← Chapters

ကေဘယ်လ်ကား

Vol. 22 Ch. 372

ကေဘယ်လ်ကား

Vol. 22 Ch. 372

ရှောင်လင်းယွီက စင်္ကြံလမ်းပေါ်မှာ မတ်ရပ်လိုက်ပြီး ဆွံ့အနေသည်။ သူမကို ရွာသားတွေအများကြီးက ဝန်းရံနေပြီး သူတို့တွေက ပစ္စည်းအသစ်တစ်ခုအကြောင်း ပြောဆိုနေကြသည်။

"အဲ့ဒီပစ္စည်းကဘာလဲ? သေတ္တာကြီးတစ်လုံးနဲ့တူပေမယ့် ကြည့်ရတာ လူတွေသယ်နိုင်ပုံပဲ"

"ဟုတ်တယ် သေတ္တာကြီးထဲမှာ ဝိုင်ယာတစ်ခု ချိတ်ထားတယ်။ အဲ့ဒါကဘာလဲ?"

"အိုး ငါသိပြီ"

တစ်ယောက်က ရုတ်တရက် အော်လိုက်သည်။

"အဲ့ဒါကေဘယ်လ်ကားလေ။ ဟုတ်တယ် ကေဘယ်လ်ကားပဲ။ ငါတီဗီမှာ မြင်ဖူးတယ်"

"အား ကေဘလ်ကားကိုး။ အခုမင်းပြောတော့မှပဲ တကယ်ဟ"

တစ်ယောက်က သံယောင်လိုက်လိုက်သည်။

အတိတ်တုန်းက‌ ထောင်ယွမ်ရွာက အနည်းငယ်ဆင်းရဲပေမယ့်လည်း ကိစ္စတွေကပြောင်းလဲသွားပြီဖြစ်သည်။ မိသားစုတော်တော်များများက ရုပ်မြင်သံကြားစက်တွေ ဝယ်နိုင်ကြပြီဖြစ်သည်။ သူတို့တွေ ၎င်းကနေ အများကြီးသိရှိခဲ့ကြသည်။

တကယ်တော့ ရွာသားတွေကို အတူတူစုရုံးစေတဲ့ပစ္စည်းက ကေဘယ်လ်ကားဖြစ်သည်။

ရှောင်လင်းယွီကတော့ ၎င်းဘယ်တုန်းက တပ်ဆင်လိုက်မှန်း မသိချေ။

ဒါပေမယ့် ဒီနေ့တော့ ကုန်းထျန်းဟောက်က သူမကို ဒီနေရာဆီအတင်းဆွဲခေါ်လာပြီး 

"နောက်ကျရင် မင်းတောင်တွေပေါ်တက်ချင်ရင် ဒီကေဘယ်လ်ကားကိုသုံး။ ဒီကေဘယ်လ်ကားက တောင်တိုင်းကို ဦးတည်နိုင်တယ်။ မင်းသွားချင်တဲ့ဘယ်တောင်ဖြစ်ဖြစ် သွားလို့ရတယ်"

ဒီနည်းလမ်းနဲ့ သူက မတော်တဆဖြစ်နိုင်ချေကို အနည်းဆုံးဖြစ်အောင် တားဆီးပေးလို့ရသည်။ သူမက ကိုယ်ဝန်ရှိနေတာနဲ့ပဲ သူက ရှောင်လင်းယွီရဲ့ လွတ်လပ်ခွင့်ကို အလွယ်တကူ ကန့်သတ်မထားပေ။ သူက အဲ့ဒီလိုယောက်ျားမျိုးမဟုတ်ပေ။

ပြီးခဲ့တဲ့ညနေက သူက ဒီအကြောင်းကို လီယွမ်ဟောက်ကို ဖုန်းနဲ့ပြောဆိုခဲ့သည်။ လီယွမ်ဟောက်က သူ့ကို ဒီအကြံပေးလိုက်သည်။ တောင်တွေကိုတက်ဖို့က အရမ်းအန္တရာယ်များတယ်ဆိုရင် တက်တဲ့ဟာကို ရပ်လိုက်ပေါ့!

သူစိတ်လှုပ်ရှားသွားပြီးတော့ ညတွင်းချင်းပဲ ကေဘယ်လ်ကားစနစ်တစ်ခုတပ်ဆင်ဖို့ လူတွေစီစဥ်ပေးဖို့ လီယွမ်ဟောက်ကို ခိုင်းလိုက်သည်။

ကုန်းထျန်းဟောက်က မိတ်ဆက်လိုက်ကာ၊

"ဒီကေဘယ်လ်ကားလမ်းကြောင်းက တောင်အလယ်နဲ့ ထိပ်တွေမှာရပ်တယ်။ တောင်တိုင်းမှာ သူ့လမ်းကြောင်းနဲ့သူ ရှိတယ်"

ရှောင်လင်းယွီက ပါးစပ်တရွရွဖြစ်သွားသည်။ ချမ်းသာတာက အင်အားရှိတာပဲ။ သို့တိုင် ကေဘယ်လ်ကားစနစ်တစ်ခုတပ်ဆင်တာက အရမ်းဆူညံလိမ့်မည်။ ဒါပေမယ့် ကုန်းထျန်းဟောက်က ဘာသံမှမထွက်ဘဲ ၎င်းကိုပြုလုပ်ဖို့ စီစဉ်ခဲ့သည်။ လူအားနဲ့ စက်ပစ္စည်းတွေ လိုအပ်ချက်က အရမ်းကြီးမားလိမ့်မည်။

မေမေရှောင်နဲ့ ဖေဖေရှောင်က ကေဘယ်လ်ကားကိုမြင်တော့ စိတ်လှုပ်ရှားသွားကြသည်။ ၎င်းကို ကေဘယ်လ်ကားလို့ခေါ်မှန်း သူတို့လည်းရုပ်မြင်သံကြားကနေ သိရှိကြသည်။

များစွာသောတောင်ခရီးသွားနေရာတွေအတွက် တောင်မတက်ချင်တဲ့သူတွေဖို့ သူတို့တွေက ကေဘယ်လ်ကားဝန်ဆောင်မှုတွေပေးကြသည်။ ကေဘယ်လ်ကားက သူတို့ကို ထိပ်ကိုမြန်မြန်ဆန်ဆန်ရောက်ဖို့ ကူညီပေးသည်။ လမ်းတစ်လျှောက်မှာ လှပတဲ့ရှုခင်းတွေကိုလည်း သူတို့ကြည့်နိုင်ကြသည်။

မေမေရှောင်က ပျော်ရွှင်နေသည်။ သူမက သူမဘေးက ဖေဖေရှောင်ကို 

"အဖေကြီး ထျန်းဟောက်က တကယ်အာရုံစိုက်ပြီး အနုစိတ်တာပဲ။ သူကယွီအာအတွက် အားလုံးလုပ်ပေးနေတာ"

သဘာဝကျကျကပဲ ဘာလို့ ကုန်းထျန်းဟောက်က ကေဘယ်လ်ကားကို တပ်ဆင်လိုက်မှန်း သူတို့နားလည်လိုက်ကြသည်။ ၎င်းက ရှောင်လင်းယွီအတွက်ပဲဖြစ်သည်!

အရင်နေ့ကပဲ သူတို့က ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီကို ဆိုဆုံးမခဲ့ကြသည်။ ရှောင်လင်းယွီက ကိုယ်ဝန်ရှိနေတုန်း တောင်တွေပေါ်တက်ခဲ့ပြီး တခြားသူကလည်း မစဉ်းမစားဘဲ သူမကို စွန့်စားခွင့်ပြုခဲ့သည်။ ဒီနေ့ကျ ကုန်းထျန်းဟောက်က လူတိုင်းရဲ့မျှော်မှန်းချက်ထက် ကျော်လွန်သွားတဲ့ တစ်စုံတစ်ခုကို ပြုလုပ်လိုက်သည်။

ဖေဖေရှောင်က သဘောတူစွာခေါင်းညိတ်ကာ

"ဟုတ်တယ် ထျန်းဟောက်က ယွီအာကို တကယ်စဉ်းစားပေးတာပဲ"

ရွာသားတစ်ယောက် ရုတ်တရက် ရောက်လာပြီး‌ တော့မေးမြန်းကာ

"ကျန်းယန် ချိုးယင်၊ ဒါကို ကေဘယ်လ်ကားလို့ခေါ်တာလား? ငါတို့ဒီပေါ်မှာ ဘယ်လိုထိုင်မှာလဲ?"

ဒီလယ်သမားတွေက အရင်က ကေဘယ်လ်ကားပေါ် မရောက်ဖူးပေ။

"ဒီသေတ္တာက ကြိုးပါးပါးလေးနဲ့ချိတ်ထားတာပဲ။ ပြုတ်မကျဘူးလား?"

"ဟုတ်တယ် အန္တရာယ်ရောကင်းရဲ့လား?"

"အဲ့ဒါက လူတွေထိုင်ဖို့အတွက်ပါဆို ဘယ်လိုလုပ် ဘေးမကင်းဘဲနေရမှာလဲ?"

"မင်းမှန်တယ်"

"ဒါပေမယ့် ဒါကို သခင်လေးကုန်း တပ်ဆင်ထားတာမလား? သူကဘာလို့ ဒီလိုဟာမျိုးကို ရုတ်တရက် တပ်ဆင်လိုက်တာလဲ?"

ရွာသားတွေ နားမလည်နိုင်ဖြစ်သွားကြသည်။

အဲ့ဒီအချိန်မှာ ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့လက်ကိုကိုင်လိုက်ပြီး လမ်းကြောင်းဆီ ခေါ်လာခဲ့သည်။ သူက ရှောင်လင်းယွီကို

"ယွီအာ တစ်ချက်လောက်စီးပြီး စမ်းကြည့်ရအောင်"

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို ရှုပ်ထွေးနေတဲ့မျက်နှာထားနဲ့ကြည့်လိုက်သည်။ သူမ ပါးစပ်ကိုဟလိုက်ပြီး တစ်ခုခုပြောချင်နေသည်။

ကုန်းထျန်းဟောက်က သူမလက်ကို လှုပ်ခါလိုက်ပြီး ဆံပင်လေးကိုပါ သပ်တင်ပေးလိုက်သည်။

သူက ညင်သာစွာပြုံးပြီး

"မစိုးရိမ်ပါနဲ့ ကိုယ်မနေ့ညက ဒီကေဘယ်လ်ကားကို စမ်းပြီးပြီ။ အရမ်းစိတ်ချရတယ်"

ရှောင်လင်းယွီက သူ့မျက်လုံးအောက်က မည်းနက်မှုရေးရေးလေးကို သတိပြုမိလိုက်သည်။

'သူမနေ့ညတုန်းက မအိပ်ဘူးလား? သူက ဒီတပ်ဆင်မှုကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်နေတာလား?

ရှောင်လင်းယွီရဲ့ခန့်မှန်းချက် မှန်ပေသည်။ ဒါက ရှောင်လင်းယွီအတွက်ဆိုမှတော့ ၎င်းက ၁၀၀ရာခိုင်နှုန်း ဘေးကင်းရမည်။ ကုန်းထျန်းဟောက်က အကုန်လုံးကို ကြီးကြပ်ပြီး စစ်ဆေးဖို့ ကိုယ်တိုင်ကိုယ်ကျရှိနေမှ စိတ်သက်သာရာရမယ်လို့ ခံစားရသည်။

ကုန်းထျန်းဟောက်က သူမ ထိုင်ခုံခါးပတ်ကို တပ်ပေးလိုက်သည်။ ပြီးတော့ သူက သူမဘေးမှာထိုင်ကာ ရှောင်လင်းယွီရဲ့ခါးကို ကာကွယ်ပေးနေတဲ့ဟန်ပန်နဲ့ ဖက်ထားလိုက်သည်။

ရှောင်လင်းယွီက ကေဘယ်လ်ကား ဘယ်တော့စမယ်မှန်း မသိချေ။ ရှောင်လင်းယွီမခံစားသွားရဘူးလို့ပြောရက် လိမ်ရာကျမည်။ သူမက သူ့ကို ကျေးဇူးတင်ချင်သည်။ ဒါပေမယ့် သူမ ဘယ်လိုတင်ရမယ်မှန်း မသိချေ။

ကုန်းထျန်းဟောက် လိုချင်တာက သူမရဲ့ ကျေးဇူးတင်မှုမဟုတ်ဘဲ သူမကိုမှန်း သိနေသည်...3

"ယွီအာ ဒီကေဘယ်လ်ကားရဲ့အမြန်က ဘယ်လောက်လို့မင်းထင်လဲ? မင်းအရမ်းမြန်တယ်လို့ခံစားရပြီး မူးဝေပြီးတော့ မသက်မသာဖြစ်နေလား?"

ကုန်းထျန်းဟောက်က ဗလာနတ္ထိဖြစ်နေတဲ့ အမူအယာနဲ့ ကားထဲက ရှောင်လင်းယွီကို မေးလိုက်သည်။ သူက ၎င်းအကြောင်း တကယ့်ကိုပူပန်နေသည်။

ရှောင်လင်းယွီမှာ မသက်မသာဖြစ်မှုတစ်ခုခုရှိခဲ့ရင် ကေဘယ်လ်ကားစနစ်ကို ညှိပြီးမြှင့်တင်ဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်မည်။ ဒီကေဘယ်လ်ကားက ရှောင်လင်းယွီအတွက် ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ တခြားသူတွေ မသက်မသာဖြစ်တာကို သူဂရုမစိုက်ပေ။ သူက ရှောင်လင်းယွီ မသက်မသာဖြစ်တာကိုပဲ ဂရုစိုက်သည်။

ရှောင်လင်းယွီရဲ့ တောင့်နေတဲ့အမူအယာကိုသူမြင်တော့ သူမရဲ့အာရုံကို လမ်းကြောင်းပြောင်းပေးချင်နေသည်။

ကုန်းထျန်းဟောက်သူမကိုမေးလိုက်တော့ ရှောင်လင်းယွီက အသိပြန်ဝင်လာသည်။

သူမက စီးနင်းမှုအပေါ်မှာပဲ အာရုံစိုက်နေပြီး

"အမြန်က အနေတော်ပါပဲ။ အရမ်းသက်သောင့်သက်သာရှိတယ်"

ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြီးတော့ 

"အိုခေ ကောင်းတာပေါ့!"

ပြီးနောက် သူတို့နှစ်‌ယောက်ထပ်ပြီးတော့ တိတ်ဆိတ်သွားပြန်သည်။ ဒါပေမယ့်လည်း ကေဘယ်လ်ကားထဲဝင်ခဲ့တဲ့လူနှစ်ယောက်က သူတို့ကားထဲဝင်သွားပြီးတော့ ဘယ်လိုအုတ်အော်သောင်းတင်းဖြစ်ခဲ့စေလဲဆိုတာကို မသိကြပေ။

"အား သူတို့ကားထဲမှာပဲ။ သူတို့ကကားထဲမှာဟေ့"

ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို ကေဘယ်လ်ကားပေါ်မှာ ဂရုတစိုက် စောင့်ကြပ်ပေးနေတာကိုမြင်ပြီး တချို့လူတွေက ချက်ချင်းအံ့အားတကြီးနဲ့

"သူတို့ကြည့်ရတာ ဘတ်စ်စကားထဲမှာ ရောက်နေတာနဲ့တူတယ်"

"မင်းကအရမ်းခေတ်နောက်ပြန်ဆွဲနေတာပဲ။ ဘယ်လိုလုပ် ကေဘယ်လ်ကားကို ဘတ်စ်နဲ့ယှဉ်နေရတာလဲ?"

တစ်ယောက်က ချက်ချင်းရယ်မောလိုက်ပြီး 

"ဒီနေရာကလူတိုင်း ဘတ်စ်ကားစီးဖို့ တတ်နိုင်တယ်။ ဒါပေမယ့် ဒီကေဘယ်လ်ကားကတော့ မတူဘူး။ ကေဘယ်လ်ကားတွေက နာမည်ကြီးခရီးသွားနေရာတွေမှာပဲ ရနိုင်တာလို့ ငါကြားဖူးတယ်။ တစ်ခေါက်စီးတာက ယွမ်ရာတော်တော်ကျတယ်"

သူဒါကိုပြောလိုက်တော့ မျက်လုံးတွေက အားကျမှုတွေနဲ့ ပြည့်နေခဲ့သည်။

နောက်ထပ်လူတစ်ယောက်က ချက်ချင်းပဲ ဖေဖေရှောင်နဲ့ မေမေရှောင်ကို 

"ကျန်းယန် ချိုးယင်၊ ငါတို့တွေ နောက်ပိုင်းမှာ တောင်တွေပေါ်ကေဘယ်လ်ကားစီးရင် အဲ့ဒါအတွက် ပေးဖို့လိုလား?"

သူမ ဒီမေးခွန်းကိုမေးလိုက်တာနဲ့ သူမဘေးကလူဆီကနေ အထင်အမြင်သေးခံလိုက်ရသည်။

"နင်ကဘာလို့တောင်တွေပေါ် ကေဘယ်လ်ကားစီးချင်တာလဲ? နင်ကကိုယ်ဝန်ရှိနေတာလား? နင်တောင်တွေပေါ် နင့်ခြေထောက်နဲ့ တက်လို့မရဘူးလား?"

"ဟုတ်တယ်"

တစ်ယောက်က ချက်ချင်း သံယောင်လိုက်ကာ

"ငါတို့ကလယ်သမားတွေလေ။ ငါတို့တသက်လုံး တောင်တွေပေါ် လမ်းလျှောက်တက်လာတာ မဟုတ်ဘူးလား? အခု တစ်ယောက်က ကေဘယ်လ်ကားမြင်လိုက်တာနဲ့ ဖြတ်လမ်းသုံးချင်တော့တာပဲ။ အရှက်မရှိလိုက်တာ"

"နင်ဘယ်သူ့ကို အရှက်မရှိဘူးလို့ လာပြောနေတာလဲ?"

အဲ့ဒီလူက စူးခနဲအော်လိုက်သည်။ သူမမျက်နှာက စိမ်းဖန့်ပြီးဖြူဆုတ်လာသည်။ တကယ်တော့ သူမ ကေဘယ်လ်ကားကို အသုံးပြုချင်သည်။ သူမက တောင်တွေပေါ်ဆက်ပြီး လမ်းလျှောက်တက်ဖို့ အရမ်းပျင်းနေသည်။

"ငါဘယ်သူ့ကိုမှ နာမည်တပ်မပြောဘူး။ နင်ကအရှက်မရှိဘူးလို့ထင်လည်း အသေအချာပဲ"

ထိုလူက ဆက်ပြီး အချင်းမများချင်ပေ။

"နင်..."

လီရှို့ဟွာက ၎င်းကိုပြောတဲ့လူက်ု ဒေါသတကြီးတစ်ချက်ကြည့်လိုက်သည်။

ပြီးတော့ သူမက အဲ့ဒီလူကို ကျယ်လောင်စွာနဲ့

"ကျိုးရှို့ကျီ၊နင် ဒီကေဘယ်လ်ကားကို နည်းနည်းလေးတောင် စီးမကြည့်ချင်ခဲ့ပါဘူးလို့တော့ ငါမယုံဘူး။"

ရှောင်ကျန်းယန်နဲ့ ချန်ချိုးယင်းတို့ရဲ့မျက်နှာထားတွေက ချက်ချင်းအကျည်းတန်ကုန်သည်။ ဒီကေဘယ်လ်ကားကို ကုန်းထျန်းဟောက်က သူတို့သမီးအတွက် အထူးတပ်ဆင်ပေးထားတာလေ။

သူတို့သမီးက ကေဘယ်လ်ကားပေါ်မှာ ထိုင်ရုံပဲရှိသေးတာကို အဲ့ဒါကိုစီးချင်တဲ့ ရွာသားတွေလည်း အများကြီးပဲရှိနေကြပြီ။ ဒါက လူတိုင်းစီးနိုင်တဲ့ မြို့ကဘတ်စ်ကားပဲလို့ သူတို့တကယ်ထင်နေကြသည်။

ချန်ချိုးယင်းက

"ကေဘယ်လ်ကားအတွက် ကုန်ကျစရိတ်ငွေက ယူမယူတော့ ငါမသိဘူး။ ပြီးတော့ ဒါကို သခင်လေးကုန်း ဆင်ပေးထားတာ။ ဒါပေမယ့်လည်း ငါတို့ရွာက လူတွေက အရမ်းနုရွနေကြမယ်လို့ မတွေးမိခဲ့ဘူး။"

"လူတွေက တောင်တွေပေါ်တောင် ထပ်မတက်နိုင်ကြတော့ဘူးလား?

ဒီလိုဆိုရင်တော့ ငါတို့မိသားစုက ဒီလိုနူးညံ့တဲ့အလုပ်သမားတွေကို ဆက်မခန့်ရဲတော့ဘူး"

မေမေရှောင် ဒါကိုပြောလိုက်တာနဲ့ တချို့လူတွေရဲ့မျက်နှာထားတွေက ပြောင်းလဲသွားသည်။ သူတို့က အားအင်ချွေတာဖို့ ကေဘယ်လ်ကားစီးချင်ပေမယ့် ဒါအတွက်တော့ အလုပ်ဖြုတ်မခံလိုပေ။ ချက်ချင်းဆိုသလိုပဲ တချို့လူတွေလည်း ဘာသံမှမထွက်ရဲတော့ပေ။

ကေဘယ်လ်ကားစီးတာနဲ့ယှဉ်ရင် ပိုက်ဆံရှာတာက ပိုလက်တွေ့ကျတယ်လေ...

***

All Chapters