← Chapters

ဖိတ်ခေါ်တာလား ပြန်ပေးဆွဲခံရတာလား

Vol. 22 Ch. 366

ဖိတ်ခေါ်တာလား ပြန်ပေးဆွဲခံရတာလား

Vol. 22 Ch. 366

သစ်သီးပင်ကျွမ်းကျင်ပညာရှင်နှစ်ယော‌က်ကိုခေါ်ထားတယ်လို့ ကုန်းထျန်းဟောက်က ပြောခဲ့ပြီး သူတို့တွေ အဲ့နေ့လည်က ရောက်လာခဲ့ကြသည်။ သူတို့ကို ဟယ်လီကော်ပတာနဲ့ခေါ်လာခဲ့ခြင်းဖြစ်သည်။

ဒီသစ်သီးပင်ကျွမ်းကျင်ပညာရှင်နှစ်ယောက်က တကယ်တော့ မလာချင်ကြပေ။ ဒါပေမယ့်လည်း သူတို့ရဲ့အကူအညီကိုလိုနေတဲ့အတွက် သူတို့ရဲ့အထက်လူကြီးတွေက ဒီတောင်ရွာကိုလာဖို့ အမိန့်‌ပေးလိုက်ကြသည်။

၎င်းက ဟာသတစ်ခုလိုပဲ ခံစားရသည်။

ဆင်းရဲတဲ့တောင်ရွာလေးကိုကူညီဖို့ ဘာလို့သူတို့က အဖိတ်ခံရတာလဲ?

တောင်ရွာတစ်ခုက သစ်သီးခင်းတစ်ခု စတင်ချင်တဲ့အခေါက်တိုင်း သူတို့တွေအဆွဲခံနေရမယ်လို့ ဒါကဆိုလိုတာလား?

မဖြစ်နိုင်ဘူးလေ!

သူတို့အကြောင်းကြားခံရပြီးတော့ ဘာငြင်းဆိုချက်မှပေးခွင့်မရခဲ့ပေ။

လေယာဉ်ပေါ်ကို တိုက်ရိုက်အပို့ခံလိုက်ရပြီး သူတို့မိသားစုတွေကို နှုတ်ဆက်ဖို့တောင် အခွင့်အရေးမလိုက်ပေ။ ၎င်းက သူတို့ကို တကယ်ဒေါသထွက်စေခဲ့သည်။

ဟယ်လီကော်ပတာပေါ်မှာ ယွီကျားသုန့်က သူ့ဘေးက အနက်ရောင်နဲ့အေးစက်တဲ့လူကို မှောင်မိုက်နေတဲ့မျက်နှာထားနဲ့ကြည့်လိုက်သည်။

သူက အံကိုတင်းတင်းကြိတ်ကာ

"ဘာလို့ငါတို့ကိုခေါ်လာတာလဲ? ဘာလို့ ငါတို့ကို ရာဇဝတ်သား‌တွေလိုမျိုး ဆက်ဆံနေတာလဲ?

ငါ့ကိုပြောပြ။ မင်းတို့ဘော့စ်က ဘယ်သူလဲ?"

ငါးဆယ်ဝန်းကျင်ရှိတဲ့နောက်ထပ်ယောက်ျားတစ်ယောက်ဖြစ်တဲ့ ကျိယန်ဟွာကလည်း စိတ်ဆိုးမာန်ဆိုးနဲ့

"မင်းကငါတို့ကို အခြေခံအားဖြင့်တော့ ပြန်ပေးဆွဲလာတာပဲ။ ဒါအရမ်းဥပဒေမဲ့တယ်။ မင်းနဲ့ မင်းတို့ဘော့စ်ကို ငါတရားစွဲမယ်"

အနက်ရောင်နဲ့လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ယွဲ့ချီလင်က

"ပရော်ဖက်ဆာယွီ ပရော်ဖက်ဆာကျိ၊ စိတ်လျှော့ကြပါဦး။ ခင်ဗျားတို့ကို ဒီလိုခေါ်လာရတာ ကျွန်တော်တို့အမှားပါ။ ကျွန်တော်တို့ဘော့စ်က ခင်ဗျားတို့အကူအညီကိုရဖို့ ခင်ဗျားတို့ကို ဖိတ်ချင်ရုံတင်ပါ"

ပရော်ဖက်ဆာနှစ်ယောက်က တောင်းပန်တာကို လက်မခံချင်ကြပေ။

ပရော်ဖက်ဆာယွီက အရမ်းဒေါသတကြီးနဲ့ ကျယ်လောင်စွာနဲ့

"ဒါမင်းတို့ တစ်ယောက်ယောက်ကို ‌ဖိတ်ခေါ်တဲ့ပုံလား။ ဒါပေါ်တင် ပြန်ပေးဆွဲနေတာပဲ!"

သူကထပ်ပြီး

"မင်းတို့ဘော့စ်က ဘယ်သူလဲ? ဘာလို့ ငါတို့ကို ပြန်ပေးဆွဲတာလဲ?"

"ငါတို့ဘာအကြောင်းရင်းမှမရှိဘဲပျောက်သွားတဲ့အချိန်မှာ ငါတို့မိသားစုဝင်တွေ ဘယ်လောက်စိုးရိမ်နေမယ်မှန်း မင်းမသိဘူးလား? ငါတို့ကိုရှာမတွေ့ရင် ငါတို့ဌာနတွေကလည်း စိုးရိမ်နေလိမ့်မယ်"

ယွဲ့ချင်းလင်က

"ပရော်ဖက်ဆာတို့ မစိုးရိမ်ကြပါနဲ့။ ကျွန်တော်တို့ လူကြီးမင်းတို့ကို လေယာဉ်ပေါ်တက်ဖို့ ဖိတ်လိုက်တုန်းက လူကြီးမင်းတို့ ဌာနအကြီးအကဲတွေနဲ့ မိသားစုတွေကို သတင်းပေးပြီးပါပြီ။

လူကြီးမင်းတို့ အရေးပေါ်မစ္စရှင်တစ်ခု လက်ခံလိုက်ရပြီး ချက်ချင်းစီးပွားရေးခရီးတစ်ခု သွားဖို့လိုတယ်။ ဒါကြောင့် လူကြီးမင်းတို့မှာနှုတ်ဆက်ဖို့ အချိန်မရှိလိုက်ဘူးဆိုတဲ့အကြောင်း သူတို့ သိကြပါတယ်။ လူကြီးမင်းတို့ စိုးရိမ်နေတယ်ဆိုရင် လေယာဉ်ပေါ်ကဆင်းရင် မိသားစု ဒါမှမဟုတ် ဌာနတွေကို ခေါ်ဆိုလို့ရပါတယ်"

"ကျွန်တော်တို့ဘော့စ်ရဲ့အထောက်အထားကတော့ ရောက်ရှိရင်သိပါလိမ့်မယ်ခင်ဗျာ။

ဒါပေမယ့်လည်း လူကြီးမင်းတို့ သူရဲ့အထောက်အထားကို သိပြီးရင် လျှို့ဝှက်ထားပေးရမယ်လို့ ကျွန်တော်တို့ဆရာက ညွှန်ကြားထားပါတယ်။ အဲ့ဒီမှာ သူတစ်ခုခုလုပ်ဖို့ ရှိနေသေးလို့ပါ။ သူက သူ့အထောက်အထားကိုဖော်ပြပြီး မလိုအပ်တဲ့ဒုက္ခတွေဖြစ်စေမှာ မလိုလားပါဘူး"

ပရော်ဖက်ဆာနှစ်ယောက်က ပြင်းပြင်းထန်ထန် မျက်မှောင်ကျုံ့လိုက်သည်။

ယွဲ့ချီလင် ပြောပြီးသွားတော့ ဒီဘော့စ်က ထူးခြားတဲ့နောက်ခံကလာမှန်း သူတို့နားလည်လိုက်သည်။ သူတို့မှာ ဩဇာနဲ့ လွှမ်းမိုးမှုရှိသည်။ မဟုတ်ရင် ဘော့စ်က အလောတကြီး နို့တစ်စာတစ်စောင်ပို့ပြီး ဒီတောင်ရွာကို ပရောဖက်ဆာတွေ ချက်ချင်း အဆွဲခံလိုက်ရမှာ မဟုတ်ဘူးလေ။

ပရော်ဖက်ဆာနှစ်ယောက်က ခနလောက် တိတ်ဆိတ်သွားသည်။ ပြီးနောက်မှာ ပရော်ဖက်ဆာယွီက

"ကောင်းပြီ ငါတို့အဲ့ဒီကိုရောက်ရင် ဒါကိုပိုပြီးဆွေးနွေးလို့ရတယ်"

သူတို့ဂုဏ်ယူသွားကြသည်။ ဒါပေမယ့် အခေါက်ပေါင်းများစွာ အကြွင်းမဲ့အာဏာရဲ့ရှေ့မှာ ဦးညွှတ်ရမှာကို သိခဲ့ကြသည်။

ယွဲ့ချီလင်က ပဟေဠိဆန်တဲ့အပြုံးနဲ့

"ပရော်ဖက်ဆာတို့ စိုးရိမ်ဖို့မလိုပါဘူး။ လူကြီးမင်းတို့ ဒီခရီးကို နောင်တမရစေရဘူးလို့ ကျွန်တော်ကတိပေးပါတယ်။ ဒါကအရမ်းပဟေဠိဆန်တဲ့နေရာတစ်ခုပါ"

ပြီးတော့ သူတို့မှာ အန်တီချန်ရှိတယ်လေ။ အန်တီချန်းရဲ့အချက်အပြုတ်ကို မြည်းစမ်းပြီးရင် ဘယ်သူမှစိတ်ဆိုးရဲမှာ မဟုတ်‌တော့ပေ။

ပရော်ဖက်ဆာနှစ်ယောက်က၊ 

သူတို့ ဒီလူရဲ့စကားတွေကို ယုံကြည်လို့ရပါ့မလား?

ဒါကသူတို့ကို လမ်းပေါ်ကနေ ပြန်ပေးဆွဲလာတဲ့ တစ်ယောက်လေ.

"ဟင်း!"

ပရော်ဖက်ဆာနှစ်ယောက်က ထေ့ငေါ့လိုက်ကာ

"ကြည့်ကြသေးတာပေါ့"

တစ်နာရီကျော်ကျော်ကြာပြီးတော့ သူတို့ရဲ့ ခရီးပန်းတိုင်ကို ရောက်လာသည်။

ပရော်ဖက်ဆာယွီက လေယာဉ်အောက်ကို ငုံ့ကြည့်လိုက်ပြီး ပြုပြင်ခံနေဆဲ တောင်ကုန်းအချို့ကို သတိပြုမိသွားသည်။ သူက သိချင်စိတ်နဲ့

"ဒါက အပင်စိုက်ခင်းတွေအဖြစ်ပြောင်းပင်မယ့် တောင်ကုန်းတွေလား?"

ယွဲ့ချီလင်က ခေါင်းညိတ်ပြီးတော့ ပြန်ဖြေကာ

"ဟုတ်ပါတယ်"

ပြီးနောက်မှာ သူက ပရော်ဖက်ဆာနှစ်ယောက်ကို 

"ပရော်ဖက်ဆာတို့ ကျွန်တော်တို့ ခရီးဆုံးကိုရောက်ပါပြီ။ လေယာဉ်ကနေဆင်းဖို့ ပြင်ဖို့လိုပါပြီ"

ပရော်ဖက်ဆာနှစ်ယောက်က ဒေါသကို သူတို့စိတ်ထဲမှာ ယာယီမျိုသိပ်ထားလိုက်ပြီး လေယာဉ်ပေါ်ကနေ တောင်ရွာကို သုံးသပ်ကြည့်လိုက်သည်။ ဒီရွာက အတော်လေးထူးခြားတာကို သူတို့ ခံစားမိလိုက်သည်။ ဘာထူးခြားလဲဆိုတာကတော့ သူတို့စုံစမ်းဖို့ လိုလိမ့်ဦးမည်။

သူတို့ထဲကအချို့ လေယာဉ်ပေါ်ကနေ ဆင်းလာတော့ ပရော်ဖက်ဆာယွီက ချက်ချင်းမည်းမှောင်နေတဲ့မျက်နှာနဲ့

"အခု မင်းတို့ဆရာဘယ်မှာလဲဆိုတာ ငါတို့ကို ပြောလို့ရပြီလား?"

ယွဲ့ချီလင််က ပြုံးကာ

"ပရော်ဖက်ဆာယွီ မစိုးရိမ်ပါနဲ့။ ကျွန်တော့်မာစတာကိုတွေဖို့ လူကြီးမင်းတို့နှစ်ယောက်ကို အခုပဲခေါ်သွားပေးပါ့မယ်"

ဒီလိုနဲ့ ယွဲ့ချီလင်က သူတို့ကို ကုန်းမိသားစုခြံဝင်းဆီ ဦးဆောင်ခဲ့သည်။ ကုန်းမိသားစုအိမ်ကိုရောက်တော့ ယွဲ့ချီလင်က သူတို့ကို အထဲခေါ်လိုက်သည်။

ဒါပေမယ့်လည်း သူတို့ခြံထဲဝင်သွားပြီး ခြံထဲမှာ အဘိုးကြီးတစ်ယောက် ပန်းပင်တွေရေလောင်းနေတာကို သတိပြုမိလိုက်တာနဲ့ ပရော်ဖက်ဆာနှစ်ယောက်ရဲ့အမူအယာက ချက်ချင်း ကြက်သေသေသွားသည်။

"ကုန်း...ကုန်း..."

***

All Chapters