အခန်း (၃၇၆-၃၈၀)
Vol. 16 Ch. 376-380
အပိုင်း (၃၇၆) ပျင်းလိုက်တာ
သွေးစစ်သည်တော် နှစ်ယောက်စလုံး ထိတ်လန့်တုန်လှုပ်မှုထဲ မျောပါနေခဲ့ကြတယ်။ ရန်ကိုင် ခေါ်တာကိုတောင် ပြန်မထူးနိုင်တော့။ သုံးကြိမ်လောက် အော်ခေါ်ပြီးတော့မှပဲ တုဖုန်း အသိပြန်ဝင်လာခဲ့ကာ ရုတ်တရက် ပြန်ပြောလိုက်တယ် “ဒဏ်ရာ သေးသေးလေးပါပဲ။ သခင်ငယ်လေး စိုးရိမ်စရာ လိုလောက်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး”
ဒါပေမယ့် သွေးအန်ပြီး သွားတာတောင် ဒဏ်ရာက သေးသေးလေးပါလို့ လာပြောနေမှတော့ ရန်ကိုင်ကကော ယုံပါ့မလား။
ဘယ်လိုလုပ်ပြီး ဒဏ်ရာ သေးသေးလေး ဖြစ်ပါ့မလဲ။ နှစ်ယောက်သားက သူတို့ရဲ့ အစစ်အမှန်ချီကို အကုန်အစင် စုစည်းလိုက်ပြီး ကြောက်မက်ဖွယ် ဖိအားကို ပြန်လည် တွန်းလှန် တိုက်ခိုက်ဖို့ လုပ်နေကြာတာပါ။ ဒါပေမယ့် ပစ်မှတ်က ပျောက်ကွယ်သွားခဲ့တဲ့အတွက် စုစည်းထားတဲ့ အစစ်အမှန်ချီတွေက သူတို့ရဲ့ ကိုယ်ထဲမှာပဲ ပေါက်ကွဲထွက်သွားခဲ့တယ်။ အကာအကွယ် လုံးဝ မဲ့နေတဲ့အချိန် သူတို့ရဲ့ အားအပြင်းဆုံး ရိုက်ချက်ကို သူတို့ဘာသာ သူတို့ ပြန်ခံလိုက်ရတာပါ။ နှစ်ယောက်စလုံး နေရာမှာတင် တစ်ခါတည်း တန်းသတိ မလစ်သွားတာတောင် တော်တော်လေး ကံကောင်းနေတယ်လို့ ပြောလို့ ရနေပါပြီ။
“ကုသရေးဆေးလုံးတွေ ခင်ဗျားတို့မှာ လုံလုံလောက်လောက်ကော ရှိရဲ့လား” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ်။
သူ့ရဲ့ သိုလှောင်နေရာလွတ်ထဲမှာ ကုသရေး ဆေးလုံးတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ထိုဆေးလုံးတွေက လင်းတိုင်ရှု သူ့အတွက် ပြင်ဆင်ပေးခဲ့တဲ့ ဆေးလုံးတွေပါ။ ဆေးလုံး အဆင့်ကလည်း အရမ်းကြီး မမြင့်လှပါဘူး။ တုဖုန်းနဲ့ တန်ယုရှန်းတို့က ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေ ဖြစ်တဲ့အတွက် သူတို့မှာ ရန်မိသားစု ဆေးပညာရှင်တွေ ဖော်စပ်ပေးထားတဲ့ ဆေးလုံးတွေ ရှိမှာပဲ။ ထိုဆေးလုံးတွေရဲ့ အဆင့်ကလည်း ရန်ကိုင်မှာ ရှိနေတဲ့ ဆေးလုံးတွေရဲ့ အဆင့်က ပိုပြီး မြင့်မားမှာလည်း အသေအချောပါပဲ။
ထိုအဆင့်နိမ့် ဆေးလုံးတွေ ပေးရလောက်တဲ့အထိ ရန်ကိုင် မရူးမိုက်ပါဘူး။
“အင်း” တန်ယုရှန်းက ခေါင်းညိတ်လိုက်တယ်။ ထို့နောက် သူတို့ အင်္ကျီအိတ်ထဲကနေ ဆေးပုလင်း တစ်ပုလင်း ထုတ်ယူလိုက်ပြီး အညိုရောင်ဆေးလုံး တစ်လုံးကို သွန်ထုတ်လိုက်တယ်။
သွေးစစ်သည်တော် နှစ်ယောက်စလုံး ရယ်ရခက်၊ ငိုရခက် ဖြစ်နေခဲ့တယ်။
ထိုအညိုရောင် ဆေးလုံးက အရေးကြုံရင် သုံးဖို့ သွေးစစ်သည်တော်တွေ အတွက် အထူး ပြင်ဆင်ပေးထားတဲ့ ကုသရေး ဆေးလုံးတစ်လုံး ဖြစ်ပါတယ်။ ထိုဆေးလုံးက ဆန်းကြယ်အဆင့်နိမ့် ကုသရေး ဆေးလုံး တစ်လုံးလည်း ဖြစ်ပါတယ်။
ထိုဆေးလုံးက အရမ်းကို အဖိုးတန်ပါတယ်။ ရန်မိသားစုက သွေးစစ်သည်တော်တွေတောင် ထိုဆေးလုံးမျိုးကို တစ်နှစ်မှ တစ်လုံးပဲ ရတာပါ။ ထို့ကြောင့် ထိုဆေးလုံးလေးကို သူတို့ အနေနဲ့ မသုံးရက်၊ မစွဲရက် ဖြစ်နေတာပါ။
ဒါပေမယ့် သူတို့ရဲ့ ဦးစားပေး တာဝန်က ရန်ကိုင်ကို လုံလုံခြုံခြုံနဲ့ ရန်မိသားစုဆီ ပြန်ခေါ်သွားနိုင်ဖို့ပါ။ သူတို့ နှစ်ယောက်သာ ဒဏ်ရာရနေခဲ့ရင် မတော်တဆ မမျှော်လင့်ထားတဲ့ အဖြစ်အပျက် တစ်ခုခု ဖြစ်ပျက်လာခဲ့ရင် အားလုံးက ကောင်းကောင်းမွန်မွန်နဲ့ အဆုံးသတ် သွားလိမ့်မှာ မဟုတ်ပါဘူး။
ထို့ကြောင့် သူတို့ တုန့်ဆိုင်းနေခဲ့ရင်တောင် သူတို့မှာ ရွေးချယ်မရှိပဲ ထိုဆေးလုံးကို သောက်ကို သောက်ရပါမယ်။ နှစ်ယောက်စလုံး ထိုဆေးလုံးကို ချက်ချင်းပဲ မျိုချလိုက်ကြတယ်။
ဘာပဲဖြစ်လာဖြစ်လာ၊ ရန်ကိုင်ရဲ့ လုံခြုံရေးက အရေးအကြီးဆုံးပါ။
နှစ်ယောက်စလုံး ကုသေရေး ဆေးလုံးကို သောက်သုံးပြီး သွားတာနဲ့ ရန်ကိုင် အမူအရာက ရုတ်ချည်း တည်ငြိမ်သွားခဲ့တယ်။ သူ့လက်ကို ခပ်မြန်မြန်လေး ဆန့်ထုတ်လိုက်ပြီး သွေးစစ်သည်တော် နှစ်ယောက်ကို ထူမပေးလိုက်တယ်။ ပြီးတာနဲ့ အနီးအနားမှာ ရှိနေတဲ့ အညစ်အကြေးတွေကို ကန်ထုတ်ပစ်လိုက်တယ်။
ထို့နောက် လူလျန်နဲ့အတူ လူမိသားစုက ပညာရှင်များစွာ ရောက်ရှိလာခဲ့တယ်။
“ခုဏက ဘာဖြစ်သွားတာလဲ” လူလျန်းက ဘေးဘီဝဲရာကို စိုးရိမ်တကြီးနဲ့ လိုက်ကြည့်လိုက်တယ်။
ရန်ကိုင် နေနေတဲ့ ခြံဝန်းဆီကနေ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့တဲ့အတွက် လူလျန်က လူမိသားစုက ပညာရှင်တွေခေါ်ပြီး ရန်ကိုင်ခြံဝန်းဆီ အလျင်စလို ပြေးထွက်လာခဲ့တာပါ။ နည်းနည်းလေးတောင် တုန့်ဆိုင်း နှောင့်နှေးမနေရဲခဲ့ပါဘူး။
ရန်ကိုင် တစ်ခုခု ဖြစ်သွားခဲ့မှာကို သူတို့တွေ စိုးရိမ်နေကြတာပါ။ ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်က လူမိသားစုဆီမှာ တည်းခိုနားနေတုန်း ဒဏ်ရာရသွားခဲ့မယ် ဆိုရင် ချူမိသားစု နောက်ခံကြီး ရှိနေတယ် ဆိုရင်တောင် လူမိသားစု အနေနဲ့ အကြာကြီး ဆက်တည်ရှိ နေနိုင်လိမ့်မှာ မဟုတ်ပါဘူး။
ရန်မိသားစုရဲ့ အထက်စီးဆန်ဆန် မောက်မာတဲ့ စရိုက်နဲ့ဆိုရင် သူတို့ လူမိသားစုတစ်ခုလုံးကို မြေလှန်ဖျက်စီး ပစ်မယ်ဆိုတာကို သံသယရှိစရာ မလိုပါဘူး။
ဒါကမ မိသားစု တစ်ခုလုံးရဲ့ သေရေး၊ ရှင်ရေးနဲ့ ပက်သက်နေတဲ့အတွက် လူလျန်လည်း မစိုးရိမ်ပဲ ဘယ်နေနိုင်ပါ့မလဲ။
မေးလိုက်ပြီးတာနဲ့ ရောက်လာတဲ့ လူအားလုံကို ရန်ကိုင်ကို လှမ်းကြည့်လိုက်ကြတယ်။ ရန်ကိုင် ဘာမှ မဖြစ်ပဲ လုံလုံခြုံခြုံနဲ့ ရှိနေတာကို တွေ့လိုက်ရတော့မှပဲ လူမိသားစုဝင်တွေ အကုန်လုံး စိတ်သက်သာရာ ရသွားခဲ့ကြတယ်။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံးလည်း အရမ်းကို အလိုက်သိကြပါတယ်။ လူမိသားစုဝင်တွေ ရောက်လာတာနဲ့ သူတို့ရဲ့ အစစ်အမှန်ချီကို လှည့်ပတ်လိုက်ပြီး ဖြူလျော်နေတဲ့ အသားအရေကို အရောင်ပြန်လာအောင် ချက်ချင်း လုပ်ဆောင်လိုက်တယ်။ ပြီးတာနဲ့ ဘာမှ မဖြစ်တဲ့ပုံစံနဲ့ မတ်တပ်ရပ်နေလိုက်တယ်။
“ဘာမှ မဖြစ်ပါဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ဒီသခင်လေးက တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကို သိုင်းပြိုင်ခိုင်းကြည့်လိုက်တာ။ ဒီလောက်အထိ ဖြစ်ပျက်သွားလိမ့်မယ်လို့ ကျုပ်လည်း မထင်ထားမိလိုက်ဘူး”
“ဘယ်လို” လူလျန် ကြက်သေသေသွားခဲ့တယ်။
ရန်ကိုင်က ဘာမှမဟုတ်တဲ့ ဟန်ပန်နဲ့ ပြုံးလိုက်ပြီး လက်ဝှေ့ရမ်းလိုက်တယ် “ကျုပ်လည်း ပျင်းနေတာနဲ့ သူတို့ နှစ်ယောက်ကို သိုင်းပြိုင်ခိုင်းလိုက်တာပါ”
ရန်ကိုင် ပြောတာကို နားထောင်ရင်း ကျန်တဲ့လူတွေ အားလုံး ထိတ်လန့်အံ့အားသင့်နေသည့် အမူအရာနဲ့ ဘေးဘီဝဲရာကို လှည့်ပတ်ကြည့်လိုက်ကြတယ်။
တွင်းပေါက်ကြီး နှစ်ပေါက်နဲ့ ပင့်ကူအိမ်လို အက်ကြောင်းတွေနဲ့ ပြည့်နေတဲ့ မြေပြင်တစ်ခုလုံးကို မြင်တွေ့သတိပြု မိလိုက်တဲ့ အခိုက် သွေးစစ်သည်တော် နှစ်ယောက်ရဲ့ ခွန်အားကြောင့် လူမိသားစုဝင်တွေ ထိတ်လန့် အံ့အားသင့်သွားခဲ့ရတယ်။
လက်ရည်လေး ဖလှယ်တာတောင် ဒီလောက်အထိ ဖြစ်နေခဲ့ရင် တကယ်တမ်း အားကုန်သုံးပြီးတော့သာ တိုက်မယ်ဆိုရင်တော့ ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်မလဲ။
လူလျန်က ကသိကအောက် အမူအရာနဲ့ “သခင်လေးရန်က အပျင်းပြေ ပြိုင်ပွဲလေး လုပ်နေတာကိုး၊ ဒီ လူ က အရမ်းသတိကြီး သွားခဲ့တာပဲ၊ ဒါဆိုရင် ကျုပ်တို့ သွားလိုက်ပါဦးမယ်”
“အင်း” ရန်ကိုင်က ပြုံးလိုက်ပြီး လူလျန် ထွက်သွားဖို့ လုပ်နေစဉ်မှာပဲ ရန်ကိုင်က လှမ်းအော်လိုက်တယ် “မိသားစုခေါင်းဆောင် ခဏနေပါဦး”
လူလျန်က မျက်မှောင်ကြုံတစ်ချက် ကြုံ့လိုက်ပြီး ပြန်လှည့်မေးလိုက်တယ် “သခင်လေးရန်က ဘာများညွှန်ကြားချင် လို့ပါပဲ”
သူ့လေသံက မနေ့ကလို လေသံမျိုး မဟုတ်တော့ပါဘူး။ သူ့လေသံထဲ လေးစားသည့် အရိပ်အယောင် နည်းနည်းမှ မပါတော့ပဲ စိတ်ပျက်သည့် အရိပ်အယောင် အချို့တောင် ပါဝင်နေပါသေးတယ်။ ကြည့်ရတာ ရန်ကိုင်ကို သောက်မြင်ကတ်လာတဲ့ ပုံပါပဲ။
ဒါပေမယ့် ရန်ကိုင်က သူ့လေသံကို ဂရုမစိုက်ပါဘူး။ သတိမပြုသည့်အလား ဆက်ပြောလိုက်တယ် “လူမိသားစုအိမ်က ပတ်ဝန်းကျင်ရှုခင်းက အရမ်းကိုသာယာတော့ ကျုပ်ဒီမှာ ရက်နည်းနည်းလောက် ထပ်ပြီး အချိန်ဖြုန်းချင်တယ်၊ လူမိသားစုကို အဆင်မပြေသလိုတော့ မဖြစ်စေဘူးမလား”
လူလျန် အနည်းငယ် အံ့အားသင့်ခဲ့ပေမယ့် ထိုအကြောင်း များများစားစား တွေးမနေခဲ့ပါဘူး. ပြုံးပြီးတော့သာ ခေါင်းညိတ်လိုက်တယ် “သခင်လေးရန်က ကျုပ်တို့ လူမိသားစုမှာ ဧည့်သည်အဖြစ် လာနေတာ ကျုပ်တို့ မိသားစုတောင် ဂုဏ်တက်သေးတယ်၊ လုံးဝ အဆင်မပြေ မဖြစ်ပါဘူး”
“အင်း၊ အရမ်းကောင်းတယ်” ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်တယ်။
ပြီးတာနဲ့ လူလျန်က လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး ကျန်တဲ့ လူမိသားစုဝင်တွေနဲ့ ခြံဝန်းထဲကနေ ထွက်သွားလိုက်တယ်။
သူတို့ ထွက်သွားပြီးနောက် ရန်ကိုင်က မီတာများစွာ ဝေးကွာတဲ့ နေရာတစ်ခုဆီ လှမ်းကြည့်လိုက်တယ်။
ထိုအဆောက်အအုံရဲ့ ဒုထိထပ်၌ ချူရီမန်က လှေကားလက်ရန်း တစ်ခုကို မှီရင်း ရန်ကိုင်ကို ပြုံးကာ လှမ်းကြည့်နေခဲ့တယ်။
အကြည့်ချင်း ဆုံးသွားတာနဲ့ ချူရီမန်က မေးလေးပင့်လိုက်ပြီး ငါသိနေပါတယ် ဆိုတဲ့ အမူအရာမျိုး လုပ်လိုက်တယ်။ အနားမှာ ရှိနေတဲ့ လော့ရှောင်မန်ကလည်း စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့လိုက်ရသည့် အလား ပြုံးနေခဲ့တယ်။
ရန်ကိုင်က ထိုနှစ်ယောက်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး သွေးစစ်သည်တော် နှစ်ယောက်ကို ဦးဆောင်ကာ အိမ်ထဲ ပြန်ဝင်သွားခဲ့တယ်။
အထဲရောက်တာနဲ့ ရန်ကိုင်က သွေးစစ်သည်တော် နှစ်ယောက်ရှေ့မှာပဲ သူ့အဝတ်အစားတွေကို လဲလိုက်တယ်။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး စိတ်ရှုပ်နေခဲ့ကြတယ်။ သူတို့ စိတ်တွေလည်း ယိုင်နဲ့နေတဲ့ အဆောက်အုံ တစ်ခုလို မတည်မငြိမ် ဖြစ်နေခဲ့ကြတယ်။
ဒါပေမယ့် သူတို့ မတ်တပ်ရပ်နေပေမယ့် ရန်ကိုင်ကတော့ စကားပြောဖို့ အလျင်လို မနေခဲံပါဘူး။
အဝတ်အစား လဲပြီးတာနဲ့ အနားမှာ ရှိနေတဲ့ ထိုင်ခုံတစ်ခုမှာ ထိုင်ချလိုက်ပြီး သွေးစစ်သည်တော် နှစ်ယောက်ကို ကြည့်လိုက်တယ်။
သွေးစစ်သည်တော် နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ပြီး ရဲတင်းတင်ကာ ရှေ့တိုးလိုက်ပြီး ဦးညွှတ်လိုက်ရင်း ပြောလိုက်တယ် “သခင်လေး၊ ဒီတစ်ယောက်က အပြစ်အတစ်ခုကို ကျူးလွန်မိတဲ့အတွက် သခင်လေး အနေနဲ့ အပြစ်ပေးပေးဖို့ တောင်းဆိုပါတယ်”
ရန်ကိုင်က ပြောင်းလဲသွားခြင်း မရှိတဲ့ အမူအရာနဲ့ ထိုနှစ်ယောက်ကို ခဏလောက် ကြာအောင် စိုက်ကြည့်လိုက်ပြီး မေးလိုက်တယ် “ဘာအဖြစ်ကျူးလွန်တာလဲ’
တုဖုန်း မျက်နှာက်ထက် အပြစ်ရှိသည့် အရိပ်အယောင် ဖြတ်ပြေးသွားခဲ့ပြီး “ကျုပ်တို့ရဲ့ မဆင်မခြင် အပြုအမူကြောင့် သခင်လေးရဲ့ ခရီးကို နှောင့်နှေးသွားစေခဲ့ပါတယ်”
ရန်ကိုင်က ဒီနေရာမျာ ရက်နည်းနည်းလောက် ထပ်နေချင်တယ်လို့ လူလျန်ကို ပြောခဲ့ပါတယ်။ တုဖုန်းနဲ့ တန်ယုရှန်းတို့ကို ဒဏ်ရာကနေ အပြည့်အဝ ပြန်လည် သက်သာလာစေချင်တဲ့ အတွက်ကြောင့်သာ ထိုကဲ့သို့ သူပြောလိုက်တာပါ။
ရန်ကိုင် ရည်ရွယ်ချက်ကို သိထားတဲ့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး သူတို့စိတ်ထဲ သခင်ငယ်လေးကို ကျေးဇူးတင်စိတ်တို့ ဖြစ်ပေါ်လာခဲ့တယ်။
ရန်မိသားစု သခင်လေးတွေထဲက အချို့က သူတို့ရဲ့ လက်အောက် ငယ်သားတွေအပေါ် ကြင်ကြင်နာနာနဲ့ ဆက်ဆံကြပါတယ်။ သူတို့ရဲ့ ဒဏ်ရာတွေက ပေါ့သေးသေး မဟုတ်သလို အရမ်းကြီးလည်း ပြင်းထန် မနေပါဘူး။ ဒါပေမယ့် အခုသာ ကောင်းကောင်း မကိုင်တွယ်ထားရင် အတွင်းဒဏ်ရာတွေအဖြစ် ကျန်ရစ်သွားနိုင်ပါတယ်။
တုဖုန်း ပြောပြီးသွားနောက် ရန်ကိုင်က တိတ်ဆိတ်နေခဲ့တယ်။
တန်ယုရှန်က ချက်ချင်းဆိုသလို ဆက်ပြောလိုက်တယ် “ကျွန်မတို့ရဲ့ အမှားကြောင့် သခင်ငယ်လေးကို လူမိသားစုက အထင်သေးမိသွားစေခဲ့ပြီ။ ကျွန်မတို့ နှစ်ယောက်စလုံးကို အပြစ်ပေးသင့်ပါတယ်”
ရန်ကိုင်အပေါ် လူလျန်ရဲ့ ဆက်ဆံပုံ မသိမသာလေး ပြောင်းလဲသွားခဲ့ပေမယ့် သွေးစစ်သည်တော် နှစ်ယောက်ကတော့ ထိုအချက်ကို မြင်ခဲ့ပါတယ်။
ရန်ကိုင်က သူပျင်းလို့ သွေးစစ်သည်တော် နှစ်ယောက်ကို လက်ရည် ဖလှယ်ခိုင်းနေခဲ့တာလို့ ပြောလိုက်တဲ့အတွက် ရန်ကိုင် အပေါ်ထားတဲ့ လူလျန်ရဲ့ သဘောထား ပြောင်းလဲသွားခဲ့ရတာပါ။
သွေးစစ်သည်တော်တွေ ဆိုတာ ဘယ်သူလဲ။ သူတို့တွေက ရန်မိသားစုကို မျိုးရိုးစဉ်ဆက် သစ္စာစောင့်သိလာတဲ့ ရန်မိသားစုရဲ့ လက်ရွေးစင် အစောင့်အကြပ်တွေပါ။ တစ်ယောက်ချင်းစီက ရန်မိသားစုအတွက် မရေမတွက်နိုင်တဲ့ အထောက်အပံ့တွေကို ပြုလုပ်ပေးခဲ့တာပါ။ သူတို့ တစ်ယောက်ချင်းစီ တိုင်းကလည်း ရန်မိသားစုရဲ့ သူ့ရဲ့ မျိုးဆက်တွေအတွက် သူတို့ရဲ့ အသက်ကို စတေးဖို့တောင် ဝန်လေးနေတဲ့ လူတွေ မဟုတ်ကြပါဘူး။
ရန်မိသားစုရဲ့ ဘယ်မျိုးဆက်ပဲ ဖြစ်ဖြစ် သွေးစစ်သည်တော်တွေက သူတို့အတွက် အသေခံရဲပါတယ်။
ရန်မိသားစု တန်ခိုးထွားလာရတာ သွေးစစ်သည်တော်တွေရဲ့ မနားမနေ အားထုတ်ကြိုးပမ်းမှုကြောင့် ဆိုလည်း မမှားပါဘူး။
သွေးစစ်သည်တော်တွေ ဆိုတာ တာဝန်နဲ့ သစ္စာတရားကို အသက်ထက် ပိုပြီး အလေးထားတဲ့ လူတွေပါ။
အပြင်လူတွေ အမြင်၌ ရန်မိသားဝင်တွေမှာ ကောင်းကွက် တစ်ကွက်တောင် မရှိပေမယ့် သွေးစစ်သည်တော်တွေ ကိုတော့ သူတို့ လေစားမိကြပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ မိသားစုဆီ ပြန်ပြီး အစစ်အမှန် အဆင့်အတန်းကိုတောင် လက်မခံရသေးတဲ့ ရန်မိသားစု သခင်လေး တစ်ယောက်က ပျင်းလို့ဆိုပြီး သွေးစစ်သည်တော် နှစ်ယောက်ကို အချင်းချင်း ပြန်တိုက်ခိုက် ခိုင်းနေခဲ့ပါတယ်။ သွေးစစ်သည်တော် တစ်ယောက်နဲ့ တစ်ယောက်က သွေးရင်း ညီအစ်ကို၊ ညီအစ်မ တွေလို အချင်းချင်း ခင်မင်ရင်းနှီးကြပါတယ်။ ဒါပေမယ့် သခင်လေး တစ်ယောက်ရဲ့ ပါးစပ်က ထွက်လာတဲ့ မဟုတ်တုတ်က အမိန့်တစ်ခုကြောင့် အချင်းချင်း ပြန်တိုက်ခိုက်ခဲ့ကြရပါတယ်။
သူတို့တွေက ပြဇာတ်က မျောက်တွေ မဟုတ်ကြပါဘူး။ ဒါကို ဒီရန်မိသားစု သခင်လေးက သူ့ပျင်းတာကို ဖြေဖြောက်ဖို့ အတွက်လေးနဲ့ သွေးစစ်သည်တော် နှစ်ယောက်ကို ဘယ်လိုတောင် မလေးမစား ပြုရဲတာလဲ။
ရန်ကိုင်ရဲ့ မောက်မာတဲ့ စရိုက်နဲ့ ဘာကိုမှ အလေးထားပြီး မပြုမူတတ်တဲ့ စရိုက်က ပေါ်လွင်သွားခဲ့ပါပြီ။
ထို့ကြောင့် လူလျန်ရဲ့ အမြင်၌ ရန်ကိုင်ရဲ့ တန်ဖိုးက ဟိုးအောက်အထိ ထိုးကျသွားခဲ့တယ်။
အစောပိုင်းတုန်းက ဖြစ်ပျက်ခဲ့တာတွေ အတွက် ရန်ကိုင်ကသာ ကြားဝင် တာဝန်မယူခဲ့ရင် အခုလိုမျိုး အထင်သေး ခံခဲ့ရမှာ မဟုတ်ပါဘူး။
ဒီသတင်းသာ အပြင်ဘက် ပေါက်ကြားသွားခဲ့ရင် ရန်ကိုင်ဆိုတာ ဘာကိုမှ ထူးထူးခြားခြား အောင်အောင်မြင်မြင် မလုပ်နိုင်တဲ့ အသုံးမဝင်တဲ့ ဆန်ကုန်မြေလေး တစ်ယောက်ဆိုပြီး သတင်းတွေ ပျံ့လာတော့မှာပါ။ အများအမြင်၌ သူ့ရဲ့ ပုံရိပ်လည်း ဟိုးအောက်ဆုံးအထိ ထိုးကျသွားမှာဖြစ်ပြီး သူ့ရဲ့ လွှမ်မိုးနိုင်စွမ်းလည်း အလွန်အမင်း လျော့ကျသွားခဲ့မှာပါ။
သူတို့ သခင်လေးကို ဒုက္ခတွင်းထဲ ဆွဲချလိုက်မိပြီမှန်း သွေးစစ်သည်တော် နှစ်ယောက် သိလိုက်ကြတယ်။ ထို့ကြောင့် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ရန်ကိုင်ရှေ့မှာ မဝံ့မရဲ ဖြစ်နေခဲ့ကြတာပါ။
“အဒါလား” ရန်ကိုင်က သွေးစစ်သည်တော် နှစ်ယောက်ကို ကြည့်လိုက်ပြီး ရယ်မောလိုက်တယ်။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့တယ်။
“ထတော့” ရန်ကိုင်က ပြုံးကာ ပြောလိုက်တယ် “သွေးစစ်သည်တော် တွေက သူတို့ရဲ့ သခင်လေးတွေကိုပဲ ဦးညွှတ် အရိုအသေ ပြုတယ် ဆိုတာ ငါသိတယ်။ ခင်ဗျားတို့က ကျုပ်ကို သခင်အဖြစ်မှ မသတ်မှတ် ရသေးတာ၊ အခုလိုမျိုး လုပ်ဖို့ မလိုပါဘူး”
ရန်ကိုင်က သွယ်ဝိုက်မနေပဲ တည့်တိုးကြီး ပြောချလာတဲ့ အခါမှာတော့ သွေးစစ်သည်တော် နှစ်ယောက်လည်း ရှက်သွားခဲ့တယ်။
ရန်ကိုင်က တည့်တိုး ဆန်ပါတယ်။ ဒါပေမယ့် ထိုစကားလုံးတွေက သူတို့ရဲ့ အတွင်းစိတ်ကို ရောင်ပြန်ဟပ်နေခဲ့တယ်။ လွန်ခဲ့တဲ့ ရက်အတောအတွင်း ရန်ကိုင်က သူတို့ကို တစ်ကြိမ်ပြီး တစ်ကြိမ် အံ့အားမသင့်ပဲ မနေိုင်အောင် လုပ်ပြခဲ့ပါတယ်။ သူ့ကိုတောင် ကျေးဇူးတင်သလို ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သခင်အဖြစ် သတ်မှတ်ဖို့ကတော့ လိုပါသေးတယ်။
“တစ်နေ့ ခင်ဗျားတို့ ကျုပ်နောက်ကို လိုလိုလားလားနဲ့ လိုက်ချင်စိတ် ရှိလာခဲ့ရင် အခုလို လုပ်ဖို့လည်း နောက်မကျသေးပါဘူး” ရန်ကိုင်က ယုံကြည့်အပြည့်နဲ့ ပြောလိုက်တယ်။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး မတ်တပ်ရပ်လိုက်ကြတယ်။
တုဖုန်းက လည်ချောင်း ရှင်းလိုက်ပြီး ခဏလောက် တုန့်ဆိုင်းနေပြီးနောက် မေးလိုက်တယ် “ဒါပေမယ့် သခင်ငယ်လေးအပေါ် လူမိသားစုရဲ့ အထင်အမြင်တွေ ပြောင်းလဲသွားပြီ…”
“အစကတည်းက ငါပြောပြီးသားလေ၊ ငါ့မှာ သူတို့ကို ဆွဲဆောင်စည်းရုံးဖို့ ဆန္ဒမရှိဘူးလို့၊ ငါ့ကို အကောင်းထင်ထင်၊ အဆိုးထင်ထင် အဲ့ဒါ သူတို့ရဲ့ ကိစ္စ၊ ငါ့ကို သောက်မြင်ကတ် နေရင်တောင် ငါ့အသား ပဲ့ပါသွားတာမှ မဟုတ်တာ။ ငါကဘာလို့ ဂရုစိုက်နေရမှာလဲ” ရန်ကိုင်က အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်ပြီး “ဒါပေမယ့် ခင်ဗျားတို့ နှစ်ယောက်အနေနဲ့ ကျုပ်ကို ဆက်ပြီး ထောက်လှမ်းတာတို့၊ စူးစမ်း စစ်ဆေးတာတို့ မလုပ်သင့်တော့ဘူး”
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံးရဲ့ မျက်နှာ မဲ့ရွဲ့သွားခဲ့တယ်။ ကြောက်မက်ဖွယ် ကောင်းတဲ့ ဖိအားကြီးကို ပြန်သတိရလိုက်တဲ့ အချိန်မှာတော့ နှစ်ယောက်စလုံး ထိတ့်လန့်ကြောက်ရွံ့ သွားခဲ့ကြတယ်။
သူ့ကို တစ်ယောက်ယောက်က စောင့်ကြည့်၊ စုံးစမ်းတာကို ရန်ကိုင် မကြိုက်မှန်း သိတဲ့အတွက် သွေးစစ်သည်တော် နှစ်ယောက်လည်း ခေါင်းညိတ်လိုက်ကြတယ်။
သူတို့ နှစ်ယောက်သာ ထိုဖိအားနဲ့ ထပ်မံကြုံတွေ့ခဲ့ရမယ် ဆိုရင် ဒီတစ်ကြိမ်မှာတော့ မြေကြီးပေါ် ပြားကပ်တဲ့အဖိ ဖိချခံရမှာပါ။ ဒါပေမယ့် ထိုဖိအားကို ရန်ကိုင် ဘယ်လို ခုခံနေလဲ ဆိုတာကို သူတို့ တကယ်ပဲ သိချင်နေမိပါတယ်။
“ခင်ဗျားတို့ ဒဏ်ရာကို အပြည့်အဝ ပြန်ကောင်းတဲ့အထိ ကုသဖို့ ရက်နည်းနည်းလောက် အချိန်ရလိမ့်မယ်။ ပြီးတာနဲ့ ဗဟိုမြို့တော်ဆီ တန်းထွက်မယ်”
“အင်း” တန်ယုရှန်က သက်ပြင်းလေး ချလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။
အစောပိုင်းက အဖြစ်အပျက်ကြောင့် လူလျန်က ရန်ကိုင်ကို ဆက်ပြီး ဂရုမစိုက်တော့ပါဘူး။ ထိုရန်မိသားစု သခင်လေးနဲ့ အကျိုးတူ မပူးပေါင်းသင့်ဘူးလို့လည်း လူမိသားစု အကြီးအကဲတွေ အကုန်လုံး ဆုံးဖြတ်ချက် ချလိုက်တယ်။
သူတို့ကို သူတို့ ဥာဏ်ပညာ ကြီးမားသယောင်ယောင်၊ တစ်ကမ္ဘာ ယောင်ယောင် ထင်နေခဲ့ကြကာ ရန်ကိုင်ရဲ့ လှည့်ကွက်တဲ့ မျက်မမြင်တစ်ယောက်လို တိုးဝင်မိသွားခဲ့တယ် ဆိုတာကိုတော့ ဘယ်လူမိသားစုဝင်မှ မသိခဲ့ကြပါဘူး။
စူးစူးရှရှ တစ်ချက် အော်မြည်လိုက်ပြီး ရွှေရောင်ငွေသွေး သိမ်းငှက်က ကောင်းကင်ထက်ကနေ ရန်ကိုင် ပုခုံးထက် ဆင်းသက်လာခဲ့ပြီး နှုတ်သီးနဲ့ ရန်ကိုင် ဆံပင်ကို ဖြီးသပ်ပေးလိုက်တယ်။
ရန်ကိုင်နဲ့ ရှိနေစဉ် ရွှေရောင်ငွေသွေး သိမ်းငှက်ရဲ့ ဘဝက လုံးဝကို သာယာနေခဲ့ပါတယ်။ လူမိသားစုဆီ မရောက်လာခင်က ထိုကောင်က သူကိုယ်တိုင် အစာရှာထွက်ရပါတယ်။
သူတို့တွေက လူမိသားစုရဲ့ ဧည့်သည်တွေ ဖြစ်တဲ့အတွက် ထိုငှက်ရဲ့ဘဝက လုံးဝကို သာယာနေခဲ့ပါတယ်။ အစားအစာတွေ ဆိုရင်လည်း လိုသလောက် ရနေတဲ့အတွက် သိမ်းငှက်အနေနဲ့ သူကိုယ်တိုင် အမဲလိုက်နေစရာ မလိုတော့ပါဘူး။ ဒါပေမယ့် ထိုငှက်စုတ်လေးက အရမ်းကို ချေးများပါတယ်။ သူက အရှင်လတ်လတ် သားကောင်ကိုသာ စားသုံးပြီး သူစားသောက်ပြီးတိုင်း သွေကွက်တွေ၊ အစားစတွေက နေရာအနှံ့ ပြန့်ကြဲနေလို့ပါ။
ရန်ကိုင်က ရွှေရောင်ငွေသွေးသိမ်းငှက်ကို တစ်ချက် ကြည့်လိုက်ပြီး အခြားသူတွေ မသိအောင် ဆေးပေါင်းအရည်တစ်စက်ကို ထုတ်ကျွေးလိုက်တယ်။
လွန်ခဲ့တဲ့ ရက်တွေတုန်းက ရန်ကိုင်က ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို တစ်နေ့ ဆေးပေါင်းရည်တစ်စက် တိုက်ကျွေးနေခဲ့တာပါ။ ရက်တွေ ကြာလာတဲ့ အခါမှာတော့ ရွှေရောင်ငှက်မွှေး သိမ်းငှက်က သူ့အစာကို သူ့ဘာသာ လာတောင်းတတ်နေပါပြီ။
ရန်ကိုင်လည်း ဆေးပေါင်းရည်ကို မတိုက်ကျွေးပဲ မနေခဲ့ပါဘူး။ သူ့မှာ ထိုရွှေရောင်ငှက်မွှေးသိမ်းငှက်နဲ့ ပက်သက်ပြီး ရည်ရွယ်ထားတာတွေ ရှိပါသေးတယ်။
ဆေးပေါင်းရည် တစ်နေ့တစ်စက် ပုံမှန်တိုက်ကျွေးလို့ ထိုရွှေရောင်ငွေသွေးသိမ်းငှက်က အဆင့်၆သားရဲ တစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်မလားဆိုတာကို သူသိချင်နေတာပါ။
Martial Peak
အပိုင်း(၃၇၇) ငါ့သိမ်းငှက်ရဲ့ အစာကို မနှောင့်ယှတ်နဲ့
ရန်မိသားစု သမိုင်းတစ်လျှောက် ရွှေရောင်ငွေသွေး သိမ်းငှက်တစ်ကောင်သာ အဆင့်၆သားရဲ တစ်ကောင်အဖြစ်သို့ ရောက်ရှိနိုင်ခဲ့ပါတယ်။ ထိုသိမ်းငှက်က အခုဆို ရွှေရောင်ငွေသွေး သိမ်းငှက်အားလုံးရဲ့ ခေါင်းဆောင်ဖြစ်နေခဲ့ပါပြီ။
ထိုသိမ်းငှက် အဆင့်၆သားရဲ တစ်ကောင် ဖြစ်လာဖို့အတွက် ရန်မိသားစုက ငွေကြေး၊ အရင်းအမြစ်များစွာ သုံးစွဲခဲ့ရပါတယ်။ အဲ့လောက် သုံးစွဲပြီးမှ ထိုသိမ်းငှက်က အဆင့်၆သားရဲ တစ်ကောင်အဖြစ်သို့ ကံကောင်းပြီး ရောက်ရှိခဲ့တာပါ။
ထိုသိမ်းငှက်ပြီးနောက် မည်သည့် သိမ်းငှက်မှ အဆင့်၆သားရဲ အဆင့်သို့ မရောက်ရှိခဲ့တော့ပါဘူး။ ရွှေရောင်ငွေသွေးသိမ်းငှက် တစ်ကောင်ကို အဆင့်၆ သားရဲတစ်ကောင် အဖြစ် ပြုစုပျိုးထောင်ဖို့ ဆိုရင် အရမ်းအားစိုက်ထုတ်ဖို့ လိုအပ်သလို အရင်းအမြစ် များစွာလည်း လိုအပ်ပါတယ်။ ထို့ကြောင့် နောက်ပိုင်းမှာတော့ ရန်မိသားစုက ရွှေရောင်ငွေသွေးသိမ်းငှက်ကို အဆင့်၆သားရဲ အဖြစ်သို့ရောက်အောင် ပျိုးထောင်တဲ့ လုပ်ငန်းစဉ်ကို ရပ်တန့်ပစ်လိုက်တယ်။
တကမ်းတမ်း ပြောရမယ်ဆိုရင် ရန်မိသားစုရဲ့ ခွန်အားက ရွှေရောင်ငွေသွေးသိမ်းငှက်တွေ အပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး။ သူတို့ရဲ့ အဓိကတာဝန်က ပြန့်ကျဲနေတဲ့ ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေကို ရှာဖွေဖို့ပါပဲ။
အဆင့်၅သားရဲဖြစ်ဖြစ်၊ အဆင့်၆သားရဲဖြစ်ဖြစ်၊ နှစ်မျိုးစလုံး ရန်မိသားစုရဲ့ ခွန်အားကို အရမ်းကြီး ထူးခြားလာအောင် မလုပ်ဆောင်နိုင်ပါဘူး။
ဒါပေမယ့် ရန်ကိုင်အတွက်တော့ ထိုခြားနားမှုက အရမ်းကို သိသာကြီးမား လွန်းလှပါတယ်။
လက်ရှိ ရွှေရောင်ငွေသွေးသိမ်းငှက်သာ အဆင့်၆သားရဲ အဖြစ် ပြောင်းလဲနိုင်ခဲ့မယ် ဆိုရင် သူ့ကို ပိုပြီး အကူအညီ ပေးနိုင်မှာပါ။ အဆင့်၆သားရဲ အဖြစ် ပြောင်းလဲနိုင်မယ် ဆိုရင် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူကိုတောင် ပြန်လည်ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပါသေးတယ်။
သွေးစစ်သည်တော် နှစ်ယောက်မှလွဲ၍ အခုအချိန်၌ ရန်ကိုင် စုဆောင်းနိုင်သည့် အင်အားစုဆိုလို့ ရွှေရောင်ငွေသွေး သိမ်းငှက်ပဲ ရှိပါတယ်။
လာမည့် အမွေခံတိုက်ပွဲ၌ အသေးငယ်ဆုံးသော ခွန်အား ကွဲပြားချက်ကတောင် အနိုင်နဲ့ အရှုံးကို အဆုံးအဖြတ် ပေးသွားနိုင်ပါတယ်။
ရန်ကိုင် ကိုယ်တိုင်လေး ဆေးပေါင်းအရည်ကို တစ်နေ့တစ်စက် ပုံမှန်သောက်သုံး ပေးပါတယ်။ ဆေးပေါင်းရည်ကို ရေရှည် သောက်သုံးပေးတာက လူတစ်ယောက်ကို ပြန်လည် မွေးဖွားစေသလို ဖြစ်သွားစေနိုင်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ကာ သူတို့ရဲ့ အရည်အချင်းကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ ထို့ကြောင့် ဆေးပေါင်းရည်က ရွှေရောင်ငွေသွေးသိမ်းငှက်ကိုလည်း ကျိန်းသေကူညီ ပေးနိုင်ပါလိမ့်မယ်။
ထိုပုံစံအတိုင်း ရက်ပေါင်းများစွာ ကုန်ဆုံးလာပြီးနောက် ရွှေရောင်ငှက်မွှေး သိမ်းငှက်က ရန်ကိုင်ကို အပြည့်အဝ နာခံလာခဲ့တယ်။ ဒါက သားရဲ တံဆိပ်တော်ကြောင့် မဟုတ်ပါဘူး။ အဲ့အစား သူ့ရဲ့ အသိစိတ်နဲ့ မှတ်ဥာဏ်က တော်တော်လေး မြင့်မားတာကြောင့်ပဲ ဖြစ်ပါတယ်။ (အရင်တုန်းက သားရဲတံဆိပ်တော် မသုံးခဲ့ဘူးလို့ ပြောထားပေမယ့် အခုတော့ သုံးထားပါတယ်တဲ့)
ရန်ကိုင်က သူ့လက်ညိုးကို ဆန့်ထုတ်လိုက်ပြီး ရွှေရောင်ငွေသွေးသိမ်းငှက်ကို လှမ်းတို့လိုက်တယ်။
ရွှေရောင်ငွေသွေးသိမ်းငှက်ရဲ့ ဝိဥာဉ်ထဲက တစ်ခုခု ကျိုးပျက်သွားသည့် အလား သိမ်းငှက်က စူးရှစွာ အော်ဟစ် မြည်ကြွေးလိုက်တယ်။
ရန်ကိုင်က ရွှေရောင်ငွေသွေး သိမ်းငှက်ထဲမှာ ရှိနေတဲ့ သားရဲတံဆိပ်တော်ကို ဖျက်စီးလိုက်တာပါ။
သားရဲတံဆိပ်တော် မရှိတော့တာနဲ့ ရွှေရောင်ငွေသွေး သိမ်းငှက်က ရန်ကိုင်ကို အံ့အားသင့်စွာနဲ့ စူးစိုက်ကြည့်နေလိုက်တယ်။ သူ့အကြည့်ထဲ စိတ်ရှုပ်နေသည့် အရိပ်အယောင်တို့ကို အထင်းသား မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် ရန်ကိုင် ပုခုံးထက်ကနေ ပျံထွက်မသွားခဲ့ပဲ သူ့ဆံပင်ကိုသာ နှုတ်သီးလေးနဲ့ ဆက်ဖြီးပေးနေလိုက်တယ်။
“ဟဟ” ရန်ကိုင်က ယဲ့ယဲ့လေး ရယ်မောလိုက်တယ်။
သားရဲတံဆိပ်တော်ရဲ့ အကူအညီ မပါပဲနဲ့ ထိုရွှေရောင်ငှက်မွှေးသိမ်းငှက်ကို နားခံအောင်လုပ်ဖို့ ရန်ကိုင်အတွက် အချိန်လုံလောက်ခဲ့ပါတယ်။
ထိုရွှေရောင်ငွေသွေးသိမ်းငှက်က ထိန်းချုပ်ရ လွယ်ပါတယ်။ သူ့ကို ဆေးပေါင်းရည် တစ်နေ့တစ်စက် တိုက်ကျွေးပြီးနောက် ဆယ်ရက်လောက် ကြာတဲ့အချိန်မှာတော့ ထိုကြောင်က ရန်ကိုင် အမိန့်ကို နာခံလာခဲ့ပါပြီ။ ထိုဆန်းကြယ်တဲ့ အရည်စက်လေးကို ရဖို့အတွက် ရန်ကိုင်အမိန့်ကို ဆက်ပြီး နာခံဖို့ လိုတယ်လေ။
“ကောင်းတယ်၊ စားဖို့အချိန်ပဲ” ရန်ကိုင် မျက်နှာထက် ထူးဆန်းသည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တယ်။ အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်ပြီးနောက် သူ့မျက်ဝန်းအစုံက တစ်ချက် လက်သွားခဲ့တယ်။ ထို့နောက် သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို လွှတ်ပေးလိုက်တယ်။
ရွှေရောင်ငှက်မွှေးသိမ်းငှက်က တောင်ပံတွေကို ဖြန့်ကားလိုက်ပြီး လူမိသားစုက ပြင်ဆင်ပေးထားတဲ့ အနားက လှောင်အိမ်တစ်ခု အတွင်း၌ ရှိနေသည့် ဖြူကောင်တစ်ကောင်ကို သုတ်ချီလိုက်ပြီး ကောင်းကင်ပေါ် ပျံတက်သွားလိုက်တယ်။
ထိုဖြူရောင်ရဲ့ အရွယ်အစားက မသေးပါဘူး။ ထို့ကြောင် ရွှေရောင်ငှက်မွှေး သိမ်းငှက်အတွက် ကုတ်ချီထားရ ခက်နေခဲ့ပါတယ်။ ပျံသန်းနေရင်းနဲ့ ဖြူရောင်က သိမ်းငှက်ခြေသည်း အစုံကနေ လျှောထွက်သွားခဲ့ကာ မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့တယ်။
ထို့နောက် ဘုန်း ဆိုတဲ့ မြည်သံတစ်သံ ထွက်ပေါ်လာခဲ့တယ်။ သေးတွေ နေရာအနှံ့ လွင့်စင်ထွက်သွားခဲ့ပြီး ရွှေရောင်ငှက်မွှေး သိမ်းငှက်က ကောင်းကင်ထက် ဝဲနေခဲ့တယ်။
ရန်ကိုင်လည်း ထိုင်နေရာကနေ ထလိုက်ပြီး သူ့အသွင်အပြင်ကို ပြင်ဆင်လိုက်တယ်။ ထို့နောက် သူ့ခြံဝန်းထဲကနေ ခြေလှမ်းကျဲကျဲ လှမ်းရင်း ဖြူကောင် ပြုတ်ကျသွားတဲ့ နေရာဆီ သွားလိုက်တယ်။
လူမိသားစုရဲ့ အဓိကခန်းမ…
လူလျန်က လူမိသားစုရဲ့ အကြီးအကဲတွေနဲ့ ကိစ္စအချို့အကြောင်း ဆွေးနွေးနေတုန်း အစေခံတစ်ယောက်က ခန်းမထဲ ပြေးဝင်လာခဲ့တယ်။ လူလျန်က ထိုအစေခံကို ကြည့်ကာ မေးလိုက်တယ် “ဘာဖြစ်လာတာလဲ”
အစေခံက ခပ်မြန်မြန်ပဲ ဒူးထောက်ချလိုက်ပြီး ကြောက်ကြောက်ရွံ့ရွံ့နဲ့ ပြန်ဖြေလိုက်တယ် “မိသားစုခေါင်းဆောင်၊ အခြေအနေ မကောင်းတော့ဘူး။ အကြီးအကဲချုပ်ရဲ့ အိမ် သွေးတွေနဲ့ စွန်းထင်းကုန်ပြီ”
“ဘာ” လူလျန် ထိတ်လန့်သွားခဲ့ပြီး ထိုင်ရာကနေ ချက်ချင်း ထရပ်လိုက်တယ်။ ကျန်ရှိနေတဲ့ အကြီးအကဲတွေ အကုန်လုံးလည်း ထိတ်လန့်တကြား ထရပ်လိုက်ကြတယ်။
ဆိုးရွားတာ တစ်ခုခု ဖြစ်သွားခဲ့တဲ့ ပုံပါပဲ။
“ဘာဖြစ်ခဲ့တာလဲ” လူလျန်က ထိုင်ရာကနေ ပြေးထွက်သွားလိုက်ပြီး အစေခံကို ဆွဲမလိုက်ကာ စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။
သူ့ကိုမြင်လိုက်တဲ့ လူတိုင်း သူဘယ်လောက်တောင် စိုးရိမ်နေလဲ ဆိုတာကို အလွယ်တကူ သိနိုင်ပါတယ်။
အကြီးအကဲချုပ်… လူစီ
သူက လူမိသားစုရဲ့ တစ်ဦးတည်းသော အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ဦးပါ။ ဒီကျင့်ကြံခြင်း ကမ္ဘာရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေတဲ့ လူတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူ့ကြောင့်ပဲ လူမိသားစုက ပထမအဆင့် အင်အားစု တစ်ခု ဖြစ်လာနိုင်ခဲ့တာပါ။
လူမိသားစုရဲ့ အတက်၊ အကျက လူစီပေါ်မှာ လုံးလုံးမူတည် နေတယ်လို့ ပြောရင်တောင် မှားလိမ့်မှာ မဟုတ်ပါဘူး။
သာမန် အခြေအနေတွေမှာ ဆိုရင် လူစီက လူမိသားစုကနေ ထွက်သွားလေ့ မရှိပါဘူး။ သူ့ခြံဝန်းထဲမှာပဲ ထိုင်ပြီး သိုင်းတာအိုကို နားလည်ဆင်ခြင် နေလေ့ ရှိပါတယ်။
ပြီးတော့ လွန်ခဲ့တဲ့ နှစ်အတွင်းတုန်းက လူစီ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်သွားတုန်းက မတော်တဆ ဖြစ်ရပ်တစ်ခု ဖြစ်ဟွားခဲ့ပါတယ်။ ထိုမတော်တဆ ဖြစ်ရပ်ကြောင့်ပဲ သူ့အနေနဲ့ လူမိသားစုကနေ အချိန်အတော်ကြာအောင် မထွက်ခွါနိုင်ခဲ့ပါဘူး။ သူနေတဲ့ ခြံဝန်းက လူမိသားစုရဲ့ တားမြစ်နေရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။ လူမိသားစုရဲ့ မိသားစုခေါင်းဆောင်တောင် မိသားစုရဲ့ သေရေး၊ ရှင်ရေးနဲ့ မပက်သက်သရွေ့ အကြီးအကဲချုပ် ကျင့်ကြံနေတာကို သွားမနှောင်ယှတ် ရဲပါဘူး။
ဒါပေမယ့် အခုတော့ လူမိသားစုရဲ ခြံဝန်းက သွေးတွေနဲ့ စွန်းထင်သွားခဲ့ပြီတဲ့။
လူမိသားစုဝင်တွေ မစိုးရိမ်ပဲ ဘယ်နေပါ့မလဲ။
ထိုအစေခံက အဖြစ်အပျက်အားလုံးကို သေသေချာချာ မရှင်းပြခဲ့တာလည်း တော်တော်လေး ထူးဆန်းပါတယ်။ သွေးစွန်းတယ် ဆိုတဲ့ စကားကို ကြားလိုက်တာနဲ့ လူစီ ကျင့်ကြံနေရင်း မတော်တဆ ဖြစ်သွားခဲ့တဲ့အတွက် သူ့ရဲ့ ဒဏ်ရာဟောင်း ပြန်ထလာခဲ့ပြီး ခြံဝန်းတစ်ခုလုံး သွေးတွေနဲ့ စွန်းထင်းသွားခဲ့တာလို့ အကြီးအကဲတွေအားလုံး တွေးမိလိုက်တယ်။
ဒါပေမယ့် အစေခံစီက အကြောင်းအရင်း အပြည့်အစုံကို ကြားပြီးတော့မှပဲ လူလျန်နဲ့ ကျန်တဲ့လူတွေ အကုန်လုံး စိတ်သက်သာရာ ရသွားခဲ့တယ်။
ထို့နောက် အစကတည်းက ရှင်းရှင်းလင်းလင်း မပြောခဲ့တဲ့အတွက် လူလျန် ဒေါသထွက်သွားခဲ့ပြီး အစေခံကို စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆဲလိုက်တယ်။
လတ်စသတ်တော့… ဖြူကောင်တစ်ကောင်က အကြီးအကဲချုပ် ခြံဝန်းထဲ ပြုတ်ကျသွားပြီး အခုလိုမျိုး သွေးတွေ စွန်းပေသွားခဲ့တာကိုး။ ဒါက သာမန် ဘာမဟုတ်တဲ့ ကိစ္စလေး တစ်ခုပါပဲ။ ဒါပေမယ့် အကြီးအကဲရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှတ် သွားမိမယ် ဆိုရင်တော့် ပေါ့သေးသေး ကိစ္စတစ်ခု မဟုတ်တော့ပါဘူး။
အစေခံ ပြောတဲ့ ပုံအရတော့ ရွှေရောင်ငှက်မွှေးသိမ်းငှက် သားကောင်ကို ကုတ်ချီထားရင်းကနေ လွတ်ကျသွားခဲ့ပြီး အကြီးအကဲချုပ်ရဲ့ ခြံတန်းထဲ ဖြူကောင် ပြုတ်ကျသွားခဲ့တာပါ။ အကျိုးဆက် အနေနဲ့ အကြီးအကဲချုပ်ရဲ့ ခြံဝန်းတစ်ခုလုံး သွေးတွေနဲ့ စွန်းပေသွားခဲ့ပါတယ်။
အစေခံက အထဲဝင်သွားပြီး လူစီကို သွားပြောရမှာ ကြောက်နေတဲ့ အတွက် လူလျန်ကိုပဲ လာပြောလိုက်တာပါ။
“အင်း၊ ဒီကိစ္စက မင်းနဲ့ မသက်ဆိုင်တော့ဘူး” လူလျန်က အစေခံကို လွှတ်ပေးလိုက်ပြီး သုန်မှုန်စွာနဲ့ ပြောလိုက်တယ်။ ပြီးတာနဲ့ အဓိကခန်းမ ထဲကနေ အကြီးအကဲချုပ် ခြံဝန်းဆီ တစ်ဟုန်ထိုး ပြေးထွက်သွားလိုက်တယ်။ သူ့မျက်နှာ တစ်ခုလုံးက ပြိုတော့မယ့် မိုးလို သုန်မှုန်နေခဲ့တယ်။
ကျန်တဲ့ လူမိသားစုဝင်တွေလည်း မျက်နှာ အမူအရာ မကောင်းကြပါဘူး။
ဘေးဘီဝဲရာကို တစ်ချက် ကြည့်လိုက်ပြီး ရန်ကိုင်နဲ့ သွေးစစ်သည်တော် နှစ်ယောက် မရှိမှန်း သိလိုက်ရပြီးနောက် စတင်ပြီး အပြစ်တင် ပြောဆိုကြပါတော့တယ် “ခေါင်းဆောင်၊ အဲ့ရန်မိသားစု သခင်လေးက အရမ်းလွန်သွားပြီ။ သူ့ရဲ့ သိမ်းငှက်သားရဲကတောင် အကြီးအကဲချုပ်ကို စော်ကားရန်စ ရဲတယ်”
“ဟုတ်တယ်၊ သူ့ကို မိသားစုကနေ ချက်ချင်း ထွက်သွားခိုင်းသင့်တယ်”
“ဒါပေမယ့်… သူ့ကို သခင်မလေးချူ ခေါ်လာခဲ့တာလေ။ သူ ထွက်သွားဖို့ ငြင်းဆန်နေမယ်ဆိုရင် ငါတို့က သူ့ကို အတင်းတွန်းအားပေးလို့ ရတာမှ မဟုတ်တာ”
“ဒီလို အသုံးမဝင်တဲ့ ကောင်စုတ်မျိုး၊ သခင်မလေးက သူတို့ အမှိုက်တစ်စနဲ့ ဘာလို့ အဆက်အသွယ် လုပ်နေတာလဲ ငါနားကို မလည်နိုင်ဘူး”
ရန်ကိုင် အကြောင်းပြောနေရင်း အကြီးအကဲတွေ အကုန်လုံး ဖြေးဖြေးချင်း ခေါင်းယမ်းလိုက်တယ်။ ထိုရန်သခင်လေးက ဘာအရည်အချင်းမှ မရှိတဲ့အတွက် အမွေခံတိုက်ပွဲ၌ ထိပ်ဆုံးက ထွက်ရမယ့်လူလို့ အကြီးအကဲတွေ အားလုံးက ထင်မှတ်နေကြတာပါ။
“အားလုံး ပါးစပ်ပိတ်ထားစမ်း” လူလျန်က ဒေါသတကြီး အော်ဟစ်လိုက်တယ်။
သူကိုယ်တိုင်လည်း ရန်ကိုင်ကို အကောင်းမမြင်ပေမယ့် ရန်ကိုင်ဆိုတာ လူမိသားစု ဝေဖန်အပြစ်တင်နိုင်တဲ့ လူတစ်ယောက် မဟုတ်သေးပါဘူး။ သူ ဒါမှမဟုတ် သွေးစစ်သည်တော် တစ်ယောက်သာ အကြီးအကဲတွေ ပြောနေတာကိုသာ ကြားသွားခဲ့ရင် အကြီးအကျယ် ဂယက်ရိုက်သွားနိုင်ပါတယ်။
လူလျန် အော်တာ ခံလိုက်ရတာနဲ့ အကြီးအကဲတွေအားလုံး ပါစပ်ကို တင်းတင်းစေ့ ထားလိုက်ကြပါတယ်။
မကြာခင်မှာပဲ လူလျန်ခေါင်းဆောင်တဲ့ အဖွဲ့က အတိတ်ဆိတ်ဆုံးနဲ့ ချောင်အကျဆုံး နေရာတစ်ခုသို့ ရောက်ရှိလာခဲ့တယ်။
တဖြည်းဖြည်း တိုးကပ်လာနေရင်း တစ်ခုခု မှားယွင်းနေတာကို အားလုံး သတိပြုမိလိုက်ကြတယ်။
ဘာလို့လဲဆိုတော့ ခြံဝန်းတံခါး ပွင့်နေလို့ပါပဲ။ လူစီနေတဲ့ စံအိမ်ရဲ့ ခြံဝန်းတံခါးက အမြဲတမ်းပိတ်ထားတာပါ။ ဘယ်သူမှလည်း ဖွင့်မဝင်ရဲပါဘူး။
ဒါပေမယ့် ခြံဝန်းအရှေ့တံခါးက ပွင့်လို့ နေခပါတယ်။ ဒါက ဘာကို ဆိုလိုတာလဲ။
လူလျန်က အသက်အောင့် ထားလိုက်ပြီး ခြံဝန်းထဲကို ချောင်းကြည့်လိုက်တယ်။ ဒါပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လူလျန် သတိလစ်လုမတတ် ဒေါသထွက်သွားခဲ့ရတယ်။
သစ်ရွက်တစ်ရွက်တောင် မရှိတဲ့ ခြံဝန်းတစ်ခုလုံး အသားစ၊ သွေးတွေနဲ့ ညစ်ပတ်ပေရေနေခဲ့တယ်။
သေချာသာ အာရုံစိုက်ကြည့်မယ်ဆိုရင် ဖြူကောင်ရဲ့ ကိုယ်အစိတ်အပိုင်း အကြွင်းအကျန် တွေကိုတောင် တွေ့နိုင်ပါတယ်။ အမြင့်ကြီးကနေ ပြုတ်ကျလာတဲ့အတွက် မြေကြီးနဲ့ ပြုတ်ကျတာနဲ့ ပြင်းထန်တဲ့ အားကြောင့် တစ်ခါတည်း ပေါက်ကွဲထွက်သွားခဲ့ပြီး အသားစတွေ၊ သွေးတွေ ခြံဝန်းတစ်ခုလုံး စွန်းထင်းညစ်ပတ် သွားခဲ့ရတာပါ။
ခြံဝန်းထဲမှာတော့ ရန်မိသားစုရဲ့ ရွှေရောင်ငှက်မွှေး သိမ်းငှက်က ပြန့်ကျဲနေတဲ့ အသာားစတွေကို ပျော်ပျော်ပါးပါးနဲ့ စားသောက်နေခဲ့ပါတယ်။
ရန်မိသားစုရဲ့ သခင်လေးကတော့ တောသား တစ်ယောက်ပုံစံနဲ့ အနားကနေ ဆောင့်ကြောင့်ထိုင်ရင်း မေးလေးထောက်ကာ ရွှေရောင်ငှက်မွှေး သိမ်းငှက် အစာစားနေတာကို အငြိမ့်သား ထိုင်ကြည့်နေခဲ့တယ်။
သူ့မျက်နှာတစ်ခုလုံးကလည်း ကျေနပ်နေသည့် အရိပ်အယောင်တို့နဲ့ ပြည့်လျမ်းနေခဲ့ပါတယ်။
လူလျန်မျက်ဝန်းအစုံ အပြင်ကို ပြုတ်ထွက်မတွက် ပြူးကျယ်သွားခဲ့ပြီး သူ့ဒေါသကို မနည်း ပြန်ချုပ်တည်း ထားလိုက်ရတယ်။
အကြီးအကဲချုပ်ကို လူမိသားစုရဲ့ သူတို့မိဘတွေနဲ့ တစ်တန်းတည်းထားပြီး လေးစားကြတာပါ။ ထိုတားမြစ် နေရာထဲ ဘယ်သူမှ ခြေတစ်လှမ်း မလှမ်းရဲကြပါဘူး။ ဒါပေမယ့် အခုတော့ သူတို့ရဲ့ မိသားစုဝင် မဟုတ်တဲ့ ရန်ကိုင်က တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ထားတဲ့ အကြီးအကဲချုပ်ရဲ့ ခြံဝန်းထဲကို ဘယ်သူ့ကိုမှ မမေးပဲ ဝင်သွားခဲ့ပါတယ်။ ခြံဝန်းထဲကို သူ့အိမ်သူ့ယာလို ဝင်ရောက်လာခဲ့ရုံမက သူ့ခေါ်လာတဲ သားရဲဖန်တီးလိုက်တဲ့ ကသောင်းသနင်း မြင်ကွင်းကို အငြိမ့်သား ထိုင်ကြည့်နေပါသေးတယ်။
ထိုအချိန်၌ လူလျန် အလွန်အမင်း အရှက်ရနေခဲ့တယ်။
သူချစ်ရတဲ့ မိန်းမက ရုတ်တရက်ကြီး အခြားယောကျာ်း တစ်ယောက်နဲ့ လိုက်ပြေးသွားသလို သူခံစားနေခဲ့ရတယ်။
ရိုးရိုးရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သူဒေါသ အမျက်ခြောင်းခြောင်း ထွက်နေခဲ့ပါပြီ။
“ခေါင်းဆောင်” ကျန်တဲ့ လူမိသားစု အကြီးအကဲတွေလည်း ထိုမြင်ကွင်းကို ကြည့်ရင်း တုန်ရီသွားခဲ့ကြတယ်။ ဘာဆက်လုပ်လို့ လုပ်ရမှန်း သူတို့ မသိတော့ပါဘူး။
အပြင်မှာ ရပ်နေလို့ ပြဿနာက ပြေလည်သွားမှာ မဟုတ်ပါဘူး။ ထို့ကြောင့် လူလျန်က သူ့ဒေါသကို ဖိနှိပ်ထားရင်း ခြံဝန်းထဲကို ဝင်သွားလိုက်တယ်။ ကျန်တဲ့ အကြီးအကဲတွေ အကုန်လုံးလည်း သူ့နောက်ကနေ လိုက်လာခဲ့ကြတယ်။
ဒါက အကြီးအကဲချုပ် နေထိုင်တဲ့ နေရာပါ။ သူတို့ထဲက တော်တော်များများက ဒီခြံဝန်းထဲ တစ်ခါမှ မဝင်ဖူးခဲ့ပါဘူး။ ရန်ကိုင်ရဲ့ အပြုအမူကို ဒေါသထွက်မိပေမယ့် ခြံဝန်းထဲကို ဝင်ခွင့်ရအောင် လုပ်ပေးခဲ့တဲ့အတွက် ရန်ကိုင်ကို ကျေးဇူးလည်းတင်မိကြပါတယ်။
ရန်ကိုင်ဆီ တိုက်ရိုက်လျှောက် သွားလိုက်ပြီး လူလျန်က အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ကာ ဦးညွှတ်လိုက်ပြီး လက်သီးဆုပ်ကာ ယဉ်ကျေးစွာ ဆိုလိုက်တယ် “သခင်လေးရန်၊ သခင်လေးရန်”
တစ်ယောက်ယောက် ရောက်လာမှန်း သတိပြုမိလိုက်တာနဲ့ ရန်ကိုင် မော့ကြည့်လိုက်တယ်။ အသစ်ရောက်လာတဲ့ လူအုပ်ကြောင့် သူလည်း အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ခေါင်းညိတ်ပြလိုက်ကာ “မိသားစုခေါင်းဆောင်လူ ပါလား”
ထိုမြင်ကွင်းကို ကြည့်ရင်း လူလျန် မျက်နှာ ရှုံ့မဲ့သွားခဲ့တယ်။ ဒါပေမယ့် အခု လက်ရှိ အခြေအနေကြောင့် သူ့အနေနဲ့ အပိုစကားတွေ ပြောဖို့ အရမ်းကို ပျင်းနေခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေကြောင်း မေးဖို့ လုပ်နေစဉ်မှာပဲ ရန်ကိုင်က သူ့ပါးကို လက်ညိုးနဲ့ ပိတ်တဲ့ပုံစံ လုပ်ပြလိုက်တယ်။
လူလျန်လည်း ကြောင်သွားခဲ့ပြီး အလျင်စလိုနဲ့ တိုးတိုးလေး မေးလိုက်တယ် “ဘာဖြစ်လို့လဲ”
ရန်ကိုင်မျက်နှာ ပြုံးယောင်သန်းသွားခဲ့ပြီး အရှေ့ကို ညွှန်ပြလိုက်ကာ “အကျယ်ကြီး မပြောနဲ့၊ ကျုပ်သိမ်းငှက် အစားစားနေတာကို အနှောင့်အယှတ် ဖြစ်သွားလိမ့်မယ်”
လူလျန် ပါးစပ်ကနေ ထုတ်ဆဲမတတ် ဖြစ်သွားခဲ့တယ်။
မင်းသိမ်းငှက်၊ မင်းသိမ်းငှက် အစားစားနေတာကို အနှောင့်အယှတ် ဖြစ်သွားမှာစိုးလို့ ဟုတ်လား။ ဒါက လူမိသားစု အကြီးအကဲချုပ် တံခါးပိတ် လေ့ကျင့်နေတဲ့ နေရာကွ။ မင်းရဲ့ သားရဲက ရှားပါးပြီး ရန်မိသားစုရဲ့ အဖိုးတန် ရွှေရောင်ငွေသွေး သိမ်းငှက် ဖြစ်နေရင်တောင် ငါတို့ အကြီးအကဲချုပ်ရဲ့ ဆံပင်တစ်မွှေးလောက်တောင် တန်ဖိုးမရှိါဘူးကွ
သူ့သိမ်းငှက် အစားစားနေတာကို နှောင့်ယှတ်မိသွားမှာကို စိတ်ပူတာလား။ လူမိသားစု ခေါင်းဆောင် ဂရုမစိုက်နိုင်တော့ပါဘူး။ ထိုအရှုတ်အယှတ်တွေက အကြီးအကဲချုပ် ကျင့်ကြံနေတာကို အနှောင့်အယှတ် ဖြစ်သွားမှာကိုပဲ သူစိုးရိမ်ပါတယ်။
လူလျန် ဘယ်လိုလုပ်ပြီး တည်ငြိမ် နေနိုင်ပါတော့မလဲ။ အခုအချိန်၌ ရန်ကိုင်ကို အားရပါးရ သမလိုက်ချင်တဲ့ စိတ်ကို လူလျန် မနည်း ချုပ်တည်းနေခဲ့ရတယ်။ သုံးလေးခါလောက် အသက်ပြင်းပြင်း ရှုသွင်း၊ ရှုထုတ် လုပ်လိုက်က်ပြီးနောက် လူလျန်ရဲ့ အမူအရာက ပိုပြီး အရုပ်ဆိုးလာခဲ့တယ်။ ထို့နောက် ငိုတော့မယ့်ရုပ်နဲ့ တိုးတိုးလေး ပြောလိုက်တယ် “သခင်လေးရန်၊ ဒီနေရာက စကားပြောလို့ ကောင်းတဲ့ နေရာတစ်ခု မဟုတ်ဘူး၊ အခြားတစ်နေရာသွားပြီး စကားပြောကြမလား”
“အင်း” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီဂ “ခင်ဗျားပြောချင်တာ ရှိရင် ကျုပ်နောက်မှ နားထောင်ပေးမယ်၊ အခုတော့ ဒီကောင်ကို အရင်ပြီးအောင် စားပါစေဦး”
ထိတ်လန့်မှုကြောင့် လူလျန် အေးခဲသွားခဲ့တယ်။ ခြေသုံးလေးလှမ်းလောက် ဒယီးဒယိုင် နောက်ဆုတ်လိုက်ရပြီး သွေးအန်လုမတတ် ဖြစ်သွားခဲ့ရတယ်။
ထိုအခိုက်အတန့်၌ သူမြင်နေတာတွေ၊ ကြားနေတာတွေ အကုန်လုံးက ပုံရိပ်ယောင်တွ လားလို့တောင် လူလျန် ထင်သွားခဲ့ရတယ်။
သူဘယ်လောက်ပဲ စကားပြောကောင်းကောင်း၊ လျှာစောင်း ထက်ထက်၊ အဲ့ဒါတွေ အကုန်လုံးက အခုအချိန်၌ အသုံးမဝင်တော့ပါဘူး။ သူ့ပါးတစ်ခုလုံးက မဲ့ရွဲ့နေခဲ့ပြီး ရန်ကိုင်ကို စိုက်ကြည့်လိုက်ရင်း သူ့လျှာလိပ်သွားသလို ခံစားလိုက်ရပြီး “ရန်က… ကျုပ်ပြောချင်တာ သခင်လေးရန်၊ ကျုပ်… ဆိုလိုတာက… ဒီကိစ္စအကြောင်း ဆွေးနွေးဖို့ ကျေးဇူးပြုပြီး ဒီနေရာကနေ ထွက်သွားပေးပါ”
Martial Peak
အပိုင်း (၃၇၈) လူစီ
လူလျန် လုံးဝကို ကူကယ်ရာ မဲ့နေခဲ့တယ်။
ရန်ကိုင်ကို သူလုံးဝ နားမလည်နိုင်ပါဘူး။ သူက လူမိသားစုရဲ့ ခေါင်းဆောင် ဆိုပေမယ့် ရန်ကိုင်ရဲ့ အဆင့်အတန်းက သူ့ရဲ့ အဆင့်အတန်းအောက် မနိမ့်ကျပါဘူး။ လူလျန်က အလွန်အမင်း စိတ်ပျက်နေပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောဖို့ကလွဲပြီး အခြား ရွေးချယ်စရာ မရှိပါဘူး။ သူ့စကားလုံး နောက်ကွယ်က အဓိပ္ပါယ်ကို ထိုသခင်လေးရန် နားလည်ပြီး ယဉ်ကျေးစွာနဲ့ ပြန်ပြောဖို့ကိုပဲ သမျှော်လင့်ရပါတော့မယ်။
ဒါပေမယ့် သခင်လေးရန်ကတော့ လုံးဝကို သတိမမူမိတဲ့ပုံပါပဲ။ လူလျန် စကားလုံးထဲက တောင်းပန်တိုးလျှိုးနေသည့် အရိပ်အယောင်ကိုတောင် ရန်ကိုင် သတိမပြုမိခဲ့ပါဘူး။ အဲ့အစား လူလျန်ကိုသာ ပြန်စိုက်ကြည့်လိုက်ပြီး “ငါတို့ ဘာလို့ အခြားတစ်နေရာဆီ သွားဖို့ လိုတာလဲ”
လူလျန် နဖူးကြောတွေ ထောင်တက်လာခဲ့တယ်။
သူ့ဒေါသကို တတ်နိုင်သမျှ အတင်းချုပ်တည်း ထားလိုက်ပြီး တည်ငြိမ်လေးနက်တဲ့ အမူအရာကို ဆင်မြန်းရင်း လူလျန်က ပြန်ပြောလိုက်တယ် “သခင်လေးရန်၊ ဒီနေရာက လူမိသားစုရဲ့ အားကောင်းတဲ့ ပညာရှင်တစ်ယောက် နေနေတဲ့ နေရာပဲ။ ပြီးတော့ ဒီနေရာက လူမိသားစုရဲ့ တားမြစ်နယ်မြေဆိုလည်း မမှားဘူး။ ကျုပ်တို့သာ ဒီမှာ စကားပြောရင် စီနီယာရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှတ်မိသွားမှာ စိုးရတယ်။ အဲ့လိုဆိုရင်… ဟဟ”
“အားကောင်းတဲ့ ပညာရှင် တစ်ယောက်လား” ရန်ကိုင်က ခပ်မြန်မြန်ပဲ မတ်တပ်ရပ်လိုက်တယ်။ သူ့အသံက ပိုပိုကျယ်လာခဲ့ပြီး နောက်ဆုံးမှာတော့ မိုးချိန်းသံတမျှ ကျယ်လောင်လာခဲ့တယ်။
လူမိသား အကြီးအကဲတွေ အားလံးရဲ့ မျက်နှာ ရုတ်တရက် ပုပ်သိုးရှုံ့မဲ့သွားခဲ့တယ်။
ဒီကောင်စုတ်… သူရည်ရွယ်ချက် ရှိရှိနဲ့ လုပ်နေတာပဲ ဖြစ်ရမယ်။
ရန်ကိုင်က သူတို့ရဲ့ အကြည့်တွေကို မသိချင်ယောင် ဆောင်နေလိုက်ပြီး လူလျန်ဘက် လှည့်ကာ ပြုံးရင်း ပြောလိုက်တယ် “ကျုပ်တစ်ယောက်မှလည်း မမြင်ပါလား…”
“သခင်လေးရန်” လူလျန်မျက်နှာ မြူဆိုင်းသွားခဲ့ပြီး သူ့သည်းခံနိုင်စွမ်းကလည်း အကန့်အသတ် တစ်ခုအထိ ရောက်ရှိသွားခဲ့တယ် “ကျုပ်အတည်ပြောနေတာပါ”
သည်းခံနိုင်စွမ်း ကြီးမားတဲ့ လူလျန်ကို အခုအခြေအနေထိ တွန့်ပို့နိုင်တယ် ဆိုကတည်းက ရန်ကိုင် လုပ်ရပ်က လူမိသားစုကို ဘယ်လောက်အထိ သက်ရောက်သွားလဲဆိုတာ သိနိုင်ပါတယ်။
ဒီနေရာသာ လူစီ ကျင့်ကြံနေတဲ့ နေရာမဟုတ်ရင် လူလျန်လည်း ရန်ကိုင်ကို အရဲစွန့်ပြီး ရန်စမိမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ရန်ကိုင်က လူလျန်ကို ရှက်ကိုးရှက်းကန်းပြုံးကာ ပြန်ကြည့်လိုက်တယ်။
သူ့အပြုံးက တည်ငြိမ်ပြီး အခြား မည်သည့် အဓိပ္ပါယ်မှ မပါဝင်ပါဘူး။
ဒါပေမယ့် သူ့အပြုံးထဲ အံ့အားသင့်သည့် အရိပ်အယောင် တစ်စွန်းတစ်စတို့ ပါဝင်နေခဲ့တယ်။ ဒီနေရာက လူမိသားစုအတွက် ဒီလောက်အထိ အရေးကြီးလိမ့်မယ်လို့ ရန်ကိုင် မထင်ထားမိခဲ့ပါဘူး။
ဒီနေရာမှာ ကျင့်ကြံနေတဲ့ ပညာရှင်တစ်ယောက် ရှိမယ်မှန်း ရန်ကိုင် အစကတည်းက ခန့်မှန်းထားပြီးသားပါ၊ မဟုတ်ရင် ဒီနေရာက ဒီလောက်အထိ ငြိမ်သက် အေးချမ်းနေလိမ့်မှာ မဟုတ်ပါဘူး။ ထို့ကြောင့်ပဲ သူက ဖြူကောင်ကို ဒီခြံဝန်းထဲ လွှတ်ချလိုက်ပြီး ရွှေရောင်ငှက်မွှေး သိမ်းငှက်ကို ညွှန်ကြားခဲ့တာပါ။
ဒါပေမယ့် ပညာရှင် တစ်ယောက် ရှိနေမှန်း သိနေခဲ့ပေမယ့် ထိုပညာရှင်က လူမိသားစုအတွက် ဘယ်လောက်အထိ အရေးပါလဲ ဆိုတာကိုတော့ သူနားမလည်ထားခဲ့ပါဘူး။ လူလျန်နဲ့ အကြီးအကဲတွေ ပေါက်ချလာတော့မှပဲ သူနားလည်သွားခဲ့တာပါ။ လူမိသားစုရဲ့ အတားမြစ်ထားဆုံး နေရာတစ်ခုဆီ သူတိုးဝင်လာမိလိုက်လေပြီ။
ဒါပေမယ့် ထွေးပြီးသွားတံတွေး ပြန်မျိုချလို့ မရတော့တဲ့အတွက် ရန်ကိုင်လည်း လူလျန်ပြောသမျှကို နားမလည်ချင်ယောင် ဆောင်နေရုံသာ တတ်နိုင်ပါတော့တယ်။ အဲ့လိုမှမဟုတ်ရင် နှစ်ဖက်စလုံး ခွတီးခွကျ အခြေအနေထဲ ရောက်သွားမှာပါ။
ရန်ကိုင်က အခြေအနေ၊ အချိန်အခါကို နားမလည်နိုင်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ လူလျန်နဲ့ အကြီးအကဲတွေ အမြန်အဆန်ပဲ ရောက်ချလာတာကို မြင်လိုက်တာနဲ့ အခြေအနေတွေက သူထင်မှတ်ထားသလို မရိုးရှင်းတော့ဘူး ဆိုတာကို ရန်ကိုင် နားလည်လိုက်တယ်။ လူလျန်က အခုလိုမျိုး ပြောလာပြီဆိုမှတော့ ရန်ကိုင်လည်း ဒီမှာ ဘယ်သူနေလဲဆိုတာကို ခန့်မှန်းမိသွားခဲ့ပါပြီ။
လူမိသားစုရဲ့ တစ်ဦးတည်းသော အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူပဲ ဖြစ်ရပါမယ်။
အဲ့လူမှ မဟုတ်ရင် လူလျန်အနေနဲ့ ဒီလောက်အထိ စိုးရိမ်ပူပန် နေရလိမ့်မှာ မဟုတ်ပါဘူး။
စိတ်ဝင်စားစရာပါပဲ။ ရန်ကိုင် လိုချင်နေတဲ့ ပစ္စည်းကလည်း ထိုအားကောင်းတဲ့ ပညာရှင်ရဲ့ အခန်းထဲမှာပါ။ ကြည့်ရတာက သူလိုချင်တဲ့ ပစ္စည်းကို ရဖို့က အဲ့လောက်အထိ မလွယ်တော့တဲ့ ပုံပါပဲ။
ရန်ကိုင်လည်း မျက်မှောင်ကြုံ့မိလိုက်တယ်။ ထိုကိစ္စကို ဆက်ရမလား၊ ရပ်ပဲရပ်လိုက်ရမလား စဉ်းစားနေစဉ်မှာပဲ စံအိမ်တံခါး ရုတ်တရက် ပွင့်သွားခဲ့တယ်။
ကျွီ…
လူလျန်နဲ့ ကျန်တဲ့ အကြီးအကဲတွေ အကုန်လုံး တုန်ရီသွားခဲ့ကြတယ်။ အားလုံးရဲ့ အကြည့်က ပွင့်လာတဲ့ တံခါးဘက်ဆီ ချက်ချင်း ရောက်ရှိသွားခဲ့တယ်။
“မိတ်ဆွေလေး၊ အထဲဝင်လာခဲ့ပါ၊ ငါတို့ စကားပြောကြရအောင်” တံခါးနောက်ကနေ လူအိုကြီး တစ်ယောက်ရဲ့ အသံ ထွက်ပေါ်လာခဲ့တယ်။ အသံက ညင်သာပြီး သိမ်မွေ့ပါတယ်၊ ဒါပေမယ့် အပြင်မှာ ရှိနေတဲ့ လူအားလုံး သူတို့ရဲ့ အံ့အားသင့်မှုကို မဖုံးဖိနိုင်အောင် ဖြစ်သွားခဲ့ရတယ်။
ရန်ကိုင်လည်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးနောက် ပြုံးကာ တံခါးပေါက်ရှိရာဆီ ကြော့ကြော့မော့မော့နဲ့ လမ်းလျှောက်သွားလိုက်တယ်။
လူလျန်က မနာလိုမှုအပြည့်နဲ့ ရန်ကိုင်ကို စိုက်ကြည့်နေလိုက်တယ်။ ဒါပေမယ့် မကြာခင်မှာပဲ ရန်ကိုင် နောက်ကနေ ဖြေးဖြေးချင်း လိုက်သွားလိုက်တယ်။
တံခါးရှေ့ ရောက်တာနဲ့ ရန်ကိုင်က သွားနေတာကို ရပ်တန့်လိုက်ပြီး လူလျန်ကို ပြန်လှည့်ကြည့်လိုက်ကာ ပြောလိုက်တယ် “မိသားစုခေါင်းဆောင်လူ၊ အရင်ဝင်ပါ”
လူလျန်က မဲ့ပြုံးပြုံးလိုက်ပြီး သူ့လက်ကို ဝှေ့ရမ်းလိုက်ကာ “ဒီတစ်ယောက် မဝင်ရဲပါဘူး။ အကြီးအကဲချုပ်က သခင်လေးရန်ကိုပဲ ဆင့်ခေါ်ခဲ့တာလေ။ အဲ့ဒါကြောင့် သခင်လေးရန်ပဲ ဝင်သွားလို့ရပါမယ်”
ပြောပြီးတာနဲ့ တံခါးစောင့် တစ်ယောက်လို တံခါးပေါက်ဘေးနား မတ်တပ်ရပ်နေလိုက်တယ်။
ရန်ကိုင်လည်း လူလျန်ကို တစ်ချက် ကြည့်လိုက်တယ်။ လူလျန်က အတည်ပြောနေမှန်း သိလိုက်တာနဲ့ ခေါင်းညိတ်ရုံလေး ညိတ်ပြလိုက်ပြီး အိမ်ထဲကို ဝင်သွားလိုက်တယ်။
အိမ်အတွင်းပိုင်း နည်းနည်းလေးတော့ စုတ်ချာပါတယ်။ အိမ်လေးထဲမှာ ကုတင်တစ်ခုတောင် မရှိပါဘူး။ အထဲမှာရှိတဲ့ အသုံအးဆောင် ပစ္စည်းဆိုလို့ ထိုင်ခုံအနည်းငယ်၊ စားပွဲတစ်လုံးနဲ့ လက်ဖက်ရည်အိုး တစ်လုံးပါပဲ။ အဲ့အရာတွေကလွဲပြီး အခန်းတစ်လုံးက ပြောင်းရှင်းနေခဲ့ပါတယ်။
ဒါပေမယ့် ရန်ကိုင် အခန်းထဲကို ဝင်လာတာနဲ့ လူအိုကြီး ဖင်ခုထိုင်နေတဲ့ ပစ္စည်းကို လောဘတကြီး စိုက်ကြည့်လိုက်တယ်။
ရန်ကိုင်က သူ့မျက်လုံးထဲက အလိုဆန္ဒတွေကို ဖုံးကွယ်ထားဖို့ နည်းနည်းလေးတောင် မကြိုးစားခဲ့ပါဘူး။
ထိုလူအိုကြီးက လူမိသားစုရဲ့ အသန်မာဆုံး ကျင့်ကြံသူဖြစ်တဲ့ လူမိသားစုရဲ့ အကြီးအကဲချုပ်ဖြစ်တဲ့ လူစီပါ။ လူစီရဲ့ ကိုယ်လုံးကိုယ်ပေါက်က ပိန်ပိန်းပါးပါးပါ။ သူ့နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေက ဖြူစွတ်နေခဲ့ပြီး သူ့ပုံစံက လင်းတိုင်ရှုရဲ့ ပုံစံနဲ့ နည်းနည်း ဆင်ပါတယ်။ ဒါပေမယ့် လင်းတိုင်ရှုလိုတော့ ရွှင်မြူးဖွယ်နွေးထွေးမှုကို ပေးစွမ်းမနေခဲ့ပါဘူး။
လုစီကို ကြည့်လိုက်တာနဲ့ အားကောင်းတဲ့ ပညာရှင်တစ်ယောက်ရဲ့ ပြိုင်ဘက်ကင်းတဲ့ ဟန်ပန်အမူအရာက ဘယ်လိုမျိုးလဲဆိုတာကို တန်းသိနိုင်ပါတယ်။
ဒါက ရန်ကိုင် တွေ့ကြုံခဲ့ဖူးတဲ့ ဒုတိယမြောက် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူပါ။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ရောက်သွားတဲ့ လူတွေက သူတို့လို သာမန်သေမျိုးလူသားတွေနဲ့ လွတ်လပ်ကင်းလွတ်သွားတဲ့ ခံစားချက်ကို ပေးစွမ်းနေခဲ့တယ်။ ထိုခံစားချက်က နားလည်ရခက်ပြီး ဆန်းကြယ်လှတယ်။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူ အားလုံးက ဒီကျင့်ကြံခြင်း လောကရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေတဲ့ လူတွေချည်းပါပဲ။
ထိုအချိန်၌ လူစီက ဧရာမကျောက်စိမ်းတုံး တစ်ခုပေါ်၌ ထိုင်နေခဲ့တာပါ။ ထိုအဖိုးတန် ကျောက်စိမ်းတုံးက ရွှေရောင်ရောင် အရောင်အဝါကို ထုတ်လွှတ်နေခဲ့ပြီး အလင်းရောင်တွေကလည်း ထိုကျောက်စိမ်းတုံးထဲ ပြိုးပြိုးပြက်ပြက် လှုပ်ရှားသွားလာနေခဲ့ကာ ကျောက်စိမ်းရေကန်ထဲ ကူးခတ်သွားလာနေတဲ့ ငါးလေးတစ်ကောင် နဲ့တောင် တူနေပါသေးတယ်။
ထိုကျောက်စိမ်းတုံးက လူတစ်ယောက် အိပ်စာလောက်အထိ ကျယ်ပါတယ်။ လီစီက ကျောက်စိမ်းတုံးထက် ထိုင်နေခဲ့ပြီး ဝင်သက်၊ထွက်သက် မှန်မှန်နဲ့ အသက်ရှုရှိုက်နေခဲ့တယ်။
အဖိုးတန်ကျောက်စိမ်းတုံး ကနေ ဘာချီစွမ်းအင်မှ ဖြာထွက်မနေခဲ့ပါဘူး။ ကျောက်စိမ်းတုံးရှေ့ ရပ်နေတာတောင် ထိုကျောက်စိမ်း အိပ်ရာဆီကနေ စိမ့်ထွက်နေတဲ့ စွမ်းအင် အရိပ်အယောင် နည်းနည်းလေးကိုမှ အာရုံမခံနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ထိုကျောက်စိမ်းကို မြင်လိုက်တာနဲ့ သူ့ရင်ဘတ်က မူလယန်က ပြင်းပြင်းထန်ထန် တုန့်ပြန်လာခဲ့ပါတယ်။
မူလယန်က ယန်ဓါတ်ကြွယ်ဝတဲ့ အဖိုးတန် ရတနာတွေနဲ့ တွေ့မှပဲ ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်တာပါ။ ထိုကျောက်စိမ်းတုံးက ဘာပဲဖြစ်ဖြစ်၊ ထိုကျောက်တုံးထဲ၌ ယန်ချီပမာဏ များစွာ ပါဝင်နေလိမ့်မယ် ဆိုတာကတော့ သံသယရှိစရာ မလိုပါဘူး။
လူမိသားစုထဲ ဝင်လာကတည်းက ထိုကျောက်စိမ်းတုံးကြီးရဲ့ တည်ရှိမှုကို ရန်ကိုင် အာရုံခံမိခဲ့တာပါ။
ဒါကြောင့်ပဲ လူမိသားစုထဲမှာ သူစိတ်စားနေတဲ့ ပစ္စည်းတစ်ခုခု ရှိနေတယ်လို့ တုဖုန်းနဲ့ တန်ယုရှန်းကို သူပြောခဲ့တာပါ။ ဒါပေမယ့် လူမိသားစုထဲ ယန်ဓါတ်ပေါကြွယ်ဝတဲ့ အဖိုးတန် ပစ္စည်းတစ်ခု ရှိနေတယ်လို့ပဲ သူသိထားတာပါ။ ထိုပစ္စည်းက ဘာလဲဆိုတာကိုတော့ သူလည်း မသိခဲ့ပါဘူး။
ထိုကျောက်စိမ်းတုံးကို မြင်လိုက်တာနဲ့ ထိုပစ္စည်းက သူရှာနေတဲ့ ပစ္စည်းမှန်း ရန်ကိုင် တန်းသိလိုက်တယ်။
ထိုကျောက်စိမ်းတုံးကြီး တစ်တုံးလုံးကိုသာ အကုန်အစင် စုပ်ယူလိုက်မယ် ဆိုပါက အဆင့်သေးတစ်ဆင့်လောက် ချိုးဖျက်သွားနိုင်မယ်လို့ ရန်ကိုင် လုံးဝကို သေချာနေခဲ့ပါတယ်။
တိမ်မိစ္ဆာနယ်မြေထဲ တိုက်ပွဲများစွာကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရလို့ သူ့ဒန်တန်ထဲ ယန်အရည်စက် အများကြီး မကျန်တော့ပါဘူး။ သူ့ဒန်တန်ထဲက ယန်အရည်စက်တွေသာ ကုန်သွားခဲ့မယ်ဆိုရင် ရွှေရောင်အရိုးခြောက်ထဲက မိစ္ဆာစွမ်းအင်တွေ ပေါက်ကွဲ ထွက်လာနိုင်ပါတယ်။ အဲ့အချိန်က သူ့စိတ်သူ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ပဲ အသိစိတ် လွတ်သွားလိမ့်မှာပါ။ အဲ့လို မဖြစ်ခဲ့ရင်တောင် သူ့ရဲ့ အားအကောင်းဆုံး ပညာရပ် တော်တော်များများကို သူအသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။
ထို့ကြောင့် အခုအချိန်၌ ရန်ကိုင် အလိုချင်ဆုံးကို ပြောပါဆိုရင် သူ့ဒန်တန်ထဲ ယန်အရည်စက်တွေ ပြန်ဖြည့်ဖို့အတွက် ယန်ဓါတ်ပေါကြွယ်ဝတဲ့ ပစ္စည်းတွေလို့ ပြောရမှာပါပဲ။
ကံမကောင်းစွာနဲ့ ယန်ဓါတ်ကြွယ်ဝတဲ့ ရတနာတွေက ရှာရခက်ပါတယ်။ ရန်မိသားစုဆီ ပြန်သွားရင်တောင် ထိုကဲ့သို့ အရင်းအမြစ်တွေ သူရနိုင်မှာ မဟုတ်ပါဘူး။ အမွေအနှစ် တိုက်ပွဲထဲ ဝင်ပြိုင်ချင်တဲ့ ရန်မိသားစု သခင်လေးတွေ အကုန်လုံး သူတို့ရဲ့ အကူအညီ၊ အရင်းအမြစ်၊ လိုအပ်တဲ့ ပစ္စည်းမှန်သမျှကို ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေရပါတယ်။
အခု အခွင့်အလမ်းကြီး တစ်ခုက သူ့ရှေ့ ထွက်ပေါ်လာခဲ့ပြီး။ ရန်ကိုင်လည်း ထိုအခွင့်အလမ်းကြီးကို ဘယ်လိုလုပ်ပြီး ဒီအတိုင်း လက်လွှတ်ပေးလိုက် နိုင်ပါ့မလဲ။
သူလိုချင်နေတဲ့ ရတနာက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူရဲ့ အိပ်ရာ ဖြစ်နေလိမ့်မယ်လို့တော့ ရန်ကိုင် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။
ထိုရတနာကို ရဖို့အတွက် ဘယ်လိုတန်ဖိုးမျိုး သူပေးချေရမလဲ ဆိုတာကို တွေးရင်း ရန်ကိုင် အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့တယ်။ တစ်ဖက်လူ သဘောကျလောက်မယ့် အဖိုးတန် ပစ္စည်းတစ်ခုခု သူ့မှာ ရှိလို့လား။
ထိုကျောက်စိမ်းတုံးနဲ့ တန်ဖိုးတူညီတဲ့ ပစ္စည်းတစ်ခုခု သူ့မှာ ရှိနေရင်တောင် ရန်ကိုင်က အလွယ်တကူ ထုတ်ပြလိမ့်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် ဘယ်လို လုပ်ရင်ကောင်းမလဲ ဆိုတာကို တွေးတောရင်း အတွေးရေယာဉ်ကြောထဲ ရန်ကိုင် မျောသွားခဲ့တယ်။
တိတ်ဆိတ်မှုက အခန်းတစ်ခုလုံးကို အတိတ်အတော်ကြာအောင် ကြီးစိုးနေပြီးနောက် စိတ်ထဲမှာပဲ ရန်ကိုင် ကြိတ်ပြီး ညည်းတွားလိုက်တယ်။ ဒါပေမယ့် သူ့အကြည့်က ထိုကျောက်စိမ်းတုံးကနေ နည်းနည်းလေးမှ ရွေ့မသွားခဲ့ပါဘူး။
ရန်ကိုင် အခန်းထဲကို ဝင်လာကတည်းက လူစီက ရန်ကိုင်ကို တောက်လျှောက် စူးစမ်းလေ့လာနေခဲ့တာပါ။ သူ့အမူအရာက ရှေ့ဟောင်းရေတွင် တစ်တွင်းလို အကြွင်းမဲ့ တည်ငြိမ်နေခဲ့တယ်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးတော့မှပဲ လူစီက အံ့ဩနေတဲ့ လေသံနဲ့ စပြောလိုက်တယ် “ဒီက မိတ်ဆွေလေးရဲ့ ရည်ရွယ်ချက်က တကယ်ကို သိသာတာပဲ။ အစောပိုင်းတုန်းက မင်းရဲ့ အပြုအမူတွေက ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ခဲ့တာနဲ့တူတယ်”
လူအိုကြီး ပြောတာကို ကြားလိုက်တာနဲ့ ရန်ကိုင်က သူ့ရဲ့ လောဘအကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး လှောင်ရယ်လိုက်ရင်း “ဒီဂျူနီယာ ရိုင်းပြသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်”
သူ့ရဲ့ နည်းလမ်းတွေ၊ အစီအစဉ်တွေ အားလုံးက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်ရဲ့ ရှေ့မှာတော့ ကလေးကစားကွက်တွေလိုပါပဲ။
ပြောနေရင်းနဲ့ ရန်ကိုင်က လူစီရှေ့က ကြမ်းပြင်ရှေ့ ထိုင်ချလိုက်တယ်။
အိမ်အပြင်ဘက်မှာ ရှိနေတဲ့ လူမိသားစု အကြီးအကဲတွေ အကုန်လုံးက အသက်အောင့်၊ နားစွင့်နေခဲ့ကြတယ်။ အားလုံးက လူစီနဲ့ ရန်ကိုင်ကြားက ဆွေးနွေးစကား နည်းနည်းလေးကိုမှ လွတ်မသွားချင်တဲ့ ပုံပါပဲ။
“ရန်မိသားစုရဲ့ သခင်လေးဆိုတဲ့ အတိုင်း တကယ်ကို ပုံမှန်မဟုတ်ဘူးပဲ” လူစီက ခေါင်းညိတ်ရုံလေး ညိတ်လိုက်ပြီး ချီးကျူးတဲ့ လေသံနဲ့ “ဗဟိုမြို့တော်က မိသားစုကြီးတွေက တကယ်ကို ထူးခြားတာပဲ။ ဒီလို အထက်စီးဆန်ဆန် ဟန်ပန်ပုံစံမျိုးက ငါတို့ လူမိသားစုဝင်တွေ လေ့ကျင့်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး”
ရန်ကိုင်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “စီနီယာက ယဉ်ကျေးလွန်းနေတာပဲ။ လူမိသားစုကလည်း သူ့နည်းသူ့ဟန်နဲ့တော့ မဆိုးပါဘူး”
လူစီက ပြန်ပြီး ပြုံးလိုက်တယ်။
သူကိုယ်တိုင်က အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် တစ်ယောက်ပါ။ လူငယ်မျိုးဆက်ထဲမှာ ဗဟိုမြို့တော်က သခင်လေးတွေပဲ သူ့ရှေ့မှာ တည်တည်ငြိမ်ြငိမ်နဲ့ နေနိုင်ပါတယ်။ ကျန်တဲ့လူတွေဆိုရင်တော့လား အကုန်လုံးက ကြောက်ကြောက်လန့်လန့်နဲ့ ပျာယာခတ်နေမှာပါ။ ဒါပေမယ့် သူ့ရှေ့က လူငယ်လေးကတော့ ထိုအရာတွေကို ဂရုစိုက်တဲ့ ပုံစံ မပေါက်ပါဘူး။ အခန်းထဲကို ဝင်လာလိုက်တာနဲ့ သူ့ဖင်ခုထိုင်နေတဲ့ ကျောက်စိမ်းတုံးကိုပဲ အာသာတငမ်းငမ်းနဲ့ ကြည့်နေခဲ့ပါတယ်။ အိမ်ပိုင်ရှင်ကိုတောင် ဂရုစိုက်မနေခဲ့ပါဘူး။ သူသာ မိသားစုကြီး တစ်ခုထဲက သခင်လေး တစ်ယောက် မဟုတ်ခဲ့ရင် အခုလိုမျိုး တည်ငြိမ်နေနိုင်မှာ မဟုတ်ပါဘူး။
“ဒီပစ္စည်းအတွက် လာခဲ့တာလား” လုစီက ကျောက်စိမ်းတုံးကို လက်ညိုးထိုးပြီး မေးလိုက်တယ်။
“အင်း” ရန်ကိုင်က တိုက်ရိုက်ပဲ ဝန်ခံလိုက်တယ် “ကြိုတင်စီစဉ်းထားခဲ့တာတော့ မဟုတ်ပါဘူး။ ဒီအတိုင်း လမ်းကြုံလို့ အခွင့်အရေး ဝင်ယူလိုက်တာပါ၊ ဟားဟား”
“မင်လိုအပ်တာလား”
“ဂျူနီယာ တကယ်ကို လိုအပ်ပါတယ်။ တကယ်တမ်း ပြောရရင် အရေးတကြီးကို လိုနေတာပါ” ရန်ကိုင်က လေးလေးနက်နက်နဲ့ ပြောလိုက်တယ်။
“ဒီလူအိုကြီး နားလည်ပါတယ်” လူစီက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ကောက်ပြုံးလိုက်ကာ “ငါနားလည်တယ် ဆိုပေမယ့် မင်းကို ပေးနိုင်မှာတော့ မဟုတ်ဘူး”
“ဂျူနီယာ နားလည်ပါတယ်” ရန်ကိုင်က နည်းနည်းလေးတောင် စိတ်ပျက်မသွားခဲ့ပဲ ပြန်ပြောလိုက်တယ်။ လုစီက ထိုအတိုင်း ပြန်ပြောမယ်ဆိုတာကို အစကတည်းက သူမျှော်လင့်ထားတဲ့ ပုံစံပါပဲ။ ခါးမတ်မတ် ထိုင်လိုက်ပြီး ဆက်ပြောလိုက်တယ် “အဲ့ဒါကြောင့် အဲ့ပစ္စည်းနဲ့ ပက်သက်ပြီး စီနီယာနဲ့ ဆွေးနွေးချင်တာပါ”
လုစီက ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ် “မင်းက ရန်မိသားစုက သခင်လေး တစ်ယောက် ဆိုရင်တောင် ဒီလူအိုကြီးက ဒီပစ္စည်းကို မင်းဆီ ပေးမှာမဟုတ်ဘူး။ မင်းဘာပဲ ပေးပေး… မင်းကျိန်းသေကို စိတ်ပျက်သွားရလိမ့်မယ်”
ဒါပေမယ့် ရန်ကိုင်ကတော့ ခေါင်းခါလိုက်ပြီး “စီနီယာစကားက အရမ်းကို ကတိုက်ကရိုက် ဆန်လွန်းတယ်။ ဒီကမ္ဘာကြီးထဲမှာ ပစ္စည်းရှိရင် တန်ဖိုးဆိုတာ ရှိတယ်။ စီနီယာအောက်က ပစ္စည်းမှာလည်း တန်ဖိုးတစ်ခုဆိုတာ ရှိတယ်။ တစ်ချက်ပဲ… အဲ့တန်ဖိုးကို ကျုပ်ပေးနိုင်၊ မပေးနိုင်ဘူး ဆိုတာပဲ မေးစရာရှိတာ”
လူစီက ခေါင်းခါလိုက်ပြီး ရန်ကိုင် ပြောတာကို ဘူးခံငြင်းလိုက်တယ်။
အပြင်ဘက်ကနေ ရပ်နားထောင်နေတဲ့ လူမိသားစု အကြီးအကဲတွေ အကုန်လုံးရဲ့ မျက်နှာတွေက တစ်မျိုးတစ်မည် ထူးဆန်းနေခဲ့တယ်။
ရန်ကိုင်နဲ့ လူအိုကြီးတို့ နှစ်ယောက် စကားအများကြီး မပြောသွားခဲ့ပါဘူး။ လိုရင်းတိုရှင်းပဲ ပြောသွားခဲ့တာပါ။ နှစ်ယောက်သားပဲ အလွယ်တကူ နားလည်နိုင်မယ့် စကားပေါ့။ ထို့ကြောင့် သူတို့ နှစ်ယောက် ပြောတာကို နားထောင်ရင်း အပြင်ဘက်က အကြီးအကဲတွေ ခေါင်းရှုပ်လာခဲ့တယ်။
ရန်မိသားစုရဲ့ သခင်လေးက အကြီးအကဲချုပ်ရဲ့ အဖိုးတန် ပစ္စည်းတစ်ခုကို မျက်စိကနေတဲ့ ပုံပါပဲ။
ကြိုတင်စီမံ ထားတာလား။
အခွင့်ဆိုင်လို့ တစ်ခါတည်း ဖမ်းဆုပ်လိုက်တာလား။
တန်ဖိုးတစ်ခုကို မကမ်းလှမ်းနိုင်ဘူးလား။
သူက ဝယ်ဖို့ လုပ်နေတာလား၊ ခိုးဖို့ပဲ လုပ်နေတာလား။
ထိုနှစ်ယောက်ကြားက စကားဝိုင်းနဲ့ ပက်သက်ပြီး ဘယ်လူမိသားစု အကြီးအကဲမှ ဥာဏ်မမှီနိုင်ခဲ့ပါဘူး။
အခန်းထဲမှာတော့ လူစီက ပြုံးလိုက်ပြီး “သခင်လးရန်၊ အချည်းနှီး ဖြစ်မယ့် အလုပ်ကို ဆက်ပြီး ကြိုးပမ်းနေစရာ မလိုတော့ပါဘူး။ ဒီလူကြီးက သခင်လေးကို အထဲဖိတ်ခေါ်ခဲ့တယ် ဆုပေမယ့် ဒီပစ္စည်းကို ရောင်းမယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူးနော်”
“စီနီယာမှာလည်း စီနီယာ့ အခြေအနေ ရှိပါတယ်။ ဂျူနီယာ အဲ့အချက်ကို ကောင်းကောင်း နားလည်ပါတယ်” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီးနောက် ပြုံးလိုက်ကာ “ဒါပေမယ့် စီနီယာရဲ့ အိပ်ရာကို ဒီဂျူနီယာ လိုချင်သေးတယ်”
လူစီက ဘာမှ ထပ်မပြောခဲ့ပါဘူး။ ဒါပေမယ့် အပြင်ဘက်မှာ ရှိနေတဲ့ လူလျန်က ရန်ကိုင် ပြောလိုက်တဲ့ စကားကို ကြားလိုက်တဲ့ အချိန်မှာတော့ သူ့အမူအရာက ချက်ချင်း အရုပ်ဆိုးသွားခဲ့ပြီး ဒေါသတကြီး အော်လိုက်တယ် “သခင်လေးရန်၊ အကြီးအကဲချုပ် လူစီဖင်ခုထိုင်ထားတဲ့ ယန်သလင်းကျောက်စိမ်းအိပ်ရာက ကျုပ်တို့ လူမိသားစုရဲ့ အဖိုးအတန်ဆုံး ပစ္စည်းတစ်ခုပါ။ ဘယ်သူပဲဖြစ်ဖြစ် အဲ့ပစ္စည်းကို ယူသွားလို့ မရပါဘူး”
ဒီနေ့ ရန်ကိုင်က သူ့ကို ဒေါသထွက်အောင် လုပ်ခဲ့တာတောင် လူလျန်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရန်ကိုင်က အကြီးအကဲချုပ်ရဲ့ ယန်သလင်း ကျောက်စိမ်းအိပ်ရာကို လိုချင်နေမှန်း သိလိုက်ရချိန်မှာတော့ သူ့ဒေါသကို ဆက်ပြီး ချုပ်တည်းမထားနိုင်တော့ပဲ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ ရန်ကိုင် ဘယ်လိုပဲလုပ်လုပ် ထိုယန်သခင်း ကျောက်စိမ်းအိပ်ရာကို ပေးမှာမဟုတ်ဘူး ဆိုတာကို လူလျန်ရဲ့ လေသံကို နားထောင်ပြီး သိနိုင်ပါတယ်။
Martial Peak
အပိုင်း(၃၇၉) အခြေအနေများ
လူလျန်ရဲ့ လေသံက အလွန်အမင်း ခက်ထန်နေပေမယ့် ရန်ကိုင် ကတော့ သူနဲ့ ဘာမှမဆိုင်သလို ပုံစံမျိုးနဲ့ ရှိနေခဲ့တယ်။
လူစီက ရန်ကိုင်ရဲ့ တုန့်ပြန်မှုကို လေ့လာဆန်းစစ်ပြီးနောက် တိတ်တဆိတ်နဲ့ ခေါင်းညိတ်လိုက်တယ်။ ရန်မိသားစုက သခင်လေးက ယုတ္တိရှိရှိ မလုပ်တတ်တဲ့ ကောင်စုတ်လေး တစ်ယောက်မဟုတ်မှန်း သူခန့်မှန်းမိပြီးသားပါ။
ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းကာ ပြောလိုက်တယ် “မိသားစုခေါင်းဆောင်လူက အခုလိုမျိုး ပြောလာမှတော့ ယန်သခင်းကျောက်စိမ်းအိပ်ရာ အကြောင်း ထပ်မပြောကြတာပေါ့”
ထိုစကားကို ကြားလိုက်မှပဲ အပြင်ဘက်မှာ ရှိနေတဲ့ လူလျန် စိတ်သက်သာရာ ရသွားခဲ့တယ်။ သူ့ရဲ့ ခက်ထန်နေတဲ့ အမူအရာလည်း အနည်းငယ် ပြေလျော့သွားခဲ့တယ်။
ရန်ကိုင်သာ ထိုယန်သလင်း ကျောက်စိမ်းအိပ်ရာကို လက်လျှော့လိုက်သရွေ့ အားလုံးက ပြေပြေလည်လည်နဲ့ ဆွေးနွေးလို့ ရပါတယ်။
“စီနီယာလီသာ စိတ်မရှိဘူးဆိုရင် ခင်ဗျားရဲ့ အခြေအနေ အကြောင်းကို ဆွေးနွေးကြတာပေါ့” ရန်ကိုင်က ပြုံးလိုက်ပြီး လူစီကို လှမ်းကြည့်လိုက်တယ်။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ဖြစ်နေပေမယ့် ရန်ကိုင်ရဲ့ စကားကြောင့် လူစီလည်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရတယ်။ ထို့နောက် သူ့ကိုယ်သူ လက်ညိုးထိုးလိုက်ပြီး မေးလိုက်တယ် “ဒီလူအိုကြီးရဲ့ အခြေအနေလား”
“အင်း” ရန်ကိုင်က ယဉ်ယဉ်ကျေးကျေးနဲ့ ခေါင်းပြန်ညိတ်ပြလိုက်တယ်။
“သခင်လေးရန် ပြောစရာ ရှိရင် ပြောလေ၊ ဒီလူအိုကြီးက နားထောင် ကြည့်ရတာပေါ့” လူစီက ပြုံးလိုက်ပြီး ရန်ကိုင်ကို စိတ်ဝင်တစားနဲ့ လှမ်းကြည့်လိုက်တယ်။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်ပြီးသွား ကတည်းက သူ့ရှေ့မှာ တစ်ယောက်ယောက်က အခုလိုမျိုး ပြုမူပြောဆိုရဲတာ ပထမဆုံးပါပဲ။
ရန်ကိုင် ဘာပြောမလဲ ဆိုတာကိုလဲ လူစီ တော်တော်လေး သိချင်နေမိခဲ့တယ်။ ဘာအံ့အားသင့်စရာတွေများ သူယူဆောင်လာမလဲ ဆိုတာကို လူစီ တွေးတောစဉ်းစား နေခဲ့တယ်။
“ကောင်းပြီ။ ကျုပ်စကားက စီနီယာကို ရန်စစော်ကားမိသလို ဖြစ်သွားခဲ့ရင်း ခွှင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ရန်ကိုင်က လေးလေးစားစားနဲ့ ပြောလိုက်ပြီးနောက် တုန့်ဆိုင်းခြင်းမရှိပဲ သူပြောချင်တာကို စပြောလိုက်တယ် “စီနီယာလီက အင်မော်တယ် တက်လှမ်းခြင်းအထက်အဆင့်ကို ရောက်ရှိနိုင်ခဲ့ပြီး ဒီကျင့်ကြံခြင်း လောကြီးရဲ့ အထွတ်အထိပ် စွမ်းအားရှင် တစ်ယောက် ဖြစ်လာနိုင်ခဲ့တယ်။ အဆင့်တူ ကျင့်ကြံခြင်းအဆင့် ပညာရှင်တွေနဲ့ မတွေ့သရွေ့ စီနီယာလီနဲ့ ဖက်ပြိုင်နိုင်တဲ့ လူနည်းနည်းလေးပဲ ရှိတယ်လို့တောင် ပြောလို့ရတယ်”
လူစီက ပြုံးလိုက်တယ်… သူ့အပြုံးက နွေးထွေးမှု မရှိသလို အေးစက်မှုလည်း မရှိပါဘူး။ ဗလာအပြုံးတစ်ခုပါ။
“အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်က ဘယ်လို နယ်ပယ်မျိုးလဲ ဆိုတာကို ဒီဂျူနီယာ မသိဘူး။ ဒါပေမယ့် အဲ့အဆင့်ကို ရောက်တာနဲ့ ပြင်ပအကူ ပစ္စည်းတွေကို သုံးပြီး ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ဖို့က တော်တော်လေး ခက်ခဲတယ် ဆိုတာကိုတော့ သိတယ်။ စီနီယာလီ အနေနဲ့ ဘယ်လိုအဖိုးတန် ရတနာကိုပဲ အသုံးပြုပြု၊ ဘယ်စိတ်ဝိဥာဉ် ဆေးလုံးကိုပဲ အသုံးပြုပြု၊ စီနီယာလီရဲ့ ကျင့်ကြံခြင်းကို များများစားစား တိုးတက်သွားအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ အကြီးအကဲစီရဲ့ ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းက သိုင်းတာအိုကို နားလည်ဆင်ခြင်းပြီး မိုးမြေရဲ့ အချုပ်အနှောင်တွေကို ချိုးဖျက်ဖို့ပဲ”
လူစီက ရန်ကိုင်ကို စိုက်ကြည့်နေရင်းနဲ့ သူ့အမူအရာက လေးနက် တည်ကြည်လာခဲ့တယ်။ သူ့ရှေ့က လူငယ်လေးက ထိုဆန်းကြယ်တဲ့ သဘောတရားကို ဘယ်လိုသိသွားလဲ ဆိုတာကို သူမသိနိုင် ဖြစ်နေခဲ့တယ်။
ရန်ကိုင်က လူစီကို ကြည့်နေရင်းနဲ့ ယုံကြည်ချက်ရှိတဲ့ အပြုံးတစ်ခုကို ရုတ်တရက် ဆင်မြန်းလိုက်ပြီး “အခန်းထဲကို ဒီဂျူနီယာ ဝင်လာကတည်းက စီနီယာစီက ကျောက်စိမ်းအိပ်ရာပေါ်မှာ ထိုင်နေခဲ့တာ။ စီနီယာစီ ပုံစံကြည့်ရတာ ကျောက်စိမ်း အိပ်ရာထက်ကနေ ထသွားထလာ လုပ်လေ့ မရှိတဲ့ ပုံစံပဲ။ နည်းနည်းလေးတောင် မထပဲ ဒီကျောက်စိမ်း အိပ်ရာထက်မှာ လပေါင်းများစွာ၊ ဒါမှမဟုတ် နှစ်ပေါင်းများစွာ တောက်လျှောက် ထိုင်နေတာလည်း ဖြစ်နိုင်တာပဲ”
“အင်း” လူစီက အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။
“စီနီယာစီဘာလို့ အခုလို လုပ်နေရလဲ ဆိုတဲ့ အကြောင်းပြချက် နှစ်ခုပဲ ရှိတယ်။ တစ်ခုက ဒီကျောက်စိမ်းအိပ်ရာကို သုံးပြီး စီနီယာစီရဲ့ ကျင့်ကြံခြင်းနဲ့ ခွန်အားကို တိုးမြှင့်ဖို့… ဒါပေမယ့် ကျုပ်ပြောခဲ့သလိုပဲ စီနီယာစီရဲ့ လက်ရှိကျင့်ကြံခြင်း အဆင့်မှာ သိုင်းတာအိုကို ကိုယ့်ဘာသာကိုယ် နားလည်ဆင်ခြင်ပြီး တိုးတက်အောင်ပဲ လုပ်နိုင်လိမ့်မယ်။ အဖိုးတန် ရတနာတွေကို သုံးပြီး ကျင့်ကြံမယ် ဆိုရင်တောင် စီနီယာစီရဲ့ ခွန်အားကို များများစားစား တိုးလာစေလိမ့်မှာ မဟုတ်ဘူး။ ဒါကြောင့် အဲ့တစ်ချက်ကို ပယ်လိုက်တယ်”
“သခင်လေးရန်က အရမ်းကို တစ်ဖက်သတ် ဆန်တာပဲနော်” လူစီက ကြိတ်ပြုံးလိုက်ပြီး “ဒီလူအိုကြီးရဲ့ ကျင့်ကြံခြင်းအဆင့်မှာ ပြင်ပအကူအညီကို သုံးပြီး ခွန်အားတိုးတက်အောင် လုပ်ဖို့က အရမ်းကို ခက်ခဲတယ် ဆိုပေမယ့် ဒီကျောက်စိမ်း အိပ်ရာကို သုံးပြီး ငါ့ရဲ့ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် ကျိန်းသေ လုပ်လို့ရတယ်”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ စီနီယာစီ၊ ခင်ဗျားက ယန်အမျိုးစား ကျင့်စဉ် တစ်ခုကိုမှ လေ့ကျင့်မထားဘူး၊ ဒါကြောင့် ကျောက်စိမ်း အိပ်ရာပေါ်မှာ ထိုင်နေတာက စီနီယာစီရဲ့ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ဆောင် ပေးနိုင်မှာ မဟုတ်ဘူး” ရန်ကိုင်က ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်တယ်။
လူစီလည်း မျက်မှောင်မကြုံပဲ မနေနိုင် ဖြစ်သွားခဲ့ကာ ရန်ကိုင်ကို သင်္ကာမကင်းနဲ့ စိုက်ကြည့်လိုက်ပြီး “ဒီလူအိုကြီးက ယန်အမျိုးစား ကျင့်စဉ်ကို လေ့ကျင့်မထားဘူးဆိုတာ မင်းဘယ်လို သိလဲ’
လူစီရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ဆို သူ့ရဲ့ အရှိန်အဝါကို အခြားသူတွေ မမြင်နိုင်အောင် အပြည့်အဝ ဖုံးကွယ်ထားနိုင်ပါတယ်။ ထို့ကြောင့် သူ့ရဲ့ အစစ်အမှန်ချီကို မထုတ်လွှတ်မိသရွေ့ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တွေတောင် သူ့ရဲ့ လျှို့ဝှက်ကျင့်စဉ်ကို စစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တွေတောင် မခန့်မှန်းနိုင်တာကို ရန်ကိုင်က ယုံကြည်ချက်အပြည့်နဲ့ ဘာလို့ ပြောနေနိုင်ရတာလဲ။
ဒါပေမယ့် ရန်ကိုင်က ပြန်ပြီးတော့သာ ပြုံးလိုက်ပြီး ဆက်ပြီး ရှင်းပြမနေခဲ့ပါတယ်။
လူစီ အမူအရာ ပျက်ယွင်းသွားတာက ရန်ကိုင် ပြောလိုက်တာ မှန်တယ် ဆိုတာကို သက်သေပြပြီးသါားခဲ့ပါပြီ။ ထို့ကြောင့် လူစီက ဆက်ပြီး ငြင်းဆန်မနေခဲ့ပဲ “သခင်လေးရန် ပြောတာ မှန်တယ်၊ ဒီလူအိုကြီး ကျောက်စိမ်းအိပ်ရာပေါ်မှာ ထိုင်နေတာက ကျင့်ကြံခြင်းနဲ့ ဘာမှ မသက်ဆိုင်ဘူး”
ရန်ကိုင်အပြုံးက ပိုပြီး တောက်ပလာခဲ့ပြီး ဆက်ပြောလိုက်တယ် “အင်း၊ အဲ့လိုဆိုရင် ရှင်းပြစရာ တစ်ခုပဲ ရှိတော့တယ်။ ကျောက်စိမ်းအိပ်ရာ ပေါ်မှာ အမြဲလိုလို ထိုင်နေတာဆိုတော့ …. စီနီယာစီက တစ်ခုခု ဒါမှဟုတ် ကိုယ့်ကိုယ်ကို ပြန်ကုသဖို့ ကြိုးစားနေလို့ပဲ ဖြစ်ရမယ်”
လူစီရဲ့ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး အပြင်ဘက်မှာ ရှိနေတဲ့ လူမိသားစုဝင်တွေလည်း လေအေးတစ်ချက် ရှိုက်လိုက်ကြတယ်။ လူတိုင်းရဲ့ နှလုံးသားတွေ တင်းကြပ်လာခဲ့ပြီး သူတို့ကြားက လေထုက ရုတ်တရက် တင်းမာလာခဲ့တယ်။ ဒါပေမယ့် ရန်ကိုင် အမြင်ထက်ရှမှုကို သူတို့ မချီးကျူးပဲ မနေနိုင်အောင် ဖြစ်ခဲ့ရတယ်။
လူစီက လူမိသားစုရဲ့ အခြေံ အုတ်မြစ်ကြီးပါပါ။ ဒါ့ကြောင့် လူစီ ဒဏ်ရာရနေတာက လူမိသားစုရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကြီး ဖြစ်လာခဲ့ပါတယ်။ ထိုလျှို့ဝှက်ချက်သာ အပြင်ဘက်ကို ပေါက်ကြား သွားမယ်ဆိုရင် လူမိသားစု အနေနဲ့ ပြင်းထန်တဲ့ ကပ်ဘေးကို ရင်ဆိုင်ရမှာပါ။
ကျင့်ကြံခြင်း လောကကြီး ထိပ်ဆုံးအဆင့် အင်အားစုတွေကို အသာထား၊ အနီးအနားမှာ ရှိနေတဲ့ ပထမအဆင့် အင်အားစုတွေက လူမိသားစုကို ဖိနှိပ်ဖို့ ကြိုးပမ်းလာကြမှာပါ။
လူစီမျက်ဝန်းထဲ ဖြတ်ပြေးသွားသည့် အန္တရာယ်ရှိသည့် အလင်းရောင်ကို သတိမပြုမိသည့်အလား ရန်ကိုင်က သူပြောချင်ရာကိုသာ ဆက်ပြောနေခဲ့တယ် “စီနိယာစီ၊ ခင်ဗျားရဲ့ အရှိန်အဝါကို လုံလုံခြုံခြုံ ဖုံးကွယ်ထားပေမယ့် ခင်ဗျားကိုယ်တစ်ဝိုက် ရစ်ပတ်နေတဲ့ အားနည်းတဲ့ အရိပ်အယောင်တွေ ရှိနေခဲ့တယ်။ ခင်ဗျား သွေကြောတွေထဲမှာ စီးဆင်းနေတဲ့ အစစ်အမှန်ချီ တွေကလည်း သန့်စင်ခြင်း ရှိမနေခဲ့ဘူး။ ဂျူနီယာသာ မမှားဘူးဆိုရင်… စီနီယာစီရဲ့ သွေးကြောတွေက တစ်ပိုင်းတစ်စ ပိတ်ဆို့နေတာပဲ ဖြစ်ရမယ်။
လူစီ မျက်ဝန်းအစုံး ချက်ချင်း ဆိုသလို မှေးကျဉ်းသွားခဲ့ပြီး ရန်ကိုင်ကို မွန်းစတားတစ်ကောင်အား ကြည့်နေသလို စိုက်ကြည့်လိုက်တယ်။ သူ့ရဲ့ တည်ငြိမ်နေတဲ့ ဟန်ပန်အမူအရာ နေရာမှာ ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ ပြည့်နေတဲ့ အမူအရာက အစားထိုး ဝင်ရောက်လာခဲ့တယ်။
သူ့ရှေ့က လူငယ်လေးက အစစ်အမှန်ဒြပ်စင်အဆင့်၇ ကျင့်ကြံသူ တစ်ယောက် စစ်စစ်ပါ။
ဒါပေမယ့် ဗဟုသုတနဲ့ ထက်ရှတဲ့ သူ့ရဲ့ အမြင်က အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ များစွာထက်တောင် သာလွန်နေပါသေးတယ်။ သူ့ရဲ့ ယူဆထင်မြင်ချက်က လူစီရဲ့ အခြေအနေမှန်ကို အပြည့်အဝ ထုတ်ဖော်သွားနိုင်ခဲ့တယ်။
လူစီရဲ့ အကြည့်က အလွန်အမင်း သုန်မှုန်လာခဲ့ပြီး အပြင်ဘက်မှာ ရှိနေတဲ့ အကြီးအကဲတွေလည်း အလွန်အမင်း ကြောက်ရွံ့လာခဲ့ကြတယ်။
သူတို့ရဲ့ အကြီးမားဆုံး လျှို့ဝှက်ကို အပြင်လူတစ်ယောက်က သိနေတဲ့အတွက် လူမိသားစုဝင်တွေ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားတာ မထူးဆန်းပါဘူး။
ရန်ကိုင်က သည်းလှိုက်အူလှိုက် ရယ်မောလိုက်ပြီး ဆက်ပြောလိုက်တယ် “အခုစကားကို ပြောလိုက်တဲ့လူက ကျုပ်မဟုတ်ပဲ အခြားတစ်ယောက်သာ ဆိုရင် အခုအချိန်လောက်ဆို သေမင်းနဲ့ သွားတွေ့နေရလောက်ပြီ”
“အင်း” လူစီက ခေါင်းညိတ်လိုက်ပြီး သူ့အမူအရာကို ပြန်ထိန်းလိုက်တယ် “လူမိသားစုရဲ့ ငြိမ်းချမ်းရေးအတွက်ဆို လူနည်းနည်း သေတော့ရော ဘာဖြစ်လဲ”
“ကောင်းတယ်၊ ဒါပေမယ့် ကျုပ်ကတော့ မတူဘူးလေ… ဟုတ်တယ်မလား။ လူမိသားစု အနေနဲ့ ကျုပ်ကိုသတ်ဖို့ စဉ်းတောင် မစဉ်းစားသင့်ဘူး” ရန်ကိုင်က ဘာကိုမှ ဂရုမစိုက်သည့် လေသံနဲ့ ပြောလိုက်တယ်။
လူစီက ခါးခါးသီးသီးနဲ့ အံ့ကြိတ်လိုက်ပြီး အပြင်ဘက်မှာ ရှိနေတဲ့ လူမိသားစု အကြီးအကြတွေ အကုန်လုံးကတော့ ခေါင်းလေး စိုက်ကျသွားခဲ့တယ်။
“အခု ကျုပ်က လူမိသားစုရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကို သိသွားပြီဆိုတော့ လူမိသားစု အနေနဲ့ ဘာကိုသုံးပြီး ကျုပ်ပါးစပ်ကို ပိတ်ချင်လဲ” ရန်ကိုင်က လူစီကို ရိုးသားအပြစ်ကင်းတဲ့ ဟန်ပန်နဲ့ ကြည့်လိုက်တယ်။
လူစီရဲ့ အမူအရာ နောက်တစ်ကြိမ် ရှုံ့မဲ့သွားခဲ့တယ်။ ဂျူနီယာ တစ်ယောက် ဆော့ကစားကို ခံရဖူးတာ ဒါပထမဆုံး အကြိမ်ပါပဲ။ ရန်ကိုင်ရဲ့ အဆင့်အတန်းနဲ့ သူ့နောက်ကွယ်က မဟာအင်အားစုကြီးကို စဉ်းစားလိုက်ရုံနဲ့တင် လူစီ ခေါင်းကိုက် ချင်လာခဲ့တယ်။
“သခင်လေးရန်၊ ဘာပဲတောင်းဆို တောင်းဆို၊ ကျုပ်တို့ လူမိသားစုက အတတ်နိုင်ဆုံး ကြိုးစားပြီး သခင်လေးရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမှာပါ။ ဒါပေမယ့် ဒီယန်သခင်း ကျောက်စိမ်း အိပ်ရာကိုတော့ ဘယ်လိုမှ မပေးနိုင်ပါဘူး” လူစီ အလွန်အမင်း နောင်တ ရနေခဲ့တယ်။ ထိုကောင်စုတ်လေးသာ ဒီလောက်အထိ အမြင်စူးရှပြီး ကောက်ကျစ်စဉ်းလဲတဲ့ လူတစ်ယောက် ဖြစ်မှန်း သိခဲ့ရင် သူ့သိချင်စိတ်အတွက်နဲ့ ရန်ကိုင်ကို အိမ်ထဲ ဖိတ်ခေါ်ခဲ့လိမ့်မှာ မဟုတ်ပါဘူး။ မြေခွေးကို သူ့အိမ်ထဲ ခေါ်သွင်းမိလိုက်လေပြီ။
ရန်ကိုင် မျက်မှောင် ကြုံ့လိုက်လေပြီ။ အခု အခြေအနေထိ ရောက်နေတာတောင် လူစီက ယန်သလင်း ကျောက်စိမ်းအိပ်ရာကို ပေးဖို့ ငြင်းဆန်နေတုန်းပါပဲ။ ကြည့်ရတာ ထိုကျောက်စိမ်း အိပ်ရာက သူ့အတွက် အရမ်းကို အရေးပါနေလို့ပဲ ဖြစ်ရပါမယ်။
ထိုကျောက်စိမ်း တုံးကြီးက သန့်စင်တဲ့ ယန်စွမ်းအင် များစွာ ပါဝင်နေတဲ့ ဆန်းကြယ်အဆင့် အဖိုးတန် ရတနာတစ်ခုပါ။ လူစီက ကျောက်စိမ်းတုံးကြီးထဲက ယန်စွမ်းအင်ကို သုံးပြီး သူ့သွေးကြောတွေကို နွေးထွေးအောင် လုပ်ထားတာပါ။ အကယ်၍ ရန်ကိုင်သာ ထိုကျောက်စိမ်းတုံးကြီးကို ယူသွားခဲ့မယ် ဆိုရင် လူစီ မကြာခင်မှာပဲ သေသွားရပါလိမ့်မယ်။ ထို့ကြောင့် လူမိသားစု အနေနဲ့ ထိုကျောက်စိမ်းတုံးကို လက်လွှတ်ဖို့က လုံးဝကို မဖြစ်နိုင်ပါဘူး။
အတွေးထဲ နစ်မြောနေရင်း ရန်ကိုင်က ရုတ်တရက် မော့ကြည့်လိုက်ပြီး မေးလိုက်တယ် “နောက်ထပ် အခြေအနေတွေများ မရှိတော့ဘူးလား”
လူစီသာ သူ့သွေးကြောတွေကို တည်ငြိမ်အောင်လုပ်ဖို့ ထိုယန်သလင်း ကျောက်စိမ်းအိပ်ရာကို မလိုတော့ဘူးဆိုရင် ရန်ကိုင် အတွက် လုံးဝကို အဆင်ပြေသွားပါပြီ။ ဒါပေမယ့် နောက်ထပ် နည်းလမ်း တစ်ခု မရှိတော့ဘူး ဆိုရင်တော့ သူ့အနေ့ လက်လျှော့ရုံက လွဲပြီး အခြားမရှိတော့ပါဘူး။
“ရှိတယ်” ဒါပေမယ့် လူစီက ချက်ချင်း နောက်ထပ်နည်းလမ်း တစ်ခု ရှိတယ်လို့ ချက်ချင်း ပြောဆိုလာတဲ့အတွက် ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့ရတယ်။
“အို၊ ဘယ်လိုမျိုးလဲ၊ တစ်ချက်လောက် ပြောပါဦး” မျှော်လင့်ချက် ကောက်ရိုးမျှင်လေးကို မြင်လိုက်တာနဲ့ ရန်ကိုင်လည်း အလျင်စလို ကောက်မေးလိုက်တယ်။
“အထူးစိတ်ဝိဥာဉ်ဆေးလုံးပဲ” လူစီက ရန်ကိုင်ကို ကြည့်ကာ ပြုံးလိုက်ပြီး “သခင်လေးသာ ဒီလူအိုကြီး အဲ့ဆေးလုံး ပေးနိုင်မယ် ဆိုရင် ဒီလူအိုကြီးလည်း ကျောက်စိမ်းအိပ်ရာကို သခင်လေးဆီ ဝမ်းပန်းတသာနဲ့ ပေးလိုက်မှာ”
လူစီ အခုလိုမျိုး ပြောလာကတည်းက သူလိုနေတဲ့ ဆေးလုံးက သာမန်ဆေးလုံး မဟုတ်မှန်း ကျိန်းသေသွားပါပြီ။
“ဆန်းကြယ်အဆင့် ဆေးလုံးလား” ရန်ကိုင်က ဒက်ခနဲ တန်းသိလိုက်တယ်။
“ဟုတ်တယ်၊ ဆန်းကြယ် အလယ်အလတ်အဆင့် ဆေးလုံး တစ်လုံးပဲ” လူစီက ထပ်ပြောလိုက်တယ်။
ရန်ကိုင် အမူအရာ လှုပ်ခါသွားခဲ့တယ်။ ဆန်းကြယ် အလယ်အလတ် အဆင့် ဆေးလုံးလား။ ဒီကျင့်ကြံခြင်း လောကကြီးထဲမှာ ဆန်းကြယ်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်တဲ့ ဆေးပညာရှင် အရေအတွက်က လက်တစ်ဆုပ် စာလောက်ပဲ ရှိပါတယ်။ ဆေးပညာရှင်ကို အသာထား၊ ဆန်းကြယ်အဆင့် ဆေးလုံးကို ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးအမယ်တွေကတောင် တော်တော်လေး ရှားပါတယ်။ ပြီးတော့ ဆေးဖော်စပ်ရှာမှာ ကျရှုံးနိုင်ချေလည်း ရှိပါသေးတယ်။ ဆန်းကြယ်အဆင့် ဆေးလုံးတိုင်းက ငွေဒင်္ဂါးသန်းပေါင်းများစွာ ထိုက်တန်ပါတယ်။
ဒါပေမယ့် အခြားသူတွေက ဆန်းကြယ်အဆင့် ဆေးလုံး ဖော်စပ်ပေးနိုင်တဲ့ ဆေးပညာရှင်တွေကို ရှာဖွေနိုင်ဖို့ ခေါင်းပေါက်မထွက် စဉ်းစားနေရချိန်၌ ရန်ကိုင်က ထိုဆေးလုံးကို ဖော်စပ်ပေးနိုင်တဲ့ လူနှစ်ယောက်ကို တကယ်ပဲ သိနေခဲ့ပါတယ်။
ရှောင်ဖူရှန်းနဲ့ ရှနင်းချန်။
ရှောင်ဖူချန်းက ဒီကျင့်ကြံခြင်း လောကရဲ့ ဆေးပညာ အသိုင်းအဝိုင်းမှာ အတော်ဆုံး ဆေးပညာရှင် တစ်ယောက်ပါ။ သူက ဆန်းကြယ် အထွတ်အထိပ်အဆင့် ဆေးလုံးတွေကိုတောင် ဖော်စပ်နိုင်ပါသေးတယ်။
သူမကို နောက်ဆုံး အကြိမ်တွေ့ခဲ့တဲ့ အချိန်တုန်းက ရှနင်းချန်က ဆန်းကြယ်အဆင့်နိမ့် ဆေးလုံးကို ဖော်စပ်နေနိုင် ခဲ့ပါပြီ။ သူမရဲ့ ပါရမီ၊ အထူးခန္ဓာကိုယ်နဲ့ဆိုရင် အခုအချိန်လောက်ဆို ရှနင်းချန် အနေနဲ့ တော်တာ်လေး တိုးတက်လာလောက်မှာ မလွဲမသွေပါပဲ။ ဆန်းကြယ်အလယ်အလတ် အဆင့် ဆေးလုံးကို ဖော်စပ်တာက သူမအတွက် အခက်အခဲ တစ်ခု မဟုတ်လောက်တော့ပါဘူး။
ရန်ကိုင် မျက်နှာထက်က ကိုးယိုးကားယား အမူအရာကို မြင်လိုက်တာနဲ့ လူစီက ရယ်မောလိုက်ပြီး “ဒီလူအိုကြီးက နောက်တစ်လှမ်း ဆုတ်ပေးမယ်။ လိုအပ်တဲ့ ဆေးအမယ်တွေကို ဒီလူအိုကြီးရဲ့ လူမိသားစုက ထောက်ပံ့ပေးမယ်။ သခင်လေးရန် လုပ်ဖို့လိုတာက ဆေးလုံးဖော်စပ်ပေးဖို့ ဆေးပညာရှင်ကို ရှာပေးဖို့ပဲ။ ဆေးလုံးကိုသာ ဖော်စပ်ပေးနိုင်ခဲ့မယ် ဆိုရင် ဒီယန်သလင်း ကျောက်စိမ်းအိပ်ရာက သခင်လေးရဲ့ အပိုင်ဖြစ်သွားပြီ။
“တကယ်လား” ရန်ကိုင်မျက်နှာ ချက်ချင်း ဝင်းပသွားခဲ့တယ်။
ရန်ကို အမူအရာကို မြင်လိုက်တာနဲ့ လူစီ မျက်မှောင် ကြုံ့မိလိုက်တယ်။ သူ့စိတ်ထဲ မကောင်းတဲ့ ခံစားချက် တစ်ခု ရလိုက်ပြီး ထိုကောင်စုတ်လေး ဘာလို့ ဒီလောက် စိတ်လှုပ်ရှားလာလဲ ဆိုတာကို သူ့လည်း မစဉ်းစား တတ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ပုံစံက ဉာဏ်များ ကောက်ကျစ်မယ့် ပုံစံ မဟုတ်ပါဘူး။ ယုံကြည်ချက်တွေနဲ့ ပြည့်နေတဲ့ ပုံစံမျိုးပါ။
ဂရမ်းမာစတာအဆင့် ဆေးပညာရှင် တစ်ယောက်နဲ့ သူတကယ်ပဲ သိကျွမ်းနေတာလား”
ဒါပေမယ့် လူစီက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေခဲ့ပါတယ်။ ထွေးပြီးသား တံတွေးတောင် ပြန်ချိုချလို့ မရမှတော့ သူ့လည်း ပြောပြီးသား စကားကို ပြန်ရုတ်သိမ်းဖို့ မဖြစ်နိုင်ပါဘညူး။ ထို့ကြောင့် ချက်ချင်းပဲ ခေါင်းညိတ်ပြလိုက်တယ် “ဒီလူအိုကြီး ပြောတဲ့အတိုင်းပဲ၊ ဆန်းကြယ်အဆင့် ဆေးလုံးကို ဖော်စပ်ပေးနိုင်မယ့် ဆေးပညာရှင်ကို ရှာပေးနိုင်မယ်ဆိုရင် ဒီယန်သလင် ကျောက်စိမ်းအိပ်ရာက မင်းအပိုင်ပဲ”
“ဟားဟားဟား” ရန်ကိုင်က အူမြူးဝမ်းမြောက်စွာနဲ့ ရယ်မောလိုက်ပြီး “အဲ့လိုသာဆိုရင် ဒီကိစ္စက အရမ်းကို လွယ်သွားပြီ။ ကြည့်ရတာ ယန်သလင်း ကျောက်စိမ်းအိပ်ရာက ကျုပ်အပိုင် ဖြစ်တော့မယ်နဲ့ တူတယ်”
ရန်ကိုင်က အရှက်မရှိ ကြွားဝါနေတော့ လူစီလည်း သိချင်သွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ မေးမြန်းလိုက်တယ် “သခင်လေးရန်မှာ နည်းလမ်းလေး၊ ဘာလေးများ ရှိလို့လား”
“အင်း၊အင်း၊ ရှိတာပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်တယ်။
လူစီ အသက်ရှု ရပ်တန့်သွားမတတ် ဖြစ်သွားခဲ့တယ်။ သူ့သွေးကြော ပြဿနာကြောင့် နှစ်ပေါင်းများစွာကြာအောင် ယန်သလင်း ကျောက်စိမ်းအိပ်ရာထက်မှာ ထိုင်နေခဲ့ရပါတယ်။ အပြင်လူတွေ အမြင်မှာတော့ သူက အားလုံး လေးစား ကြောက်ရွံ့ရတဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူ တစ်ယောက်ပေါ့။ ဒါပေမယ့် သူက အခန်းထဲမှာ ချောင်ပိတ်မိနေတဲ့ လူအိုကြီး တစ်ယောက်ဆိုတာကို အတွင်းလူတွေပဲ သိကြပါတယ်။
သူသာ ထိုဆန်းကြယ်အဆင့် ဆေးလုံးကို ရနိုင်ခဲ့မယ်ဆိုရင် သူ့ဒဏ်ရာကို ပြန်ကုသနိုင်ပြီး အရင်လို လွတ်လွတ်လပ်လပ်နဲ့ ပြန်လှုပ်ရှားသွားလာ နိုင်တော့မှာပါ။ ကျောက်စိမ်းတုံးကို ပေးရမယ်ဆိုရင် ပေးရတာနဲ့ ပြန်ရတာနဲ့က တကယ်ကို ထိုက်တန်ပါတယ်။
တံတွေးတစ်လုတ် မျိုချလိုက်ပြီး သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်ကာ အသံတုန်တုန်ရီရီနဲ့ မေးလိုက်တယ် “ဘယ်ဂရမ်းမာစတာအဆင့် ဆေးပညာရှင်နဲ့များ သခင်လေးရန် သိကျွမ်းတာလဲ သိလို့ရမလား”
ရန်ကိုင်က အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်ပြီး ပြန်ပြောလိုက်တယ် “ဒီဂျူနီယာက ဆေးဘုရင်တောင်ကြားက တိမ်ဖုံးတောင်ထွတ်မှာ နည်းနည်းကြာကြာလေး နေခဲ့ဖူးတယ်”
လူစီ အကြည့် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး အပြင်ဘက်မှာ ရှိနေတဲ့ လူမိသားစု အကြီးအကဲတွေလည်း သူတို့ နားကြား မှားလိုက်သလားလို့တောင် ထင်သွားခဲ့ရပါတယ်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လူစီက နောက်တစ်ကြိမ် ထပ်မေးလိုက်တယ် “တိမ်ဖုံးတောင်ထွတ်လား၊ ဂရမ်းမာစတာရှောင် နေတဲ့ နေရာပေါ့”
“အင်း”
လူစီရဲ့ အမူအရာ ရုတ်ချည်း ထူးဆန်းသွားခဲ့ပြီး ရန်ကိုင်ကို အထက်အောက် သေချာစူးစမ်းကြည့်ရင်း မျက်မှောင်ကြုံကာ ပြောလိုက်တယ် “သခင်လေးရန်က နောက်နေတာတော့ မဟုတ်ဘူးမလား”
“ဘယ်ကသာ နောက်ရမှာလဲဗျာ”
လူစီမျက်နှာက ပိုပြီး စိတ်ရှုပ်ထွေးသွားတဲ့ ပုံပေါက်သွားခဲ့တယ်။ ထို့နောက် ဖြေးဖြေးချင်း ခေါင်းခါယမ်လိုက်ပြီး ဖြေးဖြေးချင်းပဲ ပြောလိုက်တယ် “ဒီလူအိုကြီးက သခင်လေးရန်ရဲ့ စကားကို မယုံတာ မဟုတ်ပေမယ့်လေ… ဂရမ်းမာစတာရှောင်မှာ တပည့်တစ်ယောက်ပဲ ရှိတယ်၊ ပြီးတော့ အဲ့တပည့်က မိန်းကလေးတစ်ယောက်ပဲ။ အဲ့အကြောင်း ဘေးဖယ်ထားမယ် ဆိုရင်တောင် လွန်ခဲ့တဲ့နှစ်လ တုန်းက တိမ်ဖုံးတောင်ထွတ်ဆီ ဒီလူအိုကြီး သွားခဲ့သေးတယ်။ အဲ့တုန်းက သခင်လေးရန်ကို မတွေ့ခဲ့မိပါလား”
Martial Peak
အပိုင်း (၃၈၀) အဲ့ဆေးလုံးကို အောင်အောင် မြင်မြင်ဖော်စပ်နိုင် လိမ့်မယ်လို့ ကျုပ်ကျိန်းသေ အာမခံတယ်
“လွန်ခဲ့တဲ့ နှစ်လတုန်းကလား” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်ပြီး “အဲ့တုန်းက ကျုပ်က တိမ်မိစ္ဆာနယ်မြေက အင်အားစုတွေနဲ့ တိုက်ခိုက်နေခဲ့ရတာ။ ဒါကြောင့် ခင်ဗျားကျုပ်ကို မတွေ့ခဲ့တာ မထူးဆန်းပါဘူး။ ကျုပ်က တိမ်ဖုံးတောင်ထွတ်မှာ လနည်းနည်းလောက်ပဲ နေပြီး ထွက်သွားခဲ့တာ”
တစ်ခုခုကို တွေးမိသွားပုံရာက ရုတ်တရက် ကောက်ပြုံးလိုက်ပြီး မေးလိုက်တယ် “စီနီယာစီက တိမ်ဖုံးတောင်ထွတ်ဆီ ရောက်ပြီးမှာတော့ ဂရမ်းမာစရာရှောင်ကို ဘာလို့ အကူအညီ သွားမတောင်းတာလဲ”
လူစီက ပြုံးလိုက်ပြီး “အဲ့တုန်းက ဆေးဘုရင်တောင်ကြား တစ်ခုလုံး ပရမ်းပတာတွေ ဖြစ်နေတာလေ။ ဂရမ်းမာစတာ ရှောင်ဆိုရင်လည်း အရမ်း အလုပ်ရှုပ်နေခဲ့တာ။ သူ့တပည့် ပြောပုံအရဆို သူက တစ်ခုခုကို အားကြိုးမာန်တက် လေ့လာနေတဲ့ ပုံပဲ။ ဒီလူအိုကြီးက တိမ်ဖုံးတောင်ထွတ်ဆီ ရောက်ခဲ့ပေမယ့် ဂရမ်းမာစတာရှောင်နဲ့တော့ စကားပြောခွင့် မရခဲ့ဘူး”
ထိုအကြောင်း ပြန်ပြောနေတဲ့ အချိန်အတွင်း လူစီမျက်နှာထက် ရှက်ရွံ့သည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။
ထိုသူက ရှောင်ဖူချန်းပါ။
ရှောင်ဖူချန်းက အားကောင်းတဲ့ သိုင်းပညာရှင် တစ်ယောက် မဟုတ်ပါဘူး။ ပြီးတော့ ဆေးဘုရင်တောင်ကြားက ဒုတိယအင်အားစု အဆင့်တစ်ခုသာသာပါပဲ။ ဒါပေမယ့် ဒီကျင့်ကြံခြင်း ကမ္ဘာရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေတဲ့ လူစီလို လူစားမျိုးကတောင် ရှောင်ဖူချန်းနဲ့ မျက်နှာချင်းဆိုင် တွေ့ခွင့် မရခဲ့ပါဘူး။
ဒါပေမယ့် လူစီက နည်းနည်းလေးတောင် အထွန့်မတက် ခဲ့ပါဘူး။ သူလေသံထဲ ရှောင်ဖူချန်းကို လေးစားနေသည့် အရိပ်အယောင်တို့တောင် ပါဝင်နေပါသေးတယ်။
“ကျုပ်သိပြီ…” ရန်ကိုင်က ဥာဏ်များတဲ့ မြေခွေးတစ်ကောင်လို ပြုံးကာ ပြောလိုက်တယ် “ကျုပ်သာ ဂရမ်းမာစတာရှောင်ကို ခင်ဗျားပြောတဲ့ ဆန်းကြယ်အလယ်အလတ် အဆင့် ဆေးလုံး ဖော်စပ်ခိုင်းနိုင်ခဲ့မယ် ဆိုရင် ကျုပ်တို့ရဲ့ သဘောတူညီချက်ကို ဖြည့်ဆည်းပေးလိုက်တာနဲ့ အတူတူပဲပေါ့၊ ဟုတ်တယ်မလား”
“မင်း” လူစီက ကသိကအောက် အမူအရာနဲ့ ရန်ကိုင်ကို ကြည့်လိုက်ပြီး ဖြေးဖြေးချင်း ခေါင်းခါယမ်လိုက်ကာ “ဂရမ်းမာစတာရှောင်ကို တောင်းဆိုဖို့ ဘယ်လိုလုပ်ပြီး အဲ့လောက် လွယ်နိုင်မှာလဲဟ”
အပြင်ဘက်မှာ ရပ်စောင့်နေတဲ့ လူလျန်ကလည်း ဝင်ပြောလိုက်တယ် “သခင်လေးရန်၊ အချို့ စကားတွေက ပြောချင်တိုင်း ပြောလို့ကောင်းတဲ့ စကားတွေ မဟုတ်ဘူးနော်”
ရန်ကိုင်ကတော့ လူစီကိုသာ အမှုမထားဟန်နဲ့ ဆက်ပြီး စိုက်ကြည့်နေခဲ့ပြီး ခေါင်းခါယမ်းလိုက်ကာ “ကျုပ်မှာ အဲ့လိုစကားပြောဖို့ အရည်အချင်း ရှိလား၊ မရှိလား ဆိုတာကိုတော့ ခင်ဗျားတို့ကိုယ်တိုင် မြင်တွေ့ရမှာပါ။ တိမ်ဖုံးတောင်ထွတ်မှာ အချိန်အကြာကြီး မနေခဲ့ပေမယ့် ဂရမ်းမာစတာရှောင်ကို ဆန်းကြယ်အလယ်အလတ် အဆင့် ဆေးလုံးတစ်လုံးလောက် သန့်စင်ပေးဖို့ တောင်းဆိုတာက ပြဿကြီးတစ်ခု မဟုတ်ပါဘူး”
လူစီက ရန်ကိုင်ကို တစ်ချက်ကလေးတောင် မျက်တောင်မခတ်ပဲ တောက်လျှောက် စိုက်ကြည့်နေခဲ့တယ်။
အပြင်ဘက်မှာ ရှိနေတဲ့ လူလျန်နဲ့ လူမိသားစု အကြီးအကဲတွေလည်း အံ့အားသင့်သွားခဲ့ကြတယ်။ ရှောင်ဖူချန်းဆိုတာ ဘယ်သူလဲ၊ ရှောင်ဖူချန်းက ဘယ်လို အဆင့်အတန်းမျိုးမှာ ရှိနေလဲဆိုတာကို သူတို့ သိထားပြီးသားပါ။ လူမိသားစုရဲ့ လူစီတောင် သူနဲ့ မျက်နှာချင်းဆိုင် တွေ့ဖို့ အခွင့်အရေး မရခဲ့ပါဘူး။ အဲ့ဒါကို ရန်ကိုင်လို လူငယ်လေး တစ်ယောက်က ဂရမ်းမာစတာရှောင်ကို ဆေးလုံး ဖော်စပ်ခိုင်းမယ်တဲ့။ ထိုကောင် ဘယ်ကနေများ အခုလို ယုံကြည်ချက်တွေ ရနေလဲ ဆိုတာကိုတော့ သူတို့လည်း မတွေးတတ်ခဲ့ပါဘူး။
ပြီးတော့ ဆန်းကြယ် အလယ်အလတ် အဆင့် ဆေးလုံးဆိုတာ သာမန် ဆေးလုံး မဟုတ်ပါဘူး။ ဂရမ်းမာစရှောင်တောင် ထိုဆေးလုံးမျိုး သန့်စင်ဖို့ဆို တော်တော်လေး အားစိုက်ထုတ်ဖို့ လိုပါတယ်။
“ဒါက အဲ့ဆေးလုံးကို ရဖို့ အကောင်းဆုံး အခွင့်အရေးနော်.. စီနီယာစီ။ ခင်ဗျား သေချာစဉ်းစားသင့်တယ်” ရန်ကိုင်က လူစီကို အပြုံးလေးပြုံးရင်းနဲ့သာ ဆက်ပြီး စိုက်ကြည့်နေခဲ့တယ်။
လူစီလည်း ရန်ကိုင်ကိုပဲ ယုံလိုက်ရမလား၊ မယုံရဘူးလား ဆိုတာကို မသေချာ မရေရာ ဖြစ်နေခဲ့တယ်။
ယုတ္တိရှိရှိ ပြောရမယ် ဆိုရင်တော့ ရန်မိသားစုရဲ့ ခသင်လေး တစ်ယောက်ဖြစ်တဲ့ ရန်ကိုင် အနေနဲ့ သူ့ကို အခုလိုမျိုး လှည့်စားစရာ မလိုပါဘူး။ ဒါပေမယ့် နောက်တစ်ဖက်က စဉ်းစားမယ်ဆိုရင် သူက ဂျူနီယာတစ်ယောက် ဖြစ်နေတုန်းပါပဲ။ လူငယ်ဆိုတော့ လေတစ်လုံး၊ မိုးတစ်လုံးနဲ့ ကြွားလုံးထုတ်တာက သူတို့အတွက် သဘာဝလိုလို ဖြစ်နေပါတယ်။
အချိန်အတော်ကြာပြီးနောက် လူစီက ရုတ်တရက် ပြောလိုက်တယ် “သခင်လေးရန်ကို ဒီလူအိုကြီး မယုံတာ မဟုတ်ပေမယ့် သခင်လေးက အခုလို ပြောရဲမှတော့ သခင်လေးရန်နဲ့ ဂရမ်းမာစတာရှောင် ကြားက ဆက်ဆံရေးက သာမန် မဟုတ်လောက်ဘူး”
ရန်ကိုင်က ခေါင်းညိတ်လိုက်တယ်။ ဒါပေမယ့် သူ့မျက်နှာ အမူအရာကတော့ နည်းနည်းလေးမှ မပြောင်းလဲ သွားခဲ့ပါဘူး။
“သခင်လေးရန်သာ တိမ်ဖုံးတောင်ထွတ်မှာ လနည်းနည်းလောက် နေခဲ့မယ်ဆိုရင် ဒီလူအိုကြီးက သခင်လေးရန်ကိုင် မေးခွန်း နည်းနည်းလောက် မေးချင်တယ်” ရန်ကိုင်က အမှန်ကို ပြောနေတာလား၊ လိမ်ပဲ ပြောနေတာလားကို သူအတည်ပြုချင်ပါသေးတယ်။
“စီနီယာစီ ကြိုက်တာမေးပါ”
ရန်ကိုင် မျက်နှာထက် တုန်လှုပ်သွားသည့် အရိပ်အယောင် စိုးစဉ်းမျှ မတွေ့ရတဲ့အတွက် လူစီက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး စမေးလိုက်တယ် “ဂရမ်းမာစတာရှောင်မှာ တပည့်တစ်ယောက် ရှိတယ်။ သခင်လေးရန်၊ သူမနဲ့ သိလား”
ရန်ကိုင်က ရယ်မောလိုက်ပြီး “စီနီယာလီက အဲ့မိန်းကလေးတပည့် နာမည်ကို မေးမထားလိုက်ဘူးလား”
“သူမနာမည်က ဒေါင်ချင်းဟန်နဲ့ တူတယ်၊ ဒေါင်မိသားစုရဲ့ အကြီးဆုံး သမီးလေ”
“ဒေါင်မိသားစုနဲ့ ကျုပ်တို့ ရန်မိသားစုက လက်ထပ်ပြီး ဆက်ဆံရေး ထူတောင်ထားကြတယ်၊ ဒေါင်ချင်းရန်က ကျုပ်ရဲ့ ဝမ်းကွဲပဲ’
လူစီမျက်မှောင် ကြုံ့လိုက်တယ်။ ထို့နောက် တစ်ခုခုကို ပြန်အမှတ် ရသွားပုံပေါ်ကာ ထိတ်လန့်တကြားနဲ့ အော်ပြောလိုက်တယ် “အဲ့တော့ အဲ့လူက သခင်လေးရန် ဖြစ်နေတာကိုး”
“အန်၊ ဘယ်လူလဲ” ရန်ကိုင်က နားမလည်သည့် ဟန်နဲ့ ပြန်မေးလိုက်တယ်။
“ဒီလူအိုကြီး တိမ်ဖုံးတောင်ထွတ်ဆီ သွားတုန်းက အခြားလူတွေ ပြောနေတာ ကြားခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ဂရမ်းမာစတာရှောင်က တပည့်ရွေးပွဲ တစ်ခု လုပ်ခဲ့တယ်တဲ။ အဲ့စမ်းသပ်ပွဲကို ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က အောင်မြင်သွားခဲ့တယ်။ မိန်းကလေး နာမည်က ဒေါင်ချင်းဟန် ဖြစ်ပြိး ယောကျ်ားလေးကတော့ ဒေါင်ချင်းဟန်ရဲ့ သက်တော်စောင့်တဲ့… လတ်စသတ်တော့ အဲ့သက်တော်စောင့်က သခင်လေးရန် ဖြစ်နေတာကိုး”
“အင်း” ရန်ကိုင်က ဘူးခံ ငြင်းမနေခဲ့ပဲ အလျင်အမြန်ပဲ ထပ်ပေါင်း ပြောလိုက်ပါတယ် “အဲ့တာ အမှန်ဆိုပေမယ့်၊ ကျုပ်က ဂရမ်းမာစတာရှောင်ရဲ့ တရားဝင် တပည့်တစ်ယောက် ဖြစ်မလာခဲ့ဘူး”
ထိုစကားကို ကြားလိုက်တဲ့အချိန် ကျန်ရှိနေတဲ့ လူမိသားစုဝင်တွေ အကုန်လုံး ကြက်သေသေသွားခဲ့ကြတယ်။
ရန်ကိုင်နဲ့ ရှောင်ဖူချန်း တကယ်ကို အသိအကျွမ်းတွေ ဖြစ်နေခဲ့ပါတယ်။ ရှောင်ဖူချန်းရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပြီ ဆိုကတည်း သူက ရှောင်ဖူချန်းရဲ့ တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်လာဖို့ အရည်အချင်း ပြည့်မှီသွားပြီလို့ ဆိုလိုက်တာပဲမလား။ ဂရမ်းမာစတာအဆင့် ဆေးပညာရှင်တစ်ယောက်ရဲ့ တပည့် ဖြစ်နေမှတော့၊ အမွေခံတိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့မယ် ဆိုရင်တောင် သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ဘာမှစိုးရိမ် စိတ်ပူနေစရာ မလိုပါဘူး။
ထိုအတွေးတွေ သူ့စိတ်ထဲ ဖြတ်ပြေးသွားတာနဲ့ ရန်ကိုင်ပေါ် ထားတဲ့ သူ့အထင်အမြင်တွေကို သေချာ ပြန်စဉ်းစားသင့်ပြီလို့ လူလျန် တွေးလိုက်တယ်။
ထိုအချက်နဲ့တင် ရန်ကိုင်က အမှန်ကို ပြောနေတာလို့ လူစီ ရှစ်ဆယ်ရာခိုင်းနှုန်းလောက် ယုံကြည်သွားခဲ့တယ်။ ဒါပေမယ့် အပြည့်အဝ ယုံကြည်နိုင်ဖို့အတွက် နောက်ထပ် မေးခွန်း နည်းနည်းလောက် ထပ်မေးဖို့ လိုအပ်ပါသေးတယ်။
“ဒီလူအိုကြီးက တိမ်ဖုံးတောင်ထွတ်မှာ ရက်အနည်းငယ်လောက် နေခဲ့တယ်။ မိန်းကလေးဒေါင်ကြောင့် ဂရမ်းမားစတာရှောင် ဘာကို လေ့လာနေလဲ ဆိုတာကို သိခွင့်ရခဲ့တယ်။ ဂရမ်းမာစတာရှောင်က ဘာကို အားကျိုးမာန်တက် လေ့လာနေလဲ ဆိုတာကို သခင်လေးရန်ကို မေးလို့ရမလား”
ရန်ကိုင် အမူအရာက အရမ်းကို တည်ငြိမ်နေခဲ့ပြီး သာမန်ကာလျှံကာ အတိုင်း ပြန်ဖြေလိုက်တယ် “စိတ်ဝိဥာဉ် အစီအရင်လေ”
ရှောင်ဖူချန်း အသည်အးသန် လေ့လာနေတာဆိုလို့ စိတ်ဝိဥာဉ်အစီအရင်တွေပဲ ဖြစ်ရပါမယ်။
သူတိမ်ဖုံးတောင်ထွတ်ကနေ ထွက်လာတုန်းက ရှနင်းချန်ကနေ တစ်ဆင့် ဂရမ်းမာစတာရှောင်ဆီ ပေးခိုင်းခဲ့တဲ့ စိတ်ဝိဥာဉ် အစီအရင်တွေပဲ ဖြစ်ရပါမယ်။
လူစီ ထိတ်လန့် သွားခဲ့ပြီး ရှောင်ဖူချန်းနဲ့ ရန်ကိုင် ကြားမှာ ဆက်ဆံရေး တစ်ခုခု ရှိနေမယ်လို့ မှတ်ချက်ချလိုက်တယ်။ မဟုတ်ရင် ဒီလောက်အထိ အသေးစိတ် သိနေနိုင်မှာ မဟုတ်ပါဘူး။
“ဒီလို စိတ်ဝိဥာဉ် အစီအရင်လေ” ရန်ကိုင်က ပြောနေရင်းနဲ့ ကြမ်းပြင်ထက် စိတ်ဝိဥာဉ်အစီအရင် တစ်ခုကို ဆွဲပြလိုက်တယ်။
လူစီလည်း အသက်အောင့် ထားလိုက်ပြီး ရန်ကိုင် ဆွဲနေတဲ့ စိတ်ဝိဥာည် အစီအရင်ကို အာရုံစူးစိုက်မှုအပြည့်နဲ့ စိုက်ကြည့်နေခဲ့တယ်။ စိတ်ဝိဥာဉ် အစီအရင်တွေက ဆန်းကြယ်ပြီး ရှုပ်ထွေးလွန်းတဲ့အတွက် စိတ်ဝိဥာဉ် အစီအရင်တွေ ဘာလုပ်လဲ ဆိုတာကို လူစီလို ပုဂ္ဂိုလ်မျိုးတောင် နားမလည်နိုင်ပါဘူး။ တိမ်ဖုံးတောင်ထွတ်ပေါ်မှာ ရှိနေတုန်း အကြိမ်အနည်းငယ်လောက် မြင်တွေ့ခဲ့ရပေမယ့် အခုတော့ တစ်ဝက်လောက်ပဲ မှတ်မိပါတော့တယ်။
ဒါပေမယ့် ရန်ကိုင်က စိတ်ဝိဥာဉ် အစီအရင် တစ်ခုလုံးကို သူ့ရှေ့မှာပဲ လက်တန်း ဆွဲပြခဲ့တာပါ။ ထို့ကြောင့် သူ့အနေနဲ့ ထိုစိတ်ဝိဥာဉ် အစီအရင်တွေနဲ့ တော်တော်လေး ရင်းနှီးနေရပါမယ်။ မဟုတ်ရင် အခုလိုမျိုး လက်တန်းဆွဲပြနိုင်မှာ မဟုတ်ပါဘူး။
“ဟုတ်တယ်” လူစီက ခေါင်းညိတ်ပြလိုက်တယ်။ စိတ်ဝိဥာဉ် အစီအရင်ရဲ့ လုပ်ဆောင်ပုံကို နားမလည်သေးပေမယ့် မျက်လုံးပိတ်ပြီး သေသေချာချာ ပြန်စဉ်းစားကြည့်ပြီးနောက် သူ့ရှေ့မှာ ရှိနေတဲ့ စိတ်ဝိဥာဉ် အစီအရင်က တိမ်ဖုံးတောင်ထွတ်မှာ ရှိနေတဲ့ စိတ်ဝိဥာဉ် အစီအရင်နဲ့ တစ်ပုံစံတည်း ဖြစ်နေတာကို ရန်ကိုင်တွေ့လိုက်ရတယ်။
ဆွဲပြီးတာနဲ့ ရန်ကိုင်က ထိုပုံကို ဖျက်ပစ်လိုက်ပြီး လူစီကို လှမ်းကြည့်လိုက်တယ်။
အခု ထိုအားကောင်းတဲ့ ပညာရှင်လည်း ရန်ကိုင်ကို ထပ်ပြီး မေးခွန်း မထုတ်ရဲတော့ပါဘူး။ မျှော်လင့်ချက် အရိပ်အယောင်တို့ ယှတ်သန်းနေတဲ့ အကြည့်ဖြင့် ရန်ကိုင်အား ရင်တစိတ်စိတ်နဲ့ စိုက်ကြည့်လိုက်ပြီး “သခင်လေးရန်၊ ဆေးလုံးကကော…”
“စာရွက်တစ်ရွက်နဲ့ စုတ်တံ တစ်ချောင်းပေး၊ ခင်ဗျားအတွက် စာတစ်စောင် ရေးပေးလိုက်မယ်”
“စာရွက်တစ်ရွက်နဲ့ စုတ်တံတစ်ချောင်း မြန်မြန် ယူလာပေးစမ်း” လူစီက စိတ်လှုပ်ရှားနေတဲ့ လေသံနဲ့ လှမ်းအော်လိုက်တယ်။ သူ့မျက်နှာ အသားအရေတောင် အနည်းငယ် နီးမြန်းနေချင်ခဲ့ပါတယ်။
လူစီရဲ့ အမိန့်ကို ကြားလိုက်တာနဲ့ အပြင်မှာ ရှိနေတဲ့ လူအားလုံးရဲ့ နှလုံးခုန်သံ မြန်ဆန်လို့သွားခဲ့ကာ အပျော်တွေနဲ့ မွှန်ထူသွားခဲ့တယ်။ လူလျန်က အကြီးအကဲတွေထဲက တစ်ယောက်ကို ကပျာကယာနဲ့ လှမ်းအော်လိုက်တယ် “မြန်မြန် သွားယူလိုက်”
အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်လည်း နည်းနည်းလေးတောင် မတုန့်ဆိုင်းရဲပါဘူး။ ကျားနောက်က လိုက်သလို အမြန်နှုန်းနဲ့ အပြာရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ခြံဝန်းထဲကနေ ပျောက်ကွယ်သွားခဲ့တယ်။
အသက်ရှုချိန် ၁၀ရှိုက်စာလောက် ကြာပြီးနောက် ထိုအကြီးအကဲက စာရွက်၊ စုတ်တံနဲ့ မှင်တစ်ချောင်း သယ်ပြီး ပြန်လာခဲ့တယ်။ ထို့နောက် လူစီအခန်းထဲ လေးလေးစားစားနဲ့ ဝင်သွားလိုက်ပြီး ရန်ကိုင်ရှေ့မှာ ချပေးလိုက်ကာ အခန်းထဲကနေ ခပ်မြန်မြန်ပဲ ပြန်ထွက်သွားလိုက်တယ်။
“သခင်လေးရန်၊ ကျေးဇူးပြုပြီးတော့” လူစီက စာရွက်ကို ကိုယ်တိုင် ဖြန့်ပေးလိုက်ပြီး စုတ်တံကို မှင်ထဲနှစ်ကာ ရန်ကိုင်ကို လက်ကမ်းပေးလိုက်တယ်။
ရန်ကိုင်က စုတ်တံကို ယူလိုက်ပြီး ယဲ့ယဲ့လေး ပြုံးရင် စရေးလိုက်တယ်။
လူစီက ရန်ကိုင် စာရေးနေတာကို ရင်တစိတ်စိတ်နဲ့ စိုက်ကြည့်နေခဲ့တယ်။ စားလုံးလေး တစ်လုံးတောင် လွတ်မသွားစေခဲ့ပါဘူး။
ရန်ကိုင်စာက အရမ်းကို ရိုးရှင်းပြီး စာထဲမှာ ပါတဲ့ အကြောင်းအရာ တွေကလည်း လူစီ ထင်ထားသလို ဂရမ်းမာစတာရှောင်ကို ဆေးလုံးဖော်စပ်ပေးဖို့ တောင်းဆိုတာလေးပါပဲ။
ရေးပြီးတာနဲ့ စာကို လူစီလက်ထဲ ထည့်ပေးလိုက်တယ်။ လူစီက အစစ်အမှန်ချီကို သုံးကာ မှင်ချက်တွေကို ခြောက်သွေ့သွားစေလိုက်တယ်။ ထို့နောက် သေသေချာချာ ခေါက်လိုက်ပြီး သူ့အင်္ကျီအိတ်ကပ်ထဲ ထည့်သိမ်းထားလိုက်တယ်။ ပြီးတာနဲ့ သက်ပြင်းအမောကြီး တစ်ချက် ချလိုက်ပါတယ်။
ရိုးရှင်းတဲ့ စာရွက်လေး တစ်ရွက်ကို မွေးကင်းစ ကလေးတစ်ယောက်ကို ကိုယ်တွယ်သလိုမျိုး တယုတယနဲ့ ကိုင်တွယ်နေတာက အရမ်းကို ပုံကြီးချဲ့ကားရာ ကျတယ်လို့ ပြောရင်တောင် မမှားပါဘူး။
“သခင်လေးရန်ကို ရှက်စရာ ကောင်းတာတွေ မြင်စေလိုက်မိပြီ” ပြောပြီးတာနဲ့ လူစီက လက်သီးဆုပ်ပြီး ဦးညွှတ်လိုက်တယ်။
“ဘာမှ မဖြစ်ပါဘူး”
“သခင်လေးရန်၊ လူမိသားစုမှာ ရက်နည်းနည်းလောက် ထပ်နားသွားပါဦး။ ဒီလူအိုကြီး ချက်ချင်းပဲ တိမ်ဖုံးတောင်ထွတ်ဆီ သွားလိုက်မယ်။ သခင်လေးရန် ပြောတာသာ မှန်တယ် ဆိုရင် ဒီလူအိုကြီးက ယန်သလင်း ကျောက်စိမ်းအိပ်ရာကို ကျိန်းသေပေးမှာပါ” လူစီက ပြောလိုက်တယ်။
ရန်ကိုင်က မျက်မှောင် ကြုံ့လိုက်ပြီး “အဲ့လိုမျိုးတော့ မဖြစ်နိုင်လောက်ဘူး။ ကျုပ်က ဗဟိုမြို့တော်ဆီ ပြန်ရဦးမှာဆိုတော့ ယန်သလင်း ကျောက်စိမ်းအိပ်ရာကို အခုပဲ ယူသွားချင်တယ်”
လူစီလည်း ရှက်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်တယ် “ဒါပေမယ့် ဒါက ဆန်းကြယ် အလယ်အလတ်အဆင့် ဆေးလုံးလေ။ ဂရမ်းမာစတာရှောင် ကိုယ်တိုင် ဖော်စပ်ပေးမယ် ဆိုရင်တောင် ကျရှုံးနိုင်ချေ ရှိသေးတယ်လေ။ အကယ်၍ သူသာ ဆေးဖော်စပ်တာ ကျရှုံးသွားခဲ့ရင် ဒီလူကြီးက ယန်သလင်း ကျောက်စိမ်းအိပ်ရာကို လိုနေဦးမှာ”
လူစီ ပြောတာလည်း မများပါဘူး။ ရှောင်ဖူချန်းက ဆန်းကြယ် အထွတ်အထိပ်အဆင့် ဆေးလုံးတွေကို သန့်စင်နိုင်တယ် ဆိုပေမယ့် အကြီးအကျယ်ဆုံးသော ဆေးပညာရှင်တွေတောင် ၁၀၀ ရာခိုင်နှုန်း အောင်မြင်မယ်လို့ ဘယ်သူမှ မပြောရဲကြပါဘူး။ ဂရမ်းမာစတာရှောင် ထိုဆန်းကြယ် အလယ်အလတ် အဆင့်ဆေးလုံးကို သန့်စင်တာ မအောင်မြင်တာလည်း ဖြစ်နိုင် သေးတာပါပဲ။
အဲ့လိုသာ ဖြစ်သွားလို့ သူ့မှာ ကျောက်စိမ်း အိပ်ရာသာ မရှိတော့ လူစီ အနေနဲ့ ငိုဖို့တောင် နေရာရှိလိမ့်တော့မှာ မဟုတ်ပါဘူး။
“ဟင်၊ အဲ့လိုဆို၊ ဂရမ်းမာစတာရှောင်ဆီ တစ်ခုခု ပေးပေးလို့ ရမလား။ ကျုပ်ပေးလိုက်တဲ့ ပစ္စည်းနဲ့ဆို ခင်ဗျားလိုချင်နေတဲ့ ဆေးလုံးကို ၁၀၀ ရာခိုင်နှုန်း အောင်အောင်မြင်မြင်နဲ့ ဖော်စပ်နိုင်လိမ့်မယ်” ရန်ကိုင်က တစ်ခဏလောက် စဉ်းစားလိုက်ပြီးနောက် အပြင်ဘက်မှာ ရှိနေတဲ့ လူမိသားစုဝင်တွေကို လှမ်းအော်မေးလိုက်တယ် “ခင်ဗျားတို့မှာ မသုံးရသေးတဲ့ ကျောက်စိမ်းပြား တစ်ခုလောက် ရှိကြလား”
အပြင်ဘက်မှာ ရှိနေတဲ့ အကြီးအကဲတွေ အကုန်လုံး အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး နောက်ဆုံး၌ သူတို့ရဲ့ အကြည့်က လူလျန်လည်ပင်းထက် ချိန်ထဲထားတဲ့ ကျောက်စိမ်းပြားဆီ ရောက်သွားခဲ့တယ်။
လူလျန်က သူ့လည်ပင်းထက်က ကျောက်စိမ်းပြားကို အလိုလို ဆုပ်ကိုင်လိုက်ပြီး လူအုပ်ကြီးကို ပြန်အော်လိုက်တယ် “ဘာကြည့်နေတာလဲ။ ဒီကျောက်စိမ်းပြားက ဒီလူအိုကြီးနဲ့ အတူရှိနေတာ နှစ်ပေါင်းများစွာ ကြာသွားပြီ။ လုံးဝကို အစားထိုးပေးလို့ မရဘူး”
“ချွတ်လိုက်” လူစီက လေသံမာမာနဲ့ အော်လိုက်တယ်။ လူလျန် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့တယ်။
လူလျန်လည်း အိပ်ထဲကို ဝင်သွားလိုက်ပြီး သူ့လည်ပင်းထက်က ကျောက်စိမ်းပြားကို မပေးချင်၊ ပေးချင်နဲ့ ချွတ်ပေးလိုက်တယ်။ ထို့နောက် အံတင်းတင်း ကြိတ်လိုက်ပြီး ဘီလူးမ သုံးပုရာသီး ကိုက်ထားရတဲ့ အပြုံးနဲ့ ရန်ကိုင်ကို မေးလိုက်တယ် “သခင်လေးရန်၊ ဒီလူအိုကြီးရဲ့ ကျောက်စိမ်းပြားနဲ့ ဘာလုပ်မလို့လဲဟင်”
ရန်ကိုင်က ပြုံးလိုက်ပြီး ကျောက်စိမ်းပြားကို လှမ်းယူလိုက်တယ်။ ထို့နောက် ကျောက်စိမ်းပြားထဲ အစစ်အမှန်ချီကို ထည့်သွင်းလိုက်ပြီး အင်းကွက်ပုံစံ အမှတ်အသားတွေကို စတင်ရေးထွင်းပါတော့တယ်။
လူလျန်းနှလုံး ရုတ်ချည်း တင်းကြပ်သွားခဲ့တယ်။ သူ့မျက်စိရှေ့မှာပဲ ရန်ကိုင်လက်ထဲက အစစ်အမှန်ချီစီးကြောင်းတွေက ကျောက်စိမ်းပြားထဲ စီးဝင်လို့ နေခဲ့တယ်။
တစ်ခဏလောက် စဉ်းစားလိုက်ပြီးနောက် လူစီနဲ့လူလျန်တို့ နှစ်ယောက်စလုံး အံဩသွားခဲ့ကြရတယ်။ သူတို့ ကြည့်နေလေလေ၊ ရန်ကိုင်ကို ပိုပြီး လေးမိလာလေလေပါပဲ။
ရန်ကိုင်က အစစ်အမှန်ချီကို သုံးပြီး အင်းကွက်လို အရာတစ်ခုကို ကျောက်စိမ်းပြားထက် ရေးထွင်းနေတယ် ဆိုတာကို သူတို့ မမြင်ပဲ ဘယ်နေပါ့မလဲ။
ရိုးရိုးလေး ပြောရမယ်ဆိုရင်တော့ ရန်ကိုင်က သတင်းစကား တစ်ခုကို ပေးပို့ဖို့ ဒီနည်းလမ်းကို သုံးနေတာပါ။
ဒီနည်းနဲ့ပဲ များပြားလှတဲ့ သတင်းပမာဏကို ကျောက်စိမ်းပြား သေးသေးလေးနဲ့ ပို့ပေးနိုင်မှာလေ။
ဒီနည်းလမ်းက အပြောသာ လွယ်တာ၊ လုပ်ရ အရမ်းခက်ပါတယ်။ ရန်ကိုင်လိုမျိုး လုပ်ဖို့ဆိုရင် အစစ်အမှန်ချီကို အသေးစိတ်ကျကျ ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ အနည်းငယ်သော မှားယွင်းမှုလေးက တောင် လုပ်ငန်းစဉ် တစ်ခုလုံးကို ပျက်စီးသွားစေနိုင်ပါတယ်။
အချိန် အတော်ကြာသွားပြီးနောက် ရန်ကိုင်က ကျောက်စိမ်းပြားကို လူစီလက်ထဲ ထည့်ပေးလိုက်တယ် “ဒါကို ဂရမ်းမာစတာရှောင်ဆီ ပေးပေးပါ။ ဒါနဲ့ဆိုရင် ဆေလုံးကို ၁၀၀ရာခိုင်နှုန်း အောင်အောင်မြင်မြင် ဖော်စပ်ပေးနိုင်လိမ့်မယ်”
သူ့လေသံက ယုံကြည်ချက်တို့နဲ့ ပြည့်နေခဲ့ပါတယ်။
လူစီက ထိုကျောက်စိမ်းပြားကို အဖိုးတန် ရတနာတစ်ခုအလား အထူးဂရုပြုပြီး ကိုင်တွယ်လိုက်တယ်။
ထိုအချိန်၌ ရန်ကိုင်က ရုတ်တရက် ကောက်ပြုံးလိုက်ပြီး ပြောလိုက်တယ် “ကျောက်စိမ်းပြားထဲမှာ ပါတဲ့ သတင်းအချက်အလက်က တစ်ကြိမ်ကြည့်ပြီးသွားတာနဲ့ ပျောက်ကွယ်သွားလိမ့်မယ်။ ဒါကြောင့် ကျောက်စိမ်းပြာကို စီနီယာစီ သေသေချာချာ ကိုင်တွယ်သင့်တယ်”
လူစီလည်း ကြားကြားချင် ကြောင်သွားခဲ့ပေမယ့် ရုတ်တရက်ကြီး ပြန်ပြုံးလိုက်တယ်။ ကျောက်စိမ်းပြားထဲမှာ ပါတဲ့ သတင်းက အရမ်းကို အရမ်းကြီးတဲ့အတွက် ရန်ကိုင်က အခုလို နည်းလမ်းကို အသုံးပြုလိုက်တာမှန်း လူစီ ချက်ချင်း နားလည်လိုက်တယ်။
ထိုအတွေးတွေကို ဘေးထုတ်ထားလိုက်ပြီးနောက် လူစီ မျက်နှာ နောက်တစ်ကြိမ် ပြန်လည် တည်ငြိမ်သွားခဲ့ပြန်တယ်။
ဘေးနားမှာ ရှိနေတဲ့ လူလျန်က ကိုးယိုးကားယား ဟန်ပန်နဲ့ ချောင်းဟန့်လိုက်ပြီး “အကြီးအကဲစီ၊ ဒါက ကျုပ်ကို နှစ်ပေါင်းများစွာ အဖော်ပြုပေးလာခဲ့တဲ့ ကျောက်စိမ်းပြားလေးပါ။ ဒါကြောင့် ပါအောင် ပြန်ယူလာပေးပါနော်”
လူစီက လူလျန်ကို တစ်ချက် စောင်းကြည့်လိုက်တယ်။ လူလျန်လည်း ကူကယ်ရာမဲ့စွာနဲ့ ရယ်မောလိုက်ပြီး အခန်းထဲကနေ ပြန်ထွက်သွားလိုက်တယ်။
“ဒီကျောက်စိမ်းပြားထဲမှာ ဘာရှိနေလဲ ဆိုတာကို ဒီလူအိုကြီး သိလို့ရမလား” လူစီလည်း သိချင်စိတ် ပြင်းပြနေတဲ့အတွက် အောင့်အည်း မထားနိုင်တော့ပဲ မေးလိုက်မိတယ်။
“ဆေးပညာနဲ့ ပက်သက်တဲ့ စိတ်ဝိဥာဉ် အစီအရင် တစ်မျိုးပါပဲ။ ဒါပေမယ့် ခင်ဗျား မြင်ခဲ့တဲ့ ဟာနဲ့တော့ မတူဘူးပေါ့။ ဒါကိုသာ ဂရမ်းမာစတာရှောင်ဆီ ယူသွားပေးလိုက်၊ အဲ့ဒါ ဘာလဲ ဆိုတာကို ခင်ဗျားသိရလိမ့်မယ်” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်တယ်။
တိမ်ဖုံးတောင်ထွတ်ကနေ ထွက်လာတုန်းက အစစ်အမှန် ဆေးပညာ နည်းလမ်းထဲက စိတ်ဝိဥာဉ် အစီအရင် နည်းနည်းလေးကိုပဲ သူလေ့လာ ရသေးတာပါ။ ဒါပေမယ့် အခုတော့ အစီအရင် အများကြီးကို သူလေ့လာပြီးသွားပါပြီ။ ထို့ကြောင့် သူသိထားတာတွေကို ပြန်ဖြန့်ဝေပေးတာက သူ့အတွက်တော့ ကိစ္စကြီး တစ်ခု မဟုတ်ပါဘူး။