ကုန်းထျန်းဟောက် ဆုံးမခံရတယ်
Vol. 22 Ch. 369
ရှောင်လင်းယွီသူမခေါင်းကို လှည့်လိုက်တဲ့အချိန်မှာ ပရော်ဖက်ဆာနှစ်ယောက်က အံ့ဩသွားသည်။ သူမရဲ့ မျက်နှာအသွင်အပြင်က အထူးကောင်းမွန်လွန်းသည်။ သူမရဲ့ သေးသွယ်တဲ့မိုးမခရွက်မျက်ခုံးတွေအောက်မှာ ကြီးမားပြီ စိတ်လှုပ်ရှားစေတဲ့မျက်လုံးတစ်စုံရယ်၊ ဖြောင့်မတ်တဲ့နှာခေါင်းရိုးတစ်ခုနဲ့ ပန်းရောင်နှုတ်ခမ်းတွေရှိသည်။ သူမရဲ့အသားအရေကလည်း ဖြူဖွေးပြီး ချောမွတ်သည်။ ၎င်းက သူမကို အရုပ်တစ်ရုပ်နဲ့တူစေသည်။
အရေးအကြီးဆုံးကတော့ သူမကအရမ်းသဘာဝဆန်သည်။ သူမက အရမ်းကောင်းမွန်လှပဖို့ ပလတ်စတစ်ဆာဂျရီတွေလုပ်ထားတဲ့ မြို့တော်ကရေပန်းစားသူတွေရဲ့ သမီးပျိုတွေလိုမဟုတ်ပေ။
'အလှလေးပဲ!'
ပရော်ဖက်ဆာနှစ်ယောက်က စိတ်ထဲမှာ ရေရွတ်လိုက်မိသည်။
ပြီးတော့ထပ်ပြီး သူမက သခင်လေးကုန်းရဲ့နှလုံးသားကို ဆွဲဆောင်ဖို့ဆို အလှလေးတစ်ယောက်ဖြစ်ရမယ်လေ!
ဘာပဲဖြစ်ဖြစ် သူတို့တွေ ရှောင်လင်းယွီမတ်တပ်ရပ်လာတာကိုမြင်လိုက်တော့ ခလုတ်တိုက်ပြီး လဲကျမတတ်ဖြစ်သွားသည်။
'ကောင်မလေးက...ကိုယ်ဝန်ရှိနေတယ်? ဘယ်သူ့ကလေးလဲ? သခင်လေးကုန်းဟာလား? ဒါတော်တော်မြန်တာပဲ! သခင်လေးကုန်းက လူပျိုပဲရှိသေးတယ်လို့ သူတို့ပြောနေပေမယ့် အခုသူ့မှာ မိန်းမနဲ့ ကလေးတစ်ယောက်ရှိနေတယ်? သရဲကားတွေတောင် ဒီလောက်ကြောက်ဖို့ကောင်းမှာ မဟုတ်ဘူး!'
ရှောင်လင်းယွီထလိုက်ပြီးတဲ့နောက်မှာ ကုန်းထျန်းဟောက်က ပရော်ဖက်ဆာနှစ်ယောက်ရဲ့ အမူအယာပြောင်းလဲမှုတွေကို အလိုလိုမြင်လိုက်သည်။ ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့လက်ကိုယူပြီး သူတို့ကို မိတ်ဆက်ပေးကာ
"ပရော်ဖက်ဆာယွီ ပရော်ဖက်ဆာကျိ၊ ဒါကျွန်တော့်ကောင်မလေး ရှောင်လင်းယွီပါ"
"..."
ရှောင်လင်းယွီကပြုံးပြီးတော့ သူတို့နှစ်ယောက်ကို
"မင်္ဂလာပါ ပရော်ဖက်ဆာယွီ ပရော်ဖက်ဆာကျိ၊ ကျွန်မက ရှောင်လင်းယွီပါ။ ကူညီဖို့အတွက် မိုင်ထောင်ပေါင်းများစွာအဝေးက ပရော်ဖက်ဆာတို့ကို ရုတ်တရက် ဖိတ်လိုက်ရတဲ့အတွက် ကျွန်မတောင်းပန်ပါတယ်"
မနက်ခင်းတုန်းက ကုန်းထျန်းဟောက်က ကျွမ်းကျင်ပညာရှင်နှစ်ယောက်ကိုခေါ်လိုက်မယ်လို့ ပြောခဲ့သည်။ နေ့ခင်းကျတော့ ကျွမ်းကျင်ပညာရှင်နှစ်ယောက် ရောက်ချလာသည်။ ကုန်းထျန်းဟောက် လှည့်ကွက်တချို့သုံးထားမှန်း ရှောင်လင်းယွီက သိနေသည်။
ပရော်ဖက်ဆာယွီက ရှောင်လင်းယွီရဲ့ အသိပညာနဲ့ နားလည်မှုကြောင့် အတော်လေးအံ့အားသင့်သွားသည်။ ဒီကျေးလက်မိန်းကလေးက အရမ်းယဉ်ကျေးလိမ့်မယ်လို့ သူမျှော်လင့်မထားပေ။
သူမက ယဉ်ကျေးတဲ့လူတစ်ယောက်ပဲ။ သူတို့ရဲ့ထင်မြင်ချက်မှာတော့ ကျေးတောသူတွေက အသားညိုပြီးတော့ ယဉ်ကျေးမှုမရှိကြပေ။ ပြီးတော့ ကျေးလက်က လူအများစုမှာ ပဒေသရာဇ်အတွေးအမြင်ရှိကြသည်။
ပြီးတော့ထပ်ပြီး ကုန်းထျန်းဟောက်ကလည်း ကြမ်းတမ်းတဲ့မိန်းကလေးတစ်ယောက်ကို လိုက်နေလိမ့်မယ်လို့ သူတို့စိတ်ကူးမယဉ်ရဲပေ။
အကြီးအကဲကုန်းနဲ့ ကုန်းထျန်းဟောက်က မိန်းကလေးအနားမှာ ဘယ်လိုပြုမူနေလဲဆိုတာမြင်ပြီး ပရော်ဖက်ဆာနှစ်ယောက်က သူမကို ဘယ်လိုဆက်ဆံရမယ်မှန်း သိလိုက်ကြသည်။
ပရော်ဖက်ဆာယွီကပြုံးပြီးတော့
"နိုင်ငံရဲ့စိုက်ပျိုးရေးကို ကူညီရတာက ကျုပ်တို့ရဲ့ဂုဏ်ပါ။ မစ္စစ်ရှောင် မင်းအရမ်းယဉ်ကျေးနေဖို့မလိုပါဘူး"
ရှောင်လင်းယွီကပြုံးပြီးတော့
"ပရော်ဖက်ဆာယွီ ကျွန်မကို မစ္စရှောင်လို့မခေါ်ပါနဲ့။ ကျွန်မနာမည်က ရှောင်လင်းယွီပါ။ ကျွန်မကို နာမည်နဲ့ခေါ်လို့ရပါတယ်"
ကုန်းထျန်းဟောက်က သူ့ရဲ့အဆင့်အတန်းကြောင့် ပရော်ဖက်ဆာနှစ်ယောက်ကို မောက်မာလို့ရပေမယ့်လည်း သူမကတော့ မတူပေ။ သူမက ပရော်ဖက်ဆာနှစ်ယောက်ရဲ့အကူအညီကို လိုအပ်နေသူဖြစ်သည်။
ပရော်ဖက်ဆာယွီက ခေါင်းညိတ်ပြီးတော့
"ကောင်းပြီလေ ဒါဆိုရင် မင်းကိုအခုကစပြီး ငါတို့တွေ လင်းယွီလို့ခေါ်မယ်"
ခုနတုန်းက ကုန်းထျန်းဟောက်က သူတို့ရှေ့က ဒီမိန်းကလေးကိုလိုက်နေကြောင်း သူတို့တွေ သခင်ကြီးကုန်းဆီကနေကြားခဲ့ကြသည်။ ဒါပေမယ့်လည်း ကုန်းထျန်းဟောက်က သူမကို သူ့ကောင်မလေးအနေနဲ့ပဲ မိတ်ဆက်ပေးလိုက်သည်။ ၎င်းက ပရော်ဖက်ဆာတွေကို နားမလည်နိုင်ဖြစ်စေသည်။
ဒီလိုဆိုတော့ သခင်လေးကုန်းက ကောင်မလေးကို အနိုင်ပိုင်းသွားပြီလား?
ဘာပဲဖြစ်ဖြစ် ပရော်ဖက်ဆာနှစ်ယောက်က ရှောင်လင်းယွီကို အရမ်းပျူငှာကြသည်။ အကြောင်းမှာ သူမက နောင်ကျရင် ကုန်းမိသားစုရဲ့ သခင်မဖြစ်နိုင်ချေရှိသောကြောင့်ဖြစ်သည်။ သူတို့တွေ သူမကို ယဉ်ကျေးဖို့လိုအပ်သည်။
ရှောင်လင်းယွီက ပြုံးပြီးတော့
"ရှင်တို့နှစ်ယောက်က အဝေးကြီးကလာကြတာပဲ။ ပရော်ဖက်ဆာယွီ ပရော်ဖက်ဆာကျိ၊ ထိုင်ပြီးတော့ အနားယူဖို့ လက်ဖက်ရည်တစ်ခွက်လောက်သောက်ကြပါဦး။ ဒီည ကျွန်မတို့မိသားစုက ပရောဖက်ဆာတို့နှစ်ယောက်အတွက် ကြိုဆိုတဲ့စားသောက်ပွဲတစ်ခု လုပ်ပေးမှာ"
မြို့တော်ကဒီနေရာနဲ့ အတော်လေးဝေးပေမယ့် သူတို့က ဟယ်လီကော်ပတာစီးပြီး တစ်နာရီ နှစ်နာရီအတွင်း ရောက်လာကြသည်။ သူတို့ရောက်လာတာနဲ့ အကြီးအကဲကုန်းရဲ့နေရာမှာ ခနလောက်အနားယူခဲ့ကြသည်။ သူတို့ရဲ့ မကျေမချမ်းမှုနဲ့ မောပန်းနွမ်းနယ်မှုတွေကလည်း ပပျောက်သွားသည်။ ဒါကြောင့် သူတို့တွေ တောငတွေဆီ အမြန်ဆုံးသွားချင်နေသည်။
သူတို့နှစ်ယောက်က အနားမယူချင်မှတော့ ရှောင်လင်းယွီက တွန်းအားမပေးတော့ပေ။ သူမက ယွဲ့ချီလင်ကို သူတို့ကို တောင်တွေဆီခေါ်သွားခိုင်းလိုက်သည်။
ကျွမ်းကျင်ပညာရှင်နှစ်ယောက်က တောင်တွေဆီရောက်ပြီး ရွာသားတွေလုပ်ထားတဲ့ အလုပ်တွေကိုမြင်တော့ မျက်နှာတွေ မည်းပုပ်သွားကြသည်။ ပြီးနောက်မှာ သူတို့တွေက ထောက်ပြလိုက်ပြီးတော့
"မင်းတို့လူတွေဘာလုပ်နေကြတာလဲ? ဒီတွင်းက အရမ်းကြီးပြီး နက်လွန်းတယ်! မင်းတို့က ပင်ပျိုကိုစိုက်နေတာ။ ဖွံ့ဖြိုးပြီးသားသစ်ပင်ကြီးမဟုတ်ဘူး!"
"ပြီးတော့ ဒီတွင်းကအရမ်းတိမ်လွန်းတယ်။ အမြစ်တွေက ကုပ်တွယ်ဖို့ အခွင့်ရမှာမဟုတ်ဘူး"
"ပြီးတော့ မင်းကဒါကို တွင်းလို့ခေါ်တာလား? ဒါက အပေါက်သာသာလေးလေ! ပင်ပျိုကိုဝင်ဖို့ ဘယ်လိုလုပ် မျှော်လင့်နေတာလဲ?"
ပရော်ဖက်ဆာနှစ်ယောက်က ချက်ချင်း အလုပ်ဝင်ခဲ့ကြသည်။ ညွှန်ကြားချက်တွေအများကြီးပေးပြီးတဲ့နောက်မှာ ပရော်ဖက်ဆာနှစ်ယောက်က ပင်ပန်းကုန်ပြီဖြစ်သည်။
ရှောင်ကျန်းနယ်ဆီကနေ ဖိတ်ကြားခံရပြီးတော့ ပရော်ဖက်ဆာနှစ်ယောက်က သစ်ပင်ကြီးဆီလာပြီး ထိုင်အနားယူခဲ့ကြသည်။
သတ်လတ်ပိုင်းအမျိူးသားက ရှောင်လင်းယွီရဲ့ အဖေမှန်း ပရော်ဖက်ဆာနှစ်ယောက် သိရှိသွားကြသည်။ သူက ခန့်ညားပြီး ကျေးလက်စရိုက်တွေမရှိပေ။ သူတို့က သူ့ကို လေးစားကြသည်။
ထိုင်ချလိုက်ပြီးတော့ ပရော်ဖက်ဆာယွီနဲ့ ပရော်ဖက်ဆာကျိက အတော်လေးရေဆာနေကြသည်။ သူတို့က ကော်ဖီစားပွဲပေါ်က ခွက်ကိုယူလိုက်ကြပြီး စတင်သောက်လိုက်ကြသည်။ လက်ဆက်ရည်ကအရမ်း ပူမနေပေ။ တစ်ငုံသောက်လိုက်ပြီးတော့ သူတို့မျက်လုံးတွေ လင်းလက်သွားသည်။
သူတို့လိုအဆင့်နဲ့သူတွေက ကောင်းမွန်တဲ့လက်ဖက်ရည်တွေ အများကြီးသောက်ကြည့်ဖူးသည်။ ဒါပေမယ့် သူတို့ထဲကတစ်ခုမှ သူတို့ကိုင်ထားတဲ့ လက်ဖက်ရည်ကို မယှဉ်နိုင်ပေ။ လက်ဖက်ရည်က ကြည်လင်ပြီး မွှေးပျံ့သည်။ တစ်ငုံပြီးတာနဲ့ လက်ဖက်ရည်ရဲ့ရနံ့က သူတို့လည်ချောင်းထဲကနေ မြင့်တက်လာသည်။ ၎င်းက အရမ်းသက်သာဖွယ်ပျော်ရွှင်မှုပဲဖြစ်သည်။
ပရော်ဖက်ဆာကျိက
"ကျန်းယန် ဒါဘယ်လိုလက်ဖက်ရည်မျိုးလဲ? ဘာလို့ ဒီလက်ဖက်ရည်က အရမ်းအရသာရှိနေရတာလဲ?"
ပရော်ဖက်ဆာယွီကလည်း
"ငါ လက်ဖက်ရည်ကို ဆယ်စုနှစ်ချီသောက်လာတာ။ ဒါပေမယ့် ဒီလိုဟာကို အရင်က မသောက်ဖူးဘူး"
ရှောင်ကျန်းယန်က ဒါကို အသားကျနေပြီဖြစ်သည်။ ရှောင်ကျန်းယန်က သူတို့နှစ်ယောက်အတွက် လက်ဖက်ရည်အနည်းငယ်လောင်းထည့်ပေးလိုက်ပြီး ပြုံးကာ
"တကယ်တော့ ဒါကသာမန် တာ့ဟုန်ဖေါင်ပါပဲ။ ဒါက တစ်ကျင်ကို ယွမ်၁၀၀အောက်ပဲကျတယ်"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
ရှောင်ကျန်းယန်ရဲ့စကားကိုကြားတော့ ပရော်ဖက်ဆာယွီက မယုံသင်္ကာဖြစ်သွားသည်။
"သာမန် တာ့ဟုန်ဖေါင်က ဒီလိုအရသာရှိမှာ မဟုတ်ဘူး"
ရှောင်ကျန်းယန်က
"ကျွန်တော် ဘယ်လိုရှင်းပြရမလဲမသိဘူး။ ဒါပေမယ့် အမွှေးရနံ့အတွက်ကတော့ ကျွန်တော့်မိသားစုက သုံးတဲ့ရေကြောင့်ပဲ။ ဒီနေရာကရေက အရမ်းကြည်လင်ပြီး ချိုမြတယ်။ ဒါတွေက အရမ်းကောင်းတဲ့လက်ဖက်ရည် ထုတ်ပေးလိမ့်မယ်"
ရှောင်ကျန်းယန်က လက်ဖက်ရည်အကြောင်းကို နားမလည်ပေ။ လက်ဖက်ရည်က သင်ယူဖို့ ငွေတွေနဲ့ အချိန်တွေလိုအပ်တဲ့ အနုပညာဖြစ်သည်။ ရှောင်ကျန်းယန်မှာ ၎င်းကို သင်ယူဖို့ အချိန်မရှိပေ။
ရှောင်ကျန်းယန်ရဲ့မိသားစုက ဆင်းရဲပြီး သူတို့မှာ လက်ဖက်ရည်နဲ့အနုပညာကို သင်ယူဖို့ထိ စည်းစိမ်မရှိကြပေ။
ဒါပေမယ့်လည်း သူတို့ရဲ့ဧည့်သည်တွေကိုတော့ သူတို့မှာရှိတဲ့ အကောင်းဆုံးလက်ဖက်ရည်နဲ့ဧည့်ခံသည်။
ပရော်ဖက်ဆာယွီနဲ့ ပရော်ဖက်ဆာကျိက ရနံ့အတွက် အကြောင်းရင်းက ရေမှန်းဆိုတာသိတော့ အံ့ဩသွားကြသည်။ တကယ်တော့ လက်ဖက်ရည်ကောင်းတစ်ခွက်အတွက် လက်ဖက်ခြောက်အရွက်တွေကလွဲရင် ရေကလည်း အရေးကြီးတဲ့ကဏ္ဍကပါဝင်သည်။ ဒါပေမယ့်လည်း ရေက လက်ဖက်ရည်ရဲ့အရသာကို အများကြီးသက်ရောက်နေတယ်ဆိုတာ သူတို့ပထမဆုံးကြားခြင်းဖြစ်သည်။ သူတို့က ဖိအားမပေးခဲ့ပေ။
သူတို့က ပရော်ဖက်ဆာတွေလေ။
ဒါကြောင့် လက်ဖက်ရည်နဲ့ပက်သက်ပြီး လယ်သမားတစ်ယောက်ကို စစ်မေးဖို့က သူတို့အတွက် မသင့်တော်ဘူးလို့ ခံစားရသည်။ တခြားဖက်ကသာ လက်ဖက်ရည်ကျွမ်းကျင်သူဆိုရင်တော့ ၎င်းက အဆင်ပြေသည်။
ဒါပေမယ့် ဒီအခြေအနေမှာတော့ သူတို့သာဆက်မေးနေမယ်ဆိုရင် ဖေဖေရှောင်ကို ပျက်ရယ်ပြုနေတယ်လို့ ခံစားရလိမ့်မည်။
ပရော်ဖက်ဆာတွေ လက်ဖက်ရည်ငုံနေကြတုန်း ရှောင်ကျန်းယန်က ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို တောင်တွေပေါ်မှာ ကူညီပေးနေတာကို မြင်လိုက်သည်။ သူ့မျက်နှာထားက ပြောင်းလဲသွားပြီး ရှောင်လင်းယွီကို အော်လိုက်ကာ
"တကယ့်ကို ရယ်ဖို့ကောင်းတာပဲ! သမီးဘာလို့ဒီမှာ ရှိနေတာတုန်း? မတော်တဆပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ?"
ပြီးနောက်မှာ ရှောင်လင်းယွီရဲ့ ရှင်းပြချက်ကို မစောင့်ဘဲ ရှောင်ကျန်းယန်က ကုန်းထျန်းဟောက်ဆီ ညိုမည်းနေတဲ့မျက်နှာထားနဲ့
"ထျန်းဟောက် မင်းသူမကို အလိုလိုက်ပြီး ဖူးဖူးမှုတ်ထားတော့အဆင်ပြေပါတယ်။ ဒါပေမယ့် ဒါကို အကန့်အသတ်မရှိဘဲ လုပ်လို့မရဘူးလေ။ ယွီအာလိုကိုယ်ဝန်ရှိနေတဲ့မိန်းကလေးတစ်ယောက်က ဒီမှာဘာလုပ်နေတာလဲ? သူက တည့်တည့်မတ်မတ်စဉ်းစားနေတာမဟုတ်ဘူး မင်းကလည်း အလိုတူပဲလား?"
သခင်လေးကုန်းက ဆုံမးခံနေရတာကိုမြင်တော့ ပရော်ဖက်ဆာနှစ်ယောက်က အံ့ဩသွားသည်။
***