← Chapters

ဆရာဖြစ်သူ၏ အတိတ်

Vol. 38 Ch. 532

ဆရာဖြစ်သူ၏ အတိတ်

Vol. 38 Ch. 532

"ဘာပြောတယ်… ထပ်ပြောစမ်း"

ချန်ရှီ သူမ၏နားများကို မယုံနိုင်ဖြစ်သွားပြီး ကျန်းလန်ကိုကြည့်လိုက်သည်။ အဘယ့်ကြောင့် ဤကိစ္စက ဤမျှထူးဆန်းသွားရပါသနည်း။

ကျန်းလန်က ထပ်ပြောသည်။

"ကျွန်တော် ဆရာ့ရဲ့ အိမ်ထောင်ရေးကံကို နက္ခတ်ပညာနဲ့ တွက်ချက်ပေးစေချင်ပါတယ် ဆရာဒေါ်လေး"

ထိုအရာက လက်ခံရန်ခက်ခဲသော်လည်း အရေးကြီးသည့်ကိစ္စ ဖြစ်သည်။ အရင်က ဧကရာဇ်ရှီးဟယ်လည်း ထိုစကားကိုကြားတော့ အံ့အားသင့်သွားခဲ့ဖူးသည်။ သို့သော် ဆရာဒေါ်လေးချန်ရှီ ငြင်းပယ်မည်မဟုတ်ဟု ကျန်းလန် ထင်မှတ်မိခဲ့သည်။

"မတွက်ပေးနိုင်ဘူး"

ချန်ရှီက တိုက်ရိုက်ပင်ငြင်းသည်။

ကျန်းလန် : "……"

ထိုခဏတွင် သူ စိတ်ရှုတ်ထွေးသွားသလို လုန်ယွိသည်လည်း နားမလည်နိုင်ဖြစ်သွားသည်။

ကျန်းလန်က တိုးလျသည့်လေသံဖြင့်…

"ဆရာဒေါ်လေး ၊ အဲဒါက တစ်ခုခုပြဿနာရှိလို့လား"

သူက တောင်သခင်များကြားမှ အကြောင်းကိစ္စများကို မသိရှိခဲ့ပေ။ ယခုတော့ မီးခဲကိုင်မိသလို ဖြစ်မိပြီလား မသိနိုင်ပေ။ သို့ဆိုလျှင်တော့ ဆိုးဆိုးရွားရွားသက်ရောက်မှုများ ရှိလာနိုင်သည်။

ပြဿာနကြီးကြီးမားမား မတက်ပါစေနှင့်ဟုသာ ကျန်းလန် ဆုတောင်းမိတော့သည်။

သို့တည်းမဟုတ် ၊ ဆရာဒေါ်လေးချန်ရှီသည်လည်း ဆရာဖြစ်သူကို သဘောကျနေသူ ဖြစ်နိုင်ပါသလား။

ကျန်းလန် အတွေးလွန်နေပြီဖြစ်ကြောင်း သူ့ကိုယ်သူ  သိလိုက်သည်။ ဆရာဖြစ်သူ ထိုမျှ မစွံနိုင်ပေ။ သူ့သခင်တွင် အခြားသူများကို ဆွဲဆောင်နိုင်သည့် ထင်ရှားသောအချက်များစွာ မရှိပါ။

ချန်ရှီက ပြန်လည်တည်ငြိမ်သွားပြီး အကြမ်းရည်တစ်ခွက်ငှဲ့သောက်လိုက်ရင်း…

"အရင်တုန်းက မင်းရဲ့ဆရာနဲ့ ငါတို့က ညီအစ်ကိုတွေပဲ ၊ အဲဒီတုန်းက ငါ လက်မထပ်သရွေ့ သူလည်းလက်မထပ်ဘူးလို့ မင်းရဲ့ဆရာက ပြောခဲ့ဖူးတယ် ၊ အခု ငါမှ လက်မထပ်ရသေးတာ ၊ သူက အရင်လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

သို့သော် အတိတ်ကို ပြန်ပြောင်းပြောဆိုသည့်အခါ သူမ၏ မျက်ဝန်းများတွင် ခံစားချက်များဖုံးလွှမ်းလျှက် ရှိသည်။

ကျန်းလန် စိတ်များရှုတ်ထွေးသွားသည်။ ဆရာဒေါ်လေး ချန်ရှီသည် သူ့ဆရာကို အမြဲတမ်း ညီအစ်ကိုများဟု ပြောဆိုလေ့ ရှိသည်။

လုန်ယွိလည်း စိတ်ရှုတ်ထွေးသွားသည်။ ဆရာဒေါ်လေးချန်ရှီက မိန်းကလေး မဟုတ်ဘူးလား။ သူမက မိန်းကလေးဆိုသည်က သေချာသည့်အချက်ပင်။

ထို့နောက် ချန်ရှီက လုန်ယွိခိုးလာသည့် အကြမ်းပန်းကန်ကို ယူလိုက်ရင်း…

"ဟိုး အရမ်းကြာမြင့်ခဲ့တဲ့ အချိန်တွေတုန်းကပေါ့ ၊ ငါလည်း တောင်သခင်တစ်ယောက် ဖြစ်မလာသေးဘူး ၊ မင်းရဲ့ဆရာနဲ့ ငါက အရမ်းခင်မင်ခဲ့ကြတဲ့ ညီအစ်ကိုတွေပဲ"

သူမက ဆက်ပြောသည်။

"အဲဒီကတည်းက ငါက အကြမ်းရည်သောက်ရတာ သဘောကျတယ် ၊ ဒီတော့ ငါက ဂိုဏ်းတူညီမလေးကျူးချင်အတွက် အကြမ်းပန်းကန်လေးတွေ လက်ဆောင်ပေးတတ်တယ် ၊ ဂိုဏ်းတူညီမလေးကျူးချင်ဟာ ငါ တွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ အလှဆုံးပဲ ၊ အကြမ်းရည်ပန်းကန်တစ်ပန်းကန်ဟာ ဘဝတစ်ခုကို ရည်ညွှန်းတယ် ၊ ငါက သူ့ကို အကြမ်းရည်ပန်းကန်ပေါင်းများစွာ လက်ဆောင်ပေးခဲ့တယ် ၊ ငါတို့ (၂)ယောက်ရဲ့ အနာဂတ်အကြောင်းကို အမြဲတမ်း စဉ်းစားတယ်"

"အဲဒီအချိန်တုန်းက ငါတစ်နေ့မှာ ဂိုဏ်းတူညီမလေးကျူးချင်ကို လက်ထပ်မယ်လို့ မော့ကျန်းသုန့်ကို ပြောခဲ့တယ် ၊ သူက မယုံပါဘူး ၊ ဘာလို့လဲဆိုတော့ ကျူးချင်ရဲ့နှလုံးသားက ကျောက်စိမ်းသားလိုမာကျောတဲ့အတွက် ဘယ်တော့မှ လက်ထပ်မယ့်မိန်းကလေးမဟုတ်ဘူးလို့ ပြောခဲ့တယ် ၊ ငါလည်း အတော်ဒေါသထွက်သွားခဲ့တယ် ၊ ဒါနဲ့ ငါ လက်မထပ်သရွေ့ သူလည်းလက်မထပ်ရဘူးလို့ ကတိတောင်းခဲ့တယ် ၊ သူကလည်း ကျင့်စဉ်လမ်းကိုပဲ အာရုံစူးစိုက်တဲ့လူတစ်ယောက်ဖြစ်လို့ ငါတောင်းတဲ့ကတိကို ပေးခဲ့တယ်"

"အဲဒီနောက်မှာတော့…"

ကျန်လန်က စိတ်ဝင်တစားဖြင့်…

"အဲဒီနောက် ဘာဖြစ်တာလဲ ဆရာဒေါ်လေး"

အဲဒီနောက် ဆရာဒေါ်လေးချန်ရှီက ယောကျ်ားဘဝမှ မိန်းမဘ၀ ပြောင်းလဲသွားခဲ့လေသလား။

လုန်ယွိမှာလည်း ကျန်းလန်နံဘေးတွင်ထိုင်ရင်း သေသေချာချာ စိတ်ဝင်တစားနားထောင်နေသည်။ ထိုသို့သောဇာတ်လမ်းမျိုးကို သူမ တစ်ခါမှ မကြားခဲ့ဖူးပေ။

သို့သော် ဆရာဒေါ်လေးချန်ရှီက ယောကျ်ားလေးဘဝမှ မိန်းကလေးဘ၀ ပြောင်းလဲသွားခြင်းများလားဟု သူမ အကြီးအကျယ် သံသယဝင်နေခဲ့သည်။

ဘာပဲဖြစ်ဖြစ် ထိုကိစ္စက လုံး၀ မဖြစ်နိုင်သည့်ကိစ္စပင်။

ချန်ရှီက သက်ပြင်းချလိုက်ရင်း…

"အဲဒီနောက် မြောင်ယွဲ့ရောက်လာတယ် ၊ မြောင်ယွဲ့က ငါ့ကို ပစ်မှတ်ထားလာတယ် ၊ အဲဒီအချိန်တွေကို ပြန်တွေးကြည့်ရင် တကယ့်ကို မခံစားနိုင်တဲ့အချိန်တွေပဲ ၊ တစ်ယောက်ယောက်က အခြေအနေတွေကို ထိန်းချုပ်နေတယ်လို့ ငါ ခံစားလာရတယ် ၊ ငါပင်ပန်းလာတယ် ၊ ဒါပေမဲ့ နှစ်ပေါင်းထောင်ချီကြာမြင့်လာတဲ့နောက် ငါ့ခံစားချက်တွေလည်း ပြန်ကောင်းလာပါပြီ"

ကျန်းလန် : "……"

လုန်ယွိ : "……"

နှစ်ပေါင်းထောင်နှင့်ချီပြီး ခံစားခဲ့ရသည်ဆိုခြင်းက နည်းနည်းတော့ မလွယ်ကူလှပေ။

ကျန်းလန် ထိတ်လန့်တုန်လှုပ်သွားသည်။ ဆရာဒေါ်လေးမြောင်ယွဲ့၏ အစီအစဉ်များက အခုဆိုလျှင် အတော်လေး ရှေ့ရောက်နေပြီ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဆရာဒေါ်လေးမြောင်ယွဲ့က ဆရာဖြစ်သူကိုတော့ အမှန်တကယ် ချစ်ခင်ဟန် ရှိသည်။ ဆရာကရော သတိမပြုမိဘူးလား။

"နောက်ပိုင်းကျတော့ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က မြင့်တက်လာတယ် ၊ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို ရောက်ရှိဖို့ ခြေတစ်လှမ်းပဲလိုတော့တဲ့အချိန်မှာ… အဲဒီအချိန်မှာ ငါ ရုတ်တရက်ကြီး ယောကျ်ားလေးကနေ မိန်းကလေးဘဝကို ပြောင်းသွားတယ်"

"ငါ အရမ်း အံ့သြသွားတယ် ၊ ဒါလုံး၀ မဖြစ်နိုင်တဲ့ကိစ္စပဲ ၊ တစ်ယောက်ယောက်က ငါ့ကို မိစ္ဆာမန္တန်အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ရမယ် ၊ နောက်ဆုံးတော့ ငါ ဂိုဏ်းချုပ်ကို သွားရှာတယ် ၊ ဂိုဏ်းချုပ်က ငါ့ကို သွေးခုန်နှုန်းစမ်းသပ်ကြည့်တယ် ၊ အဲဒီနောက်မှာတော့ ငါ မော့ကျန်းသုန့်တို့ ကျိုးကျုန်းထျန်းတို့ ဖုန်းယီရှောက်တို့နဲ့အတူတူ သေရည်သောက်လို့ မရတော့ဘူး ၊ လျိုကျင်းတစ်ယောက်ကတော့ စာအုပ်ကြီးသမားဆိုတော့ ငါတို့ သေရည်သောက်တိုင်း ဆူပူလေ့ရှိတယ် ၊ ထားပါတော့… ၊ မိန်ကလေးနဲ့ ယောကျ်ားလေးဆိုတဲ့ ကန့်သတ်ချက်တွေကြားမှာ ငါ့ညီအစ်ကိုတွေနဲ့ ငါ ဝေးကွာသွားရတယ်"

"အဲဒီနောက်မှာတော့…"

ချန်ရှီ သက်ပြင်းချလိုက်သည်။

"မြောင်ယွဲ့က ငါ့ကိုထပ်ပြီး ပစ်မှတ်ထားလာပြန်တယ် ၊ အဲဒါက အရင်တစ်ခေါက်ကထက်တောင်ဆိုးသေးတယ် ၊ သူက ငါ့ကိုပြောတယ် ၊ ယောကျ်ားလေးနဲ့ မိန်းကလေး မတူဘူးတဲ့ ၊ သူက ငါ့ကို ပြုံးပြုံးလေးပဲ ပြောတာပါ ၊ ထင်ထားတဲ့အတိုင်း နောက်ထပ် ဆိုးဝါးတဲ့အချိန်တစ်ခုကို ထပ်ရောက်လာပြန်တယ် ၊ ဂိုဏ်းချုပ်က ငါတို့ကို ကြောက်စရာကောင်းတဲ့ အမှန်တရားတစ်ခုကို ပြောပြခဲ့တယ်"

"ငါက မိန်းကလေးအဖြစ်နဲ့ မွေးဖွားခဲ့တာတဲ့ ၊ ဒါပေမဲ့ မိစ္ဆာမန္တန်သက်ရောက်ခံရပြီး ငါက ငယ်ငယ်လေးထဲက ယောကျ်ားဘဝပြောင်းသွားခဲ့တယ် ၊ နောက်တော့ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့် မြင့်မားလာတဲ့အခါ အဲဒီ မိစ္ဆာမန္တန်က အလိုအလျှောက် ပျက်စီးသွားခဲ့တာတဲ့"

ကျန်းလန် : "……"

လုန်ယွိ : "……"

ဤသည်က တကယ့်ကို မျှော်လင့်မထားသည့်ကိစ္စပင်။

"ငါ အချိန်အကြာကြီးတစ်ယောက်တည်းနေခဲ့တယ် ၊ ငါ့ကိုယ်ငါ လက်ခံဖို့ ကြိုးစားခဲ့တယ် ၊ ငါ့ကိုယ်ငါ မိန်းကလေးအဖြစ် လက်ခံဖို့ ကြိုးစားခဲ့တယ် ၊ ယောကျ်ားလေးနဲ့ မိန်ကလေးကြားက မတူညီတာကို လက်ခံဖို့ ကြိုးစားခဲ့တယ် ၊ အဲဒီအချိန်ကစပြီး ငါ မော့ကျန်းသုန့်တို့နဲ့အတူ သေရည်လည်း မသောကရတော့ဘူး ၊ ငါ သူတို့ကို တွေ့တောင် မတွေ့ချင်တော့ဘူး ၊ အဲဒီနောက်မှာတော့ မြောင်ယွဲ့နဲ့ပဲ အတူတူပေါင်းဖြစ်တယ်"

ချန်ရှီ သက်ပြင်းချလိုက်သည်။

ကိစ္စများအားလုံးကို ကျန်းလန်နှင့် လုန်ယွိ သိရှိသွားသည်။

ချန်ရှီက သူတို့ကိုကြည့်လိုက်ရင်း…

"ငါပြောတဲ့ဇာတ်လမ်း နားထောင်လို့ကောင်းတယ်မလား"

လုန်ယွိ ယောင်ပြီး ခေါင်းညိတ်လိုက်ပြီးမှ ချက်ချင်းခေါင်းပြန်ခါလိုက်သည်။ ကျန်းလန်ကတော့ သတိမလွတ်သူဖြစ်၍ ခေါင်းမညိတ်မိပေ။

ချန်ရှီက စိတ်ထဲမထားဘဲ ကျန်းလန်ကို ကြည့်လိုက်သည်။

"ဒါကြောင့် မော့ကျန်းသုန့်ရဲ့ အိမ်ထောင်ရေးကံကို ငါ ကြည့်မပေးနိုင်ဘူး ၊ မင်း နားလည်တယ်မလား"

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် နားလည်ပါပြီ"

ခဏနားပြီးမှ ကျန်းလန်က စကားဆက်သည်။

"ကျွန်တော် ဆရာဒေါ်လေးကို မေးခွန်းနည်းနည်းလောက် မေးခွင့်ရမလား"

"မေးလေ"

သူမက လုန်ယွိပေးသည့် အကြမ်းပန်းကန်လေးကို လက်ထဲတွင် ဆော့နေရင်း နောက်ထပ်အကြမ်းရည်တစ်ခွက် သောက်လိုက်ရန်ဟန်ပြင်လိုက်သည်။

ကျန်းလန်မေးလာသည့်မေးခွန်းက သူမမျှော်လင့်မထားသည့် မေးခွန်းမျိုး ဖြစ်လာခဲ့လျှင် စောစောကလို ဖူးကနဲ ဖြစ်သွားမည်ကို စိတ်ပူသည့်အတွက် သူမက သတိထားနေသည်။

ကျန်းလန်က…

"ဆရာ့မှာ ချစ်သူရှိခဲ့သလား"

ချန်ရှီ : "……"

အကြမ်းရည်မသောက်ရသေးသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။

သူမက ခဏမျှတွေးလိုက်ရင်း…

"မရှိဘူးထင်တာပဲ ၊ သူက တစ်လျှောက်လုံး ကျင့်စဉ်လမ်းကိုပဲ စိတ်ဝင်စားခဲ့တယ် ၊ တစ်ခါမှ အိမ်ထောင်ပြုဖို့ တွေးခဲ့ဟန် မရှိဘူး ၊ အရင်ကရော အခုရော ဒီအတိုင်းပဲ ၊ အနာဂတ်မှာတော့ မပြောနိုင်ဘူးပေါ့"

"အနာဂတ်မှာလည်း အတူတူပဲ ဖြစ်မှာပါလေ ၊ ငါတို့အဆင့်တွေက ဘယ်သူမှ ငါတို့ကို ချုပ်နှောင်မထားနိုင်ဘူး ၊ ဂိုဏ်းချုပ်တောင်မှ ငါတို့ကို မထိန်းချုပ်နိုင်ဘူး ၊ ဒါကြောင့် မော့ကျန်းသုန့်စိတ်ကို ပြောင်းလဲသွားအောင် ဘယ်သူမှလုပ်နိုင်မှာ မဟုတ်ဘူး ၊ ဒါကြောင့် မင်း ဘာပဲလုပ်လုပ် အသုံးမဝင်နိုင်ပါဘူး"

ကျန်းလန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ဆရာဖြစ်သူ သဘောကျသည့်သူမရှိလျှင် ရှိလာအောင် ပြုလုပ်ရန် ပိုမိုလွယ်ကူမည်  ဖြစ်သည်။

ဤနည်းအားဖြင့် ဆရာသဘောတူမည်ဆိုလျှင် ဆရာဖြစ်သူအတွက် ဇနီးမယားရှာပေးရန် အတတ်နိုင်ဆုံး ကြိုးစားနိုင်သည်။ ပြီးတော့ မကောင်းသည့်လူနှင့်တွေ့မည်ကိုလည်း စိတ်ပူစရာမရှိတော့ပေ။

"ဒါဖြင့် ကျွန်တော့်ဆရာက ဆရာဒေါ်လေးမြောင်ယွဲ့ကို မုန်းတီးနေတယ်လို့ ဆရာဒေါ်လေး ထင်သလား"

ကျန်းလန်က ထပ်မေးလိုက်သည်။

ချန်ရှီက ကျန်းလန်ကို ကြည့်ပြီး ခပ်ဖျော့ဖျော့ပြုံးသည်။

"မင်းက ငါ့ကိုလာတွေ့တာ အတော်တော်တာပဲ ၊ မြောင်ယွဲ့က လာတွေ့ခိုင်းတာလား ၊ မင်းဟာမင်း လာရှာတာလား"

ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကျန်းလန်က အမှန်အတိုင်းပင် ပြောလိုက်သည်။

"ဆရာက မငယ်တော့ဘူးလေ ၊ နောင်တစ်ချိန် နဝမတောင်ထွတ်ကို စောင့်ရှောက်တဲ့တာဝန်ကို မယူရဘူးဆိုရင် သူ အဖော်မရှိဘဲ အထီးကျန်နေမှာစိုးလို့ပါ ၊ ဒါကြောင့် ကျွန်တော်က ဆရာ့ကို ဇနီးတစ်ယောက် ရှာပေးချင်တာပါ ၊ အဲဒါ ဆရာဒေါ်လေးမြောင်ယွဲ့ကတော့ ဆရာ့ကို သဘောကျနေတာသိတော့ သင့်တောမလား တွေးမိသွားတာပါ"

"ဟားဟား…"

ချန်ရှီ ရယ်မောလိုက်သည်။

ကျန်းလန်၏ အတွေးက စိတ်ဝင်စားစရာကောင်းသည်ဟု ချန်ရှီ တွေးလိုက်မိသည်။

မော့ကျန်းသုန့်တပည့်က တခြားသူတွေနဲ့ မတူဘူးပဲ။ သူက ငယ်ငယ်ရွယ်ရွယ်နှင့် ဆရာဖြစ်သူအတွက် စဉ်းစားပေးနေခဲ့သည်။ ဆရာဖြစ်သူ အနားယူသည့်အချိန်ထိပင် တွေးတောပေးနေပြီ ဖြစ်သည်။

မော့ကျန်းသုန့်သာသိလျှင် မျက်နှာအမူအရာ မည်သို့ရှိမည်ကို ချန်ရှီ သိချင်သွားသည်။

သို့သော်…

မြောင်ယွဲ့၏ အိမ်ထောင်ရေးကံကြမ္မာတွင် ဖြစ်ပေါ်လာသည့် အပြောင်းအလဲက ကျန်းလန်ကြောင့်များလား။ အလွန်ဖြစ်နိုင်လေသည်။

ချန်ရှီက ရှင်းပြသည်။

"မြောင်ယွဲ့ ခွန်လွန်တောင်ကို ရောက်လာတော့ သူက ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပဲ ၊ မော့ကျန်းသုန့်က သူ့ကိုသင်ပြပေးရတဲ့သူဆိုတော့ ငယ်ငယ်လေးကတည်းက မော့ကျန်းသုန့်အနားကို ရောက်သွားတယ် ၊ မြောင်ယွဲ့က ဉာဏ်ကောင်းတယ် ၊ ပြဿနာလည်းအရမ်းရှာတယ် ၊ သူရှာသမျှ ပြဿနာတွေကို မော့ကျန်းသုန့်က လိုက်ရှင်းရတယ် ၊ တို့တွေ လွတ်လပ်သွားတဲ့အချိန်လည်းရောက်ရော သူက မြောင်ယွဲ့ပြဿနာတွေကို အရေးမစိုက်တော့ဘူး"

"မော့ကျန်းသုန့်ရဲ့မျက်လုံးထဲမှာ မြောင်ယွဲ့က ကောင်မလေးတစ်ယောက်ပါပဲ ၊ သူက သူ့ညီမလေးကို ဘယ်မှာ မုန်းတီးမှာလဲ ၊ သူက အရမ်းတောင် ဂရုစိုက်သေးတယ် ၊ ဒါပေမဲ့ သူ့မှာ တခြားခံစားချက်တော့ မရှိပါဘူး"

***

All Chapters