အခန်း (၃၉၆-၄၀၀)
Vol. 16 Ch. 396-400
အပိုင်း (၃၉၆) ရွှေရောင်ငှက်မွှေးသိမ်းငှက် လာရှာခြင်း
နောက်ဆယ်ရက်အတွင်း ဆေးရည်ဖျော်စပ်ဖို့ အချိန်လိုအပ်တယ် ဆိုပြီး ရန်ကိုင်က တစ်ယောက်တည်း သီးသန့်နေခဲ့တယ်။
မျိုးစုံသော အဖိုးတန် ပစ္စည်းတွေ သူ့အခန်းဆီ ရောက်ရှိလာခဲ့တယ်။ ထိုပစ္စည်းတွေ အကုန်လုံး အနက်ရောင်စာအုပ်ရဲ့ သိုလှောင် နေရာလွတ်ထဲ ရောက်ရှိသွားခဲ့တယ်။
ထိုပစ္စည်းတွေကို ရန်မိသားစုက ပေးတာ မဟုတ်ပါဘူး။ ရန်ရင်ဖုန်းနဲ့ ဒေါင်စုကျုက ပေးတာပါ။ ထိုပစ္စည်းတွေက ရှားပါးပြီး အံ့အားသင့်စရာ မကောင်းပေမယ့် အမြင့်ဆုံးအဆင့်ကတော့ ဆန်းကြယ်အဆင့်နိမ့် အဆင့်ထိ ရှိနေခဲ့ပါတယ်။
သူ့ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် နည်းနည်းပါးပါး အဖိုးတန်တဲ့ ဆေးအမယ်တွေကို တောင်းဆိုခဲ့ပါတယ်။ မဟုတ်ရင် ဘာမဟုတ်တဲ့ ပစ္စည်းတွေနဲ့ ဖော်စပ်လိုက်ပြီး အရမ်းအစွမ်းထက်တဲ့ ဆေးရည်လာတယ် ဆိုတာကို ဘယ်သူက ယုံမှာလဲ။
ရန်ကိုင် ဆေးပေါင်းရည်ရဲ့ တည်ရှိမှုက သူ့မိဘနှစ်ပါးဆီကနေ ဖုံးကွယ်ထားချင်တာ မဟုတ်ပါဘူး။ ထိုဆေးရည်ရဲ့ မူလဇာတ်မြစ်ကကို လူသိခံလို့ မရတာပါ။ တကယ်တော့ ဆေးပေါင်းရည်က ဆေးဘုရင်တောင်ကြားက ဆေးသူတော်စင်နဲ့ ဆက်စပ်နေတယ်လေ။ သူတို့ကို သိစေလိုက်တာ ကောင်းကျိုးထက် ဆိုးကျိုးပိုများသွားနိုင်ပါတယ်။
ဆယ်ရက်ကြာပြီးနောက် ရန်ကိုင်က ဆေးပေါင်းရည် ပါဝင်နေတဲ့ ဆေးရည်နှစ်ပုလင်းကို ရန်ရင်ဖုန်းဆီ ပေးလိုက်တယ်။ ဒေါင်စုကျုကို တစ်နေ့တစ်စက်စီ သောက်ခိုင်းဖို့ မှာကြားလိုက်ပါသေးတယ်.။
သူ့အဖေကိုယ်ထဲက နတ်ဆိုးချီကို ထုတ်ပယ်ပေးနိုင်သည့် ဆေးပေါင်းနို့နှစ် ပမာဏများစွာကိုလည်း သူ့အဖေဆီ ပေးလိုက်ပါသေးတယ်။ ဆေးပေါင်းနို့နှစ်ကသာ သူ့အဖေကိုယ်ထဲက နတ်ဆိုးချီကို ထုတ်ပယ်ပေးနိုင်တာပါ။ ဆေးပေါင်းရည်က အဲ့လောက်အထိ မစွမ်းနိုင်ပါဘူး။ ဆေးပေါင်းရည်က သူတို့ရဲ့ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကိုပဲ သန့်စင်ပေးနိုင်ပါတယ်။
အဖိုးအတန်ဆုံး ဆေးပေါင်းအဆီအနှစ်ကိုတော့ သူမိဘနှစ်ပါးကို ပေးဖို့ စီစဉ်မထားပါဘူး။
ဆေးပေါင်းအဆီအနှစ်က လူတစ်ယောက်ရဲ့ သိုင်းတာအိုအပေါ် နားလည်ဆင်ခြင်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ပါတယ်။ ထို့ကြောင့် သူ့မိဘနှစ်ပါး အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်ထိ ရောက်တဲ့အချိန်မှပဲ ပေးဖို့ စီစဉ်ထားတာပါ။ အချိန်နည်းနည်းလောက် ကြာနိုင်သေးတယ် ဆိုပေမယ့် ရန်ကိုင်က စိတ်မရှည်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။
ထိုဆေးပေါင်းရည် ဘယ်လောက် အဖိုးတန်လဲ ဆိုတာကို ရန်မိသားစု လေးယောက်မြောက် သခင်ကြီး မသိပါဘူး။ တစ်ချက်လောက်သာ ရှူရှိုက်ကြည့်လိုက်ပြီး ဘေးချထားလိုက်ကာ ရန်ကိုင်ကို လေးလေးနက်နက်နဲ့ ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ် “အမွေခံတိုက်ပွဲကို… မင်းဝင်ပြိုင်ချင်လား”
သူ့အဖေမှာ ဒီထပ်ပိုပြောစရာ ရှိသေးတယ်လို့ ခံစားမိလိုက်တဲ့ အတွက် ရန်ကိုင်က ချက်ချင်းပြန်မဖြေသေးပဲ ပြန်မေးလိုက်တယ် “အဖေ ဘာပြောချင်တာလဲ”
ရန်ရင်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး “ဒီနှစ်အတောအတွင်း မင်းဒီလောက်အထိ တိုးတက်လာလိမ့်မယ်လို့ မင်းအမေရော၊ ငါရော နှစ်ယောက်စလုံး မထင်ထားခဲ့ဘူး။ ဒါကြောင့် အမွေခံတိုက်ပွဲမှာ မင်းဝင်ပြိုင်မှာ မဟုတ်ဘူးလို့ ငါတို့ ထင်ထားခဲ့တာ။ မင်းအမေက… အမွေခံတိုက်ပွဲမှာ မင်းကို ဝင်ပြိုင်ခိုင်းဖို့ တွန့်ဆုတ်နေတယ်”
ရန်ကိုင်က သူ့အဖေကို ခဏလောက်ကြာအောင် စိုက်ကြည့်လိုက်ပြီး ယောကျာ်းတစ်ယောက်လို မာန်ပါပါနဲ့ ပြုံလိုက်တယ်။ သူ့မျက်ဝန်းအစုံက လောင်ကျွမ်းနေတဲ့ ပုံတောင် ပေါက်နေခဲ့ပါတယ်။
သူ့အဖေ ဘာပြောချင်တာလဲလို့ သူမေးခဲ့တယ်။ ဒါပေမယ့် သူ့အဖေက သူ့အမေအတွေးကိုသာ ပြောသွားခဲ့တယ်။ သူ့အတွေးကိုတော့ နည်းနည်းလေးတောင် ပြောမသွားခဲ့ပါဘူး။
“ဝင်ပြိုင်ရမှာပေါ့၊ ဘာလို့ မပြိုင်ရမှာလဲ” ရန်ကိုင်က ပြတ်ပြတ်သားသားပဲ ပြောလိုက်တယ် “ကျွန်တော်သာ မိသားစု ခေါင်းဆောင်ဖြစ်လာခဲ့ရင် ကောင်းကင်စံအိမ်ကို တစ်ဖန် ပြန်အသက်သွင်းလို့ ရပြီလေ”
“အင်း၊ ငါလည်း မင်းအတိုင်းပဲ တွေးနေတာ”
အဖေနဲ့သား တစ်ယောက်နဲ့ တစ်ယောက် ခဏကြာအောင် စိုက်ကြည့်နေလိုက်ပြီး အူလှိုက်သည်းလှိုက် အော်ဟစ် ရယ်မောပါတော့တယ်။ ရန်ရင်ဖုန်းရဲ့ အမူအရာ တော်တော်လေး ပြေလျော့သွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်တယ် “မင်းအဖေ တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောလည်း မမှားဘူး။ မင်းဆရာဖိုးဖိုး ငါအကြွေးကြီးကြီး တင်နေခဲ့တယ်။ ဆရာ့ကို အကြွေးပြန်ဆပ်နိုင်မယ့် နည်းလမ်းဆိုလို့ မင်းကို အားကိုးဖို့ပဲ ရှိတော့တယ်။ ကောင်းကင်စံအိမ်ရဲ့ အမွေအနှစ်က မင်းဆရာဖိုးဖိုးရဲ့ လက်ထက်ကျမှ အဆုံးသတ်သွားလို့ မဖြစ်ဘူး”
“ဒါပေမယ့် အမေ…”
“ငါမင်းအမေကို ပြောလိုက်တယ်၊ မင်းစိတ်ပူနေစရာ မလိုဘူး” ရန်ရင်ဖုန်းက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ဂုဏ်ယူဝံ့ကြွားမှု အပြည့်နဲ့ ပြောလိုက်တယ်။
“ကောင်းပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး စိုးရိမ်စရာတွေကို ဘေးဖယ်ထားလိုက်တယ်။ ရန်ရင်ဖုန်းက မိန်းမကြောက်တဲ့ ယောကျာ်းတစ်ယောက် ပုံစံပေါက်နေပေမယ့် အရေးကြီးတဲ့ ကိစ္စတွေကျရင်တော့ လေးယောက်မြောက် သခင်ကြီးက မိသားစုခေါင်းဆောင် တစ်ယောက်အတိုင်း ပြုမူလေ့ရှိပါတယ်။ ဒေါင်စုကျု အနေနဲ့ မဆီမဆိုင် ကိစ္စအချို့နဲ့ ပက်သက်ပြီးတော့ပဲ သူ့ကို နောက်ပြောင်လေ့ ရှိကာ တကယ့် ကိစ္စကြီးတွေမှာတော့ သူ့ဆန္ဒအတိုင်း လိုက်လျောညီထွေ နေပေးပါတယ်။
“ဟုတ်ပြီ” ရန်ကိုင်က တစ်ခုခုကို သတိရသွားလိုက်ကာ “သွက်လက်ပြီး သတင်းအချက်အလက် စုစည်းပေးနိုင်တဲ့ တစ်ယောက်ယောက်ကို ကျွန်တော့်ဘက် ခေါ်ချင်တယ်။ အဲ့လူက သစ္စာလည်း ရှိဖို့လိုတယ်။ ကျွန်တော်ပြောတဲ့ အနေအထားနဲ့ ကိုက်ညီတဲ့ လူတစ်ယောက်ယောက်ကိုများ အဖေသိလား မသိဘူး”
“မင်းကိုယ်တွယ်စရာ ကိစ္စတစ်ခုခု ရှိလို့လား” ရန်ရင်ဖုန်း မျက်ခုံးပင့်လိုက်တယ်။
“အင်း”
ရန်မိသားစု လေးယောက်မြောက် သခင်ကြီးက တစ်ခဏလောက် စဉ်းစားနေလိုက်ပြီး ရန်ကိုင်ဆီ တစ်ခုခု ပစ်ပေးလိုက်ကာ ပြောလိုက်တယ် “
“သူကဘယ်သူလဲ” ရန်ကိုင်က သူ့အဖေပေးတဲ့ ပစ္စည်းလေးကို ဟိုကြည့်ဒီကြည့် လုပ်ပြီးနောက် ထိုပစ္စည်းက လက်တစ်ချောင်းစာ လောက်သာရှိတဲ့ အပြာရောင်ဝါးပုလွေသေးသေးလေး တစ်ခုဖြစ်ကြောင်း တွေ့လိုက်ရတယ်။
ဒါပေမယ့် ပစ္စည်းကသာ ဝါးနဲ့တူတာပါ၊ ထိုပုလွေလေးကို ဘာနဲ့ လုပ်ထားမှန်း ရန်ကိုင်လည်း တကယ်မသိပါဘူး။ သတ္တုလည်း မဟုတ်သလို၊ သစ်သား၊ ကျောက်စိမ်းလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ပစ္စည်းသားက သာမန်မဟုတ်တာတော့ အသေအချာပါပဲ။
“ဝါးထုံးဂိုဏ်းခေါင်းဆောင်ပဲ” ရန်ရင်ဖုန်းက အသာအယာလေး ပြုံးလိုက်ပြီး “အဲ့ဒါက ငါကိုယ်တိုင် ပျိုးထောင်ထားတဲ့ အင်အားစု သေးသေးလေး တစ်ခုပဲ။ အဖွဲ့သားတွေရဲ့ ခွန်အား ဆိုရင်လည်း အရမ်းကြီး မမြင့်ဘူး။ ဒါပေမယ့် သူတို့က သတင်းစုဆောင်းတဲ့ နေရာမှာ ပထမတန်းစား အဆင့်ပဲ။ မင်းသား သူတို့ကို မင်းဘက်ပါအောင် လုပ်နိုင်ရင် အမွေခံတိုက်ပွဲမှာ မင်းကို ကြီးကြီးမားမား အထောက်အကူ ပေးနိုင်လိမ့်မယ်”
“ကျွန်တော် နားလည်ပါပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်တယ်။
ရန်မိသားစု လေးယောက်မြောက် ခေါင်းဆောင်က အပြစ်ရှိသလို ခံစားနေရသည့် လေသံလေးနဲ့ တိုးတိုးလေး ပြောလိုက်တယ် “မိသားစုထဲက အာဏာအချို့ကို ငါပိုင်ဆိုင်ပေမယ့် ငါပိုင်ဆိုင်ထားတာတွေနဲ့ မင်းကို နည်းနည်းလေးမှ ကူညီပေးလို့ မရဘူး။ ဘာလို့လဲ ဆိုတော့ အမွေခံတိုက်ပွဲမှာ အကြီးအကဲ ခန်းမက ခွင့်ပြုထားတဲ့ လူတွေကလွဲလို့ ကျန်တဲ့ ဘယ်သူမှ ပါဝင်ခွင့် မရှိလို့ပဲ။ ငါမင်းကို တစ်ခုခု ပေးလိုက်မယ် ဆိုရင်တောင် ငါပေးတဲ့ အရာကို မင်းအသုံးပြုလို့ ရမှာမဟုတ်ဘူး”
ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။ မိသားစု စည်းမျဉ်းစည်းကမ်းတွေကို သူကောင်းကောင်း နားလည်ထားပါတယ်။
“အမွေခံတိုက်ပွဲမစခင် အချိန်နည်းနည်း ရဦးမယ်။ အဲ့အချိန်ကို သုံးပြီး သူတို့နဲ့ ရင်းနှီးအောင် လုပ်ပေါ့” ရန်ရင်ဖုန်းက အဓိပ္ပါယ်ပါပါ ပြုံးလိုက်တယ်။
ရန်ကိုင်ကလည်း သွားပေါ်အောင် ပြန်ပြုံးပြလိုက်ပြီး တစ်ခုခု မကောင်းကြံတော့မယ် ပုံစံမျိုးနဲ့ ရယ်မောလိုက်တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ရင်ဖုန်း မျက်မှောင်ကြုံမိလိုက်တယ်။ သူ့သားရဲ့ ထိုပုံစံမျိုးကို သူတစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါဘူး။
ထိုအချိန်၌ အိမ်အပြင်ဘက်ကနေ စူးရှတဲ့ သိမ်းငှက်အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့တယ်။ ရန်ရင်ဖုန်းက မျက်မှောင် ကြုံ့မိလိုက်ပြီး “ရွှေရောင်ငှက်မွှေးသိမ်းငှက်လား”
သိမ်းငှက် အော်သံကို ကြားလိုက်တဲ့အချိန် ရန်ကိုင်ကတော့ ပြုံးသာ ပြုံးလိုက်တယ်။ ခဏကြာပြီးနောက် သိမ်းငှက်အော်သံ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့တယ်။
ရန်ရင်ဖုန်း ရုတ်တရက် ခေါင်းရှုပ်သွားခဲ့ပြီး “ရွှေရောင်ငှက်မွှေး သိမ်းငှက်တစ်ကောင် ငါတို့အိမ်ကို ဘာလို့ ရောက်လာရတာလဲ”
ရွှေရောင်ငှက်မွှေးသိမ်းငှက်က ရန်မိသားစုရဲ့ အမှတ်အသားပါ။ ရန်မိသားစု မိသားစု သေးသေးလေးတစ်ခု ဖြစ်စဉ်ကတည်းက ရန်မိသားစုရဲ့ ဘိုးဘေးအချို့က အထူးနည်းလမ်း တစ်ခုကိုသုံးပြီး ရွှေရောင်ငှက်မွှေးသိမ်းငှက်တွေကို ထိန်းကျောင်းလာခဲ့တာပါ။ အခု ထိုသိမ်းငှက်သားရဲ ဒါဇင်ကျော်လောက်ကို ရန်မိသားစုထဲ ပြုစုပျိုးထောင် နိုင်နေခဲ့ပါပြီ။
ရန်ကိုင် မိသားစုဆီ ပြန်လာပြီးနောက် သူနဲ့အတူ လိုက်ပါလာတဲ့ ရွှေရောင်ငှက်မွှေးသိမ်းငှက်က သူ့အဖော်တွေ ရှိရာနေရာဆီ ပြန်သွားခဲ့တယ်။ ဒါပေမယ့် ဆယ်ရက်ကြာပြီးရုံပဲ ရှိသေး၊ ထိုသိမ်းငှက်က သူ့ကို နောက်တစ်ကြိမ် လာရှာနေခဲ့ပြန်ပါပြီ။
ရွှေရောင်ငှက်မွှေးသိမ်းငှက် သူအိမ်ကို ဘာလို့ ရောက်လာလဲ ဆိုတာကို ရန်ရင်ဖုန်း မသိပေမယ့် ရန်ကိုင်ကတော့ မသိပဲ ဘယ်နေပါ့မလဲ။
သိမ်းငှက် ဆေးပေါင်းရည်ရဲ့ အရသာကို သတိရလို့ ရန်ကိုင်ကို ကိုယ်တိုင်လာရှာတာပါ။
အဖေနဲ့သားက ခပ်မြန်မြန်ပဲ အပြင်ထွက်လာလိုက်တယ်။ ထွက်လာလိုက်တဲ့ အချိန်၌ လူပေါင်းများစွာက အသားတစ်စကို ကိုင်ရင်း သစ်ပင်ကြီးတစ်ပင်အောက်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။
ထိုအသားစတွေ အကုန်လုံးက သွေးသံတရဲရဲနဲ့ လတ်လတ်ဆတ်ဆတ် တွေချည်းပါပဲ။ ရွှေရောင်ငှက်မွှေး သိမ်းငှက်ရဲ့ အကြိုက်ဆုံး အစားအစားဆိုလည်း မမှားပါဘူး။ ဒါပေမယ့် အခုအချိန်၌ သိမ်းငှက်က ထိုအသားစတွေကို တစ်ချက်ကလေးတောင် မကြည့်ပဲ ရန်ကိုင်အိမ်တည့်တည့်ကိုသာ စိုက်ကြည့်နေခဲ့တယ်။
ရန်ကိုင် ထွက်လာတာကို မြင်လိုက်တာနဲ့ ရွှေရောင်ငှက်မွှေး သိမ်းငှက်က တောင်ပံနှစ်ဖက်ကို ဖြန့်ကျက်လိုက်ပြီး ရန်ကိုင်ဆီ ချက်ချင်း ပျံသန်းသွားလိုက်တယ်။ ထို့နောက် သူ့ပုခုံးထက် ဆင်းသက်လိုက်ပြီး နှုတ်သီးလေးနဲ့ ရန်ကိုင်ဆံပင်ကို ဖီးကုံးပေးပါတော့တယ်။
သစ်ပင်အောက်မှာ ရှိနေတဲ့ လူအားလုံး အံ့ဩဘနန်း ဖြစ်သွားခဲ့ရတယ်။ ရန်ရင်ဖုန်းတောင် ရန်ကိုင်ကို ကြည့်ရင်း ကြက်သေသေနေခဲ့တယ်။
ရွှေရောင်ငှက်မွှေး သိမ်းငှက်တွေ အကုန်လုံးက အသိဥာဏ် မြင့်မားပြီး မောက်မာတဲ့ စရိုက်ကို ပိုင်ဆိုင်ထားတဲ့ သားရဲတွေပါ။ သူတို့သာ စိတ်ဆိုးလာခဲ့ရင် သူတို့ကို ထိန်းကျောင်းပြုစုလာတဲ့ သားရဲထိန်းတွေတောင် ခေါင်းကိုက်လာရပါတယ်။ ဒါပေမယ့် ဒီရွှေရောင်သိမ်းငှက်က သူ့ဘာသာသူ သစ်ပင်ပေါ်ကနေ ရန်ကိုင် ပုခုံးထက် သွားနားနေလိုက်ပြီး သူ့ဆံပင်ကိုတောင် ဖီးကုံးပေးနေလိုက်ပါသေးတယ်။
အခုလို အဖြစ်အပျက်မျိုး ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့ဖူးပါဘူး။
ရွှေရောင်ငှက်မွှေးသိမ်းငှက်က ခဏခဏ ဆိုသလို စူးစူးရှရှ အော်ဟစ်နေပါတယ်။ သူ့ပုံစံက တစ်ခုခုကို တောင်းဆိုနေတဲ့ ပုံပါ။
“ငြိမ်ငြိမ်နေ” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်တယ်။
ထိုစကားကို ကြားလိုက်တာနဲ့ ရွှေရောင်ငှက်မွှေးသိမ်းငှက်က အော်နေတာကို ရပ်တန့်လိုက်ပြီး ရန်ကိုင် ပုခုံးထက် ကျောက်ရုပ်ကြီးတစ်ရုပ်လို နားနေလိုက်တယ်။ ထိုအခြင်းအရာကို မြင်လိုက်တဲ့ လူအားလုံး အံ့အားသင့်သွားခဲ့ကြရပြန်ပါတယ်။
“သခင်လေးရဲ့ နည်းလမ်းတွေက တကယ်ကို အံ့အားသင့်စရာပဲ” အစေခံမလေး တစ်ယောက်က အော်ပြောလိုက်တယ်။ သူမမျက်ဝန်းအစုံက စိတ်လှုပ်ရှားမှု၊ လေးစားကြည်ညိုမှုတို့ဖြင့် ပြည့်နေခဲ့တယ်။
နောက်ထပ် အစေခံဟောင်း တစ်ယောက်က ပြုံးကာ ထပ်ပြောလိုက်တယ် “ဒီလူအိုကြီး ရန်မိသားစုကို အလုပ်အကျွေး ပြုလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါပေမယ့် ရွှေရောင်ငှက်မွှေး သိမ်းငှက်ကို အခုလို နာခံအောင် လုပ်နိုင်တဲ့ လူမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ တကယ်ကို အံ့အားသင့်စရာပဲ”
“မင်းဘယ်လိုလုပ်လိုက်တာ” ရန်ရင်ဖုန်းက မျက်မှောင်ကြုံ့ရင်း တိုက်ရိုက်တန်းမေးလိုက်တယ်။
“အတူတူသွားရင်း ကျွန်တော့်ကို မခွဲနိုင်မခွာနိင် ဖြစ်သွားတာ နေမှာပေါ့” ရန်ကိုင်က ပြုံးလိုက်ပြီး မဟုတ်တုတ်က စကားတွေ လျှောက်ပြောလိုက်တယ်။
ရန်ရင်ဖုန်းလည်း ကြက်သေသေသွားခဲ့တယ်။ သူ့ပြောတဲ့ စကားကို ဘယ်သူက ယုံမှာလဲ။ အနေကြာလို့ မခွဲနိုင်မခွာနိုင် ဖြစ်သွားတာလား… သူပြောတာကို ငါးနှစ်သား ကလေးတောင် ယုံလိမ့်မှာ မဟုတ်ပါဘူး။
ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို နာခံလာအောင် လုပ်ဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့ စိတ်ခေါ်မှုကြီး တစ်ခုပါ။ မဟုတ်ရင် ရန်မိသားဝင် မဟုတ်တဲ့ လူတွေဆီ သိမ်းငှက်တွေကို ထိန်းကျောင်းမယ့် တာဝန်ကို ပေးခဲ့လိမ့်မှာ မဟုတ်ပါဘူး။
ရန်ရင်ဖုန်းလည်း ရွှေရောင်ငှက်မွှေးသိမ်းငှက်နဲ့အတူ ခရီးသွားခဲ့ဖူးပါတယ်။ ထိုအချိန်တုန်းက ရွှေရောင်ငှက်မွှေး သိမ်းငှက်ကို နာခံလာအောင် ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးက အချိန်ကုန်ခံကာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အကျိုးရလဒ်ကတော့ အရမ်းကြီး ထူးခြားမသွားခဲ့ပါဘူး။ အခု သူ့ရှေ့က မြင်ကွင်းလိုမျိုး မြင်ကွင်းမျိုး သူ့တုန်းက တစ်ကြိမ်တစ်ခါတောင် မဖြစ်ပျက်ခဲ့ဖူးပါဘူး။
သိပ်မကြာခင်မှာပဲ အစေခံတစ်ယောက်က မြန်မြန်ဆန်ဆန် လမ်းလျှောက်လာလိုက်ပြီး “သခင်ကြီး၊ သခင်လေး၊ ဒူချန်းဘိုင် ဆိုတဲ့ လူတစ်ယောက်က သခင်လေးကို တွေ့ချင်လို့ အပြင်မှာစောင့်နေပါတယ်”
ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးက ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “သူ့ကို ဝင်လာခိုင်းလိုက်ပါ”
“ဟုတ်ကဲ့ပါ”
ဒူချန်းဘိုင်က ဘယ်သူလဲ ဆိုတာ ရန်ရင်ဖုန်း မသိပါဘူး။ ဒါပေမယ့် ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို ထိန်းကျောင်းပျိုးထောင်းနေဲ့ လူတွေရဲ့ မျိုးရိုးနာမည်က ဒူဆိုတာကိုတော့ သူသိထားပါတယ်။
ထိုဒူချန်းဘိုင်က ရွှေရောင်ငှက်မွှေးသိမ်းငှက်နောက် လိုက်လာရင်း ဒီနေရာဆီ ရောက်လာတာပဲ ဖြစ်ရပါမယ်။ မဟုတ်ရင် အပြင်လူ တစ်ယောက်က ရန်မိသားစု သခင်ကြီး တစ်ယောက်ရဲ့ အိမ်တော်ကို အကြောင်းမရှိပဲ လာလည်ဖို့ မဖြစ်နိုင်ပါဘူး။
မကြာခင်မှာပဲ အစေခံတစ်ယောက်က သက်ကြီးပိုင်း လူတစ်ယောက်ကို ဦးဆောင်ခေါ်လာခဲ့တယ်။ ရန်ရင်ဖုန်းနဲ့ ရန်ကိုင်ရှေ့ လမ်းလျှောက်သွားလိုက်ပြီး ဒူချန်းဘိုင်က လေးလေးစားစားနဲ့ လက်သီးဆုပ်လိုက်ပြီး နွေးထွေးဖွယ် အပြုံးတစ်ခုကို ဆင်မြန်းလိုက်ရင်း “ဒူမိသားစု သိမ်းငှက် ထိန်းကျောင်းသူက ရန်မိသားစု လေးယောက်မြောက် သခင်ကြီးနဲ့ သခင်ငယ်လေးကို နှုတ်ဆက်ပါတယ်”
ရန်ရင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်မေးလိုက်တယ် “ခင်ဗျား ဒီရွှေရောင်ငှက်မွှေး သိမ်းငှက်ကို လာရှာတာလား”
“ဟုတ်ပါတယ်” ဒူချန်းဘိုင်က စိုးရိမ်နေတဲ့ အမူအရာနဲ့ အလျင်စလို ပြန်ဖြေလိုက်ပြီး “ဒီသိမ်းငှက်တွေက လေ့ကျင့်ဖို့ ခက်တော့ လေးယောက်မြောက် သခင်ကြီးရဲ့ ခြံဝန်းထဲ မှားယွင်းဝင်လာမိပါတယ်။ သခင်ငယ်လေးရဲ့ လေးယောက်မြောက် သခင်ကြီးကို နှောင့်ယှတ်မိသလို ဖြစ်သွားခဲ့ရင် လေးယောက်မြောက် သခင်ကြီးအနေနဲ့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ ဒီဒူက တောင်းဆိုပါတယ်”
“ကိစ္စမရှိပါဘူး။ အဲ့နှစ်တုန်းကလည်း ဒီသိမ်းငှက်တစ်ကောင်ကပဲ ငါ့ကို အိမ်ပြန်ခေါ်လာခဲ့တာလေ” ရန်ရင်ဖုန်းက အသာအယာလေး ခေါင်းယမ်းလိုက်ပြီး “အဲ့လိုသာ ဆိုရင် မင်းသိမ်းငှက်ကို ပြန်ခေါ်သွားလိုက်တော့၊ သေသေချာချာလည်း ဂရုစိုက်လိုက်ဦး”
“ဟုတ်ကဲ့ပါ” ဒူချန်းဘိုင်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ပြီး “လေးယောက်မြောက် သခင်ကြီးရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်”
တောင်းပန်ပြီးတာနဲ့ ဒူချန်းဘိုင်က ရွှေရောင်ငှက်မွှေး သိမ်းငှက်ကို ကိုးယိုးကိုးယား ပြုံးပြလိုက်ပြီး သူ့လက်နှစ်ချောင်းကို ပါးစပ်နားတေ့ကာ ဝီစီမှုတ်လိုက်တယ်။
သိမ်းငှက်က တစ်ခုခုကို ခံစားမိသွားလိုက်ကာ ဒူချန်းဘိုင်ဆီ လှည့်ကြည့်လိုက်တယ်။ ဒါပေမယ့် သူ့အကြည့်ထဲ လှောင်ပြောင်သည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့တယ်။
ရွှေရောင်ငှက်မွှေး သိမ်းငှက်ကို ဘယ်လို ဆန်းကြယ်တဲ့ နည်းလမ်းတွေ သုံးပြီး ထိန်းချုပ်လဲ ဆိုတာကို အားလုံးက သိချင်စိတ် ပြင်းပြစွာနဲ့ စူးစိုက်ကြည့်နေခဲ့ကြတယ်။ ရန်ရင်ဖုန်းတောင် စိတ်ဝင်အစားနဲ့ ကြည့်နေခဲ့တဲ့ အတွက် အချိန်တွေ ကြာလာတာနဲ့ ဒူချန်းဘိုင်ရဲ့ အမူအရာက ပိုပိုပျာယာခတ်လာခဲ့တယ်။
အချိန်အတော်ကြာတဲ့အထိ လေချွန်နေတာတောင် ရွှေရောင်ငှက်မွှေး သိမ်းငှက်က တုတ်တုတ်တောင် မလှုပ်ပါဘူး။ ဒူချန်းဘိုင် ဆေးခါးကြီး စားလိုက်ရသလို ခံစားလိုက်ရတယ်။
ဒူချန်းဘိုင်က လေချွန်နေတာကို ရပ်တန့်လိုက်ပြီး ကိုးယိုးကားယား အမူအရာနဲ့ ချောင်းဟန့်လိုက်ပြီး ရန်ကိုင်ကို ပြောလိုက်တယ် “သခင်ငယ်လေး၊ ကျုပ်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ”
ပြောပြီးတာနဲ့ အရှေ့ကို တိုးလိုက်ပြီး ရန်ကိုင် ပုခုံးထက်က ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို လှမ်းဖမ်းဖို့ လုပ်လိုက်တယ်။
“အန္တရာယ်ရှိတယ်နော်၊ သတိထားဦး” ရန်ကိုင်က ပြုံးကာ ပြောလိုက်တယ်။
ရန်ကိုင်ရဲ့ သတိပေးချက်ကြောင့် ဒူချန်းဘိုင်လည်း စိတ်ရှုပ်သွားခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်စကားကြောင့် ခေါင်းရှုပ်နေစဉ်မှာပဲ ရွှေရောင်ငှက်မွှေးသိမ်းငှက်က ရုတ်တရက်ကြီး စူးစူးရှရှ အော်မြည်လိုက်ပြီး ဒူချန်းဘိုင်ဆီ ရွှေရောင်အလင်းတန်းတွေ ပစ်လွှတ်လိုက်တယ်။
ဒူချန်းဘိုင်ရဲ့ ခွန်အားက အရမ်းကြီး မမြင့်ပါဘူး။ အစစ်အမှန်ဒြပ်စင်အဆင့်၇ကိုပဲ ရောက်သေးတာပါ။ ဒါပေမယ့် ရွှေရောင်ငှက်မွှေးသိမ်းငှက်ရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့ကတော့ လုံလောက်ပါတယ်။
သူ့ရှေ့၌ အစစ်အမှန်ချီ အကာအရံတစ်ခုကို အလျင်စလို ဖန်တီးလိုက်ပြီး ရွှေရောင်ငှက်မွှေး သိမ်းငှက်ရဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်တယ်။ ထို့နောက် ခပ်မြန်မြန်ပဲ ခုန်ဆုတ်လိုက်ပြီး ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို ငေးကြောင် ကြည့်နေလိုက်တယ်။
ထိုသိမ်းငှက်တွေကို ဒူချန်းဘိုင် ပြုစုပျိုးထောင် လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါပေမယ့် အခုလိုမျိုးတော့ တစ်ခါမှ အတိုက်ခိုက် မခံရဖူးခဲ့ပါဘူး။ ကောင်ကင်ကြီးက ဒီနေ့မှာမှ သူ့ကို ဘာလို့ အပြစ်ပေးချင်နေမှန်း ဒူချန်းဘိုင် နားမလည်နိုင် ဖြစ်နေခဲ့တယ်။
Martial Peak
အပိုင်း (၃၉၇) လှည့်ကွက်လေး
ရွှေရောင်ငှက်မွှေးသိမ်းငှက်ထဲက ရန်လိုစိတ်ကို ဒူချန်းဘိုင် ခံစားမိနေခဲ့တယ်။
ရန်မိသားစုကို အလုပ်အကျွေး ပြုလာတဲ့ သိမ်းငှက်ထိန်းကျောင်းသူ တစ်ယောက်က သူ့ထိန်းကျောင်းနေတဲ သိမ်းငှက်ပြန်တိုက်တာကို ခံရတယ်ဆိုတဲ့ သတင်းသာ ပေါက်ကြားသွားရင် သူ့အနေနဲ့ လူအားလုံးရဲ့ လှောင်ပြောင်ဟားတိုက်စရာ တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒူချန်းဘိုင် အလွန်အမင်း ရှက်ရွံ့နေခဲ့ပြီး ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေခဲ့တယ်။
ဒူချန်းဘိုင် ရှက်နေတာကို မြင်တော့ ရန်ကိုင်က ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်ပြီး အနက်ရောင် စာအုပ်ထဲကနေ ဆေးပေါင်းရည် တစ်စက် ထုတ်ယူလိုက်ပြီး ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို တိုက်ကျွေးလိုက်တယ်။ ထို့နောက် သိမ်းငှက်ရဲ့ ခေါင်းကို အသာအယာလေး ပုတ်လိုက်ပြီး ပြောလိုက်တယ် “အခုလို ပြဿနာ ဖြစ်အောင် မလုပ်သင့်ဘူးကွ”
သိမ်းငှက်က အော်ဟစ်လိုက်ပြီး တောင်ပံတွေကို တဖျတ်ဖျတ်နဲ့ ခတ်လိုက်တယ်။
“ကောင်းကောင်းနေစမ်း” ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး ဆူပူကျိန်းမောင်းတဲ့ လေသံနဲ့ ပြောလိုက်တယ်။
ရန်ကိုင်ရဲ့ အားမန်ပါတဲ့ လေသံကို ကြားလိုက်တာနဲ့ သိမ်းငှက်က တောင်ပန်ခတ်နေတာကို ချက်ချင်း ရပ်တန့်လိုက်တယ်။
ဒူချန်ဘိုင်လည်း ရန်ကိုင်ကို ထိတ်လန့်အံ့အားသင့်မှုတို့ဖြင့် ပြည့်လျမ်းနေတဲ့ မျက်ဝန်းအစုံ ကြည့်လိုက်တယ်။ ထို့နောက် အထစ်ထစ်အငေါ့ငေါ့နဲ့ မေးလိုက်တယ် “သခင်ငယ်လေးက ဒီသိမ်းငှက်နဲ့ ဆက်သွယ်ပြောဆို နိုင်တာလား”
“နည်းနည်းပါးပါးပေါ့” ရန်ကိုင်က မယုတ်မလွန် ပြန်ဖြေလိုက်တယ်။
ဒူချန်းဘိုင်၏ မျက်နှာက အံ့အားသင့်နေရာမှ လေးစားကြည်ညိုသည့် အမူအရာသို့ ပြောင်းလဲသွားခဲ့တယ်။ ရန်မိသားရဲ့ လက်အောက်ထဲ ခိုဝင်ပြီး အလုပ်အကျွေး ပြုနိုင်ဖို့အတွက် သူတို့ ဒူမိသားစုက ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်း ရယူခဲ့တဲ့ သားရဲထိန်းကျောင်းခြင်း ပညာရပ်နဲ့ နည်းစနစ်များ အပေါ်မှာ အားကိုးအားထား ပ ြုခဲ့ရပါတယ်။ ရွှေရောင်ငှက်မွှေး သိမ်းငှက်ကို ထိန်းကျောင်ရာမှာ အထူးပြုတဲ့ လူတစ်ယောက် အနေနဲ့ သူတို့ မိသားစုရဲ့ နည်းလမ်းတွေက ဒီလောကကြီးမှား ပြိုင်ကင်းတယ်လို့ သူထင်ခဲ့ဖူးပါတဘ်။
ဒါပေမယ့် အခု သူအရမ်းဂုဏ်ယူရတဲ့ နည်းလမ်းတွေက ရန်ကိုင်ရှေ့မှာတော့ ကလေးသာသာ၊ ခွေးသားသာ အဆင့်ပဲ ရှိပါတယ်။
သူရဲ့ သားရဲထိန်းကျောင်းခြင်း နည်းစနစ်တွေကို အမြင့်ဆုံး အဆင့်ထိ လေ့ကျင့်ပြီးရင်တောင် ရန်ကိုင်လိုမျိုး လိုက်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဒူချန်းဘိုင် တွေးလိုက်တယ်။
ဒူချန်းဘိုင်က နေရာမှာပဲ အချိန်အတော်ကြာအောင် ငေးငိုင်နေခဲ့တယ်။
(မိစ္ဆာသားရဲတွေနဲ့ ဒီအတိုင်းအတာအထိ ပြောဆိုဆက်သွယ်နိုင်တဲ့ လူတစ်ယောက် ဒီကမ္ဘာပေါ်မှာ ရှိနေသေးတာပါလား)
ရန်ရင်ဖုန်းရဲ့ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး သူ့ နှလုံးသား တစ်ခုလုံး ဂုဏ်ယူလိုစိတ်တို့နဲ့ ပြည့်လာခဲ့တယ်။ ရန်ကိုင် ပိုပြီး ထူးချွန်လေ သူပိုပျော်လေပါပဲ။ မိစ္ဆာသားရဲတွေနဲ့ ဆက်သွယ်ပြောဆို နိုင်တာက ဩချလောက်တဲ့ စွမ်းရည်တစ်ခု မဟုတ်ပေမယ့် အဖိုးတန်တဲ့ စွမ်းရည် ဖြစ်နေတာတော့ အမှန်ပါပဲ။
“သားရဲထိန်းကျောင်းသူဒူ” ရန်ကိုင်က ဒူချန်းဘိုင်ကို စိုက်ကြည့်လိုက်ပြီး အော်ခေါ်လိုက်တယ်။
ရန်ကိုင် အော်ခေါ်သံ ကြားတော့မှပဲ ဒူချန်းဘိုင် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူ့လက်ကို အလျင်အမြန် ဝှေ့ရမ်းလိုက်ကာ “ဒီလူအိုးကို နာမည်အတိုင်းပဲ ခေါ်ပါ သခင်ငယ်လေး၊ ဒီလူအိုကြီးရဲ့ ကိုယ့်ကိုယ်ကို သားရဲထိန်းကျောင်းသူလို့ ပြောရမှာတောင် ရှက်လာပြီ”
လေးစားသင့်လို့ လေးစားတာ၊ ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို ထိန်းကျောင်းရတာ ဘယ်လောက်တောင် ခက်ခဲတယ် ဆိုတာကို ဒူချန်းဘိုင်ထက် ဘယ်သူမှ ပိုမသိကြပါဘူး။ ရန်ကိုင် အနေနဲ့ ထိုရွှေရောင်ငှက်မွှေးသိမ်းငှက်ကို ဒီလောက်အထိ နာခံအောင် လုပ်နိုင်တယ် ဆိုမှတော့ သူ့ရဲ့ လေးစားမှုနဲ့ လုံးဝကို ထိုက်တန်နေပါပြီ။
“ဒီသိမ်းငှက်ကို ကျုပ်လိုချင်ရင် ဘာလုပ်သင့်လဲ၊ ဒီသိမ်းငှက်ကို ကျုပ်အပိုင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ခင်ဗျားသိလား” ရန်ကိုင်က ဒူချန်းဘိုင်ကို မေးလိုက်တယ်။
“သခင်ငယ်လေးက ဒီသိမ်းငှက်ကို လိုချင်နေတာလား” ဒူချန်းဘိုင်က ရန်ကိုင်ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်တယ်။
“ဟုတ်တယ်၊ ကျုပ်က ဒီသိမ်းငှက်ကို ကျုပ်အပိုင်အဖြစ် လိုချင်နေတာ။ မိသားစုအပိုင်အဖြစ် လိုချင်တာ မဟုတ်ဘူး” ရန်ကိုင်က အလျင်အမြန်ပဲ ပြောလိုက်တယ်။
ရန်ကိုင် ဘာပြောချင်တာလဲ ဆိုတာကို ဒူချန်းဘိုင် ချက်ချင်းပဲ နားလည်သွားလိုက်တယ်။
ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို ကိုယ့်ပိုင်သားရဲ အဖြစ် ထိန်းကျောင်းခွင့် မရဘူးလို့ ရန်မိသားစုက စည်းမျဉ်း မထုတ်ထားပါဘူး။ ရွှေရောင်ငှက်မွှေးသိမ်းငှက် ထိန်းကျောင်းဖို့ အရမ်းခက်ခဲတဲ့ အတွက်ကြောင့်သာ ထိုသိမ်းငှက်ကို ဘယ်သူကမှ မိမိကိုယ်ပိုင်သားရဲ အဖြစ် မပျိုးထောင်ကြတာပါ။ ပြီးတော့ ရွှေရောင်ငှက်မွှေးသိမ်းငှက်က အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ တူညီတဲ့ အဆင့်ငါးသားရဲ တစ်ကောင်သာသာပါပဲ။ နေရာတော်တော် များများမှာ အသုံးဝင်တယ် ဆိုရင်တောင် ထိုသိမ်းငှက်ကို ပြုစုဖို့ လိုအပ်တဲ့ အချိန်ရဲ့ စိုက်ထုတ်ရတဲ့ ခွန်အားက အရမ်းကို များပြားပါတယ်။ ထို့ကြောင့် ဘယ်သူကမှ ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို ကိုယ်ပိုင်သားရဲ အဖြစ် မပျိုးထောင်ကြတာပါ။
ဒါပေမယ့် လေးယောက်မြောက် သခင်ကြီးနဲ့ မတူတာက သခင်ငယ်လေးက ရွှေရောင်ငှက်မွှေးသိမ်းငှက်နဲ့ ဆက်သွယ်ပြောဆို နေနိုင်ပါတယ်။ သူသာ ထိုသိမ်းငှက်ကို သူ့ကိုယ်ပိုင် သားရဲ အဖြစ် ပြုစု ပျိုးထောင်နိုင်မယ် ဆိုရင် သူ့ကို တော်တော်လေး အကူအညီ ပေးနိုင်မှာပါ။
အနည်းဆုံးတော့ သတင်းပေးပို့အတွက် အကောင်းဆုံး စာပို့သမား တစ်ယောက်ကို ရထားလိုက်တာနဲ့ အတူတူပါပဲ။
အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဒူချန်းဘိုင်က ပြန်ပြောလိုက်တယ် “ဒီလူအိုကြီးကို ခွင့်လွှတ်ပေးပါ ၊ သခင်လေး။ တကယ်တော့ ဒီရွှေရောင်ငှက်မွှေးသိမ်းငှက်ကို မိသားစုက ပိုင်တာဆိုတော့ ဒီလူအိုကြီးအနေနဲ့ ကိုယ့်စိတ်ကြိုက် ဆုံးဖြတ်လို့ မရပါဘူး”
“ကျုပ်နားလည်ပါတယ်၊ အခု ကျုပ်သိချင်တာက ဒီသိမ်းငှက်ကို ကျုပ်အပိုင်ဖြစ်အောင် လုပ်ဖို့ ကျုပ်ဘာလုပ်ရမလဲ ဆိုတာပါပဲ။ ခင်ဗျားက ဒီသိမ်းငှက်တွေကို ပြုစုပျိုးထောင်လာတာ နှစ်ပေါင်းများစွာ ကြာတာတောင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ ခင်ဗျားဆီကနေ သိမ်းငှက်တစ်ကောင်လောက် လာမတောင်းဖူးဘူးလား”
ဒူချန်းဘိုင်က ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး “ဒီသိမ်းငှက်တွေထဲက တစ်ကောင်ကိုတောင် အောင်အောင်မြင်မြင်နဲ့ ခေါ်သွားနိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး။ မိသားစုက ခွင့်ပြုပေးရင်တောင် သိမ်းငှက်က သူတို့နောက် မလိုက်ချင်ကြဘူး”
ရန်ရင်ဖုန်းက မျက်မှောင်ကြုံ့လိုက်ပြီး ထပ်ပေါင်းပြောလိုက်တယ် “အခြားအချိန်တွေမှာသာ ဆိုရင် ငါ့ရဲ့ အကျိုးဆောင်အမှတ်တွေကို သုံးပြီး ဒီသိမ်းငှက်ကို ရအောင် ယူပေးလို့ရတယ်။ ဒါပေမယ့် အခုအချိန်က အမွေခံတိုက်ပွဲ စတော့မယ့် အချိန်ဖြစ်နေတာ့ ဒီသိမ်းငှက်ကို ကိုယ့်အားကိုယ်ကိုးပြီး ယူမှပဲ ရလိမ့်မယ်”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။ အမွေခံတိုက်ပွဲက စတော့မှာ ဆိုတော့ ဘယ်ရန်မိသားစုဝင်ကမှ သူတို့ သခင်လေးတွေကို ကူညီပေးခွင့် မရှိတော့ပါဘူး။
ဒူချန်းဘိုင်က ခေါင်းညိတ်လိုက်ပြီး “လေးယောက်မြောက် သခင်ကြီး ပြောသလိုပဲ သခင်ငယ်လေးရဲ့ အကျိုးဆောင် အမှတ်ကို သုံးပြီး ဒီသိမ်းငှက်နဲ့ လဲလှယ်လို့ ရပါတယ်…” ထို့နောက် တစ်ချက်ရပ်လိုက်ပြီး ပြုံးဖြဲဖြဲလုပ်လိုက်ရင်း ခေါင်းခါယမ်းလိုက်ကာ “ဒါပေမယ့် သခင်ငယ်လေးက မိသားစုဆီ ပြန်ရောက်ရုံပဲ ရှိသေးတော့ သခင်ငယ်လေးမှာ ဘာအကျိုးဆောင် အမှတ်မှ ရှိနေဦးမှာ မဟုတ်သေးဘူး”
“အကျိုးဆောင် အမှတ်တွေလား” ရန်ကိုင် အသာအယာလေး မျက်ခုံးပင့်လိုက်ပြီး “ဒီသိမ်းငှက်နဲ့ လဲလှယ်ဖို့အတွက် အကျိုးဆောင် အမှတ် ဘယ်လောက်လောက် ကျုပ်လိုအပ်လဲ”
ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးက ထိုကိစ္စနဲ့ ပက်သက်ပြီး ကောင်းကောင်း ခန့်မှန်းနိုင်မှာ မဟုတ်တဲ့အတွက် ဒူချန်းဘိုင်ကိုသာ တိုက်ရိုက်မေးလိုက်တယ်။
ဒူချန်းဘိုင်က တစ်ခဏလောက် တွေးတောလိုက်ပြီးနောက် ပြန်ပြောလိုက်တယ် “အကျိုးဆောင် အမှတ်တွေက မိသားစုကို အကျိုးဆောင်ပေးမှ ရတာ၊ ဥပမာပြောရမယ် ဆိုရင်တော့ အင်အားစု တစ်ခုကို ရန်မိသားစု လက်အောက်ခံဖြစ်အောင် သိမ်းသွင်းလိုက်တာမျိုး ဒါမှမဟုတ် မိသားစုဆီ အဆင့်မြင့်တဲ့ လက်နက်တွေ၊ သိုင်းပညာရပ်တွေ၊ ရှားပါးတဲ့ ဆေးလုံတွေနဲ့ အဖိုးတန် ရတနာတွေ ပေးတာမျိုးပေါ့”
ရန်ကိုင် မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး “ဆန်းကြယ်အဆင့် သိုင်းပညာရပ် တစ်ခုဆိုရင်ရော လုံလောက်မလား”
ထိုစကားက ဒူချန်းဘိုင်ကိုသာမက ဘေးနားမှာ ရှိနေတဲ့ ရန်ရင်ဖုန်းကို ထိတ်လန့်အံ့အားသင့်သွား စေခဲ့တယ်။
ဒီနှစ်အတောအတွင်း သူ့သားက ဆန်းကြယ်အဆင့် သိုင်းပညာရပ် တစ်ခုကို လေ့ကျင့်ထားလိမ့်မယ်လို့ ရန်ရင်ဖုန်း မထင်မှတ် ထားခဲ့ပါဘူး။ ထိုနောက် သူ့အတိတ်မှတ်ဥာဏ်တွေကို ပြန်လည်လှန်လှော မွှေနှောက် ရှာကြည့်လိုက်တယ်။ ကောင်းကင်စံအိမ်မှာ ဆန်းကြယ်အဆင့်နိမ့် သိုင်းပညာရပ် နည်းနည်းပဲ ရှိပါတယ်။ ထိုဆန်းကြယ်အဆင့်နိမ့် သိုင်းပညာရပ်တွေ အားလုံးက လင်းတိုင်ရှုနဲ့ အကြီးအကဲတွေ လက်ထဲမှာပါ။ သာမန် တပည့်တစ်ယောက် အနေနဲ့ ထိုသိုင်းပညာရပ်တွေကို တွေ့မြင်ခွင့်တောင် ရတာ မဟုတ်ပါဘူး။
“ကိုင်အာ၊ မင်းမလုပ်..” ရန်ရင်ဖုန်း မျက်မှောင်ကြုံ့လိုက်တယ်။
“အဖေထင်သလို မဟုတ်ဘူး။ ကျွန်တော်က ဂိုဏ်းက သိုင်းပညာရပ်တစ်ခု လေ့ကျင့်ထားတာ မဟုတ်ဘူး” ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းခါလိုက်တယ်။ သူ့အဖေ ဘာတွေးနေလဲ ဆိုတာ သူသိတာပေါ့။ သူ့အဖေက သူကောင်းကင်စံအိမ်ဂိုဏ်းရဲ့ အမွေအနှစ်တွေကို ရောင်းစားမှာကို စိုးရိမ်နေတာပါ။
ဒီတစ်ကြိမ်မှာတော့ ရန်ရင်ဖုန်း ပိုပြီးတော့တောင် အံ့အားသင့်သွား ခဲ့ရပါတယ်။ ဂိုဏ်းက သင်ခဲ့တဲ့ သိုင်းပညာရပ် မဟုတ်ရင် သူဘယ်က ရလာခဲ့တာလဲ။ ဒီနှစ်အတောအတွင်း သူ့သာ ဘာတွေကိုများ ကြုံတွေ့ခဲ့ရတာလဲ။
ဒူချန်းဘိုင်းကတော့ အားတက်သရောနဲ့ ခေါင်းညိတ်လိုက်ပြီး “ဆန်းကြယ်အဆင့် သိုင်းပညာရပ်ဆို လုံလောက်ပါပြီ”
ဆန်းကြယ်အဆင့် သိုင်းပညာရပ်တွေဆိုတာ ဘယ်အင်အားစုကြီး မဆိုရဲ့ အဓိက အမွေအနှစ်တွေပဲ ဖြစ်ကြပါတယ်။ ပြီးတော့ ထိုဆန်းကြယ်အဆင့် သိုင်းပညာရပ်တွေကို လက်ရွေးစင် အကျဆုံး တပည့်တွေပဲ လေ့ကျင့်ခွင့် ရတာပါ။ အဆင့်ငါး သိမ်းငှက်တစ်ကောင်ကို ဆန်းကြယ်အဆင့် သိုင်းပညာရပ် တစ်ခုနဲ့ လာလဲလှယ်တာကို မိသားစုက လက်မခံပဲ ဘယ်နေပါ့မလဲ။
“သခင်ငယ်လေး၊ ဒီကိစ္စနဲ့ ပက်သက်ပြီး ဒီလူအိုကြီးဒူ ကူညီပေးရမလား။ ရွှေရောင်ငှက်မွှေးသိမ်းငှက်နဲ့ ပက်သက်တဲ့ ကိစ္စအများစုကို ဒီလူအိုကြီးပဲ ကိုင်တွယ်ခဲ့တာ” ဒူချန်းဘိုင်က အားတက်သရောနဲ့ မေးလိုက်တယ်။
“ကောင်းပြီလေ၊ လူအိုကြီးဒူရဲ့ ကူညီပေးမှုအတွက် ကြိုပြီး ကျေးဇူးတင်ထားရတာပေါ့”
“သခင်ငယ်လေးက အရမ်းယဉ်ကျေး လွန်းနေတာပဲ” ဒူချန်းဘိုင်က အလျင်စလို ပြန်ပြောလိုက်ပြီး လက်သီးဆုပ်လိုက်ကာ “သခင်ငယ်လေး အချိန်ပိုရရင် ဒီလူအိုကြီးကို သားရဲ ထိန်းကျောင်းတဲ့ နည်းလမ်းတွေနဲ့ ပက်သက်ပြီး နည်းနည်းပါးပါး ညွှန်ကြားပြသပေးဖို့ပဲ မျှော်လင့်ပါတယ်။ အဲ့လိုဆိုရင် ဒီလူအိုကြီး သခင်လေးကို အရမ်း ကျေးဇူးတင်မိမှာ”
“လုပ်ပေးရမှာပေါ့” ရန်ကိုင်က အလွယ်တကူပဲ သဘောတူလိုက်တယ်။ တကယ်တော့ သူကိုယ်တိုင်ကလည်း ဒူမိသားစုရဲ့ သားရဲထိန်းကျောင်းတဲ့ နည်းစနစ်တွေကို လေ့လာချင်နေတာပါ။ သူတို့ရဲ့ နည်းစနစ်တွေကများ သူ့သားရဲ တံဆိပ်တော်ရဲ့ ခွန်အားကို တိုးမြှင့်ပေးနိုင်တဲ့ တစ်ခုခုကိုများ သင်ယူနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပါ။
ဒူမိသားစုရဲ့ မိသားစုရဲ့ အထူး သိမ်းငှက် ထိန်းကျောင်းသူတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ သားရဲထိန်းကျောင်းတဲ့ နည်းလမ်းတွေက တစ်ခုခုတော့ ကျိန်းသေ ထူးခြားနေရမှာပေါ့။ မဟုတ်ရင် ရန်မိသားစုက သူတို့ဆီကနေ အလွယ်တကူ ခိုးယူသွားလောက်ပါပြီ။
“ဒါဆိုရင် လူအိုကြီးဒူက ဒီကိစ္စကို ချက်ချင်းပဲ ပြန်ပြီး ကိုင်တွယ်လိုက်ပါ့မယ်။ အနည်းဆုံးတစ်ရက်၊နှစ်ရက်၊ အများဆုံး ငါးရက်၊ ခြောက်ရက်အတွင်း သခင်ငယ်လေး သတင်းကြားရမှာပါ” ရန်ကိုင်ရဲ့ ကတိစကားကို ကြားလိုက်ရပြီးနောက် ဒူချန်းဘိုင် အရမ်းကို ပျော်သွားခဲ့တယ်။ ဒါပေမယ့် သူ့ကို ရန်လိုစိတ် အပြည့်နဲ့ ကြည့်နေတဲ့ ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ကာ “သခင်ငယ်လေး၊ အခုတော့ ဒီသိမ်းငှက်ကို ကျုပ်နဲ့အတူ ပြန်ခေါ်သွားရပါဦးမယ်။ မဟုတ်ရင် မိသားစု စစ်ဆေးတဲ့အခါကျ ဒီလူအိုကြီး အပြစ်ပေးခံ ထိနိုင်ပါတယ်”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို လူအိုကြီးနောက် ပြန်လိုက်သွားဖို့ အမိန့်ပေးလိုက်တယ်။ ရွှေရောင်ငှက်မွှေး သိမ်းငှက်လည်း တောင်ပံတွေကို ဖြန့်ကျက်လိုက်ပြီး ရန်ကိုင် ပုခုံးထက်ကနေ ချက်ချင်း ပျံသန်းသွားလိုက်တယ်။
“အဲ့ကောင်ကို ပိတ်လှောင်မထားနဲ့ဦး။ ဒီကောင်က တစ်ရက်တစ်ခေါက်လောက် ကျုပ်ဆီ လာလည်ရမှ ကျေနပ်လိမ့်မယ်” ရန်ကိုင်က ပြောလိုက်တယ်။
“သခင်လေးပြောတဲ့အတိုင်း ဒီလူအိုကြီး လုပ်လိုက်ပါ့မယ်” ဒူချန်းဘိုင်က ခေါင်းညိတ်လိုက်ပြီး ရန်ရင်ဖုန်းနဲ့ ရန်ကိုင်ကို နှုတ်ဆက်စကား ပြောပြီးနောက် ခြံဝန်းထဲကနေ ထွက်သွားလိုက်တယ်။
“ငါ့သားက ဟုတ်လှချည်လား” ရန်ရင်ဖုန်းက ပြုံးလိုက်ပြီး သူ့သားကို ချီးကျူးအမွမ်းတင်လိုက်တယ်။
ရန်ကိုင်က မဲ့ပြုံးပြုံးလိုက်ပြီး ခေါင်းခါလိုက်ကာ “လှည့်ကွက်သေးသေးလေးပါပဲ အဖေရာ၊ ဘာမှလည်း အဲ့လောက်ကြီး ထူးခြားတာ မဟုတ်ပါဘူး။ ဒီနေ့ တောင်ပိုင်းမြို့တော်ခရိုင်ဆီ ကျုပ်သွားလိုက်ဦးမယ်။ ရက်နည်းနည်းလောက်တော့ အိမ်ပြန်လာဖြစ်မှာ မဟုတ်ဘူး။ အိမ်ပြန်လာတဲ့ အခါမှပဲ အဖေ့ကို အဲ့အကြောင်း ပြန်ပြောပြမယ်”
“ကောင်းပြီ၊ မင်းသွားလို့ ရတယ်” ရန်ရင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ကို မတားခဲ့ပါဘူး။
ဗဟိုမြို့တော်က အရမ်းကို ကြီးမားကျယ်ပြန့်ပါတယ်။ ရန်မိသားစုကနေ တောင်ပိုင်းမြို့တော်ခရိုင်ဆီ လမ်းလျှောက်သွားမယ် ဆိုရင် ရက်ပေါင်းများစွာ အချိန်ယူရပါတယ်။ မြို့ထဲမှာ ပျံသန်းသွားလာဖို့ကလည်း အဆင်မပြေတော့ ရန်ကိုင်အနေနဲ့ တိမ်သွားမြင်းကို အသုံးပြုဖို့ပဲ ရှိပါတော့တယ်။
ညရောက်တဲ့အခါကျ ဒေါင်စုကျု ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ရန်ကိုင်ကို မတွေ့လည်း မတွေ့ရော ရန်ရင်ဖုန်းကိုသာ ကြိတ်ပြီးတော့ ဆူပါတော့တယ်။
သူမသား ပြန်လာတာ နှစ်ရက် မပြည့်သေးခင်မှာပဲ ဆေးရည်ဖော်စပ်ဖို့ အတွက်ဆိုပြီး ဆယ်ရက်ကြာအောင် တစ်ယောက်ထဲ အခန်းအောင်းသွားခဲ့တယ်။ ဒါပေမယ့် အခန်းအောင်းရာကနေ ထွက်လာလာချင်းမှာပဲ တောင်းပိုင်းမြို့တော်ဆီ ခရိုင်ဆီ ချက်ချင်း ထွက်သွားခဲ့ပြန်ပါတယ်။
ဒေါင်စုကျု စိတ်မညစ်ပဲ နေပါ့မလား။
ရန်မိသားစု လေးယောက်မြောက် သခင်ကြီးက သူ့မိန်းမ ဒေါသပြေတဲ့အထိ အဆူပူခံခဲ့တယ်။ နောက်ဆုံး ဒေါသပြေသွားတော့မှပဲ ချက်ချင်း ခေါင်းစဉ် ပြောင်းပစ်လိုက်ပါတယ် “ကိုင်အာက ငါတို့အတွက် ဆေးရည် ဖော်စပ်ပြီးသွားခဲ့ပြီ။ အဲ့ဆေးရည်ကို ငါတို့ နှစ်ယောက်စလုံး တစ်နေ့တစ်စက် သောက်သင့်တယ်တဲ့”
ပြောပြီးတာနဲ့ ရန်ရင်ဖုန်းက ရန်ကိုင် သူ့ကို ပေးခဲ့တဲ့ ဆေးပေါင်းရည် ပုလင်းနှစ်ပုလင်းကို ထုတ်ယူလိုက်ပြီး စားပွဲခုံပေါ် တင်လိုက်တယ်။
“တစ်စက်စီလား” ဒေါင်စုကျ ဇဝေဇဝါ ဖြစ်သွားခဲ့ပြီး “ဒါက ရှင့်သွေးကြောတွေကို သန့်စင်ဖို့ ဖော်စပ်ပေးထားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ကျွန်မကိုပါ လာသောက်ခိုင်း နေရတာလဲ”
“ငါတို့သာ တစ်နေ့တစ်စက် မှန်မှန်သောက်သုံးမယ် ဆိုရင် ငါတို့ရဲ့ ပျိုရွယ်မှုကို ထိန်းသိမ်းထားနိုင် လိမ့်မယ်လို့ ကိုင်အာက ပြောတယ်”
“ငါသောက်မယ်” ဒေါင်စုကျုမှာ စိတ်လှုပ်ရှားလွန်းလို့ ထခုန်ချင်စိတ်တွေတောင် ပေါက်လာခဲ့တယ်။ သူမယောကျာ်း ပြောတာကို ပြီးအောင်တောင် စောင့်မနေတော့ပဲ ချက်ချင်းပဲ ကြားဖြတ်ပြောလိုက်တယ်။ သူ့သားပျောက်သွားလို့ ထွက်လာတဲ့ ဒေါသတွေလည်း ဘယ်ဆီဘယ်ရောက်လို့ ဘယ်ပျောက်သွားပြီမှန်း မသိရတော့ပါဘူး။
ရန်ကိုင်ဆေးရည်က သူတို့ရဲ့ ပျိုရွယ်မှုကို ထိန်းသိမ်းထားနိုင်တယ် ဆိုတာကို လင်မယားစုံတွဲ နှစ်ယောက်စလုံး မယုံကြည်ပါဘူး။ ဒါပေမယ့် ဒီဆေးရည်က သူတို့သာ ကိုယ်တိုင် ဖော်စပ်ပေးခဲ့တာပါ။ ဆေးရည်မဟုတ်ပဲ ရေတစ်ခွက်ဆိုရင်တောင် သူတို့ နှစ်ယောက်စလုံး ပျော်ပျော်ကြီး သောက်လိုက်မှာပါ။ သူတို့သား ဖော်စပ်လိုက်တဲ့ အရည်က သူတို့အတွက်တော့ ကမ္ဘာပေါ်မှာ ရှိတဲ့ အချိုဆုံး အရာထက်တောင် ပိုပြီး ချိုမြနေမှာပါ။
ခွက်တစ်စုံကို ထုတ်လိုက်ပြီး ရန်ရင်ဖုန်းက ပုလင်းထဲက အရည်တစ်စက်စီကို ခွက်တစ်လုံးထဲစီ သွန်ထည့်လိုက်တယ်။ ထို့နောက် လင်မယားနှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ပြီး မျက်မှောင် ကြုံ့လိုက်ကြတယ်။
တစ်ကြိမ်မှာတစ်စက်…. ဒါက သောက်တာတောင် မဟုတ်တော့ပါဘူး။ တစ်စက်ဆိုတာ လျှာပေါ်ရောက်တာနဲ့ ဘယ်ရောက်လို့ ဘယ်ပျောက်မှန်းမသိ ဖြစ်သွားမှာပါ။
“ဘာလို့ နည်းနည်းလောက် ထပ်မထည့်ရမှာလဲ။ ဘာပဲဖြစ်ဖြစ် ဒါက အဆိပ်မှ မဟုတ်တာ။ ပြီးတော့ အနံ့လေးကလည်း မွှေးတောင် နေသေးတယ်” ဒေါင်စုကျုက အကြံပေးလိုက်တယ်။ သူမ မျက်နှာကတော့ စိတ်အား ထက်သန်မှုတို့နဲ့ ပြည့်နေခဲ့တယ်။
“ဟုတ်တယ်နော်” ရန်ရင်ဖုန်းကလည်း ခေါင်းညိတ်လိုက်ပြီး သူ့မိန်းမနဲ့ သူ့ခွက်ထဲ ဆေပေါင်းရည် နည်းနည်း ထပ်ထည့်လိုက်တယ်။
“ရှင့်ခွက်တစ်ခုလုံးကို အပြည့်ဖြည့်လိုက်။ ဒါက ရှင့်ကိုယ်ထဲမှာ ရှိတဲ့ နတ်ဆိုးချီကို သန့်စင်ပေးနိုင်တယ် ဆိုတော့ နည်းနည်းလေး ပိုသောက်လိုက်လို့လည်း ဘာမှ ဖြစ်သွားမှာမှ မဟုတ်တာ”
လေးယောက်မြောက် သခင်ကြီးကလည်း သူ့မိန်းမ ပြောတဲ့အတိုင်း သူ့ခွက်တစ်ခုလုံးကို အပြည့်ဖြည့်လိုက်တယ်။
လင်မယားနှစ်ယောက်စလုံး ကိုယ့်ခွက်ကိုယ် ကောက်ယူလိုက်ကြတယ်။ ဒေါင်စုကျုက ကလေးဆိုးလေး တစ်ယောက်လို ပြုံးလိုက်ပြီး ခွက်ကိုင်ထားတဲ့ လက်နဲ့ သူမယောကျာ်းရဲ့ ခွက်ကိုင်ထားတဲ့ လက်ကို လှမ်းချိတ်လိုက်တယ်။ ထို့နောက် ခွက်ကို ပါးစပ်နားတေ့ပြီး တစ်ခါတည်း တန်းမော့ချလိုက်တယ်။
လေးယောက်မြောက် သခင်ကြီးကလည်း နွေးထွေးစွာနဲ့ ပြုံးလိုက်တယ်။ လင်မယားနှစ်ယောက်က မင်္ဂလာဦးညမှာလို လက်ချင်းချိတ်ပြီး ခွက်ကို ပါးစပ်နားတေ့ကာ တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်တယ်။
ဆေးပေါင်းရည်က သူတို့ လည်ချောင်းတစ်လျှောက် စီးဆင်းသွားတဲ့ လင်မယားနှစ်ယောက်စလုံး သူတို့ နှုတ်ခမ်းအသီးသီးကို သပ်လိုက်ကြတယ်။
ဆေးပေါင်းရည် ရနံ့က အလွန်အမင်း မွှေးသလို အရသာလည်း အရမ်းကို ထူးခြားပါတယ်။ သူတို့သားရဲ့ ဆေးရည်ဖျော်စပ်တဲ့ စွမ်းရည်ကို နှစ်ယောက်စလုံး လေးစားမိသွားခဲ့တယ်။
အရသာက အရမ်းကို တစ်မူထူးကဲ လွန်းလှပါတယ်။
နှစ်ယောက်သာ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ဆေးပေါင်းရည်ရဲ့ အရသာနဲ့ ပက်သက်ပြီး တွေးတော နေတုန်းမှာပဲ သူတို့ရဲ့ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့တယ်။ နှစ်ယောက်စလုံးရဲ့ မျက်နှာတွေက ချက်ချင်းဆိုသလို သွေးလို နီရဲလာခဲ့ပြီး သူတို့ရဲ့ အစစ်အမှန်ချီကလည်း ရူးသွပ်စွာ လှည့်ပတ်လာခဲ့တယ်။ ထိုအခိုက်အတန့်၌ သူတို့ရဲ့ ဝမ်းဗိုက်နားမှ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်အင်တို့ ပေါက်ကွဲ ထွက်လာခဲ့တယ်။
နှစ်ယောက်စလုံးရဲ့ မျက်နှာက တုန်လှုပ်ချောက်ချား မှုတို့ဖြင့် ပြည့်နေခဲ့တယ်။ သူတို့ကိုယ်ကနေ ထိုကြောက်မက်ဖွယ် ဖိအား ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ဘေးနားမှာ ရှိနေတဲ့ ပရိဘောဂ ပစ္စည်းတွေအကုန်လုံး ဖုန်းအဖြစ် ပြောင်းသွားခဲ့တယ်။ နံရံတွေထက် အပေါက်တွေ ဖြစ်လာခဲ့ပြီး အက်ကြောင်းများစွာ ထွက်ပေါ်လာခဲ့တယ်။
လင်မယား နှစ်ယောက်စလုံး တုန့်ဆိုင်းမနေပဲ ချက်ချင်း ထိုင်ချလိုက်ကာ သူတို့ရဲ့ ကျင့်စဉ်အသီးသီးကို စတင်လှည့်ပတ်ရင်း ထိုကြောက်မခန်းလိလိ များပြားလှတဲ့ စွမ်းအင်တွေကို ထိန်းချုပ်ဖို့ အသည်းအသန် ကြိုးစားပါတော့တယ်။
Martial Peak
အပိုင်း (၃၉၈)
ဗဟိုမြို့တော်၊ တောင်ပိုင်းမြို့ခရိုင်၊ မိုးသောက်ယံ တည်းခိုဆောင်။
မိုးပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ရန်ကိုင်က လက်နောက်ပစ်ရင်း တည်းခိုဆောင်ထဲကို ဝင်သွားလိုက်တယ်။
ကောင်တာနောက်မှာ ရှိနေတဲ့ ဆိုင်ပိုင်ရှင်ဝဝက အပြုံးကြီး ပြုံးလိုက်ရင်း “ဒီကသခင်လေးက စားမှလား၊ အနားယူမှားလား”
ရန်ကိုင်ရဲ့ ဝတ်စုံက သာမန် မဟုတ်တဲ့အပြင်ကိုမှ တိမ်သွားမြင်းကိုပါ စီးထားတဲ့အတွက် သူက တည်ခိုဆောင် တစ်ခုလုံးမှာ ရှိတဲ့ လူအားလုံးရဲ့ အာရုံကို သိမ်းကျုံးယူငင် သွားခဲ့တယ်။ ဆိုင်ပိုင်ရှင်ကလည်း အကင်းပါးတဲ့ လူပါ။ ရန်ကိုင် အသွင်အပြင်ကို မြင်လိုက်တာနဲ့ ထိုကောင်လေးက သာမန် မိသားစုက လာတဲ့ လူတစ်ယောက် မဟုတ်မှန်း ချက်ချင်း တန်းသိလိုက်တယ်။
“ကျုပ်က တစ်ယောက်ယောက်ကို လာရှာတာ” ရန်ကိုင် အစိမ်းရောင်ဝါးထုံးလေးကို ကောင်တာပေါ် တင်လိုက်ရင်း ပြောလိုက်တယ်။
ထိုတံဆိပ်ပြားကို မြင်လိုက်တာနဲ့ ဆိုင်ပိုင်ရှင်ရဲ့ မျက်နှာ လေးနက်တည်ကြည် သွားခဲ့ပြီး ချက်ချင်းပဲ ကောင်တာ နောက်ကနေ ပြေးထွက်လာလိုက်ကာ ရန်ကိုင် နားနားကပ်ပြောလိုက်တယ် “သခင်လေး၊ ကျေးဇူးပြုပြီး ကျုပ်နောက်ကနေ လိုက်ခဲ့ပါ”
ရန်ကိုင်က တံဆိပ်ပြားကို ပြန်သိမ်းလိုက်ပြီး အသာအယာလေး ခေါင်းညိတ်းလိုက်ကာ ဆိုင်ရှင်နောက်ကနေ တည်းခိုဆောင်ရဲ့ အနောက်ဘက်ခြမ်းဆီ လိုက်သွားလိုက်တယ်။
မိုးသောက်ယံ စားသောက်ဆိုတာ အပေါ်ယံ မျက်နှာဖုံး သက်သက်တစ်ခုပါပဲ။ တကယ့် မျက်နှာ အစစ်က ဝါးထုံးဂိုဏ်းပါ။
ဗဟိုမြို့တော်မှ မိသားစုကြီး ရှစ်ခုအပြင် အခြား အင်အားစုတွေလည်း ရှိပါသေးတယ်။
ဗဟိုမြို့တော်မှာ မရေမတွက်နိုင်တဲ့ အင်အားစုတွေ ရှိကြပြီး အချို့က လူမြင်ကွင်းမှာ ပေါ်ပေါ်ထင်ထင်နဲ့ ရပ်တည်နေကြာကာ အချို့ကတော့ မြေအောက်လောကထဲ ကူးလူး လှုပ်ရှားနေကြပါတယ်။ ဒါပေမယ့် ထိုအင်အားစုတွေ အကုန်လုံးကို မိသားစုကြီး ရှစ်ခုထဲက တစ်ခုက ထိန်းချုပ်ထားပြီး မိသားစုကြီး ရှစ်ခုကိုယ်တိုင် ဝင်ရောက်ဖြေရှင်းလို အဆင်မပြေတဲ့ ကိစ္စတွေကို သူတို့က လုပ်ဆောင်ရပါတယ်။ ဝါးထုံးဂိုဏ်းဆိုတာလည်း ထိုအင်အားစုတွေထဲက တစ်ခုပါပဲ။ ထိုဝါးထုံးဂိုဏ်းက အခြားအင်အားစုတွေထက်ကို ပိုပြီး အားနည်းနေတာလေး တစ်ချက်ပါပဲ။
တည်းခိုဆောင်ကို ဖြတ်ကျော်လာပြီးနောက် ကျင့်ကြံသူများစွာ အချင်းချင်း လက်ရည်ဖလှယ်နေကြတဲ့ ခြံဝန်းကျယ်ကြီး တစ်ခုဆီ သူရောက်လာခဲ့တယ်။
ရန်ကိုင်က ထိုလူတွေရဲ့ ခွန်အားကို တစ်ချက်လောက် စစ်ဆေး ကြည့်လိုက်တယ်။ ထိုကျင့်ကြံသူတွေရဲ့ ခွန်အားက အရမ်းကြီး မမြင့်ပါဘူး။ အသန်မာဆုံးလူက အစစ်အမှန်ဒြပ်စင် အထွတ်အထိပ် အဆင့်ကိုသာ ရောက်သေးပြီး အများစုကတော့ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေပဲ ဖြစ်ကြပါတယ်။ ချီပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူတွေတောင် ရှိနေပါသေးတယ်။
ဗဟိုမြို့တော်၌ အရည်အချင်း နည်းနည်းပါးပါး ရှိတဲ့လူအားလုံးကို မိသားစုကြီး ရှစ်ခုက စုစည်းထားကြပါတယ်။
ရန်ကိုင်လည်း သိပ်ပြီး ဂရုစိုက်မနေပါဘူး။ ဒါပေမယ့်
ဆိုင်ပိုင်ရှင်လူဝကြီးက ရန်ကိုင်ကို လေးလေးစားစား ရိုရိုကျိုးကျိုးနဲ့ ဆက်ဆံနေတာကို မြင်တော့ လက်ရည်ဖလှယ်နေတဲ့ လူတွေလည်း ရန်ကိုင်ကို မကြည့်ပဲ မနေနိုင်အောင် ဖြစ်မိသွားခဲ့တယ်။ ရန်ကိုင်ကို ကြည့်ပြီး အချင်းချင်း တီးတိုး ပြောနေတဲ့ လူတွေလည်း ရှိပါတယ်။
ထိုခြံဝန်းကျယ်ကြီးကို ဖြတ်ကျော်လာပြီးနောက် ခန်းမကြီး တစ်ခုဆီ သူတို့ ရောက်လာခဲ့တယ်။
ထိုခန်းမရှေ့ စောင့်ကြပ်နေတဲ့ ကျင့်ကြံသူအချို့ ရှိနေခဲ့ပါတယ်။ ရန်ကိုင်နဲ့ ဆိုင်ပိုင်ရှင်တို့ ခန်းမရှေ့ ထွက်ပေါ်လာတဲ့အချိန် အစောင့်တွေရဲ့ အကြည့်က သူတို့နှစ်ယောက်ဆီ ရောက်ရှိလာခဲ့တယ်။
ထိုအစောင့်တွေရှေ့ ရောက်တာနဲ့ ဆိုင်ပိုင်ရှင်က အလျင်စလို ပြုံးလိုက်ပြီး ပြောလိုက်တယ် “လေးယောက်မြောက် သခင်ကြီးက တစ်ယောက်ယောက်ကို လွှတ်လိုက်တယ်လို့ ဂိုဏ်းချုပ်ကို အသိပေးပေးပါဦး”
ကျင့်ကြံသူတွေထဲက တစ်ယောက်က မျက်မှောင်လေး အသာအယာလေး ကြုံ့လိုက်ပြီး ပြန်မေးလိုက်တယ် “ငါသူ့ကို ဘာလို့ တစ်ခါမှ မတွေ့ဖူးရတာလဲ။ သူ့ကို လေးယောက်မြောက် သခင်ကြီး ပို့လိုက်တယ် ဆိုတာ သေချာလား”
ဆိုင်ပိုင်ရှင်က ခေါင်းညိတ်ပြလိုက်ပြီး “သေချာတယ်၊ သူ့မှာ လေးယောက်မြောက် သခင်ကြီးရဲ့ တံဆိပ်ပြား ရှိနေတယ်”
ထိုလူကြီးက ခေါင်းညိတ်လိုက်ပြီး ဆက်ပြီး မေးခွန်းမမေးတော့ပဲ ပြန်မေးလိုက်တယ် “ခဏစောင့်ဦး”
တစ်ခွန်းမှ ထပ်မပြောတော့ပဲ အစောင့်အကြပ်က ခန်းမထဲ ဝင်သွားလိုက်တယ်။ ခဏကြာပြီးနောက် အစောင့်က ရန်ကိုင်ဘက်လှည့်ပြီး မေးလိုက်တယ် “ဂိုဏ်းချုပ်က မင်းကို ပြောလိုက်တယ်။ တည်းခိုဆောင်မှာ အရင်သွားနား နေနှင့်လိုက်တဲ့။ သူတို့ ဆေးနွေးလို့ ပြီးတာနဲ့ မင်းကို လာတွေ့မယ်တဲ့”
ရန်ကိုင် မျက်မှောင်ကြုံ့လိုက်တယ်။ အခုလို ငြင်းဆန်ခံရလိမ့်မယ်လို့ သူတကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး။
တကယ်ကို စိတ်ဝင်စားစရာပါပဲ။
ခန်းမထဲမှာရှိတဲ့ လူတွေ အချင်းချင်း စကားများနေကြတဲ့ ပုံပါပဲ။ သူတို့ရဲ့ အော်ဟစ်ပြောဆိုသံတွေကို အပြင်ကနေတောင် ကြားနေရပါတယ်။
ရန်ကိုင်က ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီး ခန်းမထဲက အခြေအနေကို စစ်ဆေးကြည့်လိုက်တယ်။
သိပ်မကြာခင်မှာပဲ ရန်ကိုင် အမူအရာ အေးစက်သွားခဲ့ပြီး နှာခေါင်းရှုံ့လိုက်တယ်။
“သခင်လေး၊ တည်းခိုဆောင်ဆီ အရင်ပြန်ကြမလား” ဆိုင်ပိုင်ရှင် ဝဝကြီးက ဂရုတစိုက်နဲ့ မေးလိုက်တယ်။
“မသွားတော့ဘူး။ ခန်းမထဲဆီပဲ တိုက်ရိုက် ဝင်သွားလိုက်တော့မယ်” ရန်ကိုင်က ခေါင်းခါလိုက်ပြီး ခန်းမထဲ တိုက်ရိုက် ဝင်သွားလိုက်တယ်။
“နေဦး” သူနဲ့ စကားပြောခဲ့တဲ့ အစောင့်က ရန်ကိုင်ကို တားဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် သူပြောလိုက်ပြီးတာနဲ့ ချက်ချင်းပဲ သူ့ကိုယ်က မြေကြီးပေါ်ကနေ ကြွတက်သွားခဲ့တယ်။ မီးတောက်တမျှ ပူပြင်းလှတဲ့ အစစ်အမှန်ယန်ယွမ်ချီတွေက သူ့သွေးကြောထဲ လှိုင်းလုံးသဖွယ် စီးဆင်းသွားခဲ့ကာ သူ့အနေနဲ့ မြေကြီးပေါ် မရောက်ခင်မှာပဲ သတိလစ်သွားခဲ့တယ်။
ဘုတ်… ဘုတ်… ဘုတ်…
ခန်းမရှေ့ ရပ်စောင့်နေတဲ့ အစောင့်အကြပ်တွေ အကုန်လုံး မြေကြီးပေါ် လဲကျသွားခဲ့တယ်။ ဆိုင်ပိုင်ရှင်လူဝကြီး အသိပြန်ဝင်လာတဲ့ အချိန်မှာတော့ ရန်ကိုင်က ခန်းမထဲ ဝင်သွားနှင့်ပြီးပါပြီ။
ဘန်း…
ပိတ်ထားတဲ့ တံခါးအစုံ ပွင့်သွားခဲ့ပြီး ရန်ကိုင်က ခန်းမထဲ လမ်းလျှောက်ဝင်သွားလိုက်တယ်။
ခန်းမထဲရှိ စားပွဲတစ်ခု ပတ်လည်၌ ကျင့်ကြံသူ ဒါဇင်ကျော်တို့ ထိုင်နေခဲ့ကြတယ်။ အားလုံးရဲ့ အမူအရာ သုန်မှုန်နေလို့ပါ။ သူတို့ကြားက အချေအတင် ဆွေးနွေးပွဲက တော်တော်လေး ပြင်းထန်တဲ့ ပုံပါပဲ။ အချို့ဆိုရင် တိုက်ခိုက်ဖို့ တကဲကဲတောင် ဖြစ်နေကြပါပြီ။
ရန်ကိုင်က စားပွဲထိပ်ဆုံးမှာ ထိုင်နေတဲ့ လူဆီ လှမ်းကြည့်လိုက်တယ်။
ထိုလူက ကျောင်းတော်သားပုံစံ ဝတ်ဆင်ထားခဲ့ပြီး သူ့ပုံစံက တည်ငြိမ်ရင့်ကျက်တဲ့ လူတစ်ယောက်ရဲ့ ပုံစံမျိုးပါ။ ဒါပေမယ့် သူ့မျက်ခုံးအစုံက ပူးကပ်နေခဲ့ပါတယ်။ သူ့မျက်ဝန်းထဲ ဝမ်းနည်းမှုနှင့် ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်နေခဲ့တယ်။
ဝါးထုံးဂိုဏ်း ခေါင်းဆောင် ပန်ချီ။
သူ့နာမည်နဲ့ ရုပ်ရည်ကို ဆက်စပ်ကြည့်ဖို့က တော်တော်လေး ခက်ခဲလှပါတယ်။
ရန်ကိုင်က ခန်းမတံခါးကို ဆောင့်ဖွင့်ပြီး ဝင်လာလိုက်တဲ့အတွက် ထိုလူတွေကြားက စကားဝိုင်းကို နှောင့်ယှတ်လိုက်သလို ဖြစ်သွားခဲ့တယ်။ ခန်းမထဲက အသံဗလံတွေ အကုန် တိတ်ဆိတ်သွားခဲ့ပြီး အားလုံးရဲ့ အကြည့်က ရန်ကိုင်ဆီ ရောက်ရှိလာခဲ့တယ်။ အချို့လူတွေရဲ့ မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ကို မြင်တွေ့နေရသလို အချို့ကတော့ မျက်မှောင်ကြုံ့ကာ ရန်ကိုင်ကို မကျေမနပ်နဲ့ စိုက်ကြည့်နေခဲ့တယ်။
ဒါပေမယ့် ကျင့်ကြံသူ အများစုရဲ့ မျက်နှာက လေးနက် တည်ကြည်နေခဲ့ပါတယ်။ ရန်ကိုင်က ရန်ရင်ဖုန်း ပို့လိုက်တဲ့ လူမှန်း အားလုံး သိထားကြတဲ့ ပုံပါပဲ။
ပန်ချီက ခပ်မြန်မြန်ပဲ ထိုင်ရာကနေ ထိလိုက်တယ်။ ဆိုင်ပိုင်ရှင် ဖက်တီးကို ပြန်သွားဖို့ သူ့လက်ကို ဝှေ့ရမ်းပြီး အချက်ပြလိုက်တယ်။ ထို့နောက် အပြုံးတစ်ခုကို ဖျစ်ညစ်ပြုံးလိုက်ပြီး လက်သီးဆုပ်ကာ မေးလိုက်တယ် “ဒီနိမ့်ကျတဲ့ တစ်ယောက်က သခင်လေးရဲ့ နာမည်ကို မေးလို့ရမလား”
“ရန်မိသားစုက ရန်ကိုင်”
ထိုစကားကို ကြားလိုက်တာနဲ့ ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံး တုန်လှုပ်သွားခဲ့ကြတယ်။
ထိုလူငယ်လေးက အများဆုံးမှ ရန်ရင်ဖုန်း ပို့လိုက်တဲ့ ဆတ်သား တစ်ယောက်ပေါ့။ ရန်ရင်ဖုန်းက သူညွှန်ကြားစရာ ရှိတိုင်း ဆတ်သားတစ်ယောက်ပို့ပြီး ညွှန်ကြားလေ့ ရှိတာကိုး။
ဒါပေမယ့် ရန်ကိုင်က သူ့နာမည်ကို ထုတ်ပြောလိုက်တာနဲ့ အခြေအနေက သူတို့ ထင်ထားတာနဲ့ တစ်ခြားစီ ဖြစ်နေပြီမှန်း အားလုံး သိလိုက်ကြတယ်။
ထိုလူငယ်လေးက မကြာခင်ကပဲ ရန်မိသားစုဆီ ပြန်ရောက်လာခဲ့တဲ့ ရန်မိသားစုရဲ့ သခင်လေး တစ်ယောက် ဖြစ်နေခဲ့ပါတယ်။
သူက လေးယောက်မြောက် သခင်ကြီးရဲ့ သားဖြစ်ဖို့တောင် များပါတယ်။
ရန်ကိုင်ရဲ့ အဆင့်အတန်းကို သိလိုက်တာနဲ့ ထိုင်နေတဲ့ လူအားလုံး ချက်ချင်း မတ်တပ်ရပ်လိုက်ကြတယ်။ ဖန်ချီက ကတုန်ကရင်နဲ့ ရှေ့တက်သွားလိုက်ပြီး လေးလေးစားစားနဲ့ ဦးညွှတ်လိုက်ရင်း “သခင်လေး လာလည်မှန်း မသိလို့ ဝါးထုံးဂိုဏ်းခေါင်းဆောင် ပန်ချီက သင့်တင့်လျောက်ပတ်တဲ့ ကြိုဆိုမှုကို မလုပ်ဆောင် နိုင်ခဲ့ပါဘူး။ သခင်လေးကို ကျုပ် အလေးအနက် တောင်းပန်ပါတယ်”
“ကျုပ်တို့အားလုံးလည်း သခင်လေးကို တောင်းပန်ပါတယ်” ရှိနေတဲ့ လူအားလုံး ပြိုင်တူ အော်ဟစ် လိုက်ကြတယ်။
“အဲ့ကိစ္စနဲ့ ပက်သက်ပြီး ကျုပ်စိတ်ထဲ မထားပါဘူး” ရန်ကိုင်က ထိုကိစ္စကို ဂရုမစိုက်တဲ့ ဟန်ပန်နဲ့ သူ့လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်တယ်။
ရန်ကိုင် ပြောတာကို ကြာလိုက်တော့မှပဲ ပန်ချီလည်း သက်ပြင်း ချနိုင်တော့တယ်။ တကယ်တော့ ရန်ကိုင်ရဲ့ အဆင့်အတန်းကို မသိထားတဲ့အတွက် ရန်ကိုင်ကို ရန်ရင်ဖုန်း ပို့လိုက်တဲ့ ဆတ်သား တစ်ယောက်မှတ်ကာ တည်ခိုဆောင်မှာ သူ့ကို စောင့်နေခိုင်းခဲ့တာပါ။ သခင်လေးက စိတ်ပျက်ပြီး သူ့ကို အပြစ်တင်မယ် ဆိုရင် သူ့အနေနဲ့ မနက်နေထွက်တာကို မြင်နိုင်တော့မှာ မဟုတ်လောက်ပါဘူး။
ပန်ချီ ကျောပြင်တစ်ခုလုံး ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့တယ်။ အသက်ချမ်းသာရာ ရလိုက်တဲ့အတွက် သူ့စိတ်ထဲ ကောင်းကင်ဘုံကိုတောင် တိတ်တဆိတ် ကျေးဇူးတင်နေမိခဲ့ပါတယ်။
“သခင်လေး၊ ကျေးဇူးပြုပြီး ဒီမှာထိုင်ပါဦး” ပန်ချီက ခပ်မြန်မြန်ပဲ ထိုင်စရာ နေရာ တစ်ခု ပေးလိုက်တယ်။
ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ခေါင်းဆောင် ထိုင်ခုံနေရာဆီ တိုက်ရိုက်သွားကာ တုန့်ဆိုင်းခြင်းမရှိ ထိုင်ချလိုက်တယ်။ ပန်ချီက ပြုံးလိုက်ပြီး ဘေးနားမှာ ရပ်နေလိုက်တယ်။ သူ့တစ်ကိုယ်လုံး တောင့်တင်းနေခြံပါတယ်။ မတ်တပ်ရပ်နေတဲ့ လူအားလုံးကလည်း ကိုးယိုးကားယား အမူအရာနဲ့ ဟိုကြည့်လိုက်၊ ဒီကြည့်လိုက် လုပ်နေခဲ့ကြတယ်။
ရန်မိသားစုက သခင်လေး တစ်ယောက်နဲ့မှ သူတို့ မဆက်ဆံဖူးတဲ့အတွက် ရန်မိသားစု သခင်လေး တစ်ယောက်နဲ့ ရုတ်တရက်ကြီး ပြောဆိုဆက်ဆံ လာရတဲ့အချိန်၌ သူတို့ စိတ်ထဲ အနည်းနဲ့အများ ဖိအားဝင်လာတာ သဘာဝပါပဲ။ ပြီးတော့ ရန်ကိုင်ကို ဒီကို ဘာရည်ရွယ်ချက်နဲ့ ရောက်လာတယ် ဆိုတာကိုလဲ သူတို့ထဲက ဘယ်သူမှ မသိထားကြပါဘူး။
အစောပိုင်းတုန်းက အချင်းများခဲ့ကြတဲ့ အကြောင်း ပြန်တွေးရင်း သူတို့ထဲက တော်တော်များများရဲ့ နဖူးထက် ချွေးအေးတို့ ရွှဲနစ်လာခဲ့တယ်။
ရန်ကိုင်က စားပွဲထက်ရှိ အသီးတစ်လုံးကို ကောက်ယူလိုက်ပြီး ထိုင်ခုံကို နောက်မှီလိုက်ရင်း စားပွဲပေါ် ခြေထောက် တင်လိုက်ကာ ဇိတ်ပြေနပြေနဲ့ ထိုအသီးကို ဝါးစားနေလိုက်တယ်။
သူ့ပုံစံက ကျင့်ဝတ်ထုံးတမ်းတွေ ဘာတွေကို နားမလည်တဲ့ လူရမ်းကား တစ်ယောက်နဲ့တောင် တူနေပါသေးတယ်။ ရန်ကိုင်ရဲ့ အပြအမူကို တွေ့လိုက်တာနဲ့ ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံး အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့တယ်။
သူတို့ရဲ့ အဆင့်အတန်းက အရမ်းကို နိမ့်ကျကြပါတယ်။ ဒါပေမယ့် ရန်ကိုင်က ပေါ့ပေါ့ပါးပါးနဲ့ ပြုမူနေတာကို တွေလိုက်ရတော့ သူတို့ ခံစားနေရတဲ့ ဖိအားကလည်း တော်တော်လေး လျော့ပါးသွားခဲ့ရပါတယ်။
“မဆိုးဘူး” ရန်ကိုင်က နှစ်ကိုက်၊ သုံးကိုက်လောက် ကိုက်စားလိုက်ပြီးနောက် ကျန်တစ်ဝက်ကို စားပွဲခုံပေါ် ပြန်ပစ်တင်လိုက်တယ်။ ထို့နောက် အားလုံးကို ကြည့်လိုက်ပြီး သူ့လက်ကို ဝှေ့ရမ်းလိုက်ကာ “ထိုင်တော့”
အားလုံးရဲ့ အကြည့်က ပန်ချီဆီ အလိုလို ရောက်သွားခဲ့တယ်။ ပန်ချီက ခေါင်းညိတ်ပြလိုက်ပြီး သူတို့ အားလုံးကို ထိုင်ဖို့ တိတ်တဆိတ် အချက်ပြလိုက်တယ်။
နှစ်ကြိမ်လောက် ချောင်းဟန့်လိုက်ပြီး ပန်ချီက သတိထားကာ မေးလိုက်တယ် “ဒီတစ်ကြိမ် သခင်လေး ဝါးထုံးဂိုဏ်းဆီ ရောက်လာတာ လေးယောက်မြောက် သခင်ကြီးရဲ့ ညွှန်ကြားချက်ကြောင့်လား ဆိုတာကို ဒီနိမ့်ကျတဲ့ တစ်ယောက် သိလို့ရမလား”
“မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါလိုက်ပြီး “ကျုပ်က ဒီနေရာဆီ ကစားဖို့ လာခဲ့တာ။ ခင်ဗျားတို့ အနေနဲ့ ကျုပ်ကို ဂရုစိုက်နေစရာ မလိုဘူး။ ခုဏတုန်းက အရေးကြီးတာ တစ်ခုခုကို ခင်ဗျားတို့ ဆွေးနွေးနေကြတာမလား။ ဆက်ဆွေးနွေးလေ၊ ကျုပ်ဒီမှာထိုင်ပြီး နားထောင်ကြည့်ရတာပေါ့”
ပြောပြီးတာနဲ့ ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး အားလုံးကို ဝေ့ကြည့်လိုက်တယ်။
အခန်းထဲမှာ ရှိနေတဲ့ လူအားလုံး အလိုလို ခေါင်းငုံ့လိုက်ကြပြီး ဆက်ပြီးတော့ နှုတ်ဆိတ်နေခဲ့ကြတယ်။
ပန်ချီက ကိုးယိုးကားယား အမူအရာနဲ့ ပြုံးလိုက်ပြီး ပြောလိုက်တယ် “ကျုပ်တို့က အရေးမကြီးတဲ့ ကိစ္စအချို့ကိုပဲ ဆွေးနွေးနေတာပါ။ သခင်လေးသာ ဒီမှာ ဆက်နေရင် ပျင်းလာလိမ့်မယ်။ တည်းခိုဆောင်ဆီ သခင်လေး အရင်ပြန်သွားလိုက်ပါလား”
“မသွားဘူး၊ ခင်ဗျားတို့ ဆွေးနွေးစရာ ရှိတာကိုသာ ဆက်ဆွေးနွေးစမ်းပါ” ရန်ကိုင်က ပန်ချီရဲ့ အကြံပြုချက်ကို ငြင်းပယ်လိုက်တယ်။
ပန်ချီရဲ့ အမူအရာ ခါးသီးလာခဲ့တယ်။ ဒီရန်မိသားစု သခင်လေးက ဒီလောက် ကိုင်တွယ်ရ ခက်လိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။
ရန်ကိုင်က ရုတ်တရက် ခါးမတ်လိုက်ပြီး ပြုံးကာ “ဟုတ်တယ်၊ ဟုတ်တယ်၊ အပြင်မှာ ရှိနေတုန်းက တစ်ယောက်ယောက်က ဟိုမိသားစု နာမည်ကို အော်ခေါ်နေတာကို ငါကြားလိုက်တယ်။ ဟိုမိသားစု… ခင်ဗျားတို့ ဘာအကြောင်း ဆွေးနွေးနေတာလဲ။ ဘာပဲဖြစ်ဖြစ် ပြောစရာရှိတာသာ ဆက်ပြောနေစမ်းပါ။ ကျုပ် ဗဟိုမြို့တော်က ထွက်သွားတာ တော်တော်လေး ကြာသွားတော့ ဗဟိုမြို့တော် အကြောင်းတောင် နည်းနည်း မေ့တေ့တေ့ ဖြစ်နေပြီ။ ကျုပ် ဒီဟိုမိသားစုကို အရမ်း စိတ်ဝင်စားသွားပြီ”
ရန်ကိုင် စကားကို ကြာလိုက်တာနဲ့ အခန်းထဲမှာ ရှိနေတဲ့ လူအားလုံး တုန်လှုပ်ချောက်ချား သွားခဲ့တယ်။
“ဘယ်သူမှ မပြောရဲကြဘူးလား” ရန်ကိုင်ရဲ့ လေသံက အေးစက်သွားခဲ့ကာ သူ့မျက်ဝန်းအစုံကလည်း ထက်ရှသွားခဲ့တယ်။
“သခင်လေး၊ ဖြစ်ပျက်ခဲ့တာက …” ပန်ချီက အလျင်စလို ရှင်းပြလိုက်တယ်။ ရန်မိသားစု သခင်လေးက သူတို့ ဆွေးနွေးနေတဲ့ တစ်ခုခုကို ကြားသွားပြီ ဆိုတာကို အစကတည်းက သူသိပြီးသားပါ။ မဟုတ်ရင် အခုလိုမျိုး ရမ်းရမ်းကားကားနဲ့ ပြုမူနေမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ပန်ချီ ရှင်ပြလို့ မပြီးသေးခင်မှာပဲ ရန်ကိုင်က စတင် လှုပ်ရှားလိုက်ပါတယ်။ သူ့ကိုယ်ကနေ အစစ်အမှန်ချီစွမ်းအင်တို့ လှိုင်းလုံးသဖွယ် ထွက်ပေါ်လာခဲ့ပြီး ရုတ်တရက်ကြီး ခန်းမတစ်ခုလုံး သွေးနီရောင်ပွင့်ချပ်တွေနဲ့ ပြည့်သွားခဲ့တယ်။ ထိုပွင့်ချပ်တွေ ဆီကနေ အေးစက်ပြီး သတ်ဖြတ်လိုတဲ့ အရှိန်အဝါတို့ ထွက်ပေါ်နေခဲ့ပြီး ခန်းမထဲမှာ ရှိနေတဲ့ လူလေးယောက်ကို ချက်ချင်း တိုက်ခိုက်လိုက်တယ်။
ထိုလေးယောက်အနေနဲ့ တုန့်ပြန်ချိန်တောင် မရသေးခင်မှာပဲ သွေးနီရောင်ပွင့်ချပ်တွေရဲ့ ဖုံးလွှမ်းသွားခြင်းကို ခံလိုက်ရတယ်။ သူတို့ ခန္ဓာကိုယ်ထက် ပြတ်ရှရာ များစွာ ထက်ပေါ်လာခဲ့ပြီး ခန်းမတစ်ခုကို နာနာကျင်ကျင် အော်ဟစ် ညည်းတွားသံတို့နဲ့ ပြည့်သွားခဲ့တယ်။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ကျင့်ကြံသူ တစ်ယောက်ပဲ ထိုတိုက်ခိုက်မှုကို လွတ်အောင် ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခန်းမထဲက ထွက်မပြေးနိုင်သေးခင်မှာပဲ သွေးနီရောင်ဓါးချီတစ်စင်းက သူ့ရှေ့တည့်တည့် ရောက်ရှိလာခဲ့တယ်။
ဘုန်း…
ခန်းမတစ်ခုလုံး ဝဲကတော့ တစ်ခုလို လည်ပတ်နေတဲ့ အစစ်အမှန်ချီ စီးကြောင်းတို့ဖြင့် ရုတ်ချည်း ပြည့်နှက်သွားခဲ့ပြီး ပရမ်းပတာ ဖြစ်သွားခဲ့တယ်။
ထိုလူက သွေးနီရောင်ဓါးချီရဲ့ အင်ပြည့်အားပြည့် တိုက်ခိုက်မှုကို ခံလိုက်ရတာနဲ့ သူမျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော် သွားခဲ့တယ်။ ရန်ကိုင် ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းတယ် ဆိုတာကို နားလည်လိုက်တာနဲ့ ခန်းမထဲ ဆက်မနေရဲတော့ပဲ အားကုန်သုံးကာ တံခါးပေါက်ဆီ တစ်ဟုန်ထိုး ထွက်ပြေးသွားလိုက်တယ်။
ဒါပေမယ့် ခန်းမတံခါးပေါက်နား မရောက်သေးခင်မှာပဲ မရေမတွက်နိုင်တဲ့ သွေးနီရောင်ပွင့်ချပ်တွေက သူ့လမ်းကို ပိတ်ဆို့ထားလိုက်တယ်။ ထို့နောက် ထိုပွင့်ချပ်တွေက မြှားသွားတစ်ထောင်အလား သူ့ဆီ တိုးဝင်လာခဲ့တယ်။ ပွင့်ချပ်တစ်ထောင် သွေးပန်း အစွမ်းပြလေပြီ။
လူကြီးရဲ့ အမူအရာ မဲ့ရွဲ့သွားခဲ့ပြီး အလျင်စလို နောက်ပြန်ဆုတ်လိုက်တယ်။
ရုတ်တရက် ခရမ်းရောင် အလင်းတန်းတစ်ခုက လေထုကို ထိုးခွင်းပြီး လူကြီးရဲ့ ခေါင်းထဲ တိုးဝင်သွားခဲ့တယ်။ သူ့အသိစိတ် ပင်လယ်တစ်ခုလုံး မခံမရပ်နိုင်လောက်အောင် နာကျင်လာခဲ့ကာ ချက်ချင်းပဲ မြေကြီးပေါ် ပြိုလဲကျသွားခဲ့တယ်။
ရန်ကိုင်ကတော့ နေရာမှာပဲ အမူအရာကင်းမဲ့စွာနဲ့ မတ်တပ်ရပ်နေခဲ့တယ်။ သူ့လက်ထဲက ကြက်သွေးရောင် ဓါးကို အသာအယာ မြှောက်တင်လိုက်ပြီး ရှေ့တည့်တည့်ဆီ ခံစားချက် ကင်းမဲ့စွာနဲ့ ထိုးချလိုက်တယ်။
စွက်…
ထိုလူရဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ခန္ဓာကိုယ်က ရန်ကိုင်ရဲ့ ဓါးချက်အောက်၌ သစ်ဆွေးတုံးတစ်ခုလို ထိုးဖောက်ခြင်း ခံလိုက်ရတယ်။
ရန်ကိုင်က သူ့ဓါးကို ပြန်ဆွဲထုတ်လိုက်တဲ့အချိန် ဓါးဒဏ်ရာကနေ သွေးတွေ ရေပန်းအလား ပန်းထွက်လာခဲ့တယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ကျင့်ကြံသူလည်း တအိအိနဲ့ မြေကြီးပေါ် ပြိုလဲသွားခဲ့တယ်။
ခန်းမထဲ ကျန်ရှိနေတဲ့ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး ရန်ကိုင်က အေးစက်စက် လေသံနဲ့ မေးလိုက်တယ် “ဟိုမိသားစုက တံစိုးလက်ဆောင်တွေကို လက်ခံထားတာလား။ ခင်ဗျားတို့ လက်ခံထားတဲ့ ပိုက်ဆံတွေအတွက် ခင်ဗျားတို့ အသက်နဲ့ ပြန်ပြီး ပေးဆပ်ရလိမ့်မယ်”
ထိုခြိမ်းခြောက် စကားကို ကြားလိုက်တာနဲ့ ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံး သွေးဆုတ် ဖြူလျော်သွားခဲတ့ယ်။
ပန်ချီက ရန်ကိုင်ကို ကြောက်ရွံ့မှု အပြည့်နဲ့ ငေးစိုက် ကြည့်နေခဲ့တယ်။ သူ့မျက်ဝန်းအစုံက တဆတ်ဆတ် တုန်ရီနေခဲ့ပြီး သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့တယ်။
Martial Peak
အပိုင်း (၃၉၉) အရမ်း ဆင်းရဲတာလား
အသတ်ခံလိုက်ရတဲ့ လူလေးယောက်မှာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တစ်ယောက်က လွဲလို့ ကျန်တဲ့ လူတွေ အကုန်လုံးက အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေ ချည်းပါပဲ။
ဗဟိုမြို့တော် တစ်ခုလုံးနဲ့ ယှဉ်ရင် ထိုလေးယောက်စလုံးက ဘာဆိုဘာမှ မဟုတ်ပေမယ့် ဝါးထုံးဂိုဏ်းမှာတော့ အထွတ်အထိပ် အဆင့် ကျင့်ကြံသူတွေပဲ ဖြစ်ကြပါတယ်။ ဒီမှာ ရှိနေတဲ့ လူအားလုံရဲ့ မွေးဖွားရာ အဆင့်အတန်းက နိမ့်ကျပြီး ကျင့်စဉ်ကောင်းတွေ မရှိတဲ့အတွက် သူတို့အဖို့ အခုလိုအဆင့်ကို ရောက်လာဖို့ဆိုတာ တကယ်ကို မလွယ်ကူပါဘူး။
ဒါပေမယ့် တစ်ခဏအတွင်းမှာပဲ လူလေးယောက် အသတ်ခံလိုက်ရပါတယ်။
လေးယောက်မြောက် သခင်ကြီးရဲ့ သားက အေးစက်၊ ပြတ်သားပြီး ရက်စက်လှပါတယ်။
ခန်းမထဲမှာ ရှိနေတဲ့ အားလုံးရဲ့ မျက်နှာအမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေပြီ။ အားလုံးက ရန်ကိုင်ကို ထိတ်လန့် ခြောက်ခြားစွာနဲ့ ငေးစိုက်ကြည့်နေခဲ့ပြီး သူတို့ နှလုံးသား တစ်ခုလုံး ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေခဲ့ကြတယ်။ အခုမှပဲ မိသားစုကြီး ရှစ်ခု ဘယ်လောက်တောင် ကြောက်မက်ဖို့ကောင်းကြောင်း သူတို့ နားလည်သွဦးတော့တယ်။
ခန်းမထဲတွင် ရှိနေတဲ့ လူတွေအားလုံးအနက် အင်မော်တယ် တက်လှမ်းခြင်းအဆင့်၂ ဖြစ်တဲ့ ပန်ချီက ကျင့်ကြံခြင်း အမြင့်ဆုံးပါ။ ဒါပေမယ့် သူတောင်မှပဲ ရန်ကိုင်လိုမျိုး ထိုလူလေးယောက်ကို အချိန် တစ်ခဏလေးအတွင်း မသတ်နိုင်ပါဘူး။
သူတို့ နှစ်ယောက်သာ အခုတိုက်ခိုက်ရင် သူက ရန်ကိုင်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလား။
ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ လူလဲ။ အစစ်အမှန်ဒြပ်စင် အဆင့်၇ ကျင့်ကြံသူ တစ်ယောက်မှာ ဘာလို့ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ တိုက်ပွဲစွမ်းရည် ရှိနေရတာလဲ။
“ဟိုမိသားစုဆီ ဘယ်သူသွားချင်သေးလဲ။ သွားချင်ပြောနော်… ကျုပ်ကိုယ်တိုင် ပို့ပေးမယ်” ရန်ကိုင်က မျက်လုံး မှေးစဉ်းလိုက်ပြီး ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံးကို ဝေ့ဝိုက်ကြည့်လိုက်တယ်။
“သ… သခင်လေး…ဒ… ဒီနိမ့်ကျတဲ့ အစေခံတို့ကို သနားညှာတာပေးပါ” ပန်ချီက ကတုန်ကရင် လေသံဖြင့် အထစ်ထစ် အငေါ့ငေါ့နဲ့ ပြောလိုက်တယ်။ ဟိုမိသားစု လက်အောက် ခိုဝင်ချင်တဲ့ လူလေးယောက်က မရဏလမ်း မြန်းသွားခဲ့လေပြီ။ ကျန်ရှိနေတဲ့ လူအားလုံးက ဟိုမိသားစုလက်အောက် ခိုဝင်ဖို့ကို အပြင်းအထန် ကန့်ကွက်နေခဲ့ကြတဲ့ လူတွေဖြစ်ပြီး အားလုံးက ဗဟိုမြို့တော်ရဲ့ လက်ရှိအခြေအနေ အကြောင်းကို ဆွေးနွေးဖို့ ရောက်နေတဲ့ လူတွေ ချည်းပါပဲ။ ရန်ကိုင်က ဒေါသထွက်ထွက်နဲ့ အမှားအမှန်ကို မခွဲခြားနိုင်တော့ပဲ အပြစ်မရှိတဲ့ လူတွေကိုပါ သတ်မိမှာကို သူစိုးရိမ်နေတာပါ။
ဒါပေမယ့်… အစောပိုင်းတုန်းက ဒီသခင်လေးက ခန်းမ အပြင်ဘက်မှာ ရှိနေတာလေ။ အဲ့ဒါကို ထိုလေးယောက်က ဟိုမိသားစု လက်အောက်ဆီ ခိုဝင်ချင်နေတယ် ဆိုတာကို သူက ဘယ်လိုလုပ်ပြီး သိသွားတာလဲ။ ဒီသခင်လေးရဲ့ နည်းလမ်းတွေကို တကယ်ကို နားမလည်နိုင်တော့ပါဘူး။
ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းညိတ်လိုက်တယ်။ သူ့သတ်ဖြတ်လိုစိတ်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့လက်နက် နှစ်ခုကို ပြန်သိမ်းထားလိုက်ကာ ထိုင်ခုံပေါ် ပြန်ထိုင်ချလိုက်တယ်။ အခုမှပဲ ကျန်ရှိနေတဲ့ လူအားလုံး သက်ပြင်း ချနိုင်တော့တယ်။
ပန်ချီက သူ့နဖူးထက်က ချွေးအေးတွေကို သုတ်ပစ်လိုက်ပြီး ခန်းမ အပြင်ဘက်ဆီ ပြေးထွက်သွားကာ လှမ်းအော်လိုက်တယ်။
တစ်ခဏကြာပြီးနောက် အစောင့်တစ်ယောက် အလျင်စလို ပြေးလာခဲ့ပြီး လက်သီးဆုပ်ကာ “ဂိုဏ်းချုပ် ဘာများလိုအပ်လို့ပါလဲ”
“ဒီကျေးဇူးမသိတတ်တဲ့ ခွေးသူတောင်းစားတွေကို ဆွဲထုတ်သွားပြီး မြေမြှပ်ပေးလိုက်” ပန်ချီက ကြမ်းပြင်ပေါ်က အလောင်းလေးလောင်းကို လက်ညိုးထိုး ညွှန်ပြပြီး ပြောလိုက်တယ်။
ထိုအစောင့်က ခန်းမထဲ တစ်ချက် ချောင်းကြည့်လိုက်တယ်။ ဒါပေမယ့် ခန်းမထဲက သွေးသရဲရဲ မြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက် သူ့မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူလျော်သွားခဲ့တယ်။ ချက်ချင်းပဲ အလျင်စလို ပြေးထွက်သွားလိုက်ပြီး လူအချို့ကို ခေါ်ကာ အလောင်း၄လောင်းကို ခန်းမထဲကနေ ကတုန်ကရင်နဲ့ သယ်ထုတ်သွားခဲ့ကြတယ်။
သွေးနံ့တို့ မပျောက်သေး၊ ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံးကတော့ ကိုးယိုးကားယား အမူအရာနဲ့ ရန်ကိုင် စကားပြောမှာကို စောင့်ဆိုင်း နေခဲ့ကြတယ်။
“ဒီနေ့ကစပြီး ဝါးထုံးဂိုဏ်းကို ငါထိန်းချုပ်မယ်” ရန်ကိုင်က အာဏာရှင်ဆန်ဆန် ပြောလိုက်ပြီး ဆက်မေးလိုက်တယ် “ဘယ်သူ ကန့်ကွက်ချင်လဲ”
“မရှိပါဘူး၊ ဝါးထုံးဂိုဏ်းက လေးယောက်မြောက် သခင်ကြီးရဲ့ လက်အောက်ခံ အင်အားစု တစ်ခုပါ။ သခင်လေးက လေးယောက်မြောက် သခင်ကြီးရဲ့ သား ဖြစ်မှတော့ ဒီနိမ့်ကျတဲ့ အစေခံက သခင်လေးရဲ့ အမိန့်ကို လိုလိုလားလားနဲ့ နာခံပါ့မယ်” ပန်ချီက အလျင်အမြန်ပဲ ပြောလိုက်တယ်။
“ကောင်းပြီ၊ အခုငါ့ကို ဟိုမိသားစုအကြောင်း ပြောပြ”
ခန်းမ အပြင်ဘက်မှာ ရှိနေတုန်းက စကားတစ်ခွန်းစ၊ နှစ်ခွန်းစ လောက်ကိုပဲ သူကြားခဲ့တာပါ။ အဖြစ်အပျက် တစ်ခုလုံးကို သူမကြားခဲ့ရပါဘူး။
ပန်ချီက ခဏလောက် စည်းစားလိုက်ပြီးနောက် ငြင်းခုံရတဲ့ အကြောင်းအရင်းတွေကို လုံးစေ့ပတ်စေ့ ပြန်ရှင်းပြလိုက်တယ်။
ဟိုမိသားစုက ဗဟိုမြို့တော်ရဲ့ မိသားစုကြီး ရှစ်ခုထဲက တစ်ခုဖြစ်တဲ့ အတွက် သူ့မှာ လက်အောက်ခံ အင်အားစု များစွာ ရှိပါတယ်။
အခုကိစ္စက ဟိုမိသားစုက ဝါးထုံးဂိုဏ်းကို သူ့အောက် ခိုဝင်ခိုင်းချင်တာ မဟုတ်ပါဘူး။ ဟိုမိသားစုရဲ့ လက်အောက်ခံ အင်အားစုတစ်ခုက ဝါးထုံးဂိုဏ်းကို ဟိုမိသားစုလက်အောက် ခိုဝင်ခိုင်းချင်တာပါ။ ဟိုမိသားစု လက်အောက် ခိုဝင်လာတာနဲ့ အကျိုးအမြတ် ကောင်းကောင်း ရစေမယ်လို့လည်း ကတိပေးထားပါတယ်။ ပြီးတော့ သူတို့တွေက ဝါးထုံးဂိုဏ်းထဲက အဓိက အဖွဲ့ဝင်တွေကို လက်ထိုးထားတဲ့ ပုံပါပဲ။ တံစိုးလက်ဆောင်တွေ လက်ခံရယူးထားတဲ့ လူတွေကပဲ အစောပိုင်းတုန်းက ဆွေးနွေးပွဲ၌ ပြဿနာရှာနေကြတာပါ။
ပန်ချီခေါင်းဆောင်တဲ့ အများစုက ရန်ရင်ဖုန်းကို သစ္စာမဖောက်ချင် ကြပါဘူး။ ဒါပေမယ့် အဓိကအဖွဲ့ဝင်ဖြစ်တဲ့ သေဆုံးသွားပြီ ဖြစ်သော လူလေးယောက်ကတော့ သဘောမတူခဲ့ပါဘူး။ ရေတွေက မြစ်တွေ၊ ချောင်းတွေထဲမှ ပင်လယ်ထဲ စီးဝင်ကြသလို လူတွေကလည်း ကြွယ်ဝချမ်းသာမှုနောက် လိုက်ကြပါတယ်။
ဝါးထုံးဂိုဏ်းကို ရန်ရင်ဖုန်းက ထောက်ပံ့ထားပေမယ့် ရန်ရင်ဖုန်း မျက်နှာကို မမြင်ရတာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပါပြီ။ ထို့ကြောင့် ရန်ရင်ဖုန်းကို သူတို့ သစ္စာမဲ့လာကြတာပါ။ အပြင်ဘက် အင်အားစုတွေကပါ ကြားဝင်စွက်ဖက် လာတော့ သူတို့ထဲက အချို့က ထိုအင်အားစုတွေ ကြိုးဆွဲရာနောက် တကောက်ကောက် ပါသွားခဲ့ကြပါတယ်။
ပြီးတော့ ရန်ရင်ဖုန်းကို သစ္စာဖောက်မယ် ဆိုရင်တောင် ရန်မိသားစု လေးယောက်မြောက် သခင်ကြီးရဲ့ စရိုက်အရ သူ့အနေနဲ့ အခုကိစ္စကို ဒီလောက်ကြီး အရေးထားနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဟိုမိသားစုက ကမ်းလှမ်းလာတဲ့ သကာရည် လောင်းထားသည့် ဟင်းပွဲကို ငြင်းပယ်လိုက်ရင်တော့ သူတို့ ပြဿနာတက်မှာ အသေအချာပါပဲ။
ထို့ကြောင့် ထိုလေးယောက်က ဟိုမိသားစုနောက် တကောက်ကောက် ပါသွားခဲ့ကြတာပါ။ လူဆိုတာ ပျော်ရာမှာ နေတတ်တဲ့ အမျိုးတွေပဲလေ။
ဒါပေမယ့် ထိုငြင်းဆန် ကန့်ကွက်နေတဲ့ လေးယောက်က အသတ်ခံလိုက်ရပါပြီ။ ဘယ်သူကမှလည်း ထိုကိစ္စအကြောင်း အစမဖော်ရဲ တော့ပါဘူး။
ပန်ချီပြေတာကို နားထောင်ပြီးနောက် ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။
ပြောပြီးတာနဲ့ ပန်ချီက ထိုင်ခုံပေါ် ငြိမ်ငြိမ်လေး သွားပြန် ထိုင်နေလိုက်တယ်။ ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံးက ရန်ကိုင် ဘာပြောမလဲ ဆိုတာကိုပဲ စောင့်ကြည့်နေခဲ့ကြတယ်။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီး နောက်ဆုံးမှာတော့ ရန်ကိုင် စပြောလိုက်တယ် “မရောက်ခင်တုန်းကတော့ ခင်ဗျားတို့ကို ကျုပ်ဘက်ပါလာအောင် ဖြည်းဖြည်းချင်း စည်းရုံးမလို့ပဲ။ ဒါပေမယ့် အခု ကျုပ်မှာ အဲ့လိုလုပ်ဖို့ အချိန်မရှိတော့ဘူး”
“ကျုပ်က အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ရတော့မှာ။ ခင်ဗျားတို့ ကျုပ်နောက်လိုက်ရင် ခင်ဗျားတို့လည်း အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ရလိမ့်မယ်။ ဒါက အခွင့်အရေး တစ်ခုဖြစ်သလို အလောင်းအစား တစ်ခုလည်း ဟုတ်တယ်၊ ဒီမှာ ရှိနေတဲ့ လူအားလုံးထဲမှာ ဘယ်သူကမှ ကလေးလေးတွေ မဟုတ်ကြဘူး။ ခင်ဗျားတို့ အားလုံး ဒါကို နားလည်မယ် ထင်တယ်။ အလောင်းအစား ဆိုမှတော့ သေမြေကြီး ရှင်ရွှေထီးပဲပေါ့”
အားလုံး ခေါင်းညိတ်လိုက်တယ်။ ခန်းမထဲမှာ ထိုင်နေတဲ့ လူအားလုံးက အသက်၃၀ ကျော်ချည်းပါပဲ။ ရန်ကိုင် တစ်ယောက်သာ အသက်၂၀ မပြည့်သေးတာပါ။ ထို့ကြောင့် ရန်ကိုင်က အခုလိုမျိုး ပြောတာတော့ သူတို့စိတ်ထဲ နေရထိုင်ရ ခက်သွားခဲ့တယ်။
“ခင်ဗျားတို့ကို ရွေးချယ်စရာ တစ်ခုပေးမယ်။ အမွေခံတိုက်ပွဲမှာ ဝင်မပြိုင်ချင်ဘူးဆိုရင် ခင်ဗျားတို့ အခု ထွက်သွားလို့ရတယ်။ ဒါပေမယ့် ဒါက တစ်သက်မှာ တစ်ကြိမ်ပဲ ရမယ့် အခွင့်အရေးပဲ။ ခင်ဗျားတို့သာ အခုထွက်မသွားရင် နောက်ဘယ်တော့မှ ထွက်သွားလို့ ရတော့မှာ မဟုတ်ဘူး။
အားလုံး တစ်ယောက်ကို တစ်ယောက်ကို ကြည့်လိုက်ကြတယ်။ ရန်ကိုင်က အခုလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောလာလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး။ လူလေးယောက်ကို တုန့်ဆိုင်းခြင်းမရှိပဲ ရက်ရက်စက်စက် သတ်ပစ်လိုက်တဲ့ သူ့အပြုအမူက ခန်းမထဲ ရှိနေတဲ့ လူအားလုံးအား အချက်တစ်ချက်ကို နားလည်သွားစေလိုက်တယ်။ ဒီရန်မိသားစု သခင်လေးက အရမ်းကို ပြတ်သားတဲ့ လူတစ်ယောက်ဖြစ်ပြီး လေပေါနေရတာကို ကြိုက်တဲ့ လူတစ်ယောက်လည်း မဟုတ်ဘူး။
အခုအချိန်ထိ ဘယ်သူမှ ထထွက်မသွားကြသေးပါဘူး။
နောက်ဆုံးမှာတော့ ပန်ချီ မျက်နှာထက် အပြုံးတစ်ခု ပွင့်လန်းလာခဲ့ပြီး စကားစလိုက်တယ် “ဒီမှာ ရှိနေတဲ့ လူအားလုံးထဲမှာ တော်တော်များများက လေးယောက်မြောက် သခင်ကြီးကို မတွေ့ခဲ့ဖူးပေမယ့် အားလုံးက လေးယောက်မြောက် သခင်ကြီးရဲ့ အရိပ်အောက်မှာ နှစ်ပေါင်းများစွာကြာအောင် ခိုလှုံခဲ့ပါတယ်။ ဒါကြောင့် ကျုပ်တို့ အားလုံးက လေးယောက်မြောက် သခင်ကြီးကို ကျေးဇူးတင်နေကြတာပါ။ အခု သခင်လေးက ရောက်လာပြီ ဆိုမှတော့ ကျုပ်တို့က သခင်လေးပေးတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရွက်မှာပါ”
သူ့စကားလုံးတွေက အေးလည်း မအေးသလို ပူလည်း မပူပါဘူး။ သူ့အနေနဲ့ ရန်ကိုင်ကို နှလုံးသား တစ်ခုလုံး ပုံအပ်ပြီး အသိအမှတ် မပြုသေးတာ သိသာပါတယ်။
ထိုအချက်ကို ရန်ကိုင်လည်း ရှင်းရှင်းလင်းလင်း သတိပြုမိပါတယ်။ ဒါပေမယ့် သူပြောခဲ့သလိုပဲ သူ့မှာ အချိန်မရှိသလို ဝါးထုံးဂိုဏ်းကို သူ့ဘက်ပါအောင် ဆွဲခေါ်ဖို့ စိတ်လည်း မဝင်စားပါဘူး။ ဘာလို့လဲ ဆိုတော့ သူ့မှာ သွေးစစ်သည်တော် နှစ်ယောက် ရှိနေပြီ ဖြစ်တာကြောင့်ပါပဲ။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး ရက်စက်တဲ့ ဟန်ပန်နဲ့ ပြုံးလိုက်ကာ “အချက်တစ်ချက်ကိုတော့ ကျုပ်ရဲရဲကြီး ပြောရဲတယ်။ ကျုပ်နောက်လိုက်ရင် ခင်ဗျားတို့အတွက် သေချာပေါက် ကောင်းလိမ့်မှာ မဟုတ်ပေမယ့် ကျုပ်နောက် မလိုက်ရင်တော့ ခင်ဗျားတို့ အနာဂတ်က သာယာနေလိမ့်မှာ မဟုတ်ဘူး”
ရန်ကိုင်ရဲ့ နတ်ဆိုးဆန်ဆန် အပြုံးကို မြင်လိုက်တာနဲ့ ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံးရဲ့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့တယ်။
ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံး တစ်ပြိုင်တည်း မတ်တပ်ရပ်လိုက်ကြပြီး တစ်လေသံ တစ်သမတ်တည်း ပြောလိုက်တယ် “ကျုပ်တို့ သခင်လေးနောက်ကို လိုလိုလားလားနဲ့ လိုက်ပါ့မယ်”
ရန်ကိုင်က တိုက်ရိုက်ကြီး ပြောလာတာကိုတောင် နားမလည် နိုင်သေးဘူး ဆိုရင်တော့ သူတို့အားလုံး အရူးထက် တစ်မူးသာသွားပြီလို့တောင် ပြောလို့ရပါပြီ။
“ကောင်းတယ်၊ အားလုံး ထိုင်တော့” ရန်ကိုင်က နတ်ဆိုးဆန်ဆန် အပြုံးကို ဆင်မြန်းထားရင်း “ပန်ချီ၊ ခင်ဗျားလည်း ထိုင်တော့”
“ဟုတ်ကဲ့ပါ” ပန်ချီက သူ့နဖူးထက်ကနေ စီးကျနေတဲ့ ချွေးအေးတွေ နောက်တစ်ကြိမ် ထပ်သုတ်လိုက်တယ်။ အဖေနဲ့သားသာ ဆိုတယ်၊ ဒီသခင်လေးက လေးယောက်မြောက် သခင်ကြီးနဲ့ တစ်ခြားစီပါလား ဆိုပြီး ပန်ချီစိတ်ထဲ တွေးနေလိုက်တယ်။
“ဝါးထုံးဂိုဏ်းမှာ အဖွဲ့ဝင် အရေအတွက် ဘယ်လောက်လောက် ရှိလဲ” ရန်ကိုင်က မေးလိုက်တယ်။
“အခုလောလောဆယ်လော့ အဖွဲ့ဝင် ၆၀၀ ဝန်းကျင်လောက် ရှိပါတယ် သခင်လေး”
“၆၀၀လား” ရန်ကိုင် မျက်မှောင်ကြုံ့လိုက်တယ်။ ၆၀၀ဆိုတာ များတဲ့အထဲ မပါပေမယ့် နည်းတဲ့အထဲလည်း မပါပါဘူး “အဖွဲ့ဝင်တွေရဲ့ ခွန်အားကရော”
ပန်ချီက ခွတီးခွကျ အမူအရာနဲ့ ပြုံးကာ ပြန်ဖြေလိုက်တယ် “အများစုကတော့ ချီသန့်စင်ခြင်း အဆင့်တွေပါပဲ။ ၃၀ ရာခိုင်နှုန်းလောက်ကတော့ အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်နေပါပြီ။ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကတော့ ကျုပ်တို့ သုံးယောက်ပဲ ရှိပါတယ်။ ဒါပေမယ့်… အခုလေးပဲ… တစ်ယောက်က…”
အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် သုံးယောက်ရှိတဲ့ အနက် တစ်ယောက်ကို ရန်ကိုင်က သတ်လိုက်တော့ အခု တစ်ယောက်ပဲ ကျန်ပါတော့တယ်။ အသက်ရှင် ကျန်နေတဲ့ နှစ်ယောက်ထဲ၌ တစ်ယောက်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ဖြစ်ပြီး ကျန်တစ်ယောက်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂ပါ။
ဒါပေမယ့် ရန်ကိုင် မျက်နှာထက် စိတ်ပျက်သွားသည့် အရိပ်အယောင် နည်းနည်းလေးမှ မပြပါဘူး။ ဝါးထုံးဂိုဏ်းကို တိုက်ခိုက်ဖို့အတွက် သူ့ဘက်ပါအောင် ဆွဲခေါ်ခဲ့တာ မဟုတ်ပါဘူး။
“လူ၆၀၀စလုံး ဗဟိုမြို့တော်မှာ အခုရှိနေလား”
“ရှိပါတယ်။ သခင်လေးသာ လိုအပ်မယ်ဆိုရင် သူတို့အားလုံးကို ကျုပ်ချက်ချင်း အမိန့်ပေးနိုင်ပါတယ်” ပန်ချီက ခေါင်းညိတ်လိုက်တယ်။
“လူနှစ်ရာကို ခေါ်ထုတ်လိုက်တယ်။ အဖွဲ့တစ်ဖွဲ့အကြောင်း သူတို့ကို ငါစုံစမ်းခိုင်းဖို့ ရှိတယ်”
“ဟုတ်ကဲ့ပါ၊ သခင်လေး”
ရန်ကိုင်က စုယန်နဲ့ ကောင်းကင်စံအိမ်က အဓိက တပည့်တော်တော် များများရဲ့ပုံကို ပန်ချီအား ရေးဆွဲပေးလိုက်တယ်။
“ကျန်တဲ့ အယောက်၅၀ကို ဆတ်သားအဖြစ် ဆောင်ရွက်ခိုင်းလိုက်တယ်။ အဲ့အယောက် ၅၀စလုံး လိုအပ်တာနဲ့ အဆင့်သင့် ဖြစ်နေပါစေ”
“ဟုတ်ကဲ့ပါ” ဆတ်သားအများကြီး ရန်ကိုင် ဘာလို့ လိုအပ်လဲ ဆိုတာကို ပန်ချီ နားမလည်ပေမယ့် ရန်ကိုင်က အခုလို ပြောလာမှတော့ သူ့အနေနဲ့ ထိုအတိုင်း လိုက်လုပ်ရုံကလွဲပြီး ရွေးချယ်စရာ မရှိပါဘူး။
“ဟုတ်ပြီ၊ ဝါးထုံးဂိုဏ်းရဲ့ အဓိက စီးဟွားရေးလုပ်ငန်းက ဘာလဲ” ရန်ကိုင်က မေးလိုက်တယ်။
ပန်ချီက ကသိကအောက် အမူအရာနဲ့ ပြုံးလိုက်ပြီး “ဂိုဏ်းရဲ့ အဓိကစီးဟွားရေးက တည်းခိုဆောင်တွေ၊ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေပါ။ မြို့ထဲမှာ အလုပ်ခေါ်တာ ရှိရင် ဂိုဏ်းက တပည့်တွေက တ်စခါတစ်ရံ ဝင်လုပ်လေ့ ရှိပါတယ်”
“ခင်ဗျားတို့မှာ ဘယ်လောက်ကျန်လဲ”
ထိုမေးခွန်းကို ကြားလိုက်တာနဲ့ ပန်ချီ ပိုပြီး ရှက်သွားခဲ့တယ်။ အချိန်အတော် ကြာပြီး နောက်ဆုံးမှပဲ သူပြန်ပြောလာခဲ့တယ် “အခု၊ ဂိုဏ်းမှာ ငွေဒင်္ဂါး၅၀၀၀၀၀ ရှိပါတယ်”
“အရမ်း ဆင်းရဲတာပဲ” ရန်ကိုင် ကြက်သေသွေားခဲ့တယ်။
ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံးရဲ့ မျက်နှာတွေက ရဲရဲနီလို့ နေပါတယ်။ ပန်ချီက တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ပြန်ပြောလိုက်တယ် “ဗဟိုမြို့တော်မှာ အသက်မွေးဝမ်းကြောင်း ပြုရတာ တကယ်ကို မလွယ်ပါဘူး သခင်လေး”
ဗဟိုမြို့တော်၌ မိသားစုကြီး ရှစ်ခုရဲ့ လွှမ်းမိုးနိုင်စွမ်းက အရမ်းကို ကြီးမားပါတယ်။ အားကောင်းတဲ့ နောက်ခံရှိတဲ့ ထိုလျှို့ဝှက် အင်အားစုတွေက အလုပ်ကောင်းကောင်း ရကြပြီး တစ်ခါတစ်ရံကျ သူတို့ နောက်ခံတွေဆီကနေ ဆုလာဒ်တွေတောင် ရတတ်ပါသေးတယ်။
ဝါးထုံးဂိုဏ်းကို ရန်ရင်ဖုန်းက ထောက်ပံ့ထားပေမယ့် မိသားစုထဲရှိ ရန်မိသားစု လေးယောက်မြောက် သခင်ကြီးရဲ့ အဆင့်အတန်းက အရမ်းကြီး မမြင့်လှပါဘူး။ ပြီးတော့ သူ့ရဲ့ ဒဏ်ရာကို ကုသဖို့အတွက် ဆေးပညာရှင်နဲ့ သမားတော် များစွာကို ဖိတ်ခေါ်ခဲ့ရပါသေးတယ်။ ထိုအချက်နဲ့တောင် သူတော်တော်လေး ကုန်ကျသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ရန်ရင်ဖုန်းအနေနဲ့ ဝါးထုံးဂိုဏ်းကို ငွေနဲ့အရင်းအမြစ်တွေ များများစားစား မထောက်ပံ့ ပေးနိုင်တော့ပါဘူး။
ဝါးထုံးဂိုဏ်းထဲက အဓိက အဖွဲ့သား လေးယောက်ကို ဟိုမိသားစုက ဆွဲဆောင်သွားနိုင်တာလည်း မထူးဆန်းတော့ပါဘူး။
ထိုအချက်တွေကို အားလုံးကို နားလည်သွားတာနဲ့ ရန်ကိုင်က လူမိသားစုက ရလာခဲ့တဲ့ ငွေဒင်္ဂါးတွေကို ထုတ်ယူလိုက်ပြီး ပန်ချီကို ပေးလိုက်ရင်း ပြောလိုက်တယ် “အခုတော့ ဒီငွေကို အရင်သုံးနှင့်ဦဂ”
ထိုငွေဒင်္ဂါးအပုံလိုက်ကြီးကို ကြည့်ရင်း ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံး အသက်တောင် ကောင်းကောင်း မရှူနိုင်တော့ပါဘူး။
ထိုငွေဒင်္ဂါး ပမာဏက အနည်းဆုံးတော့ သန်းနဲ့ ချီလောက်ပါတယ်။ ဒီသခင်လေးက အရမ်းကို ရက်ရောတာပဲ။
ပန်ချီလည်း နေရာမှာတင် အေးခဲသွားခဲ့တယ်။ ဒါပေမယ့် ငြင်းဆန်ခြင်း မပြုခဲ့ပဲ ရန်ကိုင်ကိုသာ ကျေးဇူးတင်စကား ဆိုလိုက်တယ်။
သူ့ရဲ့ အပြုအမူကို ကြည့်ရင်း ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်တယ်။
“အခုကနေစပြီး ကျုပ်ပြေတာတွေ အကုန်လုံး လုပ်ထားလိုက်တယ်။ နောက်ထပ် ညွှန်ကြားစရာ ရှိရင် ကျုပ်ထပ်လာခဲ့မယ်” ပြောပြီးတာနဲ့ ရန်ကိုင် ထရပ်လိုက်ပြီး ခန်းမထဲကနေ ထွက်သွားလိုက်တယ်။
အားလုံးလည်း အလျင်အမြန် မတ်တပ်ထရပ်လိုက်ကြပြီး သူ့ကို လေးလေးစားစားနဲ့ လိုက်နှုတ်ဆက်လိုက်ကြတယ်။
ရန်ကိုင် ထွက်သွားပြီးနောက် ဝါးထုံးဂိုဏ်း အဖွဲ့သားတွေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။
“ဂိုဏ်းချုပ်၊ သခင်လေး ကျုပ်တို့ကို ငွေဒင်္ဂါးဘယ်လောက် ပေးခဲ့တာလဲ” နောက်ဆုံး မအောင့်အည်း နိုင်တော့တာနဲ့ သူတို့ထဲက တစ်ယောက်က ကောက်မေးလိုက်တယ်။
သေသေချာချာ ရေတွက်ကြည့်ပြီးနောက် ပန်ချီက ပြန်ပြောလိုက်တယ် “သုံးသန်း”
သက်ပြင်းရှိုက်သံတို့ ခန်းမထဲ ပဲ့တင်ထပ်သွားခဲ့တယ်။ “လေးယောက်မြောက် သခင်ကြီးရဲ့ သားက သူ့အဖေထက် ပိုပြီး ပြတ်သားတာပဲ”
“ဟုတ်တယ်၊ သခင်လေးက ရက်စက်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ တိုက်ရိုက်ပဲ ပြောတတ်ပေမယ့် သူက မကောင်းတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ ငါကြည့်သလောက် ဆိုရင် သူက တော်တော်လေး ရက်ရောတယ်ကွ”
ပန်ချီက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ် “ငါတို့က ငွေကို လက်ခံပြီးပြီ ဆိုမှတော့ သစ္စာဖောက်ဖို့ အတွေး နည်းနည်းလေးတောင် မစဉ်းစားကြတော့နဲ့။ ငါတို့ရဲ့ သခင်အသစ်က လူသတ်ဖို့ တုန့်ဆိုင်းနေတတ်တဲ့ လူစားမျိုး မဟုတ်ဘူး ဆိုတာကိုလည်း မမေ့ကြနဲ့ဦး”
ရုတ်တရက် အားလုံး ကတုန်ကရင် ဖြစ်သွားခဲ့ပြီး ချက်ချင်း ခေါင်းညိတ်လိုက်ကြတယ်။ သူတို့ အဖော်လေးယောက် ဘယ်လို သေသွားလဲ ဆိုတာကို သူတို့ မမေ့သေးပါဘူး။
Martial Peak
အပိုင်း(၄၀၀) ညီအစ်ကိုတွေကြားက တွေ့ဆုံပွဲ
ဝါးထုံးဂိုဏ်းကနေ သူများများစားစား မမျှော်လင့်ထားခဲ့ပါဘူး။ သူတို့တွေကို သူလိုချင်တဲ့ သတင်းအချို့ကိုပဲ စုံးစမ်းထားခိုင်း လိုက်ပါတယ်။
ထိုဝါးထုံးဂိုဏ်းက လျော့ရဲယိုယွင်းနေတဲ့ လူညံ့တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုလို့ ပြောရင်တောင် မမှားပါဘူး။ နည်းနည်းလေး အရည်အချင်းရှိတဲ့ ပညာရှင် တစ်ယောက်က ဝါးထုံးဂိုဏ်းကို အသာလေး ဖျက်စီး ပစ်နိုင်ပါတယ်။ သူတို့က သူ့အတွက် အသုံးလိုနေတာကြောင့်သာ မဟုတ်ရင် ရန်ကိုင်လည်း ဝါးထုံးကို နောက်တစ်ကြိမ် လှည့်ကြည့်မိမှာကို မဟုတ်တာပါ။
ဝါးထုံးဂိုဏ်းကနေ လမ်းလျှောက် ထွက်လာပြီးနောက် ရန်ကိုင်က တိမ်းသွားမြင်းပေါ် တက်ကာ ရန်မိသားစုဆီ စတင် ခရီးနှင်တော့တယ်။
လမ်းတစ်ဝက်လောက် ရောက်တဲ့အချိန်မှာပဲ အပေါ်ကနေ တစ်ယောက်ယောက်က သူ့ကို ခေါ်နေတာကို ရန်ကိုင် ကြားလိုက်ရတယ်။
အသံလာရာကို လှမ်းကြည့်လိုက်တဲ့အခါ စားသောက်ဆိုင်တစ်ခုရဲ့ ဒုတိယထပ် ပြတင်းပေါက်ကနေ သူရဲ့ ဒုတိယအစ်ကို ရန်ကျောင်းက သူ့ကို ပြုံးပြရင်း လက်ဝှေ့ရမ်းပြနေခဲ့ကာ “ညီလေးကို၊ တက်ခဲ့လေ”
ရန်ကိုင် မျက်မှောင်ကြုံ့လိုက်တယ်။ သူ့ ဒုတိယအစ်ကိုကို ဒီမှာ လာတွေ့လိမ့်မယ်လို သူမထင်ထားခဲ့ပါဘူး။ ဒါပေမယ့် ငြင်းရမယ့် အကြောင်းပြချက် ရေရေရာရာလည်း မရှိတဲ့အတွက် တိမ်သွားမြင်းပေါ်ကနေ ခုန်ဆင်းလိုက်ပြီး စားသောက်ဆိုင်ရဲ့ ဒုတိယအထပ်ပေါ် တက်သွားလိုက်တယ်။
ဒုတိယထပ်က ရန်ကျောင်း ရှိနေတဲ့ အထူးခန်းတစ်ခန်းထဲကို သူဝင်သွားလိုက်တဲ့အခါ စူးရှတဲ့ အကြည်များစွာကို တစ်ပြိုင်တည်း ရင်ဆိုင်ကြုံတွေ့လိုက်ရတယ်။
“ဒုတိယအစ်ကို” ရန်ကိုင်က ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်လိုက်တယ်။ ထို့နောက် ကျန်တဲ့ လူတွေကို တစ်ချက် ဝေ့ကြည့်လိုက်တဲ့အခါ သူမြင်လိုက်ရတာကြောင့် ရန်ကိုင် အနည်းငယ် အံ့အားသင့်ချင်သလို ဖြစ်သွားခဲ့တယ်။
ဒီမှာရှိနေတဲ့ လူအများစုကို သူမရင်းနှီးပေမယ့် သူတို့ရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ အပြုအမူတွေအရ အားလုံးက အားကောင်းတဲ့ နောက်ခံကို ပိုင်ဆိုင်ထားကြမှန်း ရန်ကိုင် ချက်ချင်း တန်းသတိပြုမိလိုက်တယ်။
“လာ၊ လာ၊ လာ” ရန်ကျောင်းက ရန်ကိုင်ကို အားတက်သရောနဲ့ ဆွဲခေါ်လိုက်တယ်။ ထို့နောက် စားပွဲရဲ့ တစ်ဖက်စွန်းမှာ ထိုင်နေတဲ့ လူငယ်လေးကို လက်ညိုးထိုးပြလိုက်ပြီး သူ့မေးစေ့ကို ပွတ်လိုက်ရင်း ပြုံးကာ မေးလိုက်တယ် “သူဘယ်သူလဲ ဆိုတာ မင်းမှတ်မိလား”
ရန်ကိုင်က ရန်ကျောင်း ညွှန်ပြရာဆီ တစ်ချက် လှမ်းကြည့်လိုက်ပြီး အသာအယာလေး ပြုံးလိုက်ကာ “ငါးယောက်မြောက် အစ်ကိုကြီးပဲ”
ရန်ကိုင်ရဲ့ ငါးယောက်မြောက် အစ်ကိုဖြစ်တဲ့ ရန်ခန်းက ရန်ကျောင်းနဲ့ ညီအစ်ကိုအရင်းတွေပါ။ ထိုရန်ခန်းလည်း ဗဟိုမြို့တော်ဆီ ပြန်ရောက်နေလိမ့်မယ်လို့ ရန်ကိုင် မမျှော်လင့်ထားခဲ့ပါဘူး။
ရန်ကိုင်က ရန်ကိုင်ကို တစ်ချက်သာ ကြည့်လိုက်ပြီး စကားတစ်ခွန်းမှတော့ မပြောခဲ့ပါဘူး။ ခေါင်းညိတ်ရုံလေးသာ ညိတ်ပြလိုက်တယ်။ သူ့အမူအရာက နွေးထွေးမှုမရှိသလို အေးစက်စက် ဟန်ပန်လည်း မဟုတ်ပါဘူး။
ညီအစ်ကိုချင်း ပြန်ဆုံကြတဲ့အခါ သူတို့ရဲ့ တုန့်ပြန်မှုတွေက အခုလိုမျိုး ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ ဖြစ်မနေသင့်ပါဘူး။ ရန်ကိုင်ကလည်း သူ့ကို စကားမပြောချင်တဲ့ လူကို လေကုန်ခံပြီး အားရပါးရ လိုက်ပြောနေမယ့် လူစားမျိုး မဟုတ်ပါဘူး။
အခန်းထဲမှာ ရှိနေတဲ့ လူအားလုံးက ရန်ကိုင်ကို မြူးထူးစွာနဲ့ ကြည့်နေခဲ့ကြတယ်။ အားလုံးက ရန်ကိုင် ပျာယီးပျာယာခတ်တာ ဒါမှမဟုတ် ရှက်ရွံ့နေတာကို မြင်ချင်နေကြတာပါ။ ဒါပေမယ့် ရန်ကိုင်ရဲ့ သစ်တုံးကြီးတစ်တုံးလို ပြောင်းလဲမှု မရှိတဲ့ အမူအရာကို မြင်တွေ့လိုက်ရတဲ့ အခါမှာတော့ အားလုံး စိတ်ပျက်မိသွားခဲ့ကြတယ်။
ရန်ကိုင်ကတော့ ထိုကိုးယိုးကားယား နိုင်သည့် လေထုကို သတိပြုမိသည့်အလား၊ ရန်ကိုင်အား တစ်ယောက်ချင်းစီနဲ့ လိုက်လံ မိတ်ဆက်ပေးနေခဲ့တယ်။
ထိုလူငယ်တွေ အားလုံးက မိသားစုကြီး ရှစ်ခုက ကလေးတွေချည်းပါပဲ။
ခန်မိသားစုက ခန်ကျန်း၊ ကောင်းမိသားစုက ကောင်းရန်ဖုန်း၊ ရီမိသားစုက ရီရှင်းရို့၊ ထိုသုံးယောက်စလုံး သူတို့မိသားစုက လူငယ်မျိုးဆက် အသီးသီးရဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ကြပါတယ်။ အခုအချိန်၌ သူတို့တွေက ရန်မိသားစုက သခင်လေးတစ်ယောက်နဲ့ လာရောက် တွေ့ဆုံနေတာဆိုတော့ သူတို့တွေက အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ဖို့ ရည်ရွယ်ထားတာ အသိသာကြီးပါ။
သူတို့ ဘယ်ဘက်ကို ရွေးမှာလဲ ဆိုတဲ့ မသေချာတဲ့ အချက်ကလေး တစ်ချက်ပဲ ရှိတာပါ။
မိတ်ဆက်လို့ ပြီးသွားတဲ့အခါ အားလုံးက ကိုယ့်နေရာ ကိုယ်ထိုင်လိုက်ကြတယ်။ ရန်ခန်းက ရုတ်တရက် ပြုံးလိုက်ပြီး ရန်ကိုင်ကို ကြည့်ကာ “ညီလေးကိုင်၊ မင်းနဂါးအသွင်ပြောင်း ရေကန်ထဲမှာ နေ့တစ်ဝက်ပဲ နေနိုင်ခဲ့တယ်ဆို”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်၊ ငါ့ခန္ဓာကိုယ်နဲ့ ပက်သက်ပြီး ပြဿနာ တစ်ခုခု ရှိနေတယ်။ အဲ့မှာ ဆက်နေလို့လည်း မထူးတော့ တစ်ခါတည်း ထွက်လာလိုက်တာ”
ရန်ခန်းက ရယ်မောလိုက်ပြီး လှောင်ပြောင်ထေ့ငေါ့သံနဲ့ ပြောလိုက်တယ် “မင်းအတွက်တော့ အဲ့လောက်က တော်တော်လေး ကောင်းနေပြီလို့တောင် ပြောလို့ရတယ်၊ မဟုတ်ဘူးလား”
“ညီလေးငါး” ရန်ကျောင်းက နှာခေါင်းရှုံ့လိုက်ပြီး ရန်ခန်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်။ နောက် ရန်ကိုင်ပုခုံးကို ချက်ချင်း ပုတ်ပေးလိုက်ပြီး နှစ်သိမ့်စကား ပြောလိုက်တယ် “မင်းရဲ့ ငါးယောက်မြောက် အစ်ကိုကြီးက အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောတတ်တော့ သူ့ကို သိပ်ပြီး စိတ်ထဲထားမနေနဲ့။ နဂါးအသွင်ပြောင်း ရေကန်က ကောလဟာလတွေလောက်လည်း မှော်မဆန်ပါဘူး။ အဲ့မှာ လေးရက် နေခဲ့ပေမယ့် ဘာအကျိုးအမြတ် မှလည်း အဲ့လောက်ကြီး မရခဲ့ပါဘူး”
“ဒုတိယအစ်ကိုက တကယ်ကို အံ့အားသင့်စရာပဲ” ရန်ခန်းက ထိတ်လန့် အံ့အားသင့်နေတဲ့ ပုံစံနဲ့ “ကျုပ်ဆို အဲ့မှာ သုံးရက်လောက် နေပြီးတာနဲ့ မတ်တပ်တောင် ရပ်နိုင်တော့တာ မဟုတ်ဘူး”
“နင်တို့ ရန်မိသားစုက နဂါးအသွင်းပြောင်း ရေကန်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ရုံမကလို့ လူတစ်ယောက်ရဲ့ ပါရမီကိုပါ စမ်းသပ်နိုင်တယ် ဆိုတာ အမှန်ပဲလား” ရီရှင်းရို့က သူမရဲ့ နှုတ်ခမ်းလေးကို ကွေးလိုက်ပြီး ကျော့ရှင်းစွာ ပြုံးလိုက်ရင်း မေးလိုက်တယ်။
ခန်ကျန်းနဲ့ ကောင်းရန်ဖုန်းတို့လည်း စိတ်ဝင်စားလာခဲ့တယ်။ ခန်ကျန်းက ထပ်ပြီး ဝင်ပြောလိုက်တယ် “ရေကန်ထဲမှာ ကြာကြာနေနိုင်လေ၊ မင်းတို့ရဲ့ အရည်ချင်းက ပိုကောင်းလေဆို”
ရန်ကျောင်းက ရန်ကိုင်ကို ကိုးယိုးကားယား အမူအရာနဲ့ ကြည့်လိုက်ပြီး အသာအယာလေး ခေါင်းလေး ညိတ်လိုက်ရင်း “မင်းတို့ ပြောတာလည်း မမှားပါဘူး။ ဒါပေမယ့် အမှန်က မင်းတို့ ပြေသလောက် မရိုးရှင်းဘူး။ လူတစ်ယောက်ရဲ့ အရည်အချင်းကို ဘယ်သူကမှ အသေအချာ မခန့်မှန်းနိုင်တာကို နဂါးအသွင်ပြောင်း ရေကန်လေးကို ဘယ်လိုလုပ်ပြီး တိုင်းတာပေးနိုင်မှာလဲ”
“ဒါပေမယ့် ရေကန်ထဲမှာ ခဏလေးပဲ နေနိုင်လေ၊ သူတို့ရဲ့ အရည်အချင်းက စုတ်ပြတ်လေပဲ၊ အဲ့ဒါကတော့ မှန်တယ်လို့ ပြောလို့ရတယ်” ရန်ခန်းက ပါးစပ် နားရွက်တက်ချိတ်တော့မတတ် ပြုံးလိုက်ရင်း ရန်ကိုင်ကို စိုက်ကြည့်လိုက်ကာ “ညီငယ်လေးကိုင် အနေနဲ့ အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး။ မင်းကို နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်း မင်း ကျင့်ကြံလို့ မရခဲ့ပါဘူး။ ဒါပေမယ့် အခု မင်းက အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်နေပြီလို့ ငါသတင်းတွေ ကြားနေရတယ်။ ဒါက မင်းအတွက်ဆို တော်တော်လေး ကံကောင်းတယ်လို့တောင် ပြောလို့ ရနေပြီ။ လူဆိုတာ ကိုယ့်ရှိတာနဲ့ ရောင့်ရဲတတ်ကတယ်ကွ”
“ငါ့ကို ဘာလုပ်သင့်တယ်၊ ညာလုပ်သင့်တယ် ဆိုပြီး လာပြောနေစရာ မလိုဘူး၊ ငါးယောက်မြောက်အစ်ကို” ရန်ကိုင်က ပြန်ပြောလိုက်တယ်။ ရန်ခန်းက သူ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာ အသိသာကြီးပါ။ ရန်ခန်းစကားတွေထဲက အဓိပ္ပါယ်ကို မမြင်နိုင်လောက်တဲ့အထိ သူတုံးအ မနေပါဘူး။ ထိုရန်ခန်းဆိုတဲ့ ဝမ်းကွဲနဲ့ ရင်းလည်းမရင်းနှီးသလို အမြင်မကြည်တာလည်း မရှိပါဘူး။ ဒါပေမယ့် ရန်ခန်းရဲ့ ကြမ်းတမ်းပြီး အထင်သေးခြင်းတို့ ဖုံးရံထားတဲ့ စကားလုံးတွေက ကြားရတာ သက်သောင့်သက်သာ မရှိလှပါဘူး။
သူ့ကို လာရန်စနေမှတော့ သူကလည်း ရန်ခန်းမျက်နှာ ပျက်၊မပျက်ကို ဘာလို့ သောက်ဂရုစိုက်နေ ရဦးမှာလဲ။
ရန်ကိုင်က သူ့ကို အခုလိုမျိုး ပြန်ပြောရဲမယ်လို့ မထင်ထားတဲ့ အတွက် ရန်ခန်းလည်း အနည်းငယ်လောက် ကြောင်သွားခဲ့တယ်။ မိသားစုကြီး ရှစ်ခုက လူငယ်သုံးယောက်ဆိုရင် ပိုပြီးတော့တောင် အံ့အားသင့်သွားကြပါသေးတယ်။ ရန်မိသားစုရဲ့ အငယ်ဆံး သခင်လေးက ဒီလောက်အထိ မောက်မာပြီး ရန်လိုတဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်လို့ သူတို့ မထင်မှတ်ထားခဲ့တာ အမှန်ပါ။
ရန်ကျောင်း ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး ရယ်မောလိုက်ရင်း ဝင်ဖြန်ဖြေလိုက်တယ် “အခု၊ အခု၊ အချင်းမများ ကြပါနဲ့တော့၊။ နဂါးအသွင်ပြောင်း ရေကန်ဆိုတာ ရေတွေပြည့်နေတဲ့ ကန်တစ်ကန် သာသာပါပဲ။ ငါတို့ ရန်မိသားစုဝင် တစ်ယောက်ရဲ့ အနာဂတ်ကို ဒီရေကန်လေး တစ်ကန်က ဘယ်လိုလုပ်ပြီး အဆုံးအဖြတ် ပေးနိုင်မှာလဲ”
“ဟုတ်တယ်” ခန်ကျန်းက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်ရင်း “မင်းတို့ ရန်မိသားစုက ကလေးတွေ အားလုံးက ကျားရဲတွေချည်းပဲ။ ဒီနှစ်အတောအတွင်း ဗဟိုမြို့တော်ရဲ့ လူငယ်မျိုးဆက်ကို ငါတို့ မိသားစုက ခုနှစ်ခုက လွှမ်းမိုးထားနိုင်ခဲ့တယ်။ အခု မင်းတို့တွေ ပြန်ရောက်လာပြီ ဆိုတော့ ငါတို ပလ္လင်နေရာက ဆင်းရမယ့် အချိန်ရောက်လာပြီနဲ့ တူတယ်”
“ညီအစ်ကိုရန်က အရမ်းကို မြှောက်ပြောနေတာပဲ။ ဗဟိုမြို့တော်ဆိုတာ အကြီးအကြီးပါ၊ ရန်မိသားစု တစ်ခုတည်းက ဗဟိုမြို့တော် တစ်ခုလုံးကို ဘယ်လိုလုပ်ပြီး ဝါးမြိုနိုင်မှာလဲလို့။ ဗဟိုမြို့တော်ရဲ့ အနာဂတ်ကို ကျုပ်တို့ လူငယ်မျိုးဆက် အားလုံး အတူတူပူးပေါင်းပြီး ခွဲဝေချုပ်ကိုင်ရမှာလေ”
ကုံးရန်ဖုန်းက ရုတ်တရက် မျက်မှောင် ကြုံ့လိုက်ပြီး မေးလိုက်တယ် “မင်းတို့ ရန်မိသားစု တိုက်ရိုက်မျိုးဆက် ဘယ်လောက်များများ အိမ်ပြန်ရောက်ပြီလဲ”
“လေးယောက်” ရန်ကျောင်းရဲ့ အမူအရာ အလျင်အမြန် တည်ငြိမ်လေးနက်သွားခဲ့ပြီး “ငါတို့ သုံးယောက်အပြင် လေးယောက်မြောက် ညီလေး ရန်ရှင်းဝူလည်း ပြန်ရောက်လာခဲ့ပြီ။ ဒါပေမယ့် လေးယောက်မြောက်ညီလေးက အပြန်လမ်းမှာ တိုက်ခိုက်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရလာခဲ့တယ်။ အကြီးအကဲတွေ အားလုံးက သူ့ဒဏ်ရာကို ကုသပေးဖို့ ကြိုးစားနေပေမယ့် သူ့အခြေအနေ ဘယ်လို ရှိလဲဆိုတာကိုတော့ ငါတို့လည်း မသိရသေးဘူး…”
ရန်ကိုင်ရဲ့ အမူအရာ အေးစက်သွားခဲ့ပြီး ရန်ခန်းရဲ့ မျက်နှာလည်း အလွန်အမင်း အရုပ်ဆိုးသွားခဲ့တယ်။
အပြန်လမ်းမှာ သူတို့အားလုံး ချုံခို တိုက်ခိုက်ခံခဲ့ရတာပါ။ ဒါပေမယ့် ကံကြမ္မာက မျက်နှာပေးနေသေးတော့ သူတို့အားလုံးကို လုံလုံခြုံခြုံနဲ့ အိမ်ကို ပြန်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရန်ရှင်းဝူကတော့ သူတို့လောက် ကံမကောင်းခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန် ဒဏ်ရာရလာခဲ့ပါတယ်။
“အပင်မြင့်လေ လေတိုက်ခံရလေပဲလေ” ရန်ကျောင်းက ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းခါယမ်းလိုက်ရင်း “ဒါပေမယ့် အခုတော့ မိသားစုက ပညာရှင်တွေ ထပ်ပြီး စေလွှတ်လိုက်ပြီ ဆိုတော့ ကျန်တဲ့လူတွေလည်း ဘာမှ ဖြစ်လောက်တော့မှာ မဟုတ်ပါဘူး။ အစ်ကိုကြီး ရန်ဝေတောင် ပြန်ရောက်တော့မယ်လို့ ပြောနေကြတယ်”
“အကြီးဆုံးအစ်ကို ပြန်လာတော့မှာလား” ရန်ကိုင်က စိုးရိမ်နေတဲ့ လေသံနဲ့ မေးလိုက်တယ်။
ရန်ကိုင်က ရန်ကိုင်ကို ပြုံးကာ ကြည့်လိုက်ပြီး “ဗဟိုမြို့တော်ဆီ ရောက်ဖို့ နှစ်ရက်ကနေ ခြောက်ရက်လောက်အထိ ကြာနိုင်သေးတယ်”
ရန်ကိုင်အမူအရာ ရုတ်ချည်း ခါးသီးသွားခဲ့တယ်။ ရန်ဝေရဲ့ အခြေအနေကို သူစိုးရိမ်နေတာ အသိသာကြီးပါ”
“ဗဟိုမြို့တော်က နောက်တစ်ကြိမ် အသက်ဝင်လာတော့မှာပဲ” ရီရှင်းရို့က ရှက်ကိုးရှက်ကန်း ဟန်ပန်နဲ့ ပြုံးလိုက်ပြီး “လျူချင်းယောင်လည်း ဆက်ပြီး အထီးကျန်နေစရာ မလိုတော့ဘူးပေါ့”
လျူချင်းယောင်ဆိုတဲ့ နာမည်ကို ကြားလိုက်တဲ့ အခန်းထဲမှာ ရှိနေတဲ့ လူအားလုံးရဲ့ အမူအရာ လေးနက်တည်ကြည် သွားခဲ့တယ်။ ရန်ကျောင်းလည်း ရုတ်တရက် တည်ကြည် လေးနက်သွားခဲ့တယ်။
လျူမိသားစုက လျူချင်းယောင်က ဗဟိုမြို့တော်ရဲ့ ပထမသခင်လေးပါ။ သူက လူငယ်မျိုးဆက်ဝင် တစ်ယောက် ဖြစ်ပေမယ့် အင်မော်တယ် တက်လှမ်းခြင်းအဆင့်၃ကို ရောက်နေပြီလို့တောင် သတင်းတွေ ထွက်နေပါသေးတယ်။ သူ့လို အရည်အချင်းရှိတဲ့ လူမျိုးဆိုတာ နှစ်တစ်ရာမှ တစ်ကြိမ်တောင် ထွက်ပေါ်ခဲပါတယ်။ လူချင်းယောင်က ဗဟိုမြို့တော်မှ ပြိုင်ဘက်ကင်းတဲ့ လွှမ်းမိုးနိုင်စွမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဒီတစ်ကြိမ် အမွေခံတိုက်ပွဲမှာ လူချင်းယောင်ကိုသာ သူတို့ဘက် ဆွဲခေါ်နိုင်ခဲ့ရင် သူတို့ရဲ့ ခွန်အားက တစ်ဟုန်ထိုး မြင့်တက်သွားမှာပါ။
“အမွေခံတိုက်ပွဲ မြန်မြန် စဖို့ ငါလည်း မျှော်လင့်မိတယ်။ မင်းတို့ ရန်မိသားစု တိုက်ရိုက်မျိုးဆက်တွေရဲ့ နည်းလမ်းမျိုးစုံကို ငါအရမ်းကို မြင်ချင်နေပြီ” ခန်ကျန်းက ထက်ရှစွာ ပြုံးလိုက်တယ်။ သူ့မျက်နှာတစ်ခုလုံး တက်ကြွစိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့တယ်။
“ဟားဟား၊ ညီအစ်ကိုတွေ၊ ညီအစ်မတွေအားလုံး….” ရန်ကျောင်းက နှလုံးသားထဲက လာတဲ့ အပြုံးနဲ့ ပြုံးလိုက်ပြီး “မင်းတို့ စိတ်မပျက်ရအောင် ငါအကောင်းဆုံး ကြိုးစားပေးပါ့မယ်”
ကုံးရန်ဖုန်းက ပြုံးလိုက်ပြီး “အဲ့အချိန်ရောက်လာတို့ ငါတို့ နှစ်ယောက် ရန်သူတွေဖြစ်နေကြမယ် ဆိုရင် ငါကို သက်ညှာပေးဖို့ မျှော်လင့်ပါတယ်”
“အတူတူပါပဲ”
သိပ်မကြာခင်မှာပဲ သူတို့ကြားက စကားဝိုင်းလေး အဆုံးသတ်သွားခဲ့ပြီး ရန်ကိုင်လည်း ထပြန်သွားခဲ့တယ်။
ပျောက်ကွယ်သွားတဲ့ ရန်ကိုင်ရဲ့ ကျောပြင်ကိုကြည့်ရင်း မိသားစုကြီး သုံးခုက သခင်လေးနဲသခင်မလေးတို့ အနည်းငယ် အံ့အားသင့်သွား ခဲ့မိတယ်။ ရန်ကျောင်းနဲ့ ရန်ခန်းတို့ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို ပေါ်ပေါ်တင်တင် ထုတ်မပြောခဲ့သလို ထုတ်လည်း မပြခဲ့ပါဘူး။ ဒါပေမယ့် နှစ်ယောက်စလုံးရဲ့ စိတ်ထဲ သူတို့ကို စည်းရုံးသိမ်းသွင်းချင်တဲ့ အတွေးတွေ ရှိနေတယ် ဆိုတာကို သုံးယောက်စလုံး သိထားကြပါတယ်။
အနည်းဆုံးတော့ သကာရည်လောင်းထားတဲ့ စကားချိုချိုလေးတွေ သူတို့ ပြောခဲ့ကြပါသေးတယ်။
ဒါပေမယ့် ရန်ကိုင်ကတော့ စားပွဲထိုင်မှာ ထိုင်လိုက်တဲ့ အချိန်ကနေစပြီး ထထွက်သွားတဲ့ အချိန်ထိ အမွေခံတိုက်ပွဲနဲ့ ပက်သက်တဲ့ စကားတစ်ခွန်းမှ မပြောခဲ့သလို သူတို့ကို စည်းရုံးသိမ်းသွင်းချင်တယ် ဆိုတဲ့ အရိပ်အယောင် နည်းနည်းမှလည်း ထုတ်မပြခဲ့ပါဘူး။
ဒါက မောက်မာတာလည်း ယုံကြည်ချက် ရှိနေတာလား။ ဒါမှမဟုတ် အစကတည်းက လက်လျှော့ထားလိုက်တာလား။
လူငယ်သုံးယောက်စလုံး မျက်မှောင်ကြုံရင်း အတွေးကိုယ်စီထဲ အသီးသီးနစ်မြော နေခဲ့ကြတယ်။
လူငယ်သုံးယောက်ရဲ့ အတွေးတွေကို သတိပြုမိလိုက်သည့်အလား ရန်ခန်းက အထင်အမြင် သေးစွာနဲ့ နှာခေါင်းရှုံ့လိုက်တယ် “ဒုတိယအစ်ကို၊ ငါက ကိုးယောက်မြောက် ညီအစ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားနေတာ မဟုတ်ဘူး။ သူတို့ လူမျိုးက အမွေခံတိုက်ပွဲမှာ ဝင်ပါလိမ့်မယ် ဆိုတာကို ငါမယုံကြည်ရုံ သက်သက်ပဲ။ သူသာ ဝင်ပြိုင်ရင် ငါတို့ ရန်မိသားစုကို အရှက်ခွဲသလိုပဲ ဖြစ်နေမှာ”
ထိုစကား ကြားလိုက်တာနဲ့ ရန်ကျောင်းက ဖွဖွလေး ရယ်မောလိုက်ပြီး “ငါးယောက်မြောက် ညီလေး၊ အငယ်ဆုံး ညီလေးကို အဲ့လောက်အထိ အထင်မသေးသင့်ဘူးကွ၊ သူက မင်းမြင်ရသလို ရိုးရှင်းတဲ့ လူစားမျိုး မဟုတ်ဘူး”
“အစ်ကိုကြီး ဘာပြောချင်တာလဲ။ သူ့ကြည့်ရတာ ဘာမှလည်း မထူးခြားပါလား”
ရန်ကျောင်း ကသိကအောက် ဖြစ်သွားခဲပြီး လေသံတိုးတိုးနဲ့ ပြောပြလိုက်တယ် “ငါမင်းကို မေးပါရစေ၊ မင်းကို အိမ်ပြန်လိုက်ပို့တဲ့ သွေးစစ်သည်တော် နှစ်ယောက်က မင်းကို ဘယ်လိုဆက်ဆံကြလဲ”
ရန်ခန်းက မကျေနပ်တဲ့ အမူအရာနဲ့ ခါးသီဂစွာ ပြန်ပြောလိုက်တယ် “သူတို့ အကြောင်း ပြောမနေစမ်းပါနဲ့ အကိုရာ၊ သူတို့နားက ထွက်လာရတော့မှပဲ ကျုပ်စိတ်သက်သာရာ ရနိုင်တော့တာ။ အဲ့နှစ်ယောက်စလုံး ကျောက်တုံးတွေနဲ့ လုပ်ထားလားတောင် မသိဘူး။ တစ်ချိန်လုံး ကျုပ်ကို လျစ်လျူရှုထားတာ။ ကျုပ်ဘာမေးမေး၊ ဘာပြောပြော အနေတဲ့ လူတွေလိုပဲ ရေငုံနှုတ်ပိတ်နေကြတာ။ သူတို့အမြင်မှာ ကျုပ် ဆိုတာ တကယ်ပဲ သခင်လေး တစ်ယောက်လားလို့ တွေးရလောက်တဲ့အထိ အဖြစ်ပဲ”
ရန်ကျောင်းလည်း အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီးနောက် ခဏအကြာ၌ ပြန်ပြောလိုက်တယ် “ငါနဲ့လာတဲ့ နှစ်ယောက်လည်း အဲ့အတိုင်းပဲ… တစ်ချိန်လုံ ကျောက်တုံးရုပ်ထုကြီးတွေလို ပြုမူနေကြတာ။ ဒါပေမယ့် ကိုးယောက်မြောက် ညီလေးနဲ့အတူ ပြန်လာတဲ့ သွေးစစ်သည်တော် နှစ်ယောက်ကတော့ သူ့ကို လေးလေးစားစား၊ ယဉ်ယဉ်ကျေးကျေးနဲ့ တကယ်ပဲ ဆက်ဆံနေခဲ့တယ်။… ကဲ၊ အဲ့ဒါက အံ့အားသင့်စရာ မကောင်းဘူးလား”
“ဘယ်လို၊ မဖြစ်နိုင်ဘူး။ သွေးစစ်သည်တော်တွေ ဆိုတာ မျက်လုံး ခေါင်းပေါ် တက်ပေါက်နေတဲ့ ကောင်တွေ။ ဒီကောင်တွေက ကိုးယောက်မြောက် ညီလေးကို လေးလေးစားစားနဲ့ ဆက်ဆံနေတယ် ဟုတ်လား။ အစ်ကို အမြင်မမှားတာရော ဟုတ်တဲ့လားဗျာ”
ရန်ကျောင်း ပြောတာကို ရန်ခန်း မယုံတာ အထင်းသားကြီးပါ၊ မယုံကြည်နိုင်တဲ့ ဟန်ပန်နဲ့ တောက်လျှောက်ကို ခေါင်းခါနေခဲ့ပါတယ်။
“အဲ့ဒါကြောင့်ပဲ မင်းရဲ့ ညီငယ်လေးကို အထင်မသေသင့်ဘူးလို့ ငါပြောနေတာပေါ့”
ရန်ခန်း ကြောင်သွားခဲ့ပြီး ရုတ်တရက် မျက်မှောင် ကြုံ့လိုက်တယ်။ ရန်ခန်း ဘာပြောလို့ပြောရန်မှန်း၊ တွေးလို့တွေးရမှန်း မသိဖြစ်နေခြ့တယ်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးတော့မှပဲ တိုးတိုးလေး ရေရွတ်လိုက်တယ် “ဒုတိယအစ်ကို၊ မင်းက သူ့ကို အရမ်းအထင်ကြီး နေတာပဲ။ သူ့ရဲ့ စုတ်ပြတ်နေတဲ့ အရည်အချင်းနဲ့ဆိုရင် သူ့မှာ ဘာလှည့်ကွက်ပဲ ရှိနေပါစေ၊ အများဆုံးမှ ရွက်ကြမ်းရေကျို အဆင့်ထက် သာရုံလေးပဲ ရှိမှာ”
ညီအစ်ကိုနှစ်ယောက် ပြောတာကို အခန်းထဲမှာ ရှိနေတဲ့လူတွေက ပြုံးကာ ငြိမ်ပြီး နားထောင်နေခဲ့ကြတယ်။ နည်းနည်းလေးတောင် ဝင်ပြောဖို့ မစဉ်းထားကြပါဘူး။ ရန်ကိုင် လုပ်သွားတဲ့ပုံစံက အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်မယ့် လူတစ်ယောက် လုပ်သင့်တဲ့ ပုံစံမျိုး မဟုတ်ဘူးလို့ သူတို့တွေကလည်း တွေးနေကြတာပါ။
ဒါပေမယ့် အဲ့လိုတွေးလိုက်တာနဲ့ သူတို့စိတ်ထဲ ရန်ကိုင်ကို မသင်္ကာ ဖြစ်လာခဲ့တယ်။ ဒီလိုပုံမျိုးနဲ့ဆို အမွေခံတိုက်ပွဲကို သူဘယ်လို ဝင်ပြိုင်မှာလဲ.
ရန်မိသားစု လေးယောက်မြောက် သခင်ကြီးရဲ့ အိမ်တော်…
ရန်ကိုင် အိမ်ပြန်ရောက်တဲ့အချိန် မှောင်နေပါပြီ။ အိမ်ထဲကို ဝင်လိုက်တာနဲ့ အစေခံခေါင်းဆာက ပျာတီးပျာယားနဲ့ သူ့ဆီ ပြေးလာခဲ့ပြီး “သခင်လေး ပြန်လာတာ ဘုးရားမတာပဲ”
ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့ပြီး စိတ်ဝင်တစားနဲ့ မေးလိုက်တယ် “ဘာတွေ ဖြစ်လို့လဲ”
“သခင်ကြီးနဲ့ သခင်မကြီးတို့ မတော်တဆ တစ်ခုခု ဖြစ်သွားတဲ့ပုံပဲ၏ အစေခံက ရန်ကိုင်ကို ထမင်းစားခန်းဆီ အလျင်စလို ဆွဲခေါ်သွားလိုက်ပြီး “ကျေးဇူးပြုပြီး ခပ်မြန်မြန် လိုက်ခဲ့ပေးပါ”
“မတော်တဆလား.၊ ဘာတွေ ဖြစ်ခဲ့တာလ” ရန်ကိုင်စိတ်ထဲ ရုတ်တရက်ကြီး စိုးရိမ်စိတ်တို့ မြင့်တက်လာခဲ့ရတယ်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး သူ့အမေနဲ့ အဖေ ရှိမယ့် နေရာကို ခြေရာခံကြည့်လိုက်တယ်။