ပရော်ဖက်ဆာနှစ်ယောက်
Vol. 22 Ch. 368
ရှောင်ကျန်းယန်က ရွာသားတွေအတွက် အလုပ်ကို စီစဉ်ပေးနေသည်။ တချို့တွေက တွင်းတွေတူးနေကြပြီး တခြားသူတွေက ခြံစည်းရိုးတွေကာနေကြသည်။
ရှောင်ကျန်းယန်က ပရော်ဖက်ဆာနှစ်ယောက်ဆီ လျှောက်သွားလိုက်ပြီး လေးစားစွာနဲ့
"ပရော်ဖက်ဆာယွီ ပရော်ဖက်ဆာကျိ၊ ဒီလိုပူပြင်းတဲ့ရာသီဥတုမှာ ခနလောက်ထိုင်ပြီး အနားယူပါဦးလား?"
ရှောင်ကျန်းယန်က သေးငယ်တဲ့လေးထောင့်စားပွဲတစ်လုံးနဲ့ သူ့အိမ်က ခွေးခြေအသေးလေးတချို့ယူလာပြီး သစ်ပင်ကြီးအောင်မှာထားလိုက်သည်။ သူက ပရော်ဖက်ဆာနှစ်ယောက်ကို ဧည့်ခံဖို့ အကောင်းစားလက်ဖက်ရည်တချို့လည်း ဝယ်လာသေးသည်။
ရှောင်ကျန်းယန်နဲ့ တခြားသူတွေအဖို့ ပရော်ဖက်ဆာတွေက သူတို့ကိုကူညီဖို့ ခရီးဝေးနှင်လာခဲ့ရသူတွေဖြစ်သည်။ ဒါကြောင့် နှိပ်စက်မခံခိုင်းသင့်ပေ။
ဒါပေမယ့်လည်း ပရော်ဖက်ဆာနှစ်ယောက်က စဉ်းစားတတ်တဲ့သူတွေဖြစ်ကြသည်။ သစ်သီးပင်တွေစိုက်ဖို့ ရွာသားတွေကိုလမ်းညွှန်ဖို့ ဒီနေရာကို ရုတ်တရက်ပြန်ပေးဆွဲခံလာရတုန်းက သူတို့တွေ အလွန်အမင်းဒေါသထွက်သွားကြသည်။ ဒါပေမယ့်လည်း သခင်ကြီးကုန်းကို တစ်ရွာထဲမှာမြင်လိုက်ပြီး သူတို့ကိုဖိတ်ခေါ်တဲ့သူက သခင်ကြီးကုန်းနဲ့ဆက်စပ်နေကြောင်းသိလိုက်တော့ သူတို့ရဲ့ဒေါသတွေ ချက်ချင်းပျောက်ကွယ်သွားသည်။
သူတို့က သခင်ကြီးကုန်းကို အရမ်းလေးစားပြီး သဘောကျကြသည်။ သခင်ကြီးကုန်းရဲ့ကျန်းမာရေးကပိုဆိုးလာတယ်လို့ မြို့တော်မှာ ကောလဟာလတွေထွက်ခဲ့သည်။
ကုန်းမိသားစုရဲ့ဒုတိယအခွဲက သူ့ကိုဆက်လက် ဒေါသထွက်စေပြီး သူ့ကို အရေးပေါ်ကုသရေးကို ခနခနပို့ခဲ့ရပြီးဖြစ်သည်။ ဒိအကြောင်းရင်းကြောင့် ကုန်းထျန်းဟောက်က အရမ်းစိတ်ဆိုးခဲ့သည်။ ပြီးနောက်မှာ သခင်ကြီးကုန်းက ဒေါသကြောင့်သေဆုံးသွားပြီဆိုတဲ့ ကောလဟာလတစ်ခုလည်း ထွက်ခဲ့သည်။ လူတော်တော်များများက သူ့ဆီလာလည်ချင်ပေမယ့် သူတို့အကုန်ငြင်းဆိုခံလိုက်ရသည်။
သခင်ကြီးကုန်းက အားပြန်ဖြည့်နေပြီး သူ့ကိုနှောင့်ယှက်တာက လူတွေအတွက် အဆင်မပြေစေကြောင်း သူတို့ကိုပြောခဲ့ကြသည်။ ဒါကြောင့် လူတော်တော်များများက လာရောက်တာကို ရပ်တန့်ခဲ့ကြသည်။ ပြီးတော့ သူတို့က ကုန်းမိသားစုနဲ့လည်း ဆက်စပ်မနေဘူးလေ။ သူတို့သာ သခင်ကြီးကုန်းဆီလာလည်ဖို့ ဆန္ဒပြင်းပြနေရင် သူတို့ရဲ့ရည်ရွယ်ချက်ကို မေးခွန်းထုတ်ခံရလိမ့်မည်။
ပုံမှန်ဆိုရင်တော့ ပရော်ဖက်ဆာယွီနဲ့ ပရော်ဖက်ဆာကျိတို့က သခင်ကြီးကုန်းကို သိပိုင်ခွင့်မရှိပေ။ သူတို့က သခင်ကြီးကုန်းကို စားသောက်ပွဲတစ်ခုမှာ တွေ့လိုက်ရတဲ့အတွက်ကံကောင်းသွားသည်။ အဲ့ဒီအချိန်တုန်းက သခင်ကြီးကုန်းက အတော်လေးအားနည်းပုံပေါ်နေခဲ့သည်။
ဒါကြောင့် သူတို့တွေ ခြံထဲကကျန်းမာသန်စွမ်းနေတဲ့ အဘိုးကြီးကိုမြင်တော့ အံ့ဩသွားခဲ့ကြသည်။ ပြီးတော့ သူ့အတွက် သူတို့ပျော်ရွှင်သွားကြသည်။ သခင်ကြီးကုန်းက သိသိသာသာပဲ ကျန်းမာရေးကောင်းမွန်နေသည်။
သခင်ကြီးကုန်းက မြို့တော်မှာသေလုမျောပါးဖြစ်နေတယ်ဆိုတဲ့ ကောလဟာလတွေဘာလို့ရှိနေရတာလဲ?
နောက်ပိုင်းမှာ သခင်ကြီးကုန်းက ကျန်းမာရေးချို့တဲ့မှုကနေ သိပ်ကြာခင်တုန်းက ဝေဒနာခံစားခဲ့ရကြောင်း သူတို့သိသွားကြသည်။ ဒါပေမယ့်လည်း ထောင်ယွမ်ရွာကိုလာပြီးတဲ့နောက်မှာ သူ့ကျန်းမာရေးက အလွန်တရာကောင်းမွန်လာသည်။ သူ့ဘေးနားကဆရာဝန်တောင် ၎င်းကမယုံကြည်နိုင်ဖွယ်ဖြစ်ကြောင်း ခံစားမိခဲ့သည်။
အရင်က သခင်ကြီးကုန်းက မကျန်းခံ့ဘဲ အားနည်းသည်။ ဒါပေမယ့် အခုတော့ သခင်ကြီးကုန်းက နှစ်တစ်ရာကျော်ကျော်လောက် နေသွားရမယ့်ပုံ ပေါ်နေသည်။
"အကြီးအကဲကုန်း!"
ကုန်းအိမ်ယာကိုရောက်ပြီး သခင်ကြီးကုန်းကို သူတို့တွေမြင်လိုက်ကြတော့ ယွီကျားသုန့် နဲ့ ကျိနျန်ဟွာက တလေးတစားခေါ်လိုက်သည်။ သခင်ကြီးကုန်းက ဘာလို့ဒီလိုဝေးလံတဲ့နေရာမှာ ရောက်နေရသလဲဆိုတာ သူတို့နားမလည်နိုင်ဖြစ်နေတုန်းပဲဖြစ်သည်။ သူတို့နှစ်ယောက်ကိုတွေ့တော့ သခင်ကြီးကုန်းက သူ့လက်ထဲက ရေလောင်းတဲ့ပုံးကို ချလိုက်ပြီး ပြုံးကာ
"ဒါ ယွီလေးနဲ့ ကျိလေးပဲ၊ မင်းတို့ကို ရုတ်တရက် ဒီကိုခေါ်လိုက်ရတဲ့အတွက် ငါတောင်းပန်ပါတယ်"
ယွီကျားသုန့် နဲ့ ကျိနျန်ဟွာက ချက်ချင်းဝမ်းသာသွားပြီး
"အကြီးအကဲကုန်း၊ လူကြီးမင်းအရမ်းယဉ်ကျေးလွန်းနေပါပြီ။ တောင်းပန်ဖို့မလိုပါဘူးဗျာ။ ကျွန်တော်တို့ကိုတွေ့ချင်တာက လူကြီးမင်းမှန်း အစောကသိခဲ့ရင် ဘာမှမတွေးတောဘဲ လိုက်လာခဲ့ပါတယ်"
အကြီးအကဲကုန်းက သူ့ခေါင်းကို ခါလိုက်ပြီး
"တကယ်တော့ မင်းတို့ကိုရှာတာ ငါမဟုတ်ပါဘူး။ အဲ့ဒါငါ့ကောင်စုတ်လေးပါ"
ပရော်ဖက်ဆာယွီနဲ့ ပရော်ဖက်ဆာကျိက သူတို့ပါးစပ်တွေကို အတော်လေးဟလိုက်ပြီး အနည်းငယ်နားမလည်နိုင်ဖြစ်သွားသည်။
"အဲ့ဒါသခင်လေးကုန်းလား?"
ပြီးတော့ထပ်ပြီး သူတို့တွေ ၎င်းအကြောင်းတွေးကြည့်တော့ ဒါကအဓိပ္ပာယ်ရှိသည်။
နေ့ခင်းကြောင်တောင်ကြီးမှာ ပြန်ပေးဆွဲမှုတစ်ခုကို ဘယ်သူကဆောင်ရွက်ရဲမှာလဲ?
သခင်ကြီးကုန်းက ရှင်းပြကာ
"ငါ့လူကလေးက ရှောင်မိသားစုရဲ့သမီးကို လိုက်နေမှန်း မင်းတို့သိလား?"
"သခင်လေးကုန်းက တစ်ယောက်ယောက်ကို လိုက်နေတယ်?"
ကျွမ်းကျင်ပညာရှင်နှစ်ယောက်က ၎င်းကိုကြားတော့ ကြက်သေသေသွားကြသည်။ သခင်လေးကုန်းက နိုင်ငံရဲ့ အကောင်းဆုံးလူပျိုလူလွတ်ဖြစ်သည်။
သူလက်ချောင်းတစ်ချက်ချိတ်လိုက်တာနဲ့ အမျိုးသမီးတွေက သူ့ကို အရဖမ်းကြလိမ့်မည်။ ဒါပေမယ့်လည်း အထက်တန်းသခင်လေးကုန်းက တကယ်ပဲ ကျေးလက်ကမိန်းကလေးတစ်ယောက်ကို လိုက်နေတယ်?
ဒီသတင်းသာ မြို့တော်ကိုပြန့်သွားရင် ၎င်းက အထက်တန်းအသိုင်းအဝိုင်းက လူအားလုံးကို
ရှော့ခ်ရသွားစေနိုင်လောက်သည်။
ပရော်ဖက်ဆာနှစ်ယောက်က ဒီတုန်လှုပ်ဖွယ်သတင်းကို စဉ်းစားနေကြတုန်း သခင်ကြီးကုန်းကဆက်ပြီးတော့
"လောလောဆယ်တော့ ကောင်မလေးက တောင်တချို့ကိုငှားရမ်းထားပြီး သစ်သီးပင်တချို့စိုက်ဖို့ စီစဉ်နေတယ်။ ဒါပေမယ့်လည်း သူတို့တွေ ဒီနယ်မြေမှာ ကျွမ်းကျင်ပညာရှင်တချို့လိုတယ်လေ။ ဒါနဲ့ ငါ့လူလေးက မင်းတို့ကို တွေးမိသွားတာ။
ဒါဘာဖြစ်ခဲ့သလဲဆိုတာပဲ ငါ့လူလေးရဲ့ အဆင်အခြင်မဲ့မှုကြောင့် တောင်းပန်ပါတယ်ကွာ"
သခင်ကြီးကုန်းရဲ့စကားတွေကိုကြားတော့ ယွီကျားသုန့် နဲ့ ကျိနျန်ဟွာက ပိုပြီးတော့တောင် ဂုဏ်ယူသွားကြသည်။ တစ်ချိန်တည်းမှာပဲ သခင်ကြီးကုန်းက ဒီကျေးလက်မိန်းကလေးကို လက်ခံတဲ့အသံပေါက်နေတဲ့အတွက် သူတို့ပို့ပြီး ရှော့ခ်ရသွားခဲ့ကြသည်။
ဘယ်လိုလုပ် လယ်သမားတစ်ယောက်ရဲ့သမီးက သခင်လေးကုန်း ဒါမှမဟုတ် ကုန်းမိသားစုနဲ့ ထိုက်တန်မှာလဲ?
ဒါပေ့ါ ဒါတွေက သူတို့မေးနိုင်တဲ့ မေးခွန်းတွေတော့ မဟုတ်ဘူးလေ။
ယွီကျားသုန့် နဲ့ ကျိနျန်ဟွာ က ချက်ချင်း လက်တွေခါပြလိုက်ပြီး
"အကြီးအကဲကုန်း အဲ့လိုမပြောပါနဲ့။ ခင်ဗျားအရမ်းရည်မွန်လွန်းနေပါပြီ"
အကြီးအကဲကုန်းက ဘာမှမပြောတော့ပေ။ ပြီးနောက်မှာ သူက
"ယွီလေး ကျိလေး၊ မင်းတို့နှစ်ယောက်က သစ်သီးပင်စိုက်ပျိုးတဲ့နယ်ပယ်မှာ ယုံကြည်နိုင်လောက်တဲ့ကျွမ်းကျင်သူတွေမှန်း ငါသိတယ်၊ မင်းတို့ကို ရုတ်တရက် ဒီခေါ်လိုက်ရတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီနေရာကရွာသားတွေကို ကူညီဖို့ မင်းတို့အကောင်းဆုံးလုပ်နိုင်မယ်လို့ ငါမျှော်လင့်တယ်"
"ကျွန်တော်တို့သေချာပေါက် လုပ်မှာပါ"
ယွီလေးနဲ့ ကျိလေးက ချက်ချင်း ခေါင်းညိတ်ပြီးတော့
"အကြီးအကဲကုန်း ကျွန်တော်တို့အကောင်းဆုံး လုပ်ပါ့မယ်"
သခင်ကြီးကုန်းက ခေါင်းညိတ်လိုက်ပြီး
"ပြီးတော့ ငါမင်းတို့ကို မျှော်လင့်ထားမယ်နော်။ မကြာခင် တောင်တွေက သစ်သီးပင်တွေနဲ့ပြည့်လာတာကိုမြင်ရဖို့ ငါမျှော်နေတယ်"
ယွီကျားသုန့် နဲ့ ကျိယန်ဟွာက ပိုပြီးတော့တောင် အံ့ဩသွားကြသည်။
သခင်ကြီးကုန်းရဲ့သဘောတူခွင့်ကိုထိုက်တန်ဖို့ ရှောင်မိသားစုက ဘာများလုပ်ခဲ့တာလဲ?
သူက သူတို့ကိုကူညီဖို့ အရာအားလုံးလုပ်နေတာပဲ!
ဒါပေါ့ ဒါက ကုန်းမိသားစုအတွက်တော့ ကိစ္စလေးတစ်ခုပဲလေ။
ယွီကျားသုန့် နဲ့ ကျိယန်ဟွာ က သခင်ကြီးကုန်းကို တွေ့ပြီးသွားတော့ ယွဲ့ချီလင်က သူတို့ကို ရှောင်မိသားစုဆီ ခေါ်သွားခဲ့သည်။ ဒါပေမယ့်လည်း သူတို့ခြံထဲမဝင်သွားမှ ခြံထဲကမြင်ကွင်းကိုမြင်လိုက်တော့ ခလုတ်တိုက်မတတ်တောင် ဖြစ်သွားကြသည်။
ယွီကျားသုန့်က ကျိနျန်ဟွာရဲ့ လက်မောင်းကို ဖြည်းဖြည်းတို့လိုက်ပြီး အလွန်အံ့ဩစွာမေးကာ
"ကျိ ငါ့အမြင်အာရုံတွေများမှားနေတာလား? ဘာလို့ သခင်လေးကုန်းက မိန်းကလေးတစ်ယောက်ကို အလုပ်အကျွေးပြုနေတာကို ငါမြင်နေရတာလဲ?"
သခင်လေးကုန်းက သစ်သီးခွံတွေကို စိတ်ရှည်လက်ရှည်နွှာပြီး မိန်းကလေးတစ်ယောက်အတွက် ရေထည့်ပေးနေတာကို သူမြင်လိုက်သည်။ ဒါက သခင်လေးကုန်းလုပ်သင့်တဲ့ အရာမျိုးမဟုတ်ပေ။
ကျိယန်ဟွာကလည်း အံ့ဩစွာနဲ့
"ယွီ မင်းမျက်လုံးမကောင်းတော့တာမဟုတ်ဘူး။ ငါလည်းအတူတူပဲမြင်တယ်"
သူတို့က ခြံရဲ့ဝင်ပေါက်မှာ ခနလောက် ရပ်နေလိုက်ကြသည်။ သခင်လေးကုန်းက သစ်သီးခွံခွာပြီးသွားတော့ ၎င်းကို မိန်းကလေးဆီပေးလိုက်သည်။ နောက်ကျောမီထိုင်နေတဲ့ မိန်းကလေးက သူတို့ကို မျက်နှာချင်းဆိုင်နေသည်။ သူမမှာ ရှည်လျားပြီးဖြောင့်စင်းတဲ့ဆံပင်ရှိပြီး သူမရဲ့ထိုင်နေပုံကို အကဲဖြည်ကြည့်ရသလောက်တော့ သူမက အရပ်ရှည်ပြီးသွယ်လျတဲ့ မိန်းကလေးတစ်ယောက်ဖြစ်သည်။ ဒါက သခင်ကြီးကုန်းပြောခဲ့တဲ့ ရှောင်မိသားစုရဲ့သမီးပဲဖြစ်ရမည်။
သူ့ဘော့စ်က ရှောင်လင်းယွီကို အလုပ်အကျွေးပြုနေတာကို ယွဲ့ချီလင်က အသားကျနေပေပြီ။ သူက ပရော်ဖက်ဆာနှစ်ယောက်ရဲ့ အံ့အားသင့်မှုကိုလည်း မျှော်လင့်ပြီးသားဖြစ်သည်။
သူက သူတို့နှစ်ယောက်ကို
"ပရော်ဖက်ဆာယွီ ပရော်ဖက်ဆာကျိ၊ ဒါကရှောင်မိသားစုပါ။ ကျွန်တော်တို့ လေယာဉ်ကနေမြင်ခဲ့တဲ့ တောင်တချို့က ဒီမိသားစုငှားရမ်းထားတာ"
ပြီးတော့ သူက ခြံထဲဝင်သွားလိုက်ပြီး ကုန်းထျန်းဟောက်ကို တလေးတစားနဲ့
"ဘော့စ် မစ္စရှောင်၊ ပရော်ဖက်ဆာယွီနဲ့ ပရော်ဖက်ဆာကျိ ဒီမှာရောက်နေပါပြီ"
ယွီကျားသုန့် နဲ့ ကျိယန်ဟွာက အသိပြန်ဝင်သွားသည်။ သူတို့က သူတို့ရဲ့စိတ်တည်ငြိမ်မှုကို တကယ်ဆုံးရှုံးလိုက်ရသည်။ သူတို့တွေ လျင်လျင်မြန်မြန်ပဲ ခြံထဲဝင်သွားကြပြီး သူတို့အဟုန်ကို အရှိန်မြှင့်လိုက်သည်။ သူတို့က ရှောင်မိသားစုရဲ့သမီးကို သူတို့ကိုယ်တိုင်မြင်တွေ့ချင်နေသည်။
သူမကို အသုံးတော်ခံဖို့ အထက်တန်းသခင်လေးကုန်းက သူ့ကိုယ်သူနှိမ့်ချရလောက်တဲ့ထိ သူမက ဘယ်လောက်နှစ်လိုဖွယ်ရှိနေမှာလဲ?
ကုန်းထျန်းဟောက်က မတ်တပ်ရပ်လိုက်သည်။
သူကပြုံးပြီးတော့
"ပရော်ဖက်ဆာတို့ ကျွန်တော်က ကုန်းထျန်းဟောက်ပါ။ လာရောက်ပေးလို့ ကျေးဇူးတင်ပါတယ်"
အဲ့ဒီအချိန်မှာ ရှောင်လင်းယွီက ပရော်ဖက်ဆာတွေကိုကြည့်ဖို့ ရုတ်တရက် လှည့်လာခဲ့လေသည်...
***