← Chapters

အကြွင်းမဲ့အထောက်အပံ့

Vol. 22 Ch. 373

အကြွင်းမဲ့အထောက်အပံ့

Vol. 22 Ch. 373

တောင်ခြောက်လုဲးပေါ်ဖြတ်ပြီး ကေဘယ်လ်ကားစနစ်တပ်ဆင်မှုက ထောင်ယွမ်ရွာမှာ ဂယက်ရိုက်စေခဲ့သည်။

လူတော်တော်များများက စနောက်ကာ

"ကြည့်ရတာ ငါတို့ထောင်ယွမ်ရွာက အလျင်အမြန်ပဲ ခရီးသွားနေရာတစ်ခုဖြစ်လာတော့မယ်ထင်တယ်။ ခရီးသွားဆွဲဆောင်ရာတွေမှာပဲ ကေဘယ်လ်ကားတွေရှိတယ်လို့ ငါကြားဖူးတယ်။ ပြီးတော့ ငါတို့မှာ တစ်ခုရှိနေပြီလေ"

"ဟားဟား ဒီလိုသာဆက်ဖြစ်နေရင် ငါတို့အပြင်လူတွေကို မှီခိုဖို့တောင် မလိုတော့ဘဲ ထောင်ယွမ်ရွာကို ငါတို့ကိုယ်တိုင် ခရီးသွားနေရာတစ်ခုအဖြစ် ပြုပြင်ပစ်လို့ရတယ်"

"မင်းမှန်တယ် ရှောင်မိသားစုက စတော်ဘယ်ရီတွေရောင်းတုန်းက ငါတို့မှာ ခရီးသွားတွေအများကြီးရှိခဲ့တာပဲ။ ကားတွေ နေ့တိုင်း ဝင်ထွက်နေကြတာ"

"စတော်ဘယ်ရီရာသီကုန်သွားတော့ လူအုပ်က တဖြည်းဖြည်းလျော့သွားတယ်။ ဒါပေမယ့်လည်း တချို့လူတွေက ရှုခင်းတွေခံစားဖို့ ငါတို့ထောင်ယွမ်ရွာဆီ လာနေတုန်းပဲ"

"ထောင်ယွမ်ရွာသာ ခရီးသွားနေရာတစ်ခုဖြစ်လာရင် ငါတို့ဘဝတွေက ပိုပိုပြီးတော့တောင် ကောင်းလာနိုင်တယ်"

"အသေအချာပဲ"

ဒီလူက အတော်လေးရှက်နေတဲ့အမူအယာနဲ့

"ငါ့ကိုယ်ငါ အရမ်းရှက်မိတယ်။ ရှောင်လင်းယွီ မြို့ကြီးကနေ လယ်စိုက်ဖို့ပြန်လာတုန်းက ငါသူ့ကို တိတ်တဆိတ်ပျက်ရယ်ပြုခဲ့တာ။ သူက တက္ကသိုလ်ကောင်းကောင်းတစ်ခုကနေ ဘွဲ့ရခဲ့ပြီး ကုမ္မဏီကြီးတစ်ခုမှာ အလုပ်လုပ်နိုင်တာပဲ။ ဒါပေမယ့်လည်း သူက လယ်ခင်းတွေဆီ ပြန်လာဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။ သူ့အတွက် ဘယ်လိုလုပ်ကောင်းမွန်တဲ့ အနာဂတ်တစ်ခုဖြစ်လာအောင် လုပ်နိုင်တာလဲ?"

"ဒါပေမယ့် ရွှေကတော့ ဘယ်နေရာဖြစ်ဖြစ် တောက်ပတာပဲလေ။ သူက စိုက်ပျိုးရေးကနေ ငွေအမြောက်အများလုပ်လိုက်တာပဲ။ ပြီးခဲ့တဲ့နှစ်ဝက်မှာ သူထောင်ယွမ်ရွာကို ဘယ်လိုပြောင်းလဲမှုတွေ သယ်လာပေးလဲကြည့်ပ့ါလား"

"မဟုတ်သေးဘူး။ ငါတို့ရွာကို တကယ့်ပြောင်းလဲမှုတွေသယ်လာပေးတာက နွားဘုရင်ငယ်လေးပဲ။ ရှောင်လင်းယွီက သူ့ကို ရှာတွေ့လို့ ကံကောင်းသွားရုံတင်။ မဟုတ်ရင် သူဘယ်လောက်ပဲအစွမ်းအစရှိရှိ စတော်ဘယ်ရီတွေရောင်းတာကနေတော့ အရမ်းအများကြီး စုဆောင်းမိမှာမဟုတ်ဘူး"

အဲ့ဒီလူရဲ့လေသံက အောက်သိုးသိုးဖြစ်နေသည်။

တစ်ယောက်က ပြန်လည်ချေပကာ

"အဲ့ဒီလောက်လွယ်တယ်လို့ထင်ရင် နင်နောက်ထပ် နွားဘုရင်ငယ်လေးတစ်ကောင် သွားရှာလို့ရတာပဲ။ ပြီးတော့ နင်ချမ်းသာဖို့ နှစ်ဝက်တောင်လိုမှာမဟုတ်တော့ဘူး။ နေ့တစ်ဝက်နဲ့တင်ချမ်းသာနိုင်တယ်"

"ဘာကိုဆိုလိုတာလဲ?"

"နင်နွားဘုရင်ငယ်လေးကို ရောင်းလိုက်တာနဲ့ ပိုက်ဆံတွေအများကြီးရလာမှာလေ!"

ထိူလူက ရယ်မောလိုက်သည်။

"မှန်တယ် ဒါပေမယ့် နွားဘုရင်ငယ်အသစ်လေးတစ်ကောင်က အရမ်းရှာရလွယ်ပါ့မလား?"

တခြားသူတွေ တခစ်ခစ်ရယ်မောလိုက်ကြသည်။

ရှောင်မိသားစုရဲ့ဘဝက ပိုပိုပြီးတော့ ကောင်းမွန်လာသည်။ ဒါက အကုန်နွားဘုရင်ငယ်လေးကြောင့်လို့ ရွာသားတွေ ထင်နေကြသည်။ ၎င်းက ရှောင်လင်းယွီပြသချင်တဲ့ ပုံရိပ်ပဲဖြစ်သည်။

ဒါပေမယ့် သနားစရာ နွားဘုရင်ငယ်လေးကတော့ အပြစ်တင်မှုတွေကို ခေါင်းခံရမည်။

ကုန်းထျန်းဟောက်က ကေဘယ်လ်ကားကိုတပ်ဆင်လ်ုကတာနဲ့ ဖေဖေရှောင်နဲ့ မေမေရှောင်က ရှောင်လင်းယွီ တောင်ပေါ်တက်တာကို မတားကြတော့ပေ။

တောင်လမ်းမက တောင်ကုန်းအောက်ခြေတွေမှာ အကြမ်းဆုံးဖြစ်သည်။ ဒါပေမယ့်လည်း သူတို့တွေ အကုန်းပေါ်ကို ရောက်သွားတာနဲ့ ၎င်းက ပြန့်ပြူးတဲ့မြေတွေပဲ များတော့သည်။ ဒါကြောင့် ရှောင်လင်းယွီက တောင်တွေပေါ် တစ်ချိန်ပြီးတစ်ချိန်သွားနေသည်။ သူမက အလယ်နေရာဖြစ်ဖြစ် တောင်ထိပ်ကျမှပဲဖြစ်ဖြစ် ရပ်တန့်သည်။

ကေဘယ်လ်ကားက ဒီတည်နေရာ နှစ်ခုစလုံးမှာ ရပ်သည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီ အပြင်သွားတဲ့အချိန်တိုင်း ကုန်းထျန်းဟောက်က သူမဘေးမှာ ရှိနေသည်။

ရှောင်လင်းယွီက လှောင်အိမ်ထဲကနေရုတ်တရက် လွတ်သွားတဲ့ ငှက်လေးတစ်ကောင်လိုဖြစ်နေတာကိုကုန်းထျန်းဟောက်က သတိပြုမိခဲ့သည်။ သူမက လွတ်လပ်ရတဲ့အတွက် ပျော်ရွှင်နေသည်။

ကုန်းထျန်းဟောက်က ကေဘယ်လ်ကားတပ်ဆင်မှုကို အရမ်းအားရနေသည်။ သူက ကြိုးစားခဲ့တဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေကို ဆုပေးခဲ့သည်။

ရှောင်လင်းယွီက တောင်ကြောလမ်းတစ်လျှောက်မှာ ရပ်လိုက်သည်။ သူမက ဘေးပတ်လည်ကိုကြည့်ကာ ပြုံးလျက်ဖြင့်

"ကုန်းထျန်းဟောက်၊ ကျွန်မ တောင်တစ်ဝက်မှာ မြေပဲတွေ ဒါမှမဟုတ် ပဲပိစပ်တွေစိုက်မယ်ဆိုရင် ရှင်ဘယ်လို သဘောရလဲ?"

ကုန်းထျန်းဟောက်က သူမကို နှစ်လိုတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး 

"ကောင်းပြီလေ မင်းပျော်နေသရွေ့ပါပဲ"

ရှောင်လင်းယွီက ရုတ်တရက် ရှက်သလို ခံစားလိုက်ရသည်။ သူမက အရမ်းလေးလေးနက်နက်နဲ့

"ကုန်းထျန်းဟောက် ကျွန်မအတည်ပြောနေတာ။ ကျွန်မ ဒါကို အပျော်လုပ်နေတာမဟုတ်ဘူး"

ကုန်းထျန်းဟောက်က ချိုမြိန်စွာနဲ့

"သေချာတာပေါ့ ဘာပဲဖြစ်ဖြစ် ကိုယ်မင်းကိုထောက်ပံ့ပေးမှာ"

ရှောင်လင်းယွီ "....."

***

All Chapters