ဈေးနှုန်းသတ်မှတ်ခြင်း
Vol. 22 Ch. 375
တတိယဦးလေးရှောင် တို့ဟူးစီးပွားရေးကို ကိုင်တွယ်တာကို ရှောင်မိသားစုထဲက ဘယ်သူမှ မကန့်ကွက်ကြပေ။
သူတို့တွေက ငယ်စဉ်ကတည်းကပင် ဘိုးဘိုးရှောင်ဆီက သင်ကြားခဲ့ကြရသည်။ ငယ်ငယ်ကတည်းက သူတို့ညီအစ်ကိုတွေစည်းလုံးခဲ့ကြပြီး သူတို့စိတ်ကူးစိတ်သန်းတွေကလည်း သာမန်ကျေးလက်လူတွေထက် ပိုပြီးကြီးမားကြသည်။
တတိယဦးလေးရှောင်ကို တို့ဟူးစီးပွားရေးပေးလိုက်တဲ့ အဓိကအကြောင်းရင်းက ရှောင်လင်းရှို့ ရဲ့အကျိုးအတွက်ဖြစ်သည်။
ရှောင်လင်းရှို့ရဲ့ရလဒ်တွေကမဆိုးခဲ့သလို သူ့အလယ်တန်းကျောင်းစာမေးပွဲရလဒ်တွေကလည်း မဆိုးခဲ့ပေ။ ဒါပေမယ့်လည်း သူ့မိသားစုက မြို့ကြီးမှာ အိမ်ထောင်စုမှတ်ပုံတင်မရှိရင် သူကျောင်းသွားလို့မရပေ။ သူ့ကိုလက်ခံမယ့်ကျောင်းတွေ့ရင်တောင် ကျူရှင်စရိတ်ကမြင့်လိမ့်ဦးမည်။
ကျူရှင်စရိတ်က အနည်းဆုံး ယွမ်၃၀၀၀၀ရှိပြီး ၎င်းက တခြားစရိတ်တွေထည့်မတွက်ရသေးပေ။
တတိယဦးလေးရှောင်ရဲ့ငွေရေးကြေးရေးအခြေအနေအရ သူတို့တွေ ဒါကို တကယ့်ကိုမတတ်နိုင်ပေ။ ဒါကြောင့် သူတို့ရဲ့ဇာတိမြို့ကိုပဲ ပြန်လာနိုင်မည်။
သူတို့တွေ ရှင်းယင်ခရိုင်ရဲ့အမှတ် ၁ ကျောင်းမှာ သူတို့ရဲ့သားကို စာရင်းသွင်းပေးကြလိမ့်မည်။
ရှောင်မိသားစုမှာ အမှတ် ၁ အထက်တန်းကျောင်းက ကလေးနှစ်ယောက်ရှိခဲ့ပြီး နှစ်ယောက်စလုံးက ထိပ်တန်းကျောင်းသားတွေဖြစ်ကြသည်။
ရှောင်လင်းရှို့ရဲ့ရလဒ်တွေနဲ့ဆို သူထိပ်တန်းကျောင်းသားမဖြစ်လာရင်တောင် တက္ကသိုလ်ကောင်းကောင်းတစ်ခုဝင်ခွင့်ရဖို့ကတော့ အခက်အခဲတစ်ခုမဟုတ်ပေ။
ဒါကြောင့် အမှတ် ၁ အထက်တန်းကျောင်းတက်ရောက်ဖို့ ရှင်းယင်ခရိုင်ကိုပြန်လာမယ့် ရှောင်လင်းရှို့ရဲ့ဆုံးဖြတ်ချက်ကို ရှောင်မိသားစုက လက်ခံခဲ့သည်။
ရှောင်မိသားစုက အမှတ် ၁ အထက်တန်းကျောင်းကနေ တက္ကသိုလ်ကျောင်းသားနှစ်ယောက် မွေးထုတ်ခဲ့ပြီး တတိယ ဒါမှမဟုတ် စတုတ္ထတက္ကသိုလ်ကျောင်းသားတစ်ယောက်လောက်တောင် ထုတ်ပေးနိုင်လိမ့်ဦးမယ်လို့ ယုံကြည်နေကြသည်။
မိသားစုက ၎င်းကို ဆွေးနွေးပြီးတော့ တတိယဦးလေးရှောင်က နောက်ထပ်ရက်အနည်းငယ်ကို ဆိုင်တွေလိုက်လံရှာဖွေရင်း ကုန်ဆုံးခဲ့သည်။
တို့ဟူးပူတင်းနဲ့ ပဲနို့က မနက်စာအတွက် အဓိကဖြစ်သည်။ အသွားအလာတွေရှိနေသရွေ့ စီးပွားရေးကကောင်းမွန်မည်ဖြစ်သည်။
ဒါပေမယ့်လည်း ရက်အနည်းငယ်လောက် ရှာဖွေပြီးတော့ သူသဘောကျတဲ့နေရာတစ်ခုကို ရှာမတွေ့နိုင်သေးပေ။ ဆိုင်တွေကအရမ်းဝေးရင်ဝေး မဟုတ်ရင်လည်း ငှားခကအရမ်းဈေးကြီးနေသည်။ မဟုတ်ရင်လည်း နေရာက အရမ်းညစ်ပတ်နေသည်။
ဒါပေ့ါ ဆိုင်ကောင်းတစ်ခုကိုလည်း အလွယ်တကူရှာတွေ့လိမ့်မယ်လို့ သူမျှော်လင့်မထားပေ။
ကောင်းမွန်တဲ့ယာဉ်အသွားအလာနဲ့ မနက်စာဆိုင်တစ်ခုဖွင့်ဖို့သင့်တော်တဲ့ ပတ်ဝန်းကျင်ကောင်းကောင်းရှိနိုင်မလားဆိုတာကို အာရုံစိုက်ပေးထားဖို့ ကျန်းဟိုင်ယန်ကို ရှောင်လင်းယွီကပြောထားသည်။ စစ်မှန်တဲ့စီးပွားရေးနယ်မြေမှာ ကျန်းဟိုင်ယန်မှာ အသိတွေရှိသည်။
တတိယဦးလေးရှောင်က ဆိုင်တစ်ဆိုင်ရှာနေတုန်း တတိယဒေါ်လေးရှောင်ကလည်း တို့ဟူးနဲ့ တခြားပဲပိစပ်ထွက်ကုန်တွေဘယ်လိုပြုလုပ်ရလဲဆိုတာကို မေမေရှောင်ဆီက သင်ယူနေသည်။
သူတို့စိုက်ထားတဲ့ပဲပိစပ်တွေနဲ့ ထွက်ကုန်တွေလုပ်တာက မေမေရှောင်အတွကိ ဒီတစ်ခေါက်က ပထမဆုံးဖြစ်သည်။
အရသာကတော့ အံ့ဩလောက်စရာပင်။ ပဲနို့၊ တို့ဟူးပူတင်းနဲ့ တို့ဟူးတွေက နူးညံ့ညင်သာပြီး လန်းဆန်းစေသည်။ ၎င်းတို့က တကယ့်ကိုပဲ ကမ္ဘာပေါ်က အကောင်းဆုံးစားကောင်းသောက်ဖွယ်တွေဖြစ်သည်။
"ဝိုး ဒီပဲပိစပ်နို့က တကယ်အရသာရှိတာပဲ။ သကြားမပါတာတောင် ချိုတဲ့အရသာရေးရေးလေးကို ခံစားလို့ရတယ်။ ဒါက ဝတ်ရည်သောက်နေရသလိုပဲ"
အကြီးဆုံးဦးလေးရှောင်က ပဲပိစပ်နို့ကို ပါးစပ်အပြည့်သောက်လိုက်ပြီး ချီးကျူးစွာနဲ့ အံ့အားသင့်စွာပြောလိုက်သည်။
"ဟုတ်တယ် အမှန်ပဲ။ ဒီပဲနို့က တကယ်အရသာရှိတယ်"
တခြားသူတွေကလည်း အတူတူပဲပြောကြသည်။
"ငါတို့ တခြားပဲနို့တွေ သောက်ဖူးပေမယ့် ဒီဟာလို အရသာမရှိဘူး"
စတုတ္ထဒေါ်လေးရှောင်က
"တတိယညီမ နင်လုံးဝပဲနို့ရောင်းသင့်တယ်။ ဒီအရသာနဲ့ဆို ပြန်လှည့်လာတဲ့ကာစတာမာတွေ အများကြီးရမှာ"
မေမေရှောင်ကပြုံးကာ
"တကယ့်ကိုပဲ။ နည်းနည်းပြုတ်ထားတာတောငိ ပဲပိစပ်တွေကအရသာရှိတယ်။ ဒီလိုအရသာရှိတဲ့ပဲနို့မျိုးသူတို့တွေ ထုတ်ပေးလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ယန်ဟုန်၊ ဒါကစီးပွားရေးအကြံကောင်းပဲ"
"တို့ဟူးပူတင်းက ပါးစပ်ထဲမှာ အရည်ပျော်သွားပြီး နှစ်သက်ဖွယ်အနံ့လေးချန်ခဲ့တာပဲ"
ရှောင်ကျန်းယန်က တို့ဟူးပူတင်းပန်းကန်လုံးကိုကိုင်ထားပြီး
"တတိယညီမ၊ ငါလည်းဒါက စီးပွားရေးအကြံကောင်းပဲလို့ထင်တယ်"
"သမီးတို့တို့ဟူးကို မြည်းမကြည့်ရသေးဘူး။ အခုမြည်းကြည့်ရအောင်"
ရှောင်လင်းယွင်က ပြုံးကာပြောလိုက်သည်။ သူမက သူမရဲ့သမီးနှစ်ယောက်စီအတွက် ဇွန်းအပြည့်တို့ဟူးပူတင်းကို ကော်လိုက်သည်။
တို့ဟူးပူတင်းနဲ့ ပဲနို့က အရသာရှိသည်။ ဒါကြောင့် တို့ဟူးကလည်း အရသာရှိလောက်သည်။ တို့ဟူးပူတင်းတစ်ပန်းကန်စားပြီးတော့ မေမေရှောင်က တို့ဟူးချက်နေတဲ့အိုးကို ကြည့်လိုက်သည်။
"ငါတို့တွေတို့ဟူးကို နည်းနည်းပိုကြာကြာလေး ဖိထားဖို့လိုသေးတယ်"
"သမီးအရမ်းစိတ်လှုပ်ရှားနေပြီ!"
ရှောင်လင်းယွင်က ပြုံးကာ ပြောလိုက်သည်။
"ပြီးရင် ပဲနို့၊ တို့ဟူးပူတင်းနဲ့ တို့ဟူးတွေရဲ့ဈေးနှုန်းကို ဆုံးဖြတ်နိုင်ပြီ"
မိနစ်နှစ်ဆယ်ကြာတော့ တို့ဟူးလုပ်လို့ ပြီးဆုံးသွားလေသည်။
မေမေရှောင်က တို့ဟူးကို ကျွမ်းကျွမ်းကျင်ကျင်ပဲ အပေါ်အောက်လှန်လိုက်ပြီး သွန်ချလိုက်သည်။ သူမက အဝတ်စတစ်ခုထုတ်လိုက်ပြီး တို့ဟူးတစ်ပိုင်း ထွက်ကျလာသည်။ ဖြူဖွေးပြီးနူးညံ့တဲ့တို့ဟူးက အရမ်းအရသာရှိပြီး လူတွေကို သွားရေကျသွားစေသည်။
"ဒီတို့ဟူးက အနံ့အရမ်းမွှေးတာပဲ"
ရှောင်လင်းယွင်က တတရှုံ့ရှုံ့လုပ်လိုက်သည်။
"အခုတောင်စားချင်နေပြီ"
မေမေရှောင်က ဓားအသေးတစ်ချောင်းယူလိုက်ပြီး အပိုင်းသေးတစ်ခု လှီးလိုက်သည်။
သူမက ပြုံးကာ
"ဒီမှာ ဘယ်သူမှနင့်ကိုမတားဘူး။ ကလေးတည်းက နင်ကအစားသမားပဲ။ အစာစားချိန်ရောက်ခင် အစားအသောက်တွေစားဖို့အတွက် မီးဖိုချောင်ကို အမြဲလာခိုးရတာ"
ဒါကိုပြောပြီးတော့ သူမက လှီးထားတဲ့တို့ဟူးကို ပန်းကန်အသေးတစ်ချပ်ထဲမှာ ထည့်လိုက်ပြီး ရှောင်လင်းယွင်ကို ပေးလိုက်သည်။
ရှောင်လင်းယွင်ကတို့ဟူးကိုယူလိုက်ပြီး သူမလျှာကိုထုတ်ကာ ပြုံးလျက်နဲ့
"ဟီးဟီး ဒေါ်လေးကတော့ ဘယ်လိုလုပ်ဟိုးအရင်တုန်းက ကိစ္စတွေကို မှတ်မိနေရတာလဲ? သမီးက တို့ဟူးတွေက အရသာမပါဘူးလို့ထင်လို့ ဘယ်တုန်းကမှ တို့ဟူးမကြိုက်ခဲ့ဘူး။ ဒါပေမယ့် ဒီတို့ဟူးကတော့ အနံ့ကအရမ်းလေးလေးပင်ပင်ပဲ"
ဒီလိုနဲ့ သူမပါးစပ်ကိုဟလိုက်ပြီး တို့ဟူးကို တစ်ကိုက်ကိုက်လိုက်သည်။ ပြီးနောက် မျက်လုံးတွေပြူးသွားကာ အံ့ဩစွာနဲ့
"ဝိုး ဒါတကယ်အရသာရှိတာပဲ"
ရှောင်လင်းယွင်ရဲ့စကားကိုကြားပြီး လုလုနဲ့ ရို့ရို့က ချက်ချင်းပဲ
"အမေ အဲ့ဒါတကယ် အရသာရှိတာလား? သမီးတို့လည်းစားကြည့်ချင်တယ်"
ရှောင်မိသားစုနဲ့နေဖို့ ပြောင်းလာပြီးတဲ့နောက် ကလေးမလေးတွေက အရမ်းပျော်ရွှင်နေကြသည်။
သူတို့မှာ အရသာရှိတဲ့အစားအစာတွေမျိုးစုံရှိသည်။ ရှောင်လင်းယွင်က ချက်ချင်းပဲ သူတို့အတွက် တို့ဟူးဇွန်းအပြည့်ကို ခပ်လိုက်ပြီး
"လာ စားကြည့်လှည့်"
ကလေးလေးနှစ်ယောက်က တို့ဟူးကိုစားလိုက်တာနဲ့ သူတို့ရဲ့ ကြီးမားပြီးလုံးဝန်းတဲ့မျက်လုံးတွေက ချက်ချင်းပြူးထွက်လာသည်။ ပြီးနောက် သူတို့က စိတ်လှုပ်ရှားစွာနဲ့
"အရသာရှိတာပဲ။ ဒုတိယဘွားလေး သမီးတို့ထပ်လိုချင်သေးတယ်"
"ကောင်းပြီ မင်းတို့အတွက် လှီးပေးမယ်။ ဂရုစိုက်ဦး!"
မေမေရှောင်က ကောင်မလေးတွေအတွက် နှစ်ပိုင်းလှီးပေးလိုက်သည်။
တခြားသူတွေကလည်း စိတ်လှုပ်ရှားနေကြသည်။
သူတို့က
"ငါလည်းတစ်ပိုင်းလိုချင်တယ်"
"ငါလည်းတစ်ပိုင်းလိုချင်တာပဲ!"
မီးဖိုချောင်က ဆူညံလာသည်။
"အာ ဒါတကယ်အရသာရှိတာပဲ"
"အရသာရှိတယ် တကယ်အရမ်းရးအရသာရှိတယ်။ မချက်ရသေးတာတောင် တို့ဟူးက အရမ်းအရသာရှိနေပြီ။ ဒါကို ဟင်းပွဲအနေနဲ့တောင် တိုက်ရိုက်ချကျွေးလို့ရတယ်။ အရသာခပ်နေဖို့တောင် မလိုတော့ဘူး"
ဈေးနှုန်းအတွက်ကတော့ သူမစိတ်ထဲမှာ အကြံရှိပြီးသားဖြစ်သည်။
တတိယဦးလေးနဲ့ တတိယဒေါ်လေးက ၎င်းကို လက်ခံမလားဆိုတာကိုပဲ သူမ မသိသေးတာဖြစ်သည်။
ကုန်းထျန်းဟောက်ကလည်း ပန်းကန်တစ်ချပ်ကိုင်ထားပြီး လတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့တို့ဟူးကို မြည်းကြည့်နေသည်။ ပဲနို့ဖြစ်ဖြစ်၊ တို့ဟူးပူတင်း ဒါမှမဟုတ် တို့ဟူးဖြစ်ဖြစ် သူပထမဆုံးကိုက်လိုက်ချိန်မှာ သူ့အမူအယာက အေးဆေးနေပေမယ့် မျက်လုံးထဲမှာတော့ အံ့ဩမှုအရိပ်အယောင်တွေရှိနေသေးသည်။ သူတို့တွေက အရင်ကသူမြည်းစမ်းခဲ့ဖူးတဲ့ ပဲထွက်ကုန်တွေနဲ့ လုံးဝကွဲပြားသည်။
အကြီးဆုံးဦးလေးရှောင် ပြောသလိုပဲ ၎င်းတို့က ကောင်းကင်ဘုံစားသောက်ဖွယ်ရာတွေပဲဖြစ်သည်။ ကုန်းထျန်းဟောက်က ပိုပိုပြီးနားမလည်နိုင်ဖြစ်လာသည်။
'ဒီဟာတွေက နွားဘုရင်ငယ်လေးရဲ့မစင်ကြောင့် ဒီလောက်အရသာရှိနေတာလား?'
ဘာပဲဖြစ်ဖြစ် ပဲနို့၊ တို့ဟူးပူတင်းနဲ့ တို့ဟူးက မြို့တော်ရဲ့ကြွယ်ဝတဲ့ဘက်ခြမ်းမှာရောင်းရင် သေချာပေါက် ဈေးကောင်းကောင်းရလိမ့်မည်။ ချမ်းသာတဲ့လူတွေအားလုံးက ဟမ်ဘာဂါနဲ့ ဆမ်းဒဝှစ်ခ်ျတွေလိုမျိုး အနောက်တိုင်းစတိုင်မနက်စာတွေကို နှစ်သက်ကြတာမဟုတ်ပေ။ လူအများစုက ပဲနို့၊ ဂျုံချောင်းကြော်နဲ့ ဘန်းမုန့်တွေလိုမျိုး တရုတ်စတိုင်လ်မနက်စာတွေစားရတာကို ပိုနှစ်သက်ကြသည်။
သူက ရှောင်လင်းယွီရဲ့အမူအယာကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးတွေ အနည်းငယ်ကျုံ့သွားပြီး မျက်နှာထားကတည်ကြည်လာတာကို မြင်လိုက်သည်။ ဒီအချိန်မှာ သူမက စိတ်ထဲမှာ ဒီပစ္စည်းတွေကို ဈေးသတ်မှတ်နေမှန်း သူသိလိုက်သည်။
အစားအသောက်တော်တော်များများကို လူတိုင်းစားပြီးသွားတော့မှ သူတို့တွေ အဓိကလိုရင်းဆီ ပြန်လာကြသည်။
တတိယဒေါ်လေးရှောင်က ရှောင်လင်းယွီကို အရမ်းမျှောလင့်နေတဲ့အကြည့်နဲ့စိုက်ကြည့်လိုက်သည်။ သူမရဲ့စိတ်လှုပ်ရှားမှုကို ဖုံးထားလိုက်ပြီး
"ယွီအာ သမီးမှန်တယ်။ ပဲနို့၊ တို့ဟူးပူတင်းနဲ့ တို့ဟူးတွေက အံ့ဩစရာပဲ။ ဒေါ်လေးတို့ ဒါတွေကို ဘယ်ဈေးနဲ့ရောင်းသင့်လဲ?"
ရှောင်လင်းယွီက သူမလက်ထဲက ပန်းကန်လုံးကို ချထားလိုက်ပြီး လေးနက်တဲ့လေသံနဲ့
"တတိယဒေါ်လေး သမီးတို့အစားအစာတွေကအရသာရှိတယ်။ ဒါကြောင့် ဒါပေါ့၊ ဒါတွေကို ပိုမြင့်တဲ့ဈေးနဲ့ရောင်းရမယ်"
"သမီးတို့ဆိုင်ထဲက အသီးအနှံတွေကို စဉ်းစားကြည့်လိုက် သမီးတို့တွေ ဂေါ်ဖီထုပ်ကို တစ်ကျင်ကို သုံးယွမ်နဲ့ရောင်းတယ်။ ဒါပေမယ့်လည်း ပစ္စည်းတွေကုန်နေတုန်းပဲ။ သမီးတို့မှာ ကောင်းမွန်တဲ့အရည်အသွေးရှိရင် ကာစတာမာတွေလျော့နည်းမှာအတွက် စိတ်ပူစရာမလိုဘူး"
လူတိုင်းက လုပ်နေတာကို ရပ်လိုက်ကြပြီး ရှောင်လင်းယွီကို ဝင်းလက်နေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ကြသည်။
"ဒီတော့ ဒေါ်လေးတို့ ဈေးကို ဘယ်လိုလုပ်သင့်လဲ?"
"အဟမ်း..."
ရှောင်လင်းယွီက အနည်းငယ်ချောင်းဟန့်လိုက်ပြီး
"ပုံမှန်ဆိုရင် လူတွေက ပဲနို့ကို တစ်ခွက်ကို၅၀ဆင့်ရောင်းကြပြီး တို့ဟူးပူတင်းကိုတော့ တစ်ခွက်ကို ဆင့်၅၀ရောင်းတယ်"
"ဒီတော့ တတိယဒေါ်လေး၊ သမီးတို့တွေ ပဲနို့တစ်ခွက်နဲ့ တို့ဟူးပူတင်း ပန်းကန်တစ်လုံးစာကို ၂ယွမ်စီရောင်းသင့်တယ်လို့ သမီးထင်တယ်"
"နှစ်ယွမ်?"
ရှောင်မိသားစုဝင်တေ အံ့ဩသွားကြသည်။ ၎င်းက အရမ်းဈေးကြီးလွန်းသည်။ ၂ယွမ်က ဈေးက ဈေးနှုန်းထက်တောင် လေးဆပိုဈေးကြီးနေသေးသည်။
တတိယဒေါ်လေးရှောင်က သတိကပ်သွားသည်။
သူမက
"ယွီအာ ဒါနည်းနည်းများဈေးကြီးမနေဘူးလား?"
"အရမ်းဈေးကြီးလို့လား?"
ရှောင်လင်းယွီက မျက်ခုံးပင့်လိုက်ပြီး ရှောင်မိသားစုက တခြားမိသားစုဝင်တွေကို ကြည့်လိုက်သည်။
"ကြီးတယ်!"
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
ရောင်းသူတွေက ဒါအရမ်းဈေးကြီးတယ်လို့ထင်မှတော့ ဝယ်သူတွေလည်းအတူတူပဲတွေးကြမယ်မှန်း ပြောစရာတောင်မလိုတော့ပေ။
ရှောင်လင်းယွီက ပြုံးကာ
"တတိယဒေါ်လေး၊ သမီးတို့ဈေးကဘယ်လောက်ဖြစ်သင့်တယ်လို့ထင်လဲ?"
တတိယဒေါ်လေးရှောင်က ခနလောက်တွေးလိုက်ပြီး
"တစ်ယွမ်၊ ဒေါ်လေးတို့က သာမန်စီးပွားရေးပဲလုပ်နေတာလေ။ ဒီပစ္စည်းတွေကို ဈေးအမြင့်ကြီးနဲ့ရောင်းရင် လူတွေက ဒါတွေကို ဝယ်ပါ့မလား?"
သူမ အနည်းငယ် မသေမချာဖြစ်နေသည်။
"ဝယ်မှာ!"
ရှောင်လင်းယွီက သေချာစွာပြောလိုက်သည်။
"တတိယဒေါ်လေး သမီးတို့ပဲထွက်ကုန်တွေက နိုင်ငံထဲမှာ အကောင်းဆုံးတွေဖြစ်လိမ့်မယ်
အရသာကထိပ်တန်းပဲ။ ချမ်းသာပြီး ဂျီးများတဲ့အစားသမားတွေအများကြီးက သူတို့ကို သေချာပေါက် ဈေးကြီးတယ်လို့ တွေးမှာမဟုတ်ဘူး"
"ဒါပေမယ့် အဲ့ဒီလူတွေက အနည်းစုပဲလေ"
တတိယဒေါ်လေးရှောင်က ဒဲ့ပဲပြောလိုက်သည်။
"ဒီတော့ သမီးတို့ ကန့်သတ်ထားတဲ့အရေအတွက်နဲ့ရောင်းရမယ်လေ"
ရှောင်လင်းယွီက ပြန်ဖြေလိုက်သည်။
"သမီးတို့မိသားစုမှာ ပဲပိစပ်ကျင်၂၀၀၀ပဲရှိတာ။ နောက်ထပ်ရာသီအထိ ဒီလောက်ပဲ ဆက်ရှိရဦးမှာ"
"တစ်နည်းပြောရရင် သမီးတို့မှာ ကျန်တဲ့လေးငါးလအတွက် ပဲပိစပ် ကျင်၂၀၀၀ပဲရှိတာ။ ပျမ်းမျှဆို တစ်နေ့ကို ပဲပိစပ်၁၀ကျင်ပဲ သုံးနိုင်မှာ။ ပြီးတော့ ၁၀ကျင်ကို ပဲနို့၊ တို့ဟူးပူတင်းနဲ့ တို့ဟူးတွေလုပ်ဖို့ သုံးရမှာ"
လူတိုင်းက လေးနက်တဲ့အမူအယာနဲ့ နားထောင်နေကြသည်။
"ပဲပိစပ်တစ်ကျင်က ပုံမှန်ဆို တို့ဟူး လေးငါးကျင်လောက်လုပ်နိုင်တယ်။ သမီးတို့မှာ ပဲပိစပ်၁၀ကျင်ပဲရှိမှတော့ ဆိုလိုတာက။ တို့ဟူး ကျင် လေးငါးဆယ်ပဲရှိမယ်လို့ပြောတာပဲ။ ပြီးတော့ ဒါက တခြားထွက်ကုန်တွေအတွက် ပဲပိစပ်အသုံးပြုတာကို ထည့်မတွက်ရသေးဘူး။ ဟုတ်တယ် သမီးတို့ဈေးနှုန်းကမြင့်တယ်။ ဒါပေမယ့် သမီးတို့မှာ ကန့်သတ်ထားတဲ့ပစ္စည်းတွေရှိမှာလေ။ သမီးတို့ နေ့တိုင်း ရောင်းထွက်နေမှာ"
ရှောင်လင်းယွီကထပ်ပြီး
"တခြားသူတွေရောင်းတဲ့တို့ဟူးတွေက ပုံမှန်အစားအသောက်ပါဝင်ပစ္စည်းတစ်မျိုးပဲ။ ဒါပေမယ့် သမီးတို့ တို့ဟူးကတော့ အတွေ့အကြုံတစ်မျိုးပဲ။ ဒါကြောင့် သူတို့ကို ထူးထူးခြားခြားဈေးသတ်မှတ်ရမယ်"
ရှောင်မိသားစုဝင်တွေက အမြင်ကျဉ်းတဲ့လယ်သမားတွေဖြစ်ကြသည်။ သူတို့ရဲ့စိတ်ခံယူချက်က အကန့်အသတ်ရှိသည်။
ဒါပေမယ့်လည်း ရှောင်လင်းယွီက အရင်က လောကကြီးကိုတွေ့ဖူးပြီးပြီ။ သူမရဲ့ လောကအမြင်က ကျယ်ပြန့်တဲ့အတွက် အလိုလိုပဲ သူမရဲ့နားလည်မှုနဲ့ အသိပညာတွေကို တချို့ကိစ္စတွေကို တန်ဖိုးဖြတ်ဖို့ သုံးလိမ့်မည်။
အရင်က သူမရဲ့သုံးဘီးစက်ဘီးပေါ်မှာ အသီးအနှံတွေကို ခေါက်တုန့်ခေါက်ပြန်ဆွဲခဲ့တုန်းက သူမရဲ့သီးနှံတွေက တခြားဟာတွေနဲ့ကွဲပြားတယ်လို့ ယုံကြည်ခဲ့သည်။ သူမက ဈေးချိုချိုနဲ့ရောင်းတာထက် မရောင်းဘဲသာနေလိုက်ဦးမည်။
ကံကောင်းစွာပဲ အရာအားလုံးက အစီအစဉ်တကျဖြစ်ခဲ့သည်။ အရည်အသွေးရှိနေသရွေ့ လူတွေက ၎င်းအတွက် ပိုက်ဆံပေးကြသည်။ ဈေးနှုန်းသတ်မှတ်တဲ့နောင်တတွေနဲ့အတူ ၎င်းက တကယ့်ကို ရောင်းသူအပေါ်မှာပဲမူတည်နေသည်။
ရှောင်လင်းယွီရဲ့ရှင်းပြချက်ပြီးတော့ ရှောင်မိသားစုဲ့လူတချို့က အနည်းငယ်နားလည်သွားကြသည်။ ဒါ့ပြင် ရှောင်လင်းယွီက ဆိုင်တစ်ဆိုင်ဖွင့်ခဲ့ဖူးပြီး သူမမှာ စီးပွားရေးခံယူချက်တစ်ခုရှိသည်။ ဒါကြောင့် သူတို့ ရှောင်လင်းယွီကို ယုံကြည်ကြသည်။
တတိယဒေါ်လေးရှောင်က အနည်းငယ်တုံ့ဆိုင်းနေပေမယ့် ရှောင်လင်းယွီကိုယုံကြည်ပြီး ရှောင်လင်းယွီရဲ့ ကိစ္စတွေပြုလုပ်ပုံနောက်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ အဆိုးဆုံးဆိုရင် သူတို့ဈေးတွေလျှော့ချလိုက်လို့ ရတာပဲလေ။
တတိယဒေါ်လေးရှောင်က ခေါင်းညိတ်ပြီး
"ယွီအာ တို့ဟူးကရော?"
ရှောင်လင်းယွီက
"ဈေးကတို့ဟူးက တစ်ကျင်ကို ၂ယွမ်နဲ့ရောင်းကြတယ်။ ဒီလိုဆိုရင် သမီးတို့တွေ အခုကစပြီး တစ်ကျင်ကို၈ယွမ်ရောင်းမယ်"
"၈ယွမ်?"
ရှောင်မိသားစုက ဒီဂဏာန်းကိုကြားတော့ ထပ်ပြီးအံ့ဩသွားပြန်သည်။ ၎င်းကနောက်ထပ် လေးဆတိုးမြှင့်မှုဖြစ်သည်။
'ယွီအာက လေးဆတိုးရတာကို စွဲလမ်းနေတာလား?'
"၈..ယွမ်? ယွီအာ လူတွေက ဒါတွေကိုဝယ်ပါ့မလား?"
တတိယဦးလေးရှောင်က ကြောက်ကြောက်လန့်လန့်နဲ့မေးလိုက်သည်။
"တကယ်တော့ ဈေးနှုန်းကနည်းနည်းနိမ့်နေတယ်လို့ သမီးထင်နေတာ"
ရှောင်လင်းယွီကဆက်ပြီး
"အခုကစပြီး တို့ဟူးက ၈ယွမ်ပဲ။ နောင်ကျရင် တိုးရင်တိုးမယ်"
"အမ်?"
တတိယဦးလေးရှောင်က အံ့ဩပြီး မျက်လုံးပြူးသွားသည်။
ရှောင်လင်းယွီက ရှင်းပြကာ
"တို့ဟူးက လူတော်တော်များများစားရတာကြိုက်တဲ့တစ်ခုပဲ။ ဒါကြောင့် စားသောက်ဆိုင်တော်တော်များများနဲ့ ဟိုတယ်တွေမှာ တို့ဟူးဟင်းပွဲတွေရှိနေတာ"
"တတိယဒေါ်လေး၊ ဒေါ်လေးတို့ဟူးတွေနာမည်ကြီးလာတာနဲ့ ဒီစားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေက ဒေါ်လေးဆီကနေ ဘိုကင်တင်ရင်တင်ကြမှာ"
"ဟိုတယ်ကြီးတွေကတော့ သူတို့ဖောက်သည်တွေကလည်း ချမ်းသာတယ်။ ဒါကြောင့် အရသာကောင်းနေသရွေ့ ဘယ်လောက်ပဲဈေးကြီးကြီး ကာစတာမာတွေရှိလာမှာပဲ"
ဈေးနှုန်းသတ်မှတ်တာက အဲ့ဒီလောက်အရေးမကြီးပေ။ အရေးကြီးတဲ့အပိုင်းက အရည်အသွေးပဲဖြစ်သည်။
တတိယဦးလေးရှောင်က စိတ်ထဲမှာ ခံနိုင်ရည်ရှိသွားပြီး
"ကောင်းပြီလေ ဒါဆိုလည်း၊ ငါတို့တွေ ယွီအာရဲ့ဈေးကိုလက်ခံမယ်"
ပဲတွေအတွက်ဈေးက သတ်မှတ်ပြီးသွားခဲ့ပြီ။ ပြီးနောက်မှာ မေမေရှောင်က အရသာရှိတဲ့တို့ဟူးဟင်းလျာမျိုးစုံကို လုပ်နေတုန်း လူတိုင်းက အံ့ဩစွာနဲ့ ငိုကြွေးကုန်ကြသည်။
ပြီးတော့ တစ်ကျင်ကို ရှစ်ယွမ်က ခိုးမှုတစ်ခုပဲလို့ သူတို့ထင်နေကြသည်။
***