← Chapters

တာအိုအင်မော်တယ်အဆင့်၏ အထက်မှအဆင့်

Vol. 38 Ch. 521

တာအိုအင်မော်တယ်အဆင့်၏ အထက်မှအဆင့်

Vol. 38 Ch. 521

အချိန် (၁၀) ရက်အတွင်း ခွန်လွန်တောင်တွင် လူများ အလွန်စည်ကားလာသည်။ အခြားသောအင်အားစုများ များစွာ ရောက်ရှိလာကြသောကြောင့်ပင်။

ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲတွင် ပါဝင်ကြသူများသာမက မပါဝင်ကြသောအချို့အုပ်စုများလည်း လာရောက်ကြည့်ရှုကြ၏။ နတ်ဘုရားရာထူးပိုင်ဆိုင်ထားသူ (၁၂)ယောက် ရောက်ရှိလာမည်ဖြစ်သောကြောင့် လာရောက်ကြည့်ရှုကြခြင်းလည်း ဖြစ်သည်။

ယခုဆိုလျှင် နတ်ဘုရားရာထူးပိုင်ရှင် (၁၂)ယောက်လုံး ထွက်ပေါ်လာပြီဖြစ်ရာ လူအများ ပိုမိုစိတ်ဝင်စားလာကြသည်။

အမှန်တော့ နတ်ဘုရားရာထူးများ၏ နာမည်အပြည့်အစုံကို သိရှိသူ အများအပြား မရှိပေ။ သူတို့က အကြမ်းဖျင်းနာမည်များကိုသာ သိရှိထားကြသည်။

မြေအောက်နတ်ဆိုးဘိုးဘေး ၊ နတ်လူသားမျိုးနွယ်ယွင်ရှောင်း ၊ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ ဧကရာဇ်ယိုတု ၊ ဧကရာဇ်ချုန်းကိုး စသည်ဖြင့် ဖြစ်၏။

သိချင်စိတ်များဖြင့် များစွာသော ဂိုဏ်းများနှင့် အုပ်စုများက အခြေအနေကို အတည်ပြုချင်ကြသည်။ ဤနေရာတွင် သူတို့လည်း နတ်ဘုရားရာထူးတစ်ခုရရှိရန် အခွင့်အရေးရကောင်းနိုင်သည်။

အားလုံးထဲတွင် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက တန်ခိုးစွမ်းအား အနည်းပါးဆုံးဟု ဆိုကြသည်။ ထိုသူက တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်မျှသာ ရှိသေးရာ နတ်ဘုရားရာထူကို လုယူသိမ်းပိုက်ရန် မျှော်လင့်ချက် ပေးလေသည်။

ထိုသတင်းကို မည်သူဖြန့်သည်ကိုတော့ မည်သူမှ မသိကြပေ။

နဝမတောင်ထွတ်တွင် ရှိနေသည့် ကျန်းလန်သည်လည်း ဤသတင်းများကို ကြားနေရသည်။ သတင်းဖြန့်သည့် တရားခံသည် မြေအောက်နတ်ဆိုးမျိုးနွယ်များ ဖြစ်နိုင်သည်။ မဟုတ်လျှင် နတ်မိစ္ဆာများနှင့် နတ်လူသားမျိုးနွယ်များလည်း ဖြစ်နိုင်၏။

အခြားမျိုးနွယ်များလည်း ဖြစ်နိုင်လေရာ တစ်ထစ်ချ သတ်မှတ်၍တော့ မရပေ။

အငြိုးအာဃာတမရှိလျှင်တောင်မှ လူတွေက ပြဿနာရှာချင်နေကြဆဲ ဖြစ်သည်။

ဤသတင်းများကို ကျန်းလန်ထံပြောပြသူကတော့ အဋ္ဌမမင်းသားပင် ဖြစ်သည်။

တစ်ချိန်တည်းပင် လုန်မန်တစ်ယောက်က ထိုသူများကို "မသိနားမလည်သူများ" ဟု ပြစ်တင်ကြိမ်းမောင်းနေခဲ့သည်။

အဋ္ဌမမင်းသားက ထိုသူများကို ရှင်းပြမနေပေ။ အချိန်ကျလျှင် မြေအောက်နတ်ဆိုးဘိုးဘေးအတွက် နံသာပေါင်းမီးရှို့ပေးမည်ဟု ပြေဆိုပြီး ထိုအချိန်ရောက်လျှင် နတ်ဘုရားများထဲတွင် အညံ့ဆုံးက မည်သူဖြစ်ကြောင်း အားလုံးသိသွားကြပေလိမ့်မည်။

တစ်ခါတစ်ရံတွင် အညံ့ဆုံးဟု ထင်မှတ်ခံရသူများက တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်နေတတ်ပြီး တော်သည် ၊ တတ်သည်ဟု ထင်မှတ်ခံရသူများက အညံ့ဆုံးများ ဖြစ်နေတတ်သည် မဟုတ်လား။

လက်သီးနတ်ဘုရား၏ အရှိန်အဝါသည် မျိုးဆက်ဟောင်းများဖြင့် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

ကျန်းလန်ကတော့ ထိုအကြောင်းများကို အများကြီး မပြောခဲ့ပေ။ သူက အချိန်တိုင်း နားထောင်သူသာ ဖြစ်ခဲ့သည်။

ရှောင်ယွိကတော့ ရံဖန်ရံခါ ခေါင်းညိတ်ရင်း အဋ္ဌမမင်းသားနှင့် သဘောထူးအတူတူပင် ဖြစ်ကြောင်း ပြောဆိုနေသည်။ ထိုသူများက အမှန်ကိုမသိဘဲ လျှောက်ပြောနေကြသူများပင်။

ထို့နောက် မောင်နှမ (၂)ယောက် ပျော်ရွှင်စွာ စကားပြောနေကြစဉ် ကျန်းလန်ကတော့ စာဖတ်ရင်း နားထောင်နေ၏။

ကျန်းလန်က တာအိုအင်မော်တယ်အဆင့်အကြောင်း ရှင်းပြထားသည့် စာအုပ်တစ်အုပ်ကို ဖတ်ရှုနေခြင်း ဖြစ်သည်။

တာအိုအင်မော်တယ်အဆင့်တွင် ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်သည့်အဆင့်ဆိုသည့် အဆင့်ငယ်များ မရှိပေ။ ကိုယ်ပိုင်တာအိုလမ်းစဉ် ပြီးပြည့်စုံခြင်းသာလျှင် ရှိသည်။

သို့သော် ကျင့်ကြံသူတစ်ယောက်၏ ကိုယ်ပိုင်တာအိုလမ်းစဉ် ပြီးပြည့်စုံခြင်း ရှိ မရှိကို တိုက်ခိုက်စွမ်းရည်ဖြင့် မဆုံးဖြတ်နိုင်ပေ။ မဟာတာအိုလမ်းစဉ်များက အင်္ချေပေါင်းများစွာ ရှိလေရာ ကိုယ်လျှောက်သည့် တာအိုလမ်းစဉ်အပေါ်မူတည်ပြီး ဆုံးဖြတ်ရခြင်း ဖြစ်သည်။

ထို့ပြင် တာအိုကို မည်မျှ နက်နဲစွာ နားလည်သည်လဲဆိုသည့်အပေါ် မူတည်သည်။

တာအိုအင်မော်တယ်အထက်တွင် အဆင့်တစ်ခုရှိကြောင်း စာအုပ်ထဲတွင် ရေးသားထားသည်။

သူတော်စင်အဆင့်။

သူတော်စင်များသည် တာအိုနှင့်အတူလျှောက်လှမ်းပြီး တာအိုနှင့်အတူ မွေးဖွားလာကြသူများ ဖြစ်သည်။

သူတော်စင်တစ်ယောက်ဖြစ်လာရန် မိုးကောင်းကင်တာအိုလမ်းစဉ်ကို နားလည်သဘောပေါက်ပြီး မိုးနဲ့မြေမှ ကောင်းချီးလက်ဆောင်များ ရရှိရန် လိုအပ်သည်။

ဤသည်က ဖြစ်နိုင်ခြေရှိသည်ကို ကျန်းလန် မှန်းဆခြင်းဖြစ်သည်။

သို့ပေသိ ထိုလမ်းကြောင်းက ဖြတ်တောက်ခံထားရဟန် ရှိပြီး သူတော်စင်အဆင့်ကို မည်သူမှ မတက်ရောက်နိုင်ခဲ့ကြပေ။

အခြားတစ်ဖက်တွင်လည်း နတ်ဘုရားရာထူးက မိုးနဲ့မြေ၏ ကံကြမ္မာအခွင့်ကောင်းရောင်ဝါများကို ချုပ်ကိုင်ထားသည်။ ထို့ကြောငာ့် နတ်ဘုရားရာထူးက သူတော်စင်အဆ့်နှင့် နီးကပ်သည်ဟု ဆိုရမည်။

ထို့ကြောင့် နတ်ဘုရားရာထူးသည် သူတော်စင်အဆင့်၏ လှေကားတစ်ထစ်ဖြစ်လာခဲ့သည်။

ယခုအချိန်ထိ တာအိုအင်မော်တယ်အဆင့် အထွတ်ထိပ်တွင် ရပ်တည်နေကြသူများသည် သူတော်စင်အဆင့်နှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကို သိရှိခဲ့ကြသည်။

နတ်ဘုရားရာထူးကို မှီခိုအားကိုးခြင်းဖြင့် ကျင့်ကြံသူတစ်ယောက်သည် သူတော်စင် ဖြစ်လာနိုင်သည်။

နတ်ဘုရားရာထူးဖြင့်ဆိုလျှင် သူတော်စင်ဖြစ်လာရန် အခွင့်အလမ်းရှိသည်။ ထိုအခွင့်အရေးကို လူတိုင်းက ရယူချင်ကြပြီး အပြိုင်အဆိုင် ကြိုးစားချင်ကြသည်။

"ဧကရာဇ်ရှီးဟယ်က အလယ်ပိုင်းနန်းတော်က နတ်ဘုရားရာထူးကို သိမ်းပိုက်ပြီးရင် သူတော်စင်ဖြစ်လာအောင် ကြိုးစားတော့မယ်ထင်တယ်"

"အလယ်ပိုင်းနန်းတော်က အဲဒီအဆင့်ရောက်ဖို့ အနီးစပ်ဆုံးပဲမဟုတ်လား"

ကျန်းလန် တွေးလိုက်သည်။

သူက ဧကရာဇ်ရှီးဟယ်၏ အတွးများကို နားလည်လေသည်။ သူ သိချင်နေသည်မှာ ဧကရာဇ်ရှီးဟယ် သူတော်စင်ဖြစ်လာမည်ဆိုလျှင် သူသည်လည်း သူတော်စင်ဖြစ်လာနိုင်ပေမည်။

သူက နတ်ဘုရားရာထူကို အသုံးပြုခြင်းထက် သူ့ကိုယ်သူ အားကိုးပြီး ထိုအဆင့်သို့ လျှောက်လှမ်းရန် ကြိုးစားကြည့်ချင်သည်။

သူ့ကိုယ်ပိုင်အစွမ်းအစဖြင့် သူတော်စင် ဖြစ်ချင်သည်။ သို့ပေသိ ထိုသို့ဆိုလျှင် သူ အောင်မြင်နိုင်ပါမည်လား မသေချာပေ။

လက်ရှိ သူ၏ တန်ခိုးစွမ်းအားအဆင့်အတန်းဖြင့် သူတော်စင်အဆင့်သို့ မရောက်နိုင်သေးပေ။

တာအိုအင်မော်တယ်အဆင့်နှင့် သူတော်စင်အဆင့်ကြားတွင် လိုအပ်သည့် ဖြစ်စဉ်တစ်ခု ရှိသည်။ ထိုဖြစ်စဉ်မှာ ရွှေခန္ဓာကို နောက်တစ်ကြိမ် ထပ်မံကျင့်ကြံရမည် ဖြစ်သည်။ ရွေခန္ဓာကို အငွေ့ပျံစေပြီး ပြန်လည် သိပ်သည်းစေရမည်။

ဤနည်းအားဖြင့် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်သည် သူတော်စင်ခန္ဓာအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

ထိုအဆင့်ရောက်လျှင် တာအိုအင်မော်တယ်အဆင့်မှ ကျော်လွန်သွားပြီ ဖြစ်သော်လည်း တာအိုအင်မော်တယ်အဆင့်ပင် ဖြစ်နေသေးသည်။

ပြောရလျှင် တာအိုအင်မော်တယ်လည်းမဟုတ် ၊ သူတော်ဆင်လည်းမဟုတ်သည့် အဆင့်ဖြစ်သည်။

သူတော်စင်တစ်ပိုင်းဟု ခေါ်နိုင်သည်။ ထိုအဆင့်ကို ရောက်ရန်မှာ အလွန်ခက်ခဲသည်။ ပျက်သုန်းတစ်စပြင်လောကကြီးတွင် ထိုအဆင့်သို့ ရောက်ရှိသူ အနည်းငယ်သာ ရှိသည်။

ခွန်လွန်တောင်တစ်ခုလုံးတွင် ဂိုဏ်းချုပ်တစ်ယောက်သာလျှင် ထိုအဆင့်သို့ ရောက်ရှိခဲ့ကြောင်း စာအုပ်ထဲတွင် ရှင်းရှင်းလင်းလင်း ရေးသားထားသည်။ အခြား မည်သူမှ မလုပ်နိုင်ခဲ့ပေ။

"ဒါပေမဲ့ ခွန်လွန်တောင်မှာ တစ်ယောက်ရှိတယ်ဆိုရင် တခြားနေရာမှာလည်း ရှိချင်ရှိနိုင်တာပဲ"

ကျန်းလန်က နတ်ဘုရားရာထူး ပိုင်ဆိုင်ထားသူများအကြောင်း စဉ်းစားကြည့်လိုက်သည်။ ထိုသူများထဲတွင် တစ်ဝက်ကျော်ခန့်က သူတော်စင်အဆင့် ဖြစ်နိုင်သည်။

မြေအာက်နတ်ဆိုးဘိုးဘေးသည်လည်း သူတော်စင်တစ်ပိုင်း ဖြစ်ချင်ဖြစ်နေပမည်။ ပြော၍မရပေ။

ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက တန်ခိုးစွမ်းအား အထွတ်ထိပ်အဆင့်ဖြင့် ခွန်လွန်တောင်သို့ ရောက်လာနိုင်သည်မှာ ကံကောင်းသည် ဆိုရမည်။ မဟုတ်ပါက သူတော်စင်တစ်ပိုင်းအဆင့် ဖြစ်နေလျှင် ကျန်းလန် အနိုင်ယူနိုင်ရန် ခက်ခဲသွားပေလိမ့်မည်။

သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်ရောက်သင့်သလားဆိုသည့်အချက်ကို စာအုပ်ထဲတွင် ရေးသားသုံးသပ်ပြထားသည်။

အမှန်တော့ သူတော်စင်အဆင့်သို့ တက်လှမ်းလိုစိတ်မရှိလျှင် သူတော်စင်တစ်ပိုင်းဖြစ်အေင် ကျင့်ကြံနေစရာမလိုပေ။

သူတော်စင်တစ်ပိုင်းများရှိနေရခြင်း၏ အကြောင်းရင်းမှာ အရည်အချင်း ၊ တန်ခိုးစွမ်းအားများ ပြည့်စုံလုံလောက်သော်လည်း သူတော်စင်ဖြစ်လာရန် ထောက်ပံ့ပေးမည့် အထောက်အကူပစ္စည်း မရှိသောကြောင့် ဖြစ်သည်။

အစစအရာရာ ကြိုတင်ပြင်ဆင်ထားပြီးမှ အခွင့်အရေးရသည်နှင့် ချက်ချင်းအဆင့်တက်နိုင်မည် ဖြစ်ကာ နောက်ဆက်တွဲ အခက်အခဲများကို ပိုမိုလွယ်ကူစွာ ရင်ဆိုင်နိုင်မည် ဖြစ်၏။

အကြမ်းဖျင်းသဘောပေါက်သွားပြီးနောက် ကျန်းလန် စာအုပ်ကိုပိတ်လိုက်သည်။

"ငါက အခုဆိုရင် တာအိုအင်မော်တယ် အထွတ်ထိပ်အဆင့်ကို ရောက်နေပြီ ၊ အနာဂတ်ဘာဆက်လုပ်မလဲဆိုတာ ရွေးချယ်စရာ (၂)ခု ရှိတယ် ၊ တစ်ခုက ရွှေခန္ဓာကို ပြန်လည်ကျင့်ကြံပြီး သူတော်စင်တစ်ဝက်အဆင့်ရောက်အောင်လုပ်မလား ဆိုတာပဲ ၊ ဒါဆို အနာဂတ်မှာ အခွင့်အရေရတာနဲ့ သူတော်စင်အဆင့်ကို တက်လှမ်းနိုင်မယ်"

"နောက်တစ်ခုကတော့ သူတော်စင်အဆင့်ကို မတက်တော့ဘဲ တာအိုလမ်းစဉ်အဆုံးသတ်မှာပဲနေထိုင်ပြီး နောက်ထပ်တာအိုလမ်းစဉ်တွေကို ထပ်ပြီး လေ့လာမလား ဆိုတာပဲ"

"သူတော်စင်အဆင့်တက်ဖို့ကို စိတ်ဝင်စားပေမယ့် အဲဒီ ဖြတ်တောက်ခံထားရတဲ့လမ်းကို ဘယ်လိုရှာဖွေရမလဲဆိုတာက အခက်ခဲဆုံးဖြစ်နေတယ်"

ကျန်းလန် တွေးနေမိသည်။

သူ့အတွက် သူတော်စင်တစ်ပိုင်းဖြစ်ရန်က မလွယ်ကူသို အချိန်များစွာလည်း ပေးရမည် ဖြစ်သည်။ သူ လုပ်ချင်သည်မှာ သူ့ကိုယ်ပိုင်လမ်းကို ရှာဖွေပြီး ကိုယ့်အစွမ်းကိုယ့်အစဖြင့် သူတော်စင်ဖြစ်လာရန် လမ်းကြောင်းကို ရှာဖွေရန် ဖြစ်၏။

ထိုလမ်းကြောင်းကို တွေ့နိုင်မည်လား မသေချာသော်လည်း အလျင်စလိုလုပ်စရာတော့ အကြောင်းမရှိပေ။ ဖြည်းဖြည်းချင်း လျှောက်လှမ်းရမည် ဖြစ်သည်။

"ဟူး"

ကျန်းလန် ခြံဝင်းထဲတွင်ထိုင်နေရင်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

လုန်မန်ကတော့ နဝမတောင်ထွတ်မှ ပြန်သွားပြီ ဖြစ်သည်။

ကောင်းကင်ထက်တွင် အလင်းရောင်များထွက်ပေါ်လာပြီး ထိုအလင်းရောင်က အမည်မသိနေရာတစ်ခုဆီသို့ ရောက်ရှိသွားပြီး အဆုံးမဲ့မိုးကုပ်စက်ဝန်းနှင့် ချိတ်ဆက်ထားသည့်အလား ထင်မှတ်ရသည်။

ထို့နောက် အလင်းရောင်က (၁၂)ပိုင်းကွဲကာ နတ်ဘုရားရာထူးပိုင်ဆိုင်သူ (၁၂)ယောက်၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်လာသည်။

ရှောင်ယွိကလည်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရင်း...

"ဂိုဏ်းတူမောင်လေး ၊ သွားရတော့မှာလား"

ကျန်းလန်က...

"အင်း ကိုယ့်ကို တစ်ယောက်ယောက်က ခေါ်နေတယ်လို့ ခံစားရတယ်"

ယနေ့က ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစတင်သည့်နေ့ဖြစ်သည်။

နတ်ဘုရားရာထူးပိုင်ရှင်များကို ဆင့်ခေါ်ရာတွင် အဋ္ဌမမင်းသားကတော့ အရင်တစ်ခေါက်လို ရောက်လာနိုင်တော့မည် မဟုတ်ပေ။

သူက တိုက်ပွဲအတွက် ပြင်ဆင်ရမည် ဖြစ်၏။

အချိန်အားလျှင် ကောင်ငယ်လေးနှင့် အဋ္ဌမင်းသားကို လာရောက်တွေ့ဆုံဦးမည်ဟု သူက ပြောခဲ့သည်။

သို့သော် သူ အားမည်လားတော့ မသိရပေ။ ဧကရာဇ်ရှီးဟယ်၏ အစီအစဉ်များအပေါ်တွင် မူတည်သည်။

ပုံမှန်ဆိုလျှင် သူ အချန်အားနိုင်မည် မဟုတ်ပေ။ အဋ္ဌမမင်းသားနှင့် အခြားသူများတိုက်ခိုက်သည့်အခါ သူက မရဏလောကနှင့် ကောင်းကင်ဘုံမှ ဖိအားကို တွန်းလှန်ပေးထားရန် လိုအပ်သည်။

အကယ်၍ တိုက်ပွဲတွင် ရှုံးနိမ့်မည်ဆိုလျှင်တောင်မှ သင်ပေးထားသည့်ဓားသိုင်းကိုအပေါ် မျှော်လင့်ချက်ထားနိုင်သည်ဟု ကျန်းလန်က အဋ္ဌမမင်းသားကို သတိပေးခဲ့သည်။

အဋ္ဌမမင်းသားက နားမလည်သော်လည်း ခေါင်းညိတ်ပြသည်။

လုန်မန်က ထိုစကားကို နားမလည်သော်လည်း ဓားသိုင်းက အစွမ်းထက်သည်ကို ရိပ်မိသည်။ ထို့ပြင် တိုက်ပွဲတွင် ထိုဓားသိုင်း မည်မျှ အစွမ်းထက်မည်ကိုလည်း အလွန်သိချင်နေမိသည်။

ကျန်းလန်က တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို ရှောင်ယွိလက်ထဲ ထည့်ပေးလိုက်ရင်း...

"ဂိုဏ်းတူအစ်မ ၊ ကြည့်ချင်ရင် ဒီကြေးမုံမှန်ကတစ်ဆင့် ကြည့်နော် ၊ ဒါပေမဲ့ နတ်ဘုရားရာထူးပိုင်ရှင် (၁၂)ယောက်ကိုတော့ လုံး၀ မကြည့်နဲ့ ၊ တောင်သခင်တွေနဲ့ သူတို့အနားပတ်ဝန်းကျင်ကလူတွေကိုလည်း ကြည့်ဖို့မစဉ်းစားနဲ့ ၊ သူတို့က တာအိုအင်မော်တယ်တွေမို့လို့ ဂိုဏ်းတူအစ်မကြည့်နေတာကို သိသွားလိမ့်မယ်"

"တာအိုအင်မော်တယ်မှ မဟုတ်ဘူး ၊ တာ့လော်အင်မော်တယ်ဆိုရင်တောင် ဂိုဏ်းတူအစ်မကြည့်နေရင် သိသွားနိုင်တယ်"

တာ့လော်အင်မော်တယ်အဆင့်က ရှောင်ယွိကို အန္တရယ်ပေးနိုင်မည် မဟုတ်သော်လည်း တာအိုအင်မော်တယ်များနှင့် ရင်ဆိုင်ရလျှင်တော့ အလွန်အန္တရယ်များသည်။

နတ်ဘုရားရာထူး ပိုင်ဆိုင်ထားသူများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

ထိုသူများက မိုးနဲ့မြေမှ ကံကြမ္မာအခွင့်ကောင်းများကို အလိုလိုနေရင်း ရရှိထားသူများ ဖြစ်ကြသည်။

သာမန်ကျင့်ကြံသူများအနေဖြင့် သူတို့နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

ရှောင်ယွိက ကျန်းလန်၏စကားကို အလေးအနက်ဖြင့် ခေါင်းညိတ်နားထောင်သည်။

"ဟုတ် ဟုတ်"

အရေးကြီးပုဂ္ဂိုလ်များစွာ ရှိနေသဖြင့် သူမ ကြေးမုံမှန်မှတစ်ဆင့် ကြည့်ရသည်မှာပင် အလွန်အန္တရယ်များသည်။ သို့သော် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကို မကြည့်ဘဲလည်း သူမ မနေနိုင်ပေ။

ကျန်းလန်က...

"ဒါဖြင့် ကိုယ်သွားတော့မယ်နော် ၊ ဂိုဏ်းတူအစ်မ"

"ကောင်းကောင်းသွားပါ ၊ ဂိုဏ်းတူမောင်လေးရဲ့ ရုပ်ခန္ဓာကို ကျွန်မဆီ စိတ်ချလက်ချ အပ်ခဲ့ပါ ၊ ဘာမှ မဖြစ်စေရဘူး"

"ဒီ နဂါးမလေး ဘယ်လောက်တောင် ယုံကြည်မှု ရှိနေလိုက်သလဲ" ဟု ကျန်းလန် တွေးလိုက်သည်။

ထို့နောက် ရှောင်ယွိကို ခေါင်းညိတ်ပြလိုက်ပြီး ဧကရာဇ်ရှီးဟယ်၏ ဖိတ်ခေါ်မှုကို တုံ့ပြန်လိုက်လေတော့၏။

***

All Chapters