ပညာပေးခြင်း
Vol. 22 Ch. 362
မြေပဲနဲ့ ပဲပိစက်တွေက ဖွံ့ဖြိုးနေမှတော့ သူတို့ သဘာဝအလျောက် ခူးဆွတ်ကြရတော့မည်။
ရှောင်လင်းယွီက ခေါင်းညိတ်ပြီး
"ဟုတ်တယ်။ သမီးတို့ မြေပဲနဲ့ ပဲပိစပ်တွေခူးဖို့ လူနည်းနည်းလောက် ခန့်လို့ရတယ်"
"ယွီအာ အဘွားတို့မိသားစုမှာ လူတွေအများကြီးရှိတာပဲ။ လူတွေအလုပ်ခန့်ဖို့မလိုတော့ပါဘူး။ မဟုတ်ဘူးလား?"
ဘွားဘွားရှောင်က ပြောလိုက်သည်။
တကယ်တော့ ပထမဦးလေးရှောင်ရဲ့မိသားစုနဲ့ တတိယဦးလေးရှောင်ရဲ့မိသားစုအားလုံးက ထောင်ယွမ်ရွာကို ပြန်ပြောင်းလာကြပြီဖြစ်သည်။
ရှောင်လင်းယွီက ခေါင်းခါလိုက်ပြီးတော့
"အဘွား သမီးမှာ ဦးလေးတွေအတွက် တခြားစီစဉ်ထားတာတွေရှိတယ်။ မြေပဲနဲ့ ပဲပိစပ်တွေခူးဖို့တော့ လူတွေအလုပ်ခန့်ဖို့ လိုတာပဲ"
"အိုး သိပြီ"
ဘွားဘွားရှောင်က ခေါင်းညိတ်လိုက်သည်။
ရှောင်လင်းယွီက
"အဘွား သမီးတောင်ခြောက်လုံးကို ငှားရမ်းထားတာ။ အဲ့ဒါတွေကို တည်ဆောက်ပြုပြင်ဖို့လည်း လူတွေခန့်ဖို့လိုသေးတယ်။ ပထမဦးလေးနဲ့ တတိယဦးလေးတို့ကို ပြုပြင်မှုကို ထိန်းသိမ်းရေးအတွက် စဉ်းစားနေတာ။ မြေပဲနဲ့ ပဲပိစပ်တွေ ရိတ်သိမ်းဖို့ကတော့ မိန်းကလေးနည်းနည်းလောက် ခန့်လိုက်လို့ရတာပဲ"
ဘွားဘွားရှောင်က တွက်ချက်ကြည့်လိုက်ပြီး
"သမီးသေချာပေါက် ပါလို့မရဘူးနော်။ ယွင်အာ သမီးအမေ သမီးတတိယဒေါ်လေးနဲ့ ကလေးနည်းနည်းနဲ့ဆိုရင် ဒါလုံလောက်တာထက်တောင်ပိုနေပြီ။ အဘွားတို့ အလုပ်ကို ရက်နည်းနည်းလောက်နဲ့တောင် ပြီးနိုင်လောက်တယ်"
ရှောင်လင်းယွီက ပြုံးပြီး
"အဘွား အချိန်က ငွေပဲလို့ မကြားဖူးဘူးလား? သမီး စိုက်ခင်းထဲက မြေပဲနဲ့ ပဲပိစပ်တွေကို မြန်နိုင်သမျှအမြန်ဆုံး ခူးဆွတ်ရမယ်။ ဒါပေမယ့် မိသားစုထဲမှာ လူတွေအများကြီး ရှိနေမှတော့ လူတွေ နည်းနည်းပဲလျှော့ခန့်လို့ရတာပဲ။ လူကြီးဆယ်ယောက်လောက်ဆိုရင်ရော?"
"လူကြီး...ဆယ်ယောက်?"
ဘွားဘွားရှောင်က ၎င်းကို မယုံကြည်နိုင်ပေ။ ပြီးနောက်မှာ သူမက သင်္ကာမကင်းနဲ့
"ယွီအာ ဒါနည်းနည်းမများလွန်းဘူးလား?"
ရှောင်လင်းယွီက ပြုံးပြီးတော့
"လူဆယ်ယောက်က မများပါဘူး။ အဘွား သမီးတို့အရင်က တစ်ရာနီးနီးတောင် ခန့်ဖူးတာပဲ"
"လူတစ်ရာ?"
ဘွားဘွားရှောင်က မယုံကြည်နိုင်ဖြစ်သွားသည်။
"သမီး ဘာလို့ လူတွေအများကြီး လိုတာလဲ?"
ရှောင်လင်းယွီက ပြုံးလျက်ပဲ
"အဲ့ဒါ လူအရမ်းအများကြီးတောင် မဟုတ်သေးပါဘူး။ သမီးတို့ အရင်က စတော်ဘယ်ရီတွေ စိုက်တယ်လေ။ စတော်ဘယ်ရီတွေခူးရတာက အနုစိတ်တဲ့ အလုပ်ပဲ။ ပြီးတော့ သမီးတို့ စတော်ဘယ်ရီတွေ ထုပ်ပိုးဖို့နဲ့ အစရှိတာတွေအတွက်လည်း လူတွေလိုသေးတယ်။
စတော်ဘယ်ရီတွေက သက်တမ်းတိုတယ်လေ။ ဒါကြောင့် သမီးတို့ လုပ်ငန်းကို အရှိန်တင်ဖို့ လူတွေပိုခန့်ဖို့လိုတယ်။ အဘွား နောင်ကျရင် သမီးတို့ လူတွေပိုပြီးတောင် ခန့်ရဦးမှာ။ သူတို့ကို သမီးအတွက် ကြည့်ပေးဖို့ကတော့ အဘွားကို ဒုက္ခပေးရဦးမယ်"
"အိုး ဟုတ်သား။ သမီးတောင်တွေကိုလည်း အမြန်ဆုံး ပြုပြင်ချင်တယ်။ သမီးတို့ရွာမှာ လူတွေ လုံလုံလောက်လောက်ရှိတယ်မထင်ဘူး။ ဒါကြောင့် သမီးတို့ ရွာအပြင်ဘက်ကလူတွေကို ခန့်ဖို့လိုတယ်။ အဘွားနဲ့ အဘိုးက တခြားရွာတွေနဲ့ ပိုအကျွမ်းတဝင်ရှိတယ်။ ဒါကြောင့် အဘိုးနဲ့ အဘွားကို သမီးအတွက် လူတွေအကြုံပြုပေးစေချင်တယ်"
ဘွားဘွားရှောင်က ချက်ချင်း သဘောတူကာ
"ပြဿနာမရှိပါဘူး။ အနားပတ်လည်ရွာတွေမှာ ဘယ်သူတွေကအလုပ်ကြိုးစားမှန်း မင်းအဘိုးနဲ့ အဘွားကသိတယ်။ ဒါပေမယ့် ယွီအာ၊ အဘွားတို့ လူဘယ်နှယောက်လောက် ခန့်ဖို့လိုတာလဲ?"
ရှောင်လင်းယွီက ခနလောက် တွေးတောလိုက်ပြီး
"တောင်ကခြောက်လုံးရှိတယ်။ ဒါကြောင့် သမီးတို့ အနည်းဆုံး လူတစ်ရာလောက်တော့ ခန့်ဖို့လိုမယ်လို့ ခန့်မှန်းတယ်။ ငယ်ရွယ်ပြီးတော့ သန်မာတဲ့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဖြစ်ရမယ်"
အခုခေတ်မှာ လူငယ်တော်တော်များများက အလုပ်အကိုင်အတွက် ရွာကနေ ထွက်ခွာသွားကြသည်။ ကျန်ရှိနေတဲ့လူအများစုက အသက်ကြီးပိုင်းတွေပဲ ဖြစ်ကြသည်။ လယ်တွေကို ယူဖို့ နေခဲ့ကြတဲ့ လူငယ်လေးတွေလည်း ရှိသေးသည်။
ထောင်ယွမ်ရွာမှာ အိမ်ထောင်စု ၁၈၀ကျော်ရှိတာတောင် လုပ်နိုင်စွမ်းရှိတဲ့လူငယ်က ၁၀၀ထက်နည်းသည်။ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ သူတို့တွေ ရွာအပြင်ဘက်က လူတွေကို ခန့်ဖို့လိုသည်။
သူမရဲ့အကြီးဆုံးမြေးမက အမြဲတမ်းစိတ်ကူးအကြံဉာဏ်တွေနဲ့ လူတစ်ယောက်မှန်း ဘွားဘွားရှောင်သိသည်။
သူမက ခေါင်းညိတ်လိုက်ပြီးတော့
"ကောင်းပြီ ဒီကိစ္စကို မင်းအဘိုးနဲ့ အဘွားကို လွှဲထားလိုက်။ အဘွားအခုပဲသွားပြီး သတင်းလွှင့်လိုက်မယ်"
၎င်းကိုပြောပြီးတော့ ဘွားဘွားရှောင်က မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွားသည်။
ဘွားဘွားရှောင် ထွက်သွားပြီးတော့ ရှောင်လင်းယွင်က ရှောင်လင်းယွီကိုကြည့်လိုက်ပြီး ပြုံးကာ
"အစ်မ အစ်မမှာ အတော်လေးအပူအပင်ကင်းတဲ့ ဘဝတစ်ခုရှိတာပဲ"
သူမပြန်ရောက်လာပြီးတော့ ရှောင်လင်းယွင်က သူအစ်မနဲ့ပက်သက်ပြီး အလိုလိုပဲ ကိစ္စတချို့ကြားခဲ့သည်။ သူမရဲ့ဆယ်နှစ်ကြာကောင်လေးက သူမကို သစ္စာဖောက်သွားမှန်းကြားလိုက်တော့ ရှောင်လင်းယွင်က ဒေါသထွက်သွားခဲ့သည်။
ရှောင်လင်းယွင်က ချန်ဖေပင်းရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ပန်းလိုစကားလုံးတွေကြောင့် လှည့်စားခံလိုက်ရပြီး ချန်ဖေပင်းကို လက်ထပ်ခဲ့သည်။ ဒါပေမယ့်လည်း သူမရဲ့အစ်မနဲ့ ချန်းယန်က သူတို့ငယ်ငယ်လေးကတည်းက သိလာကြတာဖြစ်သည်။
သူတို့က အတူတူကြီးပျင်းလာပြီး တစ်ယောက်ကိုတစ်ယောက် ကောင်းစွာသိကြသည်။ သူတို့ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လောက်ကတည်းက ကြိုက်ခဲ့ကြခြင်းဖြစ်သည်။
ဒါပေမယ့်လည်း ဒီလူရဲ့ စိတ်က ပြောင်းလဲလွယ်မယ်လို့ ဘယ်သူကများ သိခဲ့မှာလဲ?
သူက မြို့ကြီးမှာ နှစ်အနည်းငယ် အလုပ်လုပ်ခဲ့ပေမယ့် သူ့ရဲ့အကျင့်စရိုက်က လုံးဝပြောင်းလဲသွားသည်။
ဆက်ဆံရေးကပြီးဆုံးသွားရင် သူဒီတိုင်း သူမနဲ့ ပြတ်လိုက်လို့ရတာပဲ။
ဘာလို့ ရှောင်လင်းယွီကို ထောင်ဖမ်းဖို့လိုမှာလဲ?
ဆယ်နှစ်။
ဆယ်နှစ်ကြာဆက်ဆံရေးမှာ သူက သူမကို သစ္စာဖောက်ဖို့ ရွေးချယ်ခဲ့သည်။
ကံကောင်းစွာနဲ့ပဲ သူမရဲ့အစ်မက သန်မာတဲ့လူတစ်ယောက်ဖြစ်သည်။ သူမကို လွယ်လွယ်နဲ့ရိုက်ချလို့မရပေ။ တခြားဖက်က သူမကို သစ္စာဖောက်သွားမှတော့ သူမလက်စားပြန်ချေဖို့ ဆုံးဖြတ်လိုက်သည်။ ပြီးနောက်မှာ သူမပစ္စည်းတွေကို သိမ်ဆည်းပြီး အိမ်ပြန်လာခဲ့သည်။ သူမ စတင်ပြီး လယ်စိုက်ခဲ့သည်။
ယှဉ်ကြည့်ရင် ရှောင်လင်းယွင်မှာ သူမအစ်မရဲ့ ရဲရင့်မှုမရှိပေ။
ရို့ရို့ကို မွေးပြီးတဲ့နောက်မှာ ချန်မိသားစုရဲ့သဘောထားကို သူမသိရှိသွားခဲ့တော့ သူမကလေးနဲ့အတူ ထွက်ခွာလာခဲ့သင့်သည်။ သူမ ထပ်ပြီးတော့ ချန်ဖေပင်း ရဲ့ချိုမြိန်တဲ့စကားလုံးတွေဆီကနေ အလှည့်စားမခံသင့်ပေ။ ဒါကြောင့်ပဲ သူမရဲ့ကလေးမလေးတွေက ချန်မိသားစုဆီကနေ ငါးနှစ်ကြာ နှိပ်စက်ခံခဲ့ရသည်။
အခု အသားအရောင်ပန်းသွေးဖြာဖြာနဲ့ ကိုယ်ဝန်ရှိနေတဲ့ သူမရဲ့အစ်မကို မြင်လိုက်တော့ ရှောင်လင်းယွင်က သူမရဲ့ တုန်ယင်မှုကို ပိုပြီးတော့တောင် နောင်တရသွားသည်။
ဒါပေမယ့်လည်း ကံကောင်းစွာပဲ အားလုံးက အတိတ်မှာပဲရှိသည်။ နောင်ကျရင် သူမသေချာပေါက် ကလေးတွေကို ဂရုစိုက်ပြီး ကောင်းမွန်တဲ့ဘဝမှာ နေထိုင်မည်။
ရှောင်လင်းယွီက သူမရဲ့ဝမ်းကွဲညီမ၏အတွေးများကို သိလိုက်သည်။ သူမ ရှောင်လင်းယွင်ကို ပြီးခဲ့တဲ့ရက်အနည်းငယ်မှာ စမ်းရေပေးနေခဲ့သည်။ လှပမှုက ပြန်ရောက်လာသည်။
ရှောင်လင်းယွီက ပြုံးပြီး
"မင်းဘဝက မင်းဟာပါပဲ။ ဘယ်လိုနေမလဲဆိုတာတော့ မင်းရွေးချယ်မှုပေါ့"
ရှောင်လင်းယွင်ရဲ့ နှလုံးက လှုပ်ခါသွားပြီး မျက်လုံးတွေပြူးကျယ်လာသည်။
ခနကြာပြီးတော့ သူမက ခေါင်းညိတ်ကာ
"အစ်မ ကျွန်မအခုနားလည်သွားပြီ"
"ကောင်းတယ်!"
ရှောင်လင်းယွီက
"အရင်က မင်းကလေးနှစ်ယောက်ရဲ့အကျိုးအတွက် ချန်မိသားစုမှာ အများကြီး နှိပ်စက်ခံခဲ့ရတယ်။ အခု မင်းကောင်မလေးတွေကို စောင့်ရှောက်ဖို့ မိသားစုက ဒီမှာရှိနေပြီ မင်းကြိုက်တာ လုပ်လို့ရတယ်။ ငါတို့အကုန်လုံး မင်းကို ပံ့ပိုးပေးကြမယ်လို့ ယုံတယ်"
"ကျေးဇူးပါ အစ်မ"
ရှောင်လင်းယွင်က ခေါင်းညိတ်လိုက်သည်။
ရှောင်လင်းယွီက ရှောင်လင်းယွင် ပြီးခဲ့တဲ့ရက်တွေမှာ ဘယ်လောက်စိတ်ရှုပ်ပြီး ကမောင်ကမဖြစ်နေမှန်း မြင်ခဲ့ရသည်။ အရင်က သူမချန်မိသားစုမှာတုန်းက သူမကလေးနှစ်ယောက်ရဲ့အကျိုးအတွက် နေထိုင်ခဲ့သည်။ ဒါပေမယ့် အခု သူမတို့ ချန်မိသားစုကနေလွတ်လာပြီဖြစ်သည်။ သူမ ဘာလုပ်ရမယ်မှန်း မသိချေ။
ရှောင်လင်းယွင်က သူမကို တစ်ခုခု ခနခနပြောချင်နေပေမယ့် အမြဲတမ်းနောက်ဆုတ်သွားတာကို ရှောင်လင်းယွီက သတိထားမိလိုက်သည်။ အခု သူတို့အတွက် စကားပြောဖို့ အသင့်တော်ဆုံးအချိန်ဖြစ်သည်။
ရှောင်လင်းယွီက
"ယွင်အာ မင်းအရင်တုန်းက သူနာပြုအတတ်သင်ခဲ့တာပဲ။ မင်း သူနာပြုတစ်ယောက်အဖြစ်ကို ပြန်သွားချင်သေးလား?"
ရှောင်လင်းယွင်က ခေါင်းညိတ်လိုက်ပြီး ခေါင်းခါလိုက်သည်။
"ကျွန်မ အခုမသိတော့ဘူး။ အရင်က ကျွန်မဘွဲ့ရပြီးရင် အလုပ်ကောင်းကောင်းတစ်ခုရမှာမလို့ သူနာပြုကျောင်းကို တက်ခဲ့တာ။ ကျွန်မ ချန်ဖေပင်းကို သူနာပြုကျောင်းမှာ တွေ့ခဲ့တာ။
သူက သူအလုပ်လုပ်တဲ့ခန်လင်းမြို့က ပြည်သူ့ဆေးရုံမှာ ကျွန်မရဲ့ အင်တာရှစ်အတွက် စီစဉ်ပေးခဲ့တာ။ ကျွန်မ ၁၈နှစ်ပြည့်တော့ သူနဲ့ကြိုက်မိသွားပြီး သူ့ကိုလက်ထပ်ခဲ့တယ်။
သူ့မိသားစုက ကျွန်မမှာ အလုပ်တစ်ခုရှိတာကို သဘောမကျခဲ့ဘူး။ သူတို့က ကျွန်မကို အိမ်မှာနေပြီး သူတို့မိသားစုကို စောင့်ရှောက်စေချင်တာ။ မကြာခင်မှာပဲ ကျွန်မက ချန်မိသားစုအတွက် ပိုက်ဆံပေးစရာမလိုတဲ့နာနီတစ်ယောက် ဖြစ်လာခဲ့တယ်"
ရှောင်လင်းယွင်ရဲ့မျက်လုံးတွေက အတိတ်အကြောင်းပြောနေတဲ့အချိန်မှာ မှေးမှိန်သွားသည်။
သူမက အဲ့ဒီတုန်းက အရမ်းငယ်သေးတယ်လေ။ ချန်ဖေပင်းနဲ့ ကြိုက်မိသွားပြီးတော့ သူမမျက်လုံးထဲမှာ ချန်ဖေပင်းကိုပဲ မြင်တော့သည်။ သူမက သူ့ကိုပဲ ကျေနပ်စေချင်တော့သည်။ ဒါကြောင့် သူမအလုပ်ကို ထွက်ခဲ့သည်။
သူမက ချန်မိသားစုဆီကနေ အဆက်မပြတ် အပြစ်ရှာခံနေရသည်။ သူမမှာအလုပ်မရှိတဲ့အတွက် သူတို့က သူမကို ပိုက်ဆံဖြုန်းလို့ ဆူပူကြသည်။ သူတို့က ဘယ်တုန်းကမှ စားပွဲပေါ်က ပူနွေးနေတဲ့အစားအသောက်တွေ၊ သန့်ရှင်းပြီး သပ်ရပ်နေတဲ့ကြမ်းပြင်နဲ့ သန့်ရှင်းနေတဲ့အိမ်တို့ကို ထည့်မစဉ်းစားခဲ့ကြပေ။ သူတို့အကုန်မြင်ကြတာက ရှောင်လင်းယွင်က သူတို့ကို ကုန်ပစ္စည်းစရိတ်တောင်းနေတာပဲ ဖြစ်သည်။
ဒါပေါ့ ရှောင်လင်းယွင်က သူတို့ကို ပိုက်ဆံတောင်းရမယ်လေ။
သူမက ကုန်စုံတွေကို ဘယ်လိုလုပ်ရမှာလဲ?
သူမ ချန်မိသားစုဆီကနေ စော်ကားခံရပြီးတော့ အလုပ်တစ်ခုသာ ထွက်ရှာခဲ့မယ်ဆိုရင် သူမယုံကြည်ချက်လေးကို ပြန်ရလာလောက်ပြီးတော့ တွင်းနက်ထဲမှာပဲ ပိတ်မိမနေခဲ့လောက်ပေ။
ရှောင်လင်းယွီက သူမရဲ့အမူအယာကိုမြင်လိုက်ပြီး သူမရဲ့ညီမက အတိတ်အကြောင်းစဉ်းစားနေလောက်မှန်း သိလိုက်သည်။ သူမက သက်ပြင်းချလိုက်ပြီး သူမကိုနှစ်သိမ့်ကာ
"ယွင်အာ မင်းအခု ဘာမှထပ်ပြီး စိုးရိမ်စရာမလိုတော့ပါဘူး။ မင်းလုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်။ ငါသေချာပေါက် မင်းကို ပံ့ပိုးမှာ။ တကယ်တော့ မင်းမှာ တစ်မိသားစုလုံးရဲ့ပံ့ပိုးမှုရှိတယ်လို့ ငါထင်တယ်"
ရှောင်လင်းယွင်က နားထောင်ကာ ကျေးဇူးတင်စွာနဲ့
"ကျေးဇူးပါ အစ်မ။ ဒါပေမယ့်လည်း ကျွန်မ နောက်မှာ ဘာဆက်လုပ်ချင်လဲဆိုတာကို မသိသေးဘူး"
ရှောင်လင်းယွီက ခေါင်းညိတ်ကာ
"ဟုတ်တယ် မင်းဒါနဲ့ပက်သက်ပြီး ရှင်းရှင်းလင်းလင်းရှိသင့်တယ်။ အလျင်လိုစရာမလိုပါဘူး။ မင်းအိမ်မှာ ပြန်သက်သာလာဖို့ အချိန်ယူလို့ရပြီး ဒီအကြောင်းစဉ်းစားလို့ရတယ်"
"ဟုတ် ကျွန်မနားလည်ပြီ"
ရှောင်လင်းယွင်က ခေါင်းညိတ်လိုက်သည်။
***