← Chapters

အခန်း (၃၆၆-၃၇၀)

Vol. 15 Ch. 366-370

အခန်း (၃၆၆-၃၇၀)

Vol. 15 Ch. 366-370

အပိုင်း (၃၆၆) ရည်ရွယ်ချက် တစ်ခုခု

နေ့တစ်ဝက် ကြာပြီးနောက် တံခါးပိတ် လေ့ကျင့်နေရာကနေ ရန်ကိုင် ထွက်လာခဲ့တယ်။

တုဖုန်းနဲ့ တန်ယုရှန်းလည်း ရန်ကိုင်ကို အလျင်စလို စစ်ဆေးကြည့်လိုက်တယ်။ ရန်ကိုင် အစစ်အမှန် ဒြပ်စင်အဆင့်၇ကို ချိုးဖျက်သွားပြီဆိုတာကို နှစ်ယောက်စလုံး သိလိုက်ကြတယ်။

သွေးစစ်သည်တော် နှစ်ယောက်စလုံး တိတ်တဆိတ်နဲ့ ခေါင်းညိတ်လိုက်တယ်။ တိုက်ပွဲပြီးပြီးချင်း အခုလိုမျိုး အဆင့်ချိုးဖျက် နိုင်တဲ့အတွက် သူတို့ နှစ်ယောက်စလုံး ရန်ကိုင်ကို တော်တော်လေး အထင်ကြီသွားခဲ့တယ်။ ထိုသခင်ငယ်လေး ဆိုသူရဲ့ ပါရမီက တော်တော်လေး မြင့်မားတဲ့ ပုံပါပဲ။

သူတို့အတွက် ထူးဆန်းနေတာက ရန်ကိုင်က ရန်မိသားစုမှာ နေခဲ့တဲ့ ဆယ်နှစ်လုံး သာမန်လူတစ်ယောက်နဲ့ မထူးခြားနားခဲ့ပါဘူး။ ဒါပေမယ့် မိသားစုကနေ ထွက်ခွါပြီး ငါးနှစ်ပဲ ကြာပါသေးတယ်၊ အစစ်အမှန် ဒြပ်စင်အဆင့်၇ကို ရောက်ရှိနေခဲ့ပါပြီ။ အခုလို အချိန်တိုအတွင်း သူ့ကျင့်ကြံခြင်းအဆင့် တစ်ဟုန်းထိုး တိုးတက်လာရလောက်အောင် သူဘာတွေများ ကြုံတွေ့ခဲ့တာလဲ။

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ရန်ကိုင်ကို တိတ်တဆိတ်နဲ့ ငေးကြည့်နေခဲ့ကြတယ်။ သူတို့ တွေက ရန်ကိုင် တစ်ခုခု ပြောမှာကို စောင့်နေတဲ့ ပုံပါပဲ။

“ရန်မိသားစုထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ. ဘာလို့ ကျုပ်တို့ကို ဒီလောက် အစောကြီး ပြန်ခေါ်ရတာလဲ” ရန်ကိုင်က မျက်မှောင်ကြုံပြီး ထိုနှစ်ယောက်ကို မေးလိုက်တယ်။

တုဖုန်းရဲ့ မျက်နှာက ချက်ချင်းဆိုသလို သုန်မှုန်သွားခဲ့ပြီး ပြန်ပြောလိုက်တယ် “မိသားစုခေါင်းဆောင် ဒဏ်ရာရနေလို့ပါ။ တိမ်မိစ္ဆာနယ်မြေနဲ့ တိုက်ပွဲမှာတုန်းက မိသားစုခေါင်းဆောင်က ဦးဆောင်ပြီး တိုက်ခိုက်ခဲ့တာ။ အဲ့တိုက်မှာပဲ ယင်တစ္ဆေဘုရင်နဲ့ အဆိပ်ဘုရင်တို့ ပူးပေါင်းတိုက်ခိုက်တာကို ခံလိုက်ရပြီး ဒဏ်ရာရလာခဲ့တာ။ ကုသမှု ခံယူထားလို့ အသက်န္တရာယ် မရှိသေးပေမယ့် အခြေအနေက အကောင်းဘက်မှာ ရှိမနေဘူးတဲ့။ ဒါကြောင့် ဖြစ်နိုင်ရင် နောက်မိသားစု ခေါင်းဆောင် တစ်ယောက်ကို တတ်နိုင်သမျှ မြန်မြန် ရွေးထားဖို့ လိုတယ်လို့ အကြီးအကဲတွေက ပြောတယ်”

“မိသားစု ခေါင်းဆောင် ဒဏ်ရာရသွားတာလား” ရန်ကိုင်က တုဖုန်းကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်တယ်။

သူ့မှတ်ဉာဏ်အရဆို ရန်မိသားစုရဲ့ လက်ရှိခေါင်းဆောင်က ရန်ကိုင်က ဦးလေးကြီးဖြစ်တဲ့ ရန်ရင်ဟောင်ပါ။ သူ့ရဲ့ ခွန်အားကလည်း မနိမ့်ကျပါဘူး။ သူ့လိုလူတွေတောင် ထိုပြင်းထန်တဲ့ တိုက်ပွဲကြီးထဲမှာ ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာကလည်း တော်တော်လေး ပြင်းထန်တဲ့ ပုံပါပဲ။ မဟုတ်ရင် ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေကို အမွေခံတိုက်ပွဲအတွက် ဒီလောက် အဆောတလျင် ပြန်ခေါ်စရာ မလိုပါဘူး။

“အင်း၊ ကျုပ်နားလည်ပြီ” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။

ရန်မိသားစု ဘယ်လိုလည်ပတ် အလုပ်လုပ်နေလဲ ဆိုတဲ့အပိုင်းကို ရန်ကိုင်လည်း အရမ်းကြီး နားမလည်ထားပါဘူး။ သူဘယ်တုန်းကမှ နှုတ်မဆက်ဖူးတဲ့ သူ့ရဲ့ ဦးလေးအများကြီးလည်း ရှိပါသေးတယ်။ သူ့မိဘတွေကလွဲပြီး ကျန်တဲ့ ရန်မိသားစုဝင်တွေက သူနဲ့ တစိမ်းလိုပါပဲ။

တကယ်တော့ ဒါကလည်း ရန်မိသားစုဝင်တွေရဲ့ သဘာဝပါပဲ။

ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တိုင်းက ပြင်ပကမ္ဘာ၌ ဆယ်နှစ်ကြာ အတွေ့အကြုံ ရှာဖို့အတွက် မိသားစုကနေ စေလွှတ်ခြင်း ခံခဲ့ရပါတယ်။ ပြန်ရောက်တော့လည်း သူတို့ စည်းရုံးလာခဲ့တဲ့ လူတွေနဲ့ အမွေခံတိုက်ပွဲကို ဆင်နွဲရပြန်ပါတယ်။ ထို့ကြောင့် ထိတွေ့ဆက်ဆံမှု နည်းပါးသည့်အပြင် ရက်စက်ပြင်းထန်တဲ့ ပြိုင်ပွဲကြောင့် ရန်မိသားစုဝင်တွေကြားက ဆက်ဆံရေးက အခြားမိသားစုဝင်တွေလောက် မခိုင်မြဲကြပါဘူး။

ရန်ကိုင်ရဲ့ တုံးတိတိ လေသံကိုး ကြားလိုက်ရလို့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး မအံ့ဩခဲ့ကြပါဘူး။ သူတို့ နှစ်ယောက်စလုံးက ရန်မိသားစုထဲမှာပဲ ကြီးပြင်းလာခဲ့တာပါ။ ထို့ကြောင့် ရန်မိသားစုဝင်တွေရဲ့ စရိုက်ကို သူတို့ ကောင်းကောင်း သိနားလည်ထားပါတယ်။

“သခင်ငယ်လေး” တုဖုန်းက တည်ငြိမ်စွာနဲ့ မေးလိုက်တယ် “ဘာမှ မရှိတော့ရင် ရန်မိသားစုဆီ အရင်ပြန်ကြမလား”

တစ်ခဏလောက် မျက်မှောင်ကြုံ့ကာ စဉ်းစားလိုက်ပြီးနောက် ရန်ကိုင်က ပြန်ပြောလိုက်တယ် “ကျုပ်တို့ ဘယ်နေ့ပြန်ရောက်ရမယ် ဆိုတာမျိုး သတ်မှတ်ထားတာ ရှိလား”

“မရှိပါဘူး” တုဖုန်းက ဖြေးဖြေးချင်း ခေါင်းခါလိုက်တယ်။

“သခင်လေးတွေထဲမှာ သခင်ငယ်လေးက ပထမဆုံး ရှာတွေ့တဲ့ သခင်လေး ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ ရွှေရောင်ငွေသွေးသိမ်းငှက် တွေကို လွှတ်လိုက်တာ ၂ရက်ပြ ရှိသေးတယ်။ ယုရှန်းနဲ့ ကျုပ်က သခင်လေးကို ဒီလောက် မြန်မြန်တွေ့သွားတာ ကံကောင်းတယ်လို့ပဲ ပြောရမယ်။ ကျန်တဲ့သူတွေကတော့ အခုအချိန်ထိ ရွှေရောင်ငွေသွေး သိမ်းငှက်နောက်ပဲ လိုက်နေရဦးမယ်နဲ့တူတယ်”

“အကောင်းဆုံးပဲ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်တယ်။

“တစ်ခုခုရှိသေးလို့လား၊ သခင်ငယ်လေး”

“အင်း၊ ဂိုဏ်းဆီ အရင်ပြန်သွားချင်တယ်” ရန်ကိုင်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်တယ်။

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် အံ့အားသင့်စွာနဲ့ ကြည့်လိုက်မိကြတယ်။

ဥဩငှက် ရန်မိသားစုက သူတို့မျိုးဆက်တွေကို အခြားသူတွေရဲ့ အကူအညီကို သုံးပြီး ပြုစုပျိုးထောင်ကြတဲ့အတွက် ဒီကမ္ဘာကြီးထဲမှာ တော်တော်လေး နာမည်ကျော်ကြားပါတယ်။ ပုံမှန်ဆိုရင် ရန်မိသားစုဝင်တွေက ဆယ်နှစ်ပြည့်တာနဲ့ ဂိုဏ်းဆီကနေ အကြီးအကဲတွေ၊ ဂိုဏ်းတူညီအစ်ကို၊ ညီအစ်မတွေ မသိအောင် လစ်ထွက်လာတာကြတာပါ။

တကယ်တော့ နှစ်ပေါင်းများစွာ အတူတူ ပေါင်းသင်း ဆက်ဆံလာခဲ့ရတော့ နှလုံးသား အေးစက်တဲ့ ရန်မိသားစုဝင်တွေတောင် သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ခင်မင်ရင်းနှီးစိတ်တွေ ဖြစ်တည်လာတတ်ပါတယ်။ ထို့ကြောင့် သူတို့ရဲ့ ဂိုဏ်းသားတွေကို လှည့်စားခဲ့တဲ့ လုပ်ရပ်က သူတို့ကို မသက်မသာ ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့် အခုတော့ ရန်မိသားစု သခင်လေးတွေထဲက တစ်ယောက်က ဂိုဏ်းကနေ ခိုးထွက်ဖို့ မကြိုးစားရုံမက ဂိုဏ်းဆီတောင် ပြန်ဖို့ ကြိုးစားနေပါသေးတယ်။ ဒါက တကယ်ကို စိတ်ဝင်စားစရာပါပဲ။

တစ်ခုတည်းသော မေးခွန်းက ဂိုဏ်းဆီ ရောက်တာနဲ့ ဂိုဏ်းက အကြီးအကဲတွေနဲ့ သူ့မိတ်ဆွေတွေကို ဘယ်လို ရှင်းပြမလဲ ဆိုတာကိုပါပဲ။

တန်ယုရှန်းက ရုတ်တရက်ကြီး စိုးရိမ်စိတ် ဝင်လာခဲ့ကာ “သခင်ငယ်လေးရဲ့ ဂိုဏ်းနာမည်က ဘာလဲ”

ရန်ကိုင်က ရယ်မောလိုက်ပြီး သူမကို လှမ်းကြည့်လိုက်တယ်။

“မပြောတာ ပိုကောင်းပါလိမ့်မယ်”

တန်ယုရှန်လည်း တစ်ခဏလောက် ကြောင်သွားခဲ့တယ်။ ရန်ကိုင် ဘာကို ဆိုလိုချင်တာမှန်း သူမ နားမလည်ခဲ့ပါဘူး။

ဒါပေမယ့် သွေးစစ်သည်တော် တစ်ယောက်အနေနဲ့ ထပ်ပြီး မေးလို့ မကောင်းမှန်း သိတဲ့အတွက် သူမလည်း ရန်ကိုင်ကို ဆက်မေးမနေတော့ပါဘူး။ ဒါပေမယ့် သူမတို့ရဲ့ သခင်ငယ်လေးမှာလည်း သူပြဿနာနဲ့ သူရှိနေတယ် ဆိုတာကို သူမသတိ ပြုမိလိုက်တယ်။

“သွားကြစို့” ရန်ကိုင်က တိမ်သွားမြင်း သုံးကောင်ကို လှမ်းကြည့်လိုက်ပြီး သွေးစစ်သည်တော် နှစ်ယောက်ကို ပြောလိုက်တယ်။

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကာ တိမ်သွားမြင်းတွေဆီ ပျံသန်းသွားလိုက်ကြတယ်။

အင်မော်တယ် တက်လှမ်းခြင်းအဆင့်တွေက မယုံနိုင်စရာ အမြန်းနှုန်းနဲ့ ကောင်းကင်ထက် ပျံသန်းသွားနိုင်တယ် ဆိုပေမယ့် သူတို့မှာ တိမ်သွားမြင်းတွေ ရှိနေမှတော့ အစစ်အမှန်ချီ အကုန်ခံပြီး ဘာလို့ ပျံသန်းနေရဦးမှာလဲ။

တိမ်သွားမြင်း သုံးကောင်က လျင်မြန်လှတဲ့ အမြန်နှုန်းနဲ့ ပြေးလွှားနေခဲ့တယ်။ ရွှေရောင်ငွေသွေး သိမ်းငှက်ကတော့ ကောင်းကင်ကနေ ပျံသန်းလိုက်ပါလာခဲ့ပြီး တစ်ခါတစ်ရံ အော်ဟစ်နေတတ်ပါတယ်။

ဒီနေကနေ ကောင်းကင်စံအိမ်ထိဆိ ကီလိုမီတာ ၁၀၀၀၀လောက် ကွာဝေးပါတယ်။ ထို့ကြောင့် တိမ်သွားမြင်းတွေကို အမြန်နှုန်းအပြည့်နဲ့ စီးနင်းသွားမယ် ဆိုရင်တောင် ကောင်းကင်စံအိမ်ကို ရောက်ဖို့ နှစ်ရက်၊ သုံးရက်လောက် ကြာပါလိမ့်မယ်။

ဒါပေမယ့် ရန်ကိုင်က အမြန်နှုန်းအပြည့်နဲ့ စီးနင်းမသွားခဲ့ပဲ သာမန်နှုန်းထားနဲ့သာ သွားလာနေခဲ့တယ်။

ရန်မိသားစုရဲ့ မပြောထားတဲ့ စည်းမျဉ်းတွေ အကြောင်းကို တုဖုန်းနဲ့ တန်ယုရှန်းတောင် သိထားမှတော့ ရန်ကိုင်လည်း ထိုစည်းမျဉ်းတွေကို သိထားပါတယ်။

လမ်းတစ်လျှောက် သူ့ရဲ့ လုပ်ဆောင်ချက်တွေက ထိုသွေးစစ်သည်တော် နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို သက်ရောက်နိုင်ပါတယ်။

အမွေခံတိုက်ပွဲ ရန်မိသားစု သခင်လေးတွေ ကြားက တိုက်ပွဲသက်သက် တစ်ခုတင် မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အမွေခံတိုက်ပွဲမှာ ရန်မိသားစု သခင်လေးတွေရဲ့ ခွန်အားက အရေးကို မပါသလောက်ပါပဲ။

အမွေခံတိုက်ပွဲမှာ အရေးအပါဆုံးက သခင်လေးတွေ စုဆောင်း၊ စည်းရုံးထားတဲ့ အပြင်လူ အင်အားစုတွေရဲ့ ခွန်အားနဲ့ အရေအတွက်ပါပဲ.

သူတို့မှာ အကူအညီ များများ ရှိလေ၊ သူ့တို့ကို ထောက်ခံပေးနေတဲ့ အင်အားစု များများ ရှိလေ၊ နောက်မိသားစု ခေါင်းဆောင် ဖြစ်လာနိုင်ချေ ပိုပြီး များလေပါပဲ။

ရန်မိသားစုက မိသားစုကြီး ရှစ်ခုရဲ့ ခေါင်းဆောင်ပါ။ ထို့ကြောင့် ရန်မိသားစုရဲ့ ခေါင်းဆောင်မှာ အခြားသူတွေကို လွှမ်းမိုပြီး ဦးဆောင်နိုင်တဲ့ စွမ်းရည် ရှိရပါမယ်။

အခု ရန်ကိုင်က အားနည်းတဲ့ တစ်ယောက်တည်း သမားလို့တောင် ဆိုနိုင်ပါတယ်။ ထို့ကြောင့် သူကို အိမ်ပြန်လာခေါ်တဲ့ သွေးစစ်သည်တော် နှစ်ယောက်ရဲ့ အထင်အမြင်ကို သူတော်တော်လေး ဂရုစိုက်ပါတယ်။

ခရီးလမ်းတစ်လျှောက်မှာသာ သူ့ရဲ့ ထိုက်တန်မှုကို သက်သေပြနိုင်ခဲ့မယ် ဆိုရင် အမွေခံတိုက်ပွဲမှာ သူ့ကို ကူညီမယ့် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် နှစ်ယောက် ရှိနေပြီလို့ ဆိုလိုက်တာနဲ့ အတူတူပဲ ဖြစ်သွားပါပြီ။

ထို့ကြောင့် ဒီတစ်ခေါက်ခရီးကို သူမြန်မြန် သွားလို့ မဖြစ်ပါဘူး။ သူသာ အမြန်သွားမယ် ဆိုရင် သူ့ရဲ့ အရည်အချင်းတွေကို ထုတ်ဖော်ပြသဖို့ အချိန်လုံလောက်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မြန် မသွားပဲ အေးအေးဆေးဆေး ဇိမ်ပြေနပြေနဲ့သာ သွားနေရခြင်းပါ။

ရန်ကိုင်က ရှေ့ကနေ ဦးဆောင်နေပြီး တုဖုန်းနဲ့ တန်ယုရှန်းကတော့ နည်းနည်းလေးတောင် အထွန့်မတက်ပဲ သူ့နောက်ကနေသာ အသံတိတ်တိတ်လေးနဲ့ လိုက်ပါနေခဲ့တယ်။

တစ်ရက်ကို ကီလိုမီတာ ၂၀၀၀လောက် သူတို့ ခရီးရောက်ပါတယ်။

ထို့ကြောင့် သုံးရက်လောက် ကြာပြီးတာတောင် ခရီးတစ်ဝက်လောက်ပဲ ရောက်ပါသေးတယ်။

ထိုည သူတို့သုံးယောက်သာ အနားယူဖို့ ရပ်တန့်လိုက်တဲ့အခါ တုဖုန်းက ညစာအတွက် အမဲလိုက်ပြီ တန်ယုရှန်းကတော့ အသားကင်ဖို့အတွက် မီးပုံ ပြင်နေခဲ့တယ်။

သိပ်မကြာခင်မှာပဲ မီးဖိုလို့ ပြီးသွားခဲ့တယ်၊ တုဖုန်းကတော့ သားကောင် ကောင်းကောင်းနဲ့ ပြန်လာခဲ့ပါတယ်။ မိလာတဲ့ သားကောင်းကို အနီးအနားက စမ်းချောင်းလေးမှာ အမြန်အဆန်ပဲ ဆေးကြောသန့်စင်လိုက်ပြီးနောက် မီပုံဆီပြန်သွားကာ စကင်ပါတော့တယ်။

နှစ်ယောက်သားက အသားကင်ရင်း အလုပ်ရှုပ်နေတုန်း ရန်ကိုင်ကတော့ မီတာရာပေါင်းများစွာ မြင့်မားတဲ့ သစ်ပင်ထိပ်ဖျားမှာ နားနေတဲ့ ရွှေရောင်ငွေသွေး သိမ်းငှက်ကို လေချွန်ပြီး ခေါ်နေခဲ့တယ်။

လွန်ခဲ့တဲ့ ရက်အတောအတွင်း ရန်ကိုင်က ထိုရွှေရောင်ငွေသွေး သိမ်းငှက်ကို သူ့ဆီလာဖို့ ခဏခဏ ခေါ်ကြည့်ပါတယ်။

ဒါပေမယ့် သုံးရက်ကြာပြီးတာတောင် နည်းနည်းလေးမှ တိုးတက်မလာခဲ့ပါဘူး။ ထိုရွှေရောင်ငွေသွေး သိမ်းငှက်က တော်တော်လေးကို အငြိုးကြီးတဲ့ ပုံပါပဲ။ ထိုနေ့တုန်းက ရန်ကိုင်က ရန်နဲ့နန်မိသားစုကို ချောက်ချဖို့အတွက် သိမ်းငှက်ဆီကနေ အမွှေးနှစ်ချောင်း ဆွဲနှုတ်ခဲ့ပါတယ်။ ထို့နေ့ကတည်းက ထိုရွှေရောင်ငွေသွေး သိမ်းငှက်က ရန်ကိုင်နား နည်းနည်းလေးမှ မကပ်တော့တာပါ။

ရန်ကိုင်က သိမ်းငှက်နား ကပ်ဖို့လုပ်လိုက်တာနဲ့ သိမ်းငှက်က တောင်ပံတဖြတ်ဖြတ် ခတ်ကာ ရန်လိုစွာနဲ့ စူးစူးရှရှ အော်ဟစ်ပါတယ်။

ရန်ကိုင်ဆိုတာ ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်မှန်း သိမ်းငှက်က အတည်ပြုပေမယ့် ထိုအချက်က သိမ်းငှက်ရဲ့ သဘောထားကို နည်းနည်းလေးမှ ပြောင်းလဲမသွားစေတဲ့ပုံပါပဲ။

တန်ယုရှန်းက အသားကင်နေရင်း ရန်ကိုင်ကို လှမ်းကြည့်နေခဲ့တယ်။ ရန်ကိုင် အခြေအနေ နည်းနည်းလေးမှတောင် မတိုးတက်သေးတာကို မြင်တော့ တန်ယုရှန်းလည်း မနေနိုင်ပဲ ပျော်ရွှင်စွာနဲ့ ပြုံးလိုက်မိတယ်။

“ဟွန့်၊ သူနဲ့ပဲ ထိုက်တန်တယ်” တန်ယုရှန်းက တိုးတိုးလေး ပြောလိုက်တယ် “ရွှေရောင်ငွေသွေး သိမ်းငှက်က အဆင့်ငါးသားရဲ တစ်ကောင်ပဲ ဆိုပေမယ့် သူ့အသိဉာဏ်က တော်တော်လေး မြင့်တယ်။ သူက သိမ်းငှက်ရဲ့ အမွှေးနှစ်ချောင်းကို သွားနှုတ်ခဲ့မှတော့ သိမ်းငှက်နားကပ်ဖို့ သူ့တစ်ဘဝလုံး အိမ်မက်မ မက်သင့်တော့ဘူး”

တုဖုန်းလည်း တန်ယုရှန်း ပြောတာကို ထောက်ခံသည့် သဘောနဲ့ ခေါင်းညိတ်လိုက်တယ်။

“သခင်ငယ်လေးလည်း အဲ့အကြောင်းကို သိထားမှာ။ အဲ့ဒါတောင် ဘာလို့ အကျိုးမရှိတဲ့ အလုပ်တစ်ခုကို ဆက်လုပ်နေတာလဲ မသိဘူး” တန်ယုရှန်းက မျက်မှောင်ကြုံ့ပြီး နားမလည်နိုင်သည့်ဟန်နဲ့ ပြောလိုက်တယ်။

တုဖုန်းက အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်ပြီး “ရည်ရွယ်ချက် တစ်ခုခု ရှိနေလို့ပဲပေါ့”

“နင်ဘာပြောချင်တာလဲ” တန်ယုရှန်းက တုဖုန်းကို ကြည့်လိုက်ပြီး မေးလိုက်တယ်။

တုဖုန်းက ရယ်မောလိုက်ပြီး ပြန်ပြောလိုက်တယ် “သခင်ငယ်လေးက သိမ်းငှက်ကို ထိန်းကျောင်းပြရင်း ငါတို့သူ့ကို အထင်ကြီးသွားအောင် လုပ်ဖို့ ကြိုးစားနေတာ။ အခု ငါတို့သွားနေတဲ့ နှုန်းက သာမန်ထက် နှေးနေတာကို နင်သတိမထားမိဘူးလား။ သူက အချိန်ဆွဲနေတာပဲ”

အစပိုင်းတော့ တန်ယုရှန်းလည်း အနည်းငယ် အံ့အားသင့်သွားခဲ့ပေမယ့် ခဏလောက် စဉ်းစား ကြည့်လိုက်ပြီးနောက် တုဖုန်းပြောတာ မှန်တယ်လို့ သူမလည်း တွေးလိုက်တယ်။ သူမရဲ့ မျက်ဝန်းတွေက အရောင်တလက်လက် တောက်ပသွားခဲ့ပြီး “ဘာကိစ္စပဲဖြစ်ဖြစ် နင်ဘာလို့ အကုန်သိနေရတာလဲ။ နင့်မုတ်ဆိတ်မွှေးနဲ့ ဆံပင်တွေက ဖြူသေးတာလည်း မဟုတ်ဘူး”

တုဖုန်းက အကျယ်ကြီး အော်ရယ်လိုက်ပြီး “ငါက အရမ်းကြီး ဉာဏ်ပြေးလွန်းနေတာ မဟုတ်ဘူး၊ နင့်ကိုယ်ကိုယ်ကကို အရမ်း ငယ်လွန်းနေတာ။ သခင်လေးရဲ့ ရည်ရွယ်ချက်ကို အရူးတစ်ယောက်တောင် နားလည်နိုင်တယ်၊ သူတို့သာ… အဟန်း… ငါဆိုလိုတာကလေ…”

“နင်ဆိုလိုတာကဘာလဲ” တန်ယုရှန်းက အပြုံးမဟုတ်တဲ့ အပြုံးကို ဆင်မြန်းရင်း တုဖုန်းကို စိုက်ကြည့်လိုက်တယ်။

တုဖုန်း စကားကျွံသွားတဲ့ ကိစ္စကို ရပ်တန့်လိုက်ပြီး၊ တန်ယုရှန်းက ရန်ကိုင်ကို တစ်ဖန်ပြန်အာရုံစိုက်လိုက်ပြီး ယဲ့ယဲ့လေး ပြုံးကာ ပြောလိုက်တယ် “ဒါကသာ သူ့အစီအစဉ် ဆိုရင်တော့ သခင်ငယ်လေးက စိတ်ပျက်ဖို့ ကံကြမ္မာပါလာတာပဲ”

“အင်း၊ သူဘာပဲ လုပ်ချင်လုပ်ချင်၊ ငါတို့ရဲ့ တာဝန်က သူ့ကို လုံလုံခြုံခြုံနဲ့ အိမ်ပြန်ခေါ်သွားဖို့ပဲလေ” တုဖုန်းက ပြောလိုက်ပြီးတာနဲ့ ရန်ကိုင်ကို လှမ်းခေါ်လိုက်တယ် “သခင်ငယ်လေး၊ အသားကျက်ပြီ”

ရန်ကိုင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး မီးပုံဆီ သွားလိုက်တယ်။

စားနေရင်း တန်ယုရှန်းက ရန်ကိုင်ကို ပြုံးကာ ကြည့်ရင်း မေးလိုက်တယ် “သခင်ငယ်လေး၊ တိုးတက်မှု အခြေအနေ ဘယ်လို ရှိလဲ”

သူမေးတာကို ကြားလိုက်တာနဲ့ တုဖုန်းက ရန်ကိုင် ကိစ္စတွေမှာ ဝင်မစွက်ဖို့ သူမကို မျက်စိမှိတ် အချက်ပြလိုက်တယ်။ တကယ်လို့ သူမက ရန်ကိုင် တိုးတက်မှု မရှိတဲ့ ကိစ္စကို ရည်ရွယ်ချက် ရှိရှိနဲ့ သွားမေးနေခဲ့ရင် သူတို့ရဲ့ သခင်ငယ်လေး အရှက်ရ၊ မျက်နှာ ပျက်တာပဲ ဖြစ်မှဦပါ။

တကယ်တော့ တန်ယုရှန်းကလည်း ရန်ကိုင်ကို လှောင်ပြောင်ချင်လို့ မေးလိုက်တာ မဟုတ်ပါဘူး။ သူ့ကို အကျိုးမရှိတဲ့ အလုပ်ကို ဆက်မလုပ်ဖို့ သတိပေးချင်ရုံပါပဲ။ ပိုပြီး မျှော်လင့်ထားလေ၊ ကျရှုံးတဲ့အခါ ပိုပြီး စိတ်ပျက်ရလေပါ။

ဒါက လူငယ်မျိုးဆက်တွေ သင်ယူသင့်တဲ့ သင်ခန်းစာတစ်ခုလို့ သူမတွေးနေတာပါ။

ဒါပေမယ့် ရန်ကိုင်ကတော့ သူမမေးတာကို ကြားလိုက်တာနဲ့ ပြုံးလိုက်ပြီး ဝါးနေတဲ့ အသားကင်ကို အရင်မျိုးချလိုက်ကာ ပြန်ပြောလိုက်တယ် “နည်းနည်းလေးပဲ လိုတော့တယ်၊ မနက်ဖြန်လောက်ဆို သိမ်းငှက်နဲ့ ကျုပ်ကြားက ဆက်ဆံရေးက အရင်လို ပြန်ဖြစ်သွားလိမ့်မယ်…”

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ရန်ကိုင် ချက်ချင်းဆိုသလို အေးခဲသွားခဲ့ကြပြီး ရန်ကိုင်ရဲ့ ပြုံးနေတဲ့ ရိုးသားအပြစ်ကင်းစင်တဲ့ မျက်နှာလေးကို ကြောင်ကြည့်နေမိလိုက်တယ်။ အခု သူတို့ ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး။

နည်းနည်းလေးပဲ လိုတော့တာလား။ သူ့ကြည့်ရတာ နည်းနည်းလေးတောင် တိုးတက်လာတဲ့ ပုံမပေါက်ပါဘူး။

ပြီးတော့ ရွှေရောင်ငွေသွေး သိမ်းငှက်နဲ့ သူ့ကြားက ဆက်ဆံရေးက မနက်ဖြန်ကျ အရင်လို ပြန်ဖြစ်သွားမယ်လို့ ဘယ်လိုများ ရုပ်တည်ကြီးနဲ့ ပြောနေနိုင်ရတာလဲ။ အမွှေးနှစ်ချောင်း နှုတ်ခံလိုက်ရတဲ့အတွက် သိမ်းငှက်လေးက သူ့ကို တော်တော်လေး မုန်းတီးနေတာပါ။ သူ့ကို ဘယ်တော့ ခွင့်မလွှတ်ဘူးလို့ ပြောရင်တောင် ချဲ့ကားပြောရာ မကျပါဘူး။

“အန်၊ ဘာဖြစ်လို့” ထိုနှစ်ယောက်က သူ့ကို ကြောင်ပြီး ကြည့်နေတာကို သတိပြုမိလိုက်တော့ ရန်ကိုင်လည်း ခေါင်းလေး မော့ပြီး မေးလိုက်တယ်။

“အဟမ်း၊ ဘာမှမဖြစ်ပါဘူး။ ဘာမှ မဖြစ်ပါဘူး” တုဖုန်းက ခပ်မြန်မြန်ပဲ ခေါင်းခါယမ်းလိုက်ပြီး “အဲ့လိုဆိုမှတော့၊ သခင်ငယ်လေး ကံကောင်းပါစေလို့ပဲ ဒီတုဖုန်းက ဆုတောင်းပေးလိုက်ပါတယ်”

ဒါက ယဉ်ကျေးမှုအရ ဝတ်ကျေတမ်းကျေ ပြောတဲ့စကားပါ။ ဒါပေမယ့် ရန်ကိုင်ကတော့ ထိုအချက်ကို သတိပြုမိတဲ့ပုံ မရပဲ ခေါင်းသာ ညိတ်ပြလိုက်တယ် “အင်း”

တန်ယုရှန်းက ပြုံးလိုက်ပေမယ့် ချက်ချင်းဆိုသလို ခေါင်းကိုက်လာသလို ခံစားလိုက်ရတယ်။

သခင်ငယ်လေးရဲ့ ယုံကြည်ချက် ရှိနေတဲ့ အမူအရာကို မြင်တော့ သူ့ကို မလုပ်ပါနဲ့တော့ ဆိုပြီး သွားပြီး အကြံပေးလို့လည်း မဖြစ်တော့ပါဘူး။ ဒါပေမယ့် မနက်ဖြန်ကုန်လို့ သန်ဘက်ခါ ရောက်တဲ့အထိ ရွှေရောင်ငွေသွေးသိမ်းငှက်က သူ့ကို ဆက်ပြီး လျစ်လျူရှုနေမယ် ဆိုရင် သခင်ငယ်လေး ကိုယ်တိုင်ပဲ မျက်နှာ ပျက်ရမှာ မဟုတ်ဘူးလား။

သခင်ငယ်လေးက ထိုကိစ္စနဲ့ပက်သက်ပြီး ရှက်သွားရင် တော်ပါတယ်၊ အကယ်၍ ဒေါသသာ ထွက်သွားခဲ့မယ် ဆိုရင်တော့…

ထိုအခိုက်အတန့်၌ တန်ယုရှန်းက ရွှေရောင်ငွေသွေးသိမ်းငှက်ကို စူးရှစွာနဲ့ လှမ်းကြည့်လိုက်တယ်။

ထိုရွှေရောင်ငွေသွေးသိမ်းငှက်သာ ဒီည၌ “မတော်တဆ” တစ်ခုခု ဖြစ်သွားခဲ့မယ်ဆိုရင် သခင်ငယ်လေးလည်း မျက်နှာပျက်၊ အရှက်ရစရာ မလိုတော့ပါဘူး။

သူမနဲ့ တုဖုန်း နှစ်ယောက်စလုံး ခေါင်းလေးငုံ့ပြီးတော့သာ စားနေခဲ့ကြတယ်။ သူတို့ နှစ်ယောက်စလုံး ဘာစကားမှ ထပ်မပြောချင်တော့ပါဘူး။

ရန်ကိုင်က အသားကင်ကို စားနေရင်း သွေးစစ်သည်တော် နှစ်ယောက်ရဲ့ တုန့်ပြန်မှုတွေကို ဆန်းစစ် လေ့လာနေခဲ့တယ်။ သူ့ရဲ့ ရိုးသားအပြစ်ကင်းစင်တဲ့ အပြုံးက ဥာဏ်များကောက်ကျစ်တဲ့ အပြုံးတစ်ခုသို့ မသိမသာ၊ ဖြေးဖြေးချင်း ပြောင်းသွားခဲ့တယ်။

Martial Peak

အပိုင်း (၃၆၇) ဒါသခင်ငယ်လေးရဲ့ ဂိုဏ်းလား

နောက်တစ်နေ့ မနက်၌ တန်ယုရှန်းက ရောင်နီလာချိန်၌ နိုးလာခဲ့တယ်။ အိပ်ရာကနေ ဖြေးဖြေးချင်း ထလိုက်ပြီး တစ်ခဏအကြာမှာတော့ သူမရဲ့ မိုးကာတဲလေးကနေ ထလာလိုက်တယ်။

သူမနဲ့ မနီးမဝေးမှာတော့ တုဖုန်းက လက်ပိုက်ပြီး အရှေ့ဘက်ဆီသို့ ကျောက်ရုပ်ကြီးတစ်ရုပ်လို မတ်တပ်ရပ် ကြည့်နေခဲ့တယ်။

“နင်ဘာလုပ်နေတာလဲ” တန်ယုရှန်းက သူ့ဘေးနားသွားလိုက်ပြီး ဇဝေဇဝါ အကြည့်နဲ့ မေးလိုက်တယ်။

“အန်…” တုဖုန်းက တစ်နေရာရာကို ညွှန်ပြလိုက်တယ်။ တန်ယုရှန်းလည်း တုဖုန်း ညွှန်ပြရာနေရာဆီ လှမ်းကြည့်လိုက်တယ်။

သို့ပေမယ့် တုဖုန်း ညွှန်ပြသည့် နေရာကို ကြည့်လိုက်မိတာနဲ့ ချက်ချင်းဆိုသလို ချက်ချင်း ဆိုသလို တန်ယုရှန်း ကြောင်သွားခဲ့တယ်။

အဝေးတစ်နေရာ၌ သခင်ငယ်လေးက ထူးဆန်းတဲ့ အနေအထားနဲ့ နေနေခဲ့တယ်။ မြေကြီးပေါ် ခြေတစ်ပေါင်ကျိုး ရပ်နေရင်း လက်နှစ်ဖက်ကို တောင်ပံနှစ်ခုလို ဖြန့်ကျက်ထားကာ အထက်မှာအောက်၊ အောက်မှ အထက်သို့ စည်းချက်ညီညီနဲ့ သူ့လက်နှစ်ဖက်ကို လှုပ်ရှားနေခဲ့တယ်။

တစ်ချက် ကြည့်လိုက်ရုံနဲ့တင် သူက ငှက်တစ်ကောင် ကောင်းကင်ထက် ပျံသန်းတက်နေတဲ့ ပုံစံကို တုပပြုမူနေတယ် ဆိုတာကို တန်းသိနိုင်ပါတယ်။ သူ့လှုပ်ရှားမှုတွေထဲ ထူးဆန်းသည့် ဆွဲဆောင်မှုတို့ ပါဝင်နေခဲ့ပါတယ်။

ဒါပေမယ့် တန်ယုရှန်းကို ပိုပြီး အံ့အားသင့်သွားစေတာက ရွှေရောင်ငွေသွေး သိမ်းငှက်က သခင်လေးရှေ့မှာ ရပ်ပြီး သခင်လေး လုပ်သလို လိုက်လုပ်နေတာပါ။

တောင်ပံနှစ်ဖက်ကို ဖြန့်ကျက်ထားပြီး အထက်မှအောက်၊ အောက်မှ အထက်သို့ လွှဲခတ်ရင်း နှုတ်သီးကနေလည်း စူးရှစွာနဲ့ အော်မြည်နေခဲ့တယ်။

ရွှေရောင်ငွေသွေးသိမ်းငှက်က ရန်ကိုင်ကို အရင်ရက်တွေ တုန်းကလိုမျိုး မမုန်းတီးတော့ပါဘူး။ အဲ့အစား သူ့အော်သံထဲ ရင်းနှီးကျွမ်းဝင်မှုတွေတောင် ပါဝင်နေသလို ထင်မှတ်ရပါတယ်။

အချိန်တွေ ကုန်ဆုံးသွားတာနဲ့ လူနဲ့သိမ်းငှက်ရဲ့ လှုပ်ရှားမှုတွေက အပြည့်အဝ စည်းချက်ညီ၊ တပ်တူညီ သွားခဲ့ပြီး သခင်ငယ်လေးနဲ့ သိမ်းငှက်တို့ တစ်ချိန်တည်းမှာပြ မြေပြင်ကနေ ဖြေးဖြေးချင်း ကြွတက်လာခဲ့တယ်။

အခုအချိန်၌ ထိုသိမ်းငှက်နဲ့ လူက တစ်ခုတည်းအဖြစ် ပေါင်းစည်းနေသလားတောင် ထင်မှတ်ရပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေတိုင်းက တစ်ခုနဲ့တစ်ခု ပြီးပြည့်စုံစွာ စည်းချက် ကိုက်ညီနေခဲ့ပါတယ်။

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ထိုမြင်ကွင်းကို ကြည့်ရင်း ကြက်သေသေနေခဲ့ကြတယ်။

သူတို့ နှစ်ယောက်စလုံးက မယုံနိုင်လောက်အောင် အားကောင်းကြပြီး အရည်အချင်း ရှိကြပေမယ့် ရွှေရောင်ငွေသွေး သိမ်းငှက်ကို သူတို့ သခင်လေးလုပ်သလိုမျိုး လုံးဝ နာခံလာအောင် မလုပ်နိုင်ပါဘူး။ တကယ်တော့ ရန်မိသားစု တစ်ခုလုံးမှာတောင် သိမ်းငှက်ကို အထူးထိန်းကျောင်း ပျိုးထောင်ဖို့ လေ့ကျင့်ထားတဲ့ လူတွေကလွဲလို့ ကျန်တဲ့ ဘယ်လူတွေနဲ့မှ ရွှေရောင်ငွေသွေး သိမ်းငှက်တွေက ရင်းရင်းနှီးနှီး နေလေ့ မရှိပါဘူး။ ဒါပေမယ့် အခုတော့ ထိုသိမ်းငှက် သူတို့ရဲ့ သခင်ငယ်လေးနဲ့ တကယ်ပဲ ကစားနေခဲ့ပါတယ်။

ဒါတောင် သခင်ငယ်လေးက ထိုသိမ်းငှက်ရဲ့ အမွှေးနှစ်ချောင်းကို ဆွဲနှုတ်ထာခဲ့ပါသေးတယ်။

သွေးစစ်သည်တော် နှစ်ယောက်စလုံး အိမ်မက်မက်နေတာ လားလို့တောင် ထင်မှတ်သွားခဲ့ကြရတယ်။ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ပြီး သူတို့ အကြည့်တွေကတော့ ထိတ်လန့်အံ့အားသင့်မှု၊ နားမလည်နိုင်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။ ဘယ်လို မှော်ဆန်ဆန် နည်းလမ်းကို သုံးပြီးတော့ သခင်ငယ်လေးက သိမ်းငှက်ကို နာခံအောင် လုပ်လိုက်လဲ ဆိုတာကို သူတို့ တကယ်ပဲ နားမလည်နိုင်ပါဘူး။

တစ်ခဏကြာပြီးနောက် လူတစ်ယောက်နဲ့ သိမ်းငှက်တစ်ကောင်က မြေပြင်ကနေ မီတာပေါင်းများစွာအထိ လေထဲ မြင့်တက်လာခဲ့ပါတယ်။

ထို့နောက် အော်ရယ်သံကြီးနှင့်အတူ ရန်ကိုင်က ရွှေရောင်ငွေသွေးသိမ်းငှက် ရှိရာဆီ ပျံသန်းသွားလိုက်ပြီး သွေးစစ်သည်တော် နှစ်ယောက်ရဲ့ အကြည့်အောက်မှာပဲ သိမ်းငှက်ကျောပေါ် ဆင်းချလိုက်တယ်။

ရွှေရောင်ငွေသွေးသိမ်းငှက်ရဲ့ ကျောပြင်က သိမ်မကျယ်ပါဘူး။ လူတစ်ယောက်စာ ထိုင်ရုံလောက်ပဲ ကျယ်တာပါ။

ဒါပေမယ့် ရန်ကိုင်က သိမ်းငှက်ကျောပေါ်၌ အစစ်အမှန်ချီကိုသုံးပြီး ကြွထိုင်နေတယ် မဟုတ်ဘူးဆိုတာကို တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး သေသေချာချာ မြင်နိုင်ပါတယ်။ သိမ်းငှက်က ရန်ကိုင် တစ်ကိုယ်လုံးကို သယ်မထားတာပါ။

“အဲ့သိမ်းငှက်က အရမ်း အငြိုးပြီး ရန်လိုတတ်တဲ့ သားရဲ တစ်ကောင် မဟုတ်ဘူးလား” အခု ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ အားလုံးကို သူမ ခေါင်းက အမှီမလိုက် နိုင်တော့သလို တန်ယုရှန်း ခံစားလိုက်ရတယ်။

တုဖုန်းက အဓိပ္ပါယ်ရှိရှိ ပြုံးကာ ပြန်ပြောလိုက်တယ် “ဟုတ်တယ်၊ အခုလိုမျိုး လုပ်နိုင်တာ တကယ်ကို အထင်ကြီးစရာပဲ… ဒါပေမယ့် ဒီလောက်ပဲ ဆိုရင်တော့ အများကြီး လိုနေသေးတယ်”

တန်ယုရှန်းလည်း အသာအယာလေး ခေါင်းညိတ်လိုက်တယ်။

ရန်မိသားစုက သွေးစစ်သည်တော်တွေရဲ့ အသိအမှတ် ပြုမှုကို ရဖို့ဆိုတာ လွယ်တဲ့ အလုပ်မဟုတ်ပါဘူး။ တုဖုန်းနဲ့ တန်ယုရှန်းတို့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေလေ၊ သိမ်းငှက်တစ်ကောင် လက်လျှော့လိုက်လို့ သူတို့ကပါ ဘာလို့ လိုက်ပြီး လက်လျှော့လိုက်ရမှာလဲ။

တစ်ခဏလောက် ကြာပြီဂနောက် ရွှေရောင်ငွေသွေးသိမ်းငှက်က ပျံတက်လိုက်ပြီး မြေပြင်အထက် ဆယ်မီတာအကွာမှာ ဝဲနေခဲ့တယ်။ ရန်ကိုင်က သိမ်းငှက်ကျောပေါ်ကနေ မြေကြီးပေါ် ခုန်ဆင်းလာလိုက်တယ်။ သိမ်းငှက်က တောင်ပံတွေကို ပြန်ရုတ်လိုက်ပြီး ရန်ကိုင် ပုခုံးထက် သွားနားနေလိုက်တယ်။

ထို့နောက် သူ့ရဲ့ ကောက်နေတဲ့ နှုတ်သီးကို သုံးပြီး ရန်ကိုင်ရဲ့ ဆံပင်ကို စတင်ပြီး ဖီးပေးပါတော့တယ်။

“သခင်ငယ်လေးရဲ့ နည်းလမ်းတွေက တကယ်ကို အထင်ကြီးစရာပဲ” တုဖုန်းက ချီမွမ်းထောပနာ ပြုလိုက်တယ်။

ရန်ကိုင်က ရွှေရောင်ငွေသွေးသိမ်းငှက်ရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးရင်း ပြန်ပြောလိုက်တယ် “အရင်ရက်တုန်းက ဒီကောင့်ကို ရန်စမိလိုက်တော့ အခုလိုမျိုး မိတ်ဆွေတွေ ဖြစ်ဖို့ နည်းနည်းလေး ကြာသွားခဲ့တယ်”

“သခင်ငယ်လေး ဘယ်လိုလုပ်လိုက်တာလဲ” တန်ယုရှန်းက သိချင်စိတ် အပြည့်နဲ့ မေးလိုက်တယ်။

ရန်ကိုင်က သူမဆီ မျက်နှာမူလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “ကျုပ်ဘယ်လို လုပ်လိုက်လဲ ဆိုတော့ ကျုပ်ရဲ့ နှလုံးသားကို ရိုးရိုးသားသားနဲ့ ဖွင့်ပေးလိုက်ပြီး ရည်ရွယ်ချက် အစစ်အမှန်ကို ပေးသိခိုင်းလိုက်တာလေ”

တန်ယုရှန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ရန်ကိုင် ပြောလိုက်တာ နက်နဲတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို စဉ်းစား တွေးတောနေခဲ့တယ်။

“သွားကြစို့” ရန်ကိုင်က ဘာမှ ဆက်မပြောတော့ပဲ အော်ဟစ်လိုက်ပြီး တိမ်သွားမြင်းတွေဆီ ဦးတည်လိုက်တယ်။

ရန်ကိုင်တို့ အဖွဲ့ရဲ့ အရှိန်က အရင်အတိုင်းပါပဲ။ ဒါပေမယ့် ရွှေရောင်ငွေသွေးသိမ်းငှက်နဲ့ ရန်ကိုင်ကြားက ဆက်ဆံရေးက အရင်ကထက် ပိုပိုပြီး ရင်းနှီးလာခဲ့ပါတယ်။ ထိုသိမ်းငှက်က ရန်ကိုင် ခိုင်းလိုက်တဲ့ အလုပ်တာဝန်မှန်သမျှကို အမှားတစ်ခုမှ မပါပဲ လုပ်နိုင်နေခဲ့ပါတယ်။

သွေးစစ်သည်တော် နှစ်ယောက်ရဲ့ ရန်ကိုင်ရဲ့ ပြကွက်တွေကို ကြည့်ရင်း အံ့အားမသင့်ပဲ မနေနိုင်အောင် ဖြစ်မိနေခဲ့ကြတယ်။

သူတို့ အမြင်မှာတော့ ရွှေရောင်သိမ်းငှက်တွေကို ထိန်းကျောင်းဖို့ အထူးလေ့ကျင့်ထားတဲ့ ရန်မိသားစုက လူတွေတောင် ရန်ကိုင်လောက် ကျွမ်းကျင်မှု မရှိပါဘူး။

ဒီတစ်ကြိမ်မှာတော့ သခင်ငယ်လေး အနေနဲ့ အမွေခံတိုက်ပွဲကို ရှုံးနိမ့်ခဲ့ရင်တောင် ရန်မိသားစုရဲ့ ရွှေရောင်ငွေသွေးသိမ်းငှက် ထိန်းကျောင်းသူ ဖြစ်လာနိုင်ပါသေးတယ်။

ရန်ကိုင် အမြင်မှာတော့ အဖြစ်အပျက် တစ်ခုလုံးက ရယ်စရာ ကောင်းနေခဲ့ပါတယ်။ ထိုသွေးစစ်သည်တော် နှစ်ယောက်ရဲ့ အသိအမှတ်ပြုမှုကို ရချင်တဲ့ အတွက်ကြောင့်သာ မဟုတ်ရင် အဆင့်ငါး သားရဲတစ်ကောင်ကို ယဉ်ပါးအောင် လုပ်ဖို့အတွက် ဒီလောက်အထိ အားစိုက်ထုတ်နေမှာတောင် မဟုတ်ပါဘူး။ သားရဲတံဆိပ်တော်ကို အသုံးပြုလိုက်ရုံနဲ့တင် ကိစ္စပြတ်နေပါပြီ။

ဒါပေမယ့် အဲ့အစား ထိုသိမ်းငှက်နဲ့ ရက်ပေါင်းများစွာ ကစားရင်း အခုလိုမျိုး ဆက်ဆံရေး ရရှိလာဖို့အတွက် ဘယ်လောက် အားထုတ်ခဲ့ရလဲ ဆိုတာကို သွေးစစ်သည်တော် နှစ်ယောက် မြင်အောင် ပြသနေခဲ့တယ်။

သုံးရက်ကြာပြီးနောက်…

ကောင်းကင်စံအိမ်….

ဂိုဏ်းတစ်ခုလုံးက ရစရာ မရှိအောင် ဖျက်စီးထားခံရပါတယ်။

မီးလောင်ကျွမ်း ခံထားရတဲ့ အုတ်ကျိုး၊အုတ်ပဲ့၊ အုတ်စအုတ်န တွေကို ဟိုတစ်စ ဒီတစ်စ တွေ့မြင်နေခဲ့ရပါတယ်။ အအကောင်းအတိုင်း ကျန်ရှိခဲ့တဲ့ အဆောက်အုံ ဆိုလို့ တစ်ခုလေးတောင် မတွေ့ရတော့ပါဘူး။

မြင်ကွင်းတစ်ခုလုံးက ကြည့်စရာ၊ ရှုစရာ မကောင်းလောက်အောင် ဆိုးရွားလွန်းလှပါတယ်။

ရန်ကိုင် အမူအရာကော၊ စိတ်အခြေအနေပါ သုန်မှုန်၊ မှိုင်းဝေအုံ့ဆိုင်း လာခဲ့တယ်။

သူနှစ်တော်တော် များများ နေထိုင်ခဲ့တဲ့ ဂိုဏ်းဟာ ဆိုရင်ဖြင့် အခုအချိန်မှာတော့ အပျက်အစီး နယ်မြေ တစ်ခု ဖြစ်နေခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် တုန်းကသာဆိုရင် သူ့အနေနဲ့ ဒီနေရာကို ဖက်တွယ်မြတ်နိုး မိနေလိမ့်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဖြစ်အပျက် များစွာကို ကြုံ့တွေ့ပြီးနောက်မှာတော့ ကောင်းကင်စံအိမ်ဆိုတာ သူ့ရဲ့ ဒုတိယအိမ်လို ဖြစ်လာခဲ့ပါပြီ။

“ဒါက သခင်ငယ်လေးရဲ့ ဂိုဏ်းလား” တန်ယုရှန်းက ရန်ကိုင်ကို သိချင်စိတ်အပြည့်နဲ့ မေးလိုက်တယ်၊ ရန်ကိုင်က ဂိုဏ်းဆီ သွားမယ် ပြောခဲ့တာပါ၊ အခုဘာလို့ ပျက်စီးနေတဲ့ အဆောက်အအုံတွေ ရှိနေတဲ့ နေရာဆီ ရောက်လာခဲ့ရတာလဲ။

ရန်ကိုင်က တိမ်သွားမြင်းပေါ်ကနေ ဆင်းလိုက်ပြီး အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။

တုဖုန်းက ရှေ့တက်သွားလိုက်ပြီး မြေပြီးပေါ်မှာ ကျနေတဲ့ လောင်ကျွမ်းခံထားရတဲ့ ဆိုင်းဘုတ်လို အရာတစ်ခုကို ကောက်ယူလိုက်တယ်။ ကောက်ယူပြီးနောက် ထိုဆိုင်းဘုတ်လို အရာမျိုးကို တန်ယုရှန်းနှင့်အတူ သေချာ စစ်ဆေးကြည့်လိုက်တယ်။

သူ့ရဲ့ ဂိုဏ်းနဲ့ ပက်သက်ပြီး ရန်ကိုင်ကို မေးခဲ့တုန်းက ရန်ကိုင်က သူမရဲ့ မေးခွန်းကို ပြန်မဖြေခဲ့တဲ့အတွက် သူမ တော်တော်လေး စိတ်ရှုပ်ခဲ့ရပါတယ်။

“ကောင်းကင်…” တုဖုန်းက တစ်ပိုင်းတစ်စ ပျက်စီးနေတဲ့ စာလုံးကို အသံထွက် ရွတ်ဖတ်လိုက်တယ်။

ထိုဆိုင်းဘုတ်လို အရာက လောင်ကျွမ်းထားခံရပြီး နောက်ဆုံး စကားလုံးတွေ ပျောက်ကွယ်နေခဲ့ပါတယ်။ ဒါပေမယ့် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံးက အကြောင်းအရာ တော်တော်များများကို သိထားတဲ့အတွက် ဖြစ်နိုင်ချေ တစ်ခုကို ချက်ချင်း ဆိုသလို စဉ်းစားမိလိုက်တယ်။

“ကောင်းကင်စံအိမ်” တန်ယုရှန်ရဲ့ မျက်နှာလှလှလေးထက် အံ့အားသင့်မှုတို့ ထင်ဟပ်သွားခဲ့ပြီး တုဖုန်းနဲ့ သူမတို့ နှစ်ယောက်စလုံး ရန်ကိုင်ဆီ အလျင်စလို လှမ်းကြည့်မိလိုက်ကြတယ်။

“အင်း” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။

သွေးစစ်သည်တော် နှစ်ယောက်စလုံး သက်ပြင်းရှိုက်လိုက် မိကြတယ်။

ကောင်းကင်စံအိမ်… အစကတော့ ထိုဂိုဏ်းက သာမန်အဆင့်၂ ဂိုဏ်းတစ်ခုပါပဲ။ ဒါပေမယ့် အခုတော့ ကောင်းကင်စံအိမ်က ကမ္ဘာအနှံ့ ကျော်ကြားနေခဲ့ပါပြီ။

ဘာလို့လဲ ဆိုတော့ ကောင်းကင်စံအိမ်ကနေ နတ်ဆိုးအရှင်သခင် အသစ်တစ်ပါး ထွက်ပေါ်လာခဲ့တာကြောင့်ပါပဲ။

ပြီးတော့ ချူမိသားစု ပညာရှင်တွေ ဒီနေရာဆီ လာတုန်းက သူတို့ တော်တော်လေး ခံစားခဲ့ရတယ်လို့လည်း သတင်းတွေ ထွက်နေခဲ့ပါသေးတယ်။

ချူမိသားစုရဲ့ ပထမ သခင်မလေး ချူရီမန်၊ ခရမ်းဖန်းတောင်ကြားက ရှောင်မန်နဲ့ ဘိုင်မိသားစုရဲ့ သခင်လေး ဘိုင်ရှောင်ဖုန်းတို့က ဒီနေရာကို လာတော့မှပဲ ပျောက်သွားခဲ့ကြတာပါ။ ပြီးတော့ အရေးကြီးတဲ့ လူတွေ ပျောက်နေတဲ့အပြင် များစွာသော အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်တွေလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြပါသေးတယ်။

ထိုအဖြစ်အပျက်ပြီးနောက် ချူမိသားစုဆီကနေ ကမ္ဘာတစ်ခုလုံးကို အံ့အားသင့်သွားစေခဲ့တဲ့ သတင်းတစ်ခု ထွက်ပေါ်လာခဲ့တယ်။ ကောင်းကင်စံအိမ်မှာ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ရောက်ရှိနေတဲ့ အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက် ရှိနေတယ်တဲ့။

အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် တစ်ယောက်ဆိုတာ ဘယ်ဒုတိယအဆင့် အင်အားစုမှာမှ မရှိပါဘူး။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုး စောင့်ကြပ် ကာကွယ်ပေးနေတဲ့ ကောင်းကင်စံအိမ်ကို ပထမအဆင့် အင်အားစုတစ်ခုအဖြစ် သတ်မှတ်လို့ ရနေပါပြီ။

ချူရီမန် ပျောက်သွားတဲ့ အတွက် ချူမိသားစုက ဒေါသထွက်သွားခဲ့ပြီး ကောင်းကင်စံအိမ် တစ်ခုလုံးကို မီးရှို့ပြချ ပစ်ခဲ့ပါတယ်။

အခုအချိန်ထိတောင် ချူရီမန်နဲ့ ပက်သက်တဲ့ သတင်းတွေ မရသေးပါဘူး။

ထိုသတင်းတွေက မိသားစုကြီး ရှစ်ခုကြားမှာ လျှို့ဝှက်ချက်တွေ မဟုတ်ပါဘူး။ ထို့ကြောင့် ရန်မိသားစုက သွေးစစ်သည်တော် နှစ်ယောက်လည်း ထိုသတင်းတွေကို ကြားသိထားပါတယ်။

ရန်ကိုင်ရဲ့ ဂိုဏ်းအကြောင်းကို သိရှိသွားပြီးနောက် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး အလွန်အမင်း အံ့အားသင့်သွားခဲ့ကြတယ်။

တုဖုန်းက သူ့လက်ထဲက မီးလောင်ကျွမ်းခံထားရတဲ့ ဘုတ်ပြားကြီးကို ကြည့်ရင်း လွှတ်ပဲ ချရမလား၊ ဆက်ပဲ ကိုင်ထားရမလား၊ ဘာလုပ်ရမလဲ ဆိုတာကို မတွေးတတ်နိုင်အောင် ဖြစ်နေခဲ့တယ်။

ထိုအချိန်၌ ရန်ကိုင်ကတော့ အထဲကို လမ်းလျှောက် ဝင်သွားနေခဲ့ပါပြီ။

“သခင်ငယ်လေး၊ သတိထားဦး။ အထဲမှာ လူတွေ ရှိနေတဲ့ ပုံပဲ” တန်ယုရှန်းက အလျင်စလိုနဲ့ သတိပေးလိုက်တယ်။

“အထဲမှာ လူတွေ ရှိနေတာလား” ရန်ကိုင်လည်း ကြောင်သွားခဲ့ပြီး ချက်ချင်းပဲ အတွင်းပိုင်းကို ကောင်းကင် စိတ်အာရုံသုံးပြီး စစ်ဆေးကြည့်လိုက်တယ်။ ထို့နောက် သူ့မျက်နှာထက် အံ့အားသင့်သည့် အမူအရာ ထွက်ပေါ်လာခဲ့တယ်။

အထဲမှာ တကယ်ပဲ လူတွေ ရှိနေခဲ့ပါတယ်။ လူအရေအတွက် ကလည်း အနည်းဆုံး ၁၀၀ ကျော်မယ့် ပုံပါပဲ။

သူ့စိတ်ထဲ သံသယရိပ်တို့ ထင်ဟပ်သွားခဲ့ပြီး အထဲကို အလျင်စလို ပြေးဝင်သွားလိုက်တယ်။

နည်းနည်းလောက်ကြအောင် လမ်းလျှောက်လာပြီးနောက် ကောင်းကင်စံအိမ်ထဲမှ စည်ကားနေတဲ့ မြင်ကွင်းတစ်ခုက သူ့ကို ဆီးကြိုလို့ နေခဲ့တယ်။ လူတွေက ဟိုမှသည်သို့ သွားလာနေခဲ့ကြပြီး လူတော်တော် များများကလည်း သူနဲ့ ရင်းနှီးနေတဲ့ လူတွေ ချည်းပါပဲ။ ထိုလူတွေ… အကုန်လုံးက ကောင်းကင်းစံအိမ်ရဲ့ ဂိုဏ်းသား ဖြစ်ခဲ့ဖူးတဲ့ လူတွေ ချည်းပါပဲ။

လူကြီးလူငယ် မျိုးဆက်တွေ အကုန်လုံး ရှိနေခဲ့ကြကာ အားလုံးက အပျက်အစီးတွေကို ရှင်းလင်းရင်း အလုပ်ရှုပ်နေခဲ့ကြတယ်။

သူတို့တွေက ကောင်းကင်စံအိမ်ကို ပြန်ဆောက်ဖို့ ကြိုးစားနေတဲ့ ပုံပါပဲ။

ရန်ကိုင်လည်း ထိုမြင်ကွင်းကို ငေးကြောင်ပြီး ကြည့်နေမိလိုက်တယ်။

နတ်ဆိုးအရှင်သခင်အသစ်က ကောင်းကင်စံအိမ်ကနေ ထွက်ပေါ်လာခဲ့တဲ့အတွက် ကမ္ဘာကြီးတစ်ခုလုံးက ကောင်းကင်စံအိမ်ကို မိစ္ဆာဂိုဏ်းတစ်ခု အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ထို့ကြောင့်ပဲ လင်းတိုင်ရှုက ဂိုဏ်းသားတွေ အကုန်လုံးကို ဂိုဏ်းကနေ ထွက်ခွါခွင့်ပေးလိုက်တာပါ။ ကိုးဆယ်ရာခိုင်းနှုန်းသော ဂိုဏ်းသားတွေက ဂိုဏ်းကနေ ထွက်ခွါသွားခဲ့ကြပြီး ဂိုဏ်းသား တစ်ရာကျော်လောက်ပဲ ကျန်ခဲ့ကာ ထိုဂိုဏ်းသားတွေ အကုန်လုံးကလည်း လေဟာနယ်လျှောက်လမ်းကနေ တစ်ဆင့် အခြားနေရာဆီ ရောက်နေခဲ့ကြပါပြီ။

ဒါပေမယ့် ဒီမှာ ဘယ်လိုလုပ်ပြီး လူတွေ အများကြီး ရှိနေရတာလဲ။ ပြီးတော့ သူတို့တွေက ဂိုဏ်းကို ပြန်ပြီး ဆောက်လုပ်ဖို့တောင် ကြိုးစားနေပါသေးတယ်။

ချူမိသားစုရဲ့ အမျက်တော်ရှမှာကို သူတို့တကယ်ပဲ မကြောက်ကြတာလား။

သူက စိတ်ရှုပ်မှုနဲ့ ကြောင်အနေတုန်းမှာပဲ သူ့ရှေ့ကနေ ဖြတ်သွားတဲ့ ကောင်းကင်စံအိမ် ဂိုဏ်းသား တစ်ယောက်က သွားနေတာကို ရုတ်တရက် ကောက်ရပ်လိုက်ပြီး ရန်ကိုင်ကို ကြည့်ကာ ထိတ်လန့်တကြားနဲ့ အော်ခေါ်လိုက်တယ် “ရန်ကိုင်လား”

ထိုအော်သံကြောင့် ရန်ကိုင်လည်း အသိပြန်ဝင်လာခဲ့ပြီး သူ့နာမည် အော်ခေါ်လိုက်တဲ့ လူကို ပြန်ကြည့်လိုက်တယ်။ ထိုလူက တကယ်ပဲ ကောင်းကျန်းဝမ် ဖြစ်နေခဲ့ပါတယ်။

အစက ကောင်းကျန်းဝမ်ဟာ အကြီးအကဲချုပ်ရဲ့ အဆင့်နိမ့် တပည့်တွေထဲက တစ်ယောက်ပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဘိုင်ယွမ်ဖုန်းရဲ့ မက်လုံးကြောင့် ဘိုင်မိသားစုရဲ့ လက်အောက် ငယ်သား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ရန်ကိုင် အနိုင်ယူတာ ခံလိုက်ရပြီးတဲ့ နောက်မှာတော့ ဘိုင်ယွမ်ဖုန်းက သူ့ကို ဆက်ပြီး ဂရုမစိုက်တော့ပါဘူး။

ကောင်းကျန်းဝမ်က ဂိုဏ်းထဲမှာ သူ့ဒဏ်ရာတွေကို အချိန်အတော်ကြာအောင် ပြန်လည် ကုသနေခဲ့ရတယ်။ ဘိုင်မိသွားစုထဲ ဝင်ဖို့ကိုတော့ ကျရှုံးသွားခဲ့တဲ့ ပုံပါပဲ။

ထိုအချိန်ကတည်းကပြီး ဂိုဏ်းတည်းမှာ ရှိနေတဲ့ လူအားလုံးက သူ့အပေါ် အမြင်မကြည် ကြတော့တာပါ။

“စီနီယာအစ်ကိုကောင်းလား” ရန်ကိုင်က အလိုလို မေးလိုက်မိတယ်။

ဒါပေမယ့် ကောင်းကျန်းဝမ်ကတော့ ထိတ်ထိတ်လန့်လန့်နဲ့ အနောက်ကို အလိုလို ဆုတ်သွားလိုက်တယ်။ သူတို့ နှစ်ယောက် နောက်ဆုံး အကြိမ်တွေ့ဆုံခဲ့တုန်းက ရန်ကိုင်က ကောင်းကျန်းဝမ်ကို တစ်သက်မမေ့နိုင်လောက်အောင် သင်ခန်းစာ ပေးခဲ့ပါတယ်။ ထို့ကြောင့် ထိုအချိန်ကတည်းက စပြီး ရန်ကိုင်ကို မြင်တာနဲ့ ကောင်းကျန်းဝမ် ကြောက်လန့်နေခဲ့ရတာပါ။

ထိုအသံနှစ်သံက အနီးအနားမှာ ရှိနေတဲ့ လူအုပ်ကြီးရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့တယ်။

“ရန်ကိုင်လား၊ ဘယ်မှာလဲ” ရန်ကိုင် အနေနဲ့ သက်ပြင်း မချရသေးခင်မှာပဲ အဝေးတစ်နေရာကနေ အသံတစ်သံ ထွက်လာခဲ့တယ်။

ရန်ကိုင်လည်း အသံကြားရာကို လှည့်ကြည့်လိုက်တဲ့အခါ ရုပ်ချောချော လူငယ်လေး တစ်ယောက်က သူ့ဆီ လှမ်းလာနေတာကို တွေ့လိုက်ရတယ်။ အနက်ရောင် တိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ထိုလူငယ်ရဲ့ မျက်ဝန်းအစုံက ရန်ကိုင်အား အေးစက်စက်နဲ့ စိုက်ကြည့်နေခဲ့တယ်။

ရန်ကိုင်နဲ့ ဆယ်မီတာ အတွင်းကို ရောက်လာပြီးနောက် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကို မထူးခြားနားသည့်ဟန်နဲ့ ဝေ့ဝိုက်ကြည့်လိုက်တယ်။ တန်ယုရှန်းဆီ မြင်လိုက်တဲ့အခိုက် ထိုလူငယ်လေး မျက်ခုံး ပင့်မိလိုက်တယ်။

ဒါပေမယ့် သူ့အကြည့်ကို ရန်ကိုင်ဆီ ချက်ချင်း ပြန်ပြောင်းလိုက်ပြီး အသာအယာလေး ခေါင်းညိတ်ကာ ပြုံးဖြဲဖြဲလုပ်လိုက်ရင်း “ဂျူနီယာညီလေးရန်၊ မင်းပြန်လာပြီပဲ”

ရန်ကိုင်လည်း သွားပေါ်အောင် ပြန်ပြုံးပြလိုက်ပြီး “စီနီဘာအစ်ကိုရှဲ့ပဲ”

ရှဲ့ဟုန်ချန်၊ ကောင်းကင်စံအိမ်ရဲ့ အဓိက တပည့်တစ်ယောက်ဖြစ်ပြီး ရန်ကိုင်ကို အမျိုးမျိုး ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။

“မင်းပြန်လာတာ ကောင်းတယ်” ရှဲ့ဟုန်ချန်က ခေါင်းညိတ်ရင်း ပြောလိုက်တယ်။ စီနီယာအစ်ကို ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ရင်ကိုကော့ ခေါင်းကိုမော့ပြီး မောက်မာစွာနဲ့ ပြောလိုက်တယ် “အခု မင်းပြန်လာပြီ ဆိုတော့ ငါတို့အတူ ဂိုဏ်ကို ပြန်တည်ဆောက်တဲ့ နေရာမှာ ဝင်ကူလို့ ရပြီ။ ငါတို့ ဒီမှာ ခဏကူပေးရုံပဲ။ ဂျူနီယာညီလေးက ဒီနှစ်အတောအတွင်း တော်တော်လေး တိုးတက်လာတဲ့ ပုံပဲ။ ဒါကြောင့် အခု ဂိုဏ်းကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အချိန်မျိုးမှာ မင်းကူညီပေးနိုင်တဲ့ နေရာတွေ အများကြီးရှိတယ်”

ရန်ကိုင်က မျက်မှောင် ကြုံ့မိလိုက်ပြီး သူ့နောက်က တုဖုန်းနဲ့ တန်ယုရှန်းကတော့ အံ့အားသင့်နေသည့် အမူအရာနဲ့ ရှဲ့ဟုန်ချန်ကို အထူးအဆန်းနဲ့ စိုက်ကြည့်နေခဲ့ကြတယ်။

Martial Peak

အပိုင်း (၃၆၈) အို… ငါမှားသွားတဲ့ ပုံပဲ

ဒီလူက … တကယ်ကို စိတ်ဝင်းစားစရာပဲ။

ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်ကို အထက်စီးဆန်ဆန်နဲ့ အပျက်အစီးကို ပုံကို ရှင်းဖို့ အမိန့်ပေးခဲ့တဲ့ အပြင် သူရဲ့ အရည်အချင်းတွေကို ထုတ်ပြဖို့ အခွင့်အရေး ဆိုပြီးတော့တောင် ပြောနေလိုက်ပါသေးတယ်။

သူ့အရည်အချင်း တွေကို ထုတ်ပြရမယ့် နေရာမှာ ရန်မိသားစုရဲ့ အမွေခံတိုက်ပွဲမှာပါ၊ ဒီနေရာ မဟုတ်ပါဘူး။

“သူတို့ နှစ်ယောက်က မင်းမိတ်ဆွေတွေလား” ရှဲ့ဟုန်ချန်က တုဖုန်းနဲ့ တန်ယုရှန်းကို ကြည့်လိုက်ပြီး ခပ်တိုးတိုး လေသံနဲ့ မေးလိုက်တယ်။

“အင်း” ရန်ကိုင်က ခေါင်းညိတ်ရုံလေး ပြန်ညိတ်ပြလိုက်တယ်။

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ရဲ့ အမူအရာ မသိမသာလေး ပြောင်းလဲသွားခဲ့ ပေမယ့် ဘာမှတော့ ဝင်မပြောခဲ့ပါဘူး။ သူတို့တွေက ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေ ဖြစ်တဲ့အတွက် သူတို့တွေရဲ့ တကယ့် အဆင့်အတန်းက ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်အောက် နိမ့်ကျပါတယ်။ ပုံမှန်ဆိုရင် သူတို့တွေက ရန်ကိုင်ရဲ့ မိတ်ဆွေဖြစ်ဖို့ အရည်အချင်း မပြည့်မှီပါဘူး။ ဒါပေမယ့် ရန်ကိုင်ပါးစပ်က ကိုယ်တိုင် ပြောထွက်လာလိုက်တာ သူတို့ကို အမွန်းတင်ရာတောင် ကျနေပါသေးတယ်။

ရှဲ့ဟုန်ချန်က ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်တယ် “သူတို့တွေက မင်းမိတ်ဆွေတွေ ဖြစ်မှတော့ ကောင်းကင်စံအိမ်ရဲ့ မိတ်ဆွေတွေပဲပေါ့။ မင်းတို့နှစ်ယောက် စိတ်ထဲမထားဘူးဆိုရင် ဒီမှာ ဝင်ကူပေးလို့ ရတယ်နော်၊ မင်းတို့ လုပ်နိုင်သလောက် အကျိုးအမြတ်က ရနေမှာ”

သွေးစစ်သည်တော် နှစ်ယောက်ရဲ့ မျက်ခုံးအစုံ ကျုံ့သွားခဲ့တယ်။ သူတို့ မျက်နှာထက် လှောင်ရိပ်တို့ စွန်းထင်း ထွက်ပေါ်လာခဲ့တယ်။

ရှဲ့ဟုန်နဲ့ သူတို့ကိုယ် သူတို့ ကြည့်ရင်း အခုလိုမျိုး ရုပ်တည်ကြီးနဲ့ နေနေရတာ တုဖုန်းနဲ့ တန်ယုရှန်းတို့ အတွက် တော်တော်လေး အခက်တွေ့နေခဲ့ရတယ်။

သူတို့တွေက ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေသာ ဖြစ်ပေမယ့် သူတို့ရဲ့ အဆင့်အတန်းက ရန်မိသားစုရဲ့ သခင်လေးတွေအောက် မနိမ့်ကျပါဘူး။ ဒါပေမယ့် ဒါက ရန်မိသားစုထဲမှာပဲ ရှိပါသေးတယ်။ အပြင်ထွက်ပြီးတော့ ငါက ရန်မိသားစုရဲ့ သွေးစစ်သည်တော်ပဲလို့သာ ပြောလိုက်၊ ပထမအဆင့် အင်အားစုက အကြီးအကဲတွေတောင် သူတို့ကို ဖော်ဖော်ရွေရွေ၊ ဖားဖားယားယားနဲ့ ဆက်ဆံရမှာပါ။ အလုပ်သမားလို ခိုင်းဖို့ကတော့ ဦးနှောက်ထဲ ထည့်စဉ်းစားစရာတောင် မလိုပါဘူး။

ထိုကောင်စုတ်လေးက သူတို့ကို အလုပ်သမားတွေလို တကယ်ပဲ ခိုင်းစားချင်နေတာလား။

ပြီးတော့ ရန်မိသားစု သွေးစစ်သည်တော် တစ်ယောက်ကို မြူဆွယ် နိုင်လောက်မယ့် အကျိုးအမြတ်တွေကိုလည်း ပေးနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။ ဒါက သာမန်လူတွေ ထုတ်ပြောသင့်တဲ့ အရာမျိုး မဟုတ်ပါဘူး။ အခုလိုမျိုး ပြောရဲလောက်အောင် ထိုကောင်စုတ်လေးက ဘယ်ကနေများ သတ္တိတွေ ရနေတာလဲ။

ရှဲ့ဟုန်ချန်ကတော့ သူပြောလိုက်တဲ့ စကားက ပျားအုံကို တုတ်နဲ့ သွားထိုသလို ဖြစ်နေတယ် ဆိုတာကိုတော့ အခုထိ မရိပ်မိ သေးပါဘူး။ သူပြောချင်ရာကိုသာ စွတ်ပြောနေခဲ့ပါတယ်။ ထို့နောက် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုံကာ သူ့သာသာသူ ရေရွတ်လိုက်တယ် “ဘယ်လို သိမ်းငှက်မျိုးလဲ မသိဘူး။ နားကို ညီးနေတာပဲ”

ရန်ကိုင်လည်း သူ့နှာခေါင်းကို ပွတ်လိုက်မိတယ်။ ထို့နောက် တုဖုန်းနဲ့ တန်ယုရှန်းတို့ရဲ့ ကိုးယိုးကားယား ဖြစ်နေတဲ့ မျက်နှာထားတွေကို ကြည့်ရင်း ရယ်ချင်စိတ်ကို မနည်း‌ အောင့်အည်း နေခဲ့ရတယ်။

ရွှေရောင်ငွေသွေး သိမ်းငှက်က ရန်ကိုင် နောက်ကနေ တောက်လျှောက် လိုက်လာခဲ့ပြီး ကောင်းကင်စံအိမ်ဆီ ရောက်လာတဲ့ အချိန်မှာတော့ မြေကြီးပေါ်မဆင်းပဲ ကောင်းကင်ထက်မှာသာ ပျံဝဲနေခဲ့ပါတယ်။ ထိုကဲ့သို့ ဝဲနေရင်း မကြာခဏ ဆိုသလို အော်မြည် နေတတ်ပါသေးတယ်။ နောက်ဆုံးမှာတော့ ရှဲဟုန်ချန်လည်း ထိုသိမ်းငှက်ကို သတိပြုမိသွားခဲ့ပါတယ်။

ရှဲ့ဟုန်ချန်က သိမ်းငှက်ကို ခဏလောက် ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် အသာအယာလေး ခေါင်းညိတ်လိုက်တယ်။ သူ့မျက်ဝန်းထဲ လေးစားအားကျသည့် အရိပ်အယောင် တစ်စွန်းတစ်စတို့ ဖြတ်ပြေးသွားခဲ့ပြီး “အင်း၊ ဒီသိမ်းငှက်က သာမန် မဟုတ်ဘူးပဲ”

ပြောပြီးတာနဲ့ ဘေးဘက်ကို လှမ်းပြီး အော်ခေါ်လိုက်တယ် “ဦးလေးကျုံး”

အသက်၄၀၊၅၀ လောက်ရှိမယ့် သက်လတ်ပိုင်း လူကြီးတစ်ယောက် ရန်ကိုင်တို့ ရှိနေတဲ့ နေရာဆီ ပျံသန်းလာခဲ့တယ်။ သူက ကောင်းကင်စံအိမ်ရဲ့ အရင်မျိုးဆက်ဟောင်း တစ်ယောက်ဖြစ်ပြီး အင်မော်တယ် တက်လှမ်းခြင်းအဆင့်၁သို့ ရောက်ရှိနေသည့် တပည့်တစ်ယောက်လည်း ဖြစ်ပါတယ်။ မြေကြီးပေါ် အသာအယာလေး ဆင်းလာလိုက်ပြီး အမှုမထားသည့် ဟန်ပန်နဲ့ မေးလိုက်တယ် “ဘာဖြစ်လို့လဲ”

ရှဲ့ဟုန်ချန်က ရွှေရောင်ငွေသွေးသိမ်းငှက်ကို လှမ်းကြည့်လိုက်ပြီး မေးမြန်းလိုက်တယ် “ဦးလေးကျုံး၊ အဲ့သိမ်းငှက်ကို မောင်းထုတ်ပေးလို့ ရမလား။ သခင်မလေး နှစ်ယောက်ကို အဲ့ကောင် နှောင်ယှတ်မှာကို ကျွန်တော်တို့ ခွင့်ပြုလို့ မဖြစ်ဘူး”

ဦးလေးကျုံးလည်း တစ်ချက်လောက် မော့ကြည့်လိုက်တယ်၊ ဒါပေမယ့် ခေါင်းခါယမ်းလိုက်ပြီး “အရမ်း မြင့်လွန်းနေတယ်၊ သိမ်းငှက်ကိုယ်တိုင်ကိုက တော်တော်လေး အားကောင်းမယ့် ပုံပဲ။ ငါလည်း ဘာမှ မတတ်နိုင်လောက်ဘူး”

ရှဲ့ဟုန်ချန် မျက်မှောင် ကြုံ့လိုက်တယ်။ သိမ်းငှက်ကို မမောင်းထုတ် နိုင်သည့်အပေါ် မကျေမနပ် ဖြစ်သွားတဲ့ ပုံပါပဲ။ ထို့နောက်ကို သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး လေသံ ခပ်ပြတ်ပြတ်နဲ့ ပြောလိုက်တယ် “ကောင်းပြီ၊ လုပ်စရာ ရှိတာသာ ဆက်လုပ်တော့”

“အင်း”

ဦးလေးကျုံး ထွက်သွားပြီးတဲ့နောက် ရှဲ့ဟုန်ချန် ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်ပြီး “ငါကိုယ်တိုင် လုပ်ရတော့မယ်နဲ့ တူတယ်၊ သိမ်းငှက်ကို အရင် ကိုင်တွယ်လိုက်မှာ ဂျူနီယာညီလေးရန်၊ မင်းခဏလောက်တော့ ဒီမှာ စောင့်နေနော်”

“အင်း…” ရန်ကိုင် အမူအရာက နည်းနည်းလေးတောင် ပြောင်းလဲ မသွားခဲ့ပါဘူး။ ဒီအတိုင်းလေးပဲ ခေါင်းညိတ်ပြလိုက်တယ်။

နောက် ရှဲ့ဟုန်ချန်က လေပေါ် ပျံတက်ကာ သိမ်းငှက်ဆီ တစ်ဟုန်ထိုး ပြေးဝင်သွားလိုက်တယ်။

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံးကလည်း ရှဲ့ဟုန်ချန်ကို တားမယ့် အရိပ်အယောင် နည်းနည်းလေးတောင် မပြပါဘူး။ အဲ့အစား လေပေါ်ပျံတက်သွားတဲ့ ရှဲ့ဟုန်ချန်ရဲ့ နောက်ကျောကိုသာ ပြုံးပြီး ကြည့်နေခဲ့တယ်။

ထိုရွှေရောင်ငှက်မွှေး သိမ်းငှက်က ရန်မိသားစုက ပြုစု ပျိုးထောင် မွေးမြူထားတဲ့ သိမ်းငှက်ပါ။ ဒီလောက် လွယ်လွယ်နဲ့သာ ဖမ်းဆီး အနိုင်ယူနိုင်မယ် ဆိုရင် ရန်မိသားစု နှစ်ပေါင်းများစွာကြာအောင် ကျွေးမွေး ပြုစု လေ့ကျင့်ပေးထားတာတွေက အလဟဿ ဖြစ်ကုန်မှာပေါ့။

“သခင်ငယ်လေးနဲ့ ဒီလူကြားမှာ မကျေနပ်ချက်တွေ ရှိနေတဲ့ ပုံပဲ” တန်ယုရှန်းက ရန်ကိုင်ကို ပြုံးကာ ကြည့်လိုက်ရင်း ပြောလိုက်တယ်။ ရှဲ့ဟုန်ချန်ရဲ့ ပြောပုံဆိုပုံနဲ့ အထက်စီးကနေ ရန်ကိုင်ကို ဘယ်လို အာဏာပြဖို့ ကြိုးစားနေတာကို ကြည့်ရုံနဲ့တင် ရန်ကိုင်နဲ့ ရှဲ့ဟုန်ချန် ကြားက ဆက်ဆံရေးက ထင်သလောက် ကောင်းမွန်ခြင်း မရှိဘူးဆိုတာကို အလွယ်တကူ သိနိုင်ပါတယ်။

“အားလုံးက အတိတ်မှာပါပဲ” ရန်ကိုင်က အသာအယာလေး ခေါင်းယမ်းလိုက်ရင်း ဂရုမထားသည့် လေသံနဲ့ ပြန်ပြောလိုက်တယ်။

ရှဲ့ဟုန်ချန်နဲ့ သူ့ကြားက မကျေနပ်ချက်တွေက မနာလိုမှုကြောင့် သက်သက်နဲ့ ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် အခု သူတို့ တစ်ဂိုဏ်းလုံး ဖျက်စီးခံလိုက်ရပါပြီ။ သူ့မှာ ထိုဘာမှဟုတ်တဲ့ ကိစ္စလေးတွေ အတွက် အာရုံစိုက်ဖို့ အချိန် မရှိတော့ပါဘူး။

“သိမ်းငှက်က ဘယ်မှာလဲ” ရန်ကိုင်က ရှဲ့ဟုန်ချန်ကို ကြည့်နေစဉ်မှာပဲ အနားကနေ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေတဲ့ အသံတစ်သံ ထွက်လာခဲ့တယ်။

ချက်ချင်း ဆိုသလိုပဲ အရိပ်နှစ်ခုက အဝေးကနေ သူတို့ဆီကို လျင်မြန်စွာ ချဉ်းကပ်လာနေခဲ့တယ်။

ပထမတစ်ယောက်က အသက်၂၀ အရွယ်လောက် ရှိမယ့် မိန်းမငယ်လေး တစ်ယောက်ပါ။ သူမ အရပ်က သာမန် လူတွေထက် အနည်းငယ် ပိုရှည်ပါတယ်။ အသားအရေက နှင်းသားလို ဖြူဖွေးချော မွတ်နေခဲ့ပြီး ခါးလေးက သေးသွယ်လှကာ ဖက်ချင်စရာ ကောင်းလှပါတယ်။ သူမ ဝတ်ထားတဲ့ ခရမ်းရောင် ဝတ်စုံက ကျော့ရှင်း၊ မြင့်မြတ်တဲ့ သူမရဲ့ ဟန်ပန်ကို ပိုပြီး တင့်တယ်လှပ‌ နေစေခဲ့တယ်။

သူမဘေးမှာတော့ သူမထက် အသက်အနည်းငယ်လောက် ငယ်ပုံရတဲ့ မိန်းမငယ်လေး တစ်ယောက် ရှိနေခဲ့တယ်။ မိန်းကလေး ငယ်ပေမယ့် သူမရင်ဘတ်က စူထွက်နေတဲ့ တောင်ပို့နှစ်လုံး ကတော့ လူကိုတောင် ဖိသတ်လို့ ရလောက်ပါတယ်။ ထိုတောင်ပို့ နှစ်လုံးက အဝတ်စထဲ အတင်းအကြပ် ထုပ်စည်းခံထားရလို့ အချိန်မရွေး ခုန်ထွက်ချင်နေသလိုပါပဲ။ သူမ ပါးလေးက အနည်းငယ် နီးမြန်းနေခဲ့ပြီး စွံ့ကားမို့ထွက်နေတဲ့ တင်လုံးကြီးတွေက မြင်သူ ပုရိသယောကျာ်းအပေါင်းကို သာရေတမြောင်းမြောင်း တွဲကျသွားစေနိုင်ပါတယ်။

မိန်းမလှလေး နှစ်ယောက်က မတ်တပ်ရပ်နေရင်းနဲ့ ကောင်းကင်ပေါ်မှာ ဝဲနေတဲ့ ရွှေရောင်သိမ်းငှက်ကို မော့ကြည့် နေခဲ့တယ်။ သူမတို့ရဲ့ အမူအရာက သိမ်းငှက်တစ်ကောင်ကို ကြည့်နေသလို မဟုတ်တော့ပဲ ကြောက်စရာကောင်းတဲ့ သားရဲကြီး တစ်ကောင်ကို ကြည့်နေသလိုမျိုး တည်ကြည်လေးနက်နေခဲ့တယ်။

မိန်းမငယ်လေး နှစ်ယောက် ရောက်လာသည့် အချိန်၌ အနီးအနားမှာ ရှိနေတဲ့ ကောင်းကင်စံအိမ် တပည့်တွေ အကုန်လုံး၊ ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ကြီကြီးငယ်ငယ်၊ တစ်ယောက်မကျန် လုပ်လက်စ အလုပ်တွေကို ရပ်တန့်လိုက်ကြပြီး လေးလေးစားစားနဲ့ ပြိုင်တူ နှုတ်ဆက်လိုက်ကြတယ် “မိန်းကလေးချူနဲ့ မိန်းကလေး လော့တို့ကို နှုတ်ဆက်ပါတယ်”

ချူရီမန်နဲ့ လော့ရှောင်မန်တို့က နှုတ်ဆက်စကားတွေကို မကြားသည့်အလား သူမတို့ရဲ့ အာရုံအစုံက သိမ်းငှက်ပေါ်မှသာ ရောက်ရှိနေခဲ့တယ်။

“အစ်မချူ၊ အဲ့သားရဲက တကယ်ပဲ အဲ့သိမ်းငှက်လား” လော့ရှောင်မန်က သိမ်းငှက်ကို စိုက်ကြည့်နေရင်းနဲ့ တိုးတိုးလေး ပြောလိုက်တယ်။

“ဖြစ်နိုင်လောက်တယ်” ချူရီမန်က လေးဖင့်ဖင့်နဲ့ ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် ငါလည်း ကြားပဲ ကြားဖူးခဲ့တာ၊ ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ မြင်ဖူးခဲ့တာ မဟုတ်ဘူး”

“အဲ့ရှဲ့ဟုန်ချန်က သိမ်းငှက်နောက် လိုက်နေတဲ့ ပုံပဲ” လော့ရှောင်မန်က ကောင်းကင်ထက်က တစ်နေရာဆီ လက်ညိုးထိုး ညွှန်ပြလိုက်တယ်။

“အဲ့အရူးကောင်က သူ့ဘာလုပ်နေတယ်ဆိုတာကို နားမလည်တဲ့ ပုံပဲ” ချူရီမန်ရဲ့ မျက်နှာ လှလှလေးက ရေခဲတမျှ အေးစက်သွားခဲ့ပြီး တည်ကြည်လေးနက်တဲ့ လေသံနဲ့ ပြောလိုက်တယ် “အဲ့သိမ်းငှက်ကို သူသတ်နိုင်မှာ မဟုတ်ဘူး”

သိမ်းငှက်ကို သတ်ဖို့လား၊ သတ်ဖို့ မပြောနဲ့ဦး၊ နည်းနည်းလေး ဒဏ်ရာရသွားအောင် လုပ်လိုက်မိရင်တောင်မှ ပြင်းထန်တဲ့ အကျိုးဆက်ကို ရင်ဆိုင်ရမှာပါ။ ရှဲ့ဟုန်ချန်က သူ့ကိုယ်သူ ထင်ပေါ်အောင် လုပ်ရတာကို နှစ်သက်တဲ့ လူတစ်ယောက်မှန်း သူမ သိထားပေမယ့်၊ အခုအချိန်၌ ထိုကောင့်ကို ဦးနှောက်ထိထားတဲ့ အရူးတစ်ယောက်လို့သာ ထင်မြင်မိနေပါတော့တယ်။

သာမန်လူတောင် ထိုသိမ်းငှက်က သာမန် မဟုတ်ဘူးဆိုတာကို သိနိုင်ပါတယ်၊ ဟုတ်တယ်မလား။

“မိန်းကလေးချူလား” တန်ယုရှန်းက ချူရီမန်ကို မယုံသင်္ကာနဲ့ ကြည့်လိုက်ပြီး ညင်သာပျော့ပျောင်းတဲ့ လေသံနဲ့ မေးလိုက်တယ်။

ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်က သိမ်းငှက်ကိုသာ အာရုံ စိုက်နေတဲ့အတွက် သွေးစစ်သည်တော် နှစ်ယောက်နဲ့ ရန်ကိုင်ကို သတိမပြုမိခဲ့ပါဘူး။ တန်ယုရှန်း ခေါ်သံကြားလိုက်မှပဲ သူမတို့ နှစ်ယောက် အသိပြန်ဝင်လာခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်ကို သွေးစစ်သည်တော် နှစ်ယောက်နဲ့ တွဲပြီး တွေ့လိုက်ရချိန်မှာတော့ အံ့အားသင့်မှုကြောင့် သူမတို့ နှစ်ယောက်ရဲ့ ကိုယ်လုံးလေး တဆတ်ဆတ် တုန်သွားခဲ့တယ်။

ရန်ကိုင်နဲ့ အခုလိုမျိုး ထပ်တွေ့ ရလိမ့်မယ်လို့ သူမတို့ နှစ်ယောက်စလုံး မထင်ထားခဲ့ပါဘူး။

ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက် ရှန်ချင်းလော့ နောက် လိုက်သွားတာကို ရန်ကိုင် သိပါတယ်။ ဒါပေမယ့် တုဖုန်းနဲ့ တန်ယုရှန်းတို့ကတော့ ချူရီမန် ပျောက်သွားတာကိုသာ သိထားပြီး နောက်ဘာတွေ ဆက်ဖြစ်လဲ ဆိုတာကို ဘာမှ မသိထားပါဘူး။

သေသေချာချာ စူးစမ်း စစ်ဆေးကြည့်ပြီးတော့မှပဲ ထိုမိန်းကလေးက ကောင်းကင်စံအိမ်၌ လပေါင်းများစွာ ကြာအောင် ပျောက်သွားတဲ့ ချူမိသားစုရဲ့ ပထမ သခင်မလေး ဖြစ်ကြောင် အတည်ပြုလိုက်နိုင်တယ်။

ထို့ကြောင့် သူမလည်း အံ့အားသင့်သွားခဲ့ပြီး လွှတ်ခဲနဲ မေးထွက်သွားမိလိုက်တာပါ။

ချူရီမန်လည်း အံ့အားသင့်သွားခဲ့ပြီး ပြန်လှည့်ကြည့်လိုက်တဲ့အချိန် ရန်ကိုင်ကို တွေ့လိုက်ရတဲ့အတွက် နေရာမှာတင် အေးခဲသွားခဲ့ရတယ်။

လော့ရှောင်မန်က ပိုပြီး ဆိုးပါသေးတယ်။ ရန်ကိုင်ကို တွေ့လိုက်တာနဲ့ ကြောင်ကို တွေ့လိုက်တဲ့ ကြွက်တစ်ကောင်ကို ကြောက်လန့်တကြား ချူရီမန်နောက် ပြေးပုန်းပါတော့တယ်။

“အန်” တုဖုန်း ဇဝေဇဝါ ဖြစ်သွားခဲ့တယ်။ သူ့အမူအရာ တစ်မျိုးတစ်ဖုံ ထူးဆန်းသွားခဲ့ပြီး ချူမိသားစုရဲ့ ပထမ သခင်မလေးရဲ့ သူတို့ရဲ့ သခင်ငယ်လေးနဲ့ ရင်းနှီးနေတယ်လို့ သူရေးတေးတေးလေး ခံစားမိလိုက်တယ်။

တစ်ခဏကြာပြီးနောက် ချူရီမန်က ရန်ကိုင်ကိုပြန်ပြုံးပြလိုက်တယ်။ ထို့နောက် တုဖုန်းနဲ့ တန်ယုရှန်းတို့ကို ဝေ့ကြည့်လိုက်တယ်။

သူမက ချူမိသားစုရဲ့ ကျော်ကြားတဲ့ ပထမ သခင်မလေး ဖြစ်တဲ့အတွက် တန်ယုရှန်း အနေနဲ့ သူမကို မှတ်မိတာ မထူးဆန်းပါဘူး။ ဒါပေမယ့် တန်ယုရှန်းက ဘယ်သူလဲ ဆိုတာကို သူမ မသိဖြစ်နေခဲ့ပါတယ်။ သို့ပေမယ့် သွေးစစ်သည်တော် နှစ်ယောက်ရဲ့ ခါးထက် ချိတ်ဆွဲထားတဲ့ ကျောက်စိမ်းတံဆိပ်ပြားကို တွေ့လိုက်ရချိန်မှာတော့ သူမရဲ့ မျက်နှာလေးက လေးနက်သွားခဲ့ပြီး “ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေလား”

“မိန်းကလေးချူကို နှုတ်ဆက်ပါတယ်” တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး လေးလေးစားစားနဲ့ နှုတ်ဆက်လိုက်ကြတယ်။

ချူရီမန်ရဲ့ အဆင့်အတန်းက သူတို့ရဲ့ သခင်ငယ်လေးရဲ့ အဆင့်အတန်းနဲ့ အတူတူပါပဲ။ ပိုတိတိကျကျနဲ့ ပြောရမယ် ဆိုရင်တော့ ချူရီမန်ရဲ့ အဆင့်အတန်းက ရန်ကိုင်ထက်တောင် ပိုမြင့်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ထိုမိန်းမငယ်လေးက ချူမိသားစုရဲ့ ကောင်းချီးပေး သမီးတော် တစ်ပါးပါ။ သူမက လူငယ်မျိုးဆက် တစ်ခုလုံးရဲ့ အတောက်ပဆုံး မိန်းကလေး တွေထဲက တစ်ယောက် ဖြစ်နေခဲ့ပြီး ရန်ကိုင်ကတော့ မိသားစုဆီ မပြန်ရသေးတဲ့ တပည့်တစ်ယောက်ပဲ ဖြစ်ပါသေးတယ်။

ထိုကဲ့သို့ လူမျိုးနဲ့ တွေ့ဆုံရတဲ့အခါ တုဖုန်းနဲ့ တန်ယုရှန်းတို့လည် အထက်စီးကနေ မမောက်မာရဲပါဘူး။

အသစ်ရောက်လာတဲ့ သုံးယောက်ကို ကြည့်ရင်း ချူရီမန်ရဲ့ မျက်နှာက ဆယ်နှစ်မျိုး ဂျင်းသုပ်လို အမူအရာ မျိုးစုံ ပြောင်းနေခဲ့တယ်။ ဒါပေမယ့် နောက်ဆုံး၌ ရန်ကိုင်ကို သေချာ စူးစိုက်ကြည့်လိုက်ပြီး မှင်သက်မိနေတဲ့ လေသံနဲ့ မေးလိုက်တယ် “သွေးစစ်သည်တော် နှစ်ယောက်ရယ်၊ ရွှေရောင်ငွေသွေး သိမ်းငှက်ရယ်၊ မျိုးရိုးနာမည် ရန်နဲ့ လူငယ်တစ်ယောက်ရယ်၊ နင်က ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေထဲက တစ်ယောက်လား”

အကြောင်းစုံအားလုံကို သေချာစဉ်းစား ဆက်စပ်ကြည့်လိုက်ပြီးနောက် ရန်ကိုင် ဘယ်သူလဲဆိုတာကို မခန့်မှန်းနိုင်ခဲ့ရင် သူမနာမည် ချူရီမန် မဟုတ်တော့ပါဘူး။

“အင်း” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။

“အို… ကြည့်ရတာ ငါမှားသွားတဲ့ပုံပဲ” ချူရီမန်က မကျေမနပ်နဲ့ ရေရွတ်လိုက်တယ်။ ရန်ကိုင်က ရန်မိသားစုရဲ့ စည်းမျဉ်းတွေကြောင့် သူဘယ်သူလဲဆိုတာကို ထုတ်မပြောခဲ့ပေမယ့် သူမစိတ်ထဲ နည်းနည်းလေးတော့ ခါးသီးသွားခဲ့ရတယ်။

ရှန်ချင်းလော့ နန်းတော်မှာတုန်းက သူမမိသားစုထဲ ရန်ကိုင်ကို ဆွဲခေါ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တာကို ပြန်တွေးရင်း ချူရီမန် မျက်နှာပူလာခဲ့တယ်။

ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်အနေနဲ့ သူလိုအပ်နေတဲ့ အရင်းအမြင် ရှိနိုင်မှာ မို့လို့လား။

ငါ့ရဲ့ ကမ်းလှမ်းချက်ကို စဉ်းစားမစဉ်းစားပဲ ငြင်းဆိုလိုက်တာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ ချူရီမန်က သူမဘာသာသူမ တွေးလိုက်တယ်။ အစကတော့ ရန်ကိုင်ကို မျက်လုံးခေါင်းပေါ် တက်ပေါက်နေတဲ့ လူလို့ ထင်နေခဲ့တာပါ။ အခုတော့ သူမ နားလည်သွားခဲ့ပြီ။ ရန်ကိုင်က မျက်လုံးခေါင်းပေါ် တက်ပေါက်နေတာ မဟုတ်ပါဘူး။ သူမ ကမ်းလှမ်းမှုက သူ့အဆင့်အတန်းနဲ့ ယှဉ်ရင် အရမ်းကို နိမ့်ကျနေခဲ့တာပါ။

ရန်ကိုင်ရဲ့ မျက်နှာသေကြီးကို ငေးစိုက်ကြည့်ရင်း ထိုသကောင့်သားရဲ့ ပါးကို သုံး၊လေး၊ငါးချက်လောက် ပြေးရိုက်ချင်စိတ် ပေါက်လာခဲ့တယ်။ သူမက သူ့ကို ရက်ရက်ရောရောနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ထင်နေတဲ့အချိန် ထိုသကောင့်သားကတော့ သူမကို စိတ်ထဲကနေ ကြိတ်ပြီး လှောင်ပြောင်နေခဲ့မှာပဲ။

အခုလောက် သူမတစ်ခါမှ အရှက်မရခဲ့ဖူးပါဘူး။ ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း သူမ မျက်နှာ ပူလာခဲ့တယ်။

“နင်… နင်က ရန်မိသားစုရဲ့ သခင်လေးလား” လော့ရှောင်မန်က ရန်ကိုင်ကို မှင်သက်စွာနဲ့ စိုက်ကြည့်နေလိုက်တယ်။

“ဟုတ်တယ်” ချူရီမန် လှောင်ပြုံးပြုံးလိုက်တယ်။

လော့ရှောင်မန် ပြောစရာစကား မဲ့သွားခဲ့ရပြီး ဘာဆက်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့တယ်။

ရန်ကိုင်ကို ချူရီမန် ဘယ်လို အဖြေထုတ်ခဲ့လဲ ဆိုတာကို သူမ မှတ်မိနေပါသေးတယ်။ ရန်ကိုင်မှာ အားကောင်းတဲ့ နောက်ခံ မရှိလို့သာ တော်ပါသေးတယ်တဲ့။ သူ့မှာသာ အားကောင်းတဲ့ နောက်ခံတစ်ခု ရှိနေခဲ့ရင် ကမ္ဘာပေါ်မှာ သူ့ကို ကျော်တက်နိုင်တဲ့သူ ရှိတော့မှာ မဟုတ်တော့ဘူးတဲ့။

အခုတော့ သူ့မှာ အားကောင်းတဲ့ နောက်ခံ ရှိနေတဲ့အပြင် သူ့နောက်ခံက အားအကောင်းဆုံးတွေထဲမှာမှ အကောင်းဆုံး ဖြစ်နေခဲ့ပါတယ်။ ဘယ်သူမှ သူ့ကို ဖက်ပြိုင်နိုင်တော့မှာ မဟုတ်ပါဘူး။

“သခင်မလေး နှစ်ယောက်က ငါတို့ မိသားစုရဲ့ သခင်ငယ်လေးနဲ့ သိနေလို့လား” တန်ယုရှန်းရဲ့ မျက်ဝန်းအစုံ လက်သွားခဲ့ပြီး ချူရီမန်နဲ့ လော့ရှောင်မန်ကို သိချင်စိတ်အပြည့်နဲ့ စူးစမ်းလေ့လာနေလိုက်တယ်။

မိန်းမတစ်ယောက် ဖြစ်တဲ့အတွက် ထိုလူငယ်တွေ ပြောနေတဲ့ စကားလုံးနောက်ကွယ်က ပုံမှန်မဟုတ်တဲ့ အဓိပ္ပါယ်တွေကို သူမ သတိပြုမိပါတယ်။ သူမတို့ မိသားစုရဲ့ သခင်ငယ်လေးနဲ့ ထိုမိန်းကလေး နှစ်ယောက်ကြားမှာ ပုံမှန် မဟုတ်တာ တစ်ခုခု ရှိနေတဲ့ ပုံပါပဲ။

“အင်း၊ကျွန်မ တကယ်ပဲ သူ့ကို သိတယ်” ချူရီမန်နက တောက်ပစွာ ပြုံးလိုက်တယ်။ ဒါပေမယ့် ပြုံးနေစဉ် သူမရဲ့ သွားတွေကို တင်းတင်းစေ့ထားခဲ့ပါတယ်။

သူမရဲ့ တုန့်ပြန်ပုံကို ကြည့်ရင်း တုဖုန်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့တယ်။ လေထုတစ်ခုလုံး ဘာလို့ အေးစက်လာမှန်း သူနားမလည်နိုင် ဖြစ်နေခဲ့တယ်။ (မိန်းမတွေဆိုတာ တကယ်ကို ကြောက်ဖို့ကောင်းပါလားနော်… ဟူးဟူး)

“အဲ့လောက်ကြီးလည်း ဖြစ်မနေပါနဲ့။ ငါနင့်ကို အကြွေးတင်ထားတာလည်း မဟုတ်ဘူး” ရန်ကိုင်က မဲ့ပြုံးပြုံးကာ ချူရီမန်ကို ကြည့်လိုက်တယ်။ ထိုမိန်းကလေး သူ့ကို ဒေါသထွက်နေတယ် ဆိုတာကို ရန်ကိုင်လည်း သတိထားမိပါတယ်။

“နင်ငါ့ကို ဘာအကြွေးမှ မတင်ခဲ့ဘူး၊ ဟုတ်လား” ချူရီမန်က လှောင်ပြောင်လိုက်တယ် “ငါပြောမယ်၊ နင်ငါ့ကို အကြွေးအကြီးကြီး တင်ထားတယ်”

သူမ ပြောလိုက်တဲ့ စကားလုံးတွေထဲ ဒွိဟ ဖြစ်စေတဲ့ အဓိပ္ပါယ် ပါဝင်နေတဲ့အတွက် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး သိချင်စိတ် ပြင်းပြင်သွားခဲ့တယ်။

“ငါပြန်ပြောပြရဦးမလား” ချူရီမန်က အဆိပ်ပြင်းတဲ့ မြွေပွေးတစ်ကောင်လို ရန်ကိုင်ကို စိုက်ကြည့်လိုက်တယ်။

ရန်ကိုင်ကတော့ သူမရဲ့ မျက်နှာထားကို နည်းနည်းလေးတောင် ဂရုမစိုက်ပဲ သူပြောချင်တာကို ပြောချလိုက်တယ် “ပြောလေ၊ ငါနားထောင်နေတယ်”

“ဟင်းဟင်း…” ချူရီမန်က မြေခွေးမ တစ်ကောင်လို ပြုံးလိုက်ပြီး မျက်ဝန်းတွေက လက်သွားခဲ့ကာ နှုတ်ခမ်းကို သပ်လိုက်ရင်း “အဲ့လိုဆိုတော့လည်း ငါကပဲ ပြန်ပြောပေးရတာပေါ့။ ဘယ်ကနေ စပြောရင် ကောင်းမလဲ။ ငါသိပြီ။… ရှန်….”

“ဟေး…” ရန်ကိုင် အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး အရှေ့ကို ပြေးတက်သွားလိုက်ကာ ချူရီမန်ရဲ့ ပါးစပ်ကို သူ့လက်နဲ့ အလျင်အမြန် ပြေးအုပ်ထားလိုက်တယ်။

Martial Peak

အိုင်း (၃၆၉) ငါနင့်ကို အကြွေးမတင်ထားဘူး

ရှန်ချင်းလော့ရဲ့ နာမည်ဆိုတာ ပြောချင်တိုင်း ပြောလို့ကောင်းတဲ့ နာမည် တစ်ခု မဟုတ်ပါဘူး။

ရန်ကိုင်ရဲ့ ရဲတင်းတဲ့ အပြုအမူကို ကြည့်ရင်း သွေးစစ်သည်တော် နှစ်ယောက် မျက်ခုံးပင့်မိလိုက်တယ်။ နှစ်ယောက်စလုံးရဲ့ အမူအရာလည်း တစ်မျိုးတစ်ဖုံ ထူးဆန်းလို့ သွားခဲ့တယ်။

သူမက ချူရီမန်ပါ။ ချူရီမန်ရဲ့ ပထမသခင်မလေးဆိုတာ သူမပါ၊ ဟေန်မင်းဆက်ရဲ့ ကောင်းချီးပေး သမီးတော်တစ်ယောက် ဆိုလည်း မမှားသလို မိသားစုကြီးတိုင်းက သခင်လေး အားလုံးနီးပါးရဲ့ ပစ်မှတ်ဆိုလည်း မှားမယ် မထင်ပါဘူး။

ဒါပေမယ့် အခုလိုမျိုး ပါးစပ်ကို အခြားယောကျ်ား တစ်ယောက်က လက်နဲ့ လာပိတ်ထားတာတောင် ချူရီမန်က ပြန်တိုက်ခိုက်ဖို့ မကြိုးစားပဲ သာမန်မိန်းကလေး တစ်ယောက်လိုသာ ရုန်းကန်နေခဲ့တယ်။

အကြည့်ချင်း ဖလှယ်လိုက်ပြီး သွေးစစ်သည်တော် နှစ်ယောက်ရဲ့ မျက်ဝန်းတွေက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့တယ်။

သူတို့ကြားမှာ ကျိန်းသေ တစ်ခုခု ရှိနေရမယ် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ကိုယ်စီကိုယ်စီ တွေးလိုက်ကြတယ်။

“ငါ့ကိုလွှတ်” ရုန်းလို့လည်း မလွတ်နိုင်ရော ချူရီမန်က တိုးတိုးလေး ပြောလိုက်တယ်။

ရန်ကိုင်က သူမကို ခြိမ်းခြောက်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး ဖြေးဖြေးချင်း လွှတ်ပေးလိုက်တာ ခြေလှမ်းအနည်းငယ်လောက် နောက်ပြန်ဆုတ်သွားလိုက်တယ်။

ရန်ကိုင်က သူမကို မျက်မှောင်ကြုံ့ကာ စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ် “ငါနင့်ကို ဘာအကြွေးမှ မတင်ထားပါဘူး။ နင်ကြုံတွေ့ခဲ့ရတာ မှန်သမျှက နင့်ဘာသာ အနေအထိုင် မတတ်လို့ ဖြစ်တာ၊ ငါနဲ့ ဘာမှ မဆိုင်ဘူး”

“နှလုံးသား မရှိတဲ့ အစုတ်ပလုတ်ကောင်” ချူရီမန်က ရက်ရက်စက်စက် ကျိန်ဆဲလိုက်တယ်။

“အလွယ်တကူ နားလည်မှု လွဲနိုင်တဲ့ စကားတွေကို လာမပြောနဲ့၊ ငါတို့က မတော်တဆ တွေ့ခဲ့တာ၊ ငါတို့ကြားမှာ ရင်းနှီးမှုဆိုတာမရှိဘူး” ရန်ကိုင်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။

သူမရဲ့ ပုံမှန်မဟုတ်တဲ့ အကြံအစည်တွေ အကုန်လုံး ရန်ကိုင်အပေါ် သက်ရောက်မှု မရှိတဲ့အတွက် ချက်ချင်းဆိုသလို ချူရီမန် ဒေါသထွက်သွားခဲ့ရတယ်။ သူမက အခြားသခင်လေးတွေ အပေါ် ဒီလောက် အတိုင်းအတာအထိ အားစိုက်ထုတ်လိုက်မယ် ဆိုရင် အခုအချိန်လောက်ဆို ထိုကောင်တွေက သူမရှေ့မှာ ခေါင်းလေးငြိမ့်၊ အမှီးလေး နှံ့ပြနေမှာပါ၊ ဒါပေမယ့် ဒီကောင်ကပဲ ဘာလို့ သူမအပေါ် ဒီလောက် အေးစက်နေရတာလဲ။

“ငါ့မှာ နင့်ကို မေးစရာ အများကြီး ရှိသေးတယ်၊ ငါတို့ စကားပြောလို့ရမယ့် နေရတစ်ခုလောက် ရှိလား” ရန်ကိုင်က ဘေးဘီဝဲရာကို လိုက်ကြည့်ရင်း မေးလိုက်တယ်။

ချူရီမန်က အထင်အမြင် သေးသေးနဲ့ နှာခေါင်းရှုံ့လိုက်တယ်။ ဒါပေမယ့် တစ်ခဏလောက် အချိန်ယူပြီး သူမကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်တယ် “ငါနောက်လိုက်ခဲ့”

ကောင်းကင်စံအိမ် တပည့်တွေကတော့ ထိုမြင်ကွင်းကို ငေးကြောင်ကြောင် ကြည့်နေခဲ့ကြတယ်။

ရန်ကိုင်နဲ့ ချူရီမန်တို့ နှစ်ယောက်စလုံး တိုးတိုးတိတ်တိတ်နဲ့ ကြိတ်ပြီး ပြောဆိုဆွေးနွေး နေခဲ့ကြတာ မဟုတ်တဲ့အတွက် သူတို့ ပြောတာတွေကို ဘေးနားမှာ ရှိနေတဲ့လူတွေ အကုန်လုံး ကြားခဲ့ကြပါတယ်။

ချူရီမန် ဘယ်သူလဲ ဆိုတာ သူတို့ အားလုံး သိထားပါတယ်။ ဒါပေမယ့် ရန်ကိုင်က သူမနဲ့ အသိတွေ ဖြစ်နေခဲ့ပြီး သူတို့ကြားက ဆက်ဆံရေးကလည်း ရိုးရှင်းသည့်ပုံ မပေါ်ပါဘူး။

သူ့မှာ ဘယ်လို မှော်စွမ်းရည်တွေများ ရှိနေခဲ့တာလဲ။ ချူမိသားစုရဲ့ ပထမသခင်မလေး ဖြစ်တဲ့ ချူရီမန်နဲ့ ဘယ်လိုလုပ်ပြီး သိသွားခဲ့တာလဲ။

သူတို့အဖွဲ့ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ရှဲ့ဟုန်ချန်က ရှက်ရွံ့နေသည့် အမူအရာနဲ့ မြေကြီးပေါ် ဆင်းလာခဲ့တယ်။ ဒီလောက် အချိန်အကြာကြီး လိုက်ဖမ်းခဲ့တာတောင် သိမ်းငှက်ရဲ့ အမွှေးတစ်မျှင်ကို ထိအောင် မစွမ်းနိုင်ခဲ့ပါဘူး။ အဲ့အစား သိမ်းငှက်တိုက်ခိုက်တာကို ခံရပြီး ဒဏ်ရာရလုနီးပါး ဖြစ်သွားခဲ့ရပါတယ်။

မြေကြီးပေါ် ဆင်းလာပြီးတော့ ရန်ကိုင် မရှိတော့တာကို သူချက်ချင်းပဲ သတိထားမိလိုက်တယ်။

“ရန်ကိုင် ဘယ်မှာလဲ” ရှဲ့ဟုန်ချန်က အနီးအနားမှာ ရှိနေတဲ့ တပည့်တွေကို အေးစက်စက်လေသံနဲ့ မေးလိုက်တယ်။

“သခင်မလေးချူ ရောက်လာပြီး သူ့ကို ခေါ်သွားတယ်” ဂျူနီယာ တပည့်တစ်ယောက်က ပြန်ဖြေလိုက်တယ်။

“သူ့ကို ခေါ်သွားတာလား” ရှဲ့ဟုန်ချန် မျက်မှောင် ကြုံ့လိုက်တယ်။ မယုံကြည်နိုင်သည့် အမူအရာနဲ့ ထိုတပည့်ကိုပဲ ထပ်မေးလိုက်တယ် “သူမကိုယ်တိုင် သူ့ကို ခေါ်သွားတာ သေချာလား”

သေချာတယ်လို့ မပြောရဲတဲ့အတွက် ထိုတပည့်က ကွေ့ပတ်ကာ ပြန်ဖြေလိုက်တယ် “သခင်မလေးချူက သူနဲ့ တစ်ခုခုအကြောင်း ဆွေးနွေးချင်တဲ့ ပုံပဲ”

ရှဲ့ဟုန်ချန်က ခေါင်းညိတ်လိုက်ပေမယ့် သူ့စိတ်ထဲ သင်္ကာမကင်း ဖြစ်နေခဲ့ပါတယ်။ ချူရီမန်က ရန်ကိုင်နဲ့ ဘာလို့ စကားပြောချင် ရတာလဲ။ သူမက ဒီနေရာကို ပြန်ဆောက်လုပ်တဲ့ နေရာမှာ သူ့ကို အာဏာအပြည့် ပေးထားခဲ့တာပါ။ ဒါဆို ထိုကောင်စုတ်လေး သူမနဲ့ စကားပြောဖို့ ဘာအရည်အချင်းများ ရှိလို့လဲ။

သူ့စိတ်ထဲက သံသယတွေကို မဖြေဖျောက် နိုင်တာနဲ့ ချူရီမန်နှင့် လော့ရှောင်မန်တို့ ခေတ္တခဏ အနားယူနေတဲ့ နေရာဆီ ခပ်မြန်မြန်ပဲ လမ်းလျှောက်သွားလိုက်တယ်။

အနီးအနားက အိမ်တစ်အိမ်မှာတော့ ချူရီမန်နဲ့ လော့ရှောင်မန်တို့က စားပွဲခုံတစ်ခုရှေ့ ရန်ကိုင်နဲ့ မျက်နှာချင်းဆိုင်ရင်း ထိုင်နေခဲ့ကြတယ်။

အိမ်လေးက အရမ်းကို ရိုးရှင်းပြီး ထူးထူးခြားခြား ပြင်ဆင်ထားတာ မျိုးလည်း ဘာမှ မရှိပါဘူး။ ကောင်းကင်စံအိမ်မှာ ရှိနေတုန်း သူမတို့ နေဖို့အတွက် အထူးသီးသန့် တည်ဆောက်ပေးထားတယ် ဆိုတာ အသိသာကြီးပါ။

အိမ်အပြင်ဘက်မှာတော့ တုဖုန်းနဲ့ တန်ယုရှန်းတို့ စောင့်ကြပ်နေခဲ့တယ်။ သူတို့ရဲ့ အမူအရာတွေက အေးစက်ပြီး လေးနက်နေခဲ့တယ်။

ချူရီမန်က ရန်ကိုင်အတွက် ကိုယ်တိုင်ကိုယ်ကျ လက်ဖက်ရည် ငှဲ့ပေးလိုက်ပြီး ပြန်ထိုင်လိုက်ကာ ရန်ကိုင်ကို စိုက်ကြည့်လိုက်ရင်း ပြောလိုက်တယ် “နင်မေးချင်တာ ရှိရင် မေးလို့ရပြီ”

“သူ နင့်တို့ နှစ်ယောက်ကို ဘယ်အချိန်က လွှတ်ပေးလိုက်တာလဲ’ ရန်ကိုင်က လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ရင်း မေးလိုက်တယ်။

“လွန်ခဲ့တဲ့ တစ်လတုန်းက” ချူရီမန်က မဲ့ပြုံးပြုံးလိုက်တယ်။ ရန်ကိုင် ပြောနေတဲ့ သူဆိုတာ ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မ ရည်ညွှန်းမှန်း သူမ နားလည်ပါတယ် “သူမက ငါတို့ကို မရှက်ချင်လို့နဲ့ တူတယ်၊ တိုက်ပွဲကွင်းပြင် အမျိုးမျိုးကို ခေါ်သွားလို့ ပြီးတာနဲ့ တကယ့်တိုက်ပွဲကြီး မစခင်မှာပဲ ပြန်လွှတ်ပေးလိုက်တာ”

“ပြီးတော့ ဘာဆက်ဖြစ်လဲ”

“ငါတို့ရဲ့ တစ်ယူသန် အတွေးတွေ ပြောင်းလဲသွားခဲ့ ရတာပေါ့…” ချူရီမန်က ပြေားနေရင်း တစ်ချက် ရပ်လိုက်ပြီးနောက် စိတ်အား ထက်သန်စွာနဲ့ ဆက်ပြောလိုက်တယ် “တိမ်မိစ္ဆာနယ်မြေ တစ်ခုလုံးက မိစ္ဆာလိုကောင်တွေနဲ့ ပြည့်နေမယ်လို့ ငါထင်ထားခဲ့တာ။ အဲ့မှာ နေနေတဲ့ လူအားလုံးက နတ်ဆိုးတွေ၊ မိစ္ဆာတွေပေါ့၊ ဒါပေမယ့် အခုတော့ အဲ့ထက်ပိုးပြီးတော့ ငါတွေးတတ်သွားပြီ။ ငါတို့ရဲ့ အမှန်တရား ဘက်တော်သားတွေလို့ ခေါ်တဲ့ လူတွေ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အပြစ်မဲ့လူတွေ အများကြီးကို ငါတွေ့ခဲ့တယ်။ အမှန်တရားလမ်းစဉ် ဂိုဏ်းတွေလို့ ခေါ်နေကြတဲ့ ငါတို့ဆီကနေ ဂိုဏ်းတွေ တစ်ဖက်လူတွေကို ဘယ်လို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြလဲ ဆိုတာကိုလည်း ငါတွေ့ခဲ့တယ်… သူမပြောတာ မှန်တယ်၊ ကမ္ဘာကြီးက အဖြူနဲ့ အနက်ပဲ မဟုတ်ဘူး။ လူသားတိုင်းရဲ့ နှလုံးသားထဲမှာ နတ်ဆိုးဆိုတာ ရှိတယ်။ အားလုံးက နတ်ဆိုး ဖြစ်လာနိုင်တယ်။ ငါတို့ စိတ်ဆန္ဒတွေ အပေါ် လိုက်ပြီး ကိုယ်ရွေးတဲ့ လမ်းပေါ်မှာပဲ မူတည်တယ်”

“အင်း” ရန်ကိုင်က ချူရီမန် ပြောတာကို နားထောင်နေရင်း ခေါင်းညိတ်ပြလိုက်တယ်။ သူမ အခုလိုမျိုး နာလည်နိုင်သွားတာ တကယ်ကို ကောင်းတဲ့ အချက်တစ်ချက်ပါ။

ရှန်ချင်းလော့ အနေနဲ့ သူမကို တိုက်ပွဲကွင်းပြင်ဆီ ခေါ်သွားခဲ့တာ တကယ်ကို မှန်ကန်ခဲ့ပါတယ်။

ရှန်ချင်းလော့က ချူမိသားစုရဲ့ လွှမ်းမိုးနိုင်စွမ်းကို သုံးပြီး တိမ်မိစ္ဆာနယ်မြေအပေါ် အပြင်ကမ္ဘာက လူသားတွေရဲ့ အထင်အမြင်ကို ပြောင်းလဲချင်နေတဲ့ ပုံပါပဲ။ အဲ့လိုမှပဲ တိမ်မိစ္ဆာနယ်မြေက ပိုပြီး ငြိမ်းချမ်းလာမှာလေ။

“သူမ ငါတို့ကို လွှတ်ပေးပြီးတာနဲ့ ငါတို့ ဒီနေရာကို တန်းလာခဲ့တာပဲ” ချူရီမန်က ပြုံးကာ ပြောလိုက်တယ်။

“အဲ့လိုဆိုရင် နင်လုံခြုံတယ် ဆိုတာကိုကော ချူမိသားစုက သိပြီးသွားပြီလား” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်တယ်။

“ငါလုံခြုံတဲ့အကြောင်း သူတို့ကို လှမ်းသတိပေး ပြီးသွားပြီ” ချူရီမန်က ခေါင်းညိတ်လိုက်ပြီး “ခရမ်းဖန်းတောင်ကြားနဲ့ ဘိုင်မိသားစုဆီလည်း စာတစ်စောင်ဆီ ပို့ပေးပြီးသွားပြီ…”

ရန်ကိုင့် အကြည့်တို့ ထက်ရှသွားခဲ့ပြီး ချူရီမန်နဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်တယ်။

ဒါပေမယ့် ချူရီမန်က တခစ်ခစ် ရယ်မောလိုက်ပြီး “အို၊ စိတ်ပူမနေပါနဲ့။ ဘိုင်ယွမ်ဖုန်းက မိုးကြိုးသားရဲ ဘုရင်ရဲ့ လက်အောက်ငယ်သားတွေက လိုက်တာ ခံရပြီး မတော်တဆ အသတ်ခံလိုက် ရတယ်လို့ ပြောဖို့ ရှောင်မန်ကို ငါပြောထားပါတယ်။ နင့်နာမည်ရော၊ သူမ နာမည်ရော၊ တစ်ခွန်းတစ်လေတောင် ငါမဟခဲ့ပါဘူး”

“အင်း၊ ကောင်းတယ်” ရန်ကိုင်က ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်လိုက်တယ်။ ဘိုင်ယွမ်ဖုန်း သေရတာက သူနဲ့ မဆိုင်ဘူး ဆိုပေမယ့် ထိုကိစ္စရဲ့ သတင်းအမှန်သာ ပေါက်ကြားသွားခဲ့ရင် ဘိုင်မိသားစုရဲ့ အမုန်းတရားကို မီးစပျိုးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။

ထိုအင်အားစုကြီးတွေက ယုတ္တိတန်တန်နဲ့ စဉ်းစား တတ်တဲ့လူတွေ မဟုတ်ပါဘူး။ သူက ရန်မိသားစုရဲ့ သခင်လေး တစ်ယောက် ဖြစ်နေလို့ သူ့ကို ဘာမှ မလုပ်နိုင်ပေမယ့် သူတို့ရဲ့ ဒေါသကို ကောင်းကင်စံအိမ်က တပည့်တွေ အပေါ်မှာ ပုံချလို့ ရပါသေးတယ်။

ချူရီမန်က အကြောအချဉ် တစ်ချက် ဆန့်လိုက်ပြီး မထူးခြားနားသည့် ဟန်ဖြင့် ဆက်ပြောလိုက်တယ် “ငါ့လွတ်လပ်မှုကို ပြန်ရတဲ့နေ့ ကောင်းကင်စံအိမ်ရဲ့ နာမည်ဆိုးကို ရှင်းလင်းပေးမယ်လို့ ငါနင့်ကို ပြောခဲ့တယ်။ အခု အဲ့လိုလုပ်ဖို့ ငါ့မှာ အခွင့်အာဏာ မရှိသေးဘူ။ ဒါကြောင့် ငါလုပ်နိုင်တာဆိုလို့ နင်တို့ဂိုဏ်းကို ပြန်ဆောက်လုပ် ပေးပြီး အနာဂတ်အတွက် အစီအစဉ်တွေ ချပေးတာပဲ တတ်နိုင်လိမ့်မယ်”

ချူရီမန်က ချူမိသားစုရဲ့ ပထမ သခင်မလေး ဆိုပေမယ့် ကောင်းကင်စံအိမ် ကိစ္စက အရမ်းကို လေးနက်ပြီး ရှုပ်ထွေးလွန်းပါတယ်။ သူမရဲ့ အဆင့်အတန်းနဲ့တောင် ဘာမှ လုပ်လို့ မရပါဘူး။

အနည်းဆုံးတော့ ကောင်းကင်စံအိမ်ရဲ့ နာမည်ဆိုးကို ရှင်းလင်းချင်တယ် ဆိုရင် အထွတ်အထိပ် ပညာရှင်တွေဆီ အပူကပ်မှပဲ ရပါလိမ့်မယ်။

“အဲ့ဒါကြောင့် နင်က ဒီနေရာကို တာဝန်ယူပြီး ပြန်ဆောက်ပေး နေတာပေါ့” ရန်ကိုင်က သူမကို စိုက်ကြည့်ရင်း မေးလိုက်တယ်။

“နင်ဘယ်လို ထင်လဲ” ချူရီမန်က ပြုံးလိုက်ပြီး “ကောင်းကင်စံအိမ်ကို မိစ္ဆာဂိုဏ်းတစ်ခုလို့ ကြေညာထားတာလေ။ ငါကိုယ်တိုင်သာ မျက်နှာ ထွက်မပြရင် ဘယ်သူက နင့်ဂိုဏ်းကို ပြန်ဆောက် ပေးရဲမှာလဲ။ အခု လောလောဆယ် အချိန်အတွင်းတော့ နင့်ဂိုဏ်းကို ငါတို့ ချူမိသားစုရဲ့ အခွဲတစ်ခုလို့ ကြေညာဖို့ စဉ်းစားထားတယ်။ နင့်ကို ကူညီပေးတဲ့အနေနဲ့ နောက်ပိုင်းကျ ကောင်းကင်စံအိမ်ရဲ့ နာမည်ဆိုးကို ပြန်ပြီး ရှင်းလင်းပေးဖို့ ကြိုးစားပေးမယ်”

“မဟုတ်ဘူး၊ ငါ့ကို ကူညီပေးတယ် ဆိုတာ မဟုတ်ဘူး၊ ဒါက နင်တို့ ချူမိသားစုက လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုပဲ” ရန်ကိုင်က ပြန်ပြီး လှောင်ပြောင် ပြောဆိုလိုက်တယ်။

ဒီတစ်ကြိမ်မှာတော့ ချူရီမန် တိတ်နေခဲ့ပါတယ်။ ခေါင်းလေးသာ ညိတ်လိုက်ပြီး ပြောလိုက်တယ် “နင်ပြောတာ အဓိပ္ပါယ်ရှိတယ်၊ တကယ်တော့ ငါတို့ ချူမိသားစုကပဲ ဒီနေရာ တစ်ခုလုံးကို မီးလောင်ပြာချ ပစ်ခဲ့တာလေ။ အခု နင်လည်း ပြန်လာခဲ့ပြီ။ နင့်နောက်မှာလည်း နောက်ခံကောင်းကောင်း တစ်ခု ရှိနေပြီ ဆိုတော့ ဒီအလုပ်ကို နင်တာဝန် ပြန်ယူလို့ ရပြီ။ ဒီလို ကိစ္စတွေမှာ ဝင်ပါဖို့ ငါအရမ်း ပျင်းတယ်။ ဟဲဟဲ၊ ရန်မိသားစု သခင်တစ်ယောက် ကျောထောက်နောက်ခံ ရှိနေမှတော့ ဘယ်သူက ပြဿနာ လာရှာရဲဦးမှာလဲ၊ ဟုတ်တယ်မလား”

ရန်ကိုင်လည်း ကြောင်သွားခဲ့ပေမယ့် ပြန်ငြင်းဆိုးတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ အချိန် အတော်ကြာအောင် စဉ်းစား လိုက်ပြီးနောက် သူမပေးတဲ့ အကြံ မဆိုးဘူးဆိုတာကို ရန်ကိုင် သိလိုက်တယ်။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး “ကောင်ပြီ၊ ငါနင့်ကို ကျေးဇူတင်ရတော့မှာပေါ့”

ချူရီမန် မျက်ဝန်းအစုံက တစ်ချက် လက်သွားခဲ့ပေမယ့် သူမ မျက်နှာကတော့ ပြုံးနေဆဲပါပဲ။

“အပြင်မှာ ရှိနေတဲ့ လူတွေကိုကော ဘယ်လိုလုပ်မှာလဲ။ သူတို့တွေကို နင်ဘယ်ကနေ ရှာလာတာလဲ” ရန်ကိုင်က မေးခွန်းထုတ်လိုက်တယ်။

“ဒီဘေးပတ် ဝန်းကျင်ကနေလေ” ချူရီမန်က ပြုံးလိုက်ပြီး စားပွဲပေါ် လက်ထောက် မေးတင်လိုက်ပြီး ပျင်းရိပျင်းတွဲ ပုံစံနဲ့ ပြောလိုက်တယ် “သူတို့တွေက ဒီအနားက ဂိုဏ်းနှစ်ဂိုဏ်းမှာပဲ ရှိနေခဲ့ကြတာ။ ဒီတော့ ငါက ဘေးနာက ဂိုဏ်းတွေမှာ ရှိတဲ့ အကြီးအကဲတွေကို စကား နည်းနည်း သွားပြောလိုက်တယ်။ အဲ့လိုနဲ့ သူတို့တွေကို ဒီနေဆီ ခေါ်လာခဲ့တာ”

ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့တယ်။

အပြင်မှာ ရှိနေတဲ့ လူတွေ အကုန်လုံးက ဂိုဏ်းကနေ ထွက်ပြီး သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်းတိုင်းစံအိမ်ဆီ ရောက်သွားတဲ့ လူတွေ ဖြစ်လောက်ပါတယ်။ ဒါပေမယ့် အဓိက တပည့်တစ်ယောက် ဖြစ်တဲ့ ရှဲ့ဟုန်ချန်က ဂိုဏ်းဒုက္ခရောက်နေတဲ့ အချိန်မှာ ဂိုဏ်းကနေ ထွက်ခွါသွားခဲ့ပြီး သာမန် တပည့်တွေ ဖြစ်တဲ့ လီယွမ်ရှန်းလို လူတွေက ဂိုဏ်းမှာ ကျန်နေရစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဂိုဏ်းမှာ ကျန်နေရစ်တဲ့ တပည့်တွေ အကုန်လုံး မီတာတစ်သောင်းကျော် ကွာဝေးတဲ့ နေရာဆီ လေဟာနယ် လျှောက်လမ်း အကူအညီနဲ့ ထွက်ပြေးသွားခဲ့ရပါတယ်။

အန္တရာယ်ကြုံတဲ့ အချိန်မှပဲ လူတစ်ယောက်ရဲ့ နှလုံးသားကို နားလည် နိုင်ပါလိမ့်မယ်။

ဒါပေမယ့် ထိုကိစ္စကို ရန်ကိုင် ဒီလောက်ကြီး ဂရုထားမနေခဲ့ပါဘူး။ ဂိုဏ်းကနေ ထွက်သွားဖို့ ရွေးချယ်လိုက်တာက သူတို့ရဲ့ လွတ်လပ်ခွင့်လေ။

တပည့်တော်တော် များများကို သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က လက်ခံထားလိုက်တဲ့ ပုံပါပဲ။ ဒါပေမယ့် အခုတော့ ချူရီမန် ရောက်လာခဲ့ပြီး ထိုတပည့်တွေကို ပြန်ခေါ်သွားခဲ့ပါတယ်။ ချူမိသားစုရဲ့ ပထမ သခင်မလေး ဆိုတဲ့ သူမရဲ့ အဆင့်အတန်းနဲ့ ဆိုမှတော့ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က လူတွေက ဘယ်လိုလုပ်ပြီး ငြင်းဆန်ရဲပါ့မလဲ။

“ကိုယ်ဂိုဏ်းကို ကိုယ်လူတွေနဲ့ပဲ ထောက်ပံ့ကူညီသင့်တာ၊ နင်သဘောတူလား” ရန်ကိုင် ချီးကျူးမှာကို မျှော်လင့်ရင်း ချူရီမန်က ပျော်ရွှင်စွာ ပြုံးလိုက်တယ်။

ကံမကောင်းစွာနဲ့ ရန်ကိုင်ကတော့ သူမပြောတာကို မကြားချင်ယောင်သာ ဆောင်နေလိုက်ကာ လော့ရှောင်မန်ကို စိုက်ကြည့်လိုက်တယ်။ လော့ရှောင်မန်လည်း ကျားကိုတွေ့တဲ့ ယုန်သူငယ်လို ချူရီမန်နောက် ချက်ချင်း ပြေးပုန်းပါတော့တယ်။

ထိုအခြင်းအရာကို ကြည့်ရင်း ချူရီမန် မျက်စံသာ ပင့်တင်မိလိုက်တယ်။ ထိုကောင် ဘယ်လောက် ခေါင်းမာမှန်း သိတဲ့အတွက် ထိုကိစ္စကို ဆက်ပြော မနေတော့ပါဘူး။

“ဟုတ်ပြီ၊ ဒီနေရာကို လာတုန်းက ထူးခြားတာ တစ်ခုခုကို သတိပြုမိသေးလား” ရန်ကိုင်က တစ်ခုခုကို သတိရသွားခဲ့ပြီး ချက်ချင်း ကောက်မေးလိုက်တယ်။

“ဘာထူးဆန်းတာလဲ”

“အင်း၊ မိစ္ဆာချီ၊ နတ်ဆိုးချီတွေ လှိမ့်ထွက်နေတဲ့ နေရာမျိုးလေ” ရန်ကိုင်က ပုံမှန်လေသံအတိုင်း ပြောလိုက်တယ်။

“အိုး၊ နင်အဲ့ဒါကို ဆိုလိုတာလား” ချူရီမန်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်တယ် “ငါတို့ ရောက်လာတုန်းကတော့ မမြင်ခဲ့ဘူး။ ဒါပေမယ့် နင့်ရဲ့ စီနီယာအစ်ကို ရှဲ့ဟုန်ချန် ပြောတာကို နားထောင်ပြီးတဲ့နောက် ရစ်ခွေနဂါးစမ်းချောင်းလို့ ခေါ်တဲ့ နေရာကနေ မိစ္ဆာချီတွေ ပေါက်ကွဲထွက်လာခဲ့ဖူးတယ်တဲ့။ မိစ္ဆာချီတွေက ဘေးပတ်ပတ်လည်ကို ပျံ့နှံ့လာလို့ ဂိုဏ်းနှစ်ဂိုဏ်းတောင် နေရာရွေ့ဖို့ ပြင်လိုက်ရသေးတယ်တဲ့။ ဒါပေမယ့် ရစ်ခွေနဂါးစမ်းချောင်း အောက်ခြေမှာ မိစ္ဆာချီတွေကို စုပ်ယူနေတဲ့ တစ်ခုခု ရှိနေတဲ့ ပုံပဲတဲ့။ လနည်းနည်းလောက် ကြာပြီးတဲ့နောက် ဘေးပတ်ဝန်းကျင် တစ်ခုလုံး အရင်လို ပြန်ဖြစ်သွားခဲ့တယ်တဲ့”

“တစ်ယောက်ယောက်က အောက်ဆင်းပြီး မစစ်ဆေးကြည့်ဘူးလား” ရန်ကိုင်လည်း အနည်းငယ် စိုးရိမ်မိသွားခဲ့တယ်။

နတ်ဆိုးချီတွေကို ဘာက စုပ်ယူနေလဲ ဆိုတာကို အခြားသူတွေ မသိပေမယ့် သူကတော့ သေသေချာချာကို သိထားပါတယ်။

နတ်ဆိုးအိုကြီး…

ပြန်ရောက်ရောက်ချင်း ထိုနေရာကို သူ့ရဲ့ ကောင်းကင် စိတ်အာရုံနဲ့ စစ်ဆေးကြည့်လိုက်ပါသေးတယ်။ ဒါပေမယ့် နတ်ဆိုးအိုကြီး ရှိနေတဲ့ အရိပ်အယောင် နည်းနည်းလေးမှ မခံစားမိခဲ့ပါဘူး။ ထို့ကြောင့်ပဲ မိစ္ဆာချီတွေကို နတ်ဆိုးအိုကြီး စုပ်ယူတဲ့ လုပ်ငန်းစဉ် ပြီးသွားပြီ ဆိုတာကို သိလိုက်ပေမယ့် သူဘယ်သွားလဲ ဆိုတာကိုတော့ ရန်ကိုင် မသိခဲ့ပါဘူး။

ဒီတစ်ကြိမ်ကို အခွင့်အရေး ယူပြီး ငါ့ထိန်းချုပ်မှုကနေ ထွက်ပြေးနေချင်တာများလား ရန်ကိုင်လည်း ဖြစ်နိုင်ချေတစ်ခုကို စဉ်းစား တွေးတော ကြည့်မိလိုက်တယ်။

မဖြစ်နိုင်တာလည်း မဟုတ်ပါဘူး။ နတ်ဆိုးအိုကြီးက အစစ်အမှန် နတ်ဆိုးသခင်တစ်ပါးပါ။ သူက ယုံကြည်ပြီး သစ္စာရှိတဲ့ လူစားမျိုး မဟုတ်ပါဘူး။

“မစစ်ဆေးရသေးဘူး။ ဘယ်သူမှ အောက်ဆင်းပြီး မစစ်ဆေး ကြည့်ရသေးဘူး။ အနားမှာ ရှိနေတဲ့ လူအားလုံးက အောက်ဆင်း စစ်ဆေးဖို့ မပြောနဲ့၊ ရစ်ခွေနဂါးစမ်းချောင်းနား ကပ်ဖို့တောင် ကြောက်နေကြတာ” ချူရီမန်က ဖြေးဖြေးချင်း ခေါင်းခါယမ်းလိုက်တယ်။

ဒါက နားလည်လို့ ရပါတယ်။ သူတို့ အားလုံးက ဒီမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ကိုယ်တိုင် မြင်ခဲ့ရတာလေ။ ထိုအချိန်တုန်းက နတ်ဆိုးချီတွေက ကောင်းကင်ယံထိ ထိုးတက်သွားခဲ့ပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့ပါတယ်။ အများအမြင်မှာသာ ငြိမ်းချမ်းပြီး လုံခြုံပုံ ရပေမယ့် သိချင်စိတ် အတွက်နဲ့ ဘယ်သူကမှ ကိုယ့်အသက်ကို မစွန့်စားရဲပါဘူး။

“အောက်မှာ ဘာရှိလဲ ဆိုတာကို နင်သိလား” ချူရီမန်ရဲ့ အကြည့်က ချက်ချင်း ဆိုသလို ထက်ရှသွားခဲ့ပြီး ရန်ကိုင်ကို စိုက်ကြည့်လိုက်တယ်။

“မသိဘူး” ရန်ကိုင်က ခေါင်းခါရုံလေး ခါပြလိုက်တယ်။

ချူရီမန် နှာခေါင်း ရှုံ့လိုက်တယ်။ အမှန်ကို ပြောရဲလောက်အောင် ရန်ကိုင် သူမကို မယုံကြည်သေးဘူး ဆိုတာကို သူမ သိထားပါတယ်။

“မေ့လိုက်တော့၊ နင်မပြောချင်မှတော့လည်း မပြောနဲ့တော့ပါဘူး။ နင်းဂိုဏ်းကို ပြန်ဆောက်တဲ့ နေရာမှာပဲ အာရုံစိုက်ကြတာပေါ့။ ငါလည်း ဒီမှာ ရှိနေတာ တော်တော် ကြာနေပြီ။ အိမ်ကို စာပို့ထားတယ် ဆိုပေမယ့် အတတ်နိုင်ဆုံး အမြန်ပြန်မှ ဖြစ်မယ်၊ မဟုတ်ရင် ငါ့မိသားစုက ငါ့ကို နောက်တစ်ကြိမ် ထပ်ပြီး စိတ်ပူနေရဦးမယ်။ လူလွှတ်ပြီး ငါ့ကို ပြန်ခေါ်ရင်တောင် ခေါ်နိုင်သေးတယ်” ချူရီမန်နဲ့ ခါးသီးစွာနဲ့ ပေးလိုက်တယ်။

သူမကြည့်ရတာ မြို့တော်ဆီ ပြန်သွားဖို့ တွန့်ဆုတ်နေတဲ့ ပုံပါပဲ “အခု ဂိုဏ်းပြန်ဆောက်တဲ့ တာဝန်ကို နင့်ဆီပဲ ပြန်အပ်ထားလိုက်တော့မယ်။ ဘာပဲဖြစ်ဖြစ် နင့်ဂိုဏ်းဆိုတော့ နင်ကိုယ်တိုင် စီမံတာပဲ ပိုကောင်းလိမ့်မယ်။ အခု ဆောက်လုပ်တဲ့ တာဝန်အရပ်ရပ်ကို ရှဲ့ဟုန်ချန်ဆီပဲ ပေးထားတာ၊ နင်ပြောချင်တာကော ရှိသေးလာ၊ ပြောစရာရှိရင် ပြေလို့ရတယ်နော်”

Martial Peak

အပိုင်း (၃၇၀) နင်ကိုင်တွယ်လိုက်

“နင်ပဲ တာဝန်ယူလိုက်ပါ၊ ငါနင့်ကို ယုံကြည်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စနဲ့ပက်သက်ပြီးတော့ နည်းနည်းလေးတောင် စဉ်းစား မနေခဲ့ပါဘူး။

“ဘယ်လောက်တောင် ပွင့်လင်းပြီး ရက်ရောလိုက်တဲ့ လူလဲလို့” ချူရီမန်က ထေ့ငေါ့ပြီး ပြောလိုက်တယ် “ကဲ၊ ဘာပဲဖြစ်ဖြစ်၊ နင်ပဲ ကိုင်တွယ်လိုက်။ ဒါပေမယ့် ငါပြောရဦးမယ်၊ ဘာပဲဖြစ်လာ ဖြစ်လာ ငါ့ကို လာပြီး အထွန့်မတက်နဲ့နော်။ နင့်ရဲ့ စီနီယာအစ်ကိုက ဂိုဏ်းမှာ လက်ရွေးစင် တစ်ယောက်ဆိုပေမယ့် နင်နဲ့ ယှဉ်လိုက်ရင် အမှိုက်သာသာပဲ ရှိတယ်။ ဒါပေမယ့် ဆောက်လုပ်တဲ့ လုပ်ငန်းစဉ်ကို သူ့ကို စီမံကွပ်ကဲ ခိုင်းမယ်ဆိုရင်တောင် သူလုပ်နိုင်လောက်တယ်”

သူမဘေးမှာ ထိုင်နေတဲ့ လော့ရှောင်မန်လည်း ချူရီမန် ပြောတာကို ထောက်ခံတဲ့ အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

ရန်ကိုင်ကို မကြိုက်သလို ကြောက်လန်း ကြောက်ပေမယ့် သူ့ရဲ့ မျိုးဆက်တွေနဲ့ ယှဉ်ရင် ရန်ကိုင်က တကယ်ကို ထူးချွန်တဲ့ ဂျီးနီးယပ် ဆိုတာကိုတော့ သူမလည်း မငြင်းဆိုနိုင်ပါဘူး။

“နင့် ဂိုဏ်းရဲ့ အလုပ်လုပ်ပုံနဲ့ ပက်သက်ပြီး နင့်က ငါထက်ပိုသိမယ်လို့ ငါထင်တယ်။ သူ့နဲ့ ထားခဲ့လို့ အဆင်မပြေဘူး ထင်ရင် အခြားတစ်ယောက်နဲ့ ပြောင်းလိုက်လို့ ရတယ်နော်” ချူရီမန်က ပြောလိုက်တဘ်။

“မလိုဘူး။ ဂိုဏ်းကို ပြန်ဆောက်တာ အလုပ်ကြီး အကိုင်ကြီး တစ်ခုမှ မဟုတ်တာ။ သူ့ကို လုပ်ခိုင်းလိုက်လို့ အဆင်ပြေတယ်” ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းခါရင်း ပြန်ပြောလိုက်တယ်။ ထို့နောက် တံခါးရှိရာဘက်ဆီ ကြည့်လိုက်ပြီး ပြုံးလိုက်တယ် “ဟော၊ သူ့အကြောင်း ပြောနေတုန်းပဲ ရှိသေး၊ သူကိုယ်တိုင် ရောက်လာခဲ့ပြီ”

ချူရီမန်လည်း ရှဲ့ဟုန်ချန်ရဲ့ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရတယ် “ကျုပ်လမ်းကို ဘာလို့ လာပိတ်နေတာလဲ။ သခင်မလေးချူနဲ့ စကားသွားပြောဖို့ လိုအပ်နေပါတယ် ဆိုမှကို”

“သခင်မလေးချူ သခင်လေးနဲ့ ကိစ္စအချို့အကြောင်း ဆွေးနွေးနေတယ်၊ ဒါကြောင့် မင်းအခု ဝင်လို့ မရသေးဘူး” တုဖုန်းက တံခါးရှေ့ ပိတ်ရပ်ထားရင်း အေးစက်စက်‌ လေသံနဲ့ ပြောလိုက်တယ်။

ရှဲ့ဟုန်ချန်လည်း ဝါးလုံးကွဲ အော်ဟစ်ရယ်မောလိုက်ပြီး တုဖုန်းကို အထင်အမြင် သေးစွာဖြင့် ကြည့်လိုက်ပြီး ပြောလိုက်တယ် “ခင်ဗျားရဲ့ သခင်လေးလား။ အို.. အို.. ခင်ဗျားရဲ့ သခင်လေးဆိုတာ ဘယ်သူ့ကို ပြောနေတာလဲ။ ရန်ကိုင်ကို ပြောနေတာတော့ မဟုတ်ပါဘူးနော်။ ခင်ဗျား မှားနေပြီနဲ့ တူတယ်။ ဒါက ကျုပ်တို့ ကောင်းကင်စံအိမ်ရဲ့ နယ်မြေပဲ၊ ကျုပ်သွားချင်တဲ့ နေရာ ကျုပ်သွားမယ်၊ ဘယ်သူမှ ကျုပ်ကို လာတားလို့ မရဘူး”

ပြောနေရင်းနဲ့ အထဲသို့ အတင်းအကြပ် တိုးဝင်ဖို့ လုပ်လိုက်တယ်။

“မင်းဝင်လို့ မရဘူး” တုဖုန်း မျက်နှာ အမူအရာက နည်းနည်းလေးတောင် ပြောင်းလဲ သွားခြင်း မရှိပဲ ကျောက်ရုပ်ကြီး တစ်ရုပ်လို တံခါးပေါက်မှာသာ ပိတ်ရပ်နေခဲ့တယ်။

ရှဲ့ဟုန်ချန်ရဲ့ မျက်နှာ သုန်မှုန်သွားခဲ့ပြီး အေးစက်စက်လေသံနဲ့ ပြောလိုက်တယ် “ရန်ကိုင် မျက်နှာထောက်ပြီး ခင်ဗျှားကို အခွင့်အရေး ပေးနေတာ။ ဒါပေမယ့် ကိုယ့်အတွက် ဘာကောင်းတယ်၊ ဆိုးတယ် ဆိုတာကို မသိသေးဘူးပဲ ကျုပ်လမ်းကို ဆက်ပိတ်နေမယ် ဆိုရင်တော့ ကျုပ်ကို မယဉ်ကျေးဘူးဆိုပြီး လာအပြစ် မတင်နဲ့ပေါ့”

တန်ယုရှန်းက ချက်ချင်းဆိုသလို တောက်ပစွာ ပြုံးလိုက်ပြီး နောက်ဖြစ်လာမယ့် အရာကို စောင့်စားနေခဲ့တယ်။

တုဖုန်းက ရှဲ့ဟုန်ချန်ကို အမှုမထားသလို စိုက်ကြည့်နေခဲ့တယ်။ သူ့မျက်နှာထက် စိုးရိမ်သည့် အရိပ်အယောင် နည်းနည်းလေးတောင် မတွေ့ရပါဘူး။

အိမ်ထဲမှာတော့ ချူရီမန်က ပြုံးပြီး ရန်ကိုင်ကို ကြည့်လိုက်တယ်။ ထိုကိစ္စနဲ့ ပက်သက်သက်ပြီး ရန်ကိုင် ဘယ်လို ကိုင်တွယ်မယ် ဆိုတာကို သူမတော်တော်လေး မြင်ချင်နေမိခဲ့တယ်။

“သူ့ကို ဝင်လာခိုင်းလိုက်” ရန်ကိုင်က မျက်မှောင်ကြုံကာ ပြောလိုက်တယ်။ ရှဲ့ဟုန်ချန်က ကောင်းကင် စံအိမ်က တပည့်တစ်ယောက် ဖြစ်သလို့ သူ့ရဲ့ စီနီယာအစ်ကိုလည်း ဖြစ်နေခဲ့အတွက် အစကတော့ သူ့ကို မျက်နှာသာ နည်းနည်းလေးဖို့ စဉ်းစားထားခဲ့ပါတယ်။ ဒါပေမယ့် အခု သူ့ရဲ့ ပြုမူပုံကို ကြည့်ပြီး မျက်နှာသာပေးဖို့ စဉ်းစားထားတဲ့ အတွေးလေးတွေတောင် ဘယ်ရောက်လို့ ဘယ်ပျောက်ကုန်မှန်း မသိတော့ပါဘူး။

ရန်ကိုင် အမိန့်ကို ကြားလိုက်တာနဲ့ တုဖုန်းက နာနာခံခံပဲ ဘေးဖယ်ပေးလိုက်တယ်။

ရှဲ့ဟုန်ချန်က အေးစက်စက်နဲ့ နှာခေါင်း ရှုံ့လိုက်ပြီး သူ့အဝတ်အစားတွေကို သပ်ရပ်အောင် ပြင်ဆင်သွားလိုက်ပြီး အိမ်ထဲကို ဝင်သွားလိုက်တယ်။

ဒါပေမယ့် အထဲက အခြေအနေကို မြင်လိုက်တာနဲ့ ကြောင်အသွားခဲ့တယ်။

သူ့ကို ဆီးကြိုနေတာက ရန်ကိုင်က လော့ရှောင်မန်၊ ချူရီမန်တို့နဲ့ တစ်စားပွဲတည်း မျက်နှာချင်းဆိုင် ထိုင်နေတဲ့ မြင်ကွင်းပါ။ သူတောင်မှ တစ်ခါမှ ထိုကဲ့သို့ မဆက်ဆံ ခံရဖူးပါဘူး။

ချူရီမန်ကို လာတွေ့တဲ့ အချိန်တိုင်း တံခါးဝမှာ ရိုရိုသေသေနဲ့ ရပ်စောင့်ရပြီး တင်ပြစရာကို တင်ပြပြီးတာနဲ့ ချက်ချင်း ပြန်ထွက်သွားရပါတယ်။

ရန်ကိုင်က သခင်မလေးချူနဲ့ ဘယ်လိုလုပ်ပြီး တစ်စားပွဲတည်း ထိုင်နေနိုင်ရတာလဲ

သူ့စိတ်ထဲ သံသယစိတ်တို့ ကြီးထွားလာခဲ့ပေမယ့် ရှဲ့ဟုန်ချန်က စီဟွားရေးသမား တစ်ယောက်ရဲ့ အပြုံးကို ဆင်မြန်းရင်း ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်လိုက်တယ် “သခင်မလေးချူ နဲ့ သခင်မလေး လော့တို့ကို နှုတ်ဆက်ပါတယ်”

“အင်း” ချူရီမန်က မြေခွေးမအပြုံးကို ဆင်မြန်းရင်း ပြန်တုန့်ပြန်လိုက်တယ် “နင် အချိန်ကိုက် ရောက်လာတာပဲ။ ငါက နင့်ရဲ့ ဂျူနီယာ ညီလေးနဲ့ ကောင်းကင်စံအိမ်ကို ပြန်ဆောက်လုပ်မယ့် အစီအစဉ် အကြောင်း ဆွေးနွေးနေတာ။ ကြည့်ရတာ သူမှာလည်း နင်နဲ့ ဆွေးနွေးစရာ အကြံဥာဏ် တစ်ချို့ ရှိနေတဲ့ ပုံပဲ”

“အို” ရှဲ့ဟုန်ချန်က ရယ်မောလိုက်ပြီး ရန်ကိုင်ဘက် လှည့်ကာ “ဂျူနီယာညီလေးက ဘာတွေ ဆွေးနွေးချင်လို့လဲ”

ဒီအတိုင်းပဲ ပြောလိုက်တာလို့ ထင်ရပေမယ့် သူ့လေသံထဲ ရန်စသည့် အရိပ်အယောင်တို့ အထင်သား ပါဝင်နေခဲ့ပါတယ်။

ချူရီမန်ကတော့ ခပ်မြန်မြန်ပဲ ပြန်ထိုင်လိုက်ပြီး ဘာဆက်ဖြစ်မယ် ဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေခဲ့တယ်။

သူမဘာသာ မရယ်မိအောင် မနည်း ထိန်းချုပ်နေခဲ့ရပါတယ်။ ထိုအရူးကောင်က ရန်ကိုင်ရဲ့ အဆင့်အတန်းကို အခုထိ မရိပ်မိသေးတဲ့ ပုံစံပါပဲ။ သွေးစစ်သည်တော် နှစ်ယောက်ရှေ့မှာ သွားပြီး မောက်မာပြရုံ မကလို့ ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်ကိုလည်း ပစ်မှတ်ထား ရန်စနေပါသေးတယ်။

တစ်ယောက်ယောက်က တုံးအတယ် ဆိုရင်တောင် ဘာလို့ ဒီလောက်အထိ ထုံထိုင်း၊ ထုံအ လွန်းရတာလဲ။

ရန်ကိုင် မျက်မှောင် ကြုံ့မိလိုက်ပြီး ပြောလိုက်တယ် “အများကြီးတော့ ပြောစရာ မရှိပါဘူး။ တောင်းဆိုချင်တာလေး တစ်ခုပါပဲ”

ရှဲ့ဟုန်ချန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး “တောင်းဆိုချင်တာကို ပြောလေ”

“အင်း”

ချူရီမန်နဲ့ လော့ရှောင်မန်တို့ ရှိနေတဲ့အတွက် ပြဿနာ မရှာသင့်မှန်း သူသိထားပါတယ်။ ထို့ကြောင့် ရက်ရောသည့် ပုံစံနဲ့ ပြန်ပြောလိုက်တယ် “ကောင်းပြီလေ၊ နားထောင် ကြည့်ရတာပေါ့”

“ဂိုဏ်းကို ပြန်ဆောက်မယ် ဆိုရင် နဂိုပုံစံအတိုင်းပဲ ပြန်ဆောက်သင့်တယ်။ အတွင်းပိုင်း အပြင်အဆင်တွေ အကုန်လုံးလည်း နဂိုအတိုင်းပဲ ပြန်ဆောက်ရမယ်။ အဆောက်အအုံတွေ အကုန်လုံး နဂိုပုံစံကနေ နည်းနည်းလေးတောင် ပြောင်းလဲသွားလို့ မရဘူး။ စီနီယာအစ်ကိုလည်း ဂိုဏ်းမှာနေလာတာ ကြာပြီဆိုတော့ ဂိုဏ်းနဲ့ တော်တော်လေး ရင်းနှီးနေမှာပဲ။ စီနီယာအစ်ကိုရဲ့ စီမံကွပ်ကဲမှုနဲ့ဆို ဂိုဏ်းကို ပြန်ဆောက်တာက ထမင်းစား ရေသောက်သလို လွယ်ကူနေမှာပဲ”

ရန်ကိုင် ပြောတာကို ကြားလိုက်တဲ့အချိန် ရှဲ့ဟုန်ရှန် ပါးစပ်တစ်ခုလုံး မဲ့ရွဲ့သွားခဲ့တယ်။ သူပြောနေတဲ့ ပုံစံက တောင်းဆိုနေတာနဲ့တောင် မတူတော့ပါဘူး။ အမိန့်ပေးသလို ပြောနေတာပါ။ ထိုအချက်က သူ့ကို တော်တော်လေး မသက်မသာ ဖြစ်သွားစေခဲ့တယ်။

တကယ်တမ်း ပြောရမယ် ဆိုရင် ရန်ကိုင်က တောင်းဆိုနေခဲ့တာ မဟုတ်ပါဘူး။ အမိန့်ပေးနေတာပါ။

ဒါပေမယ့် သူက ဘာမှ ပြန်မပြော ရသေးခင်မှာပဲ ရန်ကိုင်က ဆက်ပြောလိုက်တယ် “လူလိုတယ်ဆိုရင် သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်ကနေ လူတွေ ငှားလို့ ရတယ်။ လူသွားငှားမယ် ဆိုရင် ချူမိသားစု ပထမသခင်မလေးရဲ့ နာမည်ကို သုံးပြီး ငှားလိုက်၊ ပြီးတော့ နည်းနည်းပါးပါး အလျော်ပြန်ပေးလိုက်ပေါ့”

ထိုစကားကို ကြားလိုက်တာနဲ့ ချူရီမန်က နှုတ်ခမ်းလေး ဆူလိုက်တယ်။ ဒါပေမယ့် ဘာမှ ဝင်မပြောခဲ့ပဲ ဘေးကနေသာ တိတ်တဆိတ်နဲ့ နားထောင်နေခဲ့တယ်။

သူကြားလိုက်ရတာကြောင့် ရှဲ့ဟုန်ချန် ထိတ်လန့်အံ့အားသင့်သွား ခဲ့ရတယ်။ ချူရီမန်က တစ်ခွန်းတစ်လေတောင် ဘာလို့ ပြန်မပြောလဲ ဆိုတာကို သူနားမလည်နိုင်အောင် ဖြစ်သွားခဲ့ရတယ်။

“ပိုက်ဆံတွေ၊ အခြားအရာတွေ လိုအပ်တာ ရှိတယ် ဆိုရင်လည်း …. မြို့တော်ဆီကိုသာ စာလှမ်းပို့လိုက်၊ ချူမိသားရဲ့ သခင်မလေးက လိုအပ်တာတွေ စီစဉ်ပေးလိမ့်မယ်။ ချူမိသားစုရဲ့ ဘဏ္ဏာရေး အင်အားနဲ့ဆိုရင် နည်းနည်းပါးပါးလောက် ပြဿနာ မရှိလောက်ပါဘူး၊ ဟုတ်တယ်မလား” ရန်ကိုင်က ချူရီမန်ဘက် လှည့်ပြီး မေးလိုက်တယ်။

“အရှက်မဲ့လိုက်တာ” ချူရီမန်က အံ့ကြိတ်ရင်း ကျိန်ဆဲလိုက်တယ်။

အခြေအနေတွေက သူထင်ထားတာထက် ပိုပြီး ရှုပ်ထွေးမှန်း သိလိုက်ရချိန်မှာတော့ ရှဲ့ဟုန်ချန်ရဲ့ အမူအရာလည်း တည်ကြည်သွားခဲ့တယ်။ ဒါတွေ အားလုံးကို မြင်နေတာတောင်မှ နည်းနည်းလေးတောင် မတွေးတတ်သေးဘူး ဆိုရင် သူ့လောက်ရူးတဲ့လူ ကမ္ဘာပေါ်မှာ ရှိတော့မှာ မဟုတ်ပါဘူး။

သူ အထင်အမြင် သေးခဲ့တဲ့ သူ့ရှေ့မှာ ရှိနေတဲ့ ဂျူနီယာညီလေး ဆိုတဲ့လူနဲ့ ချူရီမန်ကြားမှာ ဆက်ဆံရေး တစ်မျိုးမျိုး ရှိနေတဲ့ ပုံပါပဲ။ မဟုတ်ရင် သူမကို ဗြောင်ကျကျ ရန်စနေတဲ့ အချိန်မှာတောင် ချူရီမန်က ဘာလို့ ရေငုံနှုတ်ပိတ် နေရမှာလဲ.

ဒုတိယအဆင့် ဂိုဏ်းတစ်ဂိုဏ်းကို ပြန်ဆောက်တယ် ဆိုတာက ချူရီမန်လို မဟာအင်အားစုကြီး အတွက်ကတော့ ဘာမှ မပြောပလောက်ပါဘူး။ ဒါပေမယ့် ဂိုဏ်းကို ပြန်ဆောက်ဖို့အတွက် လိုအပ်တဲ့ ပိုက်ဆံနဲ့ ပစ္စည်းကိရိယာ တန်ဖိုးက နည်းပါးမှာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ရန်ကိုင်က စကားလေး တစ်ခွန်း၊ နှစ်ခွန်း ပြောလိုက်ရုံနဲ့ ဆုံးဖြတ်ချက် ချပြီးသွားခဲ့ပါပြီ။ သူနဲ့ ချူရီမန်ကြားမှာ ဆက်ဆံရေး တစ်ခုခုသာ ရှိမနေခဲ့ရင် ချူရီမန်ကလည်း ဘာလို့ ဒီလောက် လွယ်လွယ်နဲ့ သဘောတူပေးရမှာလဲ။

ရှဲ့ဟုန်ချန် ရင်ထဲ မုန်တိုင်း ထန်လို့ နေခဲ့တယ်။ ဂျူနီယာညီလေး ဆိုတဲ့လူက ထင်သလောက် မရိုးရှင်းမှန်း အခုမှပဲ ရှဲ့ဟုန်ချန် နားလည်သွားခဲ့တယ်။

“ပြီးတော့…” ရန်ကိုင်က စားပွဲကို လက်ချောင်းတဲ့ တတောက်တောက် ခေါက်ရင်း အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ် “ပြီးနောက် ကမ္ဘာအနှံ့ကိုပါ ဒီသတင်းတစ်ခုကို လွှင့်လိုက်၊ ကောင်းကင်စံအိမ် တပည့်တွေအားလုံးကို…”

“အိမ်ပြန်လာဖို့”

နောက်ဆုံး ပြောလိုက်တဲ့ စကားနှစ်ခွန်ထဲ မယိုင်ယိုင်သည့် ဆုံးဖြတ်ချက်၊ ပြတ်သားမှုတို့ ပါဝင်နေခဲ့တယ်။ လျှပ်စစ်နဲ့ တို့ထိ ခံလိုက်ရသလိုမျိုး အိမ်ထဲမှာ ရှိနေတဲ့ လူအားလုံးရဲ့ နှလုံးသားတွေ တင်းကြပ်သွားခဲ့ပြီး အံ့ဩသည့် အရိပ်အယောင်တို့လည်း သူတို့ မျက်နှာထက် ထွက်ပေါ်လာခဲ့တယ်။

ဂိုဏ်းကို ဆုံးရှုံးလိုက်ပြီး သွားစရာ၊ နေစရာ မရှိဖြစ်နေတဲ့အချိန် “အိမ်” ဆိုတဲ့ စကားလုံးက ဘယ်လောက်တောင် အကျိုးသက်ရောက်လဲ ဆိုတာကို သူတို့ အားလုံး သိထားပါတယ်။

အိမ်တစ်ခုလုံး တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့တယ်။ ချူရီမန်ရဲ့ အမူအရာတောင် လေးနက် တည်ကြည်နေခဲ့တယ်။

“စီနီယာအစ်ကိုမှာများ ပြောချင်တာလေး ရှိသေးလို့လား” ရန်ကိုင်က မျက်လုံးလေးကို ပင့်လိုက်ပြီး ရှဲ့ဟုန်ချန်ကို ကြည့်ကာ မေးလိုက်တယ်။

ရှဲ့ဟုန်ချန်က မသိလိုက်မသိဘာသာနဲ့ ခေါင်းခါယမ်းလိုက်မိပြီး “မရှိပါဘူး” လို့ ပြောရုံလေးသာ ပြောထွက်နိုင်ခဲ့တယ်။

အရင် အချိန်အတောအတွင်း ဂိုဏ်းပြန်တည်ဆောက်မယ့် ကိစ္စနဲ့ ပက်သက်ပြီး ချူရီမန်၊ လော့ရှောင်မန်တို့နဲ့ သူအကြိမ်များစွာ ဆွေးနွေး ခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ သူ့မှာ ဘာမှ ထပ်ပြောစရာ မရှိတော့ပါဘူး။

“ဘာမှ မရှိတော့ဘူး ဆိုမှတော့ လုပ်စရာရှိတာ ဆက်လုပ်လို့ရပြီ” ရန်ကိုင်က ပြောလိုက်တယ်။

အသိပြန်ဝင်လာဖို့ အရေး ရှဲ့ဟုန်ချန် အနေနဲ့ အချိန် အတော်ကြာအောင် ယူလိုက်ရတယ်။ ထို့နောက် တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ချူရီမန်ဘက် လှည့်လိုက်ပြီး အထစ်ထစ် အငေါ့ငေါ့နဲ့ မေးလိုက်တဘ် “သခင်မလေး၊ ဒါက…”

ချူရီမန်က စိတ်ပျက်သည့် အမူအရာနဲ့ “သူပြောတာကို နင်မကြားဘူးလား”

“ကျွန်တော်… ကျွန်တော် ကြားပါတယ်။ ဒါပေမယ့်… ဂျူနီယာ ညီလေးက သူချခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပက်သက်ပြီး တာဝန်ယူနိုင်လို့လား” ရှဲ့ဟုန်ချန် မိုးပြိုတော့မယ့် ရုပ်နဲ့ မေးလိုက်တယ်။ ဖြစ်ပျက်နေတာတွေ အားလုံးကို သူ့အနေနဲ့ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ရပါတယ်။

ဒါပေမယ့် ချူရီမန်ကတော့ ရှဲ့ဟုန်ချန်‌ ပြောတာကို လှောင်ပြုံးပြုံးရင်းနဲ့သာ ပြန်ပြောလိုက်တယ် “သူသာ တာဝန်မယူနိုင်ရင် ဘယ်သူမှ တာဝန်ယူနိုင်တော့မှာ မဟုတ်ဘူး”

မိုးကြိုးပစ်ချ ခံလိုက်ရသည့်အလား ရှဲ့ဟုန်ချန်က ရန်ကိုင်ကို တုန်တုန်ရီရီနဲ့ ငေးကြောင် ကြည့်နေလိုက်တယ်။

ရန်ကိုင်ကတော့ ဘာကိုမှ အလေးမထားသည့် ဟန်နဲ့ တံခါးပေါက်ဆီ ထသွားလိုက်တယ်။ ဒါပေမယ့် ရှဲ့ဟုန်ချန်နား ဖြတ်သွားတာနဲ့ သွားနေတာကို ရပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ် “ဂိုဏ်းကို ပြန်ဆောက်နေတုန်း အမှားတစ်ခုခု လုပ်ရဲလုပ်ကြည့်၊ ဒီကမ္ဘာကြီးထဲ မွေးလာမိတာကို နောင်တရသွားအောင် လုပ်ပေးမယ်”

ထိုစကားလုံးတွေကို ကြားလိုက်တာနဲ့ သူ့တစ်ကိုယ်လုံးကို သေမင်း လက်အေးကြီး တစ်ဖက်က လာရောက် ဆုပ်ကိုင်ထားသလို ရှဲ့ဟုန်ချန် ခံစားလိုက်ရတယ်။

ချူရီမန်က ရှဲ့ဟုန်ချန်ကို တစ်ချက်ကလေးတောင် မကြည့်ပဲ ရန်ကိုင် နောက်ကနေ လိုက်သွားလိုက်တယ်။

လော့ရှောင်မန်က အခန်းထဲကနေ ထွက်ဖို့ လုပ်နေတုန်းမှာပဲ ရှဲ့ဟုန်ချန်က သူမရှေ့ကနေ ပိတ်ရပ်လိုက်တယ်။

“နင်ဘာလုပ်နေင်တာလဲ” လော့ရှောင်မန်က ရှဲ့ဟုန်ကို သင်္ကာမကင်း အကြည့်နဲ့ ကြည့်လိုက်တယ်။ စိတ်ထဲမှာလည်း ဒီအရူးက တော်တော်လေး သနားစရာကောင်းတာပဲ လို့လည်း တွေးနေလိုက်ပါသေးတယ်။

“သခင်မလေးလော့၊ ကျွန်တော့်ရဲ့ ဂျူနီယာညီလေးက … တကယ်ပဲ ဘယ်သူများလဲ” ရှဲ့ဟုန်ချန်က ခြောက်သွေ့နေတဲ့ သူ့ နှုတ်ခမ်းတွေကို စိုသွားအောင် လုပ်လိုက်ပြီး တိုးညင်းတဲ့ လေသံလေးနဲ့ မေးလိုက်တယ်။

လော့ရှောင်မန်က နှုတ်ခမ်းလေးကို ကိုက်ပြီး တံခါးပေါက်ဆီသာ ဆက်သွားနေလိုက်တယ်။ ဒါပေမယ့် သွားနေရင်း တိုးတိုးလေး ပြောသွားလိုက်တယ် “နင့်ဂျူနီယာညီလေးက ရန်မိသားစုရဲ့ သခင်လေးပဲ”

ပြောပြီးတာနဲ့ တစ်ချက်ကလေးတောင် နောက်လှည့်မကြည့်ပဲ တန်းထွက်သွားလိုက်တယ်။

ရှဲ့ဟုန်ချန် တစ်ကိုယ်လုံး အားမရှိတော့သလို မြေကြီးပေါ် ပျော့ခွေ ကျသွားခဲ့တယ်။ သူ့ မျက်နှာဆိုရင်လည်း ချွေးအေးတွေနဲ့ စိုရွှဲနေလို့ပါ။

ရန်မိသားစုရဲ့ သခင်လေး…

ထိုစကားလုံးလေး အနည်းငယ်ကို တိုးတိုးလေးသာ ပြောသွားခဲ့တာ ဖြစ်ပေမယ့် ရှဲ့ဟုန်ချန် နားထဲမှာတော့ မိုးချိန်းသံလို ကျယ်လောင်လွန်းလှကာ သူ့အသိစိတ်ကိုတောင် ရိုက်ခတ်သွားခဲ့ပါသေးတယ်။

ပါရမီလည်း မပါသလို၊ သန်လည်း မသန်မာတဲ့ ထိုဘာမဟုတ်တဲ့ သူ့ရဲ့ ဂျူနီယာညီလေးက ဒီလောက်တောင် ကြောက်မက်ဖွယ် ကောင်းတဲ့ နောက်ခံကို ပိုင်ဆိုင် ထားခဲ့ပါတယ်။

သူ့မှာ ဘာအရည်အချင်း ရှိလို့များ သူနဲ့ သွားယှဉ် ပြိုင်နေရသေးတာလဲ။ သူ့ကို မနာလိုဖို့ သူ့မှာ ဘာအရည်အချင်းများ ရှိလို့လဲ။

အတိတ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အကုန်လုံး ရန်ကိုင် မှတ်မိနေသေးတာ ဆိုတာကို သူကျိန်းသေ သိထားပါတယ်။ ဒါဆိုရင် ဘာလို့ သူ့ကို မသတ်ခဲ့တာလဲ။

အသက်ချမ်းသာရာ ရခဲ့ပေမယ့် ရှဲ့ဟုန်ချန် အနေနဲ့ မပျော်နိုင် ဖြစ်နေခဲ့ရကာ သူ့မာန ရိုက်ချိုးခံလိုက်ရတယ်လို့တောင် ခံစားနေရပါသေးတယ်။

ထိုခံစားချက်က အသတ်ခံရတဲ့ ခံစားချက်ထက် ပိုပြီး ဆိုးရွားပါတယ်။

သူ့ကို အသက်ရှင်ခွင့် ပေးလိုက်တာ ရန်ကိုင် အနေနဲ့ သူ့ကို သတ်ဖို့တောင် အထင်အမြင် သေးနေတယ်လို့ ဆိုလိုက်တာနဲ့ အတူတူပါပဲ။

တကယ်တော့ ကျားတစ်ကောင်က ပုရွက်ဆိတ် တစ်ကောင်ရဲ့ ရန်စမှုကို အလေးထားစရာမှ မလိုတာ။

“ဟား… ဟားဟား…” ရှဲ့ဟုန်ချန် အရူးတစ်ယောက်လို ရယ်မောလိုက်တယ်။ ဒီဘဝမှာ သူက အရှုံးသမား တစ်ယောက်ပဲလို့ ရုတ်တရက်ကြီး ရှဲ့ဟုန်ချန် ခံစားလိုက်ရတယ်။

ရစ်ခွေနဂါးစမ်းချောင်းရဲ့ မီတာတစ်ထောင် အောက်ခြေမှာတော့…

ရန်ကိုင်က သူ့ရဲ့ ကျောက်လိုဏ်ဂူ အိမ်လေးထဲ ဝင်သွားလိုက်တယ်။

မကြာခင်မှာပဲ လူတစ်အုပ်က သူ့နောက်ကနေ လိုက်လာခဲ့တယ်။

ထိုရင်းနှီးနေတဲ့ သူ့ရှေ့က မြင်ကွင်း အဖုံဖုံကို ကြည့်ရင်း စုယန်နဲ့ ရှနင်းတို့ရဲ့ မျက်နှာလေးတွေကို သူ့စိတ်ထဲ ပြန်ပြီး မြင်ယောင်မိလိုက်တယ်။

ဂိုဏ်းက ဖျက်စီးခံလိုက်ရပေမယ့် ဒီတစ်နေရာ တစ်ခုကတော့ အကောင်းအတိုင်း ကျန်ရှိနေခဲ့ပါတယ်။

ကျောက်လိုဏ်ဂူ အိမ်လေးထဲက ကျောက်တုံးကုတင်ထက် မိန်းကလေး နှစ်ယောက်ရဲ့ သင်းရနံ့တို့ ထင်ကျန်ရစ်နေခဲ့တယ်။ အထူးသဖြင့် စုယန်ရဲ့ ကိုယ်သင်းရနံ့လေးပေါ့။

စီနီယာမမလေးလည်း ဒီနေရာမှာ အိပ်စက်ခဲ့ပါတယ်။ သူမ အိပ်ပျော်သွားတဲ့အ ချိန်တိုင်း သူ့ဘယ်လောက်ပဲ အော်နှိုးနှိုး၊ သူမ နိုးမလာခဲ့ပါဘူး။ အိပ်နေတဲ့ အချိန်အတွင်း သူမအပေါ် မသိမသာလေး အသားယူမယ် ဆိုရင်တောင် သူမ နိုးမလာပါဘူး။

သူမ တကယ်ပဲ အိပ်နေတာလား၊ ဒါမှဟုတ် အဲ့နေ့ကိုပဲ အရမ်းရှက်နေတာလား ဆိုတာကိုတော့ ရန်ကိုင်လည်း မစဉ်းစား တတ်ခဲ့ပါဘူး။ ထိုအကြောင်းကို တွေးလိုက်မိတာနဲ့ နောက်တစ်ကြိမ် ပြန်တွေ့ရင် ရှနင်းချန်ကို သေသေချာချာလေး တောင်းပန်ရမယ်လို့ ရန်ကိုင် တွေးလိုက်တယ်။

ရှနင်းချန်နဲ့ ပက်သက်ပြီး ရန်ကိုင် အရမ်းကြီး မစိုးရိမ်ပါဘူး။ အခုအချိန်ဆို သူမဟာ ရှောင်ဖူချန်းနဲ့ အတူတူ ဆေးဘုရင်တောင်ကြားရဲ့ တိမ်ဖုံးတောင်ထွတ်မှာ ဆေးပညာကို လေ့လာနေလောက်ပါပြီ။ မန်ဝူရပါ ရှိနေတဲ့အတွက် သူမရဲ့ လုံခြုံရေးကို စိုးရိမ်စရာ မလိုပါဘူး။

ဒါပေမယ့် စုယန်ကော…

သူမနဲ့ ကွဲသွားကတည်းက အခုအချိန်အထိ စုယန်ရဲ့ သတင်းကို မကြားခဲ့ရသေးပါဘူး။

သူမ ဘယ်ရောက်နေခဲ့တာလဲ။

ရန်ကိုင် မျက်နှာ အမူအရာ မကောင်းတာကို သွေးစစ်သည်တော် နှစ်ယောက်၊ ချူရီမန်နဲ့ လော့ရှောင်မန်တို့ လေးယောက်စလုံး သတိပြုမိပါတယ်။ ထို့ကြောင့်ပဲ လိုဏ်ဂူဝင်ပေါက်မှာပဲ တိတ်တိတ်လေး မတ်တပ်ရပ်နေလိုက်တယ်။

အထဲကို လမ်းလျှောက် ဝင်သွားလိုက်ပြီး ကျောက်တုံးကုတင်ထက် သွားထိုင်ချလိုက်ကာ ချောမွတ်နေတဲ့ ကျောက်သား မျက်နှာလေးကို ပွတ်သပ်လိုက်တယ်။ ပွတ်သပ်နေရင်း အတိတ်က အဖြစ်အပျက်တို့ သူ့စိတ်ထဲ ပြန်မြင်ယောင် လာခဲ့တယ်။

ဒီနေရာကို နောက်တစ်ကြိမ် ပြန်လာနိုင်ပါ့မလားတောင် မသေချာတော့ပါဘူး

ဒီကနေ ထွက်သွားတာနဲ့ အမွေခံတိုက်ပွဲမှာ သူဝင်ပြိုင်ရပါတော့မယ်။ အဆုံးသတ်ကိုလည်း ကြိုတင်ခန့်မှန်းလို့ မရသေးပါဘူး။

သူ့စိတ်အခြေအနေက အတက်အကျ ဖြစ်နေခဲ့ပြီး အခုမှပဲ ဒီနေရာကို သူဘယ်လောက် သဘောကျကြောင် ရန်ကိုင် သတိပြုမိသွားခဲ့တယ်။

All Chapters