← Chapters

အခန်း (၃၇၁-၃၇၅)

Vol. 15 Ch. 371-375

အခန်း (၃၇၁-၃၇၅)

Vol. 15 Ch. 371-375

အပိုင်း (၃၇၁) ချူရီမန်ရဲ့ တွက်ချက်မှု

အချိန်အတော် ကြာသွားပြီးတော့မှပဲ အတွင်းပိုင်းထဲကနေ ရန်ကိုင် ပြန်ထွက်လာခဲ့တယ်။

သွေးစစ်သည်တော် နှစ်ယောက်၊ ချူရီမန်နဲ့ လော့ရှောင်မန် တို့ကတော့ အပြင်ကနေပဲ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့ကြတယ်။ တုဖုန်းနဲ့ တန်ယုရှန်းကတော့ မတ်တပ်ရပ်နေခဲ့ကြ ပေမယ့် ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်ကတော့ ပျင်းလာလို့လားတော့ မသိပေမယ့် အသီးသီး ထိုင်နေခဲ့ကြပါပြီ။

ရန်ကိုင်ရဲ့ တည်ငြိမ်အေးဆေးတဲ့ အမူအရာကို မြင်တွေ့လိုက်ရချိန် မှာတော့ တုဖုန်းနဲ့ တန်ယုတို့ နှစ်ယောက်လည်း အနည်းငယ် အံ့အားသင့်မိသွားခဲ့ကြတယ်။

တစ်နေ့နဲ့ တစ်ညလုံးလုံး ရန်ကိုင်ကို မတွေ့ခဲ့ရပေမယ့် လိုဏ်ဂူအတွင်းပိုင်းထဲ၌ အခြေအနေက တိမ်မဲတွေ အုံ့ဆိုင်းတဲ့ နေ့တစ်နေ့လို ဖြစ်နေတာကို သူတို့အားလုံး သတိထားမိကြပါတယ်။

ဒါပေမယ့် သခင်ငယ်လေးက သူ့အမူအရာကို ခပ်မြန်မြန်ပဲ ပြန်လည်း ပြောင်းလဲပစ်နိုင်မယ်လို့ သူတို့ မထင်ထားခဲ့တာတော့ တကယ် အမှန်ပါ။

ဒါပေမယ့် သခင်ငယ်လေးရဲ့ အခုက်ရှိ အမူအရာက လှိုင်းထန်ခြင်း မရှိတဲ့ ကန်ရေပြင်တစ်ခုလို တည်ငြိမ်နေပြီး ယုံကြည်ချက်တွေနဲ့ ပြည့်လျမ်းနေတာကို တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး သတိပြုမိလိုက်ကြတယ်။

“အေးအေးဆေးဆေး သာ နေနှင့်ကြ၊ ငါအောက်ဆင်းပြီး တစ်ချက်လောက် သွားစစ်ဆေး ကြည့်လိုက်ဦးမယ်” ရန်ကိုင်က လူအုပ်ကြီး ပြောဆိုနှုတ်ဆက်လိုက်ပြီးနောက် ဝင်ပေါက်ဆီကို အလျင်အမြန်ပဲ ထွက်သွားလိုက်တယ်။

ချူရီမန်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ရန်ကိုင်နား ကပ်သွားလိုက်ကာ သိချင်စိတ် အပြည့်နဲ့ မေးလိုက်တယ် “အောက်မှာ ဘာရှိနေတာလဲ”

ဒီကို ရောက်ကတည်းက ရစ်ခွေနဂါစမ်းချောင်းကို သူမ စိတ်ဝင်စား နေမိတာပါ။ ဒါပေမယ့် ကောင်းကင်စံအိမ်က လူတွေက ရစ်ခွေနဂါးစမ်းချောင်းထဲ ဆင်းပြီး စစ်ဆေးစုံစံမ်း ရမှာကို ကြောက်ရွံ့နေခဲ့ကြပါတယ်။ ရစ်ခွေနဂါးစမ်းချောင်းထဲ မဆင်းဖို့ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က တပည့်တွေတောင် သူမကို အကြံပေးခဲ့ပါသေးတယ်။

ထို့ကြောင့် ဒီနေ့အထိ ရစ်ခွေနဂါးစမ်းချောင်းထဲ ဆင်းပြီး သွားမစူးစမ်း ရသေးတာပါ။

ဒါပေမယ့် အခု ရန်ကိုင်က ရစ်ခွေနဂါးစမ်းချောင်း အောက်ဘက်ဆီ သွားစူးစမ်းကြည့်ဦးမယ်လို့ ပြောလာတော့ သူမလည်း စိတ်ဝင်းစား မိသွားတာပါ။

"ဟဲဟဲ…” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီး လူညစ် တစ်ယောက်လို ရယ်မောလိုက်ကာ ရစ်ခွေနဂါးစမ်းချောင်းထဲသို့ တစ်ခါတည်း ခုန်ဆင်းသွားလိုက်တယ်။

“ဒီကောင်…”ချူရီမန်က မကျေမနပ်နဲ့ ရေရွတ်လိုက်ပြီး ရန်ကိုင်နောက် လိုက်ခုန်ဆင်း မသွားခဲ့ပါဘူး။

ရန်ကိုင်က သူမကို မလိုက်စေချင်တဲ့ အတွက် သူမသာ လိုက်သွားခဲ့ရင် သူ့ကို စိတ်ညစ်အောင် လုပ်တာပဲ အဖတ်တင်သွားပါလိမ့်မယ်။

မျက်တောင် တစ်ခတ်အတွင်းမှာပဲ ရန်ကိုင်က ရစ်ခွေနဂါးစမ်းချောင်း အောက်ခြေထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့တယ်။

“သခင်မလေးချူကို တောင်းပန်ပါတယ်။ ကျုပ်တို့မိသားစု သခင်ငယ်လေးရဲ့ စရိုက်က ခပ်ပြတ်ပြတ် ပုံစံပဲမို့လို့ပါ” တန်ရယဒရှန်းက ယဲ့ယဲ့လေး ရယ်လိုက်ရင်း ပြောလိုက်တယ်။ ရန်ကိုင်ကို သိတာ မကြာသေးခင်မှာပဲ ရန်ကိုင်မှာ အထင်ကြီးစရာ အချက်တွေ အများကြီး ရှိတယ်ဆိုတာကို သူမ သိထားပါတယ်။ သူနဲ့ သက်တူရွယ်တူတွေတောင် မပိုင်ဆိုင်ထားတဲ့ အချက်တွေပေါ့။

ထိုအချက်တွေ ကြောင့်ပဲ တန်ယုရှန်းက သခင်ငယ်လေးအပေါ် အထင်ကြီးလေးစား အကောင်းမြင်သွားခဲ့ကာ ချက်ချင်းဆိုသလိုပဲ သူ့မမိသားစုရဲ့ သခင်ငယ်လေးကိုယ်စား ချူရီမန်ကို တောင်းပန်လိုက်ခြင်း ဖြစ်ပါတယ်။

“ဘာမှမဖြစ်ပါဘူး” ချူရီမန်က အေးစက်စက် အမူအရာနဲ့ ပြန်ပြောလိုက်တယ်။

တုဖုန်းက ချူရီမန်ကို တွေးတွေးဆဆနဲ့ ကြည့်လိုက်ပြီး ကောက်ကာငင်ကာနဲ့ မေးလိုက်တယ် “သခင်မလေးချူနဲ့ သခင်ငယ်လေးက မိတ်ဆွေဟောင်းတွေလား”

“ဟားဟား… ကျွန်မတို့တွေက “မိတ်ဆွေ”တွေလို့ မပြောရဲပါဘူး” ချူရီမန်က မဲ့ပြုံးပြုံးလိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ်။

တုဖုန်းနဲ့ တန်ယုရှန်းလည်း အနည်းငယ် အံ့အားသင့်သွားခဲ့မိတယ်။ ချူရီမန်ဆိုတာ အရည်အချင်းအရ ဖြစ်စေ၊ အဆင့်အတန်းအရ ဖြစ်စေ လူငယ်မျိုးဆက်တွေကြားမှာ ထိပ်ဆုံးပါပဲ။ မိသားစုကြီး ရှစ်ခုက သခင်လေးတွေတောင် သူမရဲ့ မိတ်ဆွေလို့ ပြောနိုင်ရင် ဂုဏ်ယူနေမှာပါ။ ဒါပေမယ့် အခုတော့ သူမက ရန်ကိုင်ရဲ့ သူငယ်ချင်း မဖြစ်ထိုက်သေးဘူးလို့ ပြောနေခဲ့ပါတယ်။ ဘာတွေ ဖြစ်နေတာလဲ?

သူမအပြုံးထဲက ခါးသီးမှု၊ မလိုလားမှုတို့က အတုအယောင် မဟုတ်ပါဘူး။ တုဖုန်းနဲ့ တန်ယုရှန်းတို့ ထိုအချက်ကို အသေအချာ ခွဲခြားနိုင်ပါတယ်။

“သူကျွန်မကို ဘယ်လို ဆက်ဆံလဲဆိုတာ ရှင်တို့လည်း တွေ့တာပဲ” ချူရီမန်က အမှန်ပြောလိုက်ရလို့ ရှက်မသွားခဲ့ပါဘူး။ အဲ့အစား အခြေအနေကို ရှင်းလင်းသွားအောင် သေသေချာချာ ရှင်းပြလိုက်ပါတယ် “သူနဲ့ငါက လမ်းကြုံတွေ့ခဲ့တဲ့ လူတွေပဲ… အဲ့ထက် မပိုဘူး”

သွေးစစ်သည်တော် နှစ်ယောက်လည်း သိချင်စိတ် ပြင်းပြ သွားခဲ့တယ်။ တုဖုန်းက မေးလိုက်တယ် “ဖြစ်နိုင်ရင်၊ မိန်းကလေးချူနဲ့ သခင်ငယ်လေးတို့ ဘယ်လို တွေ့ခဲ့လဲ ဆိုတာကို ရှင်းပြလို့ရမလား။ အဆင်မပြေရင်တော့ အဲ့မေးခွန်းကို ကျုပ် ဘယ်တုန်းကမှ မမေးခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ”

ချူရီမန် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့ရတယ်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူ့မကိုယ်သူမ တည်ငြိမ်အောင် လုပ်ပြီးတော့မှပဲ “ပြောလို့ အဆင်မပြေတာ မရှိပါဘူး။ ကျွန်မက နတ်ဆိုးအရှင်သခင် အသစ်ကြောင်း သတင်းစုံစမ်းဖို့ အဖွဲ့တစ်ခုကို ဦးဆောင်ပြီး ကောင်းကင်စံအိမ်ကို လာခဲ့တာလေ။ အဲ့မှာပဲ သူ့ကို စတွေ့ခဲ့တာ။ တွေ့တွေ့ချင်းပဲ ရန်သူဖြစ်သွားခဲ့တာ ဆိုရင်လည်း မမှားဘူး။ အဲ့နေ့တုန်းက ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို ရှင်တို့လည်း သိပြီးသွားလောက်ပါပြီ”

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်တယ်။ ကောင်းကင်စံအိမ် ဂိုဏ်းချုပ်နဲ့ အကြီးအကဲလေးယောက်က ချူမိသားစု၊ ခရမ်းဖန်းတောင်ကြားနဲ့ ဘိုင်မိသားစုက ပညာရှင်တွေကို ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ပြီး အသက်ရှင်လျက် လွတ်မြောက်သွားရုံမက လူများစွာကိုလည်း ဒဏ်ရာရအောင် လုပ်ဆောင် သွားနိုင်ခဲ့ပါတယ်။ ထိုတိုက်ပွဲကြီး ပြီးတဲ့နောက် ကောင်းကင်စံအိမ် ဂိုဏ်းချုပ်က အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ရောက်ရှိနေတဲ့ ပညာရှင်တစ်ယောက်ဆိုတဲ့ သတင်းက တောကြိုအုံကြားမကျန် ပျံ့နှံ့သွားခဲ့ပါတယ်။

“ဒါပေမယ့် ကမ္ဘာကြီးမှာ ရှိနေတဲ့ ကျန်တဲ့လူတွေက ဒီနေရာ … ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းလဲ ဆိုတာကို တစ်ယောက်မှ မသိကြဘူး”

“အံ့အားသင့်ဖို့ ကောင်းတာလား” သွေးစည်သည်တော် နှစ်ယောက်စလုံး သူတို့ရဲ့ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ခဲ့ပါဘူး။ ချူရီမန်က ထိုကဲ့သို့ ပြောလာမှတော့ အပြင်မှာ ပျံ့နေတဲ့ သတင်းတွေအပြင် အခြားသူတွေ မသိသေးတဲ့ အကြောင်းအရာတွေလည်း ကျန်ရှိနေလောက်ပါသေးတယ်။

“အင်း၊ အရမ်းကို အံ့အားသင့်ဖို့ ကောင်းတယ်။ ကောင်းကင်စံအိမ်က တကယ်ကို အံ့ဩစရာကောင်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲ။ ပြီးတော့ နင်တို့ရဲ့ သခင်ငယ်လေးကလည်း အံ့ဩစရာကောင်းတဲ့ လူတစ်ယောက်ပဲ” ချူရီမန်က ရွတ်နောက်နောက် ပြုံးလိုက်ရင်း ပြောလိုက်တယ်။

အဲ့နေ့ မတိုင်ခင်တုန်းက မီတာသောင်းကျော် ကွာဝေးတဲ့ နေရာနှစ်ခုကို ဆက်သွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိမှန်း သူမ မသိခဲ့သလို သူမနဲ့ ရွယ်တူမျိုးဆက်က သူမထက် ကျင့်ကြံခြင်းအဆင့် နိမ့်တဲ့ လူငယ်လေး တစ်ယောက်က သူမနဲ့ လက်ရည်တူ ယှဉ်တိုက်နိုင်မယ်လို့လည်း ချူရီမန် တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။

တစ်လလောက် အချိန်အတူတူ ကုန်ဆုံးလိုက်ရုံနဲ့ ဖြာယောင်ခြင်း နတ်ဆိုးဘုရင်မရဲ့ နှလုံးသားကို ဖမ်းစားနိုင်တဲ့ လူတစ်ယောက်ရှိမှန်း ကိုလည်း သူမမသိခဲ့ပါဘူး။

အရှိအရှိအတိုင်း ပြောရမယ်ဆိုရင် ချူရီမန်က သူမကိုယ်သူမ ထိပ်တန်းအဆင့် ပါရမီရှင် တစ်ယောက်လို့ ယုံကြည်ထားတာပါ။ သူမသာ ယောကျ်ားတစ်ယောက်ဆိုရင် ချူမိသားစုရဲ့ နောင်တက်မယ့် မိသားစုခေါင်းဆောင် တစ်ယောက် ကျိန်းသေဖြစ်လာမှာပါ။ ဒါပေမယ့် ကံမကောာင်းစွာပဲ ကောင်းကင်ဘုံက သူမကို မိန်းမတစ်ယောက် ဖြစ်စေခဲ့တယ်။

အဲ့ဒါ‌ေ အဲ့လိုဆိုရင်တောင် သူမကိုယ်သူမ ရန်ကိုင်နဲ့ သွားမယှဉ်ရဲပါဘူး။

ထိုလူငယ်လေးရဲ့ အလားအလာက အရမ်းကို ကြောက်မက်ဖွယ် ကောင်းပါတယ်။ သူသာ ကြီးပြင်းလာခဲ့မယ်ဆိုရင် သူ့ရဲ့ အောင်မြင်မှုက လက်ရှိ ပညာရှင်တွေရဲ့ အောင်မြင်မှုအောက် နိမ့်ကျလိမ့်မှာ မဟုတ်ပါဘူး။

ဒဏ္ဏာရီလာ လူငယ်မျိုးဆက်သစ် တစ်ခုကို ဖန်တီးနိုင်ရင်တောင် ဖန်တီးနိုင်ပါသေးတယ်။

“ဘာကများ သူ့ကို ဒီလောက်တောင် အံ့အားသင့်စရာ ကောင်းသွားစေတာလဲ” တန်ယုရှန်း မျက်ဝန်းအစုံက မျှော်လင့်တောင့်တမှုတို့ဖြင့် တလက်လက် တောက်ပသွားခဲ့တယ်။

“ဘာကလဲ ဆိုတာကတော့… အန်း..၊ ကျွန်မလည်း ဘယ်လိုပြောရမှန်း မသိဘူး။ အရမ်းကို သိချင်နေသပ ဆိုရင်တော့ ရှင်တို့ရဲ့ သခင်ငယ်လေးကို ကိုယ်တိုင် သွားမေးတာပဲ ပိုကောင်းလိမ့်မယ်။ ကျွန်မ စကားကျွံသွားရင် သူကျွန်မကို ခါးခါးသီးသီး မုန်းတီးသွားမှာ… အဲ့လို အကျိုးမရှိတဲ့ အလုပ်တစ်ခုကို ကျွန်မက ဘာလို့ လုပ်ရမှာလဲ”

“နင်…” သွေးစစ်သည်တော် နှစ်ယောက်စလုံး မကျေမနပ် ဖြစ်သွားခဲ့တယ်။ ချူရီမန်က သူတို့ရဲ့ သိချင်စိတ်ကို ပြင်းပြလာအောင် လုပ်ပြီး ကျေနပ်လောက်တဲ့ အဖြေမပေးပဲ သူတို့ သခင်လေးကို သွားမေးခိုင်းပါတယ်။ ဗီဒီယိုကားတစ်ကား ကြည့်ရင်း ဇာတ်ရှိန်တက်နေတဲ့ အချိန် မီးထပျက်သွားသလိုပါပဲ။ သူတို့စိတ်ထဲ ရွစိရွစိ ဖြစ်နေခဲ့ကာ နေမထိထိုင်မထိ ဖြစ်နေခဲ့ရပါတယ်။

အခြားတစ်ယောက်သာ သူတို့ကို အခုလိုမျိုး လာပြောခဲ့ရင် ရန်မိသားစုရဲ့ မေးမြန်းအစ်အောက်နဲ့ နည်းစနစ်တွေကို မေးမြည်းစမ်းခိုင်းလိုက်မှာပါ။ ဒါပေမယ့် အခုလို ပြောနေတဲ့ ချူရီမန် ဖြစ်နေတဲ့အတွက် သူတို့လည်း ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

သူမရဲ့ ရုပ်ကို တည်လိုက်ပြီး ချူရီမန်က လေးနက်တဲ့ အမူအရာနဲ့ ပြောလိုက်တယ် “အများကြီး ပြောလို့ အဆင်မပြေပေမယ့် ငါပြောနိုင်တာကတော့ နင်တို့ရဲ့ သခင်ငယ်လေးကို လုံးဝ… လုံးဝ… လုံးဝကို ဘယ်တော့မှ အထင်မသေးသင့်ဘူး ဆိုတာပဲ”

ထိုစကားကို ကြားလိုက်တာနဲ့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ပစ်လဲကျတော့မလို ဖြစ်သွားခဲ့တယ်။

ချူရီမန်က “လုံးဝ” ဆိုတဲ့ စကားလုံးကို တစ်ဆက်တည်းမှာပဲ သုံးကြိမ်တိတိ သုံးသွားခဲ့ပါတယ်။ သူမ လေသံကလည်း နောက်ပြောင်ပြီး ပြောနေတဲ့ လေသံနဲ့ မတူပါဘူး။ တကယ်ကို အလေးအနက်ထားပြီး ပြောနေတဲ့ လေသံမျိုးပါ။

သူမ ဘာကို ပြောချင်နေတာလဲ။ သူမ ပြောလိုက်တဲ့စကားအရ ချူမိသားစုရဲ့ ပထမသခင်လေးက ရန်ကိုင်ကို အပြည့်အဝ ထောက်ခံတယ်လို့ ပြောနေတာနဲ့ အတူတူပါပဲ။

“သူ့ကို အထင်အမြင်သေး နိမ့်ချတဲ့ ဘယ်သူမဆို ကြီးမားတဲ့ တန်ဖိုးတစ်ရပ်ကို ပေးဆပ်ရလိမ့်မယ်” ချူရီမန်က အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်ပြီး တခစ်ခစ် ရယ်မောလိုက်တယ်။

တုဖုန်းရဲ့ ပါးစပ် မသိမသာလေး မဲ့ရွဲ့သွားခဲ့ပြီး သူ့အိမ်သူ အိမ်မက်မက်နေသလို ရုတ်တရက်ကြီး ခံစားလိုက်ရတယ်။

တန်ယုရှန်လည်း မျက်မှောင်မကြုံ့ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။ ချူရီမန်က ရန်ကိုင်ကို ဘာလို့ ဒီလောက်တောင် ယုံကြည်နေတာလဲ ဆိုတာကို သူမ နားမလည်နိုင်အောင် ဖြစ်နေခဲ့ရပါတယ်။

ဒါပေမယ့် သူတို့နှစ်ယောက် သံသယဝင်နေရင်တောင် ချူရီမန်က ထပ်ပြီးရှင်းပြမှာ မဟုတ်မှန်း သူတို့ နှစ်ယောက်စလုံး သိထားပါတယ်။

အခုလို ထွက်ပေါက်ပိတ်နေတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရချိန်၌ နှစ်ယောက်စလုံး ဒီအတိုင်းလေးသာ ခေါင်းညိတ်ပြလိုက်ပြီး “သခင်မလေးချူရဲ့ အကြံပေးစကားကို ကျုပ်တို့ မှတ်ထားပါ့မယ်”

“အင်း” ချူရီမန်သာ ခေါင်းညိတ်ရုံလေး ညိတ်ပြလိုက်ပြီး သာမန်လေသံနဲ့ ပြောလိုက်တယ် “ဒီတစ်ကြိမ် ရန်မိသားစု အမွေခံတိုက်ပွဲမှာ သွေးစစ်သည်တော်တွေလည်း ဝင်ပါမှာလား”

တုဖုန်းက မဲ့ပြုံးပြုံးလိုက်ပြီး “မိသာစုက မကြေညာသေးတဲ့အတွက် ကျုပ်တို့လည်း သေချာ မသိရသေးပါဘူး”

“ပါမယ်ဆိုရင် ကျွန်မသာ ရှင့်နေရာမှာဆို ကျွန်မက သူ့နောက်ကို လိုက်ဖို့ပဲ ရွေးချယ်လိုက်မှာ” ချူရီမန်က မျက်နှာသေကြီးနဲ့ ပြောလိုက်တယ်။

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံးရဲ့ အမူအရာ နည်းနည်းလေးတောင်မှ ပြောင်းလဲသွားခြင်း မရှိခဲ့ပဲ အသာအယာလေးသာ ပြန်ပြောလိုက်တယ် “သခင်မလေးချူရဲ့ အကြံပေးစကားအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အဲ့လိုအချိန်သာ ရောက်လာခဲ့မယ် ဆိုရင် ကျုပ်တို့နှစ်ယောက်လည်း သခင်မလေးရဲ့ အကြံပေးချက်ကို သေသေချာချာ တွေးတောစဉ်းစားပါ့မယ်”

သူမ ဘာပဲဆက်ပြောပြော ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့်နှစ်ယောက်ရဲ့ အတွေးတွေကို လွှမ်းမိုးနိုင်မှာ မဟုတ်တာကို သိထားတဲ့အတွက် ချူရီမန်လည်း လေကုန်ခံပြီး ဆက်ပြောမနေတော့ပါဘူး။ ရွေးချယ်ရမယ့် အချိန်ရောက်လာခဲ့ရင် သူတို့ဘာသာ သူတို့ ဆုံးဖြတ်ရတော့မှာပါ။

အခု သူမ ဘာပဲပြောပြော သူတို့ရဲ့ ဆုံးဖြတ်နိုင်စွမ်းကို သက်ရောက်နိုင်လိမ့်မှာ မဟုတ်ပါဘူး။ အများဆုံးမှ ရန်ကိုင့်အပေါ် မျော်လင့်ချက်လေး နည်းနည်း တိုးလာတာပဲ ရှိမှာပါ။

ရစ်ခွေနဂါးအောက်ခြေမှာတော့ ရန်ကိုင်က နတ်ဆိုးအိုကြီး အရင်နေခဲ့တဲ့ နေရာ၌ ရပ်လိုက်တယ်။ နတ်ဆိုးအိုကြီးကို သူမတွေ့ရတော့ပါဘူး။

အဲ့မိစ္ဆာအိုကြီး ထွက်သွားတာ ကြာလောက်ပြီ။ မြင့်တက်လာတဲ့ မိစ္ဆာချီတွေ အားလုံးကို စုပ်ယူပြီးသွားတော့ ဒီနေရာမှာ ဆက်နေလည်း သူ့အတွက် အကျိုးမရျိတော့ဘူးလို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ရမယ်

ဒီနေရာမှာ ရှိနေတဲ့ နတ်ဆိုးချီတွေကို စုပ်ယူပြီးသွားတာနဲ့ သူ့ကို လာရှာမယ်လို့ နတ်ဆိုးအိုကြီး အရင်က ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေကြောင့် အစီအစဉ်တွေ အကုန်လုံး ကမောက်ကမ ဖြစ်ကုန်ခဲ့ပါတယ်။

ချူမိသားစုက ကောင်းကင်စံအိမ်ဆီ ပညာရှင်များစွာကို စေလွှတ်လိုက်တယ်။ စုယန်နဲ့ ကျန်တဲ့လူတွေက လေဟာနယ်လျှောက်လမ်းကို သုံးပြီး မီတာတစ်သောင်းကျော် အကွာကို ထွက်ပြေးတိမ်းရှောင် ခဲ့ရတယ်။ ရန်ကိုင်ကတော့ မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် တိမ်မိစ္ဆာနယ်မြေဆီ ရောက်သွားခဲ့တယ်။

သူဖြစ်ဖြစ်၊ နတ်ဆိုးအိုကြီးဖြစ်ဖြစ်၊ အခုလိုမျိုး ဖြစ်လာခဲ့လိမ့်မယ်လို့ နှစ်ယောက်စလုံး မတွေ့ခဲ့မိကြပါဘူး။

နတ်ဆိုးအိုကြီးက သူ့ကို ရှာချင်တယ် ဆိုရင်တောင် ဘယ်ကနေ စရှာလို့ စရှာရမှန်း သိလိမ့်မှာ မဟုတ်ပါဘူး။

အဲ့လိုသာ ဆိုရင် နတ်ဆိုးအိုကြီး သူ့ကို အခုထိ မဆက်သွယ်သေးတာက ယုတ္တိရှိပါတယ်။

ဒါပေမယ့် သူ့ကို သစ္စာဖောက်ဖို့ ဆုံးဖြတ်လိုက်ရင်ကော။ ရန်ကိုင်လည်း မသေချာပါဘူး။

မျက်လုံးပိတ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ကာ ဘေးဘီဝဲရာ တစ်ဝိုက်ကို စစ်ဆေးကြည့်လိုက်တယ်။ တစ်ခဏကြာ ပြီးနောက် ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး ဘေးဘက်က ကျောက်သား နံရံဆီ ခပ်မြန်မြန်ပဲ စူးစိုက်ကြည့်လိုက်တယ်။

ကြည့်ကြည့်ချင်းတော့ ဘာထူးခြားတာမှ တွေ့ရလိမ့်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးကြည့်လိုက်တုန်းက ပုံမှန်မဟုတ်တာ တစ်ခုခုကို သူကျိန်းသေ သတိပြုမိခဲ့ပါတယ်။

ထိုနေရာ၌ နတ်ဆိုးချီ အကြွင်းအကျန်တို့ ရှိနေခဲ့ပါတယ်။ သေသေချာချာ အာရုံစိုက်ပြီးနောက် ပုံစံတစ်ခု ဖြေးဖြေးချင်း ထွက်ပေါ်လာခဲ့တယ်။

ထိုနတ်ဆိုးချီ လှိုင်းတွန့်လေးတွေ ကြားထဲ မှုန်ဝါးနေတဲ့ လက်ရေးကျောက်စာ တစ်ခု ထွက်ပေါ်လာခဲ့တယ်။ ရေးထားက အရမ်းကြီး မကြာသေးတဲ့ပုံပါပဲ။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ရေးထားခဲ့တာပဲ ဖြစ်ရပါမယ်။

တစ်ချက်ကြည့်လိုက်ပြီးနောက် ရန်ကိုင် ပြုံးလိုက်မိတယ်။

နတ်ဆိုးအိုကြီးက သူ့ဆီကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တာ မဟုတ်ပါဘူး။ မဟုတ်ရင် အခုလိုမျိုး သတင်းစကား တစ်ခု ချန်ထားခဲ့လိမ့်မှာ မဟုတ်ပါဘူး။

“နတ်ဆိုးအိုကြီး အနေနဲ့ သူ့ကိစ္စပြီးသွားလို့ သခင်လေးကို လာရှာဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နတ်ဆိုးအိုကြီး အနေနဲ့ သခင်လေးကို ရှာမတွေ့ဘူးဆိုရင် ဒီသတင်းစကား ချန်ထားခဲ့တဲ့ အချိန်ကစပြီး သုံးလကြာတာနဲ့ ဒီနေရာဆီ ပြန်လာခဲ့ပါ့မယ်”

ရန်ကိုင် အသက်ရှင်နေသရွေ့ သူ့ကို လာရှာလိမ့်မယ် ဆိုတာကို နတ်ဆိုးအိုကြီး သိထားတဲ့ ပုံစံပါပဲ။

ထိုအချက်ကို ကြည့်ရုံနဲ့တင် နတ်ဆိုးအိုကြီးက သူ့ကို သစ္စာရှိနေသေးတယ် ဆိုတာကို သိနိုင်ပါတယ်။

ပျော်ရွှင်စွာ ပြုံးရင်း ထိုစာကြောင်းအောက်၌ ရန်ကိုင်က နောက်ထပ် စာကြောင်းတစ်ခုကို ထပ်ရေးလိုက်တယ်။

“ဗဟိုမြို့တော်၊ ရန်မိသားစု အိမ်တော်”

နောက်ထပ် ထပ်ပြောနေစရာ မလိုတော့ပါဘူး။ သူပြန်လာတဲ့ အခါကျ နတ်ဆိုးအိုကြီးအနေနဲ့ ထိုစာကို မြင်သွားဖို့ပဲ လိုအပ်ပါတယ်။

ပြီးတာနဲ့ ရန်ကိုင်က သူနေတဲ့ လိုဏ်ဂူလေးဆီ လျှပ်စီးတန်းတစ်ခုလို ပျံသန်းသွားလိုက်တယ်။

ပြန်ရောက်တာနဲ့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး စူးစမ်းတဲ့အကြည့်နဲ့ သူ့ကို စိုက်ကြည့်လိုက်ကြတယ်။

သူပဲ အထင်မှားနေတာလား၊ တကယ် ဖြစ်နေတာလား ဆိုတာ မသေချာပေမယ့် ထိုနှစ်ယောက်က သူ့ကို အရင်ကထက် ပိုပြီး နှံ့နှံ့စပ်စပ်နဲ့ စစ်ဆေးလေ့လာ နေတယ်လို့ ရန်ကိုင် ခံစားလိုက်ရတယ်။

“နင်လုပ်စရာ ကိစ္စတွေ ပြီးပြီလား” ချူရီမန်က ရွှတ်နောက်နောက် ပြုံးလိုက်ရင်း ပြောလိုက်တယ်။

“အင်း”

“အခု နင်ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ’

ရန်ကိုင်က ပြုံးလိုက်ပြီး ဝင့်ကြွားဂုဏ်ယူစွာဖြင့် ယုံကြည်ချက်အပြည့်ရှိတဲ့ လေသံနဲ့ ပြောလိုက်တယ် “မြို့တော်ဆီ ပြန်ပြီး အမွေခံတိုက်ပွဲကို ဝင်ပြိုင်ရမှာပေါ့”

ချူရီမန် စိတ်လှုပ်ရှားသွားခဲ့ပြီး စိတ်အားထက်သန်စွာနဲ့ ပြောလိုက်တယ် “ငါလည်း ပြန်ဖို့ စဉ်းစားနေတာ။ နင်စိတ်ထဲ မသွားဘူးဆိုရင် အတူတူ ပြန်ကြမယ်လေ”

ရန်ကိုင်က သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက် အမှုမထားသည့် အမူအရာနဲ့ ပြန်ပြောလိုက်တယ် “နင်ကြိုက်သလိုသာလုပ်”

ချူရီမန်က ပြုံးလိုက်ပြီး “အဲ့လိုဆိုရင် နင့်အကြောင်း တင်စီးပြောပေး ရဦးမှာပေါ့”

သူမ ပြောခဲ့တဲ့ စကားနဲ့ ပက်သက်ပြီး ရန်ကိုင်လည်း စိတ်ရှုပ်သွားခဲ့တယ် “ငါ့ကို တင်စီး ပြောပေးဖို့လား”

“မနက်ဖြန်ကျ သိရမှာပေါ့၊ ဘာတွေ လောနေတာလဲ” ချူရီမန်က တခစ်ခစ် ရယ်မောကာ ပြန်ပြောလိုက်တယ်။ ဒါပေမယ့် ရန်ကိုင် မေးတာကို ပြန်မဖြေခဲ့ပဲ ဆက်ပြောလိုက်တယ် “ငါ့ကို နေ့တစ်ဝက် အချိန်ပေး၊ ဒီမှာ ငါရှင်းစရာ ကိစ္စအချို့ ရှိသေးလို့။ မနက်ဖြန် မနက်ကျမှ စထွက်ကျတာပေါ့”

“ကောင်းပြီလေ” ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ ချူရီမန်က ကောင်းကင်စံအိမ်ကို ပြန်လည်ဆောက်လုပ်ရေး လုပ်ငန်းကို ကြီးကြပ်နေတဲ့အတွက် မထွက်သွားခင် သူမမှာ ဖြေရှင်းစရာ ကိစ္စတွေရှိမှာပဲလေ။

Martial Peak

အပိုင်း (၃၇၂) သူနင့်ကို ကိုက်စားမှာ မဟုတ်ဘူး

နောက်တစ်နေ့ မနက်….

အားလုံးထွက်ခွါဖို့ အဆင့်သင့် ဖြစ်နေကြပါပြီ။

ကောင်းကင်စံအိမ်က ဘယ်သူမှ သူတို့ကို ထွက်မပို့ကြပါဘူး။ အရင်က အထက်စီးဆန်ဆန်နဲ့ မောက်မာတတ်တဲ့ ရှဲ့ဟုန်ချန်တောင် ဂိုဏ်းထဲမှာပဲ ကုတ်ကုတ်လေး နေရင်း ဂိုဏ်းကို ပြန်လည် ဆောက်လုပ်တဲ့ နေရာမှာပဲ စီမံကွပ်ကဲနေခဲ့ပါတယ်။

အခုမှပဲ မနေ့တုန်းက ချူရီမန် ပြောခဲ့တဲ့ စကားကို သူနားလည်သွားခဲ့တယ်။

ရွှေရောင်ငွေသွေး သိမ်းငှက်ကတော့ ကောင်းထက်ထက် ပျံဝဲနေဆဲပါ။ တိမ်းသွားမြင်းတစ်ကောင်စီ ပေါ်မှာ စီနင်းနေတဲ့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ရန်ကိုင်ကို ကိုးယိုးကားယား အမူအရာနဲ့ ကြည့်လိုက်ကြတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်လည်း တစ်ခုခုကို မျှော်လင့်စောင့်စား နေသည့်အလား ပြုံးလိုက်ကြတယ်။

ရန်ကိုင်လည်း ဘေးဘီဝဲရာကို လိုက်ကြည့်လိုက်ပြီးနောက် မျက်မှောင် ကြုံ့မိလိုက်သလို အနည်းငယ် စိတ်ဓါတ်ကျချင် သွားခဲ့တယ်။

တိမ်သွားမြင်းက သုံးကောင်ပဲ ရှိပါတယ်။ နှစ်ကောင်ကို တုဖုန်းနဲ့ တန်ယုရှန်းတို့ တစ်ယောက်ချင်းစီက စီးနင်းထားပြီး ကျန်တစ်ကောင်ကို ရန်ကိုင်က စီးနင်းထားခဲ့ပါတယ်။

တန်ယုရှန်းက သူမနဲ့အတူ တစ်ယောက်ကို တွဲခေါ်နိုင်ပေမယ့် ကျန်တဲ့တစ်ယောက် ကကော။

ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်စလုံးက မိန်းမငယ်လေးတွေပါ။ ဗဟိုမြို့တော်ဆီ ပြန်မယ့် ခရီးလမ်းက ကြာညောင်းသလို ခလုတ်ကန်သင်းလည်း ပေါများပါတယ်။ ဘယ်သူနဲ့ပဲ အတူစီးစီး အနည်းနဲ့ အများတော့ ခန္ဓာကိုယ်ချင်း ထိတွေ့မိပါလိမ့်မယ်။

“ရှောင်မန်နဲ့ငါ၊ နင်ကြိုက်တဲ့ လူကိုရွေး” ချူရီမန်လည်း ထိုအချက်ကို နားလည်ထားတဲ့ အတွက် ရန်ကိုင်ကို ပြုံးဖြဲဖြဲလုပ်ရင်း ကြည့်လိုက်တယ်။

သူမရဲ့ အပြုံးက လှပပြီး နှစ်လိုဆွဲဆောင်ဖွယ် ကောင်းပေမယ့် ထိုအပြုံး တစ်ခုတည်းမှာပဲ နောက်ပြောင်လိုမှု၊ မျှော်လင့်တောင့်တမှု၊ ရှက်ရွံ့မှု စတဲ့ စိတ်ခံစားချက် များစွာတို့ ပါဝင်နေခဲ့ပါတယ်။

လော့ရှောင်မန်လည်း အခုလက်ရှိ အခြေအနေကို နားလည်သွားခဲ့ပြီး ရှက်သွေးဖြန်းဖြန်း ဖြာသွားခဲ့တယ်။

ဒါပေမယ့် ရန်ကိုင်ကတော့ နှာခေါင်းရှုံ့လိုက်ပြီး “ယုရှန်း၊ ခင်ဗျား တစ်ယောက်ခေါ်လိုက်၊ တုဖုန်း ကျန်တစ်ယောက်ကို ခင်ဗျားခေါ်လိုက်တယ်။ ကျုပ်ကတော့ တစ်ယောက်တည်းပဲ စီးမယ်”

ချူရီမန် မျက်နှာထက်က အပြုံး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်ကို ငေးကြောင် စိုက်ကြည့်နေလိုက်မိတယ်။ အလှလေး တစ်ယောက်ကို အလကား အသားယူလို့ ရမယ့် အခွင့်အရေးကို သူတကယ်ပဲ ငြင်းဆိုလိုက်မယ်လို့ ချူရီမန် မထင်မှတ် ထားခဲ့ပါဘူး။

သွေးစစ်သည်တော် နှစ်ယောက်စလုံးလည်း သူတို့ရဲ့ အံ့အားသင့်မှုကို မဖုံးဖိနိုင်အောင် ဖြစ်နေခဲ့ရတယ်။

တုဖုန်းက ချောင်းဟန့်လိုက်ပြီး ပြောလိုက်တယ် “သခင်မလေး နှစ်ယောက်သာ အဆင်ပြေတယ်ဆိုရင် ကျုပ်ကလည်း တစ်ယောက် ကူခေါ်ပေးလို့ ရပါတယ်”

ချူရီမန်က တုဖုန်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်တယ်။ ဆက်ပြောရမယ့် စကားလုံးတွေ လည်ချောင်းဝမှာပဲ နင့်သီးသွားခဲ့ပြီး တုဖုန်းလည်း အရှက်ပြေလေးသာ ရယ်မောလိုက်တယ်။

“အဲ့လိုဆိုရင်၊ ငါ့မှာ အကြံတစ်ခုရှိတယ်” ချူရီမန်က ရန်ကိုင်ကို လှမ်းကြည့်လိုက်ပြီး တခစ်ခစ် ရယ်မောလိုက်ရင်း ပြောလိုက်တယ်။

“ဘာလဲ”

“နင်နဲ့တုဖုန်း နှစ်ယောက် အတူတူစီး၊ ရှောင်မန်နဲ့ ငါ အတူတူစီးမယ်”

“အိမ်မက်သာ မက်နေလိုက်” ရန်ကိုင်က ပြတ်ပြတ်သားသားကို ငြင်းဆိုလိုက်တယ်။

ငါ့ကိုမှာ လာရစ်နေချင်သေးတယ်။ နင်သာ တုဖုန်းနဲ့ အတူတူ စီးလိုက်ပါလား

ရန်ကိုင် အခုလို ပြန်ပြောမယ် ဆိုတာကို ချူရီမန်က သိထားတဲ့ ပုံပါပဲ။ ရန်ကိုင် ပြန်ဖြေလိုက်တာနဲ့ ချက်ချင်း ဆိုသလို မျက်လုံးလေး ပင့်လိုက်ပြီး “တုဖုန်းနဲ့ မစီးချင်ဘူး ဆိုရင် အစ်မကြီးတန်နဲ့ အတူတူ သွားစီးလို့ ရတယ်လေ”

ဘေးလူအဖြစ်နဲ့ ထိုင်ကြည့်နေရတဲ့ တန်ယုရှန်း၊ ထိုစကားကို ကြားလိုက်တာနဲ့ ရှက်သွေးဖြန်းဖြန်း ဖြာသွားခဲ့တယ်။ ရန်ကိုင်က ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်၊ ဒါပေမယ့် သူမက သွေးစစ်သည်တော် တစ်ယောက်သာသာပါပဲ။ ရန်ကိုင်သာ သူမနဲ့ အတူစီးမယ်လို့ ပြောလိုက်တာနဲ့ သူမအနေနဲ့ ပြန်ပြီး ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့လို ဖြစ်သွားတာနဲ့ သူမ အခြေအနေက ခွတီးခွကျ ဖြစ်သွားမှာပါ။

ရန်ကိုင်က ချူရီမန်ရဲ့ အကြံပေးချက်အား လက်ခံလိုက်မှာကို သူမ အလွန်အမင်း စိုးရိမ်သွားခဲ့တယ်။

“မစီးဘူး” ရန်ကိုင်က မျက်မှောင် ကြုံ့လိုက်တယ်။ အခြေအနေက သူထင်ထားတာထက် ပိုပြီး ခက်ခဲနေတယ်လို့ ရန်ကိုင် ခံစားလိုက်ရတယ်။

“စီးဖို့ သားရဲ အရေအတွက်က လုံလောက်မှုမှ မရှိတာ။ ဒါကြောင့် ငါတို့ အတူတူ ဝေခွဲပြီး စီးနင်းမှပဲ ရလိမ့်မယ်။ ငါ့အကြံပေးချက်ကို သဘောမတူးဆိုရင် နင်ဘယ်လို အကြံပေးချင်လို့လဲ” ချူရီမန်က အမှုမထားသည့် လေသံလေးနဲ့ ပြန်ပြောလိုက်တယ်။ မနေ့ကတည်းက အခု စီးတော်သားရဲ ပြဿနာကို သူမ ကြိုတင်စဉ်းစားနေခဲ့တာပါ။

ရန်ကိုင်က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်။ ဒါပေမယ့် ဒီလောက် ကြာသွားတောင် သူ့အနေနဲ့ အကြံကောင်းကောင်း တစ်ခု မရနိုင်သေးပါဘူး။

“ဟေး၊ နင်က ယောကျ်ား တစ်ယောက် မဟုတ်ဘူးလား၊ ဒီလောက် လွယ်တဲ့ ဆုံးဖြတ်ချက် တစ်ခုကိုတောင် ပြတ်ပြတ်သားသား မချနိုင်ဘူးလား။ ငါတို့က နင်စဉ်းစားနေတာကို တစ်နေကုန် ထိုင်စောင့်နေရမှာလား” ချူရီမန်က မကျေမနပ်နဲ့ ပြောလိုက်တယ်။

ရန်ကိုင်က ခဏလောက်ကြာအောင် အံကြိတ်နေလိုက်ပြီးနောက် သူ့စီးတော်သားရဲထက် ခုန်တက်လိုက်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။

ချူရီမန်က အောင်နိုင်သူ အပြုံးကို ဆင်မြန်းရင်း ရန်ကိုင်ဆီ လက်ကမ်းပေးဖို့ လုပ်နေစဉ်မှာပဲ ရန်ကိုင်က ရုတ်တရက် ကောက်ပြောလိုက်တယ် “လော့ရှောင်မန်၊ လာခဲ့”

ချူမိသားစုရဲ့ သခင်မလေး မျက်နှာ တစ်ခုလုံး ရှုံ့မဲ့သွားခဲ့ပြီး ရန်ကိုင်ကို ငေးကြောင်ကြောင်နဲ့ စိုက်ကြည့်နေမိလိုက်တယ်။ သူမ မျက်ဝန်းထဲ ရှက်ရွံ့သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ရှေ့မှာ ရှိနေတဲ့ ရန်ကိုင်ဆီကိုသာ ပြေးဝင်သွားကာ သူ့ပါးကို ရှစ်စိတ်ကွဲသွားအောင် အားရပါးရ ရိုက်ပစ်လိုက်ချင်သည့် စိတ်တို့ သူမစိတ်ထဲ တဖွားဖွား ထွက်ပေါ်လာခဲ့တယ်။

လော့ရှောင်မန်ကတော့ တစ္ဆေတစ်ကောင်ကို တွေ့လိုက်တဲ့ ကလေး တစ်ယောက်လို စူးစူးရှရှ အော်ဟစ်လိုက်ပြီး အကြောက်အကန် ငြင်းဆိုပါတော့တယ် “မ… မသွား …. မသွားဘူး”

ဘာကြောင့်လဲ မသိပေမယ့် ရန်ကိုင်ကို မြင်လိုက်ရုံနဲ့တင် သူမ အလွန်အမင်း ကြောက်လန့် မိနေခဲ့ပါတယ်။

“သွားကြစို့” ရန်ကိုင်က စိတ်မရှည်သည့်ဟန်နဲ့ ပြောလိုက်တယ်။ ထို့နောက် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကို လက်နဲ့ အချက်ပြလိုက်ပြီး သခင်မလေး နှစ်ယောက်ဆိုသူအား ပြန်ကြည့်လိုက်တယ်။

“အာ…” ချူရီမန်က သက်ပြင်း အမောကြီး ချလိုက်ပြီး လေသံ တိုးတိုးလေးနဲ့ ပြောလိုက်တယ် “နင်ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ”

“ဘာတွေ ရက်စက်နေလို့လဲ။ နင်မလိုက်ချင်ရင် ဗဟိုမြို့တော်ဆီ ကိုယ့်ဘာသာ ကိုယ်ပြန်လေ။ မြင်လှည်းဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် တစ်ခုခု ငှားစီးပြီး ပြန်လို့ရတာပဲဟာကို” ရန်ကိုင်က ချူရီမန်နဲ့ ဆက်ပြီး မသက်ချင်တော့တာ အသိသာကြီးပါ။

ချူရီမန်က ရန်ကိုင်ကို ခါးခါးသီးသီးနဲ့ စိုက်ကြည့်နေလိုက်မိတယ်။ ရန်ကိုင်က နောက်ပြောင် ပြောနေတာ မဟုတ်မှန်း သိလိုက်ရချိန်မှာတော့ နောက်တစ်ကြိမ် သက်ပြင်းထပ်ချ လိုက်ပြီး ဘေးနာက လော့ရှောင်မန်ကို ပြောလိုက်တယ် “ရှောင်မန်၊ သွားလိုက်”

“ငါ… ငါ… ငါကြောက်တယ်” လော့ရှောင်မန်က ငိုယိုကာ ငြင်းဆန်ပါတော့တယ်။

“ဘာကြောက်စရာ ရှိလို့လဲ၊ သူက နင့်ကို ကိုက်စားမှာမှ မဟုတ်တာကို” ချူရီမန်က လော့ရှောင်မန်ရဲ့ လက်မောင်းလေးကို ကိုင်ရင်း နောက်လိုက်တယ်။ လော့ရှောင်မန်က ငိုယိုငြင်းဆန် နေပေမယ့် ချူရီမန်က သူမ လက်မောင်းကို ကိုင်ပြီး ရန်ကိုင် စီးတော်သားရဲ ပေါ် တင်ပေးလိုက်ကာ သူမကိုယ်တိုင်ကတော့ တန်ယုရှန်းရဲ့ တိမ်သွားမြင်းပေါ် တက်လိုက်တယ်။

“တင်းတင်းဖက်ထား” ပြောပြီးတာနဲ့ ရန်ကိုင်က တိမ်သွားမြင်းကို ဒုန်ဆိုင်းနှင်ပါတော့တယ်။

လော့ရှောင်မန်လည်း ငိုယိုတောင်းပန်နေလို့လည်း ထူးမှာမဟုတ်တော့မှန်း သိလိုက်တဲ့အတွက် ရန်ကိုင် ခါးကိုသာ တင်းတင်း ဖက်ထားလိုက်ရတယ်။ သူမ မျက်နှာ တစ်ခုလုံးကတော့ သွေးမရှိတော့သည့်အလာ ဖြူဖွေးစွတ် နေခဲံပါတယ်။

သွားနေစဉ် ဘယ်သူကမှ စကားတစ်ခွန်းတောင် မပြောခဲ့ပါဘူး။

ချူရီမန်ကို ကြည့်ရတာ ဒေါသထွက်သွားခဲ့ပုံပါပဲ။ ရပ်ပြီး အနားယူတဲ့ အချိန်မှာတောင် ရန်ကိုင်ကို စကားတစ်ခွန်းမှ သွားမပြောခဲ့ပါဘူး။ တစ်နေလုံး တိတ်တဆိတ်နဲ့ သွားလာပြီးနောက် မှာတော့ လော့ရှောင်မန်လည်း အနည်းငယ် စိတ်သက်သာရာ ရလာခဲ့တယ်။

ကျောက်စရစ်ထူတဲ့ လမ်းကြမ်းပေါ် ဒုန်ဆိုင်း နှင်နေရင်း သူ့ကျောကို အတင်းအကြပ် ဖိကပ်နေတဲ့ ပျော့အိအိ ဂျုံလုံးနှစ်လုံးရဲ့ အထိအတွေ့ထဲ ရန်ကိုင် နစ်မြောနေခဲ့တယ်။

ထိုအထိအတွေ့ကို ခံစားနေရင် သူရွေးချယ်တာ မှန်ကန်သွားခဲ့တယ်လို့ ရန်ကိုင် တွေးလိုက်မိတယ်။

ဒီကောင်မလေး လော့ရှောင်မန်ရဲ့ ဟာက တကယ်ကို ထွားချက်ပဲကွာ၊ အိကျနေတာပဲ… ခံစားလို့ ရှယ်ပဲ

ချူရီမန်ကိုသာ ရွေးလိုက်မယ်လို့ဆိုရင် အခုလိုခံစားမှုမျိုး သူခံစားလို့ ရခဲ့မှာ မဟုတ်ပါဘူး။ သာယာကြည်နူးဖွယ် ကောင်းတဲ့ အထိအတွေ့ကို ခံစားရင် ဗဟိုမြို့တော်ဆီ ပြန်သွားရတာ တကယ်ကို ကောင်းလိုက်တဲ့ ခံစားချက် တစ်ခုပါလားလို့ ရန်ကိုင် တွေးလိုက်မိတယ်။

လေထုတစ်ခုလုံးက တင်းကြပ် နစ်မွန်းဖွယ် ဖြစ်နေတာကို သတိထားမိလိုက်တဲ့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး သူတိုပါးစပ်ကို တိပ်ပိတ်ထားလိုက်ကြတယ်။ တဝှီဝှီ မြည်နေတဲ့ လေပြင်းတိုက်သံကြောင့်သာ မဟုတ်ရင် အပြန်လမ်းခရီး တစ်လျှောက်လုံး သုဿန်တစပြင်အလား တိတ်ဆိတ်နေခဲ့မှာပါ။

အခုအချိန်၌ ရန်မိသားစုက သူတို့ရဲ့ သခင်လေးတွေကို မိသားစုဆီ ပြန်ဆင့်ခေါ်လိုက်တဲ့ သတင်းက ကျင့်ကြံခြင်း လောကတစ်ခုလုံး ပျံ့နှံ့နေခဲ့ပါပြီ.

တိမ်မိစ္ဆာနယ်မြေနဲ့ စစ်ပွဲကြီးပြီးလို့ မကြာသေးခင်မှာပဲ ရန်မိသားစုက အမွေခံတိုက်ပွဲကို စတင်ဖို့ ပြင်ဆင်နေခဲ့ပါပြီ။ ဟန်မင်းဆက်ရဲ့ ဒီနှစ် အချိန်အခါကတော့ ငြိမ်သက်၊ ငြိမ်းချမ်းမယ့် အရိပ်အယောင်ကို မရှိပါလားနော်။

အမွေခံတိုက်ပွဲက လူသန်းပေါင်းများစွာရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့တယ်။

ရန်မိသားစုရဲ့ အမွေခံတိုက်ပွဲက အနာဂတ် မိသားစု ခေါင်းဆောင်သစ်ကို ရွေးချယ်ဖို့ ဆိုပေမယ့် အမွေခံတိုက်ပွဲ စတင်လိုက်တဲ့ အချိန်တိုင်း ဟန်မင်းဆက် ကျင့်ကြံခြင်း လောကမှာ ရှိနေတဲ့ အင်အားစုများစွာ ပါဝင်ဆင်နွှဲခဲ့ကြတယ်။

ထိုအင်အားစုတွေက သူတို့ရဲ့ ဂျူနီယာလေးတွေကို လွှတ်ပြီး ဟန်မင်းဆက်က မဟာအင်အားစုကြီးတွေရဲ့ အမွေအနှစ်တွေနဲ့ နည်းလမ်းတွေကို နည်းနာခိုင်းလေ့ ရှိတယ်။ အဲ့လိုမှပဲ သူတို့ အတွေ့အကြုံကို မြန်မြန်ရင့်ကျက်စေနိုင်ကာ ကိုယ့် အရည်အချင်းကိုလည်း သွေးနိုင်မှာပေါ့။

အခြားတစ်ဖက်က ပြောရမယ်ဆိုရင် ထိုအမွေခံတိုက်ပွဲက ဗဟိုမြို့တော်က အင်အားစုကြီး ရှစ်ခုနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အခွင့်အရေး တစ်ခုဆိုလည်း မမှားပါဘူး။

အင်အားစုငယ်လေးတွေကသာ ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်ယောက်နဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့မယ် ဆိုရင် သူတို့ရဲ့ အနာဂတ်မှာ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းအောင်မြင် လာနိုင်ပါတယ်။

မင်းဆက်တစ်ခုလုံးရဲ့ အဓိက အင်အားစုကြီးတွေအပြင် အခွင့်အရေး ရှာကြုံဖို့ ဗဟိုမြို့တော်ကို ရောက်လာတဲ့ တစ်ကိုယ်တော် သီးခြား ကျင့်ကြံသူ များစွာလည်း ရှိနေပါသေးတယ်။

ဒါက တစ်သက်မှာ တစ်ခါသာ ရနိုင်တဲ့ အခွင့်အရေး ဖြစ်သလို ကိုယ်အရည်အချင်းကို ထက်မြက်လာအောင် လုပ်ဆောင်နိုင်မယ့် အခွင့်အရေး တစ်ခုဆိုလည်း မမှားပါဘူး။ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်၊ အသုံးချနိုင်တဲ့ လူတွေကတော့ နဂါးဂိတ်ကို ဖြတ်ကျော်သွားနိုင်တဲ့ ငါးတစ်ကောင်လို ဖြစ်သွားနိုင်ပြီး ရွေးချယ်မှု မှားယွင်းခဲ့တဲ့ လူတွေကတော့ အချိန်မတိုင်ခင် အသေစော သွားခဲ့ကြတာပေါ့။

အကောင်းနဲ့ အဆိုးဒွန်တွဲနေသလို ကောင်းကျိုးနဲ့ ဆိုးကျိုး ဆိုတာလည်း ဒွန်တွဲ တည်ရှိနေပါတယ်။ အမွေခံတိုက်ပွဲ တစ်ခုလုံးက တကယ်တော့ အလောင်းအစားကြီး တစ်ခုပါပဲ။

များစွာသော အင်အားစုတွေနဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့ အနာဂတ် ဖြောင့်ဖြူး သာယာနိုင်ဖို့အတွက် အသက်နဲ့ လောင်းကြေထပ်ကာ ထိုအလောင်းအစားကြီးထဲ ပါဝင် ကစားကြတယ်။

ငါးရက်ကြာပြီးနောက်…

ကီလိုမီတာ တစ်သောင်းကျော်ကို ခရီးသွားပြီးတာတောင် ဗဟိုမြို့တော်ကို ရောက်ဖို့ တော်တော်လေး လိုနေပါသေးတယ်။

တိမ်သွားမြင်းသုံးကောင်က ရပ်တန့် အနားယူလိုက်တဲ့ အချိန် ချူရီမန်က အဝေးတစ်နေရာဆီ ရုတ်တရက် လှမ်းကြည့်လိုက်ပြီး ခဏကြာတဲ့နောက် ပြောလိုက်တယ် “လူမိသားစုက အနီးအနားမှာပဲ။ သူတို့သွားပြီး တိမ်သွားမြင်း နှစ်ကောင်လောက် ငါသွားငှားချင်တယ်”

ထို့နောက် ရန်ကိုင်ဆီ လှည့်ကြည့်လိုက်ပြီး မေးလိုက်တယ် “အဲ့မှာ ခဏရပ်ပေးလို့ ရမလား”

ရန်ကိုင်က မျက်မှောင်ကြုံကာ ငြင်းဆန်ဖို့ လုပ်နေတုန်းမှာပဲ တန်ယုရှန်းက ရုတ်တရက် ဝင်ပြောလိုက်တယ် “နီးနီးလေးပဲ ဆိုတော့ ဘာလို့ ဒီအခွင့်အရေးကို မယူရမှာလဲ။ ငါတို့ကို အရမ်းကြီး နှောင့်နှေးသွားစေမှာမှ မဟုတ်တာ”

ရန်ကိုင်က တန်ယုရှန်းကို သင်္ကာမကင်းနဲ့ ကြည့်လိုက်တယ်။ သူ့ကိုတောင် မမေးပဲ သူမဘာသာသ သူမ ဘာလို့ ဆုံးဖြတ်ချက် ချလိုက်လဲ ဆိုတာကို ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့တယ်။

ဒါပေမယ့် တန်ယုရှန်းက ပြန်ပြုံးပြလိုက်ပြီး “လူမိသားစုက ချူမိသားစုကြားမှာ ဆက်ဆံရေး တစ်ခုခု ရှိတယ်မလား”

ချူရီမန်က ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်၊ လူမိသားစုဆိုတာ ချူမိသားစုရဲ့ လက်အောက်ခံ အင်အားစုတွေထဲက တစ်ခုပဲ။ ဗဟိုမြို့တော်ရဲ့ မိသားစုကြီး ရှစ်ခုထဲမှာ လက်အောက်ခံ အင်အားစု မရှိတဲ့ အင်အားစုဆိုတာ ရှိလို့လား။ ကျင့်ကြံခြင်း လောကကြီးက ကျယ်ပြောပေမယ့် ထိပ်သီး အင်အားစုတွေကြား အဆက်အသွယ် အချို့တော့ ရှိမှာပဲ။ လူမိသားစုနဲ့ ချူမိသားစုကြားမှာလည်း နည်းနည်းပါးပါး ရင်းနှီးတဲ့ ဆက်ဆံတစ်ခု ရှိတာပေါ့။ ဒီနှစ်တွေအတွင်း လူမိသားစုက ငါတို့ချူမိသားစုဆီ မကြာခဏ လာရောက် လည်ပတ်ကြတယ်လေ”

တန်ယုရှန်းက ခပ်မြန်မြန်ပဲ ဆက်ပြောလိုက်တယ် “လူမိသားစုက ပထမအဆင့် အင်အားစု တစ်ခုဆိုတော့ သခင်ငယ်လေး အနေနဲ့ လူမိသားစုကို သွားလည်တာ မသင့်တော်တာတော့ မဟုတ်ဘူး”

လူမိသားစု ပထမအဆင့် အင်အားစု တစ်ခုဆိုတာကို ထည့်ပြောလိုက်တာနဲ့ တန်ယုရှန်း သူမဘာသာ သူမ တစ်ကိုယ်တည်း ဘာလို့ ဆုံးဖြတ်ချက် ချလိုက်တာလဲ ဆိုတာကို ရန်ကိုင် နားလည်သွားခဲ့တယ်။ သူမက ဒီအခွင့်အရေးကို သုံးပြီး လူမိသားစုကို သူ့ဘက်ပါအောင် စည်းရုံးစေချင်တာပါ။

သူ့ဘက်ပါအောင် မစည်းရုံးနိုင်ရင်တောင် မျက်နှာ သွားပြတာက မှန်ကန်တဲ့ လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်။

ရန်ကိုင်က ရန်မိသားစုရဲ့ ခသင်လေး ဆိုပေမယ့် နောက်ဆုံးတော့ ရန်မိသားစုရဲ့ သခင်လေးဆိုတဲ့ ခေါင်းစဉ်က သူ့ကို လုပ်နိုင်စွမ်း အများကြီး ပေးမထားခဲ့ပါဘူး။ နောက်ခံတွေ၊ အားကောင်းတဲ့ အကူအညီတွေ မရှိတဲ့ ရန်မိသားစုရဲ့ သခင်လေးက သူ့ ရွယ်တူတွေထက် သန်မာအားကောင်း‌ နေရင်တောင် သူ့အနေနဲ့ စက္ကူကျားတစ်ကောင်နဲ့ ဘာမှ မခြားနာပါဘူး။

သူမရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတာနဲ့ ရန်ကိုင်လည်း ဆက်ပြီး ငြင်းဆန်မနေတော့ပါဘူး “ကောင်ပြီလေ၊ လူမိသားစုကလည်း ဒီနယ်မြေတစ်ဝိုက် လွှမ်းမိုးနိုင်စွမ်း ရှိတဲ့လူဆိုတော့ သူတို့ဆီ မျက်နှာ သွားမပြရင် မယဉ်ကျေးရာ ကျသွားမှာပေါ့”

ရန်ကိုင်ရဲ့ အပြုအမူကို ကြည့်ပြီး ချူရီမန်က လှောင်ပြုံးပြုံးလိုက်တယ်။ ဒါပေမယ့် ထိုကိစ္စနဲ့ ပက်သက်ပြီး သူမလည်း ဆက်ပြီး ဇာချဲ့မနေတော့ပါဘူး။

အရင် လူမိသားစုက ပထမအဆင့် အင်အားစု တစ်ခု မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ချူမိသားစုရဲ့ အကူအညီနဲ့ လူမိသားစုက တဖြည်းဖြည်း သန်မာအားကောင်း လာခဲ့ပြီး အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများစွာကို မွေးထုတ်ပေးလာနိုင်ခဲ့ကာ နောက်ဆုံးမှာတော့ ပထမအဆင့် အင်အားစု တစ်ခုအဖြစ် တိုးမြှင့်ပေးခြင်း ခံလိုက်ရတယ်။

လူမိသားစု ပထမအဆင့် အင်အားစုတစ်ခုအဖြစ် အဆင့်တက်လာတာ သိပ်မကြာသေးပါဘူး။

အရှင်းဆုံး ပြောရရင် လူမိသားစုဆိုတာ ဟန်မင်းဆက်ထဲမှာ ရှိတဲ့ ပထမအဆင့် အင်အားစုတွေထဲက အားအနည်းဆုံး အင်အားစု တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။

ပထမအဆင့် အင်အားစုအဖြစ် သတ်မှတ်ခံလိုက်ရတဲ့အတွက် အနီးအနားမှာ ရှိနေတဲ့ တတိယအဆင့် အင်အားစု နှစ်ခုလည်း လူမိသားစုကို အညံ့ခံရုံကလွဲပြီး ရွေးချယ်စရာ မရှိခဲ့တော့ပါဘူး။

လူမိသားစုရဲ့ လက်ရှိ မိသားစုခေါင်းဆောင် ဖြစ်တဲ့ လူလျန်က အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ကိုပဲ ရောက်ရှိသေးတဲ့ ကျင့်ကြံသူ တစ်ယောက်ပါ။ မိသားစု ခေါင်းဆောင် တစ်ယောက် အနေနဲ့ အရမ်းကြီး အားကောင်းသန်မာနေစရာ မလိုပါဘူး။ မိသားစု တစ်ခုလုံးကို စည်းလုံးညီညွှတ် ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို စီမံခန့်ခွဲ အုပ်ချုပ်ရမလဲ ဆိုတာကပဲ ပိုပြီး အရေးကြီးပါတယ်။

ချူမိသားစုဆီ မကြာခဏ သွားရောက် လည်ပတ်နေတာကြောင့်ပဲ လူမိသားစုက ချူမိသားစုနဲ့ ဆက်ဆံရေး တစ်ခု ထူထောင်နိုင်ခဲ့တာပါ။

လူမိသားစုခြံဝန်းထဲ ရန်ကိုင်တို့ အဖွဲ့ ရောက်လာတဲ့အခါ အစောင့်အကြပ်တွေက သူတို့ အဆင့်အတန်းက သာမန်မဟုတ်မှန်း တန်းသိလိုက်တဲ့ အတွက် ချက်ချင်း ရှေ့ထွက်ပြီး သူတို့ကို လာရောက် နှုတ်ဆက်ကြတယ်။

တိမ်သွားမြင်းဆိုတာ ပထမအဆင့် အင်အားစုတွေကပဲ မွေးထုတ်ပေးနိုင်တဲ့ သွားလာရေး သားရဲ တစ်ကောင် ဆိုတာကို လူမိသားစု အစောင့်အကြပ်တွေက သိပြီးသားပါ။ ထို့ကြောင့် တိမ်သွားမြင်း စီးလာတဲ့ ရန်ကိုင်တို့ အဖွဲ့ကို မြင်လိုက်ရချိန် သူတို့ရဲ့ အဆင့်အတန်းက သာမန် မဟုတ်ဘူးဆိုတာကို ချက်ချင်း တန်းခန့်မှန်း မိလိုက်တာပါ။

ချူရီမန်က သူမ ဘယ်သူလဲ ဆိုတာကို ထုတ်ပြောပြီးတဲ့နောက် အစောင့်အကြပ်တွေက သူမကို ရိုရိုသေသေ လေးလေးစားစားနဲ့ နှုတ်ဆက်လိုက်ကြပြီး သူတို့ထဲက တစ်ယောက်က မိသားစုခေါင်းဆောင်ကို သတင်းပေးဖို့အတွက် အလျင်အမြန် ပြေးထွက်သွားခဲ့တယ်။

လူမိသားစု ခြံဝန်းထဲမှာ အိမ်ရာ အကြီးကြီးတွေ အများကြီး ရှိသလို စံအိမ်မျာစွာလည်း ရှိကာ ရေကန်တွေ၊ ပန်းခြံတွေ၊ တံတားတွေနဲ့ ကွင်းပြင်များစွာလည်း ရှိနေခဲ့ပါတယ်။

အဆောက်အအုံတွေက ကြီးကျယ်ခမ်းနာတဲ့ ပုံစံမပေါက်ပေမယ့် ကျော့ရှင်းပြီး အဆင့်မြင့်တဲ့ မိသားစုတစ်ခုရဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီတဲ့ အရှိန်အဝါကို ပေးစွမ်းနေခဲ့ပါတယ်။

ချူရီမန်က လော့ရှောင်မန်နှင့်အတူ ရှေ့ဆုံးကနေ ဦးဆောင်နေပြီး ရန်ကိုင်က သူမနောက်ကနေ လိုက်လာခဲ့ကာ သွေးစစ်သည်တော် နှစ်ယောက်ကတော့ ဟိုးနောက်ဆုံးကနေ လိုက်လာနေခဲ့တယ်။

လမ်းလျှောက်သွားနေရင်း တင့်တယ် ခမ်းနားကြီးကျယ်လှတဲ့ မြင်ကွင်းအဖြာဖြာတို့ရဲ့ အလှကို ရန်ကိုင်က ခံစားသက်ဝင်လို့ နေခဲ့တယ်။

Martial Peak

အပိုင်း (၃၇၃) လူလျန်ရဲ့ ဆန်းစစ်လေ့လာမှု

ရန်ကိုင်တို့ အဖွဲ့ ရောက်ပြီး သိပ်မကြာခင်မှာပဲ လူမိသားစုရဲ့ ခေါင်းဆောင် လူလျန်က အဖွဲ့တစ်ခုကို ဦးဆောင်ပြီး သူတို့ကို လာရောက် ဆီးကြိုနှုတ်ဆက် ကြတယ်။

လူလျန်က မိုးပြာရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားခဲ့ပြီး မုတ်ဆိမ်မွှေးကိုလည်း သပ်သပ်ရပ်ရပ်နဲ့ ရိတ်ထားခဲ့သဖြင့် သူ့ပုံစံက အနည်းငယ် ကျော့ရှင်းတဲ့ဟန်ပန်ကို ပေးစွမ်းနေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ မျက်လုံးမှေးမှေး အစုံက စူးရှတဲ့ အလင်းတို့ကို ထုတ်လွှတ်နေခဲ့ပါတယ်။

သူ့ကို မြင်လိုက်တာနဲ့ လူတိုင်းလိုလို ထင်လိုက်မိမှာပါ ဒီလူက လူပါးတစ်ယောက်ပဲ။ ပြီးရင် ထပ်ထင်လိုက်မိမှာက ဒီလူက အကျိုးအမြတ်ကို မျှော်တွေး ချင့်ချိန်တတ်တဲ့ လူတစ်ယောက်ပဲ။

အဓိကခန်းမကနေ လမ်းလျှောက် ထွက်လာလိုက်ပြီးနောက် ဖော်ရွေတဲ့ အပြုံးကို ဆင်မြန်းရင် လှိုက်လှိုက်လဲလဲ အော်ဟစ်ရယ်မောလိုက်ပြီး ချူရီမန်ရှေ့ အလျင်အမြန် သွားလိုက်ကာ ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်လိုက်တယ် “ကျုပ်တို့ လူမိသားစုဆီ သခင်မလေးချူ လာလည်တာက မိသားစုအတွက် ဂုဏ်တက်စရာပါပဲ”

သူက ပထမအဆင့် အင်အားစု တစ်ခုရဲ့ မိသားစုခေါင်းဆောင် တစ်ယောက် ဆိုပေမယ့် သူတို့ လူမိသားစုက ချူမိသားစုရဲ့ လက်အောက်ခံ မိသားစု တစ်ခု ဆိုလည်း ဟုတ်ပါတယ်။ ထို့ကြောင့် ချူမိသားစုရဲ့ ပထမ သခင်မလေး ဖြစ်တဲ့ ချူရီမန်ကို အခုလို လေးလေးစားစားနဲ့ လာရောက် နှုတ်ဆက်တာ သဘာဝ ကျပါတယ်။

ပြီးတော့ လူလျန်ကသာ ဗဟိုမြို့တော်မှာ ရှိတဲ့ ချူမိသားစုဆီ အမြဲဆိုသလို သွားလည်ပတ်ရတာပါ။ ဒါပေမယ့် အခုတော့ ချူမိသားစုဝင် တစ်ယောက်က ပထမဆုံးအကြိမ်အဖြစ် သူ့ဆီ လာရောက်လည်ပတ်ခဲ့ပါပြီ။ လူလျန် စိတ်မလှုပ်ရှားပဲ ဘယ်နေပါ့မလဲ။

ချူရီမန်က ပြီးပြည့်စုံတဲ့ အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး ခေါင်းလေးညိတ်ကာ ပြန်ပြောလိုက်တယ် “ဦးလေးလူက အရမ်းယဉ်ကျေး နေတာပဲ။ ကျွန်မက အဖော်အချို့နဲ့ ဒီကနေ ဖြတ်သွားမိလို့ ဒီမှာ ခဏဝင်နားဖို့ လုပ်လိုက်တာ။ ဦးလေးကို အနှောက်အယှတ် ဖြစ်မသွားစေဘူးမလား”

လျူလျူရန်က အလျင်စလို လက်ဝှေ့ရမ်းလိုက်ကာ ပြန်ပြောလိုက်တယ် “ဘယ်လိုလုပ်ပြီး အဆင်မပြေ ဖြစ်ရမှာလဲ။ ပထမသခင်မလေးကို ကြိုတောင် ကြိုဆိုပါသေးတယ်။ ကျုပ်တို့ လူမိသားစုဆီ ပထမသခင်မလေး လာလည်ပတ်တာက ကျုပ်တို့အတွက် ဂုဏ်တက်စရာ ကိစ္စတစ်ခုတောင် ဖြစ်နေသေးတာကို။ သခင်မလေးနဲ့ သခင်မလေးရဲ့ လေးစားရတဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေအတွက် လူမိသားစုက အနွေးထွေးဆုံး ကြိုဆိုပေးမှဦပါ”

ချူရီမန်က သူ့ကို ဦးလေးလို့ ခေါ်နေတာနဲ့တင် လူလျန်ကို အူမြူးနေစေခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်အတောအတွင်း ချူမိသားစု ဆီကနေ မျက်နှာသာ ရဖို့အတွက် ဗဟိုမြို့တော်နဲ့ သူ့မိသားစုကြား ကူးကလန် ခတ်နေခဲ့ရတာပါ။ အခုတော့ သူစိုက်ခဲ့တဲ့ အသီးအပွင့်တွေကို ရိတ်သိမ်းရတော့မယ့် ပုံပါပဲ။

စကားလေး နည်းနည်း ပြောလိုက်ရုံနဲ့တင် သူတို့ကြားက ဆက်ဆံရေးက ပိုပြီး နီးကပ်လာခဲ့တယ်။ လူလျန် နောက်မှာ ရှိနေတဲ့ အကြီးအကဲတွေ အကုန်လုံး ပြုံးကာ ဦးညွှတ်လိုက်ကြတယ်။

အချိုသပ် စကားလေးတွေ ပြောဆိုပြီးတဲ့နောက် လျူလျန်ရဲ့ အကြည့်က သွေးစစ်သည်တော် နှစ်ယောက်ဆီ ရောက်ရှိသွားခဲ့တယ်။ ထို့နောက် ရန်ကိုင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လေးနက်တဲ့ အမူအရာနဲ့ မေးလိုက်တယ် “တူမကြီး၊ ဒီသခင်လေးက…”

တစ်ချက် ကြည့်လိုက်ရုံနဲ့တင် ရန်ကိုင် အဆင့်အတန်းက သာမန် မဟုတ်တာကို လူလျန် သတိပြုမိသွားခဲ့တယ်။ မဟုတ်ရင် သူ့နောက်ကနေ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်က ကိုယ်ရံတော်အဖြစ် လိုက်ပါနေလိမ့်မှာ မဟုတ်ပါဘူး။

ချူရီမန်က ပြန်မဖြေခဲ့ပဲ ကောင်းကင်ပေါ်ကိုသာ လက်ညိုး ထိုးပြလိုက်တယ်။

ထိုအချိန်မှာပဲ ရွှေရောင်သိမး်၍ှက်တစ်ကောင်က အားလုံးပေါ်ကနေ ပျံသန်းသွားခဲ့ကာ လူအားလုံးရဲ့ အာရုံကို သိမ်းကြုံးယူသွားခဲ့တယ်။ ထိုရွှေရောင် သိမ်းငှက်ကို မြင်လိုက်တာနဲ့ ရန်ကိုင် ဘယ်သူလဲ ဆိုတာကို လူလျန် တက်ခနဲ တန်းသိလိုက်တယ်။

ရန်ကိုင် အဆင့်အတန်းကို သိသွားတာနဲ့ အလျင်အမြန် လက်သီးဆုပ်လိုက်ပြီး နှုတ်ဆက်လိုက်တယ် “ဒီတော့ ဒီက ဂုဏ်သရေရှိ ဧည့်သည့်က သခင်လေးရန်ပေါ့”

“အင်း၊ လူမိသားစုခေါင်းဆောင်” ရန်ကိုင်က အမှုမထားသည့် အမူအရာနဲ့ ပြန်စိုက်ကြည့်လိုက်ပြီး နှုတ်ဆက်လိုက်တယ်။

ဘေးမှာ ရှိနေတဲ့ လူမိသားစု အကြီးအကဲတွေ အကုန်လုံး ကြောင်အသွားခဲ့ပြီး တိတ်တဆိတ်နဲ့ ရန်ကိုင်ကို စတင်စူးစမ်း လေ့လာ ကြပါတော့တယ်။

ရန်မိသားစုက သူတို့ရဲ့ တိုက်ရိုက်မျိုးဆက်တွေကို ပြန်ဆင့်ခေါ်တဲ့ သတင်းက ဟန်မင်းဆက် ကျင့်ကြံခြင်း လောကတစ်ခုလုံး ပျံ့နှံ့နေခဲ့ပါပြီ။ လူမိသားစုကကော မသိပဲ ဘယ်နေပါ့မလဲ။

ဒါပေမယ့် အခုလိုအချိန်မျိုးမှာ ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်က သူတို့ဆီ လာလည်လိမ့်မယ်လို့ လူမိသားစုက လူတွေ ထင်မထားခဲ့တာ အမှန်ပါ။

သူတို့ တိတ်တဆိတ် စူစမ်း နေခဲ့ပေမယ့် ရန်ကိုင်ကတော့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကန်ရေပြင်တစ်ခုသဖွယ် တည်ငြိမ်နေခဲ့တယ်။ သူ့အမူအရာကလည်း ကျောက်ရုပ်ထုတစ်ခုလို စိုးစဉ်းမျှ ပြောင်းလဲသွားခြင်း မရှိခဲ့ပါဘူး။ သူ့ကြည့်ရတာ ဘာမှ မထူးခြားပေမယ့် သူက ရန်မိသားစုရဲ့ သခင်လေး တစ်ယောက် ဆိုတာကတော့ သံသယ ရှိစရာ မလိုပါဘူး။ ဟန်မင်းဆက် ကျင့်ကြံခြင်း လောကတစ်ခုလုံးမှာ ကျော်ကြားနေတဲ့ ရန်မိသားစုရဲ့ သခင်လေးတစ်ပါးက ဘယ်လိုလုပ်ပြီး သာမန် ဖြစ်နိုင်ပါ့မလဲ။

လူလျန်က နောက်တစ်ကြိမ် ရယ်မောလိုက်ပြီး သူ့နောက်မှာ ရှိနေတဲ့ စံအိမ်ဆီ လက်ဟန်ပြလိုက်ကာ “တူမကြီး၊ သခင်လေးယန်၊ အထဲကို ကြွပါ”

သူတို့ဆီ လာလည်တဲ့ လူတွေကို လိုက်ပို့နေရင် လူလျန်က သူ့နောက်မှာ ရှိနေတဲ့ အကြီးအကဲတွေကို ခပ်မြန်မြန်ပဲ အချက်ပြလိုက်တယ် “အကောင်းဆုံး အစားအသောက်တွေကို သွားပြင်ထားလိုက်၊ ငါတို့ လူမိသားစုက ဂုဏ်သရေရှိ ဧည့်သည့် နှစ်ယောက်ကို ကြိုဆို ဧည့်ခံနေရတာ၊ နည်းနည်းလေးတောင် မဆင်မခြင် လုပ်လို့ မဖြစ်ဘူး”

“ဟုတ်ကဲ့ပါ”

ချူရီမန်က ပြုံးလိုက်ပြီး လော့ရှောင်မန်ကို သူမနား ဆွဲကပ်လိုက်တယ်။ ရန်ကိုင်လည်း တုန့်ဆိုင်းခြင်းမရှိ သူမနောက်ကနေ လိုက်သွားခဲ့တယ်။

လူမိသားစုရဲ့ အဓိကခန်းမထဲ၊ စားသောက်ဖွယ်မျိုးစုံကို ဧရာမစားပွဲကြီး တစ်ခုထက် ခင်းကျင်းထားခဲ့တယ်။ စားပွဲထက် ရှားပါးတဲ့ အသီးမျိုးစုံနဲ့ သားရေယိုစရာ စားသောက်ဖွယ်ရာ မျိုးစုံ ရှိနေခဲ့သလို့ အစေခံ လှလှလေးတွေက ငှဲ့ပေးနေတဲ့ ဝိုင်ခရားများစွာလည်း ရှိနေခဲ့ပါတယ်။

အဓိကခန်းမထဲက လေထုက နွေးထွေးပြီး ပျော်ရွှင်ကြည်နူးစရာ ကောင်းနေခဲ့တယ်။

ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်က မိန်းကလေးတွေ ဖြစ်တဲ့အတွက် အရက်မသောက်ခဲ့ကြပါဘူး။ လူလျန်လည်း ထိုအချက်ကို မျှော်လင့်ထားတဲ့ ပုံစံပါပဲ။ သူမတို့အတွက် အထူးအသီးဖျော်ရည်တွေကို ပြင်ဆင်ပေးထားခဲ့ပါတယ်။

မိန်းကလေး နှစ်ယောက်က အသီးဖျော်ရည်ကိုတော့ ကြိုက်ကြတဲ့ ပုံစံပါပဲ။

ရန်ကိုင် အဆင့်အတန်းက တော်တော်လေး မြင့်တဲ့အတွက် သူက ယောကျာ်းတစ်ယောက် ဖြစ်နေရင်တောင် သူ့ကို ဘယ်သူမှ အတင်းအကြပ် မသောက်ခိုင်းရဲခဲ့ပါဘူး။ အကြီးအကဲတွေ အားလုံး အရက်ခွက် မြှောက်တဲ့အခါ ရန်ကိုင်က အရက်တစ်ငုံလောက်ကိုသာ သောက်သုံးခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်သူမှ ဘာမှ မပြောခဲ့ကြပါဘူး။

တန်ယုရှန်း အတွက် ချူရီမန်နဲ့ လော့ရှောင်မန်တို့လိုပဲ အသီးဖျော်ရည် ပြင်ဆင်ပေးထားခဲ့ပါတယ်။

တုဖုန်းတစ်ယောက်ပဲ အားရပါးရနဲ့ အရက် တစ်ခွက်ပြီး တစ်ခွက် သောက်နေခဲ့တာပါ။

ရန်မိသားစုရဲ့ သွေးစစ်သည်တော် တစ်ယောက် ဖြစ်တဲ့အတွက် သူ့အဆင့်အတန်းက ထိုအကြီးအကဲတွေအောက် မနိမ့်ကျပါဘူး။

လူမိသားစုရဲ့ အကြီးအကဲတွေက တုဖုန်းကို မကြာခဏ ခွက်မြှောက်ပေးလိုက်ကြတယ်။

တုဖုန်းက ရန်ကိုင် နားကနေ တစ်ဖဝါးမခွါပဲ ထိုင်နေခဲ့တယ်။ ဒါပေမယ့် တစ်ယောက်ယောက်က သူ့ကို လာပြီး ခွက်မြှောက်ပြရင် တုဖုန်းကလည်း ပြန်ပြီး ခွက်မြှောက်ပေးလိုက်တယ်။

ဒီနယ်တစ်ဝိုက်မှာ လူမိသားစုဝင်တွေက အရှင်သခင်တွေ ဆိုပေမယ့် ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေ ရှေ့မှာတော့ သူတို့အဆင့်အတန်းက ဘာမှ မပြောပလောက်တော့ပါဘူး။

ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေ အကြောင်း ကြားဖူးခဲ့ပေမယ့် မျက်လုံးနဲ့တပ်အပ်တော့ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ အခု သွေးစစ်သည်တော် နှစ်ယောက်က သူတို့ မိသားစုဆီ ရောက်လာပြီ ဖြစ်တဲ့အတွက် သူတို့ကလည်း ဒီလို အခွင့်အရေးကောင်းကြီးကို ဘယ်လိုလုပ်ပြီး အလွယ်တကူ လက်လွှတ်ပေးလိုက်နိုင်ပါ့မလဲ။

လူလျန်က တကယ်ကို စကားပြော ကောင်းလှပါတယ်။ တစ်ခါတစ်ရံ ချီးကျူး စကားပြော တစ်ခွန်း၊နှစ်ခွန်းလောက် ပြောလိုက်ပေမယ့် သူပြောလိုက်တဲ့ စကားတိုင်းက မပြောချင်လို့ ပြောလိုက်ရသလို၊ အတင်းအကြပ် ပြောနေသလို အဓိပ္ပါယ်မျိုး ပေါက်မနေခဲ့ပါဘူး။ ထို့ကြောင့် ကျန်တဲ့လူအားလုံးလည်း မသက်မသာ ဖြစ်စရာ မလိုတော့ပါဘူး။

သုံးကြိမ်လောက် ခွက်မြောက်ပြီးသည့်တိုင်း ရန်ကိုင်က သူ့နဲ့ အသက်တူ၊ အရွယ်တူ သခင်လေးတွေလို မောက်မာဟန် မပြသည့်အတွက် လူမိသားစုဝင်တွေ အံ့အားသင့်သွား မိခဲ့ကြတယ်။ သူက အားလုံးကို တန်းတူပဲ ဆက်ဆံပြီး အဆင့်အတန်း နိမ့်ကျလို့ဆိုကာ ခွဲခြားခွဲခြား ဆက်ဆံတာမျိုးမ ရှိပါဘူး။ ဒါပေမယ့် ထိုအချက်ကပဲ လူမိသားစုဝင်တွေကို ပိုပြီး စိတ်ရှုပ်သွားစေခဲ့တယ်။

ရန်ကိုင်က ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်ဆိုတာကို ချူရီမန်က ရှင်းရှင်းလင်းလင်း မပြောခဲ့တဲ့အတွက် သွေးစစ်သည်တော် နှစ်ယောက်ကြောင့်သာ မဟုတ်ရင် ရန်ကိုင်ဆိုတာ ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်လို့ လူလျန်အနေနဲ့ ယုံရခက်ခက်ပါပဲ။

“ဦးလေး၊ ခရီးပန်းလာလို့ ကျွန်မနဲ့ ရှောင်မန် အရင် သွားနားလိုက်ဦးမယ်။ ကျွန်မတို့ကို ခွင့်ပြုပါဦး” ချူရီမန်က ရုတ်တရက် ကောက်ပြောလိုက်တယ်။ ဆက်ပြီး ထိုင်မနေချင်တော့တဲ့ အတွက်က ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး စားပွဲဝိုင်းထဲကနေ လော့ရှောင်မန်နဲ့အတူ ထွက်သွားလိုက်တယ်။

“ကောင်းပါပြီ” လူလျန်က အလျင်စလို ထပြောလိုက်တယ်။ ထို့နောက် အနားမှာ ရှိနေတဲ့ အစေခံလှလှလေး နှစ်ယောက်ကို လှမ်းအချက်ပြလိုက်ကာ “သခင်မလေး နှစ်ယောက်ကို သူတို့ နေရမယ့်အခန်းစီ လိုက်ပို့ပေးလိုက်တယ်”

“ဟုတ်ကဲ့ပါ”

ချူရီမန်နဲ့ လော့ရှောင်မန်တို့ ထွက်သွားခဲ့ပေမယ့် စားသောက်ပွဲကတော့ ဆက်ပြီး ကျင်းပနေဆဲပါပဲ။

လူမိသားစုက အကြီးအကဲတွေထဲက တစ်ယောက်က ရုတ်တရက် ထရယ်လိုက်ပြီး ပြောလိုက်တယ် “ခေါင်းဆောင်၊ ဒီအတိုင်းပဲ သောက်နေရတာက အရသာမဲ့သလိုပဲ၊ ဖျော်ဖြေရေးပွဲလေး ထပ်ထည့်ရင် ကောင်းမလားလို့”

လူလျန်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်တယ် “ဟုတ်တယ်၊ အဲ့အချက်ကို ငါမသိလိုက်မိဘူး ဖြစ်သွားတယ်”

ပြောပြီးတာနဲ့ လူလျန်က လက်ခုပ်တီးလိုက်တယ်။

ချက်ချင်းဆိုသလိုပဲ ရက်မက်သွေးကြွဖွယ် ဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ မိန်းမလှလေး တစ်သိုက်က အခန်းထဲကို ကျော့ရှင်းသပ်ရပ်စွာနဲ့ စည်းချက်ညီညီ လျှောက်ဝင်လာခဲ့ကြပြီး စတင်ဆိုကြ၊ ကကြပါတော့တယ်။

ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက် ထွက်သွားမယ့် အချိန်ထိ သူမတို့ စောင့်နေကြတဲ့ ပုံပါပဲ။

မိန်းလှလေးတွေ အာလုံးက နှစ်လိုစွဲမက်ဖွယ် ကောင်းတဲ့ ပန်းပွင့်လေးတွေ အဖြစ် မွေးဖွားလာခဲ့ကြတာပါ။ အားလုံးက ဖောက်ထွင်းမြင်နိုင်တဲ့ အဝတ်စ အလွှာပါးလေးကိုသာ ဝတ်ဆင်ထားခဲ့ကြပြီး သူမတို့ရဲ့ နူးညံ့လှတဲ့ ချက်လေးတွေ၊ လက်မောင်း ဖြူဖြူလေးတွေ၊ သွယ်လျတဲ့ ခြေတံရှည်လေးတွေကို လှစ်ဟာပြသထားခဲ့ကြပါတယ်။

ဗုံသံ၊ မောင်းသံ၊ ပုလွေသံ၊ ကုချင်းသံတို့က တစ်ခုနဲ့တစ်ခု စီးချက်ညီညီနဲ့ သာယာငြိမ့်ညောင်းတဲ့ တီးလုံးတစ်ခုကို ထုတ်ဖော်နေခဲ့ပါတယ်။

မိန်းမလှလေးတွေကလည်း ကျက်သရေရှိစွာနဲ့ ဆိုကြကကြရင်း သူမတို့ရဲ့ သာယာနာပျော်ဖွယ် ကောင်းတဲ့ အသံလေးတွေက နောက်ခံတီးတွေနဲ့ အရမ်းကို လိုက်ဖက်သက်ဝင် လွန်းလှပါတယ်။ အားလုံးက နှစ်လိုဆွဲဆောင်ဖွယ် အပြုံးကို ဆင်မြန်းထားပြီး ခါးလေးတွေကို လှုပ်ရမ်း၊ လက်ကလေးတွေကို ကွေးညွတ်ရင်း မှင်သက် အံ့ဩဖွယ်ကောင်းတဲ့ ကကြိုး၊ ကကွက်တို့ကို ထုတ်ဖော် ကပြနေခဲ့ပါတယ်။

သူမတို့ရဲ့ မှော်ဆန်ဆန် ကကွက်တွေကို မြင်လိုက်ရသူတိုင်း အမြင်မလွဲမိချင်မှာ အသေအချာပါပဲ။

ထိုကချေသည် မလေးတွေက သီဆိုကကြိုးသီ နေတဲ့အချိန် စားပွဲဝိုင်းမှာ ထိုင်နေတဲ့ လူတွေကို ပွတ်သပ်ကျီစယ်သွားခဲ့ကြတယ်။ တန်ယုရှန်းလည်း မျက်မှောင် ကြုံ့မိသွားခဲ့တယ်။

အခုလို ပုံစံမျိုးကို သူမ မကြိုက်ပေမယ့် လူလျန် လာလုပ်ချင်နေတာလဲ ဆိုတာကို သူမ နားလည်ထားပါတယ်။ ထို့ကြောင့် ရန်ကိုင်ရဲ့ တုန့်ပြန်မှုကိုသာ တိတ်တဆိတ် လေ့လာဆန်းစစ် နေခဲ့တယ်။

တုဖုန်းကလည်း နည်းနည်းလေးတောင် ရှက်ရွံ့ခြင်း မရှိပဲ ထိုကချေသည်လေးတွေ ကကြိုးဆင်၊ သီဆိုဖျော်ဖြေ နေတာကို အားရပါးရ ထိုင်ကြည့်နေခဲ့တယ်။

ရန်ကိုင် အမူအရာကတော့ နည်းနည်းလေးမှ ပြောင်းလဲသွားခြင်း မရှိခဲ့ပါဘူး။ ကချေမလေးတွေကြား ဟိုကြည့်၊ ဒီကြည့် လုပ်နေပေမယ့် သူ့မျက်လုံးထဲ တဏှာ အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ မိန်းမငယ်လေးတွေက သူ့ကို ပွတ်သပ်၊ ကျီစယ်၊ မြူဆွယ်ဖြာယောင်းဖို့ ကြိုးစားနေတာတောင် ရန်ကိုင်က မျက်နှာက တစ်ချက်ကလေးမှ မပြောင်းလဲသွားခဲ့ပါဘူး။

ရန်ကိုင်ရဲ့ တုန့်ပြန်မှုကို မြင်တွေ့လိုက်တာနဲ့ အခန်းထဲမှာ ရှိနေတဲ့ လူအားလုံး အံ့အားသင့်သွားမိခဲ့ကြတယ်။

လှပတဲ့ မိန်းမငယ်လေးတွေကို ကြိုက်တာ လူပျို၊ လူငယ်တွေရဲ့ သဘာဝပါ။ ဒါက နားလည်ပေးလို့ ရပါတယ်။ ဒီအခန်းထဲမှာ ထိုင်နေတဲ့ လူမိသားစုက အကြီးအကဲတွေ အကုန်လုံး တစ်ချိန်က ငယ်ရွယ်ပြီး အပျော်မမက်တဲ့လူ ဘယ်သူရှိလို့လဲ။ သူတို့ ရန်ကိုင် အရွယ်တုန်းကဆိုရင် အားလုံးက ကျင့်ကြံလောကရဲ့ အထွတ်အထိပ် လှဧကရီတွေနဲ့ အိပ်စက်ပြီး သူမတို့ရဲ့ နှစ်လိုစွဲမက်ဖွယ် ကောင်းတဲ့ အရသာကို မြည်းစမ်းချင်တဲ့ စိတ်ကူးယဉ် အိမ်မက်ထဲမှာ နစ်မျောလို့ ကောင်းတုန်းပါ။

ကြီးလာမှာသာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားခဲ့တာပါ။ အလှအပ၊ အပျော်အပါး်နောက် မလိုတော့ပဲ ကျင့်ကြံခြင်းအဆင့် မြင့်တင်ဖို့ကိုသာ အာရုံစိုက်လာကြပါတော့တယ်။

လူလျန်က ထိုအခွင့်အရေးကို အသုံးချပြီး ရန်ကိုင် ဘယ်လို မိန်းကလေးမျိုးကို ကြိုက်တတ်လဲဆိုတာ စူးစမ်းဖို့ပါ။

အခုလို မိန်မလှလေးတွေရဲ့ စွဲဆောင်ဖြာယောင်မှု အောက်မှာတောင် ရန်ကိုင်က တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ဦးမယ်လို့တော့ သူမထင်ထားခဲ့ပါဘူး။

ရန်မိသားစုရဲ့ သခင်လေးက တကယ်ကို ပုံမှန် မဟုတ်ဘူးပဲ

မိန်းမလှလေးတွေရဲ့ ညို့ငင်မှုအောက်မှာတောင် သူ့ရဲ့ စိတ်ဆန္ဒတွေကို အခုအတိုင်းအတာထိ ချုပ်တည်းထားနိုင်တာကို ကြည့်ရင် ရန်ကိုင် စိတ်စွမ်းအား ဘယ်လောက်အောင် အံ့ဩဖို့ကောင်းကြောင်း မြင်တွေ့နိုင်ပါတယ်။ သူ့ရဲ့ စိတ်အခြေအနေကိုသာ အခုလိုမျိုး အမြဲမပြတ် ထိန်းထားနိုင်မယ်ဆိုရင် သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက ကျိန်သေးနိမ့်ကျ လိမ့်မှာ မဟုတ်ပါဘူး။

ထိုအတွေးတွေ သူ့ခေါင်းထဲ ဖြတ်သွားတဲ့ အခိုက်အတန့်၌ လူလျန် ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်လိုက်တယ်။

တန်ယုရှန်းလည်း ကျေနပ်သွားသည့် အမူအရာနဲ့ ခေါင်းညိတ်လိုက်တယ်။

သူမက ဗဟိုမြို့တော်မှာ နေလာခဲ့တဲ့ လူပါ။ ထို့ကြောင့် ထိုလူငယ် သခင်လေးတွေရဲ့ စရိုက်ကို သူမ ကောင်းကောင်း နားလည်ထားပါတယ်။ အများစုက သူတို့ရဲ့ ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့ နည်းနည်းလေးတောင် မကြိုးစားကြပါဘူး။ မြို့တော်က သခင်မလေးတွေကို အသာထားဦး၊ သူမကိုတောင် လိုက်ပိုးပန်းနေတဲ့ သခင်လေးတွေ ရှိပါသေးတယ်။ ဒါက သူမကို တော်တော်လေး စိတ်ညစ်၊ စိတ်ရှုပ်စေပါတယ်။

အပြန်အလှန် အနေနဲ့ ရန်ကိုင်ရဲ့ တုန့်ပြန်မှုက တန်ယုရှန်းကို တော်တော်လေး ကျေနပ်သွားစေခဲ့တယ်။

သူတို့တွေ မသိတာကတော့ ထိုကချေသည် မလေးတွေ လှတယ်ဆိုပေမယ့် အလှထွတ်ခေါင်ဧကရီတွေ ဖြစ်ကြတဲ့ စုယန်၊ ရှန်နင်းချန်၊ ရှန်ချင်းလော့ ၊ ဟူညီအစ်မ နှစ်ယောက်တို့နဲ့ ယှဉ်နိုင်မှာလား။ အဝေးကြီးပါ။

ထို့ပြီး ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ရဲ့ အကျိုသက်ရောက်မှုကို နှစ်ပေါင်းများစွာ ခံလာရတဲ့ ရန်ကိုင်အဖို့ ထိုပန်းပွင့်လေးတွေရဲ့ ဆွဲဆောင်မှုက ဘာမှ မပြောပလောက်ပါဘူး။

ဒီကျင့်ကြံခြင်း ကမ္ဘာကြီးထဲမှာ ရှန်ချင်းလော့သာ ကိုယ်တိုင်ကိုယ်ကျ သူ့ကို ညို့ငင်ဖြာယောင်းဖို့ မကြိုးစားသရွေ့ ရန်ကိုင်ကို အောင်အောင်မြင်မြင်နဲ့ ဖြာယောင်းနိုင်တဲ့လူရှိတာ ရှိမှာကို မဟုတ်တာပါ။

ထိုမိန်းမငယ်လေးတွေရဲ့ ညူတူတူ အကြည့်တွေ၊ ညို့ငင်ဖွယ် ကကွက်တွေဆိုတာ ရန်ကိုင် အတွေက်တော့ ဘာမှကို မဟုတ်တာပါ။

သိပ်မကြာခင်မှာပဲ လူလျန်က ထိုမိန်းကလေးတွေကို ပြန်ထွက်သွားဖို့ အချက်ပြလိုက်တယ်။

ခန်းမထဲကနေ ထွက်သွားစဉ် မိန်းမငယ်လေးတွေ အားလုံးက ရန်ကိုင်ကို ညူတူတူ အကြည့်တွေနဲ့ ကြည့်သွားခဲ့ကြတယ်။ ရန်ကိုင် အဆင့်အတန်းက သာမန်မဟုတ်တာကို သူမတို့ သိထားကြတဲ့ ပုံပါပဲ။ ထိုလူငယ်လေးရဲ့ ချစ်ခင်နှစ်သက်မှုကိုသာ အရယူနိုင်ခဲ့မယ် ဆိုရင် သူမတို့ အနေနဲ့ အခုလိုမျိုး အခြားသူတွေကို ကပြဖျော်ဖြေစရာ မလိုတော့သလို နဂါးပေါက်ကို ခုန်ကျော်သွားနိုင်တဲ့ ငါးတွေလို ဖြစ်သွားနိုင်ပါတယ်။

လူလျန်က ရယ်မောလိုက်ပြီး “အဲ့မိန်းကလေးတွေ အကုန်လုံးက ကျုပ်တို့ နယ်မြေမှာ ရှိတဲ့ ဆင်းရဲပြီး အားနည်းတဲ့ မိသားစုကတွေလေ။ သူတို့တွေကို ကျုပ်တို့ လူမိသားစုက မွေးစားထားပြီး ပြုစုပျိုးထောင် ပေးခဲ့ကြတာ။ အားလုံးက သန့်စင်တဲ့ ကျောက်စိမ်းဖြူလေးတွေပဲ။ အရေးကြီးတဲ့ ဧည့်သည့်တွေ လာမှပဲ သူတို့တွေကို ရှေ့ထွက် ကပြခိုင်းလေ့ ရှိတာ။ သခင်လေးရန်ကော တစ်ယောက်၊ နှစ်ယောက်လောက် မလိုချင်ဘူးလား။ အမွေခံတိုက်ပွဲကို ပန်းလှလှလေးတွေ အဖော်ပြုပြီး ဝင်နွှဲခဲ့ရင် တကယ်ကို သာယာကြည်နူးဖွယ် ကောင်းမှာ”

ဒါပေမယ့် ရန်ကိုင်က အသာအယာလေးသာ ပြုံးလိုက်ပြီး ဖြေးဖြေးချင်း ခေါင်းခါလိုက်တယ်။

ရန်ကိုင်က ထိုမိန်းကလေးတွေကို နည်းနည်းလေးမှ စိတ်ဝင်စားမှု မရှိတာကို သတိပြုမိလိုက်တဲ့အတွက် လူလျန် မျက်လုံးကျဉ်းကျဉ်းထဲ အလင်းရောင်တို့ လက်သွားခဲ့တယ်။

သူက နည်းနည်းလေးပဲ စိတ်ဝင်စားမယ် ဆိုရင်တောင် ရန်ကိုင် အနေနဲ့ ခေါင်းညိတ်ဖို့ပဲ လိုပါတယ်။ လူလျန်က ချက်ချင်း ပြင်ဆင်ပေးမှာပါ။

လူမိသားစုရဲ့ နောက်ထပ် လူကြီးပိုင်း တစ်ယောက်က အချိန်ကိုက် ဝင်ပြောလိုက်တယ် “အမွေခံတိုက်ပွဲအကြောင်း ကြားရင် လွန်ခဲ့တဲ့ နှစ်၂၀က အမွေခံတိုက်ပွဲကိုပဲ ဒီလူအိုကြီး ပြန်သတိရမိတယ်”

“ဟုတ်တယ်” နောက်ထပ် အကြီးအကဲ တစ်ယောက်က ဝင်ပြောလိုက်တယ် “လူငယ်ပါရမီရှင်တွေ ဘယ်လောက်တောင် ပျောက်ကွယ်ကုန်ခဲ့ပြီလဲ။ မိသားစု ဘယ်လောက်များများလဲ ပျောက်ကွယ်သွားခဲ့ပြီလဲ။ အဲ့အချိန်တုန်းက ငါတို့လူမိသားစုက လုံလောက်အောင် အားမကောင်းသေတာ တကယ်ကို သနားစရာ ကောင်တယ်၊ မဟုတ်ရင် ငါတို့လည်း ဝင်ပြိုင်နိုင်ခဲ့မှာ။ တကယ်ကို သနားစရာပဲ”

Martial Peak

အပိုင်း (၃၇၄) ကျုပ်ပြောတာကို မယုံဘူးလား

ရန်မိသားစု အမွေခံတိုက်ပွဲက စတော့မှာ ဖြစ်တဲ့အတွက် ရန်မိသားစု သခင်လေးတွေက အင်အားစု အသီးသီးကို သူတို့ဘက်ပါအောင် ဆွဲခေါ်ဖို့ ကြိုးစားကြတော့မှာပါ။

လွန်ခဲ့တဲ့ နှစ်၂၀တုန်းက လူမိသားစုရဲ့ ခွန်အားက နိမ့်ကျနေခဲ့တဲ့အတွက် အမွေခံတိုက်ပွဲမှာ မပါဝင်နိုင် ဖြစ်ခဲ့ရတယ်။

ဒါပေမယ့် အခုတော့ လူမိသားစုက ပထမအဆင့် အင်အားစု တစ်ခု ဖြစ်လာခဲ့ပါပြီ။

ငှက်တွေက အစာကြောင့် သေသလို လူတွေလည်း လောဘကြောင့် သေကြတယ်။ လူမိသားစုကတော့ အမြင့်ကို မတက်ချင်ပဲ ဘယ်နေပါ့မလဲ။

သူတိုက မဟာအင်အားစုကြီး ဖြစ်တဲ့ ချူမိသားစုနဲ့ ဆက်သွယ်ရေး ကောင်းကောင်းတစ်ခု တည်ဆောက်ထားနိုင်ခဲပါတယ်။ အကယ်၍ ရန်မိသားစုနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ထပ်မံ တည်ဆောက်နိုင်မယ် ဆိုရင်တောင် လူမိသားစုရဲ့ အနာဂတ်က ပိုပြီး သာယာလှပသွားပါပြီ။

ဒါပေမယ့် ရန်မိသားစုနဲ့ ဆက်ဆံရေး ကောင်းကောင်း တစ်ခု တည်ဆောက်နိုင်ဖို့ ဆိုတာလည်း အရမ်းကြီး ရိုးရှင်း မနေပါဘူး။

ရန်မိသားစုက မဟာအင်အားစုကြီး တစ်ခုပါ။ ရန်မိသားစု ခေါင်းဆောင်ကာ မိသားရဲ့ ဦးခေါင်းဆိုလည်း မမှားပါဘူး။

မိသားစုခေါင်းဆောင် ပြောင်းလဲသွားတိုင်း အမြဲတမ်း လှိုင်းထန်၊ လေထန်သွားလေ့ ရှိပါတယ်။ လူလျန်က အမွေခံတိုက်ပွဲထဲ ဝင်ပါချင်ပေမယ့် ရန်ကိုင်မှာ မိသားစုခေါင်းဆောင် ဖြစ်လာဖို့ အရည်အချင်း ရှိမရှိကို သူမသိသေးပါဘူး။

လူမိသားစုက ရန်ကိုင်ကို အစွမ်းကုန် ထောက်ပံ့ပေးလို့ သူသာ အမွေအနှစ် တိုက်ပွဲကို ရှုံးနိမ့်သွားခဲ့ရင် ထိုရှုံးနိမ့်မှုက သူတို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုကို တစ်ချက်တည်း အပြတ်ရှင်းထုတ် သွားပစ်နိုင်ပါတယ်။

လူလျန်အနေနဲ့ သေသေချာချာ စဉ်းစားပြုမူဖို့ လိုပါတယ်။ ထိုအချက်ကို လူမိသားစုက အကြီးအကဲ အားလုံးလည်း နားလည်ထားကြပါတယ်။

လူရွေးမှားသွားခဲ့ရင် ရင်ဆိုင်ရမယ့် အကျိုးဆက်က နောက်စရာ မဟုတ်ပါဘူး။ ဒါက သူတို့ မိသားစုရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေပါတယ်။

တဖြည်းဖြည်းနဲ့ စကားဝိုင်းရဲ့ ခေါင်းစဉ်က လွန်ခဲ့တဲ့ အနှစ်၂၀က အမွေခံတိုက်ပွဲဆီ ပြန်လည် ရောက်ရှိသွားခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ်၂၀က တိုက်ပွဲ အကြောင်းကို ပြောနေရင်း အားလုံးက ရန်ကိုင်ရဲ့ အမူအရာကို တိတ်တဆိတ် စူးစမ်းလေ့လာနေခဲ့ကြတယ်။

ဒါပေမယ့် ရန်ကိုင်က စိတ်ဝင်းစားမှု နည်းနည်းလေးတောင် မပြတဲ့အတွက် လူမိသားစုဝင်တွေ စိတ်ပျက်သွားခဲ့ကြတယ်။ ရန်ကိုင်က စားပွဲပေါ်မှာ ရှိတဲ့ အသီးတွေကိုသာ မြည်းစမ်းနေပြီး သူတို့ပြောတာကို ရုပ်တည်ကြီးနဲ့ ငြိမ်ပြီး နားထောင်နေခဲ့တယ်။

သူရဲ့ ရုပ်သေကြီးကြောင့် ရန်ကိုင် ဘာတွေးနေလဲ ဆိုတာကို လူမိသားစု အကြီးအကဲတွေ နားမလည်နိုင် ဖြစ်နေခဲ့ကြတယ်။

တဖြည်းဖြည်း စကားခေါင်းစဉ်က အခုလက်ရှိ အခြေအနေသို့ တစ်ဖန် ပြန်လည်ပြောင်းလဲ လာခဲ့ပြန်ပါတယ်။

ရန်မိသားစု သခင်လေး အများစုကို မတွေ့၊ မမြင်ရသေးတဲ့အတွက် ရန်ကိုင်ကလွဲပြီး ကျန်တဲ့လူတွေ အခြေအနေ ဘယ်လို ရှိလဲဆိုတာကို သူတို့ မသိရသေးပါဘူး။

ဒါပေမယ့် သူ့ရှေ့မှာ ရောက်နေတဲ့ ရန်မိသားစုရဲ့ သခင်လေး ဖြစ်တဲ့ ရန်ကိုင်ရဲ့ ခွန်အားနဲ့ အဆက်အသွယ်တွေကို သူတော်တော်လေး စိတ်ဝင်းစားမိပါတယ်။

တိုက်ရိုက်ကြီး သွားမေးလို့ မသင့်တော်မှန်း သိတဲ့အတွက် လူလျန်က မေးခွန်းမျိုးကို ကွေ့ပတ်မေးမြန်းဖို့ စဉ်းစားလိုက်တယ်။ ဒါပေမယ့် သူက မေးတောင် မမေးရသေးခင်မှာပဲ ရန်ကိုင်က စပြီး အပျင်းကြောတွေ ဆွဲပြနေခဲ့ပါပြီ။ သန်းတောင် သန်းနေလိုက်ပါသေးတယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ လူလျန်က သူမေးတော့မယ့် မေးခွန်းတွေကို အတင်းအကြပ် ပြန်မျိုချထားလိုက်ရတယ်။

“သခင်လေး ပင်ပန်းနေပြီးလား” တန်ယုရှန်းက ချိုသာသည့် လေသံလေးနဲ့ မေးလိုက်တယ်။

ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး “နည်းနည်းပါးပါးပေါ့”

လူလျန် မျက်ဝန်းအစုံ လက်သွားခဲ့ပြီး သူ့မျက်နှာထက် အပြုံးတစ်ပွင့် ပွင့်လန်းလာခဲ့ကာ “သခင်လေးရန်က ခရီးအရှည်ကြီး လာခဲ့ရတော့ ပင်ပန်းနေမှာပဲ။ စားသောက်ပွဲကို ဒီနေ့ ဒီမှာပဲ ရပ်နားလိုက်ကြတာပေါ့၊ ဘာကြစမ်း၊ သခင်လေးရန်ကို သူနားရမယ့် အဆောင်စီ လိုက်ပို့လိုက်ကြစမ်း”

ရန်ကိုင်က မငြင်းဆိုခဲ့ပါဘူး။ ထိုင်ရာကနေ ဖြေးဖြေးချင်း ထလိုက်ပြီး လူအုပ်ကြီးကို ခေါင်းညိတ်ပြလိုက်ကာ “ကဲ၊ ကျုပ်ကပဲ အရင်ထွက်သွားလိုက်ပါတော့မယ်”

ဖန်ခွက်ထဲမှာ ကျန်ရှိတာတွေကို အကုန်မော့သောက်ပြီးနောက် ရန်ကိုင်နဲ့ သွေးစစ်သည်တော် နှစ်ယောက် စားသောက်ဝိုင်းထဲကနေ ထွက်ခွါသွားလိုက်ကြတယ်။

ရန်ကိုင်က သူတို့ကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားချင်တယ် ထင်ပြီး စိတ်ပိုင်း ဆိုင်ရာ ပြင်ဆင်ထားခဲ့ကြတာပါ။ တစ်ယောက်ချင်းစီက ခုဏကအထိ ရန်ကိုင်ရဲ့ အပြုအမူကို သေသေချာချာ စောင့်ကြည့်နေတာပါ။ ရန်ကိုင်က အရင်စမပြောခဲ့ရင် သူကလည်း စပြောမှာ မဟုတ်ဘူးလို့တောင် လူလျန်က တွေးနေခဲ့တာပါ။ သူက အရင်စသွားပြောလို့ ဟိုကငြင်းလိုက်ရင် သူပဲ မျက်နှာ ပျက်သွားရမှာပေါ့။

တကယ်တော့ ရန်ကိုင်အကြောင်း များများစားစား မသိသေးတဲ့အတွက် အလျင်စလို ဆုံးဖြတ်ချက် ချလို့လည်း မဖြစ်သေးပါဘူး။

ရန်ကိုင်က အမွေခံတိုက်ပွဲအကြောင်း နည်းနည်းလေးတောင် စကားမဟပဲ စားသောက်ပြီးတာနဲ့ စားပွဲဝိုင်းကနေ ချက်ချင်း ထသွားလိမ့်မယ် ဆိုတာကိုတော့ လူလျန် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။

ဒါက သူတစ်ယောက်ထဲ မထင်ထားတာ မဟုတ်ပါဘူး၊ အခန်းထဲမှာ ရှိနေတဲ့ လူအားလုံး မထင်ထားတာပါ။

“မိသားစုခေါင်းဆောင်” လူမိသားစု အကြီးအကဲ တစ်ယောက်က မျက်မှောင် ကြုံ့လိုက်ပြီး အားတောင့်အားနာ အမူအရာနဲ့ မေးလိုက်တယ် “သူဒီကို အနားယူဖို့ သက်သက်ပဲ လာခဲ့တာတော့ မဟုတ်ပါဘူးနော်”

“မဖြစ်နိုင်လောက်ဘူး” လူလျန်က ခဏလောက်ကြာအောင် စဉ်းစားလိုက်ပြီးနောက် ဖြေးဖြေးချင်း ခေါင်းခါယမ်းလိုက်ကာ “ငါတို့ကို သူ့ဘက်ပါအောင် စည်းရုံဖို့ သူစဉ်းကို စဉ်းစားခဲ့ရမယ်။ သူ့ပုံစံက အနားယူဖို့ သက်သက် လာတဲ့ပုံစံ ပေါက်နေပေမယ့် သူ့ပုံစံက မြင်ရတာနဲ့ မတူဘူးဆိုတာကို ငါအသေအချာကို ခံစားမိနေတယ်”

ကျန်တဲ့ လူတွေအားလုံးလည်း ထိုဆုံးဖြတ်ချက်ကို ထောက်ခံကြပါတယ်။ ယုံကြည်ချက် မရှိတာကြောင့်သာ မဟုတ်ရင် ရန်ကိုင်က ထိုကိစ္စအကြောင်းကို ဘာလို့ အစမဖော်ရမှာလဲ။ အနည်းဆုံးတော့ သူတို့ကို ဆွဲဆောင်ဖို့ သူ့ခွန်အားကိုတော့ ပြသသင့်တာပေါ့။

“အဲ့လိုသာဆိုရင် ငါတို့ လူမိသားစု အနေနဲ့ သူ့အပေါ် အရမ်းကြီး မမျှော်လင့်ထားသင့်ဘူး။ ပူးပေါင်းလို့ အဆင်မပြေမှတော့ ငါတို့ရဲ့ အရင်းအမြစ်တွေကို ဘာလို့ ဖြုန်းတီးနေရဦးမှာလဲ”

အစကတော့ ရန်ကိုင်ကို တော်တော်လေး မျှော်လင့်ထားခဲ့ပေမယ့် အခု သူတို့မျှော်လင့်ချက်တွေ အားလုံး ရေစုန်မျောသွားခဲ့ရပါပြီ။

လူလျန်နဲ့ ကျန်တဲ့လူတွေ အကုန်လုံး မျက်မှောင် ကြုံ့မိလိုက်ကြတယ်။ လူလျန် မျက်ဝန်းအစုံထဲ ဉာဏ်များသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး အပြုံးကြီး ပြုံးလိုက်ရင်း “သူက ယုံကြည်မှု မရှိတာ မဟုတ်ပဲ ငါတို့ မိသားစုကို ပြန်ပြီး စူးစမ်းနေတယ်လို့ ငါဘာလို့ ထင်နေရတာလဲ’

“အာ” အကြီးအကဲတွေရဲ့ အမူအရာ ချက်ချင်း ရှုံ့မဲ့သွားခဲ့ပြီး “သူက ငါတို့ လူမိသားစုကို တန်ဖိုးဖြတ်နေတာလား။ သူ့မှာ အဲ့လိုလုပ်ဖို့ အရည်အချင်းရော ရှိလို့လား”

ရန်မိသားစုရဲ့ သခင်လေးတစ်ယောက် ဖြစ်ပြီး အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်နိုင်တယ် ဆိုရင်တောင် သူက ရန်မိသားစုရဲ့ ခေါင်းဆောင် တစ်ယောက် မဟုတ်သေးပါဘူး။ သူတို့ လူမိသားစုကို တန်ဖိုးဖြတ်ဖို့ ဆုံးဖြတ်ဖို့ သူ့မှာ ဘာအရည်အချင်း ရှိလို့လဲ။

လူလျန်က ရယ်မောလိုက်ပြီး “ခင်ဗျားတို့ မေ့သွားပြီးလား၊ အမွေခံတိုက်ပွဲမှာ ငါတို့ကပဲ လူရွေးရတာ မဟုတ်ပဲ ဝင်ပြိုင်မယ့် ရန်မိသားစုရဲ့ သခင်လေးတွေကလည်း သူတို့ ရွေးမယ့်လူကို သေချာ ရွေးချယ် ရတယ်ဆိုတာကိုလေ။ ငါတို့က ပထမအဆင့် အင်အားစု တစ်ခုဖြစ်နေလို့ သူက ငါတို့ သူ့ဘက်ပါလာအောင် မရမက ကြိုးစားလိမ့်မယ်လို့ ခင်ဗျားတို့ ထင်နေတာလား”

လူမိသားစုက အကြီးအကဲတွေ အကုန်လုံး တစ်ခဏလောက် တ့န်သွားခဲ့ကြပြီး လှောင်ပြုံးပြုံးလိုက်ပြီး ရယ်မောလိုက်ကြတယ်။

တစ်ယောက်ယောက်က ခပ်မြန်မြန်ပဲ ဝင်ပြောလိုက်တယ် “မိသားစုခေါင်းဆောင် အနေနဲ့ အခုလိုမျိုး ကြမ်းကြမ်းရမ်းရမ်း ပြောဖို့ မလိုပါဘူး၊ ကျုပ်တို့ကလည်း အဲ့အတိုင်းအတာထိ ပြောချင်တာမှ မဟုတ်တာ၊ ဟုတ်တယ်မလား”

“ကောင်းတယ်၊ ကောင်းတယ်၊ မိသားစုခေါင်းဆောင် ပြောတာက မှန်တယ် ဆိုပေမယ့် အဲ့ကောင်စုတ်လေးက သူ့ကိုယ်သူ အရမ်း အထင်ကြီးလွန်း မနေဘူးလား။ သူ့မျက်လုံးက ခေါင်းပေါ် တက်ပေါက်နေတာလား”

ဘာပဲဖြစ်ဖြစ် လူမိသားစုဆိုတာ ပထမအဆင့် အင်အားစု တစ်ခု ဖြစ်နေတုန်းပါပဲ။ ထို့ကြောင့် သူတို့ လူမိသားစုသာ ရန်ကိုင်ဘက် ပါသွားခဲ့မယ် ဆိုရင် ရန်ကိုင်အတွက် အကူအညီ အကြီးကြီး ရလိုက်သလိုပါပဲ။ လူအင်အားဖြစ်၊ ပစ္စည်းအင်အားဖြစ်စေ၊ အခြား ကိစ္စတွေမှာ ဖြစ်စေ သူတို့ လူမိသားစုက ရန်ကိုင်ကို‌ တော်တော်လေး အကူအညီ ေ ပးနိုင်ပါတယ်။ သူတို့က ရန်ကိုင်ဘက် ပါသွားခဲ့ရင်တောင် ရန်ကိုင်အနေနဲ့ ကံကောင်းတယ်လို့ သတ်မှတ်ရမှာ မဟုတ်ဘူးလား။

လူလျန်က အကြီးအကြတွေကို လိုက်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ် “ငါထင်တာသာ မှန်မယ်ဆိုရင် ဒီသခင်လေးက … မြင်သလောက် မရိုးရှင်းဘူး”

သူပြောလို့ ပြီးသွားတာနဲ့ အားလုံးက ထိုအချက်ကို သေချာ စဉ်းစားကြည့်လိုက်ကြတယ်။

ပထမအဆင့် အင်အားစု တစ်ခု သူ့ဘက် အပါခေါ်နိုင်မယ့် အခွင့်အရေးကြီး တစ်ခု ရောက်နေပေမယ့် ရန်ကိုင်ကတော့ သာမန်ပုံစံအတိုင်းပါပဲ။ အလျင်လိုသည့် အမူအရာ နည်းနည်းလေးတောင် မပြပါဘူး။ သူ့မှာ ယုံကြည်ချက် ကင်းမဲ့နောကြောင့်သာ မဟုတ်ရင် သူ့စိတ်ထဲမှာ လူမိသားစုကို အရမ်းကြီး မြင့်မြင့် မတွေးထားလို့ပဲ ဖြစ်ရပါမယ်။ မဟုတ်ရင် သူ့သဘောထားက တစ်မျိုးမျိုး ကွဲပြားသွားမှာပေါ့။

သူသာ လူမိသားစုကို သူ့ဘက် အပါခေါ်ချင်နေတယ် ဆိုရင် သူ့ပုံစံ တစ်မျိုး ပြောင်းသွားခဲ့မှာပါ။

ထိုအေတွေးတွေ သူ့စိတ်ထဲ ဖြတ်ပြေးသွားတာနဲ့ သူထင်တာ မှန်တယ်လို လူလျန် ခံစားလိုက်ရတယ်။

သူ့အမူအရာ လေးနက်သွားခဲ့ပြီး လူလျန်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ် “ဒီသခင်လေးက လူမိသားစုထဲမှာ ဘယ်လောက် ကြာအောင် နေမယ်ဆိုတာဘယ်သူမှ သိတာမဟုတ်ဘူး။ ဒါပေမယ့် သူနဲ့ နောက်တစ်ကြိမ် ထပ်တွေ့ရင် အမွေခံတိုက်ပွဲအကြောင်း အစမဖော်နဲ့တော့်။ အရမ်းကြီး စိုးရိမ်နေတဲ့ ပုံစံလည်း မပြနဲ့”

ပြောနေရင်း တစ်ချက်လောက် ရပ်လိုက်ပြီး ခေါင်းညိတ်ကာ မတ်တပ်ရပ်လိုက်ပြီး “သခင်မလေးချူဆီ အရင်သွားပြီး နည်းနည်းလောက် မေးမြန်းကြည့်လိုက်ဦးမယ်”

ချူရီမန် ကိုယ်တိုင် ခေါ်လာခဲ့မှတော့ ရန်ကိုင် အကြောင်း သူမလည်း နည်းနည်းပါးပါးလောက်တော့ သိထားမှာပေါ့။

အကြီးအကဲတွေလည်း ခေါင်းညိတ်လိုက်တယ်။ အဖွဲ့ထဲမှာ လူလျန်က အသန်မာဆုံး မဟုတ်ပေမယ့် သူ့အဆင့်အတန်းက အမြင့်ဆုံးပါပဲ။ ဒီနှစ်အတောအတွင်း သူ့ရဲ့ ဦးဆောင်မှုကြောင့်သာ လူမိသားစုက အခုလိုမျိုး တိုးတက်လာခဲ့ ရတာပါ။ သူ့ရဲ့ အမြင်နဲ့ နည်းလမ်းတွေက အရမ်းကို အရေးပါပါတယ်။

လူမိသားစုရဲ့ အိမ်တော်ရာ နောက်မှာတော့ ကျယ်ဝန်းတဲ့ ခြံဝန်း တစ်ခုရှိနေခဲ့တယ်။

ရန်ကိုင်က လက်နောက်ပစ်ရင်း အဝေးတစ်နေရာဆီ စိုက်ကြည့်နေခဲ့တယ်။

ထိုအချိန်၌ တန်ယုရှန်းက အရင်စကားစ မေးလိုက်တယ် “သခင်ငယ်လေး၊ ဘာလို့ အဲ့လိုမျိုး ပြုမူရတာလဲ. အဲ့လူတွေက သခင်ငယ်လေးရဲ့ ရည်ရွယ်ချက်ကို အထင်လွဲသွားလောက်ပြီ။ သခင်လေးက လူမိသားစုကို မစည်းရုံးချင်တာလား”

ရန်ကိုင်က သူမဘက် လှည့်လိုက်ပြီး ဂရုမစိုက်သည့် ဟန်ဖြင့် ပြုံးလိုက်ကာ “သူတို့ကို ကျုပ်ဘက်ပါအောင် စည်းရုံးဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောရင်ကော ခင်ဗျားယုံမှာ မို့လို့လား”

တန်ယုရှန်းက ကျီစယ်လိုဟန်ဖြင့် ပြုံးဖြီးဖြီး လုပ်လိုက်ပြီး ဖြေးဖြေးချင်း ခေါင်းခါလိုက်တယ်။

သူသာ လူမိသားစုကို နည်းနည်းလေးမှာ စိတ်မဝင်းစားခဲ့ဘူး ဆိုရင် ချူရီမန်နဲ့ ဒီနေရာကို လာဖို့ သဘောတူခဲ့မှာ မဟုတ်ပါဘူး။ ချူရီမန်က တိမ်သွားမြင်းနှစ်ကောင် ငှားချင်လို့ ဒီနေရာဆီ လာခဲ့တာပါ။ ဒါပေမယ့် ရန်ကိုင်က လမ်းကနေ သူမတို့နဲ့ ခွဲထွက်သွားပြီး ဗဟိုမြို့တော်ဆီ တိုက်ရိုက်တန်းပြန် သွားလို့ ရပါတယ်။

သူက ဒီကို လာခဲ့မှတော့ သခင်ငယ်လေးမှာ အကြောင်းပြချက် တစ်ခုခု ကျိန်းသေ ရှိရပါမယ်။

“တကယ်တော့ သူတို့ကို စည်းရုံးလို့ ရမရကို ကျုပ်အဲ့လောက်ကြီး ဂရုစိုက်တာ မဟုတ်ဘူး။ ရန်ကိုင်က ပြုံးကာ ခေါင်းခါယမ်းလိုက်ပြီး “ခင်ဗျား ယုံကြည်ချင်သလို ယုံကြည်လို့ ရတယ်”

တန်ယုရှန်းက ရန်ကိုင်အား မသင်္ကာတော့သလို ရုတ်တရက် ကြည့်လိုက်တယ်။ ရန်ကိုင် ဘာတွေ တွေးနေလဲ ဆိုတာကို သူမသိချင်နေတဲ့ ပုံပါပဲ။ ဒါပေမယ့် ရန်ကိုင်ကတော့ လိမ်ညာနေသည့် အရိပ်အယောင် နည်းနည်းလေးတောင် မပြပဲ ဘာကိုမှ ဂရုမထားသည့် ပုံစံနဲ့သာ မတ်တပ်ရပ်နေခဲ့တယ်။

တုဖုန်းလည်း ရန်ကိုင်ကို ထူးဆန်းသလို ကြည့်နေရင်း မျက်ခုံး ပင့်မိလိုက်တယ်။

အခုလို အခြေအနေမျိုးမှာ အင်အားစု များများကို ကိုယ့်ဘက်ဆွဲခေါ်နိုင်လေ၊ အမွေခံတိုက်ပွဲကို ပိုပြီး နိုင်နိုင်ခြေ များလေပါ။ အခုအချိန်က သူ့လွှမ်းမိုကို မြှင့်တင်ဖို့ အချိန်ကောင်းပါပဲ။ ရန်ကိုင်သာ လုံလောက်တဲ့ အရည်အချင်းနဲ့ ခွန်အားကို ပြသနိုင်ခဲ့ရင် လူမိသားစုလည်း ရန်ကိုင်ဘက်ဆီ ယိမ်းလာမှာပါ။

သူ့မှာ အဲ့လိုလုပ်ဖို့ တကယ်ပဲ ရည်ရွယ်ချက် မရှိတာလား

“ငါနဲ့လူမိသားစုကြားမှာ ဘာရင်းနှီးမှုမှ မရှိဘူး။ သူတို့ငါ့ကို ကူညီမယ် ဆိုရင်တောင် အဲ့ဒါက သူတို့ အကျိုးအမြတ် ကြောင့်ပဲ။ အဲ့လို အကျိုးအမြတ်ကြည့်ပြီး ဆုံးဖြတ်တဲ့ ဆက်ဆံရေးမျိုးကို ငါမကြိုက်ဘူး” ရန်ကိုင်က သိမ်မွေ့တဲ့လေသံလေးနဲ့ ပြောလိုက်တယ် “သူတို့ကို ငါ့ဘက်ပါအောင် စည်းရုံး နိုင်ခဲ့မယ် ဆိုရင်တောင် ငါ့အခြေအနေက အဆိုးဘက် ရောက်သွားတာနဲ့ သူတို့က ငါ့ကို စွန့်ပစ်ဖို့ ကြိုးစားကြမှာပဲ။ ဘယ်လို ဆိုးရွားတဲ့ အရာတွေပဲ ဖြစ်လာဖြစ်လာ၊ လုံးဝ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေထဲ ရောက်သွားရင်တောင် ငါ့ဘက်ကနေ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားနဲ့ ရပ်တည်ပေးနိုင်တဲ့ လူမျိုးကို ငါလိုအပ်တာ။ လေယူတာတိမ်းမယ့် လူမျိုးတွေကို ငါမလိုအပ်ဘူး”

သွေစစ်သည်တော် နှစ်ယောက်စလုံး တစ်ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့တယ်။ သခင်ငယ်လေးက အရမ်းကြီး ရိုးအလွန်းမနေ ဘူးလားလို့တောင် သူတို့ နှစ်ယောက် တွေးမိလိုက်ပါသေးတယ်။

လူသားတွေ အားလုံးက မိမိအတွက် အကျိုးအမြတ်ရလို့သာ အချင်းချင်း ပူးပေါင်းကြတာပါ။ အကျိုးအမြတ် မရမှာတော့ မင်းဒုက္ခတွေကို ဘယ်သူက ဝင်ပြီး ခံစားပေးနေဦးမှာလဲ.

“အဲ့လိုလူတွေ ရှိတယ်ဆိုတာကို တကယ်ပဲ မယုံကြတာလား” ရန်ကိုင်က သွေးစစ်သည်တော် နှစ်ယောက်ကို အဓိပ္ပါယ်ရှိရှိ ပြုံးကာ ကြည့်လိုက်တယ်။

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ဘာပြန်ဖြေလို့ ဖြေရမှန်း မသိတဲ့အတွက် အသာအယာပဲ ချောင်းဟန့်လိုက်ကြတယ်။

“အဲ့လိုလူတွေ တကယ်ပဲ ရှိတယ်။ ခင်ဗျားတို့ တွေ့ရလိမ့်မှာပါ”

ရန်ကိုင် ဘယ်ကနေ ယုံကြည်ချက်တွေ ရလာမှန်း တန်ယုရှန်း နားမလည်နိုင်အောင် ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်ရဲ့ ပြတ်သားပြီး မယိမ်းယိုင်တဲ့ ဟန်ပန်ကို မြင်လိုက်ရချိန်မှာတော့ တန်ယုရှန်း စိတ်ထဲ ထိသွားခဲ့ပြီး နွေးထွေးတဲ့ အပြုံးကို ဆင်မြန်းရင်း “ကျွန်မလည်း အဲ့လိုလူတွေကို တွေ့နိုင်မယ့် အချိန်ကို စောင့်နေပါ့မယ်”

တုဖုန်းလည်း ရယ်မောလိုက်ပြီး “ကောင်းတယ်၊ သခင်ငယ်လေးသာ လူမိသားစုကို သခင်လေးဘက် ပါစေချင်တဲ့ အရိပ်အယောင် ပြလိုက်ရင် သူတို့တွေက ယဉ်ကျေးပြမှာပါ။ ဒါပေမယ့် ရိုးသားမှာတော့ မဟုတ်ဘူး။ ပြီးတော့ သခင်လေးပေါ်လည်း သူတို့ရဲ့ မျှော်လင့်ချက်တွေကို ပုံအောထားမှာ မဟုတ်ဘူး။ ပိုသာမယ်လို့ ထင်တဲ့ လူတစ်ယောက် တွေ့တာနဲ့ အဲ့လူဆီ ချက်ချင်း တန်းပြေးမှာ။ ဒါကြောင့် အဲ့လိုလူမျိုးတွေနဲ့ဆို ကိုယ့်ဘက်ကနေ အရင်မစတာ ပိုကောင်းတယ်”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “လူမိသားစုက ငါ့နောက်ခံကို သိချင်နေကြတယ်။ ငါလည်း မြင်တာပေါ့။ အခု သူတို့ ပြောတာတွေ၊ လုပ်တာတွေ အားလုံးက ငါတို့ဆီကနေ သတင်းနှိုက်ယူနိုင်ဖို့ပဲ။ ဘာကိုမှ ရှင်းရှင်းလင်းလင်း မသိရသေးခင်အထိ၊ သူတို့ဘက်က အရင်စလှုပ်ရှားမှာ မဟုတ်ဘူး”

အခု လက်ရှိ အခြေအနေပါ မရှင်းမလင်းပါ။ ရန်မိသားစု သခင်လေး အများကြီး ရှိတဲ့အနက် တစ်ယောက်ကိုသာ သူတို့ သိထားပါသေးတယ်။ ကျန်တဲ့ သခင်လေးတွေရဲ့ ခွန်အား၊ အဆက်အသွယ်တွေ၊ အဆင့်အတန်းတွေကို သူတို့ မသိရသေးပါဘူး။

ဒါပေမယ့် မိတ်ဆွေကောင်း တစ်ယောက် လိုချင်တယ် ဆိုရင်တော့ သူအားနည်းနည်း၊ အားကြီးကြီး ဂရုစိုက် မနေသင့်ပါဘူး။ အားနည်းတုန်းက မိတ်ဆွေမဖွဲ့ပဲ အားကောင်းလာမှ သွားမိတ်ဆွေ ဖွဲ့မယ်ဆိုရင် တူညီတဲ့ အကျိုးသက်ရောက်မှုကို ဘယ်တော့မှ ရရှိလိမ့်မှာ မဟုတ်ပါဘူး။

ဆောင်းရာသီမှာ ပန်းစည်းလက်ဆောင် ပေးတာက မီးသွေးခဲ လက်ဆောင်ပေးတာလောက် မကောင်းပါဘူး။

“အန်း၊ လူမိသားစုကို ကျုပ်ဘက်ပါအောင် စည်းရုံးဖို့ အရမ်းကြီး စိတ်မဝင်စားဘူး ဆိုပေမယ့် လူမိသားစုမှာ ကျုပ်ကို အရမ်းစိတ်ဝင်စားစေတဲ့ တစ်ခုခု ရှိနေခဲ့တယ်၊ ဟဲဟဲ” ရန်ကိုင်က ရွှတ်တွတ်တွတ် နောက်တောက်တောက် ပုံစံနဲ့ ရယ်မောလိုက်တယ်။

“အန်၊ ဘာပစ္စည်းလဲ” တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး သိချင်မိသွားခဲ့တယ်။

“ကျုပ်လည်း မသိသေးဘူး” ရန်ကိုင်က ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပြီး သူ့အခန်းဆီ လမ်းလျှောက် ဝင်သွားလိုက်တယ်။

သွေးစစ်သည်တော် နှစ်ယောက်စလုံး ကြက်သေသေ သွားခဲကြတယ်။

ဒီကျင့်ကြံခြင်း လောကြီးထဲမှာ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့ အရားများစွာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ရန်ကိုင်ကတော့ ဘာလဲဆိုတာကိုတောင် သေချာ မသိသေးပဲ ထိုအရာကို စိတ်ဝင်စားနေခဲ့ပါတယ်။

ရန်ကိုင်က အခန်းထဲ တန်းဝင်သွားတာကို မြင်လိုက်တော့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး မဲ့ပြုံးပြုံးကာ ရယ်မောလိုက်ကြတယ်။ သခင်လေးငယ်လေးက ပိုပိုပြီး သိရခက်လာတယ်လို့ သူတို့ ခံစားမိလာခဲ့ကြတယ်။

Martial Peak

အပိုင်း (၃၇၅) သွေးစစ်တော်ရဲ့ ထိတ်လန့် အံ့အားသင့်မှု

ရန်ကိုင်က သွေးစစ်သည်တော် နှစ်ယောက်လို့ စကားပြောနေတဲ့ အချိန် ချူရီမန်နဲ့ လော့ရှောင်မန်တို့က ရေချိုးပြီးကာစမို့ အနားယူဖို့ လုပ်နေပါတယ်။ ဒါပေမယ့် အနားတောင် မယူရသေးခင်မှာပဲ လူမိသားစုရဲ့ အစေခံတစ်ယောက် ရောက်လာခဲ့ပြီး သူမတို့ကို ပြောလိုက်တယ် “သခင်မလေးချူ၊ မိသားစုခေါင်းဆောင် လျန်က သခင်မလေးနဲ့ စကားပြောဖို့ အချိန်ရ၊မရ သိချင်လို့ပါတဲ့”

ချူရီမန်က သူမရဲ့ စိုနေတဲ့ ဆံပင်ကို သုတ်လိုက်တယ်။ သူမ မျက်ဝန်းအစုံထဲ အလင်းတစ်ချက် သွားခဲ့တယ်။ လူလျန် သူမကို ဘာလို့ တွေ့ချင်နေလဲဆိုတာကို ချက်ချင်း နားလည်သွားတဲ့ အတွက် မသိမသာလေး မျက်မှောင် ကြုံ့မိလိုက်ကာ “ကောင်းပြီလေ။ သူ့ကို ဝင်လာခိုင်းလိုက်”

“ဟုတ်ကဲ့ပါ” အစေခံမလေးက လေးလေးစားစားနဲ့ ပြန်ဆုတ်သွားခဲ့ပြီး မကြာခင်မှာပဲ လူလျန် အထဲကို လမ်းလျှောက် ဝင်လာခဲ့တယ်။

နွေးထွေးစွာ ပြုံးလိုက်ပြီး လူလျန်က ယဉ်ကျေးစွာ စကားဆိုလိုက်တယ် “ပထမ သခင်မလေး၊ ကျုပ်ရဲ့ လူမိသားစု ခြံဝန်းက ချူမိသားစုလောက် မကျယ်ဝန်းသလို အပြင်အဆင်တွေ ကလည်း အနည်းငယ် ရိုးရှင်းနေတဲ့အတွက် ကျုပ်တို့ လူမိသားစုကို သဘောထားကြီးကြီးနဲ့ ခွှင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

နှစ်ယောက်သာ အတွင်းကျကျ ဆွေးနွေးနေတာ ဖြစ်ပေမယ့်လို့ လူလျန်က သူမကို တူမကြီးဆိုပြီး ထပ်မပြောရဲ တော့ပါဘူး။ ဆရာများ သားသေ ဆိုသလိုပဲ တစ်ကြိမ်၊ နှစ်ကြိမ် ခေါ်တာလောက်ပဲ ကောင်းပါတယ်။ ထပ်ကာထပ်ကာ ခေါ်နေမယ် ဆိုရင် တစ်ဖက်က မကျေမနပ် ဖြစ်သွားနိုင်ပါတယ်။

လူလျန်ရဲ့ စေ့စပ်သေချာတဲ့ ဆုံးဖြတ်နိုင်စွမ်းနဲ့ ထက်ရှတဲ့ အမြင်နဲ့ ဆိုရင် ထိုကဲ့သို့ အမှားမျိုးကို လုပ်ဖို့ မဖြစ်နိုင်ပါဘူး။

ချူရီမန်က ညင်သာစွာ ပြုံးလိုက်ပြီး ပြောလိုက်တယ် “ဦးလေးလန်က ကျွန်မကို စိုးရိမ်တကြီဂ လာရှာတယ်ဆိုတော့ ရန်ကိုင် အကြောင်းကို အသည်းအသန် သိချင်နေတဲ့ ပုံပဲ၊ ဟုတ်တယ်မလား”

ချူရီမန်က လိုရင်းအချက်ကို တိုက်ရိုက်ပြောချလိုက်လို့ လူလျန် အံ့အားသင့်မသွဦးခဲ့ပါဘူး။ အဲ့အစား သေသေချာချာ လေးလေးစားစားနဲ့ ပြန်ပြောလိုက်တယ် “အင်း၊ ကျင့်ကြံခြင်း လောက တစ်ခုလုံးက ရှုပ်ထွေးပြီး ပရမ်းပတာတွေ ဖြစ်နေတာ။ အခုလို အချိန်မျိုးမှာ ကျုပ်တို့ရဲ့ လူမိသားစုက မဆင်မခြင် ဘယ်လှုပ်ရှားရဲပါ့မလဲ။ သခင်မလေးရဲ့ အထင်အမြင်ကို ပြောပြပေးဖို့ ဒီနိမ့်ကျတဲ့ တစ်ယောက်က တောင်းဆိုပါတယ်”

ပြောနေတဲ့ အချိန်အတွင်း လူလျန်က လေးလေးစားစားနဲ့ လက်သီးဆုပ်ထားခဲ့ပြီး သူ့အမူအရာဆိုရင်လည်း အရမ်းကို လေးနက်နေခဲ့ပါတယ်။

ချူရီမန်က ပြုံးဖြီးဖြီး လုပ်လိုက်ပြီး စားပွဲခုံရှေ့ ထိုင်ချလိုက်ကာ ပေါ့ပေါ့ပါးပါး လေသံနဲ့ ပြန်ပြောလိုက်တယ် “သူ့ကို လူမိသားစုဆီ ဘာလို့ ခေါ်လာခဲ့တာလဲလို့ ရှင်တွေးနေတာ မလား။ အခုလို ခေါ်လာတာက ရှင့်ကို အကြံပေးတာ ဟုတ်၊မဟုတ် ဆိုတာကိုလည်း ရှင်မသေမချာ ဖြစ်နေတာမလား”

“ပထမသခင်မလေးက တကယ်ကို ဥာဏ်ပညာ ကြီးမားတာပဲ၊ ဒီက အကြီးအကဲရဲ့ အတွေးတွေက သခင်မလေး ပြောတဲ့အတိုင်းပါပဲ” လူလျန်က ပွင်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်တယ်။ လူမိသားစု အခုလို မြင့်တက်လာရတာ ချူမိသားစုကြောင့်ပါ။ ချူမိသားစုရဲ့ လူမိသားစုရဲ့ အကြီးမားဆုံး ကျေးဇူးရှင်ဆိုလည်း မမှားပါဘူး။

အခုအချိန်က နည်းနည်းလေးတောင် အမှားအယွင်း ဖြစ်သွားလို့ ရတဲ့ အချိန်မျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အခုလို အချိန်မျိုးမှာပဲ ချူရီမန်က ရန်ကိုင်ကို လူမိသားစုဆီ ခေါ်လာခဲ့တယ်။ ချူရီမန်ရဲ့ အပြုအမူ နောက်ကွယ်၌ မြင်နိုင်တာထက် ပိုထက် အဓိပ္ပါယ်တွေ ရှိနေလို့ လူလျန် ခံစားနေခဲ့ရတယ်။

ချူရီမန်က ရန်ကိုင်အပေါ် အထင်အမြင်ကောင်းရှိတယ်။ ဒါ့ကြောင့်ပဲ လူမိသားစုကို သူ့ဘက်ပါအောင် စည်းရုံးစေချင်လို့ သူ့ကို လူမိသားစု ခေါ်လာခဲ့တာ ဖြစ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူမက လူမိသားစုဆီ အခွင့်အရေးတစ်ခု ပေးလိုက်ပါတယ်။ ရန်ကိုင်ကို အမှီအရ ဆွဲခေါ်ထားဖို့ပေါ့။

ဒါ သူမ‌ ဈေးရောင်းတဲ့ ပုံစံလား။

အဲ့လိုသာဆိုရင် ချူရီမန်က ရန်ကိုင်အကြောင်း ပိုပြီး အသေးစိတ်ကျကျ သိထားတာ မဟုတ်ဘူးမလား။

လူလျန်စိတ်ထဲ အတွေးမျိုးစုံ ဖြတ်ပြေးနေခဲ့ပြီး ဒီကနေ့ အဖြစ်အပျက်တွေကို ပြန်စဉ်းစားကြည့်လိုက်တယ်။

ဒါပေမယ့် ချူရီမန်က ပြောလိုက်တယ် “ရှင်တွေးတဲ့ပုံစံကလည်း မမှားပါဘူး။ ရှင့်အတွေးတွေက အရမ်းကို အသေးစိတ် ကျတယ် ဆိုတာ ကျွန်မ သိတယ်။ ဒါပေမယ့် ကျွန်မ ရှင့်ကို တစ်ချက်တော့ ပြောနိုင်တယ်။ ဒီနေ့ ဒီနေရာဆီ သူ့ကို ခေါ်လာတာက ရှင်တို့ကို အကြံပေးတဲ့ သဘောမဟုတ်ဘူး”

“မဟုတ်ဘူးလား” လူလျန် အံ့အားသင့်သွားခဲ့ရတယ်။

“မဟုတ်ဘူး” ချူရီမန်ရဲ့ ခေါင်းလေး မသိမသာလေး ငုံ့လျှိုးသွားခဲ့ပြီး ဒေါသ အရိပ်အယောင် တစ်စွန်းတစ်စ သူမမျက်ဝန်းထဲ ဖြတ်ပေးသွားခဲ့ကာ “ဒီနေ့ ရှင်တို့ လူမိသားစု ဆီလာရတာ တိမ်သွားမြင်း နှစ်ကောင်လောက် ငှားချင်လို့ပဲ”

“အား…” ချူရီမန် ပြောတာကို ကြားလိုက်တာနဲ့ ချက်ချင်းဆိုသလို လူလျန် ကြောင်သွားခဲ့ရတယ်။ ချူရီမန် သူတို့မိသားစုဆီ ရောက်လာရတာက တိမ်သွားမြင်း နှစ်ကောင် ငှားချင်လို့မှန်း သိလိုက်ရချိန်မှာတော့ လူလျန် ခေါင်းကိုက်သလို ခံစားလိုက်ရတယ်။

သူ့ကိုယ်အမူအရာကို အမြန်အဆန်ပဲ ပြန်ထိန်းလိုက်ပြီး လူလျန်က ခေါင်းညိတ်ကာ ပြောလိုက်တယ် “သခင်မလေး လိုချင်တဲ့ တိမ်သွားမြင်းနှစ်ကောင် မနက်ဖြန် အဆင့်သင့် ဖြစ်နေစေရပါမယ်”

“အင်း” ချူရီမန်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။

လူလျန်က ပါးစပ်ဟလိုက်ပေမယ့် ပြောဖို့ရာ ရုတ်တရက်ကြီး တုန့်ဆိုင်းသွားခဲ့တယ်။ ချူရီမန်က လူလျန် လာပြောချင်နေမှန်း သိတဲ့အတွက် သူမပြောရသေးခင်မှာပဲ သူမကပဲ လက်ဦးမှု ရယူပြီး ပြောလိုက်တယ် “သူ့မှာ ဘာအဆက်အသွယ်တွေ ရှိလဲဆိုတာ ကျွန်မ မသိပေမယ့် သူ့ကို အထင်မသေးရဲတာတော့ အမှန်ပဲ။ တစ်ခါတစ်ရံ ဆိုတာ သူက အခြားသူတွေ မထင်မှတ် ထားတာတွေကိုတောင် လုပ်ပြတတ်သေးတယ်၊ သူက တကယ်ကို အံ့ဩဖို့ကောင်းတယ်”

လူလျန်းလည်း တုန်ရီသွားခဲ့တယ်။

ချူရီမန် ပါးစပ်က ထွက်လာတဲ့ စကားတွေကို ပေါ့သေးသေး အဖြစ် သတ်မှတ်လို့ မရပါဘူး။

ရန်ကိုင်ရဲ့ နောက်ခံနဲ့ အဆက်အသွယ်တွေက ဘာတွေပဲ ဖြစ်နေပါစေ၊ သခင်မလေးချူရဲ့ အရည်အချင်း သံသယရှိစရာ မလိုအောင် ပြိုင်ဘက်ကင်းတယ် ဆိုတာကိုတော့ သူသိထားပါတယ်။

ချူရီမန် ရုတ်တရက်ကြီး အံ့ကြိတ်လိုက်တယ်။ သူမမျက်နှာထက် ဒေါသ အရိပ်အယောင်တို့ ယှတ်ပြေးသွားခဲ့ပြီး တိုးလျတဲ့ လေသံနဲ့ ပြောလိုက်တယ် “ပြီးတော့ ရှိသေးတယ်၊ သူက မကျေနပ်တာ နည်းနည်းလေးရှိရင်တောင် လက်စားပြန်ချေရမှ ကျေနပ်တဲ့ လူစားမျိုး”

ချူရီမန်ရဲ့ လေသံကိုး ကြားလိုက်တာနဲ့ လူလျန် လည်ပင်းလေး ကျုံ့သွားခဲ့တယ်။ ရန်ကိုင်ကို သူမ ဘယ်လို ရန်စခဲ့လဲ ဆိုတာ သူ မသိပေမယ့် ရန်ကိုင်လက်၌ သူမ တော်တော်လေး ခံစားခဲ့ရတဲ့ ပုံပါပဲ။

အခု သူလုပ်နိုင်တာ ဆိုလို့ အရှေ့တည့်တည့်ကို စိုက်ကြည့်ပြီး ဘာမှ မကြားချင်ယောင် ဆောင်နေဖို့ပဲ ရှိပါတော့တယ်။

“သူက တစ်ခုခုကို လုပ်တော့မယ်ဆိုရင် သူ့စိတ်ဆန္ဒအတိုင်းပဲ လုပ်တတ်တယ်။ ကောင်းတဲ့ ရည်ရွယ်ချက်ပဲ ရှိရှိ၊ မကောင်းတဲ့ ရည်ရွယ်ချက်ပဲ ရှိရှိ၊ သူတို့ အားလုံးအတွက် ရန်သခင်လေးက ကိုင်တွယ်ရခက်တဲ့ လူတစ်ယောက်ပဲ။ ရှင့်မှာ သူနဲ့မိတ်ဆွေဖွဲ့ဖို့ အစီအစဉ် မရှိဘူးဆိုရင် ကျွန်မ ရှင့်ကို အကြံတစ်ခု ပေးမယ်” ချူရီမန်က သိနေတဲ့ပုံစံနဲ့ ပြုံးကာ ပြောလိုက်တယ်။

“သခင်မလေးရဲ့ အကြံကို ကျေးဇူးပြုပြီး ပြောပြပေးပါ” လူလျန်က အလျင်စလို ထပြောလိုက်တယ်။

“သူနဲ့ ရန်သူ လုံးဝ ဖြစ်မသွားမိစေနဲ့”

လူလျန်လည်း တစ်ခဏလောက် ငေးကြောင်သွားခဲ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “သခင်မလေးရဲ့ အကြံပေးစကားကို ဒီတစ်ယောက် အသေအချာ မှတ်သားထားပါ့မယ်”

“အင်း၊ အဲ့ဒါ ငါ့မှာ ပြောစရာ ရှိတာအကုန်ပဲ” ချူရီမန်က ခေါင်းသာ ညိတ်ပြလိုက်ပြီး ဘာမှ ဆက်မပြောတော့ပါဘူး။

ထွက်သွားဖို့ အချက်ပြနေမှန်း သိလိုက်တာနဲ့ လူလျန်က ဦးညွှတ်လိုက်ပြီး ချက်ချင်းပဲ ပြန်ထွက်သွားလိုက်ပါတယ်။

ဒါပေမယ့် သူတံခါးနား ရောက်တဲ့အချိန်မှာပဲ ချူရီမန်က ပြောလိုက်တယ် “အမွေခံတိုက်ပွဲ အလောင်းအစားထဲ ဝင်ပါချင်တယ် ဆိုရင် အခုအချိန်ကတည်းက စပြီး လှုပ်ရှားမှာ ရလိမ့်မယ်။ ရှင်စောစော လှုပ်ရှားလေ၊ ရှင်ရမယ့် အကျိုးအမြတ်က ပိုများလေပဲ”

လူလျန်းက သဘောတူ ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ကောက်မေးလိုက်တယ် “မိန်းကလေးချူကော၊ မိန်းကလေးချူကော ဘယ်သူ့ဘက်မှာ ရပ်တည်မှာလဲ”

အမွေခံတိုက်ပွဲ၌ ဗဟိုမြို့တော်ရှိ အခြားမိသားစုကြီး ခုနှစ်ခုလည်း ဝင်ပြိုင်ကြမှာပါ။ ချူမိသားစုလည်း ချွင်းချက် မဟုတ်ပါဘူး။ ချူမိသားစု လူငယ်မျိုးဆက်ရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်တာနဲ့ အညီ ချူရီမန်လည်း အမွေခံတိုက်ပွဲမှာ ကျိန်းသေ ဝင်နွှဲမှာပါ။

“ကျွန်မနဲ့ ပက်သက်ပြီး ဘာမှ သိစရာ မလိုပါဘူး။ လူမိသားစုရဲ့ အနာဂတ်နဲ့ ကံကြမ္မာက ရှင့်လက်ထဲ လုံးလုံး ရှိနေတာ။ ဘယ်ရန်မိသားစု သခင်လေးဘက်မှာ ရပ်တည်မယ်ဆိုတာက ရှင်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ရှုံးနိမ့်မှုနဲ့ အောင်မြင်မှုဆိုတာကို ရှင်းရဲ့ ရွေးချယ်မှုကပဲ အဆုံးအဖြတ် ပေးသွားလိမ့်မယ်” ချူရီမန်က ပြုံးကာ ပြန်ပြောလိုက်တယ်။

လူလျန် အနည်းငယ် စိတ်ပျက်သွားခဲ့တယ်။ ချူရီမန် အခုလို ပြောလိုက်ရတာက ဖြစ်လာမယ့် အနှောင့်အယှတ်တွေထဲ ဝင်မပါချင်လို့ပါ။ သူမ ပြောလိုက်လို့ လူလျန်က ရန်ကိုင်ကို ရွေးလိုက်တယ်ထား။ ရန်ကိုင် နိုင်သွားခဲ့ရင်တော့ အဆင်ပြေတာပေါ့။ ရှုံးသာ ရှုံးသွားခဲ့ရင်တော့ ဒါကချူမိသားစု ပထမသခင်မလေး ဆုံးဖြတ်ချက် မှားလို့ ဖြစ်ရတာဆိုပြီး လာမှာ။ အဲ့တော့ သူတို့ဘာသာ သူတို့ ရွေးချယ်ခိုင်းလိုက်တာက အကောင်းဆုံးပါပဲ။

ပြောလို့ ပြီးသွားတာနဲ့ လူလျန်က အလျင်အမြန်ပဲ ထွက်သွားလိုက်တယ်။

နောက်တစ်နေ့ နေထွက်ချိန်၌…

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး သူတို့ရဲ့ အခန်းကိုယ်စီကနေ ထွက်လာတဲ့အချိန် ရန်ကိုင်က နေထွက်ရာ မျက်နှာမူပြီး ထူးဆန်းတဲ့ ကိုယ်နေဟန်ထား တစ်ခုခု လုပ်နေတာကို သူတို့‌ တွေ့လိုက်ရတယ်။

သူ့လှုပ်ရှားမှုတွေက နှေးပေမယ့် အသေးစိတ်ကျတယ်၊ သူ့အမူအရာ ဆိုရင်လည်း တည်ငြိမ်းပြီး လေးနက်နေခဲ့တယ်။

“သခင်ငယ်လေး စောစောစီးစီး ထပြီး လေ့ကျင့်နေတဲ့ ပုံစံပဲ” တန်ယုရှန်းက ပြုံးကာ ပြောလိုက်တယ်။

“လူငယ်တွေက အမြဲတမ်း တက်ကြွနေတာပဲ။ အဲ့ဒါက ကောင်းတဲ့ အချက်ပဲ” တုဖုန်းလည်း ပြုံးလိုက်တယ်။

“ဒါပေမယ့် သခင်ငယ်လေး လေ့ကျင့်နေတဲ့ ပုံစံက ဘာမှ မထူးခြားသလိုပဲ။ သာမန်လူတွေ သူတို့ကိုယ်သူတို့ ကြံ့ခိုင်အောင် လုပ်တဲ့ပုံစံနဲ့ အတူတူပဲလားလို့။ အထူးသဖြင့် သက်ကြီးပိုင်းတွေ လေ့ကျင့်တဲ့ ပုံစံနဲ့လေ” တန်ယုရှန်းက သူမပါးစပ်ကို လက်ကလေးနဲ့ ပိတ်ကာ ရယ်မောရင်း ပြောလိုက်တယ်။

တုဖုန်းက သူမကို ကြည့်လိုက်ပြီး နောက်ထပ် ထပ်မပြောဖို့ အချက်ပြလိုက်တယ်။

ရန်ကိုင် လေ့ကျင့်တဲ့ ပုံစံက တန်ယုရှန်း ပြောသလိုပဲ ဆိုပေမယ့် သူက ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်ပါ။ သူ့နောက်ကွယ်မှာ သွေးစစ်သည်တော်တွေ သူတို့ သခင်လေးကို လှောင်ပြောင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။

သခင်လေး အခုလို လေ့ကျင့်နေတယ် ဆိုရင်တောင် သူ့တို့အနေနဲ့ သူ့ကို သွားတားဖို့ အကြောင်းပြချက် မရှိပါဘူး။ သူဆော့နေတယ် ဆိုရင်တောင် အန္တရာယ်ရှိတာမှ မဟုတ်တာ၊ ဘာလို့ သွားတာနေရမှာလဲ။

သိပ်မကြာခင်မှဦပဲ တုဖုန်း မျက်မှောင် ကြုံ့လိုက်ပြီး တိုးတိုးတိတ်တိတ်နဲ့ ပြောလိုက်တယ် “တစ်ခုခု ထူးခြားနေတယ်”

“ဟန်” တန်ယုရှန်း နားမလည်နိုင် ဖြစ်သွားခဲ့တယ်။

“သေချာ ကြည့်ကြည့်” တုဖုန်း အမူအရာက လေးနက်သွားခဲ့ပြီး တန်ယုရှန်းကတော့ ရန်ကိုင်ရဲ့ လှုပ်ရှားမှုတွေကို သေသေချာချာ စူးစိုက်ကြည့်နေခဲ့တယ်။

သိပ်မကြာခင်မှာပဲ တန်ယုရှန်း မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့တယ်။

ရန်ကိုင် ကြွက်သားတွေက အလွန်အမင်း တောင့်တင်း နေခဲ့ပြီး သူ့ခြေထောက်အောက်က မြေပြင်ဆိုရင်လည်း သူ့ကိုယ်ကနေ ပြိုက်ပြိုက် စီးကျနေတဲ့ ချွေးတွေကြောင့် စိုရွှဲလို့ နေခဲ့ပါတယ်။

ရန်ကိုင် မျက်နှာ တစ်ပြင်လုံး ချွေးသီးတွေနဲ့ ရွှဲနေတာကို တန်ယုရှန်း တွေ့လိုက်ရပြီး သူ့တစ်ကိုယ်လုံး ချွေးတွေနဲ့ ရွှဲနစ်နေခဲ့ကာ ရေချိုးထားတာလားလို့တောင် ထင်မှတ်ရပါတယ်။

သူလှုပ်ရှားနေတဲ့ လက်သီးထိုးချက် တစ်ချက်စီတိုင်းက အလွန်အမင်း လေးလံတဲ့ အလေးတုံးကြီး သယ်ပြီး လှုပ်ရှားနေရသလို ဖြစ်နေခဲ့ကာ သူတစ်ခါ လှုပ်ရှားလိုက်တိုင်း သူ့ခြေထောက်အောက် မြေကြီး တုန်ခါသွားခဲ့၇တယ်။

ဒါက…

ရန်ကိုင် ပုံစံက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းတဲ့ ဖိအားတစ်ခုအောက် ရောက်နေတဲ့ ပုံစံမျိုးပါ။

ဒါပေမယ့် ရန်ကိုင် အခုလေ့ကျင့်နေတာက သာမန်လူတွေ လေ့ကျင့်တဲ့ လေ့ကျင့်ခန်း ပုံစံမျိုးပါ။ သူ့လုပ်နေတဲ့ လေ့ကျင့်ခန်းက သက်ကြီးပိုင်းတွေ လေ့ကျင့်ဖို့ သင့်တော်တယ် ဆိုပြီးတော့တောင် တန်ယုရှန်း ပြောခဲ့ပါသေးတယ်။ ထိုလှုပ်ရှားမှုလေးတွေက သူ့တစ်ကိုယ်လုံးကို ဘာလို့ ဒီလောက် ဖိအားများနေစေခဲ့တာလဲ။

ခဏလောက် ထပ်ပြီး စူးစမ်းလေ့လာပြီးနောက် ရန်ကိုင်က အလွန်အမင်း ကြီးမားလေးလံတဲ့ ဖိအားအောက် ရောက်နေတယ် ဆိုတာကို သွေးစစ်သည်တော် နှစ်ယောက်စလုံး ဝန်ခံလိုက်ရတယ်။ သူ့ကြွက်သွားတွေထဲ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းတဲ့ အားတစ်ခု ရှိနေတဲ့ ပုံစံပါပဲ။ ဒါပေမယ့် ထိုအားကို မမြင်နိုင်တဲ့ ခွန်အား တစ်ခု ချုပ်တည်းထားတဲ့ ပုံပါပဲ။

ရန်ကိုင် ကိုယ်ထဲမှာ ရှိနေတဲ့ စွမ်းအင်တွေက အပြင်ဘက် ဖိအားကို တွန်းလှန် တိုက်ခိုက်နေတဲ့ ပုံပါပဲ။ ထိုကြောင့်ပဲ အတွင်းနဲ့အပြင်ကို မျှတတဲ့ အခြေအနေ တစ်ခုမှာ ထိန်းသိမ်းထားနိုင်ခဲ့တာပါ။ အတွင်းဘက်က အားကောင်းသွားရင် ရန်ကိုင် အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားနိုင်မှာ ဖြစ်ပြီး အပြင်ဘက်က ဖိအားက အားကောင်းသွားခဲ့ရင်တော့ ရန်ကိုင် လဲပြိုကျသွားမှာပါ။

ဒါပေမယ့် ဒီဖိအားက ဘယ်က ရောက်လာတာလဲ။

သူတို့ မြင်နေရတဲ့ မြင်ကွင်းကြောင့် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး အလွန်အမင်း အံ့အားသင့်နေမိခဲ့ကြတယ်။ သိချင်စိတ်ကို မအောင့်အည်း နိုင်တော့တဲ့ အဆုံး နှစ်ယောက်စလုံး ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်ပြီး ရန်ကိုင်ရဲ့ လှုပ်ရှားမှုတွေကို သေသေချာချာ အနီးကပ် စူးစမ်းလေ့လာလိုက်တယ်။ နှစ်ယောက်သား မျက်စိ ပိတ်လိုက်ကြပြီး စူးစမ်းလေ့လာရာမှာ သေချာ အာရုံစိုက်ထားလိုက်တယ်။

ရန်ကိုင် သူ့လက်သီးကို ဖြေးဖြေးချင်း လွှဲရမ်းနေစဉ် သူ့ကိုယ်ကို ဝန်းရံနေတဲ့ အရှိန်အဝါကို ခံစားမိလိုက်တာနဲ့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ရဲ့ အာရုံခံစားမှုအစုံက ရန်ကိုင် ဘေးပတ်ဝန်းကျင်နဲ့ တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့တယ်။

သူတစ်ချက် လှုပ်ရှားလိုက်တိုင်း ရန်ကိုင် လှုပ်ရှားမှုထဲ ဆန်းကြယ်သည့် သဟဇာတဖြစ်မှုကို သွေးစစ်သည်တော် နှစ်ယောက် သတိပြုမိလိုက်ကြတယ်။

ရုတ်ချည်း သွေးစစ်သည်တော် နှစ်ယောက်ရဲ့ ကောင်းကင် စိတ်အာရုံက ရန်ကိုင်ရဲ့ အရှိန်အဝါနဲ့ လိုက်ဖက်ညီသွားခဲ့တယ်။

ဝုန်း….

ချက်ချင်းဆိုသလို ကောင်းကင်တစ်ခုလုံး ပြိုကျလာတဲ့ ခံစားချက်တစ်ခုကို သူတို့ ရလိုက်ကြတယ်။ ကောင်းကင်ဘုံက သူတို့ တစ်ကိုယ်လုံး ဖိချေဖို့ ကြိုးစားနေသလိုပါပဲ။

ဘုန်း…

သွေးစစ်သည်တော် နှစ်ယောက် ရပ်နေတဲ့ မြေပြင်တစ်ခုလုံး ကျွံဝင်သွားခဲ့တယ်။

သူတို့ ရပ်နေသည့် နေရာမှ ဘေးပတ်တပ်လည် မြေပြင်တစ်ခုလုံး ပင့်ကူအိမ်သဖွယ် အက်ကွဲကြောင်းတွေနဲ့ ပြည့်သွားခဲ့တယ်။

တုဖုန်းနဲ့ တန်ယုရှန်တို့ နှစ်ယောက်စလုံးရဲ့ မျက်ဝန်းအစုံ ပြိုင်တူ ပွင့်ထွက်လာခဲ့တယ်။ သူတို့ မျက်နှာ တစ်ခုလုံး ရှုံ့မဲ့သွားခဲ့ပြီး သွေးပျက်ဖွယ်ရာ ကြောက်ရွံ့မှုက သူတို့ မျက်နှာတစ်ခုလုံးကို စိုးမိုးထားခဲ့တယ်။ နှစ်ယောက်စလုံး အစစ်အမှန်ချီကို အရူးတစ်ယောက်လို လှည့်ပတ်လိုက်ကြပြီး သူတို့ပေါ် ကျဆင်းလာတဲ့ ကြောက်မက်ဖွယ်ရာ ဖိအားကို ခုခံဖို့ လုပ်လိုက်တယ်။

ဒါပေမယ့် ကောင်းကင် စိတ်အာရုံကို ပြန်ရုတ်ပြီးပြီး ချင်းမှာပဲ သူတို့ပေါ် ပိကျလာတဲ့ ဖိအားက ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားလိမ့်မယ်လို့တော့ သွေးစစ်သည်တော် နှစ်ယောက်စလုံး ထင်မှတ်မထားခဲ့ပါဘူး။

ခွန်အားအပြည့် ပေါက်ကွဲထွက်လာခဲ့ပြီးမှ ပစ်မှတ်က ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တဲ့အတွက် ထိုအစစ်အမှန်ချီက သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ပေါက်ကွဲထွက်သွားခဲ့တယ်။

ဘုန်း… ဘုန်း…

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး အမူအရာ ဖြူလျော်သွားခဲ့ပြီး တုန်တုန်ရီရီနဲ့ ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရတယ်။

နှစ်ယောက်စလုံး ပြိုင်တူ သွေးတစ်ပွက် အန်ထုတ်လိုက်ရတယ်။ ပြီးတော့မှ သူတို့ကိုယ်သူတို့ ပြန်တည်ငြိမ်သွားအောင် လုပ်နိုင်ခဲ့တယ်။

ရန်ကိုင်လည်း လေ့ကျင့်နေတာကို ရပ်တန်လိုက်ပြီး မျက်မှောင်ကြုံကာ အနှောင့်အယှတ် အသံတွေ ထွက်ပေါ်လာတဲ့ နေရာဆီ လှမ်းကြည့်လိုက်တယ်။

ခန္ဓာသန့်စင်ခြင်း မှတ်တမ်းကို သူလေ့ကျင့်နေတဲ့ အချိန် သွေးစစ်သည်တော် နှစ်ယောက်က သူတို့ရဲ့ ကောင်းကင်စိတ်အာရုံကို အသုံးပြုပြီး သူ့ကို လေ့လာနေတယ် ဆိုတာကို ရန်ကိုင် နားလည်လိုက်တယ်။ ဒါပေမယ့် မှားယွင်သွားတဲ့ ခြေတစ်လှမ်းကြောင့် အခုလို ပြင်းထန်တဲ့ အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်လို့ ရန်ကိုင် ထင်မှတ်မထားခဲ့ပါဘူး။

ခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို သူလေ့ကျင့်နေစဉ် ဘယ်သူကမှ သူတို့ရဲ့ ကောင်းကင်စိတ်အာရုံကို အသုံးပြုပြီး သူ့ရဲ့ လှုပ်ရှားမှုတွေကို မစူးစမ်းဖူးခဲ့ပါဘူး။

သူတို့ရဲ့ စပ်စုလိုစိတ်ကြောင့် သွေးစစ်သည်တော် နှစ်ယောက် ပြင်းထန်တဲ့ အကျိုးဆက်ကို ခံစားလိုက်ရတယ်။

ထို့နောက် တုဖုန်းနဲ့ တန်ယုရှန်းဆီ ခပ်မြန်မြန် လမ်းလျှောက်သွားလိုက်ပြီး မေးလိုက်တယ် “ခင်ဗျားတို့ နှစ်ယောက် အဆင်ပြေလား”

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး မျက်ဝန်းအစုံး အနည်းငယ် တုန်ခါသွားခဲ့တယ်။ သူတို့ရဲ့ ဒဏ်ရာတွေကိုတောင် စိတ်ထဲ မထားနိုင်တော့ပဲ ရန်ကိုင်အား ထူးဆန်းတဲ့ မွန်းစတား တစ်ကောင်ကို စိုက်ကြည့်နေသလိုမျိုး နှစ်ယောက်သား ငေးကြောင် ကြည့်နေလိုက်ကြတယ်။

သူတို့ ခံစားလိုက်ရတဲ့ ဖိအားက တကယ့် အစစ်အမှန်ပါ။

နှစ်ယောက်စလုံး ခံစားခဲ့ရမှတော့ ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ။

သူတို့အနေနဲ့ ခုခံနိုင်ဖို့တောင် မရေရာတဲ့ ထိုဖိအားအောက် သခင်ငယ်လေးက ဘယ်လိုလုပ်ပြီး လှုပ်ရှားနေနိုင်ခဲ့တာလဲ။

သူရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆို ရန်ကိုင်အနေဲ့ ထိုဖိအားအောက်၌ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားရမှာပါ။ ဒါပေမယ့် အဲ့အစား…

နှစ်ယောက်စလုံးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်မြင့်အဆင့် ကျင့်ကြံသူတွေ ဖြစ်ကြပေမယ့် ထိုဖိအားနဲ့ ထိတွေ့မိရုံလေးနဲ့တင် အခုလိုမျိုး ဒဏ်ရာရသွားခဲ့ရပါတယ်။

ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားခဲ့မယ် ဆိုရင် သူတို့အနေနဲ့ ကျန်တဲ့ သွေးစစ်သည်တော်တွေရဲ့ လှောင်ရယ်စရာ ဖြစ်လာမှာပါ။

နှစ်ယောက်စလုံး အလွန်အမင်း ထိတ်လန့်ပြီး ရှက်ရွံ့သွားခဲ့အတွက် အချိန်အတော်ကြာအောင် စကားမပြောနိုင် ဖြစ်နေခဲ့ရပါတယ်။

ဒါပေမယ့် နှစ်ယောက်စလုံးကတော့ သူတို့ကိုယ်သူတို့ မေးခွန်းတစ်ခုကို ထပ်ကာတလဲလဲ မေးမြန်းနေခဲ့ကြပါတယ်။ ဒီလောက် ပြင်းထန်တဲ့ ဖိအားအောက်မှာ သခင်ငယ်လေးက ဘယ်လိုလုပ်ပြီး အသက်ရှင်နေခဲ့တာလဲ။

All Chapters