← Chapters

အခန်း (၃၉၁-၃၉၅)

Vol. 16 Ch. 391-395

အခန်း (၃၉၁-၃၉၅)

Vol. 16 Ch. 391-395

အပိုင်း(၃၉၁) ရန်ကျောင်း

နဂါးအသွင်ပြောင်း ရေကန်ဆိုတာ လူတစ်ယောက် အနေနဲ့ နဂါးဂိတ်ကို ကျော်ဖြတ်ပြီး နဂါးတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာနိုင်တဲ့ ဒဏ္ဏာနေရာတစ်ခုပါ။

ထိုနေရာက ရန်မိသားစုရဲ့ ထွတ်မြတ် ရတနာ တစ်ခုဖြစ်သလို အံ့ဩဖွယ်ကောင်းတဲ့ ထွတ်မြတ်နေရာတစ်ခုလည်း ဖြစ်ပါတယ်။

နဂါးအသွင်းပြောင်း ရေကန်ထဲက ရေတွေက ဆန်းကြယ်ပြီး ရေကန်ထဲ ဝင်စိမ်တဲ့ လူအားလုံးကို အကျိုးအမြတ် များစွာ ရစေနိုင်ပါတယ်။ နဂါးအသွင်းပြောင်း ရေကန်ထဲက ရေတွေထဲ ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သလို ရိုးတွင်းခြင်ဆီ တွေကိုတောင် ဆေးကြောပေးနိုင်တယ်လို့ ပြောစမှတ် ရှိကြပါတယ်။ နဂါးအသွင်းပြောင်း ရေကန်ထဲမှာ တစ်ရက် လေ့ကျင့်လိုက်ရုနဲ့ သူတို့ရဲ့ ခွန်အားကို သာမက မွေးရာပါ ပါရီမီကိုပါ တိုးတက်သွားစေနိုင်ပါတယ်။

ကျင့်ကြံသူ တစ်ယောက်ရဲ့ ပါရမီက သူတို့ တိုးတက်နိုင်စွမ်းရဲ့ အခြေခံအုတ်မြစ် ဖြစ်သလို ခွန်အားရဲ့ အုတ်မြစ်ဆိုလည်း မမှားပါဘူး။ ပါရမီက လူတစ်ယောက် ရောက်နိုင်တဲ့ အမြင့်ကို ခွဲခြားပေးနိုင်ပါတယ်။ ပါရမီက မွေးရာပါ တစ်ခုဖြစ်တဲ့အတွက် ပြောင်းလဲဖို့ ခက်ခဲပါတယ်။ အရမ်းကို ရှားပါးလွန်းတဲ့ အဖိုးတန် ရတနာတစ်ခုကို အသုံးမပြုသရွေ့ မိမိပါရမီကို တိုးတက်လာအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

ဒါပေမယ့် ရန်မိသားစုက နဂါးအသွင်းပြောင်း ရေကန်က လူတစ်ယောက်ရဲ့ ပါရမီကို တိုးမြင့်အောင် လုပ်ပေးနိုင်ပါတယ်။

ရန်မိသားစုဝင်တွေထဲ ထိုနဂါးအသွင်ပြောင်း ရေကန်ထဲ ဝင်မစိမ်ချင်တဲ့ လူမရှိဘူးဆိုရင်လည်း မများပါဘူး။

ဒါပေမယ့် ရန်မိသားစုရဲ့ တိုက်ခိုက် မျိုးဆက်တွေတောင် နဂါးအသွင်ပြောင်း ရေကန်ထဲ အလွယ်တကူ ဝင်လို့ မရနိုင်ပါဘူး။ နဂါးအသွင်ပြောင်း ရေကန်ထဲ ဝင်ရောက်ချင်တယ် ဆိုရင် တောင်းခံစာ အရင်ပို့ရပါတယ်။ ထိုတောင်းခံစာကို အကြီးအကဲခန်းမက လက်ခံထားပါလိမ့်မယ်။ ထို့နောက် တောင်းဆိုသူရဲ့ အလားအလာနဲ့ မိသားစုပေါ် ဘယ်လောက် အကျိုးဆောင်ပေးထားလဲ ဆိုတာကို စဉ်းစား ဆုံးဖြတ်ပြီးတော့မှပဲ ခွင့်ပြုချက် ပေးတာပါ.

ရန်မိသားစု မျိုးရိုး မဆက်ခံထားတဲ့ လူတွေ အတွက်ကတော့ နဂါးအသွင်ပြောင်း ရေကန်ထဲ ဝင်နိုင်ဖို့ဆိုတာ ပိုပြီး ခက်ခဲပါတယ်။ တကယ်တော့ ရန်မိသားစုအတွက် အလွန့်အလွန် ကြီးမားတဲ့ အကျိုးဆောင်မှု တစ်ခုကို မပြုလုပ်ပေးသရွေ့ နဂါးအသွင်ပြောင်း ရေကန်ထဲ ဝင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက် နီးနီးပါပဲ။

“သခင်လေး၊ ယုရှန်းနဲ့ ကျုပ်လည်း နဂါးအသွင်ပြောင်း ရေကန်ဆီ ရောက်ဖူးတယ်။ အဲ့နေရာက တကယ့်ကို နေရာကောင်း တစ်ခုပဲ” နဂါးအသွင်းပြောင်း ရေကန်ဆိုတဲ့ စကားကို ကြားလိုက်တာနဲ့ တုဖုန်းက စိတ်လှုပ်ရှားနေတဲ့ လေသံနဲ့ တိုးတိုးလေး ပြောလိုက်တယ်။

“အင်း၊ ကျွန်မ သခင်မလေးမေကို ကာကွယ်ရတဲ့ အခါတုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး သေမလိုတောင် ဖြစ်ခဲ့တယ်။ ဒါပေမယ့် သခင်မလေးမေက ကျွန်မကိုယ်စား ပြောပေးဖို့ ငါးယောက်မြောက် သခင်ကြီးကို မရရအောင် တောင်းဆိုခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ ကျွန်မလည်း နဂါးအသွင်ပြောင်းရေကန်ထဲ ဝင်ခွင့်ရခဲ့တယ်။ နဂါးအသွင်ပြောင်း ရေကန်ထဲ ဝင်စိမ်လိုက်ပြီး နောက်ပိုင်း ကျွန်မဒဏ်ရာတွေ ပျောက်ကင်းသွားရုံမကလို့ ကျွန်မရဲ့ ခွန်အားလည်းပဲ တိုးတက်လာခဲ့တယ်” တန်ယုရှန်းက ဝင်ပြောလိုက်တယ်။

နဂါးအသွင်ပြောင်း ရေကန် ဘယ်လောက်စွမ်းလဲ ဆိုတာကို ရန်ကိုင် မသိပဲ ဘယ်နေပါ့မလဲ။ လူဝကြီးရင်ထန်းရို့ ပါးစပ်ကနေ နဂါးအသွင်ပြောင်း ရေကန်ဆိုတဲ့ စကားထွက်လာခဲ့တာနဲ့ ရန်ကိုင်မှာ ဝါးလုံးကွဲအော်ဟစ် ရယ်မောလုမတတ် ဖြစ်သွားခဲ့တယ်။

ကောင်းကင်စံအိမ်ဆီ မသွားခင်တုန်းက နဂါအသွင်ပြောင်း ရေကန်ထဲ သူဝင်ခွင့်ရဖို့အတွက် သူ့အဖေက အကြီးအကဲခန်းမကို အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့တယ်။ သူ့အဖေက နဂါးအသွင်ပြောင်း ရေကန် သူ့ရဲ့ မွေးရာပါချို့ယွင်းချက်ကို ကုသနိုင်မလား ဆိုတာကို စမ်းသပ်ကြည့်ချင်တာပါ။

ဒါပေမယ့် ရန်ရင်ဖုန်း အကြိမ်ဘယ်လောက်ပဲ တောင်းဆိုခဲ့ပါစေ၊ အကြီးအကဲခန်းမက သူ့တောင်းဆိုချက်တိုင်းကို ပယ်ချခဲ့ပါတယ်။

နဂါအသွင်ပြောင်း ရေကန်ရဲ့ အစွမ်းကို အမှိုက်တစ်စ အတွက်နဲ့ ဘာလို့ အသုံးပြုနေမှာလဲ။

ထိုအချိန်ကစပြီး သူ့သားကို မြင်လိုက်တိုင်း ရင်ရန်ဖုန်း စိတ်ထဲ အပြစ်ရှိသလို အမြဲခံစားခဲ့ရတယ်။ သူ့ဒဏ်ရာရထားတာ ကြောင့်သာ မဟုတ်ရင် ရန်ကိုင်လည်း ကျင့်ကြံလို့ မရတဲ့ မွေးရာပါ ချို့ယွင်းချက်နဲ့ မွေးဖွားလာခဲ့မှာ မဟုတ်ပါဘူး။ တစ်ကြိမ်း ငြင်းပယ် ခံလိုက်ရတိုင်း ရန်ကိုင်အမေဖြစ်တဲ့ ဒေါင်စုဇုမှာ မျက်ရည်မိုးတို့ ဖြိုင်ဖြိုင် ရွာသွန်းခဲ့ရပါတယ်။

ထိုကဲ့သို့ ငြင်းပယ်ခံရတဲ့အတွက် ရန်ကိုင် မိဘတွေက သူ့သား နဂါးအသွင်ပြောင်းရေကန်ထဲ ဝင်ခွင့်ရဖို့အတွက် တာဝန်များစွာကို လုပ်ဆောင်ခဲ့ရတယ်။ မိသားစုကို အကျိုးဆောင်ပေးနိုင်ဖို့ အတွက် သေလုမတတ် တာဝန်တွေ လုပ်ဆောင်ခဲ့ရတယ်။

ဒါပေမယ့် သူတို့ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ အကြီးအကဲ ခန်းမက တောက်လျှောက်ကို ငြင်းပယ်ခဲ့ပါတယ်။

“အချိန်ပဲ၊ နောက်တစ်ကြိမ်ကျ ကျိန်းသေ အခွင့်အရေး ရလိမ့်မယ်” အကြီးအကဲ ခန်းမက ပြန်လာတိုင်း ရင်ရန်ဖုန်း ထိုစကားကို အမြဲပြောပြီး ရန်ကိုင်ကို နှစ်သိမ့်ပေးပါတယ်။

သူ့မျက်းဝန်းထဲက အပြစ်ရှိသလို ခံစားရသည့် အကြည့်တွေကိုတော့ လုံးဝ မဖုန်းကွယ်ထားနိုင်ခဲ့ပါဘူး။

သူ့မိဘတွေ သေကောင်ပေါင်းလဲ ကြိုးစားပြီး မရခဲ့တဲ့ အခွင့်အရေးက အခုအချိန်၌ သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာခဲ့ပါပြီ။ အခွင့်အရေးဆိုလို့ အကျိုးဆောင်ပြီးမှ ရတာမဟုတ်၊ ဘာမှ မလုပ်ပဲ မိသားစုဆီ ပြန်ရောက်လာရုံနဲ့ ရနိုင်တဲ့ အလကား အခွင့်အရေးပါ။

ထိုရုတ်ချည်း ပြောင်းလဲမှုကြောင့် သူမိဘတွေရဲ့ အားထုတ်မှုတွေက ဘာအတွက်လဲလို့တောင် ရန်ကိုင် သူ့ကိုယ်သူ ပြန်မေးမိလိုက်တယ်။

ထိုအကြောင်းကို တွေလိုက်မိတာနဲ့ ရန်ကိုင် စိတ်ထဲ လှိုင်းထန်လို့ သွားခဲ့တယ်။ သူ့မျက်လုံးအစုံကို ပိတ်လိုက်ပြီး အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။

ရန်ကိုင် စိတ်အခြေအနေကို သတိပြုမိလိုက်တာနဲ့ ရင်ထန်းရို့က အပြုံးပြီး ပြုံးလိုက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်တယ် “အခုလို ကိစ္စတွေဆိုတာ မြန်လေ ပိုကောင်းလေပဲ သခင်ငယ်လေးရဲ့။ နဂါးအသွင်ပြောင်း ရေကန်ဆီ အခုပဲ သွာကြတော့မလား သခင်ငယ်လေး”

ရန်ကိုင် နှလုံးသား တစ်ခုလုံး ကြက်ဟင်းခါးသီး တစ်လုံးကို စားလိုက်ရသလို ခါးသီးနေခဲ့တယ်။ ထိုခါးသီးမှုကြောင့် နဂါးအသွင်ပြောင်း ရေကန်ဆီ မသွားဘူးလို့တောင် ချက်ချင်း ငြင်းဆန်ပစ်ချင်စိတ်တို့ သူ့စိတ်ထဲ ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ထိုအကြောင်းကို မတွေးရသေးခင်မှာပဲ စူးရှကြည်လင် ပြတ်သားတဲ့ သိမ်းငှက်အော်သံတစ်သံ သူ့ခေါင်းထက်ကနေ ထွက်ပေါ်လာခဲ့တယ်။

သိမ်းငှက်အော်သံကို ကြားလိုက်တာနဲ့ အားလုံးရဲ့ အကြည့်က ကောင်းကင်ထက်ဆီ အလိုလို ရောက်သွားခဲ့တယ်။၊

ရန်ကိုင် ပုခုံးထက်၌ နားနေသည့် ရွှေရောင်ငွေသွေး သိမ်းငှက်ကလည်း သူ့တောင်ပံတွေကို တဖြတ်ဖြတ်ခတ်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့တယ်။

“နောက်ထပ် ရန်သခင်လေး တစ်ယောက် ရောက်လာပြီပဲ၊ ဒီနေ့တော့ နှစ်ထပ်ကွမ်း ပျော်ပွဲကြီးကို ကျင်းပရတော့မယ်နဲ့ တူတယ်” ရန်ထန်းရို့က ပျော်ရွှင်စွာနဲ့ ရယ်မောလိုက်တယ်။ ဒီမှာ ရက်ပေါင်းများစွာ ကြာအောင် စောင့်နေခဲ့ပေမယ့် သခင်လေး တစ်ယောက်မှ ပြန်ရောက်မလာခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့မှာပဲ သခင်လေး နှစ်ယောက်က တစ်ယောက်ရောက်ပြီး မကြာခင်မှာပဲ နောက်တစ်ယောက်က ဆက်ရောက်လာခဲ့ပါတယ်။

သူ့အသံ ပျောက်ကွယ်သွားတာနဲ့ လူသစ်တစ်ဖွဲ့ သူတို့ မြင်ကွင်းထဲ ထွက်ပေါ်လာခဲ့တယ်။

ထိုအဖွဲ့ရဲ့ ခေါင်းဆောင်က အသက်၂၅၊၂၆ လောက်သာ ရှိမယ့် လူငယ်လေး တစ်ယောက်ပါ။ ထိုလူငယ်လေးရဲ့ မျက်ခုံးအစုံက ထက်ရှပြီး သွေးရဲတဲ့ ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့တယ်။ သူက အထင်ကြီးဖွယ် တိမ်သွားမြင်းကို စီးနင်းရင် ရန်ကိုင်တို့ အဖွဲ့နား တိုးကပ်လာခဲံတယ်။

သူ့နောက်၌ သွေးစစ်သည်တော် နှစ်ယောက် ရှိနေခဲ့ပြီး ထိုသွေးစစ်သည်တော် နှစ်ယောက် နောက်မှာတော့ များစွာသော အားကောင်းလှသည့် ပညာရှင်တို့ ရှိနေခဲ့တယ်။

တဖြည်းဖြည်း နီးကပ်လာတဲ့အချိန် လူငယ်လေးရဲ့ အကြည့်နဲ့ ရန်ကိုင် အကြည့်တို့ ထိပ်တိုက် တွေ့သွားခဲ့တယ်။ လူငယ်လေးရဲ့ မျက်ဝန်းထဲ အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်တယ်။

စစ်ဆေးပြီးတာနဲ့ ချက်ချင်းပဲ ရန်ကိုင်ကို ပြုံးပြလိုက်ပြီး အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။

ရန်ကိုင်လည်း ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ ထိုအသစ်ရောက်လာတဲ့ လူငယ်က ဘယ်သူလဲ ဆိုတာ သူသိပါတယ်။

ရန်ကျောင်း၊ ရန်မိသားစုရဲ့ တိုက်ရိုက်လူငယ် မျိုးဆက်ထဲမှ ဒုတိယအသက် အကြီးဆုံးတစ်ယောက် ဖြစ်သလို ရန်ကိုင်ရဲ့ ဦးလေးကြီး ရန်ရင်ဟောင်ရဲ့ သားလည်း ဖြစ်ပါတယ်။

သူ့ဦးလေးကြီး ရန်ရင်ဟောင်က ရန်မိသားစုရဲ့ လက်ရှိ မိသားစုခေါင်းဆောင်ပါ။ တိမ်မိစ္ဆာနယ်မြေနဲ့ တိုက်ပွဲမှာ သူအပြင်အထန် ဒဏ်ရာရသွားလို့သာ ရန်မိသားစုက သူတို့ရဲ့ တိုက်ရိုက်မျိုးဆက်တွေကို သတ်မှတ်ထားတဲ့ အချိန်ထက် စောပြီး ပြန်ဆင့်ခေါ်လိုက်တာပါ။

ရန်ကိုင်က ကျင့်ကြံလို့ မရတဲ့ သူ့ရဲ့ မွေးရာပါ အားနည်းချက်ကြောင့် အိမ်တွင်းအောင်းတာ များပြီး လူမြင်ကွင်း ထွက်ခဲပါတယ်။ ထို့ကြောင့် သူ့ကို လူသိနည်းကြပါတယ်။ ဒါပေမယ့် ရန်ကျောင်းက ရန်ကိုင်လို မဟုတ်ပါဘူး။ သူ့ကို ရန်မိသားစုဝင် တော်တော်များများက သိကြပါတယ်။ သူ့အဖေက မိသားစုခေါင်းဆောင်ပါ ဖြစ်နေတဲ့အတွက် ရန်မိသားစုထဲမှာ သူ့ကို မသိတဲ့သူ မရှိသလောက်ပါပဲ။

ရန်ကိုင်လည်း ရန်ကျောင်းကို နည်းနည်းပါးပါး တွေ့ခဲ့ဖူးပါတယ်။ ထို့ကြောင့် ထိုလူငယ်လေးက ရန်ကျောင်းမှန်း သူသိလိုက်တာပါ။

ရန်ကျောင်းကို မြင်လိုက်ပြီးနောက် လူဝကြီး ရင်ထန်ရို့ရဲ့ အမူအရာ ရုတ်ချည်း လေးနက်တည်ကြည် သွားခဲ့ပြီး သူ့နောက်မှာ ရှိနေတဲ့ လူတွေတောင် လေးအေးတစ်ချက် ရှိုက်လိုက်ကြတယ်။

ရန်ကျောင်းရဲ့ ခွန်အား၊ လာမယ့် အမွေခံတိုက်ပွဲမှာ ပြသမယ့် သူ့ရဲ့စွမ်းဆောင်ရည်၊ နှစ်ခုစလုံးက ဘာကြီးပဲ ဖြစ်နေဖြစ်နေ၊ လက်ရှိမိသားစုခေါင်းဆောင်ရဲ့သား ဆိုတာနဲ့တင် သူ့က လျစ်လျူရှုထားလို့ မရတဲ့ လူတစ်ယောက် ဖြစ်သွားခဲ့ပါပြီ။

“သခင်ငယ်လေး…” ရင်ထန်းရို့က အကင်းပါးတဲ့ လူတစ်ယောက်ပါ။ ထို့ကြောင့် ရန်ကိုင်ကို လေးလေးစားစားနဲ့ အရင်လှည့် နှုတ်ဆက်လိုက်တယ်။

“ခင်ဗျား လုပ်စရာရှိတာကိုသာ လုပ်ပါ” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။

“သခင်လေးကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်ကို ယဉ်ကျေးစွာနဲ့ ဦးညွှတ်လိုက်ပြီးနောက် ရင်ထန်းရို့က သူ့အဝတ်အစားကို သပ်ရပ်အောင် လုပ်လိုက်ကာ ရန်ကျောင်းဆီ သွားပြီး ရန်ကိုင် လာတုန်းက ပြောခဲ့သလို တူညီတဲ့ နှုတ်ဆက်စကားနဲ့ ခရီးဦးကြို ပြုလိုက်တယ်။

အစကနေ အဆုံးထိ ရန်ကျောင်းက တိမ်သွားမြင်းပေါ်ကနေ မဆင်းခဲ့ပါဘူး။ တိမ်သွားမြင်းပေါ်မှာပဲ ထိုင်နေရင်း ရင်ထန်းရို့ ပြောတာကို နားထောင်နေလိုက်ပြီးနောက် ရိုးရိုးလေးပဲ ပြန်ပြောလိုက်တယ် “နားလည်ပြီ”

ပြောပြီးတာနဲ့ ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်ကာ “ညီငယ်လေးကိုင်လား”

“ဒုတိယအစ်ကို” ရန်ကိုင်က လက်သီးဆုပ် ပြုံးကာ နှုတ်ဆက်လိုက်တယ်။

“သေချာသွားပြီ၊ ညီငယ်လေးကိုင်ပဲ၊ ဟားဟားဟား” ရန်ကျောင်းက အသံအကျယ်ကြီး အော်ဟစ်ရယ်မောလိုက်ပြီး ရန်ကိုင်ကို စိတ်ဝင်တစား ကြည့်လိုက်ရင်း “ကလေးဘဝကနေ အရွယ်ရောက် မိန်းမတစ်ယောက် ဖြစ်လာဖို့အတွက် မိန်းကလေး တစ်ယောက်က ဆယ့်ရှစ်ကြိမ် တိုင်တိုင် ပြောင်လဲရတယ်တဲံ။ ဒါပေမယ့် ယောကျ်ားလေးတွေ အတွက်လည်း အတူတူပဲနဲ့ တူတယ်။ မတွေ့ရတာ နှစ်နည်းနည်းလောက်ပဲ ရှိသေးတယ်၊ ဒုတိယအစ်ကိုက မင်းကို မမှတ်မိတော့မလိုတောင် ဖြစ်နေရပြီ။ ငါတို့ နောက်ဆုံး အကြိမ်တွေ့တုန်းက မင်းက အရမ်းကို အားနည်းတဲ့ ကောင်လေး တစ်ယောက်ပဲ၊ ဒါပေမယ့် အခုတော့ မင်းက ကြီးမြတ်တဲ့ ပါရမီနဲ့ တစ်ဖန်ပြန်လည် မွေးဖွားလာခဲ့ပြီး၊ ရန်မိသားစုဝင် ဖြစ်ထိုက်ပါတယ်”

ပြောတဲ့ စကားတွေကသာ ဘာမှမဟုတ်တာ၊ ဒါပေမယ့် သူပြောသွားတဲ့ စကားတွေထဲ ရန်ကိုင်ကို နောက်မိသားစု ခေါင်းဆောင် ဖြစ်ချင်လား၊ မဖြစ်ချင်ဘူးဆိုတာကို မေးလိုတဲ့ အရိပ်အမြွက်တို့ ပါဝင်နေခဲ့ပါတယ်။

“ဒုတိယအစ်ကိုက အရမ်းကို မြှောက်နေတာပဲ” ရန်ကိုင်က ရန်ကျောင်းရဲ့ စကားကို လျစ်လျူရှုထားလိုက်ပြီး ယုံကြည်ချက် အပြည့်နဲ့ ပြန်ပြုံးပြလိုက်တယ်။

သူတို့နှစ်ယောက် စကားပြောနေစဉ် ရန်ကျောင်း နောက်မှာ ရှိနေတဲ့ ကျွမ်းကျင်သူ အချို့က ရန်ကိုင်ကို တိတ်တဆိတ် စူးစမ်းနေခဲ့ကြတယ်။ ခဏကြာပြီးနောက် သူတို့ မျက်နှာထက် အထင်အမြင်သေးတဲ့ အမူအရာတို့ ထွက်ပေါ်လာခဲ့တယ်။

သွေးစစ်သည်တော် နှစ်ယောက်သာ ဘာအမူအရာမှ မပြတာပါ။

တုဖုန်းနဲ့ တန်ယုရှန်းတို့လိုပဲ ထိုနှစ်ယောက်က ရန်မိသားစုကိုသာ သစ္စာရှိတဲ့ သွေးစစ်သည်တော်တွေပါ။ ရန်ကျောင်းနဲ့ ရန်ကိုင်တို့ နှစ်ယောက်စလုံးက ရန်မိသားစုရဲ့ သခင်လေးတွေ ဖြစ်ကြတဲ့အတွက် သူတို့လည်း ရန်မိသားစု သခင်လေးတွေကို မလေးစားတဲ့ အမူအရာ နည်းနည်းလေးမှ ပြလိမ့်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် လူစိမ်းတွေနဲ့ အထင်အမြင်သေးတဲ့ အကြည့်တွေကို သတိပြုမိလိုက်ပြီးနောက် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး မျက်မှောင် ကြုံ့လိုက်ကြပြီး ထိုအပြင်လူတွေကို အေးစက်စက် အကြည့်နဲ့ စိုက်ကြည့်လိုက်ကြတယ်။

ရေခဲတမျှ စူးရဲအေးစက်သည့် အကြည့်ကို ခံစားမိလိုက်တာနဲ့ ထိုကျွမ်းကျင်သူတွေ အကုန်လုံး ဖြူလျော်သွားခဲ့ပြီး သူတို့ရဲ့ အမူအရာကို ခပ်မြန်မြန်ပဲ ပြန်ပြင်လိုက်တယ်။

ထိုအခြင်းအရာကို သတိပြုမိလိုက်တာနဲ့ ရန်ကျောင်း မျက်ဝန်းအစုံ လက်သွားခဲ့ပြီး တုဖုန်းနဲ့ တန်ယုရှန်းဆီ လှမ်းကြည့်လိုက်တယ်။ သူ အနည်းငယ် အံ့အားသင့်ခဲ့ရတယ်။ ထိုနှစ်ယောက်က ရန်ကိုင်ဘက်ကနေ ပြတ်ပြတ်သားသားနဲ့ ရပ်တည်ပေးလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။

ရန်ကျောင်းတောင် သူ့ကို လိုက်ပါစောင့်ရှောက်နေတဲ့ သွေးစစ်သည်တော် နှစ်ယောက်ရဲ့ အသိအမှတ်ပြုမှုကို မရရှိသေးပါဘူး။ ထိုသွေးစစ်သည်တော် နှစ်ယောက်စလုံးက သူတို့ စောင့်ရှောက်မယ့် တာဝန်ကိုသာ ဦးစားပေး ဂရုပြုကာ စကားဆိုလို့ တစ်ခွန်းစ၊ နှစ်ခွန်းစလောက်ပဲ ပြောခဲပါတယ်။

နှစ်ယောက်ကြားက ကွဲပြားချက်က သိသာလှပါတယ်။ ထို့ကြောင့် ရန်ကျောင်းက တစ်ခုခု ပုံမှန်မဟုတ်ဘူးလို့ ချက်ချင်း တန်းသတိပြုမိလိုက်တာပါ။

ရန်ကိုင်ကို ထိုသွေးစစ်သည်တော် နှစ်ယောက်က တော်တော်လေး အလေးပေးနေတဲ့ ပုံပါပဲ။ ဘာလို့ အဲ့လို အလေးပေးနေရတာလဲ။

သူ့စိတ်ထဲက သံသယတွေကို ဖိနှိပ်ထားလိုက်ပြီး ရန်ကျောင်းက သိချင်နေတဲ့ အမူအရာ နည်းနည်းလေးမှ ထုတ်မပြခဲ့ပါဘူး။ အဲ့အစား လေသံတိုးတိုးလေးနဲ့ပဲ မေးလိုက်တယ် “တစ်လမ်းလုံး ပျံသန်းလာခဲ့တာလား”

ရန်ကိုင်နဲ့ သွေးစစ်သည်တော် နှစ်ယောက်စလုံးမှာ စီးတော်သားရဲတွေ ပါမလာတဲ့အတွက် သူတို့တွေ ပျံသန်းလာတာပဲ ဖြစ်ရမယ်လို့ တွေးပြီး ရန်ကျောင်းက ရန်ကိုင်ကို မေးလိုက်တာပါ။

ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

“ခရီးလမ်းက ခက်ခဲကြမ်းတမ်းခဲ့မှာပဲ” ရန်ကိုင်က သာမန်ကာလျှံကာ ဟန်ပန်နဲ့ ပြောလိုက်ပြီး တိမ်သွားမြင်းပေါ်ကနေ ခုန်ဆင်းလိုက်တယ်။ ထို့နောက် ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်ပြီး ပြောလိုက်တယ် “မင်းစိတ်မရှိဘူးဆိုရင် နဂါးအသွင်ပြောင်း ရေကန်ဆီ အတူတူသွားကြမယ်လေ။ သွားနေရင်းနဲ့ ဒီနှစ်အတောအတွင်း မင်းဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာကို ဒုတိယအစ်ကိုကို ပြောပြလို့ ရတာပေါ့”

“ကောင်းပြီလေ” ရန်ကိုင်က ပြုံးလိုက်တယ်။

“အင်း၊ သွားကြစို့” ရန်ကိုင်က ဖွဖွလေး ရယ်လိုက်ပြီး အရင်ဆုံး လမ်းလျှောက်ထွက်သွားလိုက်တယ်။ သွားနေရင်နဲ့ ရုတ်တရက် ကောက်ရပ်လိုက်ပြီး နောက်ပြန်လှည့်ကာ ပြောလိုက်တယ် “ဟုတ်တယ်၊ ခင်ဗျားတို့ အိမ်ပြန်ပြီး ကျုပ်ကို စောင့်နေ၊ ၃ရက်ကနေ ၅ရက်အတွင်း ကျုပ်ပြန်လာခဲ့မဘ်”

ထိုအပြင်လူတွေ အကုန်လုံး ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

သွေးစစ်သည်တော် နှစ်ယောက်ကတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး။ သူတို့ရဲ့ တာဝန်က ရန်ကျောင်းကို မိသားစုဆီ လုံလုံခြုံခြုံနဲ့ ပြန်ရောက်တောင် ပို့ဆောင်ပေးဖို့ပဲ။ ထို့ကြောင့် မိသားစုဆီ ပြန်ရောက်တာနဲ့ သူတို့ တာဝန်ပြီးသွားခဲ့ပြီလို့ ပြောလို့ရပါတယ်။ အခုက သူတို့က သွေးစစ်သည်တော် ခန်းမကို ပြန်သွားမှာပါ။

“ခင်ဗျားတို့ရဲ့ ကြိုးစားအားထုတ်မှု အတွက် ကျေးဇူးပါ” ရန်ကိုင်က တုဖုန်းနဲ့ တန်ယုရှန်းကို ပြုံးရင်း အချက်ပြလိုက်တယ်။

နှစ်ယောက်စလုံးက ပြန်ပြောလိုက်တဘ် “သခင်ငယ်လေး၊ ဂရုစိုက်ပါ”

ရန်ကိုင်နဲ့ သွေးစစ်သည်တော် နှစ်ယောက်ကြားက ဆက်ဆံရေးက ရန်ကျောင်းကိုသာမက ကျန်ရှိနေတဲ့ သွေးစစ်သည်တော် နှစ်ယောက်ကိုပါ အံ့အားသင့်သွားစေခဲ့တယ်။

ရန်ကိုင်နဲ့ ရန်ကျောင်း ထွက်သွားပြီးနောက် သွေးစစ်သည်တော် လေးယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သွေးစစ်သည်တော် ခန်းမဆီ ပျံသန်းသွားလိုက်ကြတယ်။

လမ်းတစ်ဝက် ရောက်တာနဲ့ သွေးစစ်သည်တော်တွေထဲက တစ်ယောက်က ကောက်မေးလိုက်တယ် “တုဖုန်း၊ မင်းနဲ့ ယုရှန်းက သခင်ငယ်လေးနဲ့ ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။ ပြန်လာတဲ့ လမ်းမှာ သခင်ငယ်လေးက မင်းတို့ အထင်ကြီးအောင် လုပ်နိုင်ခဲ့လို့လား။ ငါတို့လည်း ပြောပြစမ်းကွာ”

သွေးစစ်သည်တော်တွေက တစ်ယောက်နဲ့တစ်ယောက် အရမ်း ရင်းနှီးကြပါတယ်။ အပြင်လူတွေ အမြင်မှာသာ ရင်းနှီးကြောင်း မပြတာ၊ ဘယ်သူမှ မရှိတော့တဲ့အချိန်ကျ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုတွေလို ပြောဆိုဆက်ဆံကြတာပါ။

တုဖုန်းက ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး “မဟုတ်ပါဘူး၊ သွားလာနေတဲ့ အတော်အတွင်း သခင်ငယ်လေးက ငါတို့အပေါ် တော်တော်လေး ကြင်နာခဲ့လို့ပါ”

ဒီနေရာမှာ ရှိနေတဲ့ လူလေးယောက်ထဲ ဘယ်သူကမှ အပြင်လူ မဟုတ်ပေမယ့် ရန်ကိုင်ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ပြောရလောက်တဲ့အထိ တုဖုန်း မအပါဘူး။ ဘာလို့လဲဆိုတော့ အခုရှိနေတဲ့ လူလေးယောက်က မကြာခင်မှာပဲ ရန်သူတွေ ဖြစ်လာနိုင်ပါတယ်။ ရန်ကိုင်ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ပြောလိုက်တာက ရန်ကိုင်ကို ဒုက္ခတွင်းထဲ ဆွဲချနေတာနဲ့ အတူတူပါပဲ။

ထိုလူက တုဖုန်းရဲ့ စကားတွေကို မယုံကြည်ပေမယ့် ပြန်ပြီးတော့သာ ပြုံးပြလိုက်တယ်။

“မင်းတို့ရော ဘယ်လိုလဲ။ ဒုတိယသခင်လေးနဲ့ ခရီးအတူသွားရတာ ဘယ်လိုနေလဲ” တုဖုန်းက ခပ်မြန်မြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်တယ်?

သွေးစစ်သည်တော် နှစ်ယောက်ထဲက တစ်ယောက်က ပြန်ဖြေလိုက်တယ် “ဘာမှ မထူးခြားပါဘူးကွာ”

လေးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ပြီး အားလုံး ပြိုင်တူ လှောင်ပြုံးပြုံးလိုက်ကြတယ်။

နှစ်ဖက်စလုံးက မဟုတ်တာတွေ လျှောက်ပြောနေမှန်း အားလုံး သိထားကြပါတယ်။ ဒါပေမယ့် သူတို့ သိနေရင်တောင် ဘယ်သူကမှ အပြင်ကို ထုတ်ပြောလိမ့်မှာ မဟုတ်ပါဘူး။ အခုအချိန်၌ ဘယ်သွေးစစ်သည်တော်ပဲ ဖြစ်ပါစေ၊ သူတို့ တာဝန်ယူ စောင့်ရှောက်လာခဲ့ရတဲ့ သခင်လေးရဲ့ လျှို့ဝှက်ချက်တွေကို အပြင်သို့ ပေါက်ကြားစေလိမ့်မှာ မဟုတ်ပါဘး။ မိသားစုခေါင်းဆောင် ဒါမှမဟုတ် အကြီးအကဲ တစ်ယောက် ကိုယ်တိုင် လာမေးရင်တောင် သူတို့ ထုတ်ပြောလိမ့်မှာ မဟုတ်ပါဘူး။

သွေးစစ်သည်တော်တွေ ဆိုတာ သစ္စာရှိမှုရဲ့ ပြယုဒ်ပါပဲ။

တစ်ချိန်တည်းမှာပဲ ရန်ကိုင်နဲ့ ရန်ကျောင်းက နဂါးအသွင်ပြောင်းရေကန် ရှိရာဆီ လမ်းလျှောက်သွားနေခဲ့ကြတယ်။ ညီအစ်ကိုနှစ်ယောက်က ငါးနှစ်အတွင်း သူတို့ ကြုံတွေ့ခဲ့ရတဲ့ အရေးမပါတဲ့ ကိစ္စတွေအကြောင်းကို အချင်းချင်း ဖောက်သည်ချနေခဲ့တယ်။ သူတို့ နေခဲ့တဲ့ ဂိုဏ်းတွေ အကြောင်းကိုတော့ စကားတစ်ခွန်းတောင် မဟခဲ့ကြပါဘူး။

သူတို့ရဲ့ ညီအစ်ကိုက သူတို့ရဲ့ ပြိုင်ဘက် ဖြစ်တယ်ဆိုတာကို နှစ်ယောက်စလုံး သိနားလည်ထားကြပါတယ်။ တစ်ယောက်က တစ်ယောက်ကို နောက်ကောက် ချနိုင်ဖို့အတွက်နဲ့ အခြားတစ်ယောက်က ဘယ်လို အစီအစဉ်တွေ ထုတ်သုံးလာမယ် ဆိုတာကို နှစ်ဦးနှစ်ဖက်စလုံး မသိထားကြပါဘူး။

အမွေခံတိုက်ပွဲဆိုတာ ညီအစ်ကိုတွေကြားက တိုက်ပွဲတစ်ခုနဲ့ မခြားပါဘူး။

Martial Peak

အပိုင်း(၃၉၂) နဂါးအသွင်ပြောင်းရေကန်

ညီအစ်ကို နှစ်ယောက်က ပုခုံးချင်းယှဉ်ပြီး သွားနေခဲ့ကြတယ်။ အပြင်လူတွေ အမြင်မှာတော့ သူတို့တွေက အရမ်းကို ချစ်ခင် နှစ်သက်ကြတဲ့ ညီအစ်ကိုတွေပေါ့။

မကြာခင်မှာပဲ နဂါးအသွင်ပြောင်းရေကန်ဆီသို့ သူတို့ နှစ်ယောက် ရောက်ရှိလာခဲ့တယ်။

ထိုနေရာကို စောင့်ကြပ်နေတဲ့ အစောင့်အကြပ် များစွာ ရှိပါတယ်။ ပုန်းကာ စောင့်ကြပ်နေကြတဲ့ ပညာရှင်များစွာလည်း ရှိနေကြပါသေးတယ်။ သူတို့တွေက ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်ပြီး နေရာတစ်ခုလုံးကို စစ်ဆေးနေကြတာပါ။

နဂါးအသွင်ပြောင်းရေကန်နားဆီ အပြင်လူ တစ်ယောက် ချဉ်းကပ်လာတာနဲ့ မေးမြန်းခြင်းအလျင်းမရှိပဲ ချက်ချင်း သတ်ဖြတ်လိုက်မှာပါ။

တစ်ကြိမ်တုန်းက ပထမအဆင့် အင်အားစုတစ်ခုက ဘဏ္ဏာစိုးက ရန်မိသားစုဆီ လက်ဆောင်ပဏ္ဏာဆက်သဖို့ ရောက်လာခဲ့ပါတယ်။ သူ့တာဝန် ပြီးဆုံးသွားပြီးနောက် ရန်မိသားစုက ပြန်အထွက် လမ်းပျောက်သွားခဲ့ပြီး နဂါးအသွင်ပြောင်း ရေကန်ဆီနားဆီ ရောက်သွားခဲ့ပါတယ်။ သို့ပေမယ့် သူ့အနေနဲ့ ရှင်းပြခွင့်လေးတောင် မရလိုက်ပဲ နေရာမှာပဲ ချက်ချင်း တန်းသတ်ပစ် ခံလိုက်ရပါတယ်။

အပြင်ဘက်သို့ ထိုသတင်း ပျံ့နှံ့သွားပြီးတဲ့နောက် ထိုပထမအဆင့် အင်အားစုက ရှင်းပြချက် လာမတောင်းရုံမကလို့ လက်ဆောင်တွေ အများကြီး သယ်ပြီးတော့တောင် လာတောင်းပန်လိုက်ပါသေးတယ်။

ရန်မိသားစုရဲ့ ထွတ်မြတ်နယ်မြေက အစောင့်အကြပ် အထူထဲဆုံး‌ နေရာတွေထဲက တစ်ခုပါ။

နဂါးအသွင်ပြောင်းရေကန် ပတ်ပတ်လည်း ကီလိုမီတာများစွာက ရန်မိသားစုရဲ့ အစောင့်အကြပ် အထူထဲဆုံး နေရာတစ်ခုပါ။ မသိတဲ့လူသာ ဆိုရင် ဒီနေရာတစ်ခုလုံးကို ဖုန်းဆိုးမြေကြီးလို့တောင် ထင်မှတ်သွားနိုင်ပါတယ်။

ဒီနေရာတစ်ခုလုံး ထူထဲလှတဲ့ မြူတွေနဲ့ ရစ်သိုင်းနေခဲ့တယ်။ မြူတွေက သိပ်သည်းလွန်းလို့ ကိုယ့်လက်ကို ပြန်မမြင်နိုင်တဲ့ အထိပါပဲ။ ထိုထူထဲလှတဲ့ မြူထုကြီးကို စိမ်းလန်းစိုပြေလှတဲ့ အစိမ်းရောင်တောအုပ်ကြီး တစ်ခုက ဝန်းရံထားခဲ့ပါတယ်။

ဒါကဒီနေရာ တစ်ခုလုံး အတွင်းပိုင်း အကျဆုံး နေရာတစ်ခုဖြစ်ပြီး နဂါအသွင်ပြောင်းရေကန်ထဲသို့ ဝင်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ထိုနေရာ ရောက်တာနဲ့ ရန်ကျောင်းနဲ့ ရန်ကိုင်တို့ နှစ်ယောက်စလုံး စကားပြောနေတာကို ရပ်တန့်လိုက်ကြတယ်။ ရန်ကျောင်းက ရှေ့တက်လိုက်ပြီး လက်သီးဆုပ်ကာ “ဂျူနီယာရန်ကျောင်းက အကြီးအကဲခန်းမရဲ့ အမိန့်အရ နဂါးအသွင်းပြောင်းရေကန်ဆီသို့ လာရောက်ပါတယ်။ ဘယ်စီနီယာကများ ဒီနေရာကို စောင့်ကြပ်နေတာလဲ ဆိုတာကို ဂျူနီယာ သိလို့ရမလား”

ခဏအကြာ မြူထူထဲကနေ ထူးဆန်းတဲ့ အသံတစ်သံ ထွက်ပေါ်လာခဲ့တယ် “ဒီလူအိုကြီးကို ရှောင်ကျန်းချင်လို့ ခေါ်တယ်၊ ဒီတော့ မင်းက သခင်လေးကျောင်းပေါ့။ မင်းကနားက သခင်လေးကကော ဘယ်သူလဲ”

ရန်ကိုင်က ပြန်မပြောရသေးခင်မှာပဲ ရန်ကျောင်းက ခပ်မြန်မြန်ပဲ ရှေ့တိုးသွားလိုက်ပြီး ပြန်ဖြေလိုက်တယ် “ဒီက ကျုပ်ရဲ့ ညီငယ်လေးကိုင်ပါ”

မြူခိုးထဲက အသံက တစ်ခဏလောက် တိတ်ဆိတ်သွားခဲ့တယ်။ ရန်ကိုင်က ဘယ်သခင်လေးလဲ ဆိုတာကို သူပြန်စဉ်းစားနေတဲ့ပုံပါပဲ။ မကြာခင်မှာပဲ မြူးခိုးထဲကနေ အသံပြန်ထွက်လာခဲ့တယ် “မင်းတို့က ရောက်လာပြီဆိုမှတော့ သခင်လေး နှစ်ယောက် ဝင်လာခဲ့လိုက်ပါ”

ပြောပြီးတာနဲ့ မမြင်နိုင်တဲ့ လက်ကြီးနှစ်ဖက်က ဆွဲဖြဲလိုက်သလိုမျိုး သူ့တို့ရှေ့က မြူထုကကွဲထွက်သွားခဲ့ပြီး အတွင်းပိုင်းဆီသို့ ဦးတည်နေတဲ့ လမ်းကျဉ်းလေး တစ်ခု ထွက်ပေါ်လာခဲ့တယ်။

ထိုလမ်းကျဉ်းလေးရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီမှာ ရန်မိသားစုရဲ့ ပညာရှင်များစွာ စီတန်းရပ်နေကြတယ် ဆိုတာကို ရန်ကိုင်နဲ့ ရန်ကျောင်းတို့ နှစ်ယောက်စလုံး တွေ့ရှိလိုက်ကြတယ်။ နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့မိကြတယ်။

သူတို့နဲ့ အနီးဆုံးလူဆိုရင် သူတို့နဲ့ ငါးမီတာတောင် မကွာပါဘူး။

အစတုန်းက မြူထုတစ်ခုလုံးရဲ့ ဖုံးလွှမ်းခြင်းကို ခံထားရတဲ့အတွက် ထုလူတွေကို ရန်ကိုင်တို့ နှစ်ယောက် သတိမပြုမိခဲ့ပါဘူး။ မြူခိုးထဲကနေလည်း မည်သည့် စွမ်းအင် အရိပ်အယောင်ကိုမှ သူတို့ မခံစားမိခဲ့ပါဘူး။

ထိုရန်မိသားစု အစောင့်အကြပ်တွေက အပြင်ဘက်မှာ စောင့်ကြပ်နေတဲ့ အစောင့်အကြပ်တွေနဲ့ မတူပါဘူး။ သူတို့ တစ်ယောက်ချင်းစီတိုင်းက တည်တည်ငြိမ်ငြိမ်နဲ့ပါ။ အများစုက အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်ရှိနေပြီး အနည်းအကျဉ်းကတော့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီက ခံ့ညားဝံ့ထည်တဲ့ အရှိန်အဝါကို ပိုင်ဆိုင်ထားကြပြီး အားလုံးရဲ့ အကြည့်က ရန်ကိုင်နဲ့ ရန်ကျောင်းဆီ ရောက်ရှိလာခဲ့တယ်။

ရန်ကိုင်နဲ့ ရန်ကျောင်း အကြည့်ချင်း ဖလှယ်လိုက်တယ်။ သူတို့ မျက်ဝန်းတွေက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့တယ်။ ထို့နောက် အရှေ့ဘက်ကို မျက်နှာမူလိုက်ပြီး လမ်းကျဉ်းလေးအတိုင်း လမ်းလျှောက်သွားလိုက်တယ်။

“သခင်လေး နှစ်ယောက်ကို ကြိုဆိုပါတယ်”

“သခင်လေးနှစ်ယောက်၊ ကြွပါ”

ထိုရန်မိသားစု အစောင့်အကြပ်တွေက ရန်ကိုင်နဲ့ ရန်ကျောင်းကို လေးလေးစားစားနဲ့ ခေါင်းညိတ်ရုံလေး ညိတ်ပြလိုက်တယ်။

ရန်ကျောင်းက ခပ်သဲ့သဲ့ အပြုံးကို ဆင်မြန်းရင်း သူ့ခြေလှမ်းတိုင်းက ယုံကြည်ချက်တို့ဖြင့် ပြည့်နေခဲ့တယ်။

ရန်ကိုင်ကတော့ စကားတစ်ခွန်းမှ မပြောပဲ ကောင်းကင် စိတ်အာရုံကို ထုတ်လွှတ်ပြီးတော့ ဘေးပတ်ဝန်းကျင်ကို စူးစမ်းစစ်ဆေး နေခဲ့တယ်။ သူ့နှလုံးသားတစ်ခုလုံး မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် တိတ်တဆိတ် အံအားသင့်သွားမိလိုက်တယ်။

သူက ရန်မိသားစုဝင် တစ်ယောက် ဖြစ်ပေမယ့် သူက ရန်မိသားစုရဲ့ အမွေအနှစ်အကြောင်း ထည်းထည်းဝင်ဝင် မသိသလို မြို့တော်နဲ့လည်း အရမ်းကြီး မရင်းနှီးပါဘူး။

ဒါပေမယ့် ဒီမှာရှိနေတဲ့ အစောင့်တွေ အားလုံးက ဒုတိယအဆင့် အင်အားစုက အဆင့်တူ သာမန်တပည့်တွေထက် ပိုပြီးအားကောင်း ရန်ကိုင် အံ့အားသင့်စွာ တွေ့ရှိလိုက်ရတယ်။

စိတ်စွမ်းအင်ဖြစ်စေ၊ ပြင်ပရုပ်ခန္ဓာခွန်အားဖြစ်စေ၊ သွေးစမ်းအားဖြစ်စေ၊ အစစ်အမှန်ချီ ဖြစ်စေ၊ အားလုံးက ပိုပြီးအားကောင်းသလို ပိုပြီးတော့လည်း သန့်စင်ကြပါတယ်။

သူ့ရှေ့မှာ ရပ်နေတဲ့ အစောင့်အကြပ် နှစ်ယောက်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် နှစ်ယောက်စလုံးက အဆင့်အတူအတွင်းမှာ ရှိနေတဲ့ ကျင့်ကြံသူ သုံးယောက်ကို တစ်ယောက်တည်း ယှဉ်တိုက်နိုင်စွမ်း ရှိတယ်လို့ ရန်ကိုင် ကောက်ချက်ချလိုက်တယ်။

ဒါက သာမန်တပည့်တွေကို ပြောတာပါ။ လက်ရွေးစင် ပါရမီရှင် နှစ်ယောက်သုံးယောက်လောက်ကို တစ်ယောက်တည်း ယှဉ်တိုက်နိုင်တယ်လို့တော့ မဆိုလိုပါဘူး။

ဒါပေမယ့် ဒါကတောင် တော်တော်လေး အံ့အားသင့်စရာ ကောင်းနေပါပြီ။

ပြီးတော့ ဒီမှာ ရှိနေတဲ မြူထုကလည်း တော်တော်လေး ထူးဆန်းပါတယ်။ ထိုမြူုထဲကို သူ့ကောင်းကင် စိတ်အာရုံနဲ့ ထိုးဖောက်ကြည့်လိုက်တဲ့အချိန် သူ့ကောင်းကင်စိတ်အာရုံ တစ်ခုလုံး တည်ငြိမ်နေတဲ့ရေထဲ ကျဆင်းသွားသလို အထဲမှာရှိနေတဲ့ ဘာကိုမှ အာရုံခံလို့ မရခဲ့ပါဘူး။

ဒီနေရာမှာ အရမ်းကို နက်နဲတဲ့ စိတ်ဝိဥာဉ် အစီအရင်တစ်ခုကို ခင်းကျင်းထားတာ အသေအချာပါပဲ။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစားလောက် ကြာပြီးနောက်မှာတော့ သူတို့ရှေ့က မြင်ကွင်း တစ်ဖန်ပြန်လည် ကြည်လင်လာခဲ့တယ်။ အဖြူရောင်မြူထုကြီးလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။ အုံ့ဆိုင်းမှုံ့မှိုင်းနေတဲ့ တောအုပ်ကြီးထဲကနေ ထွက်လာလိုက်ရသလို ရန်ကိုင်တို့ ခံစားလိုက်ရတယ်။

သူတို့ ရှေ့မှာတော့ ဧရာမရေကန်ထောင့်စွန်း တစ်ခုမှာ တင်ပလင်ခွေ ထိုင်နေတဲ့ မုတ်ဆိတ်ဖြူ လူအိုကြီး သုံးယောက် ရှိနေခဲ့တယ်။ လူအိုကြီး သုံးယောက်စလုံးက ရန်ညီအစ်ကို နှစ်ယောက်ကို ငေးစိုက် ကြည့်နေခဲ့တယ်။

ညီအစ်ကိုနှစ်ယောက် မြူထဲကနေ ထွက်လာတာကို မြင်လိုက်ရတဲ့အချိန် သုံးယောက်ထဲမှ အလယ်မှာထိုင်နေတဲ့ လူအိုကြီးက ပြုံးလိုက်ပြီး ပြောလိုက်တယ် “ရန်ကျောင်းလား”

ရန်ကျောင်းက သူ့လက်နှစ်ဖက်ကို ပူးကပ် လက်သီးဆုပ်သဖွယ် လုပ်လိုက်ပြီး လေးလေးစားစားနဲ့ ပြန်နှုတ်ဆက်လိုက်တယ် “ဂျူနီယာရန်ကျောင်းက စီနီယာသုံးယောက်ကို နှုတ်ဆက်ပါတယ်”

နဂါးအသွင်ပြောင်း ရေကန်ဘေးနားမှာ စောင့်ကြပ်နေနိုင်မှတော့ သူတို့ရဲ့ မျိုးရိုးက ရန်ဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ သူတို့ရဲ့ အဆင့်အတန်းက ရန်မိသားစုထဲက အကြီးအကဲတွေနဲ့ ကျိန်းသေ တူညီပါလိမ့်မယ်။

ထို့ကြောင့် ထိုလူအိုကြီး သုံးယောက် ရန်ကျောင်း မလေးမစား မပြုရဲတာပါ။

ရှောင်ကျန်းချင်နဲ့ ကျန်တဲ့ လူအိုကြီး နှစ်ယောက်လည်း ရန်ကျောင်းရဲ့ အပြုအမူကို ကြည့်ရင်း ကျေနပ်အားရစွာနဲ့ ပြုံးလိုက်တယ်။ ထို့နောက် ရှောင်ကျန်းချင်က ရန်ကိုင်ကို ကြည့်လိုက်ပြီး မသေချာမရေရာတဲ့ လေသံနဲ့ မေးလိုက်တယ် “မင်းက ရန်ရင်ဖုန်းရဲ့ သားလား”

“ဟုတ်ပါတယ်၊ ဂျူနီယာရန်က စီနီယာသုံးယောက်ကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။

ထိုလူသုံးယောက်စလုံးက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တွေပါ။ တစ်နည်းဆိုရရင် သူတို့ သုံးယောက်စလုံး အဆင့်မချိုးဖျက်ခင်က လင်းတိုင်ရှုလောက် အားကောင်းကြပါတယ်။ ဒါပေမယ့် သူတို့သုံးယောက်စလုံး နဂါးအသွင်းပြောင်း ရေကန်ကို စောင့်ကြပ်နေကြရတယ်။ ထိုအချက်နဲ့တင် နဂါးအသွင်ပြောင်းရေကန်က ရန်မိသားစုအတွက် ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ သိနိုင်ပါတယ်။

ထိုသုံးယောက်နဲ့အတူ များစွာသော ပညာရှင်တွေက စောင့်ကြပ်နေတဲ့ ဆန်းကြယ်သော စိတ်ဝိဥာဉ် အစီအရင်တစ်ခုကိုပါ ခင်းကျင်းထားသည့် ဒီလိုနေရာမျိုးကို အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်သာ ချိုးဖောက်ကောင်း ချိုးဖျက်နိုင်ပါလိမ့်မယ်။

ရန်ကိုင် ဘယ်သူလဲ ဆိုတာ သိလိုက်ပြီး ရှောင်ကျန်းချင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။ ကျန်တဲ့နှစ်ယောက် ကတော့ စကားတစ်ခွန်းမှ မပြောခဲ့ပါဘူး။ သူတို့ပုံစံကြည့်ရတာ ရန်ကျောင်းတစ်ယောက်ရဲ့ သူတို့ အာရုံစိုက်မှုနဲ့ ထိုက်တန်သလိုပါပဲ။

ထိုလူအိုကြီးသုံးယောက်ရဲ့ မတူမတန် အပြုအမူကို တွေ့လိုက်ရလို့ ရန်ကိုင် အံ့အားမသင့်သွားခဲ့သလို စိတ်ညစ်သွားတာမျိုးလည်း မရှိပါဘူး။

“စီနီယာ၊ မိသားစုက နဂါးအသွင်ပြောင်းရေကန်ကို ကျုပ်တို့အတွက် ဘာလို့ ပြင်ဆင်ပေးထားရတာလဲ” ရှောင်ကျန်းချင်က သူ့အပေါ် အကောင်းမြင်မှန်း သတိပြုမိလိုက်တာနဲ့ ရန်ကျောင်းက သူသိချင်နေတဲ့ အရာကို ချက်ချင်း တန်းမေးလိုက်တယ်။

ရှောင်ကျန်းချင်က အသာအယာလေး ပြုံးလိုက်ပြီး ပြန်ပြောလိုက်တယ် “မိသားစုက မင်းတို့ရဲ့ အလားအလာကို တိုးတက်စေချင်လို့ပေါ့။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း မင်းတို့တွေက ပထမအဆင့် အင်အားစုတွေမှာ လေ့ကျင့်နေရတာလေ။ အဲ့က အရင်းအမြစ်တွေက ငါတို့ ရန်မိသားစုမှာရှိတဲ့ အရင်းအမြစ်တွေနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်ပါ့မလဲ။ သိုင်းပညာရပ်တွေကို လေ့ကျင့်လို့ ဖြစ်ဖြစ်၊ ဆေးလုံးတွေကို စုပ်ယူခဲ့လို့ပဲဖြစ်ဖြစ်၊ မင်းတို့ ခန္ဓာကိုယ်ထဲမှာ အတွင်းဒဏ်ရာတွေနဲ့ အညစ်အကြေးတွေက အနည်းနဲ့အများတော့ ကျန်နေခဲ့မှာပဲ။ နဂါးအသွင်ပြောင်း ရေကန်က မင်းတို့ ကိုယ်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တယ်”

ရန်ကျောင်းက ပျော်ရွှင်စွာနဲ့ ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “မိသားစုရဲ့ မျှော်လင့်အတိုင်း ဂျူနီယာ နေနိုင်အောင်လို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်”

ရှောင်ကျန်းချင်က ရယ်မောလိုက်ပြီး “ကောင်းတယ်၊ မိသားစုခေါင်းဆောင်ရဲ့ သားဆိုတာ ဒီလိုပဲ ဖြစ်နေရမယ်။ အခြားသူတွေနဲ့ တူလို့ မရဘူး။ နဂါးအသွင်ပြောင်းရေကန်ရဲ့ အလယ်ဗဟိုက ပိုပြီး အကျိုးသက်ရောက်မှုရှိတယ်၊ အလယ်နေရာဆီ ရောက်အောင် မင်းသွားသင့်တယ်”

ရန်ကိုင် မျက်မှောင် ကြုံ့မိလိုက်တယ်။ ရန်ကျောင်းကို အကောင်းမြင်တာကို သူလက်ခံနိုင်ပေမယ့် အခုလိုမျိုး ပွင့်ပွင့်လင်းလင်းကြီး မျက်နှာသာ ပေးနေတာကို မြင်တော့ သူ့ရင်ထဲ ရွစိရွစိ ဖြစ်လာခဲ့တယ်။

ဒါပေမယ့် သူမကျေနပ်တာကို နည်းနည်းလေးမှ ထုတ်မပြောခဲ့ပါဘူး။ အအကြီးတစ်ယောက်လိုသာ သူ့ပါးစပ်ကို တင်းတင်း စေ့ထားခဲ့တယ်။ အခုအချိန်၌ သူ့မှာ စွမ်းအား မရှိသလို ဘာကိုမှလည်း ဖြစ်မြောက်အောင် မလုပ်ထားနိုင်သေးပါဘူး။ ထို့ကြောင့် သူ့မကျေနပ်ချက်ကို ထုတ်ပြောလိုက်တာနဲ့ အခြားသူတွေရဲ့ လှောင်ပြောင်ကဲ့ရဲ့ စကားတွေကို ဖိတ်ခေါ်နေသလို ဖြစ်သွားပါလိမ့်မယ်။

သူ့အပေါ် အမြင်ကို ပြောင်းစေချင်တယ်ဆိုရင် နည်းတစ်နည်းသာ ရှိပါတယ်။

ရန်မိသားစုရဲ့ ခေါင်းပေါ် တက်ထက်နိုင်ဖို့ပါပဲ။ အဲ့အချိန်က ဘယ်သူမှ့ သူကို မလေးစားလို့ မရတော့သလို အားလုံးကလည်း သူ့အမိန့်ကို နာခံရတော့မှာပါ။

ရန်ကျောင်းက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်နဲ့အတူ နဂါးအသွင်ပြောင်းရေကန် အလယ်ဆီသွားလိုက်တယ်။

ရေကန်ရဲ့ ဝိုးတဝါး အနားသတ်ကိုသာ မြင်တွေ့နေရတယ်။ ဘာလို့လဲဆိုတော့ ရေကန်မျက်နှာပြင်ကို ထူးဆန်းတဲ့ မြူလွှာတစ်လွှာက ဖုံးအုပ်နေတာ ကြောင့်ပါပဲ။

ဒါပေမယ့် ထိုမြူလွှာက အစောပိုင်းတုန်းက သူကြုံတွေ့ခဲ့ရတဲ့ မြူထုနဲ့ မတူညီဘူးဆိုတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။

အပြင်ဘက်က မြူထုက ဒီနေရာကို ကာရံထားဖို့အတွက် သုံးတာဖြစ်ပြီး ဒီနေရာက မြူလွှာကတော့ သန့်စင်တဲ့ စွမ်းအင်တွေ စုစည်းရာကနေ ဖြစ်တည်လာတာပါ။ နဂါးအသွင်ပြောင်း ရေကန်ထဲက ရေတွေက ထိုစွမ်းအင်တွေ အရည်ဖွဲ့တည်ရာကနေ ဖြစ်လာတဲ့ ပုံပါပဲ။

“နဂါးအသွင်းပြောင်း ရေကန်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်တယ်။ ဒါက ရှားပါးတဲ့အခွင့်အရေး တစ်ခုပဲ။ မင်းတို့ အကောင်းဆုံး အသုံးချသင့်တယ်” ရှောင်ကျန်းချင်က အသာအယာလေး ပြောလိုက်တယ်။

သူပြောပြီးရုံ ရှိသေး ဘေးနားက လူအိုကြီး တစ်ယောက်က ဆက်ပြောလိုက်တယ် “နဂါးအသွင်ပြောင်းရေကန်က လူတစ်ယောက်ရဲ့ အရည်အချင်းကို စမ်းသပ်လို့ ရတဲ့ နေရာတစ်ခု ဆိုလည်း ဟုတ်တယ်။ ရေကန်ထဲမှာ ကြာကြာနေနိုင်လေ၊ သူတို့ရဲ့ အရည်အချင်းနဲ့ အလားအလာက ပိုမြင့်လေပဲ။ ရန်ကျောင်း၊ မင်းကောင်းကောင်း ကြိုးစားသင့်တယ်။ မင်းက အခြားလူတွေနဲ့ မတူဘူး၊ မင်းက မိသားစုခေါင်းဆောင်ရဲ့ သားပဲ။ လူတော်တော် များများက မင်းကို မျှော်လင့်ထားကြတာ”

ရန်ကျောင်းမျက်နှာ တစ်ခုလုံး စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့တယ်။ သူ့အရည်အချင်းကို သက်သေပြဖို့ မစောင့်နိုင်တော့သည့် အလား ခပ်မြန်မြန်ပဲ လက်သီးဆုပ်လိုက်ပြီး အော်ပြောလိုက်တယ် “ဟုတ်ကဲ့ပါ”

“သွားတော့” ရှောင်ကျန်းချင်က သူ့လက်ကို ဝှေ့ရမ်းလိုက်တယ်။ မမြင်နိုင်တဲ့ အားတစ်ခုက ရန်ကျောင်းနဲ့ ရန်ကိုင်ကို ရစ်ပတ်သွားခဲ့ပြီး နှစ်ယောက်စလုံးကို နဂါးအသွင်ပြောင်းရေကန်ဆီ အသာအယာလေး ပို့ပေးလိုက်တယ်။

လူငယ်နှစ်ယောက်စလုံး ရေကန်ထဲ တစ်ပြိုင်တည်း ပျောက်ကွယ်သွားခဲ့တယ်။

ရေကန်ထဲ ရောက်တာနဲ့ သူ့တစ်ကိုယ်လုံး အေးစက်သွားခဲ့တယ်။ ရေကန်ထဲက စွမ်းအင်တွေက သူ့သွေးကြောဆုံမှတ်တွေနဲ့ မွှေးညင်းပေါက်လေးတွေကို ဖြတ်သန်းစီးဆင်းသွားခဲ့သဖြင့် သူ့တစ်ကိုယ်လုံးကို အပ်နဲ့ထိုးစွနေသလို ရန်ကိုင် ခံစားလိုက်ရတယ်။

ဒါပေမယ့် ချက်ချင်း ဆိုသလိုပဲ ထိုနာကျင်မှုက ပျောက်ကွယ်သွားခဲ့တယ်။ သူ့သွေးကြောတွေထဲ စီးဝင်လာတဲ့ စွမ်းအင်တွေ ဆိုရင်လည်း အစစ်အမှန် ယန်ယွမ်ချီရဲ့ သန့်စင်ခြင်း ခံလိုက်ရပြီးနောက် ရွှေရောင်အရိုးခြောက်ထဲ သိုလှောင်ထားခြင်း ခံလိုက်ရတယ်။

ရန်ကိုင် ကြောင်သွားခဲ့တယ်။ နဂါးအသွင်းပြောင်း ရေကန်က… သူထင်ထားတာနဲ့ တော်တော်လေး ကွဲပြားနေတယ်လို့ ရန်ကိုင် ရုတ်တရက် ခံစားလိုက်ရတယ်။

ကောလဟာလတွေအတိုင်း ဘာအကျိုးသက်ရောက်မှုမှ မရှိတဲ့ ပုံပါပဲ။

ရန်ကျောင်းကို လှည့်ကြည့်မိလိုက်တဲ့ အချိန်မှာတော့ သူ့အမူအရာက ပိုပြီး ထူးဆန်းလာခဲ့တယ်။

အခုအချိန်၌ သူ့ရဲ့ ဒုတိယအစ်ကို အလွန်အမင်း ပြင်းထန်လှတဲ့ နာကျင်မှုကို တောင့်ခံနေရတဲ့ ပုံပါပဲ။ သူ့မျက်နှာတစ်ခုလုံး သွေးလိုနီရဲနေခဲ့ပြီး အစစ်အမှန်ချီကို ရူးသွပ်စွာ လှည့်ပတ်ရင်း နဂါးအသွင်ပြောင်း ရေကန်ထဲက စွမ်းအင်တွေကို သူ့ကိုယ်ထဲ စုပ်ယူနေခဲ့တယ်။

ချက်ချင်းဆိုသလို သူ့မွှေးညင်းပေါက်ကနေ အညစ်အကြေး အချို့ ထွက်ပေါ်လာခဲ့ပြီး သလင်းကျောက်လို ကြည်လင်နေတဲ့ ရေကန်ထဲက ရေတွေကို ညစ်ညမ်းသွားစေခဲ့တယ်။

ရန်ကိုင်လည်း အဝေးတစ်နေရာဆီ ချက်ချင်း ကူးခတ်သွားလိုက်တယ်။

ရန်ကျောင်းရဲ့ ပုံစံအရတော့ နဂါးအသွင်ပြောင်း ရေကန်က ကောလဟာလတွေအတိုင်း လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်တယ်ဆိုတာ သေချာနေပါပြီ။ ဒါဆိုရင် သူ့အပေါ် ဘာလို့ အကျိုးသက်ရောက်မှု မရှိရတာလဲ။

အချိန်အတော်ကြာအောင် စဉ်းစားနေလိုက်ပြီးနောက် ရန်ကိုင် တစ်ခုခုကို နားလည်သွားခဲ့ပြီး သူ့မျက်နှာတစ်ခုလုံ ရှုံ့မဲ့သွားခဲ့တယ်။

သူခန့်မှန်းတာသာ မှန်မယ်ဆိုရင် အခုလို ဖြစ်ရတာတွေ အားလုံးက ဆေးပေါင်းရည်ကြောင့်ပဲ ဖြစ်ရပါမယ်။

ဆေးပေါင်းရည်ကို တစ်နေ့တစ်စက်နဲ့ ပုံမှန်သောက်သုံးမယ် ဆိုရင် သောက်သုံးသူရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သလို အလားအလာကိုလည်း တိုးတက်စေနိုင်ပါတယ်။

ဆေးပေါင်းရည်ကို ရရှိခဲ့တဲ့ အချိန်ကစလို့ သူ မအားလပ်အောင် ဖြစ်နေတဲ့ နေ့တွေကလွဲလို့ ကျန်တဲ့ရက်တွေအတွင်း ဆေးပေါင်းရည်ကို တစ်နေ့တစ်စက် မှန်မှန်သောက်သုံးခဲ့ပါတယ်။

ဆေးပေါင်းရည်ကို နေ့စဉ်ရက်ဆက် အချိန်အတော်ကြာအောင် သောက်သုံးလာပြီးနောက် သူ့ကိုယ်ထဲက အညစ်အကြေးတွေ အကုန်လုံး သန့်စင်ခံလိုက်ရပြီး သူ့ရဲ့ အလားအလာကလည်း သိသိသာသာကို တိုးတက်လာခဲ့ပါတယ်။

နဂါးအသွင်ပြောင်း ရေကန်ကတောင် သူ့ကိုယ်ထဲက အညစ်အကြေးတွေကို မသန့်စင်နိုင်တဲ့အထိ သူ့တစ်ကိုယ်လုံးက အညစ်အကြေးတွေနဲ့ ကင်းစင်နေခဲ့ပါပြီ။

နဂါးအသွင်ပြောင်း ရေကန်ရဲ့ အကျိုးသက်ရောက်မှုက ဆေးပေါင်းရည်လောက် မကောင်းတာ အသိသာကြီးပါ။

ထိုအချက်တွေ အားလုံးကို စဉ်းစားမိလိုက်တာနဲ့ ရန်ကိုင် မျက်နှာ ရှုံ့မဲ့သွားခဲ့တယ်။

ငယ်ငယ်က အဖြစ်အပျက်တွေကြောင့် နဂါးအသွင်ပြောင်းရေကန်ထဲ ဝင်ရောက်နိုင်ဖို့ မျှော်လင့်ချက် ကြီးကြီးမထားခဲ့ပါဘူး။ ဒါပေမယ့် နဂါးအသွင်ပြောင်း ရေကန်က သူ့အပေါ် အကျိုးမရှိမှန်း သိလိုက်ရတော့ ရန်ကိုင် စိတ်ပျက်သွားခဲ့မိတယ်။

နဂါးအသွင်ပြောင်းရေကန်က သူ့ကို ဘာအကူအညီမှ မပေးနိုင်ပါဘူး။ ဒါပေမယ့် ဝင်လာပြီးမှတော့ ဒီအတိုင်း ထွက်သွားတာက သိပ်ပြီး သင့်တော်ရာ မကျပါဘူး။ ထို့ကြောင့် ရန်ကိုင်က ထိုနေရာမှပဲ ပျင်းပျင်းနဲ့ ထိုင်နေလိုက်ပြီး အစစ်အမှန်ယန်ကျင့်စဉ်ကို လှည့်ပတ်လိုက်ကာ နဂါးအသွင်ပြောင်းရေကန်ထဲရှိ စွမ်းအင်အချို့ကို စတင်သန့်စင်ပါတော့တယ်။

Martial Peak

အပိုင်း(၃၉၃) မိဘများ

ရန်မိသားစုအိမ်တော်…

သခင်လေး နှစ်ယောက် ပြန်ရောက်လာတဲ့ သတင်းက အိမ်တော်အနှံ့ အမြနအဆန်ပဲ ပျံ့သွားခဲ့တယ်။ ကောင်းကင်ထက် ဝဲနေတဲ့ ရွှေရောင်ငွေသွေး သိမ်းငှက်နှစ်ကောင်က အကောင်းဆုံး သက်သေပါပဲ။

ထိုအချိန်တွင် ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက် နဂါးအသွင်းပြောင်း ရေကန်ဆီ အပြေးနှင်နေကြတယ်။

နှစ်ယောက်စလုံးရဲ့ အမူအရာထဲ ရင်ခုန်စိတ်လှုပ်ရှားမှု၊ စိတ်လှုပ်ရှားမှုတို့ ပါဝင်နေခဲ့တယ်။

သက်လတ်ပိုင်း လူကြီးက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားနေပေမယ့် အပြည့်အဝ တည်ငြိမ်အောင်တော့ မလုပ်နိုင်ခဲ့ပါဘူး။ သူ့ခန္ဓာကိုယ်က မသိမသာလေး တုန်ရင်လို့ နေခဲ့ပါတယ်။ သူ့မျက်နှာက်ထက် ပျော်ရွှင်နေသည့် အရိပ်အယောင်တို့ တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်တယ်။

အမျိုးသမီးကတော့ ပျံသန်းနေရင်း ငိုထားရပါများလွန်းလို့ မို့အစ်နေတဲ့ သူမမျက်ဝန်းထောင့်စွန်းဆီမှ စီးကျနေတဲ့ မျက်ရည်တွေကို သုတ်ပစ်နေခဲ့လေရဲ့။

တစ်ခဏကြာပြီးနောက် သက်လတ်ပိုင်းလူကြီးလည်း ဆက်ပြီး မအောင့်မည်းနိုင်တော့ပဲ အသာအယာလေး သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ် “စုကျု၊ နင်ဘာလို့ ငိုနေတာလဲ။ ငါတို့သား ပျော်ရွှင်ဖွယ် ကိစ္စတစ်ရပ်လေ”

ဒေါင်စုကျုက သူမမျက်ရည်တွေကိုသုတ်ရင်း အထစ်အထစ်နဲ့ ပြောလိုက်တယ် “ငါ…ငါမှ မထိန်းနိုင်တာကို… ဟင့်… ငါငိုချင်နေတယ်လို့ နင်ထင်နေတာလား… အဲ့မျက်ရည်တွေက… သူ့ဘာသာ အလိုလို ထွက်လာကိုး… အို…. ငါ… ငါ…”

ရန်ရင်ဖုန်း ကြက်သေသွေားခဲ့ပြီး “ငါတို့သားသာ နင့်ပုံစံကို မြင်သွားရင် ငါက နင့်ကို အနိုင်ကျင့်နေတယ်လို့ ထင်နေတော့မှာပဲ”

ဒေါင်စုကျုက ချက်ချင်းဆိုသလို ယမ်းမီးပုံကျသွားခဲ့ကာ “နင်ငါ့ကို အနိုင်မကျင့်လို့လား၊ နောက်ဆုံးအကြိမ်တုန်းက အဲ့မြေခွေးမနဲ့ နင်ဘာဖြစ်ခဲ့လဲ ငါပြောစမ်းပါ။ သူမက “အစ်ကိုကြီးရန်” ဆိုပြီး ရင်းနှီးနေတဲ့ လေသံနဲ့ နင့်ကို ဘာလို့ အော်ခေါ်နေရတာလဲ၊ ပြောလေ၊ ဟင်း”

သူမစကားလုံးတွေက လုံးဝကို ရှင်းလင်းကြည်လင်ပြီး ထက်ရှလို့ နေခဲ့ပါတယ်။ အခုကျတော့ သူမစကားတွေက ဘာလို့ မထစ်ရတော့တာလဲ။ စကားလုံးတွေက လုံးဝကို စင်းလုံးချောနေခဲ့ပါတယ်။ ငိုယိုနေတဲ့ သနားစရာ အမျိုးသမီး ပုံစံကလည်း ဘယ်ပျောက်လို့ ဘယ်ရောက်သွားမှန်းကို မသိတော့ပါဘူး။

ရန်မိသားစု လေးယောက်မြောက် သခင်ကြီး ဒယိမ်းဒယိုင် ဖြစ်သွားခဲ့ပြီး သူ့မျက်နှာ တစ်ခုလုံး ရဲရဲနီလာခဲ့တယ်။ သူ့မျက်နှာ တစ်ခုလုံး ရှုးသိုးသိုး ဖြစ်သွားခဲ့ပြီး “အဲ့ဒါ… အဲ့ဒါက နားလည်မှု လွဲတာလေးပါ…”

“နားလည်မှု လွဲတာလား” ဒေါင်စုကျု ဒေါသတကြီး ပြန်ပြောလိုက်ပြီး သနားစရားကောင်းတဲ့ အမူအရာလေးကို ရုတ်တရက် ဆင်မြန်းလိုက်ပြီး “ရန်မိသားစုထဲကို လက်ထပ်ဝင်လာတုန်းက ကျွန်မက ၁၈နှစ်ပဲ ရှိသေးတယ်။ ကျွန်မရှင့်ဘေးမှာ ရှိနေခဲ့တာ အခုဆို အနှစ်၂၀တောင် ကျော်သွားပြီ။ ဒါပေမယ့် အဲ့နှစ်၂၀ကျော်လုံးလုံး ပျော်စရာ ကောင်းတဲ့ အခိုက်အတန့်လေးကို တစ်ခါမှ မခံစားမိဖူးသေးဘူး။ ကျွန်မတစ်ဘဝလုံး အမြဲတမ်း စိုးရိမ်တကြီးနဲ့ နေထိုင်ခဲ့ရတယ်။ ခဏလေးတောင် စိတ်ပြေလက်ပျောက် နေရတယ် ဆိုတာမရှိဘူး။ အခု အသက်အရွယ်ထိ ရောက်တာတောင် အဲ့မြွေခွေးမက ကျွန်မယောကျ်ားကို ဖြာယောင်းသွားမှာကို စိုးရိမ်နေရတုန်း… ကျွန်မသာသိခဲ့မယ် ဆိုရင်… ဗဟိုမြို့တော်ဆီလာပြီး အမွေခံတိုက်ပွဲမှာ ပါဝင်ဆင်နွှဲဖို့ ဘယ်တုန်းကမှ သဘောတူခဲ့မှာ မဟုတ်ဘူး။ အဲ့လိုသာဆိုရင် အသိစိတ်မရှိတဲ့ ရှင့်လိုလူကိုလည်း ဘယ်တုန်းကမှ တွေ့ခဲ့လိမ့်မှာ မဟုတ်ဘူး… အဟင့်… အဟင့်….”

ပြောနေရင်နဲ့ ဒေါင်စုကျု သူမမျက်လုံးအစုံကို ပွတ်သပ်လိုက်ပြီး ရန်ရင်ဖုန်းရဲ့ တုန့်ပြန်မှုကို တိတ်တဆိတ် စူးစမ်းနေလိုက်တယ်။

“အဲ့ဒါက တကယ်ကို နားလည်မှုလွဲတာပါ မိန်းမရယ်” ရန်ရင်ဖုန်း နဖူးတစ်ခုလုံး ချွေးစေးတို့ဖြင့် ရွှဲနစ်သွားခဲ့တယ်။ ဒေါင်စုကျုက မငယ်တော့ပေမယ့် သူမရဲ့ အသွင်အပြင်ကြောင့် သူမက အသက်၂၀မိန်းကလေး တစ်ယောက်နဲ့ ဘာမှ မကွာခြားပါဘူး။ ကြာညောင်းကုန်ဆုံးခဲ့တဲ့ နှစ်ပေါင်းများစွာက သူမရဲ့ အလှကို မလျော့ပါးသွားစေနိုင်ခဲ့ပါဘူး။

ဒေါင်စုကျုက မငယ်တော့ပေမယ့် ဖျတ်လတ်တက်ကြွ နေတုန်းပါပဲ။ တစ်ခါတစ်ရံကျ မိန်းမငယ်လေးတွေသာ ပြောလေ့ရှိတဲ့ စကားတွေကိုပြောပြီး စိတ်ကောက်ငိုယို ပါသေးတယ်။ သူမကို သိတဲ့လူတွေကတော့ ငိုရခက်၊ရယ်ရခက်တွေ ဖြစ်လို့ပေါ့။

တကယ်တော့ ဒီယောကျ်ားနဲ့မိန်းမစုံတွဲ အပြင်အတူ ထွက်တိုင်း ရယ်စရာဟာသ ဆန်ဆန် ဇာတ်လမ်းတွေက သူတို့နဲ့အတူ တွဲပါလာတတ်ပါတယ်။

သူတို့နဲ့ မရင်းနှီးတဲ့လူတွေ သူတို့ကို မြင်တဲ့အချိန်ကျ ထိုလူတွေက အခုလိုမျိုးပြောပြီး လေးလေးစားစားနဲ့ နှုတ်ဆက်ကြပါတယ် “ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးကို နှုတ်ဆက်ပါတယ်၊ သခင်မလေးရန်ကို နှုတ်ဆက်ပါတယ်…”

ထိုစကားကြားလိုက်တိုင်း ရန်ရင်ဖုန်းက အခုလိုမျိုး အမြဲတမ်း ပြန်မေးလေ့ ရှိပါတယ် “ဘယ်သူက သခင်မလေးရန်လဲ”

ထိုမေးခွန်းကိုတော့ သူတို့တွေက အခုလိုမျိုး ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ပြန်ဖြေကြပါတယ် “သူမက လေးယောက်မြောက် သခင်ကြီးရဲ့ သမီးမဟုတ်ဘူးလား။ နဂါးအဖေနဲ့ ဖီးနစ်အမေကပဲ အခုလိုသမီးချောလေးကို မွေးပေးနိုင်မှာ၊ လေးယောက်မြောက် သခင်ကြီးအနေနဲ့ အခုလို သမီးမျိုးရှိတဲ့ တကယ်ကို ဂုဏ်ယူသင့်တယ်”

ထိုကဲ့သို့ ချီးကျူးစကားကို ကြားလိုက်တာနဲ့ ရန်ရင်ဖုန်းရဲ့ မျက်နှာက ခရမ်းရောင် သန်းနေရာမှာ ပြာနှမ်းသွားခဲ့ရတယ်။

ဒေါင်စုကျုကတော့ သူတို့အစကားကို အမှန်မပြင်ပေးပဲ ရန်ရင်ဖုန်းရဲ့ လက်ကို တွဲကိုင်လိုက်ပြီး ခေါင်းလေးတညိတ်ညိတ်နဲ့ ပြုံးတောင် ပြုံးနေလိုက်ပါသေးတယ်။

ထိုကဲ့သို့ ကြုံရပါများတော့ လေးယောက်မြောက် သခင်ကြီးလည်း အထာနပ်လာခဲ့ပါတယ်။ မရင်းနှီးတဲ့ လူတစ်ယောက်က သူတို့ကို နှုတ်ဆက်စကားပြောဖို့ လာတိုင်း ထိုလူက မပြောရသေးခင်မှာပဲ ရန်ရင်ဖုန်းက အရင်စပြီး နှုတ်ဆက်စကား ပြောလိုက်တယ် “နှုတ်ဆက်ပါတယ်၊ ကျုပ်က ရန်ရင်ဖုန်းပါ၊ ဒါက ကျုပ်မိန်းက ဒေါင်စုကျုပါ”

ထိုအချက်ကပဲ လူစိမ်းတွေကို တစ်မျိုးတစ်မည် ထူးဆန်းသွားစေခဲ့တယ်။ ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးက နွားအိုမြက်နုစားတာကို မသိမှာစိုးလို့ တစ်ကမ္ဘာလုံးကို တက်တက်ကြွကြွနဲ့ လိုက်ကြေညာနေတဲ့ လူထူးလူဆန်းကြီး လို့တောင် လူတော်တော်များများ ထင်သွားခဲ့ကြပါတယ်။

ဒါကလည်း ရန်မိသားစုဝင်တွေရဲ့ စရိုက်တစ်ခုပဲ ဖြစ်မှာပေါ့… တကယ်ကို ထူးဆန်းတာပဲ။

ဒေါင်စုကျု နောက်ဆုံးပြောခဲ့တဲ့ ကိစ္စက လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဖြစ်သွားခဲ့တာပါ။ ရန်ရင်ဖုန်းအပေါ် အကောင်းမြင်စိတ်ရှိတဲ့ မိန်းမက သူ့စိတ်ထဲ မရှိတော့တာ ကြာပါပြီ။ ဒါပေမယ့် ဒေါင်စုကျုကတော့ ထိုအဖြစ်အပျက်ကို မမေ့မပျောက်နဲ့ စွဲမှတ်ထားတုန်းပါပဲ။ သူမစိတ်ဓါတ်ကျတိုင်း ထိုကိစ္စကို အမြဲအစဖော်ပါတယ်။ ပိုဆိုးတာက ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးက စိတ်ဓါတ်ပျောညံ့သူ ဖြစ်နေတော့ သူကပဲ အမြဲအရှုံးပေးရတာပေါ့။

သူ့ဘက်က မမှားတာ အသေအချာကြီးပါ။ တစ်ဖက် မိန်းကလေးကသာ သူ့ကို စိတ်ဝင်စားနေတာပါ။ ဒါပေမယ့် ထိုကိစ္စကို ဒေါင်စုကျု အစဖော်လိုက်တိုင်း ရန်ရင်ဖုန်းမှာ မြေးလေးတစ်ယောက်လို အရမ်းကို နာခံလိမ္မာသွားခဲ့ပြီး မြင်ရတဲ့လူတွေ ရှက်သေလောက်တဲ့အထိကို အသည်းအသန် တောင်းပန်ပါတော့တယ်။

“ အဲ့ကိစ္စက နားလည်မှုလွဲတာ သက်သက်ပါပဲ မိန်းမရာ၊ အဲ့ကိစ္စနဲ့ ပက်သက်ပြီး နင့်အနေဲ့ နည်းနည်းလေးတောင် စိုးရိမ်နေစရာ မလိုပါဘူး။ အဲ့တုန်းက ငါလုပ်ခဲ့တာဆိုလို့ သူမဒုက္ခရောက်နေတုန်း ကူညီပေးခဲ့တာ ရှိတာ။ တကယ်တော့ သူမနဲ့ စကားသုံးကြောင်းထက် ငါပိုမပြောခဲ့ဘူး” ရန်ရင်ဖုန်းက သူ့နဖူးထက်က ချွေးအေးတွေကို အရင်သုတ်လိုက်ရင်း ထပ်ခါထပ်ခါ ရှင်းပြပါတော့တယ်။

ဒီကိစ္စအတွက် အကြိမ်ဘယ်လောက်တောင် သူရှင်းပြခဲ့ရ ပြီးပြီးလဲဆိုတာ သူကိုယ်တိုင်တောင် မသိတော့ပါဘူး။

“…တကယ်ပဲလား” ဒေါင်စုကျုက နှာတရှုပ်ရှုပ် လုပ်လိုက်တယ်။ သူမ အကြည့်ရတာ အချိန်မရွေး ရွာချတော့မယ့် မိုးလိုပါပဲ “ရှင်ကျွန်မကို လိမ်နေတာတော့ မဟုတ်ဘူးမလား”

“ငါမလိမ်ပါဘူး၊ နင့်ကို တွေ့တဲ့ အချိန်ကနေစပြီး ငါသေတဲ့ အချိန်ထိ ငါနင့်ကို မလိမ်ခဲ့လို ဘယ်တော့မှလည်း လိမ်မှာ မဟုတ်ဘူး” ရန်ရင်ဖုန်းက သူ့ရင်ဘတ်ကို ပုတ်လိုက်ရင်း သူရဲကောင်း တစ်ယောက်ရဲ့ ဟန်ပန်နဲ့ ပြောလိုက်တယ်။

“တတိယအစ်ကိုကြီးက ကျွန်မအပေါ် အရမ်းကောင်းတာပဲ” ဒေါင်စုကျုက ချီးကျူးစကား ဆိုလိုက်ပြီး စတင်ရယ်မောပါတော့တယ်။

ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးက ခေါင်းညိတ်လိုက်ပြီး သွားပေါ်အောင် ပြုံးလိုက်တယ်။ သူ့အပြုံးက ရန်ကိုင်အပြုံးနဲ့ ဆင်ပေမယ့် ထိုအပြုံးက သိပ်မိစ္ဆာမဆန်သလို ဖြစ်နေပါတယ်။

“…ဒီအကြောင်းကို ငါတို့သားကို သွားမပြော ဘူးမလားဟင်၊ ဟုတ်တယ်မလား” ရန်ရင်ဖုန်းက တစ်ခုခုကို တွေးမိလိုက်ပြီး အလျင်စလို မေးလိုက်တယ်။

“ဟင်း… အဲ့ဒါကတော့ နောင် ရှင်ဘယ်လို ပြုမူလဲဆိုတဲ့ အပေါ်မှာ မူတည်သေးတယ်လေ။ တစ်နေ့ ကျွန်မ မပျော်လို့ သားနဲ့ စကားသွားပြောတဲ့ အခါကျ ရှင်သိပါတယ်၊ စကားပြောနေတဲ့အခါ တစ်ခါတစ်လေ စကားကျွံ့သွားတတ်တဲ့ အခါမျိုးတွေ ရှိတတ်တယ်လေ”

အဟွတ်… အဟွတ်… အဟွတ်…. ရန်မိသားစု သခင်ကြီး စိတ်ဓါတ်ကျသွားခဲ့တယ်။ သူ့သား နှလုံးသားထဲက သူရဲကောင်းဆန်ဆန် သူ့ရဲ့ ပုံရိပ်ကြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားတာကို တွေးလိုက်မိတဲ့ အချိန်… ထိုနေ့က သူ့အတွက်တော့ ပြဿဒါးနေ့ တစ်နေ့ပါပဲ။

သားအကြောင်း ခေါင်းစဉ်ရောက်သွားတဲ့အခိုက် ဒေါင်စုကျုရဲ့ မျက်နှာထက် ကြာင်နာရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး “ဒီနှစ်အတောအတွင်း ငါ့သာ မိန်းမတစ်ယောက်လောက်များ အိမ်ခေါ်လာနိုင်မလား မသိဘူး”

“မဟုတ်ဘူး၊ သူတစ်ယောက်တည်း ပြန်လာတာလို့ တုဖုန်းဆီကနေ ငါသိခဲ့ရတယ်။ ဒါပေမယ့် သူ့ကို ကြိုက်နေတဲ့ မိန်းကလေး တစ်ယောက် ရှိနေတယ်လို့ တုဖုန်း ငါ့ကို ပြောခဲ့တယ်”

“မိန်းမ ဘယ်နှစ်ယောက်လဲ” ဒေါင်စုကျုက စိတ်ဝင်တစားနဲ့ မေးလိုက်တယ်။

“ဘယ်လောက်လဲ ဟုတ်လား” ရင်ရင်ဖုန်း မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ပြီး ရုတ်တရက်ကြီး အသံကျယ်ကျယ်နဲ့ ပြန်ပြောလိုက်တယ် “ဟုတ်တာပေါ့၊ တစ်ယောက်ပဲ ရှိတာပေါ့၊ သူသာ ပွေရှုပ်ရဲရင် သူ့ခြေထောက်ကို ငါကိုယ်တိုင် ရိုက်ချိုးပစ်မယ်”

ဒေါင်စုကျုရဲ့ ပြုံးနေတဲ့ မျက်နှာလေးက ချက်ချင်း အေးစက်သွားခဲ့ပြီး သူမယောကျာ်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ “ရှင်သာ အဲ့လိုလုပ်ရဲတယ် ဆိုရင် ကျွန်မကလည်း ရှင့်ခြေထောက် နှစ်ချောင်းစလုံးကို… လိမ်ချိုးပစ်မှာ”

ရန်ရင်ဖုန်း လည်ပင်းလေး ကျုံ့သွားခဲ့ပြီး ရုတ်တရက်ဆိုသလို ကြက်သေသွေားခဲ့ရတယ်။

သူ့မှာ အခြားမိန်းကလေး တစ်ယောက်နဲ့ စကားလေး သုံးကြောင်းလောက်ပဲ ပြောမိပါတယ်၊ သူ့မိန်းမက ထိုကိစ္စကို အတောသတ်လို့ မပြီးနိုင် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့သာကျတော့ မိန်းမ ဘယ်နှယောက် အိမ်ခေါ်လာလာ ရတယ်တဲ့။

လောကကြီးမှာ တရားမျှတမှု ဆိုတာရော ရှိပါသေးရဲ့လား။

နဂါးအသွင်ပြောင်း ရေကန်နဲ့ နီးကပ်လာတဲ့အချိန် ဒေါင်စုကျုက သူ့ယောကျာ်းကို ပျာတီးပျာယာနဲ့ မေးလိုက်တယ် “ယောကျာ်း၊ ကျွန်မ အဝတ်အစားတွေ ပုံကျရဲ့လားဟင်၊ ကျွန်မ ဆံပင်ရော၊ ရှုပ်ထွေးမနေပါဘူးနော်၊ ကြည့်မကောင်း တစ်ခုခုမှား ရှိသေးလား၊ မြန်မြန် ပြောစမ်းပါဆို”

ရန်မိသားစု လေးယောက်မြောက် သခင်ကြီး စကားသီးလုမတတ် ဖြစ်သွားခဲ့ပြီး “နင်ပုံစံနဲ့ ပက်သက်ပြီး ဘာလို့ ဒီလောက် စိုးရိမ်နေရတာလဲ။ တစ်ယောက်ယောက်နဲ့ သွားချိန်းတွေ့တာမှ မဟုတ်တာကို”

ဒေါင်စုကျုက အထင်အမြင် သေးစွာနဲ့ ပြန်ပက်လိုက်တယ် “အချိန်အတော်ကြာတဲ့အထိ မတွေ့ရတဲ့ ကျွန်မသားကို ပြန်တွေ့ရတာ အဲ့ချိန်းတွေ့တယ် ဆိုတာမျိုးထက် ပိုပြီး အရေးပါတယ် ဆိုတာ ရှင်မသိဘူး”

ခဏလောက် တွေးပြီးနောက် သူ့မိန်းမ ပြောတာ မှန်တယ်လို့ သူလည်း တွေးလိုက်တယ်။ သူ့မိန်းမ အဝတ်အစားတွေကို ပုံကျအောင် ပြန်ပြင်ပေးလိုက်ပြီး စိတ်လှုပ်ရှားနေတဲ့ လေသံနဲ့ မေးလိုက်တယ် “ငါရော ဘယ်လိုလဲ၊ ငါ့မှာ ပြဿနာတွေ ဘာတွေ ရှိလား”

“ရှင့်မုတ်ဆိတ်မွှေးက နည်းနည်း ထူနေတယ် ဆိုပေမယ့် အဆင်ပြေပါတယ်”

“အင်း” ရန်ရင်ဖုန်းက ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်လိုက်တယ်။

ယောက်ျားနဲ့ မိန်းမ စုံတွဲနှစ်ယောက် နဂါအသွင်ပြောင်းရေကန် အစွန်းနား၌ မတ်တပ်ရပ်နေလိုက်တယ်။ တစ်ယောက်ချင်းစီ ကိုးယိုးကားယား အမူအရာနဲ့ မတ်တပ်ရပ်နေရင်း အမြူရောင် မြူထုကြီး တစ်ချက်ကလေးတောင် အသက်မရှုပဲ ငေးစိုက်ကြည့်နေခဲ့တယ်။

အချိန်အတော်ကြာ သွားတဲ့နောက် ရန်ရင်ဖုန်းက ရုတ်တရက် ကောက်မေးလိုက်တယ် “စုကျု၊ အခုအချိန်လောက်ဆို ငါတို့သားက နဂါးအသွင်ပြောင်းရေကန်ထဲမှာ သူ့ခန္ဓာကိုယ်ကို သန့်စင်နေတုန်းပဲ ရှိဦးမယ်။ အဲ့လို ခန္ဓာကိုယ်သန့်စင်တာမျိုးက အနည်းဆုံး ၁ရက်ကနေ ၂ရက်လောက်အထိ ကြာတတ်တယ်။ သူထွက်မလာသေးခင် ငါတို့ ဘာလုပ်သင့်လဲ”

“ရှင်က ပြန်သွားချင်လို့လား” ဒေါင်စုကျုက သာမန်ကာလျှံကာ လေသံနဲ့ မေးလိုက်တယ်။

“ဟုတ်တယ်၊ ငါလုပ်စရာ ကိစ္စလေး‌တွေ ရှိနေသေးတယ်။ ငါ့ကိစ္စတွေ ရှင်းပြီးသွားတာနဲ့ ငါချက်ချင်း ပြန်လာခဲ့မယ်” ရန်ရင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်ဖို့ လုပ်လိုက်တယ်။

ဒါပေမယ့် ခြေငါးလှမ်းတောင် ပြည့်အောင် မလှမ်းရသေးခင်မှာပဲ သတ်ဖြတ်လိုစိတ်တို့ ပြည့်လျှမ်းနေသည့် စူးရဲသည့် အကြည့်တစ်ခုက သူ့နောက်ကျောတည့်တည့်အား စူးစိုက်ကြည့်နေတာကို ရန်ရင်ဖုန်း ခံစားမိလိုက်တယ်။ သူ့ကျောရိုးတစ်လျှောက်လုံး စိမ့်တက်သွားခဲ့တယ်။

ရန်ရင်ဖုန်း နေရာမှာတင် အေးခဲသွားခဲ့တယ်။ ထို့နောက် အလျင်စလို နောက်ပြန်လှည့်လိုက်ပြီး တည်ကြည်လေးနက်နေတဲ့ အမူအရာနဲ့ ဒေါင်စုကျု ဘေးနား ပြန်သွားလိုက်ပြီး သူမလက်လေးကို ကိုင်ရင်း သူမနှင့်အတူ ပုခုံးချင်းယှဉ်ရပ်နေလိုက်တယ်။

“ဘာကိစ္စရှိလို့လဲ” ဒေါင်စုကျုက ရန်ရင်ဖုန်းကို ပြုံးကြည့်ရင်း မေးလိုက်တယ်။ သူမ လေသံလေးက စမ်းရေလေးလို ကြည်လင်သိမ်မွေ့နေခဲ့တယ်။

ရန်မိသားစု လေးယောက်မြောက် သခင်ကြီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြန်ပြောလိုက်တယ် “ဒီနေရာမှာ စောင့်နေလိုက်တာ ပိုကောင်းတယ်လို့ ငါရုတ်တရက်ကြီး တွေးမိလိုက်လို့ပါ။ ဘာပဲဖြဖြစ် အဲ့ကိစ္စတွေက ဒီလောက်ကြီး အရေးကြီးတာမှ မဟုတ်တာ။ ပြန်ရောက်မှ ဖြေရှင်းလည်း နောက်မကျသေးပါဘူး”

“အဆင်ပြေပါတယ်၊ ရှင်သွားချင်သွားလေ၊ ကျွန်မတစ်ယောက်တည်း စောင့်နေလို့ ရတယ်” ဒေါင်စုကျုက ရန်ရင်ဖုန်းကို ကြည့်ရင်း ပျာသလိုချိုသာတဲ့ လေသံလေးနဲ့ ပြောလိုက်တယ်။ သူမမျက်နှာ တစ်ခုလုံးက နူးညံ့သည့် အချစ်ရိပ်တို့ဖြင့် ပြည့်နေခဲ့ပြီး “ရှင်အလုပ်ရှုပ်နေတယ် ဆိုလည်း သွားလို့ရပါတယ်၊ ကျွန်မနဲ့ ကလေးကို စိတ်ပူစရာ မလိုပါဘူး။ ကျွန်မသား ထွက်လာတဲ့ အခါကျ သူ့ကို ဒေါင်မိသားစုဆီပဲ တစ်ခါတည်း ပြန်ခေါ်သွားလိုက်တော့မယ်။ ဒီအရေးမပါတဲ့ အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ခိုင်းနေတော့မှာ မဟုတ်ဘူး”

“မလိုပါဘူး” ရန်ရင်ဖုန်းက ဂျောက်ဂျက်တစ်ခုလို သူ့ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်ပြီး “ငါဒီမှာ နင်နဲ့အတူ စောင့်မယ်”

နဂါးအသွင်ပြောင်းရေကန်ထဲ နေ့တစ်ဝက်ကြာပြီးနောက်…

ရန်ကိုင် ဆက်ပြီး မနေနိုင်တော့ပါဘူး။

နဂါးအသွင်ပြောင်း ရေကန်က သူ့အပေါ် အကျိုးသက်ရောက်မှု မရှိတဲ့အတွက် သူ့အနေနဲ့ အစစ်အမှန်ယန်ကျင့်စဉ်ကို တိတ်တဆိတ် လှည့်ပတ်ရင်း လေ့ကျင့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။ ဒီမှာ လေ့ကျင့်ရတာ သာမန်အချိန်တွေမှာ လေ့ကျင့်ရတာထက် ပိုမြန်ပေမယ့် နည်းနည်းပါးပါးလေး မြန်သွားတာက သူ့ကို ဘာမှ မထူးခြားသွားစေခဲ့ပါဘူး။ အခြားအချိန်တွေမှာသာဆိုရင် ဒီရေကန်က သူ့အပေါ် အကျိုးမရှိမှန်း သိလိုက်တာနဲ့ ချက်ချင်း လှည့်ထွက်သွားလိုက်မှာပါ။

ဒါပေမယ့် လူအိုကြီးသုံးယောက် မျက်နှာထက် အထင်အမြင်သေးတဲ့ အကြည့်တွေကို သတိရလိုက်တဲ့အခိုက် ရန်ကိုင် ခေါင်းမာချင်မိသွားခဲ့တယ်။

ရန်ကျောင်းရဲ့ အခြေအနေကတော့ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမသွားခဲ့ပါဘူး။ ဒုတိယအစ်ကိုက သူ့ခန္ဓာကိုယ်ကို သန့်စင်ဖို့ အသည်းအသန် ကြိုးစားနေတုန်းပါ။ ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါယမ်းလိုက်ရင်း နဂါးအသွင်ပြောင်း ရေကန်ထဲကနေ ထလိုက်တယ်။

လေထဲ ပျံဝဲလိုက်ပြီး အစစ်အမှန်ချီကို လှည့်ပတ်လိုက်ကာ သူ့အဝတ်တွေကို ခြောက်သွေ့သွားအောင် လုပ်လိုက်တယ်။

ရှောင်ကျန်းချင်နဲ့ ကျန်တဲ့ လူအိုကြီး နှစ်ယောက်ကတော့ အသိစိတ်မဲ့နေတဲ့ လူတွေလို ရန်ကိုင်ကို ငေးကြောင် ကြည့်နေခဲ့တယ်။

နဂါးအသွင်ပြောင်းရေကန်က လူတစ်ယောက်ရဲ့ ပါရမီကို စမ်းသပ်လို့ ရတဲ့ နေရတစ်ခုလို့ သူတို့ ပြောခဲ့ပါတယ်။ ပါရမီပိုကောင်းလေ၊ အလားအလာ ပိုကောင်းလေ၊ နဂါးအသွင်ပြောင်း ရေကန်ထဲမှာ ပိုပြီး ကြာကြာနေနိုင်လေပါပဲ။

လူအိုကြီး သုံယောက် ဒီနေရာကို စောင့်ကြပ်လာခဲ့တာ ကြာပါပြီ။ နဂါးအသွင်ပြောင်း ရေကန်ထဲ ဝင်စိမ်ခဲ့တဲ့ ရန်မိသားစုဝင် တပည့်ပေါင်း များစွာကိုလည်း သူတို့ တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့်‌ ရေကန်ထဲဝင်စိမ်ခဲ့တဲ့ ရန်မိသားစုဝင် တပည့်တွေထဲ အဆိုးဝါးဆုံး အရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ လူတောင် တစ်ရက်နဲ့တစ်ညကြာမှ ထွက်လာခဲ့တာပါ။

ဒါပေမယ့် အခုတော့ လူတစ်ယောက်က နေ့တစ်ဝက်တောင် မကြာသေးခင်မှာပဲ ရေကန်ထဲကနေ ခုန်ထွက်လာခဲ့ပါတယ်။

ဘယ်လိုတောင် ဖြစ်နေတာပါလိမ့်မယ်။

ရှောင်ကျန်းချင်နဲ့ ကျန်တဲ့ လူအိုကြီးကြီး နှစ်ယောက်ရဲ့ အဆင့်အတန်းက တော်တော်လေး မြင့်ပါတယ်။ ထို့ကြောင့် သူတို့အနေနဲ့ ရန်ကိုင်ကို မျက်နှာသာ ပေးစရာ မလိုပါဘူး။ ပိုဆိုးတာက သုံးယောက်စလုံး ရန်ကိုင်ကို အစကတည်းက အကောင်းမမြင်တာပါ။

“ထွက်တောင် လာပြီလားဟ” သုံးယောက်ထဲက တစ်ယောက်က အထင်အမြင်သေးတဲ့ အမူအရာနဲ့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်တယ်။

ရန်ကိုင် မျက်မှောင် ကြုံ့လိုက်တယ်။ စိတ်ထဲ မကျေမနပ် ဖြစ်မိသွားခဲ့ပေမယ့် ဒေါသစွက်နေတဲ့ လေသံနဲ့ ပြန်မပြောခဲ့ပဲ ရိုးရိုးရှင်းရှင်းသာ ပြန်ပြောလိုက်တယ် “စီနီယာသုံးယောက်မှာ ညွှန်ကြားချင်တာများ ရှိလို့လား”

“မရှိပါဘူး၊ မင်းသွားလို့ရပြီ” ရှောင်ကျန်းချန်က သာမန်ကာလျှံကာ လေသံနဲ့ ပြောလိုက်တယ်။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လူအိုကြီးသုံးယောက်ကို လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီးနောက် ချက်ချင်းပဲ လှည့်ထွက်သွားလိုက်တယ်။

သူ့နောက်ဘက်မှ ရယ်သံတချို့ ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်က ထိုလူအိုကြီးတွေ ပြောတာကို မကြားချင်ယောင်သာ ဆောင်နေလိုက်တယ်။

Martial Peak

အပိုင်း(၃၉၄) ငါ့ကို မလွှတ်ရင် နင်တို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပစ်မှာနော်

ရန်မိသားစုကနေ ထွက်လာတုန်းက ငါက ကျင့်ကြံလို့ မရတဲ့ သာမန် သေမျိုးတစ်ယောက် သာသာပဲ။ ဒါပေမယ့် အခုတော့ အစစ်အမှန် ဒြပ်စင်အဆင့်၇ ကျင့်ကြံသူ တစ်ယောက် အဖြစ် ငါပြန်လာခဲ့ပြီ

တစ်သက်တာ ကြာညောင်းသွားသလိုပဲ

ရန်ကိုင်က အိမ်မှာရှိနေတဲ့ သူ့မိဘနှစ်ပါးကို အရမ်း စိတ်ပူနေခဲ့တာပါ။ မိသားစု စည်းမျဉ်းတွေကြောင့် ရန်မိသားစုဆီ ပြန်လာပြီး သူ့မိဘနှစ်ပါးကို တွေ့လို့မရခဲ့ပါဘူး။ သူ့ကို တွေ့ချင်လွန်းလို့ သူအမေ မိသားစုကနေ ခိုးထွက်တာကို မိသားစုက တွေ့သွားတယ်လို့ ဒေါင်ချင်းဟန် သူ့ကို တစ်ခါ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကြာပွတ်အချက်သုံးဆယ်ကို သူ့အမေအစား သူ့အဖေက ဝင်ခံခဲ့ပါတယ်။ ထိုအချက်က ရန်ကိုင်ကို တော်တော်လေး စိုးရိမ်သွားစေခဲ့ပါတယ်။

နှစ်တော်တော်များများ ကုန်ဆုံးသွားခဲ့ပြီးနောက် သူ့မိဘတွေ ဘယ်လိုဖြစ်နေပြီလဲ ဆိုတာကို ရန်ကိုင် တော်တော်လေး သိချင်နေခဲ့မိတယ်။

နဂါးအသွင်ပြောင်း ရေကန်ထဲကနေ ထွက်လာစဉ် လမ်းတစ်လျှောက်လုံး ရန်ကိုင် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့တယ်။ ဒါပေမယ့် မြူခိုးထုကြီးထဲ အပြင်ဘက်ကို ခြေချလိုက်ရုံမှာပဲ အပြင်ဘက်ကနေ ရပ်စောင့်နေရင်း ကန်ရှိရာဆီ မျှော်လင့်တကြီး ငေးစိုက်ကြည့်နေတဲ့ ပုံရိပ်နှစ်ခုကို သူတွေ့လိုက်ရတယ်။

အကြည့်ချင်း ဆုံသွားတဲ့အချိန် နှစ်ဖစ်စလုံး ကြက်သေသေသွားခဲ့ကြတယ်။

သူ့အမေနဲ့အဖေ ဒီမှာလာရပ်စောင့်နေလိမ့်မယ်လို့ ရန်ကိုင် တကယ်ကို မထင်ထားခဲ့ပါဘူး။ တကယ်တော့ မိသားစုဆီ သူပြန်လာတာ နေ့တစ်ဝက်ပဲ ရှိသေးတယ်လေ။ တစ်ယောက်ယောက်ကသာ သူတို့ကို သွားသတင်း မပေးခဲ့ရင် သူပြန်လာပြီ ဆိုတာကို သူ့တို့ နှစ်ယောက်စလုံး သိလိမ့်ဦးမှာ မဟုတ်ပါဘူး။

ရောက်ရောက်ချင်း သိပ်မကြာခင်မှာပဲ သူတို့သားကို တွေ့ရလိမ့်မယ်လို့ ရန်ရင်ဖုန်းနဲ့ ဒေါင်စုကျုတို့ မထင်ထားခဲ့ပါဘူး။

ထိုမမျှော်လင့်ထားသည့် အဖြစ်အပျက်ကြောင့် သုံးယောက်စလုံး ကြက်သေသေနေခဲ့ရတယ်။

ရန်ကိုင်က နဂါးအသွင်ပြောင်း ရေကန်ထဲမှာ အနည်းဆုံး ၁ရက်၊ ၂ရက်လောက် လေ့ကျင့်နေလိမ့်မယ်လို့ ရန်ရင်ဖုန်းက သူမကို ပြောထားပြီးသွားပါပြီ။ သူက ရန်ကိုင်ရဲ့ အရည်အချင်းကို မြင့်နိုင်သလောက် မြင့်မြင့်တွက်ချက်ထားတာပါ။

ရန်ကိုင်ရဲ့ ကျင့်ကြံခြင်း အဆင့်ကိုလည်း တုဖုန်းဆီကနေ သူကြားသိပြီးပါပြီ။ ထို့ကြောင့် ရန်ကိုင်ရဲ့ ကျင့်ကြံလို့ မရတဲ့ ချို့ယွင့်ချက်ကြီးက မရှိတော့ဘူး ဆိုတာကို ရန်ရင်ဖုန်း နားလည်သွားခဲ့တယ်။ ရန်ကိုင်ရဲ့ တကယ့် အရည်အချင်း အစစ်အမှန်ကိုတော့ ရန်ရင်ဖုန်းလည်း မခန့်မှန်း တတ်သေးပါဘူး။

နဂါးအသွင်ပြောင်းရေကန်ထဲ ၁ရက်၊၂ရက်လောက် ကြာအောင် နေနိုင်လိမ့်မယ်လို့ ဆိုလိုက်တာက ရန်ကိုင် အရည်အချင်းက အရမ်းကြီး မမြင့်မားပေမယ့် သာမန်လူထက်တော့ ပိုပြီး မြင့်မားတယ့်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။

ဒါပေမယ့် နေ့တစ်ဝက်အချိန် အတွင်းမှာပဲ ရန်ကိုင်က နဂါးအသွင်ပြောင်းရေကန်ထဲကနေ ထွက်လာခဲ့ပါပြီ။ နဂါးအသွင်ပြောင်း ရေကန်ထဲမှာ ဒီလောက် အချိန်လေးပဲ နေနိုင်ခဲ့တာဆိုတော့ သူ့ပါရမီက အရမ်းကို နိမ့်ကျလွန်းနေတဲ့ ပုံစံပါပဲ။

သုံးယောက်သာ တစ်ယောက်ကို တစ်ယောက် အချိန်အတော်ကြာအောင် ငေးစိုက်ကြည့်နေခဲ့တယ်။ ရန်ကိုင်က လေညင်းလို ငြင်သာတဲ့ အပြုံးလေးတစ်ခုကို ပြုံးပြလိုက်တယ်။ အပြင်မှာ ရှိနေတဲ့ အတောအတွင်း အခုလိုမျိုး‌ သူတစ်ခါမှ မပြုံးဖူးခဲ့ပါဘူး။

ဒေါင်စုကျုရဲ့ အမူအရာ ပျက်ယွင်းသွားခဲ့တယ်။ မျက်ရည်တွေက သူမမျက်ဝန်းအစုံကနေ တောင်ကျရေသဖွယ် စီးကျနေခဲ့တယ်။ ဒေါင်စုကျုမှာ စကားလေး တစ်ခွန်းတောင် မပြောနိုင်တော့ပဲ ရန်ကိုင်ကိုသာ ပြေးဖက်လိုက်ပါတယ်။

ဒါပေမယ့် ဒီကနေ ရန်ကိုင်က အရင်ရန်ကိုင်နဲ့ မတူတော့ပါဘူး။ အခု ရန်ကိုင်က သူ့အမေထက် ခေါင်းတစ်လုံးစာ ပိုရှည်နေပါပြီ။ ထို့ကြောင့် ဒေါင်စုကျအနေနဲ့ ရန်ကိုင် လည်ပင်းကို သိုင်းဖက်နိုင်ဖို့အတွက် ခြေဖျားထောက်လိုက်ရပါတယ်။ သူမ လက်နှစ်သွယ်ကို ရန်ကိုင် လည်ပင်းထက် သိုင်းဖက်လိုက်ပြီး သူ့ခေါင်းကို သူမပုခုံးထက် မှီထားစေလိုက်တယ်။ သူမ လက်တစ်ဖက်က ရန်ကိုင်ရဲ့ ကျောပြင်ကျယ်ကို သိုင်းဖက် ထားခဲ့ပြီး ကျန်လက်တစ်ဖက်ကတော့ ရန်ကိုင်ရဲ့ ဆံပင်ကို အသာအယာလေး ဖီကုံးပေးနေခဲ့တယ်။

ဒေါင်စုကျုက သူမပါးစပ်ကို အကြိမ်များစွာ ဟလိုက်ပေမယ့် စကားတစ်လုံးမှ ပြောမထွက်နိုင်ခဲ့ပါဘူး။

သူမ မျက်ရည်တွေက ရေတံခွန်အလား ရန်ကိုင် ပုခုံးထက် စီးကျနေခဲ့တယ်။ ရန်ကိုင် နှလုံးသား တစ်ခုလုံး နွေးထွေးသွားခဲ့ရတယ်။ ကလေးဘဝတုန်းက သူ့ကို အမြဲတမ်း နှစ်သိမ့်စောင့် ရောက်ပေးခဲ့တဲ့ လူတစ်ယောက်ရဲ့ ရင်းနှီးဖွယ် ကိုင်သင်းရနံ့ကို ရှူရှိုက်နေခဲ့တယ်။ ထိုအချိန်၌ ရန်ကိုင် နှလုံးသားတစ်ခုလုံး ငြိမ်းအေးခဲ့ပြီး သူ့စိတ်ထဲက တင်းကြပ်မှုတွေလည်း အကုန်ပြေလျော့သွားခဲ့တယ်။

နှစ်ပေါင်းများစွာ ထွက်ခွါသွားတဲ့ သင်္ဘောက ဒီဆိပ်ကမ်းဆီ တစ်ဖန်ပြန်လည် ကမ်းကပ်လာခဲ့လေပြီ။

ရန်ကိုင် မျက်ဝန်းထဲ မျက်ရည်တို့ ဝဲတက်လာခဲ့တယ်။

ခေါင်းကိုမော့၊ ရင်ကိုကော့ပြီး သံမဏိစိတ်ဓါတ်ပိုင်ရှင် တစ်ယောက်ပုံစံ ဟိတ်ဟန်ထုတ်နေတဲ့ ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးတောင် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်ရည်ဝဲလာခဲ့တယ်။

“အမေ၊ သားပြန်လာပြီ” ရန်ကိုင်က အလွန်အမင်း သိမ်မွေ့သည့် လေသံလေးနဲ့ တိုးတိုးလေး ပြောလိုက်တယ်။

အခုမှပဲ သူမကိုယ်သူမ တည်ငြိမ်သွားအောင် လုပ်နိုင်ခဲ့တယ်။ ဒေါင်စုကျုက ရန်ကိုင်ရဲ့ ကျောပြင်လေးကို အသာအယာလေး ပွတ်သပ်ပေးလိုက်ရင်း ခေါင်းလေးကို ပုတ်သင်ညို တစ်ကောင်ကို ထပ်ကာထပ်ကာ ညိတ်ရင်း ပြောလိုက်တယ် “ကောင်းတယ်၊ ကောင်းတယ်၊ သားအိမ်ပြန်လာတာ အရမ်းကောင်းတယ်”

အသက်ရှူရှိုက်စား အကြိမ်ဒါဇင် ကျော်သွားတော့မှပဲ ဒေါင်စုကျုရဲ့ အသံက တစ်ဖန်ပြန်လည် တည်ငြိမ်လာခဲ့ပြီး နောက်ဆုံးမှာတော့ မျက်ရည်မကျပဲနဲ့ စကားပြောနိုင်သွားခဲ့ပါတယ်။ မခွာချင်ခွာချင်ရဲ့ ရန်ကိုင်ဆီကနေ ခွါလိုက်ပြီး သူမလက်နှစ်ဖက်ကို ရန်ကိုင် ပုခုံးပေါ် တင်လိုက်ရင်း ရန်ကိုင် တစ်ကိုယ်လုံး ခေါင်းအစခြေအဆုံး သေသေချာချာ စတင် စစ်ဆေးပါတော့တယ်။

ရန်ကိုင်က ပိုပြီး အရပ်ရှည်လာသလို ပိုပြီးလည်း သန်မာလာခဲ့ပါပြီ။ အရင်ကလို ပိန်လှီပြီး အားနည်းတဲ့ ကလေးတစ်ယောက် မဟုတ်တော့ပါဘူး။ အခု သူ့ရှေ့မှာ ရပ်နေတဲ့ သူ့သားဆီကနေ ရဲစွမ်းသတ္တိပြည့်ဝပြီး စိတ်ချယုံကြည်ဖွယ် အရှိန်အဝါတို့ကို သူရနေခဲ့တယ်။

အခုလိုမျိုး တိုးတက်အားကောင်း လာဖို့အတွက် ရန်ကိုင် ရင်ဆိုင်ကြုံတွေ့ခဲ့ရမယ့် အခက်အခဲတွေ အကြောင်းကို တွေးလိုက်မိတာနဲ့ ဒေါင်စုကျုမျက်ဝန်းအစုံက မျက်ရည်တို့နဲ့ ဝဲတက်လာခဲ့ပြန်ပါတယ်။

အခက်အခဲများစွာကို မရင်ဆိုင်ပဲနဲ့ မတိုးတက်လာနိုင်ပါဘူး။ ရန်ကိုင် အနေနဲ့ အချိန်တိုအတွင်း ဒီအတိုင်းအတာအထိ ရောက်ရှိလာဖို့ဆိုရင် ကျိန်းသေပေါက် ကြီးမားခက်ခဲလှတဲ့ ဒုက္ခမျာစွာကို သူရင်ဆိုင် ကြုံတွေ့ခဲ့ရမှာပါ။

ရန်ကိုင်က သူ့အမေကို ကူပြီး နှစ်သိမ့်ပေးဖို့ သူ့အမေကို မျက်လုံးနဲ့ အချက်လှမ်းပြဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် ထိုလူအိုကြီးက လက်ကလေးပိုက်ရင်း သူ့ခေါင်းကို ကောင်းကင်ပေါ်သို့ ၄၅ဒီဂရီတိတိ မော့ထားခဲ့တယ်။ မသိရင်တော့ ကောင်းကင်ပေါ်က ငှက်တွေ ပျံနေတာကို ကြည့်နေတာပေါ့။

ဒါပေမယ့် သူ့မျက်ဝန်း ထောင့်စွန်း နှစ်ဖက်စလုံးက စိုစွတ်နေခဲ့တယ်။

ကူကယ်ရာမဲ့စွာနဲ့ သက်ပြင်းချလိုက်ပြီး သူ့အမေကိုပဲ သူကိုယ်တိုင်ပဲ ချော့မော့နှစ်သိမ့်ပေးရပါတော့တယ် “ကျွန်တော် အဆင်ပြေနေတာပဲလေ၊ အမေ မငိုနဲ့တော့နော်”

“အင်း၊ အမေ မငိုတော့ဘူး” ဒေါင်စုကျုက ခေါင်းလေးညိတ်ရင်း မျက်ရည်တွေကို ကပျာကယာ သုတ်လိုက်တယ်။ သူမမျက်လုံးတွေဆို ငိုထားလွန်းလို့ မက်မွန်းသီးတွေလို ဖောင်းအစ်နေခဲ့ပါတယ်။

ရန်ကိုင်က ပြုံးလိုက်ပြီး ရန်ရင်ဖုန်းဆီ လှမ်းကြည့်လိုက်တယ်။

ဒါပေမယ့် ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးက ကောင်းကင်ကို မော့ကြည့်နေတုန်းပါပဲ။ လေခုနှစ်ဆင့်၊ မိုးခုနှစ်ဆင့် လာရင်တောင် သူ့ကို နည်းနည်းမှ လှုပ်သွားအောင် လုပ်နိုင်မယ့်ပုံ မပေါ်ပါဘူး။

“ဟူး…” ရန်ကိုင် အသာအယာလေး သက်ပြင်းချလိုက်တယ်။

ရန်ရင်ဖုန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခပ်မြန်မြန်ပဲ ရန်ကိုင်ကို ငုံ့ကြည့်လိုက်တယ်။ လက်နှစ်ဖက်ကို လက်သီးဆုပ် နှုတ်ဆက်တဲ့ ပုံစံလုပ်လိုက်ပြီး ရန်ကိုင်ကို တစ်ခုခု ပြောဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် ရုတ်တရက်ကြီး တစ်ခုခု မှားယွင်းနေသလို သူခံဏားလိုက်ရတယ်။

ငါ့သားနဲ့ တွေ့နေတာလေ။ အကြီးအကဲတွေနဲ့ တွေ့နေတာမှ မဟုတ်တာ။ ငါက သူ့ကို ဘာလို့ လက်သီးဆုပ် နှုတ်ဆက်တဲ့ ပုံစံ လုပ်ပြနေရတာလဲ။ ဗြောင်းပြန်ကြီး ဖြစ်မနေဘူးလား။

သူ့မျက်နှာ တစ်ခုလုံး ရဲတက်သွားခဲ့တယ်။ ရန်မိသားစု လေးယောက်မြောက် သခင်ကြီးက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့အင်္ကျီလက်စမှာ ကပ်ပေနေတဲ့ မမြင်နိုင်တဲ့ ဖုန်တစ်ချို့ကို ခါထုတ်လိုက်တယ်။ ထို့နောက် လက်နှစ်ဖက်ကို နောက်ပစ် ထားလိုက်ပြီး အသာအယာလေး ခေါင်းညိတ်လိုက်တယ်။ ရန်ရင်ဖုန်းက သူ့ကိုယ်သူ တည်ငြိမ်အောင် တတ်နိုင်သမျှ ကြိုးစားလိုက်ပြီး “အဟမ်း၊ မင်းပြန်လာပြီပဲ”

ရန်ကိုင် မျက်နှာ မသိသမာလေး ရှုံ့မဲ့သွားခဲ့တယ်။ ရယ်လည်း ရယ်ချင်၊ ကူကယ်ရာလည်း မဲ့သလို ခံစားလိုက်ရပြီး သူ့အဖေရဲ့ အပြုအမူကို အတတ်နိုင်ဆုံး လျစ်လျူရှုထားလိုက်ပြီး အသာအယာလေး ခေါင်းပြန်ညိတ်ပြလိုက်တယ် “အင်း၊ ကျွန်တော် ပြန်လာပြီ”

“ကောင်းတယ်… အဲ့လိုဆို ငါတို့ ပြန်ကြတာပေါ့” ရန်မိသားစု လေးယောက်မြောက် သခင်ကြီးက ပြတ်ပြတ်သားသားနဲ့ ပြောလိုက်တယ်။ ဟိတ်ဟန်တစ်ခွဲသားနဲ့ သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး လမ်းလျှောက်ထွက်သွားလိုက်တယ်။ သူ့နားတွေကတော့ နီနေတုန်းပါပဲ။

ရန်ကိုင်နဲ့ ဒေါင်စုကျုတို့ နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး အဓိပ္ပါယ်ပါပါ ပြုံးလိုက်ရင်း ရန်ရင်ဖုန်း နောက်ကနေ ပြေးလိုက်သွားခဲ့တယ်။

ရန်ကိုင်ကို ပြန်တွေ့လို့ ရန်ရင်ဖုန်းက စကားများများစားစား မပြောခဲ့ပေမယ့် အခု သူဘယ်လောက် ပျော်နေလဲဆိုတာ မြင်လိုက်တဲ့လူတိုင်း သိနိုင်ပါတယ်။ သူ့ခြေလှမ်းတွေဆို အရင်ကထက်တောင်မှ ပိုသွက်နေပါသေးတယ်။

ရန်မိသားစု လေးယောက်မြောက် သခင်းကြီးရဲ့ အိမ်တော်…

သုံးယောက်သား အိမ်အဝင်ပေါက်ဆီ လမ်းလျှောက် သွားလိုက်ကြတယ်။

ရန်ရင်းဖုန်းရဲ့ ခြံဝန်းက အရမ်းကြီး မကျယ်သလို ကျဉ်းလည်း မကျဉ်းပါဘူး။ တကယ်တော့ သူ့မှာ သားတစ်ယောက်နဲ့ အစေခံ ဒါဇင်ကျော်လောက်ပဲ ရှိတာဆိုတော့ သူ့ခြံဝန်းက အခြားခြံဝန်းတွေထက် ပိုပြီး တိတ်ဆိတ်နေခဲ့ပါတယ်။

အစေခံတွေက ဂိတ်ပေါက်၌ စီတန်းရပ်နေခဲ့ပြီး လေးလေးစားစား ဦးညွှတ်ရင်း ရန်ကိုင် အိမ်ပြန်လာတာကို ကြိုဆိုနေခဲ့ကြတယ်။

ရန်ရင်ဖုန်းက အစေခံတွေကို ရေချိုးကန်တစ်ခုနဲ့ စားကောင်းသောက်ဖွယ်တွေကို ပြင်ဆင်ထားခိုင်းလိုက်တယ်။ ဒေါင်စုကျုကတော့ ရန်ကိုင်လက်ကို ဆွဲပြီး သူအရင်နေခဲ့တဲ့ အိပ်ခန်းဆီ ခေါ်သွားလိုက်တယ်။

သူရင်းနှီးနေခဲ့ဖူးတဲ့ တံခါးကို တွန်းဖွင့်လိုက်ပြီး အခန်းထဲကို လမ်းလျှောက်ဝင်သွားလိုက်တယ်။ အခန်းထဲက အပြင်အဆင်တွေ အကုန်လုံးက သူ့ကလေးဘဝ မှတ်ဥာဏ်ထဲက အပြင်အဆင်နဲ့ ဘာမှ ကွာခြားမနေခဲ့ပါဘူး။ အတွင်းပိုင်း အပြင်အဆင်တွေကအစ သူ့ကဘေးဘဝတုန်း မှတ်ဥာဏ်ထဲက ပုံစံနဲ့ တစ်ပုံစံထဲပါပဲ။ အိပ်ရာခင်းဆိုရင် အသစ်စက်စက်ပါပဲ။ ဖုန်တစ်စက်တောင် မရှိပါဘူး။ သူမရှိတဲ့ အချိန်အတွင်း တစ်ယောက်ယောက်က ဒီနေရာကို သေသေချာချာ ထိန်းသိမ်းထားတဲ့ ပုံပါပဲ။

ရန်ရင်ဖုန်းရဲ့ မျက်ဝန်းအစုံ လက်သွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်တယ် “မင်းထွက်သွားပြီးနောက်ပိုင်း မင်းအမေက မင်းရှိတယ်အထင်နဲ့ ဒီနေရာကို မကြာခဏ လာလေ့ရှိတယ်”

ဒေါင်စုကျုက ရန်ရင်ဖုန်းရဲ့ ခါးကို အားရပါးတရ လိမ်ဆွဲလိုက်တယ်။ ရန်ရင်ဖုန်း မျက်နှာတစ်ခုလုံး မဲ့ရွဲ့သွားခဲ့ပြီး နာကျင်မှုကို တောင့်ခံရင်း သူ့မိန်းမကို ပြန်ပြုံးပြလိုက်တယ်။

“သူပြောတဲ့ မဟုတ်တုတ်က စကားတွေကို နားမထောင်နဲ့သား ၊ အမေက ဒီကို တစ်ခါတစ်ရံပဲ လာလေ့ရှိတာ” ဒေါင်စုကျုက ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ်။

ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။ သူ့အခန်းကို သူ့အမေသာမက သူ့အဖေပါ မကြာခဏ လာလည်တယ် ဆိုတာကို သူကောင်းကောင်း သိထားပါတယ်။

အိမ်တစ်ခုလုံး ကျွမ်းဝင်ရင်းနှီးနေတဲ့ မိသားစုရဲ့ အနွေးဓါတ်တို့နဲ့ ပြည့်နေခဲ့တယ်။

ရန်ရင်းဖုန်းက ဒီနေရာမှာ ရပ်နေပြီး ထပ်ခါတလဲလဲ သက်ပြင်းချနေတဲ့ပုံ၊ ဒေါင်စုကျုက ကုတင်နားထိုင်ရင်း သူမမျက်နှာထက်က မျက်ရည်တွေကို သုတ်နေတဲ့ ပုံစံတို့အား ရန်ကိုင် မြင်ယောင်ကြည့်နိုင်ပါတယ်။

၆နှစ်ကျော်… ရက်ပေါင်း၁၀၀၀ကျော်နဲ့ ညပေါင်း၁၀၀၀ကျော်…

မိဘတစ်ယောက်သာ မဟုတ်ဘူးဆိုရင် ထို၆နှစ်တာ ကာလကို ဖြတ်ကျော်ဖို့ သူတို့အတွက် ဘယ်လောက်တောင် ခက်ခဲပင်ပန်းလဲ ဆိုတာကို ဘယ်တော့မှ နားလည်နိုင်လိမ့်မှာပါဘူး။

“ဒီကနေ့ ငါ့ရဲ့ အကောင်းဆုံးဝိုင်ကို ထုတ်သောက်တော့မယ်၊ ဒီနေ့ ဒီမှာပဲ ငါတို့ ထမင်းလက်စုံ စားကြတာပေါ့” ရန်ရင်ဖုန်းက ပျော်ရွှင်မြူးထူးစွာနဲ့ အခန်းထဲကနေ ပြေးထွက်သွားလိုက်တယ်။

“အမေလည်း မီးဖိုချောင်ထဲ သွားကူလိုက်ဦးမယ်။ သား၊ ဒီမှာ ခဏနားနေလိုက်ဦးနော်”

သိပ်မကြာခင်မှာပဲ အစေခံတွေပဲ အရသာရှိတဲ့ ဟင်းလျာမျာစွာ သယ်ဆောင်လာခဲ့ကြတယ်။ ထိုဟင်းလျာတစ်ခု ချင်းစီတိုင်းက ဒေါင်စုကျု ကိုယ်တိုင် ချက်ပြုတ်ထားတာပါ။ ရန်ရင်ဖုန်းကတော့ အနှစ်နှစ်အလလ အကြာကြာ မသောက်သုံးရက် ဖြစ်ခဲ့တဲ့ သူ့ရဲ့ အကောင်းဆုံးဝိုင်ကို ထုတ်ယူလာခဲ့ပါတယ်။

၆နှစ်ကြားပြီးနောက် သားအမိသုံးယောက်သား တစ်စားပွဲတည်း အတူထိုင်ရင်း ထမင်းလက်စုံ စားနိုင်ခဲ့ကြပါပြီ။

ညရောက်တဲ့အထိ လေးယောက်မြောက် သခင်ကြီးက သောက်နေတုန်းပါပဲ။ မမူမချင်း ရပ်တန့်မယ့်ပုံမပေါ်ပါဘူး။

ဒေါင်စုကျုကလည်း ပျော်ရွှင်တက်ကြွစွာဖြင့် သူမယောကျ်ားနဲ့အတူ သောက်နေခဲ့တယ်။ နောက်ဆုံး ရန်ကိုင်တစ်ယောက်တည်းသာ ကျန်ခဲ့ပါတော့တဘ်။

“ဒီနေ့ ဒီမှာ နားနှင့်လိုက်ဦး။ မနက်မှ ငါတို့ စကားပြောကြတာပေါ့” မေးစရာတွေ အများကြီး ရှိနေပေမယ့် ရောက်ရောက်ချင်းနေ့မှာပဲ တန်းမမေးခဲ့ပါဘူး။ ပြောပြီးတာနဲ့ မတ်တပ်ရပ်လိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်တယ်။

မူးနေတဲ့ ဒေါင်စုကျုက ရီဝေနေတဲ့ မျက်ဝန်းအစုံနဲ့ သူမယောကျာ်းကို လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်ကာ “ရှင်ပြန်နှင့်တော့၊ ဒီည ကျွန်မသားနဲ့ပဲ အတူတူအိပ်တော့မယ်။ သားလေးနဲ့ အတူ မအိမ်ရတာ အရမ်းကို ကြာသွားပြီ”

ရန်ကိုင် ဝိုင်သီးသွားခဲ့တယ်။

ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးက မှုန်တေတေနဲ့ စိုက်ကြည့်နေလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်ကာ ယိုင်တိယိုင်တိုင်နဲ့ တံခါးပေါက်ဆီ လှမ်းလျှောက်သွားလိုက်တယ်။

“နေဦး…” ရန်ကိုင် သူ့အဖေကို ခပ်မြန်မြန်ပဲ အော်ခေါ်လိုက်တယ်။

“ဟန်၊ ဘာဖြစ်လို့လဲ” ရန်ရင်ဖုန်းက ပြန်လှည့်မေးလိုက်တယ်။

“ဒီမှာ တစ်ခုခုမှားနေတယ်လို့ အဖေမထင်ဘူးလား” ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်တယ်။ သူခေါင်းကိုက်ချင် လာခဲ့လေပြီ။

ရန်ရင်ဖုန်းက လေးလေးနက်နက် တွေးလိုက်ပြီးနောက် မျက်မှောင်ကြုံကာ ပြန်မေးလိုက်တယ် “ဘာပြဿနာ ရှိလို့လဲ”

ရန်ကိုင်က သူ့နဖူးသူ ပြန်ရိုက်လိုက်ပြီး နားထင်နေရာကို ပွတ်လိုက်တယ်။ သူ့ရဲ့ အဖိုးကြီးကတော့ အသောက်များလွန်းလို့ သူ့ကိုတောင် ကလေးတစ်ယောက်လို ထင်နေခဲ့လေပြီ။

ဒါပေမယ့် အခုအချိန် သူဘာပြောပြော အသုံးဝင်မှာ မဟုတ်မှန်း သိတဲ့အတွက် ရန်ကိုင်က အစေခံတွေကို ခေါ်လိုက်ပြီး သူ့အမေကို သူမအခန်းဆီ ပြန်ပို့ခိုင်းလိုက်ရပါတယ်။

ခြေသံတွေက တဖြည်းဖြည်း ဝေးသွားတဲ့အချိန် ဒေါင်စုကျု ပြောနေတာကို ရန်ကိုင် လှမ်းကြားလိုက်ရတယ် “ငါ့ကိုလွှတ်စမ်း၊ ဒီနေ့ ငါ့သားနဲ့ ငါအိမ်မှာ။ ငါ့ကို မလွှတ်ရင် နင့်တို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာနော်”

နောင်ကျရင် သူတို့ နှစ်ယောက်စလုံးကို ဘယ်တော့မှ အရက်သောက်ခိုင်းလို့ မဖြစ်ဘူး ရန်ကိုင်စိတ်ထဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်တယ်။

နောက်တစ်နေ့ နေထွက်ချိန်၌…

ရန်ကိုင်က စောစောထပြီး နေထွက်ရာအရပ် မျက်နှာမူကာ ခန္ဓာသန့်စင်ခြင်း မှတ်တမ်းကို လေ့ကျင့်နေခဲ့တယ်။ သူ့သွေးကြောတွေထဲက အစစ်အမှန်ချီတွေက ကြမ်းတမ်းတဲ့ ရေစီးကြောင်းတွေလို အလျင်မပြတ် လှည့်ပတ်စီးဆင်း နေခဲ့ပြီး သူ့ကြည့်ရတာ နောက်တစ်ဆင့် ချိုးဖျက်တော့မယ်ပုံပါပဲ။

လူမိသားဆီမှာတုန်းက ယန်သခင်းကျောက်စိမ်းတုံးကြီး တစ်တုံးလုံးကို ရန်ကိုင် စုပ်ယူခဲ့ပါတယ်။ ပြီးတော့ဆေးပေါင်းရည် ကိုလည်း တစ်နေ့တစ်စက် သူမှန်မှန် သောက်သုံးပေးနေတာပါ။ ထို့ကြောင့် အဆင့်ချိုးဖျက်တော့မယ့် အရိပ်အယောင် ပြတာ အထူးအဆန်း မဟုတ်ပါဘူး။

သူ့စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်တယ်။ သူ့မျက်နှာထက် ဝမ်းနည်းသည့်၊ ဝမ်းသာသည့် အရိပ်အယောင် စိုးစဉ်းမျှ မတွေ့ရတော့။ သူ့ကိုယ်သူ ကြည်လင်ငြိမ်းအေးတဲ့ အခြေအနေ တစ်ခုထဲ ဝင်ရောက်သွားစေခဲ့တယ်။

နာရီဝက်ကြာပြီးနောက် ချွေးသံတရဲရဲနဲ့ ရန်ကိုင်က သူ့ရဲ့ မနက်ခင်း လုပ်ငန်းစဉ်ကို အဆုံးသတ်လိုက်တယ်။

မနက်စာ စားပြီးနောက် လေးယောက်မြောက် သခင်ကြီးက သူ့ကိုခေါ်နေကြောင်း အစေခံတစ်ယောက်က သူ့ကို လာပြောခဲ့တဘ်။

သူ့အဖေမှာလည်း မေးစရာတွေ ရှိနေမှန်း သိထားတဲ့အတွက် ရန်ကိုင်လည်း နည်းနည်းလေးတောင် အံ့အားသင့်မသွားခဲ့ပါဘူး။ သူ့ကိုယ်သူ သေသပ်သပ်ရပ်အောင် လုပ်လိုက်ပြီးနောက် သူ့အဖေရဲ့ စာကြည့်ခန်းဆီ အလျင်အမြန် ပြေးသွားလိုက်တယ်။

စာကြည့်ခန်းထဲ၌ ရန်ရင်ဖုန်းသာမက ဒေါင်စုကျုပါ ရှိနေခဲ့ပြီး သူတို့သား အလာကို စောင့်မျှော်နေခဲ့ကြတယ်။

ရန်ကိုင် အခန်းထဲ ဝင်လာတာနဲ့ ဒေါင်စုကျုက ချက်ချင်း ထိုင်ရာကနေ ထလိုက်ပြီး ရန်ကိုင်ကို သူမဘေးနား ဆွဲခေါ်သွားလိုက်တယ်။

သုံးယောက်သာ အတူတူ ထိုင်လိုက်ပြီးတဲ့နောက် ရန်ရင်ဖုန်းက ချောင်းဟန့်လိုက်ပြီး ဒေါင်စုကျုကို ကြည့်ကာ “မင်းပဲ အရင်မေးမလား၊ ဒါမှမဟုတ် ငါပဲ အရင်မေးရမလား”

“ရှင်ပဲ အရင်စလိုက်၊ ကျွန်မမှာ မေးစရာဆိုလို့ သိပ်ပြီး အရေးမကြီးတဲ့ ကိစ္စလေး နည်းနည်းပဲ ရှိတာ”

ရန်ရင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး သူ့အမူအရာက မဆိုသလောက်ကလေး လေးနက်သွားခဲ့ကာ “ငါနဲ့ ကောင်းကင်စံအိမ်ကြားက ဆက်ဆံရေးကို မင်းဆရာဖိုးဖိုးက မင်းကို ပြောပြခဲ့ပြီးလောက်ပြီပေါ့၊ ဟုတ်တယ်မလား”

“ဟုတ်တယ်၊ ဆရာဖိုးဖိုး ကျွန်တော့်ကို ပြောပြပြီးသွားပြီ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။

“အဲ့လိုဆိုရင် ငါမင်းကို ကောင်းကင်စံအိမ်ဆီ ဘာလို့ ပို့ရလဲ ဆိုတာကိုပါ မင်းသိလောက်ရောပေါ့” ရန်ရင်ဖုန်းက ပြောနေရင်း တစ်ချက်ရပ်လိုက်ပြီး သက်ပြင်းချလိုက်ကာ “ငါ့သား၊ အဖေ မင်းကို မေးမယ်၊ အခု ကောင်းကင်စံအိမ် အခြေအနေ ဘယ်လိုရှိလဲ”

ချူမိသားစုက ပညာရှင်တွေက ကောင်းကင်စံအိမ် တစ်ခုလုံးကို ဒေါသတကြီးနဲ့ မီးလောင်ပြချပစ်ခဲ့တယ် ဆိုတာရယ်၊ ကောင်းကင်စံအိမ်ရဲ့ တပည့်ထောင်ပေါင်းများစွာ ပြန့်ကျဲကုန်တာရယ်၊ ဂိုဏ်းအကြီးအကဲတွေ ပျောက်နေတယ် ဆိုတဲ့ အချက်တွေကိုပဲ ရန်ရင်ဖုန်း သိထားပါတယ်။

Martial Peak

အပိုင်း(၃၉၅) ကျုပ်ကိုယ်တိုင် ကျိုချက်သန့်စင်ထားတဲ့ ဆေးအရည်

ကောင်းကင်စံအိမ်က ရန်ကိုင်ရဲ့ ဂိုဏ်းတစ်ခု ဖြစ်ရုံသာမက ရန်မိသားစု လေးယောက်မြောက် ခေါင်းဆောင်ရဲ့ ဂိုဏ်းလည်း ဖြစ်ပါတယ်။ သူ့ဂိုဏ်းဒုက္ခရောက်နေတာကို သူအနေနဲ့ မစိုးရိမ်ပဲ ဘယ်နေပါ့မလဲ။

ရန်ကိုင်က တစ်ခဏလောက် စဉ်းစားလိုက်ပြီး ဂိုဏ်းပျက်စီးရတဲ့ အကြောင်းစုံကို ပြန်ရှင်းပြလိုက်တယ်။ နားထောင်းနေတဲ့ ရန်ရင်ဖုန်းရဲ့ အမူအရာက တစ်စထက် တစ်စပိုပို သုန်မှုန်လာခဲ့တယ်။

“ဒါပေမယ့် အခုတော့ ချူရီမန်က ဂိုဏ်းကို ပြန်ပြီး ကူဆောက်ပေးပြီးသွားပါပြီ။ ပြီးတော့ ဂိုဏ်းက ကျွန်တော့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီ။ ဂိုဏ်းရဲ့ နာမည်ဆိုးကို မရှင်းလင်းရသေးခင်အထိ ဂိုဏ်းက ကျွန်တော့်ရဲ့ လက်အောက်ခံ အင်အားစု တစ်ခုအဖြစ် ရှိနေလိမ့်မယ်” ရန်ကိုင်ရဲ့ သုန်မှုန်နေတဲ့ အမူအရာက တဖြည်းဖြည်း ပြေလျော့သွားခဲ့တယ်။

“ချူရီမန်လား” ရန်ရင်ဖုန်းနဲ့ ဒေါင်စုကျုတို့ နှစ်ယောက်စလုံး ရန်ကိုင်ကို ငေးကြောင် ကြည့်နေလိုက်ပြီး “ချူမိသားစုရဲ့ ပထမသခင်မလေးလား”

“အင်း”

“သူမက မင်းကို ဂိုဏ်းကို ဘာလို့ ကူဆောက်ပေးရတာလဲ။ ဂိုဏ်းတစ်ခုလုံးကို သူမတို့ရဲ့ မိသားစုကပဲ မီးလောင်ပြာချ ပစ်ခဲ့တာ‌လေ၊ ထူးဆန်းတယ်…” ရန်ရင်ဖုန်း မျက်မှောင် ကြုံ့လိုက်တယ်။ ချူရီမန် ဘာလို့ ဂိုဏ်းကို ပြန်ဆောက်ပေးနေရလဲ ဆိုတာကို သူနားမလည်နိုင်အောင် ဖြစ်နေခဲ့တယ်။ နောက် ဖြည်းဖြည်းချင်း ခေါင်းခါယမ်းလိုက်ပြီး မေးလိုက်တယ် “ဒီအတွက် အကြောင်းပြချက် တစ်ခုခုလေး၊ ဘာလေးများ မရှိဘူးလား”

“ကျွန်တော်က သူမကို နည်းနည်းပါးပါး ကူညီခဲ့ဖူးတယ်။ အဲ့ဒါကြောင့်ပဲ သူမက ကျွန်တော့်ကို ပြန်ကူပေးတာ။ ကောင်းကင်စံအိမ်ကို ပြန်ဆောက်တာက သူမအတွက်တော့ ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး” ရန်ကိုင်က သာမန်ကာလျှံကာ လေသံနဲ့ ပြောလိုက်တယ်။

“မင်းက သူမကို နည်းနည်းပါးပါး ကူညီခဲ့တာလား” ရန်မိသားစု လေးယောက်မြောက် သခင်ကြီးရဲ့ အမူအရာက ပိုပိုရှုပ်ထွေးလာခဲ့ပြီး ရန်ကိုင်ကို သိချင်စိတ် ပြင်းပြင်စွာနဲ့ စိုက်ကြည့်နေလိုက်တယ်။ မင်းနဲ့ သူမကြားမှ ဘယ်လိုလျှို့ဝှက် ဆက်ဆံရေးတွေ ရှိနေတာလဲ ဆိုပြီးတော့ သူ့အကြည့်က ပြောနေခဲ့တယ်။

ဒေါင်စုကျုကတော့ လမင်းတစ်စင်းလို တောက်ပစွာ ပြုံးလိုက်ပြီး ရန်ကိုင်ကို ကြည့်လိုက်ရင်း မေးလိုက်တယ် “ကိုင်အာ၊ သားနဲ့ သူမက သူငယ်ချင်းတွေလား”

“ကျွန်တော်တို့က သူငယ်ချင်းတွေ မဟုတ်သလို လူစိမ်းတွေလည်း မဟုတ်ဘူး” ရန်ကိုင်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်တယ်။

ဒေါင်စုကျုက သူမရဲ့ နီစွေးစွေး နှုတ်ခမ်းအစုံကို လျှာနဲ့သပ်လိုက်ပြီး ရယ်မောလိုက်ကာ “ချူမိသားစု ကလေးမက ပြောတဲ့အတိုင်း ပါပဲလား။ သူမရဲ့ ယောကျာ်းဖြစ်လာမယ့် လူတိုင်း ချူမိသားစုရဲ့ နောက်တက်မယ့် ခေါင်းဆောင် ဖြစ်လာမယ့်။ သား၊ အဲ့ချူကလေးကို သူ့မိသားစုကနေ ရအောင် ခေါ်ထုတ်လိုက်စမ်းပါ”

ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းယမ်းလိုက်တယ်။

ချူရီမန်နဲ့ ပက်သက်ပြီး ထိုကဲ့သို့ အတွေးမျိုး သူ့စိတ်ထဲ နည်းနည်းလေးတောင် မရှိပါဘူး။ သူမရဲ့ နောက်ခံကို မကြည့်ရင်တောင် သူမရုပ်ရည်နဲ့တင် အလွန်အမင်း ဆွဲဆောင်မှု ရှိတယ်ဆိုတာက ငြင်းလို့ မရပါဘူး။ သူမကိုသာ သူ့ဘက်ဆွဲခေါ်နိုင်ခဲ့ရင် လာမယ့် အမွေခံတိုက်ပွဲမှာ သူ့အင်အားက တော်တော်လေး တိုးတက်သွားနိုင်ပါတယ်။ ဒါပေမယ့် ရန်ကိုင်ရဲ့ မသိစိတ်ကတော့ သူမကို ငြင်းဆန်နေခဲ့ပါတယ်။

ရှင်းရှင်း ပြောရရင်တော့ သူမက အရမ်းကို ပါးနပ်လွန်းတာပါ။ သူမရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းက သူ့ကို အမြဲလိုလို စိုးရိမ်ပူပန် ရစေပါတယ်။ သမီးတစ်ယောက်ဆီမှာ ထိုကဲ့သို့ ပါးနပ်တဲ့ စွမ်းရည် ရှိနေတာက မိသားစုကြီးတွေ အတွက်တော့ တကယ်ကို ခေါင်းကိုက်စရာပါပဲ။

သူမနဲ့ အတူပူးပေါင်း ရမယ်ဆိုရင်တောင် ရန်ကိုင်က ဝမ်းပန်းတသာနဲ့ ကြိုဆိုလိုက်မှာပါ။ သူမအပေါ် ခံစားချက်ထားဖို့ကတော့ လုံးဝကို မဖြစ်နိုင်ပါဘူး။

“ဂိုဏ်းကို ပြန်ဆောက်တာက…” ရန်ရင်ဖုန်းက သူ့ဘာသာ တိုးတိုး တိုးတိုးနဲ့ ရေရွတ်လိုက်တယ် “ချူရီမန်က ချူမိသားစုရဲ့ ခေါင်းဆောင် မဟုတ်တဲ့အတွက် ဒါက သူမတစ်ယောက်တည်း လုပ်နိုင်တာမျိုး မဟုတ်ဘူး”

မိသားစုကြီးရှစ်ခုထဲက ဘယ်မိသားစုမဆို ကောင်းကင်စံအိမ် ကိုယ်စား ဝင်ပြောပေးတာနဲ့ ကောင်းကင်စံအိမ်ရဲ့ နာမည်ဆိုးကို အလွယ်တကူ ရှင်းလင်းပစ်နိုင်ပါတယ်။

မိစ္ဆာဂိုဏ်းလို့ ကြေညာထားပေမယ့် ဖြေရှင်းဖို့ အဲ့လောက်ကြီး မခက်ခဲပါဘူး။

တကယ် အရေးကြီးတဲ့ အချက်က ကောင်းကင်စံအိမ်က မိစ္ဆာအရှင်သခင် အသစ် နေခဲ့တဲ့ ဂိုဏ်းတစ်ခု ဖြစ်နေတာပါပဲ။ ထိုအချက်ကြောင့်ပဲ ဂိုဏ်းတစ်ခုလုံး လူမုန်းများသွားခဲ့ရတာပါ။

“ဆရာဖိုးဖိုးအကြောင်း သတင်းလေး ဘာလေးများ မရဘူးလား” ရန်ကိုင်က ညင်ညင်သာသာနဲ့ မေးလိုက်တယ်။

ရန်ရင်ဖုန်းက ခါးခါးသီးသီး ခေါင်းခါလိုက်ပြီး “ငါလည်း လူလွှတ်ပြီး စုံးစမ်းကြည့်တာပဲ။ ဒါပေမယ့် တိုက်ပွဲပြီးသွားတဲ့ နောက်ပိုင်း မင်းရဲ့ ဆရာဘိုးဘိုးနဲ့ အကြီးအကဲ လေးယောက်စလုံး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့တော့ ငါလည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး”

ရုတ်တရက် ရန်ရင်ဖုန်းက တစ်ခုခုကို တွေးမိသွားပုံရက မျှော်လင့်တကြီနဲ့ မေးလိုက်တယ် “အင်မော်တယ်တက်လှမ်းခြင်း အထက်အဆင့်ကို ဆရာချိုးဖျက်သွားတာ အမှန်ပဲလား”

ချူမိသားစုက ပညာရှင်တွေ ပြန်လာတုန်းက ရန်ရင်ဖုန်းလည်း ထိုသတင်းတွေကို ကြားခဲ့ရပါတယ်။ ဒါပေမယ့် ချူမိသားစု ပညာရှင်တွေ ပါးစပ်က ထွက်တဲ့ စကားပဲ ရှိပါသေးတယ်။ လုံးဝ ကျိန်းသေတယ်လို့ ပြောလို့ မရသေးပါဘူး။ သူတို့ မျက်နှာ မပျက်ရအောင်လို ပုံပြင်တစ်ခု လုပ်ပြောခဲ့တာလည်း ဖြစ်နိုင်တာပါပဲ။ ဒါကြောင့် ရန်မိသားစု လေးယောက်မြောက် သခင်ကြီးက သူကြားခဲ့ရတဲ့ သတင်းတွေကို အပြည့်အဝ မယုံကြည် နိုင်သေးတာပါ။

ရန်ရင်ဖုန်း မပြောနဲ့ ထိုသတင်း ကြားလိုက်ရတဲ့ အခြားလူတွေတောင် အနည်းနဲ့အများတော့ သင်္ကာမကင်း ဖြစ်နေကြတုန်းပါပဲ။

ဘာမဟုတ်တဲ့ ဒုတိယအဆင့် အင်အားစုတစ်ခုမှာ အခုလို ကြောက်မက်ဖွယ် ကောင်းတဲ့ ပညာရှင်တစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ။

“ဆရာဘိုးဘိုး တကယ်ပဲ အဆင့်ချိုးဖျက်သွားခဲ့တယ်” ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်ပြလိုက်တယ်။

ရန်ကိုင်ဆီကနေ အတည်ပြုချက် ရပြီးတာနဲ့ ရန်ရင်ဖုန်းက သူ့ပါးစပ် တစ်ခုလုံး နားရွက်တက်ချိတ်လုမတတ် ပြုံးလိုက်တယ်။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး စာကြည့်ခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလိုက်တယ်။ ရုတ်တရက် လမ်းလျှောက်နေတာကို ရပ်တန့်လိုက်ပြီး အူလှိုက်သည်းလှိုက် အော်ဟစ် ရယ်မောပါတော့တယ် “ကောင်းတယ်၊ ကောင်းတယ်။ ဆရာ ကျိန်းသေ အဆင့်ချိုးဖျက်နိုင်မယ်မှန်း ငါသိနေတယ်။ ဒီလောက် အချိန်ယူရလိမ့်မယ် ဆိုတာကိုပဲ ငါမသိခဲ့တာ”

ပြောပြီးတာနဲ့ ရန်မိသားစု လေးယောက်မြောက် သခင်ကြီးရဲ့ မျက်နှာ အမူအရာ ပြေလျော့သွားခဲ့တယ်။ အခုမှပဲ သူ့ရင်ထဲက ကျောက်တုံးကြီး ကျသွားတဲ့ ပုံပါပဲ။

သူ့တပည့် နှစ်ယောက်ကြောင့် လင်းတိုင်ရှု စိတ်ဓါတ်တွေ ကျပြီး ဆယ်စုနှစ်ကြာအောင် အဆင့်မတက်နိုင် ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် အခုတော့ နောက်တစ်ဆင့်ကို သူချိုးဖျက်သွားခဲ့ပါပြီ။ သူ့ကို အဆင့်မတက်နိုင်အောင် လုပ်နေတဲ့ သူ့ရင်ထဲက စိုးရိမ်ပူပန်မှုတွေကို ကျော်လွှားလိုက်နိုင်ပြီလို့ ဆိုလိုလိုက်တာပဲ မဟုတ်ပါလား။ ဒါကြောင့် ရန်ရင်ဖုန်းလည်း ပျော်ရတာပေါ့။

“ဆရာဘိုးဘိုးအတွက်တော့ ဒီကပ်ဘေးက ကောင်းချီးတွေကို သယ်လာပေးခဲ့တာပဲ” ရန်ကိုင်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဖြေးဖြေးချင်း ပြန်ပြောပြလိုက်တယ် “နတ်ဆိုးအရှင်သခင်က ရစ်ခွေနဂါးစမ်းချောင်းထဲကနေ လွတ်မြောက်သွားခဲ့ပြီး ဂိုဏ်းက ပညာရှင်တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ အကြီးအကဲ တစ်ယောက်ကိုတောင် နေရာမှာတင် အသေသတ်သွား ခဲ့သေးတယ်။ ဆရာဘိုးဘိုးကိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့သေးတယ်”

“အဲ့ကျေးဇူးမသိတတ်တဲ့ ခွေးသူတောင်းစား ကတော့ကွာ” ရန်ရင်ဖုန်းက အသံထွက်ပြီး အကျယ်ကြီး အော်ဟစ်ဆဲဆို ပါတော့တယ်။

နတ်ဆိုးအရှင်သခင်က ရန်ရင်ဖုန်းရဲ့ ဂျူနီယာညီလေးပါ။ ဒါပေမယ့် သူက ဂိုဏ်းက အကြီးအကဲတွေနဲ့ သူ့ဆရာကို တိုက်ခိုက်ခဲ့ရုံ မကလို့ အကြီးအကဲ တစ်ယောက်ကိုပါ သတ်သွားခဲ့ပါသေးတယ်။ သူက ဂိုဏ်းနဲ့ သူ့ ကြားက ဆက်ဆံရေးကို ရာသက်ပန် ဖြတ်တောက်ဖို့ ဆုံးဖြတ်ပြီးတဲ့ ပုံစံပါပဲ။ ထို့ကြောင့် ရန်ရင်ဖုန်း ဒေါသထွက်သွား ရတာကလည်း မထူးဆန်းပါဘူး။

“တစ်နေ့ကျ အဲ့ခွေးခြေထောက်တွေကို ရိုက်ချိုးပြီး ဆရာရှေ့မှာ ဒူးထောက်တောင်းပန် ခိုင်းရမယ်” ရန်ရင်ဖုန်း အလွန်အမင်း ဒေါသထွက်နေခဲ့တယ်။ ထို့နောက် သူ့ကိုယ်သူ ပြန်ထိန်းလိုက်ပြီး အလျင်စလို မေးလိုက်တယ် “ပြီးတော့ ဘာဆက်ဖြစ်သွားလဲ”

“ဆရာဖိုးဖိုးက နတ်ဆိုးချီ သက်ရောက်ခံလိုက်ရတဲ့အတွက် သေခါနီးဖြစ်သွားတယ်။ ဒါပေမယ့် ကျွန်တော် ဂိုဏ်းဆီ အချိန်မှီပြန်ရောက်လာခဲ့ပြီး ဆရာဖိုးဖိုးရဲ့ ဒဏ်ရာတွေကို ပြန်သက်သာလာစေနိုင်မယ့် တစ်ခုခုကို ဆရာဖိုးဖိုးဆီ ပေးလိုက်နိုင်ခဲ့တယ်”

“မင်းက ဆရာ့ကို တစ်ခုခု ပေးခဲ့တာလား” ရန်ရင်ဖုန်းရဲ့ မျက်လုံးအစုံက ခိုဥလောက် ပြူးကျယ်သွားခဲ့တယ်။ ဒေါင်စုကျုလည်း အံ့အားသင့်သွားခဲ့ပြီး သူမပါးစပ်လေးကို လက်ကလေးနဲ့ အလိုလို ပိတ်လိုက်မိတယ်။ ရန်ကိုင် ဆက်ပြောမှာကို လင်မယားနှစ်ယောက်စလုံး မျှော်လင့်တကြီးနဲ့ စောင့်ဆိုင်းနေခဲ့တယ်။

“အင်း၊ ကျွန်တော်ကိုယ်တိုင် ဖျောစပ်ထားတဲ့ ဆေးရည်လေ။ ကျွန်တော့် ဆေးရည်က ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ကျွန်တော်ကိုယ်တိုင်လည်း မထင်ထားဘူး။ အဲ့ဆေးရည်က ဆရာဖိုးဖိုးကို ငရဲတံခါးကနေ ပြန်ဆွဲခေါ်နိုင်ခဲ့ရုံ မကလို့ သူ့ကိုယ်ထဲကနေ အတွင်းအင်္ဂါတွေကို တတိတိနဲ့ တိုက်စားနေတဲ့ နတ်ဆိုးချီတွေကိုပါ ဖယ်ထုတ်ပေးနိုင်ခဲ့တယ်” ရန်ကိုင်က ဇာတ်လမ်းတစ်ခုလုံးကို အမှားနဲ့အမှန် ရောထွေးပြီး ပြောလိုက်တယ် “ဆရာဖိုးဖိုး အပြည့်အဝ ပြန်သက်လာတဲ့ အချိန်မှာတော့ သူအဆင့်ချိုးဖျက်သွားတော့တာပဲ”

“မင်းကိုယ်တိုင် ဖျော်စပ်ထားတဲ့ ဆေးရည်လား” ရန်ရင်ဖုန်းရဲ့ အမူအရာက ထိတ်လန့်မှုကြောင့် ဖြူလျော်သွားခဲ့တယ်။

အားလုံး အဆင်ပြေနေတာကြောင်း ကြားလိုက်ရတော့မှပဲ ဒေါင်စုကျုက သူမရဲ့ရင်ဘတ်ကို လက်လေးနဲ့ဖိပြီး သက်ပြင်းတစ်ချက် ချလိုက်တယ်။ ရန်ကိုင်ဆေးရည်သာ အဆင်မပြေခဲ့ရင် လင်းတိုင်းရှုက သတ်တဲ့ တရားခံက နတ်ဆိုးအရှင်သခင်အသစ် မဟုတ်ပဲ ရန်ကိုင် ဖြစ်သွားပါလိမ့်မယ်။

အဲ့လိုသာ ဖြစ်သွားခဲ့ရင် သူမယောကျာ်းလည်း လဲပြိုကျသွားနိုင်ပါတယ်။

ရန်ကိုင်က သူ့နှာခေါင်းကို အသာအယာလေး ပွတ်လိုက်ပြီး ရှင်းပြလိုက်တယ် “တကယ်တော့ ကျွန်တော်က ဆေးဘုရင်တောင်ကြား တိမ်ဖုံးတောင်ထွတ်မှာ လနည်းနည်းလောက် နေပြီးလေ့လာသင်ယူခဲ့သေးတယ်”

“အဲ့လိုပဲ ဖြစ်ရမယ်” ရန်ရင်ဖုန်း ရုတ်တရက် နားလည်သွားခဲ့တယ်။

“အဖေ၊ အမေတို့ နှစ်ယောက်စလုံး သိနေတာလား” ဒီတစ်ကြိမ်တော့ ရန်ကိုင် အံ့အားသင့်ရမယ့် အလှည့်ပါ။ ထိုကိစ္စကို သူ့မိဘနှစ်ယောက် စလုံး သိပြီးနေတဲ့ ပုံစံပါပဲ။

“အင်း၊ ဟန်းအာက အမေတို့ကို အခြားသူတွေမသိအောင် လာပြောပြသွားတယ်လေ” ဒေါင်စုကျုက ခေါင်းညိတ်လိုက်တယ်။

လတ်စသတ်တော့ အဲ့လိုကိုး ရန်ကိုင် သူ့ဘာသာ တွေးလိုက်တယ်။ ဒေါင်ချင်းဟန်က သူ့အမေဘက်က ဝမ်းကွဲဆိုတော့ ထိုသတင်းကို သူ့အမေဆီ မပြောပြမှသာ ထူးဆန်းနေမှာပါ။

“ဂရမ်းမာစတာရှောင်က သူ့ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်တာပဲ” ရန်ရင်ဖုန်းက အမွှမ်းတင် ချီးကျူးစကား ဆိုလိုက်တယ် “သူကိုယ်တိုင် လာမကုသပေးတာတောင် သူနည်းနည်းပါးပါး သင်ပြပေးလိုက်ရုံနဲ့တင် ဒီလောက်အထိ စွမ်းတယ်လို့ကွာ”

ခေါင်းလေး တဆတ်ဆတ်ညိတ်ရင်း ရန်ရင်ဖုန်းက လေးလေးနက်နက်နဲ့ ပြောလိုက်တယ် “မှတ်ထားနော်၊ တစ်နေ့ကျ ဂရမ်းမာစတာရှောင်ရဲ့ ကြင်နာမှုကို မမေ့မပျောက်နဲ့ ကျေးဇူးတင်စကား သွားကို ပြောရမယ်”

ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး “ကျွန်တော် ပြောမှာပါ”

“ဟင်း၊ အဲ့အစား ငါကိုယ်တိုင် တိမ်ဖုံးတောင်ထွတ်ဆီ သွားရင် ပိုကောင်းမယ်နဲ့ တူတယ်။ ဆရာ့အသက်ကို ကယ်လိုက်တာက ငါ့အသက်ကို ကယ်လိုက်တာနဲ့ အတူတူပဲ။ ဂရမ်းမာစတာရှောင်ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား သွားပြောသင့်တယ်” ရန်ရင်ဖုန်းက ရုတ်တရက် ကောက်ပြောလိုက်တယ်။ သူ့ပြောလိုက်တဲ့ စကားတွေက ဟိတ်ဟန်ထုတ်ပြီး ပြောလိုက်တာ မဟုတ်ပါဘူး။ သူ့ရင်ထဲက လာတဲ့ စကားတွေပါ။

ဒါပေမယ့် ရန်ကိုင်ကတော့ ကိုးယိုးကားယား အခြေအနေထဲ ရောက်သွားခဲ့ရတယ်။

သူ့အဖေသာ တိမ်ဖုံးတောင်ထွတ်ဆီ ကိုယ်တိုင်သွားမယ် ဆိုရင် သူ့လံကြုတ်ဇာတ်လမ်း တစ်ခုလုံး ပေါ်သွားမှာပါ။ ထို့ကြောင့် ရန်ကိုင်က ခပ်မြန်မြန်ပဲ ဝင်တားလိုက်တယ် “အဖေ မသွားရင် ပိုကောင်းလိမ့်မယ်။ ဂရမ်းမာစတာရှောင်ရဲ့ စိတ်က နည်းနည်းထူးဆန်းတယ်။ တိမ်ဖုံးတောင်ထွတ်ဆီ ကိုယ်တိုင် သွားရင်တောင် ဂရမ်းမာစတာရှောင်ကို တွေ့ချင်မှ တွေ့ရမှာ။ ကျေးဇူးတင်စကား ပြောမယ့်ကိစ္စကို ကျွန်တော့်တာဝန်သာ ထားလိုက်စမ်းပါ အဖေရာ”

ရန်ရင်ဖုန်းလည်း ခဏလောက် စဉ်းစားကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်တယ်။ ရန်ကိုင် ပြောတာ မှန်တယ်လို့ သူလည်း စဉ်းစားမိလိုက်တယ်။ မိသားစုကြီး ရှစ်ခုက ဆေးဖော်စပ်ခိုင်းဖို့အတွက် ဂရမ်းမာစတာရှောင်ကို သွားတွေ့ခဲ့ပေမယ့် အချို့သာ တုန့်ပြန်စကား ရခဲ့ပါတယ်။ အများစုကတော့ ဂရမ်းမာစတာရှောင်ရဲ့ အရိပ်ကိုတောင် မတွေ့ရပဲ လက်ဗလာနဲ့ ပြန်လာခဲ့ရပါတယ်။

ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ ရန်ရင်ဖုန်းက‌ ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ၊ မင်းသွားတဲ့အချိန်ကျ ငါကိုယ်တိုင် လက်ဆောင်ကောင်းကောင်း တစ်ခု ပြင်ဆင်ပေးလိုက်တယ်”

“အင်း၊ နားလည်ပါပြီ” ရန်ကိုင်က နဖူးတက်သီးနေတဲ့ ချွေးအေးတွေကို သူ့မိဘနှစ်ပါးစလုံး မသိအောင် သုတ်ပစ်လိုက်တယ်။

ဒေါင်စုကျုက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပုံရကာ စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်တယ် “ကိုင်အာ၊ အဲ့ဆေးရည်ကို ဘယ်လို ဖျော်စပ်ရမလဲ ဆိုတာကို သားမှတ်မိသေးလား”

ရန်ကိုင်က ပြုံးလိုက်ပြီး ပြောလိုက်တယ် “မှတ်မိတာပေါ့ အမေရဲ့”

“အဲ့လိုဆိုရင်…” ဒေါင်စုကျု နှလုံးခုန်သံ မြန်လာခဲ့ပြီး သူမမျက်ဝန်းတွေက စိုးရိမ်မှု၊ မျှော်လင့်စောင့်စားမှုတို့ဖြင့် ပြည့်လာခဲ့တယ်။

သားတစ်ယောက် အနေနဲ့ သူ့အမေ ဘာပြောချင်နေလဲ ဆိုတာကို ရန်ကိုင် မသိပဲ ဘယ်နေပါ့မလဲ။

အတိတ်တုန်းက ရန်မိသားစု လေးယောက်မြောက် သခင်ကြီးက သူ့ဂျူနီယာ ညီလေးကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာက သက်သာသွားခဲ့ပြီး သူ့ကိုယ်ထဲ မိစ္ဆာချီအချို့ ကျန်ရစ်နေခဲ့ပြီး ထိုမိစ္ဆာချီက သူ့အသွေးအသားတွေကို တတိတိနဲ့ တိုက်စားနေခဲ့ပါတယ်။

ထိုကိစ္စကြောင့်သာ မဟုတ်ရင် ရန်ရင်ဖုန်းအနေနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃မှာပဲ ဘယ်လိုလုပ်ပြီး ရပ်တန့်နေပါ့မလဲ။ ဒေါင်စုကျုတောင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇ ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီဟာကို။

ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးက လင်းတိုင်ရှုရဲ့ ပထမတပည့်ဖြစ်ပြီး နတ်ဆိုးအရှင်သခင် အသစ်ကတော့ လင်းတိုင်ရှုရဲ့ ဒုတိယတပည့် ဖြစ်ပါတယ်။ များလှစွာသော ကံကြမ္မာအခွင့်အလမ်းနဲ့ သူ့ရဲ့ ကိုယ်ပိုင်ပါရမီကြောင့် နတ်ဆိုးအရှင်သခင် အသစ်က အခုအချိန်၌ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ရောက်ရှိလို့ နေခဲ့ပါပြီ။ ရန်ရင်ဖုန်းက လင်းတိုင်ရှုကိုယ်တိုင် မြင့်မြင့်တွေးထားခဲ့တာ ဖြစ်တဲ့အတွက် သူ့ရဲ့ပါရမီက နတ်ဆိုးအရှင်သခင်အောက် မနိမ့်ကျတာ အသိသာကြီးပါ။

ထိုနှစ်အတော်အတွင်း သူရခဲ့တဲ့ ဒဏ်ရာကြောင့်သာ မဟုတ်ရင် ရန်ရင်ဖုန်းက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၃မှာပဲ ဘယ်လိုလုပ်ပြီး ရပ်တန့်နေပါ့မလဲ။ ရန်ရင်ဖုန်းသာ ဒဏ်ရာမရခဲ့ရင် အခုအချိန်လောက်ဆို အနည်းဆုံးတော့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈ကို ရောက်နေလာက်ပါပြီ။

ရန်ရင်ဖုန်းနဲ့ လင်တိုင်းရှုတို့ကို ဒုက္ခပေးနေခဲ့တဲ့ နတ်ဆိုးချီက လူတစ်ယောက်တည်းက လာတာ ဆိုပေမယ့် လင်းတိုင်ရှုကိုယ်ထဲက နတ်ဆိုးချီက ပိုပြီး သိပ်သည်းပါတယ်။

ထိုဆေးရည်က လင်းတိုင်ရှု ကိုယ်ထဲက နတ်ဆိုးချီကိုတောင် ဖယ်ရှားပစ်နိုင်မှတော့ ရန်ရင်ဖုန်း ကိုယ်ထဲက နတ်ဆိုးချီကို ဖယ်ရှားပစ်ဖို့က ပြဿနာ မရှိနိုင်ပါဘူး။ သူ့ကိုယ်ထဲက နတ်ဆိုးချီကိုသာ ဖယ်ရှားပစ်နိုင်မယ် ဆိုရင် ရန်ရင်ဖုန်းရဲ့ အနာဂတ်က ပိုပြီး တောက်ပလာမှာ ဖြစ်ပြီး သူ့အနေနဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကိုတောင် ချိုးဖျက်ကောင်း ချိုးဖျက်နိုင်ပါသေးတယ်။

ရန်ရင်ဖုန်းရဲ့ ပါရမီက ထိပ်တန်းပါ။ အနည်းဆုံးတော့ ရန်မိသားစုရဲ့ လက်ရှိမိသားစုခေါင်းဆောင် ရန်ရင်ဟောင်အောက် မနိမ့်ကျပါဘူး။

“ဆေးရည်ကို ကျွန်တော်ကိုယ်တိုင် ဖျော်စပ်ပေးလို့ ရပါတယ်။ ဆေးအမယ်တွေက အရမ်းကြီး တန်ဖိုးကြီးတာမှ မဟုတ်တာ” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလို်ကတယ်။

သူ့သားပါးစပ်က ထွက်လာတဲ့ စကားတွေကို ကြားလိုက်တဲ့အချိန်၌ ရန်မိသားစု လေးယောက်မြောက် သခင်ကြီးရဲ့ အသက်ရှုသံ အနည်းငယ် မြန်ဆန်သွားခဲ့တယ်။

“အင်း၊ ကျွန်တော် အဖေ့ခန္ဓာကိုယ် အခြေအနေကို အရင်စစ်ဆေးကြည့်ရမယ်”

“ကောင်းပြီ” ရန်ရင်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး ရန်ကိုင်ရှေ့ ထိုင်ချလိုက်ကာ သူ့လက်ကို ဆန့်ထုတ်ပေးလိုက်တယ်။

ရန်ကိုင်က သူ့အဖေ လက်ကောက်ဝတ်ပေါ် လက်နှစ်ချောင်းတင်လိုက်ပြီး အစစ်အမှန်ချီကို အသာအယာလေး လှည့်ပတ်လိုက်ကာ သူ့အဖေရဲ့ သွေးကြောတွေနဲ့ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်လိုက်တယ်။

အစစ်အမှန်ချီ အမျှင်တန်းလေး တစ်ခုသာ ဖြစ်ပေမယ့် ထိုအစစ်အမှန်ချီက ဘယ်လောက်တောင် သန့်စင်နေလဲ ဆိုတာကို ရန်ရင်ဖုန်း ခံစားမိနိုင်ပါတယ်။ သူ့ရဲ့ အစစ်အမှန်ချီနဲ့ ယှဉ်ရင်တောင် ရန်ကိုင် အစစ်အမှန်ချီက အရမ်းကြီး မနိမ့်ကျနေခဲ့ပါဘူး။

သူက အစစ်အမှန်ဒြပ်စင်အဆင့်၇ပဲ ရှိပါသေးတယ်။ သူသာ သူ့အဖေနဲ့ အဆင့်တူကို ရောက်သွားခဲ့ရင် သူ့ရဲ့ အစစ်အမှန်ချီက ဘယ်လောက်တောင် သန့်စင်သိပ်သည်း‌ နေလိမ့်မလဲ ဆိုတာကတော့ တကယ်ကို မခန်းမှန်နိုင်လောက်အောင် ပါပဲ။

ဒီကလေး… သူ့တစ်ကိုယ်လုံး အံ့အားသင့်စရာတွေနဲ့ ပြည့်နေတာပဲ…

ဒါက တကယ်ပဲ သူ့သားလား။ ရန်မိသားစု လေးယောက်မြောက် သခင်ကြီးခေါင်းထဲ ထူးဆန်းတဲ့ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့တယ်။

အချိန်အတော် ကြာပြီးနောက် ရန်ကိုင်က လေပူတစ်ရှိုက် မှုတ်ထုတ်လိုက်ပြီး သူ့လက်ကို ပြန်ရုတ်လိုက်တယ်။

“အဆင်ပြေလား” ဒေါင်စုကျုက စိုးရိမ်တကြီး မေးလိုက်တယ်။

“ဆရာဖိုးဖိုးထက်တော့ အခြေအနေ ပိုကောင်းတယ်။ ဒါပေမယ့် နှစ်တွေ အများကြီးကြာတော့ နတ်ဆိုးချီက အဖေ့ဒန်တန်ထဲတောင် ရောက်နေခဲ့ပြီ။ နတ်ဆိုးချီကို အပြည့်အဝ ဖယ်ရှားနိုင်ဖို့ဆိုရင် အဖေ့အနေနဲ့ ကျွန်တော့်ဆေးရည်ကို တစ်နှစ်တိတိ နေ့စဉ် သောက်သုံး ပေးရလိမ့်မဘ်”

“ဒီတော့ သူ့ဒဏ်ရာကို ကုသလို့ ရတယ်ပေါ့” ဒေါင်စုကျု စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်တယ်။ ထို့နောက် ရန်ရင်ဖုန်းနဲ့ အကြည့်ချင်း ဖလှယ်လိုက်တယ်။ နှစ်ယောက်စလုံးရဲ့ မျက်ဝန်းထဲ အပျော်တွေနဲ့ ပြည့်နေခဲ့တယ်။

နှစ်ပေါင်းများစွာ ကြာအောင် ဆေးပညာရှင်၊ သမားတော်များစွာကို ခေါ်ပြီး ပြသခဲ့ပါတယ်။ သူ့ကိုယ်ထဲက နတ်ဆိုးချီကို နည်းမျိုးစုံသုံးပြီး ဖယ်ရှာဖို့ ကြိုးစားခဲ့ကြပေမယ့် တစ်ယောက်မှ အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ရန်မိသားစုရဲ့ နဂါးအသွင်ပြောင်း ရေကန်တောင် သူ့ကိုယ်ထဲ နတ်ဆိုးချီကို ဖယ်ရှားမပေးနိုင်ခဲ့ပါဘူး။

ဒါပေမယ့် အခုတော့ နှစ်ပေါင်းများစွာတိုင်အောင် သူ့ကို စိတ်အနှောက်အယှတ် ပေးလာခဲ့တဲ့ ပြဿနာတွေ ရန်ကိုင် လက်ထဲရောက်တာနဲ့ လက်ဝါးလက်ဖမိုး လှန်လိုက်သလို အလွယ်တကူ ဖြေးရှင်းလိုက်နိုင်ခဲ့ပါပြီ.

လောကကြီးမှာ အကောင်းဆုံးသားကို ပိုင်ဆိုင်ထားရတာပဲလို့ နှစ်ယောက်စလုံး ရုတ်တရက် တွေးလိုက်ကြတယ်။

All Chapters