← Chapters

အစီအစဉ်များ

Vol. 39 Ch. 536

အစီအစဉ်များ

Vol. 39 Ch. 536

ခြံဝင်းထဲရှိ ကျောက်စားပွဲထက်တွင်ထိုင်ရင်း ကျန်းလန် စာဖတ်နေသည်။ ရှောင်ယွိက ကျန်းလန်၏လက်များတွင် အနာရွတ်များ ကျန် မကျန် ကြည့်နေသည်။

ထို့နောက် ရှောင်ယွိက ပြုံးလိုက်ရင်း…

“မရှိတော့ဘူး ၊ တွေ့လား … ကျွန်မ ကောင်းကောင်းထိန်းချုပ်နိုင်သွားပြီလို့ ဂိုဏ်းတူမောင်လေးကို ပြောသားပဲ”

ကျန်းလန်က ဘာမှမပြောဘဲ ရှောင်ယွိကိုသာ ကြည့်နေသည်။ ကုတ်ရာခြစ်ရာများ အပြည့်အ၀ ပြန်လည်ကောင်းမွန်လာရန် ရက်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။ ဒါတောင်မှ ဤနဂါးမလေးက ကိုယ်ရည်လာသွေးပြနေသေးသည်။

ထိုအကြောင်းများကို သိပ်မတွေးတော့ဘဲ ကျန်းလန် မနက်ဖန်အတွက် စဉ်းစားလိုက်သည်။ မနက်ဖန် သူနှင့် ဧကရာဇ်ရှီးဟယ်ချိန်းဆိုထားသည့် နေ့ရက် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ဧကရာဇ်ရှီးဟယ်၏ အစီအစဉ် မည်သို့ရှိမည်ကို ကျန်းလန် သိရှိရပေမည်။

အလယ်ပိုင်းနန်းတော်ကို သိမ်းပိုက်ရန်က မလွယ်ကူပေ။ မဟုတ်ပါက ဧကရာဇ်ရှီးဟယ်အနေဖြင့် ဤမျှအချိန်ကြာအောင် စောင့်ဆိုင်းနေမည်မဟုတ်ဘဲ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကတည်းက သိမ်းပိုက်လိုက်မည် ဖြစ်သည်။

အခြားသောနတ်ဘုရားရာထူးပိုင်ရှင်များ နတ်ဘုရားရာထူးကို ကိုယ်ပိုင်ဖြစ်အောင် ပေါင်းစပ်နိုင်ပြီး စွမ်းအားပိုမိုမြင့်မားလာမှသာ အလယ်ပိုင်းနန်းတော်ကို သိမ်းပိုက်နိုုင်မည့်ဟန်ရှိသည်။

ဧကရာဇ်ရှီးဟယ်၏ အကြံအစည်က နှစ်ပေါင်း (၁၀၀၀) နီးပါး အချိန်ယူခဲ့ရသည်။

ဧကရာဇ်ရှီးဟယ်က လူတိုင်းကို အသုံးချနေကြောင်း သိရှိကြသည့်တိုင် အခြားသူများအနေဖြင့် ဤထောင်ချောက်အတွင်း ဝင်ရောက်ရန်ကလွဲပြီး အခြားရွေးချယ်စရာ မရှိပေ။

နတ်ဘုရားရာထူးအကြောင်းကို ဧကရာဇ်ရှီးဟယ်လောက် မည်သူမှ နားမလည်နိုင်ကြပေ။ နတ်ဘုရားရာထူးပိုင်ရှင်တစ်ယောက်က နတ်ဘုရားရာထူးကို ကိုယ်ပိုင်အဖြစ်ပေါင်းစပ်ချင်သည်ဆိုလျှင် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲတွင် ပါဝင်ရန်သာ ရှိသည်။

ထိုစဉ်က ကျန်းလန်သည်လည်း ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ တစ်ခေါက်သွားရောက်ခဲ့ပြီး အမှောင်ထုက တဖြည်းဖြည်းအားနည်းလာသည်ကို ခံစားခဲ့ရသည်။

ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ အလင်းရောင်များကတော့ ပိုမိုတောက်ပလာပြီး ထိုရောင်ဝါများပိုင်ရှင်မှာ ဧကရာဇ်ယိုတုပင် ဖြစ်၏။ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲက ဧကရာဇ်ယိုတုအတွက်လည်း များစွာအကျိုးရှိခဲ့သည်။

သို့ပေသိ ဧကရာဇ်ရှီးဟယ်ထံမှ အကူအညီမရရှိလျှင် သူ့အနေဖြင့် အောင်မြင်မှုရရှိရန် မဖြစ်နိုင်ပေ။ ထို့ပြင် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကို စတင်သူက ဧကရာဇ်ရှီးဟယ်မဟုတ်ဘဲ အခြားသူဖြစ်နေလျှင်လည်း ထိုသို့သော အခြေအနေမျိုး တွေ့ကြံုံရမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် အခြားသောနတ်ဘုရားရာထူးပိုင်ရှင်များသည် အခြားသူများကို မည်သို့ဆင့်ခေါ်ရမည်ကို မသိရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်ရှီးဟယ်က အလယ်ပိုင်းနန်းတော်မှ နတ်ဘုရားရာထူးကို ရယူလိုကြောင်း သိသိရက်ဖြင့် မည်သူမှ မငြင်းဆန်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

ယခုတာ့ ကျန်းလန်လက်ချက်ဖြင့် ရှင်းထုတ်ခံခဲ့ရသည့် မြေအောက်နတ်ဆိုးဘိုးဘေးအဓိပတိမှလွဲပြီး အခြားသူများက အလျှင်အမြန်တိုးတက်လာကြသည်။

“နောက် နှစ်နည်းနည်းလောက်ကြာရင် သေမျိုးလူသားများလောကကို ခဏလောက်သွားကြရအောင်”

ကျန်းလန် ရုတ်တရက် ပြောလိုက်သည်။

ရှောင်ယွိက…

“ဒါပေမဲ့ ကျွန်မက နဂါးအသွင်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ”

ကျန်းလန်ပြောသည့်စကားကို သူမ နားလည်သည်။

သူက သာမန်လူတစ်ယောက်ဘဝကို စမ်းသပ်နေထိုင်ကြည့်လိုခြင်း ဖြစ်သည်။ ကျန်းလန်အနေဖြင့် အကြောင်းအရာများကို ပိုမိုနားလည်စေရန် သာမန်လူတစ်ယောက်ဘဝကို လိုအပ်သည်။

သူမသည်လည်း ကျန်းလန်နှင့်အတူ သာမန်လူတစ်ယောက်ပမာ လိုက်ပါနေထိုင်ရန် လိုအပ်သည်။

သို့သော်…

နဂါးတစ်ဝက်အသွင်ပြောင်းခြင်းကို မထိန်းချုပ်နိုင်ပါက သူမကို သာမန်လူအဖြစ် သတ်မှတ်နိုင်ပါမည်လား။

ကျန်းလန်က သိမ်မွေ့သည့်လေသံဖြင့်…

“ပျက်သုဉ်းတစ်စပြင်လောကကြီးက အရမ်းကျယ်ပြန့်လွန်းပါတယ် ၊ လူသားတွေနဲ့လက်ထပ်ဖို့အတွက် အသွင်ပြောင်းထားတဲ့ နတ်မိစ္ဆာတွေလည်း အများကြီး ရှိတာပဲလေ”

“အင်း… ဒါဖြင့်လည်း ပြီးတာပဲ”

ရှောင်ယွိ ထိုအကြောင်းများကို မတွေးတော့ပေ။ ဘာဆက်ဖြစ်မည်ကို သူမလည်း မသိရှိပေ။

ကျန်းလန်ကတော့ အရှုတ်အထွေးများနှင့်ပိတ်ဆို့နေသည့် ရှေ့ဆက်ရမည့်လမ်းကို တွေ့မြင်နေပြီ ဖြစ်သည်။ သူလုပ်ရမည်မှာ လမ်းကြောင်းကို ဖွင့်လှစ်ရန် ဖြစ်၏။

ရှေ့ဆက်ရမည့်လမ်းကြောင်းကို နားလည်ရန်နှင့် ဖန်တီးနိုင်ရန် သူ ကြိုးစားရပေမည်။

လူသားများက အသက်တိုကြသည့်တိုင် ကျင့်စဉ်လမ်းက ရှည်လျားသည်။ တိုတောင်းသောဘဝနှင့် ရှည်လျားသည့်လမ်းစဉ်ကို ပေါင်းစပ်ထားကြသူများမှာ ကျင့်ကြံသူများ ဖြစ်ကြသည်။

နောက်တစ်နေ့။

ကျန်းလန်က ရှောင်ယီကို တတိယတောင်ထွတ်သို့ လိုက်ပို့သည်။

ရှောင်ယွိက အလေးအနက်လေသံဖြင့်…

“ညနေလာကြိုဖို့ မမေ့နဲ့နော်”

အရင်တစ်ခေါက်က ကျန်းလန် ဉာဏ်အလင်းပွင့်သွားသည့်အတွက် သူမကို လာမကြိုခဲ့ပေ။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်ပါပြီ”

ယခုတစ်ကြိမ်တော့ ဧကရာဇ်ရှီးဟယ်နှင့် စကားခဏမျှ သွားရောက်ပြောဆိုရမည်ဖြစ်လေရာ ပြဿနာများစွာ မရှိနိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူကတော့ ဧကရာဇ်ရှီးဟယ်ကို သတိထားနေဆဲ ဖြစ်သည်။

တာအိုအင်မော်တယ်ဖြစ်လာပြီးနောက် မည်သည့်အရာကိုမှ ကြောက်စရာမလိုတော့သော်လည်း သတိတော့ထားရပေမည်။ သတိမထားပါက မလိုလားအပ်သည့် ဒုက္ခများ ရောက်ရှိလာနိုင်လေရာ စိတ်အေးအေးထားကာ နိုးနိုးကြားကြား ရှိသင့်သည်။

ခဏကြာပြီးနောက်…

ကျန်းလန် ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲတွင် ပေါ်လာသည်။ သူက သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အပြည့်အဝထုတ်ဖော်ပြီး ဧကရာဇ်ရှီးဟယ်ကို စောင့်နေသည်။

အတန်ကြာစောင့်နေပြီးနောက် ခွန်လွန်တောင်မှ သူ့ကို စူးစူးစိုက်စိုက်ကြည့်နေသည့် အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။ ထိုသူက ဧကရာဇ်ရှီးဟယ်ပင် ဖြစ်၏။

ထို့နောက် ကျန်းလန်ရှေ့သို့ ပုံရိပ်တစ်ခု ရောက်ရှိလာသည်။ အရင်ကလို ရောင်ဝါတစ်ခုမျှသာမဟုတ်ဘဲ မှုံဝါးသည့် ပုံရိပ်စတ်ခု ဖြစ်သည်။

ဧကရာဇ်ရှီးဟယ်က ရယ်မောလိုက်ရင်း…

“ဟက်… မင်းက ဒီအဆင့်ရောက်နေတာတောင် မင်းဘယ်သူလဲဆိုတာ မပြချင်သေးဘူးလား”

သိပ်ပြီး မအံ့သြမိသော်လည်း နားမလည်နိုင် ဖြစ်ရသည်။

လက်သီးနတ်ဘုရား၏ တန်ခိုးစွမ်းအားက တာအိုအင်မော်တယ်အဆင့် ၊ အထွတ်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုသို့သော်လူတစ်ယောက်က ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် လူသိမခံသည်မှာ မဖြစ်သင့်သည့်ကိစ္စပင်။ သူ၏ အသွင်အပြင်ကို ပြသခြင်းအားဖြင့် မည်သည့်အန္တရယ်မှ ရှိမည် မဟုတ်ပေ။

မည်သည့်အလုပ်ကိုလုပ်ပါစေ သူ့မျက်နှာကို ဖုံးကွယ်ထားစရာ မလိုပေ။ သို့သော် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကတော့ အခုချိန်ထိ ဖုံးကွယ်ထားဆဲ ဖြစ်သည်။

ကျန်းလန်က…

“အကြီးအကဲ ၊ ဘာဆက်လုပ်ဖို့ အစီအစဉ်များ ရှိပါသလဲ”

ကျန်းလန်က သူ့အကြောင်း ဘာမှမပြောဘဲ မေးစရာရှိသည့် မေးခွန်းကိုသာ မေးခဲ့သည်။ သူ ဒုက္ခမရောက်စေရန် တတ်နိုင်သမျှ လျှို့ဝှက်ဖုံးကွယ် နေထိုင်ရမည် ဖြစ်သည်။

နဝမတောင်ထွတ်တွင် တိတ်တဆိတ်နေထိုင်ရင်း တောင်သခင်နေရာကို မရခင် ဆရာဖြစ်သူအတွက် ဇနီးမယာားတစ်ယောက် ရှာပေးရမည် ဖြစ်သည်။ နောက်မှ သူမည်သူဖြစ်ကြောင်း အခြားသူများကို အသိပေးရမည်။ ဤအစီအစဉ်က ကောင်းမွန်သည့် အစီအစဉ်တစ်ခုပင်။

သို့ပေသိ သူ့တွင် ဖြည်းဆည်းပေးရမည့် တာဝန်အချို့လည်း ရှိနေသေးသည်။ ဥပမာ - အမှောင်ထုနောက်ကွယ်တွင် ပုန်းအောင်းနေသည့်အရာနှင့် ရင်ဆိုင်ရန် ဖြစ်သည်။

အချိန်တန်သည့်အခါ ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ဘာဖြစ်လာမည်ကို ကျန်းလန် မသိရှိနိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူက အကောင်းဆုံးကြိုးစားသွားမည် ဖြစ်၏။

“နောက်နှစ်ရက်လောက်ကျရင် အလယ်ပိုင်းနန်းတော်ကို သိမ်းပိုက်ဖို့အတွက် တိုက်ပွဲစတင်ရတော့မယ် ၊ အဲဒါ မင်းရဲ့အကူအညီလိုအပ်တယ်”

ဧကရာဇ်ရှီးဟယ်က ဖုံးကွယ်မထားဘဲ အကူအညီလိုအပ်ကြောင်း တိုက်ရိုက်ပင်ပြောသည်။

ကျန်းလန်က…

“ကျွန်တော်က ဘာကူညီပေးရမှာလဲ”

ဤသည်က အစကတည်းက သူတို့ သဘောတူထားသည့်ကိစ္စဖြစ်ပြီး ဧကရာဇ်ရှီးဟယ်က အလယ်ပိုင်းနန်းတော်သို့ သိမ်းပိုက်သည့်အခါ ကျန်းလန်က အနောက်နန်းတော်ကို ရရှိမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် အနိမ့်ပိုင်းနန်းတော်မှ ထွက်ခွာပြီး တစ္ဆေတိုင်းပြည်နှင့် ဆက်စပ်နေသည့် ကံကြမ္မာကို ဖြတ်တောက်ရမည် ဖြစ်သည်။

ဤသို့ပြုလုပ်ခြင်းက သူ့အနာဂတ်ကို ပိုပြီးရှင်းလင်းသွားစေမည် ဖြစ်သည်။

ဧကရာဇ်ရှီးဟယ်က ကျန်းလန်ကို ကြည့်လိုက်ရင်း…

“မင်းက ကျုပ်ကို တွန်းပို့ပေးရမယ်”

သူက ဆက်ပြောသည်။

“အဲဒီအချိန်ကျရင် တံတားတစ်စင်းဆောက်လုပ်မယ် ၊ အနောက်နန်းတော်ကနေ အလယ်ပိုင်းနန်းတော်ကို လမ်းလျှောက်သွားတဲ့အခါ ကျုပ်ကို တွန်းပို့ပေးဖို့ လူတစ်ယောက်လိုတယ် ၊ အဲဒါက လွယ်တယ်လို့ ထင်ရပေမယ့် ခက်ခဲလွန်းတယ် ၊ ဖိအားတွေကိုလည်း ခံနိုင်ရည်ရှိဖို့ လိုအပ်တယ် ၊ မဟုတ်ရင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်တယ် ၊ တကယ်တော့ အဲဒီလို တွန်းပို့ပေးဖို့ တာ့လော်အင်မော်တယ်အဆင့်ဆိုရင်တောင် လုံလောက်ပါတယ် ၊ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်မားနေပြီဆိုတော့ သေချာပေါက် လုပ်နိုင်မှာပါ ၊ မင်းက တကယ်ထူးခြားတဲ့သူတစ်ယောက်ပဲ ၊ နတ်ဘုရားရာထူးကလည်း မင်းကို ကန့်သတ်ချုပ်ချယ်မထားနိုင်ဘူး ၊ ဒါပေမဲ့ အဲဒါကြောင့်ပဲ အန္တရယ်က မင်းအနားကို ချဉ်းကပ်လာနိုင်သလို ဖိအားတွေလည်း ခံစားရလိမ့်မယ် ၊ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့လိုတယ်”

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ…”

ဧကရာဇ်ရှီးဟယ် အလယ်ပိုင်းနန်းတော်သို့ သွားရောက်ရန်အတွက် တွန်းပို့ပေးခြင်းသည် တကယ်တော့ အန္တရယ်များသည့်အလုပ်ဖြစ်သည်။ ထို့ကြောင့် ဘာမှမဖြစ်သည့်တိုင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရန် လိုအပ်သည်။

ဧကရာဇ်ရှီးဟယ်က…

“ကျုပ် အောင်မြင်သွားရင် အဲဒီတံတားကို မင်းဆီပို့ပေးမယ် ၊ အဲဒီတံတားကနေတစ်ဆင့် အနိမ့်ပိုင်းနန်းတော်ကနေ မင်း ထွက်ခွာရမယ် ၊ တစ်ချိန်တည်းမှာပဲ မင်းရဲ့ နတ်ဘုရားရာထူးကို အနိမ့်ပိုင်းနန်းတော်မှာ ထားခဲ့ရမယ် ၊ အဲဒီအတွက် မင်းကိုယ်တိုင် ပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်တယ်”

ဧကရာဇ်ရှီးဟယ်က ကျန်းလန်ကို ပန်းချီကားလိပ်တစ်ခု ပေးလိုက်သည်။

“ဒါက အစီအရင်တစ်ခုရဲ့ ပုံကြမ်းပဲ ၊ မင်း အဲဒီအစီအရင်ကို အနိမ့်ပိုင်းနန်းတော်မှာ ရေးထွင်းရမယ် ၊ တံတားက မင်းဆီရောက်လာတဲ့အခါ အစီအရင်ကို အသက်သွင်းရမယ် ၊ အစီအရင်ပွင့်သွားတာနဲ့ မင်းဆီက နတ်ဘုရားရာထူးက လွတ်ထွက်သွားလိမ့်မယ် ၊ အဲဒီအချိန်မှာ တံတားကိုဖြတ်ကူးပြီး အနောက်နန်းတော်ကို သွားပါ ၊ အနောက်နန်းတော်မှာ ကျုပ်လည်း အစီအရင်တစ်ခု လုပ်ထားခဲ့တယ် ၊ အဲဒီအစီအရင်ထဲမှာ မင်း မတ်တတ်ရပ်နေမယ်ဆိုရင် အနောက်နန်းတော်က ကျုပ်ချန်ထားခဲ့တဲ့ နတ်ဘုရားရာထူးက မင်းဆီကို ဆင်းသက်လာလိမ့်မယ်”

“နတ်ဘုရားရာထူး မင်းဆီကို ဆင်းသက်လာတာနဲ့ အနောက်နန်းတော်ထဲကို ဝင်ဖို့ မမေ့ပါနဲ့ ၊ အထဲက လူကိုတွေ့ရရင် မင်းအနေနဲ့ အကျိုးအမြတ်အများကြီး ရနိုင်တယ် ၊ အဲဒီအချိန်ကျ မင်းလိုချင်တာတွေလည်း ရနိုင်သလို မင်းသိချင်တာတွေလည်း သိလာလိ့်မယ် ၊ ဒါပေမဲ့ လက်ခံမလား လက်မခံဘူးလားဆိုတာကတော့ မင်းကိုယ်တိုင်အပေါ် မူတည်တယ်”

“မင်း ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ထဲကို ဝင်ခဲ့ဖူးတယ်ဆိုရင် ကျုပ်ပြောတာတွေကိုနားလည်ပါလိမ့်မယ် ၊ ရှေးဟောင်းအနောက်နန်းတော်က အနိမ့်ပိုင်းနန်းတော်ထက် ပိုပြီးထူးခြားတယ်”

ကျန်းလန်က ပန်းချီကားလိပ်လေးကို ယူလိုက်ရင်း…

“ကျွန်တော်နားလည်ပါပြီ”

ဘာကိုရင်ဆိုင်ကြုံတွေ့ရမည်ကို ကျန်းလန် နားလည်သည်။ အနိမ့်ပိုင်းနန်းတော်သို့ ဝင်ရောက်စဉ်က စစ်သူကြီးချင်းစန်းနှင့် တွေ့ဆုံခဲ့ရသလို အနိမ့်ပိုင်းနန်းတော်ရှိ လူပေါင်းများစွာထံမှ ကောင်းချီးလက်ဆောင်များလည်း ရရှိခဲ့သည်။ ထို့အတူ တာဝန်များစွာကိုလည်း လက်ခံခဲ့ရသည်။

ရှေးဟောင်းအနောက်နန်းတော်သည်လည်း အလားတူပင် ဖြစ်ပေလိမ့်မည်။ သို့သော် အနောက်နန်းတော်က ခွန်လွန်တောင်မှလူများအတွက် ထူးခြားချက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းအနောက်နန်းတော်တွင် စောင့်နေသူသည် ခွန်လွန်တောင်မှ ဘိုးဘေး “ကု” ဖြစ်လေသည်။

ဧကရာဇ်ရှီးဟယ်သည်လည်း ထိုအကြောင်းကို သိရှိသည့်တိုင် နန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း မရှိပေ။ မဝင်ရောက်ရသည့်အကြောင်းရင်းကိုတော့ ကျန်းလန် မသိရှိပေ။

နတ်ဘုရားရာထူးအသစ်ရရှိသည်နှင့် နန်းတော်ထဲသို့ ဝင်ရောက်သင့်သည်ဟု ဧကရာဇ်ရှီးဟယ်က သူ့ကို သတိပေးခဲ့သည်။

သူက ဧကရာဇ်ရှီးဟယ်နှင့် စကားပြောနေစဉ်မှာပင် အစီအရင်ရေးသားထားသည့် ပန်းချီကားချပ်ကို တစ်ချက်ကြည့်လိုက်သည်။ ရှုတ်ထွေးသည့်အစီအရင်တစ်ခု ဖြစ်သော်လည်း အမှန်တကယ်ပင် သဲလွန်စမကျန် လွတ်မြောက်စေနိုင်သည့်အ အစီအရင်တစ်ခု ဖြစ်သည်။

သို့သော် သူ တောင်ပေါ်ပြန်ရောက်သည်နှင့် ထပ်မံလေ့လာရန် လိုအပ်လေသည်။

***

All Chapters