တတိယဦးလေးရဲ့ စားဝတ်နေရေး
Vol. 22 Ch. 374
ကျေးလက်ဒေသတွေမှ မြေပဲတွေကို ခူးဆွတ်ပြီးရင် ၎င်းတို့ကို ဆီထုတ်ယူခြင်းအတွက် သုံးရင်သုံး မဟုတ်ရင် သရေစာတွေအဖြစ် ပြုလုပ်ပစ်ကြသည်။
မြေပဲနဲ့ပြုလုပ်နိုင်တဲ့ သရေစာအမျိုးအစားတွေအများကြီးရှိသည်။ ဒါပေမယ့်လည်း ကျေးလက်ဘက်မှာတော့ အများဆုံးရှိတာက အခြောက်ကြော်၊ ဆီပြင်းပြင်းကြော်တာနဲ့ ၎င်းတို့ကို ပြုတ်တာပဲဖြစ်သည်။ မြေပဲအခြောက်ကြော်တွေက အရမ်းထူးခြားသည်။ အကြောင်းမှာ မြစ်အောက်ခြေက သဲကိုအသုံးပြုရသောကြောင့် ဖြစ်သည်။ သဲက နုရင်နု မဟုတ်ရင်လည်း ကြမ်းတမ်းလည်းရသည်။
တချို့တွေက သဲကို ကြမ်းတာကြိုက်ကြပြီး တချို့တွေကတော့ နုတာကိုကြိုက်ကြသည်။ သဲကိုဆေးကြော၊ အခြောက်ခံပြီးတော့ သံအိုးတစ်လုံးထဲမှာ ထားလိုက်သည်။ သဲတွေ ရောသမသွားပြီး ပူလာတဲ့အခါ မြေပဲတွေကို အိုးထဲမှာထားလိုက်သည်။ ပြီးတာနဲ့ မြေပဲတွေကို အဆက်မပြတ် အခြောက်ကြော်တော့သည်။ မြေပဲတွေက သဲတွေကအပူကနေတစ်ဆင့် အကြော်ခံရသည်။
ကြွယ်ဝတဲ့အတွေ့အကြုံမရှိဘဲနဲ့ ဘယ်အချိန်မှာ မြေပဲတွေပြီးဆုံးသွားမလဲဆိုတာ ပြောဖို့ခက်သည်။ ကျွမ်းကျင်သူတွေကတော့ အခွံမျက်နှာပြင်ကနေပဲ ပြောနိုင်သည်။ တခြားသူတွေအဖို့တော့ အခွံက သန့်ရှင်းပြီး ဖြူနေပုံပေါ်ပေမယ့် မြေပဲအဝကို ခွဲပစ်လိုက်ရင် အထဲကမြေပဲက အနည်းငယ်ဝါနေသည်။
မြေပဲမှာ ထူးခြားတဲ့ကြွပ်ရွမှုရှိသည်။ ၎င်းတို့က ကြွပ်ရွပြီး မွှေးပျံ့သည်။ ၎င်းက ပညာရပ်ဆန်တဲ့အလုပ်တစ်ခုပဲဖြစ်သည်။ ကျေးလက်ဒေသမှာ ရွာသားတော်တော်များများက သူတို့ဧည့်သည်တွေကို ဧည့်ခံဖို့ မြေပဲအခြောက်ကြော်ကို အသုံးပြုကြသည်။
မြေပဲအခြောက်ကြော်တွေက မရှိမဖြစ်သရေစာတစ်ခုပဲဖြစ်သည်။
မြေပဲဆီကြော်တွေကတော့ မြို့ပြရော ကျေးလက်ဘက် နှစ်ခုစလုံးမှာ လူကြိုက်များတဲ့သရေစာတွေဖြစ်သည်။ မြေပဲတွေကို အခွံခွာပြီး ဆီထဲမှာ ပြင်းပြင်းကြော်သည်။ ပြီးရင် သကြား ဒါမှမဟုတ် ဆားခတ်ကြသည်။ မြေပဲဆီကြော်တွေဖို့ကတော့ ဆီက အတော်ကလေးအေးစက်မှဖြစ်မည်။
ဒါမှ မြေပဲတွေ လွယ်လွယ်နဲ့ကွဲမသွားမှာ ဖြစ်သည်။
ဒါပေါ့ အရာအားလုံးကလည်း အချက်အပြုတ်စကေးပေါ် မူတည်သည်။
မြေပဲပြင်ဆင်တဲ့ နောက်ဆုံးနည်းလမ်းကတော့ ဆားထဲမှာပြုတ်လိုက်ဖို့ဖြစ်သည်။ မြေပဲတွေကို ခူးဆွတ်ပြီးရင် နေလှန်းခြင်းမရှိဘဲ ရေထဲမှာ ချက်ပြုတ်ကြသည်။ အချက်အပြုတ်မှာ ပိုပြီးခံတွင်းတွေ့စေတဲ့အရာတွေဖြစ်တဲ့ ဆား၊ ဟင်းခတ်အမွှေးအကြိုင်၊ ငရုတ်သီးနဲ့အစရှိတာတွေ ထပ်ပေါင်းထည့်ကြသည်။
လတ်လတ်ဆတ်ဆတ်ရရှိထားတဲ့မြေပဲတွေက ပြုတ်ဖို့ အကောင်းဆုံးပဲဖြစ်သည်။၎င်းတို့က ဟင်းခတ်ပစ္စည်းတွေရဲ့အရသာကို အရသာကို စုပ်ယူကြသည်။
ဒါကြောင့် မြေပဲတွေရဲ့ သီးနှံရာသီရောက်ရင် အိမ်ထောင်စုတော်တော်များများက မြေပဲပြုတ်ကြသည်။ မြေပဲပြုတ်တွေက ကျေးလက်ကလေးသူငယ်တွေအတွက်လည်း နှစ်သစ်ဖွယ်သရေစာတစ်ခုဖြစ်သည်။
တခြားအမျိုးကွဲတွေက အခြောက်ခံပြီးမှ မြေပဲတွေကို ပြုတ်ကြသည်။ ချက်ပြတ်တဲ့နည်းလမ်းကတော့ ဆင်တူသည်။ ဒါပေမယ့်လည်း မြေပဲတွေကို အခြောက်ခံပြီးမှ ပြင်ဆင်ကြသည်။ ဒါကြောင့်ပဲ ချက်ပြုတ်ရတဲ့အချိန်က ပိုကြာရသည်။
မြေပဲတွေကို ချက်ပြုတ်ပြီးတော့ ထပ်ပြီးအခြောက်ခံဖို့ နေရောင်အောက်မှာထားကြသည်။ ၎င်းတို့တွေခြောက်သွားရင် ၎င်းတို့ကို သိမ်းထားလိုက်တော့သည်။ ၎င်းတို့က ပြီးပြည့်စုံတဲ့သရေစာတေ ဖြစ်လာကြသည်။
"ဒီမြေပဲကြော်တွေက အရမ်းမွှေးတာပဲ"
အဲ့ဒီညမှာ ရှောင်မိသားစုခြံဝင်းထဲမှာ လူတွေအများကြီးရှိနေကြသည်။ ဒါပေါ့ သူတို့တွေက ရှောင်မိသားစုဝင်တွေပဲလေ။
ရှောင်မင်ယန်းနဲ့ စတုတ္ထဒေါ်လေးတို့ကလည်း မြို့ကနေ ပြန်လာကြသည်။ ခရိုင်မြို့ထဲကစီးပွားရေး အများဆုံးကတော့ အဆင့်မြင့်အသီးအရွက်တွေပဲဖြစ်သည်။ ကုမိသားစုဟိုတယ်ကို ထောက်ပံ့တဲ့ အသီးအနှံတွေကလွဲရင် စတိုးက နေ့စဉ် အဆင့်မြင့်အသီးအရွက် ကျင်၅၀၀ပတ်လည် ရောင်းရသည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးသွားတာနဲ့ စတိုးတွေက စီးပွားရေးက အလင်းပွင့်လာသည်။ အရင်က လူတွေအများကြီးက အသီးအနှံတွေရဲ့ကောင်းကျိုးတွေကို ကြားကြတဲ့အတွက် စီးပွားရေးက ကောင်းမွန်ခဲ့သည်။ ဝင်ခွင့်စာမေးပွဲနီးကပ်လာတာနဲ့ ကျောင်းသားတော်တော်များများက စိတ်ပူပန်လာကြသည်။ သူတို့တွေ မစားနိုင် မအိပ်နိုင်ကြပေ။
ဒါပေမယ့်လည်း ဆိုင်က အသီးအနှံတွေကို စားပြီးတာနဲ့ ပိုကောင်းကောင်း အိပ်နိုင် စားနိုင်ကြသည်။ ဒါကြောင့် ကလေးတွေရဲ့အကျိုးအတွက် မိဘတွေက အထူးအသီးအနှံတွေဝယ်ဖို့ ငွေအများကြီးသုံးကြသည်။ ဈေးကမြင့်နေတာတောင် အံကြိတ်ပြီး ၎င်းတို့ကို ဝယ်ကြသည်။
အခု စာမေးပွဲကပြီးသွားတေ့ာ မိဘတွေက အထူးအသီးအနှံတွေကို ထပ်မဝယ်ကြတော့ပေ။ စိုက်ခင်းမှာ စတော်ဘယ်ရီတွေနဲ့ အသီးအနှံတွေ များများစားစား မရှိသေးပေ။ ၎င်းတို့တွေက အကူးအပြောင်းကာလမှာပဲရှိသေးသည်။ ဒါကြောင့် ဆိုင်မှာ ရောင်းချဖို့အတွက် အဆင့်မြင့်ဟင်းသီးဟင်းရွက်တွေပဲရှိသည်။
ဘာပဲဖြစ်ဖြစ် အဆင့်မြင့်အသီးအရွက် ကျင်၅၀၀ကတော့ ပုံမှန်ဆို တစ်မနက်နဲ့တင်ရောင်းထွက်သည်။
စတုတ္ထဦးလေးရှောင်နဲ့ စတုတ္ထဒေါ်လေးရှောင်က ဆိုင်ပိတ်ပြီးရင် ကူညီဖို့ ပြန်လာကြလိမ့်မည်။
ကျောက်စားပွဲပေါ်မှာ မြေပဲအမျိုးအစားမျိုးစုံရှိနေသည်။ မြေပဲအခြောက်ကြော်၊ မြေပဲဆီပူကြော်နဲ့ မြေပဲပြုတ်တွေအကုန် ၎င်းပေါ်မှာရှိသည်။
"ဒီမြေပဲတွေက အံ့ဩစရာပဲ"
"မြေပဲပြုတ်တွေရဲ့အရသာက ကွက်တိပဲ"
"ဒါကမြေပဲတွေရော ဟုတ်သေးရဲ့လား?"
သူတို့တွေ မြေပဲတွေကို မြိန်ရှက်စွာစားလိုက်ကြသည်။
"ဟေး မြေပဲတွေပေါ်မှာပဲ အာရုံစိုက်မနေနဲ့ဦး။ ပဲပိစပ်ဖုတ်တွေလည်း ရှိသေးတယ်။ မွှေးပြီး ကြွပ်ရွနေတာပဲ။ အရသာလည်းရှိသေးတယ်"
ပဲပိစပ်ဖုတ်တွေကို ဆီမပါဘဲ အခြောက်ကြော်ထားတဲ့ ပဲပိစပ်တွေနဲ့ ပြုလုပ်ထားသည်။
ရှောင်လင်းယွီက ဒီကလေးဘဝသရေစာရဲ့အရသာကို လွမ်းနေသည်။ ဒါကြောင့် သူမအမေကို အနည်းငယ်လုပ်ပေးဖို့ ပြောခဲ့သည်။ ၎င်းက တကယ့်ကို အရသာရှိ၊ ကြွပ်ရွပြီး မွှေးသည်။
ချီးကျူးတာကို ကြားပြီးတော့ တခြားသူတွေက ပဲပိစပ်ကို လက်အပြည့်ဆွဲယူကာ ၎င်းတို့ကို သူတို့ပါးစပ်ထဲထည့်လိုက်ကြသည်။ လုံလုံလောက်လောက်ကိုပဲ ပဲပိစပ်တွေကလည်း အရမ်းအရသာရှိသည်။
ရှောင်လင်းယွီက အများကြီးစားမိသွားပြီလို့ ခံစားလိုက်ရသည်။ ဒါကြောင့် သူမ ရေတစ်ခွက်သောက်လိုက်သည်။
"တတိယဦးလေး တတိယဒေါ်လေး၊ ကျွန်မတို့ ပဲပိစပ်ကျင်၂၀၀ကျော် ခူးထားပြီ။ အဲ့ဒါတွေကို တို့ဟူးလုပ်ဖို့ ကျွန်မစဉ်းစားထားတယ်။ တို့ဟူးစီးပွားရေးကို ကျွန်မကို ကူညီစေချင်တဲ့အကြောင်း မေးမလို့။ ဒေါ်လေးတို့ ဘယ်လိုသဘောရလဲ?"
ရှောင်လင်းယွီက ဒီဟာကို သူမမိဘတွေနဲ့ အရင်က ဆွေးနွေးပြီးပြီဖြစ်သည်။ ဒါပေမယ့် အခုမိသားစုဝင်တွေအကုန်လုံး ဒီမှာရှိနေတော့ ၎င်းကိုထပ်ပြီး ပြန်ဆွဲထုတ်ဖို့ ဆုံးဖြတ်လိုက်သည်။
တတိယဦးလေးရှောင်နဲ့ တတိယဒေါ်လေးရှောင်က အားရပါးရ စားသောက်နေကြသည်။ ရှောင်လင်းယွီရဲ့စကားကို သူတို့ကြားတော့ အံ့ဩသွားပြီး ခနလောက် မလှုပ်မယှက်ဖြစ်နေကြသည်။
ဖေဖေရှောင်နဲ့ မေမေရှောင်ကလွဲရင် တခြားလူတွေလည်း အံ့ဩသွားသည်။
အဲ့ဒီအချိန်မှာ ဖေဖေရှောင်က ရှင်းပြကာ
"လဲ့ယန်၊ ရှို့အာက မကြာခင်အထက်တန်းတက်တော့မှာမလား? သူအထက်တန်းကို ပြောင်းရတော့မယ်လေ။ မင်းခရိုင်မြို့မှာ အိမ်တစ်လုံးဝယ်ရတော့မယ်။ လတိုင်း ချေးငွေပေးရမယ်မလား? ဒီတော့ အလိုလိုပဲ မင်းခရိုင်မြို့မှာ အလုပ်တစ်ခုရှာရတော့မယ်လေ ဟုတ်တယ်မလား?"
"ယွီအာက ငါတို့ကို အစောတည်းက ဒီအကြောင်းပြောပြီးပြီ။ သူကမင်းတို့ကို တို့ဟူးစီးပွားရေးမှာ ကူညီစေချင်နေတယ်။ တို့ဟူးလုပ်တာကခက်ခဲပြီး ပင်ပန်းမှန်း ငါသိပါတယ်။ ဒါပေမယ့်လည်း မင်းကောင်းကောင်းလုပ်မယ်ဆိုရင် ဝမ်းစာတစ်ခုလုပ်ဖို့တော့ ဘာပြဿနာမှမရှိလောက်ဘူး"
"မင်းအဆင်ပြေမလား ငါသိချင်မိတယ်?"
ရှောင်မိသားစုရဲ့ညီအစ်ကိုလေးယောက်က စည်းလုံးကြသည်။ သူတို့ကအမြဲတမ်း တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးပြီး နားလည်ကြသည်။ ဒါပေမယ့်လည်း ကိစ္စတချို့ကတော့ ရှင်းလင်းရမည်။ ဖေဖေရှောင်က ဘာလို့သူက သူ့ရဲ့တတိယညီကို တို့ဟူးစီးပွားရေးပေးသလဲဆိုတာကို ရှင်းပြရမည်။ ဒါမှ တခြားညီအစ်ကိုတွေရဲ့ သင်္ကာမကင်းမှုကို ရှောင်နိုင်မည်ဖြစ်သည်။
ရှောင်လဲ့ယန်နဲ့ သူ့မိန်းမက အချင်းချင်းကြည့်လိုက်ပြီး သူတို့မျက်နှာတွေက စိတ်လှုပ်ရှားသွားကာ
"အဆင်ပြေတယ် ဒုတိယအစ်ကိုကြီး။ ဒါပေါ့ ကျွန်တော်တို့ သဘောတူတယ်။ ပြီးခဲ့တဲ့နှစ်နှစ်မှာ ကျွန်တော်တို့ မြို့ပြင်မှာတုန်းက ဆင်းရဲဒုက္ခမျိုးစုံကို ကြုံတွေ့ခဲ့ရတယ်။ ပြီးတော့ အခုတို့ဟူးလုပ်တာကလည်း အရင်လို မခက်ခဲတော့ပါဘူး"
ဒီသဘောတူလက်ခံမှုကိုကြားတော့ ဘိုးဘိုးရှောင်နဲ့ ဘွားဘွားရှောင်က စိတ်ချမ်းသာသွားကြသည်။
ဘိုးဘိုးရှောင်က
"ဟုတ်တယ် တို့ဟူးလုပ်တာက နည်းနည်းတော့ခက်ပေမယ့် ဒါက အသက်မွေးဝမ်းကျောင်းတစ်ခုအတွက် ရိုးသားတဲ့နည်းလမ်းပဲ။ ပြီးတော့ ဒါက မင်းတို့တွေ ရှို့အာအထက်တန်းတက်တဲ့အချိန်မှာ သူနဲ့နီးနီးကပ်ကပ်ရှိလို့ရတယ်လို့ ပြောတာပဲလေ"
ရှောင်လဲ့ယန်က ခေါင်းညိတ်ပြီးတော့
"ဟုတ်ပါပြီ အဖေ၊ ကျွန်တော်တို့နားလည်ပြီ"
သူ့သားရဲ့အဆင့်တွေက မဆိုးလှပေ။ သူ့အဆင့်နဲ့ဆို Imperial တက္ကသိုလ်ကိုာဝင်ခွင့်မရရင်တောင် တက္ကသိုလ်ကောင်းတစ်ခုကိုဝင်ခွင့်ရဖို့က သေချာပေါက် အခက်အခဲတစ်ခုမဟုတ်ပေ။
ကလေးတွေရဲ့အနာဂတ်က အရေးအကြီးဆုံးဖြစ်သည်။ ကလေးတွေအတွက် ဘယ်ဆုံးဖြတ်ချက်ကအကောင်းဆုံးမှန်း သူတို့ကောင်းကောင်းသိကြသည်။
တို့ဟူးစီးပွားရေးက နည်းနည်းတော့ခက်ခဲပေမယ့် တို့ဟူးတွေကိုကောင်းကောင်းရောင်းရသရွေ့တော့ လုပ်နိုင်တဲ့အမြတ်တွေရှိဦးမည်ဖြစ်သည်။
ရှောင်လင်းယွီက
"တတိယဦးလေး တတိယဒေါ်လေး၊ ကျွန်မတို့မိသားစုက တို့ဟူးစီးပွားရေးမှာ ကိုယ်ပိုင်ပဲတွေကိုပဲ အသုံးပြုမယ်။ တို့ဟူးတွေကအရမ်းထူးခြားမယ်လို့ ကျွန်မယုံကြည်တယ်"
"အာ?"
တခြားသူတွေက အနည်းငယ် နားမလည်နိုင်ဖြစ်သွားကြသည်။
"ယွီအာ၊ အဘွားတို့ပြီးခဲ့တဲ့ရက်တုန်းကမှ ခူးထားတဲ့ပဲတွေကိုပဲ အသုံးပြုမယ်လို့ သမီးဆိုလိုတာလား?"
ဘွားဘွားရှောင်က အနည်းငယ်သင်္ကာမကင်းစွာပြောလိုက်သည်။
"ဟုတ်တယ်"
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် အဲ့ဒီမှာ ပဲတွေအများကြီးမရှိဘူး။ ကျင်၂၀၀၀လောက်ပဲရှိသေးတာ"
ဘွားဘွားရှောင်က သင်္ကာမကင်းစွာပဲပြောလိုက်သည်။
"တို့ဖူးဆိုင်ခန်းလေးတစ်ခုတောင် တစ်လကို အနည်းဆုံး ပဲပိစပ်ကျင်၁၀၀၀လိုတယ်လို့ အဘွားကြားတယ်။ အဘွားတို့ရဲ့လက်ရှိပဲပိစပ်တွေကိုသုံးရင် သမီးတတိယဦးလေးရဲ့စီးပွားရေးက တစ်လ နှစ်လလောက်ပဲ ခံမှာပေါ့။ နောင်ကျရင်ရော?"
ရှောင်လင်းယွီက ပြုံးကာ
"အဘွား စိတ်မပူပါနဲ့။ သမီးပြောတာကို အရင်နားထောင်ပါဦး"
ပြီးတော့ ရှောင်လင်းယွီက
"အဘွား သမီးတို့ပဲပိစပ်တွေနဲ့ သာမန်ပဲပိစပ်တွေကြားက ကွာခြားချက်ကဘာလဲ?"
"ကွာခြားချက်သာရှိမယ်ဆိုရင်တော့ အဘွားတို့ပဲတွေက အရမ်းအရသာရှိတာပေါ့"
ဘွားဘွားရှောင်က စဉ်းစားနေခြင်းမရှိဘဲ ဖြေဆိုလိုက်သည်။
"ဟုတ်တယ်"
ရှောင်လင်းယွီက
"ပဲပိစပ်တွေကအရသာရှိပြီး သူတို့ကနေလုပ်ထားတဲ့တို့ဟူးကလည်း အရသာရှိလိမ့်မယ်။ အဘွား သမီးမှာ ခရိုင်မြို့မှာ ဆိုင်တစ်ဆိုင်ရှ်ိမှန်း အဘွားသိတယ်မလား? သမီးဆိုင်က အသီးအနှံတွေက ဈေးကြီးလား?"
"ကြီးတယ် အရမ်းဈေးကြီးတယ်"
ဘွားဘွားရှောင်က ပြုံးကာ ဖြေဆိုလိုက်သည်။
ရှောင်လင်းယွီရဲ့ဆိုင်က အသီးအနှံတွေက အရမ်းဈေးကြီးတာကိုတော့ ဘွားဘွားရှောင် ဝန်ခံရမည်။ ဈေးမှာ ၎င်းကို ဆင့်များများနဲ့ပဲရောင်းနေတဲ့အချိန်မှာ ဆိုင်မှာ ဂေါ်ဖီတစ်ကျင်ကို သုံးယွမ်ရောင်းသည်။ ဒါပေမယ့်လည်း ဈေးကအဲ့လိုဖြစ်နေသည့်တိုင် လူတော်တော်များများ ၎င်းတို့ကိုဝယ်ဖို့ လုယက်နေကြသည်။ စီးပွားရေးက အတော်လေးကို ကောင်းမွန်သည်။
ရှောင်လင်းယွီက ပြုးကာ
"အမှန်ပဲ၊ သမီးတို့ ပစ္စည်းတွေအဲ့လောက်အများကြီးမရောင်းဘူး။ ဒါပေမယ့် သမီးတို့ရောင်းတဲ့ဟာတွေက အရည်အသွေးအမြင့်ဆုံးပဲ။ သမီးတို့မှာ ကောင်းမွန်တဲ့စီးပွားရေးရှိတာပဲ။ ဟုတ်တယ်မလား?"
သူမဆိုလိုတာကို တခြားသူတွေ ချက်ချင်းနားလည်သွားကြသည်။
တတိယဦးလေးရှောင်က စိတ်လှုပ်ရှားစွာနဲ့
"ဒီတော့ ယွီအာ၊ ဦးလေးတို့တွေ တို့ဟူးကိုလည်း အတူတူပဲလုပ်နိုင်တယ်လို့ သမီးဆိုလိုချင်တာလား?"
ရှောင်လင်းယွီက ခေါင်းညိတ်ကာ
"ဒါပေါ့။ တို့ဟူးတွေက အရသာရှိနေသရွေ့ ရောင်းဖို့လွယ်ကူမှာပဲ။ ဘယ်လောက်ပဲဈေးကြီးကြီး ဝယ်မယ့်လူတွေကတော့ရှိမှာပဲ။ သမီးတို့ပဲတွေကလုပ်ထားတဲ့ တို့ဟူးတွေက အသီးအနှံတွေလိုပဲ အရမ်းထူးခြားတဲ့အရသာရှိမယ်လို့ ယုံတယ်"
အဲ့ဒီအချိန်မှာ တတိယဒေါ်လေးရှောင်က ရုတ်တရက်
"လင်းယွီ၊ တို့ဟူးတွေကို ရောင်းတာကလွဲရင် တို့ဟူးပူတင်းနဲ့ ပဲပိစပ်နို့ရော လုပ်နိုင်မလား?"
ရှောင်လင်းယွီက အနည်းငယ်အံ့ဩသွားပြီး
"တတိယဒေါ်လေး၊ မနက်စာဆိုင်တစ်ခုဖွင့်ချင်တယ်လို့ ဒေါ်လေးဆိုလိုတာလား?"
တတိယဒေါ်လေးရှောင်က သူမခေါင်းကိုခါကာ
"မဟုတ်ပါဘူး။ မနက်စာဆိုင်မဟုတ်ဘူး။ ဒေါ်လေးက တို့ဟူးတွေ တို့ဟူးပုတင်းနဲ့ ပဲပိစပ်နို့တွေရောင်းတဲ့ တို့ဟူးထွက်ကုန်ဆိုင်တစ်ခုဖွင့်ချင်ရုံတင်။ တို့ဟူးတစ်ခုတည်းရောင်းတာက နည်းနည်းလေးရိုးရှင်းနေမယ်လို့ ထင်တယ်"
၎င်းကိုပြောပြီးတော့ သူမခနလောက်စဉ်းစားလိုက်ကာ
"ဒေါ်လေး ဒီတို့ဟူးထွက်ကုန်တွေကိုရောင်းဖို့ ခရိုင်မြို့မှာ ဆိုင်တစ်ခုလောက်ငှားချင်တယ်"
ရှောင်လင်းယွီက ခနလောက်စဉ်းစားလိုက်ပြီး
"တတိယဒေါ်လေး ဒီလိုဆိုရင်တော့ ပဲပိစပ်၂၀၀၀ကျင်က လုံလောက်မယ်လို့ သမီးမထင်ဘူး"
တတိယဒေါ်လေးရှောင်က ခေါင်းခါလိုက်ပြီး
"မဟုတ်ဘူး သမီးပြောသလိုပဲ၊ ကန့်သတ်ထားတဲ့အရေအတွက်နဲ့ပဲရောင်းမယ်လေ
ဒီပဲပိစပ်ကျင်၂၀၀၀ကိုခွဲတမ်းချလိုက်ရင် နောက်ထပ်သီးနှံရာသီအထိ စီးပွားရေးကို အားဖြည့်ထားလို့ရတယ်"
အဲ့ဒီအချိန်မှာတော့ ရှောင်လင်းယွီက တည်ကြည်တဲ့မျက်နှာထားနဲ့
"တတိယဒေါ်လေး၊ သမီးတို့ရဲ့ပဲပိစပ်တွေကိုပဲ ဒေါ်လေးသုံးမှာမလား?"
သူမတတိယဒေါ်လေးရဲ့အကျင့်စရိုက်ကို နားလည်ပေမယ့်လည်း ရှောင်လင်းယွီကသူ့ကို သတိတော့ပေးထားရဦးမည်။
တတိယဒေါ်လေးရှောင်က ခေါင်းညိတ်ကာ
"ဒါပေါ့"
အဲ့ဒီအချိန်မှာ သူမက တစ်စုံတစ်ခုကို နားလည်သွားပြီး ချက်ချင်းရှင်းပြလိုက်ကာ
"ဟုတ်ပြီ နားလည်မှုမလွဲနဲ့ဦး၊ ကွာခြားချက်တွေရှိအောင် တတိယဒေါ်လေးက အပြင်ကပဲတွေသုံးမှာမဟုတ်ဘူး..။ ဒေါ်လေး...က ဈေးကွက်အသစ်တစ်ခု မြဲမြံစေချင်ရုံတင်။ ဒါက နောက်ထပ်သီးနှံရာသီအတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုပဲလေ"
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပြီ တတိယဒေါ်လေး၊ သမီးနားလည်ပြီ။ ကောင်းပြီလေ သမီးဒါကို ဒေါ်လေးနဲ့ တတိယဦးလေးဆီလွှဲခဲ့မယ်။ တို့ဟူးဖြစ်ဖြစ် ပဲနို့ဖြစ်ဖြစ်ရောင်းချင်တာကတော့ ဒေါ်လေးတို့ပေါ်ပဲ မူတည်တယ်"
"ဟုတ်ပြီ ကျေးဇူးပါယွီအာ"
တတိယဦးလေးရှောင်နဲ့ သူ့မိန်းမက တကယ့်ကိုကျေးဇူးတင်သွားကြသည်။ ဒီတစ်ခေါက်ပြန်လာပြီးတော့ သူတို့မှာ ပြန်သွားလိုတဲ့ရည်ရွယ်ချက်မရှိကြပေ။ အခု ရှောင်လင်းယွီက သူတို့မိသားစုအတွက် အစီအစဉ်လုပ်ပေးလိုက်တော့ သူတို့အရမ်းကျေးဇူးတင်နေကြသည်။
အဲ့ဒီအချိန်မှာ စတုတ္ထဒေါ်လေးရှောင်က ရုတ်တရက်
"တတိယအစ်ကိုကြီး တတိယယောင်းမ၊ တို့ဟူးဘယ်လိုလုပ်ရလဲသိလား? အရင်ကတို့ဟူးလုပ်ဖူးသလား?"
တတိယဦးလေးနဲ့ တတိယဒေါ်လေးရှောင်ရဲ့အမူအယာက ကြက်သေသေသွားကြသည်။ ဒီမေးခွန်းနဲ့ပက်သက်ပြီး သူတို့တွေ တကယ်ကို မေ့လျော့နေကြသည်။ သူတို့ တို့ဟူးဘယ်လိုလုပ်ရမယ်မှန်း တကယ်ကိုမသိကြပေ။ သူတို့က တို့ဟူးဘယ်လိုစားရမှန်းကိုသာ သိကြသည်။
စတုတ္ထဒေါ်လေးရှောင်က တခစ်ခစ်ရယ်လိုက်ပြီး
"ဟီးဟီး၊ တို့ဟူးဘယ်လိုလုပ်ရမယ်မှန်းမသိကြရင် အခုသင်လို့ရတယ်။ တို့ဟူးဘယ်လိုလုပ်ရမယ်မှန်း ချိုးယင်သိတယ်။ ဘာလို့သူ့ဆီကနေမသင်လိုက်တာလဲ?"
"ပြောရရင် ချိုးယင် နင်မသိတာရောရှိသေးလား? အချက်အပြုတ်၊ ဝိုင်ချက်တာ၊ တို့ဟူးလုပ်တာ၊ နင်အကုန်သိနေတာပဲ။ ငါကယောင်းမအကြီးဆုံးဖြစ်တာတောင် နင်နဲ့ယှဉ်ကြည့်ရင် ရှက်မိတယ်"
ချန်းချိုးယင်က ပြုံးကာ "ဟားဟား ဒါပေမယ့် ကျွန်မက တစ်ခုမှာမှ ဆရာမကျပါဘူး"
ပြီးနောက် သူမက တတိယဦးလေးနဲ့ တတိယဒေါ်လေးကို
"တတိယမောင်လေးနဲ့ တတိယညီမလေး၊ မနက်ဖြန်ကျရင် တို့ဟူးဘယ်လိုလုပ်ရလဲဆိုတာသင်ဖို့ လာလို့ရတယ်။ ထွက်ကုန်တွေကို မြည်းကြည့်ပြီး ဈေးနှုန်းကို ဆုံးဖြတ်ကြတာပေါ့"
"မှန်တယ်။ ဈေးကိုဆုံးဖြတ်ဖို့ ငါတို့တွေသေချာပေါက် အရသာကို အရင်မြည်းကြည့်ဖို့လိုတယ်"
စတုတ္ထဦးလေးရှောင်က ပြုံးပြီးတော့
"ငါ ဒီပဲတွေကနေလုပ်ထားတဲ့ တို့ဟူးတွေကို မျှော်နေမယ်"
ပြီးနောက် သူက ပန်းကန်ထဲက ပဲပိစပ်တွေကို လက်အပြည့်ယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ သူကလည်း တို့ဟူးတွေကြိုက်သည်။ တကယ်တော့ လူတော်တော်များများ တို့ဟူးစားရတာ နှစ်သက်ကြသည်။ လူတိုင်းက မနက်ဖြန်တို့ဟူးစားသောက်ပွဲကို မျှော်လင့်နေကြသည်။
"လဲ့ယန်၊ မင်းတို့ ဆိုင်ငှားဖို့ပိုက်ဆံလိုရင် ငါတို့ကိုပြော"
ရှောင်ကျန်းယန်က ပြောလိုက်သည်။
"ငါတို့ကညီအစ်ကိုရင်းတွေပဲ"
ရှောင်လဲ့ယန်က ခေါင်းညိတ်ပြီးတော့
"ကောင်းပြီ။ ကျွန်တော်နားလည်ပြီဒုတိယအစ်ကိုကြီး။ ဆိုင်တွေဘယ်လိုရှိလဲနဲ့ ဘယ်လိုစီစဉ်ကြလဲဆိုတာကြည့်ဖို့ မနက်ဖြန်ကျရင် ခရိုင်ကို ကျွန်တော်တို့သွားလိုက်ဦးမယ်။ တကယ်ပဲပိုက်ဆံချေးဖို့လိုရင် ဒုတိယအစ်ကိုကြီးကို အကူအညီတောင်းပါ့မယ်"
ညီအစ်ကိုတွေထဲမှာ ရှောင်ကျန်းယန်က အချမ်းသာဆုံးဖြစ်သည်။ ဒါပေမယ့်လည်း သူ့အစ်ကိုချမ်းသာတာနဲ့ပဲ ထောက်ပံ့ကြေးအတွက်ပိုက်ဆံယူတာက မမှန်ကန်ပေ။
ဒါက ရှောင်မိသားစုကောင်းကောင်းသိတဲ့အရာဖြစ်သည်။
ညီအစ်ကိုတွေက တစ်ယောက်ကိုတစ်ယောက် ကူညီသင့်သည်။ ဒါပေမယ့် အချင်းချင်းအပေါ်မှာတော့ အမြတ်မထုတ်ရပေ။ မဟုတ်ရင် ညီအစ်ကိုတွေတောင် ရန်သူတွေဖြစ်သွားကြလိမ့်မည်။
***