← Chapters

လယ်သမားတစ်ယောက်အဖြစ်

Vol. 22 Ch. 370

လယ်သမားတစ်ယောက်အဖြစ်

Vol. 22 Ch. 370

ပရော်ဖက်ဆာနှစ်ယောက်က တကယ်ကြက်သေသေပြီး ကြောက်ရွံ့သွားကြသည်။

သူတို့ဘာမြင်လိုက်ရတာလဲ? မြို့တော်ရဲ့ ဂုဏ်သရေရှိသခင်လေးက ဘာသံမှမထွက်ရဲလောက်တဲ့အထိ လယ်သမားတစ်ယောက်ဆီကနေ တကယ်ကြီးအဆူခံနေရတယ်။

ကောင်းပြီလေ ဒါကအမှန်တော့မဟုတ်ပါဘူး။

ကုန်းထျန်းဟောက် တစ်ခုခုပြောချင်တဲ့အချိန်တိုင်း ရှောင်ကျန်းယန်ဆီကနေ အပိတ်ခံလိုက်ရသည်။

ရှောင်ကျန်းယန်က ဆူပူကာ

"ထျန်းဟောက် မင်းကစဉ်းစားတတ်တဲ့လူမှန်း ငါသိတယ်။မင်းကအမြဲ လင်းယွီကို တုန်နေအောင်ချစ်တာ။ ဒါပေမယ့်လည်း အကန့်အသတ်တော့ရှိရမယ်လေ။ ဘာအကြောင်းမှမစဉ်းစားဘဲ အကုန်လုံးကို သဘောတူလို့မရဘူး"

"ဦးလေး..."

ကုန်းထျန်းဟောက်က သူ့ကိုယ်သူ ခုခံချင်သည်။

"ထျန်းဟောက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အတွက် တောင်ပေါ်တက်တာက ဘယ်လောက်အန္တရာယ်ရှိမှန်း မင်းသိလား? ဒီတောင်တွေရဲ့လမ်းတချို့က လေစိမ်းတိုက်ပြီးချောလွယ်တယ်။ သူ မတော်တဆ ချော်သွားရင် ဘယ်လိုလုပ်မလဲ?"

ကုန်းထျန်းဟောက်က ထပ်ပြောကာ

"ဦးလေး..."

တကယ်တော့ ကျွန်တော် လင်းယွီကို ကာကွယ်နိုင်ပါတယ်။

ဒါပေမယ့်လည်း သူဘာမှမပြောနိုင်သေးခင်မှာပဲ ထပ်ပြီး အဆက်ဖြတ်ခံလိုက်ရသည်။

ရှောင်ကျန်းယန်က စိတ်ပါလက်ပါနဲ့

"ထျန်းဟောက် မင်းမှာ လင်းယွီနဲ့ သူ့‌ကလေးကို ကာကွယ်ဖို့ အစွမ်းအစရှိမှန်း ငါသိတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းတာထက် လုံခြုံတာကပဲပိုကောင်းတယ်။ မင်းမတားဆီးနိုင်တဲ့ မတော်တဆ ရှိလာရင် ဘယ်လိုလုပ်မှာလဲ?"

ကုန်းထျန်းဟောက်က တိတ်ဆိတ်သွားသည်။ သူက သူ့ကိုယ်သူ ခုခံတာကို ရပ်တန့်လိုက်သည်။

၎င်းက အမှန်ပဲဖြစ်သည်။ သူက လင်းယွီနဲ့ သူမရဲ့သားကို ကာကွယ်ဖို့ အရမ်းယုံကြည်ချက်ရှိသည်။

ဒါပေမယ့် သူအမှားတစ်ခု လုပ်မိရင်ရော?

ပြီးရင် သူ့ဘဝတစ်လျှောက်လုံး သူ့ကိုယ်သူ အပြစ်တင်နေရလိမ့်မည်။

ဖေဖေရှောင်ဆီကနေ ဆူပူခံနေရတဲ့ ကုန်းထျန်းဟောက်ကို မြင်တော့ ရှောင်လင်းယွီက ခေါင်းကိုက်သွားသည်။

ဖေဖေရှောင်က ကုန်းထျန်းဟောက်ရဲ့ အထောက်အထားကို မသိပေမယ့် ကျွမ်းကျင်ပညာရှင်နှစ်ယောက်က သိကြသည်။ ဒီလိုမျိုးဆူပူခံရရင် ကုန်းထျန်းဟောက်က မျက်နှာပျက်ရလိမ့်မည်။

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို ခုခံဖို့ကြိုးစားကာ

"အဖေ့..."

ရှောင်လင်းယွီက စကားလုံးတစ်လုံးပဲပြောလိုက်ပေမယ့် ဖေဖေရှောင်က မျက်နှာထားတင်းတင်းနဲ့ ချက်ချင်းအော်လိုက်ကာ 

"ရှူး!"

ရှောင်လင်းယွီက သူမဗိုက်ကို ကိုင်လိုက်သည်။ ကလေးအဖေရဲ့ ဂုဏ်သတင်းအတွက် သူမ တစ်ခုခုတော့ပြောရမည်။ ဒါပေမယ့် သူမ မပြောနိုင်ခင်မှာပဲ သူမအဖေရဲ့အသံကို ထပ်ကြားလိုက်ရကာ

"ရှောင်လင်းယွီ နင်ဘာဖြစ်နေတာလဲ?"

ရှောင်ကျန်းယန်က သူ့ခေါင်းကို လှည့်လိုက်ပြီး ရှောင်လင်းယွီကို ကျယ်လောင်စွာ ဆူပူကာ

"နင်က သုံးနှစ်ကလေးထင်နေတာလား? နင်ကိုယ်ဝန်ရှိနေမှန်း မသိဘူးလား? ဒါမှမဟုတ် မတော်တဆတစ်ခုခု ဖြစ်ချင်လို့လား? ရှောင်လင်းယွီ နင်ကအရမ်းစဉ်းစားဉာဏ်မဲ့တာပဲ"

ရှောင်လင်းယွီက အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး

"အဖေ သမီးမှားမှန်း သိပါတယ်"

သူမအဖေကို ရပ်တန့်ဖို့အကောင်းဆုံးနည်းလမ်းက သူမအမှားကို ချက်ချင်းဝန်ခံဖို့ဖြစ်သည်။

"တောင်တွေကို ပြုပြင်တော အကြာကြီးရှိနေပြီလေ။ သမီးလာပြီးတော့ တစ်ချက်ကြည့်ချင်ရုံတင်"

ရှောင်လင်းယွီက ပြောလိုက်သည်။

အစကတည်းက သူမမိသားစုက ရှောင်လင်းယွီကို တောင်တွေပေါ်သွားဖို့ တားမြစ်ထားပြီး ကုန်းထျန်းဟောက်က သူမကို ကြီးကြပ်ရမည်။

ရှောင်ကျန်းယန်က မျက်လုံးတွေ ကျုံ့လိုက်ပြီး 

"ဘာကြည့်ဖို့ရှိလို့လဲ? နင်က တောင်တွေနားမှာပဲ ကြီးလာတာလေ။ တောင်တွေက တောင်တွေနဲ့ပဲ တူမှာပေါ့"

ဖေဖေရှောင်ရဲ့လေသံက အတော်လေးပိုပြီးကောင်းမွန်လာသည်။ အနည်းဆုံးတော့ သူ ကုန်းထျန်းဟောက်ကို တကျက်ကျက်လုပ်နေတာ ရပ်သွားပြီဖြစ်သည်။

ရှောင်လင်းယွီက တိတ်တဆိတ် စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

ပရော်ဖက်ဆာနှစ်ယောက်က သူတို့မြင်လိုက်တာ‌ကြောင့် အံ့ဩနေကြတုန်းဖြစ်သည်။ ဖေဖေရှောင်က သခင်လေးကုန်းကို ဆူပူဆုံးမဖို့ထိ ရဲတင်းလွန်းသည်။ ဒါပေမယ့်လည်း သခင်လေးကုန်းက ရှောင်လင်းယွီကို တကယ်ချစ်ပုံပေါ်သည်။

မဟုတ်ရင် ဘာလို့သူ့လို အထက်တန်းလွှာပုဂ္ဂိုလ်မျိုးက သူ့အနားမှာ လယ်သမားတစ်ယောကို အသံကျယ်ခွင့်ပြုနေမှာလဲ?

အဲ့ဒီအချိန်မှာ ကုန်းထျန်းဟောက်က

"ဦးလေး ယွီအာက ကျွမ်းကျင်သူနှစ်ယောက်နဲ့ပတ်သက်ပြီး စိတ်ပူနေတာ။ သူ့ကိုအပြစ်မတင်ပါနဲ့.."

အပြစ်ကင်းပါသော်လည်း ရုတ်တရက်ကြီး ငြိစွန်းသွားကြတဲ့ ကျွမ်းကျင်ပညာရှင်နှစ်ယောက်က ဆွံ့အသွားသည်။

ဖေဖေရှောင်က သက်ပြင်းချလိုက်သည်။ သူက သတိပေးစကားနည်းနည်း ထပ်ပြောလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်ယောက်က တောင်ပေါ်ပဲ ရောက်နေပြီလေ။ ရှောင်လင်းယွီ တစ်ချက်တော့ ကြည့်နိုင်တာပဲ။ ကုန်းထျန်းဟောက်ရှိပြီး သူကလည်း သူမကိုစောင့်ရှောက်နေတော့ သူမ အဆင်ပြေမှာပါ။

ကုန်းထျန်းဟောက်အနေနဲ့ကတော့ ကြောက်ရွံ့မှုကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်နေတယ်လို့ ခံစားရသည်။ သူက ရှောင်လင်းယွီ အလိုရှိတာအားလုံးကို မလိုက်လျောဖို့ သူ့ကိုယ်သူ သတိပေးလိုက်သည်။ ဖေဖေရှောင်ပြောသလိုပဲ ဘယ်နေရာမှာမဆို မတော်တဆကဖြစ်နိုင်‌တယ်လေ။

သူက အရမ်းတော်တဲ့စီးပွားရေးသမားဖြစ်ပေမယ့် သူတောင် ဘုရားသခင်ကိုတော့ မဆန့်ကျင်နိုင်ဘူးလေ။ ဒါကြောင့် ကလေးမ‌မွေးလာခင် သူမဘေးမှာ တစ်ချိန်လုံးရှိနေဖို့လိုသည်။

ရှောင်လင်းယွီက ဒီအရာတွေကို မသိပေ။ သူမအရင်ဘဝတုန်းက သူမမွေးဖွားပြီးတော့ အလုပ်ဆီပြန်သွားပြီး လက်စားချေဖို့ အသင့်ဖြစ်နေခဲ့သည်။ သူမမှာ‌ ပျော်ရွှင်ရတဲ့နေ့တစ်နေ့တောင် မရှိခဲ့ပေ။ ပြန်လည်မွေးဖွားလာပြီးတော့ သူမသဘောကျသလို နေထိုင်နိုင်သည်။ သူမရဲ့ဘဝကပိုပြီးတော့ ကောင်းမွန်လာသည်။

အထူးသဖြင့်တော့ သူမ မတော်တဆ စိုက်ပျိုးရေးနေရာလွတ်ကို ရပြီးတော့ဖြစ်သည်။ အရေးအကြီးဆုံးကတော့ ရှောင်ထုန်က သူမနဲ့အတူပြန်လာခြင်းဖြစ်သည်။

သူမထောင်ယွမ်ရွာကို ပြန်လာကတည်းက သူမရဲ့ စိုက်ပျိုးရေးနယ်ပယ်တစ်ခုတည်ထောင်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒီတောင်ခြောက်လုံးက ပထမခြေလှမ်းပဲရှိသေးသည်။ သူမအနာဂတ်နယ်ပယ်ရဲ့ ပထမဆုံးတည်ဆောက်မှုကို သူမ မျက်မြင်တွေ့ဖို့ အဲ့ဒီနေရာမှာ ရှိနေဖို့လိုသည်။

ရှောင်လင်းယွီက လှည့်ပတ်ကြည့်လိုက်ပြီး ကိုယ်ပိုင်အတွေးထဲမှာ မျောသွားခဲ့သည်။

ကုန်းထျန်းဟောက်မှာ ရှောင်လင်းယွီကို လေးနက်တဲ့နားလည်မှုရှိပေမယ့်လည်း တစ်ခါတစ်လေမှာ သူမဘာစဉ်းစားနေမှန်း သူမသိချေ။

ကုန်းထျန်းဟောက်က အနားပတ်လည်ကိုကြည့်လိုက်ပြီး 

"ယွီအာ မင်းဘာတွေတွေးနေတာလဲ?"

ရှောင်လင်းယွီက သူမခေါင်းကိုခါလိုက်ပြီး ပြုံးကာ

"ဘာမှမဟုတ်ပါဘူး။ တကယ်တော့ လယ်စိုက်တာကမဆိုးပါဘူးလို့ ကျွန်မခံစားလိုက်ရတာ"

ကုန်းထျန်းဟောက်က "..."

ငါနေရစ်ပြီးတော့ လယ်သမားတစ်ယောက်ပဲ ဖြစ်လာလိုက်ရမလား?

***

All Chapters