← Chapters

ဆိုဆုံးမခံရခြင်း

Vol. 22 Ch. 371

ဆိုဆုံးမခံရခြင်း

Vol. 22 Ch. 371

တောင်ခြောက်လုံးရဲ့အထက်ပိုင်းကလွဲရင် အလယ်ပိုင်းနဲ့တောင်ခြေတွေက လမ်းကြောင်းအဆင့်ဆင့်ပုံစံမျိုး ဖြတ်ခုတ်ခံထားရသည်။ အထပ်တစ်ခုချင်းစီနဲ့ မြေပြန့်က ညီညီမျှမျှရှိသည်။

သူတို့တစ်ထပ်စီပေါ်မှာ အပင်တွေအများကြီးစိုက်လို့ရသည်။

ရှောင်လင်းယွီက ရောနှောစိုက်ပျိုးဖို့စီစဉ်ထားသည်။ ဥပမာပြောရရင် သစ်သီးပင်ပျိုလေးတွေက စိုက်ထားတုန်းပဲရှိသေးသည်။ သူတို့က ကြီးထွားလာပြီး အသီးပွင့်ဖို့ အချိန်ယူရဦးမည်။

အဲ့ဒီအချိန်အတောအတွင်းမှာ သူတို့တွေ မြေပဲ၊ ပဲပိစပ်၊ အာလူးချိုနဲ့ ပဲနီတွေ‌တောင်ပါချင်ပါနိုင်ပြီး တခြားအပင်တွေကိုလည်း သစ်သီးပင်တွေနားမှာ စိုက်လို့ရနိုင်သည်။

ရှောင်လင်းယွီက စိုက်ပျိုးရေးနယ်မြေတစ်ခုတည်ထောင်ဖို့ စီစဉ်ထားမှတော့ သူမ ၎င်းကို ကြိုက်ကြိုက်မကြိုက်ကြိုက် လုပ်မည်ဖြစ်သည်။ သူမရဲ့ စိုက်ပျိုးရေးနေရာလွတ်နဲ့အတူ ရှောင်လင်းယွီက ရှောင်ထုန်အတွက် လှပတဲ့အိမ်မက်တစ်ခု ဖန်တီးပေးချင်နေသည်။

သူမအရင်ဘဝတုန်းက ရှောင်ထုန်ကအများကြီး ဝေဒနာခံစားခဲ့ရပေမယ့် ဒီဘဝမှာတော့ ဘယ်သူမှ ရှောင်ထုန်ကို ဘာမှမလုပ်ရဲတာသေချာအောင် သူမပြုလုပ်ရမည်။

တောင်တွေကိုလှည့်ပတ်ကြည့်ပြီးတော့ ရှောင်လင်းယွီမှာ ချက်ချင်း အစီအစဉ်တချို့ရှိသွားသည်။

လူတွေက တစ်တောင်လုံးပေါ်မှာ အလုပ်လုပ်နေကြပြီး သူ့ဘေးကအမျိုးသမီးကို လေးနက်တဲ့အမူအယာနဲ့ ကြည့်နေကြတာကို ကုန်းထျန်းဟောက်က မြင်လိုက်ပြီး သူ့ပါးစပ်အစွန်းတွေ အနည်းငယ်ကွေးတက်သွားသည်။ သူ့မိန်းကလေးက တကယ့်ကို ထူးခြားသည်။

သူက ဘယ်တုန်းကမှ သူ့ရဲ့အထောက်အထားကို သူမဆီကနေ မဖုံးကွယ်ဘူးပေ။ သူက ၎င်းကို တိုက်ရိုက်မပြောပေမယ့် သူမက ၎င်းကို အဖြေထုတ်ဖို့‌ထိတော့ ထက်မြက်သည်။ သူမက ဘယ်တုန်းကမှ အံ့ဩမှု၊ ပျော်ရွှင်မှုဒါမှမဟုတ် ဂုဏ်ယူမှုတွေ မဖော်ပြဖူးပေ။

ပြောရရင် နိုင်ငံထဲမှာ အချမ်းသာဆုံးလူက သူမကို သဘောကျနေတာလေ။ ၎င်းက မိန်းကလေးအများစုအတွက်တော့ ဂုဏ်ယူကိစ္စပဲဖြစ်မည်။

တချို့မိန်းကလေးတွေက ယောက်ျားလေးတွေကိုဆွဲဆောင်ဖို့ လိုက်ရတာခက်ချင်ယောင်ဆောင်ကြသည်။ ရှောင်လင်းယွီက ရယူရတာခက်ချင်ယောင်ဆောင်နေပုံပေါ်သည်။ ပြီးတော့ သူမက သူ့ကောင်မလေးပါလို့ သူတစ်ခါမှ ဝန်မခံဘူးပေ။

ဒါပေမယ့် တခြားတစ်ဖက်မှာလည်း သူမက ကုန်းထျန်းဟောက် သူမကိုပေးတဲ့ ဂရုစိုက်မှုနဲ့ သူမအတွက်သူလုပ်ပေးထားတဲ့ ကောင်းမွန်တဲ့အရာတွေကို ပျော်မွေ့ပုံပေါ်နေသည်။

ဥပမာပြောရရင် ထောင်ယွမ်ရွာကို ပြုပြင်ဖို့ ကုန်းထျန်းဟောက်က ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကုမ္မဏီကို ဖျက်ဆီးပစ်လိုက်သည်။

ရှောင်လင်းယွီရဲ့‌ဝမ်းကွဲညီမအကြောင်းကြားပြီးတော့လည်း ကုန်းထျန်းဟောက်က တစ်မိသားစုလုံး ခန်လင်း မြို့ကိုပျံသွားဖို့ ဟယ်လီကော်ပတာတစ်စင်းပြင်ဆင်လိုက်သည်။

ကုန်းထျန်းဟောက်က ကြင်နာတဲ့လူတစ်ယောက် မဟုတ်ပေ။ ပြီးတော့ သူက တခြားလူရဲ့ကိစ္စတွေမှာ မစွက်ဖက်ပေ။

ဒါပေမယ့်လည်း ကုန်းထျန်းဟောက်က ရှောင်လင်းယွီကိုတော့ ချွင်းခြက်လုပ်ပေးသည်။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ ကျေးဇူးတင်မှုကို လက်ခံရခဲ့ပေမယ့် ၎င်းက ကျေးဇူးတင်မှုသာဖြစ်သည်။

တခြားမိန်းကလေးတစ်ယောက်သာဆို သူ့လက်မောင်းထဲကို ပစ်ဝင်သွားလောက်ပြီဖြစ်သည်။

တခြားသူတွေအတွက်တော့ ရှောင်လင်းယွီက ဟန်များနေတာဖြစ်သည်။ သူမက လိုက်ဖို့ခက်ချင်ယောင်ဆောင်နေသည်။

ဒါပေမယ့်လည်း ကုန်းထျန်းဟောက်နဲ့ သူ့အဘိုးဖို့ကတော့ ဒီလိုမဟုတ်မှန်းသိကြသည်။ ရှောင်လင်းယွီက သူတို့ကို သတိထားနေမှန်း နားလည်ကြသည်။ အကြောင်းရင်းက သူမဗိုက်ထဲက ကလေးပဲဖြစ်သည်။ ကလေးက ကုန်းထျန်းဟောက်ကလေးမှန်း ရှောင်လင်းယွီက သိသည်။

ကုန်းထျန်းဟောက်နဲ့ သူ့အဘိုးလည်း ကလေးက သူတို့ကလေးမှန်း သိကြသည်။ ဒါပေမယ့်လည်း သူတို့တစ်ယောက်မှ ဘာမှမပြောကြပေ။

ကုန်းထျန်းဟောက်က ကလေးကြောင့် သူမကို ကြင်နာနေတယ်လို့ ရှောင်လင်းယွီက ယုံကြည်နေသည်။ သူမက ဘယ်တုန်းကမှ ကုန်းထျန်းဟောက်ကို အလေးအနက်မတွေးခဲ့ဘူးပေ။

ရှောင်လင်းယွီက အရမ်းအားနည်းပြီး တခြားသူတွေဆီကနေ အနိုင်ကျင့်ခံနရတုန်းပဲဖြစ်သည်။ ဒါကြောင့် သူမက အကူအညီပဲတောင်းနိုင်သည်။ ကုန်းထျန်းဟောက်က ကလေးအတွက် အသင့်တော်ဆုံးသူပဲဖြစ်သည်။ ဒါ့ပြင် ၎င်းကိုပြုလုပ်နေရဲ့အတွက် ရှောင်လင်းယွီက သူမကိုယ်သူမ အထင်သေးသည်။

ဒါပေမယ့်လည်း သူမမိသားစုရဲ့အကျိုးအတွက် သူမမှာ ကုန်းထျန်းဟောက်ကို အကူအညီထပ်တောင်းပြီးရင်တောင်းကလွဲရင် သူမမှာ ရွေးစရာမရှိပေ။ သူမက အခုအရမ်းအားနည်းနေသေးသည်။ သူမကိုကူညီဖို့ ကုန်းထျန်းဟောက်ကို အကူအညီတောင်းရမည်။

ရှောင်လင်းယွီ သူ့ကို တစ်သက်လုံးမှီခိုနေမှာမဟုတ်မှန်း ကုန်းထျန်းဟောက်က သိသည်။ သူမလည်း မြန်မြန်ဆန်ဆန်ကြီးပြင်းလာမှာပဲ။ သူမက သူမရဲ့အစွမ်းအစတွေကို သူမနဲ့ သူမမိသားစုရဲ့ နေထိုင်ရေးအခြေအနေတွေကို ပြောင်းပစ်ဖို့ သုံးခဲ့သည်။

သူမက လယ်သမားတစ်ယောက်ဖြစ်နိုင်ပေမယ့် ကောင်းမွန်တဲ့စီးပွားရေးခံယူချက်တစ်ခုရှိသည်။

သူမ Zမြို့ကပြန်ရောက်တဲ့အချိန်ကတည်းကနေ အခုအချိန်အထိ တည်ဆောက်ပြုပြင်မှုအတွက် တောင်ခြောက်လုံးကို ငှားယူခဲ့သည်။ သူမ ၎င်းကိုပြုလုပ်ဖို့ ခြောက်လပဲကြာလိုက်သည်။

ဒီခြောက်လမှာ သူမက မိသားစုအတွက် ယွမ်သန်းအနည်းငယ် ရှာပေးခဲ့သည်။ သူမသာလယ်သမားတစ်ယောက်ဆိုရင် ပိရမစ်ထိပ်ဆုံးမှာပဲဖြစ်သည်။

နိုင်ငံအနှံ့မှာ ဘယ်လယ်သမားကများ ခြောက်လအတွင်း သန်းနည်းနည်းပါးပါး စုဆောင်းနိုင်မှာတဲ့လဲ?

ရှောင်လင်းယွီက အနာဂတ်မှာ သူ့အမျိုးသမီးဖြစ်ဖို့ ကံပါလာပြီးသားမှန်း ကုန်းထျန်းဟောက်က သိသည်။ ဒါပေမယ့်လည်း သူက သူမကို အလိုရှိသလောက် အလိုလိုက်ရဦးမည်။ သူမလယ်စိုက်ချင်ရင် သူမ ၎င်းကိုလုပ်နိုင်မှာပဲ။

ပြီးတော့ သူကလည်း ပိုက်ဆံမရှိတာ မဟုတ်ဘူးလေ။ သူက သူမကို လုပ်ချင်တာ လုပ်ခွင့်ပြုနိုင်သည်။ သူက သူမကို ဘယ်ငွေကြေးမဆို ပေးစွမ်းနိုင်သည်။ ဒါက လုံးဝကြီးအမှန်တော့ မဟုတ်ပေ။

ရှောင်လင်းယွီက ဘယ်တုန်းကမှ ကုန်းထျန်းဟောက်ကို ပိုက်ဆံမတောင်းဘူးပေ။ သူမက ရရှိထားတဲ့ပိုက်ဆံတွေကို အသုံးပြုပြီးတော့ သူမရဲ့စိုက်ပျိုးရေးကို ချဲ့ထွင်ခဲ့သည်။

၎င်းက ကုန်းထျန်းဟောက်နဲ့ ဘာမှမဆိုင်ပေ။ အနည်းဆုံးတော့ ဒီကိစ္စမှာ သူမ အမှီအခိုကင်းရမည်။

တောင်တွေကနေပြန်လာပြီးတော့ ရှောင်လင်းယွီက သူမကိုယ်သူမ အခန်းထဲမှာ လော့ချထားလိုက်သည်။

တံခါးမှာပိတ်နေတဲ့ကုန်းထျန်းဟောက်က သူ့မျက်ခုံးတွေကို အားကိုးရာမဲ့စွာနဲ့ ချစ်မြတ်နိုးစွာပင့်လိုက်မိသည်။

'ကြည့်ရတာ သူ့မှာ တောင်တွေကိုသွားပြီးတော့ စေ့ဆော်မှုတွေ နည်းနည်းပေါ်လာပုံပဲ'

မေမေရှောင်က စိုက်ခင်းကနေ အသီးအနှံတွေယူပြီးပြန်လာတော့ ခြံထဲမှာ လက်ဖက်ရည်သောက်နေတဲ့ ကုန်းထျန်းဟောက်ကို မြင်သွားသည်။

သူမကပြုံးလိုက်ပြီးတော့

"ထျန်းဟောက်၊ ယွီအာ အိပ်သွားပြီလား?"

"မအိပ်သေးပါဘူး"

ကုန်းထျန်းဟောက်က အမှန်အတိုင်းပဲ ဖြေလိုက်သည်။

"ကျွန်တော်အခုလေးတင် ယွီအာနဲ့ တောင်တွေဆီသွားခဲ့တာ။ ပြန်လာတော့ သူ့ဟာသူ အခန်းထဲမှာ လော့ချနေနေတာ။ သူ့မှာ စဉ်းစားစရာအစီအစဉ်တွေ ရှိလာလို့ထင်တယ်။"

မေမေရှောင်က မျက်လုံးကျုံ့သွားသည်။

"သူက တောင်တွေဆီသွားခဲ့တာလား?"

ကုန်းထျန်းဟောက်က ခေါင်းကျုံ့သွားခဲ့ပေမယ့်လည်း ခေါင်းညိတ်လိုက်ကာ 

"ဟုတ်ပါတယ်"

"အဓိပ္ပာယ်မရှိတာ!"

မေမေရှောင်ရဲ့မျက်နှာထားက ချက်ချင်းတည်ငြိမ်သွားပြီး အရမ်းမျက်နှာထားတင်းတင်းနဲ့ 

"သူက ဒီအခြေအနေမှာ တောင်တွေပေါ် သွားနိုင်တာလား? အဲ့ဒီတောင်တွေက အခုမှပြုပြင်ပြီးတာ။ မညီညာတဲ့လမ်းတွေတင် မကသေးဘဲ နေရာတိုင်းမှာလည်း ကျောက်တုံးတွေနဲ့ သစ်ငုတ်တိုတွေရှိနေတာ။ သူပြေးပြီး လဲကျသွားရင် ဘယ်လိုလုပ်မှာလဲ?"

ရှောင်ကျန်းယန်နဲ့ ချန်ချိုးယင်းက တကယ့်ကို ချစ်ခင်ပြီး လိုက်ဖက်ညီကြတဲ့စုံတွဲဖြစ်သည်။ သူတို့အပြစ်တင်ဆုံးမမှုရဲ့ လေသံနဲ့ စကားလုံးသုံးနှုန်းပုံတွေကအစ အတူတူပဲဖြစ်သည်။

ဒုတိယအကြိမ်အဆူခံနေရတဲ့ ကုန်းထျန်းဟောက်က  ဆွံ့အသွားပြန်သည်။ သူမှားသွားမှန်း သူသိသည်။ ဒါပေမယ့် သူ့ကိုယ်သူ မရှင်းပြတတ်ပေ။ သူမက မေမေရှောင်ရဲ့သင်ခန်းစာပို့ချမှုကို တိတ်တဆိတ်ပဲ လက်ခံရုံပဲတတ်နိုင်သည်။

မေမေရှောင်ကဆက်ပြီး

"ရှောင်လင်းယွီ အဲ့ကောင်မလေး၊ သူက သုံးနှစ်ကလေးများထင်နေလားမသိဘူး? အရမ်းပရမ်းပတာနဲ့"

သူတို့တွေက ဒေါသထွက်တဲ့အခါ သူတို့ကလေးရဲ့ နာမည်အပြည့်အစုံကို သုံးကြသည်။ ဒီအကြောင်းပြောရင်း မေမေရှောင်က ကုန်းထျန်းဟောက်ကို 

"ထျန်းဟောက် ယွီအာကတစ်ခါတစ်လေကျ ဇွတ်တရွတ်နဲ့ မစဉ်းစားဘူး။ မင်းသူနဲ့ လိုက်လျောနေလို့ မရဘူးလေ။ သူ့ကိုဘယ်အချိန်မှာ တားရမယ်မှန်း မင်းသိဖို့လိုတယ်။ ဒေါ်လေးက မင်းကို သေချာပေါက် ထောက်ခံမှာ"

ကုန်းထျန်းဟောက်က

"..."

သူပျော်ရွှင်ပြီး ဂုဏ်ယူနေသင့်လား?

သူ့ရဲ့ အနာဂတ်ယောက္ခထီးနဲ့ ယောက္ခမကြီးက သူ့ကိုအရမ်းယုံကြည်ပြီး သူတို့သမီးကိုစောင့်ရှောက်ဖို့လေးလံတဲ့တာဝန်ကို သူ့ကို ပေးထားတယ်လေ?

ဒါပေမယ့်လည်း ကုန်းထျန်းဟောက်က ရယ်ရမှာလား ငိုရမှာလားမသိပေ။

မျှော်လင့်ထားသလိုပဲ လင်မယားဆိုမှတော့၊ သူတို့ရဲ့စကားလုံးတွေတောင် တူညီ‌နေကြသည်။ ယွီအာသာ သူ့အမေကိုကြားရင် ဘယ်လိုဖြစ်မလဲလို့ သူသိချင်မိသည်။

ရှောင်လင်းယွီ ဘယ်လိုခံစားရမလဲ?

သူမက မေ‌မေရှောင်ရဲ့သမီးရင်းမဟုတ်တော့ဘူးလို့ ထင်သွားလောက်သည်။ သူမရဲ့ အကြားနဲ့ အနံ့အာရုံက အရမ်းစူးရှသည်။ ခြံထဲမှာ မေမေရှောင်က ကုန်းထျန်းဟောက်ကို အကျယ်ကြီးပြောနေတာကို ဘယ်လိုလုပ် သူမက မကြားဘဲနေမှာလဲ?

သူမအနည်းငယ်တော့ အားကိုးရာမဲ့သွားသည်။ သူမ ကုန်းထျန်းဟောက်ဆီကနေ နောက်ဆုတ်လိုက်ချင်သည်။ ဒါပေမယ့် တစ်လောကလုံးကလူတိုင်းက သူမကို ကုန်းထျန်းဟောက်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိအောင် တွန်းအားပေးနေကြသည်။ ပြီးတော့ထပ်ပြီး သူတို့ကိုလည်း အပြစ်တင်လို့မရဘူးလေ။ သူမဗိုက်ထဲကကလေးက တကယ်တော့ ကုန်းထျန်းဟောက်ကလေးမှန်း သူတို့မှမသိကြတာ။

ကုန်းထျန်းဟောက်က သူမကို ဘယ်လောက်ထိစိတ်ရောကိုယ်ပါ ဆက်ဆံပေးတာကို သူမမိဘတွေမြင်တော့ အရမ်းပျော်ရွှင်သွားကြသည်။

ကုန်းထျန်းဟောက်ကလည်း ချောမော၊ အစွမ်းအစရှိ၊ ချမ်းသာပြီး တည်ကြည်တဲ့ယောက်ျားတစ်ယောက်ဖြစ်သည်။ သူက ဘယ်မိဘကမှ အပြစ်မရှာနိုင်တဲ့ သမက်တစ်ယောက်ဖြစ်သည်။

အဲ့ဒါအပြင် ကုန်းထျန်းဟောက်ရဲ့မိသားစုကလည်း ရှောင်လင်းယွီကို သဘောကျ‌သေးသည်။ ဒီလိုအံ့ဩဖွယ်ယောက်ျားတစ်ယောက်ရှာဖို့က တကယ်ပဲခက်ခဲသည်။ သူတို့သမီးက ဘာလို့အရမ်းဂျီးများနေရမှန်း စဉ်းစားမရကြပေ။ သူမဘာလို့ဂျီးများနေရလဲဆိုတာ ဘယ်သူမှမသိကြပေ။

ဖေဖေရှောင်နဲ့ မေမေရှောင်တောင် သူတို့သမီးရဲ့ ဟန်များမှုကို အနည်းငယ်မကျေမနပ်ဖြစ်ကြသည်။ ဒါပေမယ့်လည်း စုံတွဲက ဒီလို သဘာဝမကျတဲ့ကကွက်အတိုင်းဆက်သွားချင်နေမှတော့ သူတို့ဘာမှမပြောပေ။ ဆက်ဆံရေးက နှစ်လမ်းသွားဖြစ်သည်။ နှစ်ဖက်စလုံးက ပါဝင်ရမည်။

မိဘတွေအနေနဲ့ သူတို့တွေ ဟိုတစ်တို့ဒီတစ်တို့ လုပ်နိုင်ပေမယ့် ရှောင်လင်းယွီကိုတော့ ဖိအားမပေးပေ။ သူမမိဘတွေက စဉ်းစားချင့်ချိန်နိုင်ပြီး လက်တွေ့ကျတဲ့အတွက် ရှောင်လင်းယွီက ဝမ်းသာသည်။

တစ်ခါတစ်လေကျရင် ကုန်းထျန်းဟောက်က သူမဗိုက်ထဲက ကလေးရဲ့အဖေမှန်း သူမမိဘတွေကို ရှောင်လင်းယွီ တကယ်ပြောပြချင်နေသည်။ ဒါပေမယ့် သူမမှာ သတ္တိမရှိပေ။ သူမကြောက်ရွံ့နေသည်။

သူမ၎င်းကို ထုတ်ပြောလိုက်ရင် အရာအားလုံးက ခက်ခဲသွားမှာကို သူမကြောက်ရွံ့နေသည်။ ၎င်းက သူမမထိန်းချုပ်နိုင်တဲ့ အခြေအနေတစ်ခုစီ ရစ်ပတ်သွားလိမ့်မည်။

လောလောဆယ်တော့ ဒီအခြေအနေအတိုင်းပဲ ဆက်ထားလိုက်ကြတာပေါ့။

ရှောင်လင်းယွီ အားကိုးရာမဲ့စွာ တွေးတောလိုက်သည်။

***

All Chapters