ကျောင်းပြီးဆုံးခြင်းစားသောက်ပွဲ ၆
Vol. 22 Ch. 361
ကျောင်းပြီးဆုံးခြင်းစားသောက်ပွဲက အရမ်းအသက်ဝင်ပြီး ခမ်းနားကြီးကျယ်လာသည်။
ဘယ်လိုလုပ် ခေါင်းဆောင်တွေက ဒါကို မတက်ရောက်ဘဲနေနိုင်မှာလဲ?
ရှောင်လင်းယွီနဲ့ ရှောင်လင်းယဲ့တို့ရဲ့ ခရိုင်က သူငယ်ချင်းတွေလည်း လာကြသည်။ အဲ့ဒီတော့မှာပဲ ရှောင်မိသားစုမှာ လေးနက်တဲ့အဆက်အသွယ်တွေရှိမှန်း ရွာသားတွေသိခဲ့ကြသည်။
သူတို့က ခရိုင်ခေါင်းဆောင်ကိုတော့ တကယ်သိကြပါသေးတယ်!
ရှောင်ချန်းချိုင်ရဲ့မိသားစုနဲ့ ကျန်းချွန်းကျောင်းရဲ့မိသားစုတွေက ဒါကိုမြင်တော့ သူတို့်မျက်လုံးတွေက မနာလိုမှုတွေနဲ့ ရဲတွတ်လာခဲ့သည်။
ဒါက အထူးသဖြင့်တော့ ရှောင်ချန်းချိုင်အတွက် အမှန်ပဲဖြစ်သည်။ သူက သူ့မိန်းမရော ပိုက်ဆံတွေကိုပါ ဆုံးသွားတာလေ။ နွားဘုရင်ငယ်လေးကို သစ္စာဖောက်ပြီး သူရသွားတဲ့ပိုက်ဆံက ရှောင်လင်းယွီဆီ လျော်ကြေးပေးလိုက်ရသည်။
တောင်တွေကိုငှားတာကနေရတဲ့ ရှောင်လင်းယွီဆီက ငှားရမ်းခကလည်း လျော်ကြေးအနေနဲ့ ယူသွားခံလိုက်ရသည်။
ရှောင်လင်းယွီက သူ့ကို ဘာကြင်နာမှုမှမပြပေ။
ရှောင်ချန်းချိုင်သာမပေးချင်ရင် ကုန်သွယ်ရေးဥပဒေတွေကို ရောင်းချမှုနဲ့ သူတို့က ထောင်ထဲပို့ပစ်ကြလိမ့်မည်။ သူ့မိန်းမ ကျန်းရှောင်လန်နောက်လိုက်ကာ သူထောင်ထဲမှာ နေလိုက်ရနိုင်သည်။
ရှောင်ချန်းချိုင်ရဲ့အမေက မြေကြီးပေါ်မှာ ဘယ်လောက်ပဲလူးလှိမ့်လူးလှိမ့် ရှောင်မိသားစုက အဖတ်မလုပ်ပေ။
ထောင်ထဲမသွားရဖို့အတွက် ရှောင်ချန်းချိုင်က အံကြိတ်ပြီးတော့ လျော်ကြေးကို ပေးလိုက်သည်။ ရှောင်ချန်းချိုင်နဲ့ ကျန်းရှောင်လန်က ကွာရှင်းပြီးတာတောင် ကျန်းရှောင်လန်က သူမရဲ့ ထောင်ယွမ်ရွာက တောင်စာချုပ်တွေရဲ့ရသင့်ငွေကြောင့် ဝေစုငွေရှိသေးသည်။
ရှောင်ချန်းချိုင်ရဲ့မိသားစုမှာ စုစုပေါင်း လူခြောက်ယောက်ရှိသည်။ ဒါကြောင့် သူတို့ ယွမ်၄၀၀၀၀ကျော်ကျော်ရနိုင်သည်။ အရင် ယွမ် ၃၀၀၀၀ ကိုထပ်ပေါင်းရင် ရှောင်ချန်းချိုင်ရဲ့ အရင်အကြွေးယွမ်၅၄၀၀၀ကို ဆပ်ဖို့ လုံလောက်သည်။
အဆုံးမှာတော့ လျော်ကြေးအကုန်ပေးပြီးတဲ့နောက်မှာ ရှောင်ချန်းချိုင်က ယွမ်၁၀၀၀၀အောက်ပဲ ရလိုက်သည်။
တရွာလုံး သူ့ကို ရယ်မောခဲ့ကြသည်။
ငှားခကို ရပြီးတဲ့နောက်မှာ တရွာလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်ပွဲခံခဲ့ကြသည်။ လူတော်တော်များများက အိမ်အသစ်တွေဆောက်ခဲ့ကြပြီး လူငယ်တွေက လက်ထပ်ခဲ့ကြသည်။
ရှောင်ချန်းချိုင်ကပဲ ၁၀၀၀၀ကိုင်ထားပြီး ဘာလုပ်ရမှန်းမသိချေ။ သူ့ရဲ့အရွယ်ရောက်ပြီးတဲ့သားနှစ်ယောက်က မိန်းမရဖို့ အသက်ပြည့်နေပြီဖြစ်သည်။ သူတို့အိမ်က အမိုးအပေါက်တွေအများကြီးနဲ့ ဟောင်းနွမ်းနေသည်။
သူတို့က ပုံမှန်ဆိုရင်တော့ ယွမ်၇၀၀၀၀ ရသင့်သည်။၎င်းက ချွေးမနှစ်ယောက်ရှာပြီး အိမ်သစ်တစ်လုံးဆောက်ဖို့ထက်တောင် လုံလောက်သည်။
ဒါပေမယ့် အခုကျ...
ဟားဟား သူတို့ကြိုးစားအားထုတ်မှုတွေအားလုံးက အလဟသာဖြစ်သွားတာပဲ
အမုန်းတရားတွေနဲ့ ခါးသီးမှုတွေကော မရှိဘူးလား?
ရှိတာပေါ့!
သူတို့က လက်စားတောင်ပြန်ချေချင်နေသေးသည်။
ဒါပေမယ့်လည်း သူဘယ်လိုလုပ် အဲ့ဒါကို လုပ်နိုင်မှာလဲ?
ရှောင်ချန်းချိုင်က ငတုံးမဟုတ်ဘူးလေ။ ရှောင်ချန်းချိုင်က လက်စားပြန်မချေနိုင်ဘဲ ရွာသားတွေဆီကနေ အကြဉ်ခံထားရမှတော့ တိတ်တဆိတ်ပဲနေပြီး အလုပ်လုပ်နေလိုက်သည်။
ဒါပေမယ့်လည်း ရှောင်ချန်းချိုင်အမေက ဘယ်အချိန်မှာ ရပ်တန့်ရမယ်မှန်း မသိပေ။ ရှောင်မိသားစုက လျော်ကြေးကို ယူသွားပြီးတော့ ရှောင်မိသားစုကို ဆဲဆိုဖို့ ရွာနားပတ်လည်ကို သွားခဲ့သည်။
ရှောင်မိသားစုကလည်း ဂရုမစိုက်ပေ။ သူတို့အိမ်ကိုလာပြီး မကြိမ်းမောင်းနေသရွေ့ သူမကို မကြားသလိုပဲ ဟန်ဆောင်နေလိုက်ကြသည်။
ချက်ကျလက်ကျပြောရရင် ရှောင်ချန်းချိုင်ရဲ့မိသားစုက ရှောင်ကျန်းယန်ရဲ့မိသားစုနဲ့ အဆက်ပြတ်နေပြီဖြစ်သည်။ ဒါပေမယ့်လည်း ရှောင်ချန်းချိုင်ရဲ့မိသားစုက စားသောက်ပွဲကို တက်ရောက်ဖို့ လာခဲ့သည်။ မပြောပလောက်တဲ့လက်ဆောင်တချို့နဲ့လည်း သူတို့လာခဲ့ကြသည်။
သူတို့က မီးဖိုချောင်မှာကူညီဖို့ လူတွေမလွှတ်ခဲ့သလို ကျင်းပရာနေရာကို ပြင်ဆင်ဖို့လည်း မလွှတ်ခဲ့ပေ။ အလကားအစားအစာတွေအတွက် သူ့တစ်မိသားစုလုံးကို ခေါ်လာတာက ရှောင်ချန်းချိုင်အတွက် အတော်လေးတော့ ရှက်ဖို့ကောင်းသည်။ လူတော်တော်များများက ရှောင်ချန်းချိုင်ရဲ့မိသားစုကို အရှက်မရှိတဲ့အတွက် ကြိမ်းမောင်းခဲ့ကြသည်။
ဒါပေမယ့်လည်း ရှောင်ချန်းချိုင်ရဲ့အမေက တရားနည်းလမ်းကျကျနဲ့
"ဟမ် ငါတို့သူတို့ကို အဖိုးတန်လက်ဆောင်တွေပေးတယ်လေ။ ဒါဆို ဘာလို့ငါတို့က စားသောက်ပွဲကို မတက်ရောက်နိုင်ရမှာလဲ?"
သူတို့ အလကားအစားအစာတွေမစားဖို့လာရင် နုံလိုက်တာလို့ ခံစားရလိမ့်မည်။ ဖြစ်နိုင်ရင် သူတို့က ရှောင်မိသားစု ချွတ်ခြုံကျသွားတဲ့အထိ စားပေးချင်နေသည်။
ရွာသားတွေက ရှောင်ချန်းချိုင်ရဲ့မိသားစုက ဘယ်လောက်အရေထူမှန်း သိလိုက်ကြသည်။ ဒါပေမယ့်လည်း ရှောင်ကျန်းယန်က ဘာမှမပြောမှတော့ ရွာသားတွေက သူတို့ကြားထဲပဲ အတင်းတုပ်နေခဲ့ကြသည်။
ရှောင်ဖုချီမိသားစုအတွက်ကတော့ သူတို့လည်း လာရောက်ကြသည်။ ဒါပေမယ့် ရှောင်ဖုချီတစ်ယောက်ပဲ တက်ရောက်ခဲ့သည်။ အရင်တုန်းက ရှောင်ဖုချီတို့မိသားစုက ရှောင်ကျန်းယန်တို့မိသားစုနဲ့ ဆက်ဆံရေးကောင်းကောင်းမရှိခဲ့ပေ။
ဒါပေမယ့် ကျန်းချွန်းကျောင်းက ၎င်းနဲ့အမျာကြီး သက်ဆိုင်နေသည်။ သူမငယ်ရွယ်စဉ်က ကျန်းချွန်းကျောင်းက ခန့်ညားတဲ့ရှောင်ကျန်းယန်ကို ကြိုက်သလိုလိုရှိခဲ့သည်။ သူမက သူ့ကို ဆွဲဆောင်ဖို့အကြိမ်ကြိမ်ကြိုးစားပေမယ့် ရှောင်ကျန်းယန်က လုံးဝ ဂရုမစိုက်ခဲ့ပေ။ ၎င်းက ကျန်းချွန်းကျောင်းကို ချန်ချိုးယင်းအပေါ် မနာလိုစေခဲ့သည်။
ချန်ချိုးယင်းကလည်း ငယ်ငယ်ရွယ်ရွယ်အမျိုးသမီးဖြစ်ခဲ့စဉ်က အရမ်းလှပခဲ့သည်။ သူမက ရှောင်ကျန်းယန်အတွက် အကောင်းဆုံးအတွဲအဖက်ဖြစ်သည်။
ရှောင်ကျန်းယန်က ကျန်းချွန်းကျောင်းရဲ့ဆွဲဆောင်မှုကို စိတ်မဝင်စားခဲ့ပေ။ သဘာဝကျကျပဲ ကျန်းချွန်းကျောင်းက သူမရဲ့ဒေါသတွေကို ချန်ချိုးယင်းဆီ ပုံချခဲ့သည်။
ချန်ချိုးယင်းက ရွာထဲက ယောက်ျားတော်တော်များများနဲ့ ငြိစွန်းခဲ့တယ်လို့ပြောပြီး ချန်ချိုးယင်းရဲ့ဂုဏ်သိက္ခာကို အသရေဖျက်ဖို့ ကောလဟာလတွေ လွှင့်ခဲ့သည်။
ဒါပေါ့ ချန်ချိုးယင်းက ကျန်းချွန်းကျောင်းကို ဒီတိုင်းကြီး အနိုင်ကျင့်လိုက်ခွင့်မပြုဘူးလေ။ သူမက ချက်ချင်းခွန်းတုံ့ပြန်ပြီး ကျန်းချွန်းကျောင်းကို သူမယောက်ျားနဲ့ ဝေးဝေးနေဖို့ သတိပေးခဲ့သည်။
ကျန်းချွန်းကျောင်းကို လက်မထပ်ခင်က ရှောင်ဖုချီက အသက်သုံးဆယ်ပြည့်တော့မည် ဖြစ်သည်။
ဒါကြောင့် သူမက သူ့အတွက် အရမ်းအဖိုးတန်သည်။ ကျန်းချွန်းကျောင်းဘာပဲလုပ်လုပ်၊ သူမ မြောက်လွန်းနေရင်တောင် သူက သူမကို အပြစ်မယူပေ။
ကျန်းချွန်းကျောင်းက ရှောင်ကျန်းယန်နဲ့ သူ့မိန်းမတို့နဲ့ မပြေမလည်ဖြစ်ခဲ့သည်။ ကျန်းချွန်းကျောင်းကို သတိပေးရမယ့်အစား ရှောင်ဖုချီက သူမဘေးမှာ ရပ်ခဲ့သည်။ ဒီလိုနဲ့ပဲ မိသားစုနှစ်ခုကြားက မကျေမချမ်းမှုတွေက ပိုပိုပြီး ကြီးမားလာသည်။
ဒီမသင့်မမြတ်ဖြစ်မှုတွေက နှစ်နှစ်ဆယ်ကျော်ကြာ ဆက်ဖြစ်နေခဲ့သည်။
ဒါပေမယ့်လည်း ကျန်းချွန်းကျောင်းရဲ့ လမ်းပေါ်က ကိစ္စပြီးတော့ သူမ ပိုပြီးကျိုးနွံလာသည်။ အစက သူမဒီစားသောက်ပွဲကို တက်ချင်ပေမယ့် ရှောင်ဖုချီဆီကနေ တစ်ချက်ကြည့်ခံလိုက်ရပြီးတော့ ချက်ချင်းပဲ နောက်ပြန်ဆုတ်လိုက်သည်။
သူမထပ်ပြီး အရိုက်မခံချင်တော့ဘူးလေ!
သူက သောက်ပြီးတော့
"မိန်းမတွေကို အသိရိုက်ထည့်ပေးဖို့လိုမှန်း ငါအခုနားလည်သွားပြီ။ဒီလိုမှပဲ သူတို့က ကျိုးနွံလာမှာ"
ရှောင်ဖုချီက သူ့အတွေ့အကြုံကို မျှဝေခဲ့သည်။
သူ့ရဲ သောက်ဖော်သောက်ဖက်တွေ လှုပ်ရှားခဲ့ကြသည်။ ပြီးတော့မှာ သူတို့ကပြုံးပြီးတော့
"မင်းမှန်တယ်။ ဒီမိန်းမက မင်းသူ့ကို ရိုက်မှပဲ နားထောင်မှာ။ မဟုတ်ရင် မင်းတို့ကို ထိန်းချုပ်သွားလိမ့်မယ်။ မင်းမိန်းဆီကနေ ထိန်းချုပ်ခံနေရမှန်း လူတွေသိသွားရင် မင်းကို မျက်နှာပျက်စေလိမ့်မယ်"
ကျန်းချွန်းကျောင်းရဲ့ပြောင်းလဲမှုက ရွာထဲက လူတိုင်းအတွက် သိသာထင်ရှားနေခဲ့သည်။ ၎င်းက ရှောင်ဖုချီက ကျန်းချွန်းကျောင်းကို ရိုက်လိုက်ခြင်းရဲ့ရလဒ်ဖြစ်သည်။
မကြာခင်မှာပဲ ဒီကိစ္စနောက်လိုက်ပြီး သူတို့မိန်းမတွေကို စတင်ရိုက်နှက်ကြသည်။ ဒါပေမယ့်လည်း သူတို့မိန်းမတွေက နားမလည်နိုင်ဖြစ်ကုန်သည်။
ရှောင်ဖုချီက ကျန်းချွန်းကျောင်းကို ရိုက်နှက်သည်။ အကြောင်းမှာ သူမက မှားယွင်းပြီး ရှက်စရာကောင်းတဲ့ တစ်စုံတစ်ခုကို လုပ်ခဲ့၍ဖြစ်သည်။ သူမရဲ့နဂိုမိသားစုကလည်း သူမကို သိပ်ဂရုမစိုက်နိုင်ပေ။ ကျန်းချွန်းကျောင်းက သူမရဲ့အထောက်အပံ့တွေကို ဆုံးရှုံးလိုက်ပြီး ပြိုလဲသွားခဲ့သည်။
ဒါပေမယ့်လည်း တခြားအမျိုးသမီးတွေအတွက်တော့ အခြေအနေက မတူပေ။ သူတို့မိန်းမတွေက ဘာမှမှားယွင်းတာ မလုပ်ခဲ့ဘဲနဲ့ အရိုက်ခံရသည်။ ဘာအကြောင်းရင်းမှမရှိဘဲ သူတို့သမီးတွေအရိုက်ခံရတာကို ဘယ်မိဘကများ ခွင့်ပြုမှာလဲ?
သဘာဝကျကျပဲ သူတို့တွေ ရှင်းပြချက်တစ်ခုတောင်းဆိုဖို့ လာခဲ့ကြသည်။
ဒါကြောင့် များစွာသောသမက်တွေက အပြန်အလှန်အရိုက်ခံလိုက်ရသည်။ ၎င်းက ချက်ချင်းပဲ အိမ်တွင်းအကြမ်းဖက်မှုထရန်ကို ပိတ်ချခဲ့သည်။
ရှောင်ဖုချီသာပဲ သူ့မိန်းမကို ဆက်လက်ရိုက်နှက်နေခဲ့သည်။ ဒီစားသောက်ပွဲအတွင်းမှာ ရှောင်ဖုချီက ပျော်ရွှင်စွာနဲ့
"ရွာထဲမှာ ငါတစ်ယောက်တည်းကပဲ ငါ့မိန်းမကို အညံ့ခံလာအောင် ရိုက်နှက်တဲ့လူပဲ"
တစ်စားပွဲတည်းက ယောက်ျားတွေက စိတ်ပျက်ဖွယ်ဖြစ်သွားကြသည်။
ဒီလူက ကြာခိုခံလိုက်ရတာတောင် ဘဝင်ခိုက်နေသေးတယ်။
၎င်းက အရမ်းရှက်ဖို့ကောင်းသည်။
ရှောင်ဖုချီကို ဘယ်သူမှ စကားမပြောကြပေ။ သူတို့က သူနဲ့ အရက်ပဲ အတူတူသောက်ကြသည်။ တခြားလူတွေကလည်း ကြည့်နေခဲ့ပြီး ဘာမှလာမပြောခဲ့ကြပေ။
အမှန်ဆိုရင် ကျန်းချွန်းကျောင်းက ဒီလိုကိစ္စမျိုးလုပ်ပြီးတော့ တစ်ရွာလုံးအရှက်ရခဲ့ရသည်။ သူမက ထောင်ယွမ်ရွာက အမျိုးသမီးတွေရဲ့ဂုဏ်သတင်းကို ဖျက်ဆီးပစ်လိုက်သည်။ ရွာသားတွေရဲ့ တိုးတက်လာတဲ့လူနေမှုစံကြောင့်သာမဟုတ်ရင် သူမက သမီးပျိုတွေတော်တော်များများကို ယောက်ျားကောင်းတစ်ယောက်ရှာဖို့ လွတ်သွားစေနိုင်လောက်သည်။ ဒါကြောင့် ရွာသားတွေက ကျန်းချွန်းကျောင်းကို အထင်အမြင်သေးကြသည်။
ဘာပဲဖြစ်ဖြစ် ဂုဏ်ပြုစားသောက်ပွဲတွင်ဖြစ်တာကြောင့် စားသောက်ပွဲမှာ ဘယ်သူမှ ဒုက္ခမပေးခဲ့ကြပေ။
၎င်းက ကိစ္စတွေက ပြောင်းလဲနေပြီဖြစ်ကြောင်း ရွာသားတွေကို နားလည်စေခဲ့သည်။
ခရိုင်ခေါင်းဆောင်နဲ့ချိတ်ဆက်နေတဲ့တစ်ယောက်ယောက် ရွာထဲမှာရှိနေသည်။
ကျောင်းပြီးဆုံးတဲ့စားသောက်ပွဲနဲ့ ဆရာဂုဏ်ပြုစားသောက်ပွဲပြီးတော့ ရှောင်လင်းယဲ့က တက္ကသိုလ်ကို စောစောသွားဖို့ လိုခဲ့သည်။ ၎င်းက ပတ်ဝန်းကျင်နဲ့ အသားကျစေရန်ဖြစ်သည်။
ရှောင်လင်းယဲ့က သူ့မိဘတွေ သူ့ကိုလိုက်ပို့ပေးမယ့် ကမ်းလှမ်းချက်ကို လက်မခံခဲ့ပေ။ သူ့ခရီးဆောင်အိတ်ကိုသယ်ပြီး မြို့တော်ကို တည့်တည့်သွားခဲ့သည်။ ခွဲခွာခြင်းက အမြဲတမ်းပဲ အနည်းငယ်တော့ဝမ်းနည်းဖွယ်ကောင်းသည်။ ကျေးဇူးတင်စရာကောင်းစွာပဲ ရှောင်လင်းယဲ့က အမြဲတမ်း အမှီအခိုကင်းခဲ့သည်။ ဒါကြောင့် သူတို့တွေ သူ့အတွက် အဲ့လောက်ကြီးမစိုးရိမ်ကြပေ။
"ယွီအာ စိုက်ခင်းထဲက မြေပဲတွေက မှည့်နေပြီ။ အမေတို့ ဒါတွေကို အခုခူးလို့ရပြီ"
မေမေရှောင်က စိုက်ခင်းတွေအနားသွားပြီးတဲ့နောက်မှာ မြေပဲတွေနဲ့ ပဲပိစပ်တွေက မှည့်နေပြီမှန်း သိရှိသွားခဲ့သည်...
***