အလယ်ပိုင်းနန်းတော်ကို သိမ်းပိုက်ရန်
Vol. 39 Ch. 535
လုန်ယွိက လုံးဝထွက်ခွာသွားခြင်းမရှိဘဲ ကျန်းလန်ရှေ့တွင်သာ ထိုင်နေခဲ့သည်။
ကံကောင်းသည်မှာ သူတို့ထိုင်နေသည့်နေရာက ထောင့်ကျသည့်နေရာတစ်ခုဖြစ်သဖြင့် သေရည်ဆိုင်မှ အရောင်းအဝယ်ကိစ္စများတွင် ထိခိုက်စေခြင်းမရှိပေ။ သူတို့ဘေးတွင် အစီအရင်တစ်ခုကလည်း ကာကွယ်ပေးထားလေရာ ကျန်းလန် စိတ်အေးချမ်းသာစွာပင် ဉာဏ်အလင်းပွင့်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်သည်။
သို့သော် ကျန်းလန်ထံမှ ထူးထူးခြားခြား တာအိုရောင်ဝါများ ထွက်ပေါ်လျှက်ရှိလေရာ သေရည်ဆိုင်သို့ရောက်လာသူတိုင်း ဉာဏ်အလင်းပွင့်ခြင်းအချို့ကို ရရှိခဲ့ကြသည်။
သေရည်ဆိုင်ထဲတွင် ကျင့်ကြံမည်ဆိုလျှင် ကျင့်ကြံခြင်းများ အလျှင်အမြန်တိုးတက်ပြီး ထိုးထွင်းသိမြင်မှုများ ပိုမိုရရှိလာသည်ကို ဆိုင်သို့လာရောက်သူတိုင်း သဘောပေါက်သွားကြသည်။
ထိုသို့ဖြင့် သတင်းက တောမီးပမာ ပျံ့နှံ့သွားပြီး သေရည်ဆိုင်၏ စီးပွားရေးလည်း တဟုန်ထိုးတိုးတက်လာခဲ့သည်။
ကောင်ငယ်လေးကတော့ ဆိုုင်တွင်လူကျသဖြင့် သူ့တွင် ဓားသိုင်းလေ့ကျင့်ရန် အချိန်မရှိတော့ဟုဆိုကာ အပြစ်တင်ဆူပူလျှက် ရှိသည်။
နောက်ဆုံးတော့ သူလည်း ကျန်းလန်ဘေးနားတွင်ထိုင်ကာ သားရိုင်းကောင်များကို ဓားဖြင့်ခုတ်ဖြတ်ရင်း ဓားသိုင်းလေ့ကျင့်နေတော့သည်။ ကောင်ငယ်လေး အံ့သြတုန်လှုပ်သွားရသည်မှာ ကျန်းလန်ဘေးနားတွင် ဓားသိုင်းလေ့ကျင့်လျှင် ဓားသိုင်းပညာ ပိုမိုလျှင်မြန်စွာ နားလည်လာသည်ဆိုသည့်အချက်ပင်။
ကောင်ငယ်လေး သဘောကျစွာဖြင့် ရယ်မောလိုက်သည်။
ဤသည်က ကောင်းသည့်အချက်ဖြစ်ပြီး ထိုအကြောင်းများကို အဋ္ဌမမင်းသားကို ပြောမပြရန် ဆုံးဖြတ်လိုက်သည်။ သို့မှသာ သူက တိတ်တဆိတ်ဖြင့် ထိုနဂါးမင်းသားကို ကျော်တက်နိုင်မည် ဖြစ်သည်။
သို့ပေသိ နောက်တစ်နေ့တွင် လုန်ယွိက ထိုအကြောင်းများကို လုန်မန်ကို ပြောပြလိုက်လေရာ ကောင်ငယ်လေးနှင့် လုန်မန်တို့၏ သတ်ပွဲစတင်တော့သည်။
သူတို့က တစ်ယောက်နှင့်တစ်ယောက် စက်ဆုပ်ဖွယ်ကောင်းသည်ဟု အပြန်အလှန်စွပ်စွဲကာ အသဲအသန် တိုက်ခိုက်ကြသည်။
လုန်ယွိ စိတ်ရှုတ်ထွေးသွားသည်။ ဒီနှစ်ယောက် အဘယ့်ကြောင့် တိုက်ခိုက်ကြရပြန်ပါသနည်း။
သို့သော် သူမက စိတ်ထဲမထားတော့ဘဲ ကျန်းလန်ကိုသာ ငေးစိုက်ကြည့်နေလိုက်သည်။ သူမ ထွက်ခွာသွားချင်သော်လည်း ကျန်းလန်၏ ဉာဏ်အလင်းပွင့်ခြင်းထဲတွင် သူမက တစ်စိတ်တစ်ပိုင်းဖြစ်နေကြောင်း ခံစားမိသည်။
ထို့ကြောင့် ကျန်းလန် အန္တရယ်ကင်းစေရန်အတွက် သူမက ကျန်းလန်နံဘေးမှ ခြေလှမ်းတစ်ဝက်ပင် မခွာခဲ့ပေ။ သူမ ကျန်းလန်အနားတွင် ရှိနေမှသာ သူ့အနေဖြင့် ပြီးပြည့်စုံသည့် အခြေအနေသို့ ရောက်ရှိပေလိမ့်မည်။
ခင်ပွန်းသည် နိုးထာလာမည့်အချိန်ကို စောင့်ဆိုင်းရင်း လုန်ယွိ ထိုနေရာတွင် နှစ်အနည်းငယ်ကြာအောင် ထိုင်နေခဲ့သည်။
(၁)နှစ် ၊ (၂)နှစ် ၊ (၃)နှစ်။
(၅)နှစ် ၊ (၁၀)နှစ်။
အချိန်များတရွေ့ရွေ့ ကုန်ဆုံးသွားသည်။
လုန်ယွိက ရှောင်ယွိအသွင်ပြောင်းလဲလျှက် ကျန်းလန်နံဘေးတွင် ဆက်လက်စောင့်ဆိုင်းနေသည်။
ယနေ့တော့ သူမ နှုတ်ခမ်းစူလိုက်ရင်း…
“(၁၀) နှစ်တောင်ရှိပြီ ၊ ဒီတစ်ခေါက် အရင်ကထက် ကြာတာပဲ”
ကျန်းလန်ကတော့ သေမျိုးလောကရှိ လူသားများအကြောင်းကို နားလည်သွားပြီ ဖြစ်သည်။ သူ ကျင့်စဉ်လမ်းသို့ စတင်လျှောက်လှမ်းကတည်းက သာမန်လူများ၏ဘဝကို တစ်ခါမှ သိရှိခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူ့စိတ်ထဲတွင် တစ်စုံတစ်ခု လစ်ဟာနေပြီး အဆင့်တက်ရန် ခက်ခဲနေခဲ့ခြင်း ဖြစ်သည်။
ကျန်းလန် ရှေ့ဆက်ရမည့်လမ်းကို ကြည့်နေခဲ့သည်။
သူက မြေပြင်ထက်တွင် မတ်တတ်ရပ်လျှက် ကောင်းကင်ထက်သို့ ကြည့်နေသည်။ ကြည်လင်သည့်ကောင်းကင်တွင် အနက်ရောင်တိမ်တိုက်များ ဖုံးလွှမ်းလျှက် ရှိသည်။
သူက ဤလောကကြီးထဲတွင် ပိတ်မိနေပြီး အမြင်အာရုံများ ဖုံးကွယ်ထားခြင်းခံရသည်။
သူ နေရာတွင်မတ်တတ်ရပ်လျှက် အနက်ရောင်တိမ်တိုက်များကို ကြည့်နေစဉ် သူ့ပတ်ဝန်းကျင်တွင် လေများတိုက်ခတ်လာသည်။
လေက အနက်ရောင်တိမ်တိုက်များကို တိုက်ထုတ်ပြီး ကြည်လင်သည့်ကောင်းကင် ပြန်လည်ဖြစ်ပေါ်လာစေရန် ကြိုးစားနေသည်။ ကောင်းကင်ပြာသည် မြေပြင်ထက်မှ လူသားများကို တွေ့မြင်ချင်နေသည့်အလားဖြစ်သည်။
လေကဆက်လက်တိုက်ခတ်နေပြီး ကျန်းလန်သည်လည်း မြေပြင်ထက်တွင် မတ်တတ်ရပ်လျှက် ကောင်းကင်ဆီသို့ ဆက်လက်ကြည့်ရှုနေသည်။
အချိန်အတန်ကြာပြီးနောက် ကောင်းကင်ထက်မှ အနက်ရောင်တိမ်တိုက်များ လျော့နည်းသွားသည်။ လေက အနက်ရောင်တိမ်တိုက်များကို အဝေးသို့ တိုက်ခတ်ခေါ်ဆောင်သွားသည်။
သို့သော် အနက်ရောင်တိမ်တိုက်များကင်းစင်သွားသည့်အခါ ကျန်းလန်တွေ့မြင်ရသည်က ကြည်လင်သည့် ကောင်းကင်ပြာမဟုတ်ပေ။ လမ်းကြောင်းပင်မမြင်ရသည့် ရှုတ်ထွေးလှသည့် ကောင်းကင်လမ်းတစ်လမ်းကို တွေ့မြင်ရခြင်း ဖြစ်သည်။
သို့သော် ကျန်းလန်က သူတွေ့မြင်ရသည့်အရာအတွက် ကျေနပ်သွားသည်။ ပြီးပြည့်စုံသည့်လမ်းကြောင်းတစ်ခုကို မတွေ့မြင်ရသော်လည်း အဆုံးသတ်တွင်တော့ ဦးတည်ချက်ကို တွေ့မြင်နိုင်ခဲ့သည်။
ထိုလမ်းကြောင်းက ရှုတ်ထွေးလျှက် ပရမ်းပတာဖြစ်နေသည့်တိုင် ထိုအရှုတ်အထွေးများကို ကျော်ဖြတ်နိုင်မည်ဆိုလျှင် သူတော်စင်တစ်ယောက်ဖြစ်လာရန် ပြီးပြည့်စုံသောလမ်းကို တွေ့မြင်ရမည်ဖြစ်၏။
ယခင် ဘာမှမသိသည့်အခြေအနေမှ ယခု တစ်စုံတစ်ခုကို သိရှိလာခဲ့လေပြီ။
နောက်ဆုံးတော့ ကျန်းလန် မျက်လုံးများကို ဖြည်းညင်းစွာ မှေးမှိတ်လိုက်ပြီး ဤလောကမှ ပြန်လည်ဆုတ်ခွာလာခဲ့သည်။ လမ်းကြောင်းကို သိရှိသွားပြီဖြစ်လေရာ ဤနေရာတွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ပေ။
ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ရင်းနှီးနေသည့် သေရည်ဆိုင်မြင်ကွင်းနှင့် သူ့အနားတွင်ရှိနေသည့် အလှဧကရီလေးတစ်ပါးကို တွေ့မြင်လိုက်ရသည်။
ထို အလှဧကရီလေးက ရှောင်ယွိဖြစ်ပြီး သူ့ကို ပြုံးပြီးလျှက်ရှိသည်။
“အချစ်ရေ… ပြန်ပြီးနိုးထလာပြီလား ၊ နှစ်ပေါင်းဘယ်လောက်ကြာသွားပြီလဲဆိုတာ ခန့်မှန်းကြည့်စမ်းပါ”
နှစ်ပေါင်း ဘယ်လောက်ကြာသွားပြီလဲ။
ခဏမျှစဉ်းစားပြီးနောက် အချိန်သိပ်မကြာလောက်သေးဟု ကျန်းလန် တွေးလိုက်သည်။ သေရည်ဆိုင်တွင် ဉာဏ်အလင်းပွင့်ခြင်းမှာ အချိန်အရမ်းမကြာလောက်ပေ။
ကျန်းလန်က…
“တစ်လ…”
“မဟုတ်ဘူး…”
ထို့နောက် ရှောင်ယွိက ကျန်းလန်ရှေ့တွင် လက် (၂)ချောင်းထောင်ပြလိုက်သည်။
“ဒီလောက် ကြာသွားတယ်”
“နှစ်လလား…”
လုန်ယွိကို သေရည်ဆိုင်တွင် အချိန် (၂)လ စောင့်ခိုင်းရခြင်းက သိပ်မကောင်းသော်လည်း အချိန်ကာလအားဖြင့်တော့ လက်ခံနိုင်သည့် အချိန်ကာလဖြစ်သည်။
ရှောင်ယွိက ကျန်းလန်၏နဖူးကို ခေါက်ကနဲ ခေါက်လိုက်ရင်း အနည်းငယ်ဒေါသထွက်သည့် လေသံဖြင့်…
“အနှစ် (၂၀) ကြာသွားတာ ဂိုဏ်းတူမောင်လေးရဲ့ ၊ ဟွန်း… ရှင်က အရမ်းရိုင်းတာပဲ ၊ ကျွန်မကို သေရည်ဆိုင်မှာ အနှစ် (၂၀)တောင်စောင့်နေခိုင်းတယ်”
ကျန်းလန် : “……”
အနှစ် (၂၀) တဲ့။
ကျန်းလန် အံ့အားသင့်သွားသည်။
သူတော်စင်ဖြစ်လာရန်လမ်းကြောင်းကို ကြည့်မြင်ရန်အတွက် ထိုမျှ အချိန်ယူခဲ့ရပါသလား။
ထို့နောက် ကျန်းလန်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ဆိုငထဲတွင် လူအများ စည်ကားနေသည်ကို တွေ့ရသည်။
ကျန်းလန်က…
“ခွန်လွန်တောင်မှာ ဘာပွဲရှိလို့ လူတွေဒီလောက်များနေရတာလဲ”
သာမန်အခြေအနေဆိုလျှင် သေရည်ဆိုင်တွင် လူများစွာရှိနေရန် မဖြစ်နိုင်ပေ။ ပြီးတော့ သူက သေရည်ဆိုင်ထဲတွင် ထိုင်နေသည့်တိုင် သီးခြားတည်ရှိမှုတစ်ခုပမာ ဖြစ်နေပြီး မည်သူမှ သူ၏တည်ရှိမှုကို အာရုံခံမိကြဟန် မတူပေ။
ဆရာဖြစ်သူ ၊ သို့မဟုတ် သေရည်ဆိုင်ပိုင်ရှင်က သူ့ကို နည်းလမ်းတစ်ခုဖြင့် ကာကွယ်ပေးထားသည်လား။ ဆရာဒေါ်လေးမြောင်ယွဲ့ကိုယ်တိုင် အစီအရင်တည်ဆောက်ကာ ကာကွယ်ပေးထားခြင်းလည်း ဖြစ်နိုင်သည်။
ရှောင်ယွိက ပြုံးလိုက်ရင်း…
“ဘာပွဲမှ မရှိဘူး ၊ ဂိုဏ်းတူမောင်လေးရဲ့ ဉာဏ်အလင်းပွင့်တဲ့နေရာမှာ ကျင့်ကြံရင် ကျင့်ကြံခြင်းမြန်မြန်ဆတ်ဆန်တိုးတက်လာကြလို့ သူတို့အားလုံး ဒီနေရာကို ရောက်နေကြတာ ၊ လွန်ခဲ့တဲ့ နှစ် (၂၀)လုံး လူတွေ တစ်သုတ်ပြီးတစ်သုတ် အများကြီး ရောက်လာကြတာလေ”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့ ကျွန်မတို့အပေါ် သက်ရောက်မှု မရှိပါဘူး ၊ သေရည်ဆိုင်ရှင်အဘိုးက မန္တန်ပညာအသုံးပြုပြီး ကျွန်မတို့ကို ကာကွယ်ပေးထားတယ် ၊ ဒါပေမဲ့ ကျွန်မက ဆရာဒေါ်လေးမြောင်ယွဲ့ကို အစီအရင်တစ်ခု တည်ဆောက်ပေးဖို့ အကူအညီတောင်းခဲ့တယ် ၊ ပြီးတော့ ရှင့်ရဲ့ဆရာလည်း ရောက်လာသေးတယ်လေ”
ဤသည်က လုန်ယွိ၏ ရှားရှားပါးပါး ပညာရှိသည့် အပြုအမူလေးပင်။ ကျန်းလန် သူမကို ချီးကျူးလိုက်မိသည်။
“ဆရာဒေါ်လေေးမြာင်ယွဲ့က ဂိုဏ်းတူအစ်မကို တကယ်ပဲ သဘောကျတယ်ထင်တယ်”
အနှစ် (၂၀) ကုန်ဆုံးခဲ့ပြီးသည့်နောက် ကျန်းလန် ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၈၅၀) ရှိပြီ ဖြစ်သည်။ အခြားစကားဖြင့်ဆိုရသော် ဧကရာဇ်ရှီးဟယ်နှင့် တွေ့ဆုံရမည့်အချိန်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ မကြာမီ သူ့ထံသို့ သတိပေးစကားရောက်ရှိကောင်း ရောက်ရှိလာပေမည်။
အလယ်ပိုင်းနန်းတော်ကို ရယူရန် ဧကရာဇ်ရှီးဟယ် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ ထို့အတူ ကျန်းလန်သည်လည်း ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ ထွက်ခွာရတော့မည် ဖြစ်၏။
နောက်ပိုင်းဘာဆက်ဖြစ်မည်ကိုတော့ မသိရှိနိုင်ဘဲ အစစအရာရာ သတိထားရမည် ဖြစ်သည်။
ရှောင်ယွိက မတ်တတ်ရပ်လိုက်ပြီး ကျန်းလန်၏ခေါင်းကို ပုတ်လိုက်သည်။
“နောက်ပိုင်းကျ ဂိုဏ်းတူမောင်လေးက ဆရာဒေါ်လေးမြောင်ယွဲ့ကို ကူညီဖို့အတွက် အများကြီးကြိုးစားပေးရမယ်လေ”
ကျန်းလန် : “……”
ဒီနဂါးမလေးဟာ မသိနားမလည်ဘဲ မောက်မာလွန်းသည်။
ပြီးတော့ သူမက အရွယ်ရောက်ပြီး နဂါးမျိုးနွယ်စတ်ယောက်ဖြစ်သည်။ နဂါးမျိုးနွယ်တိုင်းသာ သူမလို မိုက်မဲသူများဆိုလျှင် မျိုးနွယ်စု၏ အနာဂတ်က စိတ်ပူစရာပင်။
ထိုခဏတွင် ကျန်းလန် အနာဂတ်အတွက် အနည်းငယ် စိတ်ပူပန်သွားမိသည်။ သူ့တွင် သားသမီးများရလာသည့်အခါ ဥခွံပါခြင်းမပါခြင်းက ပြဿနာမရှိသော်လည်း တတ်သိနားလည်ခြင်းမရှိသည့် သားသမီးမျိုးမွေးဖွားလာပါက ခေါင်းကိုက်ရမည်မှာ အမှန်ပင်။ ဤအတွေးမျိုး အရင်ကလည်း ကျန်းလန် တွေးခဲ့ဖူးသည်။
ထို့နောက် လုန်ယွိနှင့်အတူ သေရည်ဆိုင်မှ ပြန်ခဲ့သည်။ သေရည်ဆိုင်တွင် လူစည်ကားနေလေရာ ကျန်းလန် ထင်ထင်ပေါ်ပေါ် မလုပ်ရဲခဲ့ပေ။
နောက်တစ်ခေါက်မှသာ သေရည်ဆိုင်ရှင်အဘိုးအိုကို ကျေးဇူးတင်စကားဆိုရတော့မည်။
နဝမတောင်ထွတ်သို့ ပြန်ရောက်သည့်အခါ တောင်ထွတ်တစ်ခုလုံး မြက်ပင်ပေါင်းပင်များနှင့် ရှုတ်ပွလျှက် ရှိသည်ကို တွေ့ရသည်။
ကျန်းလန်က…
“ကြည့်ရတာ အလုပ်များဦးမယ်ထင်တယ်”
ရှောင်ယွိက ကျန်းလန်၏အင်္ကျီလက်စကိုဆွဲလိုက်ပြီး…
“အဲဒီကိစ္စ ကျွန်မတာဝန်ထားလိုက်ပါ”
ထို့နောက် သူမက ကျန်းလန်ကို မော့ကြည့်လိုက်သည်။
“ဒါပေမဲ့ ဂိုဏ်းတူမောင်လေးက ကျွန်မ နဂါးတစ်ဝက်အသွင်ပြောင်းတာကို အသားကျသွားအောင် ကူညီပေးရမယ် ၊ ဒါမှ ကျွန်မရဲ့တန်ခိုးစွမ်းအားတွေတည်ငြိမ်အောင် ထိန်းနိုင်မှာ”
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါပြီ…”
ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ သူကတော့ လုန်ယွိကို ကူညီပေးရမည်ပင်။
လဝက်ခန့်ကြာပြီးသည့်နောက် ကျန်းလန်က တောင်ထွတ်တစ်ခုလုံးမှ မြက်ပင်ပေါင်းပင်များ ရှင်းလင်းပြီးသွားသလို သူ့လက်မောင်းနှင့် ကျောပြင်ထက်တွင်လည်း နဂါးလက်သည်းဖြင့် ကုတ်ခြစ်ခံထားရသည့် ဒဏ်ရာများစွာ ရရှိခဲ့ပြီး ဖြစ်သည်။
ရှောင်ယွိက ကျန်းလန်ဘေးနားတွင်ထိုင်ရင်း ဒဏ်ရာများကို မန္တန်ဖြင့်ကုသပေးသည်။ သူမက ခေါင်းငုံ့ထားပြီး ကျန်းလန် မျက်နှာကိုလည်း မကြည့်ရဲခဲ့ပေ။
ကျန်းလန်က သူ့လက်မှ ဒဏ်ရာများကို ကြည့်လိုက်ရင်း…
“ဂိုဏ်းတူအစ်မ ၊ လဝက်တောင်ရှိသွားပြီ ၊ အခုထိ အသားမကျသေးဘူး”
လုန်ယွိသည် သူနှင့်အတူနေချိန်တိုင်း မင်္ဂလာဦးညကဲ့သို့ ရှိနေဆဲပင်။
ရှောင်ယွိက ယုံကြည်ချက် သိပ်မရှိတော့ဟန်ဖြင့်…
“ဒီညတော့ ကျွန်မ အဆင်ပြေမှာပါ”
ထိုစကားကလည်း သူမ လဝက်လုံးပြောခဲ့သည့် စကားပင်။
ကျန်းလန်ကတော့ စိတ်ထဲမထားပေ။ သူက မဖြစ်နိုင်သည်များကို မတောင်းဆိုဘဲ ခပ်တုံးတုံးနဂါးမလေး၏ခေါင်းကိုသာ ခေါက်လိုက်သည်။
ထိုအချိန် သူ၏ နတ်ဘုရားရာထူးနာမည်ကို ခေါ်ဆိုနေသည့် အသံတစ်သံကို ကြားလိုက်ရ၏။ သူ့နာမည်ကို ခေါ်ဆိုနေသူက ဧကရာဇ်ရှီးဟယ်ကိုယ်တိုင်ပင် ဖြစ်သည်။
“ပြိုင်ဘက်ကင်း လက်သီးနတ်ဘုရား ၊ မင်း အဆင့်သင့်ဖြစ်ပြီလား ၊ နောက်ရက်နည်းနည်းလောက်ဆို ကျုပ် အလုပ်စတော့မယ် ၊ အလုပ်မစခင် မင်းနဲ့တွေ့ပြီး စကားပြောချင်တယ်”
ဧကရာဇ်ရှီးဟယ်က မည်သည့်အချိန်တွင် တွေ့ဆုံမည်ဟု မသတ်မှတ်ထားလေရာ ကျန်းလန် အားလပ်သည့်အချိန်တွင် တွေ့ဆုံလိုဟန် ရှိသည်။
ကျန်းလန်က သူ့ဘေးနားတွင် ခေါင်းငုံ့လျှက် အမှားလုပ်မထားဟန်ဆောင်နေသည့် ရှောင်ယွိကို တစ်ချက် ငုံ့ကြည့်လိုက်သည်။ ထို့နောက် နောက် (၇)ရက်အတွင်း တွေ့ဆုံရန် ဧကရာဇ်ရှီးဟယ်ကို ချိန်းဆိုလိုက်သည်။
အချိန် (၇)ရက်ကြာပြီးနောက် ၊ ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲတွင် သူတို့ တွေ့ဆုံကြမည် ဖြစ်သည်။
“ဒါဖြင့် ဒီရက်တွေအတွင်း မင်းအသစ်ပြောင်းချင်တဲ့ နတ်ဘုရားရာထူးနာမည်ကို စဉ်းစားထားလေ ၊ ဒါမှမဟုတ် ဧကရာဇ်လွန်လင်ဆိုတဲ့နာမည်ကိုပဲ သုံးချင်လည်းရတယ် ၊ အဲဒီနာမည်လည်း အဆင့်အတန်းမြင့်မားပါတယ် ၊ ကဲ… နောက် (၇)ရက်နေရင် တွေ့မယ်ဟေ့”
ဧကရာဇ်ရှီးဟယ်က စကားပြောပြီးသွားသည်နှင့် သူတို့ဆက်သွယ်မှုပြတ်တောက်သွားသည်။
ကျန်းလန်ကတော့ လုန်ယွိကို (၇)ရက်ခန့် အဖော်ပြုပေးရဦးမည် ဖြစ်သည်။
***