← Chapters

သစ်သီးပင်ပျိုများ

Vol. 22 Ch. 367

သစ်သီးပင်ပျိုများ

Vol. 22 Ch. 367

"မဟုတ်ဘူး ခင်ဗျား ဇီးပင်ကျင်းကို အဲ့လိုတူးရမှာမဟုတ်ဘူး"

ပရော်ဖက်ဆာနှစ်ယောက်က တောင်ထိပ်ပေါ်မှာ ကောက်ရိုးဦးထုပ်တွေနဲ့ ရှိနေခဲ့ကြပြီး အမိန့်ပေးကာနေသည်။

"ဟုတ်တယ် ကျွန်တော် ခင်ဗျားကို ပြောနေတာ!"

ပရော်ဖက်ဆာယွီက တတိယဦးလေးရှောင်ကို ပြောပြလိုက်ပြီး အော်ဟစ်ကာ

"မှားနေပြီ! ဒီတွင်းက အရမ်းကျယ်လွန်းတယ်! ‌အပင်က မြေဩဇာတွေ စုပ်ယူမှာမဟုတ်တော့ဘူး!"

တတိယဦးလေးရှောင်က စိတ်မဆိုးပေ။ ဆန့်ကျင်ဘက်ပင် သူက ခက်ထန်တဲ့ကျွမ်းကျင်ပညာရှင်နှစ်ယောက်ကို အရမ်းလေးစားသည်။ သူက ကျေးလက်မှာ မွေးပြီးကြီးလာခဲ့ရတာလေ။ ဒါကြောင့် သူက ပညာတတ်တွေကို နှလုံးသားအနက်ရှိုင်း‌ဆုံးကနေကို လေးစားသည်။ ပြီးတော့ ဒီကျွမ်းကျင်ပညာရှင်နှစ်ယောက်က သူတို့ကို သင်ကြားပေးဖို့ အထူးပျံသန်းလာခဲ့ကြတာဖြစ်သည်။ ဒါကြောင့် သူတို့ နှိမ့်ချပြီး သင်ယူဖို့လိုသည်။

"ဟုတ်တယ် ခင်ဗျားအခုမှန်သွားပြီ။ တွင်းကြီးဘေးမှာ ခင်ဗျား မြေဩဇာတွေသိုလှောင်ဖို့ မီတာဝက်ရှည်ပြီး ၂၀စင်တီမီတာနက်တဲ့ တွင်းသေးတစ်ခု တူးရမယ်"

ပရော်ဖက်ဆာယွီက ရှင်းပြလိုက်သည်။

"ဒီပင်ပျိုတွေက စိုက်ထားရုံပဲရှိသေးတာ။ ဒါကြောင့် သူတို့တွေ အရမ်းကြီးမြေဩဇာတွေကို မစုပ်ယူနိုင်သေးဘူး။ မဟုတ်ရင် အာဟာရလွန်ကဲသွားကြလိမ့်မယ်။ နေရောင်က သူတို့ပေါ်ကျရင် သေအောင် လောင်သွားကြလိမ့်မယ်"

ဒါနဲ့ပက်သက်ပြီးတော့ မြေပြင်မှာ အလုပ်လုပ်ကြတဲ့ ကျေးလက်နေလူတွေလည်း နားလည်ကြသည်။ ဆင်တူစွာပဲ သူတို့တွေ မြေပဲနဲ့ ပဲပိစပ်တွေ စိုက်တဲ့နေရာမှာ မြေဩဇာတွေအရမ်းအများကြီး မသုံးပေ။ မဟုတ်ရင်တော့ ၎င်းတို့အညှောင့်ထွက်နိုင်မှာ မဟုတ်တော့ပေ။

ပရော်ဖက်ဆာယွီက အဖွဲ့ကို ညွှန်ကြားနေတုန်း ကျိနျန်ဟွာက သစ်ပင်အရိပ်အောက်မှာထားတဲ့ ပင်ပျိုတွေကို စိုက်ကြည့်နေသည်။ ပင်ပျိုကြီးထဲကတစ်ခုက ဇီးပင်ဖြစ်သည်။ ၎င်းက ထူထပ်ပြီး သန်စွမ်းတဲ့အရွက်တွေရှိသည်။

ကျိနျန်ဟွာရဲ့ ခန့်မှန်းချက်အရ ဒီဇီးပင်ကို နှစ်နှစ်လောက် စိုက်ပျိုးထားပြီးပြီဖြစ်ရမည်။ ၎င်းက နောက်နှစ်မှာ ပွင့်ဖူးပြီး အသီးသီးနိုင်လောက်သည်။

နောက်တစ်ခုက တရုတ်‌ဇီးသီးပင်ဖြစ်သည်။ ၎င်းမှာလည်း အနံ့အရသာရှိတဲ့သစ်ရွက်တွေရှိသည်။

ဒါပေမယ့် ဒါကဘာလို့ ပရော်ဖက်ဆာကျိက သူတို့တွေကို စိတ်ဝင်စားနေရလဲဆိုတဲ့အကြောင်းရင်း မဟုတ်ပေ။

သူ့အာရုံကို ဖမ်းစားလိုက်တဲ့အရာက ဒီအပင်တွေက သာမန် ဇီးသီးနဲ့ တရုတ်ဇီးသီးပင်တွေထက် ပိုထူထပ်ပြီး သန်စွမ်းနေခြင်းဖြစ်သည်။ သူအကိုင်းတွေကို ထိကြည့်လိုက်တော့ သစ်ခေါက်က ပိုနူးညံ့ပြီး အေးစက်တဲ့ခံစားချက်ရှိတာကို ခံစားလိုက်ရသည်။ ဒါ့ပြင် သူတို့က ဖြတ်ဖြတ်လတ်လတ်နဲ့ တရွရွလှုပ်ရှားနေသည်။ သူတို့က အရမ်းအသက်ဝင်နေသလို ခံစားရသည်။

"အိုး ကျိ၊ မင်းဘာလို့ ဒီသစ်သီးပင်နှစ်ပင်ကို စိုက်ကြည့်နေတာလဲ?"

ပရော်ဖက်ဆာယွီက ကျိနျန်ဟွာရဲ့ ဈာန်ဝင်နေမှုကို သတိပြုမိသွားပြီး မေးလိုက်သည်။

ကျိနျန်ဟွာက ပြုံးလိုက်ပြီး

"ဒီသစ်သီးပင်နှစ်ပင်က အတော်လေးထူးခြားမှန်း ငါတွေ့သွားလို့။ ဒါကြောင့် သူတို့တွေကို လေ့လာနေတာ"

"အိုး?"

ပရော်ဖက်ဆာယွီက စိတ်ဝင်စားသွားသည်။ သူလျှောက်လာပြီး သစ်သီးပင်နှစ်ပင်ကို တစ်ချက်ကြည့်လိုက်ကာ ပြုံးလျက်နဲ့

"ဒါတွေက ဘာတွေများထူးခြားနေတာတုန်း?"

ပရော်ဖက်ဆာကျိက တည့်တိုးတော့မဖြေလိုက်ပေ။ ဒါပေမယ့်

"ယွီ မင်းလက်နဲ့ထိကြည့်လိုက်!"

ပရော်ဖက်ဆာယွီက ၎င်းတို့ကို ထိကြည့်ဖို့ ဆန့်ထုတ်လိုက်သည်။ သူ့မျက်လုံးတွေ လင်းလက်သွားပြီး အနည်းငယ်အံ့ဩပုံပေါ်သွားသည်။

"ဘာ..ဘာတွေဖြစ်နေတာလဲ?"

ဒီအပင်နှစ်ပင်ရဲ့ သစ်ခေါက်တွေက တခြားသစ်သီးပင်တွေထက် သိသိသာသာပိုနူးညံ့ပြီး ချောမွေ့သည်။ သစ်ပင် သစ်ခေါက်တစ်ခုကို ဖော်ပြဖို့ နူးညံ့ပြီး ချောမွတ်တယ်ဆိုတာကိုသုံးတာက ရယ်စရာကောင်းနေပေမယ့် ၎င်းက အမှန်တရားဖြစ်သည်။ ပရော်ဖက်ဆာယွီလည်း ပရော်ဖက်ဆာကျိလိုမျိုး အံ့ဩသွားသည်။

ကျိနျန်ဟွာက သု့ခေါင်းကို ခါလိုက်ပြီးတော့

"ငါလည်းမသိဘူး? ငါက သူတို့တွေထူးခြားနေတယ်လို့ခံစားရတယ်။ အဲ့ဒါကြောင့် ထိကြည့်လိုက်တာ။ ကလေးတစ်ယောက်ရဲ့အသားအရေလိုမျိုးခံစားချက်ကို ငါမျှော်လင့်မထားမိဘူး"

ပရော်ဖက်ဆာယွီက သစ်သီးပင်နှစ်ပင်ကို ကြည့်လိုက်ပြီး ကျိန်းသေမှုနဲ့

"ဒါပေမယ့် ဒီပင်ပျိုတွေက အရမ်းသာမန်ကျတဲ့သစ်သီးပင်တွေ ဖြစ်သင့်တာ"

"ဟုတ်တယ် ဒါတွေက အရမ်းသာမန်ဖြစ်တဲ့ ဇီးနဲ့ တရုတ်ဇီးပင်တွေပဲ"

ပရော်ဖက်ဆာကျိက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ သူက ဒီနယ်ပယ်မှာ ကျွမ်းကျင်မှတော့ ဒီလိုထူးခြားတဲ့ကွဲလွဲမှုမျိုးကို အလိုလိုပဲစိတ်ဝင်စားသည်။

ပ‌ရော်ဖက်ဆာယွီကလည်း သဘောတူစွာခေါင်းညိတ်ပြီး

"အမှန်ပဲ ဒီသစ်သီးပင်နှစ်ပင်ဘယ်ကလာမှန်း ငါသွားပြီး မေးကြည့်လိုက်ဦးမယ်"

ပရော်ဖက်ဆာယွီက ရှောင်လဲ့ယန်ဆီလျှောက်သွားပြီး ပင်ပျိုနှစ်ခုကို ညွှန်ပြလိုက်သည်။

သူက

"ဟေး လူကလေး ဒီပင်ပျိုနှစ်ခု ဘယ်ကလာသလဲကွ?"

ရှောင်လဲ့ယန်က ဦးတည်ရာကို ကြည့်လိုက်ပြီး 

"ကျွန်တော့်တူမက နောက်ဖေးခြံထဲကနေ တူးထားတာ"

"တူမ? နောက်ဖေးခြံ?"

ပရော်ဖက်ဆာယွီက မျက်မှောင်ကျုံ့လိုက်သည်။ သူက ဒီအဖြေကို သိသိသာသာမကျေနပ်လှပေ။

ရှောင်လဲ့ယန်က သူ့ခေါင်းကိုကိုင်လိုက်ပြီး ရိုးရှင်းတဲ့အပြုံးနဲ့

"ဟီးဟီး ဒီပင်ပျို‌နှစ်ပင်ကို ကျွန်တော့်တူမက စိုက်ထားတာ။ သူအဲ့ဒါတွေကို နောက်ဖေးခြံထဲမှာ စိုက်နေခဲ့တာလေ။ သူက ဒါတွေကိုတူးပြီးတော့ တောင်ပေါ်မှာ စိုက်ချင်နေတာ"

ပြီးနောက်မှာ သူက နားမလည်တဲ့ပုံနဲ့

"ပရောဖက်ဆာယွီ ဒီပင်ပျိုနှစ်ပင်က တခုခုများဖြစ်လို့လား?"

ရှောင်လဲ့ယန်ရဲ့အဖြေကိုကြားတော့ ပရော်ဖက်ဆာနှစ်ယောက်က သိသိသာသာစိတ်ပျက်သွားကြသည်။

ပရော်ဖက်ဆာကျိက 

"လူငယ်လေး ဒီသစ်သီးပင်လေးနှစ်ခုကို မင်းတူမရဲ့နောက်ဖေးခြံထဲမှာ စိုက်ထားတာသေချာလား?"

ရှောင်လဲ့ယန်က ခေါင်းညိတ်ပြီးတော့ 

"ဟုတ်တယ် ကျွန်တော်အရမ်းသေချာတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် နောက်ဖေးခြံထဲကနေ တူးလာတာမလို့"

ဘာလို့ဒီပရော်ဖက်ဆာနှစ်ယောက်က သာမန်ပင်ပျိုပင်နှစ်ခုကို အရမ်းစိတ်ဝင်စားနေရလဲဆိုတာ သူနားမလည်နိုင်ဖြစ်နေသည်။

အဲ့ဒီအချိန်မှာ ပရော်ဖက်ဆာယွီက ထပ်မေးကာ

"ဒါဆိုရင် သူတို့တွေအတွက် အရင်က ဘယ်သူတာဝန်ရှိလဲ?"

"ကျွန်တော်မသိဘူး"

ရှောင်လဲ့ယန်က ခေါင်းခါလိုက်သည်။ သူက ထောင်ယွမ်ရွာကို ပြန်ရောက်လာရုံရှိသေးတာလေ။ ဒါကြောင့် သူ့ရဲ့ဒုတိယအစ်ကိုရဲ့မိသားစုမှာ ဘာတွေဖြစ်ခဲ့မှန်း မရှင်းလင်းပေ။

ဒါ့ပြင် ဒီဟာတွေက သာမန်ပင်ပျိုပင်နှစ်ခုပဲလေ။ ပုံမှန်ဆို သူတို့ကို ဘယ်သူကများ အာရုံစိုက်နေမှာလဲ?

ပရော်ဖက်ဆာယွီက သက်ပြင်းချပြီး

"ကောင်းပြီ ငါတို့မင်းရဲ့ တူမအကြီးဆုံးကိုပဲ မေးကြည့်ရမယ်ထင်တယ်"

သူနဲ့ ပရော်ဖက်ဆာကျိ နှစ်ယောက်စလုံးက ဒီပင်ပျိုနှစ်ပင်အတော်လေးထူးခြားမှန်း ခံစားမိခဲ့ကြသည်။

ကောင်းပြီလေ ဒါပေါ့  သူတို့တွေက ထူးခြားတယ်လေ။

ဘာလို့လဲ‌ဆိုတော့  သူတို့က စိုက်ပျိုးမြေနေရာလွတ်ထဲမှာ ကြီးလာတာကိုး။

ရှောင်လင်းယွီက စိုက်ပျိုးမြေနေရာလွတ်ထဲမှာ သစ်သီးအပင်ပေါက်တွေအများကြီးကို စိုက်ပျိုးခဲ့သည်။ ၎င်းတို့က စိုက်ပျိုးမြေနေရာလွတ်ထဲမှာ အစေ့ကနေ အညှောင့်ထွက်လာကြသည်။ တစ်ချိန်တည်းမှာပဲ ရှောလင်းယွီက သူမယူလာတဲ့ပျိုးပင်အသေးတွေကို သူမရဲ့စိုက်ပျိုးမြေနေရာလွတ်ထဲကို  ပြောင်းရွှေ့ခဲ့သည်။ သူမက ဒီသစ်သီးပင်နှစ်မျိုးကြားက ကွာခြားချက်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

အစေ့ကနေကြီးလာတဲ့ သစ်သီးပင်တွေမှာ ၎င်းတို့နဲ့ပက်သက်ပြီး သဘာဝကျကျဖြတ်လတ်မှုတွေပဲရှိကြသည်။ ပင်ပျိုတွေအနေနဲ့ ပြောင်းစိုက်လိုက်တဲ့သစ်သီးပင်တွေက ပုံမှန်သစ်သီးပင်တွေထက် ပိုသန်မာပြီး တောင့်တင်းသည်။ ၎င်းတို့ထုတ်လုပ်တဲ့အသီးတွေက ခြားနားလိမ့်မည်။

ရှင်းရှင်းလင်းလင်းပဲ စိုက်ပျိုးမြေနေရာလွတ်ထဲမှာ ပင်ကိုယ်ကြီးပြင်းနေတဲ့ အပင်တွေက သစ်သီးတွေက ပိုပိးအရသာရှိလိမ့်မည်။ နှိုင်းယှဉ်ကြည့်ဖို့ ရှောင်လင်းယွီက အ‌‌စေ့ကအသီးအနှံတွေကို အရင်ဆုံး စိုက်ပျိုးမြေနေရာလွတ်ထဲ ပြောင်းစိုက်ခဲ့သည်။

နောက်ပိုင်းမှာ စူးစမ်းရှာဖွေမှုတွေကို ရှောင်ရှားဖို့ ရှောင်လင်းယွီက စိုက်ပျိုးမြေနေရာလွတ်က အသီးအနှံပင်ပျိုတွေကို ပုံမှန်စိုက်ခင်းထဲ ပြောင်းရွှေ့ခဲ့သည်။ လေ့လာစမ်းသပ်ချက်ရဲ့ရလဒ်တွေက ကောင်းမွန်ခဲ့သည်။

စိုက်ပျိုးမြေနေရာလွတ်ထဲမှာ အပြည့်အဝကြီးပြင်းလာတဲ့ အသီးအနှံတွေနဲ့ ပင်ပျိုတုန်းက စိုက်ပျိုးမြေနေရာလွတ်ထဲကို ရွှေ့ခဲ့တဲ့ဟာတွေကြားမှာ ကွာခြားချက်တချို့ရှိနေခဲ့သည်။ ၎င်းက ရှောင်လင်းယွီက အနာဂတ်မှာ ဘာလုပ်ရမလဲ‌ဆိုတာသိစေဖို့ ခွင့်ပြု‌ပေးခဲ့သည်။ သူမ အသီးအနှံတွေရဲ့သက်ရောက်မှုကို ထိန်းချုပ်နိုင်သည်။

ရှောင်လင်းယွီက စိုက်ပျိုး‌မြေနေရာလွတ်ထဲက အထက်တန်းအသီးအနှံတွေကို စိုက်ပျိုးခဲ့ပြီး ပြောင်းရွှေ့ထားတဲ့ပျိုးပင်တွေကို သာမန်ဈေးတန်းအသီးအနှံတွေအတွက် အသုံးပြုခဲ့သည်။

အခု ရှောင်လင်းယွီက ၎င်းက သစ်သီးပင်တွေကိုရော သက်ရောက်မှုရှိမရှိဆိုတာ စစ်ဆေးချင်နေသည်။ ဒါပေမယ့်လည်း အသီးအနှံတွေနဲ့ သစ်သီးတွေရဲ့ ကြီးပြင်းတဲ့စက်ဝန်းက ကွာခြားသည်။ အသီးအနှံတွေအတွက် အစေ့ကနေ ဖွံ့ဖြိုးတဲ့အသီးအနှံတွေဖြစ်ဖို့ နှစ်ရက် သုံးရက်ပဲကြာသည်။ ဒါပေမယ့်လည်း သစ်သီးပင်တွေရဲ့ ကြီးပြင်းတဲ့စက်ဝန်းက ပိုနှေးကွေးသည်။ အတိုဆုံးကာလတောင် နှစ်လလိုအပ်သည်။ အရှည်ဆုံးကာလကတော့ အနည်းဆုံးနှစ်ဝက်ကြာသည်။

သစ်သီးတွေက ပိုအဖိုးတန်လေ ကြီးပြင်းတဲ့သက်တမ်းပိုကြာလေမှန်း ရှောင်လင်းယွီ တွေ့ရှိသွားသည်။

ဥပမာပြောရရင် ဒူးရင်းတွေဖြစ်သည်။ ၎င်းရဲ့ နေရာလွတ်ထဲမှာ ကြီးပြင်းတဲ့သက်တမ်းက တခြားသစ်သီးပင်တွေထက် ပိုကြာသည်။ သူမ ၎င်းတို့ကို စိုက်ပျိုးမြေနေရာလွတ်ထဲမှာ စိုက်ထားတာနှစ်ဝက်ကြာနေပြီဖြစ်ပေမယ့် ၎င်းတို့က ပွင့်မလာသေးပေ။ ဒါပေမယ့်လည်း မကြာခင် ၎င်းတို့က အသီးတွေသီးလိမ့်မယ်လို့ သူမယုံကြည်နေသည်။ ရှောင်လင်းယွီက ဒီဒူးရင်းတွေရဲ့အရသာကို စောင့်မျှော်နေသည်။

ဒူးရင်းကိုမကြိုက်တဲ့လူတွေက ၎င်းက အနံ့ပြင်းတယ်လို့ထင်ကြပေမယ့် ၎င်းကိုစားရတာကြိုက်တဲ့လူတွေကတော့ အရမ်းကိုမွှေးလွန်းတယ်လို့ ခံစားကြရသည်။ ရှောင်လင်းယွီက ဒူးရင်းစားရတာကြိုက်တဲ့သူဖြစ်သည်။

သူမ စိုက်ပျိုးမြေနေရာလွတ်ကို ရပြီးကတည်းက ရှောင်လင်းယွီက သူမနေရာလွတ်က ထွက်ကုန်တွေကိုပဲ စားတော့သည်။ သူမ ဈေးသွားတာကိုလည်း လုံးဝရပ်ပစ်လိုက်သည်။ သူမကိုယ်သူမ ဘယ်လောက်အလိုလိုက်နေမှန်း သဘောပေါက်ခဲ့ပေမယ့် ၎င်းကို မတတ်နိုင်တော့ပေ။

အဲ့ဒီအချိန်မှာ ရှောင်လင်းယွီက ခြံထဲမှာ သစ်သီးတွေစားရင်း ထိုင်နေခဲ့သည်။ ကုန်းထျန်းဟောက်က သူမအတွက် သစ်သီးအခွံခွာပေးနေသည်။

ရုတ်တရက် ရှောင်လင်းယွီက 

"ကျွန်မတောင်တွေဆီသွားပြီး တစ်ချက်လောက်ကြည့်ကြည့်ချင်တယ်!"

ကုန်းထျန်းဟောက်ရဲ့ သစ်သီးအခွံခွာနေတဲ့လက်တွေက ရပ်တန့်သွားခဲ့သည်...

ပြီးတော့ သူကညင်သာစွာနဲ့ 

"ကောင်းပြီလေ!"

***

All Chapters