သစ်သီးပင်တွေစိုက်ပျိုးခြင်း
Vol. 22 Ch. 365
မြေပဲတွေနဲ့ ပဲပိစပ်တွေကို ခူးယူနေတုန်း ရှောင်ကျန်းယန်က နောက်ထပ်တစ်ဖွဲ့ကို တောင်တွေဆီ ဦးဆောင်ခဲ့သည်။
တောင်ခြေက ပြန့်ပြူးနေသည်။ နေရောင်ခြည်လဲ ကောင်းကောင်းကျရောက်နေပြီဖြစ်သည်။
ရှောင်လင်းယွီက ဒီမြေတွေကို အသီးအနှံစိုက်ခင်းတွေအနေနဲ့ ပြုပြင်ဖို့ အစီအစဉ်တွေ ရှိပြီးဖြစ်သည်။ ပြီးနောက်မှာ အောက်ခြေကနေ တောင်လယ်အထိ သူမ ဒီမြေတွေကို သစ်သီးပင်တွေစိုက်ဖို့ အသုံးပြုမည်။ တောင်ထိပ်တွေအတွက်ကတော့ ရှောင်လင်းယွီက နဂိုရှုခင်းတွေကို ဒီတိုင်းထားဖို့ ဆုံးဖြတ်လိုက်သည်။
တောရိုင်းပင်တွေနဲ့ တိရစ္ဆာန်မျိုးစုံကပဲ အဖိုးတန်ဖြစ်နေသည်။
အဲ့ဒီအချိန်မှာ လာရောက်တဲ့လူက လူတစ်ရာကျော်ကျော်ရှိနေသည်။ လူတွေက သစ်ခုတ်ပစ်စ္စည်းတွေ၊ တံစဉ်တွေ၊ လွှတွေ၊ တူးရွင်းတွေ၊ ပေါက်ပြားတွေနဲ့ ကိရိယာမျိုးစုံကို ကိုင်ဆောင်ခဲ့ကြသည်။
လွှတွေက လောင်စာနဲ့ ပြေးဆွဲကြသည်။ သူတို့တွေ ကြီးမားတဲ့သစ်ပင်တွေကို လွယ်လွယ်ကူကူပဲ ဖြတ်ပစ်လို့ရသည်။ ၎င်းက အတိတ်ကနဲ့စာရင် အများကြီးပိုပြီးအဆင်ပြေချောမွေ့သည်။
တကယ့်ပြဿနာက သစ်ပင်အမြစ်တွေဖြစ်သည်။ ဒါပေမယ့် အဲ့ဒီပြဿနာအတွက်လည်း ဖြေရှင်းချက်တစ်ခုရှိသည်။ တူးဖော်ရေးစက်က ဆွဲဆောင့်လိုက်သည်နှင့် အမြစ်တွေကို လွယ်လွယ်ကူကူ ဖယ်ပစ်လိုက်လို့ရသည်။
ခရိုင်မှာ တူးဖော်ရေးစက်တွေရှိနေပြီမှန်း ရှောင်လင်းယွီ သိလိုက်သည်။ ဒါကြောင့် သူမ ၎င်းတို့ထဲက နှစ်ခုကို ငှားရမ်းခဲ့သည်။ ငှားရမ်းခက တစ်ရက်ကို ယွမ်၁၀၀၀ဖြစ်သည်။ ၎င်းက လူ၄၀ရဲ့ တစ်နေ့လုပ်အားခနဲ့ ညီမျှနေပြီဖြစ်သည်။ ဒါပေမယ့်လည်း တူးဖော်တဲ့စက်က လူ၄၀နဲ့ယှဉ်ရင် အများကြီးပိုမြန်သည်။
တူးဖော်တဲ့စက်နှစ်ခုရှိမှတော့ လူတွေကို နှစ်ဖွဲ့ဆီ ခွဲချလိုက်သည်။ ပြုပြင်မှုက မြန်မြန်ဆန်ဆန်ပဲ လှုပ်ရှားခဲ့သည်။ လူ၁၀၀ကျော်နဲ့ တူးဖော်တဲ့စက်နှစ်ခုနဲ့ဆို တောင်တွေထဲကတစ်တောင်ကို ပြုပြင်ဖို့ နှစ်ရက်လုပ်ရသည်။
ခရီးရောက်မှုကတော့ ရိုးရိုးရှင်းရှင်းပဲ အရမ်းမြန်ဆန်လွန်းသည်။ ဒါပေါ့ ၎င်းကို ပိုက်ဆံနဲ့ထောက်ထားတာပဲလေ။
တူးဖော်ရေးစက်တစ်ခုက ၁၀၀၀ ကျပြီး တူးဖော်ရေးစက်နှစ်ခုဆိုတော့ ၂၀၀၀ကျသည်။ အမျိုးသားတွေကို တစ်နေ့ကို ၄၀ပေးရပြီး အမျိုးသမီးတွေကိုလည်း တစ်နေ့၄၀ပေးရသည်။ အမျိုးသား၁၀၀နဲ့ အမျိုးသမီး၂၀က တစ်နေ့တာအလုပ်အတွက် ၄၆၀၀ကျသင့်သည်။ ဒါကြောင့် အလုပ်တစ်ခုတည်းနဲ့တင် တစ်နေ့ကို ၆၀၀ကျသည်။
၎င်းထဲမှာ ပူးတွဲပေးရသေးတဲ့ အစားအစာတွေနဲ့ ရေနွေးကြမ်းတွေ မပါသေးပေ။
ခရီးရောက်တာသာမမြန်ဘူးဆိုရင် လူတွေအများကြီးကိုခန့်လိုက်တာ တန်ရဲ့လားဆိုတာ ရှောင်လင်းယွီ ပြန်စဉ်းစားရလိမ့်မည်။
လူတစ်ရာကျော်နဲ့ တူးဖော်ရေးစက်နှစ်လုံးက တောင်ခြောက်လုံးရဲ့ပြုပြင်မှုကို ဆယ်ရက်ဝန်းကျင်မှာပဲ ပြီးဆုံးသွားသည်။ ပြီးနောက်မှာ သူတို့တွေက တောင်ခြောက်လုံးရဲ့ အစွန်းတွေကို ကာရံဖို့ သံပိုက်တွေအသုံးပြုပြီး ခြံစည်းရိုးတွေကို တည်ဆောက်ခဲ့ကြသည်။ ၎င်းကလည်း ကြီးမားတဲ့ပရောဂျက်တစ်ခုဖြစ်သည်။
လဲကျသွားတဲ့သစ်ပင်တွေအတွက်ကတော့ တချို့တွေကို ထင်း ဒါမှမဟုတ် ဝတ္ထုပစ္စည်းတွေ တည်ဆောက်ဖို့ သုံးနိုင်သည်။
ဒါပေါ့ ဒီဟာတွေက လူထုပိုင်ဆိုင်မှုဆိုမှတော့ ရှောင်လင်းယွီက ၎င်းတို့ကို ရွာသူကြီးနဲ့ထားခဲ့လိုက်သည်။ ၎င်းတို့ကို ရောင်းချရမလား အဝေးပေးပစ်လိုက်ရမလားဆိုတာကတော့ ရွာကော်မတီအပေါ်ပဲ မူတည်သည်။
ခုတ်ပြီးတဲ့သစ်သားတွေကို တစ်ခုစီပုံထားတာကို ရွာသားတွေမြင်တော့ မျက်လုံးတွေက ချက်ချင်းလင်းလက်သွားသည်။ ဒီအရာတွေက ပြည်သူပိုင်တွေဖြစ်ပြီး ဆိုလိုတာကတော့ သစ်သားတွေကိုရောင်းလိုက်ရင် သူတို့တွေ ငွေပမာဏတချို့ရနိုင်သည်။ ဒါ့ပြင် သူတို့အိမ်တွေကိုဆောက်ဖို့ သစ်သားတွေဝယ်ယူဖို့ ရွာသားတချို့မှာ အစီအစဉ်ရှိနေကြသည်။ သူတို့ဒါတွေကို ဈေးနိမ့်နိမ့်နဲ့ ဝယ်ယူလို့ရနိုင်သည်။
ဒါပေါ့ သူတို့ထဲက တချို့ကတော့ သူတို့ကိုယ်ပိုင်သစ်တွေပဲခုတ်ဖို့ တောင်တွေပေါ်ကိုပဲ သွားကြလိမ့်မယ်လေ။ ထင်းတွေအတွက်ကတော့ ရွာသူကြီးက ၎င်းတို့ကို မရရှိနိုင်ကြောင်း အတည်တကျပြောဆိုခဲ့သည်။ ရွာသားတွေလိုအပ်လို့ရှိရင် တချို့တဝက်ကိုစုဆောင်းဖို့ တောင်တွေပေါ် သွားလို့ရသည်။
ရှောင်လင်းယွီအဖွဲ့က စုဆောင်းရရှိထားတဲ့ထင်းတွေကတော့ ပြည်သူပိုင်ဖြစ်သည်။ တကယ်တော့ တောင်တွေကနေစုဆောင်းရရှိတဲ့ထင်းတွေကိုလည်း ပြည်သူပိုင်အနေနဲ့ ထည့်တွက်သည်။ ဒါ့ကြောင့် သူတို့က ၎င်းတို့ကို တစ်ကိုယ်ရည်အသုံးပြုမှုအတွက်ပဲ စုဆောင်းနိုင်မည်။ သူတို့တွေ ၎င်းတို့ကို ဈေးမှာရောင်းလို့မရပေ။ မိသွားရင်တော့ ဖိုင်းကြေးကောက်ခံရမည်။
ကံကောင်းစွာပဲ ထောင်ယွမ်ရွာက အိမ်ထောင်စုတိုင်းက အခုလက်ထဲမှာ ငွေအချို့ရှိနေပြီဖြစ်သည်။ လူတော်တော်များများက ထင်းတွေစုဆောင်းဖို့ မျက်စိကျမနေချေ။ ဒါ့ပြင် ၎င်းတို့ကိုဈေးကိုသယ်သွားဖို့ ထင်းတွေကို လှည်းတွေပေါ်လည်း တင်ရလိမ့်ဦးမည်။ ၎င်းက ရွာသားတွေကို အကြောင်းကြားခံရစေလိမ့်မည်။
ရွာသားတွေကလည်း မမိုက်မဲကြပေ။ သူတို့က ဖိုင်းကောက်တာကိုတော့ စွန့်စားမှာမဟုတ်ပေ။ ပြီးတော့ ရှောင်ကျန်းယန်က လူတွေဆက်ခန့်နေဆဲဖြစ်သည်။ သူတို့တွေ ထင်းတွေရောင်းတာထက် ရှောင်မိသားစုအတွက် ပိုအလုပ်လုပ်ပြီး စုဆောင်းနိုင်သည်။ ဒါကြောင့် ရွာသားတွေက ဘာလုပ်ရမယ်မှန်း သိကြသည်။
"ယွီအာ တောင်တွေကို ပြုပြင်ပြီးသွားပြီ။ မင်းသစ်သီးပင်တွေစိုက်ချင်မှန်း ငါသိပေမယ့် သူတို့တွေက ဒီလိုပူအိုက်တဲ့ရာသီဥတုမျိုးမှာ မရှင်သန်နိုင်လောက်ဘူး"
ရှောင်ကျင်းယန်က အနည်းငယ် စိုးရိမ်စွာပြောလိုက်သည်။
ရှောင်လင်းယွီက ဒီတောင်တွေအတွက် တာဝန်ရှိမှန်း ရှောင်ကျင်းယန်သိသွားတော့ သူက ရှောင်လင်းယွီကို ဒီတောင်တွေရဲ့ အသုံးပြုမှုကို မေးလိုက်သည်။ ဒါက ရှောင်လင်းယွီက ၎င်းတို့ကို သစ်သီးပင်တွေစိုက်ပျိုးဖို့အသုံးပြုမယ်မှန်း သူဘယ်လိုလုပ်ပြီး သိလာလဲဆိုတာဖြစ်သည်။
နွေရာသီမှာ အပင်တွေစိုက်တာက မဖြစ်နိုင်တာမျိုးတော့မဟုတ်ပေမယ့် အပင်တွေစိုက်ပျိုးရင် သတိတော့ထားရမည်။ အစို့နုနုလေးတွေကို ကောင်းကောင်းစောင့်ရှောက်ဖို့လိုအပ်သည်။
ရှောင်လင်းယွီက ပြုံးပြီးတော့
"နွေရာသီမှာ အပင်တွေစိုက်ပျိုးတာကခက်တာ မှန်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူးလေ။ စိုစွတ်နေတဲ့မြေဆီလွှာရယ် ဆည်မြောင်းစနစ်နဲ့ဆိုရင် အပင်တွေ ရှင်သန်နိုင်လောက်တယ်"
"သမီးတို့ပုံမှန်ထက်ပိုပြီး အာရုံစိုက်ဖို့လိုတယ်။ ရာသီက မမှန်နေမှန်း သမီးသိပေမယ့် သမီး နှစ်ဝက်လောက်စောင့်ပြီးသွားပြီ။ ထပ်ပြီးမစောင့်နိုင်တော့ဘူး"
ရှောင်ကျင်းယန်ကပြုံးကာ
"ဟားဟား ငါသိပါပြီ။ မင်းအခုလိုချင်နေတာက အချိန်တိုတိုနဲ့ အကျိုးများဖို့ပဲ"
မဟုတ်ရင် သူမဘာလို့ လူတွေအများကြီး ခန့်နေတော့မှာလဲ?
တောင်ပြုပြင်ရေး၊ မြေပဲနဲ့ ပဲပိစပ်ဆွတ်ခူးမှု။ အခြေခံအားဖြင့်တော့ ထောင်ယွမ်ရွာက လူတိုင်းလိုလိုကို သူ့ရဲ့အကြီးတူမက ခန့်ထားခဲ့သည်။
ရှောင်လင်းယွီက ပြုံးကာ
"အဖေ ဦးလေး၊ နက်ဖြန်ကစပြီး သမီးကို အစေ့ထုတ်ဖို့ကူပေးပါ။ အရင်ဆုံး သမီးတို့ရွာရဲ့ အထူးပစ္စည်း မက်မွန်တွေကို စိုက်မယ်။ ပြီးရင် လိမ္မော်သီး၊ ကျွဲကော်သီး၊ သစ်တော်သီး၊ ဇီးသီးနဲ့ တည်သီးလိုမျိုး တခြားသစ်သီးတွေ ဆက်စိုက်မယ်"
"အဲ့ဒါပြီးရင်တော့ ပန်းသီးလိုမျိုး တချို့မြောက်ဘက်အသီးတွေလည်း စမ်းစိုက်ကြည့်ချင်တယ်"
ရှောင်ကျင်းယန်က အံ့ဩသွားသည်။
"ယွီအာ ငါတို့တွေ အပင်တွေအများကြီး စိုက်ဖို့လိုလို့လား? နောင်ကျရင် အဲ့ဒါတွေကို ဘယ်လိုသွားရောင်းမှာလဲ?"
တောင်ခြောက်လုံးက ကြားရတာများပုံရပေမယ့် အသုံးပြုနိုင်တဲ့နေရာက တကယ်တော့ ကန့်သတ်ထားသည်။ ပုံမှန်ဆိုရင် သစ်သီးလယ်သမားတစ်ယောက်က သစ်သီးပင်တစ်မျိုးပဲစိုက်လိမ့်မည်။ ဒါမှ သူတို့တွေ ကြီးမားတဲ့အထူးလက်လီရောင်းချသူကို ရှာနိုင်ပေမည်။
ဒါပေမယ့်လည်း ရှောင်လင်းယွီက မတူညီတဲ့သစ်သီးပင်အမျိုးအစားတွေကို စိုက်ဖို့ စီစဉ်ထားသည်။ ပြဿနာက သူတို့က အထူးသစ်သီးလက်လီဖြန့်ချီသူတစ်ယောက်အတွက် သတ်သတ်မှတ်မှတ်သစ်သီးနည်းနည်းပဲထုတ်လုပ်ပြီး ဆိုင်ကရောင်းချမှုအတွက် အများကြီးထုတ်လုပ်နေခြင်းဖြစ်သည်။
ရှောင်လင်းယွီက အရမ်းလေးလေးနက်နက်နဲ့
"ဦးလေး သမီးက အထူးဈေးကွက်လမ်းကြောင်းကိုယူဖို့ စီစဉ်နေတာ။ သမီးတို့မှာ သစ်သီးတွေအများကြီးရှိပေမယ့် အရေအတွက်အရတော့ သူတို့ကနည်းနေလိမ့်မယ်။ သမီး ကိုယ့်ဟာကိုယ်ရောင်းဖို့ပဲ စဉ်းစားထားတယ်။ လက်လီဖြန့်ချီသူတစ်ယောက်တောင် လိုမှာမဟုတ်ဘူး"
ဒီသစ်သီးတွေက အရှေ့က စတော်ဘယ်ရီတွေလိုပဲ နောင်ကျရင် အုတ်အော်သောင်းတင်းတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။ စတော်ဘယ်ရီတွေကို ဈေးမြင့်မြင့်နဲ့ ရောင်းချခဲ့သည်။ ဒီသစ်သီးတွေကလည်း ဈေးချိုမှာမဟုတ်ပေ။ အရေးအကြီးဆုံးကတော့ ရှောင်လင်းယွီက ထောင်ယွမ်ရွာတံဆိပ်ကို တိုင်းပြည်တစ်ခွင် ချဲ့ထွင်ချင်သည်။
ရှောင်ကျင်းယန်က ဆွံ့အသွားသည်။ ဒါပေမယ့်လည်း သူ့ရဲ့တူမအကြီးဆုံးက ကိစ္စကြီးတွေအတွက် ဖြစ်တည်လာမှန်း သူသိသည်။ သူမ ၎င်းအကြောင်းကို ဂရုတစိုက် တွေးတောပြီးပြီဖြစ်ရမည်။
သူ့ဒုတိယအစ်ကိုရဲ့အသီးအနှံတွေနဲ့ စတော်ဘယ်ရီတွေက ဘယ်လောက်ထူးခြားမှန်း သူမသိပေမယ့်လည်း ၎င်းတို့ကို ဈေးမြင့်မြင့်နဲ့ရောင်းချခဲ့မှန်းတော့ ပါးစပ်ပြောတွေအရ သိခဲ့သည်။
အသီးအနှံခြောက်မူက သောင်းနဲ့ချီ ရခဲ့သည်။ စတော်ဘယ်ရီခြောက်မူက သန်းချီရခဲ့သည်။ ရှောင်လင်းယွီက ထောင်ယွမ်ရွာက တောင်တွေကိုငှားရမ်းဖို့ ငါးသန်းလည်း ပေးလိုက်သေးသည်။ ဒီပမာဏက သူစိတ်ကူးကြည့်နိုင်တဲ့တစ်စုံတစ်ခု ဟုတ်မနေပေ။ ဒါ့ကြောင့် သူ့မှာ ရှောင်လင်းယွီရဲ့ပလန်နဲ့ပက်သက်ပြီး သံသယတချို့ရှိနေပေမယ့်လည်း အသံမထွက်ခဲ့ပေ။
ပြီးနောက်မှာ ရှောင်ကျင်းယန်က ထပ်ပြီးတော့
"ယွီအာ ငါတို့တွေက မက်မွန်တွေ ဘယ်လိုစိုက်ရမလဲဆိုတာသိပေမယ့် တခြားသစ်သီးပင်တွေ အတွက်ကရော?"
ထောင်ယွမ်ရွာမှာ အထူးကျွမ်းကျင်သူမရှိပေ။ အခု ရှောင်လင်းယွီက ပမာဏများတဲ့သစ်သီးစိုက်ခင်းကြီးတစ်ခုစဖို့ စီစဉ်ထားတော့ ကျွမ်းကျင်သူတချို့လိုအပ်သည်။
ရှောင်လင်းယွီက "..."
သူမက သစ်သီးပင်တွေကြီးပြင်းဖို့ စမ်းရေကိုသုံးနိုင်မှန်း သိပေမယ့် ဒါတွေကို အပြင်လူတွေကို ဘယ်လိုရှင်းပြရမယ်မှန်း မေ့သွားခဲ့သည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီ ဘာမှမပြောနိုင်သေးခင်မှာပဲ ကုန်းထျန်းဟောက်က
"ဦးလေး ကျွန်တော်တို့ကို ကူညီဖို့ ကျွန်တော် ကျွမ်းကျင်ပညာရှင်နှစ်ယောက်လောက် ခေါ်လိုက်ရင်ရော?"
ရှောင်ကျင်းယန်ရဲ့မျက်လုံးတွေက လင်းလက်သွားပြီး ပျော်ရွှင်စွာနဲ့
"အိုး ထျန်းဟောက်၊ မင်းအဲ့လိုလုပ်နိုင်လား?"
ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီး
"ဟုတ်ကဲ့ ဒါပေါ့ဗျ"
"ကောင်းပြီ ဒါကောင်းတာပဲကွ"
ရှောင်ကျင်းယန်က စိတ်လှုပ်ရှားစွာနဲ့
"ငါတို့ကိုလမ်းညွှန်ပေးမယ့် ကျွမ်းကျင်သူတချို့ရှိတာ ကောင်းတာပဲ"
ရှောင်လင်းယွီက "..."
သူ့အကူအညီကို ဘယ်သူကတောင်းနေလို့လဲ?
***