အခန်း (၃၈၆-၃၉၀)
Vol. 16 Ch. 386-390
အပိုင်း(၃၈၆) နက်နဲသည့် အဓိပ္ပါယ်
သက်လတ်ပိုင်း လူကြီး စိတ်နှလုံးအစုံ တင်းကြပ်သွားတဲ့ အချိန်မှာပဲ ရန်ကိုင်က သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်တယ်။
ရုတ်တရက် ကျားဖြူနဲ့ နွားသိုး ပုံရိပ်တို့ ထွက်ပေါ်လာခဲ့တယ်။
တစ်ချိန်တည်းမှာပဲ ကြက်သွေးရှောင် ဓါးတစ်ချောင် ရန်ကိုင် လက်ထဲ ထွက်ပေါ်လာခဲ့ပြီး ဆယ်မီတာ အရှည်ရှိသည့် ဓါးချီလှိုင်း တစ်ခုက လေထုကို ထိုးခွင်းသွားခဲ့တယ်။ ထိုဓါးချီလှိုင်းကိုတော့ သွေးနီရောင်ပွင့်ချပ်မှားစွာက ဝန်းရံလို့ ထားခဲ့တယ်။
တစ်ပြိုင်တည်းမှာပဲ လျှပ်စီးတန်း တစ်ခုနဲ့ အလားသဏ္ဏာန်တူသည့် ခရမ်းရောင် အလင်းတန်းတစ်ခု သက်လတ်ပိုင်း လူကြီးရဲ့ ခေါင်းဆီ တိုးဝင်သွားခဲ့တယ်။
ထိုအခိုက်အတန့်၌ ရန်ကိုင်က သူ့ရဲ့ အားအကောင်းဆုံးသော ပညာရပ်မျိုးစုံ နဲ့ လက်နက်မျိုးစုံကို သုံးပြီး တိုက်ခိုက်လိုက်တယ်။
ထိုတိုက်ခိုက်မှု တစီတတန်း နောက်ကွယ်က ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလိုက်တာနဲ့ သက်လတ်ပိုင်း လူကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး အားကုန်သုံးကာ ခုခံဖို့ ကြိုးစားလိုက်တယ်။ မျက်တောင် တစ်ခတ်အတွင်းမှာပဲ ဓါးချီလှိုင်း၊ ကျားဖြူနဲ့ နွားသိုး ပုံရိပ်နှစ်ခုက သူ့ကို တစ်ပြိုင်တည်း တိုက်ခိုက် လာခဲ့ပြီး ပွင့်ချပ်တစ်ထောင် သွေးပန်းကတော့ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့တယ်။
ဘုန်း…
သက်လတ်ပိုင်း လူကြီးက အစစ်အမှန်ချီကို အမြင့်ဆုံးအထိ မြင့်တင်လိုက်ပြီး သူ့ကိုယ်ပတ်လည်၌ တုန်ခါလှိုင်းတစ်ခုကို ဖန်တီးလိုက်တယ်။ ပြင်းထန်တဲ့ ဖိအားတစ်ခုက သက်လတ်ပိုင်း လူကြီးရဲ့ ကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့ပြီး ပွင့်ချပ်တစ်ထောင် သွေးပန်းနဲ့ သားရဲပုံရိပ်နှစ်ခုရဲ့ တိုက်ခိုက်မှုကို တွန်းလှန် ခုခံလိုက်တယ်။
အကျိုးသက်ရောက်မှုကြောင့် သက်လတ်ပိုင်း လူကြီး တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ပြီး လဲကျလုမတတ် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ပြန်ဆုတ်ဖို့ မစဉ်းစားပဲ သူဖန်တီးလိုက်တဲ့ လမ်းကြောင်းနေရာကို အခွင့်ကောင်းယူကာ ရန်ကိုင်ဆီ တစ်ဟုန်ထိုး ပြေးဝင်သွားလိုက်တယ်။
နောက်ဆုံးတော့လည်း ထိုလူကြီးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ ပညာရှင် တစ်ယောက် ဖြစ်နေတုန်းပါပဲ။ ရန်ကိုင်ရဲ့ ထေ့ငေါ့လှောင်ပြောင် စကားတွေက သူ့ရဲ့ စိတ်ကို လွှမ်းမိုးသွားနိုင် ခဲ့ပြီး သူ့ရဲ့ လက်ဦးတိုက်ခိုက်ခွင့်ကို ဆုံးရှုံးသွားခဲ့စေပေမယ့် သူ့တစ်ဘဝလုံး စုဆောင်းလာခဲ့တဲ့ တိုက်ပွဲအတွေ့အကြုံတွေက ဟာသာသက်သက် တစ်ခု မဟုတ်ပါဘူး။ ထို့ကြောင့် အခွင့်အရေး ရတာနဲ့ ချက်ချင်း ဆိုသလို ရန်ကိုင်ဆီ ပြေးဝင်သွားလိုက်တာပါ။
သူ့ရှေ့မှာ ရှိနေတဲ့ လူငယ်လေးက လက်ရွေးစင်တွေထဲမှာမှ လက်ရွေးစင် တစ်ယောက်ပါ။ သူ့ရဲ့ တိုက်ပွဲစွမ်းရည်က အစစ်အမှန် ဒြပ်စင်အဆင့်ကိုတောင် ကျော်လွန်နေပါတယ်။ ဒါပေမယ့် ရန်ကိုင် ထုတ်ဖော်လိုက်တဲ့ ဝိဥာဉ်ပညာရပ်က အဆင့်မြင့်ပေမယ့် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် တစ်ယောက် ထုတ်သုံးတာလောက် အားမကောင်းဘူး ဆိုတာကို သက်လတ်ပိုင်း လူကြီး အသေအချာကို သတိထားမိလိုက်ပါတယ်။
ရှင်းရှင်း ပြောရရင်တော့ ရန်ကိုင်ရဲ့ ဝိဥာဉ်ပညာရပ်က မိုးချိန်းသံနဲ့ ဆင်တူပါတယ်။
မိုးချိန်းသံကြောင့် ထိတ်လန့် သွားနိုင်ပေမယ့် တကယ်တော့ အန္တရာယ်မရှိပါဘူး။ မိုးချိန်းသံက အန္တရာယ်မရှိပါဘူး။ ပစ်ချလာမယ့် မိုးကြိုးကပဲ အန္တရာယ်များတာပါ။
အကြောင်းပြချက်ကတော့ ရန်ကိုင်က ကောင်းကင် စိတ်အာရုံရဲ့ စွမ်းရည် အပြည့်အဝကို ထုတ်မသုံးနိုင်သေးတာကြောင့် ပါပဲ။ သူ့ရဲ့ အသိစိတ်ပင်လယ်ကို မဖွင့်လှစ်ရသေးတဲ့အတွက် ထိုဝိဥာဉ်ပညာရပ်ရဲ့ စွမ်းအား အပြည့်အဝကို မထုတ်ဖော် နိုင်ခဲ့ပါဘူး။
သူ့အသိစိတ်ပင်လယ်ကို ဖွင့်လှစ်နိုင်တာနဲ့ ရန်ကိုင် ထုတ်ဖော်လိုက်တဲ့ ဝိဥာဉ် ပညာရပ်ရဲ့ အစွမ်းက အရင်ထက် အစပေါင်းများစွာ တိုးတက်လာလိမ့်မှာပါ။
ရန်ကိုင် ဝိဥာဉ်ပညာရပ်က ဘာလို့ အနှစ်သာရ ကင်းမဲ့နေတာလဲ သက်လတ်ပိုင်း လူကြီး နားမလည်ပေမယ့် ထိုအချက်က သူ့ရဲ့ တိုက်ခိုက်မှုတွေကို နည်းနည်းလေးတောင် နှောင့်နှေးမနေစေခဲ့ပါဘူး။
ရန်ကိုင်ရဲ့ ဝိဥာဉ်ပညာရပ်ကိုသာ သူခုခံနိုင်မယ်ဆိုရင် နည်းနည်းလေးသာ ပိုသန်မာတဲ့ အစစ်အမှန်ဒြပ်စင် အဆင့် ကျင့်ကြံသူကိုသာ ရင်ဆိုင်စရာ လိုတော့မှာပါ။ ဘယ်လောက်လှတဲ့ ပန်းတွေကို ပန်ဆင်ထားပါစေ၊ ရုပ်ဆိုးမက နတ်သမီး မဖြစ်သွားနိုင်သလို သူ့လက်နက်တွေ၊ သိုင်းပညာရပ်တွေ ဘယ်လောက်ပဲ အဆင့်မြင့်နေပါစေ ရန်ကိုင်က အစစ်အမှန်ဒြပ်စင် အဆင့်ဆိုတဲ့ အချက်ကိုတော့ ပြောင်းလဲပစ်လိုက်လို့ မရပါဘူး။
ရန်ကိုင် ကျင့်ကြံခြင်းအဆင့်က သူ့ထက် အများကြီး နိမ့်ကျပါတယ်။ ထို့ကြောင့် ရန်ကိုင်ကို သူသတ်နိုင်ပါသေးတယ်။
ထိုအချက်တွေ အားလုံးကို စဉ်းစားမိလိုက်တာနဲ့၊ သက်လတ်ပိုင်းလူကြီးက စိတ်ပိုင်းဖြတ်လိုက်ပြီး သူ့ကိုယ်နေဟန်ထားကို ပြင်ဆင်လိုက်ကာ၊ လက်ကွက်အမျိုးမျိုးကို ဖန်တီးလိုက်တယ်။ လျှပ်စီးမိုးကြိုးတွေ သူ့ကို ဝိုင်းရံလာခဲ့တယ်။
ဂျုန်း…
လူကြီးတစ်ယောက် ပေါင်လုံးစာလောက် ရှိတဲ့ လျှပ်စီးကြောင်း တစ်ခုက လေကိုခွင်းပြီး ရန်ကိုင်ဆီ တိုးဝင်သွားလိုက်ကာ သူ့တစ်ကိုယ်လုံး တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားလိုက်တယ်။
ရန်ကိုင်ကို သတ်ဖြတ်နိုင်ဖို့အတွက် သက်လတ်ပိုင်းလူကြီး သူ့ရဲ့ အားအကောင်းဆုံး တိုက်ခိုက်မှုကို ထုတ်သုံးလိုက်ပါကီု။
ရန်ကိုင်လည်း ထိုလျှပ်စီးကြောင်းကို မရှောင်တိမ်းနိုင်ခဲ့ပဲ လျှပ်စီးကြောင်း၏ ရစ်ပတ်ခြင်းကို ခံလိုက်ရသဖြင့် အလွန်အမင်း အန္တရာယ်များသည့် အခြေအနေထဲသို့ ချက်ချင်း ကျရောက်သွားခဲ့ရတယ်။
အေးစက်စက်နဲ့ မာန်သွင်းလိုက်ပြီး အစစ်အမှန်ယန်ယွမ်ချီတို့က သူ့ကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့ကာ ပါးလျတဲ့ အကာအရံတစ်ခုကို သူ့ပတ်ပတ်လည်၌ ဖန်တီးလိုက်တယ်။
ပြီးတာနဲ့ သူ့လက်ထဲက အသူရာဓါးကို လွှဲရမ်းလိုက်ပြီး ချီဓါးသွား များစွာကို ဖန်တီးကာ သက်လတ်ပိုင်းလူကြီးဆီ ပစ်လွှတ်လိုက်တယ်။ အဘက်ကို ပြန့်ကျဲသွားတဲ့ ပွင့်ချပ်တစ်ထောင် သွေးပန်းလည်း တစ်ဖန် ပြန်လည် စုစည်းလာခဲ့ပြီး သက်လတ်ပိုင်း လူကြီးကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်တယ်။
သက်လတ်ပိုင်းလူကြီးလည်း သူ့ခွန်အားကို မထိန်ချန် ထားရဲတော့ပါဘူး။ လျှပ်စီးတွေနဲ့ တလက်လက် ဖြစ်နေတဲ့ တူသေးသေးလေး တစ်လက်ကို ခပ်မြန်မြန်ပဲ ထုတ်ယူလိုက်တယ်။ ထိုတူနဲ့အတူ သက်လတ်ပိုင်း လူကြီးရဲ့ လျှပ်စီးစွမ်းအားက အဆင့်တစ်ခုအထိ မြင့်တက်သွားခဲ့တယ်။
သားရဲပုံရိပ်နှစ်ခုက သက်လတ်ပိုင်းလူကြီးဆီ ပြေးဝင်သွားလိုက်ပေမယ့် လျှပ်စီးထိမှန်ခြင်း ခံလိုက်ရကာ နောက်ပြန်ဆုတ်လာလိုက်ရတယ်။
နှစ်ယောက်သားက ဆယ်ပေအကွာတွင် ရပ်နေရင်း အားကုန်သုံးကာ သူသေ၊ ကိုယ်သေ တိုက်ပွဲကို ဆင်နွှဲနေခဲ့ကြတယ်။
သက်လတ်ပိုင်း လူကြီးက မျက်မှောင်ကြုံ့လိုက်ပြီး အခြေအနေက သူထင်ထားတာထက် အများကြီး ဆိုးရွားနေတယ်လို့ တိတ်တဆိတ် တွေးလိုက်တယ်။
ဒီတစ်ကြိမ် လက်ဦးမှုရယူပြီး ရန်မိသားစုကို ချောင်းမြောင်း တိုက်ခိုက်ရတာက တော်တော်လေး စွန့်စားရာ ကျပါတယ်။ သူတို့ရဲ့ မူလအစီအစဉ်ကတော့ ရန်မိသားစုဝင်တွေကို အလစ်အငိုက် ချောင်းတိုက်ပြီး တိုက်ပွဲကို မြန်မြန် လတ်စသတ်လိုက်ဖို့ပါကဒ။ ရန်မိသားစု သခင်လေးမှာ သွေးစစ်သည်တော် နှစ်ယောက် ရှိနေရင်တောင် အလစ်အငိုက် ချောင်းတိုက်ခံရပြီးတာနဲ့ ထိုသွေးစစ်သည်တော် နှစ်ယောက်ကို အဲ့လောက် ကြောက်စရာ လိုတော့မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ရန်မိသားစု သခင်လေးတွေထဲမှာ လူမဆန်တဲ့ တိုက်ပွဲစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ လူထူးလူဆန်း တစ်ယောက် ရှိနေလိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။ ထိုရန်သခင်လေးက သူ့ထက် ကျင့်ကြံခြင်း အဆင့်မြင့်တဲ့ လူသုံးယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ရုံ မကလို့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ ကျင့်ကြံသူနဲ့တောင် လက်ရည်တူ ယှဉ်တိုက်နိုင်နေခဲ့ပါတယ်။
သူသုံးနေတဲ့ လက်နက်တွေကလည်း အဆင့် အမြင့်စား တွေချည်းပါပဲ. နှစ်ခုစလုံး ကောင်းကင် အထွတ်အထိပ်အဆင့် တွေပါ။
သူ့သုံးတဲ့ သိုင်းပညာရပ်တွေ ဆိုရင်လည်း သူတစ်ခါမှ မမြင်ဖူး၊ မကြားဖူးတာတွေ ချည်းပါပဲ။ သူ့ရဲ့ အစစ်အမှန်ချီက အရမ်းကို သန့်စင်နေတဲ့ အပြင်ကို ထိုကောင်က ဝိဥာဉ် ပညာရပ်တွေကိုပါ သုံးနေနိုင်ပါသေးတယ်။
ထိုလူငယ်လေးကို သတ်ဖို့ဆိုရင် နာရီဝက်လောက် အချိန်ယူရလိမ့်မယ်လို့ သက်လတ်ပိုင်း လူကြီး တွက်ချက်လိုက်တယ်။ ဒါက သူနဲ့ ထိုလူငယ်လေး နှစ်ယောက်တည်း တိုက်ခိုက်နေတာကို ပြောတာပါ။ အပြင်လူတွေ ဝင်ရှုပ်တာတွေကို ထည့်မတွက်ထားရသေးပါဘူး။
အခုအချိန်၌ အသက်တစ်ရှိုက်စာတိုင်းက အရမ်းကို အဖိုးတန်ပါတယ်။ သူအနေနဲ့ နာရီဝက် အချိန် ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ။ ပြီးတော့ ထိုရန်သခင်လေးမှာ ဝှက်ဖဲတွေ ဘာတွေ ရှိသေးလား ဆိုတာကိုလည်း သက်လတ်ပိုင်း လူကြီး မခန့်မှန်းနိုင်ခဲ့ပါဘူး။
ငိုးပဲ၊ ဒီတစ်ကြိမ်တော့ ငါတို့ ရှုံးပြီးပဲပေါ့ သက်လတ်ပိုင်း လူကြီးက စိုးရိမ်ပူပန်စွာနဲ့ တွေးတောလိုက်တယ်။
ထိုအချိန်မှာပဲ မိုးမြေတစ်ခွင်ကို တုန်ခါသွားစေနိုင်တဲ့ မာန်သွင်းသံ တစ်သံ တစ်ဖက်ခြမ်းကနေ ထွက်ပေါ်လာခဲ့တယ်။
တစ်ဖက်ခြမ်းက တိုက်ပွဲ၌၊ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်က ထိတ်လန့်တကြားနဲ့ အလျင်စလို နောက်ဆုတ်လိုက်တယ်။ သွေးရူးသွပ်ခြင်း ပညာရပ်ကို တုဖုန်း အသက်သွင်းလို့ ပြီးသွားခဲ့ပါပြီ။
“ယုရှန်၊ ငါသူတို့ကို ကိုင်တွယ်လိုက်မယ်” တုဖုန်းက ပြောလိုက်တယ်။ သူ့ရဲ့ အေးစက်စူးရှသည့် အကြည့်ကြောင့် အင်မော်တယ် တက်လှမ်းခြင်းအဆင့် သုံးယောက်စလုံး တုန်ရီသွားခဲ့ကြတယ်။
တန်ယုရှန်းလည်း ဘာအပိုစကားမှ ပြောမနေတော့ပဲ ရန်ကိုင် ရှိရာဆီ ချက်ချင်း ပျံသန်းသွားလိုက်တယ်။
တန်ယုရှန်းက သူ့တို့ရှိနေတဲ့ နေရာဆီ ပျံသန်းလာနေတာကို မြင်တော့ ရန်ကိုင်နဲ့ တိုက်ခိုက်နေတဲ့ သက်လတ်ပိုင်း လူကြီးလည်း ဘယ်လိုလုပ်ပြီး ဆက်နေရဲပါတော့မလဲ။
သူက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ ကျင့်ကြံသူ တစ်ယောက်သာသာပါ။ ဒီတစ်ကြိမ် လုပ်ကြံသတ်ဖြတ်ရာမှာ သူ့က ရန်ကိုင်ကို သတ်ဖို့ပဲ တာဝန်ယူထားတာပါ။ ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေနဲ့ တိုက်ခိုက်ဖို့ကိုတော့ သူ့အနေနဲ့ နည်းနည်းလေးတောင် မစဉ်းစားထားပါဘူး။
ချက်ချင်းပဲ ရန်ကိုင် တိုက်ခိုက်မှုကို တွန်းထုတ်လိုက်ပြီး ထိုကနေတစ်ဆင့် လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်ကာ တုန့်ဆိုင်းခြင်းမရှိ ထွက်ပြေးသွားလိုက်တယ်။
သက်လတ်ပိုင်းလူကြီး ထွက်ပြေးသွားပြီး ခဏအကြာမှာပဲ တန်ယုရှန်း ရန်ကိုင်နား ရောက်လာခဲ့ပြီး စိုးရိမ်တကြီးနဲ့ မေးလိုက်တယ် “သခင်လေး အဆင်ပြေရဲ့လား”
ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ပြန့်ကျဲနေတဲ့ သွေးနီရောင် ပွင့်ချပ်ကိုတွေကို ပြန်စုစည်းလိုက်တယ်။ ထို့နောက် ထွက်ပြေးသွားတဲ့ သက်လတ်ပိုင်း လူကြီးကို လှမ်းကြည့်လိုက်တယ်။ သူလိုက်လို့မမှီမှန်း သိလိုက်တာနဲ့ ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “သူ့ကို မြန်မြန်လိုက်ဖမ်းလိုက်”
တန်ယုရှန်းလည်း တုန့်ဆိုင်း မနေခဲ့ပါဘူး။ ချက်ချင်းပြ သက်လတ်ပိုင်းလူကြီး ထွက်ပြေးသွားတဲ့ အရပ်ဆီ တစ်ဟုန်ထိုး ပြေးသွားလိုက်တယ်။
အသက်ရှုချိန် အနည်းငယ်လောက် ကြာပြီးနောက်မှာတော့ တန်ယုရှန်းက သူ့ပစ်မှတ်ကို ဖမ်းခေါ်လာနိုင်ခဲ့တယ်။
သွေးစစ်သည်တော်တွေရဲ့ ရှေ့မှာတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ ကျင့်ကြံသူဆိုတာ ကလေးသာသာ၊ ခွေးသာသာပါပဲ။
ထိုလူရဲ့ အစစ်အမှန်ကို ချိတ်ပိတ်လိုက်ပြီး တစ်ချက်ကလေးတောင် မကြည့်တော့ပဲ ရန်ကိုင်ရှေ့မောက်ဆီ ပစ်ချပေးလိုက်တယ်။
သက်လတ်ပိုင်းလူကြီးရဲ့ မျက်နှာက ယူကြုံးမရမှုတို့ဖြင့် ပြည့်နေခဲ့ကာ တန်ယုရှန်းကို တုန်လှုပ်ခြောက်ခြားစွာနဲ့ စိုက်ကြည့်လို့ နေခဲ့တယ်။ သွေးစစ်သည်တော်တွေ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ ဆိုတာကို အခုမှပဲ သူနားလည်သွားတဲ့ ပုံပါပဲ။
ထို့နောက် လှောင်ပြောင်လိုတဲ့ အမူအရာနဲ့ ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်တယ် “သခင်လေးရန်… ငါ့ဆီကနေ ဘာကိုမှ မင်းသိရလိမ့်မှာ မဟုတ်ဘူး”
ဒါပေမယ့် ရန်ကိုင်ကတော့ ပြန်ပြီးတော့သာ ပြုံးပြလိုက်တယ်။ ထို့နောက် မနှေးမမြန်နဲ့ သက်လတ်ပိုင်း လူကြီးဆီ လမ်းလျှောက်သွားလိုက်ပြီး အေးစက်စက် အကြည့်နဲ့ ငုံ့ကြည့်လိုက်ရင်း “မင်းဆီကနေ တစ်ခုခု သိချင်တယ်လို့ ငါဘယ်တုန်းက ပြောခဲ့လို့လဲ”
ပြောပြီးတာနဲ့ သူ့လက်ထဲက သွေးနီရောင်ဓါးသွားကို ဝှေ့ရမ်းလိုက်တယ်။ မျက်ဝန်းအစုံက ပြူးလျက်သားနဲ့ သက်လတ်ပိုင်း လူကြီးရဲ့ ဦးခေါင်း မြေပေါ်သို့ ပြုတ်ကျသွားခဲ့တယ်။
“ငါ့လျှို့ဝှက်တွေကို သိသွားတဲ့ လူမှန်သမျှ၊ ငါ့လူ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သေရမယ်”
တန်ယုရှန်းရဲ့ ကိုယ်လေး မသိမသာလေး တုန်ရင်သွားခဲ့ပြီး ကသိကအောက် အမူအရာနဲ့ ရန်ကိုင်ကို လှမ်းကြည့်လိုက်တယ်။
ရန်ကိုင် ပြောလိုက်တဲ့ စကားထဲ ပိုပြီး လေးနက်သည့် အဓိပ္ပါယ်တို့ ပါဝင်နေခဲ့ပါတယ်။
သခင်လေးရဲ့ ဘယ်လျှို့ဝှက်ချက်ကို သက်လတ်ပိုင်း လူကြီးက သိသွားလို့ ရန်ကိုင်အနေနဲ့ ထိုလူကို အခုလိုမျိုး ရက်ရက်စက်စက် သတ်ပစ်လိုက်ရတာလဲ။
သူမကော…. သူမလည်း သခင်ငယ်လေးရဲ့ လျှိဝှက်ချက် အချို့ကို မတော်တဆ သိသွားမိခဲ့သေးလား။
သူမ ဆက်ပြီး မစဉ်းစား ရသေးခင်မှာပဲ ရန်ကိုင်က သူ့ဓါးရှည်ကို ပြန်သိမ်းလိုက်ပြီး အသာအယာလေး ပြောလိုက်တယ် “ချူရီမန်နဲ့ လော့ရှောင်မန်ကို သွားကူပေးလိုက်ဦး”
“အင်း” တန်ယုရှန်းက ခေါင်းညိတ်လိုက်တယ်။ ထိုစိတ်ရှုပ်စရာ အတွေးတွေကို ဘေးဖယ်ထားလိုက်ပြီး ချူရီမန်နဲ့ လော့ရှောင်မန်တို့ ရှိနေတဲ့ နေရာဆီ တစ်ဟုန်ထိုး ပြေးသွားလိုက်တယ်။
ရန်ကိုင်ကတော့ နေရာမှာပဲ ရပ်နေရင်း သူ့ဘေးပတ်လည်ကို လိုက်ကြည့်လိုက်တယ်။ ချူရီမန်နဲ့ လော့ရှောင်မန်တို့ အနေနဲ့ သူတို့ရဲ့ ရန်သူကို ဒဏ်ရာရအောင် မလုပ်နိုင်ပေမယ့် သူတို့လည်း ဘာဒဏ်ရာမှ မရထားခဲ့ပါဘူး။ ထိုလူတွေက သူမတို့ကို ဒဏ်ရာရအောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ သူတို့က သူမတို့ကို တာဆီးရုံ တားဆီးချင်တာပါ။
တန်ယုရှန်းလည်း ချူရီမန်တို့ ရှိနေတဲ့နေရာဆီ အမြန်အဆန်ပဲ ရောက်ရှိသွားခဲ့တယ်။ ထိုလူနှစ်ယောက်မှာ သူတို့ ဘယ်အခြေအနေထဲ ရောက်နေလဲ ဆိုတာကို မသိရသေးခင်မှာပဲ တန်ယုရှန်း သတ်တာ ခံလိုက်ရတယ်။
တစ်ဖက်က တိုက်ပွဲကတော့…
တုဖုန်း သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးလိုက်တာနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်သုံးယောက်စလုံး ချက်ချင်း ပြန်ဆုတ်သွားခဲ့ပါတယ်။ သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးထားတဲ့ တုဖုန်းကို သူတို့ သုံးယောက်ပေါင်းတိုက်တောင် အနိုင်မယူနိုင်မှန်း သိတဲ့အတွက် ချက်ချင်း ပြန်ဆုတ်သွားလိုက်တာပါ။
တုဖုန်းကတော့ ထိုလူသုံးယောက်နောက် လိုက်လံတိုက်ခိုက် နေခဲ့တယ်။
ခဏအကြာမှာတော့ တန်ယုရှန်း ဦးဆောင်လာတဲ့ ချူရီမန်၊ လော့ရှောင်မန်တို့ အဖွဲ့နဲ့ ရန်ကိုင်တို့ ပြန်ပေါင်းမိလိုက်တယ်။
မိန်းမငယ်လေး နှစ်ယောက်ရဲ့ မျက်နှာက စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ သူမတို့ စိတ်ထဲ ကြောက်ရွံ့မှုကို ခံစားနေရဆဲပါ။
ချူရီမန်က ရန်ကိုင်ကို သင်္ကာမကင်းနဲ့ ကြည်လိုက်ပြီး မေးလိုက်တယ် “နင်ဘယ်လိုလုပ်ပြီး ဘာလို့ ဘာမှ မဖြစ်ရတာလဲ။ သူတို့ တိုက်တာ ခံရလို့ နင်ကောင်းကင်ပေါ်ကနေ ပြုတ်ကျသွားခဲ့သေးတယ် မဟုတ်ဘူးလား”
သူမပြောတာ ကြားလိုက်တာနဲ့ တန်ယုရှန်း မျက်နှာထက် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်သွားခဲ့ပြီး ရန်ကိုင်ကို အလျင်စလို စစ်ဆေး ကြည့်လိုက်တယ်။
ရန်ကိုင် အန္တရာယ်တောထဲ ရောက်နေတုန်း သူမနဲ့ တုဖုန်းက အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင် သုံးယောက်ကို ကိုင်တွယ်ရင်း အလုပ်ရှုပ်နေခဲ့တာပါ။ ထို့ကြောင့် ရန်ကိုင် ဘယ်လို အခြေအနေထဲ ရောက်နေလဲ ဆိုတာကို သူမ မစစ်ဆေးနိုင် ဖြစ်ခဲ့ရတာပါ။
ချူရီမန်ကတော့ မတူပါဘူး။ ထိုလူတွေက သူမတို့ကို ထိခိုက်ဒဏ်ရာရအောင် မလုပ်မှန်းကြိုသိထားတဲ့အတွက် တိုက်ခိုက်နေရင်း ရန်ကိုင်ဆီ တစ်ချက်၊တစ်ချက် လှမ်းပြီး စူးစမ်းနိုင်ခဲ့ပါတယ်။
“သခင်ငယ်လေး တကယ်ပဲ ဘာဒဏ်ရာမှ မရတာလား” တန်ယုရှန်းက ရန်ကိုင်ကို စစ်ဆေးကြည့်လိုက်ပေမယ့် ဘာဒဏ်ရာကိုမှ မတွေ့လိုက်ရတဲ့အတွက် သူမ အံ့အားသင့်သွားခဲ့ရတယ်။
“ဒဏ်ရာ သေးသေးလေးပါပဲ၊ ဒီလောက်ကြီး စိုးရိမ်နေစရာ မလိုပါဘူး” ရန်ကိုင်က သာမန်ကာလျှံကာနဲ့ ပြန်ပြောလိုက်တယ်။ တကယ်တော့ သူ့အနေနဲ့ ခြစ်ရာတစ်ခုတောင် မရခဲ့ပါဘူး။ ဒါပေမယ့် အစောပိုင်းတုန်က သူ့အခြေအနေက အလွန်အမင်း အန္တရာယ် များနေခဲ့တာပါ။ သူသာ ကျုပ်ဘာဒဏ်ရာမှ မရခဲ့ဘူးလို့ ပြောလိုက်ရင် အားလုံးသံသယ ဝင်သွားနိုင်ပါတယ်။
“နင်…” ချူရီမန်က ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ် “အချိန်တွေ ကြာလာလေ၊ နင့်ကို ပိုပိုပြီး နားမလည်နိုင်လာလေပဲ”
ဘေးနားက အလောင်းသုံးလောင်းကို မြင်လိုက်တာနဲ့ တန်ယုရှန်းလည်း ရန်ကိုင်ကို အံ့အားသင့်တကြီး ကြည့်လိုက်တယ်။
ထိုလူတွေက သေသွားခဲ့ပေမယ့် ထိုသုံးယောက်စလုံးရဲ့ ကျင့်ကြံခြင်း အဆင့်က ရန်ကိုင်ထက် ပိုမြင့်မှန်း သူမပြောနိုင်ပါတယ်။ သူတို့ထဲက တစ်ယောက်ဆိုရင် အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကိုတောင် ရောက်နေခဲ့ပါပြီ။
ဒါပေမယ့် ရန်ကိုင်က ဘယ်သူ့ အကူအညီမှ မယူပဲ ထိုသုံးယောက်ကို သူတစ်ယောက်တည်း သတ်ပစ်လိုက်နိုင်ခဲ့တယ်။
“ငါ့အကြောင်း ပြောတာတော်ပြီ၊ ယုရှန်း နင့်ဒဏ်ရာကော ဘယ်လိုလဲ” ရန်ကိုင်က ထိုအကြောင်း ဆက်မပြောချင်တဲ့အတွက် ချက်ချင်းပဲ တန်ယုရှန်း ဒဏ်ရာအကြောင်း ခေါင်းစဉ် ပြောင်းလိုက်တယ်။
ရန်ကိုင် ပြောလိုက်တော့မှပဲ တန်ယုရှန်း ဒဏ်ရာရထားမှန်း ချူရီမန်နဲ့ လော့ရှောင်မန်တို့ သတိပြုမိလိုက်ကြတယ်။
သူ့မ အဝတ်အစားတွေက စုတ်ပြဲနေခဲ့ပြီး သူ့မ ပါးစပ်ထောင့်စွန်းကနေလည်း သွေးတွေ ယိုစီးကျနေခဲ့ပါတယ်။ သူမရဲ့ အစစ်အမှန်ချီ စီးကြောင်းဆိုရင်လည်း မတည်မငြိမ် ဖြစ်နေခဲ့ပါတယ်။ သူမ အတွင်းဒဏ်ရာ တစ်ခုခု ရထားတဲ့ ပုံပါ။ သူ့မရဲ့ နှင်းဖြူရောင် လက်မောင်းထက်မှာ ဆိုရင်လည်း ရှည်လျားတဲ့ ဒဏ်ရာတစ်ခု ရှိနေခဲ့ပါတယ်။ ထိုဒဏ်ရာကနေ သွေးတွေ ထပ်မထွက်တော့ပေမယ့် သူ့မ အင်္ကျီလက်စ တစ်ခုလုံးကတော့ ရဲရဲနီနေခဲ့ပါတယ်။
တန်ယုရှန်းရဲ့ ခွန်အားနဲ့ ဆိုရင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်သုံးယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်နေရတာကြောင့်သာ မဟုတ်ပါက အခုလိုမျိုး ဒဏ်ရာရလာခဲ့ရလိမ့်မှာ မဟုတ်ပါဘူး။
သူမ အခုလိုမျိုး ဒဏ်ရာ ရသွားခဲ့ရတဲ့ အဓိက အကြောင်းချက်ကို ပြောပါဆိုရင် အချိန်မလုံလောက်တာ ကြောင့်လို့ပဲ ပြောရမှာပါ။ သူမတို့သာ အချိန်ဆွဲ တိုက်ခိုက်နေရင် ရန်ကိုင် သေသွားနိုင်ပါတယ်။ ထို့ကြောင့် တုဖုန်းက သွေးရူးသွပ်ခြင်း ပညာရပ်ကို ချက်ချင်း ထုတ်သုံးလိုက်ပါတယ်။ ဒါပေမယ့် သွေးရူးသွပ်ခြင်း ပညာရပ်ကို အသက်သွင်းဖို့ အချိန်လိုတဲ့အတွက် တန်ယုရှန်းက အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင် သုံးယောက်ကို တစ်ယောက်တည်း ယှဉ်တိုက်ခိုက်ပြီး တုဖုန်းအတွက် အချိန်ရအောင် လုပ်ပေးလိုက်တာပါ။
ရန်ကိုင်ကိုသာ စိုးရိမ်နေစရာ မလိုဘူးဆိုရင် သူမတို့ နှစ်ယောက်တည်းနဲ့ ထိုသုံးယောက်ကို အချိန်တစ်ခုအတွင်း အနိုင်ယူနိုင်ပါတယ်။
ထိုသုံးကောင်ကို အချိန်မြန်မြန်နဲ့ ရှင်းထုတ်နိုင်လေ၊ ရန်ကိုင် လုံခြုံရေးနဲ့ ပက်သက်ပြီး ပိုပြီး အာမခံချက် ရှိလေဆိုတာကို သူတို့ နှစ်ယောက်စလုံး နားလည်ထားပါတယ်။ ထို့ကြောင့် သူမ မဆင်မခြင် လုပ်လိုက်ရလို့ ဒဏ်ရာရခဲ့ပေမယ့် နောက်တစ်ကြိမ် ထပ်ရွေးချယ် ခိုင်းမယ် ဆိုရင်တောင် သူမက အခုနည်းလမ်းကိုပဲ ထပ်ပြီး ရွေးချယ်ဦးမှာပါ။
သွေးစစ်သည်တော်တွေရဲ့ သစ္စာရှိမှုက ကောင်းကင်ကြီး ပြိုကျသွားရင်တောင် ဆံချည်တစ်မျှင်မျှ လျော့ပါးသွားလိမ့်မှာ မဟုတ်ပါဘူး။
“ကျွန်မ အဆင်ပြေပါတယ်၊ ကျွန်မကို စိုးရိမ်စရာ မလိုပါဘူး သခင်လေး” တန်ယုရှန်းရဲ့ အမူအရာ ညင်သာသိမ်မွေ့ သွားခဲ့ပြီး အသာအယာလေး ခေါင်းယမ်းလိုက်တယ်။
Martial Peak
အပိုင်း(၃၈၇) မမျှော်လင့်ထားသည့် ကပ်ဘေး
အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းစာလောက် ကုန်ဆုံးပြီးတဲ့ အချိန်မှာတော့ တုဖုန်း ပြန်ရောက်လာခဲ့တယ်။
တုဖုန်းဆီကနေ ထွက်ပေါ်နေတဲ့ သတ်ဖြတ်လိုသည့် အရှိန်အဝါက အရမ်းကို ပြင်းထန်လွန်းနေသည့် အတွက် ချူရီမန်တောင် တုဖုန်းကို ကြည့်ရင်း မတုန်ရီပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရတယ်။
တုဖုန်း လက်ထဲ၌ ခေါင်းပြတ်နှစ်လုံးကို ကိုင်ထားခဲ့ပါတယ်။
ရောက်တာနဲ့ တုဖုန်းက ခေါင်းပြတ်နှစ်လုံးကို မြေကြီးပေါ် ပစ်ချလိုက်ပြီး စိတ်ပျက်နေတဲ့ လေသံနဲ့ “ဒီနှစ်ကောင်က ကိုယ့်ကိုယ်ကို သတ်သေသွားတယ်။ ကျန်တဲ့တစ်ယောက်ကတော့ လွတ်သွားတယ်”
တုဖုန်းက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇နဲ့ အဆင့်၅ ကျင့်ကြံသူ နှစ်ယောက်နောက်ကို အမှီလိုက်နိုင်ခဲ့ပေမယ့် ထိုနှစ်ကောင်ကို မဖမ်းရသေးခင်မှာပဲ နှစ်ယောက်စလုံးက ကိုယ့်လျှာကိုယ်ကိုက်ပြီး သတ်သေသွားကြတယ်။ ကျန်တဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈ ကျင့်ကြံသူကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။
“ဒီမှာရှိနေတဲ့ သူတို့ လူတွေအားလုံး သေသွားကုန်ကြပြီ” တန်ယုရှန်း အေစက်ပြီး ခံစားချက် မရှိတဲ့ လေသံနဲ့ ပြောလိုက်တယ်။
“စိတ်ဝင်စားစရာပဲ” ရန်ကိုင် အမူအရာက တောင့်တင်းနေခဲ့တယ်။ ဒါပေမယ့် သူ့မျက်နှာထက်မှာတော့ ချောက်ချားဖွယ် အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့ပြီး “ဒီအဖွဲ့သားတွေရဲ့ နောက်ကွယ်က လူက တစ်ခုခုတော့ တစ်ခုခုပဲ”
ထိုလုပ်ကြံသတ်ဖြတ်သူတွေရဲ့ နောက်ကွယ်က လူက ရိုးရှင်းတာ မဟုတ်တာကြောင့်သာ မဟုတ်ရင် ထိုလုပ်ကြံသတ်ဖြတ်သူတွေ အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့လိမ့်မှာ မဟုတ်ပါဘူး။
“သခင်လေး သွားမယ့် လမ်းကြောင်းကို သိတဲ့လူဆိုလို့ လူမိသားစု တစ်ခုပဲ ရှိတယ်” တုဖုန်းက ရက်စက်တော့မယ့် အမူအရာနဲ့ ပြောလိုက်တယ်။ သူ့မျက်တစ်ခုလုံး နာကျည်းမုန်းတီးမှုတို့ဖြင့် ပြည့်နေခဲ့တယ်။
သူဒေါသထွက်နေခဲ့လေပြီ.
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး သတိထားနေသည့် ကြားထဲမှာမှ ထိုလူတွေက ရန်ကိုင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ တစ်ဖက်က လုပ်ကြံသူတွေက ဆန်းကြယ်တဲ့ နည်းလမ်းတစ်ခုကို သုံးပြီး သူတို့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားတာ ကြောင့်ပဲ သွေးစစ်သည်တော် နှစ်ယောက်ကို ဘာကိုမှ သတိမပြုမိခဲ့တာပါ။ တစ်ခုခု မှားယွင်းနေတယ် ဆိုတာကို ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့တာ ကြောင့်သာ မဟုတ်ရင် နောက်ဆုံးရလဒ်က တော်တော်လေးကို ဆိုးရွားသွားမှာပါ။
သွေးစစ်သည်တော် နှစ်ယောက် ကာကွယ် စောင့်ကြပ်နေတာတောင် ရန်မိသားစု သခင်လေး သေမလို ဖြစ်ခဲ့ရပါသေးတယ်။ ထိုသတင်းသာ ပေါက်ကြားသွားခဲ့ရင် သွေးစစ်သည်တော် ခန်းမ မျက်နှာပျက်ရပါလိမ့်မယ်။ နှစ်ယောက်စလုံးလည်း မိသားစုက အပြစ်ပေးတာကို ခံရမှာပါ၊ အခပ်မသင့်ရင် ကျင့်ကြံခြင်းတွေပါ ဖျက်စီးပစ်လိုက် ရနိုင်ပါတယ်။
တစ်နည်း ပြောရရင်တော့ ရန်ကိုင်ရဲ့ အလျင်မပြတ် သတိက သူ့အသက်ကိုသာမက တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ရဲ့ အသက်ကိုပါ ကယ်တင်သွားနိုင်ခဲ့ပါတယ်။
တုဖုန်းက ရန်ကိုင်ကို ကျေးဇူးတင်မိသလို ရှက်လည်း ရှက်မိပါတယ်။ ထို့ကြောင့် ဒေါသထွက်ထွက်နဲ့ လူမိသားစုက ဒီတစ်ကြိမ် လုပ်ကြံသတ်ဖြတ်မှုနဲ့ ဆက်စပ်နေတယ်လို့ ချက်ချင်း စွပ်စွဲလိုက်တာပါ။ သူ့မှာ အခြားသူတွေကို အပြစ်တင်ပုံချတတ်တဲ့ အကျင့်ရှိတာ မဟုတ်ပါဘူး၊ သွေးရူးသွပ်ခြင်း ပညာရပ်ကြောင့်သာ သူ့တစ်ကိုယ်လုံး သွေးဆာမှုတွေနဲ့ ပြည့်နေခဲ့ပြီး ဘာကိုမှ သေချာ မစဉ်းစားနိုင်တော့ပဲ သူ့အတွေးတွေက ပိုပြီး ကြမ်းတမ်းလာခဲ့တာပါ။
ပြီးတော့ သူတို့ သခင်လေးကို လူမိသားစု ဆက်ဆံခဲ့တဲ့ ပုံစံကို ပြန်စဉ်းစား ကြည့်လိုက်တာနဲ့ သူတော်တော်လေး ဒေါသထွက်မိပါတယ်။ ထို့ကြောင့် ဒီတစ်ကြိမ် အခွင့်အရေးကို သုံးပြီး သူ့ဒေါသကို လူမိသားစုပေါ် ဖောက်ခွဲထုတ်ချင်တာပါ။
ထိုစကားကို ကြားလိုက်တာနဲ့ ချူရီမန် မျက်နှာ ဖြူလျော်သွားခဲ့ပြီး အလျင်စလို ဝင်ပြောလိုက်တယ် “လူလျန်က ကိုယ့်သေကြောင်း ကိုယ်ကြံတဲ့ အမှားမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး”
အခုအချိန်၌ တုဖုန်းက ချူရီမန် မျက်နှာဖြစ်ဖြစ်၊ အဆင့်အတန်း ဖြစ်ဖြစ် နည်းနည်းလေးတောင် ဂရုမစိုက်တော့ပါဘူး။ အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး “လူလျန်က မလုပ်ပေမယ့် လူမိသားစုက ကျန်တဲ့လူတွေက မလုပ်ဘူးလို့ မပြောနိုင်ဘူးလေ”
ချူရီမန်က ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်။ သူမရဲ့ အကြည့်က ရန်ကိုင်ဆီ အလိုလို ရောက်သွားခဲ့ပြီး ရန်ကိုင်လည်း တုဖုန်းလို မစဉ်းစားမဆင်ခြင်ပဲ မလုပ်ပါစေနဲ့ ဆိုပြီး သူမ စိတ်ထဲ ဆုတောင်းနေခဲ့တယ်။
ဒါပေမယ့် ရန်ကိုင်ကတော့ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေခဲ့တယ်။ မျက်မှောင်ကြုံနေရင်း ဘေးပတ်ဝန်းကျင်ကို စူးစမ်းနေခဲ့တယ်။ နောက်ဆုံး သူ့အကြည့်က ကောင်းကင်ထက် ရောက်ရှိသွားခဲ့ပြီး သူ့တစ်ကိုယ်လုံး အေးခဲသွားခဲ့တယ်။ ကောင်းကင်ထက် ဝဲနေတဲ့ ရွှေရောင်ငွေသွေးသိမ်းငှက်ကို ကြည့်လိုက်ရင် ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ် “လူမိသားစုက အခုကိစ္စနဲ့ မဆိုင်ဘူး။ သိမ်းငှက်လေးကပဲ ငါတို့ရှိနေတဲ့ နေရာကို ထုတ်ဖော်လိုက်သလို ဖြစ်သွားတာ။ ငါတို့ အရမ်းကို နမော်နမဲ့ နိုင်လွန်းသွားတယ်”
ရန်ကိုင် ပြောတာကို ကြားလိုက်တော့မှပဲ ချူရီမန်က စိတ်သက်သာရာ ရသွားခဲ့တယ်။ လူလျန်ရဲ့ အပြုအမူနဲ့ ပက်သက်ပြီး ချူရီမန် ကိုယ်တိုင်းလည်း အနည်းငယ် မကျေမနပ် ဖြစ်မိပေမယ့် လူမိသားစုဆိုတာ ချူမိသားစုရဲ့ လက်အောက်ခံ အင်အားစုခွဲ တစ်ခု ဖြစ်နေတုန်းပါပဲ။ အရင်နှစ်တွေ အတွင်း လူမိသားစုက ချူမိသားစုကို ပစ္စည်းကောင်းများစွာ ထောက်ပံ့ပေးခဲ့ပါတယ်။ ထို့ကြောင့် ချူမိသားစုရဲ့ ပထမသခင်မလေး တစ်ယောက် အနေနဲ့ လူမိသားစုကို တတ်နိုင်သမျှ လုံခြုံအောင် ကာကွယ်ပေးရမှာက သူမရဲ့ တာဝန်ပါ။
“အစုတ်ပလုတ်ကောင်” တန်ယုရှန်းက ကောင်းကင်ထက်တွင် ထဲနေသည့် ရွှေရောင်ငွေသွေးသိမ်းငှက်ကို အံ့တကြိတ်ကြိတ်နဲ့ စူးစိုက်ကြည့်နေခဲ့တယ်။
ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြောလိုက်တယ် “နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ရန်မိသားစုရဲ့ မျိုးဆက်တွေကို ဘယ်သူကမှ မထိပါးရဲခဲ့ကြဘူး။ ဒါကြောင့် အခုလိုမျိုး လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ခင်ဗျားတို့ နှစ်ယောက် မထင်ထားခဲ့တာလည်း သဘာဝပဲ။ ကြည့်ရတာကတော့ ကျုပ်တို့ရဲ့ ခံယူချက်၊ တွေးတောချက်တွေကို ပြန်သုံးသပ်ရတော့မယ့် ပုံပဲ”
ရှင်းပြပြီးတာနဲ့ ရန်ကိုင်က လေချွန်လိုက်တယ်။ ကောင်းကင်ထက် ဝဲနေသည့် ရွှေရောင်ငှက်မွှေးသိမ်းငှက်လည်း ရန်ကိုင်ဆီ ချက်းချင်း ထိုးဆင်းလာလိုက်တယ်။
ရုတ်တရက် အဓိပ္ပါယ် ပါပါ ပြုံးလိုက်ပြီး ရန်ကိုင်က ချူရီမန်ကို ကြည့်ကာ ပြောလိုက်တယ် “ဒီတစ်ကြိမ်က ကိစ္စက လူမိသားစုနဲ့ မပက်သက်ပေမယ့် ဒီနေ့အဖြစ်အပျက်တွေက လူမိသားစုနားထဲ ရောက်သွားလိမ့်မယ်လို့ ငါမျှော်လင့်တယ်၊ ပြီးတော့… ဒီသတင်းကို ချူမိသားစုကိုယ်တိုင် သူတို့ဆီ သွားပို့ပေးရင် ပိုကောင်းမယ်”
ချူရီမန်လည်း တစ်ခဏကြာအောင် ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။ ရန်ကိုင်က ရုတ်တရက်ကြီး ဘာစိတ်ထဖောက်လို့ သူမကို အခုလို လာပြောနေမှန်း ချူရီမန်အနေနဲ့ ချက်ချင်း နားမလည်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ခဏလောက်ကြာအောင် စဉ်းစားပြီးနောက်မှာတော့ ခါးခါးသီးသီး ပြုံးလိုက်ပြီး လက်သီးတင်းတင်းဆုပ်ရင်း ရန်ကိုင်ကို အော်ပြောလိုက်တယ် “ဘာလို့လဲ။ အခုလို အတွေးမျိုး ရုတ်တရက်ကြီး နင်ဘယ်လိုလုပ် စဉ်းစားမိသွားတာလဲ။ နင်က အရမ်းကို ကောက်ကျစ်၊ အကျင့်ယုတ်လွန်းတယ်။ သူတို့ နင့်ကို မလေးမစား လုပ်ခဲ့ရင် နင့်အနေနဲ့ ဒီလောက်အထိ ရက်စက်စရာ မလိုပါဘူး။ နင်… ငါ… ငါ… ဟူး…”
“ဟန့်၊ သူတို့ ကံကြမ္မာ သူတို့ ဖန်တီးခဲ့တာလေ။ ဒီသခင်လေးကို လေနဲ့မိုးဒဏ်တောင် မခံနိုင်တဲ့ ရွံ့ပျော့တုံးလို လာသဘောထား ချင်သေးတယ်။ သူတို့ ဘာလုပ်လုပ် ငါက ငြိမ်ခံနေမယ့် လူစားမျိုးလား။ ဒါတောင် သင်ခန်းစား ပါးပါးလေးပဲ ရှိသေးတယ်” ရန်ကိုင်က လှောင်ပြောင်လိုက်တယ်။
ရန်ကိုင် ပြောတာကို ကြားလိုက်တဲ့အချိန် အားလုံး တစ်ခုခုကို နားလည်သွားလိုက်တယ်။ ရန်ကိုင်က ဘာမှမဖြစ်ချင်ယောင် ဆောင်နေပေမယ့် သူ့စိတ်ထဲမှာတော့ လူမိသားစုကို အခဲမကျေသေးပါဘူး။
လူမိသားစု သူ့ကိုဘယ်လိုတွေးတွေး၊ ဘယ်လိုထင်ထင် သူဂရုစိုက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို လာပြီး အထင်အမြင် သေးတာမျိုးကိုတော့ ရန်ကိုင်က ငြိမ်ခံနေလိမ့်မှာ မဟုတ်ပါဘူး။ သူ့ကို အထင်အမြင် သေးတဲ့ လူအားလုံး တန်ဖိုးတစ်ခုကို အနှေးနဲ့အမြန် ပြန်ပေးဆပ်ရမှာပါ။
ဒါပေမယ့် သူနဲ့ ချူရီမန် ပြောဆိုဆွေးနွေးသွားတဲ့ အကြောင်းအရာတွေကို လော့ရှောင်မန်နဲ့ သွေးစစ်သည်တော် နှစ်ယောက်စလုံး နားမလည်နိုင်အောင် ဖြစ်ခဲ့ရတယ်။
“အစ်မချူ၊ နင်တို့ ဘာအကြောင်းတွေ ပြောနေတာလဲ” လော့ရှောင်မန်က ပွင့်ပွင့်လင်းလင်းပဲ ကောက်မေးလိုက်တယ်။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်လည်း ချူရီမန်ကို စိုက်ကြည့်နေခဲ့တယ်။ ချူရီမန်ကို အခုလိုမျိုး ပြင်းပြင်းထန်ထန် ပြန်တုန့်ပြန် စေရလောက်အောင် သူ့တို့ သခင်လေးက ဘယ်လိုလှည့်ကွက်တွေ သုံးလိုက်တာလဲလို့ သွေးစစ်သည်တော် နှစ်ယောက်စလုံး တွေးတော နေခဲ့ကြတယ်။
ချူရီမန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး တုဖုန်းနဲ့ တန်ယုရှန်းဘက် လှည့်ကာ “နင်တို့သခင်လေးက မကျေမနပ်ချက် သေးသေးလေး တစ်ခုအတွက်နဲ့ မရရအောင် လက်စားပြန်ချေတတ်တဲ့ လူမျိုးလို့ ကျွန်မပြောခဲ့တာကို ရှင်တို့ အခုထိ နားမလည်သေးတဲ့ပုံပဲ…ဟူး၊ ကျွန်မ ရှင်တို့ကို မေးဦးမယ်။ ရန်ကိုင်က လူမိသားစုမှာပဲ ခရီးတစ်ထောက် နားခဲ့တာ ဖြစ်လို့ ဒီအဖြစ်အပျက်က လူမိသားစုနဲ့ မသက်ဆိုင်ဘူးဆိုတာ မှန်ပေမယ့် ရန်ကိုင် တိုက်ခိုက်ခံရတဲ့ သတင်းသာ လူလျန်နားထဲ ပေါက်ကြားသွားခဲ့ရင် သူတို့ ဘယ်လိုဖြစ်သွားမလဲလို့ ရှင်တို့ ထင်လဲ”
တုဖုန်းလည်း ငေးကြောင် ကြက်သေသေသွားခဲ့တယ်။ ရုတ်တရက် တစ်ခုခုကို နားလည်သွားလိုက်ပြီး အားရပါးရ အော်ဟစ် ရယ်မောလိုက်ကာ “ငါတို့ရှိနေတဲ့ နေရာကို သူတို့ လူမိသားစုက ပေါက်ကြားသွားစေလိုက်တယ်လို့ သခင်လေး သံသယဝင်သွားမှာကို လူလျန် ကြောက်သွားမှား။ ဟုတ်တယ်၊ ငါတို့ လုပ်ကြံခံရတဲ့သတင်းသာ ကြားရင် အဲ့လူလျန် ကျိန်းသေ တုန်လှုပ်ချောက်ချားသွားမှာ”
“သူတို့ ရိုးသားကြောင်း ပြသဖို့အတွက် လူလျန်အနေနဲ့ ဗဟိုမြို့တော်ဆီ လာပြီး သခင်လေးကို လာပြီး အသနားခံရလိမ့်မယ်။ သခင်လေးဆီ အသနားခံဖို့ လာမှတော့ ဘာမှမပါပဲ လာလို့ရမလား။ ဘယ်ရမလဲ,၊ လက်ဆောင်တွေ ဘာတွေ ကျိန်းသေ ယူလာရမှာပေါ့” တန်ယုရှန်းက သူမရဲ့ပါးစပ်ကို လက်လေးနဲ့ အုပ်ပြီး ရန်ကို အံ့အားသင့်တကြီးနဲ့ ငေးကြောင် ကြည့်နေလိုက်တယ်။ ရန်ကိုင် အနေနဲ့ အခုလို ကောက်ကျစ်တဲ့ အကြံမျိုးကို ဘယ်လိုတောင် တွေးနိုင်တာလဲလို့ သူမတွေးတော မိနေခဲ့တယ်။
နောက်ဆုံးတော့… အားလုံးရဲ့ တစ်ခုတည်းသော ဦးတည်ချက်က “လက်ဆောင်တွေပါပဲ” ။
ချူရီမန်က အံတင်းတင်းကြိတ်လိုက်ပြီး ဆက်ပြောလိုက်တယ် “ပြီးတော့ ဒီသတင်းကိုသာ ငါတို့ချူမိသားစုက သွားပြောမယ် ဆိုရင် ငါ ဒါမှမဟုတ် ချူမိသားစုက ဒီကိစ္စကို ကြားဝင်ဖြန်ဖြေဖို့ စီစဉ်နေတယ်လို့ လူလျန် ကျိန်းသေ ထင်သွားမှာ။ သူသာ လက်ဆောင်ကောင်းကောင်း တစ်ခုလောက် ပြင်ဆင်သွားခဲ့ရင် ရန်ကိုင်က သူ့ကို ကျိန်းသေ အပြစ်တင်တော့မှာ မဟုတ်ဘူး။ ရှင်တို့ အခုထိ နားမလည်သေးဘူးလား။ ရှင်တို့ရဲ့ သခင်လေးက ဘာမဟုတ်တဲ့ ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်ပြီး အမြတ်ထုတ်ဖို ကြိုးစားနေတာ”
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ရန်ကိုင်ကို လေးစားအားကျမှုအပြည့်နဲ့ ကြည့်လိုက်ကြတယ်။
အခွင့်အရေး ရတာနဲ့ ချက်ချင်း မိမိရရ ဆုပ်ကိုင်တတ်တဲ့ နေရာမျိုးမှာ သူတို့ နှစ်ယောက်စလုံး သူတို့ သခင်လေးအောက် တကယ်ကို နိမ့်ကျပါတယ်။
အခုလိုမျိုး သင်္ချိုင်းကုန် ခြေတစ်ဖက်လှမ်း နီးသွားခဲ့ရတဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်ပြီးသွားရင် လူအများစုက ထိတ်လန့်နေကြဦးမှာပါ။ သူတို့ တွေးနေမယ့် အတွေးတွေကတော့ ဟူး… သီးသီလေးပဲ၊ ဘုရားမလို့ ငါလွတ်လာနိုင်ခဲ့တာပဲ။ အသက်ရှင်ရတာ အရမ်းကို ပျော်စရာ ကောင်းပါလား။
ဒါပေမယ့် သူတို့ သခင်လေးကတော့ လုံးဝကို ကွဲပြားပါတယ်။ သူက အရမ်းကို တည်ငြိမ်နေရုံမကလို ဖြစ်ပျက်သွားတဲ့ အခြေအနေကို အကျိုးရှိရှိ အသုံးချပြီး သူ့အတွက် အကျိုးအမြတ် ရအောင် ချက်ချင်း လုပ်ဆောင်သွားလိုက် နိုင်ပါတယ်။ တကယ်တော့… သူ့တုန်ပြန်မှုက အရမ်းကို မမြန်ဆန်လွန်းဘူးလား။
ဒီတစ်ကြိမ်တော့ လူမိသားစုက မမျှော်လင့်ထားတဲ့ ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရပါတော့မယ်။
ထိုအခိုက်အတန့်၌ သွေးစစ်သည်တော် နှစ်ယောက်စလုံး လူလျန်ကို သနားမိသွားကြတယ်။ သတင်းအမှန်ကို ကြားသိပြီးနောက် လူမိသားစုခေါင်းဆောင် မျက်နှာ ဘယ်လို ဖြစ်နေမလဲ ဆိုတာကို သူတို့ တကယ်ကို သိချင်နေခဲ့ကြပါတယ်။
ပိုဆိုးတာက သူ့အနေနဲ့ ဒီမှာ ဖြစ်ပျက်သွားတဲ့ အကြောင်းစုံကို သိနေရင်တောင် ဘယ်လိုမှ ပြန်ပြီးခုခံ ငြင်းဆိုနိုင်မှာ မဟုတ်ပါဘူး။ ဆုံးရှုံးမှုကို အံကြိတ်ပြီးတော့ပဲ မျိုးချရမှာပါ။ ရန်ကိုင်သာ သူတို့ လူမိသားစုဆီမှာ ခရီးတစ်ထောက် မနားခဲ့ရင် အခုလို ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်ပျက်သွားတာတွေ အားလုံးက ဖြစ်ပျက်သွားခဲ့ပြီးပါပြီ။ နောက်ပြန်လှည့်လို့ မရတော့ပါဘူး။
“လူလျန်ကို စကားပါးလိုက်ဦး။ ငါ့ကို ကိုယ်တိုင်ကိုယ်ကျ လာတွေ့စရာ မလိုဘူးလို့၊ သင့်တော်တဲ့ လက်ဆောင်လေးတွေ ပို့ပေးလိုက်ရင်ပဲ အဆင်ပြေပြီလို့” ရန်ကိုင်က တည်ငြိမ်တဲ့ ဟန်ပန်နဲ့ ထပ်ပြောလိုက်တယ်။
ချူရီမန်လည်း နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိတယ်။
“နားဖို့ နေရာတစ်ခုမရှာရင် ဒီကနေ အရင်ထွက်သွားရင် ပိုကောင်းလိမ့်မယ်” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်တယ်။
တိမ်သွားမြင်း ငါးကောင်စလုံး ရန်သူရဲ့ လုပ်ကြံမှုထဲ ပါသွားခဲ့ပါပြီ။ ထို့ကြောင့် သူတို့ အနေနဲ့ ပျံသန်းသွားရုံကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ပါဘူး။
တန်ယုရှန်းရဲ့ ဒဏ်ရာက အပြင်းကြီးလည်း မဟုတ်သလို ပေါ့သေးသေးလည်း မဟုတ်ပါဘူး။ တုဖုန်းကတော့ ဘာဒဏ်ရာမှကို မရထားတာပါ။ ဒါပေမယ့် သူ့ရဲ့ သွေးရူးသွပ်ခြင်း ပညာရပ် အချိန်အကန့်အသတ် ကုန်ဆုံးသွားတာနဲ့ သူ့သွေးစွမ်းအားက တစ်ဟုန်ထိုး လျော့ကျသွားမှာပါ။
သွေးစစ်သည်တော် နှစ်ယောက် အနေနဲ့ သူတို့ဒဏ်ရာကို အပြီးတိုင် ပြန်ကောင်းချင်တယ် ဆိုရင် အနည်းဆုံး ဆယ်ရက်ကနေ အများဆုံး လဝက်လောက်အထိ အချိန်ယူရပါလိမ့်မယ်။
တောင်ခြေတစ်ခုနား ရောက်မှပဲ အားလုံး ရပ်တန့် အနားယူလိုက်ကြတယ်။
သွေးစစ်သည်တော် နှစ်ယောက်က ဒဏ်ရာရနေသလို ကျန်တဲ့ နှစ်ယောက်ကလည်း မိန်းကလေးတွေ ဖြစ်နေတဲ့အတွက် သူကိုယ်တိုင်ပဲ အစာရှာ ထွက်ရပါတော့တယ်။ သခင်ငယ်လေးက သူတို့အတွက် အစားအစာ ပြင်ဆင်ပေးနေတာကို တွေ့ရတော့ သွေးစစ်သည်တော် နှစ်ယောက်စလုံး ရှက်လည်းရှက်မိသလို ကျေးဇူးလည်း တင်မိပါတယ်။
ထိုညမှာတော့ ငါးယောက်သား မီးပုံဘေး ဝိုင်းဖွဲ့ရင် သားအကောင်းအချို့ကို မီးကင်နေခဲ့ကြတယ်။
လေထုက တစ်မျိုးတစ်ဖုံး ထူးဆန်းနေခဲ့တယ်။ သွေးစစ်သည်တော် နှစ်ယောက်ကာ သူတို့ရဲ့ တာဝန်ကိုင် ကျေကျေပွန်ပွန် မထမ်းဆောင် နိုင်ခဲ့တဲ့အပေါ် နောင်တရနေမိခဲ့ကြတယ်။ ဒါပေမယ့် ရန်ကိုင်ကို ဘယ်လို သွားတောင်းပန်ရမှန်း မသေချာ၊ မရေရာ ဖြစ်နေတဲ့အတွက် အပြစ်ရှိသည့် မျက်ဝန်းတွေနဲ့သာ ရန်ကိုင်ကို စိုက်ကြည့်နေခဲ့တယ်။
ချူရီမန်ကတော့ ရန်ကိုင်ရဲ့ အသုံးချခြင်း ခံလိုက်ရတဲ့အတွက် ဒေါသထွက်စိတ်ပျက် မိနေတုန်းပါပဲ။ ထို့ကြောင့် ရန်ကိုင်နဲ့ စကားလေး တစ်ခွန်းတောင် မပြောခဲ့ပါဘူး။ အခြေအနေ တစ်ခုလုံးက တင်းကြပ်နေတာကို အာရုံခံမိလိုက်တဲ့အတွက် လော့ရှောင်မန်က ကြောက်လန့်နေတဲ့ ယုန်လေးတစ်ကောင်လိုသာ ငြိမ်ကုတ်နေခဲ့တယ်။
ရန်ကိုင်ကတော့ မီးပုံကို စိုက်ကြည့်ရင်း ဒီကနေ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားနေလိုက်တယ်။ အဖြစ်အပျက် အစအဆုံးကို ထပ်ခါထပ်ခါ ပြန်တွေးလိုက်ပြီး နောက်မှာတော့ တစ်ခုခုကို သူနားလည်သွားလိုက်တယ်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရန်ကိုင်က ခါးကိုမတ်ကာ ရုတ်တရက်ကြီး ကောက်ပြောလိုက်တယ် “ခင်ဗျားတို့ အနေနဲ့ အပြစ်ရှိသလို ခံစားနေစရာ မလိုပါဘူး။ ဒီနေ့ အလစ်ချောင်း တိုက်ခိုက်တာက ကျုပ်ကို ပစ်မှတ်ထားနေတာ မဟုတ်ဘူး”
“ဒါပေမယ့် သခင်ငယ်လေး…” တန်ယုရှန်းက ဝင်ပြီး ကန့်ကွက်လိုက်တယ်။ သူမမျက်နှာထက် ရှက်ရွံ့နေသည့် အရိပ်အယောင် အချို့ကိုတောင် မြင်တွေ့ နေရပါသေးတယ်။
ဒါပေမယ့် သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး သူမကို ရပ်တန့်ဖို့ အချက်ပြလိုက်ကာ ဆက်ပြောလိုက်တယ် “ကျုပ်က ခင်ဗျားတို့ကို နှစ်သိမ့်ပေးဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ဒီတစ်ကြိမ အလစ်ချောင်းတိုက်တာက ကျုပ်တစ်ယောက်တည်းကိုပဲ သီးသန့် ပစ်မှတ်ထားတာ မဟုတ်ဘူး။ သူတို့တွေ အားလုံးက ကျုပ်တို့ရဲ့ လှုပ်ရှားမှုတွေက ရက်အနည်းငယ် လောက်ကတည်း ကြိုလေ့လာထားတာ ဖြစ်ရမယ်။ ကျုပ်တို့သာ ဗဟိုမြို့တော်ဆီ ပြန်ချင်တယ်ဆိုရင် လန်မြစ်ကို ဖြတ်ကူးရမယ် ဆိုတာ သူတို့သိထားတယ်။ လန်မြစ်ကို ဖြတ်ကူးမယ် ဆိုရင် ကူတို့ တစ်စီး ရှာလိမ့်မယ် ဆိုတာကိုလည်း သူတို့ နားလည်ထားတယ်။ ဒါကြောင့် လုပ်ကြံသတ်ဖြတ်သူတွေက လှေထိုးသမားယောင် ဆောင်ပြီး ကျုပ်တို့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာ”
ရန်ကိုင်က လေးလေးနက်နက်နဲ့ ရှင်းပြနေတာကို မြင်ရတော့ သွေးစစ်သည်တော် နှစ်ယောက်လည်း ကြားဝင် မနှောက်ယှတ်တော့ပဲ ငြိမ်ပြီးတော့သာ နားထောင်းနေလိုက်တယ်။
“ဒီတစ်ကြိမ် လုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စက သေချာစီစဉ်ပြီးမှ လုပ်ထားတာ။ သူတို့ထဲက အားအကောင်းဆုံး သုံးယောက်က သွေးစစ်သည်တော် နှစ်ယောက်ကို ထိန်းထားမယ်။ ကျန်တဲ့ လူတွေက ဂျူနီယာတွေကို သတ်မယ်… အဲ့လိုမျိုး အကွက်ချထားကြတာ။ သူတို့ရဲ့ ခွန်အားက တော်တော်လေး မြင့်ပေမယ့် ကျုပ်ကို လိုက်ဖမ်းနေတဲ့ အချိန်တုန်းက သူတို့ မျက်နှာတွေက ကျုပ်ကို မုန်းတီးနေတဲ့ ပုံစံလည်း မပေါက်ဘူး။ ဒါကြောင့် သူတို့တွေနဲ့ ကျုပ်ကြားမှာ ကြီးမားတဲ့ ရန်ငြိုးမရှိဘူး ဆိုတဲ့ အချက်က ပိုပြီး သေချာသွားခဲ့ပြီ”
တုဖုန်းက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တယ် “ကျုပ်တို့ တိုက်ခိုက်နေတုန်းက သူတို့ထဲက အားအကောင်းဆုံးလူက စကားကျွံပြီး တစ်ခုခုကို ပြောထွက်မိသွားခဲ့တယ်။ ဒီတစ်ကြိမ် သူတို့တွေက ရန်မိသားစုက သခင်လေးတွေ အားလုံးကို ပစ်မှတ်ထားနေတာတဲ့”
“အင်း၊ သူတို့တွေ ကျုပ်နဲ့ တွေ့သွားတာ ကောင်းတယ်။ ကျုပ်နေရာမှသာ ရန်မိသားစုက အခြားသခင်လေးတွေ ဆိုရင် အခုအချိန်လောက်ဆို သူတို့တွေ အကုန်လုံး သေနေလောက်ပြီ”
ငါတို့ ကံကောင်းသွားခဲ့တာပဲလို့ တုဖုန်းနဲ့ တန်ယုရှန်းတို့ တိတ်တဆိတ် တွေးလိုက်ကြတယ်။ သူတို့တွေက ရန်ကိုင်ကို လိုက်ပါ စောင့်ရှောက်နေလိုက်ရတာ ကံကောင်းသွားခဲ့ပါတယ်။ ရန်ကိုင် နေရာမှသာ အခြားသခင်လေးဆိုရင် ဒီလောက်များတဲ့ လုပ်ကြံသူ အရေအတွက်နဲ့ သာတွေ့သွားလို့ကတော့ တစ်ခါတည်း အသက်တန်းပျောက် နေလောက်ပါပြီ။
“အဲ့လူတွေရဲ့ ခွန်အား စီစဉ်ပုံကို ခင်ဗျားတို့ သတိပြုမိလိုက်လား” ရန်ကိုင်က လှောင်ပြုံးပြုံးရင်း မေးလိုက်တယ်။
“ခွန်အား စီစဉ်ထားတဲ့ ပုံစံလား” တုဖုန်း မျက်မှောင် ကြုံ့လိုက်တယ်။
“ဟုတ်တယ်။ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈ တစ်ယောက်၊ အဆင့်၇ တစ်ယောက်၊ အဆင့်၅ တစ်ယောက်၊ အဆင့်၃ တစ်ယောက်၊ အဆင့်၁ တစ်ယောက်…” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “အဲ့လူတွေကလွဲပြီး ကျန်တဲ့လူတွေ အကုန်လုံးက အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံသူတွေ ချည်းပဲ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်တွေကို အဲ့လို စီစဉ်ထားတာကို ကြည့်ပြီး ခင်ဗျားတို့ တစ်ခုခုကို သတိမပြုမိဘူးလား”
Martial peak
အပိုင်း (၃၈၈) ကျုပ်ဘက်ကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံပေးရမှာပေါ့
ရန်ကိုင် ပြောတာကို စဉ်းစားကြည့်လိုက်တော့မှပဲ အားလုံး ရုတ်တရက် နားလည်သွားကြတယ်။
“ဟာကွက်တစ်ခု ရှိနေတယ်” တုဖုန်းက ခပ်မြန်မြန်ပဲ ပြောလိုက်တယ်။
“ဟုတ်တယ်၊ ဟာကွက် တစ်ခု ရှိနေတယ်” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ် “ဘယ်အင်အားစုမဆို သူတို့ရဲ့ ပညာရှင်တွေက အစဉ်လိုက်ပဲ ရှိတတ်ကြတယ်။ သူတို့မှာ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ ပညာရှင် တစ်ယောက် ရှိမယ်ဆို၊ သူနဲ့အတူ ပါလာမယ့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆၊ နှစ်ယောက်သုံးလေး ယောက်လောက်တော့ ရှိသင့်တယ်။ အင်အားစုက တစ်ခုကသာ ရန်မိသားစုကို ပြဿနာရှာဖို့ ကြိုးစားနေတာ ဆိုရင် သူတို့အနေနဲ့ အစွမ်းကုန်ထုတ်သုံးဖို့ ကြိုးစားမှာပဲ”
ရန်ကိုင်က သွေးစစ်သည်တော် နှစ်ယောက်ဘက် လှည့်လိုက်ပြီး မေးလိုက်တယ် “တုဖုန်း၊ ယုရှန်း၊ အဲ့သုံးယောက်နဲ့ တိုက်နေတုန်းက၊ သူတို့ရဲ့ ဂိုဏ်း၊ ဒါမှမဟုတ် မိသားစုနဲ့ ဆက်စပ်နေမယ့် သိုင်းပညာရပ်တွေ ထုတ်သုံးသွားတာကို ခင်ဗျားတို့ နှစ်ယောက် သတိပြုမိလိုက်သေးလား”
သွေးစစ်သည်တော် နှစ်ယောက်စလုံး ခေါင်းယမ်းလိုက်ပြီး တုဖုန်းက ပြန်ပြောလိုက်တယ် “အဲ့လူတွေက အရမ်းကို သတိကြီးကြတယ်။ သူတို့ကို မှတ်မိသွားစေလောက်မယ့် သိုင်းပညာရပ် တစ်ခုတစ်လေကိုတောင် သုံးမသွားကြဘူး။ သူတို့ ဘယ်သူလဲ ဆိုတာကို ကျုပ်တို့ သတိပြုမိသွားမှာ စိုးလို့နဲ့တူတယ်။ ဒါပေမယ့် သူတို့ အချင်းချင်း မရင်းနှီးကြဘူးလို့ ကျုပ်စိတ်ထဲ ခံစားမိနေတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ပူးပေါင်းတိုက်ခိုက် နေတဲ့အချိန်တုန်းက တစ်ယောက်တစ်ပေါက်စီ ဖြစ်နေကြတာကိုး”
“ပုံမှန်ဆိုရင် အဲ့လို တစ်ယောက်တစ်ပေါက် ဖြစ်မနေသင့်ဘူး။ ကျုပ်ခန့်မှန်းတာသာ မှန်မယ်ဆိုရင် သူတို့တွေက အင်အားစု တစ်ခုတည်းက လာကြတာ မဟုတ်ဘူး” ရန်ကိုင်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး “ဘယ်အင်အားစုကမှ ရန်မိသားစုကို တစ်ဦးတစ်ယောက်လည်း လာစိန်မခေါ်ဝံ့ဘူး”
“သခင်ငယ်လေး ဘာပြောချင်တာလဲ”
“အဲ့လူတွေက… သူတို့တွေက အင်အားစု အသီးသီးက လာခဲ့ကြတဲ့ လူတွေပဲ ဖြစ်ရမယ်။ အင်အားစု တစ်ခုချင်းစီက ရွှေရောင်ငှက်မွှေးသိမ်းငှက်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ပညာရှင် တစ်ယောက်စီ စေလွှတ်ထားကြတာ ဖြစ်မယ်။ အခြေအနေကို ခန့်မှန်းတွက်ချက် ပြီးသွားတာနဲ့၊ ကျုပ်တို့ကို ချုုံခိုတိုက်ခိုက်ဖို့ ဒီနေရာမှာ စောင့်နေကြတာပဲ”
ချူရီမန်က ထောက်ခံသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး “နင်ပြောတာ အဓိပ္ပါယ်ရှိတယ်။ အဲ့လိုသာ ဆိုရင် သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေက ဘာလို့ ဒီလောက် ကွာဟနေလဲ ဆိုတာ နားလည်လို့ ရသွားပြီ”
ထိုလူတွေသာ အင်အားစုများစွာက ပို့လွှတ်ထားတဲ့ လူတွေ ဖြစ်ပါကာ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့် ဘာလို့ ကွာခြားနေရလဲ ဆိုတာ ရှင်းလင်းသွားခဲ့ပါပြီ။
“သခင်ငယ်လေးက တော်တော်လေး အမြင်စူးရှတာပဲ” တုဖုန်းက ရယ်မောလိုက်တယ်။
ရန်ကိုင်က ပြောတာကို တစ်ချက်တန့်လိုက်ပြီး ရုတ်တရက် ကောက်ပြုံးလိုက်တယ်။ ထို့နောက် ကျန်တဲ့လူတွေကို ကြည့်လိုက်ပြီး “အဲ့ပညာရှင်တွေက အင်အားစု အသီးသီးက လူတွေ ဖြစ်ကြမှတော့၊ သူတို့မှာ ဒီလောက် လူနည်းနည်းလေးပဲ ရှိနေလိမ့်မှာ မဟုတ်ဘူး”
သွေးစစ်သည်တော် နှစ်ယောက်ရဲ့ မျက်နှာအမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး “သူတို့မှာ အကူတွေ ရှိသေးတယ်လို့ သခင်လေး ပြောချင်တာလား”
ရန်ကိုင်က ခေါင်းယမ်းလိုက်ပြီး “မဟုတ်ဘူး၊ ဒီနေရာမှာ ခြုံခိုတိုက်ခိုက်တဲ့ လူအရေအတွက်က ဒီလောက်ပဲ… အဲ့လိုဆိုရင် ကျန်တဲ့လူတွေက ဘယ်ရောက်နေကြတာလဲ”
အားလုံးလည်း ရန်ကိုင် ပြောတာကို သေချာ စဉ်းစားကြည့်လိုက်တယ်။ ထို့နောက် အားလုံးရဲ့ အမူအရာ သုန်မှုန်လို့ သွားခဲ့တယ်။
ရန်ကိုင် မျက်ဝန်းအစုံက ရေခဲတမျှ အေးစက်သွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ် “ငါ့ညီအစ်ကိုတွေလည်း ခယောင်းလမ်းကို ဖြတ်သန်းရဦးမှာပါလား။ အဲ့လူတွေ အကုန်လုံးက ငါတို့ ရန်မိသားစုရဲ့ မျိုးဆက်တွေ အကုန်လုံးကို ပစ်မှတ်ထားနေကြတာ။ ဟန့်၊ ငါတို့ရဲ့ ရန်သူတွေ တော်တော်လေးကို အားစိုက်ထုတ်ထား ကြတာပဲ”
ရန်ကိုင် ခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဒီတစ်ကြိမ် လုပ်ကြံသတ်ဖြတ်မှုက သူတစ်ယောက်တည်းကို ဦးတည်နေတာ မဟုတ်ပါဘူး။ အင်အားစု အသီးသီးက ပညာရှင်တွေက အဖွဲ့များစွာခွဲကာ ရန်သခင်လေးတွေရဲ့ တည်နေရာကို အရင်စုံစမ်းကြပြီး ဗဟိုမြို့တော် မရောက်ခင်မှာပဲ လမ်းတစ်ဝက်ကနေ လုပ်ကြံ သတ်ဖြတ်ကြပါတယ်။
လေပေါ်မှာ ပျံဝဲနေတဲ့ ရွှေရောင်ငွေသွေး သိမ်းငှက်က ညအမှောင်ထုထဲ တလက်လက် တောက်ပနေတဲ့ မီးပြတိုက်ကြီးနဲ့တောင် တူနေပါသေးတယ်။
ဒီတစ်ကြိမ်မှာတော့ ရန်ကိုင်က လုပ်ကြံခံရတာကနေ ကပ်သီလေး လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ရန်မိသားစု သခင်လေးတွေ ကျတော့ရော၊ သူတို့ထဲက အချို့က အိမ်မရောက်ခင် လမ်းတစ်ဝက်မှာပဲ လုပ်ကြံသတ်ဖြတ် ခံရမှာလား။
ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေကို လုပ်ကြံရဲတဲ့အထိတောင် သွေးရဲတယ် ဆိုမှတော့ ထိုလုပ်ကြံသတ်ဖြတ် သူတွေနောက်ကွယ်မှ လက်မည်းကြီးတွေရဲ့ သတ္တိကတော့ တကယ်ကို စံထားစရာပါပဲ။
“နင်တို့ ရန်မိသားစုက လူများစွာကို ရန်စခဲ့တာကိုး။ ဘယ်သူကများ နင်တို့ကို ဒီလောက်အထိ မောက်မာဖို့ ပြောလဲ။ ကိုယ့်လုပ်လို့ ကိုယ်ခံရတာပဲလေ” ချူရီမန်က လှောင်ပြောင်ပြောဆိုလိုက်တယ်။
“ရန်သူလုပ်တယ် ဆိုတာ မသေချာသေးပါဘူး” ရန်ကိုင်က အသာအယာလေး ခေါင်းယမ်းလိုက်ပြီး “အမွေခံတိုက်ပွဲရဲ့ သက်ရောက်မှုက တကယ်ကို ကြီးမားလိုက်တာပါလား”
ရန်ကိုင် ဘာတွေးနေလဲ ဆိုတာကို နားလည်သွားတာနဲ့ ချူရီမန်က ရန်ကိုင်ကို တုန်လှုပ်ချောက်ချားစွာနဲ့ ကြည့်လိုက်တယ်။
“ဒီကိစ္စနဲ့ ပက်သက်ပြီး ငါတို့အနေနဲ့ ဦးနှောက်ခြောက်ခံပြီး စဉ်းစားနေစရာ မလိုပါဘူး။ ငါတို့ မိသားစုကပဲ ကိုင်တွယ်သွားလိမ့်မယ်” ရန်ကိုင်က ယတိပြတ် ပြောလိုက်တယ်။
အပြုံးတစ်ခုကို ဆင်မြန်းရင်း ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး မီးပုံဘေးကနေ လမ်းလျှောက်ထွက်သွားလိုက်တယ်။ သွားနေရင်းနဲ့ တုဖုန်းနဲ့တန်ယုရှန်တို့ နှစ်ယောက်ကိုပါ လှမ်းခေါ်လိုက်တယ်။
သွေးစစ်သည်တော် နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခပ်မြန်မြန် ထကာ ရန်ကိုင်နောက် ပြေးလိုက်သွားကြတယ်။
ငေးကြောင်ကြောင်နဲ့ ကျန်နေခဲ့ရတာကတော့ ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်ပေါ့။ နှစ်ယောက်စလုံး နှုတ်ခမ်းလေး ဆူလိုက်ပြီး “အရမ်းကို လျှို့ဝှက်လွန်းတာပဲ”
အမှောင်ထုထဲ လမ်းလျှောက်နေရင်း ရန်ကိုင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး သွေးစစ်သည်တော် နှစ်ယောက်ကို လှည့်ကြည့်လိုက်တယ်။
ရန်ကိုင်က ဘာရည်ရွယ်ချက်နဲ့ သူတို့ကို ခေါ်မှန်း မသိတဲ့အတွက် တုဖုန်းနဲ့ တန်ယုရှန်းတို့ရဲ့ နှစ်ယောက်စလုံး နှလုံးခုန် မြန်နေခဲ့ကြတယ်။ ဒီနေ့ ဖြစ်ပျက်သွားခဲ့တာကြောင့် သူတို့ အခြေအနေက အရမ်းကို ကသိကအောက် နိုင်နေခဲ့ပါတယ်။ နှစ်ယောက်စလုံးရဲ့ စိတ်ထဲ အပြစ်ရှိသလိုလည်း ခံစားနေခဲ့ရပါတယ်။
လက်ကျန် ခရီးတစ်လျှောက်လုံး တောက်လျှောက် သတိထားသွားမယ်လို့ နှစ်ယောက်စလုံး တိတ်တဆိတ် ကျိန်ဆိလိုက်ကြတယ်။ သို့ပေမယ့် ထမင်းကို ဆန်ပြန်ပြောင်းလို့ မရသလို ဖြစ်ပျက်ပြီးတာ အားလုံးကိုလည်း အစကနေ ပြန်စလို့ မရတော့ပါဘူး။
သခင်ငယ်လေးက ငါတို့ကို ဆူပူကြိမ်းမောင်းဖို့အတွက် ဒီနေရာကို ခေါ်လာတာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး တိတ်တဆိတ် တွေးလိုက်ကြတယ်။ သို့ပေမယ့် ညအမှောင်ထုက သူတို့ရဲ့ စိတ်ဓါတ်ကျနေတဲ့ အမူအရာကို ဖုံးကွယ်ပေးထားနိုင်ခဲ့ပါတယ်။
“ခင်ဗျားတို့ ဒဏ်ရာတွေ ဘယ်လိုနေလဲ” နှစ်ယောက်သာ အတွေးရေယဉ်ကြောထဲ နစ်မြောနေချိန် ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်တယ်။
တုဖုန်း ခလုတ်လိုက် လဲကျလုမတတ် ဖြစ်သွားခဲ့တယ်။ ရန်ကိုင် အခုလို မေးခွန်းမျိုးကို မေးလာလိမ့်မယ်လို့ သူတို့ တကယ်ကို မထင်မှတ်ထားခဲ့ပါဘူး။ ဒါပေမယ့် ရန်ကိုင် လေသံက စိုးရိမ်ရိပ်တို့ သန်းနေတယ် ဆိုတာကို သတိပြုမိလိုက်တဲ့ အချိန်မှာတော့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး နှလုံးအစုံ နွေးထွေးသွားခဲ့ပြီး သူတို့ရဲ့ မဟုတ်တရုတ် အတွေးတွေကြောင့် ရှက်ရွံ့မိသွားခဲ့တယ်။
ခပ်မြန်မြန်ပဲ အသိပြန်ဝင်လာခဲ့ပြီး တုဖုန်းက ပြောလိုက်တယ် “ဘာဒဏ်ရာ ကြီးကြီးမားမားမှ မရထားပါဘူး။ ဒါပေမယ့် ကျုပ်ရဲ့ အသက်စွမ်းအင် တော်တော်များများ ကုန်ဆုံးနေတော့ ခွန်အားအပြည့်ရဲ့ ၆၀ရာခိုင်နှုန်းလောက်ကိုပဲ ထုတ်သုံနိုင်လိမ့်မယ်။ ယုရှန်းက ကျုပ်ထက် အခြေအနေ ပိုကောင်းပေမယ့် သူမက အတွင်းဒဏ်ရာ အချို့ ရထားခဲ့တယ်။ ကျုပ်တို့ အပြည့်အဝ ပြန်ကောင်းဖို့ဆိုရင် ရက်တော်တော်များများလောက် အချိန်ယူရပါလိမ့်မယ်”
ရှင်းပြပြီးနောက် တုဖုန်းက အလျင်စလိုနဲ့ ထပ်ပြောလိုက်တယ် “ကျုပ်တို့ အသက်စွန့်ရမယ် ဆိုရင်တောင် သခင်ငယ်လေးကို ရန်မိသားစုဆီ လုံလုံခြုံခြုံရောက်အောင် ပို့ပေးမှာပါ”
တန်ယုရှန်းကလည်း ခေါင်းညိတ်ပြလိုက်ပြီး “ခရီးတစ်လျှောက်လုံး ကျွန်မတို့ရဲ့ သတိကို အရင်ထက် နှစ်ဆတင်ထားပါ့မယ်။ ဗဟိုမြို့တော် ပြန်ရောက်တာနဲ့ ကျွန်မတို့ရာ တာဝန်ပျက်ကွက်မှုအတွက် အပြစ်ဒဏ်ခံယူမှာပါ”
ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။ ခဏကြာပြီးနောက် သူ့အိတ်ထဲကနေ ဆေးလုံးနှစ်လုံး ထုတ်လိုက်ပြီး သွေးစစ်သည်တော် နှစ်ယောက်ဆီ ပေးလိုက်ကာ “တစ်ယောက် တစ်လုံးစီ ယူပြီး ဒီနေရာမှာပဲ သောက်လိုက်၊ ချက်ချင်းနော်”
သွေးစစ်သည်တော် နှစ်ယောက်လည်း အံ့အားသင့်သွားခဲ့မိတယ်။ ရန်ကိုင် ရုတ်တရက်ကြီး ဘာလို့ ဒီလောက် အလေးအနက် ပြုမူနေမှန်း သူတို့ နားမလည်နိုင်ပါဘူး။ ဒါပေမယ့် ရန်ကိုင်က သူတို့ကို ထိခိုက်အောင် လုပ်မှာမဟုတ်မှန်း သိထားတဲ့အတွက် နှစ်ယောက်စလုံး တုန့်ဆိုင်းမနေပဲ ထိုဆေးလုံးကို ယူပြီး တစ်ခါတည်း တန်းမျိုချလိုက်တယ်။
ဆေးလုံးကို သောက်လိုက်ပြီးနောက် ထိုဆေးလုံးက သာမန်ဆေးလုံးနဲ့ ဘာမှ မကွာမှန်း သွေးစစ်သည်တော် နှစ်ယောက် သတိပြုမိလိုက်တယ်။ ဆေးလုံးအဆင့်က အများဆုံးမှ မြေကမ္ဘာအထွတ်အထိပ် အဆင့်ပါ။ ဒါပေမယ့် အဲ့ဒါကပဲ သူတို့ကို စိတ်ရှုပ်စေတာပါ။ သူတို့ သခင်ငယ်လေးက ထိုကဲ့သို့ သာမန်ဆေးလုံးတွေကို ဘာလို့ လာတိုက်နေရလဲ ဆိုတာကို သူတို့ မစဉ်းစားနိုင် ဖြစ်နေခဲ့တယ်။
သူ့တို့စိတ်ထဲ သံသယတွေ ရှိနေပေမယ့် အပြင်ကိုတော့ ထုတ်မမေးခဲ့ပါဘူး။
ရန်ကိုင်က သာမန်အဆင့် ဆေးလုံး လာပေးနေရင်တောင် ထိုဆေးလုံးက ရန်ကိုင် စေတနာနဲ့ ပေးတဲ့ ဆေးလုံးတွေ ဖြစ်နေပါသေးတယ်။
“ခင်ဗျားတို့ နှစ်ယောက်ကို ကျုပ်ဘက်ပါအောင် ဆွဲခေါ်ဖို့ ကြိုးစားနေတာလား၊ ကျုပ်အန္တရာယ် ကြုံတွေ့မှာကြောင့် လား ဆိုတာကို မပြောနိုင်ပေမယ့် ဒီတစ်ကြိမ် အိပ်ပြန်ရောက်တာနဲ့ ခင်ဗျားတို့ နှစ်ယောက်ကို ကျုပ်ဘေးမှာ ခေါ်ထားချင်တယ်။ ဒါကြောင့်… ခင်ဗျားတို့ နှစ်ယောက် မြန်မြန် ပြန်ကောင်းလာဖို့ ကျုပ်မျှော်လင့်ပါတယ်” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်တယ်။
ရန်ကိုင် ပြောတဲ့စကားကို ကြားလိုက်ပြီးနောက် သွေးစစ်သည်တော် နှစ်ယောက် ပိုပြီး စိတ်ရှုပ်ထွေး သွားခဲ့ရတယ်။ ထိုဆေးလုံးနှစ်လုံးက အများဆုံးမှ မြေကမ္ဘာအထွတ်အထိပ်အဆင့် ဆေးလုံးတွေပါ။ အဲ့ဆေးလုံးတွေက သူတို့ရဲ့ ဒဏ်ရာကို ပိုမြန်မြန် သက်သာအောင် ဘယ်လိုလုပ်ပြီး ကူညီပေးနိုင်မှာလဲ။ သူတို့ သခင်လေးက ဘာကို ပြောချင်နေတာလဲ.
နှစ်ယောက်စလုံး တိတ်တဆိတ်နဲ့ ခေါင်းခါယမ်းလိုက်ကြပြီး သူတို့ရဲ့ သိချင်စိတ်ကို စိတ်ထဲမှာပဲ ဖိနှိပ်ထားလိုက်ကြတယ်။
“ပြန်သွားပြီး ဆေးထဲက စွမ်းအင်ကို သွားစုပ်ယူနှင့်တော့။ နည်းနည်းလေးတောင် အလဟဿ မဖြစ်သွားစေနနဲ့တော်” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်တယ်။
“ဟုတ်ကဲ့ပါ၊ သခင်ငယ်လေး” တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြပြီး မီးပုံဆီ ပြန်သွားဖို့ လုပ်လိုက်ကြတယ်။ ဒါပေမယ့် နှစ်ယောက်စလုံး သွားနေတာကို ရုတ်တရက် ရပ်တန့်လိုက်ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြတယ်။ တစ်ယောက် မျက်ဝန်းထဲက အဓိပ္ပါယ်ကို တစ်ယောက် နားလည်သွားပြီးနောက် ချက်ချင်း ရန်ကိုင်ဆီ ပြန်လှည့်လာလိုက်တယ်။
“ဟန်” ထိုနှစ်ယောက် ဘာပြောချင်နေမှန်း မသိတဲ့အတွက် ရန်ကိုင်က သူတို့ နှစ်ယောက်ကို စူးစမ်းဟန်နဲ့ ကြည့်လိုက်တယ်။
“သခင်ငယ်လေး” တုဖုန်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ် “ဒီတစ်ကြိမ် အမွေခံတိုက်ပွဲမှာ သွေးစစ်သည်တော်တွေကိုသာ ဝင်ပြိုင်ခိုင်းခဲ့ရင် ကျုပ်နဲ့ယုရှန်း သခင်ငယ်လေးဘက်ကနေ ကူပြီး ဝင်တိုက်နိုင်ဖို့ မျှော်လင့်ပါတယ်။ အစောင့်အကြပ်လို သုံးသုံး၊ ခိုင်းဘက် တစ်ခုခုလို သုံးသုံး၊ သခင်ငယ်လေး အနေနဲ့ ကျုပ်တို့ကို လက်ခံပေးဖို့ မျှော်လင့်ပါတယ်”
ရန်ကိုင်က မျက်တောင် ခတ်လိုက်ပြီး တုဖုန်း မျက်ဝန်း တည့်တည့် စိုက်ကြည့်လိုက်တယ်။ အချိန် အတော်ကြာ ကုန်ဆုံးသွားပြီးတဲ့ နောက်မှာတော့ ရန်ကိုင်က အူလှိုက်သည်းလှိုက် ရယ်မောလိုက်ပြီး ပြန်ပြောလိုက်တယ် “ငါကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံပေးရမှာပေါ့”
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ပြုံးလိုက်ကြပြီး ခပ်မြန်မြန်ပဲ ဒူးထောက်လိုက်ကာ “ကျုပ်တို့ နှစ်ယောက် သခင်ငယ်လေးကို သွေးစစ်သည်တော် ခန်းမကနေ စောင့်ကြိုနေပါ့မယ်”
“အင်း၊ ကျုပ် ကျိန်းသေ လာခဲ့မယ်” ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက် မတ်တပ်ရပ်လိုက်ကြပြီး ချက်ချင်း ပြန်ထွက်ခွါသွားလိုက်တယ်။ ရန်ကိုင်ရဲ့ တိုက်တွန်းမှုကြောင့် နှစ်ယောက်စလုံး နေရာတစ်ခု ရှာလိုက်ပြီး ဆေးလုံးထဲက စွမ်းအင်တွေကို စတင်စုပ်ယူပါတော့တယ်။
သွေးစစ်သည်တော် နှစ်ယောက် ရှိနေတဲ့ အရပ်ဆီ ကြည့်လိုက်ရင်း ရန်ကိုင်စိတ်ထဲ ကုလာဘုရား လှည့်နေခဲ့တယ်။
နောက်ဆုံး သွေးစစ်သည်တော် နှစ်ယောက်ကို ငါ့ဘက်ပါအောင် ဆွဲခေါ်နိုင်ခဲ့ပြီ
လမ်းတစ်လျှောက်လုံး ရန်ကိုင်က ပဉ္စလက်ဆန်ဆန် နည်းမျိုးစုံကို ထုတ်ပြခဲ့ပါတယ်။ သူ့ရဲ့ ထိတ်လန့်ဖွယ် မှော်ဆန်ဆန် အရည်အချင်း မျိုးစုံကို ထုတ်ပြနိုင်ခဲ့လို့သာ တုဖုန်းနဲ့ တန်ယုရှန်းတို့ရဲ့ အသိအမှတ် ပြုမှုကို ရန်ကိုင် ရရှိခဲ့တာပါ။
အမွေခံတိုက်ပွဲမှာ သွေးစစ်သည်တော်တွေကို ဝင်ပြိုင်ခိုင်းလား၊ မပြိုင်ခိုင်းဘူးလား ဆိုတာကို သူမသိသေးပေမယ့် ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းပါတယ်။
အကယ်၍ သွေးစစ်သည်တော်တွေကိုသာ ဝင်ပြိုင်ခိုင်းခဲ့ရင် သူ့မှာ သွေးစစ်သည်တော် နှစ်ယောက် ရှိနေခဲ့ပါပြီ။
ကောင်းကင်ထက်ကာ ကြယ်တာယာတွေကို မော့ကြည့်လိုက်ရင်း ရန်ကိုင် ပျော်ရွှင်စွာ ပြုံးလိုက်တယ်။ လာမယ့် အမွေခံတိုက်ပွဲကို သူလည်း တော်တော်လေး မျှော်လင့်နေမိပါတယ်။
ဒီညကတော့ တော်တော်လေး ငြိမ်းချမ်းနေခဲ့ပါတယ်။
နောက်တစ်နေ့ မိုးလင်းလာတဲ့ အချိန်၌ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း မျက်လုံးစုံ ဖွင့်လိုက်ကြတယ်။ သူတို့ မျက်ဝန်းထဲ တုန်လှုပ်ခြောက်ခြားမှုနှင့် ပျော်ရွှင်မှုတို့ ရောယှတ်နေခဲ့တယ်။
တစ်ညလောက် ကျင့်ကြံလိုက်တာနဲ့ သူတို့ရဲ့ ဒဏ်ရာတွေ အကုန်လုံး ပျောက်ကင်းသွားခဲ့ပါတယ်။ လဝက်လောက်ကြမှ အပြည့်အဝ ပြန်ကောင်းလာနိုင်မယ့် ဒဏ်ရာတွေက တစ်ရက်အတွင်းမှာပဲ အကုန်အစင် ပျောက်ကင်းသွားခဲ့ပါပြီ။
မြေကမ္ဘာအထွတ်အထိပ် အဆင့်လို့ ထင်မှတ်ရတဲ့ ဆေးလုံးကို သန့်စင်လိုက်သည့် အခါ သူတို့ကိုယ်ထဲ ဖြစ်ပျက်သွားသည့် နက်နဲတဲ့ အကျိုးသက်ရောက်မှုကို ပြန်စဉ်းစား မိလိုက်တဲ့ အချိန်မှာတော့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး အံ့လည်း အံ့အားသင့်မိသလို စိတ်လည်း ရှုပ်သွားခဲ့ပါတယ်။
ထိုဆေလုံးက မြေကမ္ဘာအထွတ်အထိပ်အဆင့် ဆေးလုံးဆိုတာ သံသယရှိစရာ မလိုပါဘူး။ သာမန် အခြေအနေ မျိုးမှာဆိုရင် သွေးစစ်သည်တော် နှစ်ယောက်အနေနဲ့ ထိုဆေးလုံးကို တစ်ချက်ကလေးတောင် လှည့်ကြည့်မိမှာ မဟုတ်ပါဘူး။ သူတို့ သခင်ငယ်လေး ကိုယ်တိုင် ပေးခဲ့တာကြောင့်သာ မဟုတ်ရင် ထိုဆေးလုံးကို သူတို့ ဘာလို့ သောက်ခဲ့ရမှာလဲ.
သူတို့မှာ ကိုယ်ပိုင် ကုသရေး ဆေးလုံးတွေ ရှိပါတယ်၊ ဆေးအားလုံးကလည်း ကောင်းကင် အထွတ်အထိပ်အဆင့် တွေချည်းပါပဲ။
ဒါပေမယ့် သူတို့ မျက်စိထဲတောင် မထည့်တဲ့ သာမန် မြေကမ္ဘာ အထွတ်အထိပ် အဆင့် ဆေးလုံးလေးတစ်လုံးက သူတို့ ဒဏ်ရာတွေကို တစ်ညအတွင်းမှာပဲ ပဉ္စလက်ဆန်ဆန် ပျောက်ကင်းသွားစေခဲ့ပါတယ်။ ဆေးစွမ်းက သူတို့သွေးကြောနဲ့ ခန္ဓာကိုယ်တစ်လျှောက် လေညင်းတစ်ခုအလား ဖြတ်သန်းသွားခဲ့ပြီး တိုက်ပွဲတုန်းက ရခဲ့တဲ့ ဒဏ်ရာတွေကို သက်သာသွားစေခဲ့ ရုံသာမက ဒဏ်ရာဟောင်းတွေကိုပါ ကုစားပေးသွားခဲ့ပါတယ်။
သွေးစစ်သည်တော်တွေက တိုက်ပွဲအတွက် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးခြင်း ခံခဲ့ရတာပါ။ ရင်ကျက်ပြီး အတွေ့အကြုံ ပြည့်ဝတဲ့ သွေးစစ်သည်တော် တစ်ယောက် ဖြစ်လာဖို့အတွက် သေရေး၊ ရှင်းရေး တိုက်ပွဲများစွာကို သူတို့ ရင်ဆိုင်တိုက်ခိုက် ခဲ့ရပါတယ်။ တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့တော့ ဒဏ်ရာများစွာလည်း ရခဲ့မှာ အသေအချာပါပဲ။ အချို့ဒဏ်ရာတွေက အရှင်း ပျောက်ကင်းသွားသလို အချို့ဒဏ်ရာတွေကတော့ အကင်းမသေသေးပဲ သူတို့ကိုယ်ထဲ အမြစ်တွယ် ကျန်ရစ်နေခဲ့ပါတယ်။ အချိန်အတွေ ကြာလာတော့ ထိုကဲ့သို့ ဒဏ်ရာတွေက တဖြည်းဖြည်း တိုးများလာခဲ့ပါတယ်။
သာမန် ကုသရေး ဆေလုံးတွေက ထိုအတွင်းဒဏ်ရာတွေကို မပျောက်ကင်းစေနိုင်ပါဘူး။ အလွန်အမင်း ရှားပါးပြီး အဖိုးတန်တဲ့ ဆေးတွေနဲ့ အချိန်အတော်ကြာအောင် ကုသမှသာ ထိုအတွင်း ဒဏ်ရာတွေကို အမြစ်ဖြတ် ကုသနိုင်မှာပါ။
ဒါပေမယ့် သူတို့လို သွေးစစ်သည်တော်တွေမှာ အနားယူဖို့ အချိန် များများစားစား မရှိပါဘူး။
တုဖုန်းဆိုရင် သူအစစ်အမှန်ချီကို လှည့်ပတ်လိုက်တဲ့ အချိန်တိုင်း သူ့နံရိုးအောက်ခြေနားက အမြဲနာကျင်ရပါတယ်။ ဒါပေမယ့် ထိုနာကျင်မှုကို သူလျစ်လျူရှုထားခဲ့ပါတယ်။
တန်ယုရှန်း ဆိုရင်လည်း သူမ ဒေါသထွက်လာတဲ့ အချိန်တိုင်း သူမနှလုံးက အောင့်အောင့် တက်လာပါတယ်။ ဘာလို့ ထိုကဲ့သို့ ဖြစ်ရလဲ ဆိုတော့ တန်ယုရှန်း အရင်တုန်းက အဆိပ်မိခဲ့ဖူးပါတယ်။ ဒါပေမယ့် ထိုအဆိပ်ကို အမြစ်ဖြတ် မကုသနိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ အခုလိုမျိုး ဖြစ်လာခဲ့ရတာပါ။
ထိုအတွင်းဒဏ်ရာလေးတွေက သူတို့ရဲ့ တိုက်ပွဲစွမ်းရည်ကို မသက်ရောက်သလို အစစ်အမှန် လှည့်ပတ်ခြင်းကိုလည်း မသက်ရောက်ပေမယ့် ထိုကဲ့သို့ အတွင်းဒဏ်ရာတွေသာ များလာခဲ့မယ် ဆိုရင် သူတို့ရဲ့ တိုက်ပွဲစွမ်းရည်ကို သက်ရောက်လာနိုင်တယ် ဆိုတာကို နှစ်ယောက်စလုံး သိထားကြပါတယ်။ အခပ်မသင့်ရင် အတွင်းဒဏ်ရာ များစွာကြောင့် မရဏလမ်း စောစောမြန်း ရနိုင်ပါတယ်။
ဒါပေမယ့် အခုတော့ သူတို့ရဲ့ တိုက်ပွဲဒဏ်ရာတွေ အကုန်လုံး သက်သာသွားရုံမကလို့ သူတို့ကိုယ်ထဲ နှစ်ပေါင်းများစွာ ကြာအောင် တည်ရှိနေခဲ့တဲ့ အတွင်းဒဏ်ရာတွေ အကုန်လုံးပါ သက်သာ ပျောက်ကင်းသွားခဲ့လေပြီ။
ဒါက မြေကမ္ဘာအထွတ်အထိပ်အဆင့် ဆေးလုံးတစ်လုံးရဲ့ အစွမ်းလား။
ထိုအချိန်မှာပဲ သူတို့ သခင်ငယ်လေး ပေးခဲ့တဲ့ မြေကမ္ဘာအထွတ်အထိပ်အဆင့် ဆေးလုံးက အခြားဆေးလုံးတွေနဲ့ မတူပဲ တစ်ခုခု ထူးခြားနေတယ် ဆိုတာကို သွေးစစ်သည်တော် နှစ်ယောက်စလုံး နားလည်သွားလိုက်ကြတယ်။ မဟုတ်ရင် သူတို့ရဲ့ အတွင်းဒဏ်ရာတွေကို မပြောနဲ့၊ အစောပိုင်း တိုက်ပွဲတုန်းက ရခဲ့တဲ့ ဒဏ်ရာတွေကိုတောင် သက်သာ သွားစေနိုင်မှာ မဟုတ်ပါဘူး။
ထိုဆေးလုံး နှစ်လုံးထဲ အလွန်အမင်း အဖိုးတန်တဲ့ ရှားပါရတနာတွေ ပါဝင်နေရပါမယ်။
အချိန်အတော်ကြာ သွားတော့မှပဲ နှစ်ယောက်စလုံး ထိတ်လန့် အံ့အားသင့်နေရာမှာ အသိပြန်ဝင်လာခဲ့တယ်။ ရန်ကိုင်ကို ပိုပြီး ကျေးဇူးတင်မိလိုက်သလို သူတို့ စိတ်ထဲ ခံစားနေရသည့် အပြစ်ရှိတဲ့ ခံစားချက်တို့ကလည်း ပိုပြီး ပြင်းထန်လာခဲ့တယ်။
Martial Peak
အပိုင်း(၃၈၉) ကျင့်ကြံခြင်းလောကကြီးရဲ့ အကြီးမားဆုံး မြို့တော်
ရန်ကိုင် စောစောနိုးလာခဲ့တယ်။ သူတစ်ညလုံး မအိပ်ခဲ့ဘူးလို့ ပြောရင်တောင် မှားမယ် မထင်ပါဘူး။
သွေးစစ်သည်တော် နှစ်ယောက်က သူတို့ရဲ့ ဒဏ်ရာတွေကို ပြန်ကုစား နေခဲ့တယ်။ ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်က မိန်းကလေးတွေ ဖြစ်တဲ့အတွက် ကင်းစောင့်ဖို့ တာဝန်က သူ့ဆီ ရောက်လာခဲ့ပါတယ်။
ရန်ကိုင်ကို ကြည့်ရင်း သွေးစစ်သည်တော် နှစ်ယောက်စလုံးရဲ့ စိတ်ထဲ နွေးထွေးသွားခဲ့တယ်။
ရန်ကိုင်ကို ကျေးဇူးတင်စကား ပြောဖို့ လုပ်နေစဉ်မှာပဲ ရန်ကိုင်က သူတို့ဆီ လှည့်ကြည့်လာလိုက်ပြီး “အနီးအနားမှာ ဘယ်အင်အားစုတွေ ရှိလဲ’
တုဖုန်းက ခဏလောက် စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်တယ် “ကျုပ် မှတ်မိသလောက် ဆိုရင် ဒီနားတစ်ဝိုက်ကို ရှန်ယွမ်မြို့က အုပ်ချုပ်နေတာ ဖြစ်လောက်မယ်”
ရှန်ယွမ်မြို့က မြို့တစ်မြို့ရဲ့ နာမည်ဖြစ်သလို အင်အားစု တစ်ခုရဲ့ နာမည်လည်း ဖြစ်ပါတယ်။
“ရှန်ယွမ်မြို့ရဲ့ အင်အားက ဘယ်အဆင့်မှာ ရှိလဲ” ရန်ကိုင်က မျက်မှောင်ကြုံ့ပြီး ထပ်မေးလိုက်တယ်။
“ပထမအဆင့် အင်အားစုပါ၊ သခင်ငယ်လေး ဘာလို့ မေးတာလဲ” ရှန်ယွမ်မြို့တော်ကို ရန်ကိုင် ဘာလို့ ရုတ်တရက်ကြီး စိတ်ဝင်းစားနေမှန်း တုဖုန်း နားမလည်ခဲ့ပါဘူး။
တုဖုန်းရဲ့ မေးခွန်းကို ကြားလိုက်တာနဲ့ ရန်ကိုင်က အပြုံးကြီး ပြုံးပြလိုက်တယ်။ ကောက်ကျစ်တော့မယ့် အရိပ်အယောင်တို့ ရန်ကိုင် မျက်နှာထက် ထွက်ပေါ်လာခဲ့တယ်။
ချူရီမန်က မျက်ခွံလေး လှန်လိုက်ပြီး ခါးခါးသီးသီးနဲ့ ပြောလိုက်တယ် “သူက ငွေညစ် ခြိမ်းခြောက်ဖို့ နောက်ထပ် သားကောင် တစ်ကောင် ရှာနေတာလေ”
“အခြေအနေတွေက ငါ့ကို လုပ်အောင် တွန်းအား ပေးနေတာကို။ ငါလည်း အလိုက်သင့် လိုက်လုပ်ပေးရတာပေါ့” ရန်ကိုင်က ပုခုံးတွန့်ပြလိုက်တယ်။
ရန်ကိုင်က အရှက်မရှိ ငြင်းဆန်နေတာကို မြင်တော့ သွေးစစ်သည်တော် နှစ်ယောက်စလုံးရဲ့ အမူအရာ ရှုံ့မဲ့သွားခဲ့တယ်။
ဒါပေမယ့် မီတာတစ်ထောင် အဝေးမှာ ရှိနေတဲ့ လူမိသားစုတောင် ရန်ကိုင် သားကောင် ဖြစ်သွားခဲ့ရတာကို အနားမှာ ရှိနေတဲ့ ရှန်ယွမ်မြို့ကကော ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်ပါ့မလဲ။
တကယ်တော့ ရန်ကိုင်က ရှန်ယွမ်မိသားစုရဲ့ ပိုင်နက်အတွင်းမှာ တိုက်ခိုက်ခံရတာလေ။ အဲ့တော့ ရှန်ယွမ်မိသားစု အနေနဲ့ အနည်းနဲ့ အများတော့ တာဝန်ယူရပါလိမ့်မယ်။
“ရှန်ယွမ်မြို့တော်ဆီ ငါတို့ စာတစ်စောင် ပို့သင့်လား” တုဖုန်းက ထိုကဲ့သို့ ကိစ္စမျိုးနဲ့ အတွေ့အကြုံ ရှိတဲ့ ပုံပါပဲ။ သူ့အသံ စိတ်အားထက်သန်သည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့ပြီး “သခင်ငယ်လေးသာ ဆန္ဒရှိရင်၊ ကျုပ်အခုပဲ သွားလိုက်မယ်လေ။ သူတို့ကို ပြန်ပြီး ငြင်းဆန်ရဲလား ဆိုတာကို ကြည့်ရသေးတာပေါ့”
တန်ယုရှန်းလည်း တုဖုန်းနဲ့ လိုက်သွားချင်နေတဲ့ ပုံပါပဲ။ သူမ မျက်နှာထက် စိတ်အားထက်သန်သည့် အရိပ်အယောင်တို့ ထွက်ပေါ်နေခဲ့တယ်။
“မလိုပါဘူး၊ ဒီလိုကိစ္စကြီးတွေက သူတို့နားထဲ မရောက်ပဲ မနေဘူး” ရန်ကိုင်က ခေါင်းခါလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ ပြောလိုက်တယ် “ကောင်းပြီ၊ သွားကြစို့။ ကျုပ်တို့ ရက်တော်တော်များများ နောက်ကျနေခဲ့ပြီ။ ဒီနှစ်အတောအတွင်း ဗဟိုမြို့တော်က ဘယ်လိုတွေ ပြောင်းလဲသွားလဲ ဆိုတာကို ကျုပ်လည်း တော်တော်လေး သိချင်နေတာ”
“စီနီယာတို့ရဲ့ ဒဏ်ရာတွေကော အဆင်ပြေလား။ ရက်နည်းနည်းလောက် ထပ်နားချင်သေးလား” ချူရီမန်က မျက်မှောင်ကြုံ့လိုက်ပြီး စိုးရိမ်နေတဲ့ လေသံနဲ့ မေးလိုက်တယ်။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် မဲ့ပြုံးပြုံးပြလိုက်ကြပြီး ခေါင်းခါယမ်းလိုက်ကာ အမြန်အဆန်ပဲ ပြန်ပြောလိုက်တယ် “မလိုတော့ပါဘူး”
သူတို့တွေက ထပ်မနားချင်တော့ဘူး ဆိုမှတော့ သူမလည်း ဆက်ပြီး တိုက်တွန်းမနေတော့ပါဘူး။
တိမ်သွားမြင်းတွေ မရှိတော့တဲ့အတွက် သူတို့အနေနဲ့ ပျံသန်းပြီး သွားမှပဲ ရပါတော့မယ်။ ထို့ကြောင့် သူတို့ရဲ့ အမြန်နှုန်းကလည်း တော်တော်လေး ထိုးကျသွားခဲ့တယ်။
တစ်ရက်ကြာပြီးနောက် ဂျူနီယာသုံးယောက်ကြားက ခွန်အား ခြားနားချက်က သိသာလာခဲ့တယ်။ ရန်ကိုင်က တစ်နေ့လုံး ပျံသန်းပြီးတာတောင် သူ့မျက်နှာထက် မောပန်းသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။
ချူရီမန်ကတော့ အနည်းငယ် မောပန်းစ ပြုလာခဲ့တယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်နောက် အမှီလိုက်ဖို့အတွက် သူမ အနေနဲ့ ချီစွမ်းအင် တော်တော်လေး သုံးစွဲခဲ့ရပါတယ်။
လော့ရှောင်မန်ရဲ့ မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့ပြီး သူမ နဖူးတစ်ခုလုံး ချွေးစို့နေခဲ့တယ်။ သူမ အသက်ရှုလိုက်တိုင်း ယုန်ဖြူဖြူကြီး နှစ်ကောင်က ခုန်ဆွခုန်ဆွ လုပ်နေခဲ့ကာ မြင်သူ ပုရိသယောကျာ်းတိုင်း နှာခေါင်းသွေး လျှံသွားလောက်ပါတယ်။
ဒါပေမယ့် တစ်ချက်ကလေးတောင် အထွန့်မတက်ပဲ အားလုံးနောက်ကနေ အံကြိတ်လိုက်ပါနေခဲ့ပါတယ်။
တန်ယုရှန်းက သူမရဲ့ ပုံစံကို မကြည့်ရက်တော့လို့ အကူအညီ ပေးခဲ့တာကြောင့်သာ မဟုတ်ရင် လော့ရှောင်မန် အနေနဲ့ အားလုံးနောက် ပြတ်ကျန်ခဲ့မှာပါ။
ရန်ကိုင်တို့ အဖွဲ့က ချောင်ကျတဲ့ လမ်းတွေကနေ ဖြတ်သန်းသွားလာ နေခဲ့တယ်။ လမ်းတစ်လျှောက်လုံး မည်သည့် အန္တရာယ်မှ သူတို့ ထပ်မကြုံ တွေ့ခဲ့ရတော့ပါဘူး။ သူတို့တွေက ညဘက်တွင် အနားယူပြီး မနက်ရောက်တာနဲ့ ခရီးထွက်ကြပါတယ်။
ရှစ်ရက်ကြာပြီးနောက် ဧရာမမြို့ကြီးတစ်မြို့ကို အားလုံး မြင်တွေ့လိုက်ရတယ်။
ဗဟိုမြို့တော် …
ထိုနေရာက ကမ္ဘာကြီးရဲ့ အလယ်ဗဟို တစ်ခုလို ထင်မှတ်ရတယ်။ ဗဟိုမြို့တော်က ဘယ်လောက်တောင် ကြီးမားလဲ ဆိုတာကို ပြောရခက်ပါတယ်။ မီတာတစ်ရာ အကွာအဝေးကတောင် မြို့ရဲ့ အနားသတ်တွေကို လှမ်းမြင်နေရပါပြီ။
ထိုမြို့ကြီးနဲ့ ယှဉ်လိုက်ရင် သူတို့က အလွန်အမင်းကို သေးနုပ်သွားခဲ့ပါတယ်။
ဗဟိုမြို့တော် အကြောင်း တွေးလိုက်တာ၊ လူတိုင်းက စကားပုံတစ်ခုကို အလိုလို သတိရမိလိုက်ကြမှာပါ။
မြောက်မှာ တောင်သို့တိုင်အောင်၊ ဤသည်သာ ဒီလောကကြီးရဲ့ အကြီးမားဆုံး မြို့တော်ပဲ…
တောင်ဘက် အစွန်ဖျားကနေ မတ်တပ်ရပ်နေရင် မြောက်ဘက် အစွန်းဖျားကို လှမ်းမမြင်နိုင်ပါဘူး၊ ဗဟိုမြို့တော် တစ်ခုလုံးက အဆုံးမရှိ ယှတ်ဖြာနေတဲ့ လမ်းတွေ၊ အဆောက်အအုံတွေ၊ များပြားလှတဲ့ လူတွေနဲ့ ပြည့်နေခဲ့တယ်။
မြို့တစ်ဖက်ခြမ်း၌ မိုးကြိုးတွေပစ်၊ လျှပ်စီးတွေ လက်နေပေမယ့် မြို့ရဲ့ အခြားတစ်ဖက် ခြမ်းမှာတော့ နေသာပြီး တိမ်ကင်းစင်နေနိုင်ပါတယ်။
အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေတောင် မြို့တစ်ဖက်ခြမ်းကနေ အခြားတစ်ဖက်ကို ပျံသန်းသွားမယ်ဆိုရင် အနည်းဆုံး၂နာရီ၊ ၃နာရီလောက် ကြာနိုင်ပါတယ်။
ထိုအချက်ကို ကြည့်ရုံနဲ့တင် ဗဟိုမြို့တော် ဘယ်လောက် ကြီးမားလဲ ဆိုတာကို အထင်းသား သိနိုင်ပါတယ်။
ကျင့်ကြံခြင်း လောကကြီးရဲ့ အကြီးမားဆုံးမြို့တော်၊ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ပါတယ်။
နိုင်ငံငယ်လေး တစ်ခုတောင် မြို့ထဲမှာ အခြေတည်ထား နိုင်မှတော့ မြို့တစ်ခုလုံး ဘယ်လောက်တောင် ကြီးမားလဲ ဆိုတာ စိတ်ကူးလို့တောင် မရနိုင်တော့ပါဘူး။ သမိုင်းမှတ်တမ်းတွေ အရတော့ ဗဟိုမြို့တော်က ထိုသမိုင်းမှတ်တမ်းကို ဖန်တီးခဲ့တဲ့ အချိန်ကတည်းက စတင် ဖြစ်တည်လာခဲ့တာပါ။ အချိန်တွေ ကြာလာတာနဲ့အမျှ ဗဟိုမြို့တော်ရဲ့ မိသားစုကြီး ရှစ်ခုရဲ့ လက်အောက်မှာ မြို့ကြီးက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရာစုနှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီးနောက် မှာတော့ ဗဟိုမြို့တော်က အခုအတိုင်းအတာ အထိ တိုးတက်စည်ကားကျယ်ပြန့် လာခဲ့ပါတော့တယ်။
အဖွဲ့သားငါးယောက်က မြို့ပြင်ဘက်ကနေ ဗဟိုမြို့တော်ကို လှမ်းမျှော်ကြည့်နေခဲ့တယ်။
“မွေးကတည်းက ဒီမြို့မှာ နေလာတာ ဆိုပေမယ့် အခုလို ငေးကြည့်မိလိုက်တိုင်း ဒီမြို့တော်ကြီးကို မချီးကျူးပဲ မနေနိုင်ဘူး” တန်ယုရှန်းက ခံစားချက် အချို့နဲ့ ပြောုလိက်တယ်။
အသစ်ရောက်လာတဲ့ လူတွေဖြစ်ဖြစ်၊ မြို့ခံတွေပဲ ဖြစ်ဖြစ်၊ ဒီဗဟိုမြို့တော်ကြီးကို သူတို့အနေနဲ့ မလေးစား၊ အားမကျပဲ မနေနိုင်အောင် ဖြစ်ရပါတယ်။
နှစ်ပေါင်းများစွာ ကွဲကွာလာခဲ့ရတဲ့ မြို့တော်ကြီးကို ကြည့်ရင်း ရန်ကိုင် အမူအရာက တည်ငြိမ်လို့ နေခဲ့တယ်။ သူ့ကို စောင့်နေတဲ့ မိသားစုအကြောင်း တွေးလိုက်မိမှပဲ ရန်ကိုင် နှလုံးခုန်သံ မြန်ဆန် လာခဲ့ပါတယ်။
ချူရီမန်က သူမဆံပင်ကို နားရွက်နောက် သပ်တင်လိုက်ပြီး ရန်ကိုင် ဘက်လှည့်ကာ ပြောလိုက်တယ် “ရှောင်မန်နဲ့ငါက ဒီကနေပဲ ခွဲထွက်သွားတော့မယ်။ အခုအချိန်မှာသာ နင်နဲ့ငါကို အတူတွဲ တွေ့သွားမယ်ဆိုရင် နားလည်မှုလွဲမှားတာတွေ ဖြစ်လာနိုင်တယ်”
“အင်း” ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
တုဖုန်းက ရုတ်တရက် ကောက်ပြုံးလိုက်ပြီး ချူရီမန်ဘက် လှည့်ကာ “မိန်းကလေးချူ၊ ဒီတစ်ကြိမ် အမွေခံတိုက်ပွဲ မိန်းကလေးရဲ့ ချူမိသားစုက သခင်ငယ်လေးဘက်မှာ ရပ်တည်ပေးမှာလား”
ချူရီမန်က ပြန်ပြုံးပြလိုက်ပြီး ရန်ကိုင်ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “ကျွန်မက ရှင်တို့ သခင်ငယ်လေးနဲ့ အသိအကျွမ်းတွေ ဆိုပေမယ့် အမွေခံတိုက်ပွဲက အရမ်းကို အရေးကြီးလွန်းတယ်။ အဲ့တော့ ကျွန်မ အနေနဲ့ မဆင်မခြင် ဆုံးဖြတ်ချက် ချလို့မရဘူး။ သေသေချာချာ စဉ်းစားပြီးတော့မှပဲ ဆုံးဖြတ်ရလိမ့်မယ်”
“ဘာတွေ စဉ်းစားစရာ ရှိသေးလို့လဲ” တန်ယုရှန်းက ပြုံးလိုက်ပြီး သံကိုပူတုန်း ထုရိုက်လိုက်တယ် “သခင်ငယ်လေးအပြင် မိန်ကလေးချူက အခြားရန်သခင်လေးတွေနဲ့ သိလို့လား။ ပြီးတော့ သူတို့ အကြောင်းကိုကော သေသေချာချာ သိထားလို့လား။ ချူမိသားစုက သူတို့ထဲက တစ်ယောက်ကိုသာ ထောက်ပံ့ပေးခဲ့ရင် သိပ်ပြီးတော့ မသင့်တော်ဘူးလားလို့။ သခင်မလေးတို့ ချူမိသားစုက သခင်ငယ်လေးကို ထောက်ပံ့ပေးလို့ အမွေခံတိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့မယ် ဆိုရင်တောင် ချူမိသားရဲ့ အမွေအနှစ်ကို ထိခိုက်မှာမှ မဟုတ်တာ။ ဒါပေမယ့် သခင်ငယ်လေးလို လူတစ်ယောက်ကို ထောက်ပံ့ပေးခဲ့ရင် မိန်းကလေးချူ အနေနဲ့ ကျိန်းသေ နောင်တရလိမ့်မှာ မဟုတ်ဘူး”
ချူရီမန်က ရန်ကိုင်ကို ပြုံးပြီး ကြည့်လိုက်တယ်။ ရန်ကိုင် တစ်ခုခု ပြောမှာကို သူမ စောင့်နေပါတယ်။
ဒါပေမယ့် အချိန် တော်တော်ကြာအောင် စောင့်ပြီးတာတောင် ရန်ကိုင်က စကားလေးတစ်ခွန်းမှ ပြောမလာတော့ ချူရီမန်က စိတ်ပေါက်ပေါက်နဲ့ သက်ပြင်းချပြီး ပြန်ပြောလိုက်တယ် “အားလုံးက ရှင်တို့ သခင်ငယ်လေးရဲ့ လုပ်ဆာင်မှုအပေါ် မူတည်လိမ့်မယ်”
ထိုစကားက အဓိပ္ပါယ် နှစ်မျိုး သက်ရောက်နေခဲ့ပါတယ်။
သူ့ရဲ့ လုပ်ဆောင်မှုက သူမရှေ့မှာ လုပ်ဆောင်ပြတာကို ပြောတာလား၊ အမွေခံတိုက်ပွဲမှာ စွမ်းဆောင်ပြတာကို ပြောတာလား။
လျှို့ဝှက်ချက်ကြီး တစ်ခုကို ကြားသိလိုက်ရသည့် အလား တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ရဲ့ အမူအရာ တစ်မျိုးတစ်မည် ထူးဆန်းသွားခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့ရဲ့ အကြည့်က ချူရီမန်ဆီ ရောက်ရှိလာခဲ့တယ်။
ကံမကောင်းစွာနဲ့ ချူရီမန်ရဲ့ မျက်နှာထားက နည်းနည်းလေးတောင် ပြောင်းလဲမသွားခဲ့ပါဘူး။ ခံစားချက် မရှိသည့် အမူအရာနဲ့သာ ရန်ကိုင်ကို စိုက်ကြည့်နေခဲ့တယ်။
တုဖုန်းက မီးလောင်ရာ လေပင့်ဖို့ ကြိုးစားလိုက်တယ်။ သူမျက်နှာထက် အဓိပ္ပါယ်ပါသည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး “သခင်ငယ်လေးနဲ့ သခင်မလေးချူ တို့သာ ပူးပေါင်းလိုက်မယ်ဆိုရင် လုံးဝကို ပြိုင်ဘက်ကင်းသွားမှာ အသေအချာပဲ။ အနာဂတ်ကျရင် ဗဟိုမြို့တော် တစ်ခုလုံး သခင်ငယ်လေးနဲ့ သခင်မလေးချူတို့ရဲ့ ထိန်းချုပ်မှုအောက် ရောက်လာမှာ။ သခင်လေးနဲ့ သခင်မလေးချူတို့ နှစ်ယောက်စလုံး အခုချက်ချင်း အတွဲတွေ ဖြစ်သွားရင်တောင် အဲ့ဒါက အပြစ်တစ်ခု မဟုတ်ဘူး…”
တန်ယုရှန်းက ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်တယ် “ကျွန်မလည်း အဲ့လိုပဲ ထင်တယ်။ သခင်မလေးချူအနေနဲ့ တုန့်ဆိုင်းနေစရာ မလိုပါဘူး”
“ဟင်း…” ချူရီမန်က ထိုစကားလုံး နောက်ကွယ်က အဓိပ္ပါယ်ကို နားမလည်သလို ဟန်ပန်နဲ့ ပြုံးလိုက်တယ်။ နည်းနည်းလေးတောင် အသားနီမသွားခဲ့သလို သူမမျက်နှာထက် ရှက်ရွံ့သည့် အရိပ်အယောင် စိုးစဉ်းကိုမျှ မတွေ့ရပါဘူး။ သူမရဲ့ အကြည့်က ရန်ကိုင် ဆီကိုသာ ရောက်ရှိနေခဲ့တယ်။
တုဖုန်းက တစ်ခုခု ထပ်ပြောဖို့ လုပ်နေစဉ်မှာပဲ ရန်ကိုင်က ရုတ်တရက် ကြားဖြတ်ပြောလိုက်တယ် “အဲ့အချိန်ကျရင် ငါတို့ နောက်တစ်ကြိမ် ထပ်တွေ့ဖို့ မျှော်လင့်ပါတယ်”
ပြောပြီးတာနဲ့ ရန်ကိုင်က လမ်းလျှောက်ထွက်သွားလိုက်တယ်။
တုဖုန်းနဲ့ တန်ယုရှန်းတို့က ရန်ကိုင်အတွက် မဟာမိတ်ကြီးတစ်ခု ရနိုင်မယ့် အခွင့်အရေး ဖန်ပေးလိုက်ပေမယ့် ရန်ကိုင်ကတော့ ပြောချင်ရာပြောပြီး ထွက်သွားခဲ့ပါတယ်။ အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ သူတို့ နှစ်ယောက်စလုံး မထင်ထားခဲ့ပါဘူး။
သွေးစစ်သည်တော် နှစ်ယောက်စလုံး ခဏလောက် ငေးကြောင်ကြောင်နေခဲ့ပြီးနောက် ချူရီမန်ကို အလျင်စလို လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး ရန်ကိုင်နောက် ပြေးလိုက်သွားလိုက်တယ်။
အလျင်အမြန် ပျောက်ကွယ်သွားတဲ့ ရန်ကိုင် ကျောပြင်ကို ကြည့်ရင် ချူရီမန်က နေရာမှာပဲ ငေးကြောင် ရပ်နေမိလိုက်တယ်။ အချိန်တော်တော် ကြာသွားတော့မှပဲ သူမ အသိပြန်ဝင်လာခဲ့တယ်။ ရန်ကိုင် ဒီလောက်အထိ ပြတ်သားလိမ့်မယ်လို့ ချူရီမန် မထင်မှတ်ထားခဲ့ပါဘူး။
“ဒီကောင်ဂ လော့ရှောင်မန်က မကျေမနပ်နဲ့ ပြောလိုက်တယ် “သူအရမ်း ရိုင်းတာပဲ။ ဒီလောက် အကြာကြီး ခရီးအတူတူ သွားခဲ့တာတောင် နှုတ်ဆက်စကားလေး တစ်ခွန်းတောင် မပြောပဲ ထွက်သွားတယ်”
ချူရီမန်ရဲ့ မျက်ဝန်းထဲ တွေးတောနေသည့် အရိပ်အယောင်တို့ အထင်းသာ ထင်ဟပ်နေခဲ့တယ်။
သူသတိထားမိသွားတာလား
သူ သတိထားမိသွားတာပဲ ဖြစ်ရမယ်၊ မဟုတ်ရင် အခုလိုမျိုး ဘာမှမပြောပဲ ထွက်သွားခဲ့မှာ မဟုတ်ဘူး
ဒီကောင်၊ သူ့ကို အရူးလုပ်ဖို့ တကယ်ကို မလွယ်ဘူးပဲ
“အစ်မချူ၊ နင်ဒေါသ မထွက်ဘူး” လော့ရှောင်မန်က နှုတ်ခမ်းလေးဆူ၊ ခြေဆောင့်ရင်း ချူရီမန်ကို ပြောလိုက်တယ် “အစ်မချူကို လျစ်လျူရှုပြီး ဘယ်လိုလုပ်ပြီး ဒီအတိုင်း ထွက်သွားနိုင်ရတာလဲ”
“စိတ်ထဲမထားနဲ့တော့” ချူရီမန်က သက်ပြင်းဖျော့ဖျော့လေး ချလိုက်တယ်။ ထို့နောက် လော့ရှောင်မန်ရဲ့ လက်ကို ဆွဲကိုင်ပြီး “ငါတို့ ချူမိသားစုဆီ ပြန်ကြတာပေါ့”
“အို၊ အင်း”
“အိမ်ရောက်တာနဲ့၊ နင့်ကို စိတ်မပူဖို့ ခရမ်းဖန်းတောင်ကြားဆီ စာတစ်စောင် ရေးပို့လိုက်”
“အင်း၊ အဲ့လိုပဲ လုပ်လိုက်မယ်”
“စီနီဘာအစ်ကို ဖန်ဟောင်ကို မတွေ့ရတာကြတော့ နင်သူ့အကြောင်း ကြီးပဲ တွေးနေမိတယ်မလား” ချူရီမန်က ပြုံးကာ မေးလိုက်တယ်။ ရန်ကိုင် ပြောခဲ့တဲ့ စကားကို ပြန်မတွေးမိအောင် ချက်ချင်းပဲ ခေါင်းစဉ် တစ်ခုရှာလိုက်တယ်။
“အား… မဟုတ်ပါဘူး…” လော့ရှောင်မန်က အသာအယာလေး ခေါင်းခါလိုက်ပြီး ရှက်ရှက်နဲ့ ပြန်ပြောလိုက်တယ် “ဘာကြောင့်လဲတော့ မသိဘူး၊ အပြင်ရောက်နေတဲ့ အချိန်အတွင်း သူ့အကြောင်း နည်းနည်းလေးတောင် မတွေးဖြစ်ဘူး”
“ဘာလို့လဲ ဆိုတော့ နင်က အပြင်ကမ္ဘာကြီးရဲ့ အံ့အားသင့်ဖွယ်ရာ တွေကို မြင်တွေ့ခံစား လိုက်ရတာကိုး”
မိန်းကလေး နှစ်ယောက်စလုံးက လွန်ခဲ့တဲ့ တစ်နှစ်ကမှ စသိခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကောင်းကင်စံအိမ်ဆီ သွားတဲ့ ခရီးစဉ် စလိုက်ကတည်းက စွန့်စားခန်းတွေ တစ်ခုပြီးတစ်ခု သူမတို့ ကြုံတွေ့ခဲ့ရပါတယ်။ တစ်ကြိမ်စီတိုင်းမှာလည်း ထူးခြားဆန်းကြယ်မှု အဖုံဖုံနဲ့ အန္တရာယ်များစွာကို ရင်ဆိုင် ကြုံတွေ့ခဲ့ရတယ်။ ထိုအချိန် အတောအတွင်း သူမတို့ နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် ခဏလေးတောင် မခွဲခွါခဲ့ကြပါဘူး။ ထို့ကြောင့် အခုဆိုရင် သူမတို နှစ်ယောက်ကြားက ဆက်ဆံရေးက သာမန်ညီအစ်မတွေထက်တောင် ပိုပြီး ခိုင်မြဲနေပါပြီ။ နှစ်ယောက်စလုံးက အချင်းချင်းကို သွေးသောက် ညီအစ်မတွေလို့ သတ်မှတ်ထားကြတာပါ။
ဒါကြောင့် ချူရီမန်ပြောခဲ့တဲ့ စကားနဲ့ ပက်သက်ပြီး လော့ရှောင်မန်က နည်းနည်းလေးတောင် ပြန်ငြင်းဆိုဖို့ မကြိုးစားခဲ့တာပါ။
ရန်ကိုင်နဲ့ သွေးစစ်သည်တော် နှစ်ယောက်ကတော့ ဗဟိုမြို့တော် တောင်ဘက်ဆီ ခရီးအပြင်းနှင်နေခဲ့တယ်။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကတော့ ရန်ကိုင် နောက်ကနေ လမ်းလျှောက်လိုက်နေခဲ့တယ်။ ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူတို့စိတ်ထဲ သံသယတစ်ခုခု ရှိနေတယ် ဆိုတာကို မျက်နှာ ကြည့်ပြီးတောင် ပြောလို့ ရပါတယ်။ သူတို့ သခင်ငယ်လေးက ချူမိသားစုကို သူ့ဘက်ပါအောင် ဆွဲခေါ်ဖို့ ဘာလို့ မကြိုးစားလဲ ဆိုတာကို သွေးစစ်သည်တော် နှစ်ယောက် နားမလည်နိုင် ဖြစ်နေခဲ့တယ်။
လူမိသားစုကို မျက်လုံးထဲ မထည့်တာကို သွေးစစ်သည်တော် နှစ်ယောက် အဲ့လောက်ကြီး ဂရုစိုက်မနေပါဘူး။ ဒါပေမယ့် ချူမိသားစုကတော့ ကွဲပြားသွားပါပြီ။ ချူမိသားစုက မိသားစုကြီး ရှစ်ခုထဲက တစ်ခုဖြစ်တဲ့အတွက် ရန်ကိုင်ကိုသာ ချူမိသားစုက ထောက်ပံ့ပေးလိုက်မယ် ဆိုရင် သူ့အင်အားက သိသိသာသာကို တိုးတက်များပြား သွားမှာပါ။
ပြီးတော့ ချူမိသားစုထဲ ချူရီမန်ရဲ့ အဆင့်အတန်းက မနိမ့်ကျပါဘူး။ ချူရီမန်က သူ့ကို ထောက်ခံဖို့ သဘောတူလိုက်တာက ချူမိသားစုက သူ့ကို ထောက်ခံဖို့ သဘောတူလိုက်တာနဲ့ အတူတူပါပဲ။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး သိချင်နေခဲ့ပြီး မေးချင်ခဲ့ပေမယ့် ဘယ်ကနေ စမေးလို့ မေးရမှန်းမသိ ဖြစ်နေခဲ့တဲ့အတွက် ရန်ကိုင် နောက်ကနေသာ တိတ်တိတ်လေး လိုက်သွားလိုက်ပါတယ်။
ခဏအကြာမှာတော့ တန်ယုရှန်းက အသံကျယ်ကျယ်နဲ့ လည်ချောင်း ရှင်းလိုက်ပြီး တုဖုန်းကို စိုက်ကြည့်လိုက်တယ်။
တန်ယုရှန်းက မျက်မှောင် ကြုံ့ပြီး တစ်ခုခုကို စဉ်းစားနေခဲ့တာပါ။ ထို့ကြောင့် တန်ယုရှန်းရဲ့ ချောင်းဟန့်သံကြီးကို ကြားလိုက်တဲ့အချိန် တုဖုန်း ကြောင်သွားခဲ့တယ်။
တုဖုန်းရဲ့ အပြုအမူကို မြင်ပြီး တန်ယုရှန်း မျက်ခွံလှန်လိုက်တယ်။ ထိုကောင်ပုံစံကို ကြည့်ပြီး တန်ယုရှန်း ပြောစရာစကား မဲ့သွားခဲ့ရတယ်။
Martial Peak
အပိုင်း (၃၈၉) ဗဟိုမြို့တော်ဆီသို့ ပြန်ခြင်း
သွေးစစ်သည်တော် နှစ်ယောက်ရဲ့ လှုပ်ရှားမှု မှန်သမျှကို ရန်ကိုင် သတိမပြုမိပဲ မနေပါဘူး။
ထို့ကြောင့် သူ့ရှိန်ကို နည်းနည်းလေး လျှော့ချလိုက်တယ်။ မကြာခင်မှာပဲ သွေးစစ်သည်တော် နှစ်ယောက် သူ့ကို မှီလာခဲ့တယ်။ ရန်ကိုင်က သူတို့ နှစ်ယောက်ကို လှည့်ကြည့်ကာ မေးလိုက်တယ် “ခင်ဗျားတို့ စိတ်ရှုပ်နေတာလား”
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ထုံထုံမှိုင်းမှိုင်းနဲ့ ခေါင်းညိတ်လိုက်ကြတယ်။
“အဲ့ဒါနဲ့ ပက်သက်ပြီး ဘာထူးဆန်း နေလို့လဲ” ရန်ကိုင်က ပြုံးလိုက်တယ်။ သူ့မျက်နှာထက် နောင်တရသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။
“သခင်ငယ်လေး၊ သခင်မလေးချူကို ဘာလို့ ဒီအတိုင်း ထားခဲ့ရတာလဲ။ ချူမိသားစုရဲ့ အင်အားက သေးတာ မဟုတ်ဘူး။ သခင်ငယ်လေးသာ ချူမိသားစုနဲ့ မဟာမိတ်ဖွဲ့နိုင်ခဲ့မယ် ဆိုရင် သခင်လေးရဲ့ အင်အား တော်တော်လေး တိုးတက်သွားမှာ။ အမွေခံတိုက်ပွဲကို နိုင်နိုင်ချေလည်း ပိုပြီး များသွားဦးမှာ” တုဖုန်းက ဟိုချုံတိုး၊ ဒီချုံတိုး လုပ်မနေပဲ တိုက်ရိုက်ပဲ ပြောချလိုက်တယ်။
အမွေခံတိုက်ပွဲမှာ သွေးစစ်သည်တော်တွေသာ ဝင်ပါခွင့်ရခဲ့ရင် နှစ်ယောက်စလုံးက ရန်ကိုင်ဘက်ကနေဖို့ ဆုံးဖြတ် ထားကြပြီးသားပါ။ ထို့ကြောင့် ရန်ကိုင် အမွေခံတိုက်ပွဲ နိုင်ဖို့အတွက် သူတို့ နှစ်ယောက်စလုံး တတ်နိုင်သမျှ ကူညီပေးနေကြတာပါ။
ဒါပေမယ့် ရန်ကိုင်က ခေါင်းခါလိုက်ပြီး အသာအယာလေး ပြန်ပြောလိုက်တယ် “သူမ သိက္ခာကို စောင့်ထိန်းရမှာဖြစ်လို့ ချူရီမန်က ငါတို့နဲ့ တစ်ဖက်တည်း ရပ်တည်ဦးမှာ မဟုတ်ဘူး။ ဒါကြောင့် သူမကို ငါ့ဘက်ဆွဲခေါ်ဖို့ ကြိုးစားမယ် ဆိုရင်တောင် နောက်ဆုံးရလဒ်က အတူတူပဲ ဖြစ်မှာ”
“တကယ်လား” တုဖုန်း ထိတ်လ့န်သွားခဲ့ပြီး ရန်ကိုင်ကို ငေးကြောင်ကြည့်နေလိုက်တယ် “ကျုပ်မြင်သလောက်ဆို သူမက သခင်ငယ်လေးကို စိတ်ဝင်စားနေတဲ့ ပုံပါပဲ။ သူမက သခင်ငယ်လေးကို တော်တော်လေး နှစ်သက်နေတယ်လို့တောင် ကျုပ်ပြောရဲတယ်။ ကျုပ်တို့ စကားဖောင်ဖွဲ့လိုက်တိုင်း သူမပါးစပ်ကနေ သခင်ငယ်လေး ဘယ်လောက်တော်ကြောင်းကို အမြဲချီမွမ်းခန်း ဖွင့်နေတာ”
“အဲ့ဒါ အမှန်ပဲ” တန်ယုရှန်းကလည်း ခေါင်းညိတ်ပြလိုက်တယ်။
“သူမက ငါ့ကို ကြိုက်နေတာလား” ရန်ကိုင်က တုဖုန်းကို အံ့အားသင့်တကြီး ကြည့်လိုက်ပြီး ဝါးလုံးကွဲ အော်ဟစ် ရယ်မောလိုက်ကာ “တုဖုန်း၊ တုဖုန်း၊ ခင်ဗျား အဲ့လို ထင်နေတာ ဆိုရင်တော့ ခင်ဗျား အရမ်းတုံးရာ ကျသွားပြီ”
တုဖုန်းက လူငယ် တစ်ယောက် မဟုတ်ပါဘူး။ ထို့ကြောင့် ရန်ကိုင်က သူ့ကို တုံးတယ်လို့ ပြောတာကို ကြားလိုက်တဲ့အချိန် အနည်းငယ်တော့ ရှက်မိသွားခဲ့ပြီး သူ့မျက်နှာလည်း မဆိုသလောက်ကလေး နီမြန်းသွားခဲ့တယ်။
“ကျုပ်ရဲ့ စွမ်းဆောင်ရည်က ကျုပ်နဲ့ မျိုးဆက်တူ လူငယ်တွေထဲမှာ အကောင်းဆုံး ဖြစ်တယ်ဆိုပြီး ကျုပ်ကို အထင်ကြီးချင် ကြီးနေမှာပေါ့” ရန်ကိုင်က မျက်ခုံးပင့်လိုက်ပြီး ယုံကြည်ချက် အပြည့်ရှိနေတဲ့ လူတစ်ယောက်ရဲ့ ပုံစံနဲ့ “ဒါကြောင့်ပဲ ကျုပ်က သူမ သိခဲ့တဲ့ အခြားသခင်လေးတွေနဲ့ မတူကွဲပြား ထူးခြားနေတယ်လို့ သူမထင်နေခဲ့တာ။ ဒါပေမယ့် ကျုပ်ကို ကြိုက်နေတယ်လို့တော့ မဆိုလိုဘူး”
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး မျက်မှောင် ကြုံ့လိုက်ကြတယ်။ ရန်ကိုင် ပြောတာကို သူတို့ နှစ်ယောက်စလုံး လက်မခံနိုင် ကြသေးပါဘူး။
ရန်ကိုင်က အသာအယာလေး ပြုံးလိုက်ပြီး “ချူရီမန် ဆိုတာ ဘယ်သူလဲ။ ချူမိသားစုရဲ့ ပထမသခင်မလေး၊ ချူမိသားစု လူငယ်မျိုးဆက် တစ်ခုလုံးရဲ့ တလက်လက် တောက်ပနေတဲ့ ကြယ်တစ်ပွင့်။ ကျုပ်မေးပါဦးမယ်… သူမလို မိန်းကလေး တစ်ယောက်က ကိုယ့်အနာဂတ်ကို ကိုယ်ဘာသာကိုယ် ဆုံးဖြတ်လို့ ရပါ့မလား”
ထိုစကားကို ကြားလိုက်တာနဲ့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး မျက်မှောင် ကြုံ့လိုက်ကြတယ်။
ချူရီမန်နောက် လိုက်နေတဲ့ လူတွေ မနည်းမနောပါပဲ။ သူမက ဗဟိုမြို့တော်မှာ လူငယ်တွေကြား ရေပန်းအစားဆုံး မိန်းကလေး တစ်ယောက်ဆိုလည်း မမှားပါဘူး။
ဒါပေမယ့် လူငယ်ပါရမီရှင် များစွာက သူမကို ပိုးပန်းနေခဲ့တာတောင် သူမက အခုထိ တစ်ယောက်တည်း ဖြစ်နေတုန်းပါပဲ။ ဗဟိုမြို့တော်က သခင်လေး တစ်ယောက်နဲ့ သူမနဲ့ ကြိုက်နေတယ် ဆိုပြီး သတင်းထွက်ခဲ့ဖူးတာလည်း မရှိပါဘူး။
ဘာကြောင့်လဲ ဆိုတော့ ချူရီမန်ကို လက်ထပ်ချင်တဲ့ လူတိုင်း ချူမိသားစုထဲ ဝင်ရမယ်လို့ ချူမိသားစုခေါင်းဆောင် ချူရှို့ချန်က ကြေညာထားလို့ပါပဲ။
ထိုစကားကို ကြည့်လိုက်ရင် ချူရှို့ချန်က သူ့သမီးကို အရမ်းချစ်လွန်းလို့ မိသားစုကနေ မခွဲသွားစေချင်တဲ့ ပုံစံ ပေါက်နေပါလိမ့်မဘ်။
ဒါပေမယ့် တကယ်တမ်းကတော့ ချူရှို့ချန်က ချူမိသားစု တိုးတက်ဖို့ အခွင့်အလမ်းကောင်းကြီးကို လက်မလွှတ်ချင်တာပါ။
တိုတိုပြောရရင်တော့ ချူရီမန် အနေနဲ့ သူမကံကြမ္မာကို သူမကိုယ်တိုင် ထိန်းချုပ်လို့ ရနေတာ မဟုတ်ပါဘူး။ အနာဂတ်ကျရင် သူမအနေနဲ့ မိသားစုအင်အား တိုးမြင့်ဖို့အတွက် မိသားစု အကြီးပိုင်းတွေကြားက ပွန်းရုပ်တစ်ရုပ် ဖြစ်လာမှာပါ။
ချူမိသားစု မိသားစုကြီးမှာ ကြီပြင်းလာခဲ့ရတဲ့အတွက် သူမ အလေးထားဆုံးက မိသားစု အကျိုးအမြတ်ပါ၊ ကိုယ်ပိုင် စိတ်ခံစားချက်တွေကိုဆိုတာ နောက်မှပါ။
သူမရဲ့ ခင်ပွန်းက ဘယ်သူ ဖြစ်လာမှာလဲ။ ဒါကို သူမရဲ့ ချူမိသားစု အကြီးပိုင်းတွေကပဲ ဆုံးဖြတ်သွားမှာပါ။ သူမမှာ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် နည်းနည်းလေးတောင် မရှိပါဘူး။
ထိုကဲ့သို့ မိန်းမတစ်ယောက်က ကိုယ့်စိတ်နဲ့ကိုယ် ရန်ကိုင်ဘက်မှာ သွားရပ်တည်လို့ ရမှာမဟုတ်ပါဘူး။ သူမသာ အလျင်စလို ဆုံးဖြတ်ချက်ချလိုက်လို့လည်း ချူမိသားစုက သူမရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ် ပြုလိမ့်မှာ မဟုတ်ပါဘူး။
“ခင်ဗျားတို့ မယုံဘူးလား” ရန်ကိုင်က သွေးစစ်သည်တော် နှစ်ယောက်ကို စူးစိုက်ကြည့်လိုက်တယ်။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ပြန်မဖြေခဲ့ကြပါဘူး။
“ဗဟိုမြို့တော် ဂိတ်ပေါက်ထဲကို ငါတို့နဲ့ အတူတူ ဝင်မလာရဲကတည်းက အဖြေထွက်နေပြီလေ” ရန်ကိုင်က အသာအယာလေး ပြုံးလိုက်ပြီး “သူမသာ ငါ့ဘက်ကနေ ရပ်တည်ဖို့ စဉ်းစားထားတယ် ဆိုရင် အခြားသူတွေရဲ့ အထင်အမြင်ကို ဘာလို့ ဂရုစိုက်နေရဦးမှာလဲ’
“ဒါပေမယ့် သူမငါ့ကို ကြိုက်နေတယ်လို့ လာမပြောနဲ့တော့။ ဘာလို့လဲ ဆိုတော့ သူမအမြင်မှာ ငါက ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်သက်သက်ပဲ။ ဒါပေမယ့်…” ရန်ကိုင် အမူအရာက ရုတ်ချည်း လေးနက်သွားခဲ့ပြီး “ငါ့ထက် တော်တဲ့ တစ်ယောက်ယောက်သာ ပေါ်လာခဲ့ရင် အနာဂတ်မှာ ချူမိသားစုက ငါ့ရန်သူ ကျိန်းသေ ဖြစ်လာလိမ့်မယ်”
သွေးစစ်သည်တော် နှစ်ယောက်စလုံး ကြောင်သွားခဲ့တယ်။ ရန်ကိုင်ရဲ့ အတွေး၊ အမြင်တွေ အားလုံးက နည်းနည်းလေး အစွန်းရောက်သယောင် ထင်ရပေမယ့် မိသားစုကြီးတွေက သခင်လေး၊ သခင်မလေးတွေက ခံစားချက်ထက် အကျိုးအမြတ်ကိုသာ အဓိကထား ဦးစားပေးတယ် ဆိုတာကိုတော့ သူတို့ ဝန်မခံချင်တောင် ဝန်ခံရပါလိမ့်မယ်။
မိသားစုရဲ့ လွှမ်းမိုးခြင်းကို ငယ်စဉ်ကတည်းက ခံလာခဲ့ရတဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့တွေက စိတ်ခံစားချက်ထက် မိသားစု အကျိုးအမြတ်ကို ပိုပြီး အလေးထားကြပါတယ်။ အချစ်ဆိုတဲ့ အရာမျိုးကတော့ ဒုတိယနေရာမှ တွေးရမယ့် အရာမျိုးပါ။
“သခင်ငယ်လေးရဲ့ စကားကို ကျုပ်သေချာ မှတ်ထားပါတယ်”
တုဖုန်းအနေနဲ့ သူ့အဆင့်အတန်းကြောင့် မိသားစုရေးတွေကို နားလည်စရာ မလိုပါဘူး။
သွေးစစ်သည်တော်တွေက အားကောင်းတဲ့ လက်ရွေးစင်တွေ ဖြစ်ကြပေမယ့် သခင်လေး၊ သခင်မလေးတွေရဲ့ အတွေးတွေကို သူတို့ နားမလည်ကြပါဘူး။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး ပြန်လှည့်သွားလိုက်တယ်။ ထိုခေါင်းစဉ်အကြောင်း ဆက်မပြောကြတော့ပါဘူး။
တစ်နာရီလောက် ကြာပြီးနောက် ဗဟိုမြို့တော်ဆီ သူတို့ ရောက်ရှိလာခဲ့တယ်။
ဗဟိုမြို့တော်ရဲ့ အရွယ်အစားကြောင့် ဗဟိုမြို့တော် တစ်ခုလုံးမှာ မရေမတွက်နိုင်တဲ့ ဂိတ်ပေါက်တွေ ရှိနေခဲ့ကြပါတယ်။
သူတို့သုံးယောက် တောင်ဘက်မှာ ရှိတဲ့ ဂိတ်ပေါက် တစ်ခုစီ ရောက်ရှိလာခဲ့တယ်။
တောင်ဘက် ဂိတ်ပေါက်နား ခြေရှုပ်နေတဲ့ သာမန်လူတွေ မရှိသလို ဟိုသွား၊ ဒီသွားလုပ်နေတဲ့ ကျင့်ကြံသူတွေလည်း မရှိကြပါဘူး။ အဲ့အစား ဂိတ်ပေါက်ကို စောင့်ကြပ်နေတဲ့ ကျင့်ကြံသူ အနည်းငယ်သာ ရှိနေခဲ့ပါတယ်။
တောင်ဘက် ဂိတ်ပေါက်ကို သာမန်လူတွေ ဝင်လို့ မရပါဘူး။
ထိုတောင်ဘက် ဂိတ်ပေါက်က ရန်မိသားစုဝင်တွေသာ ဝင်လို့ရတဲ့ ဂိတ်ပေါက်တစ်ခုပါ။
မိသားစုကြီး ရှစ်ခုမှာ ကိုယ်ပိုင် ဂိတ်ပေါက်တစ်ခုစီ ရှိကြပါတယ်။
ဂိတ်ထဲ ဝင်သွားပြီး ဖောက်ထားတဲ့ လမ်းအတိုင်း လျှောက်သွားလိုက်ရုံနဲ့ ရန်မိသားစုဆီ ရောက်သွားမှာပါ။
မိသားစုကြီး ရှစ်ခုက မိသားစုဝင်တွေက လွဲလို့ ဘယ်သူမှ ထိုဂိတ်ပေါက်ကို ဖြတ်သန်းသွားလာခွင့် မရှိပါဘူး။ ဖြတ်သန်းသွားလာတဲ့ ဘယ်သူမဆို မေးမြန်းခြင်းမရှိ ချက်ချင်း တန်းအသတ်ပစ်ခံရပါတယ်။
ဂိတ်ပေါက်ကို စောင့်ကြပ်နေတဲ့ အစောင့်အကြပ် အနည်းငယ် ရှိနေပါတယ်။ ဒါပေမယ့် မိသားစုကြီး ရှစ်ခုက မဟုတ်တဲ့ လူတွေ ဒီနေရာမှာ ပေါ်လာလေ့ မရှိတဲ့တဲ့အတွက် တောင်ဘက်ဂိတ် တစ်ခုလုံးက ငြိမ်းချမ်းလို့ နေခဲ့တယ်။
သူတို့သုံးယောက် ဂိတ်ပေါက်နား ရောက်လာသည့် အချိန်၌ အစောင့်အကြပ်တွေက အံ့အားသင့်နေသည့် အမူအရာနဲ့ သူတို့ကို ကြည့်လိုက်ကြတယ်။
သွေးစစ်သည်တော် နှစ်ယောက်ရဲ့ ခါးထက်၌ ချိတ်ဆွဲထားသည့် ကျောက်စိမ်း တံဆိပ်ပြားကို မြင်တွေ့လိုက်ပြီးနောက် အမူအရာကို ခပ်မြန်မြန်ပဲ ပြန်ထိန်းလိုက်ပြီး လက်သီးဆုပ်ကာ လေးလေးစားစားနဲ့ နှုတ်ဆက်လိုက်တယ်။
သုံးယောက်သား ဂိတ်ပေါက်ကို ဖြတ်ကျော်သွားပြီးတော့မှပဲ ဂိတ်ပေါက်က အစောင့်အကြပ်တွေ သက်ပြင်းချလိုက်နိုင်ခဲ့တယ်။
“ဘယ်သခင်လေး ပြန်လာတာလဲ မသိဘူး။ သူ့ကြည့်ရတာ တော်တော်လေး ငယ်သလိုပဲ၊ အလွန်ဆုံးမှ ၁၇နှစ်၊ ၁၈နှစ် လောက်ပဲ ရှိဦးမယ်”
“အသက်၁၇၊၁၈လောက် ရှိတဲ့ သခင်လေးဆိုတော့… အငယ်ဆုံး တစ်ယောက်များ ဖြစ်နေမလား”
“အငယ်ဆုံးတစ်ယောက်က ကျင့်ကြံလို့ မရဘူးဆို။ အဲ့လိုဆိုရင် သူက သာမန်လူတစ်ယောက်နဲ့ ဘာမှ ထူးခြားမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုသခင်လေးက မကျင့်ကြံနိုင်တဲ့ ယုံကြည်ချက် မဲ့နေတဲ့ ပုံလည်း မပေါက်ပါဘူး။ ထူးဆန်းတယ်…”
“ထူးဆန်းဆန်း၊ မဆန်းဆန်း၊ အဲ့ဒါ ငါတို့ အလုပ်မဟုတ်ဘူး။ ငါတို့ အလုပ်က ဂိတ်ပေါက်ကို စောင့်ကြပ်ဖို့ပဲ”
“ဟုတ်တယ်၊ စကားကို လျှာအရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့။ မိသားစုထဲက အားကောင်းတဲ့ ပညာရှင် တစ်ယောက်ယောက်သာ မင်းစကားကို ကြားသွားရင် မင်းအဆုံးအသတ် ကောင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် သူက မိသားစုဆီ ပြန်ရောက်လာတဲ့ ပထမဆုံး သခင်လေးမလား”
“အင်း၊ သူကလွဲပြီး ဘယ်သူမှ ပြန်ရောက်မလာသေးဘူး”
ဂိတ်ပေါက်ကို ဖြတ်ပြီးလို့ အမွှေးတိုင်တစ်ချောင်းစာတောင် မရှိသေးခင်မှာပဲ သူတို့ရှေ့၌ လူတစ်အုပ် ထွက်ပေါ်လာခဲ့တယ်။ ထိုလူတွေက သူတို့ ပြန်လာမှာကို ကြိုစောင့်နေတဲ့ ပုံပါပဲ။
လူအရေအတွက်က တော်တော်လေး များပါတယ်။ အနည်းဆုံး ဒါဇင်ကျော်လောက် ရှိနေခဲ့ပါတယ်။ အဖွဲ့ကို ဦးဆောင်လာတဲ့ လူက တုတ်ခိုင်ဝဖြီးနေတဲ့ လူတစ်ယောက်ပါ။ သူ့အရပ်က ခြောက်မီတာလောက် ရှည်ပြီး လမ်းလျှောက်လိုက်တိုင်း သူ့ဝမ်းဗိုက်က အဆီတုံးကြီးက တသိမ့်သိမ့် တုန်နေခဲ့ပါတယ်။
ဒီမှာ စောင့်နေရတာ အချိန်အတော်ကြာနေပြီ ဖြစ်တာကြောင့်လားတော့ မသိပေမယ့် သူ့နဖူးနဲ့ လည်ပင်ထက် ချွေးတွေနဲ့ စိုရွှဲနေခဲ့ပါတယ်။
ရန်ကိုင်တို့ သုံးယောက်အဖွဲ့ကို သတိပြုမိမိခြင်း လူဝကြီး တစ်ချက် ကြောင်သွားခဲ့ပေမယ့် ချက်ချင်းပဲ ပျော်သွားခဲ့တယ်။ သူ့နောက်က လူအုပ်ကို အချက်ပြလိုက်ပြီးနောက် ရန်ကိုင်တို့ သုံးယောက်အဖွဲ့ကို ချက်ချင်းပဲ ကြိုဆိုလိုက်ကြတယ်။
ထိုလူဝကြီးက ရန်မိသားစုဝင် တစ်ယောက် မဟုတ်ပါဘူး။ ရန်မိသားစုရဲ့ လက်အောက်ခံ အင်အားစု ခွဲလေးတွေထဲ တစ်ယောက်ပါ။ သူ့ကျင့်ကြံခြင်းအဆင့်က အရမ်းကြီး မမြင့်ပါဘူး။ ဒါပေမယ့် ဒီနေရာမှာ ရောက်နေမှတော့ သခင်လေးတွေကို ကြိုဆိုဖို့ မိသားစုက သူ့ကို လွှတ်ထားတာပဲ ဖြစ်ရပါမယ်။ ထိုလူဝကြီးကို ဘာလို့ လွှတ်လိုက်လဲ ဆိုတာကိုတော့ ရန်ကိုင် နားမလည်ပါဘူး။
“လေးစားရတဲ့ စစ်သည်တော် နှစ်ယောက် တော်တော်လေး ကြိုးစားခဲ့တာပဲ” လူဝကြီးက တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကို လေးလေးစားစားနဲ့ ခရီးဦးကြို ပြုလိုက်တယ်။ သူ့ပြုံးလိုက်တဲ့အခိုက် သူ့မျက်ဝန်းအစုံက ပိတ်လုမတတ် ဖြစ်သွားခဲ့ပြီး ရန်ကိုင်ကို ကြည့်လိုက်ကာ “စစ်သည်တော် နှစ်ယောက်၊ ဘယ်သခင်လေးကို ပြန်ခေါ်လာတာလဲ ဆိုတာကို ကျုပ်တစ်ချက်လောက် မေးလို့ရမလား”
တုဖုန်း အမူအရာက နည်းနည်းလေးတောင် ပြောင်းလဲသွားခြင်း မရှိပဲ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “လေးယောက်မြောက် သခင်ကြီးရဲ့သား၊ အငယ်ဆုံးသခင်လေးပဲ”
ရန်မိသားစု သခင်လေးတွေရဲ့ မျက်နှာပြခဲ ကြပါတယ်။ ထို့ကြောင့် လူဝကြီး အနေနဲ့ ရန်ကိုင်ကို မမှတ်မိတာလည်း မထူးဆန်းပါဘူး။ ထို့ကြောင့် တုဖုန်းက ထိုမွေးခွန်းကို စိတ်မကွက်မိတာပါ။
လူဝကြီးရဲ့ မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။ မိသားစုဆီ ပထမဆုံး ပြန်ရောက်လာတဲ့ သခင်လေးက အငယ်ဆုံး သခင်လေး ဖြစ်နေလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။ ဒါပေမယ့် ချက်ချင်းပဲ လက်သီးဆုပ်လိုက်ပြီး သူ့နောက်က လူတွေနဲ့အတူ ဦးညွှတ်လိုက်ပြီး ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်လိုက်တယ် “တတိယအဆင့် ဘဏ္ဏာစိုး ရင်ထန်းရို့ က မိသားစုရဲ့ အမိန့်အရ သခင်လေး ပြန်လာတာကို လာရောက် ကြိုဆိုပါတယ်။ ဒီနှစ်အတောအတွင်း သခင်လေးရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်”
တတိယအဆင့် ဘဏ္ဏာစိုးဆိုတဲ့ အဆင့်က ရန်မိသားစုထဲ၌ မြင့်မားတဲ့ အဆင့်ထဲ မပါသလို နိမ့်ကျတဲ့ အဆင့်ထဲလည်း မပါပါဘူး။ ဒါပေမယ့် သူ့ခွန်အားအရ သူ့ရာထူးက ကျင့်ကြံခြင်း ပါရမီ ရှိစရာ မလိုတဲ့ ပုံပါပဲ။
ရန်မိသားစုက မဟာအင်အားစုကြီး တစ်ခုဖြစ်တဲ့အတွက် နယ်ပယ် အမျိုးမျိုးကို ကွပ်ကဲဖို့အတွက် လူအင်အား တော်တော် များများကို လိုအပ်ပါတယ်။ ထိုလူမျိုးတွေ အတွက်တော့ သူတို့ရဲ့ ခွန်အာက အဓိက မကျပါဘူး။ အရေးအကြီးဆုံးက သူတို့ ကွပ်ကဲရတဲ့ နယ်မြေကို စီမံကွပ်ကဲနိုင်တဲ့ စွမ်းရည်ပါပဲ။
ရင်ထန်းရို့က ဘာလို့ ဒီနေရာကို ရောက်နေလဲလို့ ရန်ကိုင် စဉ်းစားနေတာပါ။ လတ်စသတ်တော့ သူက သခင်လေးတွေကို ကြိုဆိုဖို့အတွက် မိသားစုက စေလွှတ်ထားတဲ့ လူ ဖြစ်နေတာကိုး။
ရန်ကိုင် မျက်မှောင် ပြေလျော့သွားခဲ့ပြီး ရင်ထန်းယုကို ပြန်ပြုံးပြကာ ခေါင်းညိတ်လိုက်တယ် “ဘဏ္ဏာစိုးရင်လည်း အလုပ်ကြိုးစားခဲ့တာပဲ။ ခင်ဗျားဒီမှာ စောင့်နေတာ ဘယ်လောက်ကြာပြီလဲ”
ရန်ကိုင်က အခုလိုမျိုး ယဉ်ကျေးသိမ်မွေ့စွာနဲ့ ပြန်ပြောလာလိမ့်မယ်လို့ ရင်ထန်းရို့ မထင်ထားခဲ့ပါဘူး။ သူ့မျက်ဝန်းအစုံက တောက်ပသွားခဲ့ပြီး ပိုပြီး နှိမ့်နှိမ့်ချချနဲ့ ပြုံးလိုက်ကာ “သခင်လေးတွေကို ကြိုဆိုရတာ ဒီရင်အတွက် ဂုဏ်ယူစရာပါ။ ရက်နည်းနည်းလောက် စောင့်လိုက်ရတာ ဒီယင်အတွက် ပြဿနာလုံးဝ မရှိပါဘူး”
ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး မေးလိုက်တယ် “မိသားစုက ကျုပ်တို့အတွက် စီစဉ်ထားတာတွေ၊ ဘာတွေ ရှိသေးလား”
ရန်မိသားစုက သာမန် မိသားစုတွေနဲ့ ကွဲပြားပါတယ်။ မိသားစု အကြီးအကဲတွေက ဂျူနီယာအပေါ် နွေးထွေးကြင်နာမှု မရှိပါဘူး။ အားလုံးက အချင်းချင်း သူစိမ်းတွေလို ဆက်ဆံကြတာပါ။
အရင်တုန်းကဆိုရင် ရန်သခင်လေးတွေ ပြန်လာတဲ့အခါကျ သူတို့နေတဲ့ နေရာဆီပဲ တန်းပြန်သွားရပါတယ်။ သူတို့ကို လာကြိုမယ့်လူ တစ်ယောက်မှ မရှိပါဘူး။
ဒါပေမယ့် ဒီတစ်ကြိမ်ကျတော့ တတိယအဆင့် ဘဏ္ဏာစိုး တစ်ယောက်က သူတို့ကို လာရောက် ကြိုဆိုခဲံပါတယ်။ မိသားစုက သူတို့အတွက် တစ်ခုခုကို ကျိန်းသေ စီစဉ်ထားရပါမယ်။
ရင်ထန်းရို့ ရန်ကိုင်ပြောတာကို နားထောင်လိုက်ပြီးနောက် ထောက်ခံသည့် အမူအရာနဲ့ ခေါင်းညိတ်လိုက်ကာ “သခင်ငယ်လေးက တကယ်ကို အကင်းပါးလှတာပဲ။ ဒီအစေခံက သခင်ငယ်လေးကို တကယ်ပဲ လေးစားမိသွားခဲ့ပြီ”
တုဖုန်းက အေးစက်စက်လေသံနဲ့ ဝင်ပြောလိုက်တယ် “ကပ်ဖားယပ်ယား လုပ်မနေစမ်းနဲ့၊ သခင်ငယ်လေးရဲ့ မေးခွန်းကိုသာ မြန်မြန်ဖြေလိုက်”
“ဟုတ်ကဲ့ပါ” ရင်ထန်းရို့က ပြုံးမြဲပြုံးနေဆဲ ဖြစ်ပြီး သူ့မျက်နှာထက် မကျေနပ်သည့် အရိပ်အယောင် နည်းနည်းလေးတောင်မှ မတွေ့ရပါဘူး” အခြေအနေက ဒီလိုပါ သခင်လေး။ သခင်လေးတွေ ပြန်ရောက်တာနဲ့ သူတို့နေတဲ့ နေရာဆီ တန်းမပြန်ပဲ နဂါးအသွင်ပြောင်းရေကန်ဆီ အရင်သွားရမယ်လို့ မိသားစုက အမိန့်ပေးထားပါတယ်”
“နဂါးအသွင်ပြောင်းရေကန်လား” တုဖုန်းက အံ့အားသင့်နေသည့် လေသံနဲ့ ပြောလိုက်တယ်။
ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့မိတယ်။ တန်ယုရှန်းရဲ့ မျက်ဝန်းလေးတွေဆို တလက်လက် တောက်ပနေလို့ပါ။
မိသားစုက ပြန်ရောက်လာတဲ့ သခင်လေးတွေအတွက် အခုလိုမျိုး လက်ဆောင်ကြီးကြီး ပြင်းပေးထားလိမ့်မယ်လို့ သူတို့ တကယ်ကို မထင်မှတ် ထားခဲ့ပါဘူး။