← Chapters

ပဲပိစပ်များ

Vol. 22 Ch. 364

ပဲပိစပ်များ

Vol. 22 Ch. 364

ဒီလူတွေ ပိုက်ဆံအတွက် သူတို့နဲ့ပြိုင်ဆိုင်ဖို့ လာကြတာလေ။

ကလေးမတွေမှာ ကောက်ယူဖို့ မြေသုံးမူရှိပေမယ့် အခု လူကြီးတွေက သူတို့နဲ့ပြိုင်ဆိုင်ဖို့လာနေကြပြီ။

ဒါပေမယ့်လည်း ပြိုင်ဆိုင်မှုက မိုတီဗေးရှင်းတွေ ပေါက်ဖွားစေသည်။ ရလဒ်အနေနဲ့ ကလေးတွေက မနက်တုန်းကလုပ်တာထက် ပိုမြန်မြန်လှုပ်ရှားခဲ့ကြသည်။ လူကြီးတွေကလည်း သူများထက် အသာမခံလိုက်ရချင်ပေ။ သူတို့ကို ဒီအလုပ်ပေးဖို့ ဘွားဘွားရှောင်ကိုစည်းရုံးတဲ့နေရာမှာ အများကြီးအားစိုက်ထုတ်ထားရသည်။

သူတို့ကို အလေးချိန်အရပေးမှာဖြစ်သည်။ ဒါကြောင့် သူတို့ပိုလုပ်လေလေ သူတို့ပိုရလေလေပဲဖြစ်သည်။ သူတို့က ကောင်ကလေးတွေကို မပေးလိုက်ချင်ပေ။ ကလေးတွေက လူကြီးတွေကို တစ်ချက်ကြည့်လိုက်ကြသည်။ လူကြီးတွေက ခေါင်းခါလိုက်ကြပြီးတော့ သူတို့အလုပ်ဆီပြန်လှည့်ခဲ့ကြသည်။

ကျိုးယန် ဦးဆောင်တဲ့ အမျိုးသမီးအဖွဲ့က မြေပဲပင်တွေကို နုတ်ပြီးလို့ရှိရင် မြေပဲခူးတာတွေမှာ ကူညီဖို့ စီစဉ်ခဲ့ကြသည်။ သူတို့ရဲ့လုပ်အားခက အလေးချိန်နဲ့ချိန်တာမဟုတ်ဘဲ အချိန်နဲ့တွက်တာဖြစ်သည်။ သူတို့ ရှစ်နာရီအပြည့်လုပ်ရင် ယွမ်၃၀ရလိမ့်မည်။

လူတွေအများကြီးက မြေပဲတွေခူးနေမှတော့ သူတို့ကို သွားမဆက်တော့ဘဲ ပဲပိစပ်တွေဖြတ်ဖို့ပဲ သွားခဲ့ကြသည်။ ပဲပိစပ်တွေကလည်း မြေကြီးကို အိကျနေပြီး ၎င်းတို့ကို နေရောင်အောက်မှာ အခြောက်ခံဖို့ အပုံလိုက်ဖြန့်ထားခဲ့ကြသည်။ ပဲပိစပ်အစို့တွေ ခြောက်သွားတာနဲ့ အသီးတောင့်တွေက အက်ကွဲပွင့်လာပြီး ပဲပိစပ်တွေ ထွက်လာလိမ့်မည်။

အသီးတောင့်တွေကို ရှင်းလင်းပြီးရင် ကျန်ရှိနေတာတွေက ပဲပိစပ်တွေ၊ ပဲပိစပ်အရွက်တွေနဲ့ ဖုန်နည်းနည်းနဲ့ အကိုင်းတွေပဲ ရှိတော့မည်။

ပထမဆုံးအနေနဲ့ ဝါးခြစ်တစ်ခုကို အရွက်တွေကနေ ပဲတွေကို ဆွဲထုတ်ဖို့သုံးသည်။ ပြီးနောက်မှာတော့ အညစ်အကြေးတွေလိုမျိုး မသန့်စင်တာတွေကို စစ်ချဖို့ အမှိုက်ကော်တစ်ခုကို သုံးလိုက်သည်။

အဆုံးမှာ သန့်စင်တဲ့ပဲပိစပ်တွေရဖို့ နောက်ဆုံးစစ်ထုတ်ခြင်းကိုပြုလုပ်ဖို့ စပါးစစ်လေရဟတ်တစ်ခုကို သုံးလိုက်သည်။

မြေပဲတွေက ပဲပိစပ်တွေထပ် စုဆောင်းဖို့ ပိုလွယ်သည်။

နောင်ကျရင်တော့ ရှောင်လင်းယွီက ပိုမိုထိရောက်တဲ့ကောက်ရိတ်သိမ်းစက်တစ်ခုမြှုပ်နှံဖို့ စီစဉ်ထားခဲ့သည်။ ဒါပေမယ့် အခုတော့ သူမက လူလုပ်မန်နျူရယ်အပေါ်မှာပဲ မှီခိုရလိမ့်ဦးမည်။

လူသုံးဆယ်ကျော်ကျော်က မြေပဲတွေကို သုံးရက်ကြာ ‌ဆွတ်ခူးခဲ့သည်။ လူတိုင်းက လျှံပယ်လှတဲ့သီးနှံတွေကို ဆွတ်ခူးလိုက်ရတယ်လို့ ခံစားခဲ့ကြရသည်။

ကလေးတွေက တစ်နေ့ကို ဆယ်ယွမ်ထက်ပိုလုပ်နိုင်သည်။ ပိုမြန်တဲ့သူတွေက နှစ်ဆယ်အထက်တောင်ရကြသည်။ အသေးလေးတွေကလည်း အရမ်းပျော်နေကြသည်။ သုံးရက်အတွင်းမှာပဲ သူတို့က ‌ယွမ် လေးဆယ်ကနေ ငါးဆယ်အထိ စုဆောင်းရရှိခဲ့ကြရသည်။ သူတို့ကြိုက်တဲ့ လှပတဲ့အဝတ်အစားတွေ ဒါမှမဟုတ် သူတို့ကြိုက်တဲ့အရုပ်တွေ ဝယ်လို့ရပြီဖြစ်သည်။

မြေပဲတွေကို သန့်စင်ပြီးတော့ အပေါ်ယံဆီတွေကို ဆေးချဖို့ ၎င်းတို့ကို မြစ်ဆီယူသွားရဦးမည်။

ရှောင်လင်းယွီ ခန့်ထားတဲ့သူတွေက ကလေးတွေ မဟုတ်ရင် အသက်အတော်ကြီးသည့် လူကြီးတွေပဲဖြစ်ကြသည်။

လေးလံတဲ့မြေပဲတွေကို မြစ်ဆီသယ်သွားရင်း သူတို့တွေ မတော်တဆတစ်ခုခုဖြစ်မှာ သူမက စိုးရိမ်နေခဲ့သည်။ ဒါကြောင့် သူမ ငယ်ငယ်ရွယ်ရွယ်ယောက်ျားနှစ်ယောက်ခန့်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒါပေမယ့်လည်း ပထမဦးလေးရှောင်နဲ့ တတိယ‌ဦးလေးရှောင်တို့က ကူညီဖို့ ကမ်းလှမ်းခဲ့သည်။ ရှောင်ကျန်းယန်နဲ့ ဘိုးဘိုးရှောင်တို့က တောင်ပေါ်က အလုပ်တွေကို ကြည့်ရှုနေကြသည်။ ဦးလေးနှစ်ယောက်က အားလပ်နေမှတော့ သူတို့ ကူညီဖို့ ဆုံးဖြတ်လိုက်ကြသည်။

ပထမဦးလေးရှောင်နဲ့ တတိယဦးလေးရှောင်တို့က မြေပဲကုန်တွေကိုယူပြီး မြစ်ဆီသယ်သွားခဲ့ကြသည်။ မြစ်မှာ သူတို့ကို စောင့်နေကြတဲ့လူတွေရှိသည်။ မြေပဲတွေကို ဆေးကြောဖို့ အကောင်းဆုံးနည်းလမ်းက ဝါးခြင်းတောင်းတစ်လုံး မဟုတ်ရင် အထဲကအပေါက်တွေနဲ့ ပလတ်စတစ်ဖရိန်တစ်ခုကို အသုံးပြုဖို့ဖြစ်သည်။ အပေါက်တွေက အညစ်အကြေးတွေထွက်သွားဖို့ လုံလုံလောက်လောက်ကြီးမားပြီး မြေပဲတွေကို ထားဖို့လုံလုံလောက်လောက် သေးရဦးမည်။

ပျမ်းမျှစိုက်ခင်းတစ်ခုအတွက် မြေတစ်မူက ၈၀၀မှ ၉၀၀ မြေပဲကျင်(ကတ်တီ)ကို ထုတ်လုပ်ပေးနိုင်သည်။ မြေဩဇာအနည်းဆုံးကောင်းတဲ့စိုက်ခင်းတောင် ကျင်၆၀၀ပတ်လည်ရနိုင်သည်။ ရှောင်လင်းယွီရဲ့စိုက်ခင်းက တစ်မူကို ကျင်၁၂၀၀ဝန်းကျင်ထုတ်သည်။ ၎င်းက ပျမ်းမျှထွက်ရှိတဲ့ပမာဏထက်တောင် ပိုများနေသည်။

ဒါ့ကြောင့် စုစုပေါင်းသီးနှံထွက်ကုန်က ကျင်၄၀၀၀ဖြစ်သည်။

ဒါပေမယ့်လည်း ရှောင်မိသားစုအတွက်တော့ ဒါကအရမ်းပုံမှန်ဖြစ်နေသည်။ သဘာဝကျကျပဲ ရွာသားတွေက ၎င်းက နွားဘုရင်ငယ်လေးရဲ့အထောက်အပံ့ကြောင့်လို့ တွေးခဲ့ကြသည်။ နွားဘုရင်ငယ်လေးက ရှောင်မိသားစုနဲ့အတူတူရှိတယ်လေ။ ဒါကြောင့် သူတို့မှာ သူ့ရဲ့မစင်ကို အများဆုံးအသုံးပြုနိုင်တဲ့ အခွင့်အရေးရှိတယ်လေ။

ဒါ့ပြင် ရှောင်လင်းယွီက မြေပဲတွေကို ကြီးမားလှတဲ့ရုံကြီးတွေအောက်မှာ စိုက်ပျိုးခဲ့တာလေ။ ၎င်းထဲမှာ သူတို့နားမလည်တဲ့ စိုက်ပျိုးရေးနည်းပညာတွေ ပါဝင်နေသည်။ ရှောင်လင်းယွီရဲ့ မြေပဲတွေက ကြီးမားသည်။ ၎င်းတို့ကို ဆီထုတ်လုပ်မှုမှာသာ သုံးမယ်ဆိုရင် တစ်ကျင်ကို မြေပဲဆီ သုံးလေးလျန်လောက် ရနိုင်သည်။

နှိုင်းယှဉ်ကြည့်ရင် ပုံမှန်လယ်သမားတွေက မြေပဲတစ်ကျင်ကို ၂.၅ လျန်လောက်ပဲ ရလိမ့်မည်။ ကျေးလက်မှာလုပ်တဲ့သန့်စင်တဲ့မြေပဲဆီကို တစ်ကျင် ဆယ်ယွမ်နဲ့ ရောင်းသည်။ မြေပဲ ကျင်၄၀၀၀က မြေပဲဆီကျင်၁၀၀၀ကျော်ကျော်ကို ထုတ်နိုင်လိမ့်မည်။ မြေပဲဆီတွေချည်း ရောင်းတာကနေတောင် သူတို့တွေ ယွမ်၁၀၀၀၀ကျော်ကျော်ရလိမ့်မည်။ ပြီးတော့ ဒါက သူတို့တွေ မြေပဲဆီကို ပုံမှန်ဈေးနဲ့ရောင်းမှသာဖြစ်သည်။

ရှောင်မိသားစုက ၎င်းတို့ကို ပျမ်းမျှဈေးနဲ့ရောင်းမှာ မဟုတ်ပေ။

သူတို့တွေ ရှောင်မိသားစုရဲ့မြေပဲတွေကို မြည်းကြည့်ကြဖူးသည်။ ချိုမြိန်ပြီး ကြွပ်ရွနေသည်။

သူတို့က အသီးတွေနဲ့ ပိုတူသည်။ ဒါကြောင့် ဆီတွေကလည်း ပိုပြီးဈေးကြီးလောက်မည်။ သူတို့က ဈေးကထက် ပိုပြီးမြင့်တဲ့ဈေးနှုန်းကို သုံးနိုင်သည်။

အသီးအနှံတွေက အကောင်းဆုံးဥပမာပဲဖြစ်သည်။ ပုံမှန်ဂေါ်ဖီထုပ်တစ်ထုပ်ကို ဈေးမှာ ၃၀ဆင့်နဲ့ရောင်းပေမယ့် ရှောင်လင်းယွီက တစ်ကျင်ကို ယွမ်တော်တော်များများနဲ့ ရောင်းနိုင်သည်။

ရှောင်မိသားစုရဲ့မြေပဲဆီက တစ်ကျင်ကို ယွမ်၁၀၀လောက်နဲ့ရောင်းလိမ့်မယ်လို့ ရွာသားတချို့က ယုံကြည်ကြသည်။

မြေပဲတွေအပြင် ပဲပိစပ်တွေလည်း ရှိသေးသည်။ ပဲပိစပ်တွေကို ဆီ ဒါမှမဟုတ် တို့ဖူးတွေ လုပ်နိုင်သည်။ ဒါပေမယ့်လည်း တို့ဖူးလုပ်တာက မလွယ်လှပေ။ သံကိုပန်းပဲဖိုခြင်း၊ ရွက်လွှင့်ခြင်းနဲ့ တို့ဖူးပြုလုပ်ခြင်းတွေက ရှေးတုန်းကတရုတ်ပြည်မှာ အကြီးမားဆုံး အခက်အခဲတွေဖြစ်သည်။

သံကိုပန်းပဲဖိုခြင်း: တစ်ယောက်က မီးဖိုကအပူကို နေ့ရောညပါ ကြံ့ကြံ့ခံရမည်။ ပြီးတော့ ၎င်းက တူအကြီးကြီးတွေနဲ့ အလုပ်လုပ်ရင် မလွယ်ကူပေ။

ရွက်လွှင့်ခြင်း: အသက်က လေနဲ့ ရေလှိုင်းတွေအပေါ်မှာ မူတည်နေသည်။ သေခြင်းတရားက လောဘောလတ်လတ်ပဲ ဘွားခနဲပေါ်လာသည်။

တို့ဖူးပြုလုပ်ခြင်း: အလုပ်လုပ်ဖို့ ညလယ်မှာထရမည်။ တို့ဖူးတွေကြိတ်တာကခက်ခဲသည်။

ဒါပေမယ့် ဝင်ငွေက မဖြစ်စလောက်ပဲဖြစ်သည်။

ဒါပေမယ့်လည်း နည်းပညာတွေတိုးတက်လာတာနဲ့ ဒီအလုပ်တွေကိုပိုမိုလွယ်ကူစေတဲ့ စက်ပစ္စည်းတွေအခုရှိလာပြီဖြစ်သည်။

ရှောင်လင်းယွီက သူမရဲ့တတိယဦးလေးကို တို့ဖူးလုပ်တာကို စပ်တူလုပ်ကြဖို့ ရည်ရွယ်ထားခဲ့သည်။

ပြီးခဲ့တဲ့နှစ်တွေမှာ တတိယဦးလေးရှောင်နဲ့ သူ့မိန်းမက သူတို့ကလေးတွေကို ထောက်ပံ့ဖို့ ရွာအပြင်ဘက်မှာ အလုပ်လုပ်ခဲ့ကြသည်။ အခုသူတို့ပြန်ရောက်လာပြီဆိုတော့ ရှောင်လင်းယွီက သူတို့မိသားစုကိုထောက်ပံ့ဖို့ ဆက်လက်ပြီးငွေရှာဖို့ နည်းလမ်းတစ်ခုကို ရှာပေးချင်နေသည်။ သူတို့က ခရိုင်မှာ အိမ်တစ်လုံးဝယ်လိုက်ပေမယ့် ၎င်းက အပြီးမသတ်သေးပေ။

မကြာခင်မှာပဲ ရှောင်လင်းယွီရဲ့ဝမ်းကွဲ ရှောင်လင်းရှို့က အထက်တန်းတက်ရတော့မည်ဖြစ်သည်။ သူ့ရဲ့ရလဒ်နဲ့ဆို အမှတ် ၁ အထက်တန်းကျောင်းကို လွယ်လွယ်ကူကူပဲ ဝင်လို့ရနိုင်သည်။

တတိယဦးလေးရှောင်နဲ့ တတိယဒေါ်လေးတို့ ထောင်ယွမ်ရွာမှာ အခြေကျသွားတာနဲ့ ရှောင်လင်းရှို့က သူ့ရဲ့သင်ကြားရေးမှာ အာရုံစိုက်နိုင်ပြီး နောင်ကျရင် ရှောင်မိသားစုမှာ နောက်ထပ်တက္ကသိုလ်ကျောင်းသားတစ်ယောက် ရှိလာလိမ့်မည်။

ဒါကဘာလို့ ရှောင်လင်းယွီက တို့ဖူးပြုလုပ်တာကို သူမရဲ့တတိယဦးလေးကို လွှဲပေးလိုက်လဲဆိုတာ ဖြစ်သည်။ သူမက သူမရဲ့ပဲပိစပ်တွေနဲ့ ၎င်းတို့က‌နေပြုလုပ်ထားတဲ့ တို့ဖူးရဲ့အရည်အသွေးကို ယုံကြည်မှုရှိနေသည်။ ဒါပေ့ါ ဒါကိုအရင်ဆုံး သူမရဲ့မိသားစုနဲ့ တိုင်ပင်ဖို့‌လိုသေးတယ်လေ။

မြေပဲတွေကို ဆေးကြောပြီးတော့ အညိုရောင်စိုက်ခင်းတွေထဲမှာ အခြောက်ခံပြီးပြီဖြစ်သည်။ ပဲပိစပ်တွေက နည်းနည်းပိုများတဲ့စစ်ထုတ်ခြင်းအဆင့်တွေရှိတဲ့အတွက် အချိန်ပိုလိုအပ်သည်။ ပဲပိစပ်တွေက ပုံမှန်ဆိုရင်တော့ မြင့်မားတဲ့ထွက်ကုန်မရှိပေ။ ပုံမှန်ပဲပိစပ်တွေက တစ်မူကို ကျင်၅၀၀ဝန်းကျင်ပဲ ထုတ်သည်။ ရှောင်မိသားစုအတွက်ဆိုရင်တောင် မြေတစ်မူက ပဲပိစပ် ကျင်၆၀၀ပဲထုတ်သည်။

မြေသုံးမူက ကျင်၂၀၀၀ကို ဆိုလိုသည်။ ၎င်းက ဆီလုပ်ဖို့မပြောနဲ့ တို့ဖူးလုပ်ဖို့တောင် မလုံလောက်ပေ။ ဘာပဲဖြစ်ဖြစ် ရှောင်လင်းယွီက သူမရဲ့နောက်ထပ်ခြေလှမ်းကိုမစီစဉ်ခင်မှာ ပဲပိစပ်တွေရဲ့အရသာကို အရင်စစ်ဆေးကြည့်ချင်သည်။

"ရှောင်ကျန်းယန်ရဲ့မြေပဲတွေနဲ့ ပဲပိစပ်တွေနှစ်ခုစလုံးက ပမာဏအမြင့်တွေပဲ"

အလုပ်သမားတွေက မနာလိုစွာ ပြောခဲ့ကြသည်။

"သူတို့မှာ နွားဘုရင်ငယ်လေးရှိကတည်းက သူတို့မိသားစုက သီးနှံတွေအများအပြားနဲ့ ပျော်နေကြတာ"

"ဟုတ်ပါ့၊ နွားဘုရင်ငယ်လေး ရောက်လာပြီးတော့ ငါတို့ရွာရဲ့ဘဝတွေ တိုးတက်လာတယ်"

"ဟီးဟီး အမှန်ပဲ။ နွားဘုရင်ငယ်လေးက ငါတို့ကို ပိုကောင်းတဲ့သီးနှံတွေ ဖွံ့ဖြိုးဖို့ ကူညီပေးတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ရွာသားတွေလည်း ရှောင်ကျန်းယန်ရဲ့မိသားစုအတွက် အလုပ်လုပ်နိုင်မှာ။ ဒါ့ပြင်  ငါတို့တောင်စာချုပ်တွေကနေ ငှားရမ်းခတွေလည်းရသေးတယ်။ စဉ်းစားကြည့်ရင်း ငါအိပ်နေတုန်းတောင် ပြုံးမိနေတာ"

"ငါလည်းတူတူပဲ။ အခု အတိုးရဖို့ ငါရတဲ့ပိုက်ဆံတွေအားလုံးကို ဘဏ်ထဲထည့်ထားလိုက်ပြီ။ ပြီးတော့ ငါသူတို့ကို အိမ်မှာပဲဆက်ထားရင် ပိုက်ဆံတွေ မှိုတက်ကုန်လိမ့်မယ်။ ရှို့ဖန်းရဲ့မိသားစုက ဒါကြောင့်ပဲ ထောင်ချီဆုံးရှုံးသွားခဲ့ရတယ်လို့ ငါကြားတယ်"

"ဘာပဲဖြစ်ဖြစ် ငါ ရှောင်ကျန်းယန်ရဲ့အကြံပေးချက်ကိုယူပြီး မှိုတက်နေတဲ့ပိုက်ဆံတွေကို ဘဏ်ဆီယူသွားခဲ့တယ်။ ဘဏ်က အဲ့ဒါတွေကို ငွေသားအသစ်တွေနဲ့ လဲပေးတယ်လေ။ ဒါပေါ့ ဆွေးသွားတာတွေနည်းနည်းရှိပေမယ့်လည်း အနည်းဆုံးတော့ အကုန်လုံးအလဟသာဖြစ်မသွားဘူးလေ"

"ဘဏ်က ဆွေးနေတဲ့ပိုက်ဆံတွေကိုယူမှန်း ငါမသိခဲ့ဘူး"

တစ်ယောက်က အံ့ဩစွာပြောလိုက်သည်။

"ငါတို့က မှိုတက်နေတဲ့ပိုက်ဆံတွေကို လွှင့်ပစ်ခဲ့တာ။ ငါအရမ်းခံစားရပြီး ငိုတောင်ငိုခဲ့တာ။ ငါရှောင်ကျန်းယန်ကို မေးခဲ့သင့်တာပဲ"

"အခု ငါဘဏ်မှာ ပိုက်ဆံအပ်ဖို့ သိသွားပြီ ။ သူတို့က မှိုမတက်တဲ့အပြင် အတိုးတွေလည်း တိုးလာလိမ့်မယ်။ ငါ၁၀၀၀၀အပ်ထားတယ်။ တစ်နှစ်ကြာရင် ငါ့မှာ အပိုရာချီရှိလာလိမ့်မယ်။ အပိုပိုက်ဆံတွေက တစ်နှစ်ပတ်လုံး ငါတို့ရှင်သန်ဖို့ လုံလောက်တယ်"

"ငါတို့သာ ဒါကို စောစောသိခဲ့ရင် ငါတို့ပိုက်ဆံတွေအားလုံးကို ဘဏ်မှာစုခဲ့မိမှာ..."

***

All Chapters