← Chapters

အကင်ရောင်းနေဆဲနဂါး

Vol. 38 Ch. 528

အကင်ရောင်းနေဆဲနဂါး

Vol. 38 Ch. 528

ကောင်ငယ်လေး ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

ဇာမဏီမျိုးနွယ်များက တိုက်ပွဲကို အနိုင်ရသွားခဲ့သည်။

မည်သို့သောနည်းလမ်းဖြင့် အနိုင်ရပါစေအနိုင်ရခြင်းက အနိုင်ရခြင်းပင်ဖြစ်ပြီး တရားမျှတသည်လား မမျှတသည်လား မည်သူမှ အရေးမစိုက်ကြပေ။

ဇာမဏီမျိုးနွယ်မှ မိန်းမပျိုက ကောင်ငယ်လေးကို အမှန်တကယ်ပင်တိုက်ခိုက်လိုပြီး ဝှက်ဖဲများကိုပင် ထုတ်သုံးခဲ့သည်။

သို့သော် နောက်ထပ်တိုက်ပွဲတွင် သူတို့ ထပ်မံတိုကိုက်ရမည် မဟုတ်တော့ပေ။ ယခင်တစ်ခေါက် တိုက်ခိုက်ခဲ့သူနှင့် နောက်တစ်ကြိမ်တိုက်ခိုက်သည့်အခါ ပြန်လည်တွေ့ဆုံမည် မဟုတ်တော့ပေ။

အခြားသောနတ်ဘုရားရာထူးပိုင်ရှင်များက ကျန်းလန်ကို ရယ်မောကြသည်။ သို့သော် ဘိုးဘေးဇာမဏီနတ်ဘုရားကတော့ မရယ်မောခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ဘိုးဘေးဇာမဏီနတ်ဘုရားက စိတ်မဝင်စားပေ။ သူမက မရဏလောကနှင့် လမ်းကြောင်းဖောက်ဆက်သွယ်နိုင်ပြီးနတ်ဘုရားရာထူးကို မရဏအငွေ့အသက်များနှင့် ပေါင်းစပ်နေသည်။

သူမ မရဏလောကနှင့် ချိတ်ဆက်နိုင်ခဲ့ပြီး သူမ၏နတ်ဘုရားရာထူးသည် မရဏအငွေ့အသက်များနှင့် အဆက်မပြတ် ပေါင်းစပ်နေသည်။

အနာဂတ်တွင် ဆိုးဆိုးရွားရွား မဆုံးရှုံးသရွ့ အချိန်တစ်ခုပေးနိုင်လျှင် တစ်ခုတည်းရှိသည့် အထက်ပိုင်းနတ်ဘုရားရာထူးအတွက် တိုက်ပွဲဝင်နိုင်မည် ဖြစ်သည်။

အခြားသူများသည်လည်း အတူတူပင် ဖြစ်၏။ မည်သူက ပိုမိုလျှင်မြန်စွာ လျှောက်လှမ်းနိုင်မည်လဲဆိုသည့်အပေါ်တွင် မူတသည်။

အလယ်ပိုင်းနန်းတော်ကို သိမ်းပိုက်ရန်မှာ မလွယ်ကူပေ။ ထို့ကြောင့် သူတို့ ထို နတ်ဘုရားရာထူးအတွက် ဖိအားများများဖြင့် တိုက်ခိုက်ရမည် ဖြစ်သည်။ ထိုအချက်က မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ကျန်းလန်ကတော့ ထိုကိစ္စများကို စိတ်မဝင်စားပေ။ သူက ချီလင်မျိုးနွယ် ယန်ရှီးယွင်ကို ငုံ့ကြည့်လိုက်သည်။

ယန်ရှီးယွင်က မြေအောက်နတ်ဆိုးမျိုးနွယ် လင်းယွီနှင့် တိုက်ခိုက်ရမည် ဖြစ်သည်။

လင်းယွီသည်လည်း မိန်းကလေးတစ်ယောက်ဖြစ်၏။ သူမက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမခန္ဓာကိုယ်မှ မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေသည်။ သူမ၏ နှင်းပွင့်ပမာဖြူဆွတ်နေသည့် အသားအရည်ထက်မှ အနက်ရောင်အငွေ့များနှင့်အတူ မီးတောက်များပါ ထွက်ပေါ်နေသည်။ ကြည့်မြင်ရသည်မှာ ခမ်းနားလွန်းသည်။ ။

လိမ္မောရောင်ဝတ်စုံဝတ်ဆင်ထားသည့် ယန်ရှီးယွင်က နေရာတွင်ရပ်နေပြီး စိုးရိမ်ပူပန်နေဟန် ရှိသည်။

သူမက ခံစစ်တိုက်စစ်များ မည်သို့တိုက်ခိုက်ရမည်ကို စဉ်းစားနေသည်။ သူမ ရှုံးနိမ့်နိုင်သော်လည်း အနိုင်ရလျှင်တော့ အကောင်းဆုံး ဖြစ်သည်။

ထို့နောက် တိုက်ပွဲစင်မြင့်ထက်မှ မြင်ကွင်းက ပြောင်းလဲသွားသည်။ တိုက်ပွဲစင်မြင့်က ရေမျက်နှာပြင်အဖြစ် ပြောင်းလဲသွား၏။

ကျန်းလန် သက်ပြင်းချလိုက်သည်။

"ဒီကောင်မလေးတော့ ရှုံးတော့မယ်"

ဧကရာဇ်ရှီးဟယ်က…

"ချီလင်မျိုးနွယ်မိန်းကလေးက မြေအောက်နတ်ဆိုးမျိုးနွယ်ကို ရှုံးနိမ့်တော့မယ်"

ထိုစကားက ချီလင်မျိုးနွယ်များကို လျှော့တွက်ခြင်းဖြစ်သည်ဟု ကမ္ဘာမြေ၏မိခင်က ထင်မှတ်သွားသည်။

"ဟွန်း… ဘာလဲ ၊ ခွန်လွန်တောင်က ချီလင်မျိုးနွယ်တွေကို အထင်သေးတာလား ၊ ကျွန်မတို့က ရေထဲမှာဆိုရင်လည်း ကမ္ဘာမြေရဲ့ကာကွယ်ပေးမှုကို ရရှိနိုင်ပါတယ်"

ယွင်ရှောင်းက ကျန်းလန်ကို လှမ်းကြည့်သည်။

"မင်းရော ဘယ်လိုထင်လဲ လက်သီးနတ်ဘုရား"

ယခုအချိန်တွင် သူက မြေအောက်နတ်ဆိုးဘိုးဘေးကိုယ်စား မြေအောက်နတ်ဆိုးများကို ကူညီပေးနေရသူဖြစ်လေရာ ယခုတိုက်ပွဲ၏ အနိုင်အရှုံးက သူနှင့်ကျန်းလန် တိုက်ရိုက်ပတ်သက်နေသည်။

ကမ္ဘာမြေ၏မိခင်ကလည်း ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။ သူမက ကျန်းလန်ထံမှ ယန်ရှီးယွင်နှင့်ပတ်သက်ပြီး ကောင်းမွန်သည့်ထင်မြင်ချက်ကို ကြားလိုသည်။

သို့သော် ကျန်းလန်က မည်သည့်စကားမှ မဆိုခဲ့ပေ။

အဓိပ္ပါယ်ကတော့ ယန်ရှီးယွင် ရှုံးနိမ့်မည်ဟု ကျန်းလန်လည်း ယူဆထားသည်ဆိုသည့် သဘောပင်။

အဋ္ဌမမင်းသားလည်း တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ သို့သော် ထိုစဉ်က ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက တိတ်ဆိတ်မနေခဲ့ပေ။ ထိုအစား နိုင်ခြေရှိနိုင်သည်ဟုပင် မျှော်လင့်ခဲ့သေးသည်။

ဧကရာဇ်ယိုတုက…

"မင်းတို့အားလုံးက ဦးနှောက်ရှိပြီး ဉာဏ်မကောင်းကြဘူး ၊ အဲဒါက ဦးနှောက်မရှိတဲ့ ကျုပ်တို့တစ္ဆေတိုင်းပြည်ထက် အများကြီးဆိုးရွားတယ်"

အားလုံး : "……"

သူတို့အားလုံး ဆွံ့အသွားကြပြီး စကားမပြောကြတော့ဘဲ တိုက်ပွဲကိုသာ အာရုံစိုက်လိုက်ကြသည်။

ကျန်းလန်က ယန်ရှီးယွင်တိုက်ခိုက်သည်ကို ကြည့်နေ၏။ သူမက မီးတောက်မန္တန်ကို အသုံးပြုနေပြီး တန်ခိုးစွမ်းအားကလည်း မဆိုးလှပေ။

သို့သော်…

တစ်ဖက်လူက သူမကို မကြာခဏ ရိုက်နှက်နေခဲ့သည်။

အရိုက်ခံရတိုင်း ယန်ရှီးယွင်က ခေါင်းကိုလက်ဖြင့်အုပ်ကာ ငုတ်တုတ်ထိုက်ချလိုက်၏။ ထိုသို့ပြုလုပ်ခြင်းက သူမကို ပိုပြီးရိုက်ရလွယ်ကူစေသည်။

အစကတည်းက ရှုံးမည်ကိုသိထားပြီးသားဖြစ်လေရာ ကျန်းလန်ရင်ထဲ မည်သည့်ခံစားချက်မှ မရှိခဲ့ပေ။

အဋ္ဌမမင်းသား ၊ ကောင်ငယ်လေးတို့နှင့်အတူရှိနေလျှင် ယန်ရှီးယွင်မှ မကြာခဏအရိုက်ခံရလေ့ရှိသည်။ မြေပြင်ထက်တွင်တော့ သူမက မြေကြီးအောက်သို့ ငုပ်လျှိုးသွား၍ရသည်။

သို့သော် ရေထဲမှာကတော့…

ပုံမှန်အားဖြင့်ဆိုလျှင် ရေမျက်နှာပြင်တွင်လည်း မြေပြင်စွမ်းအားကို ခံစားနိုင်သည်။ သို့ပေသိ တိုက်ပွဲစင်မြင့်ထက်မှ ရေပြင်ကတော့ မန္တန်ပညာဖြင့် ဖန်ဆင်းထားခြင်းဖြစ်လေရာ မြေဓာတ်အနည်းငယ်သာ ပါဝင်သည်။

ယန်ရှီးယွင် အရိုက်ခံနေရသည်ကိုကြည့်ပြီး ကမ္ဘာမြေ၏မိခင်မှာ ရှက်လာတော့သည်။ အဆုံးသတ်မှာတော့ သူမ စိတ်ပျက်သွားရသည်။

ယန်ရှီးယွင် ရှုံးနိမ့်သွားခဲ့လေသည်။

ယွင်ရှောင်းက ကျန်းလန်ကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်သည့်လေသံဖြင့် ဆိုသည်။

"မင်း ထပ်ရှုံးပြန်ပြီ"

ကျန်းလန်က သိပ်အရေးမစိုက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် အခြားသူများကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။ သူနှင့်သက်ဆိုင်သည့် တိုက်ပွဲပြီးဆုံးသွားပြီဖြစ်လေရာ ဤနေရာတွင် ဆက်နေစရာ အကြောင်း မရှိတော့ပေ။

တိုက်ပွဲအနိုင်ရမှသာလျှင် အကျိုးအမြတ်ကလည်း ရရှိမည် ဖြစ်သည်။ ရှုံးသွားသည်ဆိုတော့ နေစရာအကြောင်း မရှိတော့ပေ။

"ဒါ ဖြစ်သင့်ပါတယ်"

မနက်ဖန် ဇာမဏီမျိုးနွယ်မှ ဟုန်ယာ တိုက်ခိုက်ရမည်ဖြစ်ပြီး ဆဋ္ဌမမြောက်နေ့တွင် တစ္ဆေတိုင်းပြည်မှ ချင်းမု တိုက်ခိုက်ရမည် ဖြစ်သည်။

ထို (၂)ယောက်က သာမန်ပင်ဖြစ်သော်လည်း တစ်ယောက်ယောက်တော့ အနိုင်ရရန် မျှော်လင့်မိသည်။ သို့သော် အနိုင်ရရန်တော့ မလွယ်ပေ။

အကြောင်းမှာ တိုက်ပွဲဝင်ရန် ရောက်လာကြသူများသည် အဆင့်တူများအလယ်တွင် ထူးချွန်သည့်လက်ရွေးစင်များ ဖြစ်နေသောကြောင့်ပင်။ ထိုသို့သောလူများကို အဘယ်မှာ အနိုင်ယူနိုင်ပါမည်နည်း။

လွယ်လွယ်နှင့် အနိုင်ယူနိုင်လျှင် ထူးဆန်းနေပေလိမ့်မည်။

***

ရှောင်ယွိ ပြုံးနေသည်ကို ကျန်းလန် လှမ်းကြည့်လိုက်သည်။

သူမက…

"ကျွန်မ ဂိုဏ်းတူမောင်လေးဘက်က တိုက်ပေးရင် အနိုင်ရမယ်လို့ ထင်လား"

ကျန်းလန်က ခဏမျှ စဉ်းစားလိုက်ရင်း…

"အင်း… နိုင်ခြေတော့များပါတယ်"

ရှောင်ယွိတွင် ခွန်လွန်တောင်တန်ခိုးစွမ်းအား ရှိလေသည်။ ဤသည်က သူမ၏ အားသာချက် ဖြစ်သည်။

ထိုတန်ခိုးစွမ်းအားကို ခုခံနိုင်သူ သိပ်မရှိနိုင်ပေ။ ထို့ပြင် ရှောင်ယွိက ကျောက်စိမ်းရေကန်တွင် ကျင့်ကြံနေသူဖြစ်လေရာ အခြားသောနဂါးမျိုးနွယ်များထက် ပိုမိုသန်မာသည်။

ထပ်လောင်းပြောရလျှင် သူတို့က အမြဲတမ်း အတူတကွ ရှိနေခဲ့သည်။ ခန္ဓာကိုယ်အထိအတွေ့ဖြင့် သူက လုန်ယွိကို တန်ခိုးစွမ်းအားများ ထည့်သွင်းပေးနိုင်သည်။ တစ်ချိန်တည်းမှာပင် နဂါးသုတ်သင်ဓားတစ်လက်ကလည်း သူမကို အဖော်ပြုပေးနေသေးသည်။ အဆင့်တူများထဲတွင် လုန်ယွိသည် အမှန်တကယ်ပင် တန်ခိုးစွမ်းအားမြင့်မားသူ တစ်ယောက် ဖြစ်သည်။

သူမသာ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲတွင် ပါဝင်ခဲ့လျှင် သေချာပေါက် အနိုင်ရမည်ပင်။

သူမ နဂါးမျိုးနွယ်မှ တစ်စုံတစ်ယောက်ကို ရင်ဆိုင်ရမည်ဆိုလျှင် သူမထက်တစ်ဆင့်မြင့်မည်ဆိုလျှင်တောင်မှ အနိုင်ယူနိုင်ပေမည်။

အရင်က ရှောင်ယွိ သစ်သားဓားနှင့် ရိုက်ခဲ့သည့်အတွက် အဋ္ဌမမင်းသားသည်ပင် အတော်လေး နာကျင်ခဲ့ရသည် မဟုတ်လား။

ရှောင်ယွိက…

"ဒါဖြင့် ရှင် ဝင်ပြိုင်မယ်ဆိုရင်ရော…"

ကျန်းလန် တွေးလိုက်သည်။ အများအမြင်တွင် သူ ထင်ထင်ပေါ်ပေါ် အသုံးမပြုနိုင်သည့် တန်ခိုးစွမ်းအား များစွာရှိသည်။ ထို့ပြင် အများအမြင်တွင် ရှိနေသည့် ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် များစွာ အားသာချက် ရှိမည် မဟုတ်ပေ။

သူက ဓားသိုင်းကိုသာအသုံးပြုတိုက်ခိုက်နိုင်ပြီး အခြားထူးခြားနက်နဲသည့် တန်ခိုးစွမ်းအားများကိုလည်း အသုံးပြုနိုင်မည် မဟုတ်ပေ။

သို့ပေသိ ဖန်ဆင်းခြင်းသစ်ပင်မှတန်ခိုးစွမ်းအားရှိနေသည့်အတွက် ရှုံးနိမ့်စရာအကြောင်း မရှိပေ။

ကျန်းလန်က…

"နိုင်ခြေတော့နည်းတယ်…"

ထိုစကားကိုကြားသည်နှင့် ရှောင်ယွိက မတ်တတ်ရပ်လိုက်သည်။

"ဂိုဏ်းတူမောင်လေး ၊ ဒါဖြင့် ကျွန်မတို့ တိုက်ရအောင်"

"ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲမှာ တိုက်ပွဲဝင်ရင်တောင် ကျွန်မက နိုင်ခြေများပြီး ရှင်က နိုင်ခြေနည်းတယ်ဆိုရင် ကျွန်မက ဂိုဏ်းတူမောင်လေးထက်သာတယ်ဆိုတာ ပြနေတာပဲ ၊ ကျွန်မ အနိုင်ရရင် ဂိုဏ်းတူမောင်လေး ကျွန်မစကား နားထောင်ရမယ်နော်"

ရှောင်ယွိက ယုံကြည်မှုအပြည့်ရှိနေဟန်ပင်။

ကျန်းလန် : "……"

သူ့ညီအမက တိုက်ပွဲမှာ သူ့ကိုကိုယ်စားပြုမယ်လို့ သူထင်ခဲ့ပေမယ့် ဘယ်သူပြောတာကို နားထောင်ရမလဲဆိုတာ သူမစဉ်းစားနေတုန်းပဲ ထွက်လာတယ်။

ခဏအကြာတွင်တော့…

"ဂိုဏ်းတူမောင်လေး ၊ ဆက်မတိုက်နဲ့တော့ ၊ ရပ်တော့… အား…"

***

ရှောင်ယွိ မြေပြင်ထက်တွင် ငုတ်တုတ်ထိုင်ရင်း ကျန်းလန်ကို အရေးမစိုက်တော့ပေ။

ကျန်းလန်က ရှောင်ယွိဘေးနားတွင်ငုတ်တုတ်ထိုင်ရင်း သူမကို ချော့နေရသည်။

"ဂိုဏ်းတူအစ်မ ၊ မိုးချုပ်တော့မယ် ၊ အိမ်ပြန်ကြမယ်လေနော်"

ရှောင်ယွိက ကျန်းလန်ကို လှည့်ကြည့်လာသည်။

"ဂိုဏ်းတူမောင်လေး ၊ ရှင်က လူလိမ်လူညာပဲ ၊ ရှင်က အစစ်အမှန်အင်မော်တယ် ကနဦးအဆင့်လေ ၊ ဘာလို့ လူကိုရိုက်တာ ဒီလော်နာရတာလဲ"

ကျန်းလန် ဘာပြောရမှန်းမသိ။

အင်မော်တယ်ဖြစ်ဖြစ် ၊ သာမန်လူဖြစ်ဖြစ် အရိုက်ခံရလျှင် နာမည်ပဲလေ။

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မကို ကျောပေးပြီးထိုင်လိုက်…"

ရှောင်ယွိက ရုတ်တရက်ဆိုသည်။

ကျန်းလန် နားမလည်သော်လည်း အနှီနဂါးမလေးအလိုကျ သူမကို ကျောခိုင်းထိုင်လိုက်ရသည်။

ထို့နောက် သူ့ကျောထက်သို့ ရှောင်ယွိ ခုန်တက်လာသည်ကို ခံစားလိုက်ရသည်။ သူမ၏ ရှည်လျားသည့် ဆံနွယ်များက ကျန်းလန်၏ လည်ပင်းနှင့်မျက်နှာထက် ကျရောက်လာပြီး မွှေးရနံ့တို့ သင်းပျံ့လျှက် ရှိသည်။

"ဂိုဏ်းတူမောင်လေး… ၊ မိုးချုပ်တော့မယ် ၊ အိမ်ပြန်မယ်လေ"

ရှောင်ယွိက ကျန်းလန်၏ ကျောပေါ်တက်လိုက်ပြီး ရှေ့ဆီသို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်ခြင်းပင်။

ကျန်းလန် : "……"

နောက်ဆုံးတော့ ရှောင်ယွိကို ကျောပိုးပြီး ကျန်းလန်တစ်ယောက် ခြံဝင်းဆီသို့ ပြန်ခဲ့ရသည်။

ရှောင်ယွိက တစ်ချက်သမ်းဝေလိုက်ရင်း…

"ဂိုဏ်းတူမောင်လေး ၊ တိုက်ပွဲတစ်ပွဲမှာ အနိုင်အရှုံးဆိုတာ သာမန်ပါပဲ ၊ အနိုင်ရတယ်ဆိုတာ ဘာမှမဟုတ်ဘူး ၊ မာန်တက်မနေပါနဲ့"

နဂါးများ အတော်လည်း အရည်ထူတာပဲဟု ကျန်းလန် တွေးသည်။

ဘာပဲဖြစ်ဖြစ် သူက ရှောင်ယွိကို ကျောပိုးရင်း ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်လာခဲ့သည်။

နဂါးမယ်လေးက လူသားအသွင်ပြောင်းထားသည့်အတွက် သိပ်ပြီးလေးလံခြင်း မရှိပေ။ နဂါးအသွင်ဖြင့်ဆိုလျှင်တော့ ဘယ်လောက်အလေးချိန်ရှိမလဲ မသိပေ။

"ဂိုဏ်းတူမောင်လေး ၊ ဒီည ကျွန်မ နဂါးတစ်ဝက်အသွင်ပြောင်းရမလား ၊ လူသားလိုပဲ နေရမလား"

"ဂိုဏ်းတူအစ်မ လူသားလိုပဲ နေတဲ့အချိန် ရှိလို့လား"

"ဖြစ်တော့ မဖြစ်နိုင်ဘူးပေါ့ ၊ ဒါပေမဲ့ ဂိုဏ်းတူမောင်လေးရဲ့ မျက်လုံးတွေကို မန္တန်ပညာအသုံးပြုပြီး ကျွန်မကို လူသားလိုပဲမြင်အောင် လုပ်ထားလို့ရတယ်လေ"

ကျန်းလန် : "……"

ဒီနဂါးမလေးဟာ တစ်နေ့တခြား ပိုပိုဆိုးလာပြီပဲ။

***

နောက်တစ်နေ့။

စတုတ္ထမြောက်နေ့တွင်တော့ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ ပြန်လည်စတင်သည်။

အခြားသောနတ်ဘုရားရာထူးပိုင်ရှင်များကြားသို့ ကျန်းလန် တစ်ဖန်ပြန်ရောက်လာရပြန်သည်။

အခြားသူများက သူ့ကို ကြည့်လိုက်ကြသည်။

ဧကရာဇ်တုန်းချင်က…

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကတော့ အတော်လေး လွတ်လပ်တာပဲ"

အမတမှော်ဆရာက…

"အမှန်ပဲ ၊ လူငယ်တွေဆိုတော့လည်း လုပ်ချင်တဲ့အရာတွေ များတာပေါ့လေ"

ဧကရာဇ်ယိုတုက ထပ်ဖြည့်ပြောလိုက်သည်။

"လူသားတွေက ရွံစရာကောင်းတယ် ၊ တခြားသူတွေအပေါ် ခေါင်းပုံဖြတ်ဖို့ အလုပ်များနေကြတာ ၊ အဲဒါကြောင့် သွားလိုက်ပြန်လိုက်လုပ်နေတာနေမှာပေါ့"

ချန်ယွမ်နဂါးမင်းက…

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက သူ့လူတွေတိုက်ပွဲဝင်မှ ရောက်လာတာလေ ၊ သူ့လူတွေမပါရင် သူက အရေးမစိုက်တော့ဘူး ၊ ကျုပ်တို့ကြားမှာ ဘယ်သူမှ အဲဒီလို မလုပ်နိုင်ဘူး"

ဤပုဂ္ဂိုလ်များ ဘာဖြစ်နေကြသည်ကို ကျန်းလန် နားမလည်နိုင်ဖြစ်သွားသည်။ သူ၏ ကိုယ်ရေးကိုယ်တာ ထိခိုက်သည်ဟုခံစားရသည်။

ဧကရာဇ်ရှီးဟယ်က ရယ်မောလိုက်ရင်း…

"သူတို့က ရောက်ကတည်းက နေရာက မထကြရသေးဘူးလေ ၊ မင်းက သိပ်လွတ်လပ်နေတော့ သူတို့က မနာလို ဖြစ်နေတာ"

ကျန်းလန် : "……"

ဤသူများအားလုံးက အတူတူပဲ ဖြစ်သည်။ သို့သော် သူက ခြားနားနေခဲ့သည်။

ထို့နောက် မည်သူမှ စကားမပြောကြတော့ပေ။ သူလည်း တိုက်ပွဲစင်မြင့် - ၃ ရှိရာသို့ ကြည့်လိုက်သည်။ ယနေ့က ဇာမဏီမျိုးနွယ်မှ မိန်းကလေးဟုန်ယာတိုက်ခိုက်ရမည့်နေ့ရက် ဖြစ်သည်။

သူမတိုက်ခိုက်ရမည့်သူက ချီလင်မျိုးနွယ်မှ ယန်လိယွီဆိုသည့် မိန်းမပျို ဖြစ်သည်။ သူမက တည်ငြိမ်သည့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်သော အလွန်တရာ ချောမောလှပသည့် မိန်းမပျိုလေး ဖြစ်သည်။

ဟုန်ယာက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်နေသည်။ သူမ၏ တန်ခိုးစွမ်းအားကလည်း တည်ငြိမ်လွန်းလေရာ သူတို့ (၂)ယောက်၏တိုက်ပွဲက လိုက်ဖက်ညီသည့်တိုက်ပွဲဟု ဆိုနိုင်သည်။

ထို့နောက် တိုက်ပွဲစင်မြင့်ထက်မှ မြင်ကွင်း ပြောင်းလဲသွားသည်။ လှပသည့် ရှုခင်းနှင့် တောင်တန်းများ ပေါ်လာသည်။

တောင်တန်းများပေါ်လာသည်ကို တွေ့သည်နှင့် ကျန်းလန် မျက်မှောင်ကြုတ်လိုက်သည်။

ဇာမဏီမျိုးနွယ်မိန်းကလေး ဟုန်ယာသည် ပျော့ညံ့သူတစ်ယောက်မဟုတ်သလို ဉာဏ်ရည်လည်းထက်မြက်သည်။ သူမ၏ တိုက်ခိုက်လိုသည့်စိတ်ဓာတ်ကလည်း အားနည်းခြင်း မရှိပေ။ ပုံမှန်ဆိုလျှင် ယခုတိုက်ပွဲတွင် သူမ အနိုင်ရရန် အခွင့်အလမ်းရှိသည်။

ယခုတော့ တိုက်ပွဲပတ်ဝန်းကျင်က မြေပြင်အသားပေးထားလေရာ ချီလင်မျိုးနွယ်များအတွက် အားသာချက် ရှိနေသည်။ ဟုန်ယာအနိုင်ရပါမည်လားဟု ပြောရခက်သွားသည်။

ကျန်းလန် ၊ ကမ္ဘာမြေ၏မိခင်နှင့် ဘိုးဘေးဇာမဏီနတ်ဘုရားမှလွဲပြီး ထိုတိုက်ပွဲကို မည်သူမှ စိတ်မဝင်စားကြပေ။

ထို့နောက် ပြင်းထန်သည့် တိုက်ပွဲတစ်ခု စတင်လာသည်။ ဟုန်ယာက သူမ၏ အပြင်းထန်ဆုံး တန်ခိုးစွမ်းအားကို အသုံးပြုခဲ့ပြီး ပြိုင်ဘက်ကို အခွင့်မသာအောင် တိုက်ခိုက်ခဲ့သည်။

ယန်လိယွီက ယန်ရှီးယွင်နှင့် လားလားမှမဆိုင်ပေ။ သူမက တိုက်စစ် ၊ ခံစစ် ကောင်းကောင်းကစားတတ်ပြီး တန်ခိုးစွမ်းအားလည်း မြင့်မားသည်။

သူမက ဟုန်ယာ၏ ပြင်းထန်သောတိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်တိုင် အခြေအနေများကို တည်ငြိမ်အောင် ထိန်းထားနိုင်ဆဲ ဖြစ်သည်။ ကမ္ဘာမြေက သူမ၏ ခြေထောက်အောက်တွင် ရှိနေလေရာ ကမ္ဘာမြေကြီးက သူမကို ကာကွယ်ပေးမည် ဖြစ်သည်။

"ဘုန်း"

ဟုန်ယာ၏ ခန္ဓာကိုယ်တစ်ခုလုံး ဇာမဏီမီးတောက်များ ဖုံးလွှမ်းလျှက် ရှိသည်။ မြေပြင်ထက်တွင်လည်း ခြေရာများ ရှုတ်ထွေးလျှက် ရှိသည်။

သူတို့ (၂)ယောက်လုံး အလ၊ျှင်မြန်ဆုံးနှင့် အပြင်းထန်ဆုံး တိုက်ခိုက်နေခဲ့ကြပြီး အချိန်မဆွဲဘဲ တိုက်ပွဲကို အမြန်အဆုံးသတ်ရန် ပြင်ဆင်ထားကြသည်။

"ဝှစ်"

တောင်ပေါ်တွင် အဆုံးမရှိသည့် မီးတောက်များ ထွက်ပေါ်လာသည်။ မီးတောက်များက ကြီးမားလှသည့် ဇာမဏီတောင်ပံများအဖြစ် ဟုန်ယာ၏ အနောက်ဘက်တွင် ထွက်ပေါ်လာသည်။

သူမ အတောင်ပံခတ်လိုက်သည်နှင့် အဆုံးမဲ့တန်ခိုစွမ်းအားနှင့်အတူ မီးတောက်များက မိုးထက်ယံတိုင်အောင် ဖြာလင်းသွားသည်။

ထို့နောက် သူမက မြေပြင်ဆီသို့ ထိုးစိုက်ပျံသန်းလာပြီး ယန်လိယွီကို တိုက်ခိုက်လိုက်သည်။ ယန်လိယွီက ချက်ချင်းပင် မြေအောက်သို့ ငုပ်လျှိုးသွားပြီး မြေကြီးအောက်မှ လက် (၂)ဖက် ထွက်ပေါ်လာသည်။ လက်တစ်ဖက်က ရေများကိုဖန်းဆင်းကာ မီးတောက်ကို ငြိမ်းလိုက်ပြီး ကျန်လက်တစ်ဖက်က ဟုန်ယာကို ဖိနှိပ်တိုက်ခိုက်လိုက်သည်။

"ဘန်း"

တန်ခိုးစွမ်းအားများ ရိုက်ခတ်သွားသည်။

မီးတောက်လောင်နေသည့် ဇာမဏီအတောင်ပံများသည် ချက်ချင်းပင် ရှည်လျားသည့် ဓားတစ်လက်အဖြစ်ပြောင်းလွဲသွားကာ ယန်လိယွီထံသို့ ထိုးစိုက်ချလိုက်သည်။

မြေကြီးအောက်မှ ယန်လိယွီကလည်း အစစအရာရာ ကြိုတင်ပြင်ဆင်ထားဟန် ရှိသည်။ သူမ၏ ခန္ဓာကိုယ်ထက်မှ မြေကမ္ဘာရောင်ဝါ ထွက်ပေါ်လာပြီး ဟုန်ယာ၏ ဓားကို လက်ဝါးစောင်းဖြင့် ခုတ်လိုက်သည်။

"ဘုန်း"

တန်ခိုးစွမ်းအားရိုက်ခတ်မှုက တောင်များကိုပင် ပြိုကျသွားစေသည်။

"ဘန်း"

"ခရက်"

ယန်လိယွီ၏ လက်ဝါးစောင်းနှင့် ဟုန်ယာ၏ဓား ရိုက်ခတ်မိသွားသည်။

"ဘုန်း"

တန်ခိုးစွမ်းအားများ ပြင်းထန်စွာ ထွက်ပေါ်လာသော်လည်း ဟုန်ယာက နောက်မဆုတ်ခဲ့ပေ။ ရန်သူက ရှေ့တွင်ရှိနေလေရာ သူမက အဆက်ပြတ် ရှေ့တိုး၍သာ တိုက်ခိုက်နေသည်။

သူမကို မည်သည့်အရာမှ တားဆီးနိုင်မည် မဟုတ်ပေ။ မြေကြီးအတွင်းမှ ချီလင်မိန်းကလေးက ကမ္ဘာမြေကာကွယ်ခြင်းမန္တန်ကို အသက်သွင်းလိုက်သည်။

"ဘုန်း"

"ဘုန်း"

ဇာမဏီမီးတောက်များထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး တောက်လောင်သွားသည်။ နှစ်ဖက်လုံး အပြင်းအထန် ဆက်လက်တိုက်ခိုက်ကြပြီးနောက် အဆုံးသတ်တွင်တော့ တိုက်ပွဲက ငြိမ်သက်သွားသည်။

အရာအားလုံးကို ကြည့်မြင်ပြီးနောက် ကျန်းလန် တိုက်ပွဲစင်မြင့်ထက်မှ အကြည့်လွှဲလိုက်၏။

ဘိုးဘေးဇာမဏီနတ်ဘုရားက ခေါင်းခါယမ်းရင်း သက်ပြင်းချလိုက်သည်။

"အနိုင်ရဖို့ နည်းနည်းလေးပဲလိုတယ်"

ဧကရာဇ်တုန်းချင်က…

"ရှုံးသွားတာပဲ ကံကောင်းတယ် ပြောရမယ်"

ဧကရာဇ်ယိုတုက…

"ဒါ လူသားမဟုတ်လို့ ရှုံးတာ ၊ လူသားတွေလို ကောက်ကျစ်ရင် နိုင်ချင်နိုင်မှာ"

ဟုန်ယာ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

သူမ၏ ပြိုင်ဘက်ဖြစ်သော ချီလင်မျိုးနွယ်မိန်းကလေးမှာ ကမ္ဘာမြေ၏ အကာအကွယ်ကိုရယူကာ တိုက်ခိုက်ခဲ့သဖြင့် ဟုန်ယာ၏ တိုက်စစ်ဆင်မှုက အရာမထင်ခဲ့ပေ။ ထို့ကြောင့် အဆုံးသတ်တွင် သူမ ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။

ချီလင်မိန်းကလေးက တိုက်ပွဲတွင်အနိုင်ရသည်ဆိုသော်လည်း သူမလည်း မသက်သာခဲ့ပေ။ သူမရရှိသည့်ဒဏ်ရာကလည်း ဟုန်ယာနီးပါး ပြင်းထန်ခဲ့သည်။

သူတို့ (၂)ယောက်၏ တန်ခိုးစွမ်းအားက တူညီသော်လည်း တိုက်ပွဲစင်မြင့်ထက်မှ အပြောင်းအလဲက ချီလင်မျိုးနွယ်များဘက်မှ အားသာစေခဲ့သည်။ အကယ်၍ တိုက်ပွဲစင်မြင့်ထက်တွင် မီးတောင်တစ်တောင် ရှိနေလျှင် သေချာပေါက် ဟုန်ယာ အနိုင်ရမည် ဖြစ်သည်။

ထို့နောက် ကျန်းလန် နေရာမှ ထွက်ခွာသွားသည်။

သူ့လူ (၅)ယောက်တွင် (၄)ယောက်က (၄)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ ချင်းမု၏ စွမ်းဆောင်ရည် မည်သို့ရှိမည်ကိုသာ စောင့်ကြည့်ရတော့မည်။

ကျန်းလန် ပြန်လည်နိုးထလာသည်ကို တွေ့သည်နှင့် ရှောင်ယွိက စကားဆိုသည်။

"ကျွန်မတို့ အပြင်သွားကြမယ်လေ"

ကျန်းလန်က သဘောတူလိုက်သည်။

နေ့ခင်းဘက်အချိန်ဖြစ်လေရာ လမ်းလျှောက်ထွက်ရန် အဆင်ပြေသည်။ အပြင်ရောက်သည်နှင့် အဋ္ဌမမင်းသားတို့အုပ်စုနှင့် ဆုံဖြစ်ကြသည်။

ဟုန်ယာရှုံးနိမ့်သွားသည့်အတွက် ကောင်ငယ်လေးက နှစ်သိမ့်ပေးချင်နေသည်။ မိန်းကလေးများ ကျရှုံးသွားချိန် နှစ်သိမ့်ပေးခြင်းက သူ့ကို ပြန်သဘောကျလာနိုင်သည့် အခွင့်အရေးတစ်ခုစြဖ်သည်ဟု အရင်က မင်းမျိုးမင်းနွယ် လူသားတစ်ယောက်က သင်ပြပေးဖူးသည်။

သို့သော်…

ဟုန်ယာက အရှုံးကို အရေးစိုက်ဟန် မတူပေ။

ယန်ရှီးယွင်စကားအတိုင်းပင် အားလုံး ရှုံးသည့်အတွက် နောက်တစ်ယောက် ထပ်ရှုံးလျှင်လည်း အဆင်ပြေသည်။ သူ့ရှေ့မှလူများအတိုင်း သူမလည်း ရှုံးနိမ့်ခဲ့ရသော်လည်း သူမက ထိုသူများကိုလည်း အရေးမစိုက်ပေ။

ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကလည်း သူတို့တိုက်ပွဲဝင်ကတည်းက ဘာမှမပြောခဲ့ပေ။ ထိုနတ်ဘုရားကိုယ်တိုင်လည်း အနိုင်အရှုံးကို အရေးမစိုက်ကြောင်း ကောင်ငယ်လေးက သူမကို ပြောပြထားသည်။

ထို့ကြေင့် ဟုန်ယာအနေဖြင့် ဖိအားများခံစားရခြင်းမရှိဘဲ ရှုံးနိမ့်ရခြင်းကလည်း အဆင်ပြေသည်။ အဋ္ဌမမင်းသား ၊ ကောင်ငယ်လေး ၊ ယန်ရှီးယွင်တို့အားလုံးသည်လည်း ရှုံးနိမ့်ရသည့်အတွက် သိပ်ပြီးခံစားနေရခြင်း မရှိပေ။

အဋ္ဌမမင်းသားကတော့ ရှုံးနိမ့်ရသည့်အတွက် အနည်းငယ်နာကျင်နေဟန်ရှိသည်။ အခြားအကြောင်းကြောင့်တော့ မဟုတ်ပေ။ ကောင်ငယ်လေး သူ့ကို လှောင်ပြောင်မည်ကို စိုးရိမ်နေခြင်းပင်။

သို့သော် သူမ ခံစားမိသည်မှာ ထိုသူများနောက်သို့ လိုက်သွားပြီး အရှုံးတွင်နစ်မျောမနေရန် ဖြစ်သည်။

ယန်ရှီးယွင်ကတော့ သူမ အသက်မသေခဲ့သည့်အတွက် ဝမ်းသာနေသည်။ သူမသည်လည်း အရှုံးသမားအုပ်စုနောက်သို့ မသိမသာ လိုက်ပါစီးမျောနေဟန် ရှိသည်။

နောက်ဆုံးတော့ ဟုန်ယာက စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း နောက်ထပ်ရင်ဆိုင်ရမည့် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲများကို စေင့်ဆိုင်းနေခဲ့သည်။

စုစုပေါင်း (၃)ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်လေရာ ပထမတစ်ကြိမ် ရှုံးနိမ့်လျှင်တောင်မှ နောက်ထပ် (၂)ပွဲ အနိုင်ရနိုင်ပါသေးသည်။

အဋ္ဌမမင်းသားက...

"အစ်မ… အစ်မစားဖို့ အကင်တွေကို ကောင်းကင်နဂါးဓားနဲ့ လှီးဖြတ်ပေးမယ် ၊ အခုဆိုရင် အကင်ရောင်းတဲ့နေရာမှာ သာမန်ဓားနဲ့ခုတ်ထားတဲ့အကင်တွေက တစ်ဈေး ၊ ကောင်းကင်နဂါးဓားနဲ့ခုတ်ထားတဲ့ အကင်တွေက တစ်ဈေးပဲ ၊ ဒီအကင်တွေက အရမ်းဈေးကြီးတယ်"

ရှောင်ယွိက အဋ္ဌမမင်းသားကို ထိတ်လန့်တခြားကြည့်ရင်း…

"နင်တော့ အမေသိရင် ဒုက္ခရောက်တော့မယ်"

အဋ္ဌမမင်းသားက…

"ဒါက လျှို့ဝှက်ချက်လေ ၊ အမေ မသိသရွေ့ ဘာမှမဖြစ်ဘူး ၊ သိသွားရင်တော့ ကျွန်တော် အပြစ်ပေးခံရမှာပဲ ၊ ဒါပေမဲ့ ကျွန်တော်က အခု နဂါးဓားသိုင်းကို တတ်ကျွမ်းသွားပြီဆိုတော့ ကောင်းကင်နဂါးဓားပြန်အသိမ်းခံရရင်တောင်မှ ကျွန်တော်ရောင်းနေတဲ့အကင်တွေက တန်ဖိုးကြီးနေဆဲပဲ"

အဋ္ဌမမင်းသားကတော့ တကယ့်ကို ထူးဆန်းတာပဲဟု ကျန်းလန် တွေးမိသည်။

သူ့ကြောင့် နဂါးမျိုးနွယ်များ သိက္ခာကျခဲ့သည့်တိုင် သူက အရေးမစိုက်ဘဲ သူလုပ်ချင်ရာလုပ်နေဆဲပင်။

သို့ပေသိ လက်ရှိတွင် ကျန်းလန် တကယ်စိုးရိမ်သည်က မနက်ဖန်တိုက်ပွဲဖြစ်သည်။ မနက်ဖန် ချင်းမု တိုက်ပွဲဝင်ရမည် ဖြစ်သည်။

ဤတစ်ကြိမ်တော့ ချင်းမု အနိုင်ရမည်လားဟု တွေးမိသည်။ ထို့ပြင် သူက နတ်ဘုရားရာထူးပြန်လည်ပေးအပ်ရန်အတွက် ဧကရာဇ်ယိုတုနှင့်လည်း ဆွေးနွေးရန်လိုအပ်သည်။

***

ဆဋ္ဌမနေ့။

ကျန်းလန် သူထိုင်ရမည့် နတ်ဘုရားရာထူးနေရာသို့ ပြန်ရောက်လာသည်။

အခြားသူများက သူ့ကို ကြည့်နေကြသည်။

ဧကရာဇ်တုန်းချင်က…

"ဒီတစ်ပွဲက ပထမတစ်သုတ်ပွဲစဉ်မှာ လက်သီးနတ်ဘုရားရဲ့ နောက်ဆုံးပွဲ မဟုတ်လား"

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

"အင်း ဟုတ်တယ်"

ဧကရာဇ်ယိုတုက…

"ဒီတစ်ခေါက် လက်သီးနတ်ဘုရားအတွက် ဝင်ပြိုင်မှာ ကျုပ်တို့လူမျိုးပဲကွ ၊ သေချာပေါက် နိုင်မှာ"

အခြားသူများက မည်သည့်စကားမှ ပြန်မပြောပေ။

ကျန်းလန်ကတော့ ဧကရာဇ်ယိုတုကို လှမ်းကြည့်ရင်း နတ်ဘုရားရာထူးကိစ္စ မည်သို့ပြောရမည်ကို တွေးနေသည်။

ဧကရာဇ်ရှီးဟယ်က အခြေအနေကို ရိပ်မိသွားပြီး…

"မင်းတို့ (၂)ယောက် သီးသန့်စကားပြောချင်တယ်ဆိုင် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ကို သွားလို့ရတယ် ၊ အချိန်တန်ရင် မင်းတို့ (၂)ယောက်ဆက်သွယ်ဖို့ နေရာတစ်ခုဖွင့်လှစ်နိုင်ဖို့ ကျုပ်ကူညီပေးမယ်"

အခြားသူများက ကျန်းလန်နှင့် ဧကရာဇ်ယိုတုတို့ကို အံ့အားသင့်စွာ ြ်ကည့်လိုက်ကြသည်။

ဘာအကြောင်းတွေများရှိလို့ သီးသန့်စကားပြောကြမှာပါလိမ့်။

တွေးကြည့်သော်လည်း အဖြေမရကြသည့်တိုင် မည်သူမှ မမေးမြန်းကြပေ။

"ဒီနေ့ပွဲက ကျုပ်နဲ့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားတို့ရဲ့ပွဲပဲ ၊ ဘယ်သူအနိုင်ရမလဲဆိုတာ စိတ်ဝင်စားတယ်"

ဧကရာဇ်တုန်းချင်၏အသံ ထွက်ပေါ်လာသည်။

ကျန်းလန်လည်း ကံကြမ္မာအခွင့်ကောင်း တိုက်ပွဲစင်မြင့်ထက် လှမ်းကြည့်လိုက်သည်။ ယခုတစ်ကြိမ် တိုက်ခိုက်ရမည့်သူများမှာ တစ္ဆေတိုင်းပြည်မှ ချင်းမုနှင့် ဘီလူးဝိညာဉ်မျိုးနွယ် လီချင်းစန်းတို့ ဖြစ်သည်။

လီချင်းစန်းက အရပ်ရှည်ရှည် လူကောင်ထွားထွား လူငယ်လေးတစ်ယောက် ဖြစ်သည်။ အရပ်ရှည်ပြီး လူကောင်ကြီးခြင်းက ဘီလူးဝိညာဉ်မျိုးနွယ်များ၏ သင်္ကေတ ဖြစ်သည်။

ချင်းမုက…

"ကျုပ်အတွက် ဘာအားသာချက်မှ မလိုအပ်ဘူး ၊ မင်းရော…"

လီချင်းစန်းက ခေါင်းညိတ်လိုက်ရင်း…

"ကျုပ်လည်း အတူတူပဲ"

ချင်းမုက သူ၏လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရင်း…

"ဒါဆို ကျုပ်တို့ တိုက်ကြမယ် ၊ ပြိုင်ပွဲစင်မြင့်ပတ်ဝန်းကျင် ပြောင်းလဲစရာမလိုဘူး ၊ ကျုပ်လက်သီးက မင်းကို အမှုန့်ချေပစ်နိုင်တယ်"

လီချင်းစန်းကလည်း လုံး၀ အကြောက်အရွံ့မရှိပေ။

"ကောင်းပြီ ၊ ဒီအတိုင်းတိုက်မယ် ၊ တစ္ဆေတိုင်းပြည်ကလူတွေ ဘယ်လောက်စွမ်းအားကြီးသလဲဆိုတာ သိချင်တယ်"

ထို့နောက်တွင်တော့ တိုက်ပွဲစင်မြင့်က ပြောင်းလဲခြင်းမရှိတော့ဘဲ တည်ငြိမ်သွားသည်။ တိုက်ပွဲတာဝန်ရှိသူများက သူတို့ (၂)ယောက်၏ ဆန္ဒကို သဘောတူလိုက်ဟန် ရှိသည်။

ချင်းမုက တိုက်ပွဲမဝင်ခင် ဆုတောင်းစကားကို ရွတ်ဆိုလိုက်သည်။

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ ကျွန်တော့်ရဲ့ လက်သီးချက်တွေကို ကာကွယ်ပေးပါ ၊ ရန်သူကို သတ်ဖြတ်နိုင်ဖို့ ကူညီပေးပါ"

ထို့နောက် ချင်းမုက စတင်တိုက်ခိုက်လိုက်သည်။

အဋ္ဌမမင်းသားက ချင်းမုကို ကြည့်ရင်းစကားဆိုသည်။

"ဒါ တမင်သက်သက်လှည့်စားတာ မဟုတ်လား"

ကောင်ငယ်လေးက...

"မဟုတ်ဘူးလို့တော့ ဘယ်သူမှမပြောနိုင်ဘူး"

ဘေးနားမှလူများ : "......"

***

All Chapters