မြေပဲများ
Vol. 22 Ch. 363
မြေပဲတွေက ပဲတောင့်ရှည်မျိုးဖြစ်ကြသည်။ မြေပဲရိုးတံတွေအားလုံးကို မြေကြီးကို အိကျနေကြသည်။ မြေပဲတွေကို အမြစ်ကနေ တစ်ခုချင်း ဖယ်ပစ်မှဖြစ်တော့မည်။ ၎င်းက ကလေးတွေအတွက် အသင့်တော်ဆုံးအလုပ်ပဲဖြစ်သည်။
ရှောင်လင်းယွီက ရွာထဲကနေ အမျိုးသမီးဆယ်ယောက်ကို ခန့်လိုက်ပြီးတော့ မြေပဲတွေကို အမြစ်ကနေ လာနှုတ်ဖို့ ရွာထဲကကလေးတွေကိုခေါ်ဖို့ သူမမှာ ရှောင်ရှောင်းဟွေ့ရှိခဲ့သည်။
မြေပဲတွေက စိုပြည်ပြီး စိမ်းနေတုန်းပဲဖြစ်သည်။ တချို့ဟာတွေက အဝါရောင်အပွင့်တွေနဲ့ ပွင့်နေကြပြီ။ သိပ်ကောင်းကောင်းမသိကြတဲ့သူတွေက ဒီမြေပဲတွေက မမှည့်သေးဘူးလို့ ထင်ကြလိမ့်မည်။
ကလေးတွေက မြေပဲတွေကို တစ်ကျင်ကို ၂၀ဆင့်နှုန်းနဲ့ ခူးကြသည်။ ပြီးနောက်မှာ ကလေးတွေ စိတ်ပါလာပြီး တက်ကြွလာကြသည်။ ၎င်းက သူတို့အတွက် လေ့ကျင့်ခန်းနဲ့ ကစားချိန်ဖြစ်သည်။
ရှောင်လင်းယွီမှာ ပိုက်ဆံရှိပေမယ့် ကလေးတွေကို ပိုက်ဆံနဲ့ မဖျက်ဆီးပေ။ သူတို့ ပိုက်ဆံရဖို့ အလုပ်လုပ်ကြရမည်။ ၎င်းက သင်ယူရတာတန်တဲ့ သင်ခန်းစာတစ်ခုဖြစ်သည်။
လောလောဆယ်က နွေရာသီအားလပ်ရက်မလို့ ရှောင်ရှောင်းဟွေ့ရဲ့ လက်အဝှေ့တစ်ချက်နဲ့တင် ကလေး ၁၀ယောက် ၂၀ယောက်လောက် လာရောက်ကြသည်။ ရနိုင်တဲ့ပိုက်ဆံရှိမှတော့ ကလေးတွေရဲ့မိဘတွေက သူတို့ကလေးတွေကို သွားကူညီဖို့ အလိုလိုပဲ ပျော်ပျော်ရွှင်ရွှင် ခွင့်ပြုခဲ့ကြသည်။
ရှောင်လင်းယွီက ရှောင်ရှောင်းဟွေ့ကို သူ့အပေါင်းအပါတွေကို စိုက်ခင်းထဲ ခေါ်လာခွင့်ပြုခဲ့သည်။ သူတို့ရဲ့ခူးဆွတ်မှုဝိတ်အတိုင်း ပေးခံရမှာဆိုတော့ လူတိုင်းကို ခြင်းသေးသေးလေးတွေပေးပြီး သတ်မှတ်ထားသည့် နှုန်းတစ်ခုရှိသည်။ ခြင်းသေးလေးပြည့်သွားတာနဲ့ ၎င်းကို ချိန်တွယ်ပြီး မြေပဲတွေကို ခြင်းကြီးတစ်ခြင်းထဲသို့ ထည့်မည်။
ရှောင်လင်းယွင်က ကလေးတွေရဲ့ စာရင်းတွေထားရှိတာအတွက် တာဝန်ရှိသည်။
အမျိုးသမီးဆယ်ယောက်ကျော်ကျော်က မြေသုံးမူကနေ မြေပဲတွေ ခူးခဲ့ကြသည်။ ကလေးတွေကလည်း မြေပဲတံတွေကို ယူကြသည်။
ဒါပေါ့ ကလေးတွေက လူကြီးတွေထက်တော့နှေးတယ်လေ။ သူတို့ရဲ့ပြီးဆုံးသွားတဲ့ခူးဆွတ်မှုက တစ်မနက်နဲ့ မြေနှစ်မူရှိသည်။
"ဒီမြေပဲတွေက အရမ်းအများကြီးနဲ့ ညီညီညာညာကြီးပြင်းကြတာပဲ"
မြေပဲတွေကို အမြစ်ပါဆွဲနှုတ်ပစ်ပြီးတော့ သိပ်သိပ်သည်းသည်းထုပ်ပိုးထားတဲ့မြေပဲတွေက အတူတူကြီးလာတာကို လူတော်တော်များများ မြင်လိုက်ကြရသည်။ သူတို့က ၎င်းကို မယုံနိုင်ဖြစ်သွားကြသည်။ မြေပဲတွေက ကြီးမားပြီး ပွပွရောင်းရောင်းရှိကြသည်။
စတော်ဘယ်ရီတွေတုန်းက ကိစ္စတစ်ခုရှိခဲ့သည်။
အကြောင်းမှာ သာမန်ရွာသားတွေက ၎င်းတို့ကို ဘယ်လိုစိုက်ပျိုးရမလဲမသိ၍ဖြစ်သည်။ ဒါပေမယ့်လည်း ရွာသားတွေက သူတို့ကိုယ်ပိုင်မြေပဲတွေ စိုက်ပျိုးကြပေမယ့် သူတို့မြေပဲတွေက ဘယ်တုန်းကမှ ဒီလောက်မကောင်းခဲ့ပေ။
"ဘာကအရမ်းထူးဆန်းနေလို့လဲ?"
သူမဘေးကလူက ချက်ကျလက်ကျပြောလိုက်သည်။
"ရှောင်မိသားစုရဲ့သီးနှံတွေက အမြဲတမ်းထူးခြားတာပဲ။ စတော်ဘယ်ရီတွေက အကောင်းဆုံးဥပမာပဲ။ သူတို့သီးနှံတွေက ကွာခြားနေရင်တောင် ဈေးအမြင့်နဲ့ရောင်းခံရတယ်။ ဒါကြောင့် သူတို့မြေပဲတွေကောင်းကောင်းကြီးလာတာကို ဘာလို့အံ့ဩနေတာတုန်း?"
"အမှန်ပဲ မြေပဲတွေက ကောင်းကောင်းမွန်မွန်ကြီးပျင်းလာမှတော့ ပဲပိစပ်တွေလည်း ခပ်ဆင်ဆင်အကောင်းဆုံးပဲဖြစ်မှာပဲ"
"သေချာတယ်။ ဒါပေမယ့်လည်း ရှောင်လင်းယွီ မြေပဲတွေနဲ့ ပဲပိစပ်တွေအများကြီး စိုက်ပြီးပြီလေ။ သူ ဒါတွေကို ဒီတိုင်းပဲ ဒါမှမဟုတ် ပြင်ဆင်ပြီးမှ ရောင်းမယ်ထင်လား?"
"ငါဘယ်လိုလုပ်သိမှာလဲ? အချိန်ကျလာရင် ငါတို့သိလိမ့်မှာပေါ့"
သူမက ပြုံးလိုက်သည်။
တခြားဖက်မှာလည်း ကလေးတွေက ခွေးခြေလေးတွေနဲ့ လာခဲ့ကြသည်။ သူတို့က လူကြီးတွေ မြေဆီလွှာကနေ ဆွဲနှုတ်ထားပြီး ပုံထားတဲ့ မြေပဲပင်တွေကိုသယ်လာခဲ့ကြသည်။ ပြီးနောက်မှာ သူတို့တွေ မြေပဲတွေကို အမြစ်ကနေ နှုတ်ယူလိုက်ကြသည်။
ပူအိုက်တဲ့နေ့တစ်နေ့ဖြစ်တဲ့အတွက် သူတို့တွေက ထီးအကြီးကြီးတွေ ပေးခဲ့ကြသည်။ ကလေးနှစ်ယောက်က သူတို့လက်ထဲက မြေပဲကိုကြည့်လိုက်ပြီး တခြားသူတွေကို ကြည့်လိုက်ကြသည်။ ပြီးနောက်မှာ သူတို့က မြေပဲတွေကို အခွံခွာပြီး သူတို့ပါးစပ်ထဲ ထည့်လိုက်ကြသည်။
"ဝိုး ဒီမြေပဲတွေက အရမ်းအရသာရှိတာပဲ။ ချိုပြီး မွှေးနေတာပဲ"
မြေပဲတွေကို တိတ်တဆိတ်အရသာခံကြည့်ပြီးနောက် ကလေးတွေက အံ့ဩသွားကြသည်။
၎င်းက ချက်ချင်းပဲ ရှောင်ရှောင်းဟွေ့ကို စိတ်အနှောင့်အယှက်ပေးခဲ့သည်။ သူက ရှောင်ပေါင်းဇီကို တစ်ချက်ကြည့်လိုက်ပြီး ဒေါသတကြီးနဲ့
"ဖက်တီးလေး မင်းကို မြေပဲတွေခူးဖို့ ခန့်ထားတာ။ စားဖို့မဟုတ်ဘူး!"
ရှောင်ပေါင်းဇီက ကန့်ကွက်ကာ
"ဒါပေမယ့် ဒါတွေက အရမ်းအရသာရှိတယ်ဟ!"
"ဘာပဲဖြစ်ဖြစ် မင်းကို မြေပဲတွေစားဖို့ ခွင့်ပြုမထားဘူး!"
ရှောင်ရှောင်းဟွေ့က ကျယ်လောင်စွာပြောလိုက်သည်။
အဲ့ဒီအချိန်မှာ ရှောင်ရှောင်းဟွေ့ရဲ့မျက်လုံးတွေက ဖောင်းထွက်လာပြီး
"မင်းမြေပဲတွေစားတာကို ငါထပ်မိရင်တော့ မင်းအိမ်ပြန်လို့ရပြီ"
ရှောင်ရှောင်းဟွေ့က တကယ်တော့ ကပ်စေးနှဲတဲ့လူတစ်ယောက် မဟုတ်ပေ။ ဒါပေမယ့်လည်း ဒီမှာ သူ့သူငယ်ချင်းက ၁၈ယောက်ရှိသည်။ လူတိုင်းသာ မြေပဲတွေစားနေရင် ဘာမြေပဲမှ ခူးဖို့ကျန်မှာ မဟုတ်တော့ပေ။ ၎င်းက မမှန်ကန်ပေ။
ရှောင်ပေါင်းဇီက သတိပေးချက်ကိုကြားတော့ ချက်ချင်းပဲ နှုတ်ခမ်းကွေးလိုက်ပြီး
"ကောင်းပြီ ငါမြေပဲတွေမစားဘူး။ ဆက်ပဲခူးနေမယ်"
ရှောင်နီချိုးအစ်မရဲ့မြေပဲတွေက အရမ်းအရသာရှိလွန်းသည်။ ၎င်းတို့က ချိုပြီး မွပြီးတော့ ကောင်းမွန်တဲ့အရသာရှိသည်။ ဒါတွေက သူအရင်ကစားဖူးတဲ့မြေပဲတွေထက်တောင် ပိုအရသာရှိသေးသည်။ သူ၎င်းတို့ကို ဆက်ပြီး စားချင်နေသေးသည်။ ဒါပေမယ့်လည်း သူက ပိုက်ဆံကိုပဲ ဆက်ဦးစားပေးလိုက်သည်။ သူ့မှာပိုက်ဆံရှိတာနဲ့ သူကြိုက်တဲ့ကစားစရာတွေ ဝယ်လို့ရပြီဖြစ်သည်။
မြေပဲတစ်ကျင်ခူးတာက ၂၀ဆင့်ဖြစ်သည်။ ဆယ်ကျင်က ၂ယွမ်ဖြစ်လိမ့်မည်။ သူသေချာပေါက် မြေပဲကျင်၅၀တော့ ခူးနိုင်သည်။ ကျင်၅၀က ဆယ်ယွမ်ဖြစ်သည်။
အဆုံးမှာ ရှောင်ပေါင်းဇီက ပိုက်ဆံတွေရဲ့ဆွဲဆောင်မှုကြောင့် လက်နက်ချလိုက်သည်။ ဒါပေမယ့်လည်း သူမြေပဲတွေကိုကြည့်လိုက်တော့ စတင်ပြီး သွားရည်ယိုလာသည်။
ကလေးဆယ့်ခုနစ်ယောက်၊ ဘွားဘွားရှောင်နဲ့အတူ ရှောင်လင်းယွင်နဲ့ ကလေးမလေးနှစ်ယောက်က ထီးအောက်မှာ ဝိုင်းဖွဲ့ပြီး မြေပဲတွေကို အတည်တကျ ခူးယူနေကြသည်။ လုလု နဲ့ ရို့ရို့က ခြင်တွေသူတို့ကို ကိုက်မှာကနေ ကာကွယ်ဖို့ အနောက်မှာဖဲပြားနဲ့ ပန်းရောင်အင်္ကျီလက်ရှည်ဂါဝန်တွေနဲ့ အဖြူရောင်ဘောင်းဘီရှည်တွေဝတ်ထားခဲ့သည်။
ရှောင်မိသားစုက ပြီးခဲ့တဲ့ရက်တွေမှာ ကလေးမလေးနှစ်ယောက်ကို ကျွေးမွေးဖို့ အကောင်းဆုံးကြိုးစားခဲ့ကြသည်။ မေမေရှောင်က သူတို့သောက်ဖို့ စမ်းရေတောင် တိတ်တဆိတ်ပေးလိုက်သေးသည်။ သူတို့အသားအရေက ပိုပြီး ကောင်းမွန်လာသည်။ သူတို့က ဆက်လက်ပြီးမပိန်လှီတော့ဘဲ ပိုပြီးအသက်ဝင်ပုံပေါ်လာသည်။ လုလုက မြေပဲတစ်ပင်ကို ကိုင်ထားခဲ့သည်။
မြေပဲတွေက အမြစ်ကနေကြီးလာတာကို သူမမြင်တော့ သူမအမေကိုမေးကာ
"မေမေ ဒါမြေပဲပင်လား?"
ရှောင်လင်းယွင်က ပြုံးကာ
"ဟုတ်တယ်"
"ဒါပေမယ့် မေမေ၊ ဘာလို့ မြေပဲတွေက မြေအောက်ကနေကြီးလာပြီး သစ်ရွက်ကနေမကြီးတာလဲ?"
လုလုက မေးလိုက်သည်။
ရှောင်လင်းယွင်လည်း မသိပေ။
"မေမေ ဘာလို့ပန်းပွင့်ဝါဝါလေးတွေက မြေပဲပင်ပေါ်မှာ ရှိနေတာလဲ?"
စူးစမ်းချင်တဲ့လုလုက မေးလိုက်သည်။
ရှောင်လင်းယွင်က"..."
သူမလည်း မသိဘူးလေ။ သူမ သူနာပြုကျောင်းကို တက်ဖူးပေမယ့် တော်တော်များများကို မေ့နေပြီဖြစ်သည်။ အသိပညာတွေက ချန်မိသားစုအတွက် အလကားနာနီအနေနဲ့အလုပ်လုပ်ပေးနေရတုန်းက ထွက်ခွာသွားပြီဖြစ်သည်။ ရှောင်လင်းယွင်က သူမကိုယ်သူမ တွေးလိုက်သည်။
'ပညာမတတ်တာ ကြောက်စရာကောင်းတာပဲ။ ကြည့်ရတာ ငါ့ဖတ်စာအုပ်တွေကိုယူပြီး ပိုလေ့လာရဦးမယ်ထင်တယ်။ အနည်းဆုံးတော့ ငါ့ကလေးတွေမှာ မေးခွန်းတွေရှိရင် လုံးဝ အစဖော်မရမှာတော့ မဟုတ်တော့ဘူး'
ရှောင်လင်းယွင်က ကလေးကို အရမ်းရိုးရိုးသားသားနဲ့
"ကလေးတို့ အမေလည်းမသိဘူး"
လုလုရဲ့မျက်နှာလေးက သိသိသာသာ အနည်းငယ်စိတ်ပျက်သွားသည်။
"အိုး ဒီတော့မေမေလည်း မသိဘူးပေါ့"
ရှောင်လင်းယွင်က လုလုရဲ့မျက်နှာက စိတ်ပျက်သွားတဲ့ အမူအယာကိုမြင်လိုက်ပြီး စိတ်ထိခိုက်သွားသည်။
သူမက
"ဒါပေမယ့် ကလေးလေး၊ စိတ်မပူနဲ့။ မေမေပြန်သွားပြီး စာအုပ်တချို့ဖတ်လိုက်မယ်။ မေမေအဖြေကိုသိပြီးရင် မေမေ့ကလေးတွေကို ပြောပြမယ်လေ ဟုတ်ပြီလား?"
လုလုရဲ့မျက်လုံးတွေက ချက်ချင်းလင်းလက်သွားသည်။
သူမက ခေါင်းညိတ်လိုက်ပြီးတော့
"ဟုတ်ပြီ အိုကေ"
ပြီးနောက်မှာ ညီအစ်မနှစ်ယောက်က မြေပဲတွေခူးတာမှာ သူတို့ကိုယ်သူတို့ စိတ်နှစ်ထားလိုက်ကြသည်။ ထောင်ယွမ်ရွာက အဘွားရဲ့အိမ်ကို သူတို့လာတဲ့နေ့က သူတို့ဘဝမှာ အပျော်ဆုံးနေ့ပဲဖြစ်သည်။
အဘွားနဲ့ အဒေါ်ရဲ့ရိုက်နှက်မှုနဲ့ ဆူပူမှုတွေမရှိသလို အဖေနဲ့ အဘိုးရဲ့ အေးစက်တဲ့အကြည့်တွေလည်း မရှိပေ။ ဒီနေရာက လူတွေက သူတို့ကို အထူးကောင်းကြသည်။
အစားကောင်းအသောက်ကောင်းရှိရင် သူတို့အရင်စားရပြီး ကစားစရာတွေရှိရင်လည်း သူတို့ကို အရင်ဆုံးပေးကစားကြသည်။
ဒါ့ပြင် သူတို့နဲ့ကစားမယ့် ကလေးတွေအများကြီးလည်းရှိသည်။ ဒါပေမယ့်လည်း သူတို့ အဘိုးအဘွားတွေက ဒီနေရာကို ရုတ်တရက် ရောက်ချလာပြီး သူတို့ကို ကြမ်းကြမ်းတမ်းတမ်းဆူပူမှာကိုတော့ အမြဲကြောက်ရွံ့နေကြသည်။ သူတို့တွေက စတင်ရိုက်နှက်ဆူပူပြီး အလုပ်ခိုင်းလိမ့်မည်။ ဒါပေမယ့်လည်း သူတို့အမေနဲ့ အဘွားက သူတို့အဘိုးအဘွားတွေ သူတို့ရှေ့ကိုထပ်ပြီး ဘယ်တော့မှရောက်လာတော့မှာမဟုတ်ကြောင်း ပြောခဲ့ကြသည်။
ဒါပေမယ့် ဒါက အမှန်လား?
သူတို့ရဲ့ အဘိုး၊ အဘွားနဲ့ ဒေါ်လေးက တကယ်ပဲထပ်ရောက်မလာတော့ဘူးလား?
သူတို့အရမ်းသင်္ကာမကင်းဖြစ်နေတုန်းပဲဖြစ်သည်။
ကလေးနှစ်ယောက်မှာ ချန်မိသားစုမှာသူတို့ကိုကာကွယ်ပေးနေတယ့် ရှောင်လင်းယွင်ရှိပေမယ့်လည်း ချန်မိသားစု သူတို့ကိုဆက်ဆံတဲ့ပုံက သူတို့စိတ်ထဲမှာ အရိပ်ထင်နေခဲ့သည်။ ဒီအရိပ်ကနေလွတ်မြောက်ဖို့ သူတို့ ကြိုးကြိုးစားစားအလုပ်လုပ်ရမည်။ သူတို့ကြီးပြင်းလာပြီး သူတို့ကြောက်ရွံ့ခဲ့တဲ့ သူတို့အဘိုး၊ အဘွားနဲ့ ဒေါ်လေးက အဖမ်းခံလိုက်ရပြီမှန်း သိရင်တော့ သူတို့ပိုပြီး စိတ်သက်သာရာရချင်ရသွားမှာပေါ့။
ဒါပေမယ့်လည်း ရှောင်မိသားစုက ကလေးနှစ်ယောက်ကို အမှောင်ထဲမှာ မထားခဲ့ပေ။ ဒါ့ပြင် အဲ့ဒီလူတွေ ဘယ်လောက်ပဲဆိုးခဲ့ဆိုးခဲ့ သူတို့ကလေးတွေကို ဘယ်လောက်ပဲဆိုးဆိုးရွားရွား ဆက်ဆံခဲ့ ဆက်ဆံခဲ့ သူတို့က ကလေးတွေရဲ့ အနီးစပ်ဆုံးဆွေမျိုးတွေဖြစ်နေကြတုန်းပဲဖြစ်သည်။
မနက်ခင်းမှာ မြေပဲနှစ်မူကို နှုတ်ပြီးတော့ ကျန်ရှိတဲ့နေတဲ့မူတွေကို နေ့လည်ခင်းမှာ သူတို့အဆုံးသတ်ခဲ့ကြသည်။ ကလေးတစ်ဒါဇင်အပြင် နေ့ခင်းမှာ မြေပဲတွေခူးဖို့ လာခဲ့ကြတဲ့ လူကြီးတချို့လည်းရှိသည်။ သူတို့က ဆယ့်ငါးယောက်ပတ်လည်ရှိသည်။ သူတို့ရဲ့ကျန်းမာရေးကြောင့် ဒီလူကြီးတွေကို ပုံမှန်ဆိုရင်တော့ အလုပ်မခန့်ကြပေ။ အသီးအရွက်တွေစိုက်ပျိုးတာကလွဲရင် သူတို့မှာ တခြားဝင်ငွေမရှိပေ။ သူတို့ထဲကတချို့က ရောင်းချဖို့ ဆေးပင်တွေခူးဖို့ တောင်ပေါ်သွားကြပေမယ့် သူတို့အသက်အရွယ်အရ သိပ်များများစားစား မစုဆောင်းနိုင်ကြပေ။
မြေပဲတွေခူးဖို့ ရှောင်မိသားစုက လူတွေလိုအပ်နေမှန်း သူတို့ကြားတော့ လူကြီးတချို့က ဘွားဘွားရှောင်ကိုရှာဖို့ အရေထူနေခဲ့ကြသည်။ ဘွားဘွားရှောင်က စိတ်ထားနူးညံ့ပြီး သူတို့ကို အလုပ်ခန့်လိုက်သည်။
ကလေးတွေလည်းဆင်တူစွာပင်။
သူတို့ခူးထားတဲ့မြေပဲတွေရဲ့အလေးချိန်အရ ပိုက်ဆံရမည်ဖြစ်သည်။
နေ့ခင်းဘက်မှာ လူကြီးတွေရောက်လာတာကို ကလေးတွေမြင်လိုက်ကြတော့ စတင်ပြီး ယှဉ်ပြိုင်လာကြသည်...
***