အခန်း (၃၈၁-၃၈၅)
Vol. 16 Ch. 381-385
အပိုင်း (၃၈၁) ဆန်းကြယ်အလတ်အဆင့် ကျောက်စိမ်းတုံးကြီး
သူမှတ်မိတာသာ မှန်မယ်ဆိုရင် တိမ်ဖုံးတောင်ထွတ်မှာ သူချန်ခဲ့တဲ့ စိတ်ဝိဥာဉ် အစီအရင်က ဆေးလုံးရဲ့ အရည်အသွေးကို တိုးတက်စေနိုင်တဲ့ စိတ်ဝိဥာဉ် အစီအရင် တစ်မျိုးပါ။
ဒါပေမယ့် လူစီနဲ့ ထည့်ပေးလိုက်တဲ့ စိတ်ဝိဥာဉ် အစီအရင် ဆေးလုံး သန့်စင်ရာမှာ အောင်မြင်နိုင်ချေကို တိုးမြှင့်ပေးတဲ့ စိတ်ဝိဥာဉ် အစီအရင်မျိုးပါ။ အခု စိတ်ဝိဥာဉ် အစီအရင်ရဲ့ အဆင့်က အရင်တစ်ခုထက် ပိုမြင့်ပါတယ်။ ထို့ကြောင့် အခုလိုမျိုး ယုံကြည်အပြည့်နဲ့ သူပြောရဲတာပါ။
ရှောင်ဖူချန်းကသာ ဒီစိတ်ဝိဥာဉ် အစီအရင်ကိုသုံးပြီး ဆေးဖော်စပ်လိုက်မယ် ဆိုရင် လူစီလိုချင်တဲ့ ဆေးလုံးကို ၁၀၀ ရာခိုင်နှုန်း အောင်အောင်မြင်မြင်နဲ့ ဖော်စပ် သန့်စင်နိုင်ပါလိမ့်မယ်။
“ဆေးလုံး သန့်စင်တာ ရှုံးနိမ့်မှာ မဟုတ်ဘူးဆိုတာ သေချာလား” လူစီက မေးလိုက်တယ်။
“၁၀၀ ရာခိုင်နှုန်း သေချာတယ်” ရန်ကိုင်က ယုံကြည်ချက် အပြည်နဲ့ ပြန်ပြောလိုက်တယ်။
“ဒါပေမယ့် တကယ်လို့…”
“တကယ်လို့ ဆိုတာ မရှိဘူး…”
လူစီ မဲ့ပြုံးပြုံးလိုက်တယ်။ ရန်ကိုင် ဒီလောက် ယုံကြည်ချက် အပြည့်နဲ့ ပြောနေတော့ သူလည် ဘာဆက်ပြောလို့ ပြောရမယ်မှန်း မသိတော့ပါဘူး။
ရန်ကိုင်က မတ်တပ်ရပ်လိုက်ပြီး လူစီဆီ လက်သီးဆုပ်လိုက်ကာ “စီနီယာစီ၊ ပြတ်ပြတ်သားသား လုပ်သာ အကောင်းဆုံးပါပဲ။ စီနီယာစီသာ ဒီကနေ တိမ်ဖုံးတောင်ထွတ်ဆီ သွားမယ်ဆို သိပ်မကြာလောက်ပါဘူး”
“အင်း၊ ကောင်းပြီလေ” ရန်ကိုင်က အခုလို ပြောလာမှတော့ လူစီလည်း ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်ပြီး စိတ်လှုပ်ရှားစွားနဲ့ မတ်တပ်ရပ်လိုက်တယ်။
ဆေးအမယ်တွေကို စုစည်ပြီးတာ ကြာပါပြီ။ ဆေးအမယ်တွေက ရှာရခက်ပေမယ့် လူမိသားစုရဲ့ ပထမအဆင့် အင်အားစုဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လူစီရဲ့ အရေးပါမှုကြောင့် ထိုဆေးအမယ်တွေကို စုဆောင်းဖို့ အရမ်းကြီး မခက်ခဲ့ပါဘူး။
အားလုံးကို သူ့ခရီးဆောင် အိတ်ထဲ သေသေချာချာ ထုပ်ပိုးလိုက်ပြီးနောက် လှည့်ကြည့်လိုက်တဲ့အခါ ရန်ကိုင်က ကျောက်စိမ်းအိပ်ရာကို ပုခုံးထက် ထမ်းပိုးထားလိုက်ပြီး သွားပေါ်အောင် ပြုံးဖြီးနေတာကို တွေ့လိုက်ရတယ်။
“စီနီယာစီ၊ ခင်ဗျားနဲ့ အလုပ်တွဲလုပ်ရတာ တကယ်ကို ကျေနပ်စရာပါပဲ” ရန်ကိုင် ရယ်မောရင်း ကျောက်စိမ်း အိပ်ရာကို ထမ်းကာ အိပ်လေးထဲကနေ ခြေလှမ်းကျဲကျဲ လှမ်းရင်း ထွက်သွားလိုက်တယ်။
လူစီက သူ့ပါးစပ်ကို ဟလိုက်ပြီး တစ်ခုခု ပြောဖို့ လုပ်လိုက်ပေမယ့် ပြောမယ့် စကားလုံးကို ခပ်မြန်မြန်ပဲ ပြန်မျိုချထားလိုက်တယ်။
အခု ရန်ကိုင် ပြောတာ မှန်ပါစေလို့ပဲ သူမျှော်လင့်ရပါတော့မယ်။
လူလျန်နဲ့ အပြင်မှာ စောင့်နေတဲ့ အကြီးအကဲတွေ အကုန်လုံး ရန်ကိုင်က ကျောက်စိမ်း အိပ်ရာကို ထပ်ရင်း မြောက်ကြွမြောက်ကြွနဲ့ ထွက်သွားတာကို ကိုးယိုးကားယား မျက်နှာထားနဲ့ စိုက်ကြည့်နေခဲ့ကြတယ်။
ဒါ… ဒါ…
ဒါက အကြီးအကဲချုပ်စီရဲ့ အသက်ကယ် ယန်သလင်း ကျောက်စိမ်းအိပ်ရာလေ။ အခုလိုနဲ့ပဲ ထိုကောင်စုတ်ဆီ ပါသွားတော့မှာလား။ ရန်ကိုင်ဆီကနေ အကြည့်ခွာလိုက်ပြီး အကြီးအကဲချုပ်ဆီ ကြည့်လိုက်တဲ့အချိန် အကြီးအကဲချုပ်က ကူကယ်ရာမဲ့စွာနဲ့ ပြုံးနေတာကို သူတို့ တွေ့လိုက်ရတယ်။
လူမိသားဝင်တွေ အကုန်လုံး ကြက်သေသေသွားခဲ့ကြတယ်။
“ကျုပ်ကို လိုက်ပို့စရာ မလိုတော့ပါဘူး” ရန်ကိုင်က ပြုံးလိုက်ပြီး အားလုံးကို ခေါင်းညိတ်ပြလိုက်ပြီးနောက် အနှောင်အဖွဲ့ကင်းတဲ့ သခင်လေး တစ်ယောက်ဟန်ပန်နဲ့ ခြံဝန်းထဲကနေ ထွက်သွားလိုက်တယ်။
အခုပုံစံက ဓါးပြတစ်ယောက်က သူတို့ပိုက်ဆံတွေ အကုန်လုံးကို ဓါးပြတိုက်ယူသွားပြီးတဲ့နောက် သူတိုက်ယူသွားတဲ့ ပိုက်ဆံကို ပြန်ပြီး ကြွားလုံးထုတ် သွားတာနဲ့တောင် တူနေပါသေးတယ်။ ပိုဆိုတားက လူမိသားစုဝင်တွေ အနေနဲ့ ဘာမှ မလုပ်နိုင်ပဲ ဘေးကနေ မတ်တပ်ရပ်ကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။
တစ်ခဏ ကြာပြီးနောက် သူ့ပုခုံးထက် လက်တစ်ဖက်ကို ရန်ကိုင် ခံစားမိလိုက်တယ်။
လှည့်ကြည့်လိုက်တော့ လူစီက အားတုံ့အားနာ အမူအရာနဲ့ သူ့နောက်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။ သူ့မျက်နှာ စိုးရိမ်တုန့်ဆိုင်းနေသည့် အရိပ်အယောင်တို့ကို မြင်တွေ့ နေရပါသေးတယ်။
“ဟင်၊ ဘာလို့လဲ” ရန်ကိုင်က ရုတ်တရက် စိတ်မရှည် ဖြစ်လာခဲ့တယ်။ ဒီကျောက်စိမ်း အိပ်ရာကို ရဖို့အတွက် လူစီနဲ့ ဒီလောက်အချိန်အများကြီး သူမဖြုန်းချင်ပါဘူး။
“သခင်လေးရန်၊ ဒီလူအိုကြီး နောက်ဆုံး တစ်ကြိမ် ထပ်မေးချင်တယ်။ ဆေးဖော်စပ်တာ အောင်မြင်မယ်လို့ သခင်လေး ယုံကြည်ချက် အပြည့်ရှိတာလား” သူ့ကြည့်ရတာ စိုးရိမ်နေသေးတဲ့ ပုံစံပါပဲ။ မေးနေရင်းနဲ့ သူ့အကြည့်ကာ ကျောက်စိမ်း အိပ်ရာဆီ အလိုလို ရောက်သွားခဲ့တယ်။ သူ့ပုံစံက အချစ်ဟောင်းနဲ့ မခွဲရက်၊ မခွါရက် ဖြစ်နေတဲ့ လူတစ်ယောက်နဲ့တောင် တူနေပါသေးတယ်။
“ခင်ဗျားမှာ ဒီလောက်လေးတောင် သတ္တိမရှိရင် အဲ့စာ ကျုပ်ကို ပြန်ပေး။ ဒီလို ကျေးဇူးမသိတတ်တဲ့ အရာမျိုးကို ကျုပ်မလုပ်ချင်ဘူး” ရန်ကိုင်က အေးစက်စက်နဲ့ နှာခေါင်းရှံ့လိုက်တယ်။
လူစီလည်း ခေါင်းကိုက်ချင်သလို ဖြစ်လာခဲ့တယ်။ အချိန် အနည်းငယ်လောက် တိတ်ဆိတ်သွားပြီး နောက်ဆုံးမှာတော့ အံတင်းတင်းကြိတ်ကာ ပြောလိုက်တယ် “ကောင်းပြီလေ၊ ဒီတစ်ကြိမ် သခင်လေးရန်ကို ယုံလိုက်ရတာပေါ့”
“ကောင်းတယ်” ရန်ကိုင်က ပြန်ပြောလိုက်တယ် “ဒါဆို ကျုပ်သွားတော့မယ်”
ရန်ကိုင် ပုခုံးထက်က သူ့လက်ကို တု့န်ဆိုင်းတုန့်ဆိုင်းနဲ့ လွှတ်လိုက်ပြီး ကျောက်စိမ်းအိပ်ရာကြီးကို နှမြောတသနဲ့ ငေးကြည့်နေခဲ့တယ်။
ရန်ကိုင် မရှိတော့တဲ့ အခါ၌ ကျန်တဲ့ လူမိသားစုဝင်တွေ အကုန်လုံး အလွန်အမင်း စိုးရိမ်သွားခဲ့ကြတယ်။ လူလျန်က ရှေ့တက်လိုက်ပြီး မေးလိုက်တယ် “စီနီယာစီ၊ ဒါက နည်းနည်း မလောလွန်းဘူးလား”
“ကဲ၊ အခုလိုမှ မလုပ်ရင် ငါဘယ်လို လုပ်ရမလဲ။ အခွင့်အရေးက ငါ့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတာကို မင်းက ဒီအတိုင်းပဲ လက်လွှတ်လိုက် စေချင်တာလား” လူစီလည်း စိတ်ဓါတ်ကျနေခဲ့ပြီး သက်ပြင်းချလိုက်ရင်း “ဒါက သူသေကိုယ်သေ တိုက်ပွဲတစ်ခုကို ဆင်နွှဲနေရတာနဲ့ အတူတူပဲ။ ငါရွေးနိုင်တာ တစ်ခုပဲ ရှိတယ်… တိုက်ခိုက်ဖို့ပဲ။ ငါအခု ရက်နည်းနည်းလောက် ခရီးထွက်လိုက်ဦးမယ်။ ရက်နည်းနည်းလောက် ကြာရင် ပြန်လာမယ်”
ပြောပြီးတာနဲ့ လေထဲ ခုန်တက်လိုက်ပြီး လျှပ်စီးတန်း တစ်ခုအလား မိုးကုတ်စက်ဝိုင်းအောက် ပျောက်ကွယ်သွားခဲ့တယ်။
လူစီ ပျောက်ကွယ်သွားပြီးနောက် လူလျန် မတ်တပ်ထရပ်လိုက်ပြီး အချိန်အတော်ကြာအောင် စဉ်းစားနေလိုက်ပြီးနောက် အမိန့်ပေးလိုက်တယ် “လူနည်းနည်းလောက် စီစဉ်ပြီး သခင်လေးရန် ဘာဆက်လုပ်ဖို့ ကြိုးစားလဲ ဆိုတာကို စောင့်ကြည့်နေလိုက်။ လူတော့ မမိစေနဲ့ပေါ့ကွာ”
အကြီးအကဲတွေ အကုန်လုံး မညိတ်ချင်ညိတ်ချင်နဲ့ ခေါင်းညိတ်လိုက်ကြတ်။
….
လူမိသားစုရဲ့ အဓိက ခြံဝန်းနောက်ဘက်..
ရန်ကိုင်က သူနားနေတဲ့ နေရာဆီ ရွှင်လန်တက်ကြွစွာနဲ့ ပြန်လာလိုက်ပြီး ဂိတ်ပေါက်ကို အလျင်အမြန်ပဲ ဖြတ်ကျော်သွားလိုက်တယ်။ ခြံဝန်းထဲ ဝင်လာလိုက်တာနဲ့ ချူရီမန်နဲ့ လော့ရှောင်မန်က ခြံဝန်းအလယ်ရှိ စားပွဲခုံဘေးတွင် ပျင်းရိနေတဲ့ ပုံစံနဲ့ ထိုင်နေခဲ့ပြီး တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကတော့ အနားမှာ နေရင်း သူမတို့နှစ်ယောက်ကို အဖော်ပြုပေးနေခဲ့တယ်။
ရန်ကိုင် ပြန်ရောက်လာပြီးမှန်း သိလိုက်တာနဲ့ ချူရီမန်က ဂိတ်ပေါက်ဆီ လှမ်းကြည့်လိုက်တယ်။ ဒါပေမယ့် ရန်ကိုင် ပုခုံးထက် ထမ်းသယ်လာတဲ့ ယန်သလင်း ကျောက်စိမ်းအိပ်ရာကို မြင်လိုက်တာနဲ့ ချူရီမန် မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့တယ်။
“သခင်လေး” တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ရှေ့တက် နှုတ်ဆက်လိုက်ကြတယ်။ ရက်ပေါင်းများစွာ ကြာအောင် ကုသအနားယူပြီးနောက် သူတို့ရဲ့ ဒဏ်ရာတွေ အပြီးတိုင် ပြန်လည် ကောင်းမွန်သွားတဲ့ ပုံပါပဲ။ သူ့တို့ မျက်နှာထက် အားနည်းနေသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရတော့ပါဘူး။
“ဒီလောက်ကြီးတဲ့ ကျောက်စိမ်းတုံးကြီးကို နင်ဘယ်ကနေ သွားရှာလာတာလဲ” ချူရီမန်က စပ်စပ်စုစုနဲ့ မေးလိုက်တယ်။
“ဒါက လူမိသားစုရဲ့ ရတနာလေ” ရန်ကိုင်က ဂုဏ်ယူနေသည့် အမူအရာနဲ့ ပြန်ပြောလိုက်ပြီး ခြံဝန်းအလယ်ရှိ စားပွဲခုံဆီ သွားလိုက်ပြီး ကျောက်စိမ်းတုံးကို စားပွဲခုံထက် ဖြေးဖြေးချင်း ချထားလိုက်တယ်။
“လှလိုက်တာ” လော့ရှောင်မန်က အလိုလို အော်ပြောမိလိုက်တယ်။ ထို့နောက် ကျောက်စိမ်းတုံးဆီ ကပ်သွားလိုက်ကာ လက်နဲ့ ပွတ်သပ်ကြည့်လိုက်ပြီးနောက် တိုးတိုးလေး ရွေတ်လိုက်တယ် “နွေးနေတာပဲ၊ ဒီကျောက်စိမ်းတုံး ပေါ်မှာသာ အိပ်ရရင် အရမ်းကို သက်သောင့်သက်သာ ရှိမှာပဲ”
ချူရီမန်ရဲ့ အမူအရာ လေးနက် တည်ကြည်သွားခဲ့တယ်။ ရန်ကိုင်က လူမိသားစုဆီကနေ တွေ့ကရာ ကျောက်စိမ်းတုံး တစ်တုံးကို ဆွဲယူလာခဲ့တယ်လို့ သူမ ထင်နေခဲ့တာပါ။ ဒါပေမယ့် သေချာ အနီးကပ် စစ်ဆေး ကြည့်လိုက်တော့မှပဲ ကျောက်စိမ်းတုံးထဲ၌ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်တွေ ရှိနေတာကို သူမ သတိထားမိလိုက်တယ်။
လက်နက် သန့်စင်ဖို့သာ သုံးမယ် ဆိုရင် တော်တော်လေး အကျိုးရှိမယ့် ကျောက်စိမ်းတုံးပါ။
ကျောက်စိမ်းတုံးကို ပွတ်သပ်လေလေ၊ ဒီကျောက်စိမ်းတုံးက သာမန် မဟုတ်ဘူးဆိုတာ သူမ ပိုသေချာလာလေပါပဲ.
ဒီရတနာရဲ့… အဆင့်က မနိမ့်တဲ့ ပုံပဲ
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံးကလည်း ကျောက်စိမ်းတုံးကို ဂရုတစိုက်နဲ့ လေ့လာနေခဲ့တယ်။ သူတို့ နှစ်ယောက်စလုံးရဲ့ မျက်နှာတွေက လေးနက်မှုတွေနဲ့ ပြည့်နေခဲ့တယ်။
ဒီလို ကျောက်စိမ်းတုံးမျိုးက ရန်မိသားစုမှာတောင် ရှားလှပါတယ်။ ဒီကျောက်စိမ်းတုံးကို ရဖို့အတွက် လူမိသားစု ပိုက်ဆံ ဘယ်လောက်တောင် သုံးလိုက်ရမလဲ ဆိုတာကို ကောင်းကင်ပဲ သိပါလိမ့်မယ်။
“ဒါက… ဆန်းကြယ် အလယ်အလတ် အဆင့် ယန်သလင်း ကျောက်စိမ်းလား” အချိန်အတော်ကြာ ကုန်ဆုံးသွားပြီးနောက် တုဖုန်းက တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ မေးလိုက်တယ်။
ထိုမေးခွန်းကို ကြားလိုက်တာနဲ့ ကျန်ရှိနေတဲ့ လူအားလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ကြတယ်။
ဆန်းကြယ် အလယ်အလတ်အဆင့်… ဒီကျောက်စိမ်းတုံးရဲ့ အဆင့်က အရမ်းကို မြင့်လွန်းနေခဲ့ပါတယ်။ ဒီကျင့်ကြံခြင်း လောကကြီးထဲမှာ ဆန်းကြယ် အထွတ်အထိပ်အဆင့်ဆိုတာ အမြင့်ဆုံးပါပဲ။ ဆန်းကြယ် အလယ်အလတ် အဆင့်ဆိုတာ အမြင့်ဆုံး အဆင့်ထက် တစ်ဆင့်ပဲ နိမ့်ကျတာပါ။
ပိုပြီး ရှားပါးသွားတာက ဒီယန်သခင်းကျောက်စိမ်း တုံးကြီက အချိန်များစွာ ကြာညောင်းသွားပြီးမှာ ဖြစ်တည်လာခဲ့တာပါ။ ဒါက သဘာအတိုင်း ဖြစ်လာတဲ့ ကုတင်တစ်လုံးဆိုလည်း မမှားပါဘူး။ ယန်ဓါတ်ကျင့်စဉ်ကို လေ့ကျင့်ထားတဲ့ လူသာ ဒီကျောက်စိမ်းတုံးပေါ်မှာ ထိုင်လေ့ကျင့်မယ် ဆိုရင် အကျိုးအမြတ် အများကြီး ရလိမ့်မှာပါ။
“ဒါက ဆန်းကြယ် အလယ်အလတ် အဆင့် ကျောက်စိမ်းတုံးဆို ရှင်သေချာလား” ချူရီမန်က တုဖုန်းကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်တယ်။ သူမရဲ့ အမြင်က ထက်ရှပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အအဆင့်မြင့်အဆင့် ကျင့်ကြံသူ တစ်ယောက်အောက်တော့ နိမ့်ကျနေတုန်းပါပဲ။
“ဆန်းကြယ် အလယ်အလတ် အဆင့်ဆိုတာ ကျိန်းသေတယ်” တန်ယုရှန်းက ဝင်ပြီး ထောက်ခံလိုက်တယ်။ သူမ မျက်နှာ လှလှလေးထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ဘက်လှည့်ကာ “သခင်လေး၊ ဒါကို တကယ်ပဲ လူမိသားစုဆီကနေ ရလာတာလား”
“လူမိသားစုဆီက မရလို့ ဘယ်က ရလာရမှာလဲဟ”
ချူရီမန်လည်း မျက်မှောင် ကြုံ့လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ် “လူမိသားစုက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် လူစီ အဆင့်ချိုးဖျက်တုန်းက အခက်အခဲ အချို့ ကြုံတွေ့ခဲ့ရပြီး သူ့သွေးကြောတွေ ဒဏ်ရာရသွားခဲ့တယ်တဲ့။ ယန်သလင်း ကျောက်စိမ်းတုံးတစ်ခုကို ကုတင်လုပ်ပြီး အဲ့ပေါ်မှာ ထိုင်လေ့ကျင့်ရင်း သူ့သွေးကြောတွေကို ညင်သာတဲ့ ယန်ချီသုံးပြီး ကုသပေးတာက သူ့အတွက် အကောင်းဆုံးပဲလို့ အဲ့အချိန်တုန်းက ချူမိသားစုက အကြီးအကဲချုပ်က ငါ့ကို ပြောခဲ့တယ်။ လူမိသားစုရဲ့ အကြီးအကဲချုပ်သာ အဲ့လို ကျောက်စိမ်းတုံး တစ်ခုကို ထွက်မရှာပဲ ဒီအတိုင်းပဲ နေခဲ့မယ် ဆိုရင်တော့ သူ့ခွန်အား နိမ့်ကျသွားနိုင်ရုံမက အသက်အန္တရာယ်ပါ ရှိနိုင်တယ်လို့ ငါတို့မိသားစုက အကြီးအကဲချုပ်က ပြောခဲ့သေးတယ်… ရန်ကိုင်… ဒါက လူစီရဲ့ အိပ်ရာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား”
ချူရီမန် နှလုံးသား တစ်ခုလုံး တင်းကြပ်လို့ သွားခဲ့တယ်။
ရန်ကိုင်က အံ့အားသင့်နေသည့် အမူအရာနဲ့ သူမကို ကြည့်ကာ ပြောလိုက်တယ် “နင်တော်တော်လေး သိထားတာပဲ”
“တကယ်ကြီးလား” သူမ ကြားလိုက်ရတာကြောင့် ချူရီမန် မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ပြီး သူမရဲ့ ပါးစပ်ကို လက်လေးနဲ့ အုပ်လိုက်မိတယ်။
ဒီတစ်ကြိမ်မှာတော့ တုဖုန်းနဲ့ တန်ယုရှန်းတောင် ထိတ်လန့် သွားခဲ့ရလေပြီ။ လူစီ ဘယ်သူလဲ ဆိုတာ သူတို့သိပါတယ်။ သူက လူမိသားစုရဲ့ တစ်ဦးတည်းသော အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူ တစ်ယောက်ပါ။
ဒါပေမယ့် ရန်ကိုင်က ဘာနည်းလမ်းတွေ သုံးပြီး လူစီဆီကနေ ဒီကျောက်စိမ်းတုံးကြီး ရအောင် ယူလာနိုင်ခဲ့လဲ ဆိုတာကိုတော့ ဒီမှာ ရှိနေတဲ့ လူတစ်ယောက်မှ မစဉ်းစား နိုင်ခဲ့ပါဘူး။ ဒီကျောက်စိမ်းတုံးက လူစီရဲ့ အသက်နဲ့ သက်ဆိုင်နေပါတယ်။
ဒါမျိုးတော့ မဖြစ်နိုင်ဘူးမလား… ရန်ကိုင်က လူစီကို သတ်လိုက်တာမျိုးလေ။
“သခင်လေး…” တန်ယုရှန်းက ကသိကအောက် အမူအရာနဲ့ ရန်ကိုင်ကို ကြည့်ကာ မေးလိုက်တယ် “လူစီဆီကနေ ဒါရဖို့ သခင်လေး ဘာတွေများ ပြန်ပေးလိုက်ရလဲ”
ချူရီမန်နဲ့ တုဖုန်းတို့ရဲ့ အကြည့်ဆီ တစ်ပြိုင်တည်းလိုလို ရန်ကိုင်ဆီ ဆိုက်ရောက်လာခဲ့တယ်။
ဒီကျောက်စိမ်းရဲ့ တန်ဖိုးက တော်တော်လေး မြင့်မားပါတယ်။ ပြီးတော့ ဒီကျောက်စိမ်းတုံးက လူစီရဲ့ အသက်ကယ် ကျောက်စိမ်းတုံး ဆိုလည်း မမှားပါဘူး။ ဒီကျောက်စိမ်းတုံးသာ မရှိတော့ရှင် လူစီ အနေနဲ့ အနှေးနဲ့အမြန် သေသွားရလိမ့်မှာပါ။ ထို့ကြောင့် ရန်ကိုင် အနေနဲ့ တန်ဖိုးကြီးကြီးမားမား တစ်ခုကို မပေးဆပ်ပဲနဲ့ ဒီကျောက်စိမ်းတုံးကို ရလာနိုင်စရာ အကြောင်း မရှိပါဘူး။
“ကျုပ်က သူ့ကို နည်းနည်းပါးပါး ကူညီခဲ့တာလေ။ သူကလည်း ကျေးဇူးတင်တဲ့အနေနဲ့ ကျုပ်ကို ဒီကျောက်စိမ်းတုံး ပေးလိုက်တာ” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်တယ်။ တိုတိုတုတ်တုတ်သာ ပြောလိုက်ပြီး နည်းနည်းလေးမှ ထပ်ပြီး ရှင်းပြမနေခဲ့ပါဘူး။
ချူရီမန်ရဲ့ မျက်ဝန်းအစုံ လက်သွားခဲ့တယ်။ သူမ တစ်ခုခုကို စဉ်းစားနေတဲ့ပုံပါပဲ။ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်လည်း အတွေးရေယာဉ်ကြောထဲ နစ်မြောသွားခဲ့တယ်။
“ကောင်းပြီ။ လူလျန်ကို ကိုယ်တိုင်သွားရှာပြီးတော့ပဲ မေးလိုက်တော့မယ်” ချူရီမန်က ရန်ကိုင်ကို ဆက်မမေးချင် တော့တဲ့အတွက် လူလျန်ကို သွားမေးမယ် ဆိုပြီးတော့ပဲ ဆုံးဖြတ်လိုက်တယ်။
ချူမိသားစုနဲ့ လူမိသားစုရဲ့ ဆက်ဆံရေးကြောင့် စကားလေး နည်းနည်းလောက် ပြောလိုက်ရုံနဲ့တင် ထိုကျောက်စိမ်းတုံးကို ရန်ကိုင် ဘယ်လို ရလာခဲ့လဲ ဆိုတာကို သူမ သိရမှာပါ။
“နင်ကြိုက်သလိုသာလုပ်” ရန်ကိုင်က ဂရုမစိုက်သည့် ဟန်ပန်နဲ့ ပုခုံးတွန့်ပြလိုက်တယ်။ သူ့အနေနဲ့ ထိုကိစ္စကို အခြားသူတွေ မသိအောင် လိုက်ပြီး ဖုံးဖိထားနေစရာမှ မလိုတာ။ ထို့နောက် ရုတ်တရက် ကောက်ပြောလိုက်တယ် “ဒီမှာ ရက်နည်းနည်းလောက် ထပ်နေပြီးမှာပဲ ဗဟိုမြို့တော်ဆီ ပြန်ကြတာပေါ့။ ချူရီမန်၊ နင်မစောင့်နိုင်ဘူးဆိုရင် ဗဟိုမြို့တော်ဆီ အရင်ပြန်နှင့်လို ရတယ်နော်”
“ငါလည်း မလောပါဘူး၊ နင့်ကို စောင့်ပြီးမှ သွားမှာပါနော်” ချူရီမန်က ပျားသကာလို ချိုမြိန်တဲ့ အပြုံးလေးနဲ့ ပြုံးပြလိုက်တယ်။
ရန်ကိုင်က ယန်သလင်းကျောက်စိမ်းကို ခပ်မြန်မြန် ကောက်ယူလိုက်ပြီး ကျင့်ကြံဖို့အတွက် သူ့အခန်းဆီ တိုက်ရိုက် ပြန်သွားလိုက်တယ်။
“ဟင်း၊ ဆန်းကြယ်ချင်ယောင် ဆောင်နေတာပဲ” ချူရီမန်က နှာခေါင်းရှုံ့လိုက်တယ်။ သူ့အင်္ကျီလက်စကို ဝှေ့ရမ်းလိုက်ပြီး ချူရီမန်နဲ့အတူ အခန်းထဲကနေ ထွက်သွားလိုက်တယ်။
“သခင်မလေးချူ၊ သတင်းမှန် သိရရင် ကျုပ်တို့ကိုလည်း ပြောဦးနော်” တုဖုန်းက ရယ်ကာမောကာနဲ့ ပြောလိုက်တယ်”
“အင်း” ချူရီမန်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
ချူရီမန်နဲ့ လော့ရှောင်မန်တို့ ထွက်သွားပြီးနောက် တုဖုန်းနဲ့ တန်ယုရှန်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းခါရမ်းလိုက်ကာ ပြုံးလိုက်ကြတယ်။
“သခင်လေးနဲ့ နေတာ ပိုကြာလာလေ၊ သူ့ကို ပိုပြီး မမြင်နိုင်သလို ဖြစ်လာလေပဲ” တုဖုန်းက တိုးတိုးလေး ပြောလိုက်တယ်။
တန်ယုရှန်းကလည်း ခေါင်းညိတ်ပြလိုက်ပြီး “ငါတို့ ပိုပြီး အံ့အားသင့်စရာတွေ ဆောင်ယူလာဦးမယ့်ပုံပဲ”
ရန်ကိုင်ကို ပထမဆုံးအကြိမ် စတွေ့တုန်းက သူက အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ လေးယောက်ကို တစ်ယောက်တည်း ယှဉ်တိုက်နေခဲ့တာပါ။ သူတို့ နှစ်ယောက်စလုံး ရန်ကိုင်ရဲ့ လှည့်ကွက်ထဲ ဝင်သွားခဲ့ပြီး နန်နဲ့ ရှန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ လက်ကိုတောင် ဖြတ်ခဲ့ရပါသေးတယ်။ ပြီးတော့ ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို သူထိန်းကျောင်းတဲ့ နည်းလမ်းကလည်း တကယ်ကို အထင်ကြီးဖို့ ကောင်းပါတယ်။
ကောင်းကင်စံအိမ်ကို ပြန်ရောက်သွားတဲ့အချိန် ရန်ကိုင်နဲ့ နတ်ဆိုးအရှင်သခင် အသစ်က နေရာတစ်ခုတည်းက လာတယ် ဆိုတာကို သူတို့ ကြားသိလိုက်ရတယ်။
ကောင်းကင်စံအိမ်မှာ ရှိနေစဉ်တုန်းကလည်း ချူရီမန်က ရန်ကိုင် ဘက်ကနေ အားကြိုးမာန်တက် ထောက်ခံပြောဆို ပေးနေတဲ့အတွက် သူတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ရ ပါသေးတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ် တုန်းကလည်း ရန်ကိုင် လေ့ကျင့်နေတာကို စပ်စုလိုစိတ်နဲ့ သွားစူးစမ်းမိလို့ နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ရပါသေးတယ်။ အခုလည်း သူတို့ရဲ့ သခင်လေးက လူမိသားစုမှ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူရဲ့ အသက်ကယ် ကျောက်စိမ်းတုံးကို နည်းနည်းလေး အားထုတ်ရုံနဲ့ ရလာခဲ့ပြန်ပါပြီ။
ထိုအံ့အားသင့်ဖွယ် အဖြစ်အပျက် အားလုံးကို နဖူးတွေ့ဒူးတွေ့ ခံစားရပြီးချိန်မှာတော့ သူတို့ သခင်လေးရဲ့ စွမ်းရည်ကို မချီးကျူးနိုင်ပဲ မနေနိုင်အောင် ဖြစ်လာခဲ့ရပါပြီ။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကို အချိန်ကို ပြန်တွက်ကြည့်လိုက်တဲ့ အခါမှာတော့ ရန်ကိုင်ကိုတွေ့တာ တစ်လပဲ ရှိသေးမှန်း သူတို သတိပြုမိသွားခဲ့တယ်။
အချိန် တစ်လလေးအတွင်း ရန်ကိုင်က ပြိုင်ဘက်ကင်း နည်းလမ်းတွေကို ထုတ်ပြပြီး သွေးစစ်သည်တော် နှစ်ယောက်ရဲ့ ချီးကျူးလေးစားမှုကို ရယူနိုင်ခဲ့ပါဘူး။
သူ့ရဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ နောက်ခံကို ဘေးဖယ်ထားရင်တောင် သူတို့ရဲ့ သခင်ငယ်လေးက တကယ်ကို ပုံမှန်း မဟုတ်ပါဘူး။
Martial Peak
အပိုင်း (၃၈၂) ကျောက်စိမ်းထဲက အစစ်အမှန် စိတ်ဝိဥာဉ်
အခန်းထဲ၌ ရန်ကိုင်က ယန်သလင်းကျောက်စိမ်း အိပ်ရာထက် တင်ပလင်ခွေ ထိုင်နေရင်း အစစ်အမှန်ယန်ကျင့်စဉ်ကို သည်းကြီးမည်းကြီး လှည့်ပတ်နေခဲ့တယ်။
လူစီ ကျောက်စိမ်းအိပ်ရာထက် ထိုင်နေစဉ်တုန်းက သူ့သွေးကြောတွေကို နွေးထွေးစေဖို့အတွက် ယန်ချီ အမျှင်တန်း တစ်ခုကိုသာ ညင်ညင်သာသာလေး ထုတ်ယူခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်ကတော့ ယန်သလင်း ကျောက်စိမ်း အိပ်ရာထဲက ယန်ချီတွေကို ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် သည်းကြီးမည်းကြီး စုပ်ယူနေခဲ့တယ်။
ရန်ကိုင်ခန္ဓာကိုယ် တစ်ခုလုံးက အဆုံးမရှိတဲ့ တွင်းပေါက်တစ်ခုလို ယန်ချီတွေကို အဆက်မပြတ် စုပ်ယူနေခဲ့တယ်။ သူ့ချွေးပေါက်တွေ အားလုံး ပွင့်ထွက်နေခဲ့ပြီး အဆုံးမရှိတဲ့ စုပ်ယူအားတို့ကို ထုတ်လွှတ်နေခဲ့တယ်။ ယန်သလင်း ကျောက်စိမ်း အိပ်ရာထဲ ရွှေရောင်စွမ်းအင်တွေက ရန်ကိုင်ကိုယ်ထဲ အရူးအမူး စီးဝင်နေခဲ့တယ်။ အခြားတစ်ယောက်သာ မြင်သွားခဲ့ရင် ရွှေရောင်ကြိုးမျှင်တွေက ရန်ကိုင်ကိုယ်ထဲ ဝင်နေတယ် လို့တောင် ထင်မြင်မိမှာပါ။
ရှင်းပြမရနိုင်တဲ့ သက်သောင့်သက်သာ ခံစားချက် တစ်ခုက သူ့ကိုယ်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
ထိုဆန်းကြယ် အလယ်အလတ်အဆင့် ကျောက်စိမ်းတုံးထဲ ပါဝင်နေတဲ့ ယန်ချီတွေရဲ့ သန့်စင်မှုကြောင့် ရန်ကိုင် ကိုယ်တိုင်တောင် အံ့အားသင့်သွားခဲ့ရတယ်။
ရန်ကိုင် သွေးကြောတွေက သူ့ကိုယ်ထဲ စီးဝင်လာနေသည့် ယန်ချီတွေထဲက အညစ်အကြေးတွေကို ရေစစ်သဖွယ် စစ်ထုတ်လိုက်ကာ ပိုပြီးသိပ်သည်းသန့်စင် သွားစေခဲ့တယ်။
သူ့သွေးကြောတွေ ဖောင်းတက်လာခဲ့ပြီး တိုးလျတဲ့ အသံတစ်သံ နှင့်အတူ သူ့ဒန်တန်ထဲ ယန်အရည်စက် တစ်စက် ဖြစ်တည်လာခဲ့တယ်။
ကျောက်စိမ်းအိပ်ရာထဲမှာ ရှိနေတဲ့ ယန်ချီတွေက သူ့ဒန်တန်ထဲက ယန်အရည်စက်တွေ အဖြစ် မြန်ဆန်စွာ ပြောင်းလဲသွားနေခဲ့တယ်။ သူ့ဒန်တန်ထဲ၌ ယန်အရည်စက် တစ်စက်ပြီး တစ်စက် ဖြစ်ပေါ်လာနေခဲ့ပြီး ယန်သလင်း ကျောက်စိမ်းအိပ်ရာ တစ်ခုလုံးလည်း အလွန်နှေးကွေးစွာနဲ့ ဖြေးဖြေးချင်း ကျုံ့လာခဲ့တယ်။
ရန်ကိုင်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး မယုံနိုင်လောက်ဖွယ် ပြောင်းလဲမှုကြီး တစ်ခုကို ကြုံ့တွေ့ခဲ့ရတယ်။
နှစ်ရက်ကြာပြီးနောက် ရန်ကိုင် မျက်ဝန်းအစုံက ဖြေးဖြေးချင်း ပွင့်လာခဲ့ပြီး ထိုမျက်ဝန်းအစုံထဲ အလင်းတစ်ချက် လက်လို့ သွားခဲ့တယ်။
အခု သူ့ဒန်တန်ထဲ၌ ယန်အရည်စက် ၂၀၀ ကျော် ရှိနေခဲ့ပါပြီ။ မိစ္ဆာလိုဏ်ဂူထဲကနေ ထွက်လာတုန်းက သူ့ဒန်တန်ထဲ၌ ယန်အရည်စက် ၂၀ စွန်းစွန်း လောက်ပဲ ရှိတော့တာပါ။ ဒါပေမယ့် သူ့ဒန်တန်ထဲက လက်ရှိ ယန်အရည်စက ပမာဏက မိစ္ဆာလိုဏ်ဂူက ထွက်လာစဉ်ထက် ဆယ်ဆပိုများ သွားခဲ့ပါပြီ။
ထိုအချက်နဲ့ ယန်သလင်း ကျောက်စိမ်း အိပ်ရာထဲ၌ ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းတဲ့ ယန်ချီတွေ ပါဝင်နေလဲ ဆိုတာကို တွေ့မြင်နိုင်ပါတယ်။
ရန်ကိုင် ဒန်တန်ထဲမှာ ရှိနေတဲ့ အခုလက်ရှိ ယန်အရည်စက်တွေက သူစလေ့ကျင့်တုန်းက ဖန်တီးခဲ့တဲ့ ယန်အရည်စက်တွေနဲ့ လုံးဝကို ကွဲပြားခြားနားနေခဲ့ပါပြီ။
ရန်ကိုင် ယန်ယွမ်ချီက အလွန်အမင်း သန့်စင်နေခဲ့ပြီး ယန်အရည်စက် တစ်စက်ချင်းစီမှာ ပါဝင်တဲ့ စွမ်းအင်ပမာဏကလည်း အရင်ကထက် အများကြီး ပိုများလာခဲ့ပါပြီ။ ထို့ကြောင့် အစက်၂၀၀ပဲ ဆိုရင်တောင် ထိုအစက်၂၀၀ထဲ ပါဝင်နေတဲ့ ယန်ချီ ပမာဏက တကယ်ကို ကြောက်မက်ဖွယ်အတိပါပဲ။
အနည်းဆုံးတော့ ထိုယန်အစက်၂၀၀နဲ့ ဆိုရင် အချိန်တိုအတွင်း နောက်ထပ် ယန်ဓါတ်ပါဝင်တဲ့ ပစ္စည်းတွေကို လိုက်ရှာစရာ မလိုသေးပါဘူး။
ယန်သလင်း ကျောက်စိမ်းအိပ်ရာ တစ်ခုလုံးက ပျောက်ကွယ်လုလု ဖြစ်နေခဲ့ပါပြီ။ သူ့ဒဏ်ရာကို ကုသဖို့ အချိန်အတော်ကြာအောင် အသုံးပြုခဲ့ရတဲ့၊ ပိုက်ဆံပမာဏ တော်တော်များများ အကုန်အကျ ခံပြီး ကံကောင်းထောက်မပြီးမှ ရရှိလာခဲ့တာ ယန်သလင်း ကျောက်စိမ်း အိပ်ရာက ပိုင်ရှင် ပြောင်းလဲပြီး ရက်အနည်းငယ် အတွင်းမှာပဲ ပျောက်ကွယ်လုလု ဖြစ်နေတာကို မြင်လိုက်ရမယ် ဆိုရင်တော့ လူစီ တော်တော်လေး ထိတ်လန့်သွားမိမှာပါ။
လက်တစ်ဖက်နဲ့ ပြည့်ရုံလောက်ပဲ ကျန်ပါတော့တယ်။
ရန်ကိုင်က ထိုကျောက်စိမ်း အပိုင်းအစလေးကို ဆုပ်ကိုင်လိုက်ပြီး သူ့မျက်ဝန်းအစုံက လက်သွားခဲ့တယ်။
ထိုယန်သလင်း ကျောက်စိမ်း သေးသေးလေးထဲမှာ ပါဝင်တဲ့ စွမ်းအင်တွေကို သူမစုပ်ယူနိုင်ခဲ့ပါဘူး။ အစစ်အမှန် ယန်ကျင့်စဉ်ကို အမြင့်ဆုံး အရှိန်နှုန်းနဲ့ လှည့်ပတ်ရင်တောင် ထိုယန်သလင်း ကျောက်စိမ်းတုံးလေးထဲ ရှိနေတဲ့ စွမ်းအင်တွေကို မစုပ်ယူ နိုင်သေးပါဘူး။
ထိုယန်သလင်း ကျောက်စိမ်း တုံးလေးထဲ သူ့ဆီက စုပ်အားကို တွန်းကန်ခုခံနေတဲ့ ဆန်းကြယ်သည့် တစ်ခုခု ရှိနေတဲ့ ပုံပါပဲ။
သူသာ စုပ်ယူချင်တယ် ဆိုရင် ထိုကျောက်စိမ်းတုံးထဲ ကျန်ရှိနေတဲ့ စွမ်းအင်တွေကို ထုတ်ယူနိုင်မယ်လို့ ရန်ကိုင် ယုံကြည်ချက် အပြည့် ရှိပါတယ်။ ဒါပေမယ့် ထိုထူးဆန်းတဲ့ အဖြစ်အပျက်ကို ကြုံတွေ့လိုက်ရ ပြီးနောက် ရန်ကိုင်စိတ်ထဲ ထိုယန်သလင်း ကျောက်စိမ်းတုံးလေးကို စူးစမ်းလေ့လာ ချင်တို့ တဖွားဖွား ထွက်ပေါ်လာခဲ့တယ်။
ထိုလက်ဝါးအရွယ် ကျောက်စိမ်းတုံးလေးက အရင်အတိုင်း ရွှေရောင် တောက်နေတုန်းပါပဲ။ ဒါပေမယ့် အခုကျောက်စိမ်းတုံးလေးရဲ့ အရောင်က အရင်ကျောက်စိမ်းတုံးကြီးရဲ့ အရောင်ထက် ပိုပြီး သိပ်သည်းပါတယ်။ အခုဟာက အရည်ဆိုရင် အရင်က အငွေ့ပါ။
သိချင်စိတ် အပြည့်နဲ့ စိုက်ကြည့်နေပေမယ့် ထူးဆန်တာ ဘာတစ်ခုကိုမှ သူမထုတ်ဖော် နိုင်ခဲ့ပါဘူး။
ခဏလောက် စဉ်းစားပြီးနောက် ကောင်းကင် စိတ်အာရုံကို သုံးပြီး ထိုကျောက်စိမ်းတုံးလေကို စူးစမ်း ကြည့်လိုက်တယ်။ ဒါပေမယ့် ကောင်းကင် စိတ်အာရုံသုံးပြီး စစ်ဆေးတာတောင် ဘာထူးခြားတာကိုမှ သူရှာမတွေ့ခဲ့ပါဘူး။
ကောင်းကင် စိတ်အာရုံရော၊ အစစ်အမှန်ယွမ်ချီရော သုံးပြီး စစ်ဆေးခဲ့ပေမယ့် ထူးခြားတာ ဘာတစ်ခုကိုမှ သူရှာမတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ထိုကျောက်စိမ်းတုံးလေးက တစ်ခုခု ထူးခြားနေမှန်း သူကျိန်းသေ သိနေခဲ့တယ်။ ထို့ကြောင့် တစ်ခဏလောက် စဉ်းစားလိုက်ပြီးနောက် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကိုပဲ မေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ “တုဖုန်း၊ တန်ယုရှန်း”
အခန်းတံခါး ပွင့်သွားခဲ့ပြီး တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက် လမ်းလျှောက်ဝင်လာခဲ့တယ်။
“သခင်လေး ဘာများ မှာကြားချင်လို့ပါပဲ” တုဖုန်းက အသံအကျယ်ကြီး အော်မေးလိုက်တယ်။ တန်ယုရှန်းကတော့ ရန်ကိုင်ကို သိချင်စိတ်နဲ့ စိုက်ကြည့်နေခဲ့တယ်။ နှစ်ရက်လောက် မတွေ့လိုက်တာနဲ့ သူမတို့ရဲ့ သခင်ငယ်လေးက ပိုပြီး သန်မာလာတာကို တန်ယုရှန်း သတိထားမိလိုက်တယ်။
အစစ်အမှန်ဒြပ်စင် အဆင့်၇မှာသာ ရှိသေးပေမယ့် နောက်တစ်ဆင့် ချိုးဖျက်မည့် အရိပ်အယောင်တို့ ပြနေခဲ့ပါပြီ။ တကယ်ဆိုရင် အဆင့်၇ကို သူချိုးဖျက်ပြီးတာ ကြာတောင် သိပ်မကြာသေးပါဘူး။
မဖြစ်နိုင်ဘူး တန်ယုရှန်းက တိတ်တဆိတ်နဲ့ ခေါင်းခါလိုက်တယ်။ နှစ်ရက်လောက် တံခါးပိတ် ကျင်ကြံလိုက်ရုံနဲ့ ဒီလောက် တိုးတက်သွားတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ပြီးတော့ ယန်သလင်း ကျောက်တုံးကကော ဘယ်ပျောက်သွားတာလဲ။ အိမ်းလေးထဲ ယန်သလင်း ကျောက်စိမ်း အိပ်ရာ အရိပ်အယောင် နည်းနည်းလေးမှ သူမ ရှာမတွေ့ခဲ့ပါဘူး။
ရန်ကိုင်က သူ့လက်ထဲမှာ ရှိနေတဲ့ ယန်သလင်း ကျောက်စိမ်းတုံးလေးကို တုဖုန်းဆီ လှမ်းပစ်လိုက်ပြီး “တစ်ချက် ကြည်ကြည့်လိုက်။ ထူးခြားပြီး ပုံမှန်မဟုတ်တာ တစ်ခုခုလောက် ခင်ဗျား ရှာလို့တွေ့လား”
တုဖုန်းက ကျောက်စိမ်းတုံးလေးကို လှမ်းဖမ်းလိုက်တဲ့အချိန် သူ့မျက်ဝန်းအစုံထဲ အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။ ဒါပေမယ့် မြန်မြန်ဆန်ဆန်ပဲ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်လုပ်လိုက်ပြီး အစစ်အမှန်ချီနဲ့ ကောင်းကင် စိတ်အာရုံကိုသုံးကာ ကျောက်စိမ်းတုံးလေကို စစ်ဆေး ကြည့်လိုက်တယ်။ တစ်ခဏလောက် ကြာအောင် စစ်ဆေးပြီးနောက် ခေါင်းခါယမ်းလိုက်ကာ ပြန်ပြောလိုက်တယ် “ကောင်းကင်စိတ်အာရုံနဲ့ ပက်သက်ရင် ယုရှန်းက ကျုပ်ထက် ပိုသာတယ်။ သခင်လေး အနေနဲ့ သူမကို ကြည့်ခိုင်းလိုက်တာ ပိုကောင်းလိမ့်မယ်”
ရန်ကိုင်လည်း တန်ယုရှန်းကို အထူးအဆန်း တစ်ခုလို စိုက်ကြည့်လိုက်တယ်။ သူမရဲ့ ဝိဥာဉ်က သူ့ထက်တောင် သန်မာအားကောင်းတယ်လို့ တုဖုန်းကိုယ်တိုင် ပြောရလောက်တဲ့အထိ အားကောင်းလိမ့်မယ်လို့ ရန်ကိုင် မထင်ထားခဲ့ပါဘူး။
အင်မော်တယ် တက်လှမ်းခြင်းအဆင့် ရောက်တဲ့လူအားလုံး သူတို့ရဲ့ အစစ်အမှန်ချီကို တိုးတက်အောင် လုပ်ဖို့ လိုအပ်ရုံသာ မက သူတို့ရဲ့ ဝိဥာဉ်ကို လေ့ကျင့်ဖို့လည်း လိုအပ်ပါသေးတယ်။ အချိုလူတွေက ကောင်းကင်စိတ်အာရုံနဲ့ ဝိဥာဉ်ပညာရပ်တွေမှာ အခြား အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေထက် ပိုပြီး ပါရမီပါကြပါတယ်။
တန်ယုရှန်းကလည်း ထိုကဲ့သို့ လူတစ်ယောက်ပါပဲ။
ရန်ကိုင် ခေါင်းညိတ်ပြတာကို မြင်တော့ တုဖုန်းလည်း ကျောက်စိမ်းတုံးကို တန်ယုရှန်းဆီ ပေးလိုက်တယ်။
တန်ယုရှန်းလည်း ကျောက်စိမ်းတုံးလေးကို ပြုံးကာ လှမ်းယူလိုက်တယ်။ ထို့နောက် ကျောက်စိမ်းတုံးကို သေချာစိုက်ကြည့်လိုက်ရင်း ကောင်းကင် စိတ်အာရုံကိုသုံးကာ စစ်ဆေးကြည့်လိုက်တယ်။
တန်ယုရှန်းရဲ့ ကျော့ရှင်းသည့် မျက်နှာလေးက တဖြည်းဖြည်း လေးနက်လာခဲ့တယ်။ သူမ တစ်ခုခု တွေ့သွားတဲ့ ပုံပါပဲ။ ထို့ကြောင့် သူမဆီက စိတ်စွမ်းအင် စီးထွက်နှုန်းကလည်း တဖြည်းဖြည်း ပိုမိုမြန်ဆန် လာခဲ့တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင် မျက်ဝန်းအစုံ တောက်ပသွားခဲ့တယ်။ ထိုကျောက်စိမ်းတုံးလေးထဲက ဆန်းကြယ်မှုကို သူလည်း တော်တော်လေး သိချင်နေပါပြီ။
တစ်ခဏလောက် ကြာပြီးနောက် တန်ယုရှန်းက သူမရဲ့ ကောင်းကင် စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ညင်သာလေ လေပူတစ်ချက် ရှုထုတ်လိုက်တယ်။ ထို့နောက် မျက်လုံးတစ်ဖန် ပြန်ဖွင့်လိုက်ပြီး စိတ်လှုပ်ရှားသည့် အမူအရာဖြင့် “သခင်ငယ်လေး၊ ဒီကျောက်စိမ်းတုံးက အစစ်အမှန် စိတ်ဝိဥာဉ် တစ်ခုကို မွေးဖွားပေးလိုက်ပြီ”
“အစစ်အမှန် စိတ်ဝိဥာဉ်လား” ရန်ကိုင်နဲ့ တုဖုန်းတို့ နှစ်ယောက်စလုံး ပြိုင်တူ အော်လိုက်ကြတယ်။
“အစစ်အမှန် စိတ်ဝိဥာဉ်ပဲ” တန်ယုရှန်းက ခေါင်းညိတ်ပြလိုက်ပြီး အသေးစိတ် ထပ်ရှင်းပြလိုက်တယ် “ငါသိသလောက် ဆိုရင် ဒီအစစ်အမှန် စိတ်ဝိဥာဉ်က ဟိုးအချိန်တော်တော် ကြာကတည်းက ဖြစ်တည်နေခဲ့တာ။ သူ့ရဲ့ အသိဥာဏ်က အတိုင်းအတာ တစ်ခုအထိ ရောက်နေလို့ပဲ သခင်ငယ်လေးနဲ့ နင့်ရဲ့ ကောင်းကင် စိတ်အာရုံကို လှည့်ဖျားနိုင်ခဲ့တာ”
“ဒီအစစ်အမှန် စိတ်ဝိဥာဉ်မှာ ကိုယ်ပိုင် အသိစိတ် ရှိနေတာလား” တုဖုန်းက အလန့်တကြား အော်ဟစ်လိုက်ပြီး “အနည်းဆုံး ဒီကောင်ကြီးက နှစ်တစ်ထောင်လောက် ရှိနေပြီလို့ ဆိုလို လိုက်တာပေါ့”
“အဟမ်း” ရန်ကိုင်က တုဖုန်းက မျက်စိမှိတ်ပြလိုက်တယ်။
ရန်ကိုင် အချက်ပြတာကို မြင်လိုက်တာနဲ့ တုဖုန်းက တစ်ခုခုကို အမှတ်ရလိုက်ကာ ကောင်းကင်စိတ်အာရုံကို တိတ်ဆိတ် ထုတ်လွှတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တယ်။ တစ်ခဏကြာပြီးနောက် တုဖုန်းမျက်နှာ တစ်ခုလုံး အေးစက်သွားခဲ့တယ်။
ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေး ကြည့်လိုက်တဲ့အချိန် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများစွာက သူတို့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ပြီး ရန်ကိုင်ရဲ့ ခြံဝန်းကို စောင့်ကြည့် စစ်ဆေးနေတာကို တုဖုန်း တွေ့ရှိလိုက်ရတယ်။
ထိုလူတွေက လူမိသားစုက ပညာရှင်တွေဆိုတာ သံသယ ရှိစရာ မလိုပါဘူး။
တုဖုန်းရဲ့ ကောင်းကင် စိတ်အာရုံက ထိုလူတွေထက် မသန်မာတာ မဟုတ်ပါဘူး။ ထိုလူမိသားစုက ပညာရှင်တွေက အထူးလက်နက် တစ်ခုခုရဲ့ အကူအညီနဲ့ သူတို့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားကြလို့ပါ။ ရန်ကိုင် သတိပေးလို့သာ မဟုတ်ရင် ထိုလူတွေ ရှိနေတာကို သူလည်း သတိပြုမိလိမ့်မှာ မဟုတ်ပါဘူး။
တုဖုန်းလည်း အံ့အားသင့်သွားခဲ့မိတယ်။ ရန်ကိုင်က အရမ်းပဲ သတိကြီးနေတာလား၊ ဒါမှမဟုတ် ထိုလူတွေ ရှိနေတာကို ဟိုး အစေားကြီးကတည်းက ကြိုသိထားတာလား ဆိုတာကိုတော့ တုဖုန်း မသိခဲ့ပါဘူး။
သူတို့ကို စောင့်ကြည့်နေမှန်း သိပြီးနောက်မှာတော့ တုဖုန်းလည်း အသံကျယ်ကျယ်နဲ့ မပြောရဲတော့ပါဘူး။
ရန်ကိုင်က ထိုနှစ်ယောက်ကို သူ့နားကပ်လာဖို့ အချက်ပြလိုက်တယ်။ တုဖုန်းနဲ့ တန်ယုရှန်းလည်း သူ့နဲ့ မနီးမဝေးမှာ ထိုင်လိုက်ကြတယ်။
သုံးယောက်သား ခေါင်းချင်းဆိုင်ပြီး တိုးတိုးတိတ်တိတ်နဲ့ ဆွေးနွေးလိုက်ကြတယ်။
“အချို့ အဖို့တန် ရတနာတွေမှာ အစစ်အမှန် စိတ်ဝိဥာဉ်တွေ မွေးဖွားဖြစ်တည် ခဲ့တာကို ကျုပ်ကြားခဲ့ဖူးတယ်။ အဖိုးတန် ကျောက်စိမ်းတစ်ခု တည်ရှိလာတာ အရမ်း ကြာမြင့်သွားပြီ ဆိုရင် အစစ်အမှန် စိတ်ဝိဥာဉ်ကို မွေးဖွားဖြစ်တည်နိုင်ဖို့ အခွင့်အရေး ရှိတယ်။ အခု အခြေအနေက အဲ့လိုမျိုးလား” ရန်ကိုင်က အသံတိုးတိုးနဲ့ မေးလိုက်တယ်။
တန်ယုရှန်းက အသာအယာလေး ခေါင်းညိတ်ပြလိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်တယ် “အင်း၊ အစစ်အမှန် စိတ်ဝိဥာဉ်ကို မွေးဖွားနိုင်ချေ ရှိပေမယ့် ရာခိုင်နှုန်းက အရမ်းကို နည်းပါးလွန်းတယ်။ အခုလို သက်တမ်းရှိတဲ့ အဖိုးတန် ကျောက်စိမ်း အခု၁၀၀၀၀မှာ၊ တစ်ခုတောင် အစစ်အမှန် စိတ်ဝိဥာဉ်ကို မွေးဖွားပေးစေနိုင်မယ် ဆိုတာ သေချာတာ မဟုတ်ဘူး”
ပြောနေရင်းနဲ့ စိတ်လှုပ်ရှားလာခဲ့ပြီး “ဒါပေမယ့် အစစ်အမှန် စိတ်ဝိဥာဉ် တစ်ခုကို မွေးဖွားပေးလိုက်ပြီ ဆိုရင်လည်း အဲ့ကျောက်စိမ်းရဲ့ တန်ဖိုးက အဆပေါင်းများစွာ ထိုးတက်သွားလိမ့်မယ်”
တုဖုန်းလည်း ထောက်ခံတဲ့ အမူအရာနဲ့ ခေါင်းညိတ်လိုက်ပြီး ဝင်ပြောလိုက်တယ် “ယုရှန်း ပြောတာ အမှန်ပဲ”
ရန်ကိုင်လည်း ရုတ်တရက် ဆိုသလို စိတ်ဝင်စားသွားခဲ့ပြီး သိချင်စိတ်အပြည့်နဲ့ မေးလိုက်တယ် “အစစ်အမှန် စိတ်ဝိဥာဉ်ကို ဘယ်လိုတွေ အသုံးပြုလို့ ရလဲ”
သွေးစစ်သည်တော် နှစ်ယောက်စလုံး တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ပြီး ရုတ်တရက် ဆိုသလို စိတ်သက်သာရာ ရသွားခဲ့ကြတယ်။ ရန်ကိုင် နောက်လိုက်လာကတည်းက ရန်ကိုင်ကချည်းပဲ သူတို့ နှစ်ယောက်ကို ခဏခဏ အံ့အားသင့်အောင် လုပ်ပြနေခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ သူဘယ်လောက်ပဲ အရည်းအချင်း ရှိရှိ၊ သူက လူငယ်လေး တစ်ယောက် ဖြစ်နေတုန်းပါပဲ။ အသိပညာ ဗဟုသုတ ပိုင်းမှာတော့ ရန်ကိုင်က သူတို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးပါဘူး။
ငါတို့လည်း သခင်ငယ်လေးအတွက် အသုံးဝင်သေးသားပဲ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး သူတို့ဘာသာ တွေးလိုက်ကြတယ်။
ထိုအတွေးတွေကို ဘေးဖယ်ထားလိုက်ပြီး တန်ယုရှန်းက အလျင်စလိုနဲ့ ပြောလိုက်တယ် “အစစ်အမှန် စိတ်ဝိဥာဉ်က အရည်အသွေး အမြင့်မားဆုံး ကျောက်စိမ်းတွေမှာပဲ ဖြစ်လာနိုင်တယ်။ ကျွန်မ ထင်ထာသာ မမှားဘူးဆိုရင် လူမိသားစုက ယန်သလင်း ကျောက်စိမ်းတုံးက ယန်သလင်း ကျောက်စိမ်းတွင်းကြီးကနေ ထုတ်ယူထားတာ ဖြစ်နိုင်တယ်။ အဲ့ယန်သလင်း ကျောက်စိမ်းတွင်းရဲ့ အဆင့်က အရမ်းကို မြင့်လိမ့်မဘ်။ ပြီးတော့ ဒီယန်သလင်း ကျောက်စိမ်း အိပ်ရာက ကျောက်စိမ်းတွင်းရဲ့ ဟိုးအတွင်းပိုင်းထဲကနေ ထုတ်ယူထားတာ ဖြစ်နိုင်ချေ များတယ်”
“ပြီးတော့ ဒီအပိုင်းသေးသေးက ယန်သလင်းကျောက်စိမ်း အိပ်ရာရဲ့ အနက်ဆုံးအတွင်းသား တစ်ခု ဖြစ်လောက်မယ်၊ ဟုတ်တယ်မလား သခင်ငယ်လေး”
အခု အခြေအနေ အတိုင်းအတာထိ ရောက်လာမှတော့ တန်ယုရှန်းလည်း ဒီကျောက်စိမ်းတုံးလေး ဘယ်ကနေ ရောက်လာလဲ ဆိုတာကို ခန့်မှန်းမိသွားပါပြီ။
“အင်း”
တန်ယုရှန်းက တောက်ပစွာ ပြုံးလိုက်ပြီး “ယန်သလင်း ကျောက်စိမ်းအိပ်ရာက ကျောက်စိမ်းတွင်းရဲ့ အဆီအနှစ်လို့ လူမိသားဝင်တွေ တွေးနေခဲ့ကြတာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒီကျောက်စိမ်းတုံးလေးက အဲ့အဆီအနှစ်ရဲ့ အူတိုင် ဖြစ်တယ် ဆိုတာကိုတော့ သူတို့ မသိခဲ့ဘူး။ ဒီကျောက်စိမ်းတုံးလေးထဲမှာ ပါဝင်နေတဲ့ စွမ်းအင်နဲ့ အူတိုင်တစ်ခုလုံးရဲ့ တန်ဖိုးက ကျောက်စိမ်းတွင်း တစ်ခုလုံးရဲ့ တန်ဖိုးထက်တောင် ပိုမြင့်သေးတယ်”
တန်ယုရှန်းဆီကလာတဲ့ စိတ်လှုပ်ရှားမှုတွေက ရန်ကိုင်ထံသို့ ကူးဆက်သွားခဲ့တယ်။
“ပြီးတော့… အစစ်အမှန် စိတ်ဝိဥာဉ် တစ်ခုရဲ့ အရေးအကြီးဆုံး လက္ခဏာက… အဲ့ကောင်တွေမှာ ကိုယ်ပိုင် အသိစိတ် ရှိတာပဲ” တန်ယုရှန်းရဲ့ မျက်ဝန်းအစုံက စိတ်အားထက်သန်မှု တို့ဖြင့် ပြည့်သွားခဲ့ပြီး “ပြီးတော့ အစစ်အမှန် စိတ်ဝိဥာဉ်ကို လက်နက်အဖြစ် သန့်စင်လို့လည်း ရသေးတယ်။ လက်နက်လုပ်တာ ပြီးသွားပြီ ဆိုရင် အဲ့လက်နက်ရဲ့ အဆင့်က ခုန်ပေါက် တိုးတက်သွားလိမ့်မယ်။ လက်နက်သန့်စင်တဲ့ ဂရမ်းမာစတာ တစ်ယောက်သာ အစစ်အမှန် စိတ်ဝိဥာဉ်နဲ့ လက်နက် သန့်စင်မယ် ဆိုရင်၊ စိတ်ဝိဥာဉ်အဆင့် လက်နက်ကိုတောင် သန့်စင်ကောင်း သန့်စင်နိုင်တယ်”
စိတ်ဝိဥာဉ်အဆင့် လက်နက်…
ထိုကဲ့သို့ လက်နက်မျိုးက ဒဏ္ဏာရီထဲမှာပဲ ရှိပါတယ်။
ရှောင်ဖူချန်းရဲ့ ပန်းတိုင်က စိတ်ဝိဥာဉ်အဆင့် ဆေးလုံးကို သန့်စင်နိုင်တဲ့ ပထမဆုံး ဆေးပညာရှင် ဖြစ်လာဖို့ပါပဲ။ ဆေးလုံးတွေ မှာလိုပဲ လက်နက်တွေမှာပဲ ဆန်းကြယ် အထွတ်အထိပ် အဆင့်ဆိုတာ အမြင့်ဆုံးပါ။ စိတ်ဝိဥာဉ် အဆင့်လက်နက် ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး။
ဒီကျင့်ကြံခြင်း လောကကြီးထဲက ဥပဒေသတွေကြောင့် ဆန်းကြယ် အဆင့်ထက် မြင့်တဲ့ ဆေးလုံးတွေကို ဖော်စပ်လို့ မရသလို လက်နက်တွေကိုလည်း သန့်စင်လို့ မရပါဘူး။
“အဲ့ကောင်သာ အသိစိတ် အပြည့်အဝ ဖွံ့ဖြိုးဖို့ အချိန်လုံလုံလောက်လောက် ရခဲမ့ယ် ဆိုရင် သခင်ငယ်လေးအတွက် တစ်ထောင့်တစ်နေရာကနေ အကူအညီ ပေးနိုင်မှာပဲ။ ဒါက ကောင်းချီး တစ်ခုဆိုလည်း မမှားဘူး။ လုံးဝကို အတုမရှိတဲ့ ကံကောင်းမှုဆိုလည်း ဟုတ်တယ်” တုဖုန်းက ထပ်ပေါင်း ပြောလိုက်တယ်။
“အို၊ အဲ့လိုဆို အချိန်ဘယ်လောက် ကြာနိုင်လဲ” ရန်ကိုင်က မေးလိုက်တယ်။
တုဖုန်းက မဲ့ပြုံးပြုံးလိုက်ပြီး “အနည်းဆုံး နှစ်နဲ့ချီပြီး ကြာလိမ့်မယ်။ အဲ့ထက်ပိုရင်လည်း ပိုနိုင်လည်း”
ရန်ကိုင်လည်း မျက်ခွံလှန် မိလိုက်တယ်။
နှစ်နဲ့ချီပြီးတော့လား… အဲ့အချိန်က သူသေမယ်၊ ရှင်မယ် ဆိုတာကို ဘယ်သူက သိမှာလဲ။
“အစစ်အမှန် စိတ်ဝိဥာဉ်က အစစ်အမှန် သက်ရှိ တစ်ခု မဟုတ်တဲ့အတွက် အဲ့ကောင်တွေရဲ့ ကြီးထွားနှုန်းက အရမ်းကို နှေးကွေးတယ်၊ ဒါပေမယ့် အစစ်အမှန် စိတ်ဝိဥာဉ် တစ်ကောင်သာ အရွယ်ရောက်သွားပြီ ဆိုရင်တောင့် အဲ့ကောင်က ဒီလောကကြီးထဲမှာ ပြိုင်ဘက်ကင်း ဖြစ်သွားပြီ”
“အဲ့လောက်တောင် အားကောင်းတာလား” ရန်ကိုင် လေအေးတစ်ရှိုက် ပင့်သက် ရှိုက်လိုက်တယ်။
“အင်း၊ အဲ့လောက်ထိကို အားကောင်းတယ်” တန်ဖုရှန်းက ခေါင်းညိတ်လိုက်ပြီး သူမ အမူအရာက လေးနက်သွားခဲ့ကာ “လက်နက်သန့်စင်တဲ့ နေရာမှာ သုံးလို့ ရတဲ့အပြင်၊ အစစ်အမှန် စိတ်ဝိဥာဉ်ကို စုပ်ယူပြီး အသုံးပြုလို့ ရသေးတယ်။ အဲ့လို စုပ်ယူနိုင်ခဲ့မယ် ဆိုရင် သခင်လေးရဲ့ ခွန်အားကို တစ်ဟုန်ထိုး မြင့်တက်သွားစေနိုင်တယ်။ မျှော်လင့်မထားတဲ့ အကျိုးအမြတ်တွေကို ရရှိနိုင်သလို ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ စွမ်းရည်အချို့ကိုတောင် ရကောင်း ရနိုင်သေးတယ်”
နောက်ဆုံး စကားကို ကြားလိုက်တဲ့အချိန် ထိုအစစ်အမှန် စိတ်ဝိဥာဉ်ကို ချက်ချင်း ပြေးစုပ်ယူချင်တဲ့ စိတ်တို့ ရန်ကိုင် စိတ်ထဲ တဖွားဖွားထွက်ပေါ်လာခဲ့တယ်။
တန်ယုရှန်းလည်း ရန်ကိုင် တွေးနေတာကို သတိပြုမိလိုက်ပြီး သူမလက်ကို ဝှေ့ရမ်းလိုက်ကာ လေသံမာမာနဲ့ သတိပေးလိုက်တယ် “သခင်ငယ်လေး၊ တစွတ်ထိုး လုပ်လို့ မရဘူးနော်၊ ဒီကျောက်စိမ်းတုံး လေးထဲမှာပါတဲ့ စွမ်းအင်တွေက သခင်လေး စိတ်ကူးနိုင်တာထက် အများကြီး ပိုတယ်။ သခင်လေးသာ ဒီကျောက်စိမ်းတုံးလေကို အခုစုပ်ယူဖို့ ကြိုးစားမယ် ဆိုရင် အကျိုးဆက်က ထိန်းချုပ်လို့ မရတဲ့အထိ ပြင်းထန်သွားနိုင်တယ်”
Martial Peak
အပိုင်း(၃၈၃) ဒီတစ်ကြိမ်တော့ နင်မှားယွင်းဆုံးဖြတ်မိသွားခဲ့ပြီ
“ကျုပ်သိတယ်” တန်ယုရှန်းက လေသံမာမာနဲ့ အဆောတလျင် သတိပေးလိုက်တာကို မြင်တော့ ရန်ကိုင်လည်း အနည်းငယ် အံ့အားသင့်မိသွားခဲ့တယ်။ ဒါပေမယ့် အစစ်အမှန် စိတ်ဝိဥာဉ်ကို အခုစုပ်ယူဖို့ ကြိုးစားတာက သူ့ကို ကံကောင်းစေတာထက် ကံဆိုးသွားစေလိမ့်မယ် ဆိုတာကို ရန်ကိုင် သိထားပါတယ်။
ထို့နောက် တန်ယုရှန်းက ကျောက်စိမ်းတုံးလေးကို ရန်ကိုင်ဆီ ပြန်ပေးလိုက်ပြီး “သခင်ငယ်လေးက ရွှေအိုးကို ပိုက်မိထားတာပဲ။ ဒါပေမယ့် အပြင်ကို ဒီအကြောင်း သတင်းမပျံ့မိ စေနဲ့နော်။ မဟုတ်ရင် ဒီလောက တစ်ခုလုံးမှာ ရှိနေတဲ့ အထွတ်အထိပ် ပညာရှ၍်တွေ အကုန်လုံး သခင်လေးနောက်ကို အမဲလိုက်သလို လိုက်ကြလိမ့်မယ်”
“အင်း” ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ ပြီးတာနဲ့ ထိုကျောက်စိမ်းတုံးလေးကို အနက်ရောင်စာအုပ်ရဲ့ သိုလှောင်နေရာလွတ်ထဲ ထည့်သိမ်းထားလိုက်တယ်။ အနက်ရောင် စာအုပ်ထဲ ရှိနေတဲ့ ပစ္စည်းမှန်းသမျှကို ဘယ်သူကမှ အာရုံ ခံနိုင်လိမ့်မှာ မဟုတ်ပါဘူး။
တုဖုန်းက ပြုံးစိပြုံးစိ လုပ်ရင်း ယဲ့ယဲ့လေး ရယ်လိုက်ကာ “လူမိသားစုက ဒီတစ်ချီတော့ တော်တော်လေး အထိနာသွားတဲ့ ပုံပဲ”
လူစီရဲ့ ယန်သလင်း ကျောက်စိမ်း အိပ်ရာကို ရဖို့ ရန်ကိုင် ဘယ်လို တန်ဖိုးကိုပဲ ပေးချေခဲ့ရပါစေ၊ သူရလိုက်တာက ပေးလိုက်ရတာထက် အများကြီး ပိုပါတယ်။
တန်ယုရှန်းကလည်း ပျော်ရွှင်စွာနဲ့ ပြုံးလိုက်ပြီး “အဲ့ယန်သလင်း ကျောက်စိမ်းထဲမှာ အစစ်အမှန် စိတ်ဝိဥာဉ် တစ်ကောင် ရှိနေလိမ့်မယ်လို့ သူတို့ ထင်ကို ထင်ထားမိမှာ မဟုတ်ဘူး”
အစစ်အမှန် စိတ်ဝိဥာဉ်က အသိစိတ် ဖွံ့ဖြိုးနေပြီ ဖြစ်တဲ့အတွက် ပညာရှင်အများစုရဲ့ ကောင်းကင်စိတ်အာရုံတွေကို လှည့်စား နိုင်ပါတယ်။ အရင်က ထိုအစစ်အမှန် စိတ်ဝိဥာဉ်က ယန်သလင်း ကျောက်စိမ်းတုံးထဲ ပုန်းနေစဉ်တုန်းက လူစီက ထိုကောင်ကို မတွေ့ခဲ့တဲ့ပုံပါပဲ။ မဟုတ်ရင် လူစီအနေနဲ့ ထိုကျောက်စိမ်းတုံးကို ရန်ကိုင်အား ပေးခဲ့လိမ့်မည် မဟုတ်ပါဘူး။
“ဟန့်၊ လူမိသားစုက တကယ်ကို ရဲတင်းတာပဲ၊ သခင်လေးရဲ့ လှုပ်ရှားမှုတွေကိုများ လာပြီး စောင့်ကြည့်ရဲတယ်။ အဲ့လို လူတွေနဲ့ တကယ်ကို မပူးပေါင်းသင့်တာ အမှန်ပဲ” တုဖုန်းက မကျေမနပ်နဲ့ ပြောလိုက်တယ် “ယုရှန်နဲ့ ကျုပ်က အပြည့်အဝ ပြန်ကောင်းသွားပါပြီ။ သခင်လေး၊ မနက်ဖြန် စထွက်ကြမလား”
“ကျုပ်တို့ မနက်ဖြန် စထွက်ကြမယ်” ရန်ကိုင်က ပြတ်ပြတ်သားသားနဲ့ ပြောလိုက်တယ်။ သူအနေနဲ့ လူမိသားစုမှ အကြာကြီး နေဖို့ မစဉ်းစားထားပါဘူး။ ဒီမှာ ဆက်နေနေရတဲ့ အကြောင်းအရင်းက တုဖုန်းနဲ့ တန်ယုရှန်းတို့ သူတို့ ဒဏ်ရာတွေ မသက်သာသေးလို့ပါ။ ပြီးတော့ ယန်သလင်း ကျောက်စိမ်းတုံးထဲက စွမ်းအင်ကို သူစုပ်ယူချင်တာကြောင့်လည်း ပါပါတယ်။
အိမ်ကနေ နှစ်ပေါင်းများစွာကြာအောင် ခွဲခွါလာရတော့ ရန်ကိုင်လည်း အိမ်ကို ပြန်ချင်နေတာ တစ်ပိုင်းကို သေနေပါပြီ။
“ကောင်းပြီ၊ ကျုပ် သခင်မလေးချူကို သွားပြောလိုက်ဦးမယ်။ ကျုပ်တို့နဲ့ အတူ ခရီးသွားချင်တယ်လို့ အစောပိုင်းလေး တုန်းကပဲ သူမ ကျွန်မတို့ကို ပြောခဲ့တယ်” တန်ယုရှန်းက ခေါင်းညိတ်လိုက်တယ်။
ရန်ကိုင် လူမိသားစုကနေ ထွက်ခွါတော့မယ် ဆိုတဲ့ သတင်းက သိပ်မကြာခင်မှာပဲ ပျံ့နှံ့သွားခဲ့တယ်။
ထိုသတင်းကို ကြားလိုက်တဲ့အချိန် လူလျန်နဲ့ ကျန်တဲ့ အကြီးအကဲတွေ အကုန်လုံး သက်ပြင်း တစ်ချက် ရှိုက်လိုက်ကြတယ်။ ဘာကြောင့်မှန်း မသိပေမယ့် ရန်ကိုင် ရှိနေတာကိုက သူတို့ကို မသက်မသာ ဖြစ်စေခဲ့ပါတယ်။ လူမိသားစုဝင်တွေက ရန်ကိုင်နဲ့ ဆက်သွယ်နေတဲ့ ဆိုတဲ့ သတင်း ကျန်တဲ့ ရန်မိသားစုက သခင်လေးတွေနားထဲ ပေါက်ကြားသွားမှာကို သူတို့ စိုးရိမ်နေတာပါ။
ညနေပိုင်းမှာတော့ လူလျန်က ရန်ကိုင်နဲ့ ချူရီမန်တို့ အတွက် နောက်ထပ် စားသောက်ပွဲကြီး တစ်ခု ကျင်းပပေးခဲ့တယ်။
စားသောက်ပွဲ၌ အားလုံးက သူတို့ အတိတ်က ဘယ်လို သူရဲကောင်း ဆန်ဆန် ပြုမူခဲ့တာတွေ, နောက်ပိုင်း ဘာဆက်လုပ်မယ် ဆိုတဲ့ အကြောင်းကိုပဲ ဆွေးနွေးသွားခဲ့ကြတယ်။ ရန်မိသားစုရဲ့ အမွေခံတိုက်ပွဲနဲ့ ဗဟိုမြို့တော်ရဲ့ လက်ရှိ အခြေအနေ အကြောင်းကိုတော့ စကားတစ်ခွန်းတောင် မဟခဲ့ကြပါဘူး။
လူမိသားစုက ရန်ကိုင်ကို အကောင်း မြင်မနေဘူး ဆိုတာကို ချူရီမန် ချက်ချင်းပဲ နားလည်သွားလိုက်တယ်။ ဒါပေမယ့် ထိုလူတွေကို ဆက်ပြီး ရှင်းပြနေဖို့လည်း မကြိုးစားခဲ့ပါဘူး။ သူမဘက်က ပြောသင့်တာတော့ ပြောပြီးသွားခဲ့ပါပြီ။ ကျန်တဲ့အပိုင်းက သူတို့ ကိစ္စပါ။ သူမနဲ့ မဆိုင်တော့ပါဘူး။ ချူရီမန်က ရောက်တုန်းကလိုပဲ အစားနည်းနည်းလေးသာ စားသောက်ခဲ့ပြီး စားပွဲဝိုင်းကနေ ထွက်သွားလိုက်တယ်။
ရန်ကိုင်က အစားကိုသာ အာရုံစိုက်နေခဲ့ပြီး လူမိသားစုကို စည်းရုံလိုတဲ့ စကားရိပ်သန်းတဲ့ တစ်ခွန်းတစ်လေတောင် မဟခဲ့ပါဘူး။ အဲ့အစား စားပွဲပေါ်မှာ ရှိနေသမျှ အသီးတွေ၊ အမျိုးမျိုးသော ဟင်းလျာတွေကို ကျေနပ်အားရစွာ စားသောက် နေခဲ့ပါတယ်။ ထို့ကြောင့် လူမိသားစုဝင်တွေလည်း တော်တော်လေး စိတ်သက်သာရာ ရသွားခဲ့ကြတယ်။
ရန်ကိုင်က နောက်ဆုံး အခိုက်အတန့်မှာမှ ထဖောက်ပြီး သူတို့ကို စည်းရုံးဖို့ ကြိုးစားမှာကို လူလျန်တို့ ကြောက်နေတာပါ။ သူသာ အဲ့လိုလုပ်ခဲ့ရင် လူလျန်တို့ အနေနဲ့ ဘယ်လိုပြန်တုန့်ရမလဲ မသိပါဘူး။
ဝိုင်အရသာက ပြောင်းလဲသွားခြင်း မရှိပေမယ့် လူစိတ် သဘောထားကတော့ ပြောင်းလဲသွားကုန်ပါပြီ။ လူမိသားစုဝင်တွေက ရန်ကိုင်ကို လေးလေးစားစား ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံနေကြပါသေးတယ်။ ဒါပေမယ့် သူတို့ကို နည်းနည်းလေးတောင် ဖားယား မြှောက်ပင့်ဖို့ မကြိုးစားတော့ပါဘူး။
နောက်တစ်နေ့မှာတော့ လူလျန် ဦးဆောင်ပြီး ကျန်တဲ့ လူမိသားစုဝင် တွေနဲ့အတူ ရန်ကိုင်နဲ့ ချူရီမန်ကို လိုက်ပို့ခဲ့ကြတယ်။
လူလျန်က ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်တယ် “သခင်လေးရန်၊ ခရီးလမ်းတစ်လျှောက် အန္တရာယ်ကင်းပါစေလို့ ဒီလူက ဆုတောင်းပေးလိုက်ပါတယ်။ သခင်လေး အနေနဲ့ အမွေခံတိုက်ပွဲကို ပေါ့သေးသေး မမှတ်သင့်ပါဘူး”
ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။
လူလျန်က ရုတ်တရက် ပြုံးလိုက်ပြီး ပြောလိုက်တယ် “သခင်လေးရန်က ကျုပ်တို့ လူမိသားစုဆီ လာလည်ပေးမှတော့၊ ဒီလူကလည်း ခင်မင်ရင်းနှီးမှု အမှတ်တရ အနေနဲ့ သခင်လေးကို ငွေသားအချို့ လက်ဆောင်ပေးလိုက်ပါမယ်။ သခင်လေးဘက်က မငြင်းဆိုဖို့ ကျုပ်မျှော်လင့်ပါတယ်”
ပြောပြီးတာနဲ့ သူ့နောက်ကလူတစ်ယောက်ကို အချက်ပြလိုက်တယ်။
အချက်ပြတာကို မြင်လိုက်တာနဲ့ ထိုလူက ငွေဒင်္ဂါး သေတ္တာတစ်လုံးကို လက်နှစ်ဖက်နဲ့ သယ်မရင်း အလျင်စလို ရှေ့တက်လာလိုက်တယ်။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံးရဲ့ အမူအရာ အနည်းငယ် မဲမှောင်သုန်မှုန် သွားခဲ့တယ်။ ရန်ကိုင် တစ်ခုခုများ ညွှန်ကြားမလား ဆိုပြီး နှစ်ယောက်စလုံး ရန်ကိုင်ရှိရာဆီ လှမ်းကြည့်လိုက်တယ်။
ဒါပေမယ့် ရန်ကိုင်က ထိုအရာတွေကို သတိမပြုမိသည့်အလား လူလျန်ကို ပြန်ပြုံးပြလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “ခေါင်းဆောင်လူက လက်ဆောင် ပေးနေမှတော့ ကျုပ်လည်း ဘယ်လိုလုပ်ပြီး ငြင်းလို့ ကောင်းပါ့မလဲ. တုဖုန်း၊ လက်ခံယူထားလိုက်”
“ဟုတ်ကဲ့ပါ” တုဖုန်းက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ထိုငွေသေတ္တာကို လက်ခံယူထားလိုက်တယ်။
“သခင်လေး အနေနဲ့ အမွေခံတိုက်ပွဲ အောင်နိုင်မှု ဂုဏ်ကျက်သရေကို ဆွတ်ခူးနိုင်ပါစေလို့ လူမိသားစုက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်” လူလျန်က လက်သီးဆုပ်လိုက်ပြီး အော်ဟစ်ပြောဆိုလိုက်တယ်။
ရန်ကိုင် ပျော်ရွှင်နေတဲ့ ဟန်နဲ့ ရယ်မောလိုက်ပြီး “ဒီသခင်လေးကလည်း မိသားစုခေါင်းဆောင်လူ ဆုတောင်းပေးတဲ့ အတိုင်း ဖြစ်လာစေဖို့ မျှော်လင့်ရတာပဲ”
ပြောပြီးတာနဲ့ ရန်ကိုင်က တိမ်သွားမြင်းပေါ် တက်စီးလိုက်ပြီး စတင် ခရီးနှင်လိုက်တယ်။ တုဖုန်းနဲ့ တန်ယုရှန်းကလည်း သူ့နောက်ကနေ ခပ်မြန်မြန်ပဲ လိုက်သွားကြတယ်။
ချူရီမန်နဲ့ လော့ရှောင်မန်တို့လည်း လူမိသားစုက သူမတို့အတွက် ပြင်ဆင်ပေးထားတဲ့ တိမ်သွားမြင်းတွေပေါ် တက်စီးလိုက်ကြတယ်။ ဒါပေမယ့် နှစ်လှမ်း၊ သုံးလှမ်းလောက် သွားပြီးနောက် ချူရီမန်က တစ်ချက် ရပ်လိုက်ပြီး သက်ပြင်းလေး တစ်ချက်ချရင်း ပြောလိုက်တယ် “လူလျန်၊ ဒီတစ်ကြိမ် ရှင်းဆုံးဖြတ်ချက် မှားသွားခဲ့ပြီ”
လူလျန် အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး တစ်ခုခု ပြန်ပြောဖို့ လုပ်လိုက်ပေမယ့် ချူရီမန်က ထွက်သွားနှင့်ပါပြီ။
သူ့နောက်မှာ ရှိနေတဲ့ လူမိသားစု အကြီးအကဲတွေ အားလုံးရဲ့ မျက်နှာအမူအရာလည်း ကောင်းမွန်ခြင်း မရှိကြပါဘူး။
“ငါဆုံးဖြတ်ချက် မှားသွားတာလား” လူလျန်က မျက်မှောင်ကြုံ့လိုက်ပြီး ချူရီမန် ပြောခဲ့တဲ့ စကားတွေကို ပြန်ရွတ်လိုက်တယ်။
ဒါပေမယ့်… နင်က ချူမိသားစုရဲ့ ပထမ သခင်မလေး ဖြစ်နေရင်တောင် နင်က မိန်းမငယ်လေး တစ်ယောက်သာသာပဲ ရှိပါသေးတယ်။ အမြင်နဲ့ ဗျူဟာပိုင်းမှာ ဒီလူအိုကြီး ဘယ်လိုလုပ်ပြီး လာယှဉ်လို့ ရမှာလဲ
ချူရီမန် ပြောခဲ့တဲ့ စကားကြောင့် သူ့စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေပေမယ့်လို့ လူလျန်ကတော့ ချူရီမန်ရဲ့ စကားတွေကို အလေးအနက် မထားခဲ့ပါဘူး။
ဒီလူအိုကြီး ဆုံးဖြတ်ချက် မှား၊ မမှားကို အချိန်က သက်သေပြသွားမှာပါ
တိမ်သွားမြင်းငါးကောင်းက အပြင်းနှင်နေခဲ့ပြီး ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်က ရန်ကိုင်တို့ကို တဖြည်းဖြည်း အမှီလိုက်နေခဲ့တယ်။
လူမိသားစုကနေ ထွက်လာပြီးနောက် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံးရဲ့ စိတ်က တစ်မျိုးကြီး ဖြစ်နေခဲ့တယ်။ သွားနေရင်းနဲ့ ရန်ကိုင်ကိုသာ စိုက်ကြည့်နေခဲ့ပါတယ်။
သူတို့ ထွက်ခွါဖို့ လုပ်တုန်းက လူလျန်ရက ရက်ရောပြီး ရိုးသားချင်ယောင် ဆောင်နေခဲ့ပေမယ့် သူ့စိတ်ရင်းအမှန်ကို အားလုံးကို သတိထားမိကြပါတယ်။
လူမိသားစုသာ ရန်ကိုင်နဲ့ မိတ်ဆွေဖွဲ့ချင်တယ် ဆိုရင် ရန်ကိုင်ကို ငွေသားနည်းနည်းလေးပဲ ပေးခဲ့လိမ့်မှာ မဟုတ်ပါဘူး။
အမွေအနှစ် တိုက်ပွဲဆိုတာ ဘာလဲ။ အမွေခံတိုက်က ရန်မိသားစု သခင်လေးတွေရဲ့ ခေါင်းဆောင်မှု စွမ်းရည်နဲ့ ဆက်သွယ်ရေး စွမ်းရည်တွေကို ပြိုင်ဆိုင်ရတာပါ။
တိုက်ပွဲက လူငယ်ပါရမီရှင်တွေ၊ အင်အားစုတွေ ဘယ်လောက် များများကို သူတို့ဘက် ဆွဲခေါ်ထားနိုင်လဲ၊ ပစ္စည်း ကရိယာ ဘယ်လောက်များများ သူတို့ စုဆောင်းထားနိုင်လဲ ဆိုတာ အချက်အပေါ်မှာ အဓိက မူတည်နေပါတယ်။
လူမိသားစုသာ ရန်ကိုင်ဘက်ကနေ ရပ်တည်ပြီး အမွေခံတိုက်ပွဲမှာ ပါဝင်ဆင်နွှဲချင်တယ် ဆိုရင် အနည်းဆုံး အနေနဲ့ လူအင်အား၊ အဖိုးတန် ရတနာ၊ လက်နက်၊ ကျင့်ကြံခြင်း နည်းစနစ် နည်းနည်းပါးပါးလောက် ထောက်ပံ့ပေးသင့်ပါတယ်။
ငွေ့အချို့ ပေးတာက ဘာသဘောလဲ။ ဒီလောကကြီးထဲမှာ ငွေနဲ့ ဝယ်မရတာတွေ ရှိပါတယ်။ ရှားပါပြီး အဖိုးတန်တဲ့ အရာတွေဆို ငွေနဲ့ ဝယ်လို့ မရပါဘူး။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက် ရန်ကိုင်နဲ့ အတူရှိနေတာ သိပ်မကြာသေးဘူး ဆိုပေမယ့် ရန်ကိုင် ဘယ်လောက်တောင် ထက်မြက်တယ်၊ အရည်အချင်း ရှိလဲ ဆိုတာကို သူတို့ နှစ်ယောက်စလုံး ကောင်းကောင်း သတိထားမိပါတယ်။
ရန်ကိုင်ရဲ့ အနာဂတ် အောင်မြင်မှုနဲ့ ပက်သက်ပြီး သူတို့မှာ ယုံကြည်ချက် အပြည့်ရှိပါတယ်။
သူတို့ လေးစားရတဲ့ လူတစ်ယောက်ကို လူမိသားစုက အထင်သေး အမြင်သေးနဲ့ လာဆက်ဆံနေတာကို မြင်တော့ သွေးစစ်သည်တော် နှစ်ယောက်စိတ်ထဲ ခိုးလိုးခုလု မသက်မသာ ဖြစ်သွားခဲ့ရပါတယ်။
သူတို့ နားမလည်တာ တစ်ချက် ရှိပါသေးတယ်။ … လူမိသားစုက ရန်ကိုင်နဲ့ မပူးပေါင်းချင်ဘူး ဆိုရင် သူတို့ကို ငွေဒင်္ဂါးတွေ ဘာလို့ လာပေးနေရသေးတာလဲ။ သူတို့ အပြုအမူက ငါက မင်းနဲ့ အတူမပူးပေါင်းနိုင်ပေမယ့် မင်းနဲ့တော့ မိတ်ဆွေ ဖြစ်ချင်သေးတယ်လို့ ပြောနေတဲ့ ပုံစံပေါက်နေခဲ့ပါတယ်။
သူနဲ့ ရှောင်ဖူချန်း ကြားမှာ ဆက်ဆံရေး တစ်ခုခုရှိလို့ လူလျန်က သူ့အား ငွေဒင်္ဂါးအချို့ ပေးခဲ့ခြင်း ဖြစ်တာကို ရန်ကိုင် တစ်ယောက်သာ သိထားပါတယ်။ ရှောင်ဖူချန်း မျက်နှာကြောင့်သာ မဟုတ်ရင် လူလျန်က ငွေမပြောနဲ့၊ ကြေးဒင်္ဂါးတစ်ပြားတောင် သူ့ကို ပေးခဲ့မှာ မဟုတ်ပါဘူး။
သွေးစစ်သည်တော် နှစ်ယောက် မကျေမနပ် ဖြစ်နေတာကို သတိပြုမိလိုက်တာနဲ့ ချူရီမန်က မျက်ခွံလေး လှန်လိုက်ပြီး ပြောလိုက်တယ် “ပြောစရာရှိရင် ပြောလိုက်စမ်းပါ။ ဘာလို့ ကြိတ်မှိတ် တင်းခံနေရတာလဲ”
တုဖုန်းက အထင်အမြင် သေးစွာနဲ့ တံတွေးတစ်ချက် ထွေးချလိုက်ပြီး ဒေါသတကြီး ပြန်ပြောလိုက်တယ် “အဲ့လိုဆိုတော့ ကျုပ်လည်း ပြောရတာတပေါ့။ သခင်မလေးချူ၊ ကျုပ်ပြောတဲ့ စကားတွေကို တစ်ဖက်နားနဲ့ နားထောင်ပြီး ကျန်နားတစ်ဖက်ကနေ ပြန်စွန့်ထုတ်လိုက်ပါ။ ကျုပ်ပြောတာကို ဘယ်တုန်းကမှ မကြားခဲ့ဖူးသလို သဘောထားလိုက်ပါ”
“ကောင်းပြီလေ၊ ပြောတော့။ ရှင် ဘာတွေ ပြောမလဲ ဆိုတာကို ကျွန်မလည်း သိချင်နေတာ”
“သခင်လေး” တုဖုန်းက အော်လိုက်တယ် “လူလျန်ပေးတဲ့ ငွေတွေကို ကျုပ်စစ်ဆေးပြီးသွားပြီ။ ဒီသေတ္တာထဲမှာ ငွေသုံးသန်းပဲ ရှိတယ်။ အဲ့လူလျန်က အရမ်း မကပ်စေနဲလွန်းဘူးလား”
“ကဲ၊ အဲ့ဒါဆို ခင်ဗျားက ဘယ်လောက်တောင် လိုချင်နေတာလဲ” ရန်ကိုင်က တုဖုန်းကို ပြန်လှည့်ကြည့်လိုက်ပြီး ရယ်ကာမောကာနဲ့ ပြန်ပြောလိုက်တယ်။
“လူမိသားစုက ပထမအဆင့် အင်အားစု တစ်ခုလေ။ သူတို့လို ပထမအဆင့် အင်အားစုက တစ်ခုက သခင်လေးကို ငွေသုံးသန်းပဲ ပေးတာဆိုတော့ အရမ်းကို ကပ်စေးနဲလွန်းတာ မဟုတ်ဘူးလား။ ဒီငွေက ဆေးပုလင်း နည်းနည်းပါးပါးလောက်၊ လက်နက် တစ်ခုနှစ်ခုလောက် ဝယ်လိုက်ရုံနဲ့ အကုန်ပြောင်သွားမှာ။ အနည်းဆုံး ငွေဆယ်သန်းလောက် ပေးရင်တောင် မဆိုးဘူး။ ဒီငွေသုံးသန်းက ဘာမှ ဒီလောက်ကြီး သုံးစားလို့ မရဘူး”
“အဲ့ဒါအမှန်ပဲ၊ သူတို့ ပြောတဲ့ လက်ဆောင်ဆိုတာ ကိုယ့်မျက်ခွက်ကို တံတွေးနဲ့ ထွေးနေတာနဲ့ အတူတူပဲ” တန်ယုရှန်းကလည်း ဝင်ပြီး ခေါင်းညိတ် ထောက်ခံလိုက်တယ်။
“ငွေသုံးသန်း ရတာက တစ်ပြားမှ မရတာထက်တော့ ပိုကောင်းတယ်လေ” ရန်ကိုင်က ပြုံးလိုက်ပြီး “ကျုပ်လည်း ခင်ဗျားကို ပြောရမှာ အားနာပေမယ့် အခု ကျုပ်မှာ ငွေတစ်ပြားတောင် မရှိဘူး။ ဒီငွေသုံးသန်းက ကျုပ်အတွက် တကယ်ကို အသုံးဝင်တယ်”
“ငွေသုံးသန်းက အများကြီးလို့သာ ထင်ရတာ။ အမွေခံတိုက်ပွဲကျရင် ငွေဆိုတာ အသုံးမဝင်ဆုံး အရင်းအမြစ်ပဲ” တုဖုန်းက အံကြိတ်ပြောလိုက်တယ် “လူလျန်က အဲ့အချက်ကို နားလည်ထားတာတောင် သခင်လေးကို ငွေတွေပဲ ပေးလိုက်တယ်။ သခင်မလေးချူနဲ့ လူမိသားစုကြားက ဆက်ဆံရေး ကြောင့်သာ မဟုတ်ရင် အဲ့ကောင်တွေကို သမပြီး ဒီငွေသုံးသန်းကို သူ့တို့ကို ပြန်စားခိုင်းလိုက်တာ ကြာပြီ”
ချူရီမန်က ခေါင်းခါလိုက်ပြီး ပြုံးကာ “လူလျန်က ဒီတစ်ကြိမ်တော့ တကယ်ကို အမြင်ကျဉ်းသွားခဲ့တယ်။ ဒါပေမယ့်… အဲ့ဒါက သူ့အပြစ် လုံးလုံးကြီးတော့လည်း မဟုတ်သေးဘူးလေ။ အဓိက နင်တို့ရဲ့ သခင်ငယ်လေးက နည်းနည်းလေးမှ လက်ခံနိုင်စရာ မရှိအောင် လုပ်ပြနေတာကိုး”
“သခင်မလေးချူ၊ ရှင် ဘာပြောချင်တာလဲ.။ ဘယ်လိုလုပ်ပြီး ကျွန်မတို့ သခင်လေးကို လာအပြစ်တင်ရတာလဲ” တန်ယုရှန်းလည်း ထိတ်လန့် သွားခဲ့တယ်။
“ဘာလို့ သူ့ကို ကိုယ်တိုင် သွားမမေးကြည့်တာလဲ။ ဒီရက်အတော အတွင်း လူမိသားစုထဲ သူဘယ်လိုတွေ ပြုမူခဲ့လဲ ဆိုတာကို သူအသိဆုံးပဲ” ချူရီမန်က ပြောပြီးတာနဲ့ သူမရဲ့ တိမ်သွားမြင်းကို ရန်ကိုင် ဘေးနား ရောက်အောင် သွားခိုင်းလိုက်ပြီး “ဘာလို့လဲ၊ နင့်အခု ဘယ်လို အခြေအနေထဲ ရောက်နေတယ် ဆိုတာကိုရော နင်သတိပြုမိလား။ ငါဖန်ပေးလိုက်တဲ့ အခွင့်အရေးကို နင်ဘာလို့ ပုတ်ထုတ်ပစ်လိုက်ရတာလဲ”
ရန်ကိုင်က သူမကို တစ်ချက်လောက် စိုက်ကြည့်လိုက်ပြီး ချက်ချင်း အကြည့်လွှဲလိုက်တယ်။
“ဟေး၊ ငါနင့်ကို မေးနေတယ်လေ” ချူရီမန်လည်း သည်းမခံနိုင်တော့တဲ့ အဆုံး အော်ဟစ်လိုက်တယ် “နင့်မဟာမိတ် တစ်ယောက် လျော့သွားရုံတင် မကဘူး၊ ရန်သူ တစ်ယောက်ပါ တိုးလာတယ် ဆိုတာကို နင်နားမလည်တာလား။ အခုအတိုင်းသာ နင်ဆက်လုပ်နေမယ် ဆိုရင် အနှေးနဲ့အမြန်တော့ အဘက်ဘက်ကနေ နင်အဝိုင်းခံရတော့မှာပဲ”
“အကူအညီလား” ရန်ကိုင်က နှောင်ပြောင်လိုက်တယ် “အကျိုးအမြတ်ပဲ ခေါင်းထဲ ရှိတဲ့ကောင်တွေက ငါ့မဟာမိတ် ဖြစ်လာဖို့ အရည်အချင်း မပြည့်မှီဘူး”
“အကျိုးအမြတ်ကို မစဉ်းစားတဲ့ မဟာမိတ်ကို နင်ဘယ်က သွားရှာမလှာလဲ။ နင်အရမ်း တုံးလွန်းမနေဘူးလာဟင်”
“နင်းကို ရှင်းပြရမှာ အရမ်းပျင်းစရာကောင်းတယ်၊ ငါဘယ်လိုလုပ်ပဲ လုပ်လုပ် နင့်ကိစ္စမဟုတ်ဘူး”
ရန်ကိုင် စကားကြောင့် ချူရီမန် တံတွေးသီးလုမတတ် ဖြစ်သွားခဲ့တယ်။ ထို့နောက် စိတ်ပျက်သွားတဲ့ အမူအရာနဲ့ ချက်ချင်း ပြန်ပြောလိုက်တယ် “နင်စောင့်နေစမ်းပါ၊ ဗဟိုမြို့တော်ကို ပြန်ရောက်တာနဲ့ ရန်မိသားစု အခြားသခင်လေးတွေနဲ့ သွားပေါင်းပြီး သွေးနားထင် ရောက်နေတဲ့ နင့်မျက်နှာကို နင်းခြေပစ်ပြမယ်”
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး အသက်မရှူနိုင် ဖြစ်သွားခဲ့ကြပြီး အလျင်စလို ပြောလိုက်တယ် “သခင်မလေးချူ၊ ကိုယ်ပြောတဲ့ စကားကို သေချာ ပြန်စဉ်းစားဦးနော်”
ဒါပေမယ့် ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီး “ကြိုးစားကြည့်လိုက်လေ။ နင်ရှုံးတော့မှ နင့်ချူမိသားစု တစ်ခုလုံးကို ပြားပြားဝပ်အောင် နင်ချေလို့ ဆိုပြီး ငါ့ကို လာအပြစ် မတင်နဲ့”
ချူရီမန်က ရန်ကိုင်ကို ထိတ်လန့်တကြားနဲ့ စိုက်ကြည့်လိုက်တယ်။ ရန်ကိုင်ပါးစပ်ကနေ ဒီလောက် ရက်စက်တဲ့ စကားတွေ ပြောထွက်လိမ့်မယ်လို့ သူမ တကယ်ကို မထင်ထားခဲ့ပါဘူး။
တုဖုန်းနဲ့ တန်ယုရှန်းတို့တောင် ထိတ်လန့် အံ့အားသင့်သွားခဲ့ကြတယ်။ ရန်ကိုင် စကားတွေက နည်းနည်းလေး ကြမ်းတမ်းပြီး ဘဝင်ခိုက်နေတယ်လို့တောင် သူတို့ ခံစားလိုက်ရပါတယ်။
ဒါပေမယ့် ချူရီမန် ဒေါသကို ဖြေသိမ့်ပေးဖို့အတွက် ရန်ကိုင်ကို နည်းနည်းပါးပါး ဆူပူဖို့ လုပ်နေတုန်းမှာပဲ ချူရီမန်ရဲ့ အမူအရာကို မြင်လိုက်တဲ့အချိန် သွေးစစ်သည်တော် နှစ်ယောက်စလုံး စိတ်သက်သာရာ ရသွားခဲ့ကြတယ်။ ချူရီမန်က ဒေါသမထွက်ရုံ မကလို့ ရန်ကိုင်ကိုတောင် ပြုံးပြီး ကြည့်နေလိုက်ပါသေးတယ်။ ထို့နောက် လှပစွာ ပြုံးလိုက်ပြီး ပျားသကာလို ချိုသာတဲ့ အသံလေးနဲ့ မေးလိုက်တယ် “ရန်ကိုင်၊ ငါကို မှန်မှန်ပြောစမ်း။ အဲ့မိစ္ဆာမက လွဲရင် နင့်ဘက်မှာ အခြားအင်အားစု ဘယ်လောက်များများ ရှိသေးလဲ”
ရန်ကိုင်က ယုံကြည်ချက် အပြည့်နဲ့ ပြောလာတဲ့အချိန် ချူရီမန်က တစ်ခုခုကို ချက်ချင်းပဲ နားလည်သွားခဲ့တယ်။
သူမကို တစ်ချက် ပြန်ကြည့်လိုက်ပြီးနောက် ရန်ကိုင်က ဝါးလုံးကွဲ အော်ဟစ်ရယ်မောလိုက်ပြီး ပြန်ပြောလိုက်တယ် “တစ်ယောက်မှ မရှိဘူး။ ငါက တစ်ကိုယ်တည်းပဲ”
“နင့်စကားကိုသာ ယုံလိုက်ရင် ငါက ဝက်တစ်ကောင်လောက်တောင် အသိဥာဏ်မရှိတဲ့ လူတစ်ယောက် ဖြစ်သွားမှာပေါ့” ချူရီမန်က ပြန်ပြီး လှောင်ပြောင်လိုက်တယ်။
Martial Peak
အပိုင်း(၃၈၄) ချောင်းမြောင်း လုပ်ကြံခံရခြင်း
လန်မြစ်က အိပ်စက်နေတဲ့ နဂါးတစ်ကောင်လို ဟန်မင်းဆက်ကို ဖြတ်သန်း စီးဆင်းနေခဲ့တယ်။
မြစ်မျက်နှာပြင်က မီတာတစ်ထောင်ကျော် ကျယ်ပြီး လှိုင်းလုံလေးတွေက ကမ်းပါးကို မကြာခဏ လာရောက် ရိုက်ခတ်နေခဲ့တယ်။
ရန်ကိုင်တို့ ငါးယောက်အဖွဲ့ လန်မြစ်ကို ရောက်တဲ့အချိန်၌ အားလုံးက မြစ်ရေပြင်တစ်လျှောက်ကို ငေးမော ကြည့်ရှုလိုက်ကြတယ်။
“ငါတို့ ရောက်ဖို့ သိပ်မလိုတော့ဘူး။ လန်မြစ်ကို ဖြတ်ပြီးလို့ ဖုန်းစီရင်စု နယ်မြေကို ဖြတ်ပြီးတာနဲ့ ဗဟိုမြို့တော်ကို ရောက်ပြီ” အိမ်ကနေ အတော်ကြာအောင် ခွဲခွါခဲ့ရတဲ့ ရန်ကိုင်က မြေပြင်အမှတ်အသားတွေကို မမှတ်မိမှာ စိုးတဲ့အတွက် တုဖုန်းက ရှင်းပြလိုက်တယ် “တိမ်သွားမြင်းတွေကို ခဏလောက် နားခိုင်းလိုက်ကြမလား။ ဒီကောင်တွေက သုံးရက်ဆက်တိုက် ပြေးလွှားလာခဲ့ရတာ၊ သူတို့လည်း တော်တော် မောနေမှာပဲ”
“အင်း” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။
“သခင်လေး၊ ဒီမှာ ခဏနားနေဦး၊ ကျုပ်လှေတစ်စင်းလောက် သွားရှာလိုက်ဦးမယ်” တုဖုန်းက ပြုံးလိုက်ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်တယ်။ ထို့နောက် အဝေးတစ်နေရာဆီ ပျံသန်းထွက်သွားလိုက်တယ်။
ဒီအဖွဲ့မှာပါတဲ့ ကျင့်ကြံသူတွေ အားလုံးက အစစ်အမှန် ဒြပ်စင်အဆင့်ထက် မြင့်ပါတယ်။ ထို့ကြောင့် သူတို့အတွက် မြစ်ကို ပျံသန်းဖြတ်ကူးဖို့က ကိစ္စကြီး တစ်ခု မဟုတ်ပါဘူး။
သူတို့ ပျံနိုင်တယ် ဆိုပေမယ့် တိမ်သွားမြင်းတွေကတော့ မပျံနိုင်ကြပါဘူး။ ထို့ကြောင့် ထိုသားရဲတွေကိုပါ မြစ်တစ်ဖက်စမ်းဆီ တစ်ခါတည်း ခေါ်သွားဖို့ လှေတစ်စင်း ငှားဖို့ လိုပါသေးတယ်။
ခဏလောက် ကြာပြီးနောက် အလယ်အလတ် အရွယ်စားလောက် ရှိတဲ့ လှေတစ်စင်းက ရန်ကိုင်တို့ ရှိနေတဲ့ နေရာဆီ လှော်ခတ် လာနေခဲ့တယ်။ တုဖုန်းကတော့ လှေဦးထိပ်တွင် ရပ်နေရင်း ရန်ကိုင်တို့ကို လက်ဝှေ့ရမ်းပြနေခဲ့တယ်။
တုဖုန်း ပြန်လာတာကို မြင်လိုက်တာနဲ့ တန်ယုရှန်းက ပြုံးလိုက်ပြီး သူမနဲ့ တုဖုန်းရဲ့ တိမ်သွားမြင်းတွေကို ဆွဲကာ လှေရှိရာဆီ သွားလိုက်တယ် “သွားကြစို့း”
လူလေးယောက်နဲ့ မိစ္ဆာသားရဲ ငါးကောင်က ကမ်းခြေဆီ လမ်းလျှောက်သွားလိုက်ကြတယ်။ ဒါပေမယ့် လှေပေါ်တက်ဖို့ လုပ်နေစဉ်မှာပဲ လှေထိုးသမားက မျက်မှောင်ကြုံ့လိုက်ပြီး တုဖုန်းကို ပြောလိုက်တယ် “စစ်သည်တော်ကြီး၊ ခင်ဗျားမှာ မြင်းငါးကောင်ပါ ပါတယ်ဆိုတာကို ဘာလို့ တစ်ခါတည်း ကြိုမပြောရတာလဲ”
ထိုစကားကို ကြားလိုက်တာနဲ့ လောရှောင်မန်က တခစ်ခစ်နဲ့ ရယ်မောပါတော့တယ်။
တိမ်သွားမြင်းတွေက သာမန်မြင်းတွေနဲ့ တကယ်ကို ဆင်တူပါတယ်။ ဆင်တယ်ဆိုပေမယ့် တော်တော်လေးကိုလည်း ကွဲပြားပါတယ်။ သာမန် လူတွေပဲ တိမ်သွားမြင်းတွေနဲ့ သာမန်မြင်းတွေကို မခွဲခြားနိုင်တာပါ။
ချူရီမန်နဲ့ တန်ယုရှန်းတို့လည်း ခစ်ခစ် ခစ်ခစ်နဲ့ ရယ်မောကြပါတော့တယ်။
တုဖုန်းက ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “မြင်းတွေ ပါတော့ရော ဘာဖြစ်လို့လဲ။ ပြဿနာ ရှိလို့လား”
“မရှိပါဘူး၊ မရှိပါဘူး” လှေထိုးသမားက အသက်၅၀လောက် ရှိပါပြီ။ ခပ်မြန်မြန်ပဲ ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်တယ် “မြင်းငါးကောင်ကိုပါ မြစ်တစ်ဖက်ကမ်းဆီ ခေါ်သွားချင်တယ် ဆိုရင်တော့ အပိုကြေး ထပ်ပေးရလိမ့်မယ်”
တုဖုန်းက မျက်ခွံလှန်လိုက်ပြီး “ကောင်ပြီး၊ ကောင်းပြီ၊ ကျုပ်ပေးမယ်”
ထိုစကားကို ကြားလိုက်တာနဲ့ လှေထိုးသမား ပျော်သွားပုံရပြီး “ကြီးမြတ်တဲ့ စစ်သည်တော်ကြီးက အခုလို ပြောလာမှတော့၊ ဘာပြဿနာမှ မရှိတော့ပါဘူး။ အားလုံး တက်ကြပါ”
ရန်ကိုင်တို့ အဖွဲ့သားတွေအားလုံး အသာအယာလေး ခေါင်းခါယမ်းလိုက်ကြတယ်။ သူတို့အားလုံးက အားကောင်းတဲ့ ကျင့်ကြံသူတွေပါပ။ ထို့ကြောင့် လှေက ကျဉ်းကျဉ်းကျုပ်ကျုပ် ဖြစ်နေရင်တောင် လှေကိုအားကိုးပြီး ဝမ်းကြောင်းနေရတဲ့ အသက်ငါးဆယ်အရွယ် လူအိုကြီးနဲ့ ပြိုင်ငြင်းမနေချင် ကြပါဘူး။
လှေကသေးပေမယ့် လူငါးယောက်နဲ့ မိစ္ဆာသားရဲ ငါးကောင်စားတော့ နေရာလောက်ပါတယ်။
ဒီလိုနဲ့ သူတို့ တစ်ဖွဲ့လုံး မြစ်တစ်ဖက်ကမ်းဆီ စတင် ခရီးလွှင့်ကြပါတော့တယ်။
ကုန်းပတ်ပေါ်တွင် ရပ်နေရင်း တန်ယုရှန်းက ရယ်ကာမောကာနဲ့ ပြောလိုက်တယ် “ငါလှေတစ်ခါမှ မစီးဖူးဘူး။ သာမန်လူ တစ်ယောက်သာ ဟိုဘက်ဒီဘက် ယိမ်းထိုးနေတဲ့ လှေပေါ်မှာ အချိန်အကြာကြီး လာရပ်နေမယ်ဆိုရင် သူတို့ အော့အန်မယ်ဆိုတာ ကျိန်းသေတယ်”
တုဖုန်းကလည်း ဝင်ထောက်ခံလိုက်တယ် “အမှန်ပဲ။ အဲ့ဒါ အမှန်ပဲ။ ဒီမြစ်ကြီးကို အားကိုးအားထားပြုပြီး အသက်မွေးဝမ်းကြောင်း ပြုရတာ တကယ်ကို မလွယ်ဘူး”
ချူရီမန်နဲ့ လော့ရှောင်မန်တို့ ဘာမှ ဝင်မပြောပေမယ့် တန်ယုရှန်း ပြောတာကို ထောက်ခံသည့် အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ သူတို့ နှစ်ယောက်လည်း တစ်ခါမှ လှေမစီးဖူးပါဘူး။ ထို့ကြောင့် စီးရတုန်းလည်း လှေစီးရတဲ့ ခံစားချက်ကို အပြည့်အဝ ကြည်နူးနေခဲ့ပါတယ်။ လှေက ဟိုဘက်ဒီဘက် ယိမ်းထိုးနေခဲ့ပြီး ရေတွေကလည်း လှေဘောင်ကို ခဏခဏ လာရောက် ရိုက်ခတ်နေခဲ့ကြပါတယ်။ မိန်းမပျိုလေး နှစ်ယောက်လည်း လှေစီးရတာကို တော်တော်လေး ပျော်နေခဲ့ကြပါတယ်။
“မြစ်ထဲမှာတောင် လှေစီးရတာ ဒီလောက် ကြမ်းတမ်းနေခဲ့ရင် အဆုံးမဲ့ပင်လယ်ထဲမှာ ဆိုရင်တော့ ဘယ်လောက်တောင် ဆိုးရွားနေလိုက်မလဲ မသိဘူး” တုဖုန်းက သူ့စိတ်ကူးကို ထုတ်ဖော် ပြောဆိုလိုက်တယ်။ သူက အင်မော်တယ် တက်လှမ်းခြင်း အဆင့်တစ်ယောက် ဖြစ်ပြီး တော်တော်လေး ဗဟုသုတ ပေါကြွယ်ပေမယ့် ပင်လယ်ထဲကိုတော့ တစ်ခါမှ မရောက်ဖူးပါဘူး။ ထို့ကြောင့် ပင်လယ်နဲ့ ပက်သက်ပြီး ဘာဆိုဘာမှ သူမသိထားပါဘူး။တုဖုန်းက လှေထိုးသမားဆီ လှမ်းကြည့်လိုက်ပြီး မေးလိုက်တယ် “လူအိုကြီး၊ ခင်ဗျား ပင်လယ်ဘက်ပိုင်းဆီ ရောက်ဖူးလား”
တုဖုန်း မေးခွန်းကို ကြားလိုက်တဲ့အချိန် လူအိုကြီးက ပြုံးလိုက်ပြီး ခေါင်းခါယမ်းလိုက်ကာ “ဒီလူအိုကြီးက လန်မြစ်ထဲမှာပဲ သူ့ဘဝကို ကုန်ဆုံးခဲ့တာ၊ ဘယ်လိုလုပ်ပြီး ပင်လယ်ဘက်ဆီ ရောက်ဖူးမှာလဲ။ ပင်လယ်ဘက်ဆီ တစ်ခါမှ မရောက်ဖူးပေမယ့် ပင်လယ်မှာ သွားနေတဲ့ သင်္ဘောတွေက အရမ်းကို ကြီးမားပြီး အားကောင်တယ်တဲ့။ အချို့သင်္ဘောတွေဆို မီတာတစ်ထောင် ကျော်တောင် ရှည်တယ်ဆိုပဲ။ အဲ့လို သင်္ဘောတွေမှပဲ လှိုင်းဒဏ်၊ လေဒဏ်ကို ကြံ့ကြံ့ခံနိုင်မှာ”
အဲ့ဒါ အမှန်ပဲလား” တုဖုန်းက ပြုံးလိုက်တယ်။ လူအိုကြီးစကားကို သူမယုံတဲ့ပုံပါပဲ။
“မမှန်ပဲ ဘယ်နေမပါ့မလဲ။ စစ်သည်တော်ကြီးပဲ သေချာစဉ်းစားကြည့်။ လှေက အဲ့လောက်တောင် ကြီးနေမှတော့ လှိုင်းထန်ရင်တောင် သင်္ဘောက ဘယ်လိုလုပ်ပြီး အလွယ်တကူနဲ့ ယိမ်းထိုလှုပ်ခါသွားနိုင်ပါ့မလဲ”
သွေးစစ်သည်တော် နှစ်ယောက်၊ ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်စလုံး စိတ်ဝင်စားလာခဲ့ကြတယ်။ လှေထိုးသမားက ဘယ်တော့မှ မမြင်ခဲ့ဖူးတဲ့ ယုံမှားပုံပြင်တွေကိုသာ ပြောနေတာ ဆိုပေမယ့် သူတို့အနေနဲ့ နားမထောင်ပဲ အနေနိုင်အောင် ဖြစ်နေခဲ့ပါတယ်။
ပရိသတ်တွေက အရမ်းကို စိတ်ဝင်စားနေတာ မြင်တော့ လူအိုကြီးက ထိတ်လန့် မသွားရုံမကလို့ ပိုပြီးတော့တောင် စိတ်အား ထက်သန်လာပါသေးတယ်။
ရန်ကိုင်ကတော့ လေးနံဘေးမှာသာ တိတ်တိတ်လေး ထိုင်နေခဲ့ပြီး မြစ်ပြင်ကျယ်ကြီး ပြုံးယောင်သန်းရင်း ကြည့်နေခဲ့တယ်။
ရှိနေတဲ့ လူအားလုံးထဲ၌ သူတစ်ယောက်ပဲ အဆုံးမဲ့ ပင်လယ်ဆီ ရောက်ဖူးပါတယ်။ ပြီးတော့ ဘယ်တော့မှ ပြန်မလာနိုင်တဲ့ ပင်လယ်ခရီးကြမ်းကိုလည်း သူရွက်လွှင့်ထွက်ခွါ ခဲ့ဖူးပါတယ်။ ဒါပေမယ့် ရန်ကိုင်က လူအိုကြီး ပြောနေတာကို ဝင်ပြီးတော့ အမှန်မပြင်ပေးခဲ့ပါဘူး။
ပုံပြင်များစွာ ပြောပြီးတဲ့နောက် လှေက လန်မြစ်ရဲ့ အလယ်ဗဟိုဆီ ရောက်လို့ လာခဲ့တယ်။
မြစ်ပြင်ကျယ်ကို စိုက်ကြည့်နေရင် တစ်ခုခု မှားယွင်းနေတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။ ချက်ချင်းပဲ မသိစိတ်အရ လှေထိုးသမားကို လှမ်းကြည့်မိလိုက်တယ်။
အဆုံးမဲ့ ပင်လယ်အကြောင်း ပြောနေတဲ့ လူအိုကြီး ရန်ကိုင်က လှမ်းပြောလိုက်တယ် “လူအိုကြီး၊ ခင်ဗျားလှော်နေတဲ့ နည်းလမ်းက မှားနေတဲ့ ပုံပဲ”
ထိုစကားကို ကြားလိုက်တာနဲ့ လှေပေါ်မှာ ရှိနေတဲ့ လူအားကို ရန်ကိုင်ကို စိုက်ကြည့်လိုက်တယ်။
လှေထိုးသမားအိုကြီးက ရယ်မောလိုက်ပြီး ပြောလိုက်တယ် “ဒီက ညီငယ်လေးက ဘာပြောချင်နေတာလဲ မသိဘူး”
ရန်ကိုင်က ပြုံးလိုက်ပြီး ပြန်ပြောလိုက်တယ် “လှေကို တစ်နှစ်ပတ်လုံး လှော်နေတဲ့ လူဆိုရင် သူတို့ရဲ့ အသက်ရှုသံနဲ့ လှော်ခတ်တာက စည်းကိုက်ဝါးကိုက် ဖြစ်နေရမှာ။ အထူးသဖြင့် လှိုင်းထန်နေတဲ့ အခုလို မြစ်ကြောင်းကျယ်ကြီး တွေမှာပေါ့။ အဲ့လို မလုပ်ဘူးဆိုရင် နှစ်ဆပိုအားကုန်ပြီး ခရီးတစ်ဝက်ပဲ ရောက်လိမ့်မယ်။ လူအိုကြီး၊ ခင်ဗျား တစ်ဘဝလုံးကို ရေထဲမှာပဲ ကုန်ဆုံးလာခဲ့တာဆိုတော့ ဒီလောက် ရိုးရှင်းတဲ့ အချက်ကလေးကိုတောင် ဘာလို့ နားမလည်ရတာလဲ’
ရန်ကိုင် ရှင်းပြချက်ကို ကြားလိုက်ပြီးနောက် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး သုန်မှုန်သွာခဲ့ကြပြီး လှေထိုးသမားကို သတိအပြည့်နဲ့ စိုက်ကြည့်လိုက်ကြတယ်။
လှေထိုးသမား မျက်ဝန်းထဲ ထိတ်လန့် တုန်လှုပ်သည့် အရိပ်အယောင် အချို့ ဖြတ်ပြေးသွားခဲ့ပေမယ့် ချက်ချင်းပဲ ပြန်ပျောက်ကွယ်သွားခဲ့ကာ ရန်ကိုင်ကို ပြန်ပြုံးပြလိုက်ပြီး ပြောလို်ကတယ် “ညီငယ်လေး၊ မင်းပြောတာ အဓိပ္ပါယ်ရှိတယ်။ ဒါပေမယ့် ဒီလူအိုကြီးက သူ့တစ်ဘဝလုံး အခုလိုမျိုးပဲ လှော်ခတ်လာခဲ့တာ ဆိုတော့ အခုပုံစံကိုပဲ ကျင့်သားရနေခဲ့ပြီ။ ငါ့အချိန်ရရင် မင်းပြောသလိုမျိုး စမ်းကြည့်လိုက်ပါ့မယ်”
ရန်ကိုင်က လှေထိုးသမားအိုကြီးကို ပိုပြီး စူးစူးစိုက်စိုက်နဲ့ ကြည့်လိုက်ပြီး “ကျုပ်တို့ ဖြတ်ကူးလာတာ မြစ်တစ်ဝက်ကိုတောင် ရောက်လာခဲ့ပြီ။ ဒါပေမယ့် ခင်ဗျားရဲ့ မောပန်းတဲ့ ပုံစံ နည်းနည်းလေးတောင် မပေါက်ပါလား။ ပြီးတော့ … ခင်ဗျားသာ မြစ်ထဲမှာပဲ တစ်ဘဝလုံး အချိန်ကုန်ဆုံးခဲ့တာ ဆိုရင် ငါးက ခင်ဗျားရဲ့ နေ့စဉ်အစားအစာ ဖြစ်မှာပဲ။ ဒါပေမယ့် ခင်ဗျားဆီကနေ ငါးညှီနံ့လေး နည်းနည်းလေးတောင် မရပါလား… ဟားဟားဟား”
သူ့အသံက အေးစက်သထက် အေးစက်လာခဲ့ပြီး သူ့မျက်ဝန်းထဲ ထက်ရှသည့် အလင်းတို့ ဖြတ်ပြေးသွားခဲ့ကာ ရန်ကိုင်က ပြတ်သားတဲ့ လေသံနဲ့ ပြောလိုက်တယ် “လူအိုကြီး၊ ခင်ဗျားက သာမန်လူ တစ်ယောက် မဟုတ်ဘူးမလား”
ရန်ကိုင် ပြောလို့ မပြီးသေးခင်မှာပဲ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး လှေထိုးသမားဆီ ပြေးဝင်ပြီးသွားနှင့်ပါပြီ။
ထိုအချိန်မှာပဲ ကောင်းကင်ထက် ပျံဝဲနေတဲ့ ရွှေရောင်ငွေသွေး သိမ်းငှက်က စူးစူးရှရှ အော်ဟစ်မြည်ကြွေးလိုက်တယ်။ အန္တရာယ် ချဉ်းကပ်လာနေပြီလို့ သူတို့ကို အသိပေးလိုက်တာပါ။
ချူရီမန်နဲ့ လော့ရှောင်မန်တို့ရဲ့ မျက်နှာလှလှလေးတွေ ဖြူလျော်သွားခဲ့ပြီး သူတို့ရဲ့ အစစ်အမှန်ချီကို အလျင်စလို လှည့်ပတ်လိုက်ကြတယ်။
ဘုန်း…
ရေမျက်နှာပြင်ကနေ ရေတွေ ထိုးထောင်ပန်းထွက် လာခဲ့တယ်။ ထိုရေပန်းတွေထဲ လူတစ်ယောက်စီ ရှိနေခဲ့ပါတယ်။
ရုတ်တရက်ချည်း လှေအောက်ခြေကနေ ကြောက်မက်ဖွယ် စုပ်အားတစ်ခု ထွက်ပေါ်လာခဲ့ပြီး လှေကို သွားမရအောင် လုပ်ပစ်လိုက်တယ်။ လှေတစ်စင်းလုံးလည်း နွံအိုင်ထဲ ရောက်နေသည့်အလး ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဖြစ်နေခဲ့ပြီး စုပ်အားကြောင့် တစတစ အက်ကွဲလာခဲ့ရကာ မြစ်ကြမ်းပြင်ထက်ဆီ အလျင်အမြန် နစ်မြုပ်သွားခဲ့တယ်။
ရန်ကိုင်၊ ချူရီမန်နဲ့ လော့ရှောင်မန်တို့က ကောင်းကင်ပေါ် ပျံတက်လိုက်စဉ်မှာပဲ ပြင်းထန်တဲ့ ဖိအားတစ်ခုက သူတို့အပေါ်ကနေ စီးမိုးကျဆင်းလာခဲ့တယ်။ ထိုရုတ်တရက် ချောင်းမြောင်း တိုက်ခိုက်မှုနဲ့ ရင်ဆိုင်လိုက်ရချိန်မှာတော့ သုံးယောက်စလုံး လှေရှိရာစီ နောက်ပြန်ဆုတ်လိုက်ကြရတယ်။
ဧရာမဝဲကတော့ကြီး တစ်ခုထွက်ပေါ်လာခဲ့ပြီး လှေနဲ့အတူ လှေပေါ်မှာ ရှိသမျှ အားလုံးကို မြစ်အောက်ကြမ်းပြင်ဆီသို့ ဆွဲချသွားခဲ့တယ်။
တိမ်သွားမြင်းငါးကောင်လည်း လှေနှင့်အတူ မြစ်အောက်ကြမ်းပြင်ဆီ ဆွဲချသွားခံလိုက်ရတယ်။
ရေထဲကျသွားတဲ့ အချိန်မှာပဲ အနီးအနားမှ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားတစ်ရပ်ကို ရန်ကိုင် ခံစားမိလိုက်တယ်။ သွေးစစ်သည်တော် နှစ်ယောက်က လှေထိုးသမားနဲ့ တိုက်ခိုက်နေခဲ့ပါပြီ။
များစွာသော လူရိပ်တွေက သားကောင်တွေကို တွေ့တဲ ငါးမန်တစ်အုပ်လို ရန်ကိုင်တို့ အဖွဲ့ဆီ အလျင်အမြန် ကူးခတ်လာနေခဲ့ကြတယ်။
ရန်ကိုင်က အခြေအနေ တစ်ခုလုံးကို အလျင်အမြန် သုံးသပ်လိုက်တယ်။ ဒါပေမယ့် မြင်လိုက်ရတာကြောင့် သူ့အမူအရာ ပိုမို သုန်မှုန်သွားခဲ့တယ်။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ရေထဲကို ဆွဲချသွားခံလိုက်ရပြီး သုံးယောက်နှစ်ယောက် ယှဉ်ပြိုင် တိုက်ခိုက် နေခဲ့ကြရပါတယ်။ တုဖုန်း၊ တန်ယုရှန်းတို့နဲ့ တိုက်ခိုက်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်လုံးကို အားမနည်းလှပါဘူး။ တစ်ယောက်က အဆင့်ရှစ်ဖြစ်ပြီဂ ကျန်တစ်ယောက်က အဆင့်ခုနှစ် ဖြစ်ကာ နောက်ဆုံး တစ်ယောက်ကတော့ အဆင့်ငါး ဖြစ်ပါတယ်။ သွေးစစ်သည်တော် နှစ်ယောက်က ထိုသုံးယောက်ထက် သန်မာတယ် ဆိုပေမယ့် ထိုသုံးယောက်ဆီကနေ သူတို့ဆီကို ချက်ချင်း ပြန်ပြေးမလာနိုင် သေးပါဘူး။
ရန်ကိုင်နဲ့ အနီးဆုံးရန်သူက သူနဲ့ မီတာ၃၀တောင် မဝေးတော့ပါဘူး။ ထိုလူက လှောင်ပြုံးပြုံးလိုက်ပြီး ရန်ကိုင်တည့်တည့်ဆီ လက်ဝါးချက်တစ်ချက် ရိုက်လွှတ်လိုက်တယ်။ ပြာဖြော့ဖြော့ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရေကိုခွင်းကာ ရန်ကိုင်ဆီ တိုးဝင်လာခဲ့တယ်။
ရန်ကိုင်လည်း သူ့ဆီ တိုးဝင်လာနေတဲ့ အလင်းတန်းကို သူ့လက်သီးနဲ့ ပြန်ထိုးချလိုက်တယ်။
ဘုတ်ခနဲ အသံတစ်ချက် မြည်သွားခဲ့ပြီး ရန်ကိုင် လက်သီးချက်နဲ့ ပြာဖြော့ဖြော့ အလင်းတန်းတို့ ထိပ်တိုက် တွေ့သွားခဲ့တယ်။ ဒါပေမယ့် အလင်းတန်းက အပြီးတိုင် မပျောက်ကွယ်သွားခဲ့ပဲ ရန်ကိုင်ဆီ ဆက်လက် တိုးဝင်လာနေခဲ့တယ်။ ရန်ကိုင်လည်း ရေမျက်နှာပြင်ဆီသို့ မြန်မြန်ဆန်ဆန် ပြန်ကူးခတ်သွားလိုက်တယ်။
ရေပေါ် ပြန်ပေါ်လာတုန်း ဘေးပတ်လည်ကို လိုက်ကြည့်လိုက်တဲ့အခါ ချူရီမန်နဲ့ လော့ရှောင်မန်က သူနဲ့ မနီးမဝေးမှာ ရှိနေတာကို ရန်ကိုင် တွေ့လိုက်ရတယ်။ ဒါပေမယ့် သူမတို့ကတော့ လုံလုံခြုံခြုံ အန္တရာယ်ကင်းကင်းနဲ့ ရှိနေခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်တဲ့ လူအားလုံးရဲ့ ပစ်မှတ်က သူတစ်ယောက်တည်းပဲ ဖြစ်နေတာကြောင့် ပါပဲ။
သူတို့က ငါ့ကိုသတ်ဖို့ လာကြတာပဲ
ရန်ကိုင်က အဓိက အချက်ကို ချက်ချင်း စဉ်းစားမိလိုက်တယ်။ ဒါပေမယ့် သူ့မှာ အတွေးထဲ ဈာန်ဝင်နေဖို့ အချိန်မရှိပါဘူး။ ရေပေါ် ပေါ်လာပြီးပြီးချင်းပဲ ကောင်းကင်ပေါ်ကို ပျံတက်သွားလိုက်တယ်။ သူပျံတက်သွားပြီးတာနဲ့ ချက်ချင်း ဆိုသလိုပဲ ပုံရိပ်တစ်ခုက ရေအောက်ထဲကနေ တစ်ဟုန်ထိုး ထိုးထွက်လာခဲ့ပြီး ရန်ကိုင်ဆီ တိုးဝင်သွားခဲ့တယ်။ ထိုလူက ခုဏတုန်းက ရန်ကိုင်ကို တိုက်ခိုက်ခဲ့တဲ့ လူနဲ့ တစ်ယောက်တည်းပါပဲ။ ထိုလူက အမဲဖျက်တော့မယ့် မုဆိုးတစ်ယောက်လိုမျိုး ရန်ကိုင်ကို အေးစက်စက် အကြည့်နဲ့ စိုက်ကြည့်နေခဲ့တယ်။ သူ့လက်ကို ဝှေ့ရမ်လိုက်ပြီး ရန်ကိုင်ဆီ နောက်ထပ် လက်ဝါးချက် တစ်ချက် ရိုက်လွှတ်ဖို့ ကြံရွယ်လိုက်တယ်။
ထိုကဲ့သို့ အသက်တမျှ အရေးကြီးနေတဲ့ အချိန်မှာပဲ ကောင်းကင်ထက် ပျံဝဲနေတဲ့ ရွှေရောင်ငွေသွေး သိမ်းငှက် ထိုလုပ်ကြံသတ်ဖြတ်သူဆီ တစ်ဟုန်ထိုး ထိုးဆင်းသွားလိုက်ပြီး မရေမတွက်နိုင်တဲ့ ရွှေရောင်အလင်းတန်းတွေနဲ့ တိုက်ခိုက်လိုက်တယ်။
မထင်မှတ်ထားတဲ့ အချိန် တိုက်ခိုက်ခံလိုက်ရတာ ဖြစ်တဲ့အတွက် ထိုလုပ်ကြံ သတ်ဖြတ်သူလည်း ရွှေရောင်ငွေသွေး သိမ်းငှက်ရဲ့ တိုက်ခိုက်မှုကို မကာကွယ်နိုင် ဖြစ်ကာ ရေထဲ ပြန်ပြုတ်ကျသွားခဲ့ရတယ်။
“ရွှစ်… ရွှစ်… ရွှစ်…” ရေပွက်သံတွေနဲ့ အတူ ပုံရိပ်၆ခုက ရေထဲကနေ ပျံထွက်လာခဲ့ပြီး လေထဲ ဝဲနေလိုက်ကြတယ်။ အားလုံးက ဘေးဘီဝဲရာကို တစ်ချက် ကြည့်လိုက်ကြကြီး ရန်ကိုင် ရှိနေတဲ့နေရာဆီ ပျံသန်းသွားလိုက်ကြတယ်။ ပျံသန်းလာနေတဲ့ လူတွေထဲ ချူရီမန်နဲ့ လော့ရှောင်မန်တို့လည်း ပါနေခဲ့ပါတယ်။ သူမတို့က ရန်ကိုင်ကို ကူညီဖို့ သူ့ဆီ ပျံသန်းသွားနေတာပါ။
“သူတို့ကို တားထားလိုက်ကြ” အဖွဲ့ကို ဦးဆောင်နေတဲ့ သက်လတ်ပိုင်းလူကြီး အမိန့်ပေးလိုက်ပြီး ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်တယ် “သူတို့ကို မသတ်နဲ့”
ချက်ချင်းပဲ အဖွဲ့ထဲက နှစ်ယောက်က မိန်းကလေး နှစ်ယောက်ဆီ ပျံသန်းသွားလိုက်ကြတယ်။
ချူရီမန် အမူအရာက ရေခဲတမျှ အေးစက်သွားခဲ့ပြီး လော့ရှောင်မန်ကို တိုးတိုးလေး ပြောလိုက်တယ် “သူတို့တွေက ရန်ကိုင်ကိုပဲ သတ်ဖို့ လာခဲ့ကြတာပါ။ ဒါကြောင့် ငါတို့ကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး။ နည်းနည်းလေးတောင် ထိန်ချန်မထားနဲ့၊ အားကုန်သုံးပြီးတော့တိုက်။ သူတို့ ငါတို့ကို မသတ်ရဲဘူး”
“အင်း” လော့ရှောင်မန်က လေးလေးကန်ကန်နဲ့ ခေါင်းညိတ်လိုက်တယ်။ ရေစိုနေတဲ့ အဝတ်တွေကြောင့် သူမရဲ့ အမို့အမောက်၊ အရှိုက်အဝိုက်၊ ကောက်ကြောင်း အဖြာဖြာက အားလုံးရှေ့ အထင်းသား ထွက်ပေါ်နေခဲ့တယ်။
“ရွှစ်…” ရေပွက်သံနှင့်အတူ သွေးစစ်သည်တော် နှစ်ယောက်နဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် သုံးယောက် ရေထဲကနေ ထွက်ပေါ်လာခဲ့တယ်။ တုဖုန်း တစ်ကိုယ်လုံး အညိုရောင် တောက်နေခဲ့ပြီး သူ့ခံစစ်ကို လျစ်လျူရှုကာ ရန်သူသုံးယောက်ကို သည်းကြီးမည်းကြီး တိုက်ခိုက်နေခဲ့တယ်။
တန်ယုရှန်းလည်း အစစ်အမှန်ချီကို အမြင့်ဆုံးအထိ လှည့်ပတ်ထားလိုက်ပြီး သူမရဲ့ ကျက်သရေရှိလှတဲ့ ပုံရိပ်လေးက ရန်သူသုံးယောက်ကြား ဟိုမှသည်တို့ ကူးကလန် ခတ်နေခဲ့ကာ အမျိုးမျိုးသော သိုင်းပညာရပ်တွေကို အသုံးပြုပြီး တိုက်ခိုက်နေခဲ့တယ်။ သူမမျက်နှာထက် စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်တို့ အထင်းသား ထွက်ပေါ်နေခဲ့တယ်။
“မင်းတို့တွေက ဘယ်ကကောင်တွေလဲကွ။ မင်းတို့ကများ ဗဟိုမြို့တော်က ရန်မိသားစုကို အလစ်ချောင်းတိုက်ရဲတယ်” တုဖုန်းက ဒေါသတကြီး အောဟစ်လိုက်ပြီး အနားမှာရှိနေတဲ့ ရန်သူတစ်ယောက်ကို အားကုန်သုံး ရိုက်ချလိုက်တယ်။
Martial Peak
အပိုင်း(၃၈၅) ခင်ဗျားကက ကျုပ်ပြိုင်ဘက် မဟုတ်ဘူး
“ငါတို့ မင်းတို့ကို တိုက်ခိုက်ရတာက မင်းတို့က ရန်မိသားစုဝင်တွေ ဖြစ်နေလို့ပဲ” သွေးစစ်သည်တော် နှစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက် နေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈ ကျင့်ကြံသူက အရူးတစ်ယောက်လို ရယ်မောလိုက်ပြီး အော်ပြောလိုက်တယ် “မင်းတို့ ရန်မိသားစုက အရမ်းကို မောက်မာလွန်းတယ်။ ဘယ်သူ့ကို မျက်လုံးထဲ ထည့်တာ မဟုတ်ဘူး။ မင်းတို့ မျိုးဆက်ပြတ်သွားတဲ့ အချိန်ကျ အခုလိုမျိုး ဆက်ပြီး မောက်မာနိုင်ဦး မလားဆိုတာ ကြည့်ကြသေးတာပေါ့”
သူ့လေသံအရ ထိုလူနဲ့ ရန်မိသားစုကြားက ရန်ကြွေး တော်တော်လေး ကြီးမားတဲ့ ပုံပါပဲ။
တုဖုန်းနဲ့ တန်ယုရှန်းတို့ရဲ့ အမူအရာက မယုံကြည်နိုင်လောက်အောင် တည်ကြည်လေးနက် နေခဲ့တယ်။ ထိုလူပြောတဲ့ ပုံအရ သူတို့က အစကတည်းက ရန်မိသားစုကို ချောင်းမြောင်း တိုက်ခိုက်ဖို့ စီစဉ်ထားမှန်း သွေးစစ်သည်တော် နှစ်ယောက်စလုံး နားလည်လိုက်ကြတယ်။
သွေးစစ်သည်တော် နှစ်ယောက်က ရန်ကိုင် လုံခြုံရေးကို စိုးရိမ်နေခဲ့ပေမယ့် ထိုကဲ့သို့ ကျွမ်းကျင် ပညာရှင် သုံးယောက်က သူတို့ကို တားဆီးနေတဲ့အတွက် ရန်ကိုင်တို့ အဖွဲ့နဲ့ သွားမပေါင်းနိုင် ဖြစ်နေခဲ့ရပါတယ်။
“ယုရှန်း” အသက်တစ်ရှိုက်စာတိုင်းက အခုအချိန်၌ အလွန်အမင်း အဖိုးတန်မှန်း သိထားတဲ့အတွက် သူတို့ခွန်အားကို ဆက်ပြီး ထိန်ချန်မထားတော့ပါဘူး။ တုဖုန်းက ရုတ်တရက် မာန်သွင်းအော်ဟစ် လိုက်ပြီး အသာအယာလေး နောက်ပြန်ဆုတ်လိုက်တယ်။
“ကောင်းပြီ” တန်ယုရှန်းက ချက်ချင်း ရှေ့တက်လိုက်ပြီး အစစ်အမှန်ချီတွေက သူမကိုယ်ကနေ လှိုင်းလုံးသဖွယ် ရူးသွပ်စွာ ထွက်ပေါ်လာခဲ့တယ်။ တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို အဖြူရောင်မြူထု တစ်ခုက ရုတ်ချည်း ဖုံးအုပ်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အားကောင်းလှတဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှု တစ်ခုက လုပ်ကြံသတ်ဖြတ်သူ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင် သုံးယောက်စီ တစ်ဟုန်ထိုး တိုးဝင်သွားခဲ့တယ်။
သွေးစစ်သည်တော် နှစ်ယောက်က ရန်ကိုင်ဆီ အမြန် ပြန်ပြေးချင်နေတဲ့အတွက် သူတို့ရဲ့ ဝှက်ဖဲတွေကို တုန့်ဆိုင်းခြင်းမရှိ အသုံးပြုလိုက်ပါပြီ။
အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင် သုံးယောက်က အတူတကွ ပူးပေါင်းပြီး တန်ယုရှန်းရဲ့ စိတ်ဝိဥာဉ် တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့တယ်။ ဒါပေမယ့် အဖြူရောင်မြူထုကြီးက သူတို့ကို ဖုံးလွှမ်းသွားတဲ့အတွက် သွေးစစ်သည်တော် နှစ်ယောက်ကို အာရုံမခံနိုင် ဖြစ်သွားခဲ့ရတယ်။ ရုတ်တရက် ဆိုသလို တုဖုန်း ပြန်ဆုတ်သွားတဲ့ အရပ်မှ ပြင်းထန်လှတဲ့ သွေးစွမ်းအားနှင့် အတူ ကြောက်မက်ဖွယ် ဖိအားတစ်ခုကို အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ပညာရှင် ခံစားမိလိုက်တယ်။ တစ်ခုခုကို နားလည်သွားလိုက်ပြီး အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈ ပညာရှင်ရဲ့ အမူအရာ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ကာ သံကုန်အော်ဟစ် လိုက်တယ် “ငိုးပဲ၊ ရန်မိသားစုက သွေးစစ်သည်တော်တွေ အကုန်လုံး ရူးနေကြပြီ။ ဟိုကောင်က သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးနေပြီ။ သူ့ကို မြန်မြန် သွားတာကြစမ်း”
သွေးရူးသွပ်ခြင်း ပညာရပ်က ရန်မိသားစုက သွေးစစ်သည်တော်တွေရဲ့ အထွတ်အထိပ် ပညာရပ်တစ်ခုပါ။
ထိုပညာရပ်ကို အသက်သွင်းလိုက်တာနဲ့ ကျင့်ကြံသူရဲ့ သွေးစွမ်းအားက အရင်ကထက် နှစ်ဆ၊ သုံးဆလောက် ပိုပြီး အားကောင်းလာပါလိမ့်မယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက် ပြောင်းလဲသွားခြင်း မရှိပေမယ့် တိုက်ခိုက်နိုင်စွမ်းရော ခုခံနိုင်စွမ်းပါ တော်တော်လေး တိုးတက်သွားပါတယ်။
ထိုပညာရပ်က ရန်ကိုင်ရဲ့ မိစ္ဆာအသွင်းပြောင်းခြင်းနဲ့ ဆင်တူပါတယ်။
ဒါပေမယ့် ရန်ကိုင်ရဲ့ မိစ္ဆာအသွင်းပြောင်းခြင်း လောက်တော့ မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ သွေးရူးသွပ်ခြင်း ပညာရပ်ကို အသုံးပြုပြီးတာနဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုကို ခံစားရလို့ပါပဲ။ သွေးရူးသွပ်ခြင်း ပညာရပ်ကို အသုံးပြုနိုင်ဖို့ အတွက် သွေးစစ်သည်တော်တွေက သူတို့ရဲ့ အသက်စွမ်းအားကို ထုတ်ယူ အသုံးပြုရပါတယ်။
သွေးရူးသွပ်ခြင်း ပညာရပ်ကို အသုံးပြုပြီးတာနဲ့ သွေးစစ်သည်တော် တစ်ယောက်ရဲ့ ခွန်အားက တစ်ဟုန်ထိုး တိုးတက်သွားပါလိမ့်မယ်။ ဒါပေမယ့် အချိန်တစ်ခု ကြာပြီးနောက် သူတို့ခွန်အားက ပြန်ထိုးကျသွားမှာ ဖြစ်ပြီး အပတ်များစွာ၊ ဒါမှမဟုတ် လပေါင်းများစွာ ကြာတဲ့အထိ အားနည်းသွားတတ်ပါတယ်။
တိုက်ပွဲစရုံပဲ ရှိသေး တုဖုန်းက သူရဲ့ ဝှက်ဖဲကို ထုတ်သုံးလိုက်ပါပြီ။ တုဖုန်းက သူ့ရဲ့ ဝှက်ဖဲကို တိုက်ပွဲစစချင်း ထုတ်သုံးလာလိမ့်မယ်လို့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင် သုံးယောက်လည်း မထင်မှတ် ထားခဲ့ပါဘူး။
သူတို့ သခင်လေးကို ကာကွယ်နိုင်ဖို့အတွက် တုဖုန်း ဒီလောက်အထိ အဆင်အခြင်း မဲ့စွာလုပ်လိမ့်မယ်လို့ သူတို့ တကယ်ကို မထင်မှတ်ထားခဲ့တာပါ။
သူသာ သွေးရူးသွပ်ခြင်း ပညာရပ်ကို အောင်အောင်မြင်မြင် အသက်သွင်းပြီးတာနဲ့ သူတို့ရဲ့ နိုင်နိုင်ချေ တော်တော်လေး ထိုးကျသွားနိုင်တယ် ဆိုတာကို သိထားတဲ့အတွက် အင်မော်တယ် တက်လှမ်းခြင်း အဆင့် သုံးယောက်လည်း တုဖုန်း သွေးရူးသွပ်ခြင်း ပညာရပ်ကို အသက်သွင်းနေခြင်းအား ရပ်တန့်သွားစေရန် အလို့ငှာ တန်ယုရှန်းကို သည်းကြီးမည်းကြီး တိုက်ခိုက်ပါတော့တယ်။
ဒါပေမယ့် တန်ယုရှန်း ကိုယ်တိုင် သွေးစစ်သည်တော် တစ်ယောက် ဖြစ်တဲ့အတွက် သူမရဲ့ ခွန်အားက မေးခွန်းထုတ်စရာ မလိုလောက်တဲ့ အထိ သန်မာပြီးသားပါ။ အဆင့်မြင့် လက်နက်ကိုပါ ကိုင်ဆွဲထားတော့ ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို ခုခံတိုက်ခိုက် နိုင်နေခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ သွေးစစ်သည်တော် နှစ်ယောက်ကို ရန်ကိုင်ဆီ မသွားနိုင်တောင် တားဆီးနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ သုံးယောက်မှာ သူတို့ပဲ ပြန်ပြီး ချောင်ပိတ်မိသွားခဲ့ရပါတယ်။
“မြန်မြန်” တန်ယုရှန်းရဲ့ ခံစစ်ကို အချိန်တိုအတွင်း မချိုးဖျက်နိုင် သေးတာကို မြင်တော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ပညာရှင်က သွေးရူးသွေးတန်းနဲ့ အော်ဟစ်လိုက်တယ်။
ရန်ကိုင်တို့ ဘက်မှာတော့…. ရန်ကိုင်ကို အရင်စတိုက်ခိုက်ခဲ့တဲ့ သက်လတ်ပိုင်းလူကြီး လူတစ်ဖွဲ့ကို ဦးဆောင်ပြီး ရန်ကိုင်ကို လိုက်လံ တိုက်ခိုက်နေခဲ့တယ်။ ထိုလူက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၃ ကျင့်ကြံသူ တစ်ယောက်ပါ။ သူ့နောက်မှာတော့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၁ ကျင့်ကြံသူ တစ်ယောက်နဲ့ အစစ်အမှန်ဒြပ်စင်အဆင့်၉ ကျင့်ကြံသူ နှစ်ယောက် ရှိနေခဲ့တယ်။
ထိုဖွဲ့စည်းပုံက ဘယ်အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံသူကို မဆို အလွယ်တကူ လတ်စဖျောက် ပစ်နိုင်ပါတယ်။
ဒါပေမယ့် ရန်ကိုင်ကို ဒီလောက်လေးနဲ့ သတ်ဖို့ ကြိုးစားနေတယ် ဆိုရင်တော့ အိမ်မက်နေမှပဲ ရပါလိမ့်မယ်။
သူတို့ ခေါင်းဆောင်ရဲ့ အော်သံကို ကြားလိုက်တာနဲ့ ရန်ကိုင် နောက်ကို ဦးဆောင်လိုက်နေတဲ့ သက်လတ်ပိုင်း လူကြီးရဲ့ အမူအရာ အေးစက်သွားခဲ့ပြီး ဝိဥာဉ်ပညာရပ် တစ်ခုကို အလျင်စလို ထုတ်သုံးလိုက်တယ်။
မမြင်နိုင်တဲ့ အာတစ်ခုက လေကို ခွင်းပြီး ရန်ကိုင်ဆီ တိုးဝင်သွားခဲ့တယ်။
ပျံသန်း ထွက်ပြေးနေတဲ့ ရန်ကိုင် တစ်ကိုယ်လုံး ရုတ်ချည်း တုန်ရီသွားခဲ့တယ်။ သူ့ကိုယ်ကနေ ထွက်ပေါ်နေတဲ့ အစစ်အမှန်ချီ စွမ်းအင်လှိုင်းတွေ အကုန်လုံး ပရမ်းပတာ ဖြစ်သွားခဲ့ပြီး ဒယီးဒယိုင် ဖြစ်သွားခဲ့ကာ သူ့အမြန်နှုန်းလည်း သိသိသာသာကို ထိုးကျသွားခဲ့တယ်။
“ဟတ်” သက်လတ်ပိုင်း လူကြီးက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး သူ့အဖွဲ့သားတွေနဲ့အတူ ရန်ကိုင်ကို ချက်ချင်း ဝိုင်းထားလိုက်တယ်။
“ဒါက ရန်မိသားစုက သခင်လေးတွေထဲက တစ်ယောက်လား” အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ကျင့်ကြံသူက အထင်အမြင် သေးစွာနဲ့ ပြောလိုက်တယ် “ဘာမှလည်း မဟုတ်ပါလား။ ငါ့မှာတော့ အလှည့်အပြောင်းလေး ဘာလေးများ တွေ့ရမလား ဆိုပြီး ထင်နေတာ။ ဒီလောက် လွယ်နေမယ်လို့တောင် မထင်ထားဘူး”
သက်လတ်ပိုင်း လူကြီးက ပြန်ပြောလိုက်တယ် “မင်းက ရန်မိသားစုကို အရမ်း အထင်သေး နေတာပဲ။ ဒီကလေးက ငယ်သေးလို့သာပေါ့။ သူသာ ကြီးလာလို့ မင်းနဲ့ အဆင့်တူ ဖြစ်သွားတဲ့ အချိန်ကျ မင်းသူ့ကို ဘယ်လိုမှ အနိုင်ယူနိုင်လိမ့်မှာ မဟုတ်ဘူး”
အင်မော်တယ် တက်လှမ်းခြင်း ပထမအဆင့် ကျင့်ကြံသူ မျက်နှာ သုန်မှုန်သွားခဲ့တယ်။ ထိုလူကြီး ပြောတာကို လက်မခံချင်ပေမယ့် ပြန်ပြီးတော့လည်း မငြင်းဆိုနိုင်တဲ့အတွက် တစ်ဖက်လှည့်နဲ့ ပြန်ပြောလိုက်တယ် “ဒါပေမယ့် သူက အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံသူပဲ ဖြစ်နေသေးတယ်။ ငါတို့အတွက် အားနည်းတဲ့ သားကောင်လေး တစ်ကောင်ကလွဲပြီး ဘာမှ မဟုတ်သေးပါဘူး”
အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရတာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေ အတွက်တော့ အရမ်းကို လွယ်ကူလွန်းပါတယ်။ ဝိဥာဉ် တိုက်ခိုက်မှုကို ကာကွယ်နိုင်တဲ့ အကာအကွယ် ဝိဥာဉ် လက်နက်တွေကိုသာ မပိုင်ဆိုင်ထားခဲ့ရင် အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံသူ အနေနဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ရဲ့ စိတ်ဝိဥာဉ် တိုက်ခိုက်မှုတွေကို ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်ပဲ အင်အားစုကြီးတွေရဲ့ သခင်လေးတွေနဲ့ သခင်မလေးတွေမှာ အကာအကွယ် အမျိုးအစား ဝိဥာဉ် လက်နက် အနည်းဆုံး တစ်ခုစီ ရှိနေကြတာပါ။ ဗဟိုမြို့တော်က အင်အားစုကြီးတွေ အနေနဲ့ သူတို့ရဲ့ သခင်လေး၊ သခင်မလေးတွေကို ထိုကဲ့သို့ ခုခံကာကွယ်ရေး လက်နက် တစ်ခုနှစ်ခု လောက်တော့ အသာလေး ထောက်ပံ့ပေးနိုင်ပါတယ်။
“အပိုစကားတွေ ပြောတာ တော်လောက်ပြီ၊ ဘာတစ်ခုမှ ဖြစ်မလာခင် ဒီကောင့်ကို မြန်မြန် လတ်စသတ်လိုက်တာ ပိုကောင်းလိမ့်မယ်” သက်လတ်ပိုင်း လူကြီးက သူ့မိတ်ဆွေတွေကို အော်ပြောလိုက်တယ်။ ရန်ကိုင်က ခုခံမယ့်ပုံစံ နည်းနည်းလေးတောင် မပြပါဘူး။ သူ့မျက်ဝန်းတွေက မှိုင်းထိုင်းနေခဲ့ပြီး သူ့အကြည့်ကလည်း အာရုံစူးစိုက်မှု ကင်းမဲ့နေခဲ့ပါတယ်။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ကျင့်ကြံသူက ပုခုံးတွန့်လိုက်ပြီး ရယ်မောလိုက်ကာ အထက်စီးဆန်ဆန် လေသံနဲ့ ပြောလိုက်တယ် “ကောင်ပြီလေ၊ ဒီကောင် သတ်ရတာ တော်တော်လေး ကျေနပ်စရာ ကောင်းမယ့် ပုံပဲ”
ပြောနေရင်းနဲ့ ထိုအင်မော်တယ် တက်လှမ်းခြင်း၁ ကျင့်ကြံသူက သူ့ဓါးကို ကိုင်မြှောက်ရင်း ရန်ကိုင်ဆီ ဖြေးဖြေးချင်း သွားလိုက်တယ်။ ရောက်တာနဲ့ ရန်ကိုင် ရင်ဘတ်ကို ခြေထောက်နဲ့ ပိတ်ကန်လိုက်ပြီး သူ့လည်ပင်းကို ဓါးနဲ့ ထိုးချလိုက်တယ်။
ရန်ကိုင် မျက်ဝန်းအစုံက ဆေးမှိုင်မှိုင် နေတုန်းပါပဲ။ သူ့ပုံစံက ထောင်ချောက်ထဲမိပြီး သေမှာကို ထိုင်စောင့်နေတဲ့ ယုန်တစ်ကောင်နဲ့ ဘာမှ မကွာတော့ပါဘူး။
ရုတ်တရက်…
တလက်လက် တောက်ပတဲ့ ခရမ်းရောင် အလင်းတန်းတွေက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၁ ကျင့်ကြံသူရဲ့ ခေါင်းဆီ မြွေတစ်ကောင်လို တိုးဝင်သွားခဲ့တယ်။
ယင်မိစ္ဆာ အရှိန်အဝါတွေနဲ့ ပြည့်နေတဲ့ အေးစက်စက် စွမ်းအင်တွေက ထိုကျင့်ကြံသူရဲ့ အသိစိတ်ဝိဥာဉ် ပင်လယ်ထဲ ချက်ချင်း ပေါက်ကွဲ သွားခဲ့တယ်။
သူ့ဓါးက ရန်ကိုင် လည်ပင်းနဲ့ သုံးစင်တီမီတာပဲ ကွာပါတော့တယ်။ သူ့မျက်နှာထက်က အပြုံးကလည်း မပျောက်ကွယ် သွားသေးပါဘူး။
ဒါပေမယ့် သူ့ဓါးက ရှေ့ဆက် မတိုးနိုင်တော့ပါဘူး။ မိစ္ဆာလိုဏ်ဂူက ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ ဝိဥာဉ်ပညာရပ်က သူ့ခေါင်းထဲ ပေါက်ကွဲထွက်သွားတာနဲ့ သူ့စိတ်တစ်ခုလုံး အေးစိမ့်သွားခဲ့တယ်။ သူ့အသိစိတ်ပင်လယ် တစ်ခုလုံး ရေခဲနယ်မြေကြီး ဖြစ်သွားခဲ့လေပြီ။
ရန်ကိုင်ရဲ့ ချောင်းမြောင်း တိုက်ခိုက်မှု အောင်မြင် သွားခဲ့ပါတယ်။
ပြီးတာနဲ့ ရန်ကိုင်က ခရမ်းရောင် ရောင်ခြည်စက်ကွင်း တစ်ခုကို ထုတ်လွှတ်လိုက်တယ်။ ထိုရောင်ခြည် စက်ကွင်းက သက်လတ်ပိုင်း လူကြီးနဲ့ အစစ်အမှန်ဒြပ်စင်အဆင့်၉ ကျင့်ကြံသူ နှစ်ယောက်ကို ချက်ချင်းဆိုသလို ဖုံးအုပ်သွားခဲ့တယ်။
ထိုတိုက်ခိုက်မှုကို သတိပြုမိလိုက်တာနဲ့ သက်လတ်ပိုင်း လူကြီးက ချက်ချင်း နောက်ပြန်ဆုတ်လိုက်တယ်။ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ့မျက်လုံးအစုံက ပြူးကျယ်နေခဲ့တယ်။ အစစ်အမှန် ဒြပ်စင်အဆင့်၉ ကျင့်ကြံသူ နှစ်ယောက်ကတော့ သူတို့ခေါင်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ရင်း နာနာကျင်ကျင် ညည်းညူ အော်ဟစ် နေကြတယ်။
ဂျွတ်…
ရန်ကိုင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ကျင့်ကြံသူရဲ့ ရင်ဘတ်တည့်တည့်ဆီ ထိုးချလိုက်တယ်။ ထိုလူ့ရင်ဘတ် ခွက်သွားခဲ့ပြီး နရံရိုးတွေ ကျိုးကြေကုန်ခဲ့တယ်။ ကျိုးသွားတဲ့ အရိုးစတွေက သူ့နှလုံးနဲ့ အဆုတ်ကို ထိုးဖောက်သွားခဲ့ သဖြင့် အစစ်အမှန်ချီတွေက သူ့ကိုယ်ထဲမှာပဲ ပေါက်ကွဲသွားခဲ့တယ်။
ထိုလူအနေနဲ့ အော်ချိန်တောင် မရလိုက်ပဲ အသက်ပျောက် သွားခဲ့ရတယ်။
တစ်ခဏအတွင်းမှာပဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ကျင့်ကြံသူ တစ်ယောက် အသတ်ခံလိုက်ရလေပြီ။
ရန်ကိုင် ပုံရိပ် လက်ခနဲ ဖြစ်သွားခဲ့ပြီး ဘယ်သူမှ သတိမပြုမိခင်မှာပဲ သူက အစစ်အမှန် ဒြပ်စင်အဆင့်၉ ကျင့်ကြံသူ နှစ်ယောက်ရဲ့ ရှေ့ကို ရောက်နှင့်နေခဲ့ပါပြီ။ ထိုနှစ်ယောက်ကို အေးစက်စက်နဲ့ စိုက်ကြည့်လိုက်ပြီး ခေါင်းနှစ်လုံးကို ဆွဲကိုင်ကာ လည်လိမ်ချိုး ပစ်လိုက်တယ်။
ဂျွတ်ဆိုတဲ့ အသံနှင့်အတူ အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံသူ နှစ်ယောက် အသက်ပျောက်သွားခဲ့တယ်။ ထိုလူငယ် နှစ်ယောက်စလုံးရဲ့ ခေါင်းတွေက အနောက်ဘက်သို့ လှန်ကျနေခဲ့တယ်။ တကယ်ကို အသည်းယားစရာ မြင်ကွင်းကြီးပါ။
သတ်လတ်ပိုင်းလူအကြီး အသိပြန်ဝင်လာတဲ့ အချိန်မှာတော့ ရန်ကိုင်က သူ့လူ သုံးယောက်ကို သတ်ဖြတ်လို့ ပြီးနေခဲ့ပါပြီ။
အကြည့််ချင်း ထိပ်တိုက် တွေ့သွားခဲ့တယ်။ ရန်ကိုင်က သက်လတ်ပိုင်း လူကြီးကို လှောင်ပြုံးပြုံးကာ ကြည့်နေခဲ့ပြီး သက်လတ်ပိုင်း လူကြီးကတော့ တော်တော်လေး ရှက်နေခဲ့တယ်။
သူရဲ့ သတိမဲ့မှုကြောင့် အဖွဲ့သား သုံးယောက် သေသွားခဲ့ရပါတယ်။
ဒါပေမယ့် သူအံ့ဩရတာက သူ့ရဲ့ ဝိဥာဉ်ရပ်က ရန်မိသားစုက သခင်လေးကို ကျိန်းသေ ထိမှန်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့အပေါ် ဘာလို့ အကျိုးသက်ရောက်မှု မရှိရတာလဲ။
သူ့ကိုယ်ပေါ်မှာ အကာအကွယ် အမျိုးအစား ဝိဥာဉ်လက်နက် အရိပ်အယောင် တစ်စွန်းတစ်စကိုမှ သူအာရုံ မခံမိခဲ့ပါဘူး။ ထို့ကြောင့် သူ့ရဲ့ ဝိဥာဉ်ပညာရပ်က ထိုရန်သခင်လေးကို အားပြည့်အင်ပြည့်နဲ့ ကျိန်းသေ ထိမှန်သွားရပါလိမ့်မယ်။
သူဘယ်လိုလုပ်ပြီး ဘာလို့ ဘာမှ မဖြစ်ရတာလဲ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေတောင် အခုလို တိုက်ခိုက်ခံရပါက နည်းနည်းပါးတော့ ဒဏ်ရာရလိမ့်မှာပါ။
ဒါပေမယ့် ရန်ကိုင် ပုံစံအရတော့ သူ့ရဲ့ စိတ်ဝိဥာဉ် တိုက်ခိုက်မှုက ခြင်ကိုက်သလောက်တောင် အယားမပြေတဲ့ ပုံပါပဲ။
ပြီးတော့ အဲ့အေးစက်စက်နဲ့၊ မိစ္ဆာ အရှိန်အဝါတွေ ပါဝင်နေတဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှုကကော ဘယ်က ရောက်လာတာလဲ။
“ကောင်စုတ်လေး ၊ မင်းက ကျားသား စားချင်လို့ ဝက်ယောင် ဆောင်ရဲတယ်ပေါ့” သက်လတ်ပိုင်း လူကြီးက ဒေါသတကြီး အော်ဟစ်လိုက်တယ်။
ရန်ကိုင်ကတော့ အထင်အမြင် သေးစွာနဲ့ပဲ ပြန်ပြီး လှောင်ပြောင်လိုက်ပါတယ် “အဲ့တော့ ဘာဖြစ်လဲ”
ဟန့် ခင်ဗျားကများ တစ်ပြန်ကြီး လာလိုက်သေးတယ် … ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်း အဆင့်က ကျုပ်ထက် အများကြီး မြင့်နေတာတောင် ကျုပ်ကို ဝိုင်းပြီး ချုံခိုက်တိုက်ခိုက်တာကိုမှ ထည့်မပြော… ကျုပ်ဘာသာ ဝက်ယောင်ဆောင်ဆောင် ဘာယောင်ဆောင်ဆောင် ခင်ဗျားအပူလား
ဘယ်လို အမှိုက်စကားတွေလဲ မသိဘူး
ရန်ကိုင်ရဲ့ တုန့်ပြန်စကားကို ကြားလိုက်တာနဲ့ သက်လတ်ပိုင်း လူကြီးရဲ့ ဒေါသထွက်နေတဲ့ အမူအရာထဲ လှောင်ရိပ်တို့ သန်းသွားခဲ့ပြီး “ကောင်းတယ်၊ မင်းတို့ ရန်မိသားစုက ခွေးသူတောင်းစားတွေ အကုန်လုံးက အတူတူနဲ့ အနူနူပဲ။ တစ်ယောက်ချင်းစီက အရင်တစ်ယောက်ထက် ပိုပြီးတော့တောင် ထူးဆန်းနေသေးတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်းဒီနေ့ သေရမယ်လို့ ကံကြမ္မာက ဆုံးဖြတ် ထားပြီးသား”
ပါးစပ်ကသာ လေလုံးထွားနေတာ၊ ထိုလူ တကယ်မလုပ်နိုင်မှန်း သူသိတာပေါ့။ သူ့ပုံစံက နည်းနည်း လန့်နေတဲ့ ပုံစံတောင် ပေါက်နေပါသေးတယ်။ ရန်ကိုင်က သူ့အဖွဲ့သား သုံးယောက်စလုံးကို လျှပ်စီးတမျှ အမြန်နှုန်းနဲ့ သတ်သွားတာကို မြင်တော့ ထိုလူလည်း ကြောက်လန့်မိသွားတာ သဘာဝပါပဲ.
ထိုလူက ကမူးရှူးထိုး လုပ်မယ့် လူစားမျိုး မဟုတ်ပါဘူး။ ကျိန်းသေ သတိထားပြီး လှုပ်ရှားလိမ့်မှာပါ။
“ခင်ဗျားက ကျုပ်ပြိုင်ဘက် မဟုတ်ဘူး” ရန်ကိုင်က အေးစက်စက်လေသံနဲ့ ပြန်ပြောလိုက်တယ်။
ရန်ကိုင် စကားကို ကြားလိုက်တာနဲ့ သက်လတ်ပိုင်း လူကြီးလည်း ကြောင်သွားခဲ့တယ်။ ရန်ကိုင် ပါးစပ်ကနေ အခုလိုမျိုး အရူးစကားတစ်ခွန်း ထွက်လာလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။ သူ့အမူအရာက တစ်ဖန်ပြန်လည် အေးစက်သွားခဲ့ပြီး “မင်းက ရန်မိသားစုက ဆိုရင်တောင်၊ အရှက်တော့ ရှိသင့်သေးတယ်ကွ၊ ငါက အင်မော်တယ် တက်လှမ်းခြင်း…”
“အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင် တစ်ယောက်မလား” ရန်ကိုင်က ကြားဖြတ် ပြောလိုက်တယ်။ သူ့အမူအရာက လှိုင်းထန်ခြင်း မရှိတဲ့ ကန်ရေပြင် တစ်ခုလို တည်ငြိမ်နေခဲ့ပြီး ဘာကိုမှ ဂရုမထားသည့် အမူအရာမျိုးနဲ့ “အခုလေးတင်ပဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင် တစ်ယောက်ကို ခင်ဗျားရှေ့မှာပဲ ကျုပ်သတ်ခဲ့တာလေ”
ပြောမယ့် စကားတွေ အကုန်လုံး လည်ချောင်းဝ၌ တစ်သွားခဲ့ရတယ်။ အစောပိုင်းတုန်းက ဖြစ်ပျက်ခဲ့တာတွေကို ပြန်အမှတ်ရလိုက်တာနဲ့ သတ်လက်ပိုင်း လူကြီးရဲ့ အမူအရာက ကိုးယိုးကားယား ဖြစ်သွားခဲ့တယ်။
“အဲ့သူတောင်းစားတင် မဟုတ်ဘူး၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ ပညာရှင် တစ်ယောက်ဖြစ်တဲ့ ခင်ဗျားလည်း ဒီနေ့ ကျုပ်လက်မှာ သေဖို့ ကံကြမ္မာ ပါလာခဲ့တာပဲ” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး “အရည်အချင်း နည်းနည်းပါးပါး ရှိပေမယ့် ခင်ဗျားရဲ့ ဝိဥာဉ် ပညာရပ်က နည်းနည်းလေး အားပျော့နေတယ် ဆိုတာကို အခုထိ နားမလည်သေးတဲ့ ပုံပဲ။ ခင်ဗျားပုံစံ ကြည့်ရတာ အဲ့ဝိဥာဉ်ပညာရပ်ကို လေ့ကျင့်ထားတာ သိပ်မကြာ သေးဘူးနဲ့တူတယ်၊ ဟုတ်တယ်မလား။ မဟုတ်ရင် ကျုပ်အနေနဲ့ အခုလိုမျိုး ဘာမှမဖြစ်ပဲ ဘယ်လိုလုပ်ပြီး မတ်တပ်ရပ်နေနိုင်မှာလဲ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်၊ ခင်ဗျား အနေနဲ့ အဲ့ဝိဥာဉ်ပညာရပ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင် နေမယ် ဆိုရင်တောင် ကျုပ်ကို ထိခိုက်အောင် လုပ်နိုင်ဦးမှာ မဟုတ်သေးဘူး။ ဘာလို့လဲ သိလား၊ ကျုပ်ရဲ့ စိတ်စွမ်းအင်က ခင်ဗျားထက် ပိုပြီး အားကောင်းနေတာကိုး”
“မဟုတ်တုတ်ကတွေ” သတ်လတ်ပိုင်းလူကြီးက သွေးရူးသွေးတန်းနဲ့ ပြန်အော်လိုက်တယ်။ ပြီးတာနဲ့ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်တယ်။ ရန်ကိုင် စကားတွေကို သူမယုံတာ အသိသာကြီးပါ။
ဒါပေမယ့် သူအော်လိုက်တာနဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ ကောင်းကင် စိတ်အာရုံတစ်ခုက ရုတ်တရက်ကြီး သူ့ကို ချုပ်နှောင်ထားလိုက်တယ်။
သူခံစားလိုက်ရတဲ့ စိတ်စွမ်းအင်က သာမန် အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇၊၈ ကျင့်ကြံသူတွေရဲ့ စိတ်စွမ်းအင် ထက်တောင် ပိုပြီး အားကောင်း နေပါသေးတယ်။ ထိုစိတ်စွမ်းအင်က အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် လက်ရွေးစင် တစ်ယောက်ရဲ့ စိတ်စွမ်းအင်နဲ့တောင် တူညီလုနီးနီး အဆင့်ကို ရောက်နေခဲ့ပါတယ်။
မဟုတ်ဘူး၊ ထိုကောင်းကင် စိတ်အာရုံကနေ သူရလိုက်တဲ့ ဖိအားက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ ကောင်းကင် စိတ်အာရုံနဲ့ အဆင့်အတူတူပါပဲ။
သက်လတ်ပိုင်း လူကြီးအနေနဲ့ ထိုကဲ့သို့ အာကောင်းလှတဲ့ ဖိအားကို လက်တစ်ဆုပ်စာ လူတွေလောက်ဆီကပဲ ရခဲ့ဖူးပါတယ်။ ထိုလူတွေ အကုန်လုံးကလည်း အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့် ကျင့်ကြံသူတွေ ချည်းပါပဲ။
တည်ငြိမ်သွားအောင် လုပ်ပြီးရုံပဲ ရှိသေးတဲ့ သူ့စိတ်လေး နောက်တစ်ကြိမ် မတည်မငြိမ် ဖြစ်လာခဲ့ပြန်ပါပြီ။