← Chapters

အခန်း (၄၀၁-၄၀၅)

Vol. 17 Ch. 401-405

အခန်း (၄၀၁-၄၀၅)

Vol. 17 Ch. 401-405

အပိုင်း (၄၀၁) လေးယောက်မြောက် သခင်ကြီးက ဥာဏ်ပညာ ကြီးမားတာပဲ

သူထွက်သွားပြီးနောက်ပိုင်း ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို အစေခံက ရန်ကိုင်အား မြန်မြန်ဆန်ဆန်ပဲ ရှင်းပြလိုက်တယ်။ အစေခံ ရှင်းပြတာကို နားထောင်ပြီး သူ့ဘာသာ အနည်းငယ် ဆက်စပ် တွေးတော ကြည့်လိုက်ပြီးနောက် ဘာတွေ ဖြစ်ပျက်သွားခဲ့လဲ ဆိုတာကို အကြမ်းဖျင်းတော့ သူနားလည်သွားခဲ့ပါပြီ။

ထမင်းစားခန်း တံခါးဆီ လမ်းလျှောက်သွားနေရင်း ကောင်းကင် စိတ်အာရုံကို သုံးပြီး အထဲက အခြေအနေကို တစ်ချက် စစ်ဆေး ကြည့်လိုက်တယ်။ သူ့မိဘနှစ်ပါးစလုံးရဲ့ အစစ်အမှန်ချီတွေက အကြမ်းပတမ်း လှည်ပတ်နေခဲ့တာကို ရန်ကိုင် တွေ့ရှိလိုက်တယ်။

ဒါပေမယ့် ထိုလင်မယား နှစ်ယောက် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေက အနည်းငယ် ကွဲပြားပါတယ်။

ဒေါင်စုကျု နောက်တစ်ဆင့်ကို ချိုးဖျက်ပြီးသွားပါပြီ။ ဒါပေမယ့် သူမဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါက မတည်ငြိမ်သေးပါဘူး။ သူမကိုယ်ထဲက စွမ်းအင်တွေကို စုပ်ယူလို့ မကုန်သေးတဲ့ ပုံပါပဲ။ သူမသာ ထိုစွမ်းအင်တွေကို စုပ်ယူလို့ ပြီးသွားခဲ့ရင် သူမရဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈လည်း တည်ငြိမ်သွားပါလိမ့်မယ်။

ရန်ရင်ဖုန်းကတော့ ပြဿနာအချို့နဲ့ ကြုံတွေ့နေခဲ့ရပါတယ်။ သူက နောက်တစ်ဆင့်ကို ချိုးဖျက်ပြီးသွားပါပြီ။ ဒါပေမယ့် အခု သူဆီကနေ နောက်တစ်ကြိမ် အဆင့်ချိုးဖျက်တော့မယ့် အရိပ်အယောင်တို့ ထွက်ပေါ်နေခဲ့ပါတယ်။

ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က သော့ခတ်ပိတ်ထားတဲ့ တံခါးအစဉ်လိုက်ကြီးနဲ့ တူပါတယ်။ အဆင့်တစ်ဆင့် ချိုးဖျက်သွားတိုင်း သောခလောက်တစ်ခုကို ပွင့်သွားစေပါတယ်။ လိုအပ်သော စွမ်းအင်ပမာဏနဲ့ ဥာဏ်အလင်းတွေကို စုဆောင်းပြီးနောက် ကျင့်ကြံသူတစ်ယောက်ဟာ ထိုသော့ခလောက် တွေထဲက တစ်ခုကို ဖွင့်လှစ်နိုင်ပါလိမ့်မယ်။

ဒါပေမယ့် ဆေးပေါင်းရည်ထဲမှာ ပါဝင်နေတဲ့ စွမ်းအင်တွေက ရန်ရင်ဖုန်းကို အဆင့်တစ်ခုသို့ တစ်ခဏအတွင်း ချိုးဖျက်သွားစေနိုင်ရုံ မကလို့ နောက်တစ်ဆင့်ကိုပါ ထပ်ပြီး ချိုးဖျက်သွားစေဖို့ အရိပ်အယောင်တွေ ပြနေပါတယ်။

ဒါက သတင်းကောင်းတစ်ခုပေမယ့် သတင်းတစ်ခုလည်း ဟုတ်ပါတယ်။

ရန်ကိုင်လည်း အဆင့်နှစ်ဆင့်သုံးဆင့်ကို တစ်ခါတည်း ချိုးဖျက်ဖူးပါတယ်။ ဒါပေမယ့် ထိုအချိန်းတုန်းက သူ့ကျင့်ကြံခြင်း အဆင့်က တော်တော်လေး နိမ့်ပါတယ်။ ထို့ကြောင့် သူ့အနေနဲ့ အဆင့်တက်နေချိန်အတွင်း ဒုက္ခရောက်နိုင်ချေ နည်းပါတယ်။

ရန်ရင်ဖုန်းကတော့ မတူတော့ပါဘူး။ သူ့မှာ အဆင့်မတက်နိုင်တဲ့ ဒဏ်ရာတစ်ခု ရှိနေပေမယ့် သူက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ ကျင့်ကြံသူ တစ်ယောက် ဖြစ်နေတုန်းပါပဲ။ ဆေးပေါင်းရည်ကြောင့် နောက်တစ်ဆင့်ကို တစ်ခဏအတွင်းမှာပဲ သူချိုးဖျက်ဝင်ရောက် သွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကျင့်ကြံခြင်း အဆင့်ကို တည်ငြိမ်အောင် မလုပ်ဆောင် ရသေးခင်မှာပဲ ဆေးပေါင်းရည်ထဲ ပါဝင်နေတဲ့ စွမ်းအင်တွေက သူ့ကို နောက်တစ်ဆင့် ထပ်ချိုးဖျက်အောင် အတင်းတွန်းအား ပေးနေခဲ့ပါတယ်။

သူ့ခန္ဓာကိုယ်ရဲ့ အခြေခံအုတ်မြစ်နဲ့ သိုင်းတာအိုအပေါ် နားလည်မှုသာ မလုံလောက်ခဲ့ရင် အခုအချိန်၌ နောက်တစ်ဆင့်ကို သူထပ်ချိုး ဖျက်နိုင်လိမ့်မှာ မဟုတ်ပါဘူး။ အဲ့လို မချိုးဖျက်နိုင်တဲ့အခါကျ သူ့ကိုယ်ထဲ ပိုလျှံနေတဲ့ စွမ်းအင်တွေက ထွက်ပေါက်ပိတ်သလို ဖြစ်ပြီး သူ့ကိုယ်ထဲမှာ ပေါက်ကွဲသွားပါလိမ့်မယ်။

ဒါပေမယ့် နှစ်ပေါင်းများစွာကြာအောင် စုဆောင်းလာခဲ့တာတွေသာ လုံလောက်ခဲ့မယ် ဆိုရင်တောင် ထိုကပ်ဘေးကို အခွင့်အရေး တစ်ခုအဖြစ် သူပြောင်းလဲပစ်နိုင်ပါလိမ့်မယ်။

အားလုံးက ရန်ရင်ဖုန်းရဲ့ သိုင်းတာအိုအပေါ် နားလည်နိုင်မှုအပေါ် မူတည်နေပါတယ်။

ထိုအချက်တွေကို စဉ်းစားမိလိုက်တာနဲ့ ရန်ကိုင်က ကောင်းကင် စိတ်အာရုံနဲ့ သူ့မိဘနှစ်ပါးကို သေချာ စစ်ဆေးကြည့်လိုက်တယ်။ တစ်ခဏကြာပြီးနောက် တုန်လှုပ်ခြောက်ခြားရိပ်တို့ သန်းနေတဲ့ သူ့မျက်နှာအမူအရာ ပြေလျော့သွားခဲ့ပြီး သူ့လက်ကို ဝှေ့ရမ်းလိုက်ကာ အနားမှာ ရှိနေတဲ့ အစေခံကို ပြောလိုက်တယ် “အားလုံး အဆင်ပြေတယ်။ ဒီက အခြေအနေတွေကို ကျုပ်စောင့်ကြည့်နေလိုက်မယ်။ ခင်ဗျား ပြန်သွားတော့။ ဒီရက်အတောအတွင်း တစ်ယောက်ယောက် လာခဲ့ရင် အဖေ ဒဏ်ရာဟောင်း ပြန်ထလို့ ကုသနေတယ်လို့သာ ပြောလိုက်”

“ဟုတ်ကဲ့ပါ၊ သခင်လေး” အစေခံအိုကြီးက ဦးညွှတ်လိုက်ပြီး ပြန်ထွက်သွားခဲ့တယ်။

ထမင်းစားခန်း တစ်ဝိုက်၌ ကောင်းကင်စိတ်အာရံ အကာအရံ တစ်ခုကို ဖန်တီးလိုက်ပြီး အပြင်ဘက်ကနေ အသံဗလံတွေနဲ့ ချီစွမ်းအင်လှိုင်းတွေကြား စည်းခြားပစ်လိုက်တယ်။

ထို့ကြောင့် ဒီမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို အပြင်မှာ ရှိနေတဲ့ ဘယ်သူမှ သတိပြုမိတော့မှာ မဟုတ်ပါဘူး။

ထိုကဲ့သို့ အကာအရံ တစ်ခု ဖန်တီးပြီးတာနဲ့ ရန်ကိုင်က အပြင်ကနေပြီး မတ်တပ်ရပ်ကာ ငြိမ်သက်စွာနဲ့ စောင့်ဆိုင်း နေလိုက်တယ်။

သူ့မျက်နှာထက်က စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်တို့က နေလာနှင်းပျောက်သလို ပျောက်ကွယ်သွားခဲ့ပါပြီ။ နှစ်ပေါင်းများစွာကြာအောင် အဆင့်မတက် ထားမှတော့ သူ့အဖေရဲ့ သိုင်းတာအိုအပေါ် နားလည်မှုက တော်တော်လေး မြင့်မားနေလောက်ပါပြီ။

ထိုအဖြစ်အပျက် ကြောင့်သာ မဟုတ်ရင် ရန်မိသားစု လေးယောက်မြောက် သခင်ကြီးရဲ့ ကျင့်ကြံခြင်းက အခုလောက်အထိ နိမ့်ကျနေခဲ့မှာ မဟုတ်ပါဘူး။ သူအဆင့်ချိုးဖျက်နှုန်းက နှေးကွေးပေမယ့် သူစုဆောင်းထားတဲ့ သိုင်းတာအိုနဲ့ ပက်သက်တဲ့ ဥာဏ်အလင်းတွေကတော့ အဆင့်တူ မျိုုးဆက်တွေအောက် မနိမ့်ကျပါဘူး။

ထို့အပြင် ရန်မိသားစု လေးယောက်မြောက် သခင်ကြီးရဲ့ ကျင့်ကြံခြင်း ပါရမီက တော်တော်လေး ကောင်းမွန်ပါတယ်။ နှစ်ပေါင်းများစွာ အဆင့်မတက် နိုင်ဖြစ်ခဲ့ပြီးတဲ့နောက် အဆင့်နှစ်ဆင့်ကို တစ်ပြိုင်တည်း ချိုးဖျက်တာက သူ့အတွက်တော့ အရမ်းကြီးပြဿနာရှိမှာ မဟုတ်ပါဘူး။

သူ့ကို စိတ်ရှုပ်စေတာက ဆေးပေါင်းရည်လေး သောက်လိုက်ရုံနဲ့ သူ့မိဘနှစ်ပါးစလုံး ဘာလို့ အခုလို ဖြစ်သွားရတလဲ ဆိုတာပါ။

နေ့တစ်ဝက်ကြာပြီးနောက် ဒေါင်စုကျုရဲ့ အရှိန်အဝါ တည်ငြိမ်သွားခဲ့တယ်။ သူမကိုယ်ထဲမှာ ရှိနေတဲ့ ဆေးပေါင်းရည်ရဲ့ စွမ်းအင်တွေ အားလုံးကို သူမသန့်စင်လို့ ပြီးသွားခဲ့ပါပြီ။

ရန်ရင်ဖုန်းရဲ့ အရှိန်အဝါကတော့ အဆုံးမရှိတဲ့ ရေစီးကြောင်း တစ်ခုအလား အလျင်မပြတ် စီးဆင်းနေပါသေးတယ်။

နောက်ထပ် နေ့တစ်ဝက် ကြာသွားပြီးနောက် ရန်မိသားစု လေးယောက်မြောက် သခင်ကြီးရဲ့ အရှိန်အဝါက တစ်ချက် တည်ငြိမ်သွားခဲ့ပြီး ဒုံးပျံတစ်စင်းလို တစ်ဟုန်ထိုး တက်သွားခဲ့တယ်။ အားလုံးကို ဖိနှိပ်နိုင်စွမ်းရှိတဲ့ အရှိန်အဝါတစ်ခု သူ့ဆီကနေ ပျံ့နှံ့လာခဲ့ပြီး မိုးမြေစွမ်းအင်တွေ ကစဉ့်ကလျား ဖြစ်သွားခဲ့တယ်။

ရန်ကိုင်က ပါးစပ် နားရွက်တက်ချိတ်တော့မတတ် ပြုံးလိုက်ပြီး ဒေါင်စုကျုကတော့ စိတ်လှုပ်ရှားတကြီးနဲ့ အော်ဟစ်လိုက်တယ်။

သူမလေသံထဲ ဖုံးဖမရနိုင်တဲ့ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုတို့ ပါဝင်နေခဲ့တယ်။

ခဏအကြာမှာတော့ လှိုင်းလုံးသဖွယ် တစ်ဟုန်ထိုး မြင့်တက်လာခဲ့တဲ့ စွမ်းအင်တွေ တစ်ဖန်ပြန်လည် ငြိမ်ကျသွားခဲ့ပြီး သူ့ဘေးပတ်ဝန်ကျင်းက လေထုကလည်း တစ်ဖန်ပြန်လည် တည်ငြိမ်လို့ သွားခဲ့တယ်။

“ဝင်လာခဲ့တော့” ရန်ရင်ဖုန်းက အော်ပြောလိုက်တယ်။ ရန်ကိုင်က သူ့နှာခေါင်းကို အသာအယာလေး ပွတ်လိုက်ပြီး ထမင်းစားခန်းထဲ ဖြေးဖြေးချင်း လမ်းလျှောက် ဝင်သွားလိုက်တယ်။

လေးယောက်မြောက် သခင်ကြီးရဲ့ လေသံက လေးနက်တည်ကြည် နေခဲ့ပါတယ်။ အခုဖြစ်ပျက်သွားတာ တွေနဲ့ပက်သက်ပြီး မေးခွန်းထုတ်ခံ ရတော့မယ် ဆိုတာကို ရန်ကိုင် ကြိုသိနေခဲ့ပါတယ်။ ဆေးပေါင်းရည်ရဲ့ အစွမ်းက အရမ်း အံ့အားသင့်စရာ ကောင်းနေခဲ့တာကို သူ့မိဘတွေက သံသယမဝင်ပဲ ဘယ်နေပါ့မလဲ။

ခန်းမထဲ ရောက်တာနဲ့ ရန်ကိုင်က ပြုံးလိုက်ပြီး ဘေးနားက အပျက်အစီးပုံကြီးတစ်ဝိုက် ဟိုကြည့်ဒီကြည့် လုပ်နေခဲ့တယ်။

ဒေါင်စုကျုက ရန်ကိုင်ကို မေးခွန်းထုတ်သလို ကြည့်လိုက်တယ်။ သူမကြည့်ရတာ စိတ်ဆင်းရဲနေတဲ့ ပုံပါပဲ။ နှုတ်ခမ်းလေးကို ကိုက်ရင်း မေးချင်းတဲ့စိတ်ကို မနည်း အောင့်အည်းထားရတဲ့ ပုံစံပါ။

ရန်ရင်ဖုန်းက မျက်မှောင်ကြုံ့လိုက်ပြီး တိတ်ဆိတ်မှုကို အရင်စဖြိုခွဲလိုက်တယ် “ကိုင်အာ၊ ငါ့ကို ရိုးရိုးသားသားပြော၊ မင်းပေးခဲ့တဲ့ ဆေးရည်ရဲ့ တကယ့်အစစ်အမှန်က ဘာလဲ”

ရန်ကိုင်က ပြန်မပြောရသေးခင်မှာပဲ လေးယောက်မြောက် သခင်ကြီးက ထပ်ပြောလိုက်တယ် “မင်းဖော်စပ်ခဲ့တဲ့ ဆေးရည် ဆိုပြီးတော့ တော့ ငါ့ကို လာမပြောနဲ့။ မင်းတောင်းဆိုခဲ့တဲ့ ဆေးပင် အဆင့်တွေကို ငါသေသေချာချာ သိထားတယ်။ အဲ့ဆေးပင်တွေ လောက်နဲ့ ဒီလောက်အထိ အံ့ဩဖွယ်ကောင်းတဲ့ ရတနာတစ်ခုကို ဖန်တီးနိုင်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး”

“လေးယောက်မြောက် သခင်ကြီးက ဥာဏ်ပညာ ကြီးမားတာပဲ” ရန်ကိုင် မျက်နှာထက် နောင်တရသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ အဲ့အစား သူ့အဖေ စကားပြောပြီးတာနဲ့ ရန်ကိုင်က မြှောက်ပင့်စကားအချို့ ချက်ချင်းပဲ ပြောလိုက်တယ်။

ဒေါင်စုကျုမှာ ရယ်ချင်စိတ်ကို မနည်း အောင့်အည်း ထားရတယ်။ ရန်ရင်ဖုန်းကတော့ သူ့ရှေ့မှာ ရှိနေတဲ့ သူ့သားကို ချက်ချင်း ထရိုက်ပစ်ချင်လာခဲ့တယ်။ ဒါ့ပေမယ့် သူ့အမူအရာကတော့ နည်းနည်းလေးတောင် ဟန်မပြက် သွားခဲ့ပါဘူး။ အဲ့အစား ရန်ကိုင်ကိုသာ သေသေချာချာ စိုက်ကြည့်နေခဲ့တယ်။ သူ့အကြည့် ငါဒီကိစ္စကို အလွယ်တကူ လွှတ်ပေးလိုက်မှာ မဟုတ်ဘူးလို့ ပြောနေသယောင်ယောင်။

“အဲ့ဒါကို ဆေးပေါင်းရည်လို့ ခေါ်တယ်။ ဆေးပေါင်းရည်က ဆေးလုံးသန်းပေါင်းများစွာရဲ့ အဆီအနှစ်တွေကို စိတ်ဝိဥာဉ် အစီအရင် တစ်ခုနဲ့ နှစ်ထောင်ပေါင်းများစွာ ကြာအောင် သန့်စင်ပြီးတော့မှ ရလာခဲ့တာ” ရန်ကိုင်က ကျင့်ကြံခြင်း လောကတစ်ခုလုံးကို အံ့အားသင့်သွား စေလောက်သည့် စကားအချို့ကို သာမန်ကာလျှံကာပဲ ပြောလိုက်တယ်။

လင်မယားနှစ်ယောက်စလုံး သက်ပြင်းရှိုက်လိုက်ကြပြီး ရန်ကိုင်ကို ထိတ်လန့်တကြား ငေးစိုက်ကြည့်နေခဲ့တယ်။

ဆေးလုံးသန်းပေါင်းမားစွာ၊ နှစ်ထောင်ပေါင်းများစွာ…

ထိုစကားတွေကို ကြားကြားချင်း သူတို့သားက မဟုတ်တရုတ် ပုံပြင်တစ်ခုကို လုပ်ကြံပြောနေတယ်လို့ ထင်လိုက်တာပါ။

ဒါပေမယ့် ရန်ကိုင်ရဲ့ အမူအရာကို မြင်တော့ သူညာပြောနေတာ မဟုတ်မှန်း သူတို့ နှစ်ယောက်စလုံး နားလည်လိုက်ကြတယ်။

ဆေးစွမ်းအားက ဒီလောက် အံ့မခန်းဖြစ်နေတာလည်း မထူးဆန်းတော့ပါဘူးလေ

ဆေးသန်းပေါင်းများစွာရဲ့ အဆီအနှစ်တွေကို နှစ်ပေါင်းများစွာ ကြာအောင် သန့်စင်လာခဲ့ပြီးမှ ရလာတဲ့ ဆေးရည်ရဲ့ အစွမ်းနဲ့ အဆင့်က ဒီကျင့်ကြံခြင်းလောကကြီးက သတ်မှတ်ထားတဲ့ အဆင့်ကို ကျော်လွန်နေခဲ့ပါတယ်။ ရန်ကိုင် ထိုဆေးရည်တွေကို ရလာခဲ့တဲ့ သူ့အတွက် တကယ့်ကို အခွင့်အရေးကောင်းကြီး တစ်ခုပါပဲ။

ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ လင်နဲ့မယား နှစ်ယောက်စလုံး အနည်းငယ် စိတ်ဓါတ်ကျချင်သလို ဖြစ်သွားခဲ့တယ်။ ဆေးပေါင်းရည်ရဲ့ တန်ဖိုးကြောင့် သူ့တို့ စိတ်တွေ ဂယောက်ဂယက် ဖြစ်သွားခဲ့မှာ မဟုတ်ပါဘူး။ အဲ့အစား ထိုအစွမ်းထက်လွန်းတဲ့ ဆေးအရည်ကို ရဖို့အတွက် သူတို့သား ကြုံတွေ့ခဲ့ရမယ့် အခက်အခဲတွေကို စဉ်းစားမိပြီး စိတ်ဓါတ်ကျသွားခဲ့တာပါ။

“ဒါက အရမ်းအရမ်းကို အဖိုးတန်တယ်မလား” ရန်ရင်ဖုန်းက ရန်ကိုင်ကို လေးလေးနက်နက် စိုက်ကြည့်ပြီး မေးလိုက်တယ်။ ဒီဆေးရည်တွေကို သူဘယ်က ရလာလဲ ဆိုတာကိုတော့ မမေးခဲ့ပါဘူး။

“ကျွန်တော့်မှာ အများကြီး ရှိသေးတယ်” ရန်ကိုင်က သူ့အဖေကို နှစ်သိမ့်ပေးလိုက်တယ်။ သူ့စိတ်ထဲက သိချင်စိတ်ကို မဖိနှိပ်နိုင်တော့တာနဲ့ ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်တယ် “အဖေနဲ့ အမေတို့ ဘယ်လောက်တောင် သောက်လိုက်တာလဲ”

ထိုမေးခွန်းကို ကြားလိုက်တာနဲ့ ရန်ရင်ဖုန်း မျက်နှာကြီး ရှုံ့မဲ့လို့သွားက ဒေါင်စုကျုကတော့ ရှက်ကိုးရှက်ကန်း အမူအရာလေးနဲ့ ချက်ချင်းပဲ အကြည့်လွှဲပစ်လိုက်တယ်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးတော့မှပဲ ဒေါင်စုကျုက ရန်ကိုင် မေးခွန်းကို ပြန်ဖြေလိုက်တယ် “ငါက ခွက်တစ်ဝက် သောက်ခဲ့တယ်၊ နင့်အဖေကတော့ … ခွက်အပြည့် သောက်ခဲ့တယ်”

ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်လည်း ဝါးလုံးကွဲ အော်ဟစ် ရယ်မောပါတော့တယ်။ သူ့မိဘနှစ်ပါးစလုံး ဒီလောက်အထိ ရဲတင်းကြလိမ့်မယ်လို့ သူတကယ်ကို မထင်ထားခဲ့ပါဘူး။

သူ့ကိုလည်း နည်းနည်း အပြစ်တင်ရပါမယ်။ ဘာလို့လဲ ဆိုတော့ သူက ဆေးရည်ကို တစ်နေ့တစ်စက်သာ သောက်ဖို့ ပြောသွားခဲ့ပြီး ဆေးရည်အကြောင်း ဂဂနန မရှင်းပြခဲ့လို့ပါပဲ။ သူ့မိဘတွေက ထိုဆေးရည်ကို ကောင်းကင်အဆင့် ဆေးအမယ်များစွာ သုံးပြီး ဖော်စပ်ထားတယ်လို့ပဲ သိထားတာပါ။ ထို့ကြောင့် ဆေးရည်က ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ သူတို့ မထင်ထားခဲ့တာပါ။

နောက်ဆုံး ရလဒ်အနေနဲ့ တစ်ယောက်က အဆင့်သေးတစ်ဆင့် ချိုးဖျက်သွားခဲ့ပြီး ကျန်တစ်ယောက်ကတော့ အဆင့်သေးနှစ်ဆင့် ချိုးဖျက်သွားခဲ့တယ်။

“အခုလောလောဆယ်လို့ အဖေ၊အမေတို့ နှစ်ယောက်စလုံး အဲ့ဆေးရည်ကို ထပ်သောက်လို့ မရသေးဘူး” ရန်ကိုင်က ရယ်ချင်စိတ်ကို အောင့်အည်းထားရင်း လေးလေးနက်နက်နဲ့ ပြောလိုက်တယ်။

သူ့မိဘနှစ်ယောက်စလုံးလည်း အလေးအနက်နဲ့ ခေါင်းညိတ်လိုက်တယ်။

ဒီတစ်ကြိမ် အဆင့်ချိုးဖျက်မှုက မမျှော်လင့်ထားသည့် လက်ဆောင် အကြီးကြီးလို့တောင် ပြောလို့ရပါတယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ကို ချိုးဖျက်သွားနိုင်တာက နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံရ သက်သာသွားတယ်လို့တောင် ပြောလို့ရပါတယ်။

ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးကတော့ ပိုပြီးတော့တောင် မြိုးမြိုးမြတ်မြတ် ရလိုက်ပါသေးတယ်။ သူ့အနေနဲ့ အဆင့်နှစ်ဆင့် ချိုးဖျက်သွားနိုင်ရုံမကလို သူ့ဒန်တန်ထဲ ခိုအောင်းနေတဲ့ အကြွင်းအကျန် နတ်ဆိုးချီတွေကလည်း စတင်ပျောက်ကွယ်စ ပြုလာခဲ့ပါပြီ။

အခွင့်အရေးကို လက်လွှတ်မခံနိုင်တာနဲ့ ရန်ရင်ဖုန်းက ချက်ချင်းပဲ တံခါးပိတ် ကျင့်စဉ်ဝင်သွားခဲ့ပါတယ်။ ပြီးတာနဲ့ ဆေးပေါင်းရည်ကို သုံးပြီး သူ့ကိုယ်ထဲ နှစ်ပေါင်းများစွာ ခိုအောင်းနေခဲ့တဲ့ နတ်ဆိုးချီတွေကို စတင်ထုတ်ပယ် ပါတော့တယ်။

ဒေါင်စုကျုလည်း သူမရဲ့ ကျင့်ကြံခြင်းအဆင့်ကို ပိုပြီး တည်ငြိမ်သွားအောင် လုပ်ဆောင်ဖို့အတွက် ချက်ချင်းပဲ တံခါးပိတ်ကျင့်စဉ် ဝင်သွားခဲ့တယ်။

ရွှေရောင်ငှက်မွှေးသိမ်းငှက်ကတော့ ရန်ကိုင်ဆီကနေ ဆေးပေါင်းရည် တစ်စက်ကို နေ့စဉ်ပုံမှန် လာတောင်းခဲ့ပါတယ်။

ငါးရက်ကြာပြီးနောက် ဒူချန်းဘိုင်က ရန်ကိုင်ဆီ သတင်းကောင်းတစ်ခုကို သယ်လာခဲ့တယ်။ ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို ဆန်းကြယ်အဆင့် သိုင်းပညာရပ်တစ်ခုနဲ့ လှဲလှယ်ဖို့ ခွင့်ပြုချက် ရခဲ့ပြီတဲ့။ ထိုကဲ့သို့ လုပ်ဖို့အတွက် သူ့အနေနဲ့ အကြီးအကဲ ခန်းမကို သွားဖို့လိုပါတယ်။

ဒါက ရန်ကိုင်အတွက် သတင်းကောင်း တစ်ခုပါ။

သူ့အတွက် ခေါင်းကိုက်စရာ ပြဿနာက ရွှေရောင်ငှက်မွှေး သိမ်းငှက်အတွက် ဘယ်ဆန်းကြယ်အဆင့် သိုင်းပညာရပ်နဲ့ လဲလှယ်ရမလဲ ဆိုတာကိုပါ။

ဒီနှစ်အတောအတွင်း သိုင်းပညာရပ် များစွာကို ရန်ကိုင် စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထိုသိုင်းပညာရပ်တွေထဲ ဆန်းကြယ်အဆင့် သိုင်းပညာရပ်ဆိုလို့ နှစ်ခုသာ ရှိနေခဲ့ပါတယ်။ တစ်ခုက ကြယ်အမှတ်အသား ဖြစ်ပြီး ကျန်တစ်ခုကတော့ ကြယ်ဓါးကိုးချောင်းဂိုဏ်းရဲ့ ဓါးတစ်သောင်းခုတ်ချက်ပါ။ ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့ အကြိမ်အများစုမှာ ရန်ကိုင်က သူ့ရဲ့ အစစ်အမှန်ချီနဲ့ အတွေ့အကြုံပေါ်မှာသာ အားကိုးခဲ့ပါတယ်။

ကျင့်ကြံသူတစ်ယောက် စတင်ကျင့်ကြံပြီ ဆိုရင် အဆင့်မြင့်တဲ့ သိုင်းပညာရပ်တစ်ခုက ထိုကျင့်ကြံသူရဲ့ တိုက်ပွဲစွမ်းရည်ကို သိသိသာသာ တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါပေမယ့် ရန်ကိုင် အဆင့်မှာတော့ ဆန်းကြယ်အဆင့် သိုင်းပညာရပ်တွေသာ သူ့ရဲ့ တိုက်ပွဲစွမ်းရည်ကို တိုးတက်အောင် လုပ်ပေးနိုင်ပါတော့တယ်။ ဆန်းကြယ်အဆင့်အောက် သိုင်းပညာရပ်တွေကတော့ သူ့ကို အရမ်းကြီး အကူအညီ မဖြစ်စေတော့ပါဘူး။

ယန်အရည်စက်ရဲ့ သိပ်သည်း သန့်စင်မှုနဲ့ ရွှေရောင်အရိုးခြောက်ထဲက နတ်ဆိုးချီစွမ်းအင်တွေနဲ့တင် သူ့ရန်သူတွေကို ရင်ဆိုင်ဖို့ လုံလောက်နေပါပြီ။

ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ ရန်ကိုင်က ကြယ်အမှတ်အသား ပညာရပ်ကိုပဲ မိသားစုဆီ ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

ပထမအချက် အနေနဲ့ ဒီဆန်းကြယ်အဆင့် သိုင်းပညာရပ်ရဲ့ ဘေးထွက်ဆိုးကျိုးက မသေးလှပါဘူး။ ထိုသိုင်းပညာရပ်ရဲ့ စွမ်းရည် အပြည့်အဝကို ထုတ်သုံးနိုင်ဖို့ဆိုရင် အချိန်အများကြီးကို ပုံအောထားဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကြယ်အမှတ်အသား ပညာရပ်ကို လေ့ကျင့်မယ်ဆိုရင်တောင် အစစ်အမှန်ချီ လုံလောက်အောင် သိုလှောင်ရတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ ရဦးမှာပါ။ တစ်ယောက်ယောက်က ကြယ်အမှတ်အသား ပညာရပ်ကို သုံးပြီး သူ့ကို တိုက်ခိုက်လာမှာကို ရန်ကိုင် အနေနဲ့ စိုးရိမ်နေစရာ မလိုပါဘူး။

ဒုတိယအချက်အနေနဲ့ ဓါးတစ်သောင်းခုတ်ချက်က ကြယ်ဓါးကိုးချောင်းဂိုဏ်းရဲ့ အမွေအနှစ်တစ်ခုပါ။ ရန်ကိုင်က ထိုဓါးတစ်သောင်းခုတ်ချက် ပညာရပ်ကို လေ့ကျင့်ထားတယ် ဆိုတာကို အခြားသူတွေ သိသွားပါ သူက ဝူချန်းရီနဲ့ ချီကျန်းရှန်တို့ရဲ့ သေဆုံးမှုနဲ့ ဆက်စပ်နေမှန်း သိသွားကြပါလိမ့်မယ်။

ကြယ်ဓါးကိုးချောင်းဂိုဏ်းရဲ့ အင်အားက မသေးလှပါဘူး။ ဖြစ်နိုင်ရင် အခုအချိန်၌ ထိုကဲ့သို့ အင်အားစုမျိုးနဲ့ ရန်ကိုင် ရန်သူ မဖွဲ့ချင်ပါဘူး။

ရန်မိသားစုထဲမှာ ဆိုရင် အကျိုးဆောင်အမှတ် လုံလုံလောက်လောက် ရှိရုံနဲ့တင် ကိုယ်လိုချင်တာကို ရနိုင်ပါတယ်။ အခြားမိသားစုတွေ မှာလိုမျိုး ထူးခြားတဲ့ ဆက်ဆံရေးတွေ ဘာတွေ ရှိစရာ မလိုပါဘူး။

ရန်မိသားစု အတွက်တော့ အားလုံးက ကိုယ့်ရဲ့ အကျိုးဆောင် အမှတ်တွေအပေါ်မှာ မူတည်နေပါတယ်။

ရန်ကိုင်က အကြီးအကဲ ခန်းမဆီသွားပြီး ကြယ်အမှတ်အသား ပညာရပ်ကို ပေးအပ်လိုက်တဲ့အခါ ဆံဖြူအကြီးအကဲ တစ်ယောက်က ရန်ကိုင်အား ကျောက်စိမ်းပြား တစ်ခုကို ပေးအပ်လာခဲ့ပြီး ဒူချန်းဘိုင်ကို ပေးပေးဖို့ ပြောခဲ့တယ်။ အဲ့နောက် ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို ရန်ကိုင်အနေနဲ့ တရားဝင် ပိုင်ဆိုင် နိုင်လာပါလိမ့်မယ်။

အခုကနေစပြီး ထိုရွှေရောင်ငှက်မွှေးသိမ်းငှက်က ရန်ကိုင် အပိုင်ဖြစ်သွားခဲ့ပါပြီ။ ရန်မိသားစု အပိုင် မဟုတ်တော့ပါဘူး။

ထိုနေ့မှာပဲ ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို သူရလိုက်တယ်။ အဲ့နောက် သိမ်းငှက်ကို ဝါးထုံးဂိုဏ်သားတွေနဲ့ ရင်နှီးနေစေဖို့ ရန်ကိုင်က ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို ဝါးထုံးဂိုဏ်းဆီ ခေါ်သွားခဲ့တယ်။ အဲ့လိုမှပဲ ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို ဆတ်သားတစ်ယောက် အဖြစ် အသုံးချနိုင်ပြီး သူလည်း အလုပ်ရှုပ်ရ သက်သာသွားမှာပါ။

သုံးရက်ကြားပြီးနောက် ရန်မိသားစု လူငယ်မျိုးဆက်ရဲ့ အကြီးဆုံး အစ်ကိုကြီး ရန်ဝေ မိသားစုဆီ ပြန်ရောက်လာခဲ့တယ်။ တစ်နေ့တည်းမှာပဲ ကျန်တဲ့ ရန်မိသားစု တိုက်ရိုက်မျိုးဆက် နှစ်ယောက်လည်း မိသားစုဆီ ပြန်ရောက်လာခဲ့တယ်။

နှစ်ရက်ကြာပြီးနောက် နောက်တစ်ယောက် ပြန်ရောက်လာခဲ့တယ်။

ဒီရက်အတောအတွင်း ဗဟိုမြို့တော်တစ်ခုလုံး သိမ်းငှက် အော်သံတို့ဖြင့် ဆူညံ့နေခဲ့တယ်။ ကျင့်ကြံခြင်း လောကတစ်ခုလုံး ရန်မိသားစု လူငယ်မျိုးဆက်တွေ အကုန်လုံး အိမ်ပြန်ရောက်လာပြီ ဆိုတာကို သိလိုက်ကြတယ်။ အားလုံး စောင့်မျှော်နေတဲ့ အမွေခံတိုက်ပွဲကြီး မကြာခင်မှာပဲ စတင်လာတော့မှာပါ။

ဗဟိုမြို့တော်ဆီ ပြန်ရောက်တာနဲ့ ရန်မိသားစု သခင်လေးတွေက မိသားစုကြီး ခုနှစ်ခုက သခင်လေး၊ သခင်မလေးတွေနဲ့ မကြာခဏ ဆက်သွယ်၊ ဆက်ဆံခဲ့ကြတယ်။ ရန်ကိုင် တစ်ယောက်သာ အမွေခံတိုက်ပွဲက သူနဲ့ဘာမှ မသက်ဆိုင်သည့်အလား ဘယ်သူ့ဆီမှ သွားလည်ပတ်ခြင်း မရှိပဲ သူ့အိမ်မှာပဲ နေနေခဲ့တယ်။

မိသားစုကြီး ခုနှစ်ခုထဲ ရေပန်းအစားဆုံးကတော့ လျူမိသားစုက လျူချင်းယောင်နဲ့ ချူမိသားစုက ချူရီမန်တို့ပါပဲ။ သူမတို့ ဖိတ်ခေါ်ခံရတဲ့ အကြိမ်အရေအတွက် ရန်မိသားစု လူငယ်မျိုးဆက်ထဲက တစ်ယောက်လျော့ အရေအတွက်နဲ့ တူညီနေခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ ထိုနှစ်ယောက်က ဘယ်ဘက်နေ ရပ်တည်မယ်ဆိုပြီး အတိအလင်း မကြေညာသေးပါဘူး။

သူ့ကို အနိုင်ယူနိုင်တဲ့ လူဘက်ပါမယ်လို့ လျူချင်းယောင်က ကြေညာထားတယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ ပညာရှင် တစ်ယောက်ရဲ့ ကြေညာချက်ကို ကြားလိုက်တာနဲ့ ရန်မိသားစု သခင်လေးတွေ အကုန်လုံး မျက်ခွံလှန်မိလိုက်ကြတယ်။

Martial Peak

အပိုင်း (၄၀၂) ဟော်မိသားစု … ဟော်ရှင်းချန် (ဟော်ပါနော်၊ ဟိုမဟုတ်ပါဘူး… အခုကနေစပြီး ဟော်လို့ပဲ ရေးသွားမှာပါ)

ရန်မိသားစုဆီ ပြန်ရောက်လာတဲ့ လူငယ်မျိုးဆက်တွေ အနက် ရန်ဝေ တစ်ယောက်သာ အင်မော်တယ် တက်လှမ်းခြင်း၁ ရောက်ပါသေးတယ်။ ကျန်တဲ့လူတွေ အကုန်လုံးက အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံသူတွေ ချည်းပါပဲ။

ရန်မိသားစုက သခင်လေးတွေရဲ့ အရည်အချင်းက လျူချင်းယောင်ထက် နိမ့်ကျတာ မဟုတ်ပါဘူး။ သူတို့တွေက အပြင်ဘက် အတွေ့အကြုံ ရှာထွက်ခဲ့တာ ဖြစ်တဲ့အတွက် မိသားစုဆီက အထောက်အပံတွေကို မရယူနိုင်ခဲ့ပါဘူး။ ထို့ကြောင့် သူတို့ရဲ့ အနည်းငယ် နိမ့်ကျတဲ့ ပတ်ဝန်းကျင်ကြောင့် လျူချင်းယောက်ထက် နောက်ကျကျန်ခဲ့တာ အထူးအဆန်း မဟုတ်ပါဘူး။

သူတို့သာ တူညီတဲ့ အရင်းအမြစ်တွေ ရမယ်ဆိုရင် ရန်ဝေရဲ့ ကျင့်ကြံခြင်းအဆင့်က လျူချင်းယောင်အောက် နိမ့်ကျနေခဲ့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လျူချင်းယောင်ရဲ့ ခွန်အားနဲ့ ပါရမီက မေခွန်းထုတ်စရာ မလိုလောက်အောင် ကောင်းမွန်ပါတယ်။ ပြီးတော့ သူ့ကို အနိုင်ယူနိုင်တဲ့ လူက လျူမိသားစုကို သူတို့ဘက် ဆွဲခေါ်နိုင်ပါလိမ့်မယ်။

ရန်မိသားစုက သခင်လေး အားလုံးကလည်း လျူချင်းယောင်ကို သူတို့ဘက်ပါအောင် ဆွဲခေါ်ချင်ကြပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ လျူချင်းယောင် ပြောခဲ့သလို သူတို့ မလုပ်နိုင်ခဲ့ပါဘူး။

ချူရီမန်ကတော့ စကားလေး တစ်ခွန်းတောင် မဟခဲ့ပါဘူး။ ဒါပေမယ့် သူမမှာ သူတို့နဲ့ ပူးပေါင်းလိုစိတ် မရှိဘူးဆိုတာကို သူမကို ဆက်သွယ်ခဲ့တဲ့ ရန်သခင်လေးက ကျိန်းသေ သတိထားမိခဲ့ပါဘူး။ သူမကိုလည်း အရမ်းကြီး ဖိအားမပေးရဲတဲ့အတွက် အခုအချိန်၌ လက်လျှော့ထားရုံသာ တတ်နိုင်ခဲ့ပြီး နောက်မှ ကြိုးစားရုံပဲ ရှိပါတော့တယ်။

ညအချိန်၌ ကောင်းကင်တစ်ခုလုံး တိမ်ညိုတွေနဲ့ မဲမှောင်နေခဲ့တယ်။ မုန်တိုင်းတစ်ခု အစပျိုးဖို့ စတင်နေတဲ့ ပုံစံပါပဲ။

လေကြမ်းတွေ သည်းကြီးမည်းကြီး တိုက်ခတ်နေခဲ့ပြီး ဗဟိုမြို့တော် တစ်ခုလုံးရဲ့ လေထုက အေးစိမ့်လို့ နေခဲ့တယ်။

ထိုအချိန်၌ ရန်ကိုင်က သူ့ခြံဝန်းထဲ မျက်လုံးပိတ်ကာ ထိုင်နေခဲ့တယ်။ မမြင်နိုင်တဲ့ စိတ်စွမ်းအင်တွေ သူ့တစ်ကိုယ်လုံးကို ဝန်းရံထားခဲ့တယ်။

အိမ်ပြန်ရောက်ပြီးကတည်းက ဒါက သူရဲ့ ဒုတိယအကြိမ်မြောက် တံခါးပိတ်ကျင့်စဉ် ဝင်ခြင်းပါ။ မဆုတ်မနစ်တဲ့ အားထုတ်ကြိုးစားမှုကြောင့် ရန်ကိုင်ရဲ့ အစစ်အမှန် ဒြပ်စင်အဆင့်၇က အထွတ်အထိပ် အခြေအနေအထိ ရောက်ရှိသွားခဲ့ပြီး နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့ ခြေတစ်လှမ်းသာ လိုပါတော့တယ်။

နောက်တစ်ဆင့်ကို အနှေးနဲ့အမြန် ချိုးဖျက်နိုင်လိမ့်မယ် ဆိုတာကို သူသိထားပေမယ့် ရန်ကိုင်အနေနဲ့ ဟိုယောင်ယောင်၊ သည်ယောင်ယောင်နဲ့ အချိန်ဖြုန်းနေရမှာကို မလိုလားပါဘူး။ ထို့ကြောင့် အသစ်အဆန်း တစ်ခုခုများ ရှာတွေ့မလား ဆိုပြီး ကောင်းကင်စိတ်အာရုံကို ကျင့်ကြံတဲ့ နေရာဆီ အာရုံပြောင်းလိုက်တာပါ။

ရန်ကိုင်က ကောင်းကင်စိတ်အာရုံကို ကျင့်ကြံနိုင်ခဲ့တာ ကြာပါပြီ။ ဒါပေမယ့် အခုအချိန်အထိ သူ့ရဲ့ အသိစိတ်ပင်လယ်ကို မဖွင့်လှစ်နိုင်သေးပါဘူး။

အသိစိတ်ပင်လယ် မရှိတဲ့ ကောင်းကင် စိတ်အာရုံက အမြစ်မရှိတဲ့ သစ်ပင် ဒါမှမဟုတ်တဲ့ စီးဆင်းမှုမရှိတဲ့ ရေကန်ထဲက ရေတွေနဲ့ အတူတူပါပဲ။ ဝိဥာဉ်ကြာပန်းရဲ့ အဆက်မပြတ် အားဖြည့်ပေးမှု ကြောင့်သာ မဟုတ်ရင် သူ့ရဲ့ ကောင်းကင် စိတ်အာရုံ ပျောက်ကွယ်သွားခဲ့တာ ကြာလှပါပြီ။

ဒါကြောင့်ပဲ ရန်ကိုင်ရဲ့ ဝိဥာဉ်ပညာရပ်တွေက တစ်ခုခု လိုအပ်နေတယ် ထင်ရတာပါ။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ရောက်ဖို့ အဆင့်သေး သုံးဆင့်ပဲ လိုပါတော့တယ်။ အသိစိတ်ပင်လယ်ကို ဖွင့်လှစ်နိုင်တာနဲ့ သူ့ရဲ့ ကောင်းကင်စိတ်အာရုံ ဘယ်လိုတွေ ပြောင်းလဲသွားလိမ့်မလဲ ဆိုတာကို ရန်ကိုင် တော်တော်လေး သိချင်နေမိပါပြီ။

ထို့ကြောင့် ဒီအချိန်အတောအတွင်း ရန်ကိုင်က အရူးတစ်ယောက်လို လေ့ကျင့်နေခဲ့တာပါ။ အချိန်ရရင် ရသလို၊ အားရင် အားသလို ကျင့်ကြံနေခဲ့တာပါ။

ဝိဥာဉ်ပညာရပ်တွေကို အဆက်မပြတ် အသုံပြုမှုကြောင့် သူ့စိတ်စွမ်းက အလွန်လျင်မြန်စွာနဲ့ ကုန်ခမ်းလာခဲ့တယ်။ တစ်နာရီကျော်လောက် ကြာပြီးနောက် ရန်ကိုင် ခေါင်းမူးချင်သလို ဖြစ်လာခဲ့တယ်။

ခပ်မြန်မြန်ပဲ ရပ်တန့်လိုက်ပြီး သူ့မျက်ဝန်းအစုံကို ပိတ်လိုက်ကာ သူ့စိတ်စွမ်းအင်ကို အားပြန်ဖြည့်လိုက်တယ်။

ညသန်းခေါင်းအချိန်၌ ကောင်းကင်ထက်မှ မိုးစက်၊ မိုးဖွဲတို့ ရွာကျလာခဲ့တယ်။ မိုးစက်သံတွေနဲ့အတူ တောင်ပံခတ်သံတွေကို ရန်ကိုင် ရုတ်တရက် ကြားလိုက်ရတယ်။ မျက်ခုံးပင့်လိုက်ပြီး မျက်စိဖွင့်လိုက်ကာ ကောင်းကင်ပေါ် မော့ကြည့်လိုက်တယ်။

မဟူရာ ကောင်းကင်ယံထဲ ရွှေရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး ထိုအလင်းတန်းက လျှပ်စီးတန်းတစ်ခုလို သူ့ဆီ တိုးဝင်လာခဲ့တယ်။

ရန်ကိုင် ပုခုံးထက် နားလိုက်ပြီးနောက် ရွှေရောင်ငှက်မွှေး သိမ်းငှက်က အကြိမ်အနည်းငယ်လောက် စူးစူးရှရှ အော်ဟစ် မြည်ကြွေးလိုက်တယ်။

အဓိပ္ပါယ်ကို နားလည်လိုက်တာနဲ့ ရန်ကိုင် အမူအရာ မည်းမှောင်သွားခဲ့ပြီး ထိုင်ရာကနေ ချက်ချင်း ထလိုက်ကာ တောင်အရပ်ဆီ အလျင်အမြန် ပြေးသွားလိုက်တယ်။

ရွှေရောင်ငှက်မွှေး သိမ်းငှက်က ဒီရက်အတောအတွင်း ဝါးထုံးဂိုဏ်းမှာပဲ ရှိနေခဲ့တာပါ။ ထိုကောင်က ရန်ကိုင်ဆီ တစ်နေ့တစ်ကြိမ်ပဲ ပြန်လာတာပါ။ ဒါပေမယ့် အခုတော့ သူ့ဆီ ညဉ့်နက်သန်းခေါင်းကြီး ပြန်လာခဲ့ပါတယ်။ ဝါးထုံးဂိုဏ်းမှာ ပြဿနာတစ်ခုခု မဖြစ်ပဲနဲ့ အခုအချိန်ကြီး သူ့ဆီ ပြန်လာမှာ မဟုတ်ပါဘူး။

ဝါးထုံးဂိုဏ်းရဲ့ အင်အားစုတွေက အရမ်းကြီး မကြီးမားသလို သူတို့ရဲ့ ကိုယ်ပိုင် ခွန်အားကလည်း ပြောပရလောက်တဲ့အထိ မမြင့်မားလှပါဘူး။ ဝါးထုံးဂိုဏ်းနဲ့ ပက်သက်ပြီး ဘာအထင်ကြီးစရာမှ မရှိသလို ဘာတန်ဖိုးရှိတာမှလည်း မရှိပါဘူး။ ပုံမှန်ဆိုရင် ဝါးထုံးဂိုဏ်းကို ဘယ်အင်အားစုကမှ အာရုံစိုက်လေ့ မရှိပါဘူး။

ဒါပေမယ့် ဒီညတော့ ဝါးထုံးဂိုဏ်းမှာ တစ်ခုခု ဖြစ်နေပါပြီ။

လွန်ခဲ့တဲ့ ရက်အတောအတွင်း ဝါးထုံးဂိုဏ်းက အဓိက အဖွဲ့သားတွေ အချင်းချင်း အချင်းများခဲ့ကြတဲ့ အကြောင်းအရင်းကို ပြန်တွေးမိလိုက်တာနဲ့ ရန်ကိုင် စိုးရိမ်လာခဲ့တယ်။

အစစ်အမှန်ချီ ကုန်ဆုံးမှာကို ဂရုမစိုက်တော့ပဲ တိုက်ရိုက်ပျံသန်း သွားလိုက်တဲ့အတွက် နာရီဝက်အတွင်းမှာပဲ တောင်ပိုင်းမြို့ခရိုင်ဆီ သူရောက်လာခဲ့တယ်။

ဝါးထုံးဂိုဏ်းရှိရာ နေရာဆီကနေ တိုက်ခိုက်သံတို့ကို ကြားနေခဲ့ရတယ်။ ပန်ချီက ဂိုဏ်းက ပညာရှင်တွေကို ဦးဆောင်ရင် အဖွဲ့တစ်ဖွဲ့ကို ခုခံတိုက်ခိုက်နေခဲ့တယ်။ သူတို့ ဘေးပတ်ဝန်းကျင် တစ်ဝိုက် ဖြိုးဖြိုးဖြက်ဖြက် လင်းလက်လို့ နေခဲ့တယ်။ အချိန်နှင့်အမျှ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားခဲ့ပြီး မနိုးသော အိပ်စက်ခြင်းနှင့် အိပ်စက်သွားခဲ့ကြတယ်။

ကြမ်းပြင်တစ်ခုလုံး သွေးတွေနဲ့ စွန်းထင်နေခဲ့တယ်။ ဒါပေမယ့် မိုးရေတွေက သွေးစက်တွေကို ဆေးကြောသန့်စင်သွားတဲ့ အတွက် လမ်းကြောင်းတစ်ခုလုံး ကြက်သွေးနက်ရောင် ပေါက်နေခဲ့တယ်။

ဝါးထုံးဂိုဏ်းမှာ အဖွဲ့ဝင်အများကြီး မရှိပါဘူး။ အခုသူတို့ကို တိုက်ခိုက်နေတဲ့ လူအရေအတွက်က သူတို့ထက် နှစ်ဆလောက် များပါတယ်။ တစ်ဖက်က ပညာရှင်တွေအဖို့ ကိုယ်တိုင် ဝင်တိုက်စရာတောင် မလိုပါဘူး။ ရန်သူ့ ခေါင်းဆောင်ကနေ ဘေးကနေသာ မတ်တပ်ရပ်ကြည့်နေခဲ့ကြတယ်။ တစ်ယောက်ပြီး တစ်ယောက် လဲကျသေဆုံးနေခဲ့ပြီး တစ်ယောက်ပြီး တစ်ယောက် ဒဏ်ရာရနေခဲ့ကြတယ်။ ဒီပုံစံအတိုင်း ဆိုရင် ဝါးထုံးဂိုဏ်း ရှုံးဖို့ သေချာနေပါပြီ။ ဝါးထုံးဂိုဏ်းသားတွေကို အကုန်လုံးကို သုတ်သင်နိုင်ဖို့ အချိန်အများကြီး မလိုတော့ပါဘူး။

ပန်ချီလည်း ဒဏ်ရာရထားပေမယ့် သူကတော့ ခါးခါးသီးသီးနဲ့ ဆက်ပြီး တိုက်ခိုက်နေတုန်းပါပဲ။ ရန်သူတွေနဲ့ တိုက်ခိုက်နေတုန်း ရွှေရောင်သိမ်းငှက်ကို တိတ်တဆိတ် လွှတ်လိုက်ပြီး သူတို့ရဲ့ သခင်လေးကို လှမ်းအကြောင်း ကြားထားလိုက်ပါပြီ။ ပန်ချီအနေနဲ့ သူတို့သခင်လေး စစ်ကူတွေခေါ်လာပြီး သူတို့အားလုံးကို လာကူမယ့် အချိန်ကို စောင့်ဆိုင်းနိုင်ဖို့ပဲ လိုပါတော့တယ်။

ရန်မိသားစုရဲ့ သခင်လေး တစ်ယောက် ဖြစ်တယ် ဆိုတော့ သူ့လက်အောက် အမိန့်ပေး ခိုင်းစေနိုင်တဲ့ လူအနည်းနဲ့ အများတော့ ရှိလောက်မှာပေါ့၊ ဟုတ်တယ်မလား။

ပန်ချီစိုးရိမ်နေတာက ရန်ကိုင် သူတို့ကို လာမကူမှာကိုပါ။

“ဝူရှန်း” ပန်ချီက တစ်ဖက်ခြမ်းကနေ မတ်တပ်ရပ်ကြည့်နေတဲ့ သက်လတ်ပိုင်းလူကြီးကို ဒေါသတကြီး လှမ်းအော်လိုက်တယ် “မင်းရဲ့ အလင်းဂိုဏ်းနဲ့ ငါတို့ဝါးထုံးဂိုဏ်းက အမြဲတစေ သင့်မြတ်ခဲ့ကြတာလေ။ ဘာလို့ ငါတို့ကို ရုတ်တရက်ကြီး လာတိုက်ခိုက် ရတာလဲ”

ဝူရှန်းဆိုတဲ့ လူက လှောင်ပြောင်လိုက်ပြီး အေးစက်စက် လေသံနဲ့ ပြန်ပြောလိုက်တယ် “ပန်ချီ၊ မင်းဘာတွေ မသိချင်ယောင် ဆောင်နေတာလဲ။ မင်းတို့သာ သူ့လက်အောက် မခိုဝင်ဘူးဆိုရင် မင်းတို့ အားလုံး သေရမယ်လို့ ငါမိသားစုရဲ့ သခင်လေးက ပြောပြီးသွားပြီလေ”

“ငါတို့ ဝါးထုံးဂိုဏ်း နောက်ကွယ်မှာ ဘယ်သူရှိနေတယ် ဆိုတာကို မင်းမသိဘူးလား။ မင်းက ငါတို့ကို ဓါးနဲ့ ရည်ရွယ်ရဲတယ်ပေါ့” ပန်ချီက တိုက်ခိုက်နေရင်း ပြန်ပြောလိုက်တယ်။

ဝူရှန်းက အထင်တသေးနဲ့ နှာခေါင်းရှုံ့လိုက်ပြီး ပြန်ပြောလိုက်တယ် “မိသားစုကြီး ရှစ်ခုက အင်အားစုငယ်လေးတွေကြားက ကိစ္စကို ဘယ်တုန်းကမှ ဝင်မရှုပ်ခဲ့ဖူးဘူး။ ဗဟိုမြို့တော်ကြီးရဲ့ ဘဝက အရမ်းကို ပျင်းရိငြီးငွေ့ဖွယ် ကောင်းလွန်းတယ်။ ငါတို့တွေကို သူတို့ လက်အောက် ခေါ်ထားတာက သူတို့အတွက် အပျင်ပြေ ဆော့ကစားနိုင်ဖို့ပဲလေ။ ဒီနေ့ မင်းသေသွားတာနဲ့ မင်းနောက်မှာ ရှိနေတဲ့လူက မင်းအတွက် လက်စားချေပေးမယ်လို့ မင်းတကယ်ကြီး ထင်နေတာလား။ အဲ့လိုသာ တွေးနေတယ် ဆိုရင်တော့ မင်းရဲ့ စိတ်ကူးယဉ် အိမ်မက်ထဲကနေ ထွက်လာဖို့ အချိန်သင့်ပြီကွ”

ပန်ချီ အမူအရာ ခါးသီးသွားခဲ့တယ်၊ ဝူရှန်း ပြောတာ အမှားမဟုတ်ဘူး ဆိုတာကို သူလည် သိထားပါတယ်။

မိသားစုကြီး ရှစ်ခုက လူတွေက အင်အားစု ငယ်လေးတွေ ကြားက အရှုပ်အထွေး ပြဿနာတွေနဲ့ ပက်သက်ပြီး ဘယ်တုန်းကမှ ကြားဝင်စွက်ဖက်ခြင်း မရှိခဲ့ပါဘူး။ မိသားစုကြီး ရှစ်ခုအတွက် သူတို့လို အင်အားစု သေးသေးလေး တစ်ခု ပျောက်ကွယ်သွားလို့ ဘာမှ မထူးခြားသွားခဲ့ပါဘူး။ အများဆုံးမှ သူတို့ကို ထောက်ပံ့ပေးမယ့် နောက်ထပ် အင်အားစုတစ်ခု ရှာလိုက်ရုံပေါ့။

နှစ်စဉ်နှစ်တိုင်း အင်အားစု အသေးလေး များစွာ ပျက်စီးခဲ့ရတယ်။ ဒါပေမယ့် မိုးကုန်ပြီးနောက် နွေဦး၌ ဝါးတွေ တစ်ဖန် ပြန်ထွက်ပေါ်လာသလို အင်အားစု သေးသေးလေးတွေ ပျက်စီးသွားပြီးနောက် နောက်အင်အားစု အသစ်အသစ်တွေ ထပ်မံ ထွက်ပေါ်လာခဲ့တယ်။

ထိုအကြောင်းကြောင့်ပဲ ရန်ကိုင် သူတို့ကို လာကယ်လိမ့်မယ်လို့ ပန်ချီ အတိအကျကြီး မမှတ်ယူရဲတာပါ။

သူတို့ နှစ်ယောက် စကားပြောနေစဉ် အချိန်အတွင်း မိုးသောက်ယံ တည်ခိုဆောင်ရဲ့ ကပ်လျက် အဆောက်အအုံ တစ်ခုပေါ်၌ လူငယ်လေးတစ်ယောက် မတ်တပ်ရပ်နေခဲ့တယ်။ ထိုလူငယ်လေးက ပန်ချီနဲ့ အလင်းဂိုဏ်းသားတွေ တိုက်ခိုက်နေတာကို ပြုံးကာ စိတ်ဝင်တစားနဲ့ ကြည့်နေခဲ့တယ်။ သူ့ကြည့်ရတာ ပြပွဲကောင်းတစ်ခုကို ကြည့်နေတာနဲ့တောင် တူနေပါသေးတယ်။

သူ့ဘေးမှာတော့ အလင်းဂိုဏ်းက ပညာရှင်တွေ ရှိနေခဲ့တယ်။ ထိုပညာရှင်တွေက သူတို့ရဲ့ အစစ်အမှန်ချီကို သုံးပြီး ထိုလူငယ်လေးကို မိုးရေမစိုအောင် ကာကွယ်ပေးထားခဲ့ကြတယ်။

ထို့ကြောင့် ခေါင်းမိုပေါ်၌ အကာမပါ၊ ဘာမပါနဲ့ ရပ်နေရင်တောင် သူ့အင်္ကျီက နည်းနည်းလေးတောင် စိုမနေခဲ့ပါဘူး။

သူ့အောက်က မြင်ကွင်းကို ကြည့်ရင်း လူငယ်လေးက ရယ်မောလိုက်ပြီး ပြုံးလိုက်တယ်။ သူ့ဘေးနားက ပညာရှင်တွေ အားလုံးရဲ့ အမူအရာက လေးနက်တည်ကြည် နေခဲ့ကြပြီး နည်းနည်းလေးတောင်မှ အထွန့်မတက် ရဲခဲ့ကြပါဘူး။

“သခင်လေးဟော်၊ ဝါးထုံးဂိုဏ်းက ပျက်စီးလုလု ဖြစ်နေပြီ။ သူတို့ကို အပြတ်ပဲ ရှင်းလိုက်ရမလား ဒါမှမဟုတ် သခင်လေး လက်အောက် သိမ်းသွင်းချင်သေးလား” အလင်းဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ဖြစ်တဲ မူနန်းတုံ့က အသာအယာလေး မေးလိုက်တယ်။

ထိုစကားကို ကြားလိုက်တာနဲ့ သခင်လေးဟော် ဆိုသူက အေးစက်စက်နဲ့ ပြုံးလိုက်ပြီး တိုက်ရိုက်ပြန်မဖြေပဲ သွယ်ဝိုက်ပြီးတော့သာ ပြောလိုက်တယ် “ဒီသခင်လေးမှာ အကျင့်တစ်ခု ရှိတယ်။ ကျုပ်လိုချင်တာဆိုရင် ပထမတစ်ကြိမ်တည်းနဲ့ ရရမှ ၊ ပထမတစ်ကြိမ်တည်းနဲ့ မရဘူးဆိုရင် … အဲ့ပစ္စည်းကို ကျုပ်ဆက်ပြီး လိုကို မလိုချင်တော့တာ၊ ခင်ဗျား နားလည်တယ်မလား”

မူနန်းတုံ့က သခင်လေးဟော်ဆိုသူကို ကြည့်ရင်း ခေါင်းညိတ်ပြလိုက်ကာ ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “နားလည်ပါတယ်”

အလင်းဂိုဏ်းကို ထိုသခင်လေးဟော် ဆိုတဲ့လူက ထောက်ပံ့ပေးထားတာပါ။ ထို့ကြောင့် ထိုသခင်လေးရဲ့ အမိန့်ကို သူဘယ်လိုလုပ်ပြီး ငြင်းဆန်ဝံ့မှာလဲ။

အရင်တုန်းက သခင်လေးဟော်က ဝါးထုံးဂိုဏ်းကို သူ့လက်အောက်သို့ သိမ်းသွင်းချင်ခဲ့တယ်။ ဒါပေမယ့် ဝါးထုံးဂိုဏ်းက ပြတ်ပြတ်သားသားကို ငြင်းဆိုခဲ့တယ်။ ထို့ကြောင့် သခင်လေးဟော်က စိတ်ပျက်သွားခဲ့ပြီး ဝါးထုံးဂိုဏ်းကို အမြတ်ပြတ် သုတ်သင်ရှင်းလင်းဖို့ လုပ်လိုက်တာပါ။

မူနန်းတုံ့ ရဲ့ ခန္ဓာကိုယ်ကို အပြာရောင် အလင်းတစ်ခုက ဝန်းရံသွားခဲ့ပြီး တိုက်ပွဲရှိရာဆီ ထိုးဆင်းသွားခဲ့တယ်။

ဒါပေမယ့် ပန်ချီနဲ့ ဝါးထုံးဂိုဏ်းရဲ့ လက်ကျန်အဖွဲ့ဝင်တွေကို မတိုက်ခိုက်ရသေးခင်မှာပဲ ကြောက်မက်ဖွယ် အဖျက်စွမ်းအားကို သယ်ဆောင်ထားတဲ့ အလင်းတန်းတစ်ခုက ကောင်းကင်ထက်ကနေ သူ့ဆီ ထိုးဆင်းလာခဲ့တယ်။ မူနန်းတုံ့ရဲ့ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ ဘေးဘက်ကို တိမ်းရှောင်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ ခေါင်မိုးထက်မှာ ရှိနေတဲ့ အလင်းဂိုဏ်းက ပညာရှင်များစွာက အော်ဟစ်လိုက်တယ် “သခင်လေး၊ သတိထား”

မူနန်းတုံ့ မြေကြီးပေါ် ရောက်တာနဲ့ ခေါင်းမိုပေါ် ပြန်လှည့်ကြည့်လိုက်တယ်။ သူများ အမြင်ဝေဝါးနေတာလား ဆိုပြီး သူ့မျက်လုံးကို ပွတ်သပ်လိုက်ကာ သေချာအောင် နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်။ ခေါင်မိုးထက်၌ လူငယ်လေးတစ်ယောက်က သခင်လေးဟော်ကို သူ့ဓါးသွားနဲ့ ချိန်ရွယ်ရင်း အလင်းဂိုဏ်းက ပညာရှင်တွေဆီ ဖြေးဖြေးချင်း လမ်းလျှောက်သွားနေလိုက်တယ်။

သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် မူနန်းတုံ့က ခေါင်းမိုးထက်ဆီ ချက်ချင်းပဲ ပျံသန်းသွားလိုက်တယ်။ အရေးအကြီးဆုံးက သခင်လေးဟော်ရဲ့ လုံခြုံရေးပါ။

ဒါပေမယ့် လမ်းတစ်ဝက်တောင် မရောက်သေးခင်မှာပဲ လူငယ်လေးရဲ့ ကြောက်မက်ဖွယ် ခွန်အားကို မြင်တွေ့လိုက်ရတဲ့ မူနန်းတုံ့မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့ရတယ်။ သူ့လက်ထဲက သွေးနီရောင်ဓါးသွားက မုန်တိုင်းထန်နေတဲ့ ဓါးချီတွေကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့ပြီး သူ့တစ်ကိုယ်လုံးကိုတော့ မရေမတွက်နိုင်တဲ့ သွေးနီရောင် ပွင့်ချပ်တွေက ဝိုင်းရံထားခဲ့တယ်။ အလင်းဂိုဏ်းက ဘယ်ပညာရှင်မှ သူ့တိုက်ကွက် တစ်ကွက်ကို မခုခံနိုင်ကြပါဘူး။ အားလုံးက သူ့ဓါးချက်အောက်၌ လဲကျရင်ကျ ၊ မကျရင် အသည်းအသန်း ထွက်ပြေးကြရပါတယ်။ မျက်တောင် တစ်ခတ်အတွင်းမှာပဲ သခင်လေးဟော် တစ်ယောက်သာ ကျန်ပါတော့တယ်။

လျူချင်းယောင်များ ရောက်လာတာလား

မူနန်းတုံ့မှာ တွေးရုံလေးသာ တွေးပြီးရုံ ရှိပါသေးတယ်၊ အသစ်ရောက်လာတဲ့ လူက သခင်လေးဟော်ကို အသာအယာနဲ့ အလွယ်တကူ အနိုင်ယူလိုက်ပါတယ်။ သခင်လေးဟော်မှာ တုန့်ပြန်ချိန်တောင် မရလိုက်ပါဘူး။

ထိုအချိန်မှာပဲ နိုင်ထက်စီးနိုင်လိုတဲ့ အရှိန်အဝါတို့ ပါဝင်နေတဲ့ ကောင်းကင်စိတ်အာရုံ နှစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး လူရိပ်နှစ်ခု လေထဲကနေ ထွက်ပေါ်လာခဲ့တယ်။ နှစ်ယောက်စလုံးက ရန်ကိုင်ကို ရေခဲတမျှ အေးစက်လှသည့် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့ကြတယ်။

ရန်ကိုင်က သခင်လေးဟော်ရဲ့ လက်ကောက်ဝတ်ကို ဖမ်းကိုင်ထားလိုက်ပြီး သူ့လည်ပင်းကို ဓါးနဲ့ ထောက်ထားလိုက်တယ်။ သူက အလင်းဂိုဏ်းက ပညာရှင်တွေကို တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ပါဘူး။ အဲ့အစား ကောင်းကင်ထက်က လူရိပ်နှစ်ခုကိုသာ အပြည့်အဝ အာရုံစိုက်ကြည့်နေခဲ့တယ်။

ထိုနှစ်ယောက်စလုံးက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈ ကျင့်ကြံသူတွေ ဖြစ်ကြပြီး သူတို့ရဲ့ ခွန်အားက သွေးစစ်သည်တော်တွေအောက် မနိမ့်ကျပါဘူး။

ဟော်မိသားစုက မိသားစုကြီး ရှစ်ခုထဲက တစ်ခုပါ။ ပြီးတော့ သခင်လေးဟော်ဆိုတဲ့ လူကလည်း ဟော်မိသားစုက သခင်လေး တစ်ယောက် ဖြစ်ဖို့များပါတယ်။ ထို့ကြောင့် သူ့ကို စောင့်ကြပ်ပေးနေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈ ပညာရှင်နှစ်ယောက် ရှိနေတာ မထူးဆန်းတော့ပါဘူး။

အစောပိုင်းတုန်းက အင်အားစု သေးသေးလေးတွေကြားက တိုက်ပွဲမို့ သူတို့ ဝင်မပါခဲ့ပါဘူး။ သူတို့ရဲ့ တာဝန်က သူတို့ရဲ့ သခင်လေးကို ကာကွယ်ပေးဖို့ပါ။ နှစ်ယောက်စလုံး သူတို့ သခင်လေးအနီးမှာ တစ်ချိန်လုံး စောင့်ကြပ်နေခဲ့ကြတာပါ။ ဒါပေမယ့် ရန်ကိုင်က ဒီလောက်အထိ အားကောင်းလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး။ ထို့ကြောင့် သူတို့ဘက်က တုန့်ပြန်ချိန်တောင် မရလိုက်ခင်မှာပဲ သူတို့သခင်လေး အဖမ်းခံလိုက်ရပါတယ်။

သူတို့ တုန့်ပြန်လိုက်တဲ့ အချိန်မှာတော့ အားလုံက အရမ်းကို နောက်ကျလွန်းသွားခဲ့ပါပြီ။

ကောင်းကင် စိတ်အာရုံနှစ်ခုက ရန်ကိုင်နား ဝေ့ပတ်နေခဲ့တယ်။ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ထိုကောင်းကင် စိတ်အာရုံ နှစ်ခုက ရန်ကိုင် ဝိဥာဉ်ဆီ ရိုက်ချလာခဲ့တယ်။

ကောင်းကင်စိတ်အာရုံနှစ်ခု သူ့ခေါင်းထဲ တိုးဝင်လာတဲ့အခိုက် ပင်လယ်ထဲ ကျောက်တုံးတစ်တုံး ကျသွားသလိုပါပဲ လှိုင်းတွန့်လေးတောင် ဖြစ်မလာခဲ့ပါဘူး။

သူတို့ရဲ့ အပြုအမူကို ကြည့်ပြီး ရန်ကိုင်က ပြန်ပြီးတော့တောင် လှောင်ပြောင်လိုက်ပါသေးတယ်။

ပညာရှင် နှစ်ယောက်စလုံးရဲ့ အမူအရာ မဲမှောင်သွားခဲ့တယ်။ တစ်ဖက် လူငယ်လေးက သာမန်မဟုတ်မှန်း အခုမှပဲ သူတို့ နားလည်သွားပါတော့တယ်။

အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူက ကောင်ကင် စိတ်အာရုံ တိုက်ခိုက်မှုကို ခုခံနိုင်တယ် ဆိုမှတော့ သူ့ဆီမှာ အဆင့်မြင့် အကာအကွယ် အမျိုးအစား ဝိဥာဉ်လက်နက် တစ်ခုခု ရှိနေရပါမယ်။ အဆင့်မြင့် အကာအကွယ် အမျိုးအစား ဝိဥာဉ်လက်နက် တစ်ခုရှိနေတယ် ဆိုကတည်းက ထိုလူငယ်လေးရဲ့ အဆင့်အတန်းက နိမ့်ကျလိမ့်မှာ မဟုတ်ပါဘူး။ ကံကောင်းစွာနဲ့ နှစ်ယောက်စလုံးက ထိုလူငယ်လေးကို သတ်ဖြတ်လိုစိတ် မရှိခဲ့ပါဘူး။ သူတို့က ထိုလူငယ်လေး လက်ထဲကနေ သူတို့ သခင်လေးကို ပြန်ကယ်ချင်တာ သက်သက်ပါပဲ။ ထို့ကြောင့် ထိုကောင်းကင် စိတ်အာရုံ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ရင်တောင် သူ့ဝိဥာဉ်က ဒဏ်ရာရသွားလိမ့်မှာ မဟုတ်ပါဘူး။

ရန်ကိုင်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်တဲ့အချိန် ပညာရှင် နှစ်ယောက်ရဲ့ မျက်ဝန်းအစုံက လေးနက်တည်ကြည် သွားခဲ့တယ်။

နောက်ဆုံးမှာတော့ အဖမ်းခံထားရတဲ့ သခင်လေးဟော်ဆိုတဲ့ လူလည်း အသိပြန်ဝင်လာခဲ့တယ်။ ထို့နောက် တုန်လှုပ်ခြောက်ခြားခြင်း အလျင်းမရှိပဲ ရဲရဲတင်းတင်းနဲ့ ပြောလိုက်တယ် “မင်းကများ ငါ့လည်းပင်ကို ဓါးနဲ့ ထောက်ရဲတယ်ပေါ့။ စိတ်ဝင်စားစရာပဲ … တကယ်ကို စိတ်ဝင်စားစရာပဲ”

ရန်ကိုင်က ပြုံးပြီး ပြောလိုက်တယ် “ဘာဖြစ်လို့လဲ”

“ငါဘယ်သူလဲ ဆိုတာ မင်းသိလား” ဟော်ရှင်းချန်က ရယ်မောလိုက်ပြီး ဆော့ကစားလိုဟန်နဲ့ ရန်ကိုင်ကို လှည့်ကြည့်လိုက်တယ်။

“သိသင့်လို့လား”

“ဟော်မိသားစုက ဟော်ရှင်းချန်ပဲ”

Martial Peak

အပိုင်း(၄၀၃) မင်းစောင့်နေစမ်း၊ ငါမင်းကို မှတ်ထားမယ်

ဟော်မိသားစုက ဟော်ရှင်းချန်က ဟော်မိသားစုခေါင်ဆောင် ဟော်ကျန်းရဲ့ တစ်ဦးတည်းသော သားပါ။ ဟော်မိသာားစု ခေါင်းဆောင်က တကယ်ကို သနားစရာကောင်းတဲ့ လူတစ်ယောက်ပါ။ မိသားစုခေါင်းဆောင် တစ်ယောက် ဖြစ်တာနဲ့အညီ သူ့မှာ ကိုယ်လုပ်တော် များစွာ ရှိပါတယ်။ ဒါပေမယ့် အဲ့လောက် များတဲ့ကိုယ်လုပ်တော်၊ မိန်းမတွေနဲ့ နှစ်ပေါင်းများစွာ ကြာပြီးသွားတာတောင်မှ သားတစ်ယောက်ပဲ မွေးဖွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ မိန်းမတွေ၊ ကိုယ်လုပ်တော်တွေနဲ့ ဆိုရင် မိန်းမတပ်မတော် တစ်ခုကိုတောင် ဖွဲ့စည်းလို့ရနေပါပြီ။

သူ့အခြေအနေက သွေးတိုက်ပွဲဂိုဏ်းက ဟူမန်နဲ့တောင် တူနေခဲ့ပါတယ်။

ဒါပေမယ့် သူက ပိုပြီးကံကောင်းပါတယ်။ သူ့မှာ သူ့အမွေကို ဆက်ခံပေးနိုင်မယ့် သားတစ်ယောက် ရှိပေမယ့် ဟူမန်မှာတော့ သားတစ်ယောက်တောင် မရှိပါဘူး။

တစ်ဦးတည်းသော သားဖြစ်တဲ့အတွက် ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရပါတယ်။ သူလိုချင်တာ ရှိရင် မိသားစုက အစွမ်းကုန်သုံးပြီး ရအောင် ယူပေးတတ်ပါတယ်။ ထို့ကြောင့် ငယ်စဉ်ကတည်း မိသားစုက သူလိုချင်သမျှကို ရအောင် ယူပေးခဲ့လို့ အခုလို အကျင့်ဆိုးကြီး သူ့မှာ ဖြစ်တည်လာခဲ့တာပါ။

ရန်မိသားစု သခင်လေးတွေ ဗဟိုမြို့တော်ဆီ ပြန်မလာခင် အချိန်တုန်းက ဗဟိုမြို့တော်မှာ နာမည်ကြီးနေတဲ့ လူငယ်မျိုးဆက် သုံးယောက်ရှိပါတယ်။

ပထမတစ်ယောက်က လျူမိသားစုက လျူချင်းယောင်ပါ။ သူ့က မြင့်မားတဲ့ ပါရမီကို ပိုင်ဆိုင်ထားရုံ မကလို့ ဗဟိုမြို့တော်က လူငယ်မျိုးဆက်တွေထဲ အားအကောင်းဆုံး တစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒုတိယက ချူမိသားစုက ချူရီမန်ပါ။ သူမက မိသားစုကြီး တစ်ခုက မိန်းမလှလေး တစ်ယောက် ဖြစ်နေရုံမကလို သူမရဲ့ အရည်အချင်းတွေက အကောင်းဆုံးထဲမှာ ပါပါတယ်။ ထို့ကြောင့် သူမက လူငယ်တွေရဲ့ မျက်စိအာရုံကို ဖမ်းစားနေနိုင်ခဲ့တာပေါ့။

ဟော်ရှင်းချန်က တတိယပါ။ ဗဟိုမြို့တော်ရဲ့ အကြီးမားဆုံး လူပွေလူရှုပ် တစ်ယောက်ပါ။ သောက်စားခြင်း၊ လောင်းကစား လုပ်ခြင်း၊ အပျော်ရှာခြင်း၊ အခြားသူတွေကို အနိုင်ကျင့်ခြင်း၊ ခိုက်ရန်ပွဲတွေ ဖြစ်ခြင်း စတဲ့ နေရာမျိုးတွေမှာ သူ့ကို ဘယ်သူမှ မကျော်လွှားနိုင်ပါဘူး။

မိသားစုကြီး ရှစ်ခုက မြေအောက်လောက အင်အားစု တော်တော်များများကို ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ထိန်းချုပ်မှုပိုင်းမှာတော့ အရမ်းကို ကန့်သတ်ချုပ်ချယ် ကြပါတယ်။ ထိုအင်အားစုလေးကြား ဖြစ်ပွားတဲ့ အရှုပ်အထွေးတွေကြားထဲ ဝင်ပါဖို့ကို သူတို့တွေက လုံးဝကို စိတ်မဝင်စားပါဘူး။ ဒါပေမယ့် သခင်လေးဟော်ကတော့ ထူးခြားပါတယ်။ သူပျင်းတဲ့အခါတိုင်း သူ့ရဲ့ အင်အားစုတွေကို လွှတ်ပြီး အခြားအင်အားစုလေးတွေကို တိုက်ခိုက် ခိုင်းလေ့ရှိပါတယ်။ တိုက်ပွဲစပြီ ဆိုတာနဲ့ သူက ဘေးကနေ အငြိမ့်သားနဲ့ ထိုင်ကြည့်တာပါ။

သူ့မှာ သွေးစစ်သည်တော်တွေလို အားကောင်းတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ပါ ရှိနေတော့ သူ့ရဲ့ လုံခြုံရေးနဲ့ ပက်သက်ပြီး လုံးဝကို စိတ်မပူတာပါ။ ဒါပေမယ့် ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့် နှစ်ယောက်ရှေ့မှာ သူ့လည်းပင်း ဓါးထောက်ခြင်း ခံလိုက်ရလိမ့်မယ်လို့တော့ ဟော်ချင်းရှန် တစ်ခါမှ စိတ်မကူးခဲ့ဖူးပါတယ်။

ဟော်ရှင်းချန်က စိတ်မပျက်သွားရုံ မကလို့ စိတ်လှုပ်ရှားနေတဲ့ ပုံတောင် ပေါက်နေပါသေးတယ်။ ရန်ကိုင်နဲ့ စကားပြောနေစဉ် အတွင်း အစစ်အမှန်ချီကို တိတ်တဆိတ် စုစည်းလိုက်ပြီး ရန်ကိုင်လက်ထဲကနေ ထွက်ပြေးနိုင်မယ့် အခွင့်အရေး တစ်ခုကို ချောင်းနေလိုက်တယ်။

အစစ်အမှန်ချီ လှုပ်ခတ်မှုကို ခံစားမိလိုက်တာနဲ့ ရန်ကိုင် အမူအရာ ထူးဆန်းသွားခဲ့တယ်။ နောက် သူ့လက်ထဲက သွေးနီးရောင်ဓါးကို တင်းတင်း ဆုပ်ကိုင်လိုက်ပြီး ဟော်ရှင်းချန် လည်ပင်းဆီသို့ နည်းနည်း ထပ်ဖိချလိုက်တယ်။

“ငိုးပဲ” ဟော်ရှင်းချန် အော်ဟစ်လိုက်တယ် “ငါက ဟော်မိသားစုက သခင်လေးလို့ မင်းကို ပြောပြီးသွားတာတောင် မင်းက ငါ့ကို အခုလိုမျိုး လုပ်ရဲတယ်ပေါ့”

ဟော်ရှင်းချန် ထိတ်လန့် သွားခဲ့ပြီး တိတ်တဆိတ် စုစည်းထားတဲ့ အစစ်အမှန်ချီတွေကို ချက်ချင်းပဲ လွင့်ပျောက်သွားစေလိုက်တယ်။ ဟိုကောင်က စိတ်ရူးပေါက်ပြီး သူ့ကိုသတ်မှာကို ဟော်ရှင်းချန် ကြောက်နေတာပါ။ သူက စိတ်လှုပ်ရှားရတဲ့ စွန့်စားခန်းတွေကို နှစ်သက်ပေမယ့် သူ့အသက်ကို ဂရုမစိုက်တာတော့ သူမဟုတ်ပါဘူး။ သူကိုယ်တိုင်က လူတစ်ယောက်ဖြစ်တဲ့အတွက် သေမှာကို ကြောက်တာတော့ သဘာဝပါပဲ။

“မင်းဘယ်သူလဲ” တစ်ခုခု မှားယွင်းနေပြီ ဆိုတာကို ဟော်ရှင်းချန် ချက်ချင်းပဲ နားလည်လိုက်တယ်။ သူ့နာမည်က ဗဟိုမြို့တော် တစ်ခွင် ကျော်ကြားနေတာပါ။ သူ့နာမည်ပြောလိုက်တာနဲ့ သူ့လည်ပင်ကို ဓါးနဲ့ ထပ်ဖိချရဲတယ် ဆိုတော့ ထိုလူက အဆင့်အတန်း မရှိတဲ့ လူတစ်ယောက်တော့ မဖြစ်နိုင်ပါဘူး။

ထိုမြန်ဆန်လှတဲ့ ပြောင်းလဲမှုတွေကို သတိထားမိလိုက်တာနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်နှစ်ယောက်လည်း တစ်ခုခုကို သတိပြုမိသွားလိုက်ပြီး နှစ်ယောက်ထဲက တစ်ယောက်က လက်သီးဆုပ်ကာ ယဉ်ယဉ်ကျေးကျေးနဲ့ မေးလိုက်တယ် “ဘယ်ရန်သခင်လေးလဲဆိုတာ ကျုပ်သိလို့ရမလား”

သူတို့ရှေ့မှာ ရှိနေတဲ့ လူငယ်လေးက လူစိမ်းတစ်ယောက်ပါ။ နှုတ်ဆက်စကား တစ်ခွန်းတောင် မပြောတဲ့အပြင် သူတို့ သခင်လေးကိုပါ ဓါးနဲ့ထောက်ရဲတယ် ဆိုတော့ ထိုလူငယ်လေးက မိသားစုကြီး ရှစ်ခုထဲက ဂျူနီယာတစ်ယောက်ဆိုတာ ကျိန်းသေသွားပါပြီ။

ဗဟိုမြို့တော်ဆီ သိပ်မကြာခင်က ပြန်လာခဲ့တဲ့ ရန်မိသားစုဝင် သခင်လေးတွေကိုသာ သူတို့ မရင်းနှီးတာပါ။

ရန်ကိုင်”

“ဒီတော့ သခင်လေးရန်ကိုင်ပေါ့” လူအိုကြီးနှစ်ယောက်က လက်သီးဆုပ်လိုက်ပြီး ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ်။

ရန်ကိုင်က ထိုနှစ်ယောက်ကို မထူးခြားနားဟန်ဖြင့် ပြန်ကြည့်လိုက်ပြီး အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။

ထိုပညာရှင်တွေ စကားပြောတုန်း အောက်မှာ ဖြစ်နေတဲ့ တိုက်ပွဲလည်း ရပ်တန့်သွားခဲ့ပါပြီ။ သူတို့ သခင်လေးရဲ့ အသက်က ရန်သူ့ လက်ထဲရောက်နေတဲ့ အတွက် အလင်းဂိုဏ်းက လူတွေလည်း ဆက်ပြီး မတိုက်ခိုက်ရဲတော့ပါဘူး။ အားလုံးက တိုက်ပွဲကနေ ချက်ချင်း ပြန်ဆုတ်လိုက်ပြီး ညွှန်ကြားချက်ကို စောင့်နေလိုက်ကြတယ်။

ပန်ချီနဲ့ အသက်ရှင် ကျန်ရစ်နေတဲ့ လူတွေအကုန်လုံး လေအေးတစ်ချက် ရှိုက်လိုက်ကြတယ်။ ထို့နောက် အားလုံး ပြန်စုစည်းလိုက်ကြပြီး ခေါင်မိုးပေါ်ကို အံ့အားသင့်နေတဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်ကြတယ်။

လူလေးယောက်ကို သူတို့ရှေ့မှာတင် သတ်ခဲ့တဲ့ သခင်လေးက သူတို့ကို ကယ်တင်ဖို့အတွက် ညတွင်းချင်းကြီး တစ်ယောက်တည်း ခရီးနှင်လာလိမ့်မယ်လို့ ပန်ချီနဲ့ သူ့အဖွဲ့သားတွေ မမျှော်လင့်ထားခဲ့ပါဘူး။

ရန်ကိုင် အားကောင်းကြောင်းကို ပန်ချီ သတိပြုမိတာ ကြာပြီဆိုပေမယ့် သူတို့ သခင်လေးရဲ့ ခွန်အားကို အထင်သေးမိနေသေးတယ် ဆိုတာကို အခုမှပဲ ပန်ချီနားလည် သွားတော့တယ်။

“သခင်လေးရန်ကိုင်” ဟော်မိသားစု ပညာရှင်တွေထဲက တစ်ယောက်က သက်ပြင်းချလိုက်ပြီး “စကားမပြောခင်လေး ကျုပ်တို့ သခင်လေးကို အရင်လွှတ်ပေးလို့ ရမလား။ စိတ်မပူပါနဲ့၊ ကျုပ်တို့ဘက်က ထပ်ပြီး လှုပ်ရှားတော့မှာ မဟုတ်ပါဘူး”

ကျန်တဲ့ ပညာရှင်ကလည်း ထောက်ခံတဲ့ အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

ရန်ကိုင်က မျက်မှောင် တစ်ချက်ကြုံ့လိုက်ပြီး ခဏလောက် စဉ်းစားနေလိုက်တယ်။ ပြီးတော့မှပဲ သူ့လက်ထဲက ဓါးကို ပြန်ရုတ်လိုက်တယ်။

တစ်ဖက်က ပြောပြီးသားစကား ပြန်ရုတ်သိမ်းမှာကို သူစိတ်မပူပါဘူး။ ဟော်မိသားစုက ပညာရှင် နှစ်ယောက်ကလည်း မိုက်ရူးဆန်တဲ့ တစ်ခုခုကို လုပ်လိမ့်မှာ မဟုတ်ပါဘူး။ နှစ်ဖက်စလုံးက ထိုအချက်ကို ကောင်းကောင်း သတိပြုမိပါတယ်။

လွတ်လပ်မှုကို ပြန်ရလိုက်တာနဲ့ ဟော်ချင်းရှန်က ရန်ကိုင်ဆီကနေ ခြေလေး၊ငါး လှမ်းစာလောက် ချက်ချင်း ခွါလိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်တယ်.။ ရန်ကိုင် မျက်နှာကို မြင်လိုက်တဲ့အချိန် မနေနိုင်ပဲ ကျိန်ဆဲမိလိုက်တယ် “ငိုးပဲ၊ သောက်ရမ်း ငယ်လွန်းတယ်ဟ၊ မင်းအသက် ဘယ်လောက်လဲ’

သူ့လေသံထဲ စိတ်ပျက်သည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့တယ်။ သူ့ထက် အသက်ငယ်တဲ့ လူတစ်ယောက်က မျက်တောင် တစ်ခတ်အတွင်းမှာပဲ သူ့ကို ဖမ်းချုပ်အနိုင်ယူသွားခဲ့တယ်။ သူစိတ်မပျက်ပဲ ဘယ်နေပါ့မလဲ.

ရန်ကိုင်က ပြန်မဖြေခဲ့ပဲ သူ့ကိုသာ အေးစက်စက်နဲ့ စိုက်ကြည့်နေခဲ့တယ်။

“ဟေး၊ဟေး၊ ဒီသခင်လေးက မင်းကို စကားပြောနေတယ်လေ” ဟော်ရှင်းချန်က ခံပြင်းစွာနဲ့ ဒေါသတကြီး အော်ဟစ်လိုက်တယ်။

“သခင်လေး” ဟော်မိသားစုက အင်မော်တယ် တက်လှမ်းခြင်း အဆင့်နှစ်ယောက်ထဲက တစ်ယောက်က ကူကယ်ရာမဲ့စွာနဲ့ သူတို့ သခင်လေးကို အတင်းပြန်ဆွဲထားလိုက်ရတယ်။ ရန်ကိုင်ရဲ့ အောက်စည်းကို မသိသေးခင် သူ့ကို ထပ်ပြီး ရန်မစချင်သေးပါဘူး။

“ဒီက အခြေအနေအကြောင်း ပြောကြတာပေါ့” ရန်ကိုင်က နတ်ဆိုးဆန်ဆန် ပြုံးလိုက်တယ်။

“သခင်လေးရန် ပြောပါ။ ကျုပ်တို့ လူအိုကြီးနှစ်ယောက် နားထောင်နေပါတယ်”

“ပန်ချီ” ရန်ကိုင်က အောက်မှာရှိနေတဲ့ လူတစ်ယောက်ဆီ လက်ဝှေ့ရမ်းပြလိုက်ပြီး အော်ခေါ်လိုက်တယ်။

ပန်ချီ ခန္ဓာကိုယ် တုန်ရင်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ ပျံသန်းသွားလိုက်ကာ လက်သီးဆုပ်လိုက်လျက် “သခင်လေး”

“ ဘယ်လောက် ထိခိုက်သွားလဲ ဆိုတာကို တစ်ချက် သွားတွက်ချက်ကြည့်လိုက်”

“ဟုတ်ကဲ့ပါ” တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်ပြီးနောက် ပန်ချီက မြေကြီးပေါ်လို့ အလျင်စလို ပြန်ဆင်းသွားလိုက်တယ်။ ပြီးတာနဲ့ စတင်ပြီး တွက်ချက်ပါတော့တယ်။

တိုက်ပွဲရဲ့ အကျိုးဆက်ကြောင့် တိုက်ပွဲကွင်းပြင် တစ်ခုလုံး ပရမ်းပတာတွေ ဖြစ်နေခဲ့တယ်။ အလင်းဂိုဏ်းက အဖွဲ့ဝင်နဲ့ ဝါးထုံးဂိုဏ်းက အဖွဲ့ဝင်တွေက မီးတောက်မတတ် မျက်လုံးတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် စူးစိုက်ကြည့်နေခဲ့ပေမယ့် သူတို့ကိုယ်သူတို့တော့ အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့ပါတယ်။

ဟော်ရှင်းချန်က ရန်ကိုင်ကို စိတ်ဝင်တစားနဲ့ စူးစမ်းနေခဲ့တယ်။ သူ့မျက်နှာထက် ကြမ်းကြုတ်သည့် အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့ပြီး ရန်ကိုင်ကတော့ အေးအေးလူလူနဲ့သာ မတ်တပ်ရပ်နေခဲ့တယ်။

ရန်ကိုင်ရဲ့ တည်ငြိမ်တဲ့ အမူအရာကို ကြည့်ပြီး ဟော်မိသားစုက ပညာရှင်နှစ်ယောက် ခေါင်းညိတ်လိုက်မိကြတယ်။

ခဏကြာပြီးနောက် ပန်ချီက စိတ်မကောင်းသည့် အမူအရာနဲ့ ရန်ကိုင်ဆီ ပျံသန်းလာခဲ့ပြီး ပြန်ပြောလိုက်တယ် “အဖွဲ့ဝင်တွေထဲမှာ ၆၈ရှစ်ယောက် သေပြီး ၁၈၉ယောက် ဒဏ်ရာရခဲ့ပါတယ်”

ရန်ကိုင်က ဟော်ရှင်းချန်ဘက်လှည့်ပြီး အေးစက်စက် အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။

ဟော်ရှင်းချန်ကတော့ သူ့အကြည့်ကို ဂရုမပြုမိသည့်အလား ပုခုံးတွန့်ပြန်လိုက်ပြီး “ဈေးပြောလိုက်၊ ငါလျော်ပေးမယ်”

“သေသွားတဲ့ တစ်ယောက်ချင်းစီအတွက် ငွေဒင်္ဂါး၅၀၀၀၀၊ ဒဏ်ရာရတဲ့ တစ်ယောက်ချင်းစီအတွက် ငွေဒင်္ဂါး၁၀၀၀၊ ငွေနဲ့ ပေးလို့လည်း ရသလို ဆေးပင်တွေ၊ လက်နက်လုပ်တဲ့ ကုန်ကြမ်းတွေ၊ ဒါမှမဟုတ် အခြားအဖိုးတန် ရတနာတွေနဲ့ ပေးလို့လည်း ရတယ်”

“မင်းငါ့ကို ငွေညစ်နေတာလား” ဟော်ရှင်းချန်က အော်ဟစ်လိုက်တယ်။

သူက ဟော်မိသားစုရဲ့ ဆက်ဆံသူ ဆိုပေမယ့် ရန်ကိုင် တောင်းတဲ့ဈေးက အရမ်းများလွန်းနေပါတယ်။ ရန်ကိုင် တောင်းတဲ့အတိုင်းသာ ပေးရမယ် ဆိုရင် အနည်းဆုံး ငွေသန်းနဲ့ချီ ကုန်ကျသွားမှာပါ။

“သခင်လေးကိုင်၊ ဒီဈေးက အရမ်း များလွန်းမနေဘူးလား” ဟော်မိသားစု ပညာရှင် နှစ်ယောက်ထဲက တစ်ယောက်က ဝင်ကန့်ကွက်လိုက်တယ်။ ရန်ကိုင် ဒီလောက်အထိ လောဘကြီးလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ပါဘူး။

“ဆွေးနွေးစရာ မရှိဘူး” ရန်ကိုင်က အတိအလင်း ငြင်းပယ်လိုက်တယ်။

“အဲ့လောက်ကို ငါပေးမှာ မဟုတ်ဘူး” ဟော်ရှင်းချန်က သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး ခေါင်းမော့ရင်ကော့ကာ ပြောလိုက်တယ်။ နှစ်ပေါင်းများစွာကြာအောင် လူရမ်းကား တစ်ယောက်လို နေလာခဲ့ပြီးနောက် ဘယ်သူ့ကိုမှ သူမကြောက်တော့ပါဘူး။

ရန်ကိုင်က ရုတ်တရက် ရယ်မောလိုက်ပြီး “မင်းမှာ ငါ့ကို ဈေးစစ်ဖို့ အခွင့်အရေး ရှိတယ်ထင်နေတာလား”

သူပြောလို့ ပြီးသွားတာနဲ့ သင်းပျံ့ပျံ့ ပန်းရနံတစ်ခုက အာလုံး နှာခေါင်းဆီ ပျံ့လွင့်လာခဲ့တယ်။

ရုတ်တရက် ဟော်ရှင်းချန်ရဲ့ ရင်ဘတ်ကနေ သွေးနီရောင်ပန်းတစ်ပွင့် ပွင့်လန်းလာခဲ့ပြီး ထိုပန်းပွင့်ကနေတစ်ဆင့် ရာပေါင်းများစွာသော ပွင့်ချပ်များ အဖြစ်ပြောင်းလဲသွားခဲ့ကာ ဟော်ရှင်းချန် တစ်ကိုယ်လုံးကို ဝန်ရံသွားလိုက်တယ်။

ရွှစ်… ရွှစ်… ရွှစ်…

တစ်ထောင်သော ပွင့်ချပ်တွေက ဟော်ရှင်းချန် တစ်ကိုယ်လုံးကို အကြားအလပ် မစေ့အောင် ဝန်းအရံထားခဲ့တယ်။ ပွင့်ချပ်တစ်ခုစီတိုင်းက ထက်ရှရောင် တလက်လက် ထနေခဲ့ပြီး အေးစက်စက် ဖိအားတစ်ခုကို ထုတ်လွှတ်နေခဲ့တယ်။ ထိုဖိအားကြောင့် ဟော်ရှင်းချန် နဖူးတစ်ခုလုံး‌ ချွေးအေးတို့ဖြင့် စိုရွှဲသွားခဲ့တယ်။

ဟော်မိသားစုက ပညာရှင်နှစ်ယောက်ရဲ့ အမူအရာလည်း ပြောင်းလဲသွားခဲ့တယ်။

ရန်ကိုင်က ဟော်ရှင်းချန် ကိုယ်ပေါ်မှာ အခုလို လှည့်ကွက်တစ်ခုကို ဖုံးကွယ်ထားတာကို သူတို့ နှစ်ယောက်စလုံး သတိမပြုမိခဲ့ပါဘူး။ ထိုပွင့်ချပ်တစ်ထောင်က သတ်ဖြတ်ရေး လက်နက်တစ်ခုပါ။ ရန်မိသားစု သခင်လေးက ထိုသတ်ဖြတ်ရေး လက်နက်ကို သူတို့ သခင်လေးကိုယ်ပေါ် တင်ပေးလိုက်တာကို အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် နှစ်ယောက်စလုံး သတိမပြုမိခဲ့ပါဘူး။

ပညာရှင်နှစ်ယောက်စလုံး ရန်ကိုင်ကို ဆက်ပြီး အထင်မသေးရဲတော့သလို ရန်ကိုင်အား လူငယ်မျိုးဆက် တစ်ယောက်ကို ဆက်ဆံသလိုလည်း မဆက်ဆံရဲတော့ပါဘူး။ သူ့ရဲ့ ပြတ်သားပြီး ရက်စက်တဲ့ နည်းလမ်းတွေကို ထိတ်လန့်စရာကြီးတွေ ချည်းပါပဲ။

“မင်းငါ့ကို သတ်ရဲလို့လား” ဟော်ရှင်းချန်က မကြောက်ရွံ့ယောင် ဆောင်နေဆဲပါပဲ။

“နှစ်ဝက်လောက်အထိ မင်းကို အိပ်ရာထဲ လဲနေအောင်တော့ လုပ်လိုက်လို့ ရတယ်လေ၊ အဲ့ထက်တောင် ပိုရင် ပိုနိုင်သေးတယ်” ရန်ကိုင်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။ ထိုစကားကို ကြားလိုက်တာနဲ့ ဟော်ချင်းရှောင် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့တယ်။

ရန်ကိုင် မျက်ဝန်းထဲက စိတ်မရှည်တော့တဲ့ အရိပ်အယောင်ကို မြင်လိုက်တာနဲ့ ဟော်မိသားစုက ပညာရှင်နှစ်ယောက်ထဲက တစ်ယောက်က ခပ်မြန်မြန်ပဲ ဝင်ပြောလိုက်တယ် “သခင်လေးကိုင်၊ ကျုပ်တို့ အရှုံးပေးပါတယ်။ သခင်လေးပြောတဲ့ လျော်ကြေးကို ကျုပ်တို့ ပေးပါ့မယ်။ ကျုပ်တို့ သခင်လေးကို ကျေးဇူးပြုပြီး အရင်ဆုံး လွှတ်ပေးပါလား”

“ကျုပ်ရဲ့ သည်းခံနိုင်စွမ်းကို ထပ်ပြီး လာမစမ်းရင် ကောင်းမယ်” ရန်ကိုင်က ယုတ်မာကောက်ကျစ်တဲ့ ပုံစံနဲ့ ပြုံးလိုက်တယ်။ သူ့လေသံထဲ သတိပေးချက်တို့ ပါဝင်နေခဲ့ပါတယ်။

“ကျိန်းသေတာပေါ့” ထိုလူက မျက်နှာထား တင်းတင်းနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

ပွင့်ချပ်တစ်ထောင်စလုံးက အနီရောင်အလင်းတစ်ခု အဖြစ် ပေါင်းစည်းသွားခဲ့ပြီး ရန်ကိုင်ကိုယ်ထဲ ပြန်လည်တိုးဝင် ပျောက်ကွယ်သွားခဲ့တယ်။

အခုမှပဲ ဟော်မိသားစုက ပညာရှင်နှစ်ယောက် သက်ပြင်းချနိုင်တော့တယ်။ ဟော်ရှင်းချန်ရဲ့ မျက်နှာကတော့ သုန်မှုန်နေခဲ့ပြီး သူဘာတွေးနေလဲ ဆိုတာကို ဘယ်သူမှ သိမနေခဲ့ပါဘူး။

သိပ်မကြာခင်မှာပဲ ဟော်မိသားစုက ပညာရှင်တစ်ယောက်က တွေးတွေးဆဆနဲ့ ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်တယ် “သခင်လေးရန်က နောက်တစ်ဆင့် ချိုးဖျက်တော့မယ့် ပုံစံပဲ”

ရန်ကိုင်ကို စကားပြောလိုက်တဲ့ ပညာရှင်ကို တစ်ချက်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းညိတ်ပြလိုက်တယ်။

အစစ်အမှန်ဒြပ်စင်အဆင့်၇ရဲ့ အကန့်အသတ်ကို ရောက်နေတာ ဟိုးရက်တွေ ကတည်းကပါ။ ဒါပေမယ့် ဒီနေ့တိုက်ပွဲက အန္တရာယ် မများဘူးဆိုပေမယ့် အသက်တစ်ရှိုက်စာ၊ နှစ်ရှိုက်စာ အချိန်က ရလဒ်ကို အဆုံးအဖြတ် ပေးသွားခဲ့ပါတယ်။ ထိုအချိန်အနည်းငယ် အတွင်း သူက တစ်ဖက်လူရဲ့ ချက်ကောင်းကို ဆုပ်ကိုင်ဖို့ ကြိုးစားခဲ့ရတာပါ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်မြင့်အဆင့် ပညာရှင် နှစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် ရန်ကိုင် အနေနဲ့ ဖိအားအနည်းငယ်တော့ ခံစားလိုက်ရပါသေးတယ်။

မမျှော်လင့်စွာပဲ ထိုဖိအားအောက်က သူ့ကို နောက်တစ်ဆင့် မချိုးဖျက်နိုင်အောင် လုပ်နေတဲ့ အတားအဆီးက လျော့ရဲသွားတဲ့ ပုံပါပဲ။

ရန်ကိုင်က ပွင့်ပွင့်လင်းလင်း ဝန်ခံလာတာ မြင်တော့ ဟော်မိသားစု ပညာရှင်နှစ်ယောက်စလုံး သက်ပြင်း ရှိုက်လိုက်မိကြတယ်။ ဟော်ရှင်းချန်က ပိုပြီးတော့တောင် အံ့အားသင့်နေပါသေးတယ်။ ရန်ကိုင်ကို စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းအစုံက မနာလို့တဲ့ အရိပ်အယောင်တို့နဲ့ ပြည့်နေခဲ့ပါတယ်။

“သခင်လေး အဆင့်ချိုးဖျက်တာကို အာရုံစိုက်ထားသ်င့်တယ်။ ဒီမှာ ရှိတဲ့ ကိစ္စတွေနဲ့ ပက်သက်ပြီး စိုးရိမ်နေဖို့ မလိုပါဘူး။ အခုလို ဖြစ်လာရတာတွေ အားလုံးက ကျုပ်တို့ သခင်လေး ပျင်းရိငြီးငွေ့လို့ အပျော်ရှာရင်းကနေ စခဲ့တာပါ။ ကျုပ်တို့ အကြီးအကဲ နှစ်ယောက်ကပဲ သခင်လေး ရှုပ်ခဲ့တဲ့ အရှုပ်ထုပ်တွေကို သေချာ ကိုင်တွယ်လိုက်ပါ့မယ်”

ထိုစကားကို နားထောင်ရင်း ပန်ချီနဲ့ မူနန်းတုံ့တို့ နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက်က ကြည့်ကာ မဲ့ပြုံးပြုံးလိုက်ကြတယ်။ သခင်လေးတစ်ယောက် အပျော်ရှာချင်တဲ့ ကိစ္စလေးအတွက်နဲ့ နှစ်ဖက်အင်အားစုက လူပေါင်းများစွာ သေကြေဒဏ်ရာ ရခဲ့ကြရတယ်။ မိသားစုကြီးက သခင်လေးတွေရဲ့ မျက်လုံးထဲမှာတော့ သူတို့တွေ အားလုံးက အသုံးမဝင်တဲ့ အရုပ်သသာသာပါပဲ။

“ကောင်းပြီလေ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။ အဆင့်က ချိုးဖျက်လုဆဲဆဲ ဖြစ်နေပြီဖြစ်တဲ့အတွက် သူဒီမှာ အချိန်ဆက်ဖြုန်းနေလို့ မဖြစ်တော့ပါဘူး။ ခပ်မြန်မြန်ပဲ ဝါးထုံးဂိုဏ်းရဲ့ အဓိကခန်းမဆီ တစ်ဟုန်ထိုး ပြေးသွားလိုက်တယ်။

“ရန်ကိုင်” ဟော်ရှင်းချန်က နောက်ကနေ ရုတ်တရက် လှမ်းအော်ခေါ်လိုက်တယ်။

ရန်ကိုင်လည်း ရပ်တန့်လိုက်ပြီး နောက်ပြန် လှည့်ကြည့်လိုက်တယ်။

“အမွေခံတိုက်ပွဲကို မင်းဝင်ပြိုင်မှာလား” ဟော်ရှင်းချန်က အပြုံးကြီး ပြုံးရင်း မေးလိုက်တယ်။

“အင်း”

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်” ဟော်ရှင်းချန်က မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်ပြီး “မင်းစောင့်နေ၊ ငါမင်းကို မှတ်ထားမယ်။ ငါလည်း အမွေခံတိုက်ပွဲမှာ ကျိန်းသေ ဝင်ပြိုင်မှာ”

ရန်ကိုင်က ဟော်ရှင်းချန်ကို လျစ်လျူ ရှုထားလိုက်ပြီး အဓိကခန်းမဆီကိုသာ ပြေးသွားလိုက်တယ်။

ရန်ကိုင် ပုံရိပ်ပျောက်ကွယ် သွားတာနဲ့ ဟော်ရှင်းချန်က အေးစက်စက်နဲ့ ပြုံးလိုက်ပြီး “စိတ်ဝင်စားကောင်းနေပြီ။ အရမ်းကို စိတ်ဝင်စားစရာ ကောင်းနေပြီ”

သူတို့ သခင်လေး မျက်နှာထက်က အကြည့်ကို မြင်လိုက်တာနဲ့ ဟော်မိသားစု ပညာရှင် နှစ်ယောက်ထဲက တစ်ယောက်က ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “သခင်လေး၊ ကျေးဇူးပြုပြီး ဒေါသ ထိန်းပါဦး။ သခင်လေးသာ အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်နေသရွေ့ သူနဲ့ ပြန်တွေ့ရမှာပဲလေ။ အဲ့အချိန်ကျရင် သခင်လေးကို စော်ကားရန်စ လိုက်တာက ဘယ်လောက်တောင် မိုက်မဲ့တဲ့ လုပ်ရပ်လဲ ဆိုတာကို သူနားလည်သွားပါလိမ့်မယ်”

Martial Peak

အပိုင်း (၄၀၄) ပြဿနာ မရှာစမ်းပါနဲ့

ဟော်ရှင်းချန်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “ခင်းဗျားတို့ ဆက်ပြောနေစရာ မလိုပါဘူး။ ကျုပ်တကယ် ဒေါသထွက်တာမှ မဟုတ်တာ။ တကယ်တော့ ကျုပ်အခုလို မပျော်ရတာ အချိန်တော်တော်လေးတောင် ကြာသွားခဲ့ပြီ။ ဒီလို အသေးစား တိုက်ပွဲလေးတွေက တကယ်ကို ပျင်းစရာ ကောင်းလွန်းတယ်။ အဲ့တိုက်ပွဲလေးတွေက ဒီသခင်လေးရဲ့ ပျင်းရိမှုကို မဖြေဖြောက်ပေးနိုင်တော့ဘူး”

ပြောနေရင်းနဲ့ တစ်ချက် ရပ်လိုက်ပြီး ဟော်ရှင်းချန်က မေးလိုက်တယ် “အခု၊ သူ့အပေါ် အကြွေးဘယ်လောက် တင်ထားလဲ”

ဟော်မိသားစုက ပညာရှင် နှစ်ယောက်စလုံးရဲ့ မျက်နှာ သီးပုရာသီး ကိုက်လိုက်ရသလို ဖြစ်သွားခဲ့တယ်။ ထို့နောက် ဖြေးဖြေးချင်းသာ ခေါင်းခါယမ်းပြလိုက်တယ်။ သူတို့ထဲက ဘယ်သူ့မှာမှ ငွေသန်းပေါင်းများစွာ ပါမလာခဲ့ပါဘူး။

“အခြားတစ်ယောက်ကို ပိုက်ဆံအကြွေး တင်နေရတာ တကယ်ကို စိတ်ကသိကအောက် နိုင်လွန်းတယ်” ဟော်ရှင်းချန်က သူ့မေးစကို ပွတ်လိုက်ရင်း တိုးတိုးလေး ပြောလိုက်တယ်။

ဝါးထုံးဂိုဏ်းအတွင်း၌ ရန်ကိုင်က ကြမ်းပြင်ထက် တင်ပလင်ခွေ ထိုင်ရင်း အစစ်အမှန်ချီကို အရူးအမူ လှည့်ပတ်နေခဲ့တယ်။

တစ်နာရီလောက် မနားမနေ ကြိုးစားခဲ့ပြီးနောက် သူ့ကို ခဲဆွဲသလို ဆွဲထားတဲ့ အချုပ်အနှောင်တွေ အားလုံး ပျက်ပျယ်သွားခဲ့ပါပြီ။ သူ့ရဲ့ လှိုင်းလုံးသဖွယ် မြင့်တက်နေတဲ့ အစစ်အမှန်ချီတွေလည်း ဖြေးဖြေးချင်း တည်ငြိမ်သွားခဲ့တယ်။ သူနောက်တစ်ဆင့်သို့ ချိုးဖျက်သွားနိုင်ခဲ့လေပြီ။

အစစ်အမှန်ဒြပ်စင်အဆင့်၈ …

သူအဆင့်ချိုးဖျက်သွားတဲ့အခိုက် အရောင်ငါးရောင်ဖြင့် တလက်လက် တောက်ပနေတဲ့ ကြာပန်းတစ်ပွင့်ကို ရန်ကိုင် မြင်လိုက်မိခဲ့တယ်။

ငါးရောင်ခြယ် ကြာပန်း…

ထိုကြာပန်းကို ရရှိပြီးကတည်းက နောက်တစ်ကြိမ် တစ်ခါမှ ထပ်မမြင်တွေ့ခဲ့ရပါဘူး။ ထိုကြာပန်းက သူ့စိတ်ထဲက တစ်နေရာရာမှာ ရှိနေရင်း သူ့ကောင်းကင်စိတ်အာရုံကို အဆက်မပြတ် အားဖြည့်ပေးနေတယ် ဆိုတာကို ရန်ကိုင် သိထားပေမယ့်လို့ သူ့ရဲ့ အသိစိတ်ပင်လယ်ကို မဖွင့်လှစ်နိုင်သေးတဲ့ အတွက် ထိုကြာပန်းက မမြင်နိုင်၊ မတွေ့နိုင်တဲ့ ပစ္စည်းတစ်ခု အဖြစ်နဲ့သာ ရှိနေခဲ့ပါတယ်။

အခု ငါးရောင်းခြယ် ကြာပန်းကို နောက်တစ်ကြိမ် ထပ်မံ မြင်တွေ့လိုက်ရတဲ့အတွက် ရန်ကိုင် စိတ်လှုပ်ရှားမိသွားခဲ့တယ်။ အသိစိတ်ပင်လယ်ကို ဖွင့်လှစ်ပြီး ငါးရောင်ခြယ်ကြာပန်းကို နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့နိုင်မယ့် နေ့ကို ရန်ကိုင် မြန်မြန် ရောက်ချင်လာမိခဲ့တယ်။

သူ့ကောင်းကင်စိတ်အာရုံရဲ့ ခွန်အားကို ရန်ကိုင် အကြမ်းဖျင်းပဲ နားလည်ထားပါတယ်။

သူ့ရဲ့ ကောင်းကင်စိတ်အာရုံက သာမန်အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈ ပညာရှင်အောက် မနိမ့်ကျပဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ ကျင့်ကြံသူရဲ့ ကောင်းကင်စိတ်အာရုံနဲ့ တူညီလုနီးနီး ရှိနေခဲ့ပါတယ်။ သူသာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်နိုင်ပြီး အသိစိတ်ပင်လယ်ကို ဖွင့်လှစ်နိုင်တဲ့တစ်နေ့ သူ့ရဲ့ စိတ်စွမ်းအင် ဘယ်လောက်တောင် တိုးတက်သွားမလဲ ဆိုတာကို ရန်ကိုင် တော်တော်လေး သိချင်နေမိခဲ့တယ်။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်နိုင်မယ့် နေ့ကို ရန်ကိုင် အမြန် ရောက်ချင်နေမိခဲ့တယ်။

အင်မော်တယ် တက်လှမ်းခြင်းအဆင့်က ဒီကျင့်ကြံခြင်း လောကကြီးရဲ့ အထွတ်အထိပ် နယ်ပယ်တစ်ခုဆိုလည်း မမှားပါဘူး။ လူပေါင်းများစွာထဲမှ လက်တစ်ဆုပ်စာလောက်သာ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ရောက်ရှိနိုင်ခဲ့ကြပါတယ်။ ထိုထဲကမှ အလွန်အလွန် နည်းပါးတဲ့ လူတွေကပဲ ပိုမြင့်တဲ့ အဆင့်ကို ဆက်ပြီး တက်လှမ်းနိုင်ကြတာပါ။ ကျန်တဲ့လူတွေကတော့ သူတို့ ဘဝ တစ်လျှောက်လုံး အင်မော်တယ် တက်လှမ်းခြင်း အဆင့်ဆိုတာကို မော့ကြည့်သွားရုံပဲ တတ်နိုင်ကြပါတယ်။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ရောက်ရှိသွားတာနဲ့ ဒီကျင့်ကြံခြင်း လောကကြီးထဲ အဆင့်မြင့် ကျင့်ကြံသူတွေထဲ တစ်ယောက်ဖြစ်သွားပြီလို့ ဆိုလိုက်တာပါပဲ။ ဒီပန်းတိုင်ကို ရောက်ရှိနိုင်ဖို့အတွက် ကျင့်ကြံသူများစွာက မြဲမြံသော စိတ်အစဉ်နဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ရောက်နိုင်ဖို့ကို နေ့ညမပြတ် ကြိုးစားအားထုတ်ရင်း သူတို့ကိုယ်သူတို့ ဖျက်စီးမိခဲ့ကြတယ်။

အချို့လူတွေကတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ရောက်ရှိနိုင်ဖို့အတွက် တောတောင်တွေထဲ တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်စဉ် ဝင်ရင်း သိုင်းတာအိုအပေါ် ဥာဏ်အလင်းပွင့်ဖို့ ကြိုးစားခဲ့ကြတယ်။

ဒါပေမယ့် ကျင့်ကြံသူ အများစုကတော့ သတို့ တစ်ဘဝလုံးစာ အချိန်တွေကို အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရောက်ရှိနိုင်ဖို့အတွက် ကြိုးစားရင်နဲ့ပဲ နောင်တကြီးစွာနဲ့ သေသွားခဲ့ကြရတယ်။

ကံကောင်းပြီးတော့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိနိုင်ခဲ့တယ် ဆိုရင်တောင် နောက်ထပ် အဆင့်သေး ကိုးဆင့် ရှိပါသေးတယ်။ ထို့ကြောင့် ကျင့်ကြံသူတစ်ယောက်ရဲ့ သိုင်းခရီးလမ်းက ပြီးဆုံးသွားပြီလို့ မဆိုနိုင်သေးပါဘူး။ အဆင့်တစ်ကြိမ် တက်တိုင်း ဒီလောကကြီး ကျင့်ကြံခြင်း ခရီးလမ်းရဲ့ အထွတ်အထိပ်ကို ရောက်ရှိဖို့ ခရီးလမ်းက ပိုပြီးတိုသွားလေပါပဲ။

အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈ကို ချိုးဖျက်သွားပြီးနောက် ရန်ကိုင်က ချက်ချင်း မထလိုက်ပါဘူး။

အဲ့အစား နေရာမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေရင်း အဆင့်သစ်ကို ချိုးဖျက်သွားလို့ ရရှိလာတဲ့ ဥာဏ်အလင်း အသစ်တွေကို နားလည်ဆင်ခြင် နေလိုက်တယ်။

ဆေးပေါင်းရည်ကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်ကို သန့်စင်ခဲ့ပြီးနောက် သူအဆင့် ချိုးဖျက်မှု တစ်ခုလုပ်လိုက်တိုင်း သိသာတဲ့ ပြောင်းလဲမှုအချို့ ဖြစ်လာခဲ့ပါတယ်။ အနည်းဆုံးတော့ အရင်ကထက် ပိုပြီး သိသိသာသာ သန်မာလာတယ်လို့ သူခံစားမိနေခဲ့ပါပြီ။

ထိုခံစားချက် ရှင်းပြရခက်ပါတယ်။ နားလည်သလိုသာ ရှင်းပြရမယ် ဆိုရင်တော့ သူလက်ရှိအခုက နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိနေတာပါပဲ။

တစ်ရက်ကြာပြီးနောက် ပိတ်နေတဲ့ ရန်ကိုင် မျက်ဝန်းအစုံ ဖြေးဖြေးချင်း ပွင့်လာခဲ့တယ်။ အချိန်အတော်ကြာ ငြိမ်သက်မြဲ ငြိမ်သက်နေပြီးမှပဲ မတ်တပ် ထရပ်လိုက်တယ်။

ခန်းမတံခါးကို ဖွင့်လိုက်ပြီး အပြင်ကို ထွက်လိုက်တယ်။

အပြင်ဘက်မှာတော့ လူဒါဇင်ကျော်လောက်က အတန်းနှစ်တန်းခွဲကာ စောင့်ဆိုင်းနေခဲ့ကြတယ်။ ရန်ကိုင် ထွက်လာတာကို မြင်လိုက်တာနဲ့ အားလုံက အလျင်စလို လက်သီးဆုပ်နှုတ်ဆက်လိုက်တယ် “လက်အောက်ငယ်သားတွေက သခင်လေးကို နှုတ်ဆက်ပါတယ်”

ရန်ကိုင်က လူအုပ်ကြီးတစ်ချက် ဝေ့ကြည့်လိုက်ပြီး ရပ်တန့်လိုက်တယ်။

ဘယ်ဘက်မှာ ရှိနေတဲ့ လူတွေက ပန်ချီခေါင်းဆောင်တဲ့ ဝါးထုံးဂိုဏ်းရဲ့ အမြင့်ပိုင်း အဖွဲ့ဝင်တွေ ဖြစ်ကြပြီး ညာဘက်မှာ ရှိနေတဲ့ လူတွေကတော့ မူနန်းတုံ့ဦးဆောင်တဲ့ အလင်းဂိုဏ်းက အမြင့်ပိုင် အဖွဲ့ဝင်တွေပဲ ဖြစ်ကြပါတယ်။ ပန်ချီနဲ့ သူသေကိုယ်သေ တိုက်ခိုက်ခဲ့တဲ့ ဝူရှန်းတောင် သူ့ကို လေးလေးစားစားနဲ့ နှုတ်ဆက်နေခဲ့ပါတယ်။

နှစ်တန်စလုံးက လူတွေက ဦညွှတ်ကာ သူ့ကို နှုတ်ဆက်ခဲ့ကြတယ်။ ဒါပေမယ့် မူနန်းတုံ့က ကူကယ်ရာမဲ့နေသည့် အမူအရာနဲ ဦးညွှတ်နှုတ်ဆက်နေတဲ့ အချိန် ပန်ချီကတော့ တက်ကြွရွှင်လန်းမှုတွေနဲ့ ပြည့်နေခဲ့ကာ လေးစားကြည်ညိုသည့် အရိပ်အယာင် အချို့တောင် သူ့အမူအရာထဲ မြင်တွေ့နိုင်ပါတယ်။

ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး မူနန်းတုံ့ကို သင်္ကာမကင်းနဲ့ ကြည့်လိုက်ကာ “မင်းတို့ အလင်းဂိုဏ်းက လူတွေ ဘာလို့ ဒီရောက်နေရတာလဲ”

မူနန်းတုံ့က အလျင်စလို ပြန်ရှင်းပြလိုက်တယ် “အခုအချိန်ကနေ စပြီး ကျုပ်တို့ အလင်းဂိုဏ်းကို သခင်လေး ပိုင်သွားပါပြီ။ ကျုပ်တို့ အလင်းဂိုဏ်းက သခင်လေးပေးတဲ့ တာဝန်မှန်သမျှ၊ အမိန့်မှန်သမျှကို နာနာခံခံနဲ့ ဆောင်ရွက်မှာပါ”

“ဘာဖြစ်လို့လဲ” ရန်ကိုင်က ပြန်မေးလိုက်တယ်။ သူပိုပြီး စိတ်ရှုပ်လာနေခဲ့တယ်။

“သခင်လေး၊ အခုကိစ္စက ဒီလိုပါ…” အခြေအနေကို သတိပြုမိလိုက်တာနဲ့ ပန်ချီက ခပ်မြန်မြန်ပဲ အဖြစ်အပျက် အကြောင်းစုံကို ရန်ကိုင်အား လုံးစေ့ပတ်စေ့ ရှင်းပြလိုက်တယ်။

သူအဆင့်ချိုးဖျက်ဖို့ ကြိုးစားတဲ့ ညမှာပဲ ဟော်ချင်းရှန်နဲ့ ဟော်မိသားစု ပညာရှင်နှစ်ယောက်က ပိုက်ဆံထုပ်ပိုက်ပြီး ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ယူလာတဲ့ ပိုက်ဆံက သောင်းဂဏန်း ကျော်ကျော်လောက်ပဲ ရှိပါတယ်။

ထိုအချိန်တုန်းက ဟော်ရှင်းချန် မျက်နှာ အမူအရာ မကောင်းတာကို သတိပြုမိတဲ့အတွက် ပန်ချီက ကျန်တဲ့ပိုက်ဆံတွေကို အကြွေးအဖြစ် မှတ်ထားလိုက်ပြီး နောက်မှပေးလည်း ရတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဟော်ရှင်းချန်က အခြားသူတွေကို အကြွေးတင်ရတာကို မနှစ်မြို့တဲ့ ပုံစံပါပဲ။

ပန်ချီက စိတ်ကောင်း စေတနာနဲ့ ဝင်အကြံပေးလိုက်တာပါ။ ဒါပေမယ့် သူ့အကြံပေး စကားကို ကြားလည်းကြားရော ဟော်ရှင်းချန်က မယားလုခံလိုက်ရတဲ့ ယောကျာ်းတစ်ယောက်လို စကားတစ်ခွန်းတောင် မပြောပဲ ပန်ချီကို ထထိုးပါတောတ့ယ်။

တစ်ခဏတာ ဆုံးဖြတ်လိုက်ပြီးနောက် ဟော်ရှင်းချန်က အလင်းဂိုဏ်းကို လျော်ကြေးအဖြစ် ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မူနန်းတုံ့ကို အခုအချိန်ကစပြီး ရန်ကိုင်ကို အလုပ်ကျွေးပြုရမယ်လို့ ညွှန်ကြားပြီးနောက် ဟော်ရှင်းချန်က ဟော်မိသားစုက ပညာရှင်နှစ်ယောက်ကို ဦးဆောင်ပြီး ကြော့ကြော့မော့မော့နဲ့ ပြန်ထွက်သွားခဲ့ပါတယ်။

အလင်းဂိုဏ်းမှာ ဂိုဏ်းသားတစ်ထောင်ကျော် ရှိပြီး ဟော်ရှင်းချန်ရဲ့ ကိုယ်ပိုင် အင်အားစု တစ်ခုဆိုလည်း မမှာပါးဘူး။ ပုံမှန်ဆိုရင် အလင်းဂိုဏ်းက ဟော်ရှင်းချန် နာမည်နဲ့ လူရမ်းကား ဂိုဏ်းတစ်ခု လုပ်နေတာပါ။ ဒါပေမယ့် အခုတော့ ဟော်ရှင်းချန်က သူတို့ကို အသုံးမဝင်တော့တဲ့ ကုပစ္စည်းအဟောင်းတစ်ခုလို ရောင်းစား သွားခဲ့ပါပြီ. ထို့ကြောင့် မူနန်းတုံ့နဲ့ ကျန်တဲ့ အလင်းဂိုဏ်းသားတွေ စိတ်ဓါတ်ကျတာလည်း မထူးဆန်းပါဘူး။

ပန်ချီ ရှင်းပြပြီးနောက် မူနန်းတုံ့ မသိမသာလေး ခေါင်းမော့လိုက်ပြီး ရန်ကိုင် အမူအရာကို တိတ်တဆိတ် စူးစမ်းလိုက်တယ်။

ဒါပေမယ့် ပန်ချီရှင်းပြတာကို ကြားပြီးတာတောင် ရန်ကိုင် အမူအရာ မပြောင်းလဲပဲ ရှိနေဦးမယ်လို့ မူနနန်းတုံ့ ထင်မထားခဲ့ပါဘူး။ သူ့အမူအရာက နည်းနည်းလေးတောင် ပြောင်းလဲမသွားတဲ့ အတွက် သူဘာတွေးနေလဲ ဆိုတာကို မူနန်းတုံ့ မခန့်မှန်းနိုင် ဖြစ်သွားခဲ့ရတယ်။

မူနန်းတုံ့က ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့ပြီး ခပ်မြန်မြန်ပဲ ဝင်ပြောလိုက်တယ် “တကယ်တော့၊ သခင်လေးဟော် အခုလို လုပ်သွားလို့လည်း သခင်လေးရန်အတွက် အရှုံးမရှိပါဘူး”

“အို၊ ဘာလို့လဲ ပြောစမ်းပါဦး” ရန်ကိုင်က မူနန်းတုံ့ကို ကြည့်ပြီး ပြောင်းလဲခြင်း မရှိတဲ့ လေသံနဲ့ မေးလိုက်တယ်။

မူနန်းတုံ့ စိတ်အားတက်သွားခဲ့ပြီး အလျင်စလိုနဲ့ စရှင်းပြပါတော့တယ် “လွန်ခဲ့တဲ့ နှစ်တွေအတွင်း အလင်းဂိုဏ်းက ငွေကြေးတော်တော် များများ စုမိဆောင်းမိ ထားခဲ့ပါတယ်။ ကျုပ်တို့ စုဆောင်းထားခဲ့တဲ့ ငွေပမာဏက မနေ့ညက အပျက်အစီး တန်ဖိုးထက် လုံလောက်တာထက်တောင် ပိုနေပါဦးမယ်”

“ဘယ်လောက်လဲ”

“တစ်သန်း၊ နှစ်သန်း၊ ဒါမှမဟုတ် အဲ့ထက်လည်း များနိုင်တယ်။ ဟုတ်တယ်၊ လွန်ခဲ့တဲ့ နှစ်တွေအတွင်း သခင်လေးဟောင် ကျုပ်တို့ကို ချီးမြှင့်ခဲ့တဲ့ အဖိုးတန် ရတနာတွေလည်း ရှိသေးတယ်”

ရန်ကိုင် တစ်ခုခုကို ရုတ်တရက် တွေးမိလိုက်ပြီး သွားပေါ်အောင် ပြုံးလိုက်ရင်း မေးလိုက်တယ် “ဗဟိုမြို့တော်က အခြားအင်အားစုတွေနဲ့ ယှဉ်ရင် မင်းတို့ အလင်းဂိုဏ်းက ဘယ်အဆင့်မှာ ရှိလဲ”

“အလယ်နားလောက်မှာပါ” မူနန်းတုံ့က ရယ်မောလိုက်ပြီး “အရမ်းကြီးလည်း မကြီးသလို အရမ်းကြီးလည်း မသေးပါဘူး”

“ဝါးထုံးဂိုဏ်းနဲ့ အလင်းဂိုဏ်းနဲ့ ပေါင်းလိုက်မယ် ဆိုရင်ကော”

“ထိပ်ဆုံး အင်အားစု ၁၅စုထဲကို ကျိန်းသေဝင်ပါတယ်” မူနန်းတုံ့က ယုံကြည်ချက် အပြည့်နဲ့ ပြန်ပြောလိုက်တယ်။

“ကောင်းတယ်။ အခုကနေစပြီး အလင်းဂိုဏ်းဆိုတာ မရှိတော့ဘူး” ရန်ကိုင်က မူနန်းတုံကို ညွှန်ပြရင်း ပန်ချီကို ကြည့်ကာ “အခုကနေ စပြီး ဒီလူက မင်းရဲ့ လက်ထောက် ဖြစ်လာလိမ့်မယ်”

“ဟုတ်ကဲ့ပါ” ပန်ချီက အရမ်း ပျော်သွားခဲ့ပေမယ့် မူနန်းတုံ့ကတော့ ဆေးခါးကြီး စားလိုက်ရသလို သူ့မျက်နှာ တစ်ခုလုံးက ရှုံ့မဲ့နေခဲ့တယ်။ ဒါပေမယ့် အထွန့်မတက်ရဲတဲ့ အတွက် ကူကယ်ရာမဲ့စွာနဲ့ ရယ်မောရုံပဲ တတ်နိုင်ခဲ့ပါတယ်။

အလင်းဂိုဏ်းရဲ့ ကြွယ်ဝချမ်းသာမှုကို ကြည့်ရင်း ထိုအင်အားစုလေးတွေကို သူအထင်သေးလိုက်မိပြီမှန်း ရန်ကိုင် သိလိုက်တယ်။ အင်အားစုလေးတွေ အားလုံက ဝါးထုံးဂိုဏ်းလို မွဲတေနေကြတာ မဟုတ်ပါဘူး။

မာန်ပါပါ ပြုံးလိုက်ရင်း ရန်ကိုင်က ဆက်ပြောလိုက်တတယ် “ကျုပ် ခင်ဗျားတို့ကို တစ်ယောက်နဲ့ တစ်ယောက် အမြန်ဆုံး ရင်းနှီးအောင် လုပ်ထားစေချင်တယ်။ ပြီးတာနဲ့… ဒီနယ်ပယ်တစ်ဝိုက်မှာ ရှိနေတဲ့ အင်အားစုလေးတွေကို စတင် ဝါးမြိုဖို့ ကြိုးစားလိုက်တော့”

“အား” ပန်ချီက ထိတ်လန့်တကြားနဲ့ အော်ဟစ် မိလိုက်ပြီး မူနန်းတုံ့ရဲ့ အမူအရာကတော့ အရမ်းကြီး ပြောင်းလဲသွားခြင်း မရှိခဲ့ပါဘူး။

“ဒါ… ဒါက သင့်တော်ပါ့မလား” ပန်ချီ တုန့်ဆိုင်းသွားခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်အတောအတွင်း ဝါးထုံးဂိုဏ်းက အခြားအင်အားစုတွေကို ဝါးမြိုဖို့ တစ်ခါမှ မကြိုးစားခဲ့ဖူးပါဘူး။ အရင်တုန်းကဆိုရင် ဝါးထုံးဂိုဏ်းအနေနဲ့ အခြား အင်အားစုတွေကို ဝါးမြို တိုက်ခိုက်ဖို့ မပြောနှင့်၊ သူတို့ကိုယ် သူတို့တောင် မနည်းခုခံကာကွယ် နေရတာပါ။ ဒါပေမယ့် အခုတော့ အခြားအင်အားစုလေးတွေကို တိုက်ခိုက်ဝါးမြိုဖို့ ရန်ကိုင်က သူတို့ကို အမိန့်ပေးလာခဲ့ပါပြီ။ ပန်ချီ မတုန်လှုပ်ပဲ ဘယ်နေပါ့မလဲ.

“ခင်‌ဗျား ဘယ်လိုထင်လဲ” ရန်ကိုင်က မူနန်းတုံ့ကို ကြည့်ကာ မေးလိုက်တယ်။

မူနန်းတုံ့က အလျင်စလိုနဲ့ ပြန်ပြောလိုက်တယ် “တောတွင်း ဥပဒေကို လိုက်နာတာနဲ့ ပက်သက်ပြီး ဘာမှ မှားယွင်းမနေပါဘူး။ အားကြီးသူက အားငယ်သူကို ဝါးမြိုတာ သဘာဝပါပဲ။ လွန်ခဲ့တဲ့ ညတုန်းက သခင်လေးသာ အချိန်မှီ ရောက်မလာခဲ့ပဲ ဓါးတစ်လက်နဲ့ လမ်းမထွင်းနိုင်ခဲ့ဘူး ဆိုရင် အခုအချိန်လောက်ဆို ဒီလောကကြီးမှာ ဝါးထုံးဂိုဏ်းဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ဗဟိုမြို့တော်က အင်အားစုလေးတွေကြားမှာ တိုက်ပွဲဖြစ်တယ် ဆိုတာ ပုံမှန်ပါပဲ။ ပန်ချီ၊ မင်းအရမ်း စိတ်ပျော့လွန်းတယ်”

မူနန်းတုံ့ရဲ့ လှောင်ပြောင်စကားကို ကြားတော့ ပန်ချီ ရှက်သွားခဲ့တယ်။ ဒါပေမယ့် တစ်ဖက်က ပြောနေတာက မှန်နေတော့ သူလည်း ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်။

“မင်းတို့ အလင်းဂိုဏ်းက အခုလို အလုပ်မျိုးကို လုပ်နေကြနဲ့ တူတယ်” ရန်ကိုင်က မူနန်းတုံ့ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်တယ်။ မူနန်းတုံ့က ပြန်ပြုံးပြလိုက်ပြီး “ကျုပ်တို့က သခင်လေးဟော်ရဲ့ ပျင်းရိမှုကို ဖြေဖျောက်ပေးဖို့အတွက် သူ့နောက်ကို လိုက်နေတာပါ။ အစကနေ အခုထိ အင်အားစု နှစ်ခုကို ကျုပ်တို့ တိုက်ခိုက်သိမ်းယူ ဝါးမြိုပြီးသွားပြီ။ ဒါပေမယ့် ဘယ်အင်အားစုတွေကို ကျုပ်တို့ ဝါးမြိုလို့ ရမလဲ ဆိုတာကိုပါ ကျုပ်က ကြိုပြီးတော့တောင် စုံစမ်းထားလိုက်သေးတယ်။ ကျုပ်တို့က သခင်ဟော် နောက်တစ်ကြိမ် ထပ်ပျင်းလာမယ့် နေ့ကို စောင့်နေတာ။ အဲ့နေ့ကျ သူ့ကို ကျုပ်တို့ တိုက်ခိုက်သိမ်းယူမယ့် အင်အားစုဆီ ခေါ်သွားပြီး တိုက်ပွဲကောင်းလေးတစ်ခုကို ဘေးကနေ ထိုင်ကြည့်ခိုင်းမှာ၊ ဟားဟား…”

အခုသူ့ပိုင်ရှင်က ပြောင်းလဲသွားခဲ့ပါပြီ။ အစကောင်းမှ အနှောင်းသေချာ ဆိုသလိုပဲ အစကတည်းက ရန်ကိုင်ရဲ့ အထင်အမြင် ကောင်းကို ရယူနိုင်ဖို့အတွက် ဘာကိုမှ ထိန်ချန်မထားတော့ပဲ သူ့ရဲ့ အနာဂတ် အစီအစဉ်တွေကို ထုတ်ပြောလိုက်တာပါ။

သူ့အခြေအနေ မကောင်းတော့ဘူး ဆိုတာကို ပန်ချီ ချက်ချင်း နားလည်လိုက်တယ်။ မူနန်းတုံ့သာ ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင် သူ့ရဲ့ ဂိုဏ်းချုပ်ဆိုတဲ့ ရာထူးက တည်ငြိမ်နေနိုင် တော့မှာ မဟုတ်ပါဘူး။ အဲ့အတွက်ကြောင့် ပန်ချီက ချက်ချင်းပဲ ဝင်ပြောလိုက်တယ် “ညီအစ်ကိုမူရဲ့ အကူအညီနဲ့ဆို၊ အနားမှာရှိတဲ့ အင်အားစုတွေကို ကျုပ်တို့ ဝါးမြိုနိုင်မှာ အသေအချာပဲပေါ့”

“အရမ်းကောင်းတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်တယ် “မင်းတို့ ရထားတဲ့ ငွေတွေထဲက တစ်ချို့ကိုပဲ မင်းတို့ကိုယ်ပိုင် တိုးတက်မှုအတွက် သုံး၊ ကျန်တဲ့ငွေတွေ အကုန်လုံးကို အနည်းဆုံး မြေကမ္ဘာ အထွတ်အထိပ်အဆင့် ရှိတဲ့ ဆေးအမယ်တွေနဲ့ လက်နက်လက်သန့်စင်ဖို့ ကုန်ကြမ်းတွေ ဝယ်ဖို့ သုံးလိုက်”

“ဟုတ်ကဲ့ပါ” ပန်ချီနဲ့ မူနန်းတုံ့ကို တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြတယ်။ ရန်ကိုင်က အမွေခံတိုက်ပွဲအတွက် ပြင်ဆင်နေတာကို သဘောပေါက်လိုက်ကို သိနေဟန်နဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။

ဆက်ပြီး တုန့်ဆိုင်းမနေရဲတော့ပဲ ခေါင်းဆောင် နှစ်ယောက်စလုံး သူတို့ရဲ့ လူတွေကို ခန်းမအတွင်းဖို့ ဆင့်ခေါ်လိုက်ပြီး အနာဂတ် အစီအစဉ်တွေနဲ့ ပက်သက်ပြီး စတင်ဆွေးနွေး ကြပါတော့တယ်။

နေရာမှာပဲ ရပ်နေရင်း ရန်ကိုင်လည်း အံ့အားသင့်နေမိခဲ့တယ်။ ဟော်ရှောင်းရှန်း ဒီလောက်အထိ ပြတ်သားလိမ့်မယ်လို့ သူတကယ်ကို မထင်မှတ်ထားခဲ့ပါဘူး။

ဒါပေမယ့် ဒါကသူ့အတွက် အရှုံးမဟုတ်တာတော့ အမှန်ပါပဲ။ သူ့လက်အောက် ငယ်သား အရေအတွက် တော်တော်လေး တိုးများလာခဲ့ပါပြီ.။ နောက်ပိုင်းကျရင် သူ့လက်အောက်မှာ ရှိတဲ့ လူအရေအတွက်က ပိုပိုများလာဦးမှာပါ။

……

လေးယောက်မြောက် သခင်ကြီးရဲ့ အိမ်တော်၊

ရန်ကိုင် အိမ်ပြန်လာတာနဲ့ အစေခံခေါင်းဆောင်ကြာ ချက်ချင်း သူ့ကို ဆီးကြိုနှုတ်ဆက်လိုက်ပြီး “သခင်လေး၊ ရောက်တာနဲ့ သူ့စာကြည့်ခန်းမှာ လာတွေ့ဖို့ သခင်ကြီးက ညွှန်ကြားထားပါတယ်”

“အင်း၊ နားလည်ပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး သူ့အဖေ စားကြည့်ခန်း ရှိရာဆီ တွေးတောရင်း လမ်းလျှောက်သွားလိုက်တယ်။ လေးယောက်မြောက် သခင်ကြီး ဖြစ်တဲ့သူ့အဖေက ဘာလို့ သူ့ကို ရုတ်တရက်ကြီး တွေ့ချင်းနေမှန်း သူနားလည်နိုင် ဖြစ်နေခဲ့တယ်။

စားကြည့်ခန်းတံခါးဆီ ရောက်လာတဲ့အခါ အခန်းထဲကို မဝင်ရသေးခင်မှာပဲ ဒေါင်စုကျုရဲ့ အသံကို သူကြားလိုက်ရတယ် “ရှင်စိတ်ပူနေစရာ မလိုပါဘူး။ မကြာခင်မှာပဲ ကိုင်အာ ပြန်လာတော့မှာပါ”

ရန်ရင်ဖုန်းက ရုတ်တရက် အထွန့်တက်လိုက်တယ် “နင်က သူ့အမေလေ၊ ကိုယ့်သား အိမ်က ထွက်သွားတာကိုတောင် နင်က ဘယ်လိုလုပ်ပြီး မသိဖြစ်ရတာလဲ”

ဒေါင်စုက ချက်ချင်းပဲ ပြန်ပက်လိုက်တယ် “ရှင်ကော သိလို့လား။ ရှင်တောင် မသိတာကို ဘာလို့ အခြားသူတွေကို လိုက်အပြစ် တင်နေရတာလဲ။ အရမ်း လွန်လွန်ကဲကဲနဲ့ လာမပြောနဲ့နော်… ဟွန့်”

ရန်ရင်ဖုန်း မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး ကူကယ်ရာမဲ့စွာနဲ့ ခေါင်းလေး ငုံ့ထားလိုက်တယ်။ (မနိုင်တာကို သွားပြိုင်ပြောချင်သေးတယ်)

ထိုအသံနှစ်သံကို ကြားလိုက်တာနဲ့ ရန်ကိုင် အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့တယ်။ သူ့မျက်နှာထက် အပြုံးတစ်ခု ပွင့်လန်းလာခဲ့ပြီး အခန်းတံခါးကို ဖြေးဖြေးချင်း တွန်းဖွင့်လိုက်ကာ ဇိမ်ပြေနပြေနဲ့ အခန်းထဲ လမ်းလျှောက် ဝင်သွားလိုက်တယ်။

ရန်ကိုင် ပြန်လာတာကို မြင်လိုက်တာနဲ့ ဒေါင်စုကျုက ထိုင်နေရာကနေ ချက်ချင်း ထလိုက်ပြီး ဒေါသတကြီး အံကြိတ်လိုက်ရင်း အော်ငေါက်လိုက်တယ် “ကောင်စုတ်လေး၊ မနေ့ညက နင်ဘယ်တွေ သွားနေတာလဲ။ စကားလေး တစ်ခွန်းတောင် မပြောသွားပဲ တစ်ညလုံး အပြင်ထွက်သွားတယ်။ နင့်အဖေနဲ့ အမေ ဘယ်လောက်တောင် စိတ်ပူနေလဲဆိုတာ နင်သိလား… ဟင်”

ပြောနေရင်းနဲ့ ဒေါင်စုကျုက သူမသားဆီ သွားလိုက်ပြီး ညင်ညင်သာသာလေး နမ်းရှုံ့ကြည့်လိုက်တယ်။

“တရှုံ့ရှုံ့နဲ့ နင်ဘာလုပ်နေတာလဲ” ရန်မိသားစု လေးယောက်မြောက် သခင်ကြီးက ဒေါင်စုကျုကို သံသယမကင်းသလို ကြည့်လိုက်ရင်း မေးလိုက်တယ်။

“တစ်ညလုံး အပြင်ထွက်ပြီး သောက်နေတာလား ဆိုတာ သိရအောင်လို့လေ” ဒေါင်စုကျု လေးနက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ ထို့နောက် နည်းနည်းလေးကြာအောင် ထပ်ပြီး အနံခံကြည့်လိုက်ပြီးနောက် စိတ်သက်သာရ ရသွားတဲ့ အမူအရာနဲ့ “ဟူ၊ ကံကောင်းစွာနဲ့ သူ့ဆီကနေ အရက်နံ့လည်း မရသလို ရေမွှေးနံ့လည်း မရဘူး…”

“အမေရယ်၊ ပြဿနာ မရှာစမ်းပါနဲ့” ရန်ကိုင်က ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်ပြီး အပြင်ဘက်ဆီ တစ်ချက်လှမ်းကြည့်လိုက်ကာ “အပြင်မှာ ဧည့်သည့်တွေ ရောက်နေတယ်”

“အို…”

Martial Peak

အပိုင်း( ၄၀၅) ကျုပ်ကို ရှင်းပြချက်ပေး

စာကြည့်ခန်းထဲ၌ ရန်မိသားစု လေးယောက်မြောက် သခင်ကြီးက စွားပွဲခုံနောက်၌ ထိုင်နေခဲ့တယ်။ ဒေါင်စုကျုကတော့ သူ့ဘေးမှာ ရပ်နေတာပေါ့။ ရန်ရင်ဖုန်းနဲ့ ဒေါင်စုကျုတို့ နှစ်ယောက်အပြင် နောက်ထပ် ယောကျာ်း တစ်ယောက်နဲ့ မိန်းမတစ်ယောက်လည်း ရှိနေပါသေးတယ်။

ယောကျ်ားက အကောင်နည်းနည်း ထွားပြီး အမျိုးသမီးကတော့ ပြစ်ချက်ကင်းလှပါတယ်။ ထိုနှစ်ယောက်က ရန်ကိုင်ကို ဗဟိုမြို့တော်ဆီ ပြန်ခေါ်လာပေးခဲ့တဲ့ သွေးစစ်သည်တော် နှစ်ယောက် ဖြစ်သည့် တုဖုန်းနဲ့ တန်ယုရှန်းတို့ပါပဲ။

ရန်ကိုင် လမ်းလျှောက် ဝင်လာတာကို မြင်တော့ နှစ်ယောက်စလုံး ထိုင်ရာကနေ ထလိုက်ပြီး လက်သီးဆုပ်လိုက်ကာ “သခင်လေး”

ရန်ကိုင်က ပြန်ပြုံးပြလိုက်ပြီး “ထိုင်ကြပါ”

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ပြန်ထိုင်လိုက်ကြတယ်။ ဒါပေမယ့် ရန်ကိုင်ကို ကြည့်တဲ့ သူတို့ရဲ့ အကြည့်တွေက အံ့အားသင့်မှုတို့နဲ့ ပြည့်နေခဲ့တယ်။ ရန်ကိုင်က အစစ်အမှန်ဒြပ်စင် အဆင့်၈ကို ချိုးဖျက်သွားခဲ့ပြီ ဆိုတာကို သူတို့ နှစ်ယောက်စလုံး သတိပြုမိကြပါတယ်။

သခင်လေး အဆင့်ချိုးဖျက်သွားတာ ဘယ်လောက်များ ကြာသေးလို့လဲ။ သူအဆင့်ချိုးဖျက်ထားတာ နှစ်လတောင် မကြာသေးဘူးမလား။ သူ့ရဲ့ ကျင့်ကြံနှုန်းက ယုတ္တိမဲ့လွန်း မနေဘူးလား

ရန်ကိုင် အစစ်အမှန်ဒြပ်စင် အဆင့်၇သို့ ချိုးဖျက်တဲ့ အချိန်တုန်းက တုဖုန်းနဲ့ တန်ယုရှန်းတို့လည်း ရှိနေခဲ့ပါတယ်။ ထိုအချိန်တုန်းက သူတို့အားလုံးက ပထမဆုံးအကြိမ် စတွေ့ကြတာ ဆိုတော့ သူတို့ သခင်လေးရဲ့ အရည်အချင်းက မဆိုးဘူးလို့ သွေးစစ်သည်တော် နှစ်ယောက်စလုံး တွေးခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ သူတို့ သခင်လေးရဲ့ အရည်အချင်းက “မဆိုးဘူး” ဆိုတာထက် ပိုနေတဲ့ ပုံပါပဲ။

ဒါပေမယ့် အဲ့လိုဆိုရင် သူတို့ သခင်လေးက နဂါးအသွင်ပြောင်း ရေကန်ထဲမှာ နေ့တစ်ဝက်ပဲ နေနိုင်ခဲ့တယ်လို့ ဘာလို့ ကောလဟာလ သတင်းတွေ ထွက်နေခဲ့ရတာလဲ။ ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ဖြေးဖြေးချင်း ခေါင်းယမ်းလိုက်ကြတယ်။ အချိန်ကြာလာလေ သူတို့ သခင်လေးကို ပိုပြီး နားမလည်နိုင် ဖြစ်လာလေလို့ နှစ်ယောက်စလုံး ခံစားလိုက်ရတယ်။

“ကိုင်အာ၊ မင်းလည်း ထိုင်လိုက်” ရန်မိသားစု လေးယောက်မြောက် သခင်ကြီးက ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “ငါတို့ မင်းနဲ့ ဆွေးနွေးစရာ ကိစ္စအချို့ ရှိတယ်”

“အင်း” သူ့အဖေရဲ့ လေးနက်နဲ့ အမူအရာကို မြင်လိုက်တာနဲ့ တစ်ခုခု ပုံမှန်မဟုတ်ဘူး ဆိုတာကို ရန်ကိုင် မျက်မှန်းတန်းသိလိုက်တယ်။ ထို့ကြောင့် ဒေါင်စုကျုဘေး၌ ချက်ချင်းပဲ သွားထိုင်လိုက်တယ်။

အားလုံး အသီးသီး ထိုင်လိုက်ကြပြီးနောက် တိတ်ဆိတ်မှုက အခန်းတစ်ခုလုံးကို ကြီးစိုးသွားခဲ့တယ်။ တစ်ခဏ အချိန်လောက်ထိ ရန်ရင်ဖုန်း မျက်မှောင် ကြုံ့နေလိုက်ပြီး နောက်ဆုံး၌ စမေးလိုက်တယ် “အရင်ဆုံး ငါမင်းကို ပြောရဦးမယ်။ မနေ့တုန်းက လာမယ့် အမွေခံတိုက်ပွဲ့နဲ့ ပက်သက်ပြီး အကြီအးကဲခန်းမက ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့တယ်။ သူတို့ ထုတ်ပြန်လိုက်တဲ့ သတင်းက သတင်းကောင်းလို့ ပြောရမယ်။ လာမယ့် အမွေခံတိုက်ပွဲမှာ သွေးစစ်သည်တော်ခန်းမကို ဝင်ပြိုင်ခွင့် ပြုမယ်တဲ့”

ရန်ကိုင် မျက်မှောင် ပြေလျော့သွားခဲ့ပြီး သူ့မျက်နှာ အပြုံးယဲ့ယဲ့တစ်ခု ထွက်ပေါ်လာခဲ့တယ်။

သွေးစစ်သည်တော် ခန်းမက သွေးစစ်သည်တော်တွေရဲ့ ဌာနချုပ်တစ်ခုပါ။ အဖွဲ့သား တစ်ယောက်ချင်းစီတိုင်းက လက်ရွေးစင်တွေထဲက လက်ရွေးစင်ပါ။ သွေးစစ်သည်တော်တွေ အကုန်လုံး အင်မော်တယ် တက်လှမ်းခြင်း အမြင့်ပိုင်းအဆင့် ကျင့်ကြံသူတွေ ချည်းပါပဲ။ အားလုံးက သူတို့ထက် အဆင့်တစ်ဆင့်မြင့်တဲ့ ကျင့်ကြံသူတွေကို ယှဉ်ပြိုင်တိုက်ခိုက် နိုင်ကြပါတယ်။

သွေးစစ်သည်တော်တွေ ဝင်ပြိုင်လာခဲ့တဲ့အတွက် အမွေခံတိုက်ပွဲကို အနိုင်ရဖို့ ပိုပြီး အခွင့်အရေး များသွားခဲ့ပါပြီ။

“ဒါက သတင်းကောင်းပဲ” ရန်ကိုင်က ပျော်ရွှင်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ ဒါပေမယ့် သတင်းကောင်းကို သူ့အဖေ၊အမေနဲ့ သွေးစစ်သည်တော် နှစ်ယောက်စလုံး ဘာလို့ မျက်မှောင် ကြုံ့နေလဲ ဆိုတာကို သူနားမလည်နိုင်အောင် ဖြစ်နေခဲ့ရတယ်။

“တကယ်ကို သတင်းကောင်း တစ်ခုပဲ” ရန်ရင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် အကြီးအကဲခန်းမက နောက်ထပ် ကြေညာချက် တစ်ခု ထုတ်ပြန်လိုက်သေးတယ်။ သွေးစစ်သည်တော်တွေကို ဝင်ပါခွင့် ပြုလိုက်ပေမယ့် သူတို့ရဲ့ တာဝန်က သခင်လေးတွေရဲ့ လုံခြုံရေးအတွက် သီးသန့်သာ ဖြစ်ပြီး အခြားနေရာတွေမှာ အသုံပြုခွင့် မရှိဘူးတဲ့”

ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး တစ်ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြန်ပြောလိုက်တယ် “ဆိုလိုတာက သွေးစစ်သည်တော်တွေက တန်ပြန်တိုက်ခိုက်လို့ပဲ ရပြီး အရင်စတိုက်လို့ မရဘူးပေါ့၊ အဲ့လိုလား”

“အင်း၊ သွေးစစ်သည်တော်တွေရဲ့ ခွန်အားက အရမ်းကို သန်မာလွန်းတယ်။ သူတို့ကိုသာ လွတ်လွတ်လပ်လပ် တိုက်ခိုက်ခွင့် ပေးလိုက်ရင်၊ သူတို့တွေနဲ့တင် ပြိုင်ဘက် အများစုကို အသားလေး ကိုင်တွယ်လို့ ရနေပြီ” ရန်ရင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး “သခင်လေးတွေက သွေးစစ်သည်တော်တွေရဲ့ ခွန်အားအပေါ် အရမ်းမှီခိုလွန်းမှာကို အကြီးအကဲခန်းမက စိုးရိမ်နေတာ။ အဲ့လိုသာဆိုရင် အမွေခံတိုက်ပွဲရဲ့ အဓိက ရည်ရွယ်ချက်က ပျောက်ကွယ်သွားမှာလေ”

“ကျွန်တော် နားလည်ပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး တုဖုန်းနဲ့ တန်ယုရှန်းကို ပြုံးကြည့်လိုက်ကာ “သွေးစစ်သည်တော်တွေကို ခေါ်ယူဖို့ ကျုပ်တို့ ဘာလုပ်ဖို့ လိုအပ်လဲ”

ထိုအချက်ကိုတောင် ခန့်မှန်းနိုင်တဲ့ ရန်ကိုင်ရဲ့ အမြင်ထက်ရှမှုကို သွေးစစ်သည်တော် နှစ်ယောက် လေးစားမိသွားခဲ့တယ်။ ရန်ရင်ဖုန်းက ဂုဏ်ယူစွာ ပြုံးလိုက်ပြီး “သွေးစစ်သည်တော် တစ်ယောက် ရဖို့အတွက် မိသားစုကို အတိုင်းအတာ တစ်ခုအထိ အကျိုးဆောင်ပေးရမယ်။ ဥပမာ ပြောရမယ် ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ဂိုဏ်းကနေ မင်းတို့ သင်ယူခဲ့တဲ့ သိုင်းပညာရပ်တွေ၊ ကျင့်စဉ်တွေကို မိသားစုဆီ ပေးအပ်တာမျိုးပေါ့…”

ဒါက သူတို့ ဝင်ခဲ့တဲ့ ဂိုဏ်းတွေဆီကနေ သင်ယူခဲ့တဲ့ လျှို့ဝှက်ပညာရပ်တွေကို သူတို့ဆီ ပေးအပ်ရမယ်လို့ အကြီးအကဲခန်းမက သွယ်ဝိုက် အမိန့်ပေးတာနဲ့ အတူတူပါပဲ။ ရှင်းရှင်းပြောရင် တစ်ဖက်လှည့် ပါးရိုက်လိုက်တာပေါ့။

ဒါမျိုးက အမွေခံတိုက်ပွဲ စခါနီးတိုင်း မိသားစုက လုပ်နေကြ အလုပ်တစ်ခုလို့ ပြောရင်တောင် မမှားပါဘူး။

အခုလိုမျိုးနဲ့ ရန်မိသားစုဆီမှာရှိတဲ့ သိုင်းပညာရပ်တွေနဲ့ ကျင့်စဉ်တွေက အလွန်အမင်း များပြားလာခဲ့ပါတယ်။ သိုင်းပညာရပ်တွေ၊ ကျင့်စဉ်တွေ ဘယ်သူပိုများလဲ ပြိုင်မယ်ဆိုရင် မိသားစုကြီး ခုနှစ်ခုတောင် ရန်မိသားစုနဲ့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

“မင်းတို့ ပေးတဲ့ ပစ္စည်းတွေက ပိုပြီး တန်ဖိုးကြီးမားလေ၊ ပိုပြီး သန်မာ၊ ပိုပြီး အားကောင်းတဲ့ သွေးစစ်သည်တော်တွေကို မင်းတို့ ရွေးနိုင်လေပဲ”

သွေးစစ်သည်တော် တစ်ယောက်ချင်းစီက အားကောင်းပေမယ့် သူတို့ကြားမှာ ခွန်အား ကွာခြားချက်တွေ ရှိပါသေးတယ်။ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်က သွေးစစ်သည်တော်တွေ ကြားမှာ တော်တော်လေး အားကောင်းတဲ့အထဲ ပါတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် သူတို့ထက် ပိုပြီး အားကောင်းတဲ့ သွေးစစ်သည်တော်တွေ ရှိနေပါသေးတယ်။ သွေးစစ်သည်တော်တွေထဲမှာ အသန်မာဆုံးက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၉ကို ရောက်နေပါပြီ။

“ပြီးတော့ တစ်ယောက်ကို သွေးစစ်သည်တော် နှစ်ယောက်ပဲ ခေါ်ယူခွင့် ရှိမယ်တဲ့” ရန်ရင်ဖုန်းက ထပ်ပေါင်း ပြောလိုက်တယ်။

“ဟဲဟဲ…” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး “ကျွန်တော့်မှာ သွေးစစ်သည်တော် နှစ်ယောက် ခေါ်ယူဖို့ ပေးချေစရာ ပစ္စည်း မရှိဘူးလို့ အဖေထင်နေတာလား”

ရန်ရင်ဖုန်းက အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။

အရင်အကြိမ်တုန်းက ရွှေရောင်ငှက်မွှေးသိမ်းငှက် အတွက်နဲ့ ရန်ကိုင်က သူ့မှာရှိတဲ့ ဆန်းကြယ်အဆင့် သိုင်းပညာရပ်တစ်ခုကို အသုံးပြုခဲ့ပါတယ်။ သူ့သားက အပြင်မှာ နှစ်အနည်းငယ်ပဲ ရှိနေခဲ့တာလ။ သူ့မှာ ဆန်းကြယ်အဆင့် သိုင်းပညာရပ် ဘယ်လောက်များများ ရှိနေမှာလဲ ဆိုပြီး ရန်ရင်ဖုန်းက တွေးနေခဲ့တာပါ။

“အဲ့ကိစ္စနဲ့ ပက်သက်ပြီး အဖေစိုးရိမ်နေစရာ မလိုပါဘူး။ ကျွန်တော် အစောကြီးကတည်းက ပြင်ဆင်ထားပြီးသားပါ” ရန်ကိုင်က ယုံကြည်ချက် အပြည့်နဲ့ ပြုံးပြလိုက်တယ်။ ဒီမှာ ရှိနေတဲ့ လူအားလုံးက အပြင်လူတွေ မဟုတ်တဲ့အတွက် သူ့အနေနဲ့ အားနည်းချင်ယောင်၊ အရည်အချင်း မရှိချင်ယောင် ဆောင်နေစရာလည်း မလိုပါဘူး။

ရန်ရင်ဖုန်းက ဆေးပေါင်းရည်အကြောင်း ရုတ်တရက် သတိရသွားပြီး မျက်မှောင်ကြုံ့ကာ မေးလိုက်တယ် “မင်းက အဲ့ပစ္စည်းကို သုံးချင်နေတာလား”

ဆေးပေါင်းရည်ရဲ့ အစွမ်းက အရမ်းကို ပဉ္စလက် ဆန်ပါတယ်။ ရန်ကိုင်သာ ထိုပစ္စည်းကို သွေးစစ်သည်တော် နှစ်ယောက်နဲ့ လဲမယ်ဆိုရင် မိသားစုက ကျိန်းသေလဲပေးမှာပါ။ ဒါပေမယ့် နောက်ဆက်တွဲ ပြဿနာတွေကို သူကျိန်းသေ ရင်ဆိုင်ရပါလိမ့်မယ်။ အဖေတစ်ယောက် အနေနဲ့ ရန်ရင်ဖုန်းက မစိုးရိမ်ပဲ ဘယ်နေပါ့မလဲ။

ဒါပေမယ့် ရန်ကိုင်က ခေါင်းသာ ခါပြလိုက်တယ်။

ရန်ရင်ဖုန်း မျက်နှာ မဲ့သွားခဲ့တယ်။ သူ့သားကို တော်တော်လေး အထင်သေးလိုက်မိပြီမှန်း အခုမှပဲ ရန်ရင်ဖုန်း နားလည်သွားတော့တယ်။

တုဖုန်းနဲ့ တန်ယုရှန်းကို ကြည်ပြီး ရန်ကိုင်က ပြုံးကာ မေးလိုက်တယ် “တုဖုန်း၊ ယုရှန်း၊ ကြည့်ရတာ ငါတို့ နောက်တစ်ကြိမ် အတူပူးပေါင်း လုပ်ရတော့မယ်နဲ့ တူတယ်”

သွေးစစ်သည်တော် နှစ်ယောက်က အကြီးအကဲခန်းမက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အကြောင်း လာပြောတာလို့ သူထင်တာ သဘာဝပါပဲ။ ဗဟိုမြို့တော်ဆီ ပြန်လာတုန်းက မိသားစုကသာ သွေးစစ်သည်တော်တွေကို အမွေခံတိုက်ပွဲမှာ ဝင်ပါခွင့်ပြုမယ်ဆိုရင် သူတို့နှစ်ယောက်စလုံး ရန်ကိုင်ကို အဖော်ပြုပြီး ဝင်ပြိုင်ချင်ပါတယ်လို့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ပြောခဲ့ပါတယ်။

ထိုသဘောတူညီချက်ကို တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး အမှတ်ရနေသလို ရန်ကိုင်လည်း အမှတ်ရနေခဲ့ပါတယ်။

အခု သူတို့ရဲ့ သဘောတူညီချက်ကို ဖြည့်ဆည်းရမယ့် အချိန် ရောက်လာခဲ့လေပြီ။

ဒါပေမယ့် မမျှော်လင့်စွာပဲ ရန်ကိုင် ထိုစကား ပြောလိုက်တဲ့အချိန် တုဖုန်းနဲ့ တန်ယုရှန်းတို့ မျက်နှာထက် ပျော်ရွှင်သည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့လိုက်ရုံမကလို့ သူတို့ရဲ့ အမူအရာထဲ ဝမ်းနည်းမှုနဲ့ ခါးသီးမှုတို့တောင် ပါဝင်နေပါသေးတယ်။ နှစ်ယောက်စလုံးက ခေါင်းလေးငုံ့နေခဲ့ပြီး ရန်ကိုင် အကြည့်ကို ရှောင်လွှဲနေခဲ့ကြပါတယ်။

ရန်ကိုင် မျက်နှာထက်က အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်လို့ သွားခဲ့ပြီး သူ့မျက်ဝန်းအစုံက အေးစက်လို့ သွားခဲ့ကာ တိုးတိုးလေး ပြောလိုက်တယ် “ခင်းဗျားတို့ ကျုပ်ကို အကြောင်းပြချက် တစ်ခုလောက် မပေးချင်ကြဘူးလား”

သွေးစစ်သည်တော် နှစ်ယောက်ရဲ့ မျက်နှာအမူအရာက တော်တော် များများကို ပြောပြပြီးသွားခဲ့ပါပြီ။

ဒါပေမယ့် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံးက ပေးပြီးသားကတိ ပြန်ရုတ်သိမ်းမယ့် လူစားမျိုးမဟုတ်တဲ့ အတွက် ရန်ကိုင်အနေနဲ့ စိတ်ပျက်နေရင်တောင် သူတို့ ဘာပြောမလဲ ဆိုတာကိုတော့ ကြားချင်ပါသေးတယ်။

သူတို့ မျက်နှာ အမူအရာက ဘာလို့ ဆေးခါးကြီး စားလိုက်ရသလို ဖြစ်သွားတာလဲ။ သူ့အကြည့်ကို ဘာလို့ ရှောင်ဖယ် သွားရတာလဲ။

“ကိုင်အာ…” ရန်ရင်ဖုန်းက အသာအယာလေး အော်ခေါ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဝင်ပြောလိုက်တယ် “အခုကိစ္စက မင်းထင်နေသလို မဟုတ်ဘူး၊ နားလည်မှု မလွဲနဲ့”

ဒေါင်စုကျုကလည်း အလျင်စလို ဝင်ပြောလိုက်တယ် “သား အဖေပြောတာ အမှန်ပဲ၊ အခုလိုမျိုး မပြောပါနဲ့ သားရယ်။ တကယ်တော့ ပြောရမယ်ဆိုရင် အမေနဲ့ ယုရှန်းတို့ တော်တော်လေး ရင်းနှီးကြပါတယ်။ အမေတို့ နှစ်ယောက် တစ်ခါတစ်ရံ သိုင်းပညာရပ် အကြောင်းတွေ၊ ကျင့်စဉ်အကြောင်းတွေတောင် ဖလှယ်ခဲ့ကြဖူးတယ်။ သူမက သားကို သွားခေါ်မယ့် လူတွေထဲက တစ်ယောက်ဖြစ်မှန်း သိတုန်းကဆိုရင် အမေ တော်တော်လေး ပျော်သွားခဲ့တာ”

ရန်ကိုင် မျက်နှာထက်က အေးစက်စက် ဒေါသကို သတိပြုမိလိုက်တာနဲ့ ဒေါင်စုကျု ထိတ်လန့်သွားမိခဲ့တယ်။ သူမသားမှာ အခုလို အမူအရာမျိုး ရှိတယ်ဆိုတာကို သူမ တစ်ခါမှ မသိခဲ့ဖူးပါဘူး။ အရင်တုန်းက ရန်ကိုင်က အမြဲလိမ်မ္မာပြီး နာခံတဲ့ ကလေးတစ်ယောက်ပါ။ ဒါပေမယ့် အခုတော့ သူက ရင့်ကျက်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

ရန်ကိုင်ရဲ့ အေးစက်စက် အကြည့်ကို မြင်တွေ့လိုက်တာနဲ့ ဒေါင်စုကျု ထိတ်လန့်သွားခဲ့တယ်။ သူမသား ရင့်ကျက်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီမှန်း ဒေါင်စုကျု သိလိုက်တယ်။

မိဘနှစ်ပါးစလုံးက ထိုနှစ်ယောက်အတွက် ပျာတီးပျာယာနဲ့ ဝင်ကူပြောပေးနေတဲ့အတွက် ရန်ကိုင်ရဲ့ သုန်မှုန်နေတဲ့ အမူအရာက အနည်းငယ် ပြေလျော့သွားခဲ့ပြီး အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ရင်း ပြောလိုက်တယ် “ကျွန်တော်သာ နားလည်မှုလွဲတာ ဆိုရင် သူတို့ကို ဘာမှမမေးပဲ နှင်ထုတ်လိုက်တာ ကြာပြီ”

တစ်ခဏလောက် တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင်က ဆက်ပြောလိုက်တယ် “ဒါပေမယ့် ခင်ဗျားတို့ဆီကနေ အကြောင်းပြချက် တစ်ခု ကျုပ်ကြားချင်နေသေးတယ်”

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ခါးခါးသီးသီး ပြုံးလိုက်မိကြတယ်။ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဖြေးဖြေးချင်း မတ်တပ်ရပ်လိုက်ကာ ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “ကျုပ်နဲ့ ယုရှန်းက သခင်လေးနဲ့အတူ မတိုက်ခိုက်ချင်တာ မဟုတ်ပါဘူး။ ဖြစ်နိုင်ရင်၊ ကျုပ်တို့ နှစ်ယောက်စလုံး သခင်လေးနောက်ကို သေတပန် သက်တဆုံးထိ လိုက်ချင်တာပါ”

ထိုစကားတွေကို ကြားလိုက်တာနဲ့ ရန်ရင်ဖုန်းရင်ထဲ မုန်တိုင်းထန် သွားခဲ့တယ်။

တုဖုန်းက သူ့သားရဲ့ အစေခံ ဖြစ်ချင်နေတာလား။

တန်ယုရှန်းကလည်း မငြင်းဆိုခဲ့ဘူး။

သွေးစစ်သည်တော်ခန်းမက ရန်မိသားစုရဲ့ အထူး အဖွဲ့အစည်း တစ်ခုဆိုလည်း မမှားပါဘူး။ သွေးစစ်သည်တော် ဆိုတာ နာမည် သက်သက်တင် မဟုတ်ပါဘူး၊ ဂုဏ်သိက္ခာနဲ့ သစ္စာရှိမှုရဲ့ ပြယုဒ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သစ္စာရှိမှုဆိုတာ အမြဲတမ်း၊ အမြဲတမ်း မိသားစု တစ်ခုလုံးကို သစ္စာရှိတာပါ၊ တစ်ဦးတစ်ယောက်တည်းကို သစ္စာရှိတာ မဟုတ်ပါဘူး။

နှစ်ပေါင်းများစွာ အကြာတုန်းကလည်း ရန်ရင်ဖုန်းကို သွေးစစ်သည်တော် နှစ်ယောက် အိမ်ပြန်ခေါ်လာခဲ့ပါတယ်။ ထိုအချိန်တုန်းက သူ့ကို လိုက်ပါစောင့်ရှောက်ခဲ့တဲ့ သွေးစစ်သည်တော် နှစ်ယောက်က သူ့အပေါ် ဟက်ဟက်ပက်ပက် မရှိလှပါဘူး။ လမ်းတစ်လျှောက်လုံး သူတို့ရဲ့ တာဝန်ပြီးမြောက် ဖို့ကိုသာ အာရုံစိုက်နေခဲ့ပါတယ်။

အဲ့နှစ်ကိုအသာထား၊ အခုအချိန်ထိတောင် သွေးစစ်တော်တွေ ဆီကနေ လေးလေးစားစား ဆက်ဆံခံရဖူးတယ် ဆိုတာမျိုး တစ်ကြိမ်တစ်ခါလေးတောင် မရှိခဲ့ပါဘူး။ သူ့တစ်ယောက်တည်းကို သစ္စာရှိဖို့ဆိုရင်တော့ ဝေလာဝေးပေါ့။

အခုသူတောင် မလုပ်နိုင်တဲ့ အရာက သူ့သား အသာလေး လုပ်ပြသွားခဲ့ပါတယ်။ ရန်ရင်ဖုန်း မထိတ်လန့်ပဲ ဘယ်နေပါတော့မလဲ။

ရန်ကိုင် အမူအရာကတော့ ခံစားချက် မရှိတဲ့ ကျောက်ရုပ်ကြီး တစ်ရုပ်လိုပါပဲ၊ သူ့မျက်နှာထက် ရှက်ရွံ့မှု၊ မောက်မာမှု အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ အဖေဖြစ်ပြီးတော့ သားရဲ့ ခြေဖျားတောင် မမှီပါလားဆိုပြီး တွေးမိလိုက်ကာ ရန်ရင်ဖုန်း စိတ်ဓါတ်ကျချင်သလိုတောင် ဖြစ်သွားခဲ့တယ်။

အကြီးအကဲခန်းမက ကြေညာချက် ထုတ်ပြီးနောက် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက် စိုးရိမ်တကြီးနဲ့ အိမ်ရောက်လာတာ အထူးအဆန်း မဟုတ်တော့ပါဘူး။ ထိုအချိန်တုန်းက ရန်ရင်ဖုန်း စိတ်ရှုပ်နေခဲ့ပါသေးတယ်။ ဒါပေမယ့် အခုတော့ အားလုံး ရှင်းလင်းသွားခဲ့ပါပြီ.

“အဲ့တော့ အကြောင်းပြချက်က ဘာလဲ။ ခင်ဗျားတို့ နှစ်ယောက် ကျုပ်ကို သစ္စာရှိမှာကို ဘာက တားဆီးနေတာလဲ” ရန်ကိုက် အေးစက်စက်လေသံနဲ့ မေးလိုက်တယ်။

“ကျုပ်တို့ မလုပ်ချင်တာ မဟုတ်ပါဘူး သခင်လေး” တုဖုန်းက အကြပ်ရိုက်နေတဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ်။

တန်ယုရှန်းက ခပ်မြန်မြန်ပြ ထင်ပြောလိုက်တယ် “ကျွန်မတို့ သခင်လေးကို တောင်းဆိုချင်တာ တစ်ခုရှိနေလို့ပါ”

“ထတော့” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်တယ်။ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး စိတ်ညစ်၊ စိတ်ပျက်နေရတာက သူ့ဆီက တစ်ခုခု တောင်းဆိုချင်လို့မှန်း ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့တယ်။

ထိုအချက်က ရန်ကိုင်ကို စိတ်မပျက် သွားစေခဲ့ပါဘူး၊ အဲ့အစား ပျော်တောင် ပျော်သွားစေခဲ့ပါတယ်။ ထိုနှစ်ယောက်က ကျေးဇူးမသိတတ်တဲ့ လူတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ အပြုအမူက စိတ်မြန်လက်မြန် ဖြစ်သွားလို့ တစ်ဖက်လူကို အထင်လွဲသွားစေခဲ့တာပါ။

ဒါပေမယ့် ထိုနှစ်ယောက်အပေါ် သူအရမ်း မျှော်လင့်ထားတာနဲ့လည်း တစ်ပိုင်းတစ်စ သက်ဆိုင်နေပါသေးတယ်။

တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ဖြေးဖြေးချင်း မတ်တပ်ရပ်လိုက်ကြတယ်။ တန်ယုရှန်းရဲ့ မျက်နှာလေးက အနည်းငယ် နီမြန်းနေခဲ့တယ်။

“ဒီကိစ္စနဲ့ ပက်သက်ပြီး သခင်လေးကို ပြဿနာ မပေးသင့်ဘူး ဆိုပေမယ့် ကျုပ်တို့မှာ အကူအညီတောင်းနိုင်တဲ့ လူမရှိတော့လို့ သခင်လေးဆီပဲ အရှက်မဲ့မဲ့နဲ့ လာခဲ့ရတာပါ။ ဒီကိစ္စကြောင့် သခင်ငယ်လေးကို ရိုင်းပြတယ်လို့ မထင်ဖို့ပဲ မျှော်လင့်ပါတယ်” တုဖုန်းက နက်နက်နဲနဲ သက်ပြင်းချလိုက်တယ်။

“ခင်ဗျားတို့ ဘာအကူအညီ တောင်းချင်နေတာလဲ”

“လေးယောက်မြောက် သခင်းကြီးတော့ ဒီကိစ္စအကြောင်း ရှင်းပြပြီးသွားခဲ့ပြီ။ ဒီအစေခံက အပြောအဆို မကောင်းလို့ လေးယောက်မြောက် သခင်ကြီး ကိုယ်တိုင် ရှင်းပြရင် အကောင်းဆုံး ဖြစ်မယ်လို့ ကျုပ်ယုံကြည်ပါတယ်” တုဖုန်းက ပြောလိုက်ပြီး သုန်မှုန်နေတဲ့ အမူအရာနဲ့ ပြန်ထိုင်ချလိုက်တယ်။

ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ လက်ဖက်ရည် သောက်နေတဲ့ သူ့အဖေဆီ အကြည့်ပြောင်းလိုက်တယ်။ “ဗဟိုမြို့တော်ဆီ မင်ရဲ့ ညီအစ်ကို ဘယ်နှစ်ယောက် ပြန်ရောက်လာခဲ့လဲ ဆိုတာကို မင်းသိလား”

ရုတ်တရက်ကြီး မမျှော်လင့်ထားတဲ့ မေးခွန်းနဲ့ ကြုံတွေ့လိုက်ရတော့ ရန်ကိုင် တစ်ခဏတာလောက် စိတ်ရှုပ်သွားခဲ့ပေမယ့် ခေါင်းညိတ်ပြလိုက်ကာ “ကျွန်တော်သိပါတယ်”

“အဲ့လိုဆိုရင် မင်းရဲ့ လေးယောက်မြောက် အစ်ကို ရန်ရှင်းဝူ ဘယ်လို ဖြစ်နေလဲ ဆိုတာကို မင်းသိလား”

ရန်ကိုင်က ခဏလောက် ပြန်စဉ်းစားလိုက်ပြီး စားသောက်ဆိုင်မှာတုန်းက ရန်ကျောင်း ပြောခဲ့တာကို ပြန်အမှတ် ရလိုက်ပြီး ရုတ်တရက် မျက်မှောင် ကြုံ့လိုက်ကာ “သူ့အခြေအနေနဲ့ ပက်သက်ပြီး ကျွန်တော်လည်း သတင်းတွေ ကြားခဲ့ပါတယ်”

ရန်ရင်ဖုန်း အနည်းငယ် အံ့အားသင့်သွားခဲ့တယ်။ ရန်ရှင်းဝူရဲ့ အခြေအနေနဲ့ ပက်သက်တဲ့ သတင်းကို သူ့သား သိထားလိမ့်မယ်လို့ ရန်ရင်ဖုန်း မထင်ထားခဲ့ပါဘူး။ ထိုသတင်းကို မိသားစုက ဖုံးဖုံးဖိဖိနဲ့ ကွယ်ဝှက်ထားခဲ့တာပါ။ သူ့သား သတင်းတွေ ဘာတွေ စုံနေတာကို သိလိုက်ရတော့ ရန်ရင်ဖုန်း တော်တော်လေး စိတ်သက်သာရာ ရသွားခဲ့တယ်။

All Chapters