← Chapters

နဂါးဓားသိုင်း

Vol. 38 Ch. 524

နဂါးဓားသိုင်း

Vol. 38 Ch. 524

စင်မြင့်ထက်မှ ပထမဆုံးတိုက်ပွဲ။

ကောင်ငယ်လေးနှင့် အခြားသူများက အာရုံစိုက် ကြည့်နေကြသည်။

အလူအတော်များများက ပထမဆုံးတိုက်ပွဲအတွက် အလွန်စိုးရိမ်နေခဲ့ကြသည်။ မည်သူအနိုင်ရမည်ကို စိတ်မဝင်စားကြသော်လည်း တိုက်ပွဲပြီးဆုံးသွားလျှင် ကြုံတွေ့ရမည့်အဖြစ်အပျက်များကို အားလုံးက သိချင်နေကြခြင်း ဖြစ်သည်။

ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ၏ ပတ်ဝန်းကျင်အနေအထားက လက်ရှိတွင် တည်ငြိမ်နေလေသည်။ သို့သော် တိုက်ပွဲစတင်သည်နှင့် ပြောင်းလဲသွားမည် ဖြစ်သည်။ မည်သို့ ပြောင်းလဲမည်လည်း မခန့်မှန်းနိုင်လေရာ တိုက်ပွဲဝင်သူများအားလုံး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရသည်။

တိုက်ပွဲတွင်အနိုင်ရသူက ကောင်းကင်ဘုံနှင့် မည်သို့ချိတ်ဆက်ပြီး မရဏလောကသို့ မည်သို့ဆင်းသက်မည်ကိုလည်း သိချင်နေကြသည်။ ထိုအချက်က အကျိုးရှိသည်ကိစ္စတစ်ခုဖြစ်ပြီး နတ်ဘုရားရာထူးပိုင်ဆိုင်ထားသည့် တန်ခိုးစွမ်းအားရှင်များကလည်း အလေးထားသည်။

ပွဲကြည့်ပရိတ်သတ်များကြားတွင် မတ်တတ်ရပ်နေသည့် လုကျန်းက…

"အဋ္ဌမမင်းသားက တန်ခိုးစွမ်းအားတော့ အတော်လေး မြင့်မားတယ် ၊ ဒါပေမဲ့ အနိုင်ရဖို့ မလွယ်ဘူး"

လင်အန်းနှင့် ပေဖန်းတို့ကလည်း တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေကြသည်။

ယနေ့က သူတို့အားလုံး တိုက်ခိုက်ရမည့်အလှည့် မဟုတ်သေးပေ။ မနက်ဖန် ၊ သဘက်ခါမှသာ သူတို့တိုက်ခိုက်ရမည့်အလှည့်သို့ ရောက်ရှိလာမည် ဖြစ်သည်။

လင်အန်းက…

"အဋ္ဌမမင်းသားက အရင်က ဂိုဏ်းတူအစ်ကိုလုကျန်းနဲ့လည်း တိုက်ခိုက်ခဲ့ဖူးသေးတယ်မဟုတ်လား ၊ သူက ရန်သူကို လျှော့မတွက်တတ်ဘူး ၊ အခုလည်း အနိုင်ရဖို့ နည်းလမ်းရှာဖွေနိုင်မလားလို့ တွေးမိတယ်"

လုန်မန်နှင့်တိုက်ခိုက်နေသည့် နတ်မိစ္ဆာက အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားပြီး ယခုမှ မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်သို့ တက်ရောက်ထားသည့် အဋ္ဌမမင်းသားထက် များစွာသာလွန်ကြောင်း သူတို့အားလုံး သိရှိကြသည်။

အဋ္ဌမမင်းသားမှာလည်း ခေါင်းကိုက်လျှက်ရှိသည်။ ပထမဆုံးပွဲစဉ်အစမှာပင် အနိုင်ယူရန် ခက်ခဲသူနှင့် လာတွေ့နေရသည်။

လုန်မန်၏ ကိုယ်ပိုင်တန်ခိုးစွမ်းအားဖြစ်သည့် လျှပ်စီးတန်ခိုးစွမ်းအားက အလွန်လျှင်မြန်လေသည်။ ရန်သူကို အနိုင်မရလျှင် ထွက်ပြေးရန် လုံလောက်၏။

သို့သော် ယခု တိုက်ပွဲက ပြေးမရသည့် တိုက်ပွဲဖြစ်သည်။ သူ ထွက်ပြေးပါက ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်သလို ဖြစ်သွားပေလိမ့်မည်။

သူ့တွင် အနိုင်ရရန် အားသာချက်မရှိတော့ကြောင်း လုန်မန် ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ရန်သူကို ထိပ်တိုက်ရန်သာ ရှိတော့သည်။

ထိုခဏတွင် သူ့ပတ်ဝန်းကျင်တွင် တန်ခိုးစွမ်းအားတစ်ခု စတင်ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ထိုတန်ခိုးစွမ်းအားက ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်မှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားဖြစ်သည်။

ထိုတန်ခိုးစွမ်းအားက တစ်စုံတစ်ခုကို ရွေးချယ်နေသည့်အလား အဆက်မပြတ်ပြောင်းလဲနေသည်။

"ဝှစ်"

တန်ခိုးစွမ်းအားများ ပြန်လည်တည်ငြိမ်သွားသည်နှင့် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်၏ အနေအထားက ပြောင်းလဲသွားသည်။ တိုက်ပွဲစင်မြင့်ထက်တွင်ပင် ဖြစ်သော်လည်း ပြိုင်ပွဲဝင် (၂)ယောက်ကတော့ အသစ်သောလောကတစ်ခုအလား ခံစားလိုက်ရသည်။

သူတို့ (၂)ယောက် လေထဲသို့ ရောက်ရှိနေကြပြီး မျက်စိဖြင့်ကြည့်လေရာရာတွင် ဟင်းလင်းပြင်ကြီးကိုသာ အဆုံးမရှိ တွေ့မြင်ရသည်။

"ငါလည်းလေထဲမှာ တိုက်ခိုက်နိုင်ပါတယ် ၊ ဒါပေမဲ့ ဟိုနတ်မိစ္ဆာက ငါ့ထက်ပိုပြီးအားသာချက်ရှိမှာပဲ"

အဋ္ဌမမင်းသားတွေးလိုက်သည်။

တိုက်ပွဲစင်မြင့်က ဝေဟင်တိုက်ပွဲအနေအထားအဖြစ် ပြောင်းလဲသွားလေရာ ငှက်မျိုးနွယ်နတ်မိစ္ဆာအတွက် ပိုပြီး အားသာချက် ရှိသွားလေသည်။

နတ်မိစ္ဆာ ဖိန်ချန်က အဋ္ဌမမင်းသားကိုကြည့်ပြီး ရယ်မောလိုက်သည်။

"ကံတရားက ကျုပ်ဘက်မှာရှိနေတဲ့ပုံပဲ"

သူက ဆက်ပြောသည်။

"နဂါးမျိုးနွယ်ရဲ့ အဋ္ဌမမင်းသားက မွေးရာပါအင်မော်တယ်လို့ ကျုပ်ကြားဖူးတယ် ၊ ကျုပ် မင်းကို တွေ့ချင်နေတာ ကြာပြီ"

အဋ္ဌမမင်းသားက ပြုံးလိုက်ရင်း…

"ဒါပေါ့ ၊ ကျုပ်က မွေးရာပါအင်မော်တယ်ဆိုတော့ မင်း ကျုပ်ကို ရှုံးမယ်ဆိုရင်တောင် ဂုဏ်ယူစရာကောင်းတဲ့ ရှုံးနိမ့်မှုလို့ သတ်မှတ်ရမှာပဲ"

ထို့နောက် လုန်မန်၏လက်ထဲတွင် လှံရှည်တစ်လက်ပေါ်လာပြီး လျှပ်စီးတန်ခိုးစွမ်းအားများကလည်း မြင့်တက်လာသည်။

သူတို့စတင်တိုက်ခိုက်ကြတော့မည် ဖြစ်သည်။

နတ်မိစ္ဆာဖိန်ချန်ကလည်း အနက်ရောင်မိစ္ဆာဓားရှည်ကြီးကို ကိုင်ဆောင်ထားသည်။ အနက်ရောင်ငှက်မွှေးများက လေထဲတွင် လွင့်မျောလျှက် ရှိ၏။

အဋ္ဌမမင်းသား၏ ပတ်ဝန်းကျင်တွင် မိုးကြိုးလျှပ်စီးများလင်းလက်လာပြီး ဖိန်ချန်ကို လှံရှည်ဖြင့် စတင်ထိုးနှက်တိုက်ခိုက်လိုက်သည်။

"ဘုန်း…"

ဖိန်ချန်က လုန်မန်၏ တိုက်ခိုက်မှုကို မရှောင်လွှဲဘဲ တန်ပြန်တိုက်ခိုက်လိုက်သည်။ သူက အဋ္ဌမမင်းသား၏ လှံရှည်ကို သူ၏ ဓားရှည်ဖြင့် ခုခံလိုက်၏။

ဓားရောင်များလင်းလက်သွားပြီး လျှပ်စီးကြောင်းများနှင့် ရောယှက်သွားပြီး မုန်တိုင်းတိုက်ခတ်သံများ မြည်ဟည်းလာသည်။

"ဘုန်း"

ထို့နောက် သူတို့ (၂)ယောက်လုံး၏ ပုံရိပ်များ ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားသည်ကို တွေ့လိုက်ကြရသည်။

"ဘုန်း"

"ဘုန်း"

လူရိပ် (၂)ခု ကွဲသွားသည်နှင့် လျှပ်စီးမိုးကြိုးများ နေရာအနှံ့သို့ ပျံ့ကျဲသွားပြီး ပြင်းထန်လွန်းသည့်အရှိန်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ခတ်သွားကာ တိုက်တိုက်များပြိုကွဲသွားမည် မိုးများပင်သည်းထန်စွာ ရွာသွန်းလာသည်။

ကျန်းလန်က သူထိုင်နေသည့်နေရာမှ အဋ္ဌမမင်းသားကို လှမ်းကြည့်လိုက်သည်။ လုန်မန် စတင်တိုက်ခိုက်သည်နှင့် သူသည်လည်း ဖိအားများကို စတင်ခံစားလာရသည်။

ထိုဖိအားများမှာ ကောင်းကင်ဘုံနှင့် မရဏလောကမှထွက်ပေါ်လာသည့် ဖိအားများဖြင့်ပြီး သူ၏တန်ခိုးစွမ်းအားများဖြင့် ပေါင်းစပ်ကာ အဋ္ဌမမင်းသား၏ တိုက်ခိုက်မှုများကို ပံ့ပိုးပေးနေသည့်အလား ဖြစ်သည်။ ဧကရာဇ်ချုန်းကိုးသည်လည်း ထို့အတူပင် ဖြစ်၏။ သူ၏ တန်ခိုးစွမ်းအားများက နတ်မိစ္ဆာဖိန်ချန်ကို ပံ့ပိုးပေးနေခဲ့သည်။

ထိုအချိန် အဋ္ဌမမင်းသား၏ ခန္ဓာကိုယ်တစ်ချက်တုန်ခါသွားပြီး သူ၏ လျှပ်စီးတန်ခိုးစွမ်းအားက ရန်သူကို အနိုင်မယူနိုင်ကြောင်း နားလည်လိုက်သည်။

ဖိန်ချန်က တန်ခိုးစွမ်အားထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်တွင် လေများတဟူးဟူးတိုက်ခတ်လာသည်။ အဋ္ဌမင်းသားသာ သတိမထားပါက ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။

ဧကရာဇ်ချုန်းကိုးက ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…

"အဋ္ဌမမင်းသား အနိုင်ရမယ်လို့ မင်းထင်လား"

ကျန်းလန်က သူမေးသည့်မေးခွန်းကို တိုက်ရိုက်မဖြေခဲ့ပေ။

"အဋ္ဌမမင်းသားက သာမန်နဂါးမျိုးနွယ်တစ်ယောက် မဟုတ်ပါဘူး"

ဟုသာ ပြန်ပြောခဲ့သည်။

ဧကရာဇ်ချုန်းကိုးက…

"ဘာလဲ ၊ သူက မွေးရာပါအင်မော်တယ်မို့လို့လား"

ကျန်းလန်က ဧကရာဇ်ချုန်းကိုးကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမှ ဆက်မပြောပေ။

ကမ္ဘာမြေ၏မိခင်က…

"ဒါပေမဲ့ အခု တိုက်ပွဲအခြေအနေက အဋ္ဌမမင်းသား မကြာခင် ရှုံးနိမ့်တော့မယ်ထင်တယ်"

အဋ္ဌမမင်းသားသည ်လူတိုင်းအာရုံစိုက်ခံရသည့် ဗဟိုချက်ဖြစ်လာပြီး အားလုံးက သူ့ကို စိတ်ဝင်စားနေကြသည်။

ဧကရာဇ်ယိုတုက ဝင်ပြောလိုက်၏။

"ဒါပေမဲ့ သူက လူသားမဟုတ်ဘူး ၊ လူသားတွေလို ယုတ်မာကောက်ကျစ်တတ်ရင်တော့ အနိုင်ရနိုင်တယ်"

ကျန်းလန် : "……"

အခြားသူများစကားပြောနေသဖြင့် ဧကရာဇ်ယိုတုကလည်း စကားမရှိ စကားရှာကာ ဝင်ပြောလိုက်ခြင်းဖြစ်သည်။

သို့သော် နတ်ဘုရားရာထူးပိုင်ရှင်များထဲတွင် လူသား (၂)ဦးသာ ရှိလေရာ ဧကရာဇ်ယိုတုက ထိုသူ (၂)ယောက်ကို တမင်သက်သက် စောင်းပြောနေသည့်အလား ခံစားရသည်။

နတ်လူသားမျိုးနွယ်ယွင်ရှောင်းက…

"အဋ္ဌမမင်းသားဘက်က အသာစီးမရနိုင်ဘူးဆိုတာ သိသာနေတာပဲ ၊ ဒီပွဲ အနိုင်မရနိုင်ဘူးဆိုတာ သူကိုယ်တိုင်လည်း သိမှာပါ"

သူ၏မှတ်ချက်ကတော့ ဓမ္မဓိဋ္ဌာန်ကျသည်ဟု ဆိုနိုင်သည်။

ဧကရာဇ်ချုန်းကိုးက ဘိုးဘေးနဂါးကို လှမ်းကြည့်လိုက်ရင်း…

"ချန်ယွမ်နဂါးမင်းကရော ဘယ်လိုထင်ပါသလဲ"

ဘိုးဘေးနဂါးက တိုးညှင်းသောလေသံဖြင့်…

"ဒါက အစပဲ ရှိသေးတယ်"

အမှန်တကယ်လည်း အစပဲရှိသေးသည်။ သို့သော် သူတို့အားလုံးကတော့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ကြသည်။

မှော်ဝိညာဉ်တောင်မှ အမတမှော်ဆရာက…

"အဋ္ဌမမင်းသားက အသာစီးမရပေမယ့် သူက ရန်သူရဲ့တိုက်ကွက်တွေအားလုံးကို ရှောင်တိမ်းနိုင်တယ် ၊ သူက အတော်လေး သတိရှိတယ်"

သူက အခြားသူများထက်တိုက်ပွဲကို ကိုပြီး ထိုးဖောက်မြင်နိုင်ဟန် ရှိသည်။

ဘိုးဘေးဇာမဏီနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်ရင်း…

"ဖိန်ချန်က အစီအရင်တစ်ခုတည်ဆောက်နေတာ ပြီးတော့မယ် ၊ ဘယ်သူအနိုင်ရမလဲဆိုတာ အဖြေထွက်တော့မယ် ၊ ပွဲက နည်းနည်းလေးမြန်သွားတယ်"

တိုက်ပွဲက သူမမျှော်လင့်ထားသည်ထက် အများကြီး ပိုမြန်သွားသည်ဟု ခံစားရသည်။

ကျန်လူများကတော့ မည်သည့်စကားမှမဆိုဘဲ တိုက်ပွဲကိုသာ ငုံ့ကြည့်နေကြသည်။ ကျန်းလန်သည်လည်း တိုက်ပွဲကိုကြည့်နေ၏။

တိုက်ပွဲရလဒ်ကို မခန့်မှန်းနိုင်သော်လည်း အဋ္ဌမမင်းသားက အတွေ့အကြုံများသူ ဖြစ်သည်။ ဖိန်ချန်က သူ့ကို အစီအရင်ပညာဖြင့် ထောင်ချောက်ဆင်ရန် ကြိုးစားနေခြင်းကို မသိရှိခြင်းမှာ မဖြစ်နိုင်ပေ။

***

တိုက်ပွဲကြည့်ရှုနေကြသည့် တောင်သခင်များ၏နေရာတွင်တော့ ကျူးချင်က မျက်မှောင်များကို ကြုတ်ထားသည်။

"အဋ္ဌမမင်းသားက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလား ၊ ဒါမှမဟုတ် ရန်သူက အစီအရင်လုပ်နေတာကို တကယ်မတွေ့တာလား"

ရန်ကျင်းက…

"သူက ရန်သူထက် အားနည်းတယ်ဆိုတာ အစကတည်းက သူသိနေပါတယ် ၊ သူက တခြားသူတွေ သဘောကျအောင် မလုပ်တတ်ပေမယ့် ကိုယ်ပိုင်အတွေးအခေါ် ကောင်းတဲ့သူပါ"

မြောင်ယွဲ့က စကားမပြောဘဲ တိုက်ပွဲကိုသာ ကြည့်နေသည်။

ကျူးချင်က…

"မင်းက မင်းရဲ့သားသမီးတွေအပေါ် ကောင်းကေင်းနားလည်တာပဲ"

သူမ၏စကားက တစ်စုံတစ်ခုကို အရိပ်အမြွက်ပြောဆိုနေဟန်ပင်။ ရန်ကျင်းက မည်သည့်စကားမှမဆိုဘဲ ကျူးချင်ကို တစ်ချက်လှမ်းကြည့်သည်။

တိုက်ပွဲစင်မြင့်ထက်တွင်တော့ အဋ္ဌမမင်းသားနှင့် နတ်မိစ္ဆာဖိန်ချန်တို့ ခန္ဓာကိုယ်ချင်း ကွဲကွာသွားကြသည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်နေကြပြီး မည်သူကမှ နောက်ဆုတ်ရန် ရည်ရွယ်ချက် မရှိပေ။

ဖိန်ချန်က…

"တိုက်ပွဲရလဒ် ထွက်လာတော့မယ် ၊ မင်းက အရမ်းစွမ်းအားမြင့်မားပါတယ် ၊ ဒါပေမဲ့ ကျုပ်က မင်းထက်ပိုတော်တယ် ၊ မင်းအနေနဲ့ ပြန်သွားပြီး ကောင်းကောင်းကျင့်ကြံသင့်တယ်"

ပြောပြီးသည်နှင့် သူက ဓားရှည်ကို ကိုင်မြှောက်လိုက်သည်။

"ကောင်းကင်ပိုက်ကွန်"

ဖိန်ချန်၏ တန်ခိုးစွမ်းအားများက ချက်ချင်းမြင့်တက်လာသည်။ တစ်ချိန်တည်းမှာပင် အပ်များပမာ စူးရှလှသည့်လေပြင်းများ ပတ်ဝန်းကျင်တွင် တိုက်ခတ်လာသည်။

ရွှေရောင်အလင်းတန်းများထွက်ပေါ်လာကာ သူနှင့် အဋ္ဌမမင်းသား၏ ခန္ဓာကိုယ်များကို ဖုံးလွှမ်းသွားသ်။ ဤသည်က ရွှေခန္ဓာစွမ်းအားပင် ဖြစ်၏။

ဤအစီအရင်ဖြင့် မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်ကို သုတ်သင်ပစ်ရန် မခက်ခဲပေ။ ခက်ခဲသည်က အစီအရင်ကို ကြိုတင်ပြုလုပ်ထားရန် လိုအပ်သည်။

ကြိုတင်ပြင်ဆင်ပြီးသည်နှင့် ဤတိုက်ကွက်က နောက်ကြောင်းပြန်လှည့်စရာ နည်းလမ်း မရှိပေ။ ရန်သူကိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေမည် ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှ တန်ခိုးစွမ်းအားများကို ခံစားလိုက်ရသည့်အခါ အဋ္ဌမမင်းသားက ရယ်မောလိုက်သည်။

"မင်းရဲ့ ဒီတိုက်ကွက်ကို ကျုပ်က စောင့်နေတာ"

"ဘုန်း"

လုန်မန်၏ ခန္ဓာကိုယ်ထက်တွင် လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး ထိုတန်ခိုးစွမ်းအားများကို အဆက်မပြတ် ဖိနှိပ်ထားလိုက်သည်။

ချက်ချင်းပင် အဋ္ဌမမင်းသားက နဂါးတစ်ဝက်အသွင်ပြောင်းလဲသွားပြီး လျှပ်စီးကြောင်းများက လှံရှည်ဆီသို့ ဆက်နွယ်ပျံ့လွင့်သွားသည်။

သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး သူ၏ နဂါးအကြေးခွံများမှ မရေမတွက်နိုင်သည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။

"အသင်္ချေနဂါးအကြေးခွံပညာ"

အဋ္ဌမမင်းသားသည် သူ၏ ခွန်အားရှိသမျှကို အသုံးပြုပြီး တန်ပြန်တိုက်ခိုက်လိုက်သည်။

ဖိန်ချန်က…

"ဟက်… ဘယ်သူအရင်ကျမလဲ ကြည့်တာပေါ့"

"ဟူး"

လျှပ်စီးတန်ခိုးစွမ်းအားများ မြင့်တက်လာပြီး ရန်သူရှိရာသို့ ဝင်ရောက်သွားသည်။

လုန်မန်က ခံစစ်ကို အာရုံမစိုက်ဘဲ တိုက်စစ်ကို အသားပေးထားသည်။ သူက ရန်သူနှင့် သူသေကိုယ်သေ တိုက်ခိုက်ချင်သည်။

"ဘုန်း"

နှစ်ဖက်ထိပ်တိုက်တွေ့မိပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှ တန်ခိုးစွမ်းအားများက အဋ္ဌမမင်းသားထံသို့ အဆက်မပြတ် ထိုးဖောက်ဝင်ရောက်သွားသည်။

"ဘန်း"

"ဘန်း"

"ဘန်း"

အသင်္ချေနဂါးအကြေးခွံစွမ်းအားက တစ်စစီ ကွဲကြေသွားပြီး လုန်မန်၏ လျှပ်စီးတန်ခိုးစွမ်းအားများက ရန်သူ၏ဓားသွားအောက်တွင် ကွဲကြေသွားသည်။

ဖိန်ချန် အနည်းငယ်အံ့အားသင့်သွားသည့်တိုင် ဓားကွက်ကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။

မကြာမီ ပို၍ပင် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပျက်သွားသည်။ လုန်မန်၏ လှံရှည်က မူလမ်းကြောင်းမှ လွှဲဖယ်သွားသည်။

"သူဘာလုပ်ဖို့ကြိုးစားနေတာလဲ"

ဖိန်ချန်တွေးလိုက်သည်။

အဋ္ဌမမင်းသားက လှံရှည်ကို အလယ်တည့်တည့်မှကိုင်ထားပြီး ဓားတစ်လက်ခန့်ပင် မရှည်တော့ပေ။ သူ သေချင်နေတာလား။

မကြာမီ ဖိန်ချန် နားလည်သွားသည်။ လုန်မန်က သူတို့ (၂)ယောက်လုံး ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်မည့်နည်းလမ်းဖြင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဖိန်ချန် သူ့ဓားကို ပြန်မရုတ်သိမ်းနိုင်တော့ပေ။

"ဝှစ်"

ဖိန်ချန်၏ဓားရှည်က အဋ္ဌမမင်းသား၏ ရင်ဘတ်ထက်သို့ ထိုးစိုက်မိသွားပြီး လုန်မန်၏ လှံရှည်သည်လည်း ဖိန်ချန်၏ ခန္ဓာကိုယ်ကို ဖောက်ဝင်သွားသည်။

"ကျုပ်ရဲ့ လှံရည်က ခြေလှမ်းခုနစ်လှမ်းလောက် ဝေးပေမယ့် ခြေခုနစ်လှမ်းအတွင်းမှာ မြန်လည်မြန်သလို ပြင်းလည်းပြင်းထန်တယ်"

ပြောရင်းဖြင့် အဋ္ဌမမင်းသားက လှံရှည်ကို ပြန်ဆွဲနှုတ်လိုက်သည်။

နှစ်ယောက်လုံး ဒဏ်ရာရသွားသော်လည်း ဖိန်ချန်က ပိုမိုလျှင်မြန်သည့်အရှိန်ဖြင့် လုန်မန်ကို ဓားဖြင့်ထိုးစိုက်လိုက်သည်။

ပတ်ဝန်းကျင်လေထုကလည်း အပ်သွားများပမာ ထက်ရှလွန်းပြီး လုန်မန်ကို တိုက်ခိုက်လျှက် ရှိ၏။

"ဘန်း"

"ဘန်း"

ဓားကိုင်ထားသည့် နတ်မိစ္ဆာတစ်ယောက်နှင့် လှံရှည်ကိုင်ထားသည့် နဂါးမျိုးနွယ်တစ်ယောက်။

နှစ်ယောက်လုံးဒဏ်ရာများရကာ သွေးများယိုစီးထါက်နေကြသည်။

အဋ္ဌမမင်းသား၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ပြည့်နက်နေပြီး ရဲရဲနီလျှက် ရှိသည်။ သူက တစ်ဖက်လူ၏ တိုက်ကွက်ကို ရှောင်တိမ်းခြင်းလည်း မရှိသလို ခုခံကာကွယ်ခြင်းလည်း မရှိပေ။ စက္ကန့်ပိုင်းအတွင်း ပြိုင်ဘက်ကို အနိုင်ယူချင်သည်။

သို့ပေသိ တစ်ဖက်တွင်လည်း ဖိန်ချန်က လုံး၀ အကြောက်တရား မရှိပေ။ သူက ရွှေခန္ဓာစွမ်းအားကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်သည်နှင့် သူ၏ သားရဲသဘဝသည်လည်း ထွက်ပေါ်လာသည်။

ပွဲကြည့်ပရိတ်သတ်များမှာ ရင်တထိတ်ထိတ်ဖြစ်နေကြသည်။

လင်အန်းနှင့် ပေဖန်းက လုကျန်းကို လှမ်းကြည့်လိုက်ကြသည်။

ဤသို့ ခံစစ်လုံး၀ မတိုက်ခိုက်ဘဲ သူသေကိုယ်သေ တိုက်စစ်ကစားခြင်းသည် လုကျန်း လုပ်လေ့ရှိသည့် တိုက်ကွက် ဖြစ်သည် မဟုတ်လား။

လုကျန်းက သူ ဘာမှ မသိပါဆိုသည့် မျက်နှာထားဖြင့်...

"ကျုပ်ကို မကြည့်နဲ့ ၊ ကျုပ်သူ့ကို ဘာမှသင်ပေးမထားဘူး"

ကျန်းလန် အောက်သို့ ငုံ့ကြည့်လိုက်သည်။ အဋ္ဌမမင်းသားအတွက် ဤသည်က အမှန်တကယ်ပင် အနိုင်ရရှိရန် အခွင့်အလမ်း အများဆုံးရှိသည့် ဗျူဟာ ဖြစ်သည်။

သို့သော် ဖိန်ချန်နှင့် လုန်မန်ကြားတွင် တန်ခိုးစွမ်းအားကွာခြားမှုက များပြားသည်။ ဖိန်ချန်ကသာ ကောင်းကင်ပိုက်ကွန်အစီအရင်ကို အသုးမပြုခဲ့လျှင် အဋ္ဌမမင်းသား အနိုင်ရရန် အခွင့်အလမ်းများသည်။

သို့သော် အဋ္ဌမမင်းသားသည် ထိုအခွင့်အရေးကို မရှာနိုင်ခဲ့ပေ။ ရန်သူ၏ဓားက နောက်သို့ မဆုတ်လေရာ ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိသည်။

ထိုပြင် သူတို့ (၂)ယောက်၏ ရွှေခန္ဓာစွမ်းအား ကွာခြားချက်ကလည်း သိသာထင်ရားလေရာ လုန်မန်သည် ရန်သူကို မယှဉ်နိုင် ဖြစ်ရသည်။

ပြီးတော့ လုန်မန်၏ တိုက်ခိုက်နည်းဟန်က လုကျန်းနှင်းဆင်တူသလို ရှိသည့်တိုင် မတူညီပေ။ လုကျန်းက ဒဏ်ရာရာလေ ၊ ရုန်းကန်နိုင်လေ ပိုမိုစွမ်းအားမြင့်မားလာလေ ဖြစသည်။ သူက ထိုအချိန်တွင် အလွန်အမင်းရူးသွပ်သူအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကမ္ဘာမြေ၏မိခင်က...

"သူက ရန်သူကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်နိုင်ခဲ့ပေမယ့် သူ ရှုံးနိမ့်မှာကိုတော့ မပြောင်းလဲနိုင်သေးပါဘူး"

ဘီလူးဝိညာဉ်မျိုးနွယ်မှ ဧကရာဇ်တုန်းချင်က…

"ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ တခြားအပြောင်းအလဲတွေ ဖြစ်လာဦးမလား မျှော်လင့်မိတယ်"

ချန်ယွမ်နဂါးမင်းကတော့ မည်သည့်စကားမှ မပြောဘဲ စောင့်ကြည့်နေသည်။

ထိုအချိန် တိုက်ပွဲခြေအနေက ပြောင်းလဲသွားသည်။

ဖိန်ချန်၏ ရွှေခန္ဓာစွမ်းအားများ စုစည်းထားသည့် ဓားရျည်က အဋ္ဌမမင်းသား၏ လှံရှည်ကို ခုတ်ပိုင်းပစ်လိုက်သည်။

"ကလန်"

"ခရက်"

"ဘန်း"

လှံရှည်ကို ဓားသွားက ထက်ပိုင်းပိုင်းပစ်လိုက်ပြီး တစ်ဆက်တည်းမှာပင် ဓားရှည်က အဋ္ဌမမင်းသားထံသို့ ဝင်ရောက်လာသည်။

ဖိန်ချန်က သူအနိုင်ရတော့မည်ဟု ခံစားလိုက်မိစဉ်မှာပင် ဖန်သားအလားကြည်လင်သည့် သလင်းဓားတစ်လက်ထွက်ပေါ်လာပြီး သူ၏ဓားကို ပိတ်ဆို့ထားလိုက်သည်။

"ကလန်"

ဓားချက်လွဲချော်သွားသော်လည်း ဖိန်ချန်က ဆက်လက်တိုက်ခိုက်သည်။

အဋ္ဌမမင်းသားကတော့ ကောင်းကင်နဂါးဓားကို အသုံးပြုကာ ပြန်လည်တိုက်ခိုက်နေသည်။ သူက ထူးဆန်းသည့် ဓားသိုင်းတစ်ခုကို အသုံးပြုလိုက်သည်။

ထိုဓားသိုင်းက ချောမွေ့သည်ဟု ခံစားရေသာ်လည်း တကယ်တမ်း ရန်သူနှင့်ရင်ဆိုင်ရသည့်အခါ အစွမ်းအစ မရှိလှပေ။

"ဘုန်း"

ဖိန်ချန်၏ဓားနှင့် ကောင်းကင်နဂါးဓား ရိုက်ခတ်မိသည့်အခါ အဋ္ဌမမင်းသားမှာ နောက်သို့ လွင့်ထွက်သွားသည်။ သူက ချက်ချင်းပင် ဟန်ချက်ညီအောင်ထိန်းလိုက်ရင်း တိုက်ပွဲဆီသို့ ပြန်လည် ဆင်းသက်လာသည်။

တစ်ချိန်တည်းပင် ရန်သူရှိရာသို့ ပျံသန်းထွက်ခွာသွားပြီး ကောင်းကင်နဂါးဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။ သူ၏ ဓားချက်က အလွန်လျှင်မြန်သည်။

သို့သော် ဓားကွက်တွင် တစ်စုံတစ်ခု လစ်ဟာနေသည်ကို ခံစားမိပြီး လုန်မန် မျက်မှောင်ကြုတ်လိုက်သည်။

သူ ဒဏ်ရာအပြင်းအထန် ရရှိထားသလို တစ်ဖက်လူသည်လည်း မသက်သာလှပေ။ နောက်ထပ်အခွင့်အရေးတစ်ခုသာ ရရှိမည်ဆိုလျှင် အရှုံးဘက်မှ အနိုင်ဘက်သို့ ကူးပြောင်းနိုင်မည် ဖြစ်သည်။

ထိုအချိန် ဖိန်ချန်၏ဓားသွားက သူ့ထံ ဝင်ရောက်လာပြန်သည်။ လုန်မန် မျက်မှောင်ကြုတ်လိုသည်။ တစ်စုံတစ်ခုက သူ၏ဓားကို လှုပ်ရှားရန် တွန်းအားပေးနေသည့်အလား ခံစားရသည်။

သို့ပေသိ မည်သည့်အရာဖြစ်ကြောင်း လုန်မန်နားမလည်နိုင်ဖြစ်နေသည်။

ထိုအချက်ကြောင့်ပင် လုန်မန် လှံရှည်တစ်ချောင်းထပ်မထုတ်တော့ဘဲ ကောင်းကင်နဂါးဓားဖြင့်ပင် ဆက်လက်တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။

"ဘုန်း"

အဋ္ဌမမင်းသား ဓားဒဏ်ရာရရှိသွားပြီး အဝေးသို့ လွင့်ထွက်သွားသည်။

ထို့နောက် သွေးထွက်ခြင်းကို တားဆီးရန် နဂါးတစ်ဝက်အသွင် ပြောင်းလဲလိုက်သည်။

ဖိန်ချန်က ဓားကိုကိုင်မြှောက်လိုက်ပြီး နောက်ထပ်တိုက်ကွက်တစ်ခု ထုတ်ဖော်လိုက်သည်။

"ဘုန်း"

"ဘုန်း"

"ဘုန်း"

အဋ္ဌမမင်းသား၏ ခန္ဓာကိုယ်မှာ ဓားဒဏ်ရာများဖြင့်ပြည့်နေပြီး ရပ်တည်နိုင်ရန်ပင် ခက်ခဲနေသည်။

သို့တိုင်…

သူ ဓားကွက်ထုတ်လိုက်တိုင်း ပြီးပြည့်စုံခြင်းမရှိဘဲ တစ်စုံတစ်ခု လိုအပ်နေသည်ဟု ခံစားရသည်။ ဒီအတိုင်းသာ ဆက်လက်တိုက်ခိုက်နေလျှင် သူ ဓားသိုင်းကို အသုံးပြုမဖြစ်တော့ကြောင်း နားလည်လိုက်သည်။

ထိုဓားသိုင်းက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား သင်ပေးခဲ့သည့် ဓားသိုင်းပင်။

ဆိုးရွားသည့်အခြေအနေရောက်ခဲ့လျှင် ဤဓားသိုင်းက အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည်ဟု ယောက်ဖက ပြောခဲ့သည်ကို သတိရမိသည်။

"အဋ္ဌမမင်းသား ၊ မင်းက ကောင်းကင်နဂါးဓားကို ကိုင်ဆောင်ထားတဲ့ မွေးရာပါ အင်မော်တယ်ဆိုပေမယ့် ကြည့်ရတာတော့ ဒီဓားကို ဘယ်လိုအသုံးပြုရမလဲ မသိဘူးထင်တယ်"

စကားသံအဆုံးသတ်သွားသည်နှင့် ဖိန်ချန်က ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး အဋ္ဌမမင်းသားကို ခုတ်ပိုင်းပစ်ရန် စွမ်းအားများကို စုစည်းလိုက်သည်။

"ဒီဓားချက်နဲ့ မင်းရဲ့ကံကြမ္မာကို မင်း လက်ခံသွားစေရမယ်"

လုန်မန်က ကောင်းကင်နဂါးဓားကို ကိုင်ဆောင်ထားရင်း ရှေ့ဆက်တိုက်ခိုက်ရန် တွန့်ဆုတ်မနေခဲ့ပေ။

သူ အနိုင်မရခဲ့လျှင်…

သို့ပေသိ နိုင်ခြေလည်း ရှိနေပါသေးသည်။

မကြိုးစားလျှင်တော့ နိုင်ခြေလည်းရှိမည် မဟုတ်ပေ။

ဖိန်ချန်၏ဓားချက်ကို အဋ္ဌမမင်းမင်းသားက ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

မြင်ကွင်းကိုကြည့်ပြီး အဋ္ဌမမင်းသား ဘာလုပ်ဖို့ကြိုးစားသည်ကို အားလုံး နားမလည်နိုင်ဖြစ်သွားသည်။

"ဂိုဏ်းတူအစ်မ ၊ သူ ဘာလုပ်ချင်တာလဲ သိလား"

ကျူးချင်က မြောင်ယွဲ့ကို မေးလိုက်သည်။

အမှန်တော့ လုန်မန် ဘာလုပ်ချင်မှန်း ရန်ကျင်းပင် နားမလည်ခဲ့ပေ။

လုန်စီးစီးက မြောင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။ သူမလည်း နားမလည်သဖြင့် မြောင်ယွဲ့ဘာပြောမည်လဲ သိချင်နေသည်။

မြောင်ယွဲ့က ပေ့ါပေါ့ပါးပါးပင် ရယ်မောလိုက်ရင်း...

"ဆက်ကြည့်ပါလေ ၊ အပြောင်းအလဲအသစ်တစ်ခု ရှိချင်ရှိမှာပေါ့"

သူမစကားကြောင့် အခြားသူများ စိတ်ရှုတ်ထွေးသွားကြသည်။ ဟုန်လွမ်ကတော့ ပို၍ပင် စိတ်ရှုတ်သွားသည်။

ယခုအချိန်ထိ ရောက်လာပြီးမှ အပြောင်းအလဲအသစ်က ရှိဦးမည်လား။

ကျန်းလန်လည်း မျက်ခုံးများတွန့်ချိုးထားရင်း ခေါင်းငုံ့ကြည့်လိုက်သည်။

လန်ုမန်သည် ဖိအားတစ်စုံတစ်ခုကို ခံစားရနေဟန် ရှိသည်။

ထိုဖိအားကြောင့်ပင် နဂါးဓားသိုင်းကို နဂါးဓားသိုင်းအနှစ်သာရဖြင့် ပေါင်းစပ်ရန် ကြိုးစားနေသည်။

အောင်မြင်နိုင်မလားဆိုသည်ကို ကျန်းလန်မသိပေ။ ဤသည် အဋ္ဌမမင်းသားအပေါ်တွင်လည်း မူတည်သည်။

အခြားသူများကတော့ အဋ္ဌမမင်းသား၏လုပ်ရပ်ကို ကြည့်ပြီး နားမလည်ဘဲ စိတ်ရှုတ်ထွေးနေကြသည်။

ဧကရာဇ်ရှီးဟယ် ၊ ချန်ယွမ်နဂါးမင်းနှင့် နတ်လူသားမျိုးနွယ်ယွင်ရှောင်းတို့ပင် နားလည်နိုင်ခြင်း မရှိကြပေ။

သို့သော် သိပ်မကြာမီ ချန်ယွမ်နဂါးမင်း အံ့အားသင့်သွားတော့သည်။

တစ်စုံတစ်ခု ထွက်ပေါ်လာသလို ထင်မှတ်လိုက်ရသည်။

ကျန်းလန်ကတော့ ပြုံးလိုက်မိ၏။

ပြီးသွားပြီ။

လုန်မန်ကတော့ နဂါးဓားသိုင်းကို အပြည့်အ၀ ပေါင်းစပ်အသုံးပြုနိုင်သွားခဲ့ပြီ။

ထိုအချိန် နဂါးဧကရီရန်ကျင်းက အံ့သြတကြီးဖြင့် မတ်တတ်ထရပ်လိုက်သည်။ သို့သော် တည်ငြိမ်မှုပျက်ပြားသွားသည်ကို သတိရလိုက်ပြီး ချက်ချင်း ပြန်ထိုင်လိုက်သည်။

မြောင်ယွဲ့က ရယ်မောလိုက်၏။

"ကြည့်ရတာ အပြောင်းအလဲတစ်ခုခု ဖြစ်သွားပြီထင်တယ်"

သူမ၏စကားကို ကျူးချင်က သဘောမပေါက်ပေ။  အခြားသူများသည်လည်း နားမလည်ကြပေ။

အဘယ်ကြောင့်ဆိုသော် နဂါးမျိုးနွယ်များသာလျှင် နဂါးဓားသိုင်းကို ခံစားနိုင်သောကြောင့် ဖြစ်သည်။

ရန်ကျင်းက မြောင်ယွဲ့ကို လှည့်ကြည့်လိုက်သည်။ သူမ အတွေးများမည်သို့ရှိသည်ကို ဘယ်သူမှ မသိနိုင်ပေ။

နောက်ဆုံးတော့ လုန်စီးစီးလည်း သဘောပေါက်သွားပြီး မယုံကြည်နိုင် ဖြစ်သွားသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ကောင်ငယ်လေးကတော့ လုန်မန်နှင့်အတူ ဓားသိုင်းလေ့ကျင့်ဖက်ဖြစ်သဖြင့် ခံစားသိရှိမိသည်။

ယန်ရှီးယွင်ကတော့ ဟုန်ယာနောက်တွင်ပုန်းအောင်းရင်း မျက်လုံးများကို မှိတ်ထားသည်။ သူမ၏အစ်ကိုကြီး ရန်သူ့ဓားချက်ဖြင့် နှစ်ခြမ်းကွဲတော့မည်ကို သူမ မကြည့်ရက်ပေ။

အဋ္ဌမမင်းသားကတော့ ရန်သူ၏ဓားချက်ကို ထိပ်တိုက်ရင်ဆိုင်ရင်း မျက်နှာထက် အပြုံးရိပ်တစ်ခု ထင်ဟပ်သွားသည်။

သူက ဓားသိုင်းကို ဓားသိုင်းအနှစ်သာရဖြင့် ပေါင်းစပ်နိုင်ခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဓားသွားကသူ့လက်ထဲတွင် တုန်ခါလာပြီး စူးရှကျယ်လောင်သည့်အသံတစ်သံက ပဲ့တင်ထပ်ထွက်ပေဂလာသည်။

"နဂါးဓားသိုင်း"

"ဝှစ်"

အားလုံး စိတ်ရှုတ်ထွေးနေကြစဉ်မှာပင် လုန်မန်၏လက်ထဲမှ သလင်းဓားမှ မရေမတွက်နိုင်သည့် သလင်းကျောက်ချွန်များ ထွက်ပေါ်လာပြီး ထက်ရှခမ်းနားသည့် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

"ဂရား"

နဂါးဟိန်းသံကြီးက ကေင်းကင်ကိုပင် တုန်လှုပ်စေသည်။

ဓားသွားကို ဝှေ့ယမ်းလိုက်သည်နှင့် တမ်များထူထပ်လာပြီး ဓားသွားကို ခုတ်ပိုင်းချလိုက်သည်နှင့် လေထုတစ်ခုလုံး ငြိမ်သက်သွားသည်။

ပတ်ဝန်းကျင်ရှိ နဂါးမျိုးနွယ်အားလုံး၏သွေးများ ဆူပွက်လာပြီး တိုက်ချင်ခိုက်ချင်စိတ်များမြင့်တက်လာသည်။

သွေးကြွလာသည့်စိတ်ဓာတ်များက သူတို့ကို လောင်ကျွမ်းသွားမတတ်ပင် ဖြစ်သည်။

နဂါးမျိုးနွယ်များ စွမ်းအားမြင့်တက်လာကြသည်။

အဋ္ဌမမင်းသားသည် နဂါးမျိုးနွယ်များ၏ ဗဟိုချက်ဖြစ်လာပြီး သူ၏ဓားက နဂါးမျိုးနွယ်များ၏ ပြင်းထန်သည့်စိတ်ထားကို ညွှန်ပြနေသည်။

နဂါးမျိုးနွယ်မှ မျိုးဆက်ဟောင်းများသည် ထိုမြင်ကွင်းကို တွေ့မြင်သည့်အခါ အလွန်အံ့သြထိတ်လန့်သွားကြသည်။

နဂါးဓားသိုင်း တစ်ဖန်ပြန်လည်ထွက်ပေါ်လာခဲ့လေပြီလား။

ယခုတစ်ကြိမ် နဂါးဓားသိုင်း အသုံးပြုခဲ့သူက အရင်တစ်ခေါက်ကလို လျှို့ဝှက်လူထူးလူဆန်းမဟုတ်ဘဲ နဂါးမျိုးနွယ်၏ အဋ္ဌမမင်းသား ဖြစ်နေခဲ့သည်။

အစပိုင်းတွင် အဋ္ဌမမင်းသားကို ကောင်းကင်နဂါးဓားပေးအပ်လိုက်သည့်အတွက် ဘိုးဘေးနဂါးက မျက်နှာလိုက်သည်ဟု အချို့သူများက ထင်မှတ်ကြသည်။ အဋ္ဌမမင်းသားက နဂါးဓားသိုင်းကို အမှန်တကယ် သင်ယူတတ်မြောက်သွားမည်ဟု မျှော်လင့်မထားခဲ့ကြပေ။

ဘိုးဘေးနဂါးကိုယ်တိုင်ပင် မည်သို့ အသုံးပြုရမှန်းမသိသည့် နဂါးဓားသိုင်းသည် ယခုတော့ နဂါးမျိုးနွယ်များထံတွင် တရားဝင်ထွက်ပေါ်လာခဲ့ပြီ ဖြစ်တော့သည်။

***

All Chapters