင် ဒီလောက်အထိ ရက်စက် လိမ့်မယ်လို့ သူတို့ နှစ်ယောက်စလုံး ထင်မှတ်မထားခဲ့ကြပါဘူး။

ကွမ့်ချီလဲ့လည်း အရူးတစ်ယောက်ကို စိုက်ကြည့်နေရသလို ခံစားလိုက်ရတယ်။ သူ့မျက်လုံးတွေဆိုရင် ထိတ်လန့် တုန်လှုပ်မှုတို့နဲ့ ပြည့်နေခဲ့တယ်။

ရန်ကိုင် မျက်နှာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့တယ်။ ထို့နောက်က သူရှေ့က အမျက်ချောင်းချောင်း ထွက်နေတဲ့ အကြီးအကဲ နှစ်ယောက်ကို ကြည့်လိုက်ပြီး အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ် “နောက်တစ်ကြိမ်ကျ သူတို့ရဲ့ ရင်ဘတ်ပဲ”

“မင်းလုပ်ရဲလား” မိုးကြိုးအလင်းဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲတို့ နှစ်ယောက်စလုံး ဒေါသတကြီး အော်ဟစ်လိုက်ကြတယ်။ ရန်ကိုင်သာ ပြောခဲ့တဲ့အတိုင်း လုပ်မယ်ဆိုရင်တော့ ရှဲ့ရုန်နဲ့ လီဖူတို့ နှစ်ယောက်စလုံး အသက်ပျောက်သွားရမှဦပါ။

“ငါမလုပ်ရဲဘူးလို့ ထင်နေတာလား” ရန်ကိုင်က မိစ္ဆာဆန်ဆန် ပြုံးလိုက်တယ်။

အကြီးအကဲ နှစ်ယောက်စလုံး ပေါက်တော့မယ့် မီးတောင်းတွေလို ဖြစ်နေခဲ့ကြတယ်။ ဒါပေမယ့် ရန်ကိုင် မျက်နှာထက် တုန့်ဆိုင်းသည့် အမူအရာ နည်းနည်းလေးတောင်မှ မမြင်ရသလို သူ့လေသံကလည်း လိမ်နေတဲ့ အသံ ပေါက်မနေခဲ့ပါဘူး။

သူလုပ်ရဲလို့သာ အခုလို ခြိမ်းခြောက်စကားမျိုး ပြောလိုက်တာပါ။

သူတို့ရှေ့က လူငယ်လေးက ဘာကိုမှ မကြောက်တတ်တဲ့ လူစားမျိုးဆိုတာကို လူအိုကြီးနှစ်ယောက် ချက်ချင်းပဲ နားလည်လိုက်တယ်။ ထိုကောင်က စိတ်မကြည်ရင် စိတ်ပေါက်တဲ့ အတိုင်းလုပ်မယ့် လူမျိုးပါ။ ပြီးတော့ သူ့ကို ဖိအားပေးပြီး လာနှိပ်ကွတ်ဖို့ ကြိုးစားရင် ရန်ကိုင်ကလည်း သူဘာကောင်လဲ ဆိုတာကို ချက်ချင်း ပြန်ပြောပြလိုက်မှာပါ။ ထို့ကြောင့် သူ့ကို သွားခြိမ်းခြောက်က သူ့ဒေါသကို သွားဆွပေးနေတာနဲ့ အတူတူပါပဲ။

“ပြော၊ ဒီကိစ္စကို အဆုံးသတ်ဖို့အတွက် မင်းဘာလိုချင်လဲ” သက်တန့်နန်းတော်က အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူက အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး မေးလိုက်တယ်။

“ခင်ဗျားတို့ နှစ်ယောက် ကျုပ်လိုချင်နေတဲ့ အဖြေကို ပေးနိုင်မှာ မဟုတ်ဘူး” ရန်ကိုင်က အဓိပ္ပါယ်ရှိရှိ ပြုံးရင်း ပြောလိုက်တယ်။ ထို့နောက် သူ့အကြည့်က အဝေးတစ်နေရာဆီ အမှောင်ထုဆီ ရောက်ရှိသွားခဲ့တယ်။

သူ့လှမ်းကြည့်လိုက်တဲ့ နေရာက ရှန်ချူ ရှိနေတဲ့နေရာပါ။ ရှန်ချူက သူ့နှာခေါင်းကို ပွတ်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်တယ်။

“သခင်လေး…” သူ့နောက်မှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေထဲက တစ်ယောက်က တိုးတိုးလေး ခေါ်လိုက်ပြီး မျက်မှောင်ကြုံရင်း “သူ သခင်လေးကို ကြည့်နေတာလား”

“အင်း” ရှန်ချူက ခေါင်းပြန်ညိတ်ပြလိုက်ပြီး “ငါဒီမှာ ရှိနေတာကို သူသိတာလား၊ သူငါ့ကို ဘယ်လို ရှာတွေ့သွားတာလဲ”

“အဲ့လူငယ်လေးရဲ့ အလိုလိုသိစိတ်က အရမ်းကို စူးရှလွန်းတယ်”

“ဖြစ်နိုင်လောက်တယ်” တစ်ခုခု ထူးဆန်းနေသလို ရှန်ချူ ခံစားရပေမယ့် ဘာထူးဆန်း နေတာလဲ ဆိုတာကိုလည်း သူရှင်းမပြတတ်ပါဘူး။ တစ်ခဏလောက် ဇဝေဇဝါ ဖြစ်နေပြီးနောက် ရှန်ချူက အမှောင်ထဲကနေ ရဲရဲဝံ့ဝံ့နဲ့ ထွက်သွားလိုက်တယ်။

မကြာခင်မှာပဲ ရှန်ချူက မထင်မရှား နေရာတစ်ခုကနေ ထွက်ပေါ်လာခဲ့ပြီး အော်ဟစ်မေးမြန်းလိုက်တယ် “ဘာတွေ ဖြစ်နေတာလဲ။ ငါဘာလို့ တိုက်ခိုက်သံတွေ ကြားနေရတာလဲ”

စခန်းကို ကွပ်ကဲအမိန့်ပေးနေတဲ့လူ ထွက်လာတာကို မြင်လိုက်ရချိန်မှာတော့ နှစ်ဖက်ကြားက တင်းမာနေတဲ့ လေထုက အနည်းငယ် ပြေလျော့သွားခဲ့တယ်။

ဒါပေမယ့် သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်စံအိမ်က တပည့်တွေက စိုးရိမ်သွားခဲ့ကြပြီး အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က လူတွေကတော့ ပျော်ရွှင်စွာနဲ့ လှောင်ပြောင်နေခဲ့ကြတယ်။

ရန်ကိုင်က အကြမ်းပတမ်း တိုက်ခိုက်ခဲ့တဲ့အတွက် ကျိန်းသေ အပြစ်ပေးခံရလိမ့်မယ်လို့ သူတို့ အားလုံး ထင်နေခဲ့ကြတာပါ။

“သခင်လေးရှန်” အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်က လေးလေးစားစားနဲ့ ရှန်ချူကို သွားနှုတ်ဆက်လိုက်ကြတယ်။

ရှန်ချူက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ဟူညီအစ်မ နှစ်ယောက်ကို ညင်သာစွာနဲ့ ပြုံးပြလိုက်တယ်။

ရှဲ့ရုန်နဲ့ လီဖူက အံကြိတ်ရင်း နာကျင်မှုကို တောင့်ခံကာ အော်ပြေလိုက်တယ် “သခင်လေးရှန်၊ ကျွန်တော်တို့ကို ကယ်ပါဦး၊ ဒီကောင်က ကျွန်တော်တို့ကို သတ်ချင်နေတယ်”

သူပြောလို့ ပြီးသွားတာနဲ့ ရန်ကိုင်က ထိုနှစ်ယောက်ရဲ့ ပါးနှစ်ဖက်ကို လက်ဝါးစား ကျွေးလိုက်တယ်။

ဖြန်း… ဖြန်း….

ညလေထုထဲ ပါးရိုက်သံတို့ ပဲ့တင်ထပ်သွားခဲ့တယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရှန်ချူ မျက်မှောင်ကြုံ့လိုက်ပြီး ရန်ကိုင်ကို လှမ်းကြည့်လိုက်တယ်။

သူ့မျက်ဝန်းထဲ စိတ်ပျက်သည့် အရိပ်အယောင် တစ်စွန်းတစ် ဖြတ်ပြေးသွားခဲ့ပေမယ့် ချက်ချင်းပဲ ဖုံးကွယ်ထားလိုက်တယ်။

“သခင်လေးရှန်၊ အခြေအနေက…” အလင်းမိုးကြိုးဂိုဏ်းက အကြီးအကဲက ရှန်ချူဆီ အမြန်အဆန် ချဉ်းကပ်သွားလိုက်ပြီး အခြေအနေတွေကို ရှင်းပြဖို့ ကြိုးစားလိုက်တယ်။

ဒါပေမယ့် ရှန်ချူက သူ့လက်ကို မြှောက်လိုက်ပြီး ဟန့်တားထားလိုက်တယ်။ ထို့နောက် သူ့အကြည့်က လူအုပ်ထဲ ဖြတ်ပြေးသွားခဲ့ပြီး နောက်ဆုံးမှာတော့ ဟူမေးအာဆီ ရောက်သွားခဲ့ကာ မေးလိုက်တယ် “မေးအာ၊ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါ့ကို ရှင်းပြလို့ရမလား”

ဟူမေးအာက ရန်ကိုင် အရေးကိုသာ စိုးရိမ်နေတဲ့အတွက် ရှန်ချူ သူမကို ဘယ်လိုခေါ်ခေါ် ဂရုမစိုက်နိုင်တော့ပဲ ချက်ချင်းပဲ အဖြစ်အပျက် တစ်ခုကို ပြန်ရှင်းပြလိုက်တယ်။

“အမှန်ပဲလား” ဟူမေးအာ ပြောတာကို နားထောင်ပြီးနောက် ရှန်ချူက အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က တပည့်တွေဆီ ကြည့်လိုက်ပြီး မေးလိုက်တယ်။

ဘာပြန်ဖြေလို့ ဖြေရမှန်း မသိတဲ့အတွက် တပည့်အားလုံးက သူတို့ရဲ့ အကြီးအကဲတွေကိုသာ လှမ်းကြည့်လိုက်ကြတယ်။

တပည့်တွေရဲ့ တုန့်ပြန်မှုကို မြင်လိုက်တနာဲ့ ရှန်ချူက လှောင်ပြောင်လိုက်တယ် “အို၊ ဒီသခင်လေးက မင်းတို့ကို ရိုးရှင်းတဲ့ မေးခွန်းလေး တစ်ခုပဲ မေးနေတာလေ။ အဲ့လို ရိုးရှင်းတဲ့ မေးခွန်းလေး တစ်ခုကိုတောင် မင်းတို့က မဖြေနိုင်ဘူးလား”

လူအုပ်ကြီးက ချက်ချင်း ဆိုသလို ခေါင်းငုံ့လိုက်ကြပြီး တိုးတိုးလေး ပြန်ဖြေလိုက်ကြတယ် “ဟုတ်ပါတယ်”

ရှန်ချူက ပြုံးပြီး ပြန်ပြောလိုက်တယ် “အဲ့လိုဆိုမှတော့ အခုကိစ္စက ရှဲ့ရုန်နဲ့ လီဖူတို့ရဲ့ ရိုင်းပြမှုကြောင့် ဖြစ်လာခဲ့တာပါ။ အားလုံးက အင်အားစု အသီးသီးက ဖြစ်ကြပေမယ့် ငါတို့အားလုံးက တိမ်မိစ္ဆာနယ်မြေကို တိုက်ခိုက်ဖို့ ဒီနေရာမှာ စုဝေးနေကြာတာ ဖြစ်တဲ့အတွက် ငါတို့အားလုံးက အသင်းအဖွဲ့တစ်ခုတည်းလို့တောင် ပြောလို့ရတယ်။ အမှန်တကယ် ငါတို့က တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ရိုင်းပင်းကူညီနေရမှာ။ အဲ့ဒါကို မင်းတို့က အချင်းချင်း ပြန်ရန်စပြီး ရန်ပွဲတွေတောင် ဖန်တီးနေလိုက်သေးတယ်။ အခုကိစ္စက ဘယ်သူ့အမှားကြောင့် ဖြစ်လာလဲဆိုတာကို မင်တို့ အားလုံး သိလိမ့်မယ်လို့ ငါထင်တယ်။ မင်းတို့တွေ ဘာကြောင်ကြည့်နေတာလဲ။ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေကို မြန်မြန် သွားတောင်းပန်လိုက်လေ”

Martial Peak

အပိုင်း (၃၅၅) တောင်းပြန်လိုက်

ထိုစကားကို ကြားလိုက်တာနဲ့ မိုးကြိုးအလင်းဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်စလုံးရဲ့ မျက်နှာ ရှုဲ့မဲ့သွားခဲ့ကြတယ်။

ဂျူနီယာတွေ အကုန်လုံးလည်း ကြောင်သွားခဲ့ကြပြီး ချန်ရှုကို စိတ်ရှုပ်ရှုပ်နဲ့ လှမ်းကြည့်လိုက်ကြတယ်။

ရန်ကိုင် မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ဆန်းကြယ်သည့် အပြုံးတစ်ခု သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့တယ်။

“သခင်လေးရှန်…” ရှဲ့ရုန်က သွားတွေ ကျိုးပဲ့နေပြီး သူ့ပါးစပ်ကနေ သွေးတွေ စီးကျနေပေမယ့် မနေနိုင်ပဲ အော်ခေါ်မိလိုက် ပါသေးတယ်။ ရန်ကိုင်က ရှဲ့ရုန်ကို ခွေးတစ်ကောင်လို ရိုက်နှက်ပြီး အရှက်ခွဲခဲ့တယ်။ ရှန်ချူရောက်လာလို့ သူတို့အတွက် တရားမျှတမှု ရှာပေးမယ်ထင်ပြီး ပျော်နေခဲ့ပါတယ်။ ရှန်ချူက သူတို့ကိုတောင် ပြန်ပြီး တောင်းပန်ခိုင်းနေလိုက်ပါသေးတယ်။ ဒါပေမယ့် သူ့အပေါ် အေးစက်ပြီး စူးရဲသည့် အကြည့်တစ်ခု ရောက်လာတာကို ခံစားမိလိုက်တဲ့အတွက် အလျင်စလိုပဲ သူ့ပါးစပ်ကို ပြန်ပိတ်ထားလိုက်တယ်။

အပြုံးကြီး တစ်ခုကို ဆင်မြန်းရင်း ရှန်ချူက ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်ပြီး “ရောင်းရင်း၊ ဒီရှန်ချူက သူ့ရဲ့ တာဝန်ဝတ္တရားအချို့ ပက်ကွက်ခဲ့တဲ့အတွက် သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်စံအိမ် တပည့်တွေကို ခံစားသွားရစေခဲ့တယ်။ မင်းဒေါသ ထွက်နေတယ် ဆိုတာကို ငါနားလည်ပါတယ်။ ဒါပေမယ့် ငါ့မျက်နှာကို ထောက်ထားပြီး သူတို့ကို တစ်ကြိမ်လောက် ခွင့်လွှတ်ပေးလို့ မရဘူးလား။ သူတို့ ဆက်ပြီး အသက်ရှင်နေမှပဲ အမှားကို သင်ခန်စာယူပြီး အမှန်ပြန်ပြင်နိုင်မှာလေ။ ဒီနေ့ည ကိစ္စနဲ့ပက်သက်ပြီး အခုလိုမျိုး နောက်တစ်ကြိမ် ထပ်မဖြစ် စေရပါဘူးလို့ ငါရှန်ချူ အာမခံပါတယ်”

ရှန်ချူက လုံးဝကို ရိုးသားသည့် အမူအရာလေးနဲ့ တောင်းပန်နေခဲ့တယ်။ သူ့လေသံက မောက်မာခြင်း မရှိသလို ဖိအားပေးသည့် လေသံမျိုးလည်း မဟုတ်ပါဘူး။ မသိတဲ့ သူသာဆိုရင် သူ့ရဲ့ ဟန်ဆောင်မျက်နှာဖုံးကြောင့် အထင်မှားသွားနိုင်ပါတယ်။

ရှန်ချူ ဒီလောက် နှိမ့်ချပြောဆို ဆက်ဆံနေတာကို မြင်ရတော့ အားလုံးလည်း အံ့အားသင့်သွားမိခဲ့ကြတယ်။

သွေးတိုက်ပွဲဂိုဏ်းနှင့် မုန်တိုင်းစံအိမ်က တပည့်တွေလည်း စိတ်သက်သာရာ ရသွားခဲ့ကြပြီး အားတက်သွားခဲ့ကြတယ်။ သူတို့အားလုံးက အစောပိုင်းတုန်းက အခိုက်အတန့်က ရန်ကိုင် အတွက် ဘယ်လောက်တောင် အန္တရာယ်များခဲ့လဲ ဆိုတာကို မသိခဲ့ပဲ လူငယ်မျိုးဆက်ကြားက တိုက်ပွဲတစ်ခုလို့ပဲ ထင်နေကြတာပါ။

ရှဲ့ရုန်နဲ့ လီဖူက ရန်ကိုင်လက်မှာ တော်တော်လေး ခံစားသွားရတဲ့အပြင် ရှန်ချူကပါ သူတို့ဘက် ပါနေတာကို မြင်ရတော့ သွေးတိုက်ပွဲဂိုဏ်းနှင့် မုန်တိုင်းစံအိမ်က တပည့်တွေ မကျေနပ်ပဲ ဘယ်နေပါတော့မလဲ။

ဖန်ဇီဂျိနဲ့ ဟူညီအစ်မ နှစ်ယောက်က ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ကြတယ်။ တစ်ခုခု မူမန်ဘူးလို့ သူတွေ့ အကုန်လုံး ခံစားနေခဲ့ရတယ်။

မီတာဒါဇင်ကျော်ကနေ ရန်ကိုင်က ရှန်ချူကို ပြန်လှမ်းကြည့်လိုက်တယ်။ ရှန်ချူ ဘာလုပ်နေတာလဲ ဆိုတာကို သူအခုမှပဲ နားလည်သွားတော့တယ်။

ဒီနေရာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ အကုန်လုံးက ရှန်ချူက သူ့နားမှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်ရဲ့ ကောင်းကင် စိတ်အာရုံ အကူအညီနဲ့ သိရှိထားပါလိမ့်မယ်။ ဒါပေမယ့် သူက ဘာမှ မသိချင်ယောင် ဆောင်ပြီး ဟန်ဆောင်ဇာတ်လမ်း ကပြနေခဲ့ပါတယ်။

ထိုကောင်က သူ့ကိုယ်သူ တကယ်ကို ဖုံးကွယ်ထားနိုင်တဲ့ မွေးရာပါ မြွေတစ်ကောင်ပါပဲ။

“ဒီက ရောင်းရင်းမှာ ဘာမကျေနပ်တာများ ရှိသေးလဲ၊ လိုအပ်တာတွေ ရှိသေးရင် ပွင့်ပွင့်လင်းလင်း ပြောလို့ ရတယ်နော်” ရှန်ချူက ပြုံးပြီး ပြောလိုက်တယ်။

“သခင်လေးရှန်ချူက ဒီလောက် မျှမျှတတနဲ့ ဝင်ရောက်ဖြန်ဖြေ ပေးနေမှတော့ ဒီက ကျုပ်ကလည်း ကျေနပ်ပေးရတော့မှာပေါ့” ရန်ကိုင်က ပြုံးလိုက်တယ်။

“ကောင်းတယ်၊ ကောင်းတယ်” ရှန်ချူက နွေးထွေးစွာ ပြုံးရင်း ရယ်မောကာ ပြောလိုက်တယ် “ဒီမှာ ရှိနေတဲ့ လူအားလုံးက မိတ်ဆွေတွေပါပဲ၊ အဲ့လောက်ကြီး အချင်းချင်း ရန်လို နေစရာ မလိုပါဘူး။ ငါတို့ရဲ့ အစစ်အမှန် ရန်သူက တိမ်မိစ္ဆာနယ်မြေက ကျင့်ကြံသူတွေ ဆိုတာ မင်းတို့အားလုံး သိထားသင့်တယ်။ ရောင်းရင်းလည်း ကျေနပ်သွားပြီဆိုရင် သူတို့ကို လွှတ်ပေးလိုက်ပါတော့လား”

“ကောင်းပြီလေ” ရန်ကိုင်က သူ့ဓါးတွေကို ဘေးဖယ်ထားလိုက်ပြီး ထိုနှစ်ယောက်ကို ကန်ထုတ်ပေးလိုက်တယ်။

ဘုန်းဆိုတဲ့ မြည်သံနဲ့အတူ ရှဲ့ရုန်နဲ့ လီဖူတို့ အမှိုက်အိတ်တွေလို ကန်ထုတ်ခံလိုက်ရတယ်။ သူတို့ရဲ့ အကြီးအကဲ အသီးသီးက လှမ်းဖမ်းလိုက်ကြပြီး အကျိုးဆက် အနေဖြင့် အကျိုးအနည်းငယ်ဆီ ထပ်ကျိုးသွားခဲ့ကြတယ်။

ရှန်ချည်းလည်း မျက်လုံး မှေးကျဉ်းသွားမိခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်က ပြန်ပြီးတော့သာ လှောင်ပြောင်လိုက်တယ်။

“ကောင်စုတ်လေး…” မိုးကြိုးအလင်းဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်စလုံး အော်ဟစ်လိုက်တယ်။

“တောင်းပန်” ရန်ကိုင်က ထိုနှစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်တယ်။ သူ့မျက်ဝန်းတွေထဲ အေးစက်မှုတို့နဲ့ ပြည့်နေခဲ့ပြီး ပြန်မေးခွန်းထုတ် မရနိုင်တဲ့ လေသံမျိုးနဲ့ ပြောလိုက်တယ်။

အကြီးအကဲ နှစ်ယောက်စလုံး ဒေါသထွက်သွားခဲ့ပြီး ရှေ့ပြေးတက်ကာ သူတို့ ရှေ့မှာ ရှိနေတဲ့ ထိုကောင်စုတ်ကို တစ်စစီ စုတ်ဖြဲပစ်ချင်လိုက်မိတယ်။ ဒါပေမယ့် ထိုကဲ့သို့မလုပ်ခင် ရှန်ချူ အထင်အမြင်ကို အရင်လှမ်းမေးလိုက်တယ်၊ ဒါပေမယ့် ရှန်ချူကတော့ သူတို့ကို ပြန်ပြီးတော့ပဲ ခေါင်းညိတ်ပြလိုက်တယ်။

ရှန်ချူရဲ့ တုန့်ပြန်မှုကို မြင်လိုက်ရတော့ လူအိုကြီး နှစ်ယောက် အနေနဲ့ ရန်ကိုင်ကို တစ်စစီ စုတ်ဖြဲပစ်ချင်နေရင်တောင် အခုအချိန်မှာတော့ ထိုကဲ့သို့ လုပ်လို့ မဖြစ်သေးပါဘူး။ ထို့ကြောင့် အသံတိုးတိုးနဲ့ “အခု ငါတို့ဂျူနီယာတွေက သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေကို ရန်စ စော်ကားမိခဲ့တယ်။ ဒီလူအိုကြီးက သူ့တပည့်တွေကို အခုလို နောက်ထပ် ပြဿနာတွေ ထပ်မဖြစ်လာအောင် သေသေချာချာ ဆုံးမထားလိုက်ပါ့မယ်”

“ထွက်သွားလိုက်တော့” ရန်ကိုင်က လှောင်ပြောင် ပြောဆိုလိုက်တယ်။

“သွားကြမယ်” မိုးကြိုးအလင်းဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်စလုံးက ရှဲ့ရုန်နဲ့ လီဖူကို သယ်ရင်း တပည့်တွေကို ဦးဆောင်ကာ မကျေနပ်မှုအပြည့်နဲ့ ပြန်ထွက်သွားလိုက်ကြတယ်။

သူတို့ ထွက်သွားပြီးနောက် ရှန်ချူက ဟူညီအစ်မ နှစ်ယောက်ကို ပြုံးပြလိုက်ပြီး ပြန်ထွက်သွားလိုက်တယ်။

မီးဖုံးနားမှာတော့ တိတ်ဆိတ်မှုက အချိန်အတော်ကြာတဲ့အထိ ကြီးစိုးနေခဲ့တယ်။ ဒါပေမယ့် သိပ်မကြာပါဘူး မီးပုံဘေးပတ်ဝန်းကျင် တစ်ခုလုံး အူမြူးသံတို့ဖြင့် ပြည့်သွားခဲ့တယ်။ အားလုံးက ရန်ကိုင်ကို လေးစားမှုအပြည့်နဲ့ ဝိုင်းကြည့်နေခဲ့ကြပြီး သူရဲကောင်းတစ်ယောက်လို ဆက်ဆံနေခဲ့ကြတယ်။

သူတို့အားလုံးက ဂိုဏ်းသုံးဂိုဏ်းက ဆိုပေမယ့် အခု ဒီနေရာကို ရောက်လာခဲ့တဲ့ အတွက် ထိုကွဲပြားချက် သေးသေးလေးတွေက အရေးမပါတော့ပါဘူး။ အားလုံးက အတူတူ ပူးပေါင်းလုပ်ကိုင် ခဲ့ကြပြီး မတရားအနိုင်ကျင့်တာကိုလည်း အတူတူ ခံစားလာခဲ့ရပြီး နောက်မှာတော့ သူတို့ကြားက ဆက်ဆံရေးက ပိုပြီး ခိုင်မြဲလာခဲ့တယ်။ အခု ရန်ကိုင်က အားလုံးရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး သူတို့အတွက် လက်စား ပြန်ချေပေးလိုက်တာကို မြင်တော့ သူတို့လည်း စိတ်လှုပ်ရှား ပျော်ရွှင်မိတာပေါ့။

ကွမ့်ချီလဲ့ တစ်ယောက်သာ မျက်မှောင်ကြုံ့ပြီး တိတ်တဆိတ်နဲ့ ထိုင်နေခဲ့တယ်။

ဟူညီအစ်မ နှစ်ယောက်က ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်ပြီး ဟူကျောင်းအာက မေးလိုက်တယ် “အခု ဘာတွေ ဖြစ်ခဲ့တာလဲ”

“ဘာမှ မဖြစ်ခဲ့ပါဘူး” ရန်ကိုင်က အသာအယာလေး ခေါင်းခါလိုက်တယ်။ အခု အဖွဲ့သားတွေ အားလုံးက ပျော်ရွှင်နေကြတာပါ။ ထို့ကြောင့် သူခံစားခဲ့ရတာတွေ၊ ရှန်ချူ ရဲ့ အကွက်ချ စီစဉ်မှုတွေကို ထုတ်ပြောပြီး သူတို့ရဲ့ ပျော်ရွှင်နေတဲ့ စိတ်အခြေအနေလေးတွေကို မပျက်စီးစေချင်ပါဘူး။

မြင်ရတာထက် တစ်ခုခု ပိုဖြစ်ပျက်ခဲ့တယ် ဆိုတာကို ဖန်ဇီဂျိလည်း သတိပြုမိလိုက်တယ်။ ဒါပေမယ့် ရန်ကိုင်က မပြောချင်တဲ့အတွက် သူလည်း မမေးတော့ပဲ စကားလမ်းကြောင်း လွှဲလိုက်တယ် “ငါတို့ သောက်ကြမလား”

“ကောင်းတယ်” ရန်ကိုင်က ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။

ရှန်ချူ အနားယူတဲ့ နေရာမှာတော့….

အလင်းမိုးကြိုးဂိုဏ်းနဲ့ သွေးတိုက်ပွဲဂိုဏ်းက အကြီးအကဲတွေက ဒဏ်ရာရနေတဲ့ ရှဲ့ရုန်နဲ့ လီဖူကို အခြားဂျူနီယာတွေ ဆီမှာ ထာခဲ့ပြီး ရှန်ချူဆီ ရောက်လာခဲ့တယ်။

တစ်ခဏကြာပြီးနောက် တံခါးပွင့်သွားခဲ့ပြီး ရှန်ချူ လမ်းလျှောက်ဝင်လာခဲ့ပြီး စကားတစ်ခွန်းတောင် မပြောပဲ ထိုင်ချလိုက်တယ်။ သူ့ရဲ့ သက်တော်စောင့် နှစ်ယောက်ကလည်း သူ့ဘယ်နဲ့ ညာဘက်မှာ အသီးသီး ရပ်နေလိုက်ကြတယ်။

“သခင်လေးကို နှုတ်ဆက်ပါတယ်” အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က အလျင်စလို နှုတ်ဆက်လိုက်ပေမယ့် သူတို့ရဲ့ မျက်နှာထက်မှာတော့ မကျေနပ်သည့် အရိပ်အယောင်နဲ့ ဒေါသတို့ကို မြင်တွေ့နေရပါသေးတယ်။

ဒါပေမယ့် ရှန်ချူက သူတို့ကို ကြည့်ရုံသာ ကြည့်လိုက်ပြီး ပြောလိုက်တယ် “ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါ့ကိုပြောစမ်း၊ အဲ့ကောင်စုတ်လေးက ဘာလို့ အသက်ရှင်နေ သေးရတာလဲ”

အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့ ကြုံတွေ့ခဲ့ရတာတွေကို ပြန်ပြောလိုက်တယ်။

သူတို့ ပြောတာကို နားထောင်ပြီးနောက် ရှန်ချူ မျက်မှောင် ကြုံ့လိုက်ပြီး အလျင်အမြန်ပဲ မေးလိုက်တယ် “မင်းတို့ ပြောတဲ့ပုံအရဆို မင်းတို့ရဲ့ စိတ်ဝိဥာဉ် တိုက်ခိုက်မှုက သူ့ကို ဘာမှ မဖြစ်စေတဲ့အပြင် သူ့ကြောင့်ပဲ မင်းတို့ကတောင် ပြန်ပြီး ဒဏ်ရာရသွားသေးတယ်ပေါ့”

လူအိုကြီး နှစ်ယောက်ရဲ့ မျက်နှာ နီရဲသွားခဲ့ကြတယ်။

အလင်းမိုးကြိုးဂိုဏ်းက အကြီးအကဲက အလျင်စလို ဆက်ရှင်းပြလိုက်တယ် “သခင်လေး၊ ဒီလူအိုကြီးတွေ ပြောတာ ယုတ္တိမရှိပေမယ့် အားလုံးက အမှန်တွေချည်းပါပဲ။ သခင်လေး မယုံသင်္ကာတာ ရှိရင် စုံစမ်းကြည့်လို့ ရပါတယ်”

“ရပြီ၊ မင်းတို့ ပြောတာကို ငါသံသယ မဝင်ပါဘူး” ရှန်ချူက တစ်ခဏလောက် ရပ်တန့်လိုက်ပြီး သူ့နောက်မှာ ရှိနေတဲ့ အကြီးအကဲ နှစ်ယောက်ဆီ လှည့်ကာ မေးလိုက်တယ် “ခင်ဗျားတို့ကော ဘယ်လိုထင်လဲ”

သူတို့ထဲက တစ်ယောက် တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “သူတို့နှစ်ယောက် ပြောတာသာ မှန်မယ်ဆိုရင် အဲ့ကောင်လေးဆီမှာ အဆင့်မြင့်တဲ့ ဝိဥာဉ်လက်နက် တစ်ခု ရှိကိုရှိရမယ်”

ကျန်တစ်ယောက်က အလျင်စလို ထပ်ပေါင်းပြောလိုက်တယ် “နှစ်ခု ဖြစ်နိုင်တယ်။ တစ်ခုက ကာကွယ်ဖို့နဲ့ နောက်တစ်ခုက တိုက်ခိုက်ဖို့။ အဲ့လိုမှ မဟုတ်ရင် သူရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ဒီလောက် အားကောင်းတဲ့ စိတ်ဝိဥာဉ် တိုက်ခိုက်မှုကို လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး”

“အင်း” ရှန်ချူက ခေါင်းညိတ်လိုက်ပြီး “ငါလည်း အဲ့လိုပဲ ထင်တယ်”

ရုတ်တရက် ပြုံးလိုက်တယ် “သူ့မှာ အဆင့်မြင့် ဝိဥာဉ် လက်နက် နှစ်ခုတောင် ရှိတယ်ဆိုတော့ တကယ်ကို စိတ်ဝင်စားစရာပဲ၊ အဲ့ဒါတွေက သာမန်လူတစ်ယောက်မှာ ရှိနေနိုင်တာမျိုး မဟုတ်ဘူး”

မိုးကြိုအလင်းဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်စလုံးရဲ့ မျက်ဝန်းထဲ အေးစက်စက် အလင်းတို့ လက်သွားခဲ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ် “သခင်လေးရှန်က ကျွန်တော်တို့ကို လုပ်စေချင်...”

“မင်းတို့ လုပ်နိုင်လို့လား” ရှန်ချင်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။

“ကျွန်တော်တို့သာ ကွမ့်ချီလဲ့ကို ထိန်းချုပ်ထားနိုင်သရွေ့ အဲ့ကောင်စုတ်လေးရဲ့ ခေါင်းကို ယူဖို့ဆိုတာ ငှက်ပျောသီး အခွံနွာစားသလောက်ပဲ ရှိပါတယ် သခင်လေးရာ”

“မရဘူး၊ အဲ့ကောင်စုတ်လေးက သံသယဝင်နေပြီ” ရှန်ချူက ဖြေးဖြေးချင်း ခေါင်းခါလိုက်တယ်။

“ဟုတ်ကဲ့ပါ”

“ဟုတ်ပြီ၊ ရှဲ့ရုန်နဲ့ လီဖူတို့ရဲ့ ဒဏ်ရာတွေကော ဘယ်လိုလဲ” ရှန်ချူက စိုးရိမ်နေသည့် ဟန်ပန်နဲ့ မေးလိုက်တယ်။

အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်စလုံး ကျေးဇူးတင်တကြီးနဲ့ ပြန်ပြောလိုက်တယ် “အဲ့ကောင်စုတ်လေးက အရမ်းကို ရက်စက်လွန်းတယ် ဆိုပေမယ့် သူ့တိုက်ခိုက်မှုတွေက အနည်းငယ် ထိန်းချန်ထားတာကြောင့် လားတော့ မသိပေမယ့် အနည်းဆုံးတော့ သူတို့နှစ်ယောက်စလုံး အန္တရာယ်ကင်းကြပါတယ်”

ရှန်ချူက ခေါင်းညိတ်လိုက်ပြီး သူ့နောက်က လူနှစ်ယောက်ကို အချက်ပြလိုက်တယ်။

နှစ်ယောက်ထဲက တစ်ယောက်က ဆေးပုလင်းတစ်စုံကို ထုတ်ယူလိုက်ပြီး အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်ဆီ လှမ်းပစ်ပေးလိုက်တယ်။

“အဲ့ဆေးလုံးတွေက ငါတို့ ရှန်မိသားစုက အထူးကုသခြင်း ဆေးလုံးတွေပဲ။ မင်းတို့ ပြန်ရောက်တာနဲ့ ဆေးလုံးတွေကို ရေနွေးနဲ့ဖျော်ပြီး သူတို့ကို တိုက်လိုက်။ ဆယ်ရက်လောက် ကြာတာနဲ့ သူတို့နှစ်ယောက်စလုံး အပြည့်အဝ ပြန်ကောင်းလာလိမ့်မယ်” ရှန်ချူက ပြောလိုက်တယ်။

“သခင်လေးကို ကျေးဇူးအများကြီး တင်ပါတယ်” အကြီးအကဲ နှစ်ယောက်စလုံး ပျော်သွားခဲ့ပီ့ လက်ဆောင်ကို လေးလေးစားစားနဲ့ လက်ခံယူရင်း ရှန်ချူကို အလျင်အမြန်ပဲ ကျေးဇူးတင်လိုက်တယ်။

“ကောင်းပြီ၊ ပြန်သွားလိုက်တော့” ရှန်ချူက သူ့လက်ကို ဝှေ့ရမ်းပြီး အကြီးအကဲ နှစ်ယောက်ကို ပြောလိုက်တယ်။

“သခင်လေး” အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တတန့်နန်းတော်က အကြီးအကဲ နှစ်ယောက် ထွက်သွားပြီးနောက် ရှန်ချူနောက်မှာ ရှိနေတဲ့ အကြီးအကဲ နှစ်ယောက်ထဲက တစ်ယောက်က ပြေလိုက်တယ် “အဲ့လူငယ်လေးနဲ့ ပက်သက်ပြီး ဘာလို့ ဒီလောက် စိုးရိမ်နေတာလဲ။ အဲ့ကောင်စုတ်လေးက စိတ်ဝင်စားစရာ ကောင်းတာ မှန်ပါတယ်၊ ဒါပေမယ့် သူက သခင်လေး ဒီလောက်အထိ အာရုံစိုက်ဖို့ မထိုက်တန်ဘူးလေ”

ရှန်ချူက မထူးခြားနား ဟန်နဲ့ ပြုံးလိုက်ပြီး ဖြေးဖြေးချင်း မတ်တပ်ရပ်လိုက်တယ် “ပထမဆုံးအကြိမ် တွေ့လိုက်ကတည်းက သူအရမ်း သန်မာတယ်ဆိုတာ ငါသိတယ်။ ဒီနေ့ သူ့ပုံစံက ကြောက်တဲ့ပုံ နည်းနည်းလေးတောင် ပြနေလို့လား။ ခင်ဗျားတို့ နှစ်ယောက် ထွက်လာတာတောင် သူက အကြောက်အလန့် ကင်းတုန်းပဲ။ အဲ့ကောင်က သာမန်လူတစ်ယောက် မဟုတ်တာ အသေအချာပဲ။ ကောင်းပြီ၊ ငါသူ့ကို လွှတ်ပေးထားလိုက်ဦးမယ်။ အခြေအနေတွေ ဘယ်လို ဖြစ်လာမလဲ ဆိုတာကို ရက်နည်းနည်းလောက် စောင့်ကြည့်ကြတာပေါ့”

“ဒါပေမယ့် ရက်နည်းနည်းလောက် စောင့်ပြီးတာနဲ့ တိုက်ပွဲလည်း ပြီးလောက်ပြီ။ အဲ့အချိန်ကျ ကျုပ်တို့လည်း ကလန်ဆီ ပြန်ရတော့မယ်၊ သခင်လေးက ဟူညီအစ်မ နှစ်ယောက်ကို တစ်ခါတည်း ခေါ်သွားဖို့ မစဉ်းစားထားဘူးလား”

ဒီနေ့ အခုလို ဖြစ်ပျက်သွားရတာက ရှန်ချူက ရန်ကိုင်အား ဟူညီအစ်မ နှစ်ယောက်နဲ့ အတူတူ ပြန်လာတာကို မြင်လိုက်လို့ပါ။ ထို့ကြောင့် သူက ရန်ကိုင်ကို ရှင်းထုတ်ပစ်ဖို့ ကြိုးစားရင်း အခုလိုတွေ ဖြစ်လာခဲ့ရတာပါ။ အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က လူတွေ့က သူ့အကွက်ထဲက ပွန်းရုပ်သာသာပါပဲ။ ရန်ကိုင်ကို သတ်ပြီးတာနဲ့ အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က လူတွေကို အပြစ်ပေးပြီး ဟူညီအစ်မ နှစ်ယောက်ရဲ့ မျက်နှာသာ ပေးမှုကို ရအောင်ယူမလို့ပါ။

ဒါပေမယ့် ရန်ကိုင်က ဒီလောက်အထိ အားကောင်းနေလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပါဘူး။

အကြောအချဉ် ဆန့်လိုက်ပြီး ရှန်ချူက အသာအယာလေး ပြောလိုက်တယ် “အခုမှ ပထမ တစ်ကြိမ်ပဲ ရှိသေးတာကို၊ ပြီးမှမပြီးသေးတာ။ ကဲ ဒီသခင်လေး အရင်သွားနား နှင့်တော့မယ်”

ရှန်ချူရဲ့ ကိုယ်ရံတော် နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ရှန်ချူ ဘာတွေ တွေးနေတာလဲ ဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေခဲ့တယ်။ ဒီည အစီအစဉ်က အနည်းငယ် အလျင်စလို နိုင်တယ်လို့ ပြောရပါမယ်။ ဒါပေမယ့် အစီအစဉ် ကျရှုံးသွားလို့ ရှန်ချူက ဘာမှ မဖြစ်တဲ့ပုံပါပဲ။ သူတို့ သခင်လေး ဘာတွေ စီစဉ်နေတာလဲ ဆိုတာကို သူတို့နှစ်ယောက်စလုံး မစဉ်းစားနိုင်ခဲ့ပါဘူး။

နောက်ဆယ်ရက်စလုံး အားလုံးက ငြိမ်းချမ်းပြီး ငြိမ်သက်နေခဲ့တယ်။

တိမ်မိစ္ဆာနယ်မြေနဲ့ တိုက်ပွဲဆက်ဖြစ်နေပေမယ့် ဒီမှာရှိနေတဲ့ ဘယ်အင်အားစုက တိုက်ခိုက်ချင်တဲ့ စိတ်မရှိပါဘူး။ အားလုံးက နောက်ဆုံးတိုက်ပွဲ ရလဒ်ပေါ်မှာသာ အာရုံစိုက်နေကြတဲ့ အတွက် သူတို့အနေနဲ့ ဘာတိုက်ပွဲမှ တိုက်စရာ မလိုသေးပါဘူး။

ထိုညကိစ္စပြီးနောက် အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က လူတွေလည်း ရန်ကိုင်တို့ကို လာပြီး ရန်မစကြတော့ပါဘူး။ အခြားအင်အားစုက တပည့်တွေတောင် သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်စံအိမ်က လူတွေကို ရှောင်ဖယ် သွားလာနေခဲ့ကြပါတယ်။

ရန်ကိုင်က ထိုအချိန်အတွင်း တံခါးပိတ် ကျင့်စဉ်ဝင်နေခဲ့တယ်။ လက်ရှိ အခြေအနေက အရမ်းကို ငြိမ်းချမ်းနေသလို သူ့မှာလည်း အခုလောလောဆယ် ဘာလုပ်စရာ ကိစ္စမှ မရှိသေးတဲ့အတွက် ရန်ကိုင်လည်း သူ့အချိန်ကို အကောင်းဆုံး အသုံးပြုနေခဲ့ပါတယ်။

လဝက်လောက် ကျင့်ကြံပြီးနောက် ရန်ကိုင်ရဲ့ အစစ်အမှန်ဒြပ်စင် အဆင့်၆ ကျင့်ကြံခြင်းက လုံးဝကို တည်ငြိမ်သွားခဲ့ပြီး နောက်တစ်ဆင့် ချိုးဖျက်ဖို့ကနေ သိပ်ပြီး မဝေးကွာလှတော့ပါဘူး။

နောက်တစ်နေ့မှာတော့…

ဟူမေးအာနဲ့ ဟူကျောင်းအာတို့ နှစ်ယောက်စလုံး ရန်ကိုင် အခန်းထဲ ဝင်လာခဲ့တယ်။

“ဘာဖြစ်လို့လဲ” ရန်ကိုင်က ညီအစ်မ နှစ်ယောက်ကို မေးလိုက်တယ်။

“ငါတို့ ထွက်သွားရမယ်” ဟူကျောင်းအာက ပြုံးလိုက်ပြီး ပြောလိုက်တယ် “နောက်ဆုံး တာဝန်တစ်ခု လုပ်ရမယ်လို့ ရှန်ချူက ပြောတယ်။ အဲ့တာဝန်ပြီးသွားရင် ငါတို့ ဂိုဏ်းဆီ ပြန်လို့ရပြီတဲ့”

ဂိုဏ်းဆီ ပြန်ရတော့မယ့် အကြောင်းကို တွေးမိလိုက်တာနဲ့ ညီအစ်မ နှစ်ယောက်စလုံး စိတ်လှုပ်သွားခဲ့ကြတယ်။

“ငါနင့်တို့ကို အဖော်လိုက်ပေးမယ်” ရန်ကိုင်က ပြောလိုက်ပြီး မတ်တပ်ရပ်လိုက်တယ်။

ဟူကျောင်းအာရဲ့ အမူအရာက ရုတ်ချည်း တည်ငြိမ်သွားခဲ့ပြီး ခေါင်းခါလိုက်တယ် “နင်လိုက်လို့ မရဘူး”

“ဟန်”

ဟူမေးအာက ဆက်ပြောလိုက်တယ် “နင့်ရဲ့ ဇာတ်မြစ်ကို သူတို့တွေ သိသေးတာ မဟုတ်ဘူး။ နင်သာ ငါတို့နဲ့ လိုက်လာခဲ့ရင် သူတို့တွေကို ပိုပြီး သံသယ ဝင်သွားစေလိမ့်မယ်”

ဟူကျောင်းအာက ခေါင်းညိတ်လိုက်ပြီး “ရှဲ့ရုန်ရဲ့ မဟုတ်တရုတ် စွပ်စွဲ စကားကြောင့် လူတော်တော်များများက နင့်ကို တိမ်မိစ္ဆာနယ်မြေက လူလို့ ထင်နေကြတာ”

ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး စဉ်းစားတွေးတော နေတဲ့ ပုံစံနဲ့ ညီအစ်မ နှစ်ယောက်ကို မေးလိုက်တယ် “ဒီတစ်ကြိမ် လူဘယ်လောက်လောက် သွားမှာလဲ”

“စခန်းတစ်ခုလုံး သွားကြမှာ၊ စခန်းကို စောင့်ဖို့ လူနည်းနည်းလောက်ပဲ ချန်ခဲ့မှာ။ နင်လုပ်ဖို့ လိုတာက ဒီမှာကျန်နေခဲ့ပြီး ငါတို့ ပြန်လာတာကို အေးအေးဆေးဆေး ထိုင်စောင့်ပေးရုံပဲ။ တာဝန်က နေ့တစ်ဝက်ကနေ သုံးရက်အထိပဲ ကြာမှာ” ဟူကျောင်းအာက ရုတ်တရက် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး “ဒီမှာသာ ထိုင်စောင့်နေ၊ တာဝန်ပြီးတာနဲ့ အစ်မကြီးက နင့်ကို အိမ်ပြန်ခေါ်သွားပေးမယ်”

All Chapters