ဘေဘီ?
Vol. 22 Ch. 376
တတိယဦးလေးရှောင်က သူ့ဆိုင်ကိုရှာဖွေနေတုန်း ကျန်းဟိုင်ယန်က ရှောင်လင်းယွီကို ခေါ်ဆိုလိုက်သည်။
အမှတ်မထင်ပဲ ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့် အသီးအရွက်များဆိုင်ရဲ့ဘေးကဆိုင်ပိုင်ရှင်က အိမ်မှာအရေးပေါ်ကိစ္စရှိနေတဲ့အတွက် ချက်ချင်းပဲ ငှားခကို လွှဲချင်နေသည်။ နေရာမှာ ကောင်းမွန်တဲ့ကာစတာမာအသွားအလာရှိပေမယ့် လွှဲပြောင်းခကြေးကတော့ အတော်ကလေးမြင့်သည်။ ၎င်းကအနည်းဆုံး ယွမ်၃၀၀၀၀လိုအပ်ပြီး လစဉ်ငှားခက ယွမ်၂၀၀၀ဖြစ်သည်။
ရှောင်လင်းယွီက ၎င်းကို ဘာကန့်ကွက်ချက်မှမရှိပေ။
သူမ ဖွင့်ထားတဲ့ဆိုင်က နဂိုက ကျန်းဟိုင်ယန်မိသားစုပိုင်ဖြစ်သည်။ သူမဆိုင်ကိုငှားတော့ တခြားဖက်က အငှားစာချုပ်သက်တမ်းက ပြည့်သွားခဲ့သည်။ ကျန်းဟိုင်ယန်က တိုက်ရိုက်ပဲဆိုင်ကိုပြန်ယူလိုက်ပြီး ရှောင်လင်းယွီကို ဈေးနိမ့်နိမ့်နဲ့ငှားခဲ့သည်။
ဒါပေမယ့်လည်း ဘေးဆိုင်ကတော့မတူပေ။ သူတို့ဆိုင်ရဲ့ အငှားစာချုပ်က သက်တမ်းမကုန်သေးပေ။ ကျန်းဟိုင်ယန်က ဆိုင်ကိုပြန်ယူနိုင်ပေမယ့် လျော်ကြေးထက် ဆယ်ဆပေးရလိမ့်မည်။ ကျန်းဟိုင်ယန်က ၎င်းကို စိတ်မရှိပေ။
ဒါပေမယ့် ရှောင်လင်းယွီကတော့ စိတ်ခုမိသည်။ သူမက ကျန်းဟိုင်ယန်ကို အကူအညီတစ်ခု အကြွေးတင်မနေချင်ပေ။ ၎င်းက သူမကို မသက်မသာဖြစ်စေသည်။
ရှောင်လင်းယွီက ဒီကိစ္စကို တတိယဦးလေးရှောင်နဲ့ဆွေးနွေးတော့ တတိယဦးလေးရှောင်နဲ့ တတိယဒေါ်လေးရှောင်က တည်နေရာကအဆင်ပြေတယ်လို့ခံစားရသည်။
ကာစတာမာစီးဆင်းမှုကလည်း ပိုကြီးမားပြီးတော့ ပတ်ဝန်းကျင်လည်းကောင်းမွန်သေးသည်။ဒါပေမယ့် လွှဲပြောင်းကြေးနဲ့ ငှားခက အရမ်းဈေးကြီးလွန်းသည်။
ရှောင်လင်းယွီက
"အဲ့ဒီဆိုင်က သမီးဆိုင်ဘေးမှာပဲ။ သမီးတို့နောင်ကျရင် အချင်းချင်းကူညီလို့ရတယ်။ လွှဲပြောင်းခနဲ့ ငှားရမ်းခက နည်းနည်းတော့ဈေးကြိးပေမယ့် ကာစတာမာအရေအတွက်ကမဆိုးဘူးလေ။ အရေးအကြီးဆုံးက အဲ့ဒီဧရိယာက Happiness Neighborhoodနဲ့ နီးတာပဲ။ Happiness Neighborhood မှာ ချမ်းသာတဲ့အိမ်ငှားတွေအများကြီးရှိတယ်"
"နောင်ကျရင် တို့ဟူးတွေကို သမီးဆိုင်မှာပဲ တိုက်ရိုက်ရောင်းနိုင်တယ်။ ဒေါ်လေးတို့ဆိုင်မှာ တို့ဟူးပူတင်းနဲ့ ပဲနို့ကို တည်ခင်းလို့ရတာပေါ့"
၎င်းကိုကြားပြီးတော့ တတိယဦးလေးရှောင်နဲ့ တတိယဒေါ်လေးရှောင်က ခနလောက်တွေးလိုက်ပြီး
"ကောင်းပြီလေ သမီးစကားကို နားထောင်လိုက်မယ်"
ဒါကြောင့်ပဲ တတိယဦးလေးရှောင်နဲ့ တတိယဒေါ်လေးရှောင်က ဆိုင်ကိုငှားရမ်းခဲ့ကြသည်။ ၎င်းကို ထောင်ယွမ်ရွာလတ်ဆတ်သောပဲထွက်ကုန်များလို့ အမည်ပေးခဲ့သည်။
သူတို့တွေ ချက်ချင်းပဲ ပဲပိစပ်တွေပြင်ဆင်ဖို့ ကိရိယာတွေကို ရွှေ့ပြောင်းခဲ့ကြသည်။ ပြင်ဆင်မှုအနည်းငယ်ပြီးသွားတော့ ဆိုင်ဖွင့်ခဲ့သည်။ သူတို့ ပထမဆုံးနေ့မှာတင် အများကြီးပြင်ဆင်မထားရဲပေ။ ဒါကြောင့် ပဲပိစပ်၁၀ကျင်နဲ့ပဲ အလုပ်လုပ်ခဲ့ကြသည်။
ပဲနို့နှစ်ကျင်၊ တို့ဟူးပူတင်းနှစ်ကျင်နဲ့ နောက်ဆုံး တို့ဟူးခြောက်ကျင်တို့ထွက်ခဲ့သည်။
ပုံမှန်ဆိုရင် ပဲပိစပ်တစ်ကျင်က တို့ဟူး လေးငါးကျင် လုပ်နိုင်သည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီရဲ့ပဲပိစပ်တွေက တစ်ကျင်တည်းနဲ့ တို့ဟူး ခြောက်ကျင် ခုနစ်ကျင် လုပ်နိုင်သည်။ ဒါကြောင့် သူတို့တွေ ပဲပိစပ်ခြောက်ကျင်ကနေ တို့ဟူး သုံးဆယ့်ခုနစ်ကျင် လုပ်ခဲ့ကြသည်။
တို့ဟူးတွေကို ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့်အသီးအရွက်များဆိုင်မှာ ရောင်းချပြီး ပဲနို့နဲ့ တို့ဟူးပူတင်းကိုတော့ ထောင်ယွမ်ရွာလတ်ဆတ်သောပဲထွက်ကုန်များ ဆိုင်မှာရောင်းချသည်။
ဖွင့်လှစ်တဲ့နေ့မှာ တတိယဦးလေးရှောင်နဲ့ တတိယဒေါ်လေးရှောင်က အနည်းငယ်စိတ်လှုပ်ရှားပြီး မသက်မသာဖြစ်နေကြသည်။ သူတို့ရဲ့ပဲနို့နဲ့ တို့ဟူးတွေကို ဈေးမြင့်မြင့်နဲ့ရောင်းထားတာလေ။
ကာစတာမာတွေရှိပါ့မလား?
ဖွင့်လှစ်တဲ့နေ့မှာ ရှောင်လင်းယွီ၊ ကုန်းထျန်းဟောက်၊ ဘွားဘွားရှောင်နဲ့ ဘိုးဘိုးရှောင်တို့အပြင် နဂိုကခရိုင်မှာကူညီနေကြတဲ့ စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးရှောင်ကလည်း ဂုဏ်ပြုဖို့ လာခဲ့ကြသည်။ ရှောင်လင်းရှို့ကလည်း ကူညီဖို့ လာရောက်ခဲ့သည်။
မနက်စောစောမှာ ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့်အသီးအရွက်များဆိုင်မှာ လူတွေအများကြီးစုရုံးနေခဲ့ကြသည်။ ကာစတာမာတွေက သူတို့ရဲ့နေ့စဉ်ဝယ်ယူမှုတွေအတွက် တိုက်ခိုက်နေကြသည်။ ဒါပေမယ့်ဒီနေ့မှာတော့...
"ဝိုး ဒါဘာအနံ့လဲ? အနံ့က တော်တော်လေးမွှေးတာပဲ"
"ဟုတ်ဝယ် ဘာလဲအဲ့ဒါ? ဒီအနံ့ကို ဒီနားမှာသိပ်ရလေ့ရှိတယ်မထင်ဘူး"
အဲ့ဒီအချိန်မှာ တစ်ယောက်က သူ့နှာခေါင်းကိုရှုံ့လိုက်ပြီး
"ဘာလို့အနံ့က ပဲနို့နဲ့တူနေတာလဲ?"
"ဟုတ်တယ် အနံ့က ပဲနို့နဲ့တူတယ်"
"ဒါပေမယ့် ဒါကပိုလတ်ဆတ်ပြီးတော့ အနံ့ပိုပြင်းတယ်"
စူးရှတဲ့နှာခေါင်းနဲ့တစ်ယောက်က အနံ့နောက်ကို လိုက်ခဲ့ပြီး ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့်အသီးအရွက်များဆိုင်နောက်က ထောင်ယွမ်ရွာလတ်ဆတ်သောပဲထွက်ကုန်များဆိုင်ကိုတွေ့လိုက်သည်။
"ဟေး ဒီဆိုင်က ဘယ်တုန်းက ဒီမှာဖွင့်လိုက်တာလဲ?"
မကြာခင်မှာပဲ လူတိုင်းက ဆိုင်ကို သတိပြုမိသွားကြသည်။
"ကြည့်ရတာ အနံ့က ဒီဆိုင်ကလာတာထင်တယ်"
"မဟုတ်သေးဘူး ဒါပေမယ့် ဒါကဘာပဲနို့မလို့လဲ? ဆိုင်ကဖွင့်တောင်မဖွင့်ရသေးဘူး။ ဒါပေမယ့် အနံ့ကထွက်နေပြီ"
"ကြည့်ရတာ ထောင်ယွမ်ရွာက နောက်ထပ်ဆိုင်တစ်ဆိုင်ထင်တယ်။ သူတို့အသီးအနှံတွေလိုပဲ ချက်နေတုန်း အနံ့ကလည်း ပျံ့လွင့်လာတာဖြစ်ရမယ်"
ထိုလူက ဆိုင်ရဲ့နာမည်ကို ထိုးပြလိုက်သည်။
"ဆိုင်နှစ်ဆိုင်က ဆက်စပ်နေတယ်လို့မင်းထင်လား?"
တစ်ယောက်က ခန့်မှန်းလိုက်သည်။
"အဲ့လိုထင်တာပဲ။ သူတို့နှစ်ခုစလုံးက ထောင်ယွမ်ရွာကလေ"
လူတိုင်းဆွေးနွေးနေကြတုန်း စတုတ္ထဦးလေးရှောင်က ဗန်လေးတစ်စီးနဲ့ ရောက်လာသည်။
"ဒီမှာပဲ အသီးအနှံတွေကဒီမှာ"
ကားသေးလေးက ထရက်ကားကြီးနောက်ကနေ လိုက်လာခဲ့သည်။
စတုတ္ထဦးလေးရှောင်နဲ့ စတုတ္ထဒေါ်လေးရှောင်က ထရက်ကနေထွက်လာပြီးတော့ ဘွားဘွားနဲ့ ဘိုးဘိုးရှောင်ကို ထရက်ကနေဆင်းလာဖို့ ကူပေးလိုက်ကြသည်။ စတုတ္ထဦးလေးရှောင်က ပစ္စည်းကောင်းတွေကို ကုန်ချဖို့သွားနေတုန်း စတုတ္ထဒေါ်လေးရှောင်က တံခါးတွေဖွင့်ဖို့သွားလိုက်သည်။
လူတွေက အသီးအနှံတွေကို လုယူချင်နေကြပြီးတော့ ချက်ချင်းစုပြုံလာသည်။ အသီးအနှံတွေကဈေးကြီးနေတာတောင် ကာစတာမာတွေမှာ ၎င်းကိုလုယူချင်ကြတဲ့ ဆန္ဒရှိသေးသည်။ စတုတ္ထဦးလေးရှောင်က ဒီမြင်ကွင်းကို အသားကျနေပြီဖြစ်သည်။ စတုတ္ထဦးလေးရှောင် ဆိုင်ကိုဖွင့်လိုက်ပြီးတော့ သူမက ဒီအသီးအနှံတွေကို ဆိုင်ထဲကို တိုက်ရိုက်ပဲရွှေ့လိုက်သည်။ ဒီကာစတာမာတွေက သူမနောက်ကိုလည်း ဆိုင်ထဲလိုက်လာကြသည်။
ကုန်းထျန်းဟောက်က ကားကို မောင်းလာသည်။ သူ့မျက်လုံးတွေက ဆိုင်ဝင်ပေါက်မှာဝိုင်းရံနေတဲ့ လူအုပ်ကိုမြင်လိုက်တော့ အနည်းငယ်ကျဉ်းမြောင်းသွားသည်။ သူထောင်ယွမ်ရွာမှာ အကြာကြီးရှိလာခဲ့ပေမယ့် ရှောင်လင်းယွီရဲ့ဆိုင်ကို အရမ်းမနက်စောစောမှာလာတာ ဒါကပထမဆုံးအကြိမ်ဖြစ်သည်။ စီးပွားရေးကအရမ်းကောင်းမွန်နေလိမ့်မယ်လို့ သူမျှော်လင့်မထားခဲ့မိပေ။
"ယွီအာ မင်းဆိုင်ကစီးပွားရေးက တော်တော်ကောင်းတာပဲ!"
ကုန်းထျန်းဟောက်က အနည်းငယ် အံ့ဩစွာပြောလိုက်သည်။
အနောက်ဘက်မှာထိုင်နေတဲ့ရှောင်လင်းယွီက ညင်သာစွာဖြေလိုက်သည်။
"ဟုတ်တယ်"
ကုန်းထျန်းဟောက်မှာ ဒီခရိုင်ကလူတွေကို ကြိုတင်နားလည်မှုရှိသည်။ လူတွေအများစုကဆင်းရဲမှန်း သူသိသည်။ ဒါကြောင့် သူက ကာစတာမာတွေအများကြီးမျှော်လင့်မထားပေ။
ဈေးကအသီးအနှံတွေဘယ်လောက်မှန်း ကုန်းထျန်းဟောက်မသိပေမယ့်လည်း သူ့မှာ အလုံးစုံအကူတွေရှိသည်။ ရှောင်လင်းယွီက အသီးအနှံဆိုင်တစ်ဆိုင်ဖွင့်ပြီးမှန်း သိလိုက်တော့ မြို့တော်ကအသီးအနှံဈေးကွက် အခြေအနေကိုစုံစမ်းဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်သည်။
ဂေါ်ဖီထုပ်တွေကိုပဲ ဥပမာယူကြည့်ရအောင်။ ဒီနေရာမှာ ဂေါ်ဖီက တစ်ကျင်ကို၃၀ဆင့်ပေမယ့် မြို့တော်က ဂေါ်ဖီထုပ်က တစ်ကျင်ကို၇၀ဆင့်ဖြစ်သည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီအိမ်ကဂေါ်ဖီထုပ်က တစ်ကျင်ကို ၂ယွမ်ဖြစ်သည်။ ကွာခြားချက်ကသိသာသည်။
ရှောင်မိသားစုမှာ မကြာခနနေထိုင်နေတဲ့သူတစ်ယောက်အနေနဲ့ ရှောင်မိသားစုရဲ့အသီးအနှံတွေက ဘယ်လောက်အရသာရှိမှန်း သူအလိုလိုသိသည်။ သူမသီးနှံတွေကိုသာမြို့တော်ကိုပို့ရင် ၎င်းတို့ကတစ်ကျင်ကိုယွမ်၂၀ဆိုရင်တောင် လူတွေက ၎င်းကိုလုယက်ဝယ်ကြလိမ့်မည်။ ပြီးတော့ မြို့တော်မှာ ပိုက်ဆံပေါတဲ့သူတွေအများကြီးရှိသည်။
ကုန်းထျန်းဟောက်က ရုတ်တရက်
"ယွီအာ၊ မင်းမြို့တော်မှာ ဆိုင်တစ်ဆိုင်ဖွင့်ဖို့စဉ်းစားဖူးလား?"
ရှောင်လင်းယွီက အနည်းငယ်အံ့ဩသွားကာ ခေါင်းညိတ်လိုက်ပြီး
"စဉ်းစားဖူးတယ်"
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို အံ့ဩစွာကြည့်လိုက်သည်။
ရှောင်လင်းယွီက ရှင်းပြကာ
"ဒါပေ့ါ ကျွန်မအဲ့အကြောင်းကို တွေးပြီးပြီ။ ကျွန်မဆိုင်ကိုစဖွင့်တဲ့နေ့ကတည်းကပဲ။ ကျွန်မက မြို့တော်အပါအဝင် တစ်နိုင်ငံလုံးမှာ ကျွန်မဆိုင်ကိုဖွင့်ချင်တာ!"
ကုန်းထျန်းဟောက်
"..."
ယွီအာမှာ ဒီလိုကြီးမားတဲ့ရည်မှန်းချက်တွေရှိမယ်လို့ သူထင်မထားခဲ့ပေ။ သူမက စိတ်ကူးယဉ်နေမယ်လို့လည်း သူမထင်ထားခဲ့ပေ။
သူမရဲ့အသီးအနှံတွေက ထူးခြားသည်။ သူမက ဈေးကွက်ကို နေရာတိုင်းမှာရှာနိုင်သည်။ ဒါပေမယ့်လည်း ဒါက သူမလည်း ပစ်မှတ်ထားခံနေရမယ်လို့ ဆိုလိုနေသည်။ ၎င်းက သူမကို အန္တရာယ်မျိုးစုံဆီကပါ ပစ်မှတ်ထားခံရနိုင်သည်။
ဒါပေါ့ ကုန်းထျန်းဟောက်က သူမဘေးမှာရှိနေလို့ အဲ့ဒီအန္တရာယ်တွေက အခုရောက်မလာသေးဘူးလေ။ ကုန်းထျန်းဟောက်က သူမကို အကြွင်းမဲ့ထောက်ပံ့ပေးနေတာကိုး။ သူမဆန္ဒရှိရင် သူက လပေါ်မှာဆိုင်ဖွင့်ဖို့တောင် ကူညီပေးလိမ့်မည်။
ကုန်းထျန်းဟောက်က စတီယာရင်ဘီးကို နှစ်ချက်ခေါက်လိုက်ပြီး
"ဒါဆိုရင် မင်းဆိုင်ကို မြို့တော်မှာ ဘယ်အချိန်ဖွင့်ဖို့စဉ်းစားထားလဲ?"
သူမအလိုရှိရင် သူက ထောင်ယွမ်ရွာလတ်ဆတ်သောအသီးအနှံနှင့်အသီးအရွက်များဆိုင်ကို အဲ့နေ့မှာပဲ နေရာချပေးလိမ့်မည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီက သူ့အပေါ်မှာ မမှီခိုချင်မှန်း သူသိသည်။ မြို့တော်မှာ သူမရဲ့ဆိုင်ကိုဖွင့်ဖို ကိုယ်ပိုင်အစွမ်းအစအပေါ်မှာပဲ သူမက မှီခိုချင်နေသည်။ သူလုပ်နိုင်တာအားလုံးက စောင့်နေပြီးတော့ ရှောင်လင်းယွီအတွက် အနှောင့်အယှက်တွေကို ရှင်းလင်းပေးဖို့ဖြစ်သည်။
ရှောင်လင်းယွီက စိုက်ပျိုးကာ စီးပွားရေးလုပ်နေပေမယ့် သူမရဲ့အသီးအနှံတွေက ထူးခြားသည်။ ၎င်းတို့ကနေရတဲ့ အကျိုးအမြတ်အများကြီးရှိသည်။ မြို့တော်မှာ ၎င်းက လူတွေက သူမဆီကနေ အမြတ်ထုတ်နိုင်တယ်လို့ ဆိုလိုနေသည်။ သူမဘယ်တော့မှအနိုင်ကျင့်မခံရအောင် ကုန်းထျန်းဟောက်က သေချာအောင်လုပ်မည်။
ရှောင်လင်းယွီက ခနလောက်တွေးပြီးတော့
"ကျွန်မရဲ့စီးပွားရေးကိုချဲ့ပြီး ကလေးမွေးပြီးတဲ့အထိ ဒီကိစ္စကို စောင့်ရဦးမယ်"
ရှောင်လင်းယွီ ဒါကိုပြောလိုက်တာနဲ့ သူမလက်တွေက ဗိုက်ကိုထိကြည့်လိုက်သည်။
ရှောင်လင်းယွီက ကလေးကို ပြောလိုက်တော့ ကုန်းထျန်းဟောက်ရဲ့စူးရှတဲ့အကြည့်က ညင်သာမှုတွေကိုပြသနေခဲ့သည်။ ပြီးတော့ သူကပေါ့ပေါ့ပါးပါးခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီလေ!"
တကယ့်ကိုပဲ ကလေးကအခုအချိန်မှာ အရေးအကြီးဆုံးအရာဖြစ်သည်။ တကယ်တော့ ၎င်းက မှားသည်။ မိခင်နဲ့ ကလေးနှစ်ယောက်စလုံးက အရေးကြီးသည်။ ကလေးရဲ့မွေးဖွားခန့်မှန်းဒိတ်က အောက်တိုဘာမှာဖြစ်သည်။ အခုက ဂျူလိုင်ဖြစ်ပြီး နှစ်လကျန်နေသေးသည်။ သူက ရှောင်လင်းယွီရဲ့ဘေးမှာနေပြီး နောက်ထပ်နှစ်လအထိ သူမကို စောင့်ရှောက်ပေးလိမ့်မည်။
ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို စကားပြောနေတုန်း တတိယဒေါ်လေးရဲ့ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။
ရှောင်လင်းယွီက
"သွားကြစို့"
ကားထဲကထွက်လာတာဲ့ တချို့ကာစတာမာအဟောင်းတွေက ရှောင်လင်းယွီကို မှတ်မိသွားကြသည်။
"သူဌေးရှောင် တကယ့်ကိုမင်းပဲ။ မင်းဆိုင်ကိုလာတာလား?"
တစ်ယောက်က ပြုံးကာမေးလိုက်သည်။
သူမဒါကိုပြောရင်း သူမဘေးကကူညီနေတဲ့ ကုန်းထျန်းဟောက်ကို တစ်ချက်ကြည့်လိုက်သည်။
"ဒါမင်းချစ်သူပဲဖြစ်ရမယ်။ သူကအရမ်းချောတာပဲ။ သူက ငါမြင်ဖူးသမျှထဲမှာ အချောဆုံးပဲ"
သူမက ကုန်းထျန်းဟောက်ကိုကြည့်ရင်း မျက်လုံးတွေက ရွှန်းရွှန်းတောက်သွားသည်။ အဓိကအကြောင်းရင်း ဒီယောက်ျားက တကယ့်ကိုအရမ်းချောမောခန့်ညားနေလို့ဖြစ်သည်။ သူ့ရဲ့ခန့်ညားမှုက သူ့ရဲ့ကြည့်ကောင်းမှုကြောင့်မဟုတ်ဘဲ သူ့ရဲ့ယောက်ျားဆန်တဲ့အရှိန်အဝါကြောင့်ဖြစ်သည်။ ဒီလူက သူ့ကို ရှောင်လင်းယွီရဲ့ချစ်သူလို့ပြောတာကြားလိုက်တော့ တိတ်တဆိတ်ကြည်နူးမိသွားသည်။ ဒီပျော်ရွှင်မှုက သူ့မျက်နှာပေါ်မှာ တိုက်ရိုက်ပဲပေါ်လာပြီး သူ့ရဲ့အေးစက်တဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာသည်။ ဆန့်ကျင်ဘက်ပင် ရှောင်လင်းယွီရဲ့အမူအယာကတော့ အေးစက်သွားသည်။
ပြီးနောက် သူမကအတင်းပြုံးလိုက်ပြီး
"အန်တီ ဒါကျွန်မသူငယ်ချင်းပါ"
"သူငယ်ချင်း?"
ကုန်စုံဆိုင်ဖွင့်နေတဲ့အန်တီက မျက်မှောင်ကျုံ့လိုက်ပြီး နားလည်သွားတဲ့ပုံနဲ့
"အိုး ဒါမင်းကောင်လေးကိုး။ မရှက်ပါနဲ့၊ ငါတို့နားလည်ပါတယ်"
ရှောင်လင်းယွီ
'အန်တီ ရှင်ဘာကိုနားလည်နေတာလဲ? ဒီလူနဲ့ ကျွန်မက တကယ်ပဲသူငယ်ချင်းတွေ'
ကုန်းထျန်းဟောက်က အရမ်းကျေနပ်သွားသည်။
သူက ချက်ချင်းဖောလိုလိုက်ကာ
"အန်တီ မင်္ဂလာပါ၊ ကျွန်တော်က သူဌေးရှောင်ရဲ့ကောင်လေးပါ။ ကျွန်တော့်ဘေဘီက ရှက်တတ်တယ်လေ။ အဲ့ဒါကြောင့် လူပုံလယ်မှာ ကျွန်တော့်ကိုသူ့ကောင်လေးအနေနဲ့ ဝန်မခံတာ"
'ဘေဘီ?'
ရှောင်လင်းယွီရဲ့ရင်ဖိုမှုတွေက ပျံ့ကြဲနေသည်။
'ငါဘယ်တုန်းက အဲ့လိုခေါ်ဖို့သဘောတူလိုက်တာလဲ?'
အန်တီက ခေါင်းညိတ်လိုက်သည်။
"လူငယ်လေး ငါတို့နားလည်တယ်။ မင်းတို့နှစ်ယောက်က လှပတဲ့စုံတွဲလေးပဲ။ မင်းက သူဌေးရှောင်ကို အရမ်းနားလည်တာပဲ"
ရှောင်လင်းယွီ
"..."
'ငါတို့ကတကယ် စုံတွဲမဟုတ်ပါဘူးဆိုဟာ။ ဘာလို့တစ်လောကလုံးက ငါတို့ကစုံတွဲတွေလို့ ထင်နေရတာလဲ?'
တခြားသူတွေက ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်ကို ကောင်းကင်ဘုံကလိုက်ဖတ်တဲ့စုံတွဲလို့ခေါ်ပြီး ချီးကျူးကြဖို့ လာခဲ့ကြသည်။ အန်တီတွေက သူတို့နဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ စကားပြောခဲ့ကြသည်။
ရှောင်လင်းယွီအံ့ဩရလောက်အောင်ပဲ ကုန်းထျန်းဟောက်က အန်တီတွေနဲ့ တကယ့်ကိုသဟဇာတဖြစ်နေသည်။ မီဒီယာသတင်းထောက်တွေသာ ဒါကိုသိသွားကြရင် ၎င်းက ရက်အနည်းငယ်လောက်ကို လူပြောအများဆုံး သတင်းတစ်ခုဖြစ်နေလောက်မည်ပင်။
ဒီအန်တီတွေက ဒီလိုမျိုးချောမောတဲ့ကောင်လေးနဲ့စကားပြောရလို့ အရမ်းပျော်ရွှင်နေကြသည်။ ရှောင်လင်းယွီက ဘေးစကားတစ်ခွန်းတောင် မပြောနိုင်ခဲ့ပေ။
ရုတ်တရက် အန်တီတစ်ယောက်က သူမနှာခေါင်းကိုပင့်လိုက်ပြီး
"အာ အနံ့ကအရမ်းမွှေးတာပဲ"
ပြီးနောက် သူမက တစ်စုံတစ်ခုကို သတိရသွားသည်။ ဒီခန့်ညားတဲ့ကောင်လေးရဲ့နှစ်လိုမှုက အရမ်းကောင်းမွန်နေတော့ အန်တီတွေက ဒီရနံ့အကြောင်းကို ယာယီမေ့သွားကြသည်။ ဒါပေမယ့် ဆိုင်တံခါးဖွင့်လိုက်တာနဲ့ တတိယဦးလေးနဲ့ တတိယဒေါ်လေးရှောင်က ပဲနို့နဲ့ တို့ဟူးပူတင်းတွေကို ယူလာခဲ့သည်။ လေနဲ့ပါလာတဲ့အနံ့က ပိုပြီးပြင်းလာသည်။ အနီးဝန်းကျင်ကလူအားလုံး ၎င်းကို အနံ့ခံနိုင်ကြသည်။
"အာ ဒါတကယ် ဒီအနံ့ပဲ။ ဒါကပဲနို့အနံ့ပဲ ဟုတ်တယ်မလား?"
"ဟုတ်တယ် ငါလည်း တို့ဟူးပူတင်းအနံ့ရတယ်"
အဲ့ဒီအချိန်မှာ အဲ့ဒီမေးလိုက်တဲ့အန်တီကြီးကပဲ
"သူဌေးရှောင် ဘေးက ဆိုင်ကကော ရှင့်ဟာပဲလား?"
ရှောင်လင်းယွီက ပြုံးလိုက်ပြီး
"အဲ့ဒါ ကျွန်မတတိယဦးလေးရဲ့ဆိုင်ပါ။ အန်တီ ပဲထွက်ကုန်နည်းနည်းလောက်များ မကြည့်ချင်ဘူးလား? ပထမဆုံးဖွင့်တဲ့သုံးရက်အတွက် ၅၀% လျှော့ဈေးရှိတယ်"
"အာ? ပဲနို့အတွက် ၅၀%လား?"
အန်တီတစ်ယောက်က အံ့ဩစွာပြောလိုက်သည်။
"ဒါကတစ်ခွက်ကို ၂၅ဆင့်လို့ပြောတာလား?"
ဈေးကဈေးနှုန်းက တစ်ခွက်ကို ၅၀ဆင့်ဖြစ်သည်။ ဒါကြောင့် အန်တီတွေက သဘာဝကျကျပဲ ၎င်းကလည်း ထောင်ယွမ်ရွာလတ်ဆတ်သောပဲထွက်ကုန်များဆိုင်က ဈေးပဲလို့တွေးလိုက်ကြသည်။
ရှောင်လင်းယွီက
"အန်တီ ဒီမှာ ပဲနို့ရဲ့ဈေးက တစ်ခွက်ကို၂ယွမ်ရှင့်။ ၅၀%လျှော့ဈေးဆို အဲ့ဒါက တစ်ခွက်ကို ၁ယွမ်ဖြစ်သွားမှာပေါ့"
"တစ်ခွက်ကို၂ယွမ်? အရမ်းဈေးကြီးတာပဲ"
အန်တီတစ်ယောက်က ပြောလိုက်သည်။
ရှောင်လင်းယွီက ပြုံးပြီး
"အန်တီတို့ အဲ့ဒါကိုအရသာခံပြီးရင် ဈေးကြီးလားမကြီးဘူးလားဆိုတာကို ဆုံးဖြတ်လို့ရပါတယ်။ အနံ့ကို ခံနိုင်တာပဲလေ ဟုတ်တယ်မလား? ကျွန်မတတိယဦးလေးက သာမန်ပဲနို့တွေရောင်းတယ်ထင်လို့လား?"
"မှန်တယ်"
အန်တီတစ်ယောက်က ပြုံးလိုက်သည်။
"ကောင်းပြီ။ သူဌေးရှောင်ရဲ့မျက်နှာနဲ့ ငါ ပဲနို့တစ်ခွက်ဝယ်လိုက်မယ်"
ပြီးတော့ ၁ယွမ်က အဲ့လောက်ကြီးလည်းမများဘူးလေ။
ရှောင်လင်းယွီက ပြုံးပြီး
"ကျေးဇူးပါ အန်တီ၊ အန်တီစိတ်မပျက်စေရဘူးလို့ ကျွန်မအာမခံတယ်"
ရှောင်လင်းယွီက ခနလောက်ရပ်လိုက်ပြီးတော့
"ပြီးတော့ ကျွန်မတတိယဦးလေးရဲ့ထွက်ကုန်တွေက ကန့်သတ်ထားတယ်။ တစ်နေ့ကို ပမာဏနည်းနည်းပဲထုတ်ကြတာ"
မျှော်လင့်ထားတဲ့အတိုင်း စည်းလုံးတဲ့မိသားတစ်ခုဆိုသလိုပဲ သူတို့တွေ အချင်းချင်းကြော်ငြာပေးဖို့ မမေ့ကြပေ။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ ထပ်ပြီးပရိုမိုးရှင်းဆင်းပေးဖို့ မလိုတော့ပေ။ လူတွေအများကြီးက သူတို့ပိုက်ဆံတွေကိုထုတ်ပြီး ပဲထွက်ကုန်တွေဝယ်ဖို့ အပြေးအလွှားသွားခဲ့ကြသည်။
***