← Chapters

အခန်း (၃၅၆-၃၆၀)

Vol. 15 Ch. 356-360

အခန်း (၃၅၆-၃၆၀)

Vol. 15 Ch. 356-360

အပိုင်း (၃၅၆) ဒီတစ်ကြိမ် မင်းအသက်ရှင်နိုင်မလား ကြည့်ရသေးတာပေါ့

ထိုက်ဖန်းတောင်ရိုး အထက်၌….

များစွာသော ကျင့်ကြံသူတို့ဟာ ချုံထဲ၌ ပုန်းအောင်းနေရင်း ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးနေခဲ့ကြတယ်။

တိမ်မိစ္ဆာနယ်မြေက ကျင့်ကြံသူတွေက နောက်ဆုံးအကြိမ် တိုက်ခိုက်မှုကို ဒီနေ့လုပ်လိမ့်မယ်လို့ ထိုက်ဖန်းတောင်ရဲ့ အခြားဘက်မှာ ရှိနေတဲ့ သူလျှိုတွေဆီကနေ သိရတယ်လို့ ရှန်ချူက ပြောခဲ့တယ်။

ထို့ကြောင့် သူတို့က လက်ဦးမှု ရယူပြီး တိုက်ခိုက်နိုင်ဖို့အတွက် ဒီနေရာမှာ ချောင်းမြောင်းတိုက်ခိုက်ဖို့ စောင့်ဆိုင်းနေခဲ့တာပါ။

သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေကတော့ ထိုသတင်းကို သိပ်ပြီး အယုံအကြည် မရှိကြပါဘူး။ တကယ်တော့ နှစ်ဖက်စလုံးက မတိုက်ပဲ ငြိမ်နေခဲ့တာ ကြာပါပြီ။ ဒါကြောင့် တိမ်မိစ္ဆာနယ်မြေက နောက်ဆုံးစစ်ပွဲကြီး ဖြစ်နေတဲ့ အချိန်မှ စပြီး တိုက်ခိုက်တာ ထူးဆန်းနေခဲ့ပါတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ မိစ္ဆာကျင့်ကြံသူ တစ်သိုက် ပေါ်လာတဲ့အတွက် သူတို့ရဲ့ သံသယတွေကို ယူပစ်လိုက်သလို အရှင်းပျောက်သွားစေခဲ့တယ်။

ဒီတစ်ကြိမ် ချီတက်လာတဲ့ ရန်သူ့ဘက်က လူအရေအတွက်က အရမ်းကြီး မများလှပါဘူး။ ၆၀၊၇၀ လောက်ပဲ ရှိပါတယ်။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေဆိုလည်း နည်းနည်းလေးပါပဲ။ ရှန်ချူရဲ့ ကွပ်ကဲမှုအောက်မှာပဲ သူတို့အားလုံး တိမ်မိစ္ဆာနယ်မြေသားတွေကို ပြင်းပြင်းထန်ထန် ထိခိုက်သွားအောင် တိုက်ခိုက်နိုင်ခဲ့ပြီး ကြောက်လန့်တကြား ပြန်ပြေးသွားစေခဲ့တယ်။

တိုက်ပွဲက အရမ်းကြီး မကြာခဲ့ပါဘူး။ နေ့တစ်ဝက်လောက်ပဲ ကြာခဲ့ပြီး အောင်မြင်မှုကို သူတို့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သွေးတိုက်ပွဲဂိုဏ်းနဲ့ မုတ့်တိုင်စံအိမ် အဖွဲ့သားတွေ ပေါင်းစည်း မိလိုက်သည့်အခါ အဖွဲ့တစ်ခုလုံးရဲ့ စုစုပေါင်း လူအရေအတွက်က ထင်ထားတာထက်ကို နည်းပါးနေမှန်း တွေ့ရှိလိုက်ရတယ်။

သေချာ ဆန်းစစ်လေ့လာလိုက်ပြီးနောက် ပျောက်နေတဲ့ လူတွေက အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က လူတွေမှန်း သူတို့ သိလိုက်ရတယ်။

တစ်ခုခု မှားယွင်းနေတာကို ချက်ချင်း ဆိုသလို အားလုံး နားလည်သွားလိုက်ကြတယ်။

ဟူကျောင်းအာက ရှန်ချူဆီ တိုက်ရိုက်သွားလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ် “ရှဲ့ရုန်နဲ့ လီဖူက ဘယ်မှာလဲ”

ရှန်ချူမျက်နှာထက် အံ့အားသင့်သည့် အမူအရာ ထွက်ပေါ်လာခဲ့ပြီး ပြန်ပြောလိုက်တယ် “သူတို့က နင်တို့နဲ့အတူတူ ရန်သူတွေကို တိုက်ခိုက်နေတာ မဟုတ်ဘူးလား”

“မဟုတ်ဘူး” ဟူကျောင်းအာရဲ့ မျက်ဝန်းအစုံက အေးစက်သွားခဲ့ပြီး “တိုက်ပွဲစကတည်းက ငါသူတို့ကို မတွေ့တာ”

“ဘယ်လို” ရှန်ချူမျက်နှာထက် စိတ်ရှုပ်သွားသည့် အမူအရာ ထွက်ပေါ်လာခဲ့ပြီး တစ်ခဏလောက် ကြာအောင် မျက်မှောင်ကြုံ့ကာ စဉ်းစားနေလိုက်ပြီးနောက် “နင်ဆိုလိုတာက… မကောင်းတော့ဘူး၊ စခန်းကို မြန်မြန်ပြန်ကြ”

အမိန့်ပေးပြီးတာနဲ့ ဟန်မင်းဆက် အဖွဲ့သားတွေ အကုန်လုံး စခန်းဆီ ပြန်ပြေးသွားကြတယ်။

ဟူကျောင်းအာက ရှန်ချူရဲ့ ကျောကိုကြည့်ရင်း သူမရဲ့ လက်သီးလေးကို တင်းတင်းဆုပ်လိုက်ပြီး အံတင်းတင်း ကြိတ်လိုက်တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမဒေါသကို ပြန်ထိန်းလိုက်နိုင်ပြီး သူမရဲ့ ညီမလေးနဲ့အတူ ပူးပေါင်းကာ သူမတို့ရဲ့ အရှိန်ကို တစ်ဟုန်တိုး တိုးမြှင့်လိုက်ပြီး စခန်းဆီ မြန်နိုင်သမျှ မြန်မြန် ပြေးသွားလိုက်ကြတယ်။

အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က လူတွေ ဘာလို့ ပျောက်နေလဲဆိုတာ အသိသာကြီးပါ။

အရင်ကိစ္စနဲ့ပက်သက်ပြီး ဂိုဏ်းနှစ်ဂိုဏ်းက ရန်ကိုင်အား ပြဿနာ ထပ်ရှာမှုကို ဟူကျောင်းအာ စိတ်မပူခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ စခန်းထဲက လူအားလုံး တာဝန်လာလုပ်နေကြတာကိုး။ အားလုံးက တိုက်ခိုက်နေတဲ့အချိန် ဟူကျောင်းအာက သူတို့ရဲ့ လှုပ်ရှားမှုတွေကို အလွယ်တကူ လေ့လာစောင့်ကြည့်နေလို့ ရတယ်။ ထို့ကြောင့်ပဲ ဟူကျောင်းအာက ထိုကိစ္စနဲ့ပက်သက်ပြီး ဆက်ပြီး တွေးတော မနေခဲ့တာပါ။

ဒါပေမယ့် တိုက်ပွဲတောင် မစရသေးခင်မှာပဲ ထိုလူတွေ ပျောက်ကွယ်သွားလိမ့်မယ်လို့ သူမ ဘယ်လိုလုပ်ပြီး ထင်ထားပါ့မလဲ။ သူမ သတိပြုမိလိုက်တဲ့ အချိန်မှာတော့ အရမ်းကို နောက်ကျလွန်းသွားခဲ့ပါပြီ။

ဒီနေ့ အဖြစ်အပျက်တွေ အားလုံးက ကြိုတင် အကွက်ချ ကြံစည်းထားတာ ဖြစ်တဲ့ပုံပါပဲ။ ရန်ကိုင်ကို သတ်ဖို့အတွက် ထောင်ချောက် တစ်ခုပေါ့။

စိုးရိမ်မှုက သူမတို့ နှလုံးသားထဲ လှိုင်းထန်နေခဲ့သဖြင့် ဟူကျောင်းအာနဲ့ ဟူမေးအားတို့ နှစ်ယောက်စလုံး အမွှာစိတ်ဝိဥာဉ်ချီ ကျင်စဉ်ကို လှည့်ပတ်လိုက်ကြပြီး သူတို့အရှိန်ကို နှစ်ဆတိတိ တိုးမြှင့်လိုက်တယ်။ ပြီးတာနဲ့ ရှန်ချူကို ဖြတ်ကျော်ပြီး အရိပ်တစ်ခုအလား စခန်းဆီ တစ်ဟုန်ထိုး ပြေးပါတော့တယ်။

ဟူညီအစ်မ နှစ်ယောက်ရဲ့ အမြန်နှုန်းကြောင့် ရှန်ချူတောင် အံ့အားသင့်သွားခဲ့ရတယ်။

………

စခန်းမှာတော့ ရန်ကိုင်က ဖျာတစ်ချပ်‌ပေါ် တင်ပလင်ခွေ ထိုင်ကာ အစစ်အမှန်ချီကျင့်စဉ်ကို လှည့်ပတ်ရင်း သူ့ရဲ့ ရောင်းရင်းတွေ ပြန်လာမှာကို စောင့်နေခဲ့တယ်။

ဒါပေမယ့် သူအရမ်းကြီး မစောင့်လိုက်ရပါဘူး။

ဟူညီအစ်မ နှစ်ယောက်ထွက်သွားတာနဲ့ ရန်ကိုင်က ကောင်းကင် စိတ်အာရုံကို သုံးပြီး သူ့ဘေးပတ်ဝန်းကျင် တစ်ခုလုံးကို စစ်ဆေးပြီးသွားခဲ့ပါပြီ။

ရုတ်တရက် သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူ့နှုတ်ခမ်းအစုံက ရက်စက်တော့မယ့် အပြုံးတစ်ခု အဖြစ်သို့ ကွေးတက်သွားခဲ့ကာ သူ့ဘာသာ တစ်ယောက်တည်း ရေရွတ်လိုက်တယ် “နောက်ဆုံးတော့ သူတို့ ရောက်လာပြီပဲ”

ဟူကျောင်းအာနဲ့ ကျန်တဲ့လူတွေ တာဝန်တစ်ခု လုပ်ဖို့ ထွက်သွားရမယ်လို့ ကြားလိုက်ကတည်းက တစ်ယောက်ယောက်က သူ့ကို အကွက်ချကြံစည်တော့မယ် ဆိုတာကို ရန်ကိုင် နားလည်လိုက်ပါတယ်။

ဒါပေမယ့် ဒီမှာ ရှိနေတဲ့ ကျင့်ကြံသူတွေထဲမှာ ရှန်ချူဘေးနားမှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်က လွဲပြီး အခြားဘယ်သူ့ကိုမှ သူစိုးရိမ်ထိတ်လန့် နေစရာ မလိုပါဘူး။ ဒါပေမယ့် ထိုနှစ်ယောက်ကလည်း သူ့ကို တိုက်ခိုက်ဖို့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ အဓိက တာဝန်က ရှန်ချူကို ကာကွယ်ဖို့ ဖြစ်တဲ့အတွက် ရှန်ချူဘေးနားကနေ ထွက်သွားလိမ့်မှာ မဟုတ်လို့ပါပဲ။ ထို့ကြောင့် အခုလက်ရှိ အခြေအနေတွေကို သေချာစဉ်းစား လိုက်ပြီးနောက် အရမ်းကြီး စိုးရိမ်နေစရာ မလိုမှန်း ရန်ကိုင် သိလိုက်တယ်။

ရွှစ်… ရွှစ်… ရွှစ်… ရွှစ်…

လေတိုးသံနှင့် အဝတ်စ လှုပ်ခတ်သံတို့ ထွက်ပေါ်လာခဲ့တယ်။ ရန်ကိုင်ရဲ့ ဧည့်သည့်တွေက သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် နည်းနည်းလေးတောင် မရှိတဲ့ပုံပါပဲ။ ရောက်တာနဲ့ ချက်ချင်းပဲ သူရှိနေတဲ့ နေရာကို ဝိုင်းထားလိုက်ကြတယ်။

တစ်ခဏကြာပြီးနောက် ပတ်ဝန်းကျင်က တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့ပါတယ်။

“ရောက်လာပြီ ဆိုမှာတော့ ဘာလို့ ပုန်းနေရသေးတာလဲ” ရန်ကိုင်က အော်ဟစ်လိုက်ပြီးနောက် မတ်တပ်ရပ်လိုက်ပြီး လက်သီးမိုးသီးတွေ တရစပ် ပစ်လွှတ်ပေးလိုက်တယ်။

ထိုလက်သီးပျံတွေ ထွက်ပေါ်လာတာနဲ့ ရန်ကိုင် နေနေတဲ့အိမ်တစ်ခုလုံး တစ်စစီ ပေါက်ကွဲထွက်သွားခဲ့တယ်။

လေထုတစ်ခုလုံး ဖုန်တွေ၊ မီးခိုးတွေနဲ့ ပြည့်သွားခဲ့တယ်။

ဖုန်တွေ ရှင်းသွားတဲ့အချိန် ရန်ကိုင် မြင်ကွင်းထဲ လူရိပ်များစွာ ထွက်ပေါ်လာခဲ့တယ်။

မိုးကြိုးအလင်းဂိုဏ်းက ရှဲ့ရုန်နဲ့ သက်တန့်နန်းတော်က လီဖူတို့က ရန်ကိုင်ကို မုန်းတီးမှု အပြည့်နဲ့ စိုက်ကြည့်နေခဲ့ကြတယ်။ သူတို့ နှစ်ယောက်စလုံး ရန်ကိုင် လက်၌ တော်တော်လေး ခံစားခဲ့ရပြီး လူမြင်ကွင်းရှေ့မှာပဲ ရန်ကိုင် အရှက်ခွဲတာကို ခံခဲ့ရတယ်။ ရှဲ့ရုန်ဆိုရင် သူသွားကျိုးနေတာကို အခြားသူတွေ မြင်မှာဆိုးလို့ အခုအချိန်ထိ ပါးစပ်ဟ စကားမပြောရဲသေးပါဘူး။

သူတို့နှစ်ယောက်မှာတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်နှစ်ယောက်ကလွဲလို့ လူငယ်မျိုးဆက်က တပည့်တွေ အကုန်လုံး ရှိနေခဲ့တယ်။ စုစုပေါင်း လူငါးဆယ်မက ရှိနေခဲ့ပါတယ်။

ရန်ကိုင်ကို တွေ့တာနဲ့ ရှဲ့ရုန်က မောက်မာစွာနဲ့ ရယ်မောလိုက်ပြီး အော်ဟစ်ပြောလိုက်တယ် “ကောင်စုတ်လေး၊ ဒီတစ်ကြိမ် မင်းသေမသေ ကြည့်ရသေးတာပေါ့”

လီဖူရဲ့ မျက်နှာလှလှလေးဟာလည်း ရက်စက်တော့မည့် အပြုံးကို ဆင်မြန်းလိုက်ရင်း “ငါတို့ကို ဘယ်သူကမှ ဘယ်တုန်းကမှ အရှက်မခွဲခဲ့ဖူးဘူး။ နင်လုပ်ခဲ့တာတွေထက် ဆယ်ဆမက ပြန်ပေးဆပ်ရအောင် ငါလုပ်ပြမယ်”

အစက သူတို့နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့တာပါ။ ဒါပေမယ့် ရှန်ချူပေးတဲ့ ဆေးအကူအညီနဲ့ လဝက်အတွင်းမှာပဲ သူမတို့ရဲ့ ဒဏ်ရာတွေက အပြည့်အဝ ပျောက်ကင်းသွားခဲ့ပါတယ်။ ထို့ကြောင့် ရန်ကိုင်ကို သတ်ဖို့ အခွင့်အရေး တစ်ခုရပြီမှန်း သိလိုက်တာနဲ့ သူတို့ ခံစားခဲ့ရတာတွေ အတွက် လက်စားပြန်ချေဖို့ကို မစောင့်နိုင်တော့လောက်အောင် ဖြစ်ခဲ့ရပါတယ်။

“မင်းတို့ နှစ်ယောက်ကတော့ လုံးဝကို မဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုတော့ မင်းတို့က အရမ်း အားနည်းလွန်းတာကိုး” ရန်ကိုင်က အထင်အမြင် သေးစွာဖြင့် လှောင်ပြောင်လိုက်တယ်။ သူ့ မျက်နှာကလည်း အထင်သေးမှုတွေနဲ့ ပြည့်လို့ပါ။

ထိုစကားကို ကြားလိုက်တာနဲ့ ထိုည ရန်ကိုင် သူတို့ကို တိုက်ခိုက်တုန်းက သူတို့နှစ်ယောက် ဘယ်လိုမှ မခုခံနိုင်ခဲ့တာကို ပြန်အမှတ်ရလိုက်တယ်။ ထိုညက ကိစ္စကြောင့်ပဲ သူတို့ရဲ့ မာန ရိုက်ချိုးခံလိုက်ရတယ်။

“လူငယ်လေး၊ မင်းက ရူးနေတာပဲ” အလင်းမိုးကြိုးဂိုဏ်းက အကြီးအကဲက နှာခေါင်းရှုံ့လိုက်ပြီး ရှေ့တက်လိုက်ကာ ရန်ကိုင်ကို အေးစက်စက်နဲ့ စိုက်ကြည့်လိုက်ပြီး “ငါတို့ လူအိုကြီး ရှိနေတာကိုတောင် မင်းကိုယ်မင်း အထင်ကြီးနေသေးတာလား”

ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီး လူအိုကြီးကို ပြန်စိုက်ကြည့်လိုက်ကာ မေးလိုက်တယ် “ဒါတွေအားလုံးက ရှန်ချူရဲ့ အစီအစဉ်ပဲမလား။ အဲ့နေညက ကိစ္စပါအပါပေါ့”

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် နှစ်ယောက်က ပြုံးသာပြုံးလိုက်ပြီး ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။

ရန်ကိုင်က ထိုကိစ္စကို အစကတည်းက ရှင်းဖို့ စီစဉ်ထားတာပါ။ ထို့ကြောင့် သူတို့ တိတ်ဆိတ်နေတာကို ရန်ကိုင် စိတ်ထဲမထားခဲ့ပါဘူး။ အသာအယာလေးသာ ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်တယ် “သူ မင်းကို အကျိုးအမြတ် ဘယ်လောက်တောင် ပေးထားတာလဲ။ သူပေးတဲ့ အကျိုးအမြတ်နဲ့ ငါ့ကို ရန်စဖို့ ထိုက်ကောထိုက်တန်ရဲ့လား”

အလင်းမိုးကြီးဂိုဏ်းက အကြီးအကဲက အထင်အမြင် သေးစွာနဲ့ ရယ်မောလိုက်ပြီး “မင်းကို ရန်စတာ ထိုက်တန်လို့လား၊ ဟုတ်လား။ မင်းကိုယ်မင်း ဘာမှတ်နေတာလဲ။ ဒီနေ့ ပြီးသွားတာနဲ့ မင်းဆိုတာ တစ်စစီ ကျိုးနေတဲ့ အရိုးတွေက လွဲပြီး ဘာမှဟုတ်တော့မှာ မဟုတ်ဘူး။ မင်းကို ရန်စမိလို့ကော ဘာဖြစ်လဲ”

ရန်ကိုင်မျက်ဝန်းထဲ အေးစက်စက် အလင်းတို့ ဖြတ်သန်းသွားခဲ့ပြီး သူ့ပါးစပ်ဖျားထက်ကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ ရယ်သံကြီး ထွက်ပေါ်လာခဲ့ကာ “ငါတို့ ရန်စလို့ ပြန်ပေးဆပ်ရမယ့် တန်ဖိုးကို မင်းတို့ မတတ်နိုင်မှာ စိုးရတာပဲ”

ပြောပြီးတာနဲ့ သူ့နဖူးထက်ကနေ ခရမ်းရောင်အလင်းတို့ ထွက်ပေါ်လာခဲ့တယ်။

ဝိဥာဉ် ပညာရပ်

“ဖြန့်ကျက်လိုက်ကြ” သက်တန့်နန်းတော်က အကြီးအကဲက အော်ဟစ်နေရင်း သူ့ရဲ့ ကောင်းကင်စိတ်အာရုံကို အသုံးပြုပြီး ရန်ကိုင်ရဲ့ တိုက်ခိုက်မှုကို နှောင့်ယှတ်တားဆီးဖို့ ကြိုးစားလိုက်တယ်။

ထိုညက ရန်ကိုင့် ဝိဥာဉ်ပညာရပ်ရဲ့ အစွမ်းကို သူမြည်စမ်းဖူးပြီး သွားခဲ့ပါပြီ။ ပြီးတော့ ထိုတိုက်ခိုက်မှုက ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာကိုလည်း သူသိထားပါတယ်။ ထို့ကြောင့် သူ့ရဲ့ ဝိဥာဉ်ပညာရပ်ကို အားအပြည့် ထုတ်သုံးလိုက်တယ်။

ဒါပေမယ့် ထိုကောင်စုတ် အသုံးပြလိုက်တဲ့ ဝိဥာဉ်ပညာရပ်က အရင်အကြိမ်တုန်းက အသုံးပြုခဲ့တဲ့ ဝိဥာဉ်ပညာရပ်နဲ့ ကွဲပြားနေလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။ ဒီတစ်ကြိမ် ဝိဥာဉ်ပညာရပ်က အရင်ကလို မဟုတ်တော့ပဲ အလင်းတန်း ပုံစံနှင့် ထွက်ပေါ်လာပြီးနောက် ရုတ်တရက်ကြီး အဘက်ဘက်သို့ ပေါက်ကွဲ ပျံ့နှံ့သွားခဲ့ပါတယ်။

ခရမ်းရောင် ရောင်ခြည်စက်ကွင်း တစ်ခုလုံး ဘေးပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တယ်။ ခရမ်းရောင် ရောင်ခြည်စက်ကွင်း လွှမ်းခြုံသွားတာကို ခံလိုက်ရတာနဲ့ အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က တပည့်တွေကို သူတို့ခေါင်းကို ကိုင်ပြီး နာကျင်စွာနဲ့ စတင်အော်ဟစ် ကြပါတော့တယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် အကြီးအကဲ နှစ်ယောက်ရဲ့ မျက်လုံးတွေ ပြူးကျယ်လို့ သွားခဲ့တယ်။ ရန်ကိုင်ရဲ့ ဝိဥာဉ်ပညာရပ်က အခုလိုမျိုး ပြောင်းလဲလို့ ရလိမ့်မယ်လို့ သူတို့ တကယ်ကို ထင်မှတ်မထားခဲ့ပါဘူး။

ခရမ်း‌ရောင် ရောင်ခြည်စက်ကွင်းတွေက ရန်ကိုင်ဆီကနေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေခဲ့တယ်။

ငြိမ်သက်နေတဲ့ ကန်ရေပြင်ထဲသို့ ကျောက်တုံးတစ်တုံး ကျသွားလို့ လှိုင်းတွန့်လေးတွေ ဖြစ်ပေါ်လာသလိုမျိုး ရန်ကိုင်ကို ဗဟိုပြုပြီး ခရမ်း‌ရောင် ရောင်ခြည်စက်ကွင်းတွေက အဘက်ဘက်သို့ အလျင်မပြတ် ထွက်ပေါ် ပျံ့နှံ့နေခဲ့တယ်။

လူတိုင်း မတုန့်ပြန်နိုင်သေးခင်မှာပဲ ခရမ်းရောင် ရောင်ခြည်စက်ကွင်း ငါးခု ထွက်ပေါ်လာခဲ့ပြီးပါပြီ။

ထိုစိတ်ဝိဥာဉ် တိုက်ခိုက်မှုကို ခံစားလိုက်ရတဲ့ လူငယ်တပည့်တွေ ရဲ့ မျက်လုံးတွေ၊ နှာခေါင်းတွေကနေ သွေးတွေစီးကျလာခဲ့ပြီး ခဏအကြာမှာပဲ လဲကျသေဆုံးသွားခဲ့ကြတယ်။

တစ်ခဏအတွင်းမှာပဲ လူရှစ်ယောက် သေသွားခဲ့ပါပြီ။

ထိုဂျူနီယာတွေက အရမ်းကြီး မသန်မာသလို စိတ်ဝိဥာဉ် တိုက်ခိုက်မှုကို ခုခံနိုင်တဲ့ ဝိဥာဉ် အကာအကွယ် လက်နက်တွေကိုလည်း မပိုင်ဆိုင်ထားကြပါဘူး။ ထို့ကြောင့် ရန်ကိုင် ဆီက ဝိဥာဉ်တိုက်ခိုက်မှုကို သူတို့ ဘယ်လိုလုပ်ပြီး ခုခံနိုင်ပါ့မလဲ။

“ဂျူနီယာ၊ မင်းသေချင်နေတာပဲ” အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကြ နှစ်ယောက်စလုံး ဒေါသ အမျက်ချောင်းချောင်း ထွက်သွားခဲ့ပြီး ရန်ကိုင်ဆီ ပြေးဝင်တိုက်ခိုက် လိုက်ကြတယ်။

ရူးသွပ်စွာ ရယ်မောရင်း ရန်ကိုင်က ဝိဥာဉ်ပညာရပ်ကို နောက်တစ်ကြိမ် ထပ်အသုံးပြုလိုက်ပြီး သူ့လက်ဝါးနှစ်ဖက်ကို ဆန့်ထုတ်ကာ လူအိုကြီးနှစ်ယောက်ကို ထိန်းချုပ်ဖို့ ကျားဖြူတံဆိပ်တော်နဲ့ နွားသိုးတံဆိပ်တော် နှစ်ခုကို ဆင့်ခေါ်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ ရန်ကိုင်က အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော် တပည့်တွေကြား ပြေးဝင်သွားလိုက်ပြီး နေမီးတောက်ပေါက်ကွဲခြင်း ပညာရပ်ကို အဆက်မပြတ် ထုတ်သုံးကာ တိုက်ခိုက်လိုက်တယ်။

သိုးအုပ်ထဲကို ကျားတစ်ကောင် ရောက်လာသလိုပါပဲ၊ လူငယ်တပည့်တွေထဲက ဘယ်သူမှ ရန်ကိုင်ရဲ့ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပါဘူး။ ရန်ကိုင် တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ ဘယ်သူမဆို ခြေလက် မကျိုးရင် ရင်ဘတ်အရိုး ကျိုးသွားတဲ့ လူတွေချည်းပါပဲ။ ဘယ်သူ တစ်ဦးတစ်ယောက်မှာ့ သူ့တိုက်ကွက်တစ်ကွက်ကို မတောင့်ခံနိုင်ခဲ့ပါဘူး။

ရှဲ့ရုန်နဲ့ လီဖူတို့ နှစ်ယောက်ပေါင်းမှပဲ ရန်ကိုင်ရဲ့ လက်သီးချက်ကို ခုခံနိုင်ရုံ ခုခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အပြည့်အဝ မခုခံနိုင်တဲ့ အတွက် ရန်ကိုင် လက်သီးချက်ကြောင့် လွင့်ပျံထွက်သွားခဲ့ရပြီး ပြန်မထာလာနိုင်တော့ပါဘူး။

အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်က သိပ်မကြာခင်မှာပဲ ကျားဖြူတံဆိပ်တော်နဲ့ နွားသိုး တံဆိပ်တော်ကို ပျက်စီးနိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့ကို စီးကြိုနေခဲ့တာကတော့ ရန်ကိုင်က သိုးအုပ်ထဲ ရောက်နေတဲ့ ကျားတစ်ကောင်လို သူတို့ရဲ့ တပည့်တွေကို သတ်ဖြတ်နေတဲ့ မြင်ကွင်းပါ။

ကျားဖြူနှင့် နွားသိုး တံဆိပ်တော်ကို သူတို့ ရင်ဆိုင်နေရသည့် အချိန်အတောအတွင်း လေးမှာပဲ နောက်ထပ် တပည့်ခြောက်ယောက် သေဆုံးသွားခဲ့ပါပြီ။ ဒေါသတကြီး အော်ဟစ်ရင်း ချက်ချင်းပဲ ရှေ့ကို ပြေးတက်သွားလိုက်တယ် “ကောင်စုတ်လေး၊ မင်းလုပ်ရဲတယ်လား”

“လုပ်ရဲရဲ၊ မလုပ်ရဲရဲ၊ လုပ်တာကတော့ လုပ်ပြီးသွားပြီ” ရန်ကိုင်က လှောင်ပြုံးပြုံးရင်း ပြောလိုက်ပြီး အလင်းမိုးကြိုးဂိုဏ်းသာ တစ်ယောက်ရဲ့ လည်ပင်းကို ချိုးလိုက်ကာ ဘေးတစ်ဖက်ဆီသို့ လွှင့်ပစ်လိုက်တယ်။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ နှစ်ယောက်ရဲ့ နှလုံးတွေက ဒေါသတွေကြောင့် ပေါက်ကွဲတော့မတတ် ဖြစ်နေခဲ့တယ်။ ဒီနေ့မှာတော့ ဂျူနီယာတွေကို ဦးဆောင်ပြီး တက်တစ်ချက် ဝှေ့ရမ်းလိုက်ရုံနဲ့တင် ရန်ကိုင်ကို အသာလေး ရှင်းပစ်နိုင်မယ်လို့ ထင်နေခဲ့တာပါ။ ဒါပေမယ့် တိုက်ပွဲက စတောင် မစရသေးခင်မှာပဲ သူတို့ တပည့်ဒါဇင်ကျော်လောက် သေဆုံးသွားခဲ့ပါပြီ။ ဒါပေမယ့် သူတို့ရဲ့ ရန်သူကတော့ အကောင်းအတိုင်း ရှိနေပါသေးတယ်။

အလျင်စလို ပြေးဝင်သွားပြီးနောက် လူအိုကြီးနှစ်ယောက်က ရန်ကိုင်ရဲ့ သတ်ဖြတ်မှုကို ဟန့်တားနိုင်ခဲ့တယ်။

“ပြန်ဆုတ်နေ” သက်တန့်နန်းတော်ရဲ့ အကြီးအကဲက အော်ဟစ်လိုက်တယ်။

ထိုစကားကို ကြားလိုက်တာနဲ့ ကျန်ရှိနေတဲ့ ဂျူနီယာတွေ အကုန်လုံး စိတ်သက်သာရာ ရသွားခဲ့ပြီး မီတာပေါင်းများစွာ နောက်ဆုတ်သွားခဲ့ကြတယ်။ ထို့နောက် ကြောက်ကြောက်လန့်လန့် တုန်တုန်ရီရီနဲ့ တိုက်ပွဲကို စိုက်ကြည့်နေခဲ့ကြတယ်။

သူတို့ရဲ့ ဂျူနီယာတွေ ဒဏ်ရာရမှာကို စိုးရိမ်စရာ မလိုတော့တဲ့အတွက် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူနှစ်ယောက်လည်း တိုက်ပွဲအပေါ်မှာပဲ အာရုံ စိုက်နိုင်လာခဲ့ပါပြီ။ နှစ်ယောက်သား ပူးပေါင်းရင်း ပြင်းထန်တဲ့ တိုက်ကွက်တွေကို ထုတ်ဖော်လိုက်ကြတယ်။

သူတို့ရဲ့ အစ်အစစ်အမှန်ချီတွေက လျှပ်စီးတန်းတွေလို လင်းလက်နေခဲ့ပြီး ရန်ကိုင်တစ်ကိုယ်လုံး မလွတ်မြောက်နိုင်သည့် ရေစီးကြောင်းတစ်ခုလို ရစ်ပတ်လွှမ်းခြုံထားခဲ့တယ်။

သူတို့နှစ်ယောက်စလုံး အလွန်အမင်း ဒေါသထွက်၊ ဦးနှောက်ခြောက်သလို ခံစားနေခဲ့ရတယ်။ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေပေါ် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေရဲ့ အကြီးမားဆုံး အားသာချက်က ကောင်းကင်စိတ်အာရုံနဲ့ ဝိဥာဉ် တိုက်ခိုက်မှုတွေပါ။

ဒါပေမယ့် ရန်ကိုင် ရှေ့မှာတော့ သူတို့ရဲ့ ဝိဥာဉ် တိုက်ခိုက်မှုတွေကို အသုံးမပြုရဲရုံမကလို့ သူတို့ရဲ့ ဝိဥာဉ်တွေကိုပါ ကာကွယ်ထားရပါသေးတယ်။ ထို့ကြောင့် ရန်ကိုင်နဲ့ တိုက်ခိုက်နေရတာ သူတို့ ဘယ်လောက်တောင် စိတ်ညစ်နေမလဲ ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။

သူတို့သုံးယောက်စလုံး ပြင်းထန်ကြမ်းရမ်းတဲ့ တိုက်ပွဲကို ဆင်နွှဲနေခဲ့ကြတယ်။ ရန်ကိုင်က အကျဘက် ရောက်နေပြီး ပညာရှင်နှစ်ယောက် ဖိနှိပ်တာကို ခံနေရသည့်ပုံ ပေါက်နေပေမယ့် သူက တစ်နည်းနည်းနဲ့တော့ တောင့်ခံနေနိုင်ခဲ့ပါတယ်။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်တဲ့ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူမျိုးကို သူတို့တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါဘူး။

ထိုမြင်ကွင်းကို ကြည့်ရင်း ရှဲ့ရုန်နဲ့ လီဖူတို့ရဲ့ မျက်နှာ ဖြူလျော်သွားခဲ့ကြတယ်။ ထိုညတုန်းက ရန်ကိုင် သူတို့ကို တိုက်ခိုက်ခဲ့တဲ့ အချိန်တုန်းက သူ့ ခွန်အားကို ထိန်ချန်ထားခဲ့မှန်း အခုမှပဲ သူတို့ နားလည်သွားခဲ့တယ်။ သူတို့ သတိမဲ့သွားလို့ အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရတာ မဟုတ်ပါဘူး၊ ရန်ကိုင် ရှေ့မှာဆို သူတို့တွေက ကျားရှေ့ရောက်နေတဲ့ သိုးတွေနဲ့ကို မခြားတာပါ။

အခုအချိန်ထိတောင် သူတို့ကိုယ်သူတို့ အကောင်းဆုံး ခုခံကာကွယ်နေခဲ့ပေမယ့် ရန်ကိုင်ရဲ့ တိုက်ခိုက်မှုတွေကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။

“သူက ဘယ်လို မွန်းစတားမျိုးလဲ၊ ဘာလို့ ဒီလောက်အထိတောင် သန်မာရတာလဲ” ရှဲ့ရုန်က ဗလုံးဗထွေးနဲ့ ရေရွတ်လိုက်တယ်။ သူ့မျက်နှာ တစ်ခုလုံးကတော့ မယုံကြည်နိုင်သည့် အမူအရာဖြင့် ပြည့်နေခဲ့တယ်။

လီဖူလည်း အလိုလို ခေါင်းညိတ်မိလိုက်တယ်။ သူမပါးစပ်က စကားတစ်ခွန်းမှ မထွက်နိုင်တော့ခဲ့ပဲ သူမရဲ့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့တယ်။ ထိုကဲ့သို့ လူထူးလူဆန်းမျိုးကို သွားပြီး ရန်စမိတာကို သူမစိတ်ထဲ နောင်တရနေခဲ့တယ်။

သူ့ ခွန်အားနဲ့ ရက်စက်မှုက လီဖူရဲ့ ထင်ထားတာထက်ကို ကျော်လွန်နေခဲ့ပါတယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ နှစ်ယောက်ကို တစ်ယောက်တည်း ခုခံတိုက်ခိုက်နေတဲ့ ရန်ကိုင်ကို ကြည့်ရင်း လက်စားပြန်ချေမယ် ဆိုတဲ့အတွေးတွေတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ခဲ့ပါတယ်။

အခုအချိန်၌ အကြီးအကဲတွေက ရန်ကိုင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်လုပ်၊ မလုပ်ရင် နေရာမှာပဲ တစ်ခါတည်း တန်းပစ်သတ်ပစ်နိုင်ဖို့ကို သူမတို့ မျှော်လင့်နေမိခဲ့တယ်။ မဟုတ်ရင် သူမ တစ်ဘဝလုံး အေးအေးချမ်းချမ်းနဲ့ ဘယ်တော့မှ နေနိုင်တော့မှာ မဟုတ်ပါဘူး။

Martial Peak

အပိုင်း (၃၅၇) မိစ္ဆာအသွင်းပြောင်း တိုက်ပွဲ

အစစ်အမှန်ယန်ယွမ်ချီကို အဆုံးထိ လှည့်ပတ်ပြီး သူ့သိုင်းပညာရပ်တွေကို တုန့်ဆိုင်းခြင်းမရှိ အစွမ်းကုန် ထုတ်သုံးလိုက်တာနဲ့ အပူလှိုင်းတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကို တစ်ပြိုင်တည်း ထိပ်တိုက်ရင်ဆိုင်လို့တော့ မရသေးပါဘူး။

သိပ်မကြာခင်မှာပဲ ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့် အကြီးအကဲ နှစ်ယောက်ထဲက တစ်ယောက်ရဲ့ တိုက်ခိုက်မှုက ရန်ကိုင် ရင်ဘတ်ကို ထိမှန်သွားခဲ့တဲ့အတွက် သူ့မျက်နှာ အနည်းငယ် ဖြူလျော်သွားခဲ့တယ်။

“ကောင်းတယ်” ရှဲ့ရုန်လည်း ရန်ကိုင်ကို သူကိုယ်တိုင် တိုက်ခိုက်လိုက်ရသလိုမျိုး ပျော်ရွှင်စွာနဲ့‌ အော်ဟစ်လိုက်တယ်။

အလင်းမိုးကြိုးဂိုဏ်းနှင့် သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်လည်း မြေပြင်ဆီသို့ ထိုးဆင်သွားလိုက်ပြီး ရန်ကိုင် ကျသွားတဲ့ နေရာနဲ့ မီတာဒါဇင်ကျော် အကွာအဝေးမှာ မတ်တပ်ရပ်နေလိုက်တယ်။

ရန်ကိုင်က သူတို့ နှစ်ယောက်ကြောင့် ဒဏ်ရာရသွားခဲ့ပေမယ့် ထိုဒဏ်ရာက အပေါ်ယံ ဒဏ်ရာလေး ဆိုတာကို သူတို့ နှစ်ယောက်စလုံး သိထားကြပါတယ်။ ထိုလူငယ်လေးရဲ့ အစစ်အမှန်ချီက အလွန်အမင်း သိပ်သည်းပြီး သန့်စင်ပါတယ်။ ထို့ကြောင့် သူတို့ တိုက်ခိုက်မှုရဲ့ အနည်းဆုံး ရှစ်ဆယ် ရာခိုင်နှုန်းလောက်ကို ခုခံနိုင်ခဲ့ပါလိမ့်မယ်။

ဒါပေမယ့် အခုရလဒ်နဲ့တင် အကြီးအကဲ နှစ်ယောက်စလုံး တော်တော်လေး ကျေနပ်မိသွားခဲ့ကြပါပြီ။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ပေါင်းပြီး အစစ်အမှန် ဒြပ်စင်အဆင့်မှာ ရှိနေတဲ့ လူငယ်လေး တစ်ယောက်ကို ဝိုင်းအနိုင်ကျင့်နေခဲ့ကြတယ်။ သူတို့သာ ရန်ကိုင်ကို နည်းနည်းလေးတောင်မှ ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ရင် သူတို့ မျက်နှာကို ဘယ်နား သွားထားရတော့မှာလဲ။

“ကောင်စုတ်လေး၊ ဒီလူအိုကြီးရဲ့ ရှေ့မှာ နောက်တစ်ကြိမ် ထင်ရာစိုင်းရဲမလားလို့ ကြည့်ရသေးတာပေါ့” အလင်းမိုးကြိုးဂိုဏ်းက အကြီးအကဲက ပြောလိုက်တယ်။

သက်တန့်နန်းတော်က အကြီးအကဲလည်း ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး အေးစက်စက် လေသံနဲ့ ပြောလိုက်တယ် “မင်းက ငါတို့ သက်တန့်နန်းတော်က တပည့်များစွာကို သတ်ခဲ့တဲ့ အတွက် ဒီနေ့ မင်းရဲ့ သွေးနဲ့ ပြန်ပေးဆပ်ရမယ်”

“ဟဲ ဟဲ ဟဲ…” ရန်ကိုင်က ရယ်မောလိုက်ပြီး ဖြေးဖြေးချင်း မတ်တပ်ရပ်လိုက်တယ်။ အခုအချိန်၌ သူ့ပုံစံက အနည်းငယ် စုတ်ပြတ်နေပေမယ့် ရန်ကိုင်က ရယ်မောနေဆဲပါ။ သူ့ပါးစပ်ထောင့်စွန်းက သွေးတွေကို သုတ်လိုက်ပြီး အင်မော်တယ် တက်လှမ်းခြင်း အဆင့် အကြီးအကဲ နှစ်ယောက်ကို ပြန်စိုက်ကြည့်လိုက်တယ်။ သူ့ရဲ့ တိုက်ပွဲဝင်လိုစိတ်တို့ တစ်ဟုန်ထိုး တိုးတက်လာခဲ့တယ်။

“အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျွမ်းကျင်သူ တစ်ယောက် ဆိုတာ တကယ်ကို အားကောင်းတာပဲ” ရန်ကိုင် လေသံက အနည်းငယ် တိုးလျနေပေမယ့် လုံးဝကို ထူးထူးခြားခြား တည်ငြိမ်လို့ နေခဲ့တယ်။

သူတို့ရှေ့မှာ ရှေ့နေတဲ့ လူငယ်လေးက အခုအချိန်ထိ တည်ငြိမ်နေပြီး ကြောက်ရွံ့သည့် အရိပ်အယောင် နည်းနည်းလေးတောင် ဘာလို့ မပြလဲဆိုတာကို ထိုလူအိုကြီးနှစ်ယောက် နားမလည်နိုင်အောင် ဖြစ်နေခဲ့ရတယ်။

အလင်းမိုးကြိုးဂိုဏ်းက အကြီးအကဲရဲ့ အမူအရာက အေးစက်သွားခဲ့ပြီး အသံအကျယ်ကြီး အော်ဟစ်လိုက်တယ် “ကောင်စုတ်လေး၊ မင်က ဒီလူအိုကြီးရဲ့ ဂျူနီယာများစွာကို သတ်ခဲ့ပေမယ့် ဒီလူအိုကြီးက မင်းရဲ့ အသက်ကို ချမ်းသာပေးလိုက်ဦးမယ်။ ဒူးထောက်ပြီး မင်းရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပစ်လိုက်တယ်၊ အဲ့လိုဆိုရင် ငါမင်းကို အသက်ရှင်ခွင့် ပေးမယ်”

ရန်ကိုင်က ပြုံးလိုက်ပြီး “ငါ့ကို မသတ်ဘူးလား။ ရှန်ချူက လုပ်ခိုင်းတာပဲ ဖြစ်ရမယ်”

အင်မော်တယ် တက်လှမ်းခြင်း အဆင့် အကြီးအကဲ နှစ်ယောက်စလုံး မျက်မှောင် ကြုံ့လိုက်မိကြတယ်။

ရန်ကိုင်က သူတို့ရဲ့ ဂျူနီယာ များစွာကို သတ်ခဲ့မှတော့ သူတို့ ကိုယ်တိုင်သာ ဆုံးဖြတ်ချက် ချခွင့်ရမယ် ဆိုရင် ရန်ကိုင် အသက်ကို ဘယ်လိုလုပ်ပြီး ချမ်းသာခွင့် ပေးနိုင်ပါ့မလဲ။ ဒါပေမယ့် ရှန်ချူက ရန်ကိုင်ကို ဒုက္ခိတဖြစ်အောင် လုပ်ဖို့ စေခိုင်းထားမှတော့ သူတို့ကလည်း ရှန်ချူ အမိန့်ကို လွန်ဆန်ပြီး ရန်ကိုင်ကို သတ်လို့ မဖြစ်ပါဘူး။ အခုလို ဖြစ်ရတာတွေ အားလုံးက ရှန်ချူရဲ့ စနက်ကြောင့် ဆိုတာကို ရန်ကိုင်က သိပြီးသားပါ။

ထိုအင်အားစု နှစ်ခုက ရှန်မိသားစုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နေချင်မှတော့ ရှန်ချူရဲ့ အမိန့်ကို လွန်ဆန်လို့ ဘယ်ဖြစ်ပါ့မလဲ။ ရှန်ချူက ရှန်မိသားစုရဲ့ မိသားစု ခေါင်းဆောင် ဖြစ်လာဖို့ အလားအလာ အများဆုံးလူလေ။ ထို့ကြောင့် အခွင့်အရေး ရှိတုန်း ဖားယားထားရမှာပေါ့။ ရှန်ချူ မိသားစု ခေါင်းဆောင် ဖြစ်လာတဲ့ အခါကျ သူတို့စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်တွေကို စတင် ရိတ်သိမ်းနိုင်ပြီလေ။

ရန်ကိုင် ပွင့်ပွင့်လင်းလင်းကြီး ထေ့ငေါ့ ပြောဆိုလိုက်တဲ့ စကားကို ကြားလိုက်တဲ့ အချိန်မှာတော့ အလင်းမိုးကြိုးဂိုဏ်းက အကြီးအကဲ အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး “ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်တဲ့။ အခုလို ဖြစ်လာရတာတွေ အားလုံးရဲ့ မင်းကိုယ်တိုင် ကြောင့်ပဲလေ။ ဒီကိစ္စက သခင်လေးရှန်နဲ့ ဘာမှ မဆိုင်ဘူး”

သက်တန့်နန်းတော်က အကြီးအကဲ ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်တယ် “ငိုးမ ကောင်စုတ်လေး၊ မင်းရဲ့ ကျင့်ကြံခြင်းကို ကိုယ်ကိုယ်တိုင် ဖျက်စီးမလား၊ ဒါမှမဟုတ် ငါကိုယ်တိုင်ပဲ ဖျက်စီးရမလား”

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ရက်စက်တော့မယ့် အပြုံးတစ်ခု သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့ပြီး လူအိုကြီး နှစ်ယောက်ကို လှောင်ပြောင် ပြောဆိုလိုက်တယ် “ခင်ဗျားတို့ နှစ်ယောက်က ရှန်ချူရဲ့ ခွေးတွေပဲ ဖြစ်ချင်နေမှတော့၊ ငါကလည်း ခင်ဗျားတို့ကို အခြားတစ်ယောက်ရဲ့ နောက်လိုက်ခွေးတွေလိုပဲ ဆက်ဆံရတော့မှပေါ့”

“ခွေးသူတောင်းစား၊ မင်း အရမ်းမောက်မာလွန်းသွားပြီ” အလင်းမိုးကြိုးဂိုဏ်းက အကြီးအကဲက ဒေါသတကြီး ပြောဆိုလိုက်တယ်။

“ခင်ဗျားတို့လို့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ကျင့်ကြံသူ နှစ်ယောက်လေးနဲ့ ကျုပ်ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတယ်ပေါ့” ရန်ကိုင်ရဲ့ အကြည့်က ရုတ်တရက် တောင့်တင်းသွားခဲ့ပြီး သူ့လက်တစ်ဖက်ကို ဖြေးဖြေးချင်း မြှောက်လိုက်တယ်။ သူ့လက် မြှောက်လိုက်တာနဲ့ သူ့ကိုယ်ကနေ ထွက်ပေါ်နေတဲ့ အစစ်အမှန်ယန်ယွမ်ချီတွေက ချက်ချင်းဆိုသလို ပျောက်ကွယ် သွားခဲ့တယ်။

ရန်ကိုင်က ဘာလုပ်ဖို့ ကြိုးစားနေလဲ ဆိုတာကို အကြီးအကဲ နှစ်ယောက် နားမလည်နိုင်ပေမယ့် သူလုပ်နေတာက သူတို့နှစ်ယောက်အတွက် ဘာကောင်းတာမှ ဖြစ်မလာနိုင်ဘူးလို့ သူတို့ရဲ့ မသိစိတ်ကတော့ ပြောနေခဲ့တယ်။ နှစ်ယောက်သား အလျင်စလိုနဲ့ အကြည့်ချင်း ဖလှယ်လိုက်ပြီး တုန့်ဆိုင်းခြင်း မရှိပဲ ရန်ကိုင်ဆီ ပြေးဝင်သွားလိုက်တယ်။

ရန်ကိုင် မျက်ဝန်းအစုံက အနည်းငယ် မှေးကျဉ်းသွားခဲ့ပြီး သူ့ရဲ့ လက်ညိုးနဲ့ နဖူးတစ်လျှောက် ဆွဲချလိုက်ပြီး ချောက်ချားဖွယ် ကောင်းတဲ့ လေသံနဲ့ ရွတ်ဆိုလိုက်တယ်။

သူ့ရဲ့ တိုးလျတဲ့အသံထဲ ဆန်းကြယ်သည့် စွမ်းအားတို့ ပါဝင်နေပုံရကာ သူ့အသံကို ရှိနေတဲ့ လူအားလုံး ပီပီပြင်ပြင် ကြားလိုက်ရတယ်။

“မိစ္ဆာအသွင်ပြောင်းခြင်း”

ဟုန်း…..

ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားပုံရတယ်။ မြေပြင်တစ်ခုလုံး လှုပ်ခါသွားခဲ့ပြီး ကောင်းကင်တစ်ခုလုံး တုန်ခါသွားခဲ့တယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာချီစွမ်းအင် တစ်ခုလုံးက ဧရိယာတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့တယ်။

ထိုသန့်စင်ပြီး ကြောက်မက်ဖွယ် ကောင်းလှဿည့် နတ်ဆိုးချီ ထွက်ပေါ်လာတာနဲ့ ဘေးပတ်ဝန်းကျင် တစ်ခုလုံး အလွန်အမင်း အေးစက်လှသည့် ရေခဲငရဲထဲသို့ ကျဆင်းသွားသလားတောင် ထင်မှတ်ရပါတယ်။ ရှိနေတဲ့ လူအားလုံး သူတို့ရဲ့ နှလုံးသားကို လက်အေးကြီးတစ်ဖက်က ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရပြီး ကြောက်ရွံ့မှုနှင့်အတူ အတွင်းစိတ်ရိုင်းထဲက သူတို့ စိတ်ထဲ စတင် ထွက်ပေါ်လာခဲ့တယ်။

ထိုရုတ်ချည်း ပြောင်းလဲမှုနှင့်အတူ မိုးမြေတစ်ခွင်းလုံး ပရမ်းပတာ ဖြစ်သွားခဲ့တယ်။ ထိုအချိန်၌ ရန်ကိုင်က အခြားလူ တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားတဲ့ ပုံပါပဲ။

အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်စလုံး ရန်ကိုင်နား မရောက်သေးခင်မှာပဲ သူတို့ရဲ့ အမူအရာတွေ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ထူးထူးဆန်းဆန်း အော်ဟစ်ကာ ချက်ချင်းဆိုသလို နောက်ပြန်ဆုတ်လိုက်ကြတယ်။

ခြေလှမ်း ဒါဇင်ကျော်လောက် နောက်ဆုံးပြီးတော့မှပဲ လူအိုကြီး နှစ်ယောက် ရပ်တန့်လိုက်ကြတယ်။ ထို့နောက် လေးနက်တည်ကြည်သည့် အမူအရာနဲ့ ရန်ကိုင်ကို စိုက်ကြည့်လိုက်ကြတယ်။

ရန်ကိုင် ပုံစံက အရင်တုန်းကနဲ့ ဘာမှ ကွဲပြားမသွားခဲ့ပါဘူး။ ရှင်းရှင်း ပြောရရင် ရန်ကိုင်ဆီ၌ ပြောင်းလဲသွားသည့် အချက်ကလေး တစ်ချက်ကိုတောင် သူတို့ ရှာလို့ မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ သူ့ဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါက အရင်ကနဲ့ ကွဲပြားသွားခဲ့ပါပြီ။ သူတို့ ပြောနိုင်တဲ့ တစ်ခုတည်းသော ခြားနားချက်က ရန်ကိုင်ရဲ့ သွေးစွမ်းအားက အလွန်အမင်း အားကောင်းလာတယ် ဆိုတာကိုပါပဲ။

အရင်ရန်ကိုင်က သူတို့ကို ခေါင်းခြောက်အောင် လုပ်နိုင်တယ် ဆိုရင် အခုရန်ကိုင်ကတော့ သူတို့ကို ခြောက်ခြားနေမိစေပါတယ်။

အခုအချိန်မှပဲ ရန်ကိုင်ဆီက ကြောက်မက်ဖွယ်ကောင်းတဲ့ သေခြင်းတရား အငွေ့အသက်တွေ့ကို သူတို့ ရနေခဲ့ပါတယ်။

အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေရဲ့ အသိစိတ် အာရုံက အရမ်းကို စူးရှပါတယ်။ သူ့ကိုယ်သူ အခုလိုမျိုး ပြောင်းလဲသွားအောင် ရန်ကိုင် ဘာလုပ်လိုက်လဲ ဆိုတာ သူတို့ မသိပေမယ့် အခုအချိန် ရန်ကိုင်နဲ့သာ သူတို့တောင် ပြန်သေသွားနိုင်တယ်လို့ သူတို့ရဲ့ မသိစိတ်က ပြောနေခဲ့တယ်။

သားရဲတွေက သူတို့ရဲ့ မွေးရာပါ အလိုလို သိစိတ်နဲ့ အလိုအလျောက် တုန့်ပြန်မှုကို အားကိုးကြတယ်။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ ထိုးထွင်သိမြင်နိုင်စွမ်းက သားရဲတွေထက်တောင် ပိုပြီး အစွမ်းထက်ပါသေးတယ်။

ရန်ကိုင်ရဲ့ ပြောင်းလဲမှုကို သတိထားမိတာနဲ့ လူအိုကြီး နှစ်ယောက်စလုံး ထိတ်လန့်သွားခဲ့ကြတယ်။ သူတို့ မျက်စိတ်ထဲ ထည့်စရာတောင် မလိုတဲ့ သာမန် အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူက မလွယ်ကူတဲ့ ခံစားချက်တစ်ခုကို သူတို့အား ဘာလို့ ပေးစွမ်းနိုင်နေရတာလဲ။

သူတို့ကို လွှမ်းခြုံထားတဲ့ နတ်ဆိုးအရှိန်အဝါတွေလည်း ရှိနေခဲ့ပါတယ်။ မိစ္ဆာအရှင်သခင် ခြောက်ပါးတောင် အခုလိုမျိုး သိပ်သည်းလှတဲ့ မိစ္ဆာချီကို မပိုင်ဆိုင် ထားကြပါဘူး။

လူအိုကြီး နှစ်ယောက် သူတို့ကိုယ်သူတို့ ပြန်လည် တည်ငြိမ်အောင် မလုပ်ရသေးခင်မှာပဲ တချွတ်ချွတ်၊ တဖြောက်ဖြောက် မြည်သံတို့ တရစပ် ထွက်ပေါ်လာခဲ့တယ်။

သူတို့ လှမ်းကြည့်လိုက်တဲ့အချိန် ရန်ကိုင်ကို ဗဟိုပြုပြီး ဘေးပတ်ဝန်ကျင် တစ်ခုလုံး ရေခဲလာနေတာကို သူတို့ တွေ့ရှိလိုက်ရတယ်။ လေထုတောင် အေးခဲလာခဲ့ရပါပြီ။

အသက်ရှူရှိုက်စာ အချိန်အနည်းငယ် အတွင်းမှာပဲ မီတာပေါင်းများစွာ ကျယ်ဝန်းတဲ့ ဧရိယာတစ်ခုလုံး ရေခဲနယ်မြေ ဖြစ်သွားခဲ့ပါပြီ။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်လည်း နောက်တစ်ကြိမ် ထပ်ပြီး နောက်ဆုတ်လိုက်ကြတယ်။ သူတို့ မျက်ဝန်းတွေက ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။

ထိုအေးစက်တဲ့ အရှိန်အဝါနဲ့ တောင့်တင်းအေးစိမ့်လှတဲ့ ရေခဲတွေက သာမန်မဟုတ်ပါဘူး။ သူတို့ရဲ့ အစစ်အမှန်ချီတွေကိုတောင် အေးခဲသွားစေနိုင်တဲ့ပုံပါပဲ။ အဲ့ဒါကို သူတို့က ထိုအရာတွေနဲ့ ဘယ်လိုလုပ်ပြီး အလွယ်တကူ သွားထိရဲပါ့မလဲ။

အနီးအနားမှာ ရှိနေတဲ့ လူငယ်တပည့်တွေ အကုန်လုံး ချမ်းလွန်းလို့ ပြင်းပြင်းထန်ထန် တုန်ရီနေခဲ့ကြပြီး သူ့တို့ရဲ့ မျက်နှာတွေကလည်း ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေခဲ့တယ်။

ဒုတိယအကြိမ်မြောက် နတ်ဆိုးအသွင်ပြောင်းလဲခြင်းကို အသုံးပြုတာ ဆိုပေမယ့် ထိုစွမ်းအားကြောင့် ရန်ကိုင် အံ့အားသင့်နေရတုန်းပါပဲ။ လည်ဆစ်ချိုးလိုက်ပြီးနောက် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်တယ်။ အလွန့်အလွန် အားကောင်းပြင်းထန်လှသည့် စွမ်းအင်တို့က ရန်ကိုင်ဆီကနေ လှိုင်းလုံးသဖွယ့် လှိမ့်ထွက်လာခဲ့တယ်။

သူ့မျက်နှာမှ လွဲ၍ သူ့တစ်ကိုယ်လုံး အနက်ရောင် တက်တူးတွေနဲ့ ပြည့်နေခဲ့ပါပြီ။ ထိုက်တက်တူးတွေက ပုံစံအမျိုးမျိုးနဲ့ ရှိနေခဲ့ပြီး အရမ်းကို ရှုပ်ထွေးလှကာ ထူးခြားဆန်းကြယ်သည့် ဆွဲဆောင်မှု တစ်ခုကိုလည်း ထုတ်လွှတ်နေခဲ့ပါတယ်။

“ကောင်စုတ်လေး၊ မင်းက တိမိစ္ဆာနယ်မြေက လွှတ်လိုက်တဲ့ အစစ်အမှန် သူလျှိုတစ်ယောက် ဖြစ်နေတာပဲ” အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်စလုံး ရုတ်တရက် အော်ပြောလိုက်ကြတယ်။

“ခင်ဗျားတို့ ထင်ချင်သလိုသာ ထင်လိုက်” ရန်ကိုင်က အသံကျယ်ကျယ်နဲ့ ပြန်ပြီး အော်ဟစ်လိုက်တယ်။ ထို့နောက် သူ့လက်ကို ဖြေးဖြေးချင် မြှောက်လိုက်ပြီး အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက် ရှိနေတဲ့နေရာဆီ မြန်ဆန်စွာနဲ့ ဖိချလိုက်တယ်။

အခြားသူတွေကတော့ ဒီကောင် ဘာတွေ လုပ်နေတာလဲ ဆိုပြီး တွေးနေမှဦပါ။ ဒါပေမယ့် ရန်ကိုင် သူ့လက်ကို ဖိချလိုက်တာနဲ့ ကောင်းကင်ထက်ကနေ တောင်တစ်လုံး ကျဆင်းလာပြီး သူတို့အပေါ်ကို ဖိချလိုက်သလို လူအိုကြီး နှစ်ယောက်စလုံး ခံစားလိုက်ရတယ်။ ထိုဖိအားအောက်၌ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်စလုံး ပြိုလဲကျလုမတတ် ဖြစ်သွားခဲ့ကြပြီး ထိုဖိအားကို တန်ပြန်ခုခံနိုင်ဖို့ အတွက် သူတို့ရဲ့ အစစ်အမှန်ချီလှည့်ပတ်နှုန်းကို အကန့်အသတ်ထိ တိုးမြှင့်လိုက်ရတယ်။

ရွှီး…. ရွှီး… ရွှီး…

လေခွင်းသံတွေ ကြာလိုက်လို့ မော့ကြည့်လိုက်တာနဲ့ မဲနက်နေတဲ့ အနက်ရောင် တိုက်ခိုက်မှုတွေက ရန်ကိုင်ဆီကနေ သူတို့ဆီ ပျံသန်းလာနေတာကို လူအိုကြီး နှစ်ယောက်စလုံး တွေ့ရှိလိုက်ရတယ်။

အစွယ်တကားကားနဲ့ အနက်ရောင် မြွေတွေက သူတို့ရဲ့ ပါးစပ်တွေကို ဖွင့်လိုက်ပြီး လူအိုကြီးနှစ်ယောက်ကို ရက်ရက်စက်စက် ကိုက်ချလိုက်တယ်။

ထိုတိုက်ခိုက်မှုတွေ ထိမှန်ခံလိုက်ရတဲ့ မြေပြင်တစ်ခုလုံး လေပြင်းတစ်ခု တိုက်ခတ်ခြင်း ခံလိုက်ရတဲ့ မြေပြင်တစ်ခုပမာ ဖုန်တွေ၊ သဲတွေ၊ မြေကြီးတွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်။

ထိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေထဲ လမ်းမှာတွေ့သမျှ အရာအားလုံးကို အေးခဲသွားစေနိုင်တဲ့ တုန်လှုပ်ဖွယ် အအေးဓါတ်တို့ ပါဝင်နေခဲ့တယ်။

အကြီးအကဲ နှစ်ယောက်စလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး အလွန်အမင်း ကြောက်လန့်သွားခဲ့ကြတယ်။ သူတို့ နှစ်ယောက်စလုံးရဲ့ မျက်နှာ ဖြူလျော်သွားခဲ့ကြပြီး ထိုတိုက်ခိုက်မှုတွေနဲ့ ထိပ်တိုက် မရင်ဆိုင်မိအောင် အကောင်းဆုံး ကြိုးစားလိုက်ကြတယ်။

“ရှောင်ဖို့ ကြိုးစားနေတာလား” ရန်ကိုင်က ရယ်မောလိုက်ပြီး သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး အနက်ရောင် နတ်ဆိုးချီတွေကို လူအိုကြီးနှစ်ယောက်နောက်ဆီ လိုက်လံတိုက်ခိုက် စေလိုက်တယ်။

တစ်ချိန်တည်းမှာပဲ ကျားဖြူတံဆိပ်တော်နဲ့ နွားသိုးတံဆိပ်တော် နှစ်ခုကို တစ်ပြိုင်တည်း အသုံးပြုကာ အနက်ရောင် သားရဲပုံရိပ် နှစ်ခုကို ဆင့်ခေါ်လိုက်တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ထိုသားရဲ ပုံရိပ်နှစ်ခုကို အင်မော်တယ် တက်လှမ်းခြင်းအဆင့် အကြီးအကဲ နှစ်ယောက်နောက်ဆီ မလိုက်ခိုင်းတော့ပါဘူး။ အဲ့အစား အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က တပည့်တွေဆီကိုသာ ပြေးဝင်သွားစေလိုက်တယ်။

ထိုသားရဲ ပုံရိပ်နှစ်ခုက အရင်အသုံပြုခဲ့တဲ့ သားရဲ ပုံရိပ်နှစ်ခုထက် ပိုပြီး သန်မာတဲ့ ပုံပါပဲ။ တစ်ခဏအတွင်းမှာပဲ သားရဲပုံရိပ် နှစ်ခုက ငေးကြောင်နေတဲ့ သက်တန့်နန်းတော်က တပည့်တစ်ယောက်ဆီ ရောက်ရှိသွားခဲ့တယ်။

ထိုတပည့်တွေက ချီသန့်စင်ခြင်းအဆင့်၈ ကျင့်ကြံခြင်းကိုသာ ပိုင်ဆိုင်ထားသည့် အပြင် ငေးကြောင်နေရာမှလည်း အသိပြန်မဝင်လာသေးပါဘူး။ မျက်တောင် တစ်ခတ်အတွင်းမှာပဲ ထိုကံဆိုးသွားတဲ့ တပည့်က အော်ဟစ်ချိန်တောင် မရလိုက်ပဲ သွေးလွှမ်းနေတဲ့ အသားစတွေအဖြစ် စုတ်ဖြဲခြင်းခံလိုက်ရတယ်။

“ပြေး၊ပြေး၊ ခင်ဗျားတို့ ရှောင်ချင်သလောက် ရှောင်စမ်းပါ။ ခင်ဗျားတို့ကို မသတ်နိုင်လို့ ခင်ဗျားတို့ရဲ့ တပည့်တွေကို သတ်ရမယ်ဆိုလည်း မဆိုးပါဘူး” ရန်ကိုင်က အကြင်နာကင်းမဲသည့် လေသံနဲ့ အော်ဟစ်လိုက်တယ်။

ထိုအော်သံကို ကြားလိုက်တာနဲ့ အသက်ရှင်ကျန်ရစ်နေတဲ့ တပည့်တွေ အကုန်လုံး ငေးကြောင်နေရာမှ အသိပြန်ဝင်လာပြီး သူတို့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြတယ်။

“အရှက်မရှိတဲ့ ခွေးသူတောင်းစားကောင်” အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်စလုံး ဒေါသတကြီးနဲ့ အော်ဟစ်ဆဲဆိုလိုက်ကြတယ်။ သူတို့ ဘဝတစ်လျှောက်လုံး တစ်ခါမှ အခုလိုမျိုး ဒေါသမထွက်ခဲ့ဖူးပါဘူး။

သားရဲပုံရိပ် နှစ်ခုက သူတို့ရဲ့ အခြားတပည့် တစ်ယောက်ဆီ ထပ်ပြေးဝင်သွားတာကို မြင်လိုက်တာနဲ့ အကြီးအကဲ နှစ်ယောက်စလုံး ထွက်ပြေးနေတာကို ရပ်တန့်လိုက်ကြပြီး အနက်သားရဲနှစ်ကောင်ဆီ အားပြင်းပြင်းနဲ့ တိုက်ခိုက်လိုက်ကာ ထိုတပည့်ရဲ့ အသက်ကို အချိန်မှီလေး ကယ်တင်သွားနိုင်ခဲ့တယ်။

“မပြေးတော့ဘူးလား” ရန်ကိုင်က အခုအချိန်ကို စောင့်နေခဲ့တာပါ။ လှောင်ပြုံးပြုံးလိုက်ရင်း သူ့ခန္ဓာကိုယ်ကနေ သိပ်သည်းလှတဲ့ အနက်ရောင် အလင်းတို့ ထွက်ပေါ်လာခဲ့တယ်။ ထို အနက်ရောင် အလင်းတွေက အနက်ရောင်မြွေတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး လူအိုကြီး နှစ်ယောက်ဆီ နောက်တစ်ကြိမ် ပြေးဝင်သွားလိုက်ပြန်တယ်။

အနက်ရောင်မြွေတွေက သူတို့ကို အဘက်ဘက်ကနေ ဝန်ရံလာတဲ့ အတွက် အကြီးအကဲ နှစ်ယောက်လည်း ရှောင်ချိန် မရတော့ပါဘူး။ ရှောင်ချိန် မရတော့တာနဲ့ သူတို့ရဲ့ လက်နက်တွေကို ဆင့်ခေါ်လိုက်ပြီး အစွမ်းကုန် ခုခံဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နောက်တစ်ခဏ အတွင်းမှာပဲ အကြီးအကဲ နှစ်ယောက်စလုံးကို အမှောင်ထုက ဖုံးအုပ်သွားခဲ့တယ်။

အမှောင်ထုထဲကနေ တဝုန်းဝုန်း မြည်သံတို့ ထွက်ပေါ်လာခဲ့တယ်။

အားလုံးက စိုးရိမ်ပူပန်စွာနဲ့ ထိုအမှောင်ထုကို စိုက်ကြည့်နေခဲ့ကြတယ်။

အမှောင်ထုက ရုတ်တရက် ပြိုကွဲသွားခဲ့ပြီး ပုံရိပ်နှစ်ခုက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာခဲ့တယ်။ နှစ်ယောက်စလုံး စုတ်ပြတ်နေခဲ့ကြပေမယ့် ဘာဒဏ်ရာမှတော့ ရမနေခဲ့ပါဘူး။

ဒါပေမယ့် သေချာသာ အနီးကပ်ကြည့်မယ့်ဆိုရင် အရင်က စူးရှထက်မြက်လှတဲ့ လူအိုကြီးနှစ်ယောက်ရဲ့ မျက်ဝန်းအစုံက မိစ္ဆာအလင်းတို့ဖြင့် လက်နေခဲ့ပြီး သူတို့ ခန္ဓာကိုယ်ကို အနက်ရောင် အငွေ့ မျှင်မျှင်လေးက ရစ်ပတ်လှည့်ပတ်နေတာကို သတိပြုမိနိုင်ပါတယ်။

ထိုအနက်ရောင် အလင်းတွေက ရန်ကိုင် သိပ်သည်းခဲ့တဲ့ အသန့်စင်ဆုံး မိစ္ဆာချီ အမျှင်တန်းလေးတွေပဲ ဖြစ်ပါတယ်။ သာမန် လူတစ်ယောက်သာ ထိုမိစ္ဆာချီ အမျှင်တန်းလေးတွေနဲ့ ထိတွေ့မိသွားတာနဲ့ ချက်ချင်း သေဆုံးသွားရမှာပါ။

ရန်ကိုင်က မိစ္ဆာချီရဲ့ အကျိုသက်ရောက်မှုကို လျစ်လျူရှုနိုင်ပေမယ့် ကျန်တဲ့လူတွေက သူ့လိုမျိုး လုပ်နိုင်မယ်လို့တော့ မဆိုလိုပါဘူး။

မိစ္ဆာချီ သက်ရောက်ခြင်း ခံလိုက်ရတဲ့အတွက် လူအိုကြီး နှစ်ယောက်ရဲ့ ဟိုးအတွင်းပိုင်းထဲ ဖုံးဖိထားတဲ့ စိတ်ရိုင်းတို့ စတင်ထွက်ပေါ်လာခဲ့တယ်။ ထိုမိစ္ဆာချီတွေကိုသာ အချိန်တိုအတွင်း မရှင်းပစ်နိုင်ဘူး ဆိုရင် သူတို့နှစ်ယောက်စလုံး အနှေးနဲ့အမြန် မိစ္ဆာလမ်းစဉ်ထဲ ကျဆင်းသွားရပါလိမ့်မယ်။

ဒါပေမယ့် ဒီမိစ္ဆာချီကို ရှင်းထုတ်ပစ်ဖို့က ထင်သလောက် မလွယ်ကူလှပါဘူး။ လင်းတိုင်ရှုလို လူမျိုးတောင် အခုပုံစံနဲ့ တူညီတဲ့ မိစ္ဆာချီ ထိမှန်ခြင်း ခံလိုက်ရပြီး သေအံ့ဆဲဆဲ ဖြစ်ခဲ့ရပါသေးတယ်။ အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက် ဆိုရင်တောင် ပြောနေစရာတောင် မလိုတော့ပါဘူး။

ပြီးတော့ ရန်ကိုင်ဆီက မိစ္ဆာချီက နတ်ဆိုးအရှင်သခင်ရဲ့ မိစ္ဆာချီထက်တောင် ပိုပြီး သိပ်သည်းပါသေးတယ်။

“ရက်စက်လိုက်တဲ့ ခွေးသူတောင်းစားကွာ” အလင်းမိုးကြိုးဂိုဏ်းက အော်ဟစ်လိုက်တယ်။ ရန်ကိုင်ကို စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေက ဖုံးဖိမရနိုင်တဲ့ အမုန်းတရားတွေနဲ့ ပြည့်နေခဲ့တယ်။

“ငါကို ရန်စလို့ ပြန်ပေးဆပ်ရမယ့် တန်ဖိုးကို မင်းတို့ မတတ်နိုင်ပါဘူးလို့ ငါပြောခဲ့သားပဲ”ရန်ကိုင်က အေးစက်စက်နဲ့ပဲ နှာခေါင်းရှုံ့လိုက်တယ်။ သူ့မျက်ဝန်းအစုံက အေးစက်မှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။

Martial Peak

အပိုင်း (၃၅၈) ရက်စက်ကြမ်းကြုတ်သော

ဒီတိုက်ပွဲက မိစ္ဆာအသွင်ပြောင်းလဲခြင်းကို အသုံးပြုပြီး ပထမဆုံးအကြိမ်အဖြစ် ရန်ကိုင် စတင်တိုက်ခိုက်ခဲ့တာပါ။ မိစ္ဆာအသွင် ပြောင်းလဲခြင်းကို အသုံးပြုလိုက်တာနဲ့ သူ့ ခွန်အားက မိုးထိုးတက်သွားလိမ့်မယ် ဆိုတာကို ရန်ကိုင် သိနားလည်ထားပေမယ့် တကယ်တမ်း အသုံးပြုလိုက်တဲ့ အချိန်၌ တိုးတက်လာသည့် သူ့ ခွန်အားကြောင့် သူကိုယ်တိုင်တောင် အံ့အားသင့်နေရဆဲပါ။

ရွှေရောင်အရိုးခြောက်ရဲ့ စွမ်းအားကို အသုံးမပြုပဲနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ကျင့်ကြံသူ နှစ်ယောက်ကို ယှဉ်တိုက်နိုင်ရုံပဲ ယှဉ်တိုက်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် မိစ္ဆာအသွင်ပြောင်းလဲခြင်းကို အသုံးပြုပြီးတာနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ကျင့်ကြံသူနှစ်ယောက်ကို အားအပြည့်မသုံးပဲ သူဖိနှိပ်နိုင်ခဲ့ပါတယ်။

သူ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ ခွန်အားတွေကို ခံစားရင် ရန်ကိုင် တော်တော်လေး ကျေနပ်မိနေခဲ့တယ်။ ဒါပေမယ့် သူ့ကိုယ်သူ ထိုကျေနပ်၊ သာယာမှုထဲ နစ်မြော မနေခဲ့ပါဘူး။

အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ၏ အောက်ဘက်ရှိ မြေပြင်မှ အက်ကွဲသံတို့ ထွက်ပေါ်လာခဲ့ပြီး ချောင်းမြောင်း တိုက်ခိုက်မှု တစ်ခုက လူအိုကြီး နှစ်ယောက်ဆီ တိုးဝင်သွားခဲ့တယ်။

ထိုတိုက်ခိုက်မှုကို ခံစားမိလိုက်တာနဲ့ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် လူအိုကြီး နှစ်ယောက်ရဲ့ မျက်နှာ ဖြူလျော်သွားခဲ့ပြီး ချက်ချင်းပဲ အလျင်စလို ရှောင်တိမ်းဖို့ ကြိုးစားလိုက်တယ်။

ရန်ကိုင်က လှောင်ပြောင်လိုက်ရင်း သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီဂ အနက်ရောင်နတ်ဆိုးချီတွေကို ထိန်းချုပ်ကာ လူအိုကြီးနှစ်ယောက်ဆီ ပြေးဝင်သွားစေလိုက်တယ်။

သင်ခန်းစာ ရထားတဲ့ လူအိုကြီး နှစ်ယောက်စလုံး ထွက်ပြေးဖို့ မကြိုးစားတော့ပဲ သူတို့ဆီ တိုးဝင်လာနေတဲ့ တိုက်ခိုက်မှုတွေကို ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။

ဒါပေမယ့် သူတို့ဆီ တိုးဝင်လာနေတဲ့ တိုက်ခိုက်မျုတွေက အရမ်းကို များပြားလွန်းတဲ့အပြင် ရန်ကိုင့် နတ်ဆိုးချီရဲ့ လွှမ်းမိုးမှုကိုပါ ခံစားနေရတဲ့အတွက် သူတို့ရဲ့ ခွန်အား အပြည့်အဝကို မထုတ်သုံးနိုင် ဖြစ်ကာ သိပ်မကြာခင်မျာပဲ အနက်ရောင် မြွေတွေရဲ့ ဖိနှိပ်ခြင်းကို ခံလိုက်ရတယ်။

တစ်ချိန်တည်းမှာပဲ သိပ်သည်းလှတဲ့ အနက်ရောင် မိစ္ဆာချီက ရန်ကိုင်ဆီကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

နဂါးဟိန်းသံလို ပြင်းထန်တဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ ဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။

အားလုံးရဲ့ အာရုံက ထိုဖြစ်စဉ်ထံ ရောက်ရှိသွားခဲ့ပြီး သူတို့အားလုံး ချက်ချင်းဆိုသလို ကြက်သေသေသွားခဲ့၇တယ်။

ရန်ကိုင် ခေါင်းထက်၌ ဧရာမသားရဲ ပုံရိပ်ကြီး တစ်ခု ရှိနေခဲ့တယ်။ ထိုကောင်ရဲ့ ထိပ်၌ နဂါးချိုနျစ်ခု ရှိနေခဲ့ပြီး အလွန်အမင်း အေးစက်သည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့တယ်။ လက်ဆေးဇလုံ အရွယ်လောက် ရှိတဲ့ မျက်လုံးအစုံက အောက်ဘက်မှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ရက်ရက်စက်စက်နဲ့ စိုက်ကြည့်နေခဲ့တယ်။

ထိုမျက်ဝန်းအစုံရဲ့ အကြည့်က သူတို့အပေါ် ရောက်ရှိလာတာနဲ့ သေခြင်းတရား အငွေ့အသက်တို့က သူတို့အား ရစ်သိုင်းလာတာကို အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်စလုံး ခံစားမိလိုက်ကြတယ်။

ရုတ်တရက်…

ထိုအရိပ်ကြီးက ဟိန်းဟောက် အော်ငင်ဟစ်ကြွေးလိုက်ပြီး ရန်ကိုင်ဆီကနေ နတ်ဆိုးချီ ပဏာမများစွာကို စုပ်ယူက ခန္ဓာကိုယ်အသွင် တစ်ခုအဖြစ် ဖန်တီးလိုက်တယ်။

အားလုံး မြင်လိုက်ရတာကတော့ ရှင်းပြမရနိုင်တဲ့ ဖိအားတစ်ခုကို ထုတ်လွှတ်နေတဲ့ ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာချီတို့ဖြင့် ဖွဲ့စည်းထားသော မီတာရာကျော် အရှည်အလျားရှိသည့် နဂါးနက်တစ်ကောင်ပါ။

ထိုနဂါးနက်က ရန်ကိုင် ကျောဘက်ရှိ နဂါးတက်တူးနှင့် ရွှေရောင်အရိုးခြောက်ထဲက မိစ္ဆာချီတို့ ပေါင်းစည်းပြီး ဖြစ်တည်လာခဲ့တာပါ။

ရန်ကိုင်က နဂါးတက်တူးကို ပိုင်ဆိုင်ထားပြီး စုယန်က ရေခဲဖီးနစ် တက်တူးကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ရဲ့ အမှတ်သညာ တစ်ခုဖြစ်တဲ့ ထိုတက်တူးက မသိရတဲ့ အကြောင်းပြချက် တစ်ခုကြောင့် အစစ်အမှန် အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ ရန်ကိုင်တောင် သူ့ကျောက အနည်းငယ် ယားယံနေလို့ နည်းနည်းလေးပဲ တုန့်ပြန်မိခဲ့တာပါ။ အခုလိုမျိုး ဖြစ်လာခဲ့လိမ့်မယ်လို့တော့ သူလည်း မမျှော်လင့်ထားခဲ့ပါဘူး။

လကို အဖော်ပြုပေးနေတဲ့ ကြယ်လေးတွေလို နဂါးနက် ဖြတ်သွားတဲ့ လမ်းတစ်လျှောက် အနက်‌ရောင် မြွေလေးတွေက နောက်ကနေ လိုက်ပါနေခဲ့တယ်။

အလင်းမိုးကြိုးဂိုဏ်းနှင့် သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်စလုံးက အမှောင်ထုထဲ ချောင်ပိတ်မိနေလို့ ရုန်းထွက်ဖို့ ကြိုးစားနေခဲ့ပေမယ့် မရုန်းထွက် နိုင်သေးခင်မှာပဲ နဂါးနက်ရဲ့ ပါးစပ်က သူတို့ ဦးခေါင်းထက် ရောက်ရှိလို့ လာခဲ့တယ်။

ရိုးတွင်းခြင်ဆီ တစ်လျှောက် စိမ့်တက်သွားနိုင်တဲ့ ကိုက်ဝါးသံ နှင့်အတူ အလင်းမိုးကြိုးဂိုဏ်းက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ပိုင်း ကိုက်ဖြတ်ခံလိုက်ရတယ်။ သွေးတွေ ရေပန်းသဖွယ် မြေပြင်ပေါ် ဖြန်းပက်သွားခဲ့တယ်။

ပြီးတာနဲ့ နဂါးနက်က မီတာတစ်ထောင် အမြင့်ဆီ ပျံတက်သွားလိုက်ပြီး နောက်တစ်ကြိမ် ပြန်ပြီး ဒုန်ဆိုင်း ထိုးဆင်းလာခဲ့တယ်။ သူ့ရဲ့ မျက်ဝန်းအစုံကတော့ သက်တန့်နန်းတော်က အကြီးအကဲကို စိုက်ကြည့်လို့ နေခဲ့တယ်။

သူ့ရှေ့တည့်တည့်မှာပဲ အလင်းမိုးကြိုးဂိုဏ်းက အကြီးအကဲ အရှင်လတ်လတ် နှစ်ပိုင်းကိုက်ဖြတ် ခံလိုက်ရတာကို မြင်တော့ သက်တန့်နန်းတော်က အင်မော်တယ် တက်လှမ်းခြင်းအဆင့် အကြီးအကဲလည်း အလွန်အမင်း ထိတ်လန့် ချောက်ခြားသွားခဲ့ရပြီး ကြောက်ရွံ့မှုကြောင့် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ကာ ထိုကြောက်မက်ဖွယ် ကောင်းသည့် ဖိအားအောက်၌ ခုခံနိုင်စွမ်း အရှင်းဆုံးရှုံးသွားလိုက်ရတယ်။

ရုတ်ချည်း လူအိုကြီးရဲ့ မျက်ဝန်းအစုံက မျှော်လင့်ချက် အလင်းရောင်လေးကို တွေ့လိုက်ရသလို လက်သွားခဲ့ပြီး အဝေးတစ်နေရာကို ကြည့်ရင်း လှမ်းအော်လိုက်တယ် “ဖန်လောင်၊ ရှုလောင်၊ ငါ့ကိုကယ်ပါဦး”

ရန်ကိုင် အမူအရာ အေးစက်သွားခဲ့ပြီး လူအိုကြီးကြည့်တဲ့ နေရာဆီ လှမ်းကြည့်လိုက်တယ်။ ဆန်းကြယ်သည့် အလင်းနှစ်ခုက သူရှိနေတဲ့ နေရာဆီ လျင်မြန်စွာနဲ့ ချဉ်းကပ်လာနေတယ် ဆိုတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။

ထိုနှစ်ယောက်က ရှန်ချူရဲ့ ကိုယ်ရံတော် နှစ်ယောက်ပါပဲ။

သူတို့ နှစ်ယောက်စလုံးက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ ကျင့်ကြံသူတွေ ဖြစ်ကြပြီး အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်ထက် ပိုပြီး သန်မာကြပါတယ်။

ပျံသန်းလာနေရင်း ထိုနှစ်ယောက်က နဂါးနက်ဆီ လက်ဝါးနှစ်ချက် ရိုက်ထုတ်လိုက်ပြီး ဖန်လောင်က ဒေါသတကြီး အော်ဟစ်လိုက်တယ် “နတ်ဆိုး၊ မင်းကများ ငါတို့လူတွေကို ထိခိုက်ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့”

ရန်ကိုင်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး မြေကြီးကို ကန်ကျောက်လိုက်ကာ သက်တန့်နန်းတော်က အကြီးအကဲဆီ ပျံသန်းသွားလိုက်တယ်။ တစ်ချိန်တည်းမှာပဲ အသူရာဓါးကိုပါ တစ်ခါတည်း ထုတ်ယူလိုက်တယ်။

ချွှင်…

များစွာသော ဓါးငိုကြွေးသံတို့ ထွက်ပေါ်လာခဲ့ပြီး အသူရာဓါး တစ်ချက် လက်သွားခဲ့တယ်။ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ဓါးလှိုင်းတစ်လှိုင်းက ဖန်လောင်နဲ့ ရှုလောင်ရဲ့ တိုက်ခိုက်မှုကို ခုခံတားဆီးလိုက်တယ်။

ဘုန်း…

တိုက်ခိုက်မှုနှစ်ခုက လေထဲ၌ ထိပ်တိုက်တွေ့ကာ ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားခဲ့တယ်။ ရန်ကိုင်လည်း ခြေလှမ်းအနည်းငယ်လောက် နောက်ဆုတ်လိုက် ပြီးမှပဲ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဖန်လောင်နဲ့ ရှုလောင်တို့ရဲ့ တိုက်ခိုက်မှုကိုတော့ သူတာဆီး လိုက်နိုင်ခဲ့ပါတယ်။

နဂါးနက်က နောက်တစ်ကြိမ် ထိုးဆင်းလာခဲ့တယ်။ ဖန်လောင်နဲ့ ရှုလောင်က သက်တန့်နန်းတော်က အကြီးအကဲနဲ့ မီတာ၂၀၀ အကွာအဝေးကို ရောက်ရုံပဲ ရှိသေး နဂါးနက်က သက်တန့်နန်းတော်က အကြီးအကဲရဲ့ ခေါင်းကို ကိုက်ချပစ်လိုက်တယ်။

သက်တန့်နန်းတော်က အကြီးအကဲရဲ့ လည်ပင်းထက်မှ သွေးတို့ ရေတံခွန်အား ပန်းထွက်လာခဲ့တယ်။

ဖန်လောင်နဲ့ ရှုလောင်တို့က အားလုံးကို မြင်လိုက်ပေမယ့် ဘာမှ ထူးထူးခြားခြား မလုပ်နိုင်ခဲ့ပါဘူး။ နှစ်ယောက်စလုံး ဒေါသ အမျက်ချောင်းချောင်း ထွက်သွားခဲ့ပြီး ရက်ရက်စက်စက် တိုက်ခိုက်လိုက်ကြတယ်။ သူတို့ထဲက တစ်ယောက်ကို စူးရှပြင်းထန်လှသည့် လေစီးကြောင်း တစ်ခုကို ပစ်လွှတ်လိုက်ပြီး ကျန်တဲ့ တစ်ယောက်ကတော့ ရွှေရောင်အလင်းကို ပစ်လွှတ်လိုက်ကာ သိုင်းပညာရပ်မျိုးစုံကို သုံးပြီး ရန်ကိုင်အား တိုက်ခိုက်လိုက်ကြတယ်။

ရန်ကိုင် အမူအရာက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ ပညာရှင် နှစ်ယောက်ကို ရင်ဆိုင်နေရတာတောင် အမှိုက်နှစ်ခုကို ရင်ဆိုင်နေရသလို တည်ငြိမ်နေခဲ့ပါတယ်။

ရန်ကိုင်လည်း သူ့ခွန်အားကို ဆက်ပြီး ထိန်ချန်မထားတော့ပဲ ပွင့်ချပ်တစ်ထောင် သွေးပန်းကို အသုံးပြုလိုက်တယ်။ သင်းပျံ့တဲ့ ရနံ့နှင့်အတူ ပွင့်ချပ်တစ်စုစီတိုင်းက ဓါးကောင်း ထက်ရှမှုကို ပိုင်ဆိုင်ထားသည့် သွေးပန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

ဓါးချီတွေက ကျားဖြူတံဆိပ်တော်နှင့် နွားသိုးတံဆိပ်တော်နှင့်အတူ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ ပညာရှင် နှစ်ယောက်ဆီ ပျံသန်းသွားခဲ့တယ်။

သုံးယောက်သာ ခပ်မြန်မြန်ပဲ သိုင်းကွက်ဆယ်ကွက်လောက် ဖလှယ်လိုက်ကြတယ်။ ဒါပေမယ့် စောစောစီးစီးပဲ ရန်ကိုင်က အောက်စီးသို့ ရောက်သွားခဲ့ရတယ်။ ကောင်းကင်အဆင့် လက်နက် နှစ်ခုကို ဆင့်ခေါ်ပြီး တိုက်ခိုက်ရင်တောင် အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ ပညာရှင်နှစ်ယောက်ကို သူတစ်ယောက်တည်းနဲ့ ယှဉ်မတိုက်နိုင်သေးပါဘူး။

ရန်ကိုင်က ပြန်ဆုတ်ရမလား၊ မဆုတ်ရမလား စဉ်းစားနေစဉ်မှာပဲ ပုံရိပ်နှစ်ခုက သူတို့ဆီ အလျင်အမြန် ချဉ်းကပ်လာနေတာကို ရန်ကိုင် တွေ့လိုက်ရတယ်။

ဟူကျောင်းအာနဲ့ ဟူမေးအာ…

မိန်းမလှလေး နှစ်ယောက်စလုံးရဲ့ မျက်နှာက စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေခဲ့ပေမယ့် ရန်ကိုင် ဘာမှမဖြစ်တာကို တွေ့လိုက်ရတော့မှပဲ သူမတို့ နှစ်ယောက်စလုံး စိတ်သက်သာရာ ရသွားခဲ့ကြတယ်။ ဒါပေမယ့် ဖန်လောင်နဲ့ ရှုလောင်က ရန်ကိုင်ကို တိုက်ခိုက်ဖို့ လုပ်နေတာကို တွေ့လိုက်ရတော့ သူမတို့ရင်ထဲ ချက်ချင်းဆိုသလို ဒေါသတို့ လှိုက်တက်လာခဲ့တယ်။

မေးလည်းမမေး၊ နည်းနည်းလေးတောင် တုန့်ဆိုင်းမနေပဲ ချက်ချင်းပဲ ရန်ကိုင်ဘက်ကနေ ဝင်ကူပေးလိုက်တယ်။

ထိုအချိန်၌ အမွှာချီကျင့်စဉ်က တောက်ပလာခဲ့တယ်။ ညီအစ်မ နှစ်ယောက်ရဲ့ ကျင့်ကြံခြင်းက အစစ်အမှန်ဒြပ်စင်အဆင့်၄သာ ဆိုပေမယ့် အမွှာချီကျင့်စဉ်ကို အသုံးပြုပြီးနောက် သူမတို့ရဲ့ ခွန်အားက တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး သူမတို့ တစ်ယောက်ချင်းစီက အစစ်အမှန်ဒြပ်စင် အထွတ်အထိပ်အဆင့် လက်ရွေးစင် ကျင့်ကြံသူ တစ်ယောက်အောက် မနိမ့်ကျသည့် ခွန်အားကို ပိုင်ဆိုင်သွားလိုက်ခဲ့တယ်။ သူမတို့ ညီအစ်မ နှစ်ယောက်ရဲ့ အတိုင်အဖောက်ညီညီ ပူးပေါင်းတိုက်ခိုက်မှုနှင့် ဓါးရေးကျွမ်းကျင်မှုကိုပါ ထည့်ပေါင်းလိုက်မယ် ဆိုရင်တော့ ညီအစ်မ နှစ်ယောက်ရဲ့ ခွန်အားက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ကျင့်ကြံသူတစ်ယောက်အောက် မနိမ့်ကျတော့ပါဘူး။

ဒါပေမယ့် သူမတို့ရဲ့ ခွန်အား ဘယ်လောက်ပဲ တိုးတက်လာ၊ တိုးတက်လာ ဖန်လောင်နဲ့ ရှုလောင်က သူမတို့ကို အသာလေး အနိုင်ယူနိုင်ပါတယ်။ ဒါပေမယ့် ထိုပန်းနှစ်ပွင့်က ရှန်ချူ နှစ်သက်တဲ့ မိန်းကလေးတွေ ဖြစ်တဲ့အတွက် ဖန်လောင်နဲ့ ရှုလောင်တို့ နှစ်ယောက်တို့ နှစ်ယောက်စလုံးကို သူမတို့ နှစ်ယောက်ကို ထိခိုက်အောင် မလုပ်ရဲပါဘူး။ ထို့ကြောင့် ထိုလူအိုကြီး နှစ်ယောက် အနေနဲ့ တော်တော်လေး ကူကယ်ရာ မဲ့နေခဲ့ရတယ်။

ဟူညီအစ်မ နှစ်ယောက်ရဲ့ အကူအညီနဲ့ ရန်ကိုင်နဲ့ သူရဲ့ နဂါးတို့ နောက်ဆုံး တစ်ဖန်ပြန်လည် ခုခံနိုင်ခဲ့ကြတယ်။

“မိန်းကလေး နှစ်ယောက်” ဖန်လော့ရဲ့ အမူအရာက သုန်မှုန်လာခဲ့ပြီး အော်ဟစ်လိုက်တယ် “ဒီလူက နတ်ဆိုးတစ်ကောင်နော်”

ဟူကျောင်းအာက နှာခေါင်းရှုံ့လိုက်ပြီး “သူက နတ်ဆိုးလား၊ ဘာလား ဆိုတာကို ငါမသိပေမယ့် သူက ငါ့သူငယ်ချင်း တစ်ယောက် ဆိုတာကိုတော့ ငါကောင်းကောင်းသိတယ်”

“မိန်းကလေးတို့ နှစ်ယောက်၊ ပြန်ဆုတ်နေပေးပါ၊ ဒီလူကို အခုလိုမျိုး ကူညီမနေသင့်ဘူး” ရှုလောင်က အကြံပေးလိုက်တယ်။

“နင်သူ့ကို သတ်ချင်တယ်ဆိုရင် ငါတို့ကို အရင်သတ်ပြီးမှပဲ ရလိမ့်မယ်” ဟူမေးအာက သူမအစ်မကြီးထက် ပိုပြီး ရိုးသားပေမယ့် အခုအချိန်မှာတော့ သူမဆုံးဖြတ်ချက်ကို နည်းနည်းလေးတောင် ယိမ်းယိုင်သွားအောင် လုပ်လို့ မရပါဘူး။

“သူက သက်တန့်နန်းတော်နဲ့ အလင်းမိုးကြိုးဂိုဏ်းက ငါတို့ရဲ့ မိတ်ဆွေအများကြီး သတ်ထားခဲ့ပြီးပြီ။ သူက အခုဆို မိစ္ဆာလမ်းစဉ်ထဲတောင် ရောက်နေခဲ့ပြီ။ သူက နင်တို့ သိတဲ့ လူမဟုတ်တော့ဘူး။ သူ့မှာ အသိစိတ် မရှိတော့တဲ့အတွက် မိန်းမပျိုလေး နှစ်ယောက်ကိုလည်း မှတ်မိတော့မှာ မဟုတ်ဘူး။ သူတို့ဆီကနေ မြန်မြန် ပြန်ဆုတ်နေလိုက်ပါ” ဖန်လောင်က စိုးရိမ်စွာနဲ့ ပြောလိုက်တယ်။

ထိုလူတွေ ပြောနေတာကို နားထောင်ရင်း ရန်ကိုင်က ပြုံးလိုက်ပြီး နဂါးနက်ကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ်။

“ရိုင်းစိုင်းလိုက်တာ” ဖန်လောင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး နဂါးနက်ရဲ့ ခေါင်းတည့်တည့်ကို ရိုက်ချလိုက်တယ်။ နဂါးနက်လည်း တစ်ချက်ကလးတောင် ကိုက်ခွင့်မရသေးခင်မှာပဲ နောက်ပြန်လွင့်ထွက်သွားခဲ့၇တယ်။

“ရပ်လိုက်စမ်း” အဝေးတစ်နေရာမှာ ဒေါသတကြီး အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့တယ်။

ထိုအသံကို ကြားလိုက်ပြီးနောက် ဖန်လောင်နဲ့ ရှုလောင်တို့ နှစ်ယောက်စလုံး တုန့်ဆိုင်းသွားခဲ့ပြီး ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ရင်း နောက်ပြန်ဆုတ် သွားလိုက်ကြတယ်။

ဟူကျောင်းအာနဲ့ ဟူမေးအာတို့ နှစ်ယောက်စလုံး ရန်ကိုင်ဆီ အလျင်စလို ပြေးသွားလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်တယ် “နင်အဆင်ပြေလား”

ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး အရှေ့ဘက်တည့်တည့်သို့ စိုက်ကြည့်နေလိုက်တယ်။

အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က ကျင့်ကြံသူများစွာကို သတ်ဖြတ်ပြီးနောက် သူ့ရဲ့ ရည်ရွယ်ချက် ပြီးမြောက်သွားခဲ့ပါပြီ. ထိုအချိန်၌ သူထွက်ခွါချင်ရင်တောင် ဖေးလောင်နဲ့ ရှုလောင်တို့ နှစ်ယောက်စလုံး သူ့ကို တားနိုင်လိမ့်မည် မဟုတ်ပါဘူး။

ထို့ကြောင့် အခု ရန်ကိုင် သူတို့တွေ အကုန်လုံးကို နည်းနည်းလေးတောင်မှ မကြောက်ပါဘူး။

သိပ်မကြာခင်မှာပဲ ရှန်ချူက အားလုံးရဲ့ မြင်ကွင်းရှေ့ ထွက်ပေါ်လာခဲ့တယ်။ သူ့မျက်စိရှေ့က အခြေအနေ တစ်ခုလုံးက ပရမ်းပတာ ဖြစ်နေတာတောင် ရှန်ချူက တည်ငြိမ်နေနိုင်ပါသေးတယ်။

ဒါပေမယ့် မြေပြင်ထက်က သွေးစွန်းကာ တစ်စီဖြစ်နေတဲ့ ခန္ဓာကိုယ်တွေကို မြင်တွေ့လိုက်ရချိန် မှာတော့ သူ့မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး အနည်းငယ်ဆိုသလို မျက်မှောင်ကြုံ့မိလိုက်တယ်။

ရွှစ်…. ရွှစ်… ရွှစ်…

သိပ်မကြာခင်မှာပဲ ရှန်ချူနောက်ကနေ လူတွေ တစ်အုပ်ကြီး ထွက်ပေါ်လာခဲ့တယ်။ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေက ဘေးပတ်ဝန်းကျင်ကို စိုးရိမ်တကြီးနဲ့ စူးစမ်းနေခဲ့ကြပြီး နောက်ဆုံး သူတို့အကြည့်က ရန်ကိုင်ဆီမှာ ရပ်တန့်သွားခဲ့တယ်။

ကွမ့်ချီလဲ့ရဲ့ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး သူ့နှလုံးသား တစ်ခုလုံး တုန်ရင်သွားခဲ့တယ်။ အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က အကြီးအကဲ နှစ်ယောက်ရဲ့ အလောင်းနှစ်လောင်းကို မြင်ရပြီးချိန်မှာတော့ သူ့တစ်ကိုယ်လုံး တုန်ရီသွားခဲ့၇တယ်။

အခု အဖွဲ့နှစ်ဖွဲ့က သိသိသာသာ ကွဲထွက်သွားခဲ့ပါပြီ။

သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွက လွဲလို့ ကျန်တဲ့ လူတွေ အကုန်လုံးက ရှန်ချူဘက်ကပါ။

ဖန်လောင်နဲ့ ရှုလောင်က သူတို့ရဲ့ အစစ်အမှန်ချီတွေကို တိတ်တဆိတ် လှည့်ပတ်လိုက်ပြီး ရန်ကိုင်ကို သတိအပြည့်နဲ့ စောင့်ကြည့်နေခဲ့ကြတယ်။

ရှန်ချူ အကြည့်က ရန်ကိုင်ဆီ ရောက်သွားတဲ့အချိန် သူ့ဆီကနေ သိပ်သည်းလှတဲ့ မိစ္ဆာချီတို့ ဖြာထွက်နေတာကို သတိပြုမိလိုက်တဲ့ အချိန်မှာတော့ အလိုလို မျက်မှောင်ကြုံ့မိလိုက်တယ်။ ရန်ကိုင် အနီးအနား၌ ဝဲနေတဲ့ အနက်ရောင်နဂါးကို သတိပြုမိလိုက်တဲ့ အချိန်မှာတော့ သူ့အမူအရာက ပိုပြီး ခက်ထန်လာခဲ့တယ်။

ထိုနဂါးဆီကနေ ထွက်ပေါ်နေတဲ့ ကြောက်မက်ဖွယ် ခွန်အားကို သူခံစားမိပါတယ်။ လိုချင်တပ်မက်သည့် လောဘအရိပ်အယောင်တို့ သူ့အတွေးတွေထဲ ဖြတ်ပြေးသွားခဲ့တယ်။

ဒါပေမယ့် ထိုနဂါးက လုံးဝကို သန့်စင်လှသည့် မိစ္ဆာချီကနေ သိပ်သည်းထားမှန်း သိလိုက်ရချိန်မှာတော့ သူ့အတွေးတွေကို ဖယ်ထုတ်ပစ်လိုက်တယ်။

ဘေးဘီဝဲရာကို တစ်ခဏလောက် ကြာအောင် လှည့်ပတ်ကြည့်ပြီးတဲ့ အချိန်မျာတော့ ရှန်ချူက တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ် “ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ”

ဖန်လောင်က အလျင်စလို ရှင်းပြလိုက်တယ် “သခင်လေး၊ ကျုပ်နဲ့ ရှုလောင်တို့ ဒီနေရာကို ရောက်လာတာနဲ့ အဲ့ကောင်စုတ်က မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားနေခဲ့ပြီး သက်တန့်နန်းတော်က ချန်မင်ကို သတ်ဖို့ လုပ်နေတာကို တွေ့လိုက်ရတယ်။ ကံမကောင်းစွာနဲ့ ဒီလူအိုကြီးတို့က နောက်ကျသွားခဲ့လို့ ချန်မင်ကို အချိန်မှီ မကယ်တင်လိုက်နိုင်ခဲ့ဘူး….”

“ချန်မင် သေသွားပြီးလား” ရှန်ချူ မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင် ထွက်ပေါ်လာခဲ့တယ်။

“ဟုတ်ပါတယ်” ဖန်လောင်က ခေါင်းညိတ်လိုက်ပြီး အဝေးတစ်နေရာက အလောင်းတစ်လောင်းကို ညွှန်ပြလိုက်ကာ “အဲ့ဒါက ကျိုးကြေနေတဲ့ သူ့အလောင်းရဲ့ အကြွင်းအကျန်တွေပဲ”

“အလင်းမိုးကြိုးဂိုဏ်းက အင်မော်တယ် တက်လှမ်းခြင်းအဆင့် အကြီးအကဲကော” ရှန်ချူက မေးလိုက်တယ်။

“ကျုပ်တို့ မရောက်ခင်မှာပဲ သေနေခဲ့ပြီ”

ရှန်ချူ ခန္ဓာကိုယ် တုန်ရင်သွားခဲ့တယ်။

ရန်ကိုင်ရဲ့ ခွန်အားက အတိုင်းအတာ တစ်ခုအထိ သူအထင်ကြီး တွက်ချက်ခဲ့ပေမယ့် သူ့ရဲ့ အထင်းကြီးပြီး တွက်ထုတ်ထားတဲ့ ခွန်အား အတိုင်းအတာက ရန်ကိုင်ရဲ့ အစစ်အမှန်ခွန်အားနဲ့ အများကြီး ဝေးကွာနေခဲ့ပါတယ်။

အင်မော်တယ် တက်လှမ်းခြင်းအဆင့်၁ ကျင့်ကြံသူနှစ်ယောက် ရန်ကိုင် သတ်တာကို တကယ်ပဲ ခံလိုက်ရပါတယ်။ သူဘယ်လောက်တောင် သန်မာနေတာလဲ။

“သခင်လေး၊ အဲ့လူငယ်လေးက မိစ္ဆာလမ်းစဉ်ထဲ ရောက်နေခဲ့ပြီး သူ့မိတ်ဆွေ၊ မိသားစုတွေကိုလည်း မမှတ်မိနိုင်တော့ပါဘူး။ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေ အတွက် သူ့ကို သတ်ဖြတ်ခွင့်ပေးဖို့ ဒီလူအိုကြီးက သခင်လေးဆီကနေ ခွင့်ပြုချက် တောင်းဆိုပါတယ်” ဖန်လောင်က တောင်းဆိုလိုက်တယ်။

ရှန်ချူက မျက်မှောင်ကြုံ့လိုက်ပြီး တုန့်ဆိုင်းနေခဲ့တယ်။

ထိုတောင်းဆိုချက်ကို ကြားတာနဲ့ ဟူကျောင်းအာက အလျင်စလို ကြားဖြတ်ပြောလိုက်တယ် “ခွေးသူတောင်းစားအိုကြီး၊ ဘယ်သူကများ မိစ္ဆာလမ်းစဉ်ထဲ ကျသွားလို့လဲ”

Martial Peak

အပိုင်း (၃၅၉) ပထမအဆင့် အင်အားစု တစ်ခုရဲ့ စွမ်းအား

ဟူကျောင်းအာက သူမရဲ့ ညီမလေးထက် ပိုပြီး ပြတ်သား ဒေါသကြီးပါတယ်။ အရင်နေ့တွေတုန်းက ဖန်လောင်ကို လေးစားရတဲ့ စီနီယာတစ်ယောက်လို ဆက်ဆံနေပေမယ့် ဖန်လောင်က ရန်ကိုင်ကို သတ်ချင်နေတာကို မြင်လိုက်ရတော့ ချက်ချင်းပဲ ခွေးသူတောင်းအိုကြီး ဆိုပြီး ကျိန်ဆဲလိုက်ပါတယ်။

ဂျူနီယာ တစ်ယောက်က သူ့အား ဆဲရေးနေတာကို ကြာလိုက်ရတာနဲ့ ဖန်လောင် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့တယ်။ ဒါပေမယ့် ထိုမိန်းကလေးက သူတို့ သခင်လေး ချစ်ခင်နှစ်သက်ရသူ ဖြစ်နေတဲ့ အတွက် တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြန်ပြောလိုက်တယ် “သူ မဟုတ်လို့ ဘယ်သူ ဖြစ်ရဦးမှာလဲ။ သူ့ရဲ့ လက်ရှိပုံစံနဲ့ သူ့အနေနဲ့ မိစ္ဆာလမ်းစဉ်ထဲ မကျရောက်သွားတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ဟူကျောင်းအာက ပြန်ပြီး လှောင်ပြောင်လိုက်တယ် “သူသာ မိစ္ဆာလမ်းစဉ်ထဲ ကျသွားမယ်ဆိုရင် ငါတို့အနေနဲ့ သူ့အနားမှာ လုံလုံခြုံခြုံ အန္တရာယ်ကင်းကင်းနဲ့ နေနိုင်ဦးမယ်လို့ ထင်လား။ ရှင်မျက်စိ ကန်းနေတာလား”

ဟူကျောင်းအာရဲ့ လေသံကြောင့် သူတို့ စိတ်ပျက်သွားခဲ့မိပေမယ့် ဖန်လောင်နဲ့ ရှုလောင်တို့ နှစ်ယောက်စလုံး ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို သေချာ မသိတဲ့အတွက် သူတို့ နှစ်ယောက်စလုံး တုန့်ဆိုင်းနေမိခဲ့ကြတယ်။ ရန်ကိုင်ကို မြင်လိုက်တဲ့လူတိုင်း သူက သိပ်သည်းလှတဲ့ မိစ္ဆာချီရဲ့ လွှမ်းမိုးမှုအောက် ရောက်သွားပြီဆိုတာကို သံသယရှိလိမ့်မှာ မဟုတ်ကြပါဘူး။ ဒါပေမယ့် သူ့ရဲ့ အကြည့်တွေက လုံးဝကို တည်ငြိမ်နေခဲ့ပြီး မိစ္ဆာလမ်းစဉ်ထဲ ရောက်သွားတဲ့ လူတွေရဲ့ အကြည့်နဲ့ နည်းနည်းလေးမှ တူညီမနေခဲ့ပါဘူး။

“ရှင်က သူချန်မင်ကို သတ်တာပဲ မြင်တာ၊ ဒါပေမယ့် အဲ့ခွေးအိုကြီးက သူ့ကို ဘာလုပ်ဖို့ ကြိုးစားခဲ့တယ် ဆိုတာကို ရှင်သေသေချာချာလေး စဉ်းစားခဲ့ဖူးလား” ဟူကျောင်းအာရဲ့ လေသံက ပိုပိုပြီး ခက်ထန်လာခဲ့တယ်။

ဖန်လောင်က ပြန်ပြောချင်ပေမယ့် ဘာဆက်ပြောရမှန်းမသိ ဖြစ်နေခဲ့တယ်။ အချိန်တစ်ခဏလောက် ကြာအောင် တိတ်ဆိတ်နေပြီးနောက် ပြန်ပြောလိုက်တယ် “ဒီက လူအိုကြီးက ကိုယ့်မျက်စိနဲ့ မြင်တာကိုပဲ ယုံတယ်”

ဟူကျောင်းအာက ထေ့ငေါ့ လှောင်ပြောင် ပြောဆိုလိုက်တယ် “လွန်ခဲ့တဲ့ နှစ်လတုန်းက သက်တန့်နန်းတော်နဲ့ အလင်းမိုကြိုးဂိုဏ်း နှစ်ဂိုဏ်းက ရန်ကိုင်လက်ထဲမှာ‌ တော်တော်လေး ခံစားခဲ့ရတယ်။ ဒီနေ့မှာတော့ သူတို့ရဲ့ တာဝန်တွေကို ပစ်ပယ်ပြီး ဒီနေရာဆီ ပြန်လာခဲ့တယ်။ သတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ရှင်တို့ ခန်မှန်းမိမယ်လို့ ကျွန်မထင်တယ်။ ရန်ကိုင်က သူတို့ကို သတ်လိုက်ရင်တောင် အဲ့ဒါက ကိုယ့်ကိုယ်ကို ခုခံကာကွယ်မှုလို့ပဲ ယူဆလို့ ရတယ်။ အခုဟာက သူတို့အားလုံး ကိုယ့်သွေတွင်း ကိုယ်တူးကြတာလေ၊ ရန်ကိုင်နဲ့ ဘာဆိုင်လို့လဲ။ အကြီးအကဲ တစ်ယောက် ရှင့်ကို သတ်ချင်တယ်ဆိုရင် ရှင်က ဘာမှပြန်မလုပ်ပဲ ဒီအတိုင်းပဲ လည်စင်းခံပေးလိုက်မှာလား။ တစ်ယောက်ယောက်က ရှင့်ကို တိုက်ခိုက်မယ် ဆိုရင် ရှင်က ဒီအတိုင်းပဲ ငြိမ်ခံပြီး သူတို့ တိုက်ခိုက်တာကို ခံနေမှာလား”

ကွမ့်ချီလဲ့ကလည်း ခေါင်းညိတ်လိုက်ပြီး “ပထမ သခင်မလေး ပြောတာ မှန်တယ်။ သက်တန့်နန်းတော်နဲ့ အလင်းမိုးကြိုးဂိုဏ်းက တပည့်တွေက သူတို့ရဲ့ တာဝန်တွေကို ပစ်ပယ်ပြီး ကိုယ့်လူအချင်းချင်းကို ပြတ်သတ်ဖို့ လုပ်ခဲ့တယ်။ သခင်လေး တရားမျှတမှု ရှာပေးသင့်ပါတယ်”

“အခြေအနေကို သေချာစဉ်းစားပြီး မျှမျှတတ ဆုံဖြတ်ပေးပါ သခင်လေး” ဖန်ဇီဂျိက အတတ်နိုင်ဆုံး အားတင်းပြုံးထားရင်း ပြောလိုက်တယ်။

ရှန်ချူက မထူးခြားနားဟန်နဲ့ ပြုံးလိုက်ပြီး ပြောလိုက်တယ် “အားလုံးက အခုလိုတွေ ဖြစ်လာမှာတော့ ဒီသခင်လေးက အားလုံးကို သတိပေးတဲ့ အနေနဲ့ သက်တန့်နန်းတော်နဲ့ အလင်းမိုးကြိုးဂိုဏ်းက တပည့်တွေကို အာလုံးရှေ့မှာပဲ အပြစ်ပေးပြရမှာပေါ့”

တစ်ခဏလောက် ရပ်တန့်လိုက်ပြီး ရှန်ချူက ဆက်ပြောလိုက်တယ် “ဒါပေမယ့် အခု မင်းတို့ ပြောတာတွေ အားလုံးက ကိုယ့်ရဲ့ ထင်မြင်ယူဆချက် အသီးသီးတွေပဲလေ။ မင်းတို့ အားလုံးက ငါနဲ့ အတူတူ ပြန်လာခဲ့ကြတာ။ တကယ် ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကိုလည်း ဘယ်သူမှ အမှန်အတိုင်း သိကြာတာ မဟုတ်ဘူး။ ဒီသခင်လေးလည်း ဒီမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဆိုတာကို ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မမြင်ခဲ့ရဘူး။ ဒါကြောင့် နှစ်ဖက်စလုံးက အဖွဲ့သားတွေကို စုစည်းပြီး သူတို့ကိုပဲ ရှင်းပြခိုင်းလိုက်ကြတာပေါ့”

“ကိစ္စမရှိဘူး” ရန်ကိုင်က ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။

“ဒီသခင်လေးက ဒီက မိတ်ဆွေရဲ့ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်” ထို့နောက် သူ့ရဲ့ ကိုယ်ရံတော် နှစ်ယောက်ဘက် လှည့်ပြီး “ဖန်လောင်၊ ရှုလောင်၊ အသက်ရှင်နေတဲ့ လူအားလုံးကို စုစည်းလိုက်”

“ဟုတ်ကဲ့ပါ” အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် နှစ်ယောက်လည်း ပျံသန်းထွက်သွားလိုက်ကြပြီး အသက်ရှုရှိုက်စာ အချိန်အနည်းငယ် အတွင်းမှာပဲ အသက်ရှင် ကျန်ရစ်နေတ့ လူတွေကို ပြန်ခေါ်လာလိုက်ကြတယ်။

သူတို့ တော်တော်များများက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြပြီး မနည်းကြိုးစား မတ်တပ်ရပ်နေခဲ့ကြရပါတယ်။ ရှဲ့ရုန်နဲ့ လီဖူတို့ နှစ်ယောက်စလုံး တော်တော်လေး ရှက်နေခဲ့ကြပေမယ့် သူတို့ သမခံထားရတာကို ဖုံးကွယ်ထားလို့ မရနိုင်ခဲ့ပါဘူး။

ရန်ကိုင်ကို ချောင်းကြည့် လိုက်ပြီးနောက် ချက်ချင်းပဲ ထိတ်လန့်တကြားနဲ့ သူတို့ရဲ့ အကြည့်တွေကို ချက်ချင်း ပြန်ရုတ်လိုက်တယ်။ သူတို့ရဲ့ ဂျူနီယာညီလေး၊ ဂျူနီယာ ညီမလေးတွေ ရန်ကိုင်ကို ကြည့်တောင် မကြည့်ရဲခဲ့ပါဘူး။

အစောပိုင်းတုန်းက တိုက်ပွဲ၌ ရန်ကိုင်က အာလုံးရဲ့ စိတ်ထဲ ကြောက်ရွံ့မှုကို ရိုက်သွင်းတံဆိပ်ကပ်နှိပ် ပေးလိုက်နိုင်ခဲ့တယ်။

သူတို့ မိဘမျိုးဆက်က အားကောင်းသည့် အကြီးအကဲတွေတောင် ရန်ကိုင် သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ သူတို့လို ဂျူနီယာလေးတွေ ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပါဘူး။

“ရှဲ့ရုန်၊ လီဖူ” ရှန်ချူက တည်တည်ငြိမ်ငြိမ်နဲ့ အော်ခေါ်လိုက်တယ်။

“ရှိ… ရှိ… ရှိပါတယ်” ရှဲ့ရုန်ရဲ့ ခန္ဓာကိုယ် တုန်ရင်သွားခဲ့ပြီး အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ထူးလိုက်တယ်။ လီဖူဆိုရင် ရှန်ချူခေါ်တာကို ပြန်တောင် မထူးနိုင်ခဲ့ပါဘူး။

ရှန်ချူက မျက်မှောင်ကြုံ့မိလိုက်ပေမယ့် ချက်ချင်းပဲ ကြင်နာသည့် အမူအရာကို ဆင်မြန်းလိုက်ပြီး “မင်းတို့ နှစ်ယောက်စလုံး ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရမှာပေါ့၊ ဟုတ်တယ်မလား”

“ဟု… ဟုတ်၊ မြင်ခဲ့ရပါတယ်”

“ကောင်းတယ်၊ အဲ့လိုဆိုရင် ဖြစ်ခဲ့တာတွေ အားလုံးကို မင်းတို့ မှတ်မိသလောက် အားလုံးကို ပြန်ပြောပြလိုက်တယ်။ မင်းတို့ တစ်ခုခုကိုလိမ်ရဲ၊ ဖုံးကွယ်ရဲတယ်ဆိုရင် အကျိုးဆက်ကို မင်းတို့ သိပါတယ်” ရှန်ချူက အသာအယာလေး ပြောလိုက်တယ်။

ရှန်ချူနဲ့ လီဖူတို့ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ နှစ်ယောက်စလုံး တစ်ယောက်မှ စကားမပြောရဲခဲ့ကြပါဘူး။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ဟူကျောင်းအာက လှောင်ပြောင်လိုက်တယ် “ကိုယ်မှားနေရင် စိုးရိမ်ပူပန် နေရတယ် ဆိုတာ ဒါမျိုးကို ပြောတာ”

ရှန်ချူက သူ့နဖူးကို ပွတ်လိုက်ပြီး ပြုံးကာ ပြောလိုက်တယ် “ကျောင်းအာ၊ အားလုံးကို သေချာ မသိရသေးခင် အခုလို မပြောသင့်ဘူးလေ”

ဟူကျောင်းအာက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး “သခင်လေးရှန်၊ ကျွန်မ သခင်လေးကို နောက်တစ်ကြိမ် ထပ်သတိ မပေးချင်ဘူး၊ ကျေးဇူးပြုပြီး ရင်းနှီးသလိုနဲ့ ကျွန်မနာမည်ကို လာမခေါ်ပါနဲ့”

“မိန်းကလေးဟူကို တောင်းပန်ပါတယ်။ စိတ်နည်းနည်း ရှုပ်နေလို့ အခုလိုမျိုး ပြောလိုက်မိတာပါ” ရှန်ချူက ရှက်ရွံ့သည့် အရိပ်အယောင် စိုးစဉ်းမျှ မပြပဲ ပြန်ပြောလိုက်တယ်။ ထို့နောက် ရှဲ့ရုန်နဲ့ လီဖူကို ပြန်ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ် “မင်းတို့ မပြောချင်ဘူးဆို မင်းတို့ မှားတယ်လို့ပဲ ဒီသခင်လေး ယူဆလိုက်ပြီး မင်းတို့ အားလုံးကို ဒီနေရာမှာပဲ သတ်ပစ်လိုက်မယ်”

ရှန်ချူနဲ့ အကြည့်ချင်း ဆုံသွားတာနဲ့ ရှဲ့ရုန်နဲ့ လီဖူတို့ နှစ်ယောက်စလုံး တုန်ရီသွားခဲ့ကြတယ်။

ဒါပေမယ့် ရှန်ချူ ခပ်မြန်မြန်ပဲ ထပ်ပေါင်း ပြောလိုက်တယ် “ဒါပေမယ့် မင်းတို့က ခံရတဲ့ လူတွေသာ ဖြစ်နေခဲ့ရင် ဒီသခင်လေးက မင်းတို့အတွက် တရားမျှတမှု ရှာပေးမယ်”

ထိုစကားကို ကြားလိုက်တာနဲ့ သွေးတိုက်ပွဲဂိုဏ်းနှင့်မုန်တိုင်းစံအိမ်က လူတွေ အကုန်လုံး မျက်မှောင် ကြုံ့မိလိုက်ကြတယ်။

ရှန်ချူ စကားလုံးတွေက တရားမျှတပြီး ဘက်မလိုက်ပုံ ထင်ရပေမယ့် သူ့စကားလုံးတွေရဲ့ နောက်ကွယ်မှာ အခြားအဓိပ္ပါယ်တစ်ခု ရှိနေပါသေးတယ်။

သိပ်မကြာခင်မှာပဲ ရှဲ့ရုန်နဲ့ လီဖူတို့ရဲ့ ထိတ်လန့်ကြောက်ရွံ့ နေသည့် အမူအရာတွေက တစ်ဖန် ပြန်လည် တည်ငြိမ်သွားခဲ့တယ်။ နောက်ဆုံး သူတို့ အားကိုးရမယ့် ထောက်တိုင်ကြီးကို တွေ့သွားခဲ့လေပြီ။

လီဖူက တိုးတိုးလေး ပြောလိုက်တယ် “ရှဲ့ရုန်၊ နင်ပြော”

ရှဲ့ရုန်က တံတွေးမျိုးချရင်း အံ့တင်းတင်း ကြိတ်ကာ ခေါင်းညိတ်လိုက်တယ် “ကောင်းပြီ”

အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး မတရား ခံစားခဲ့ရတဲ့ လေသံလေးနဲ့ စပြီး ဇာတ်လမ်းထွင်ပါတော့တယ် “ဒီနေ့မနက်၊ ထိုက်ဖန်းတောင်မှာတုန်းက ကျွန်တော်တို့ အဖွဲ့နှစ်ဖွဲ့က မိစ္ဆာကျင့်ကြံသူ အဖွဲ့တစ်ခု နောက်ကို လိုက်နေတာ။ သူတို့ကို သတ်ပြီးသွားတာနဲ့ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တော့ စခန်းနဲ့ သိပ်မဝေးတော့တာကို တွေ့လိုက်ရတယ်။ အဲ့လိုနဲ့ ကျွန်တော်တို့လည်း သခင်လေးနဲ့ တွေ့စရာ မလိုတော့ဘူလို့ ထင်ပြီး စခန်းပြန်လာလိုက်တာ”

“မဟုတ်တုတ်ကတွေ” ဟူကျောင်းအာက ထအော်လိုက်တယ် “တိုက်ပွဲအစကတည်းက နင်တို့ဂိုဏ်းနှစ်ဂိုဏ်းစလုံးက လူတစ်ယောက်ကိုမှ ငါတို့ မတွေ့ခဲ့ဘူး။ ဘာ မိစ္ဆာကျင့်ကြံသူ အဖွဲ့တစ်ခုကို နောက်ကို လိုက်နေတာလဲ။ တိုက်ပွဲ မစခင်ကတည်း အားလုံး မသိအောင် စခန်းဆီ ခိုးပြီး ပြန်လာနေတာ အသိသာကြီးကို”

“ကျွန်တော် အမှန်ပြောတယ်လို့ ကျိန်ဆိုရဲပါတယ်။ သခင်လေး မယုံရင် စခန်းရဲ့ အနောက်ဘက် တစ်ဝိုက်ကို စစ်ဆေးကြည့်လို့ ရပါတယ်။ အဲ့မှာ အလောင်းလတ်လတ် ဆတ်ဆတ်ကြီးတွေ ရှိနေပါသေးတယ်”

ရှန်ချူက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “ငါကျိန်းသေ စစ်ဆေးကြည့်မယ်၊ မိစ္ဆာကျင့်ကြံသူ အဖွဲ့နောက်လိုက်တာကို ငါလက်ခံနိုင်တယ်။ ဒါပေမယ့် စခန်းဆီ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပြန်တာကတော့ မင်းတို့ရဲ့ အမှားပဲ။ ဒါကြောင့် ဒီအချက်ကို ငါလက်မခံနိုင်ဘူး၊ မင်းတို့မှာ ကန့်ကွက်စရာ ရှိလား”

“မရှိပါဘူး” ရှဲ့ရုန်နဲ့ လီဖူတို့ နှစ်ယောက်စလုံး တစ်ချိန်တည်းမှာပဲ ခေါင်းခါလိုက်ကြတယ်။

ဟူညီအစ်မ နှစ်ယောက်စလုံး ဒေါသကြောင့် အမောဆို့မတတ် ဖြစ်သွားခဲ့ရတယ်။ ရှန်ချူက မျှမျှတတနဲ့ စဉ်းစား ဆုံးဖြတ်နေတဲ့ ပုံပေါက်ပေမယ့် သူက အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော် သားတွေကို ဘက်လိုက်နေတာ အသိသာကြီးပါ။

“ဆက်ပြော” ရှန်ချူက အမိန့်ပေးလိုက်တယ်။

“ကျွန်တော်တို့နဲ့ အကြီးအကဲတွေ ပြန်ရောက်လာတော့၊ သခင်လေးဆီ ကျွန်တော်တို့ရဲ့ အဖွဲ့သား အနည်းငယ် လွှတ်ပြီး ပြေားခိုင်ဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် ထိုင်တောင် မထိုင်ရသေးခင်မှာပဲ မိစ္ဆာချီတွေ ပေါက်ကွဲထွက်လာတာကို ကျွန်တော်တို့ အားလုံး ခံစားမိလိုက်ကြတယ်”

“မိစ္ဆာချီတွေ ပေါက်ကွဲထွက်လာတာလား” ရှန်ချူက မျက်မှောင်ကြုံ့လိုက်တယ်။

“ဟုတ်တယ်၊ ကျွန်တော်တို့ အဲ့လို အရှိန်အဝါမျိုး တစ်ခါမှ မခံစားဖူးခဲ့ဘူး။ ကျွန်တော်တို့ စခန်းကို အားကောင်းတဲ့ နတ်ဆိုးတွေ ကျူးကျော်လာတယ်လို့ အကြီးအကဲတွေက ထင်မှတ်လိုက်ပြီး အဲ့နတ်ဆိုးကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ကို ဦးဆောင်ပြီး မိစ္ဆာချီတွေ ပေါက်ကွဲထွက်လာတဲ့ နေရာဆီ သွားလိုက်တယ်။ ဒါပေမယ့် အရှိန်အဝါရဲ့ အရင်းအမြစ်က တကယ်တော့… တကယ်တော့… “

“ဘာလဲ၊ ပြောစမ်း”

“သူပဲ”

“ဘယ်သူလဲ” ရှန်ချူက မေးလိုက်တယ်။

“ဟူညီအစ်မ နှစ်ယောက် ပြန်ခေါ်လာတဲ့ ထူးဆန်းတဲ့ လူပဲ” ရှဲ့ရုန်က ကြမ်းရှရှ လေသံနဲ့ ပြန်ပြောလိုက်တယ်။

ရှန်ချူက သူ့ကို ပြန်ပြုံးပြနေတဲ့ ရန်ကိုင်ကို လှမ်းကြည့်လိုက်တယ်။

ရန်ကိုင်ရဲ့ အပြုံးထဲ ယုံကြည်မှု အပြည့်ရှိနေတာကို မြင်လိုက်ရတဲ့အတွက် ရှန်ချူလည်း ဘာဆက်လုပ်ရမှန်း မသိ ဖြစ်သွားခဲ့တယ်။

“ပြီးတော့ကော” ရှန်ချူက ဂျူနီယာ နှစ်ယောက်ကို ပြန်လှည့်ကြည့်လိုက်ပြီး မေးလိုက်တယ်။

“အဲ့နောက်… အဲ့နောက်… အဲ့လူက ကျွန်တော်တို့ကို အရူးတစ်ယောက်လို တိုက်ခိုက်တော့တာပဲ။ အကြီးအကဲ နှစ်ယောက်လည်း သူ့ကို မတားနိုင်ခဲ့ဖူး။ ကျွန်တော်တို့ရဲ့ တပည့် တော်တော်များများ အသတ်ခံလိုက်ရပြီး အခြားတော်တော် များများကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ကြတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အကြီးအကဲ နှစ်ယောက်က သူတို့ကိုယ့်သူတို့ စတေးလိုက်ပြီး ကျွန်တော်တို့ကို ကယ်တင်ခဲ့တယ်”

ရှဲ့ရုန်က တုန်လှုပ်နေတဲ့ လေသံနဲ့ ပြန်ရှင်းပြလိုက်တယ်။ သူ့ကြည့်ရတာ သူ့ရဲ့ ဂိုဏ်းတူညီအစ်ကို၊ ညီအစ်မတွေ သေသွားခဲ့လို့ တော်တော်လေး ဝမ်းနည်း ကြေကွဲနေတဲ့ ပုံပါပဲ။ ပြောနေရင်းနဲ့ သူ့ရဲ့ အသက်ရှုသံတောင် မြန်ဆန်လာခဲ့ပြီး “ကျွန်တော်တို့ရဲ့ သေဆုံးသွားခဲ့တဲ့ ညီအစ်ကို၊ ညီအစ်မတွေနဲ့ အကြီးအကဲ နှစ်ယောက်အတွက် တရားမျှတမှု ရှာပေးဖို့ ဒီနိမ့်ကျတဲ့ လူက သခင်လေးရှန်ကို တောင်းဆိုပါတယ်”

လီဖူလည်း သူမရဲ့ မျက်ရည်တွေကို သုတ်ရင်း ငိုယိုပြီး ပြောလိုက်တယ် “သခင်လေးရှန်၊ ကျေးဇူးပြုပြီးတော့ ကျွန်မတို့အတွက် တရားမျှတမှုကို ရှာပေးပါ။ ကျွန်မတို့ ခံစားနေခဲ့ရတဲ့ အမုန်းတရားတွေအတွက် တရားမျှတမှု ရှာပေးဖို့ သခင်လေးရှန်ကို တောင်းဆိုပါတယ်”

ထိုနှစ်ယောက်ပြောတာကို နားထောင်ရင်း သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေ အံတင်းတင်း ကြိတ်လိုက်ကြပြီး သူ့ရင်ထဲ အမုန်းတရားတို့ လှိမ့်တက်လာခဲ့တယ်။

ရှန်ချူ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးမှ ပြန်ပြောလိုက်တယ် “မင်းတို့ နှစ်ယောက်၊ ထတော့”

“သခင်လေးသာ ကျွန်တော်တို့အတွက် တရားမျှတမှုကို မရှာဖွေပေးပဲ အဲ့နတ်ဆိုးကို မသတ်ပေးဘူးဆိုရင် ကျွန်တော်တို့တွေ ဒီနေရာမှာပဲ ထာဝရ ဒူးထောက်နေပါတော့မယ်” ရှဲ့ရုန်နဲ့ လီဖူတို့ နှစ်ယောက်စလုံး ခေါင်းငုံ့လိုက်ရင်း ပြောလိုက်တယ်။

ရှန်ချူရဲ့ မျက်နှာထက် မကျေနပ်သည့် အမူအရာတို့ ထွက်ပေါ်လာခဲ့ပြီး ပြောလိုက်တယ် “အားလုံးကို ရှင်းလင်းအောင် အရင်လုပ်ရဦးမယ်။ အခု မင်းတို့ ပြောခဲ့တာတွေ အားလုံးက မင်းတို့ရဲ့ တစ်ဖက်သတ် စကားတွေ ချည်းပဲလေ၊ အဲ့တော့ ဆက်ပြီး ဒူးထောက်နေလိုက်တော့”

ထို့နောက် ရန်ကိုင်ကို ပြုံးကာ ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ် “ဒီကမိတ်ဆွေ၊ မင်းတို့ရဲ့ အခြေအနေက သူတို့ရှင်းပြသလောက် မရိုးရှင်းဘူးနဲ့တူတယ်။ မင်းမှာ ပြောစရာ တစ်ခုခု ရှိရင် ဒီသခင်လေးကို ပြောလို့ရတယ်၊ ဒီသခင်လေး နားထောင်ပေးမယ်”

ဟူညီအစ်မ နှစ်ယောက်လည် ရန်ကိုင်ကို လှည့်ကြည့်လိုက်ကြတယ်။

ဒါပေမယ့် ရန်ကိုင်က ပုခုံးတွန့်ပြလိုက်ပြီး မထူးခြားနားသည့် ဟန်ဖြင့် ပြောလိုက်တယ် “ဘာမှ ပြောစရာ မရှိဘူး”

“ရန်ကိုင်” ဟူကျောင်းအာရဲ့ မျက်နှာလှလှလေး ရုတ်ချည်း ရှုံ့မဲ့သွားခဲ့ပြီး စိုးရိမ်တကြီးနဲ့ ရန်ကိုင် လက်မောင်းကို ဖမ်းဆွဲလိုက်တယ်။

ရှန်ချူလည်း အနည်းငယ် အံ့အားသင့်သွားခဲ့ရပြီး ရန်ကိုင်ကို ထူးထူးဆန်းဆန်းနဲ့ ကြည့်နေလိုက်တယ်။ ရန်ကိုင်က နည်းနည်းလေတောင် ပြန်မခုခံဘူးလို့ သူတကယ်ကို မထင်မှတ်ထားခဲ့ပါဘူး။

ရန်ကိုင်ရဲ့ တည်ငြိမ်ပြီး အထင်အမြင်သေးတဲ့ အကြည့်ကို မြင်လိုက်တာနဲ့ မကောင်းတဲ့ ခံစားချက်တစ်ခုခုကို ရှန်ချူ ခံစားလိုက်ရတယ်။

သူက ခုခံချေပသည့် စကားတစ်ခွန်းတောင် မပြောခဲ့သလို သူ့မျက်နှာထက် စိုးရိမ်ပူပန်နေသည့် အရိပ်အယောင် နည်းနည်းလေးမှလည်း မတွေ့ရပါဘူး။ သူ့ပုံစံအရတော့ အခုလို အစွပ်စွဲခံလိုက်ရလို့လည်း ကြောက်နေသည့် ပုံမပေါ်ပါဘူး။ သူက မောက်မာလွန်းနေတာပဲလား၊ ဒါမှမဟုတ် သူတို့မသိတဲ့ တစ်ခုခုကိုများ ဖုံးကွယ်ထားနေသေးတာလား။

“ရန်ကိုင်၊ နင်ပြန်ပြောရမယ်လေ၊ သူတို့က နင့်ကို စွပ်စွဲနေတာလေ။ အဲ့ဒါကို နင်က ဘာမှပြန်မပြောပဲ ဘာလို့ ဒီအတိုင်း ရပ်နေရတာလဲ” ဟူမေးအာက စိုးရိမ်စွာနဲ့ တောင်းဆိုလိုက်တယ်။

ဒါပေမယ့် ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးလိုက်ပြီး ပြန်ပြောလိုက်တယ် “သူတို့က ငါ့ကို အပြစ်ပေးဖို့ စဉ်းစားနေပြီးတာကို ငါက သွားပြောနေလို့လည်း ဘာထူးတော့မှာလဲ။ ဒါကြောင့် အလကားသက်သက် လေကုန်မခံတာ အကောင်းဆုံးပဲ”

ရန်ကိုင် ပြောတာကို ကြားလိုက်တာနဲ့ ဟူညီအစ်မ နှစ်ယောက်စလုံး အေးခဲသွားခဲ့ကာ ရန်ကိုင် ဘယ်လောက်ပဲ ပြန်ပြီး ငြင်းခုံ၊ ငြင်းဆန် နေပါစေ ၊ သူ့ရဲ့ ကြိုးစားအားထုတ်မှု အားလုံးပဲ အချည်းနှီးပဲ ဆိုတာကို ဟူညီအစ်မ နှစ်ယောက် ရုတ်တရက် နားလည်သွားလိုက်ကြတယ်။ သူ့ရဲ့ လက်ရှိပုံစံနဲ့ဆို သူ့ကို နတ်ဆိုးတစ်ကောင်လို့ နာမည်တပ်ခေါ်လို့ ရနေပါပြီ။

အခု သူတို့က တိမ်မိစ္ဆာနယ်မြေနဲ့ စစ်ဖြစ်နေတာလေ။ အဲ့တော့ ဒီမှာ ပေါ်လာတဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ကံကြမ္မာက ဘာဖြစ်မလဲ။ အားလုံးက သူ့ကို သတ်ဖြတ်ကြမှာ အသေအချာပါပဲ။ ဒါကြောင့် အလင်းမိုးကြိုးဂိုဏ်းနဲ့ သက်တန့်နန်းတော်က လူတွေက ရန်ကိုင်ကို အရင်စတိုက်ခဲ့တဲ့ လူတွေ ဖြစ်နေရင်‌တောင် ရန်ကိုင်က ပြန်ပြီး ခုခံငြင်းဆန်းနေလို့လည်း အပိုပပါဲ။

တရားမျှတမှုလား၊ တရားမျှတမှုအကြောင်း သွားပြောနေလို့လည်း အာပဲ ခြောက်သွားမှာပါ။

သူ့အမူအရာက တဖြည်းဖြည်း သုန်မှုန်သွားခဲ့ပြီး ရန်ကိုင်က လှောင်ပြောင်လိုက်တယ် “ငါက လူလား၊ မိစ္ဆာလား ဆိုတာက အပြင်လူတွေ ခွဲခြားဆုံးဖြတ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး”

ရန်ကိုင်ကို စိုက်ကြည့်နေတဲ့ ရှန်ချူရဲ့ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့တယ်။

အချိန်အတော် ကြာပြီးနောက် “ဒီက မိတ်ဆွေ ပြောချင်တာက ဒီသခင်လေးမှာ မင်းမှန်တာ၊ မှားတာကို ဆုံးဖြတ်ဖို့ အရည်အချင်း မရှိဘူးပေါ့၊ ဟုတ်လား”

“မင်းကိုယ်မင်း ထိုက်တန်တယ်လို့ ထင်နေတာလား” ရန်ကိုင်က မထူးခြားနားသည့် အမူအရာနဲ့ ပြန်ကြည့်လိုက်တယ်။

“ရဲတင်းလိုက်တာ” ဖန်လောင်က အော်ဟစ်လိုက်ပြီး “ရှန်မိသားစုက ပထမအဆင့် အင်အားစုပဲ၊ သခင်လေးကလည်း ဒီစခန်းကို အမိန့်ပေး အုပ်ချုပ်ခွင့် ရထားတဲ့လူ၊ အဲ့တာကို မင်းလို လမ်းဘေး ခွေးဝဲစား တစ်ကောင်က သခင်လေးမှာ အရည်အချင်း မရှိဘူးလို့ ပြောရဲသေးတယ်”

“ပထမအဆင့် အင်အားစု၊ အရမ်းကို အံ့ဩစရာ ကောင်းတယ်ပေါ့” ရန်ကိုင်က အရူးတစ်ယောက်လို ရယ်မောလုက်တယ်။

“မင်းက အခုလို ထင်မြင်နေမှတော့ ဒီသခင်လေးက မင်းကို ပထမအဆင့် အင်အားစု တစ်ခုရဲ့ စွမ်းအားကို နားလည်သွားအောင် လုပ်ပေးရမှာပေါ့” ရန်ကိုင်ရဲ့ စကားတွေကြောင့် ရှန်ချူလည်း ဒေါသထွက်လာခဲ့ပြီး အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ကာ “ဖန်လောင်၊ ရှုလောင်၊ ဒီနတ်ဆိုးကို ဖမ်းလိုက်”

“ဟုတ်ကဲ့ပါ” အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်နှစ်ယောက်လည်း စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်လိုက်ကြတယ်။

“နင်လုပ်ရဲတယ်လား” ဟူညီအစ်မ နှစ်ယောက်က ပျံသန်းသွားလိုက်ပြီး ရန်ကိုင် ရှေ့ကနေ ပိတ်ရပ်ထားလိုက်တယ်။

ရှန်ချူရဲ့ အမူအရာ သုန်မှုန်သွားခဲ့ပြီး မနာလိုသည့် အရိပ်အယောင် တစ်စွန်းတစ်စ သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့တယ်။ အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီးနောက် ပြောလိုက်တယ် “မိန်းမပျိုလေး နှစ်ယောက်တို့၊ နင်တို့ ဒဏ်ရာမရချင်ရင် ဘေးဖယ်နေပါ။ နင်တို့သာ ဒီအတိုင်း ဆက်လုပ်နေမယ် ဆိုရင် နင်တို့တွေက နတ်ဆိုးတွေနဲ့ အပေါင်းအပါတွေလို့ ယူပြီး နင်တို့ကိုပါ သူနဲ့တစ်ခါတည်း ဖမ်းလိုက်ရလိမ့်မယ်”

“ဘယ်လောက်တောင် သိက္ခာကြီးမားလိုက်လဲလို့” ကွမ့်ချီလဲ့ ရှေ့တစ်လှမ်းတိုးလိုက်ပြီး လှောင်ပြောင်လိုက်တယ် “သခင်လေးရှန်၊ ဒါက သခင်လေးတို့ ရှန်မိသားစုက အရေးကိစ္စတွေကို ဖြေရှင်းတဲ့ ပုံစံလား”

ရှန်ချူရဲ့ အမူအရာ သုန်မှုန်သွားခဲ့ပြီး “ဒါက ငါတို့ ရှန်မိသားစု အရေးကိစ္စတွေကို ဘယ်လို ဖြေရှင်းလဲ ဆိုတာပဲ။ ဒီနတ်ဆိုးကိုသာ အပြစ်မပေးရင် ငါတို့လူတွေ ဘယ်လိုလုပ်ပြီး စိတ်အေးအေးချမ်းချမ်းနဲ့ နေနိုင်ပါ့မလဲ”

Martial Peak

အပိုင်း (၃၆၀) မင်းသေချင်နေတာလား

မိုးကြိုးအလင်းဂိုဏ်းနှင့် သက်တန့်နန်းတော်က လူတွေရဲ့ အမူအရာက တော်တော်လေး ဆိုးရွားနေခဲ့ပါတယ်။ ဒါပေမယ့် ထိုစကားကို ကြားလိုက်တာနဲ့ သူတို့တွေ အကုန်လုံး စိတ်အား တက်ကြွလာခဲ့ကြတယ်။ ရှဲ့ရုန်နဲ့ လီဖူလည်း ဂုဏ်ယူစွာနဲ့ ခေါင်းလေးမော့လိုက်ပြီး ရန်ကိုင်အား မုန်းတီးမှုအပြည့်နဲ့ စိုက်ကြည့်လိုက်တယ်။

“ကောင်းတယ်၊ ကောင်းတယ်” အဝေးကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့တယ်။

ထိုမမျှော်လင့်ထားသည့် ပြောင်းလဲမှုက အားလုံးကို ကြောင်သွားစေခဲ့ပြီး လူတိုင်း အသံထွက်ပေါ်လာရာ နေရာဆီ လှမ်းကြည့်လိုက်ကြတယ်။

မီတာထောင်ကျော် အကွာအဝေး၌ သားရဲတစ်အုပ်က သူတို့ဆီ ဒုန်ဆိုင်း ပြေးလာနေခဲ့တယ်။

အဆင့်၃ဖြစ်တဲ့ တိမ်သွားမြင်းတွေက တိုက်ခိုက်တဲ့ နေရာမှာ အားမကောင်းပေမယ့် မြင့်မားတဲ့ ခံနိုင်ရည်နဲ့ အမြန်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ တိမ်သွားမြင်းတွေက အခြားသားရဲတွေ ရက်စက်တဲ့ ဗီဇ မရှိတဲ့အတွက် စီးတော်သားရဲအဖြစ် အသုံးပြုလေ့ ရှိကြပါတယ်။

တိမ်သွားမြင်းတွေက ကီလိုမီတာ ထောင်ပေါင်းများစွာကို တစ်ရက်အတွင်း သားလာနိုင်ပါတယ်။ တိမ်သွားမြင်းတွေထဲက အကောင်းဆုံး မြင်းတွေဆိုရင် ကီလိုမီတာ ၁၀၀၀၀ကိုတောင် တစ်ကြိမ်တည်းနဲ့ သွားလာနိုင်ပါတယ်။ ထိုအမြန်နှုန်းက အဆင့်နိမ့် အင်မော်တယ် တက်လှမ်ခြင်းအဆင့် ကျင့်ကြံသူ အချို့ရဲ့ အမြန်နှုန်းထက်တောင်မှ ပိုပြီး မြန်ဆန်နေပါသေးတယ်။ ပြီးတော့ အစစ်အမှန်ချီကိုလည်း အကုန်ခံနေစရာ မလိုဘူးလေ။

ထို့ကြောင့် အားကောင်းတဲ့ အင်အားစုတွေက သွားလာရေးအတွက် တိမ်သွားမြင်းတွေကို မွေးမြူထားလေ့ ရှိပါတယ်။ ဒါပေမယ့် တိမ်သွားမြင်း အရေအတွက်ကလည်း များများစားစား မရှိလှပါဘူး။ တစ်ကောင်ကို ငွေဒင်္ဂါး သောင်းပေါင်းများစွာ ထိုက်တန်တဲ့အတွက် ပထမအဆင့် အင်အားစုတွေနဲ့ မဟာအင်အားစု ကြီးတွေကလွဲလို့ အခြား အားနည်းတဲ့ အင်အားစုလေးတွေက ထိုကဲ့သို့ စီးတော်သားရဲ တွေကို မမွေးမြူနိုင်ကြပါဘူး။

ထပ်ပြောရမယ် ဆိုရင် တိမ်သွားမြင်းက အားကောင်းတဲ့ နောက်ခံကို ကိုယ်စားပြုနေခဲ့ပါတယ်။

အသစ်ရောက်လာတဲ့ လူ‌တွေက သူတို့နဲ့ မီတာသုံးဆယ် အကွာမှာ မတ်တပ်ရပ်လိုက်ကြတယ်။ သူတို့အဖွဲ့ကို ခေါင်းဆောင်လာတဲ့ လူရဲ့ အသက်က ရှန်ချူနဲ့ အတူတူလောက်ပါပဲ။ သူလည်း အားကောင်းတဲ့ အင်အားစုက လာတာပါ။ သူ့နောက်မှာတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇၊အဆင့်၈ ရှိတဲ့ ကျင့်ကြံသူ နှစ်ယောက်က သက်တော်စောင့် နှစ်ယောက်လို ရပ်နေခဲ့တယ်။

မီတာတစ်ထောင်လောက်ကို ဖြတ်သန်းလာခဲ့တာ တစ်ခဏလေးပဲ ကြာခဲ့ပါတယ်။

“လနည်းနည်းလောက် မတွေ့ရပြီးတာတောင် ညီအစ်ကိုရှန်ရဲ့ စရိုက်က အရင်အတိုင်းပါပဲလား” ခေါင်းဆောင်လူငယ်လေးက ရယ်မောလိုက်တယ်။ လူအုပ်ကြီး ရှေ့မှာတောင် တိမ်သွားမြင်းပေါ်ကနေ ဆင်းဖို့ မလုပ်ခဲ့ပါဘူး။ အဲ့အစား မြင်းပေါ်မှာ အခန့်သားနဲ့ ထိုင်နေလိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာနဲ့ အောက်က လူတွေကို ငုံ့ကြည့်လိုက်တယ်။ သူ့အကြည့်က ရန်ကိုင်ဆီ ရောက်သွားတဲ့ အခါမှာတော့ သူ့အမူအရာက လေးနက် တည်ကြည်သွားခဲ့တယ်။

ထိုကဲ့သို့ သိပ်သည်းလှတဲ့ မိစ္ဆာစွမ်းအင် ဆိုတာမျိုးက သူတို့ လျစ်လျူရှုနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။

ထုလူငယ်ခေါင်းဆောင်နောက်က အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်ကလည်း ရန်ကိုင်ကို အာရုံစိုက်ထားရင် သူတို့ရဲ့ အစစ်အမှန်ချီကို တိတ်တဆိတ် လှည့်ပတ်ထားလိုက်ကြတယ်။

“အဲ့ကောင်က နန်ရှန်းပဲ” ရန်ကိုင်က ဘာမှ သိလိမ့်မှာ မဟုတ်ဘူးဆိုတာကို သိထားတဲ့အတွက် ဖန်ဇီဂျိက သူ့ဆီ ခပ်မြန်မြန်လေး တိုးကပ်သွားလိုက်ပြီး ပြောလိုက်တယ် “သူက နန်မိသားစုရဲ့ သခင်လေးပဲ၊ သူတို့ နန်းမိသားစုကလည်း ပထမအဆင့် အင်အားစု တစ်ခုပဲ။ ပြောရရင် သူ့အဆင့်အတန်းက ရှန်ချူနဲ့ အတူတူပဲ။ နန်မိသားစုနဲ့ ရှန်မိသားစုက မိသားစုဝင်အချင်းချင်း လက်ထပ် မဟာမိတ်ပြုလာခဲ့ကြတာ မျိုးဆက်ပေါင်းများစွာ ရှိလာခဲ့ပြီ။ အဲ့ဒါကြောင့် သူတို့ မိသားစု နှစ်ခုကြားက ဆက်ဆံရေးက အရမ်းကောင်းတယ်။ သူ့ကိုလည်း သတိထားဦး၊ သူက ရှန်ချူကထက် ပိုပြီးမောက်မာသလို သူလုပ်ချင်တာကို ထင်ရာစိုင်း လုပ်မယ့် ကောင်မျိုး”

“အင်း” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။ ရှန်ချူက ဟန်ဆောင် အပြုံးကို ဆင်မြန်းရင်း မင်းကို အကွက်ချ ကြံစည်တတ်တဲ့ ကောက်ကျစ်တဲ့ လူစားမျိုးဆိုရင် ထိုနန်ရှန်းက သူလိုချင်တာကို တည့်တိုးပြောဆိုမယ့် လူစားမျိုးပါ။

ထိုလူငယ်ကို မြင်လိုက်တာနဲ့ ရှန်ချူရဲ့ သုန်မှုန်နေတဲ့ အမူအရာက တဖြည်းဖြည်း ပြေလျော့သွားခဲ့တယ်။ ထို့နောက် ရယ်မောလိုက်ရင်း လက်သီးဆုပ်လိုက်ပြီး “ညီအစ်ကိုနန်၊ မင်းဒီကို ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ။ မင်းက ဒီနေရာနဲ့ ကီလိုမီတာရာကျော်လောက် ဝေးတဲ့နေရာမှာ စခန်းချနေတာ မဟုတ်ဘူးလား”

ရှန်မိသားစုက ထိုက်ဖန်းတောင်ကို တာဝန်ယူထားရသလို နန်မိသားစု ထိုက်ဖန်းတောင်နဲ့ ကီလိုမီတာ ရာကျော် အကွာအဝေးမှာ ရှိတဲ့ စခန်းတစ်ခုကို တာဝန်ယူထားရတာပါ။

နန်ရှန်းက ပြုံးလိုက်ပြီး တိမ်သွားမြင်းပေါ်က ဆင်းလိုက်ကာ ပြောလိုက်တယ် “တိမ်မိစ္ဆာနယ်မြေနဲ့ ငါတို့ အပြင်ကမ္ဘာကြားက တိုက်ပွဲက လွန်ခဲ့တဲ့ ၂ရက်ကပဲ ပြီးဆုံးသွားခဲ့တာလေ။ ငါတို့တွေကို ပြန်လာလို့ ရပြီလို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ မိသားစုကြီး ရှစ်ခုက ကြေညာလိုက်တာ။ သွားနေရင်း ဒီနေရာမှာ တစ်ခုခု ထူးခြားနေလို့ ဆိုပြီး ဝင်ကြည့်လိုက်တယ်၊ အခုလို ပြပွဲကောင်းတစ်ခုကို ကြည့်ရလိမ့်မယ်လို့ တကယ်ကို မထင်ထားမိဘူး။ မင်းကကော ဘာလို့ မပြန်ရသေးတာလဲ”

ပြောနေရငးနဲ့ နန်ရှန်းက ရန်ကိုင်ကို အထက်အောက် စုံဆန် စစ်ဆေးကြည့်နေလိုက်တယ်။

ရှန်ချူမျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး ပြန်ပြောလိုက်တယ် “ဒီနေ့ပဲ ငါတို့ရဲ့ နောက်ဆုံးတာဝန်ကို ပြီးမြောက်ခဲ့တာလေ။ အစကတော့ ဒီသခင်းကောင်းကို အားလုံးကို ပြောမလို့ပဲ၊ ဒါပေမယ့် ဒီမှာ အခုလို တုန်လှုပ်စရာကောင်းတဲ့ အဖြစ်အပျက် တစ်ခု ဖြစ်ပွါးခဲ့လိမ့်မယ်လို့ ငါတကယ်ကို မထင်ထားမိခဲ့ဘူး၊ ဒါကြောင့် အဲ့ကိစ္စကို ငါမကြေညာရသေးတာပဲ”

ရုတ်တရက် သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေ အကုန်လုံး ရှန်ချူကို စိုက်ကြည့်လိုက်ကြတယ်။

တကယ်တိုက်ပွဲကြီးက လွန်ခဲ့တဲ့ ၂ရက်က ပြီးဆုံးသွားခဲ့ပါတယ်။

ထိုသတင်းကို နန်ရှန်းပြောလို့ မသိသွားခဲ့ရင် သူတို့အားလုံး သတင်းအမှောင်ပိတ်ထားခံရဦးမှဦပါ။

နန်ရှန်းပြောတာသာ အမှန်ဆိုရင် တိမ်မိစ္ဆာနယ်မြေက ကျင့်ကြံသူတွေက တိုက်ပွဲကြီးပြီးလို့ နှစ်ရက်ကြာမှာ သူတို့ကို ဘာလို့ လာတိုက်ရမှာလဲ။ ဘယ်လို ခေါင်းဆောင်ကများ အခုလို အကျိုးမရှိတဲ့ အလုပ်ကို လုပ်ပါ့မလဲ။

ဒါပေမယ့် အဲ့အချိန်မှာပဲ ရန်ကိုင်က ဒီမှာ ပြဿနာတစ်ခု ကြုံတွေ့ခဲ့၇တယ်။ အခြေအနေ အားလုံးက မြင်နိုင်တာထက် ပိုပြီး ရှုပ်ထွေးတယ် ဆိုတာကို အားလုံး သိလိုက်ကြတယ်။

ချက်ချင်းပဲ ထိုအဓိကအချက်တွေကို အားလုံး နားလည်သွားလိုက်ကြတယ်။

“ပြောင်းလဲမှုတွေလား…” လန်ရှန်းက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြုံ့ကာ ရန်ကိုင်ကို လှမ်းကြည့်လိုက်ရင်း မေးလိုက်တယ် “သူလား”

“အင်း” ရှန်ချူက ပြန်ဖြေလိုက်တယ်.

“နတ်ဆိုးတစ်ကောင်၊ ဟဲဟဲ… စိတ်ဝင်စားစရာပဲ” နန်ရှန်းက သူ့မေးစေ့ကို လက်တစ်ဖက်နဲ့ ကိုင်ရင်း ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်တယ် “ဒီနတ်ဆိုးဆီကနေ ထွက်ပေါ်နေတဲ့ မိစ္ဆာချီက အရမ်းကို သိပ်သည်းလွန်းတယ်။ သူလေ့ကျင့်ထားတဲ့ ကျင့်စဉ်က မရိုးရှင်းတဲ့ပုံပဲ”

“တကယ်ကို မရိုးရှင်းဘူး” ရှန်ချူက လေးနက်တဲ့လေသံနဲ့ အလျင်စလို ထောက်ခံလိုက်တယ်။

နန်ရှန်းလည်း အနည်းငယ် အံ့အားသင့်သွားခဲ့တယ်။ ရှန်ချူကို အခုလို လေးနက်တဲ့ အမူအရာနဲ့ တစ်ခါမှ သူမတွေ့ခဲ့ဖူးပါဘူး။ ထို့ကြောင့် သိချင်စိတ်ကို မထိန်းနိုင်တော့ပဲ မေးလိုက်တယ် “ဘယ်လို မရိုးရှင်းတာလဲ”

“ငါတို့ဘက်က အင်မော်တယ် တက်လှမ်းခြင်းအဆင့်၁ ကျင့်ကြံသူ နှစ်ယောက်က သူသတ်လို့ သေသွားခဲ့ပြီ”

“ဘယ်လို” လန်ရှန်းမျက်နှာ ဖြူလျော်သွားခဲ့သလို သူ့နောက်မှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်လည်း ထိတ်လန့်သွားခဲ့ကြတယ်။

“ညီအစ်ကိုရှန်၊ မင်းနောက်နေတာတော့ မဟုတ်ဘူးမလားဟင်” နန်ရှန်းက တစ်ခဏလောက် ကြောင်သွားခဲ့ပြီးနောက် ခေါင်းခါယမ်းလိုက်တယ်။ ရှန်ချူ ပြောခဲ့စကားကို သူမယုံတာ အသိသာကြီးပါ “သူက အစစ်အမှန်ဒြပ်စင်အဆင့်၆ ကျင့်ကြံသူပဲ ဖြစ်သေးတာလေ၊ ဘယ်လိုလုပ်ပြီး အင်မော်တယ် တက်လှမ်းခြင်းအဆင့်၁ ကျင့်ကြံသူ တစ်ယောက်ကို သတ်နိုင်မှာပဲ။ နှစ်ယောက်ဆိုရင်တော့ ပိုလို့တောင် ဝေးသေး”

“အလောင်းတွေက ဟိုမှာရှိနေတာကို ငါမင်းကို နောက်နေတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ တကယ်တော့ ဒီမှာရှိနေတဲ့ ကျင့်ကြံသူ အလောင်းတွေ အကုန်လုံးက သူသတ်လို့ သေသွားခဲ့တဲ့ လူတွေချည်းပဲ” ရှန်ချူက ခေါင်ခါယမ်းရင်း ပြောလိုက်တယ်။

နန်ရှန်းနောက်မှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်က ရှေ့တက်ပြီး တိုးတိုးလေး ပြောလိုက်တယ် “သခင်လေး၊ အဲ့လူကို အထင်သေးလို့ မရဘူး။ သူ့သွေးစွမ်းအားနဲ့ အရှိန်အဝါက အရမ်းကို သာမန်ကျင့်ကြံသူ တွေအထက် အများကြီး ပိုအားကောင်းနေတယ်။ ပြီးတော့ သူ့နောက်မှာ ရှိနေတဲ့ အနက်ရောင် နဂါးကလည်း ပုံမှန်မဟုတ်ဘူး”

သူ့ကိုယ်ရံတော်တွေ ဖြစ်တဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်တောင် အခုလို ပြောနေမှတော့ နန်ရှန်းလည်း ရန်ကိုင်ကို အထင်မသေးရဲတော့ပဲ တိုးတိုးလေး ပြန်မေးလိုက်တယ် “ငါသာ သူနဲ့ ရင်ဆိုင်မယ်ဆိုရင် အနိုင်ရနိုင်ချေ ဘယ်လောက် ရှိလဲ”

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်လည်း တိတ်ဆိတ်သွားခဲ့ပြီး ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့တယ်။

“ပြော”

“မရှိပါဘူး” အင်မော်တယ် တက်လှမ်ခြင်းအဆင့် ပညာရှင်က အံကြိတ်ပြီး ပြန်ပြောလိုက်တယ်။

နန်ရှန်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရန်ကိုင်ကို နောက်တစ်ကြိမ် သေချာ ပြန်ဆန်းစစ် ရပါတော့တယ်။ မိသားစုကြီး ရှစ်ခုက ဂျူနီယာတွေနဲ့ အင်အားစု အသီးသီးက အဓိက တပည့်တွေထဲမှာတောင် သူမနိုင်နိုင်တဲ့ ဆိုလိုလို့ နည်းနည်းလေးပဲ ရှိပါတယ်။ ဒါပေမယ့် ထိုရုတ်တရက်ကြီး ကောက်ပေါ်လာတဲ့ နတ်ဆိုးက သူ့ကို အပြည့်အဝ ဖိနှိပ်နိုင်နေခဲ့ပါတယ်။ ထိုနတ်ဆိုးကောင်းရဲ့ အရည်အချင်းနဲ့ ပါရမီက ထိုကောင်းချီးပေး ရွေးချယ်ခံ ဂျီနီးယပ်တွေနဲ့ အတူတူပဲလို့ ဆိုလိုနေတာ မဟုတ်ဘူးလား။

သူ့မျက်ဝန်းအစုံက မှေးကျဉ်သွားခဲ့ပြီး နန်ရှန်းက ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “ဒီလို အန္တရာယ်များတဲ့ လူတစ်ယောက်ကို ချက်ချင်း သတ်ပစ်သင့်တယ်၊ သူ့ကို အသက်ရှင်လျက် ထားတာက ငါတို့အတွက် ပြဿနာကို ပြုစုပျိုးထောင် ပေးနေတာနဲ့ အတူတူပဲ”

ရှန်ချူကလည်း ခေါင်းညိတ်လိုက်တယ် “ငါလည်း အဲ့လိုပဲ ထင်တယ်”

“အဲ့လိုဆိုရင် ဘာလို့ တုန့်ဆိုင်းနေသေးတာလဲ” နန်ရှန်း ဇဝေဇဝါ ဖြစ်သွားခဲ့တယ်။

ရှန်ချူက မဲ့ပြုံးပြုံးလိုက်တယ်။

နန်ရှန်းလည်း ဘေးဘီဝဲရာကို အခုမှပဲ သေချာ အကဲခတ် ကြည့်မိတော့တယ်။ ထို့နောက် အသာအယာလေး မျက်မှောင်ကြုံ့လိုက်ပြီး “အဲ့လူတွေက မင်းကို တားဆီးနေတာလား”

“အင်း၊ နည်းနည်း ရှုပ်ထွေးတယ်” ရှန်ချူက ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်တယ်။

“ဝင်ရှုပ်တဲ့ ဘယ်သူမဆို သေရမယ်” နန်ရှန်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ် “နတ်ဆိုးနဲ့ အတူပူးပေါင်း နေတယ် ဆိုတော့ သူတို့အားလုံးကို သတ်ပစ်လိုက်ရင်တောင် ငါတို့ကို ဘယ်သူမှ အပြစ်တင်မှာ မဟုတ်ဘူး”

သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေ အားလုံးရဲ့ မျက်နှာ အမူအရာ ဖြူလျော်သွားခဲ့ပြီး နန်ရှန်းကို သတိအပြည့်နဲ့ လှမ်းကြည့်လိုက်ကြတယ်။

ရှန်ချူရဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်နဲ့တင် သူ့တို့ကို ဖိနှိပ်လို့ ရနေတာကို အခု နန်ရှန်းက နောက်ထပ် အားကောင်းတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်နှစ်ယောက်ကို ထပ်ခေါ်လာခဲ့ပါတယ်။ တကယ်တမ်း တိုက်ခိုက်ကြမယ်ဆိုရင် သူတို့ထဲက ဘယ်သူမှ အသက်ရှင်နိုင်လိမ့်မှာ မဟုတ်ပါဘူး။

“ဂျူနီယာညီလေးရှန်၊ အခုလို အခြေအနေ မျိုးမှာတော့ မင်းဘာလို့ စိတ်ပျော့နေရသေးတာလဲ” နန်ရှန်းက ရှန်ချူကို ခေါင်းလေးစောင်ပြီး လှမ်းမေးလိုက်တယ်။ သူ့မျက်နှာထက်မှာ စိတ်ပျက်သည့် အမူအရာတို့ အထင်းအသားပါ။

ဒါပေမယ့် ရှန်ချူက မဲ့ပြုံးပြုံးလိုက်ပြီး “အချို့လူတွေကို… ငါမသတ်ရက်ဘူး”

ပြောပြီးတာနဲ့ သူ့အကြည့်က ဟူညီအစ်မ နှစ်ယောက်ဆီ ရောက်ရှိသွားခဲ့တယ်။

ရှန်မိသားစုနဲ့ နန်မိသားစုက မျိုးဆက်များစွာ ကြာအောင် မိသားစုဝင် အချင်းချင်း လက်ထပ်ပြီး ဆက်ဆံရေး တည်ဆောက်လာခဲ့ကြတာပါ။ ရှန်ချူနဲ့ နန်ရှန်းဆိုတာလည်း ငယ်ပေါင်းဖော်ကြီးတွေပါ။ သူတို့ နှစ်ယောက်က ညီအစ်ကိုတွေလိုပါပဲ။ ရှန်ချူရဲ့ အမူအရာကို ကြည့်လိုက်ရုံနဲ့တင် သူဘာတွေးနေလဲ ဆိုတာကို နန်ရှန်း ချက်ချင်းပဲ နားလည်လိုက်တယ်။

ရှန်ချူရဲ့ စရိုက်နဲ့ နည်းလမ်းတွေကို နန်ရှန်း သတိပြုမိပါတယ်။ ထို့ကြောင့် နည်းနည်းလေး စဉ်းစားလိုက်ရုံနဲ့တင် ရှန်ချူ ဘာကိုဆိုလိုတာလဲ ဆိုတာကို သူချက်ချင်းပဲ နားလည်လိုက်တယ်။

အချို့စကားလုံးတွေက ရှန်ချူအတွက် ပြောဖို့ မသင့်တော်ပေမယ့် နန်ရှန်းကတော့ သူဘာပြောချင်လဲ ဆိုတာကို နားလည်နိုင်ပါတယ်။

ငါက ဒီနေရာကို ဖြတ်သွားရင်းနဲ့ သူ့ကို ဝင်တွေ့ဖို့ပဲ စီစဉ်ထားတာ၊ ငါ့လခွမ်း သူ့အစီအစဉ်တွေထဲ ဝင်ပါရလိမ့်မယ်လို့ ထင်ကို မထင်ထားဘူး။ အိမ်မှာ သူ့ကို စောင့်နေတဲ့ ဇနီးတွေ ရှိနေတာကိုတောင် ဒီကောင်စုတ်လေးက အခုထိ မကျေနပ်နိုင်သေးဘူး နန်ရှန်း စိတ်ဓါတ်ကျသလို ခံစားလိုက်ရတယ်။

ဒါပေမယ့် ထိုညီအစ်မ နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ဟိုသူတောင်းစားက ထိုနှစ်ယောက်ကို ဘာလို့ ဒီလောက် နှစ်သက်မြတ်နိုး နေရလဲဆိုတာကို သူနားလည်သွားခဲ့တယ်။

နန်ရှန်း ဆိုတာ ချိုချိုသာသာ သိမ်သိမ်မွေ့မွေ့နဲ့ ပြောတတ်တဲ့ လူမျိုး မဟုတ်ပါဘူး။ သူလိုချင်တာကို အတင်းအကြပ် ရယူတတ်တဲ့ လူစားမျိုးပါ။ ထို့ကြောင့် ရှန်ချူက ထိုညီအစ်မ နှစ်ယောက်ကို နှစ်သက်နေတယ်ဆိုတာကို သိလိုက်တာနဲ့ ဟူညီအစ် နှစ်ယောက်ကို လက်ညိုးထိုးလိုက်ပြီး “မိန်းမပျိုးလေး နှစ်ယောက်၊ နင်တို့ သေချင်လား”

ဟူကျောင်းအာက ပြန်ပြီး လှောင်ပြောင်လိုက်တယ် “အသက်သာ ရှင်နိုင်မယ်ဆိုရင် ဘယ်သူက သေချင်မှာလဲ”

“ကောင်းတယ်၊ အဲ့ဒါဆို ဘေးဖယ်နေလိုက်၊ ဒီကိစ္စက နင်တို့နဲ့ ဘာမှ မဆိုင်ဘူး။ ငါတို့လုပ်ချင်တာက နင်တို့ဘေးမှာ ရှိနေတဲ့ သူတောင်းစားကို သတ်ချင်တာပဲ” နန်ရှန်းက ထိုညီအစ်မ နှစ်ယောက်ရဲ့ အထင်အမြင်ကို နည်းနည်းလေးတောင် မမေးမြန်းပဲ တန်းအမိန့်ပေးလိုက်တယ်။

ဟူညီအစ်မနှစ်ယောက်က ခေါင်းခါယမ်းလိုက်ပြီး ရန်ကိုင်ဘေးမှာသာ ဆက်ပြီး မတ်တပ်ရပ်နေလိုက်တယ်။

ထိုညီအစ်မ နှစ်ယောက်ရဲ့ အပြုအမူကို မြင်လိုက်တာနဲ့ နန်ရှန်းလည်း ကြောင်သွားခဲ့ရတယ်။ ထို့နောက် သူ့ခေါင်းထဲ အထွန့်တက်သံတို့ စည်ဝေသွားခဲ့တယ် ငိုးမရှန်ချူ၊ အဲ့မိန်းကလေး နှစ်ယောက်မှာ ချစ်ရတဲ့သူ ရှိနေပြီးသွားပဲ၊ မင်းက သူများမိန်းကလေးကို သွားဖြတ်လုချင်နေတာကိုး၊ အခုလိုမျိုး ဖြစ်လာရတာလည်း မဆန်းပါဘူး

ငါသိသွားပြီ

နန်ရှန်းလည်း အားလုံး နားလည်သွားခဲ့လေပြီ။ သူရှေ့ ဒရမ်မာဆန်ဆန် ပြဇာတ်ရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို သူတဖြည်းဖြည်းနဲ့ သိနားလည်လာခဲ့ပါြပီ။

ထိုနှစ်ယောက်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် နန်ရှန်းက ရုတ်တရက် ကောက်မေးလိုက်တယ် “သူ့အသက်ကို ကာကွယ်ပေးချင်လား”

ဟူညီအစ်မ နှစ်ယောက်စလုံး အခုလို စိုက်ကြည့်ခံနေရတာကို သဘောမကျပေမယ့် ခေါင်းတော့ ညိတ်လိုက်ပါတယ်။

“ကောင်းပြီလေ” နန်ရှန်းက ရယ်မောလိုက်ပြီး “နင်တို့ နှစ်ယောက် ညီအစ်ကိုရှန်ကို လက်ထပ်လိုက်၊ အဲ့လိုဆိုရင် သူ့အသက် ရှင်စေရမယ်လို့ ငါအာမခံပေးမယ်”

သူ့ပါးစပ်ထဲက ထိုစကား ထွက်သွားတာနဲ့ အားလုံး ထိတ်လန့် သွားခဲ့ကြတယ်။

ရှန်ချူက ချက်ချင်းပဲ သုတ်သီးသုတ်ပြာနဲ့ ငြင်းဆန်လိုက်တယ် “ညီအစ်ကိုနန်၊ မင်းအဲ့လိုလုပ်လို့ မရဘူး။ အဲ့မိန်းကလေး နှစ်ယောက်ကို ငါနှစ်သက်တယ် ဆိုတာ မှန်တယ်၊ ဒါပေမယ့် ဒီနတ်ဆိုးကိုတော့ ကျိန်သေး သတ်ကို သတ်ပစ်ရမယ်၊ အဓိကနဲ့ သာမနကို ရှုပ်ထွေးသွားစေလို့ မဖြစ်ဘူးလေ”

နန်ရှန်းက နှာခေါင်းရှုံ့လိုက်ပြီး “ဘာမှားနေလို့လဲ။ ဒီမှာ မင်းက ဆုံးဖြတ်ချက် ချနေတဲ့လူ၊ မင်းဆုံးဖြတ်ချက်အတိုင်း အားလုံးက လုပ်ရမှာ။ ငါကပါ မင်းကို ထောက်ခံပေးလိုက်မယ်ဆိုရင် ဘယ်သူက ဝင်ပြီး ကန့်ကွက်ပေးဦးမှာလဲ”

ထို့နောက် ဟူညီအစ်မ နှစ်ယောက်ကို ပြန်လှည့်ကြည့်လိုက်ပြီး “မိန်းမပျိုလေး နှစ်ယောက်ကော ဘယ်လို ထင်လဲ”

“အိမ်မက်သာ မက်နေလိုက်” ဟူကျောင်းအာက လျင်လျင်မြန်မြန်နဲ့ ခပ်ပြတ်ပြတ်ပဲ ငြင်းဆန်လိုက်တယ်။

နန်ရှန်းမျက်နှာ သုန်မှုန်သွားခဲ့ပြီး သူ့အကြည့်ကလည်း အနည်းငယ် အေးစက်လာခဲ့ကာ အထင်အမြင် သေးစွာနဲ့ လှောင်ပြောင် ပြောဆိုလိုက်တယ် “နင်တို့နှစ်ယောက် ဒုတိယအဆင့် အင်အားစုတစ်ခုရဲ့ တပည့် သာသာပဲ မလား။ ငါ့ရဲ့ ညီအစ်ကိုရှန်က ပထမအဆင့် အင်အားစုမှာ မွေးဖွားလာတာ။ ပြီးတော့ သူက မိသားစုခေါင်းဆောင် ဖြစ်လာလို့ အလားအလာ အများဆုံးသူဆိုလည်း ဟုတ်တယ်။ အရည်အချင်း၊ အဆင့်အတန်း၊ ခွန်အား အားလုံးက ပြီးပြည့်စုံနေတာကို နင်တို့ သူ့ကို လက်ထပ်လိုက်လို့ ဘာအကျိုးယုတ်သွားမှာ မို့လို့လဲ။ ဒါပေမယ့် နင်တို့ကတော့ သာမန် ကျင့်ကြံသူတွေပဲ။ နင်တို့ နှစ်ယောက်စလုံးကလည်း အနှေးနဲ့ အမြန် လက်ထပ်ရတော့မယ့် လူတွေပဲလေ။ အခု ပထမအဆင့် အင်အားစု တစ်ခုရဲ့ သခင်လေးက နင့်တို့ကို နှစ်သက်နေတယ်။ ငါကြည့်ရသလောက်ကတော့ သူနင်တို့ကို ကြိုက်နှစ်သက် တာကတောင် နင်တို့ရဲ့ ကံကောင်းမှုလို့ ပြောလို့ ရနေပြီ”

ဒါပေမယ့် ဟူညီအစ်မ နှစ်ယောက်ရဲ့ မျက်နှာ အမူအရာကတော့ နည်းနည်းလေးတောင် ပြောင်းလဲ မသွားခဲ့ပါဘူး။

“ငါနောက်တစ်ကြိမ် ထပ်ပြောမယ်၊ နင်တို့နှစ်ယောက် ညီအစ်ကိုရှန်ကို လက်ထပ်ရင် လက်ထပ် ၊ လက်မထပ်ရင် သူသေရမယ်။ ဘယ်လိုလဲ နင်တို့ ကြိုက်တာရွေး” နန်ရှန်းက ဟူညီအစ်မ နှစ်ယောက်ကို ရွေးချယ်ခွင့်၊ ဈေးဆစ်ခွင့် နည်းနည်းလေးတောင် မပေးပဲ အထက်စီး လေသံနဲ့ ပြောလိုက်တယ်။ ပြီးတာနဲ့ လှောင်ပြုံးပြုံးရင်း ဆက်ပြောလိုက်ပါသေးတယ် “နင်တို့ကို အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးမယ်။ အဲ့အချိန် ကုန်သွားလို့ နင်တို့ မဆုံးဖြတ်ရ သေးဘူဆိုရင် ငါကလည်း ကြင်နာနေတော့မှာ မဟုတ်ဘူး။ မကျေနပ်တာ၊ ဒါမှမဟုတ် ကန့်ကွက်ချင်တဲ့လူ ရှိရင် ရှေ့ထွက်လာလို့ ရတယ်။ ဒါပေမယ့် နေရာမှာပဲ ချက်ချင်း တန်းသတ်ပစ်ခံရမယ်”

ပြောပြီးတာနဲ့ ရှန်ချူဘေးမှာ သွားရပ်နေလိုက်ပြီး မောက်မာစွာနဲ့ လူအုပ်ကြီးကို ကြည့်လိုက်တယ်။

အစကနေ အဆုံးထ ရှန်ချူက စကားလေး တစ်ခွန်းတောင် ဝင်မပြောခဲ့ပါဘူး။ ပြီးတော့ ဝင်လည်း မပြောနိုင်ဘူးလေ။

အားလုံးက အခုအခြေအနေထိ ဖြစ်လာခဲ့လေပြီ။ ဟူညီအစ်မ နှစ်ယောက်လည်း အခြေအနေကို နားမလည်နိုင် လောက်တဲ့အထိ ထုံအမနေပါဘူး။

“ဟန့်၊ ဒါတွေအားလုံးက နင့်ရဲ့ အကြံအစည်တွေပဲ မလား” ဟူကျောင်းအာက ရှန်ချူကို လှမ်းကြည့်လိုက်ပြီး “နင်က ရန်ကိုင်ကို အခုလိုမျိုး ဖြစ်အောင်လုပ်၊ ပြီးရင် သူ့ကို အသုံးချပြီး ငါ့ကို ခြိမ်းခြောက်ဖို့ စီစဉ်ထားတာမလား”

ရှန်ချူက မထူးခြားနားသည့် အမူအရာနဲ့ “ကျောင်းအာ၊ နင်အဲ့လိုမျိုး ထင်နေတယ် ဆိုရင်တော့ နင့်ငါ့ကို နားလည်မှုကြီး အကြီးကြီး လွဲနေတာပဲ”

နန်ရှန်း မျက်ခွံလှန်လိုက်မိတယ်။ ထိုကောင်စုတ်က အခုလို အချိန်မျိုးမှာတောင် သူတော်ကောင်းယောင် ဆောင်ချင်နေပါသေးတယ်။ သူသာ တိုက်ရိုက် ချည်းကပ်လိုက်မယ် ဆိုရင် ထိုမိန်းကလေး နှစ်ယောက်လည်း ဘာမှ ပြောနိုင်မှာ မဟုတ်ပါဘူး။

အဆင့်အင်အားစုက မိန်းကလေး တပည့် နှစ်ယောက် အနေနဲ့ သူတို့ ဆန္ဒမရှိရင်တောင် ဒီအခြေအနေတွေကို ပြောင်းလဲသွားအောင် ဘာလုပ်နိုင်မှာ မို့လို့လဲ။

“ငါနားလည်မှု လွဲလွဲ၊ မလွဲလွဲ၊ နင့်ငါ့ထက် ပိုသိပါတယ်” ဟူကျောင်းအာက အထင်အမြင် သေးစွာနဲ့ လှောင်ပြောင်လိုက်တယ်။

All Chapters