အခန်း (၄၁၁-၄၁၅)
Vol. 17 Ch. 411-415
အပိုင်း(၄၁၁) တတိယမြောက် ဘယ်သူ အသုတ်သင် ခံရမှာလဲ
ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်ရဲ့ အမူအရာကို ကြည့်ရင်း တိတ်တဆိတ်နဲ့ ခေါင်းညိတ်လိုက်တယ်။ ဒဏ်ရာရနေရင်တောင် သွေးစစ်သည်တော်ကတော့ သွေးစစ်သည်တော် ဖြစ်နေတုန်းပါပဲလို့ သူ့စိတ်ထဲကနေ တွေးလိုက်တယ်။
ဘေးနားမှာ ရှိနေတဲ့ လူအားလုံးကို ကြည့်လိုက်ပြီး ရန်ကိုင် ရုတ်တရက် ရယ်မောလိုက်တယ် “ခင်ဗျားတို့ထဲ ဘယ်သူမဆို ကျုပ်ရန်သူ ဖြစ်လာခဲ့ရင် ဒီသခင်လေးက ညှာတာမှာ မဟုတ်ဘူးနော်”
ကျိုးဖုန်းက ခိုင်မြဲစွာနဲ့ ခေါင်းညိတ်လိုက်ပြီး “အဲ့လိုပဲ ဖြစ်သင့်တာ”
ရန်ကိုင်က ဝင်ပေါက်ဆီ လှည့်လိုက်ပြီး ဖြေးဖြေးချင်း လမ်းလျှောက်ထွက်သွားလိုက်တယ်။ ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်က သူတို့ ညီအစ်ကိုတွေ၊ ညီအစ်တွေကို အလျင်စလိုနဲ့ လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး ရန်ကိုင် နောက်ကနေ လိုက်သွားခဲ့တယ်။
ဒီနေ့ပြီးနောက် သွေးစစ်သည်တော်တွေ အချင်းချင်း နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါ လက်သီးနဲ့ဓါးနဲ့ပဲ စကားပြောကြတော့မှာပါ။
အားလုံး ကိုယ့်စိတ်ကိုယ်ခိုင်အောင် ပြင်ဆင်ထားလိုက်ကြတယ်။
အားလုံး နားလည်ထားကြပါတယ်။
ဖုန်းရှန်က ခန်းမအပြင်ဘက်၌ မတ်တပ်ရပ်နေတုန်းပါပဲ။ ရန်ကိုင် လမ်းလျှောက် ထွက်သွားပြီး မီတာဒါဇင် အကျော်လောက် ရောက်တော့မှပဲ ဖုန်းရှန်က ရုတ်တရက် ပြောလိုက်တယ် “သခင်လေးကိုင်၊ ကျုပ်ရဲ့ နောက်လိုက် နှစ်ယောက် အတွက်နဲ့ သခင်လေးကို အနှောင့်အယှတ် ပေးရတော့မှာပဲ”
ရန်ကိုင်က လက်သာ ပြန်ဝှေ့ရမ်းပြလိုက်ကာ ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။ ကျုကောင်းရီနဲ့ ရင်းဂျုကတော့ ရန်ကိုင် နောက်ကနေ ခြေလှမ်းအနည်းငယ် ခွါရင်း ပုံမှန်အရှိန်နဲ့ သွားနေခဲ့ကြတယ်။
……
ရန်မိသားစု တိုက်ရိုက်မျိုးဆက်ဝင်တွေ ဗဟိုမြို့တော်ဆီ ပြန်ရောက်ပြီးနောက် မိသားစုက သူတို့ကို ပြင်ဆင်ချိန် နှစ်လပေးခဲ့ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင် သွေးစစ်သည်တော် ကာကွယ် စောင့်ရှောက်သူတွေကို ရွေးချယ်ပြီးနောက် မကြာခင်မှာပဲ အမွေခံတိုက်ပွဲက စတင်တော့မှာပါ။
ထိုသတင်းကို ကြေညာလိုက်တာနဲ့ ဗဟိုမြို့တော်ရဲ့ လေထုတစ်ခုလုံး တင်းမာလာခဲ့တယ်။ ဟန်မင်းဆက် တစ်ခုလုံးမှာ ရှိနေတဲ့ အင်အားစုများစွာက စိတ်လှုပ်ရှားမှု အပြည့်နဲ့ ဗဟိုမြို့တော်ဆီ ချီတက်လာခဲ့ကြတယ်။ မိမိတို့ရဲ့ ဘဝကို အဆုံးအဖြတ် ပေးနိုင်တဲ့ အလောင်းအစားဝိုင်းကြီး မကြာခင် စတင်ပါတော့မယ်။
ဗဟိုမြို့တော်ဆီ ရောက်ရှိနေပြီ ဖြစ်တဲ့ အင်အားစုများစွာ ရှိနေခဲ့ပါတယ်။ ထိုအင်အားစုတွေက ဘယ်သခင်လေးနောက် လိုက်ရင် ကောင်းမလဲ ဆိုတာကို စဉ်းစားရင် အခြေအနေတွေကို အကဲဖြတ် စောင့်ကြည့်နေခဲ့ကြတယ်။
အခြားမိသားစုကြီး ခုနှစ်ခုက အမျိုးမျိုးသော ဂျူနီယာတွေကို သူတို့ဘက်ပါအောင် ဆွဲဆောင်စည်းရုံးရင်း အိပ်ချိန်မရှိအောင်ကို အလုပ်ရှုပ်နေခဲ့ကြတယ် ရန်မိသားစု သခင်လေးတွေ အကုန်လုံး အားလပ်ချိန် မရှိလောက်အောင်ကို အလုပ်ရှုပ်နေခဲ့ကြတယ်။
ဗဟိုမြို့တော်ရဲ့ မိသားစုကြီး ရှစ်ခု … ရန်မိသားစု၊ ချူမိသားစု၊ လျူမိသားစု၊ ဟော်မိသားစု၊ ခန်မိသားစု၊ ကောင်းမိသားစု၊ ရီမိသားစု နဲ့ မန်မိသားစု။
ထိုမိသားစုတွေထဲ၌ ခန်မိသားစု၊ ကောင်းမိသားစု၊ ရီမိသားစုနဲ့ မန်မိသားစုက သူတို့ဘယ်သခင်လေးဘက် ရပ်တည်ပေးမယ် ဆိုတာကို အတိအလင်း ကြေညာပြီးသွားပါပြီ။ အခုဆို ဘက်မရွေး ရသေးတဲ့ မိသားစုကြီး သုံးခုပဲ ကျန်ပါတော့တယ်။
လျူမိသားစုကတော့ ပြောစရာ မလိုအာင်ပဲ လျူချင်းယောင်ရဲ့ ကြေညာချက်အတိုင်း လိုက်လုပ်မှာပါ။ သူ့ကို အနိုင်ယူနိုင်တဲ့ ရန်မိသားစု သခင်လေးနဲ့ သူပူးပေါင်းပါလိမ့်မယ်။ ရန်မိသားစုရဲ့ အကြီးဆုံး သခင်လေးက ရန်ဝေက လျူချင်းယောင်ကို သွားစိန်ခေါ်ခဲ့ ဖူးပေမယ့် အနိုင်၊ အရှုံးရလဒ်ကိုတော့ ဘယ်သူမှ မသိခဲ့ပါဘူး။
ဒါပေမယ့် လျူချင်းယောင်က သူဘယ်ဘက်ပါမယ် ဆိုတာကို မကြေညာသေးတဲ့အတွက် တိုက်ပွဲရလဒ်က လယ်ပြင်ကိုဆင်းသလို ထင်ရှားနေခဲ့ပါတယ်။
ရန်ဝေ ရှုံးသွားခဲ့ပါတယ်။
ဟော်မိသားစုက သခင်လေး ဟော်ရှင်းချန်ကတော့ နေ့စဉ်နေ့တိုင်း သောက်စားပျော်ပါး ရင်းနဲ့သာ အချိန်ကုန်နေခဲ့ပါတယ်။ အမွေခံတိုက်ပွဲမှာ ဝင်ပါဖို့ နည်းနည်းလေးတောင် အရိပ်အယောင် မပြပါဘူး။ ထိုအချက်ကြောင့် သူ့အဖေ ဟော်ကျန်း တော်တော်လေး ခေါင်းကိုက် နေခဲ့ရပါတယ်။
ဟော်ကျန်းက သူ့သားကို အမွေခံတိုက်ပွဲမှာ ဝင်ပါစေချင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့သားဘက်ကတော့ ဘူးခံငြင်းလို့ပါ။ ထို့ကြောင့် ဟော်ကျန်းလည်း သူ့ရဲ့ သုံးစားမရတဲ့ သားနဲ့ပက်သက်ပြီး တော်တော်လေး ခေါင်းကိုက်နေခဲ့ပါတယ်။ အမွေခံတိုက်ပွဲမှာ လူကြီးမျိုးဆက်တွေကိုပါ ဝင်ပါခိုင်းလိုက်မယ် ဆိုရင် ဟော်ကျန်း ဆုံးဖြတ်ချက် ချပြီးတာ ကြာလောက်ပါပြီ။
ရန်မိသား သခင်လေး ရန်ကိုင်နဲ့ ဟော်ရှင်းချန် ကြားမှာ မကျေနပ်ချက် အချို့ရှိတယ်လို့ သတင်းတွေ ထွက်နေခဲ့ပါတယ်။ ထို့ကြောင့် ရန်သခင်လေး တော်တော်များများက ရန်ကိုင်နဲ့ ဟော်ရှင်းချန် ကြားက မကျေနပ်ချက်ကို အသုံးချကာ ဟော်ရှင်းချန်ကို သူတို့ဘက် ဆွဲခေါ်လို့ ရမလားဆိုပြီး သွားပြီး စည်းရုံးကြည့်ကြပါတယ်။ ဒါပေမယ့် သူတို့ထဲမှ တစ်ယောက်မှ မအောင်မြင်ခဲ့ပါဘူး။ အဲ့အစား အလင်းနီနယ်မြေဆီ ဆွဲခေါ်သွားခံခဲ့ရပြီး ရက်နည်းနည်းကြတော့မှပဲ ခေါင်းနောက်နောက်နဲ့ ပြန်ထွက်လာနိုင်ခဲ့ပါတယ်။
(အလင်းနီက ဆောင်ကြာမြိုင်တွေ ရှိတဲ့ နေရာမျိုးကို ပြောတာပါ)
ချူမိသားစု….
ချူမိသားစုခေါင်းဆောင် ချူရှို့ချန်က သူ့ထိုင်ခုံပေါ်၌ ထိုင်နေခဲ့တယ်။ သူ့မျက်နှာက အသက်၃၀ကျော်သာ ထင်ရပေမယ့် တကယ်တော့ သူက အသက်၅၀ကျော် ရှိနေပါပြီ။ ဒါပေမယ့် သူက ဖြူဖွေးတဲ့ အသားအရေ၊ နူးညံ့တဲ့ မျက်နှာ အသွင်အပြင်နဲ့ မွေးလာခဲ့တာပါ။ သူ့အသားအရေက မိန်းကလေးတွေထက်တောင် ပိုဖြူနေပါသေးတယ်။ ထို့ကြောင့် သူ့ပုံစံက ရှိရင်းစွဲထက် ပိုငယ်တယ် ထင်နေရတာပါ။
သူ့ရှေ့မှာတော့ လူငယ်လေး တစ်ယောက်နဲ့ မိန်းကလေး တစ်ယောက် ရှိနေခဲ့တယ်။
မိန်းမငယ်လေးက ချူမိသားစုရဲ့ ပထမသခင်မလေး ချူရီမန် ဖြစ်ပြီး၊ လူငယ်လေးကတော့ ချူမိသားစုရဲ့ သခင်လေး ချူဇိရိုဖြစ်ပါတယ်။ သူတို့ နှစ်ယောက်က ဖအေတူ မအေကွဲ မောင်နှမဝမ်းကွဲတွေပါ။
အမွေခံတိုက်ပွဲက စတော့မှာ ဖြစ်တဲ့အတွက် ချူမိသားစုကလည်း အဖွဲ့တစ်ခုကို ရွေးရပါတော့မယ်။
ချူရှို့ချန်က အခြားလူတွေလိုပဲ ရန်မိသားစု သခင်လေးတွေ အကြောင်း ကောင်းကောင်း မသိထားပါဘူး။ သူတို့နဲ့ ပက်သက်ပြီး နည်းနည်းပါးပါးလောက် သိထားပေမယ့် ထိုနည်းနည်းပါးပါးလေးက ဆုံးဖြတ်ချက်တစ်ခု ချဖို့ မလုံလောက်ဘူး ဖြစ်နေပါတယ်။
ကျန်တဲ့မိသားစုကြီး ခုနှစ်ခု အမွေခံတိုက်ပွဲမှာ ပါဝင်ရတဲ့ အကြောင်းအရင်းက သူတို့ ဂျူနီယာတွေရဲ့ စွမ်းရည်တွေကို တိုးတက်လာစေဖို့ပါ။ အနိုင်အရှုံးဆိုတာ သူတို့အတွက် ဒီလောက်ကြီး အရေးမကြီးပါဘူး။ ဒါပေမယ့် အနိုင်အရှုံးက အရေးမကြီးဘူး ဆိုရင်တောင် အခွင့်အရေးသာရရင် အားလုံးက နိုင်ချင်ကြတာပဲလေ။ ထို့ကြောင့် အဖွဲ့ရွေးတဲ့ ကိစ္စနဲ့ ပက်သက်ပြီး အားလုံးက သေသေချာချာ စဉ်းစား ဆုံးဖြတ်နေကြတာပါ။
ချူရှို့ချန်က သူ့မုတ်ဆိတ်မွှေးကို အချိန်အတော်ကြာအောင် ပွတ်သပ်နေပြီး နောက်ဆုံးမှာတော့ စမေးလိုက်တယ် “မန်၊ အမွေခံတိုက်ပွဲနဲ့ ပက်သက်ပြီး သမီး ဘယ်လိုမြင်လဲ”
သူ့အဖေက ချူရီမန်ကို အရင်မေးလိုက်တာ မြင်တော့၊ ချူဇိရို့ မျက်နှာ မသိမသာလေး ရှုံ့မဲ့သွားခဲ့တယ်။
ချူမိသားစု၌ သူက အမွေခံဆိုပေမယ့် သူ့ရဲ့ ကိုယ်ပိုင် အစွမ်းအစ ဖြစ်စေ၊ နည်းလမ်းတွေ ဖြစ်စေ၊ သွေးသားတစ်ဝမ်းကွဲ တော်စပ်တဲ့ သူ့အစ်မနဲ့ နည်းနည်းလေးတောင် မယှဉ်နိုင်ပါဘူး။ မိသားစုမှာ တစ်ခုခု ကြီးမားတာ ဖြစ်ပျက်ပြီဆိုရင် သူ့အဖေက သူ့ဝမ်းကွဲအစ်မနဲ့ပဲ ဆွေးနွေးလေ့ရှိပါတယ်။ သူကတော့ ဘေးမှာသာ ထိုင်နေပြီး သင်ယူလေ့လာ နေရပါတယ်။
သူ့တစ်ဘဝလုံး သူမရဲ့ လောင်ရိပ်အောက်မှာ နေခဲ့ရတာပါ။
ချူရီမန်က အသာအယာလေး ပြုံလိုက်ပြီး စပြောလိုက်တယ် “သမီး စုဆောင်းထာတဲ့ သတင်းတွေအရဆို အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်မယ့် ရန်မိသားစု သခင်လေး ရှစ်ယောက် ရှိတယ်။ သေသွားတဲ့ လေးယောက်မြောက် သခင်လေး ရန်ရှင်းဝူကို ဖယ်ပြီး အကြီးဆုံးကနေ အငယ်ဆုံးအထိ စီလိုက်မယ်ဆိုရင် သူတို့ နာမည်တွေက ရန်ဝေ၊ ရန်ကျောင်း၊ ရန်ထိုက်၊ ရန်ခန်း၊ ရန်ရှန်း၊ ရန်ရင်၊ ရန်ချွမ်နဲ့ ရန်ကိုင်တို့ပဲ”
ချုရှို့ချန်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး သူမကို ဆက်ပြောဖို့သာ အချက်ပြလိုက်တယ်။
“ဒုတိယသခင်လေး ရန်ကျောင်းနဲ့ ငါးယောက်မြောက် သခင်လေး ရန်ခန်းတို့က ညီအစ်ကိုအရင်း တော်စပ်တယ်။ ခြောက်ယောက်မြောက် သခင်လေး ရန်ရှန်းနဲ့ ခုနှစ်ယောက်မြောက် သခင်လေး ရန်ရင်တို့ကလည်း ညီအစ်ကိုအရင်း တော်စပ်တယ်။ အဲ့နှစ်တွဲက နောက်ဆုံးအခြေအနေ မရောက်ခင်အထိ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ကြမှာ မဟုတ်ဘူး။ အဲ့အစား သူတို့ရဲ့ သွေးသား တော်စပ်မှုကြောင့် နောက်ဆုံးအချိန် မတိုင်ခင်အထိ တစ်ယောက်ကို တစ်ယောက် ထောက်ပံ့သွားဖို့ များတယ်”
ချူရီမန်က သူမသိသမျှ၊ ထင်သမျှ အတွေးမျိုးစုံကို ထောင့်ချိုး၊ ထောင့်ကွက် မျိုးစုံကနေ ရှင်းပြနေခဲ့တယ် “ပြီးတော့ ရန်မိသားစု သခင်လေးတွေထဲက တစ်ယောက်ကို ထောက်ပံ့မယ်လို့ ကြေညာပြီးသွားတဲ့ ကျန်ရှိနေတဲ့ မိသားစုကြီး ခုနှစ်ခုထဲက လူလေးယောက် ရှိတယ်။ မန်မိသားစု မန်ရှန်းရီက အကြီးဆုံးသခင်လေး ရန်ဝေနဲ့ မိတ်ဖွဲ့ထားတယ်။ ရီမိသားစု ရီရှင်းရို့က ဒုတိယသခင်လေး ရန်ကျောင်းကို ထောက်ပံ့မယ်လို့ ကြေညာထားတယ်။ ကောင်းမိသားစု ကောင်းရန်ဖုံးက ငါးယောက်မြောက် သခင်လေး ရန်ခန်းနဲ့ မိတ်ဖွဲ့ထားပြီး ခန်မိသားစုက ခန်ကျန်းက ခုနှစ်ယောက်မြောက် အစ်ကို ရန်ရင်ကို ထောက်ပံ့ပေးမယ်လို့ တရားဝင် ကြေညာထားတယ်။ မိသားစုကြီး ခုနှစ်ခုရဲ့ အထောက်အပံ့က အမွေခံတိုက်ပွဲရဲ့ နောက်ဆုံးရလဒ်ကို ကောင်းကောင်း ဆုံးဖြတ်ပေးမှာ ဆိုတာတော့ မိသားစုကြီး ခုနှစ်ခုရဲ့ စွမ်းအားကို အထင်သေးထားလို့ မဖြစ်ဘူး”
“ကောင်းတယ်။ ရန်မိသားစုက ဗဟိုမြို့တော်မှာ ရှိနေတော့ သူတို့ အနေနဲ့ ကျန်တဲ့ မိသားစု ခုနှစ်ခုနဲ့ မပက်ပဲ နေလို့ကို မရတာ” ချူရှို့ချန်က သူ့သမီးရဲ့ ဟာကွက်မရှိတဲ့ ရှင်းပြချက်နဲ့ ပက်သက်ပြီး တော်တော်လေး ကျေနပ်နေခဲ့တယ်။ ဒါပေမယ့် သူမက သူ့သား မဟုတ်ပဲ သူ့သမီး ဖြစ်နေတယ် ဆိုတာကို သတိရလိုက်တဲ့ အချိန်မှာတော့ သူ့ရင်ထဲ နောင်တရမိသွားခဲ့တယ်။
ထို့နောက် ချူဇိရိုဆီ တစ်ချက် ကြည့်လိုက်ပြီး သူ့ရင်ထဲ တိတ်တဆိတ် သက်ပြင်းချလိုက်တယ်။
“ဒီတော့၊ အပေါ်ယံလျှပ် ကြည့်မယ် ဆိုရင် ရန်ကျောင်းနဲ့ ရန်ခန်းက အသာစီး ရနေတယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ တစ်ယောက်ချင်းစီက မိသားစုကြီး ခုနှစ်ခုထဲက တစ်ခုရဲ့ ထောက်ပံ့မှုကို ရရှိထားလို့ပဲ”
“ဟန်၊ အပေါ်ယံ လျှပ်ပြီးတော့လား” ချူရှို့ချန်က သူ့သမီး ပြောတာကို နားထောင်ရင်း အပြုံးလေးနဲ့ မေးလိုက်တယ်။
“တကယ်တော့၊ ဒါက အဓိက မဟုတ်သေးဘူး။ သူတို့ရဲ့ မဟာရန်သူတော်ကြီးတွေကို အသာထားလိုက်ဦး၊ သူတို့တွေက အင်အားစု တစ်ခု ဆိုတာနဲ့တင် အမွေခံတိုက်ပွဲကို နိုင်နိုင်တယ် ဆိုတာနဲ့ အဝေးကြီး လိုသေးတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျင်းပခဲ့တဲ့ အမွေခံတိုက်ပွဲမှာ မိသားစုကြီး ခုနှစ်ခုက ပါဝင်ယှဉ်ပြိုင်တဲ့ လူတွေက ဘယ်တုန်းကမှ အရမ်းကြီး အားမကောင်းခဲ့ဘူး။ သူတို့ ပို့လိုက်တဲ့ အဓိက လူအင်အားစုက လူငယ်မျိုးဆက်ဝင်တွေချည်းပဲ။ ဒါက ညီမျှမှုကို မချိုးဖျက်ချင်လို့ ဖြစ်သလို အထိအခိုက် အကျအဆုံး များပြားတာကို ရှောင်ရှားချင်လို့လည်း ဖြစ်တယ်။ ဒါက မပြောပဲ အားလုံး သိနေတဲ့ စည်းမျဉ်းတစ်ခုပဲ။ ဒါကြောင့် ရန်မိသားစုက သွေးစစ်သည်တော် တွေက လွဲပြီး မိသားစုကြီး ခုနှစ်ခုက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ထက် ပိုမြင့်တဲ့ ကျင့်ကြံသူတွေကို အမွေခံတိုက်ပွဲဆီ စေလွှတ်မှာ မဟုတ်ဘူး”
“ရလဒ်အနေနဲ့ လွန်ခဲ့တဲ့ နှစ်တွေအတွင်း သူတို့နဲ့ သိကျွမ်း ရင်းနှီးခဲ့တဲ့ ကိုယ်ပိုင်အဆက်အသွယ်တွေက ပိုပြီး အချက်ကျသွားတယ်။ မိတ်ဆွေတွေ၊ မဟာမိတ်တွေ ပိုရှိတဲ့ လူတွေက အထောက်အပံ့ ပိုပြီး များများ ရနိုင်တယ်။ ပြီးတော့ သခင်လေး အများစုရဲ့ အမေတွေက ပထမအဆင့် အင်အားစုက သခင်မလေးတွေလေ။ ဒါကြောင့် အဲ့မိသားစုတွေက သူတို့နဲ့ သွေးချင်းဆက်စပ်နေတဲ့ သခင်းလေးတွေကို ကျိန်းသေ ထောက်ပံ့ပေးလိမ့်မယ်”
ချူရှို့ချန်က သူ့သမီးကို တစ်ချက်ကြည့်လိုက်ပြီး မပြုံးပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။
“အဖေ၊ အမွေခံတိုက်ပွဲကို အောင်နိုင်တဲ့လူ ဘယ်သူ ဖြစ်မလဲ ဆိုတာကို သမီးမသိပေမယ့် ရန်မိသားစု တတိယသခင်လေး ရန်ထိုင်က အရင်ဆုံး ထွက်ရလိမ့်မယ့် လူတစ်ယောက် ဆိုတာကိုတော့ သမီး ကျိန်းသေ ပြောရဲတဘ်”
“အို၊ ဘာလို့လဲ ပြောပါဦး”
“ဘာလို့လဲ ဆိုတော့ သူ့မှာ သွေးစစ်သည်တော် တစ်ယောက်တောင် မရှိလို့ပဲ။ အပြင်ထွက် အတွေ့အကြုံ ရှာခဲ့တဲ့တုန်းက များများစားစား မရခဲ့တဲ့ ပုံပဲ။ ဒါကြောင့်ပဲ သူ့မှာ သွေးစစ်သည်တော် တစ်ယောက်တောင် လဲလှယ်ဖို့ အကျိုးဆောင်အမှတ် လုံလုံလောက်လောက် မရှိခဲ့ဘူး။ သွေးစစ်သည်တောင် မရှိတဲ့ သူ့ရဲ့ အင်အားက အရမ်းကို နိမ့်ကျသွားပြီ။ … သူ့ရဲ့ အနာဂတ်ကလည်း တကယ်ကို စိုးရိမ်စရာ ဖြစ်သွားမှာ။ သူ့အနေနဲ့ ပထမနေ့မှာတင် ထုတ်ပယ်မခံရရင်တောင် အရမ်း ကံကောင်းတယ်လို့ ပြောလို့ ရနေပြီ” ချူရီမန်က ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်တယ်။
“ဒုတိယ တစ်ယောက်က ရှစ်ယောက်မြောက် သခင်လေး ရန်ချွမ်ပဲ။ သူ့မှာ ထောက်ပံ့နေတဲ့ မိသားစုကြီး တစ်ခုမှ မရှိတဲ့အပြင်ကို သူ့အမေကလည်း ဒုတိယအဆင့် အင်အားစုတစ်ခုက လာတာဆိုတော့ သူ့အမေ အင်အားစုကနေ အများကြီး မျှော်မှန်းထားလို့ မရဘူး”
“အဲ့လိုဆို၊ တတိယ တစ်ယောက်ကကော” ချူရှို့ချန်က ပြုံးကာ မေးလိုက်တယ်။
“သမီး မသိဘူး” ချူရီမန်က တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးလိုက်ပြီး “ငါယောက်မြောက် သခင်လေး ရန်ခန်း၊ ခြောက်ယောက်မြောက် သခင်လေး ရန်ရှန်း၊ ခုနှစ်ယောက်မြောက် သခင်လေး ရန်ရင်တို့ သုံးယောက်ထဲက ဘယ်သူ အရင်ထွက်မလဲ ဆိုတာကို သမီး မခန့်မှန်း တတ်ဘူး”
“အန်” ချူရှို့ချန် မျက်မှောင် ကြုံ့လိုက်တယ်။ သူ့မျက်နှာထက် စိတ်ရှုပ်သည့် အရိပ်အယောင်အချို့ ထွက်ပေါ်လာခဲ့ပြီး သူ့သမီးကို သံသယအကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။
ဘေးနားကနေ တစ်ချိန်လုံး ငြိမ်နားထောင်နေခဲ့တဲ့ ချူဇိရိုက ရုတ်တရက် ရယ်မောကာ ဝင်ပြောလိုက်တယ် “အစ်မကြီး၊ တတိယမြောက် ထွက်ရမယ့်လူက ဒီလောက် ရှင်းနေတာကို အစ်မကြီးက ဘယ်လိုလုပ်ပြီး မမြင် ဖြစ်နေရတာလဲ”
ချူရီမန်က ပြုံးလိုက်ပြီး ချူဇိရိုကို ကြည့်ကာ “အို၊ မောင်ငယ်လေးက ဘယ်လို ထင်နေလို့လဲ”
“ကျုပ်ရဲ့ အထင်အမြင် မဟုတ်ဘူး” ချူဇိရိုက ဖွဖွလေး ပြုံးလိုက်ရင်း “လုံးဝကို သိသာနေတဲ့ အချက်တစ်ခုပဲ”
“မင်းက အဲ့လို ထင်နေမှာတော့ ပြောကြည့်လေ၊ နားထောင်ကြည့်တာပေါ့” ချူရှို့ချန်က မထူးခြားနားဟန်နဲ့ သူ့သားကို ခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်ကဲ့ပါ” ချူဇိရိုက သူ့အစ်မကြီးကို ကြည့်လိုက်ပြီး ယုံကြည်ချက် အပြည်နဲ့ ပြောလိုက်တယ် “တတိယမြောက် ထွက်ရမယ့် လူက ရန်မိသားစုရဲ့ အငယ်ဆုံးသခင်လေး ရန်ကိုင်ပဲပေါ့”
“ဘာလို့ အဲ့လိုထင်ရတာလဲ” ချူရီမန်က ချူဇိရို အခုလို ပြောလာမယ်မှန်း ကြိုသိနေသည့်အလား မထူးခြားနားဟန်နဲ့ ပြုံးလိုက်တယ်။
“အစ်မကြီး ပြောခဲ့သလိုပဲလေ၊ ဒီရန်ကိုင်မှာ သူ့ကို ကူညီပေးမယ့် ညီအစ်ကို အရင်အချာဆို့လို့ တစ်ယောက်မှ ရှိတာမဟုတ်ဘူး၊ ပြီးတော့ သူ့ကို ကူညီပေးမယ့် မိသားစုကြီး တစ်ခုမှလည်း မရှိဘူး။ သူ့အမေဘက်က လူအချို့ ပို့ပေးမယ် ဆိုရင်တောင် အများဆုံးမှ ပထမအဆင့် အင်အားစုတစ်ခုရဲ့ အကူအညီပဲ ရှိသေးတယ်လေ။ ဘာကြောက်စရာ ရှိလို့လဲ။ ပြီးတော့ သူက ညီအစ်ကိုတွေထဲမှာ အငယ်ဆုံး၊ သူ့အသက်ဆို ကျုပ်နဲ့ အတူတူလောက်ပဲ ရှိမှာ။ ဒါကြောင့် သူ့ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေက သူ့အစ်ကိုတွေလောက် ကောင်းလိမ့်မှာ မဟုတ်ဘူး။ ဒါကြောင့် တတိယမြောက် ထွက်ရမယ့်လူက သူပဲ ကျိန်းသေ ဖြစ်လိမ့်မယ်”
ချူဇိရိုက ၁၀၀ ရာခိုင်နှုန်း ကျိန်းသေသည့် လေသံနဲ့ ပြောလိုက်တယ်။ မသိရင် ရန်ကိုင် ရှုံးတော့မယ်လို့ ကြိုပြီး အတွေးအမြင် ရနေတယ်လို့ထာင် ထင်သွားနိုင်ပါတယ်။
ချူရီမန်ကတော့ သူ့မောင်လေး ပြောတာကို တစ်ခွန်းမှ ပြန်လည် ချေပ မပြောဆိုခဲ့ပါဘူး။ အဲ့အစား ချူရှို့ချန်ဆီ လှည့်ကာ မေးလိုက်တယ် “အဖေလည်း အဲ့လိုပဲ ထင်နေတာလား”
ချူရှို့ချန်က တစ်ခဏလောက် ရပ်တန့်လိုက်ပြီးနောက် အသာအယာလေး ခေါင်းညိတ်လိုက်ကာ “အင်း၊ အဖေလည်း သမီး မောင်းလေးနဲ့ အမြင်အတူတူပဲ။ ပြီးတော့ အဖေစုဆောင်းရရှိတဲ့ သတင်းအရဆို ဗဟိုမြို့တော်ကို သူပြန်ရောက်ကတည်းက မိသားစုကြီး ခုနှစ်ခုထဲက ဘယ်အင်အားစုနဲ့မှ မဆက်သွယ် ခဲ့သေးဘူး။ သူရဲ့ ညီအစ်ကိုတွေ အားလုံးက အကူအညီတွေရဖို့ အနည်းနဲ့အများ အားထုတ် ကြိုးစားနေပေမယ့် သူကတော့ လုံးဝကို ငြိမ်နေခဲ့တယ်။ အဖေကတော့ သူ့မှာ အမွေခံတိုက်ပွဲကို နိုင်နိုင်မယ့် ယုံကြည်ချက် မရှိလို့ အစကကတည်းက လက်လျှော့ထားလိုက်တာလို့ ထင်တယ်”
ချူရီမန်က အခိုင်အမာ ခေါင်းခါလိုက်ပြီး “အဖေ၊ ဒီနေရာမှာတော့ အဖေ့စကားကို သမီး သဘောမတူဘူး။ အပြန်အလှန် အနေနဲ့ သမီးက သူ့ကိုတောင် ထောက်ပံ့ပေးချင်နေတာ”
ချူဇိရိုလည်း တစ်ခဏလောက် ငေးကြောင်သွားခဲ့ပြီး သူ့အစ်မဝမ်းကွဲဘက် လှည့်ကာ “အစ်မကြီး၊ နင်အဆင် ပြေနေတာကော ဟုတ်ရဲ့လား။ ဘယ်လိုလုပ်ပြီး ဒီလောက် မိုက်မဲတဲ့ ဆုံးဖြတ်ကို ချလိုက်ရတာလဲ”
ချူရှို့ချန်ကလည်း မျက်မှောင် ကြုံ့လိုက်ပြီး ပြောလိုက်တယ် “မန်၊ သမီးနဲ့သူက အသိအကျွမ်းတွေ ဆိုတာကို အဖေသိတယ်။ သူနဲ့ အချိန်အတော်ကြာအောင် ခရီးအတူ သွားခဲ့တယ် ဆိုတာကိုလည်း အဖေသိတယ်။ ဒါပေမယ့် လူမိသားစုမှာ သူဘယ်လိုတွေ ပြုမူခဲ့လဲ ဆိုတာကို လူလျန်ဆီကနေ အဖေကြားပြီး သွားပြီ။ လူလျန် ရှင်းပြထားတဲ့ အချက်တွေကြာင့်ပဲ အဖေ သူ့အပေါ် အရမ်း အကောင်းမမြင်ဘူး။ ချူမိသားစုကို သူ့ကို ထောက်ပံ့ပေးစေချင်တယ် ဆိုရင်တော့ သမီးအနေနဲ့ အဖေ့ကို အကြောင်းပြချက် ကောင်းကောင်း တစ်ခု ပေးမှ ရလိမ့်မယ်။ မဟုတ်ရင်တော့ သမီးကို ကတိပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အမွေခံတိုက်ပွဲ ရှုံးတာ၊ နိုင်တာက ချူမိသားစုရဲ့ အုတ်မြစ်ကို အကျိုးမသက်ရောက်ဘူး ဆိုပေမယ့် ဆုံးရှုံးမှု နည်းနည်းပါးပါးကတော့ ကျိန်းသေ ရှိလာမှာပဲ”
Martial Peak
အပိုင်း (၄၁၂) သူက ရည်မှန်းချက် ကြီးတဲ့ လူတစ်ယောက်ပဲ
“အကြောင်းပြချက်လား၊ သေသေချာချာတော့ သမီး မပြောနိုင်ဘူး။ ဒါပေမယ့် အဖေ၊ ငယ်ငယ်လေးကတည်းက သမီးရဲ့ ဆုံးဖြတ်ချက် မှန်သမျှ အဖေ့ကို စိတ်ပျက်ခဲ့စေဖူးတာများ ရှိလို့လား”
ချူရှို့ချန် အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့တယ်။ ချူရီမန် ပြောတာ မှန်ပါတယ်။ သူ့သမီးက အခြားသူတွေကို ဝေဖန်ပိုင်းခြားရာမှာ အရမ်းကို ထူးချွန်သလို သူမရဲ့ ဆုံးဖြတ်ချက် တိုင်းကလည်း သူ့ကို တစ်ခါမှ စိတ်မပျက် စေခဲ့ဖူးပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း သူမမြင်ခဲ့တဲ့ အကွက်တွေ ရှိခဲ့တာကို သူ့သမီး တစ်ယောက်ပဲ သူ့ကို ထောက်ပြနိုင်ခဲ့ပြီး သူ့အတွက် အကျိုးရှိနိုင်မယ့် အကြံဥာဏ်တွေကို ပေးနိုင်ခဲ့တာပါ။
ချူရီမန်က ဒီလောက် လေးလေးနက်နက် ပြောလာတော့ ချူရှို့ချန်လည်း သူ့ရဲ့ ဆုံးဖြတ်ချက်ကို နောက်တစ်ကြိမ် သေချာ ပြန်စဉ်းစားရပါတော့တယ်။ ထို့နောက် ဖြေးဖြေးချင်း ပြောလိုက်တယ် “သူ့ကို ငါတို့ ဘာလို့ ဂရုစိုက်သင့်တာလဲ”
ဒါပေမယ့် ချူရီမန်က ဖြေးဖြေးချင်းပဲ ခေါင်းခါလိုက်ပြီး “အဲ့ဒါနဲ့ ပက်သက်ရင်တော့ သမီးမပြောနိုင်ဘူး။ ဒါပေမယ့် သူက မဖြစ်နိုင်ဘူး ဆိုတဲ့အရာတွေကိုမှ လုပ်ပြတတ်တဲ့ အံ့ဩစရာ လူတစ်ယောက်ပဲ။ အဲ့လို လုပ်ပြနိုင်လွန်းလို့ သူမလုပ်နိုင်တဲ့ အရာ ဘာမှ မရှိဘူးလို့တောင် အခြားလူတွေကို ခံစားရစေတယ်”
တိမ်မိစ္ဆာနယ်မြေက ဖြာယောင်းခြင်းနတ်ဆိုးဘုရင်မရဲ့ ရန်ကိုင် ဖမ်းစားနိုင်ခဲ့တယ်လို့ သူမ အဖေကို ပြောချင်နေခဲ့ပါတယ်။ ဒါပေမယ့် သူမ ပြောလို့မဖြစ်ပါဘူး။
တိမ်မိစ္ဆာနယ်မြေဆိုတာ နတ်ဆိုးတွေ စုဝေးနေတဲ့ နေရာဖြစ်ပြီး ရှန်ချင်းလော့ဆိုတာ မိသားစုကြီး ရှစ်ခုနဲ့ ရေနဲ့မီးလို ဖြစ်နေတဲ့ မိစ္ဆဘုရင်ခြောက်ပါးထဲက တစ်ပါးပါ။ ထို့ကြောင့် ဒီတစ်ကြိမ် အမွေခံတိုက်ပွဲမှာ ရှန်ချင်းလော့ သူ့ကို လာကူလိမ့်မယ် ဆိုတာ ဖြစ်နိုင်ချေ နည်းပါတယ်။ အရှင်းဆုံး ပြောရရင် ဖြစ်ကို မဖြစ်နိုင်လောက်တာပါ။
ဒါပေမယ့် နတ်ဆိုးဘုရင်မကလွဲပြီး ရန်ကိုင်မှာ အခြားအားကောင်းတဲ့ မဟာမိတ်တွေ ရှိသေးလားကိုတော့ သူမ မသိပါဘူး။
“သမီးက သူ့ကို အရမ်းအမြင့်ကြီး တွေးနေတာပဲ” ချူရှို့ချန်ရဲ့ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့တယ်။ သူ့အဓိပ္ပါယ်က သိသာ ထင်ရှားနေပါတယ်။
ချူဇိရိုက မျက်ခုံးပင့်လိုက်ပြီး အသာအယာလေး ပြုံးလိုက်ရ၍်း “ကြည့်ရတာ အစ်မကြီးလည်း နောက်ဆုံးတော့ ကြိုက်ရမယ့် လူတစ်ယောက် တွေ့သွားပြီနဲ့တူတယ်။ အစ်မကြီးရဲ့ နှလုံးသားကို ဖမ်းစားနိုင်တဲ့ လူတစ်ယောက် ဒီလောကကြီးမှာ ရှိနေမယ်လို့ ကျုပ်ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး”
ချူရီမန်က ရန်ကိုင်ကို အရမ်းကြီး အထင်တွေ စွတ်ကြီးနေတာလို့ သားအဖ နှစ်ယောက်စလုံး ထင်နေကြတာပါ။
“သမီးသူ့ကိုယ် တကယ်ပဲ အထင်ကြီးမိတယ်” ဒါပေမယ့် ချူရီမန်ကတော့ သူတို့ရဲ့ သံသယတွေကို ပွင့်ပွင့်လင်းလင်း အတိပြုပေးလိုက်တယ် “ဒါပေမယ့် သူ့ကို ကြိုက်နေတဲ့ အထိတော့ မဟုတ်သေးဘူး။ ဘာလို့လဲဆိုတော့ သူ့နားမှာ ရှိနေတဲ့ အချိန်တိုင်း သူ့က သမီးကို အမြဲတမ်း နှာတစ်ဖျားအသာနဲ့ ဦးဆောင်သွားလို့ပဲ။ သမီးက အမြဲတမ်း သူ့လောင်ရိပ်အောက်ပဲ ကျနေခဲ့ရတာ”
ချူရှို့ချန် မျက်မှောင် ကြုံ့လိုက်ပြီး သူ့စိတ်ထဲလည်း တိတ်တဆိတ် အံ့အားသင့်သွားခဲ့တယ် “အဲ့ကောင်လေးက အဲ့လောက်တောင်ပဲ တော်နေလို့လား”
သူ့သမီးနဲ့ ပက်သက်ပြီး ပြောရမယ် ဆိုရင် ဗဟိုမြို့တော်က လူကြီး မျိုးဆက်တွေတောင် သူ့သမီးကို အခုလိုမျိုး ဖြစ်အောင် မလုပ်နိုင်ပါဘူး။ သူမကသာ အခြားသူတွေကို အမြဲတမ်း နှာတစ်ဖျား အသာနဲ့ ဦးဆောင်နေတာပါ။ ထို့ကြောင့် သူမရဲ့ ကောက်ချက်က တော်တော်လေး မှတ်သားထားလောက်စရာပါ။ ဒါပေမယ့် သူမရဲ့ ပြောကြားချက်က ချူရှို့ချန်ကို အချက်အလက် အချို့အား သိသွားစေခဲ့တယ်။
“သူက တော်တော်လေး သန်မာတယ်” ချူရီမန် ခါးခါးသီးသီး ပြုံးလိုက်တယ်။ သူမကို ရန်ကိုင် ဘယ်လို့ ဆက်ဆံခဲ့တယ် ဆိုတာကို ပြန်စဉ်းစားမိလိုက်တာနဲ့ အံ့မကြိတ်ပဲ မနေနိုင်အောင် ဖြစ်မိခဲ့ရတယ်။
“အချစ်က လူတွေကို စုံလုံကန်းစေတာပဲ” ချူဇိရိုက ဖြေးဖြေးချင်း ခေါင်းခါလိုက်တယ်။ မသိရင် လူအိုကြီး တစ်ယောက်က သူ့ရဲ့ ဂျူနီယာတွေကို သင်ခန်းစာ ပေးနေတဲ့ ပုံစံမျိုးပါ။
“အဖေ” ချူရီမန်က သူမရဲ့ ဖအေတူမအေကွဲ ဝမ်းကွဲရဲ့ အထင်အမြင်ကို လျစ်လျူရှုထားလိုက်ပြီး ပြုံးပြီးတော့သာ ဆက်ပြောလိုက်တယ် “သူနဲ့ ပက်သက်တဲ့ သမီးရဲ့ အထင်အမြင်ကို အရင်မပြောပဲ နေကြရအောင်။ အဖေ့ အထင်အမြင်ကို အရင်ပြောကြတာပေါ့။ သူက တတိယမြောက် ထွက်ရမယ့်လူလို့ အဖေပြောတာ အဖေကိုယ်တိုင် စုဆောင်းရရှိထားတဲ့ သတင်း အချက်အလက်တွေနဲ့ လူလျန် စာထဲမှာ ပြောခဲ့တဲ့ အကြောင်းအရာတွေ ကြောင့်မလား”
“မဆိုးဘူး” ချူရှို့ချန်က သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းညိတ်လိုက်ပြီး “လူလျန်က စာထဲမှာ များများစားစား ရေးမထားခဲ့ဘူး။ အဲ့နေ့တုန်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အချို့ကိုပဲ ရှင်းပြထားတာ။ ဒါပေမယ့် အဲ့လိုဆိုရင်တောင်၊ သူ့အရေးအသားနဲ့တင် ရန်ကိုင်ကို သူအထင်သေးနေတယ် ဆိုတာကို အဖေ ကောင်းကောင်းကြီး ခံစားမိနေတယ်”
“အဲ့နေ့က ဖြစ်ပျက်ခဲ့တာတွေ အားလုံးက လုပ်ဇာတ်သက်သက်ကြီး အဖေရဲ့”
ချူရှို့ချန် အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး “အဲ့လိုသာ ဆိုရင် ဒီကောင်က သူ့အစွမ်းအစကို တော်တော်လေး ဖုံးကွယ်ထားနိုင်တာပဲ။ မြေခွေးအိုကြီး လူလျန်ကိုတောင် အရူး လုပ်နိုင်တယ် ဆိုတော့လေ”
ချူရီမန်က ပြုံးလိုက်ပြီး ထိုင်ခုံကနေ မတ်တပ်ရပ်လိုက်ပြီး ခြေနှစ်လှမ်းလောက်၊ လှမ်းပြီးနောက် နောက်လှည့်ကာ ပြောလိုက်တယ် “တကယ်တော့ သမီးက သူ့ကို ထောက်ပံ့ပေးဖို့ တွန့်ဆုတ် နေမိသေးတယ်။ အနည်းဆုံးတော့ ဒီနေ့အထိပေါ့။ ဒါပေမယ့် အခုတော့ သူမစိတ် ဒုံးဒုံးချလိုက်ပြီ။ ပြီးတော့ သမီးရဲ့ ဆုံးဖြတ်ချက်က မမှားဘူးလို့တောင် ပိုပြီး ခံစားလာရတယ်”
“ဘာလို့လဲ”
“သူ့ရဲ့ ငြိမ်နေတာကြောင့်ပဲ။ လူမိသားစုကို သွားတုန်းကလည်း ဘာမှ မလုပ်ခဲ့ဘူး။ ဗဟိုမြို့တော်ကို ပြန်လာပြီးတော့လည်း ငြိမ်ငြိမ်လေးပဲ ထိုင်နေတုန်း။ လူမိသားစုမှာ ရှိတုန်းက လူလျန်ကို သူ့ဘက်ပါအောင် စည်းရုံးသိမ်းသွင်းဖို့ သူဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။ ဗဟိုမြို့တော်ကို ပြန်ရောက်တော့လည်း မိသားစုကြီး ခုနှစ်ခုက လူတွေနဲ့ ဆက်သွယ်ဖို့ နည်းနည်းလေးတောင် မကြိုးစားခဲ့ဘူး။ ဒါပေမယ့် သမီးက သူနဲ့ အချိန်အတော်ကြာအောင် ခရီသွားဖူးတဲ့ လူဆိုတော့ သူဘယ်လိုလူမျိုးလဲ ဆိုတာကို သမီး ကောင်းကောင်းသိတယ်။ သူက သာမန် ဘာမဟုတ်တဲ့ အရာမျိုးနဲ့ ကျေနပ်နေမယ့် လူစားမျိုး မဟုတ်ဘူး။ သူက ရည်မှန်းချက် ကြီးမားတဲ့ လူတစ်ယောက်ပဲ။ သူက တစ်ခုခုကို မလုပ်ရင် အပြတ်မလုပ်ဘူး၊ လုပ်ပြီဟေ့ ဆိုရင်လည်း အစွမ်းကုန်သုံးပြီး တော့ကို လုပ်တာ။ သူ့ရန်သူကို အသက်ရှုချိန်လေးတောင် ပေးမှာမဟုတ်ဘူး။ သူ့ငြိမ်ကုပ်နေတာက ဒီအမွေခံတိုက်ပွဲကို အနိုင်ရဖို့ သူ့မှာ ယုံကြည်ချက် အပြည့်ရှိတယ်လို့ ပြောနေတာနဲ့ အတူတူပဲ”
ပြောနေရင်းနဲ့ ချူရီမန် မျက်မှောင် ကြုံ့လိုက်ပြီး အသာအယာလေး ခေါင်းရမ်းလိုက်ရင်း ပြောလိုက်တယ် “သူ့ကိုယ်သူ ဘာလို့ ဒီလောက်တောင် ယုံကြည်ချက်တွေ ရှိနေလဲ ဆိုတာကို သမီး မသိပေမယ့် သူ့မှာ ယုံကြည်ချက် အပြည့် ရှိနေတယ် ဆိုတာတော့ ကျိန်းသေတယ်”
“အစ်မကြီး၊ ဒါက နင့်ရဲ့ ကိုယ်ပိုင် ခံစားချက်နဲ့ ခန့်မှန်းချက် သက်သက်ပဲလေ။ သူ့ငါ့တို့ကို ဘယ်လိုကူညီပေးနိုင်လဲ၊ သူ့မှာ ဘယ်လို အရည်အချင်းတွေ ရှိလဲဆိုတာကို ငါတို့ကို မပြောရသေးဘူးလေ”
ချူရှို့ချန်လည်း မျက်မှောင်ကြုံ့လိုက်တယ် “အဲ့ဒါဟုတ်တယ်၊ မန်အာ၊ အစတုန်းက သူနဲ့ မိတ်ဖွဲ့ဖို့ တုန့်ဆိုင်းနေခဲ့တယ်လို့ သမီး ပြောခဲ့တယ်မလား၊ သူမစိတ်ထဲမှာ စဉ်းစားထားတဲ့ အခြားပြိုင်ပွဲဝင်တွေ ရှိနေသေးလို့လား”
ချူရှို့ချန် မေးတာကို ကြားလိုက်ပြီးနောက် သူမရဲ့ ကြိုးစား အားထုတ်မှု အားလုံး အချည်းနှီး ဖြစ်သွားပြီမှန်း ချူရီမန် သိလိုက်တယ်။
သူမအဖေက ရန်ကိုင်ကို အကောင်း မမြင်နိုင်နိုင်တုန်းပါပဲ။ မဟုတ်ရင် သူမကို ဒီမေးခွန်းမေးခဲ့မှာ မဟုတ်ပါဘူး။
“ကောင်းပြီလေ၊ ရန်ကိုင်အပြင် အခြားနှစ်ယောက်ကို စဉ်းစားမိတယ်။ တစ်ယောက်က အကြီးဆုံးသခင်လေး ရန်ဝေ၊ နောက်တစ်ယောက်က ဒုတိယ သခင်လေး ရန်ကျောင်းပဲ။ ရန်ကျောင်းကတော့ ဘာမှ ရှင်းပြနေစရာ မလိုတော့ပါဘူး။ သူကိုယ်တိုင်က အရည်အချင်းရှိပြီး အားကောင်းတဲ့ လူတစ်ယောက်ပဲ။ ပြီးတော့ လက်ရှိရန်မိသားစုရဲ့ ခေါင်းဆောင် ဆိုလည်း ဟုတ်တယ်။ အမွေခံတိုက်ပွဲကို သူနိုင်ချေ တော်တော်လေး များတယ်။ ရန်ဝေကတော့ သူက ရန်မိသားစု လူငယ်မျိုးဆက်ထဲမှာ အကြီးဆုံးဖြစ်သလို လူငယ်မျိုးဆက်ရဲ့ တစ်ဦးတည်းသော အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူဆိုလည်း ဟုတ်တယ်။ သူမှာလည်း အမွေခံတိုက်ပွဲကို နိုင်နိုင်ချေ နည်းနည်းပါပါး ရှိတယ်” ထိုနားရောက်တာနဲ့ ချူရီမန်က ခါးခါးသီးသီး ပြုံးလိုက်ပြီး “ဒါပေမယ့် အခုအချိန်မှာ သူတို့ နှစ်ယောက်စလုံးက မိသားစုကြီး ခုနှစ်ခုထဲက တစ်ခုစီက ထောက်ပံ့ပြီးသွားပြီ။ သမီးတို့သာ သူတို့ကို သွားပြီး ထောက်ပံ့မယ် ဆိုရင် သမီးတို့ ချူမိသားစုအတွက် အရမ်းကြီး အဆင်ပြေမှာ မဟုတ်ဘူး”
“အင်း၊ အဲ့လိုသာ လုပ်လိုက်ရင် အမွေခံတိုက်ပွဲကို သူတို့ နိုင်မယ် ဆိုရင်တောင် ငါတို့ ချူမိသားစုက အကျိုးအမြတ် များများစားစား ရမှာမဟုတ်ဘူး” ချူရှို့ချန်က သုန်သုန်မှုန်မှုန်နဲ့ ပြောလိုက်တယ်။ ထို့နောက် သူ့သားဘက်လှည့်လိုက်ပြီး “ဇိရို၊ မင်းဘယ်လို ထင်လဲ”
သူ့အဖေ မေးလာတာကို ကြားလိုက်တာနဲ့ ချူဇိရိုစိတ်ထဲ ပျော်သွားခဲ့တယ်။ နောက်ဆုံးတော့ သူ့အခွင့်အရေး ရောက်လာပြီးမှန်း ချူဇိရို ချက်ချင်း သိလိုက်တယ်။
အမွေခံတိုက်ပွဲလို ကိစ္စကြီး တစ်ခုနဲ့ ပက်သက်ပြီး ဒါက သူ့အဖေ သူ့ရဲ့ အထင်အမြင်ကို ပထမဆုံးအကြိမ် မေးမြန်းခဲ့တာပါပဲ။ သူ့အဖေ မေးခွန်းထဲက နက်နဲသည့် အဓိပ္ပါယ်ကို ချူဇိရို နားမလည်ပဲ ဘယ်နေပါ့မလဲ။
“အဖေ၊ သားရဲ့ အမြင်အရဆိုရင် မိသားစုကြီး တစ်ခုခု ထောက်ပံ့မှုကို မရရှိသေးတဲ့ ရန်မိသားစုသခင်လေး ဘက်ကနေ ရပ်တည်ပေးသင့်တယ်လို့ ထင်တယ်။ အဲ့လိုမှပဲ အမွေခံတိုက်ပွဲကို နိုင်တဲ့အခါ အကျိုးအမြတ် ကြီးကြီးမားမား ရိတ်သိမ်းနိုင်မှာ” ချူဇိရိုက ငတုံးတစ်ယောက် မဟုတ်ပါဘူး။ သူ့ရဲ့ ဝမ်းကွဲအစ်မ ပြောတာကို ဒီလောက်အကြာကြီး နားထောင်ပြီးတဲ့ အချိန်၌ သူ့မှာလည်း သူ့ကိုယ်ပိုင် ထင်မြင်ချက် အချို့ ရှိလာခဲ့ပါပြီ “သားကတော့ ခြောက်ယောက်မြောက် သခင်လေး ရန်ရှန်းနဲ့ မဟာမိတ် ဖွဲ့သင့်တယ်လို့ ထင်တာပဲ။ ခန်မိသားစု ထောက်ပံ့ပေးထားတဲ့ သူ့ရဲ့ခုနှစ်ယောက်မြောက် ညီးလေး ကျုပ်တို့ ချူမိသားစုက ထောက်ပံ့ပေးထားတဲ့ ရန်ရှန်းက ရန်ကျောင်းနဲ့ ရန်ခန်း ညီအစ်ကိုနှစ်ယောက်ရဲ့ မဟာမိတ်အဖွဲ့ကိုတောင် ယှဉ်လို့ ရနေပါပြီ”
ချူရှို့ချန်က ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။
သူ့အဖေဆီက အသိအမှတ်ပြုမှုကို ရလိုက်ပြီးမှန်း သိလိုက်တာနဲ့ သူသုံးသပ်ပြလိုက်တဲ့အချက်က သူ့အဖေ ထင်နေတာနဲ့ အတူတူပဲ ဆိုတာကို ချူဇိရို သိလိုက်တယ်။ သူ့အနေနဲ့ အခုမှပဲ အသက်ရှူ ချောင်သွားခဲ့ပြီး သူ့မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ချူရီမန်က ခေါင်းခါပြီး သက်ပြင်းချလိုက်တယ်။
သူမ ဘယ်လောက်ပဲ တော်နေပါစေ၊ သူမက မိသားစုခေါင်းဆောင် ရာထူးကို မဆက်ခံနိုင်တဲ့ မိန်းမ တစ်ယောက် ဖြစ်နေတုန်းပါပဲ။ ချူမိသားစု အကျိုးအမြတ် ရဖို့အတွက် သူမအနေနဲ လက်ထပ်ထိမ်းမြား ပွန်းရုပ်တစ်ခု အဖြစ် အသုံးချခံရမယ်လို့ ကံကြမ္မာက သတ်မှတ်ထားပြီးသားပါ။
အခန်းတစ်ခုလုံးကို တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့တယ်။ ချူရှို့ချန်က ထိုင်ခုံလက်ရန်းကို တတောက်တောက် ခေါက်နေရင်း အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုကို စဉ်းစားချင့်တွက် နေခဲ့တယ်။
တစ်ခဏကြာပြီးနောက် ဆုံးဖြတ်ချက် ချထားပြီးသည့် အမူအရာနဲ့ ပါးစပ်ဟပြီး နောက်တစ်ကြိမ် ထပ်ပြောဖို့ လုပ်လိုက်တယ် “ကောင်းပြီလေ။ ဒီအမွေခံတိုက်ပွဲ အတွက်တော့…”
“အဖေ” ချူရီမန်က အလျင်အမြန် ဝင်ပြောလိုက်တယ်။
“ဟန်” ချူရှို့ချန် မျက်မှောင် ကြုံ့လိုက်ပြီး သူ့သမီးကို စိတ်ပျက်နေသည့် အမူအရာနဲ့ ငေးစိုက်ကြည့်လိုက်တယ်။
“အဖေ၊ ဒီတစ်ကြိမ် အမွေခံတိုက်ပွဲမှာ ရန်ကိုင်ကို ထောက်ပံ့ပေးဖို့ အတွက် သမီးနဲ့ အဖွဲ့တစ်ဖွဲ့ လွှတ်ပေးဖို့ အဖေ့ကို တောင်းဆိုပါတယ်” ချူရီမန်က အံ့ကြိတ်ပြီး ပြောလိုက်တယ်။ သူမရဲ့ အခု ဆုံးဖြတ်ချက်က သူမအဖေကို မပျော်မရွှင် ဖြစ်စေမယ် ဆိုတာကို သိပေမယ်လို့ သူမရဲ့ ဆုံးဖြတ်ချက်က လုံးဝ မမှားယွင်းဘူးလို့ ချူရီမန် ခံစားမိနေတုန်းပါပဲ။
သူမပြောတာကို ကြားလိုက်တာနဲ့ ချူဇိရိုက ထေ့ငေါ့လှောင်ပြောင်ဟန်နဲ့ ရယ်မောလိုက်တယ်။
သူရဲ့ အဖိုးတန်သမီးလေးကို တစ်ခဏကြာအောင် စိုက်ကြည့် နေလိုက်ပြီးနောက် ချူရှို့ချန်က ဖွဖွလေး မေးလိုက်တယ် “သမီး သူ့ကို ထောက်ပံ့ချင်နေတုန်းပဲလား”
“ဟုတ်တယ်၊ အဖေ့သမီးက တစ်ဘဝလုံး ဘာကိုမှ မတောင်းဆိုခဲ့ဖူးပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သမီး ဒါကို လုပ်ကိုလုပ်ရမှ ဖြစ်မယ်အဖေ၊ ဒါကြောင့် ကျေးဇူးပြုပြီး ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်”
“ကောင်းပြီလေ၊ မိသားစုရဲ့ ဆောင်းဦးမိုးစက်ခန်းမကို နင့်ဆီ ပေးလိုက်မယ်” ချူရှို့ချန်က အလေးမထားဟန်နဲ့ ပြောလိုက်တယ်။
“ကျေးဇူးအများကြီး တင်ပါတယ်…” ချူရီမန်က ခါးခါးသီးသီးနဲ့ ပြောလိုက်တယ်။
ဆောင်းဦးမိုးစက် ခန်းမဆိုတာ ချူမိသားစုထဲမှာ ဒီလောက်ကြီး အရေးပါတဲ့ ခန်းမ တစ်ခု မဟုတ်ပါဘူး။ ဆောင်းဦးမိုးစက် ခန်းမမှာ အဖွဲ့သား နည်းနည်းလေးပဲ ရှိပြီး သူတို့ရဲ့ တစ်ဦးချင်းအလိုက် ခွန်အားကလည်း အရမ်းကြီး မကောင်းလှပါဘူး။ သူမအဖေက ဆောင်းဦးမိုးစက်ခန်းမကို သူမဆီ ပေးလိုက်တယ် ဆိုကတည်းက ထိုခန်းမတစ်ခုလုံးကို စတေးဖို့ သူမအဖေ ဆုံးဖြတ်ထားပြီးတယ် ဆိုတာ သေချာသွားပါပြီ။ သူမသာ အတင်းအကြပ် မတောင်းဆိုခဲ့ရင် အခုလို အကူအညီ ပါးပါးလေးတောင် ရပါ့မလားလို့ ချူရီမန် သံသယဝင်မိပါတယ်။
အဖေက အဲ့လိုထင်နေမှတော့ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဆိုတာကို သမီးကိုယ်တိုင် သက်သေ ပြပေးရတာပေါ့၊ ဘယ်သူကများ မိသားစု အမွေကို ဆက်ခံဖို့ ပိုပြီး သင့်တော်တယ် ဆိုတာကိုရောပေါ့
ချူရီမန် မျက်ဝန်းအစုံက ပြတ်သားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့ပြီး ရက်စက်ကြမ်းကြုတ်တော့မယ့် အရိပ်အယောင်တို့ သူမမျက်ဝန်းထဲ လက်သွားခဲ့တယ်။
“သွားတော့” ချူရှို့ချန်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ချူရီမန်ကို ထွက်သွားလိုက်ဖို့ အချက်ပြလိုက်တယ်။
သူမ စာကြည့်ခန်းထဲက ထွက်သွားလိုက်တာနဲ့ သူမအဖေနဲ့ သူမမောင်လေးတို့နှစ်ယောက် အမွေခံတိုက်ပွဲနဲ့ ပက်သက်ပြီး ဆက်ပြီး ဆွေးနွေးနေခဲ့ကြတယ်။ အသံတွေကို ကြားနေရပေမယ့် ချူရီမန် နည်းနည်းလေးတောင် ဆက်ပြီး နားမထောင်ချင်တော့ပါဘူး။
ထိုညမှာပဲ၊ မိုးသောက်ယံ တည်းခိုဆောင်ရဲ့ အနောက်ဘက် ခြံဝန်း၊ ဝါးထုံးဂိုဏ်းရဲ့ ဌာနချုပ်…
ရန်ကိုင်က သူ့ရှေ့က ငွေအပုံလိုက်ကြီးကို သုန်မှုန်စွာနဲ့ စိုက်ကြည့်နေခဲ့တယ်။
သူ့နောက်မှာတော့ လူနှစ်ယောက် ရပ်နေခဲ့တယ်။ ထိုနှစ်ယောက်စလုံးက ရောက်ကတည်းက ထိုနေရာမှာပဲ အသံတစ်ချက်တောင် မထွက်ပဲ ရပ်နေခဲ့တာပါ။ ဒါပေမယ့် သူတို့ မျက်နှာတွေက စက္ကူတစ်ရွက်လို ဖြူလျော်နေခဲ့ပြီး သွေးကြောကြီးတွေ ဆိုရင်လည်း ထောင်ထွက်နေခဲ့ပါတယ်။ အလွန်အမင်း ပြင်းထန်လှသည့် နာကျင်မှုကို တောင်းခံနေရသည့် အတွက် သူ့မျက်နှာတစ်ခုလုံး ချွေးစေးတို့ဖြင့် စိုရွှဲနေခဲ့တယ်။ သူတို့ အဝတ်အစားတွေ ဆိုရင်လည်း ဒဏ်ရာကနေ စိမ့်ထွက်နေတဲ့ သွေးတွေကြောင့် သွေးနီရောင် စွန်းထင်းနေခဲ့ပါတယ်။
သူတို့ရဲ့ ခြေရင်း၌ သွေးကွက်လေးတွေ ရှိနေခဲ့ပါတယ်။
ဝါးထုံးဂိုဏ်းခေါင်းဆောင် ပန်ချီနဲ့ လက်ထောက်ခေါင်းဆောင် မူနန်းတုံ့က ဘေးချင်းယှဉ် ရပ်နေရင်း ထိုသေခါနီးဆဲဆဲ လူနှစ်ယောက်ကို အသေအချာ စူးစမ်းလို့ နေခဲ့တယ်။ ထိုလူနှစ်ယောက်ကို ရန်ကိုင် ဘာလို့ ခေါ်လာခဲ့မှန်း သူတို့ နားမလည်နိုင်အောင် ဖြစ်နေခဲ့တယ်။
“လွန်ခဲ့တဲ့ ရက်တွေအတွင်း ကျုပ်တို့ အင်အားစု နှစ်ခုပေါင်းရဲ့ ခွန်အားနဲ့ အင်အားစု သေးသေးလေး နှစ်ခုကို ဝါးမြိုပြီး သွားခဲ့ပါပြီ။ ကျုပ်တို့ ဝါးထုံးဂိုဏ်းရဲ့ အင်အား တော်တော်လေး တိုးတက်လာခဲ့သလို ငွေနဲ့ ပစ္စည်းအမြောက် အများကိုလည်း စုဆောင်းရမိခဲ့ပါတယ်။ သခင်လေးကိုင် ဒီထဲမှာ ကျုပ်တို့ ရရှိလာခဲ့တဲ့ အားလုံးကို သေချာမှတ်သား ထာပါတယ်” ပန်ချီက စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီး ရန်ကိုင်ရှေ့၌ လေးလေးစားစားနဲ့ ချထားပေးလိုက်တယ်။
“မလိုဘူး” ရန်ကိုင်က ခေါင်းခါလိုက်ပြီး “ငွေဒင်္ဂါးတွေ အားလုံးကို ပစ္စည်းအမယ်တွေနဲ့ လဲလှယ်ပစ်လိုက်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ပစ္စည်းအရေးသွေက ပိုမြင့်ရလိမ့်မယ်။ အားလုံးက ကောင်းကင်နဲ့ အထက်ချည်းပဲ ဖြစ်နေရမယ်။ ပစ္စည်းအဆင့်မြင့်လေ ပိုကောင်းလေပဲ။ ပြီးတော့ တောင်ပိုင်းမြို့ခရိုင်မှာ ရှိတဲ့ အင်အားစု ဘယ်လောက် များများကို မင်းတို့ ထပ်ပြီး ဝါးမြိုနိုင်မလဲ”
“ညီအစ်ကိုမူ ပြောတာ အရဆိုရင်တော့၊ ငါးခုလောက်တော့ ရှိလိမ့်ဦးမယ်” ပန်ချီက ပြန်ပြောလိုက်တယ်။
“ကောင်းတယ်၊ မင်းတို့ နှစ်ယောက်စလုံး သူတို့ တစ်ယောက်စီကို ခေါ်ပြီး အဲ့အင်အားစုတွေကို ခပ်မြန်မြန် သိမ်းသွင်းဖို့ ကြိုးစားလိုက်” ရန်ကိုင်က သူ့နောက်မှာ ရှိနေတဲ့ လူနှစ်ယောက်ကို လက်ညိုးထိုးပြီး ညွှန်ပြလိုက်တယ်။
“သူတို့ကို ခေါ်… ခေါ်သွားရမှာလား” ပန်ချီနဲ့ မူနန်းတုံ့တို့ နှစ်ယောက် စလုံး ရန်ကိုင် နောက်မှာရှိနေတဲ့ လူနှစ်ယောက်ကို ကြည့်ရင်း ကြက်သေသေနေခဲ့ကြတယ်။
ထိုလူနှစ်ယောက်က ဘာလုပ်နိုင်မှာလဲ။ ဒါပေမယ့် သူတို့ ပါးစပ်ကလည်း ထုတ်မပြောရဲကြပါဘူး။ ထို့ကြောင့် ထိုနှစ်ယောက်ကို ခေါ်ပြီး အင်အားစုလေးတွေကို သွားသိမ်းသွင်းဖို့ ကြိုးစားလို့ ရန်ကိုင်က ပြောလာတော့ သူတို့ နှစ်ယောက်စလုံး ဦးနှောက်ခြောက်သလို ခံစားလိုက်ကြရတယ်။
Martial Peak
အပိုင်း (၄၁၃) ကောင်းကင်ကို ယဇ်ပူဇော်ကြီး ဘိုးဘေးကို ကန်တော့ကြမယ်
သွေးထုံးဂိုဏ်း အဓိကခန်းမထဲ၌ ပန်ချီနဲ့ မူနန်းတုံ့က ရန်ကိုင်နောက်မှာ ရှိနေတဲ့ လူနှစ်ယောက်ကို တုန့်ဆိုင်းနေတဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်။
“ခင်ဗျားတို့မှာ ပြဿနာရှိလို့လား” သေခါနီးဆဲဆဲ လူနှစ်ယောက်ထဲက တစ်ယောက်က နှာခေါင်းရှုံ့လိုက်ပြီး ထိုနှစ်ယောက်စလုံးကို သူ့ရဲ့ ကြောက်မက်ဖွယ် ကောင်းကင် စိတ်အာရုံနဲ့ လွှမ်းခြုံလိုက်တယ်။
ထိုကောင်းကင် စိတ်အာရုံရဲ့ စွမ်းအားကို ခံစားမိလိုက်တာနဲ့ ပန်ချီနဲ့ မူနန်းတုံ့တို့ရဲ့ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့တယ်။ ဆင်ပိန်ကျွဲလောက် ရှိတယ် ဆိုတာ ထိုနှစ်ယောက်ကို ပြောမှန်း ပန်ချီနဲ့ မူနန်းတုံ့တို့ ချက်ချင်း နားလည်သွားခဲ့တယ်။
ထိုကြောက်မက်ဖွယ် ကောင်းကင် စိတ်အာရုံနဲ့တင် တောင်ပိုင်းမြို့ခရိုင်မှာ ရှိတဲ့ အင်အားစုသေးသေးလေး အားလုံးကို ရှင်းထုတ်ပစ်ဖို့ လုံလောက်နေပါပြီ။
သူတို့ အမူအရာကို ခပ်မြန်မြန် ပြန်ထိန်းလိုက်ပြီး ဂိုဏ်းခေါင်းဆောင် နှစ်ယောက်က အလျင်စလို ခေါင်းခါလိုက်ရင်း “နောက်လိုက်ငယ်သားတို့ မရဲပါဘူး”
“သွားတော့” ရန်ကိုင်က သူ့လက်ကို သာမန်ကာလျှံကာဟန်နဲ့ ဝှေ့ရမ်းလိုက်ပြီး ပြောလိုက်တယ်။
ရန်ကိုင် နောက်မှာ ရပ်နေတဲ့ လူနှစ်ယောက် လှုပ်ရှားလိုက်တာကို မမြင်ရသေးခင်မှာပဲ မခုခံနိုင်လောက်အောင် သန်မာတဲ့ အားတစ်ခုက ပန်ချီနဲ့ မူနန်းတုံ့တို့ နှစ်ယောက်ကို ရစ်ပတ်သွားခဲ့ပြီး ခန်းမထဲကနေ ပျောက်ကွယ်သွားခဲ့တယ်။ ခန်းမထဲ ဖျော့တော့တော့ သွေးရနံ့သာ ကျန်ရစ်ခဲ့ပါတော့တယ်။
ကျုကောင်းရီနဲ့ ရင်းဂျုတို့ ပျောက်ကွယ်သွားတာနဲ့ ရန်ကိုင် သွားပေါ်တဲ့အထိ ပြုံးလိုက်တယ်။
ထိုနှစ်ယောက် သူ့နောက်လိုက်လာတာ ငါးရက် ရှိသွားခဲ့ပါပြီ။
သွေးစစ်သည်တော် နှစ်ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ အတွက် အိပ်ရာထဲမှာ လဲနေပြီး သူတို့ ဒဏ်ရာတွေကို ပြန်ကုသနေသင့်တာပါ။ ဒါပေမယ့် ရန်ကိုင်က ထိုနှစ်ယောက်ကို မြန်မြန်သေစေချင် နေသည့်အလား သူသွားရာနေရာတိုင်း တောက်လျှောက် ခေါ်သွားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ငါးရက်အတွင်း ထိုနှစ်ယောက်ကို ရန်ကိုင် စကား အများကြီး မပြောခဲ့သလို ဘာညွှန်ကြားချက်မှလည်း မပေးခဲ့ပါဘူး။
ဒါပေမယ့် ရန်ကိုင်ကို ပျော်သွားစေတဲ့ အချက်က နှစ်ယောက်စလုံး နည်းနည်းလေးတောင် မညည်းညူသလို မလုပ်ချင်တဲ့ အရိပ်အယောင်လည်း နည်းနည်းလေးမှ မပြပါဘူး။
အခုအချိန်၌ နှစ်ယောက်စလုံးက သူတို့ ခွန်အားအပြည့်ရဲ့ သုံးဆယ်ရာခိုင်နှုန်းကိုသာ ထုတ်သုံးနိုင်ပါတော့တယ်။ ဒါပေမယ့် ထိုသုံးဆယ်ရာခိုင်နှုန်းသော ခွန်အားက ဗဟိုမြိုတော် တောင်ပိုင်းမြို့ခရိုင်မှာ ရှိတဲ့ အင်အားစုလေးတွေကို ရှင်းထုတ်ပစ်ဖို့ လုံလောက်တာထက် ပိုနေပါပြီ။
အချိန်သာရှိရင် ရန်ကိုင်က ပန်ချီနဲ့ မူနန်းတုံ့ကို ထိုအင်အားစုလေးတွေအား ဖြည်းဖြည်းချင်း ရှင်းထုတ်ခိုင်းလိုက်မှာပါ။ ဒါပေမယ့် အမွေခံတိုက်ပွဲက စတော့မှာ ဖြစ်တဲ့အတွက် သူ့မှာ အချိန်အများကြီး မရှိတော့ပါဘူး။
ရွေးချယ်စရာ မရှိတော့တဲ့အတွက် သွေးစစ်သည်တော် နှစ်ယောက်ရဲ့ အကူအညီကို သုံးပြီး ထိုအင်အားစုတွေကို ရှင်းထုတ်ပစ်ဖို့ပဲ ရှိပါတော့တယ်။
ထိုင်ရာကနေ ထလိုက်ပြီး အဓိကခန်းမထဲကနေ ထွက်သွားလိုက်တယ်။ ထို့နောက် ဝါးထုံးဂိုဏ်းရဲ့ စီမံခန့်ခွဲရေးရာ အဖွဲ့သား တစ်ယောက်ကို လက်ယပ်ခေါ်လိုက်ပြီး “ငါတို့ မင်းတို့ရဲ့ သိုလှောင်ရုံဆီ ခေါ်သွားပေး”
“ဟုတ်ကဲ့ပါ”
ဝါးထုံးက အင်အားစု နှစ်ခုကို ဝါမြိုခဲ့ပြီးနောက် ရရှိလာတဲ့ ပစ္စည်းတွေနဲ့ ရန်ကိုင် ဝယ်ခိုင်းထားတဲ့ ဆေးအမယ်တွေနဲ့ လက်နက်သန့်စင်တဲ့ ကုန်ကြမ်းပစ္စည်းတွေ အကုန်လုံးကို သိုလှောင်ရုံထဲမှာ သိမ်းဆည်းထားပါတယ်။
ရန်ကိုင် အထဲဝင်သွားပြီး ခဏအကြာမှာပဲ ပြန်ထွက်လာခဲ့တယ်။ အခုဆို သူ့အနက်ရောင် စာအုပ်ထဲ၌ ပစ္စည်းကောင်းများစွာ ရှိနေခဲ့ပါပြီ။
လွန်ခဲ့တဲ့ ငါးရက်တုန်းက အကြီးအကဲကျန်း ပို့လိုက်တဲ့ ပစ္စည်းတွေနဲ့ပါ ထည့်ပေါင်းလိုက်မယ် ဆိုရင်တော့ ရန်ကိုင်မှာ ရှိနေတဲ့ ပစ္စည်းတွေက တော်တော်လေး လုံလောက်သွားပါပြီ။
သူတောင်းဆိုထားတဲ့ ပစ္စည်းတွေကို အချိန်တစ်ရက် အတွင်းမှာပဲ အကြီးအကဲခန်းမက သူ့ဆီ ပို့ပေးခဲ့ပါတယ်။
အကြီးအကဲခန်းမက ပို့လိုက်တဲ့ ပစ္စည်းပုံနှစ်ပုံကို တွေ့လိုက်တုန်းက ရန်ကိုင်နဲ့ ရန်ရင်ဖုန်းတို့ နှစ်ယောက်စလုံး ထိတ်လန့်အံ့အားသင့်သွား ခဲ့ကြတယ်။
ပစ္စည်းတွေ အားလုံးက ကောင်းကင်အဆင့်တွေ ချည်းပါပဲ။ ထိုပစ္စည်းတွေရဲ့ ဆယ်ပုံတစ်ပုံက ဆန်းကြယ်အဆင့် ဖြစ်ပြီး ပစ္စည်းအားလုံးရဲ့ တစ်ဝက်က ဆေးအမယ်တွေ ဖြစ်ကာ ကျန်တစ်ဝက်က လက်နက်သန့်စင်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေပဲ ဖြစ်ပါတယ်။
ရန်မိသားစုရဲ့ အုတ်မြစ်က တောင့်တင်းခိုင်မာနေလို့သာ တော်ပါတယ်။ မဟုတ်ရင် ဒီလောက်များတဲ့ ပစ္စည်းတွေကို အချိန်တိုအတွင်း ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။
သွေးစစ်သည်တော် နှစ်ယောက်ရဖို့ အကျိုးဆောင် အမှတ်တွေ အသုံးပြုပြီးတာတောင် ရန်ကိုင်မှာ ဒီလောက်များတဲ့ အကျိုးဆောင် အမှတ်တွေ ရှိနေဦးမယ်လို့ ရန်ရင်ဖုန်း မထင်ထားခဲ့ပါဘူး။
ရန်ကိုင်လည်း ဒီလောက်အများကြီး ရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
အချိန်တစ်ခဏ ကြာသွားတော့မှပဲ အဖေနဲ့သား နှစ်ယောက်စလုံး အသိပြန်ဝင်လာခဲ့တယ်။ အခု ပစ္စည်းအားလုံး အနက်ရောင် စားအုပ်ထဲ ဆွဲသိမ်းခံလိုက်ရပါပြီ။
“ပန်ချီကို ပစ္စည်းတွေ ဆက်စုဆောင်းနေဖို့ အမိန့်ပေးလိုက်။ ကျုပ်စုဆောင်းခိုင်းတဲ့ ပစ္စည်းတွေ လုံလောက်ပြီဆိုရင် စစ်ပွဲမြို့တော်ဆီ ပို့ပေးဖို့ ပြောလိုက်တယ် “ရန်ကိုင်က လက်တန်း ပြောသွားလိုက်ပြီး လမ်းလျှောက်ထွက်သွားလိုက်တယ်။
စစ်ပွဲမြို့တော်…. အမွေခံတိုက်ပွဲ ကျင်းပဖို့အတွက် ရန်မိသားစုက အထူးသီးသန့် တည်ဆောက်ထားတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဗဟိုမြို့တော်ကနေ ကီလိုမီတာ ရာဂဏန်းလောက်သာ ဝေးကွာပါတယ်။
“ဟုတ်ကဲ့ပါ” ဝါးထုံဂိုဏ်းရဲ့ စီမံခန့်ခွဲရေးရာက အားမာန်အပြည့်နဲ့ ပြန်ပြောလိုက်တယ်။
ရန်ကိုင် ထွက်သွားပြီးနောက် ထိုလူ နည်းနည်း စိတ်ရှုပ်နေခဲ့တယ်။ သခင်လေးက သိုလှောင်ရုံကို ဘာလို့ ကြည့်ချင်ရတာလဲ။ သူ့ပုံစံက သိုလှောင်ရုံထဲက ဘာပစ္စည်းမှ မယူပဲ အထဲကို တစ်ချက်လောက်ပဲ ဝင်ကြည့်သွားတာနဲ့တောင် တူနေပါသေးတယ်။
သိချင်တာနဲ့ ချက်ချင်းပဲ သိုလှောင်ရုံပဲ ဝင်ကြည့်လိုက်တယ်။ ဒါပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လိပ်ပြာလွင့်မတတ် ဖြစ်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ချွေးအေးတို့ဖြင့် စိုရွှဲလာခဲ့တယ်။
သိုလှောင်ရုံထဲမှာ စုဆောင်းထာတဲ့ ပစ္စည်းတွေ အကုန်လုံး ဘာဆိုဘာမျှ မရှိတော့ပါဘူး။ သူတို့ စုဆောင်းထားခဲ့တဲ့ ပစ္စည်းတွေ အကုန်လုံးက ဒီမှာ ဘယ်တုန်းကမှ မရှိခဲ့သည့်အလား ပျောက်ကွယ်သွားခဲ့တာပါ။
ဒါ… ဘယ်လို… ဘာ… ဒါပေမယ့်…
သုံးရက်ကြာပြီးနောက် ရန်မိသားစုက ကောင်းကင်နဲ့ ဘိုဘေးတွေကို ကန်တော့ပွဲ အခမ်းအနား ကျင်းပခဲ့တယ်။
အရောင်ရွှန်းစိုသည့် အနီရောင် ကော်ဇောဖြင့် ဖုံးလွှမ်းထားသည့် ချောမွတ်နေသည့် အောက်ခင်းကြမ်းပြင်တို့ဖြင့် တည်ဆောက်ထားသည့် ခမ်းနားကြီးကျယ်မြင့်မြတ်တဲ့ စင်ကြီးတစ်ခု။ ထိုစင်မြင့်ထက်၌ မိုးထိလုမတတ် မြင့်မားလှသည့် ကျောက်တိုင်ကြီး နှစ်တိုင် ရှိနေခဲ့တယ်။ ကျောက်တိုင်ထက်မှာတော့ အသက်ဝင်လှသည့် အမျိုးမျိုးသော နဂါးနဲ့ ဖီးနစ်ကနုတ်တို့ကို ရေးထွင်းထားခဲ့တယ်။
ကီလိုမီတာ၁၀၀၀၀ပတ်လည် ကောင်းကင်တစ်ခွင် မိုးတိမ်ကင်းစင် နေခဲ့တယ်။ လေပြင်းတွေက အဆက်မပြတ် တိုက်ခတ်နေလို့ ရန်မိသာစုရဲ့ သွေးနီရောင် အောင်လံတံခွန်က တဖျတ်ဖျတ် လှုပ်ခါနေခဲ့တယ်။
အနက်ရောင်ပုံစံတူ ဝတ်စုံကို ဝတ်ဆင်ထားကြသည့် အယောက်၁၀၀၀ ပြည့်လုမတတ် ရန်မိသားစုဝင်တွေက ဧရာမ ယဇ်စင်ကြီးနား စုဝေးနေခဲ့တယ်။
ထိုကျင့်ကြံသူတွေ အားလုံးက တစ်ညီတည်း၊ တစ်ပြိုင်တည်း စည်းချက်ညီညီ အသက်ရှုနေခဲ့သည်ကို ကြည့်ရင်း ကောင်းကင်နဲ့ မြေပြင်ကပါ သူတို့နဲ့အတူ လိုက်လံအသက်ရှုရှိုက် နေတယ်လို့ ထင်မှတ်ရပါတယ်။
ယဇ်စင်အောက်ခြေမှာတော့ ကျော့မော့သပ်ရပ်တဲ့ ဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ ရှစ်ယောက်သော ရန်မိသားစု သခင်လေးက ယဇ်စင်ဆီမှ ကြီးစဉ်ငယ်လိုက် စီတန်း ရပ်နေခဲ့ကြတယ်။
ရုတ်တရက် သူတို့နောက် တစ်နေရာရာမှ အသံတစ်သံ ထွက်ပေါ်လာခဲ့တယ် “ချူမိသားစုခေါင်းဆောင်၊ ချူရှို့ချန်”
“ရီမိသားစုခေါင်းဆောင်၊ ရီကွမ်းရန်”
“မန်မိသားစုခေါင်းဆောင်၊ မန်ရှိပင်”
…….
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ တုန်းကလိုပဲ ရန်မိသားစုရဲ့ အမွေခံတိုက်ပွဲက ဗဟိုမြို့တော်ရဲ့ အစည်ကားဆုံးနဲ့ အသက်အဝင်ဆုံး ပွဲတော်တစ်ခု ဖြစ်နေတုန်းပါပဲ။ ကျန်တဲ့ မိသားစုကြီး ခုနှစ်ခုကလည်း အမွေခံတိုက်ပွဲ စတင်မယ့် အခမ်းအနားကို လက်လွှတ်မခံကြပဲ မိသားစုခေါင်းဆောင်တွေ ကိုယ်တိုင် တက်ရောက်လာခဲ့ကြပါတယ်။
ရန်မိသားစုရဲ့ တပည့်တွေက ထိုဂုဏ်သရေရှိ ဧည်သည့်တွေကို သူတို့အတွက် ချမှတ်ပေးထားတဲ့ ထိုင်ခုံနေရာတွေဆီ ခေါ်ဆောင် သွားလိုက်ကြပြီး အခမ်းအနား စတင်မှာကို စောင့်ဆိုင်းရင်း ထိုလူတွေကို လက်ဖက်ရည် ငှဲ့ပေးလိုက်ကြတယ်။
နာရီဝက်အတွင်းမှာပဲ မိသားစုကြီး ခုနှစ်ခုက ခေါင်းဆောင်တွေ အကုန်လုံး ရောက်ရှိလာခဲ့ပါပြီ။
မိုးပြာရောင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ရန်မိသားစု ခေါင်းဆောင် ရန်ရင်ဟောင်က အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ရောက်နေတဲ့ အကြီးအကဲချုပ် အချို့နဲ့အတူ အခမ်းအနား ကျင်းပမည့် စင်မြင့်ထက် ထွက်ပေါ် လာခဲ့တယ်။
အိမ်ရှင်ပေါ်လာပြီ ဖြစ်တဲ့အတွက် ချူရှို့ချန်နဲ့ ကျန်တဲ့လူတွေ အကုန်လုံး ထိုင်ရာကနေ ထလိုက်ကြပြီး လက်သီးဆုပ်လိုက်ကြတယ်။
ရန်ရင်ဟောင်းက အခမ်းအနားဆီ ပြန်သွားလိုက်ပြီး ယဉ်ယဉ်ကျေးကျေးနဲ့ အော်ဟစ်လိုက်တယ် “ဒီနေ့က ကျုပ်တို့ ရန်မိသားစုက ကောင်းကင်ကို ယဇ်ပူဇော်ပြီး ဘိုးဘေးတွေကို ကန်တော့ကြမှာပါ။ အခုလိုမျိုး ကြွရောက်လာပေးတဲ့ ဂုဏ်သရေရှိ ဧည့်သည့်အပေါင်းကို ကျေးဇူးတင်ပါတယ်၊ အားလုံး ထိုင်လို့ ရပါပြီ”
ချူရှို့ချန်၊ ရီကွမ်းရန်၊ မန်ရှိပင်တို့ အသာအယာလေး ခေါင်းညိတ်လိုက်ကြပြီး ပြန်ထိုင်လိုက်ကြတယ်။
ရန်ကိုင် အကြည့်က ရန်ရင်ဟောင် အပေါ်မှာသာ ရောက်ရှိနေခဲ့တယ်။ မျိုးဆက်အရ ပြောမယ်ဆိုရင် ထိုလူက သူ့ဦးလေး တော်ပါတယ်။ သူ့ရဲ့ တကယ့်အသက်က လေးယောက်မြောက် သခင်ကြီး ဖြစ်တဲ့ သူ့အဖေထက် နှစ်နည်းနည်းလောက်ပဲ ပိုကြီးပါတယ်။
ဒါပေမယ့် အခုတော့ ရန်ရင်ဟောင်ရဲ့ ဆံပင်တွေ အကုန်လုံး မီးခိုးရောင် သန်းနေခဲ့ပါပြီ။ သူမျက်နှာထက်မှာဆိုရင်လည်း အရေးအကြောင်းတွေတောင် ထွက်ပေါ်လာခဲ့ပါပြီ။
တိမ်မိစ္ဆာနယ်မြေနဲ့ တိုက်ပွဲမတိုင်ခင်တုန်းက သူအခုလို မဟုတ်ပါဘူး။ ထိုအချိန်တုန်းက သူ့က အရမ်းလည်းမငယ်၊ အရမ်းလည်း မကြီးတဲ့ သက်လတ်ပိုင်း လူကြီးတစ်ယောက်သာ ရှိပါသေးတယ်။
သူအခုလို အလျင်အမြန် အသက်ကြီးလာရတဲ့ အကြောင်းအရင်းက တိမ်မိစ္ဆာနယ်မြေနဲ့ တိုက်ပွဲတုန်းက ယင်တစ္ဆေဘုရင်နဲ့ သုတ်သင်ခြင်းအဆိပ်ဘုရင်တို့ လက်၌ သူရခဲ့တဲ့ ဒဏ်ရာကြောင့်ပါ။ မိသားစုဆီ ပြန်ရောက်လာပြီးနောက် ရန်မိသားစုရဲ့ သေခြင်း၊ ရှင်ခြင်း နည်းစနစ်ကို သုံးကာ သူ့ဒဏ်ရာတွေကို တည်ငြိမ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ အများဆုံးမှ နောက်ထပ် အသက်၃၀ပဲ သူနေနိုင်ပါတော့မယ်။
ရန်မိသားစု ခေါင်းဆောင် နေရာက အရမ်းကို အရေးပါပါတယ်။ ထို့ကြောင့် သူ့ကျင့်ကြံခြင်းအဆင့် လူတစ်ယောက်က အသက်နှစ်၃၀က အရမ်းကြီး မကြာညောင်းဘူး ဆိုရင်တောင် ရန်ရင်ဟောင်ကတော့ တုန့်ဆိုင်းမနေခဲ့ပဲ သေခြင်း၊ရှင်ခြင်း နည်းစနစ်ကို အသုံးပြုခဲ့ပါတယ်။
သူရဲ့ လက်ရှိအခြေအနေက ဒဏ်ရာကြောင့် မဟုတ်ပါဘူး။ အဲ့အစား သူ့အသက်စွမ်းအင် ဆုံးရှုံးလိုက်ရတာကြောင့်ပါ။
ထို့ကြောင့် ရန်ရင်ဟောင် အရမ်း အသက်ကြီးလားခဲ့တာပါ။
သူဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်မယ်မှန်း မသိတဲ့အတွက် ရန်မိသားစုက အမွေခံတိုက်ပွဲ ကျင်းပဖို့အတွက် သူတို့ရဲ့ သခင်လေးတွေကို အပူတပြင်းနဲ့ ပြန်ဆင့်ခေါ်ခဲ့တာပါ။
ရန်ကျောင်းနဲ့ ရန်ခန်းတို့ နှစ်ယောက်စလုံး အိုမင်းရင်ရော်လာတဲ့ သူတို့ရဲ့ အဖေကို ကြည့်ရင်း သူတို့ စိတ်ထဲ ဝမ်းနည်းသွားခဲ့ရတယ်။
ရန်ရင်ဟောင်ကတော့ ပေါ့ပါးတဲ့ အမူအရာနဲ့ အမွေခံတိုက်ပွဲရဲ့ စည်းမျဉ်းတွေကို ရှင်းပြနေခဲ့တယ်။
အခြေခံအားဖြင့် စည်းမျဉ်းမရှိပါဘူး။ ရန်မိသားစုက သွေးစစ်သည်တော်တွေကိုသာ သခင်လေးတွေဆီ ထောက်ပံ့ပေးထားတာပါ။ ဒါပေမယ့် သွေးစစ်သည်တော်ရဲ့ လုပ်ပိုင်ခွင့်ကလည်း အများကြီး ကန့်သတ်ခံထားရပါတယ်။ ပြီးတော့ ရန်မိသားစုက ဘယ်သခင်လေးကိုမှ အကူအညီပေးမှာ မဟုတ်ပါဘူး။
ဘယ်လိုနည်းလမ်း၊ လှည့်ကွက်တွေကိုပဲ သုံးသုံး၊ ဘယ်လိုအင်အားစုကိုပဲ သုံးသုံး၊ နောက်ဆုံး တစ်ယောက်တည်း ကျန်ရှိတဲ့လူကပဲ အမွေခံတိုက်ပွဲရဲ့ အောင်နိုင်သူ ဖြစ်လာမှာပါ။
“မင်းတို့ နားလည်ကြဘား” ရန်ရင်ဟောင်က အောက်မှာ စီတန်းရပ်နေတဲ့ လူငယ်ရှစ်ယောက်ကို ကြည့်ပြီး မေးလိုက်တယ်။ တစ်ယောက်ချင်းစီက အသေအချာ ခေါင်းညိတ်လိုက်ကြတယ်။
“ကောင်းပြီ။ အခု ကောင်းကင်ကို ကန်တော့မယ်၊ ပြီးရင် ဘိုးဘေးတွေကို ကန်တော့မယ်” ရန်ရင်ဟောင်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး အကျယ်ကြီး အော်ဟစ်လိုက်တယ်။
လိုအပ်တဲ့ ပစ္စည်းမှန်သမျှိကို အခမ်းအနား စင်မြင့်ထက် ပြင်ဆင်ထားပြီး သွားပါပြီ။ မွှေးရနံ့အိုးကနေ သင်းပျံ့တဲ ရနံ့တစ်ခုကို ထုတ်လွှတ်နေပြီး ရှားပါးတဲ့ အဆင့်၆သားရဲ တစ်ကောင်ကို စင်မြင့်ထက် သယ်လာခဲ့ကြတယ်။ ရန်ရင်ဟောင်က ထိုသားရဲကို သတ်ပြီး သွေးတွေကို စင်မြင့်တစ်ခုလုံး စွန်းထင်းသွားစေခဲ့တယ်။
ကောင်းကို သွေးစတေးပြီး ဘိုးဘေးတွေကို ကန်တော့ကြမယ်။
အခမ်းအနားက အရမ်းကို ရှုပ်ထွေးပါတယ်။ ဒါပေမယ့် ရန်မိသားစု လူငယ်မျိုးဆက်တွေ အကုန်လုံး ရန်ရင်ဟောင်ရဲ့ ညွှန်ကြားပြသမှု အောက်မှာပဲ သူတို့ရဲ့ တာဝန်အသီးသီးကို ကျေပွန်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။
အခမ်းအနား ကျင်းပစဉ် တစ်လျှောက်လုံး မိသားစုကြီး ခုနှစ်ခုက လက်ရွေးစင်တွေက ရန်မိသားစု သခင်လေးတွေကို ဘေးကနေ သေသေချာချာနဲ့ စောင့်ကြည့် အကဲဖြတ်နေခဲ့ကြတယ်။
နောက်ဆုံးအကြိမ် ဘိုးဘေးတွေကို ကန်တော့ပြီးနောက်မှာတော့ အခမ်းအနား ပြီးဆုံးသွားခဲ့ပါတယ်။
“သွာတော့၊ ဒီကနေစပြီး မင်းတို့မှာ နဂါးဂိတ်ကို ကျော်ဖြတ်နိုင်မယ့် အခွင့်အရေး ရှိမရှိကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြရတော့မှာ။ သူသေသေ၊ ကိုယ်သေသ၊ အောင်မြင်မှုကို ဆုပ်ကိုင်နိုင်ဖို့ မင်းတို့ အစွမ်းအစရှိသမျှ ထုတ်သုံးကြ” ရန်ရင်ဟောင်က အော်ဟစ်လိုက်တယ် “သွားကြတော့”
သူ့အမိန့်ပေးသံနှင့်အတူ လေချွန်သံတစ်ချက် မြည်သွားခဲ့ပြီး တိမ်သွားမြင်းရှစ်ကောင် သခင်လေး ရှစ်ယောက်ဆီ ရောက်ရှိလာခဲ့တယ်။ သခင်လေး ရှစ်ယောက်စလုံး တိမ်သွားမြင်းအပေါ် အလျင်အမြန် တက်စီးလိုက်ကြတယ်။
လေငြိမ်သွားခဲ့ပြီး အခမ်းအနား စင်မြင့်ပတ်လည်က လေထုတစ်ခုလုံး ရုတ်ချည်း တည်ငြိမ်သွားခဲ့တယ်။ လူပေါင်းတစ်ထောင်ကျော်စလုံးရဲ့ အသက်ရှုသံတွေ ရုတ်ချည်း ရပ်တန့်သွားခဲ့တယ်။
လူငယ်ရှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရင်း ယုံကြည်ချက် အပြည့်နဲ့ ပြုံးပြလိုက်တယ်။
ဒီနေရာမှာ သူတို့တွေက ညီအစ်ကိုတွေပါ။ ဒါပေမယ့် ဗဟိုမြိုတော် အပြင်ဘက် ရောက်သွားတာနဲ့ သူတို့တွေက ရန်သူတွေ ဖြစ်သွားပါပြီ။ ဘယ်သူကမှ ညီအစ်ကို ဖြစ်လိုဆိုပြီး ဂရုဏာတရာ ထားနေမှာ မဟုတ်ပါဘူး။
ပြီးတော့ ဒါကြောင့်ပဲ…
“အကြီးဆုံးအစ်ကိုကြီးကပဲ အရင်စထွက် သွားတော့မယ်” ရန်ဝေက ခပ်မြန်မြန် ပြောလိုက်တယ်။ သူ့အသံ ပျောက်ကွယ်သွားတာနဲ့ ရန်ဝေက တော်တော်ဝေးဝေးကို ရောက်ရှိနေခဲ့ပါပြီ။
“သွားကြစို့” ရန်ကျောင်းက ရယ်မောလိုက်တယ်။
တိမ်သွားမြင်း ရှစ်ကောင်စလုံး ရန်မိသားစုရဲ့ အထူးဂိတ်ပေါက်ဆီ ကဆုန်ဆိုင်း ဦးတည်ပြေးလွှားနေခဲ့တယ်။
“ဒီလူအိုကြီးက စိတ်လှုပ်ရှားစရာတွေကို မြင်ရတော့မှာပဲ” ခန်မိသားစု ခေါင်းဆောင် ခန်ရူက သူ့လက်ကို ဝှေ့ရမ်းပြီး နှာခေါင်းရှုံ့လိုက်တယ်။ အစစ်အမှန်ချီက သူနဲ့သူ့ရဲ့ အပေါင်းအပါတွေ အကုန်လုံးကို ရစ်ပတ်သွားခဲ့ပြီး လျှပ်စီးတန်းတစ်ခုလုံး ထိုးထွက်သွားခဲ့တယ်။
“ကောင်းပြီလေ။ ငါတို့ အတူတူ သွားကြတာပေါ့” ကောင်းမိသားစု ခေါင်းဆောင် ကောင်းမိုဂျင်းက သူ့နောက်ကနေ လိုက်သွားခဲ့တယ်။
“ဒီလူအိုကြီးလည်း လာပြီ” ဟော်မိသားစုခေါင်းဆောင် ဟော်ကျန်းကလည်း အော်ပြောရင်း နောက်ကနေ လိုက်သွားခဲ့တယ်။
တစ်ခဏအတွင်းမှာပဲ မိသားစုခုနှစ်ခုက အဖွဲ့ဝင်တွေ ပျောက်ကွယ်လို့ သွားခဲ့ပါပြီ။
“ဟန့်၊ ယဉ်ကျေးမှုဆိုတာကို နည်းနည်းလေးတောင် မသိကြဘူး” လူအိုကြီးတွေ အကုန်လုံးက သူ့ကို နှုတ်ဆက်စကားလေးတောင် လာမပြောခဲ့တဲ့အတွက် ရန်ရင်ဟောင် ဒေါပွနေခဲ့တယ်။
တိမ်သွားမြင်း ရှစ်ကောင်က မြေပြင်ထက် ပြေးလွှားနေခဲ့ပြီး အဖွဲ့ခုနှစ်ဖွဲ့ကတော့ ကောင်းကင်ထက်ကနေ ပျံသန်းနေခဲ့တယ်။ သိပ်မကြာခင်မှာပဲ သူတို့အားလုံး တောင်ပိုင်း မြို့တော်ဂိတ်ပေါက်ဆီ ရောက်ရှိလာခဲ့တယ်။
တောင်ပိုင်း မြို့တော်ဂိတ်ပေါက် အပြင်ဘက်က ရန်မိသားစုရဲ့ ဘိုးဘေးတွေကို ကန်တော့တဲ့ အခမ်းအနားထက်တောင် ပိုပြီး စည်ကားနေပါသေးတယ်။ အပြင်ဘက်၌ မရေမတွက်နိုင်တဲ့ အင်အားစုလေးတွေ ရပ်စောင့်နေခဲ့ကြတယ်။ ဒီနေ့က အမွေခံတိုက်ပွဲ ကျင်းပမယ့် ပထမဆုံး နေ့ဆိုတာကို အားလုံး နားလည်ထားကြပါတယ်။ ထို့ကြောင့် သူတို့အားလုံးက စောရောက်အောင် လာခဲ့ကြပြီး ရန်မိသားစု သခင်လေးတွေကို လာစောင့်နေခဲ့ကြတာပါ။ သခင်လေးတွေရဲ့ ခွင့်ပြုချက် ရမှပဲ သူတို့နဲ့အတူ စစ်ပွဲမြို့တော်ဆီ လိုက်ပါပြီး အမွေခံတိုက်ပွဲမှာ ပါဝင် ဆင်နွှဲလို့ ရမှာကိုး။
တောင်ပိုင်း ဂိတ်ပေါက် အပြင်ဘက် ကီလိုမီတာပေါင်း များစွာက လူစုလူဝေးကြီးနဲ့ ပြည့်နေခဲ့တယ်။ ဟိုးအဝေးကနေ တိတ်တဆိတ် စောင့်ကြည့်နေတဲ့ အင်အားစုများစွာလည်း ရှိနေပါသေးတယ်။
“မင်းတို့ ယန်တောင်ကြားက ဘယ်သခင်လေးနောက် လိုက်ဖို့ စဉ်းစားထားလဲ” ရင်းနှီးတဲ့ လူအချို့က စတင်ပြီး မေးမြန်းကြတယ်။
“ဘယ်သူဖြစ်ရမလဲ, ခြောက်ယောက်မြောက် သခင်လေး ရန်ရှန်းပဲပေါ့”
“အဲ့သခင်လေးနောက် မလိုက်နဲ့၊ မင်းကျိန်းသေ ရှုံးလိမ့်မယ်။ ငါတို့ မိုးပျံတိမ်ခန်းမနဲ့အတူ ဒုတိယမြောက် သခင်လေး ရန်ကျောင်းနောက် လိုက်ခဲ့၊ သခင်လေးရန်ကျောင်းက ခြောက်ယောက်မြောက် သခင်လေးထက် ပိုပြီး အလားအလာ ရှိတယ်ကွ”
“အဲ့ဒါ အမှန်ပဲလား”
“ဟုတ်တာပေါ့၊ ဘယ်လိုလုပ်ပြီး မမှန်ပဲ ရှိရမှာလဲ။ လာခဲ့၊ ငါမင်းကို အဲ့အကြောင်း ပြောပြမယ်။ ငါ့မှာ သတင်းအချက်အလက် တော်တော်စုံတယ်ကွ” လူကြီးနှစ်ယောက်က ပုခုံးပေါ် လက်တင်းရင်း တိတ်တဆိတ်နဲ့ ဆွေးနွေးဖို့ ထွက်သွားလိုက်ကြတယ်။
တတိယအဆင့် အင်အားစုလေးတွေ ဖြစ်တဲ့ ယန်တောင်ကြားနဲ့ မိုးပျံတိမ်ခန်းမလို အင်အားစုလေးတွေက ရန်မိသားစုနဲ့ တိုက်ခိုက်ဆက်ဆံဖို့ အခွင့်အရေး မရှိကြပါဘူး။ ထို့ကြောင့် အမွေခံတိုက်ပွဲ မစခင်အချိန်မှာ အားလုံက ဒီကိုလာပြီး ကြိုစောင့်နေကြတာပါ။ ဘယ်သခင်လေးတွေက အားကောင်းပြီး ဘယ်သခင်လေးတွေက အားနည်းလဲ ဆိုတာကိုလည်း သူတို့ မသိထားကြပါဘူး။ ထို့ကြောင့် အများစုက သူတို့ကိုယ်တိုင် လေ့လာချင်သလို၊ သတင်းအချက်အလက် ပိုစုံလင်တဲ့ သတို့မိတ်ဆွေတွေ ပြောတာကို နားထောင်ချင်ကြပါတယ်။ နောက်ဆုံး သေသေချာချာ စဉ်းစားချင့်တွက် ပြီးတော့မှပဲ ဘယ်သခင်လေး နောက်မယ် ဆိုတာကို သူတို့ ဆုံးဖြတ်ကြတာပါ။
Martial Peak
အပိုင်း (၄၁၄) ဘယ်သူမှ မေးဖို့ အားယားမနေဘူး
တောင်ဘက် ဂိတ်ပေါက်သို့ လူအုပ်ကြီး ခုနှစ်ခု ရုတ်တရက် ရောက်ရှိလာခဲ့တယ်။ မမြင်နိုင်တဲ့ အားတစ်ခုက ကျင့်ကြံသူတွေ အားလုံးကို အနောက်ဘက်သို့ တွန်းဖယ်ထုတ်လိုက်တယ်။
လူအားလုံး သေချာ မတ်မတ် ပြန်ရပ်နိုင်တာနဲ့ အရှေ့ကို လှမ်းကြည့်လိုက်တယ်။ အခုလို တွန်းထုတ်ခံလိုက်ရလို့ သူတို့အားလုံး စိတ်မဆိုးသွားရုံ မကလို့ အားလုံးမျက်နှာထက် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်တို့ကိုပါ မြင်တွေ့ နေရပါသေးတယ်။
မိသားစုကြီး ခုနှစ်ခုလုံးစရဲ့ ခေါင်းဆောင်တွေ အားလုံး တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့လေပြီ။
ထိုခေါင်းဆောင်တွေကြီးတွေကို သာမန်အချိန်တွေမှာဆို မြင်ရခဲ့ပါတယ်။ အခုလို အားလုံးကို တစ်စုတစ်စည်းတည်း တွေ့မြင်လိုက်ရတော့ ဗဟိုမြို့တော်ဆီ လာရတာ ထိုက်တန်တာပဲလို့ အားလုံး တွေးမိလိုက်ကြတယ်။
ထိုလူခုနှစ်ယောက်ကို ကြည့်နေတဲ့ ကျင့်ကြံသူတွေရဲ့ မျက်နှာထက် လေးစားအားကျသည့် အရိပ်အယောင်တို့ကို မြင်တွေ့နိုင်ပါတယ်။
မိသားစု ခေါင်းဆောင် ခုနှစ်ယောက်ကလည်း လူအုပ်ကြီးကို စိတ်ဝင်တစားနဲ့ ပြန်စိုက်ကြည့်နေခဲ့တယ်။ အခု ဘယ်သခင်လေးက ပိုပြီး ဆွဲဆောင်အားပိုကောင်းလဲ ဆိုတာကို စမ်းသပ်ရမယ့် အချိန်ရောက်လာပါပြီ။ ထို့ကြောင့် တောင်ဘက်ဂိတ်ပေါက်မှာ ရှိနေတဲ့ ဘယ်အင်အားစုတွေက ဘယ်သခင်လေးနောက် လိုက်မလဲ ဆိုတာကို သူတို့လည်း သိချင်မိကြပါတယ်။
ဆူညံသံတွေနဲ့အတူ တိမ်သွားမြင်းတွေ တစ်ကောင်ပြီး တစ်ကောင် အားလုံးရှေ့ ထွက်ပေါ်လာခဲ့ပါတယ်။
အမွေခံတိုက်ပွဲကို ဝင်ပြိုင်မယ့် ရန်မိသားစုရဲ့ သခင်လေးရှစ်ယောက် အာလုံးရှေ့ ရောက်ရှိလို့ လာခဲ့ပါပြီ.
မန်မိသားစုက မန်ရှန်းရီက သူ့သားရဲကို စီးရင် အလျင်အမြန် ရှေ့တက်သွားလိုက်ပြီး ရန်ဝေကို လက်သီးဆုပ်ကာ အပြုံးလေး ပြုံးရင်း နှုတ်ဆက်လိုက်တယ် “သခင်လေးဝေ”
“အင်း၊ ကျုပ်ခင်ဗျားတို့ကို စောင့်ခိုင်းစေမိလိုက်ပြီ” ရန်ဝေက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောပြီး ခေါင်းညိတ်လိုက်တယ်။ သူတို့ နှစ်ယောက်က မဟာမိတ်ဖွဲ့ထားတဲ့အတွက် အခုလိုမျိုး ရင်းရင်းနှီးနှီးနဲ့ နှုတ်ဆက်နေတာ အံ့အားသင့်စရာ တစ်ခု မဟုတ်ပါဘူး။
ရီမိသားစု ရီရှင်းရို့ကလည်း ရှေ့ထွက်လာလိုက်တယ်။ သူမ မျက်နှာလေးက အနည်းငယ်လေး နီမြန်းနေခဲ့ပါတယ်။ သူမက အသက်၂၀လောက်ပဲ ရှိပါသေးတယ်။ သူမအသားအရေက နှင်းပွင့်လေးတွေလို ဖြူဖွေးနေပြီး သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်က လုံးဝကို အချိုးကျနေခဲ့ကာ သူမမျက်နှာထက်က ရှက်ရွံ့နေသည့် အရိပ်အယောင်လေးက သူမရဲ့ ဆွဲဆောင်အားကို ပိုလို့တောင် တိုးသွားစေခဲ့ပါတယ်။ သူမက နှုတ်ဆက်လိုက်တယ် “သခင်လေးကျောင်း”
ရန်ကျောင်းက ရယ်မောလိုက်ပြီး ရီရှင်းရို့ဆီ လက်ဆန့်ထုတ်ပေးလိုက်တယ်။ ထို့နောက် နွေးထွေးစွာနဲ့ ပြုံးလိုက်ပြီး ပြောလိုက်တယ် “လာခဲ့”
ရီရှင်းရီု့က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ရန်ကျောင်း လက်ကို လှမ်းကိုင်လိုက်ကာ သူ့ရဲ့ တိမ်သွားမြင်းပေါ် အသာအယာလေး ခုန်တက်လိုက်တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ကျန်ရှိနေတဲ့ မိသားစုခေါင်းဆောင် ခြောက်ယောက် စလုံး ရီကွမ်းရန်ကို နက်နက်နဲနဲ ကြည့်လိုက်ကြတယ်။
လူပေါင်းများစွာရဲ့ အကြည့်အောက်မှာ မတူကွဲပြားတဲ့ မိသားစုနှစ်ခု ယောကျာ်း တစ်ယောက်နဲ့ မိန်းမတစ်ယောက် အခုလို ပြုမူနေတာက သူတို့ကြားက ဆက်ဆံရေးက မဟာမိတ်ဖွဲ့ထားတာ သက်သက် မဟုတ်ဘူးလို့ အားလုံးကို အတိအလင်း ကြေညာလိုက်တာနဲ့ အတူတူပါပဲ။
ရန်ကွမ်းရန်ကတော့ သူနဲ့ ဘာမှမဆိုင်သလိုသာ ထိုင်နေခဲ့တယ်။ သူ့သမီး အခုလို ပြုမူလို့ သွားပြီး အပြစ်တင်မယ်လည်း မရှိပါဘူး။ သူကိုယ်တိုင်က သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးကို အစကတည်းက သိပြီးထားတဲ့ ပုံစံပါပဲ။
တစ်ချိန်တည်းမှပဲ ကောင်းရန်ဖုန်းနဲ့ ရန်ခန်းတို့ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်လိုက်ကြစဉ် ခန်ကျန်းနဲ့ ရန်ရင်တို့ နှစ်ယောက်ကလည်း တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်လိုက်ကြတယ်။
ထိုမိသားစုကြီး လေးထုက သူတို့ရဲ့ ဘယ်ဘက်က ရပ်တည်မယ် ဆိုတာကို အစကတည်းက ကြေညာပြီးသွားပါပြီ။
ဒါက လူငယ်တွေရဲ့ စင်မြင့်ပါ။
“လူအိုကြီးချူ၊ မင်းရဲ့ ချူမိသားစုကကော အခုထိ မရွေးရသေးဘူးလား” ဟော်ကျန်း ချူရှို့ချန်ကို သိချင်စိတ်နဲ့ လှမ်းကြည့်လိုက်တယ်။ ထို့နောက် ဘေးပတ်လည်ကို လိုက်ပတ်ကြည့်လိုက်ရင်း သူ့သားကို လိုက်ရှာကြည့်လိုက်တယ်။ ဒါပေမယ့် သူ့သားဆိုလေးကိုတော့ ဘယ်နေရာမှာမှ မတွေ့ခဲ့ရပါဘူး။
သူ့စိတ်ထဲ ကူကယ်ရာမဲ့သလို ခံစားလိုက်ရတယ်။ ထို့ကြောင့် ချူရှိုချန်ကလည်း တစ်ယောက်တည်း ထီးထီးကြီး ရပ်နေမှန်း တွေ့လိုက်ရတဲ့အတွက် သူ့စိတ်ထဲ သနားစိတ် ဝင်သွားမိခဲ့တယ်။
“ငါ့ရဲ့ ချူမိသားစုက ဘက်မရွေးရသေးဘူ ဟုတ်လား” ချူရှို့ချန်က အသာအယာလေး ပြုံးလိုက်ပြီး တစ်နေရာဆီ မေးငေါ့ပြလိုက်တယ်။
ဟော်ကျန်းလည်း ချူရှို့ချန် မေးငေါ့ပြရာ လှမ်းကြည့်လိုက်တဲ့အခါ ချူဇိရိုက ခြောက်ယောက်မြောက် သခင်လေး ရန်ရှန်းနဲ့အတူ ရပ်နေတာကို တွေ့လိုက်ရတယ်။ ရန်ရှန်းက ချူမိသားစုရဲ့ ထောက်ခံမှုကို ရလိုက်တဲ့အတွက် တော်တော်လေး ပျော်နေတဲ့ ပုံပါပဲ။ ချူရှို့ချန်ကတော့ ရန်ရှန်းကို ယဉ်ယဉ်ကျေးကျေးနဲ့ ပြောဆိုနေခဲ့တယ်။
ချူရှို့ချန်ရဲ့ သားကို ဒီနေရာမှာ တွေ့လိုက်ရတဲ့အတွက် ဟော်ကျန်း အံ့အားသင့်သွားခဲ့ပြီး “ဟေး၊ လူအိုကြီးချူ၊ ဒီတစ်ကြိမ် အမွေခံတိုက်ပွဲကို ဝင်ပြိုင်မယ့် ချူမိသားစု အဖွဲ့ကို မင်းသားက ဦးဆောင်မှာလား။ မန်အာကရော”
ကျန်တဲ့ မိသားစုခေါင်းဆောင် ခြောက်ယောက်စလုံးလည်း ချူရှို့ချန်ကို စိတ်ရှုပ်ရှုပ်နဲ့ လှမ်းကြည့်လိုက်ကြတယ်။ ချူဇိရိုက ချူမိသားစုအဖွဲ့ကို ဘာလို့ ဦးဆောင်လာရမှန်း သူတို့ စိတ်ရှုပ်နေခဲ့ကြတယ်။
ချူရှို့ချန်မှာ သားတစ်ယောက်နဲ့ သမီး တစ်ယောက်ပဲ ရှိပါတယ်။ ဒါပေမယ့် သူ့သားနဲ့ သမီးကြားက ခြားနားချက်ကတော့ အရမ်းကို ကွာခြားလှပါတယ်။ ချူရီမန်ရဲ့ နာမည်က ဗဟိုမြို့တော်တစ်ခုလုံး နေတစ်စင်းလို ထွန်းလင်းတောက်ပနေတာပါ။ သူမက ဗဟိုမြို့တော် လူငယ်မျိုးဆက်ရဲ့ ဒုတိယမြောက် အကျော်ကြားဆုံး လူဆိုလည်း မမှားပါဘူး။ ဒီတစ်ကြိမ် အမွေခံတိုက်ပွဲကို ချူရီမန်က ဦးဆောင်လိမ့်မယ်လို့ အားလုံးက ထင်နေကြာတာပါ။ ဒါပေမယ့် အားလုံးရဲ့ အမြင်နဲ့ ဆန့်ကျင်ဘက်ဆိုသလို ချူမိသားစု အဖွဲ့ကို ချူဇိရိုက ဦးဆောင်လာခဲ့ပါတယ်။
“ငါ့သားလည်း မငယ်တော့ဘူး၊ အခုအချိန်က သူ့အတွက် အတွေ့အကြုံရဖို့ အချိန်ကောင်းပဲ” ချူရှို့ချန်က သာမန်ကာလျှံကာ နဲ့ ပြန်ပြောလိုက်တယ် “အမွေခံတိုက်ပွဲလို အခွင့်အရေးမျိုးက တကယ်ကို ရှားတယ်။ ဒါကြောင့် အခွင့်အရေးရတုန်း သူ့ကို အတွေ့အကြုံရအောင် ဦးဆောင်းလာခိုင်းလိုက်တာ”
ဟော်ကျန်းက အထင်အမြင် သေးသေးနဲ့ လှောင်ပြောင်တစ်ဝက်၊ သက်ပြင်းချ တစ်ဝက်နဲ့ ပြောလိုက်တယ် “လူအိုကြီးချူ၊ မင်းသားကို မကောင်းပြောနေတာတော့ မဟုတ်ဘူး။ ငါ့ရဲ့ ဟိုသူတောင်းစားလေးနဲ့ ယှဉ်ရင် မင်းသားက မေးခွန်းထုတ်စရာ မလိုလောက်အောင် ပိုတော်တယ်။ ဒါပေမယ့် သူက အဲ့လောက်ကြီး ထူးခြားတာ မဟုတ်ဘူး။ ငါအမြင်အရဆိုရင် မင်းရဲ့ မိသားစု ခေါင်းဆောင် ရာထူးကို မင်းသမီးဆီပဲ ပေးလိုက်သင့်တယ်။ မင်းသားကိုသာ ပေးလိုက်မယ် ဆိုရင်တော့ မင်းရဲ့ ချူမိသားစုက အနှေးနဲ့အမြန်တော့ အဆုံးသတ်ကို မြင်တွေ့ရမှာ အသေအချာပဲ”
ချူရှို့ချန်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး “ချူမိသားစုရဲ့ အရေးကို ဒီလူအိုကြီး ဘယ်လိုကိုင်တွယ်ကိုင်တွယ်၊ မင်းတို့ အပူပါလို့လား”
ဟော်ကျန်းက မျက်ခွံ့လှန်လိုက်ပြီး ပြန်ပြောလိုက်တယ် “ခေါင်းမာနေတဲ့ အရူးအိုကြီးပဲ”
မိသားစုကြီး ငါးခုက သူတို့ဘယ်ဘက်က ရပ်တည်မယ် ဆိုတာကို ကြေညာပြီးသွားပြီ ဖြစ်လို့ ကျန်ရှိနေတဲ့ အင်အားစုတွေလည်း စောင့်နေရတာ စိတ်မရှည်လှတော့ပါဘူး။ ထို့ကြောင့် နောက်တစ်ခဏ အတွင်းမှာပဲ လူငယ်တစ်ယောက်က ရှေ့ကို ပြေးဝက်သွားခဲ့ပြီး ရန်ဝေရှေ့ရပ်လိုက်ကာ လက်သီးဆုပ်ရင်း လေးလေးစားစားနဲ့ ပြောလိုက်တယ် “တတိယမြောက် ထွတ်မြတ်ရာဂိုဏ်းတော်ရဲ့ တပည့်ခေါင်းဆောင် ရွှမ်လီက ပထမသခင်လေးနောက် လိုက်ပါပြီး အမွေခံတိုက်ပွဲမှာ ဆင်နွှဲချင်ပါတယ်”
ရန်ဝေက ထိုလူငယ်လေးကို တစ်ချက် ကြည့်လိုက်ပြီး ညင်ညင်သာသာလေး ခေါင်းညိတ်ရင်း ပြန်ပြောလိုက်တယ် “ကောင်းပြီ”
ရွှမ်လီက ပျော်ပျော်ရွှင်ရွှင်နဲ့ ရန်ဝေကို ကျေးဇူးတင်လိုက်ပြီး ခပ်မြန်မြန်ပဲ သူ့နောက်မှာ နေရာတစ်ခု ရှာလိုက်ပြီး သွားရပ်နေလိုက်တယ်။
တတိယမြောက် ထွတ်မြတ်ရာဂိုဏ်းတော်က စတင်လိုက်တာနဲ့ ကျန်တဲ့ အင်အားစုက လူတွေကလည်း သူတို့ ရွေးချယ်ထားတဲ့ သခင်လေးတွေဆီ အလျင်စလို ပြေးသွားကြပါတော့တယ်။
အခုအချိန်အခိုက်အတန့်၌ မြင်ကွင်းတစ်ခုလုံးက တော်တော်လေး အသက်ဝင်နေခဲ့ပါတယ်။ ဒီမှာရှိနေတဲ့ လူတွေထဲ၌ အားလုံးက ပထမသခင်လေး ရန်ဝေနဲ့ ဒုတိယသခင်လေး ရန်ကျောင်းတို့ဆီ အများဆုံး သွားကြပါတယ်။ တစ်ယောက်ယောက် သူတို့နောက် လိုက်ချင်တယ်လို့ လာပြောတိုင်း ရန်ဝေက အသာအယာလေးသာ ခေါင်းညိတ်ပြပြီး ရန်ကျောင်းကတော့ ပြုံးကာ ဖော်ဖော်ရွေရွေနဲ့ အားလုံးကို လက်ခံ ကြိုဆိုခဲ့ပါတယ်။
ညီအစ်ကိုနှစ်ယောက်က လုံးဝကို ကွဲပြားခြားနားတဲ့ စရိုက်ကို ပိုင်ဆိုင်ထားကြပြီး သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ကလည်း လုံးဝကို မတူညီကွဲပြားပါတယ်။
သူတို့ နှစ်ယောက်အပြင် ငါးယောက်မြောက် သခင်လေးရန်ခန်း၊ ခြောက်ယောက်မြောက် သခင်လေး ရန်ရှန်းနဲ့ ခုနှစ်ယောက်မြောက် သခင်လေး ရန်ရင်တို့က ထောက်ခံသူ တော်တော်များများကို စုဆောင်နိုင်ခဲ့ပါတယ်။
တတိယမြောက်သခင်လေး ရန်ထိုက်၊ ရှစ်ယောက်မြောက် သခင်လေး ရန်ချွမ်နဲ့ အငယ်ဆုံးသခင်လေး ရန်ကိုင်တို့သာ လူတစ်ယောက်မှ မရခဲ့တာပါ။
ညီအစ်ကိုတွေကြားက ဆွဲဆောင်နိုင်စွမ်း၊ ညို့ယူနိုင်စွမ်းနဲ့ အဆက်အသွယ်တွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် တန်းသိနိုင်ပါတယ်။
ရန်ထိုက်နဲ့ရန်ချွှမ်တို့ နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခါးခါးသီးသီး ပြုံးလိုက်ကြတယ်။ ဒီတစ်ကြိမ် အမွေခံတိုက်ပွဲကို သူတို့ နိုင်တော့မှာ မဟုတ်ဘူးဆိုတာကို နှစ်ယောက်စလုံး သိနေခဲ့ကြပါတယ်။
“ညီလေးကိုင်၊ အခုကိစ္စကို စိတ်ထဲ ထားမနေပါနဲ့” ရန်ထိုင်က ရန်ကိုင်ကို လေသံတိုးတိုးလေးနဲ့ နှစ်သိမ့်ပေးလိုက်တယ်။
“အင်း” ရန်ချွမ်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “မင်းက ငါတို့ထက် အခြေအနေ ပိုကောင်းပါသေးတယ်။ မင်းမှာ သွေးစစ်သည်တော် နှစ်ယောက် ရှိနေရုံမကလို့ ပထမအင်အားစု ဖြစ်တဲ့ ပထမအင်အားစုတစ်ခုကနေလည်း အကူအညီတွေ ရနိုင်သေးတယ်။ ငါကတော့…ဟူး…”
သူတို့လေသံတွေက ဖော်ပြမရနိုင်တဲ့ စိတ်အားကျမှုတို့နဲ့ ကူကယ်ရာမဲ့မှုတို့ဖြင့် ပြည့်နေခဲ့တယ်။ သူတို့ထဲက တစ်ယောက်မှာ သွေးစစ်သည်တော် တစ်ယောက်သာ ရှိပြီး ကျန်တစ်ယောက် မှာတော့ ဘာမှ မရှိပါဘူး။
“အဆင်ပြေပါတယ်” ရန်ကိုင်က အခုအခြေအနေကို လုံးဝ ဂရုမစိုက်သည့် အလား ဖြေးဖြေးချင်းသာ ခေါင်းခါလိုက်တယ်။ ဒါပေမယ့် သူ့မျက်ဝန်းအစုံကတော့ အနီးအနားမှာ ရှိနေတဲ့ ဒါဇင်ကျော်တဲ့ သွေးစစ်သည်တော်တွေ အပေါ်မှာသာ အာရုံစိုက်နေခဲ့တယ်။
ထိုသွေးစစ်သည်တော်တွေ အကုန်လုံးက အမွေခံတိုက်ပွဲမှာ ပါဝင်ဆင်နွှဲဖို့ ရန်သခင်လေးတွေ ရွေးချယ်ထားတဲ့ လူတွေပါ။ ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး ရန်ကိုင်နောက်မှာ မတ်တပ်ရပ်နေခဲ့ကြတယ်။ သူတို့ အသားအရေက စက္ကူတစ်ရွက်လို ဖြူစွတ်နေခဲ့ပြီး နည်းနည်း မြင်တတ်ရုံနဲ့တင် သူတို့ နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားမှန်း သိနိုင်ပါတယ်။ သူတို့ရဲ့ အသက်စွမ်းအင်က မတည်မငြိမ် ဖြစ်နေခဲ့ပြီး သူတို့ရဲ့ သွေးစွမ်းအားကလည်း တော်တော်ကြီး လျော့နည်းနေခဲ့ပါတယ်။ နှစ်ယောက်စလုံးသာ သူတို့ ဒဏ်ရာတွေကို မကုသပဲ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် သူတို့ နှစ်ယောက်စလုံး သေသွားနိုင်ပါတယ်။
ဒါပေမယ့် ဘာတွေ ဖြစ်နေဖြစ်နေ၊ နှစ်ယောက်စလုံး လှုပ်ရှားမှု ကင်းမဲ့စွာနဲ့ မတ်တပ်ရပ်နေခဲ့ကြပါတယ်။
ရန်ကိုင်အကြည့်က သူတို့ဆီ ရောက်လာတဲ့ အခါမှပဲ သူတို့ရဲ့ ခါးကို နည်းနည်းလေးပိုပြီး ကော့လိုက်ကြပါတယ်။
ဒါပေမယ့် ရန်ကိုင်က သူတို့ကို ကြည့်နေတာ မဟုတ်ပါဘူး။ အဲ့အစား အခြားယောကျ်ားနဲ့ မိန်းမ တစ်ယောက်ကို ကြည့်နေတာပါ။
တုဖုန်း၊ တန်ယုရှန်း
နှစ်ယောက်စလုံးက ရန်ကိုင်အား မချိပြုံးပြန်ပြုံးပြလိုက်ကြတယ်။ သူတို့ သခင်ငယ်လေးကို မဆန့်ကျင်ချင်ပါဘူး။ ဒါပေမယ့် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး အမွေခံတိုက်ပွဲမှာ ပါဝင်ဆင်နွှဲဖို့အတွက် သခင်ငယ်လေး တစ်ယောက်က ရွေးချယ်လိုက်တာ ဖြစ်လို့ နှစ်ယောက်စလုံး ဆန္ဒမရှိရင်တောင် ရန်ကိုင်နဲ့ ရန်သူ ဖြစ်ရပါတော့မယ်။
သူတို့ နှစ်ယောက်ကို ဘယ်သူရွေးသွားတာလဲ ဆိုတာကိုပဲ ရန်ကိုင် မသိသေးတာပါ။
ရန်ကိုင်က သူတို့ကို ပြုံးပြနေတာကို မြင်လိုက်တဲ့အချိန် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ် မသိမသာလေး တုန်ရီသွားခဲ့ကြတယ်။ ရန်ကိုင် အခုလို ပြုံးလိုက်တိုင်း သူမကောင်းတာ တစ်ခုခု လုပ်တော့မယ်မှန်း သူတို့ နှစ်ယောက်စလုံး သိထားကြပါတယ်။
ငါသူနဲ့ ရန်သူ မဖြစ်ချင်ဘူး တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ခါးသီးမှုအပြည့်နဲ့ တွေးလိုက်ကြတယ်။ သူတို့ နှစ်ယောက်စလုံးရဲ့ ခွန်အားက သခင်ငယ်လေးထက် အများကြီး ပိုအားကောင်း ပေမယ့် ရန်ကိုင်ဆီကနေ ဘာလို့ ဖိအားခံစားနေရလဲ ဆိုတာကို သူတို့ နှစ်ယောက်စလုံး နားကို မလည်နိုင်ပါဘူး။
အချိန်တွေ ကုန်လာတာနဲ့ အင်အားစု အသီးသီးက နိုင်မယ်ထင်ရတဲ့ သခင်လေးငါးယောက်စီပဲ ဖြန့်ကျဲသွားလိုက်ကြတယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ထိုက်နဲ့ ရန်ချွမ်တို့ နှစ်ယောက်စလုံးရဲ့ အမူအရာ ပိုပို ထိုင်းမှိုင်းလာခဲ့တယ်။
မိသားစုကြီး ခုနှစ်ခုက မိသားစုခေါင်းဆောင်တွေက ရန်မိသားစု ကလေးတွေကို မှတ်ချက်ပေးနေချိန် ချူရှို့ချန်ကတော့ တစ်ယောက်တည်း အံ့အားသင့်နေခဲ့တယ်။
ထိုညက သူ့သမီးရဲ့ တွက်ချက်မှုကို နားထောင်ပြီးနောက် ချူရှို့ချန်က ရန်ကိုင်ကို အထူးတလည် အာရုံစိုက်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဘယ်အင်အားစုကမှ သူ့ဘက် မလာတာတောင် ရန်ကိုင်ရဲ့ ယုံကြည်ချက်တို့ ပြည့်နေတဲ့ အကြည့်က နည်းနည်းလေးတောင် လှုပ်ခါသွားခြင်း မရှိခဲ့ပါဘူး။
ထိုအချက်က ချူရှို့ချန်ကို အံ့အားသင့်သွားစေခဲ့တယ်။
ရန်ကိုင်နဲ့ တုဖုန်း၊ တန်ယုရှန်းတို့ သုံးယောက် မသိမသာလေး အကြည့်ချင်း ဖလှယ်သွားလိုက်တာကလည်း သူ့မြင်ကွင်းအောက်ကနေ ပြေးမလွတ်ခဲ့ပါတယ်။ ရန်ကိုင်ကို လေ့လာနေရင်း ချူရှို့ချန် ပိုပို စိတ်ရှုပ်လာခဲ့ရတယ်။
အထောက်အပံ့ မရှိတဲ့ ရန်မိသားစုရဲ့ ကလေးတစ်ယောက်က အစွယ်မရှိတဲ့ ကျားတစ်ကောင်နဲ့ အတူတူပါပဲ။ အစွယ်မရှိတဲ့ ကျားက အမွေခံတိုက်ပွဲ တစ်ခုလုံးကို မုန်တိုင်းထန်သွားအောင် ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ။ ဒီလောက် ရှက်ဖွယ်ကောင်းတဲ့ အခြေအနေမှာ သူက စိတ်ကသိကအောက် ဖြစ်နေတဲ့ အမူအရာ နည်းနည်းလေးတောင် မပြပါဘူး။ အစကနေ အဆုံးထိ သူ့ပုံစံက မုန်တိုင်းထဲ ကျွန်းတစ်ကျွန်းလို့ပါပဲ၊ နည်းနည်းလေးတောင် ယိမ်းယိုင်သွားခြင်း မရှိပါဘူး။
ပြီးတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ကျင့်ကြံသူတွေ ဖြစ်တဲ့ သွေးစစ်သည်တော် နှစ်ယောက်က သူ့ကို ကြောက်နေတယ်လို့ ဘာလို့ သူခံစားနေရတာလဲ။
ထိုအချက်တွေကို ချူရှို့ချန်ကို အံ့အားမသင့်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရတယ်။ ရန်ကိုင်အပေါ် သူအထင်အမြင်လည်း အနည်းငယ် တိုးမြင့်လာခဲ့ပါတယ်။
သူ့မှာ အရည်အချင်း နည်းနည်းရှိတာ ဖြစ်လောက်ပါတယ်။ ဒါပေမယ့်… ဒီလောက်ကလေးနဲ့ အမွေခံတိုက်ပွဲကို နိုင်ဖို့က မဖြစ်နိုင်သေးပါဘူး။
အခုလက်ရှိ အခြေအနေရ အမွေခံတိုက်ပွဲကို သူနိုင်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ပါဘူး။
အင်အားစုတွေ အားလုံးက သူ့ဘက်၊ ကိုယ့်ဘက် အသီးသီးကို ရွေးချယ်ပြီးသွားတဲ့ အချိန်၌ ရန်မိသားစု သခင်လေးအားလုံးက စစ်ပွဲမြို့တော်ဆီ ထွက်ခွါဖို့ လုပ်လိုက်ကြတယ်။
ရန်ဝေက မြင်းဇက်ကြိုးကိုင်ပြီး ထွက်ဖို့ လုပ်နေတုန်းမှာပဲ သူ့နောက်ဘက်ကနေ မြင်းခွါသံ ထွက်ပေါ်လာခဲ့တယ်။
တောင်ဘက် ဂိတ်တစ်ခုလုံး သုဿန်တစ်စပြင်အလား တိတ်ဆိတ်နေခဲ့ပြီး မြင်းခွါသံကတော့ ပိုပို ကျယ်လောင် လာခဲ့တယ်။
အသံလာရာဆီ လှမ်းကြည့်လိုက်တဲ့အခါ သူတို့ဆီ လာနေတဲ့ တိမ်သွားမြင်းတစ်ကောင်ကို အားလုံး တွေ့လိုက်ရတယ်။ လူငယ်လေးတစ်ယောက်က တိမ်သွားမြင်းထက် အငြိမ့်သား ထိုင်နေရင်း အပြုံးကြီး ပြုံးနေခဲ့ကာ မောက်မာတဲ့ ဟန်ပန်နဲ့ သူလက်နှစ်ဖက်ကို ပိုက်ထားခဲ့တယ်။ သူ့မျက်ဝန်းထဲ ထူးဆန်းသည့် အလင်းရောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။ သူ့အကြည့်က မိန်မလှလေး တစ်ယောက် ရှိနေတဲ့ နေရာမှာ ရပ်တန့်သွားခဲ့တယ်။
ဘယ်မိန်းကလေး ဖြစ်ပါစေ၊ ထိုလူငယ်လေးရဲ့ အကြည့်က သူတို့အပေါ် ကျရောက်လာတာနဲ့ သူတို့ အဝတ်အစားတွေ စုတ်ဖြဲခံလိုက်ရသလို ခံစားလိုက်ရပြီး ကြောက်ရွံ့မှုကြောင့် သူတို့ တစ်ကိုယ်လုံး တုန်ရီသွားခဲ့တယ်။
ဟော်မိသားစုခေါင်းဆောင် ဟော်ကျန်းရဲ့ မျက်နှာ လုံးဝကို ကိုးယိုးကားယား ဖြစ်လို့သွားခဲ့တယ်။
ဘာလို့လဲ ဆိုတော့ အခုရောက်လာတဲ့ လူငယ်လေးက သူ့ရဲ့ အသုံးမဝင်တဲ့ ဆန်ကုန်မြေလေး ဟော်ရှင်းချန် ဖြစ်နေတာကြောင့်ပါပဲ။
နောက်ဆုံး ရန်ကိုင်နဲ့ ဟော်ရှင်းချန်တို့ အကြည့်ချင်း ထိပ်တိုက် တွေ့သွားခဲ့တယ်။ ဟော်ရှင်းချန်က ရန်ကိုင်ကို ရန်စ၊ အထင်အမြင် သေးတဲ့ အကြည့်နဲ့ စိုက်ကြည့်နေခဲ့ပြီး သူ့မျက်နှာထက်မှာလည်း လှောင်ပြုံးတစ်ခု ပွင့်လန်းနေလို့ပါ။
ထိုညတုန်းက ဟော်ရှင်းချန်က အလင်းဂိုဏ်းကို ဦးဆောင်ပြီး ဝါးထုံးဂိုဏ်းကို တိုက်ခိုက်ဖို့ သွားခဲ့တယ်။ တိုက်ခိုက်နေတဲ့ အချိန်မှာပဲ ရန်ကိုင် ရောက်ရှိလာခဲ့ပြီး ဟော်ရှင်းချန်ကို ဓါးစာခံအဖြစ် ဖမ်းဆီးလိုက်ကာ သူတို့ဆီကနေ ငွေပမာဏတော်တော် များများကို ခြိမ်းခြောက် တောင်းဆိုခဲ့ပါတယ်။ အဆုံးသတ်အနေနဲ့ ငွေလုံလုံလောက်လောက် မရှိတဲ့အပြင်ကို ဟော်ရှင်းချန်ကပါ အကြွေးတင်ခံရတာ မကြိုက်တဲ့ လူတစ်ယောက် ဖြစ်နေခဲ့တဲ့ အတွက် အလင်းဂိုဏ်းကို ရန်ကိုင်လက်ထဲ ထည့်ပေးခဲ့လိုက်ရပါတယ်။ ထို့ကြောင့် အခုလို ပြန်တွေ့တဲ့အချိန်၌ ဟော်ရှင်းချန်က ရန်ကိုင်ကို မျက်နှာသာ နည်းနည်းလေးမှ မပေးတာ မထူးဆန်းပါဘူး။
“ဒီသခင်လေး နောက်ကျသွားလား” ဟော်ရှင်းချန်က အာလုံးရှေ့ ရပ်လိုက်ပြီး ဟိတ်ကြီးဟန်ကြီးနဲ့ ပြုံးကာ လူအုပ်ကြီးကို နောက်တစ်ကြိမ် ဝေ့ကြည့်လိုက်ပြီး ခေါင်းလေးညိတ်ရင်း “ကောင်းတယ်၊ ကောင်းတယ်၊ ကံကောင်းစွာနဲ့ ငါအချိန်မှီ ရောက်လာခဲ့တာပဲ”
Martial Peak
Chapter (415) အရေမရ အဖတ်မရတွေ ဆက်ပြောနေမယ် ဆိုရင် ငါမင်းကို ကန်ထုတ်ပစ်တော့မှာနော်
ရန်မိသားစု သခင်လေးတွေ မြို့တော်ဆီ ပြန်မရောက်ခင် အချိန်တုန်းက ဗဟိုမြို့တော်မှာ နာမည်အကျော်ကြားဆုံး လူငယ်လေး သုံးယောက် ရှိပါတယ်။
ပထမ နာမည်အကျော်ကြားဆုံးက လျူချင်းယောင်၊ ဒုတိယတစ်ယောက်က ချူရီမန်နဲ့ တတိယကတော့ ဟော်ချင်းရှန်ပဲ ဖြစ်ပါတယ်။
ပထမနှစ်ယောက်က နာမည်ကောင်းနဲ့ ကျော်ကြားတာ ဖြစ်ပြီး နောက်ဆုံးတစ်ယောက်ကတော့ မကောင်းသတင်းနဲ့ ကျော်ကြားတာပါ။ ဟော်မိသားစုရဲ့ တစ်ယောက်တည်းသော သခင်လေး ဟော်ရှင်းချန်က မောက်မာပြီး အထိန်းအကွပ်မဲ့တယ် ဆိုတာကို ဗဟိုမြို့တော်မှာ ရှိတဲ့ လူတိုင်း သိထားကြပါတယ်။ အသက်ကြီးပြီး ချောမောလှပသည့် မိန်းမတွေ ဖြစ်ပါစေ၊ ငယ်ရွယ်ချောမောလှတဲ့ မိန်းမလှလေးတွေ ဖြစ်ပါစေ၊ ဟော်ရှင်းချန်ကို အဝေးက တွေ့လိုက်တာနဲ့ သူ့ကို ချက်ချင်း ရှောင်ကွင်းသွားကြပါတယ်။
ဗဟိုမြိုတော်မှာရှိတဲ့ မိသားစုတိုင်းက သူတို့ရဲ့ သမီးရတနာတွေကို ဟော်ရှင်းချန်ရဲ့ ရုပ်ပုံပြပြီး သူ့လိုကောင်နဲ့ မပက်သက်ဖို့ အတန်အတန် သတိပေးမှာ ကြားထားကြပါသေးတယ်။
တစ်နည်း ပြောရရင်တော့ ဟော်ရှင်းချန်က လျူချင်းယောင်နဲ့ ချူရီမန်တို့ ထက်တောင် နာမည်ကျော်ပါသေးတယ်။ သူ့မှာ နာမည်ပြောင်တောင် ရှိပါသေးတယ်… ဗဟိုမြို့တော်ရဲ့ မြေခွေးတဲ့။
ဗဟိုမြို့တော်ရဲ့ မြေခွေးဖြစ်တဲ့ ဟော်ရှင်းချန် ပေါ်လာတဲ့ နေရာတိုင်း လေတွေထန်ပြီး ငလျင်တွေ လှုပ်ခါပါတယ်။ ဗဟိုမြို့တော်က ငိုကြွေးနေတဲ့ ကလေးတွေတောင် သူ့နာမည် ကြားလိုက်တာနဲ့ ချက်ချင်း အငိုတိတ်သွားကြပါတယ်။
အခုအချိန်၌ ဗဟိုမြို့တော်ရဲ့ မြေခွေးက တိမ်သွားမြင်းထက် ကျော့ကျော့မော့မော့နဲ့ ထိုင်ရင်း လက်ကလေး ပိုက်ကာ ဟိတ်ကြီးဟန်ကြီးနဲ့ အနီးအနားမှာ ရှိနေတဲ့ လူအားလုံးကို ဝေ့ဝိုက် ကြည့်နေခဲ့တယ်။ တိမ်သွားမြင်းပေါ်က ဆင်းမယ့် အရိပ်အယောင် မပြသလို အကြီးအကဲတွေကို နှုတ်ဆက်ဖို့လည်း မစဉ်းစားပါဘူး။ ထိုမြင်ကွင်းကို ကြည့်ရင်း မိသားစု အသီးသီးက ခေါင်းဆောင်တွေ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းယမ်း လိုက်ကြတယ်။
“မနေ့ညက မင်းဘယ်သွားနေတာလဲ” ဟော်ရှင်းချန်က စိတ်ပျက်ပျက်နဲ့ သက်ပြင်းတစ်ချက် ချလိုက်ပြီး မေးလိုက်တယ်။
“တံခါးပိတ် လေ့ကျင့်နေတာလေ” ဟော်ရှင်းချန်က ရုပ်တည်ကြီးနဲ့ ပြန်ပြောလိုက်တယ်။
ထိုတုန့်ပြန်စကားကို ကြားလိုက်တာတဲ့ ဟော်ကျန်းမှာ နားနှစ်ဖက်ကနေ မီးခိုးထွက်မတတ် ဒေါသထွက်သွားခဲ့ပြီး “ခွေးသူတောင်းစားလေး၊ အဲ့ဒါဆိုရင် မင်းမျက်နှာပေါ်က နှုတ်ခမ်းနီရာက ဘယ်ကရောက်လာရတာလဲ”
ဗဟိုမြို့တော် အပြင်ဘက်မှာ ရှိနေတဲ့ လူအားလုံး ဝါးလုံးကွဲ ရယ်မောလိုက်ကြတယ်။
ဟော်ရှင်းချန်က ရယ်သံတွေကို ဂရုမစိုက်ပဲ လှောင်ပြုံးပြုံးရင်း လူအုပ်ကြီးကို ဝေ့ကြည့်လိုက်တယ်။ ရယ်မောနေတဲ့ လူတွေ အားလုံးချက်ချင်းပဲ အရယ်တိတ်သွားခဲ့ကြတယ်။
ဗဟိုမြို့တော် မြေခွေးက မကောင်းသတင်းနဲ့ ကျော်စောပေမယ့် သူက မိသားစုကြီးရှစ်ခုထဲက တစ်ခုရဲ့ သခင်လေး ဖြစ်နေတုန်းပါပဲ။ သူက ရယ်မောလှောင်ပြောင်ချင်တိုင်း သွားလှောင်ပြောင်လို ကောင်းတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။
ပြီးတော့ သူက ဟော်မိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူပါ။ ထို့ကြောင့် သူ့ကို ရန်စဖို့ဆိုတာ ပိုပြီးတော့တောင် မလျော်ကန်ပါဘူး။ သူတို့သာ အခုနေ ဆက်ပြီး ရယ်မောနေမယ် ဆိုရင် ဟော်သခင်လေးက သူတို့ မျက်နှာကို မှတ်ထားပြီး သူတို့ကို ကျိန်းသေ လာလက်စားချေမှာပါ။
ဟော်ကျန်းက ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါရမ်းလိုက်ပြီး ဒေါသကို အတင်းချုပ်တည်း ထားလိုက်ရင်း အေးစက်စက်နဲ နှာခေါင်းရှုံ့ကာ မေးလိုက်တယ် “အနီလင်းနယ်မြေမှာ သွားရွပိုး ထိုးနေပြီးမှ မင်းဒီကို ဘာကိစ္စနဲ့ ရောက်လာရတာလဲ”
ဟော်ရှင်းချန်က ပြုံးကာ ပြန်ပြောလိုက်တယ် “ဟားဟားဟား၊ ရန်မိသားစု အမွေခံတိုက်ပွဲက အတွေ့အကြံရဖို့ ရှားပါးတဲ့ အခွင့်အရေး တစ်ခုလို့ ခင်ဗျားကြီး ကိုယ်တိုင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ဒီလို ပွဲကြီးမျိုးကို ဟော်မိသားစုက ဘေးကနေပဲ ထိုင်ကြည့်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ အဲ့ဒါကြောင့် ခင်ဗျားကြီးရဲ့သား ရောက်လာခဲ့ရတာလေ။ မဟုတ်ရင် ဟော်မိသားစုမှာ ယောကျာ်း တစ်ယောက်တောင် မရှိဘူးလာလို့ လှောင်ပြောင် ကြကုန်မှာပေါ့”
ထိုစကားတွေကို ကြားလိုက်တာနဲ့ ဟော်ကျန်း မပြုံးပဲ မနေနိုင်အောင်ကို ဖြစ်သွားခဲ့ရတယ်။ အရင်တုန်းက မည်းမှောင်ပြီး တိမ်ညိုတွေ အုံ့ဆိုင်းနေတဲ့ သူ့မျက်နှာက တိမ်ကင်းစင်တဲ့ နေ့လယ်ခင်းတစ်ခုအလား ဝင်းပသွားခဲ့ပြီး အလျင်စလိုနဲ့ ပြန်မေးလိုက်တယ် “မင်းပြောချင်တာက…. မင်း အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ချင်တယ်ပေါ့”
“ခင်ဗျားကြီးရဲ့ သားက အဲ့လိုပဲ တွေးနေတာလေ။ တကယ်တော့ ကျုပ်ကလည်း ခင်ဗျားရဲ့ မျှော်လင့်ချက်တွေအတိုင်း နေဖို့ ကြိုးစားကြည့်သင့်တာပေါ့” ဟော်ရှင်းချန်က လေးနက်တည်ကြည်တဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ်။
ဟော်ကျန်း အူမြူးသွားခဲ့ပြီး ပျော်ရွှင်စွာနဲ့ သူ့ပေါင်ကို အားရပါးရ ရိုက်လိုက်ရင်း “ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ မင်းနောက်ဆုံးတော့ နားလည်သွားပြီပဲ။ နောက်ဆုံးတော့ နားလည်သွားပြီပဲ။ အခု အရမ်းကြီး နောက်မကျသေးဘူး။ ကောင်းတယ်။ လာခဲ့၊ လာလာ”
ပြောနေရင်းနဲ့ ဟော်ကျန်းက ထိုင်ရာကနေ ပြေးထွက်သွားလိုက်ပြီး သူ့သားကို အထိမခံနိုင်တဲ့ အဖိုးတန်ကြွေအိုးတစ်လုံးကို မြင်းပေါ်ကနေ ချသလို သေသေချာချာလေး ချပေးလိုက်တယ်။
အခုလို လွန်လွန်ကဲကဲ ပြုမူမိလို့ ရှက်ရွံ့တယ်လို့ ဟော်ကျန်း နည်းနည်းလေးတောင် မခံစားမိပါဘူး။ အဲ့အစား ပါးစပ် နားရွက်တက်ချိန်တော့မတတ်သာ ပြုံးနေခဲ့တယ်။
ဟော်ရှန်း အရမ်းပျော်နေခဲ့တယ်။ အရင်တုန်းက သူ့သားကို အမွေခံတိုက်ပွဲမှာ ဝင်ပြိင်ဖို့ အကြိမ်များစွာ ပြောခဲ့ပေမယ့် သူ့သားကတော့ အမွေခံတိုက်ပွဲမယ် ဝင်ပြိုင်မယ့်အစား သောက်စား ပျော်ပါးနေဖို့ကိုသာ ပိုပြီး နှစ်ခြိုက်နေခဲ့တယ်။
သူ့သားရဲ့ သဘောထားကြောင့် ဟော်မိသားစုက ဒီတစ်ကြိမ် အမွေခံတိုက်ပွဲမှာ ဘာမှ ဝင်မလုပ်နိုင်တော့ဘူးလို့ တွေးကာ ဟော်ကျန်း စိတ်ဓါတ်ကျနေခဲ့ရပါသေးတယ်။
ဒါပေမယ့် အမွေခံတိုက်ပွဲ စမယ့်နေ့မှာပဲ သူ့သားက သူအမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ချင်တယ်ဆိုပြီး ပေါက်ချလာခဲ့ပါတယ်။ ဟော်ကျန်း မပျော်ပဲ ဘယ်နေပါ့မလဲ။
“တစ်ချက်ကြည့်ကြည့်လိုက်” ဟော်ကျန်းက အပြုံးကြီး ပြုံးရင်း သူ့လက်ကို ဝေ့ရမ်းလိုက်ပြီး အနီးအနားမှာ ရှိနေတဲ့ လူငယ်တွေကို ညွှန်ပြလိုက်တယ် “သူတို့တွေက ရန်မိသားစုက သခင်လေး ရှစ်ယောက်ပဲ။ ငါ့သား ၊ မင်းကြိုက်တဲ့ တစ်ယောက်ကို ရွေးပြီး ထောက်ပံ့လိုက်။ မင်းရွေးပြီးတာနဲ့ ကြယ်တာရာခန်းမကို မင်းလက်ထဲ ထည့်ပေးမယ်လို့ အဖေကတိပေးတယ်”
“အဖေတကယ် ပြောနေတာလား” ဟော်ရှင်းချန် မျက်ခုံးပင့်လိုက်တယ်။ သူ့မျက်နှာတစ်ခုလုံး ချီးပုံတက်နင်းမိလိုက်သည့်အလား ရှုံ့မဲ့သွားခဲ့တယ်။
“လိမ်ပြောမလားကွာ၊ အနည်ပြောနေတာပေါ့။ မင်းရဲ့ အကြီးအကဲတွေ အများကြီးရှေ့မှာ ဒီလူအိုကြီးက မင်းကို ဟာသလုပ်နေပါ့မလားကွ” ဟော်ကျန်းက လေးလေးနက်နက်နဲ့ ပြောလိုက်တယ်။
“ဟားဟားဟား၊ ကောင်းပြီလေ။ ကျုပ်က အဲ့လိုမျိုးကိုမှ ကြိုက်တာ” ဟော်ရှင်းချန်က ရယ်မောလိုက်ပြီး အယုတ်တမာ တစ်ကောင်လို သူ့နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်တယ်။
အဖေနဲ့သားကြား ပြောနေတဲ့ အကြောင်းအရာတွေ အားလုံးကို ဒီမှာ ရှိနေတဲ့လူအာလုံး ကြားခဲ့ရပါတယ်။ ရန်မိသားစု သခင်လေး ရှစ်ယောက်စလုံးလည်း ကြားခဲ့ပါတယ်။ ရန်မိသားစု သခင်လေး တော်တော်များများရဲ့ အသက်ရှုသံတွေ အနည်းငယ် ကြမ်းတမ်း လာခဲ့တယ်။
ကြယ်တာရာခန်းမ… ထိုခန်းမက ဟော်မိသားစုရဲ့ အထူအင်အားစု တစ်ခုပါ။
ကြယ်တာရာခန်းမ တစ်ခုလုံးကို မိန်းကလေးတွေနဲ့ ဖွဲ့စည်းထားပြီး ထိုမိန်းကလေးတွေ အကုန်လုံးက လှပချောမောရုံမကလို့ တော်တော်လေးလည်း သန်မာကြပါတယ်။ အဓိကကျတာက ခန်းမတစ်ခုလုံးမှာ မိန်းမအဖွဲ့သားတွေချည်းပဲ ရှိတာ ဖြစ်တဲ့အတွက် သူတို့လေ့ကျင့်တဲ့ ကျင့်စဉ်တွေနဲ့ သိုင်းပညာရပ်တွေ အကုန်လုံးက တိကျမှုနဲ့ လျင်မြန်မှုကို အသားပေးပါတယ်။ ထို့ကြောင့် ကြယ်တာရာခန်းမ အဖွဲ့သားတွေက လုပ်ကြံသတ်ဖြတ်ရာမှာ အထူး ကျွမ်းကျင်ကြတာပါ။
ထိုကဲ့သို့ အဖွဲ့တစ်ခုသာ သူတို့လက်ထဲ ရောက်လာခဲ့ရင် သူတို့ခွန်အားကို တော်တော်လေး တိုးမြင့်သွားစေနိုင်ပါတယ်။ ဒါပေမယ့် ရန်သူ့လက်ထဲကိုသာ ရောက်သွားခဲ့ရင်တော့ သူတို့ တော်တော်လေး ခေါင်းကိုက်ရမှာပါ။
ထို့ကြောင့် ဟော်ကျန်းက ကြယ်တာရာခန်းမ အကြောင်း ပြောတာကို ကြားလိုက်တာနဲ့ ဟော်ရှင်းချန်နဲ့ ရန်မိသားစု သခင်လေးတွေ အကုန်လုံး စိတ်ဝင်စားသွားခဲ့တာပါ။
ဟော်ရှင်းချန်က သာမန်ကာလျှံကာ အမူအရာနဲ့ ရန်မိသားစု သခင်လေးတွေကို စိုက်ကြည့်လိုက်တယ်။ ရန်ဝေကလွဲပြီး အားလုံးက သူ့ကို ပြုံးကာ လက်သီးဆုပ်နှုတ်ဆက်လိုက်ကြတယ်။
သူတို့အားလုံး ဟော်ရှင်းချန်ကို သူတို့ဘက် ပါစေချင်နေတာ အသိသာကြီးပါ။
တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ဟော်ရှင်းချန် အကြည့်က ရန်ကိုင်ဆီ ရောက်ရှိသွားခဲ့တယ်။ ကောက်ကျစ်တော့မယ့် အမူအရာနဲ့ ငေါ့ပြုံးပြုံးလိုက်ရင်း ခေါင်းညိတ်လိုက်ကာ “မင်းပဲ”
ရန်ကိုင် မျက်ခုံးကြော တွန့်ကွေးသွားခဲ့ပြီး စိတ်ရှုပ်နေတဲ့ အမူအရာနဲ့ ဟော်ရှင်းချန်ကို ကြည့်လိုက်တယ်။
ဟော်ရှင်းချန် သူ့ကို ရွေးလိမ့်မယ်လို့ သူဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။ ထင်ချင်လည်း ထင်ချင်စရာပါ။ ဘာလို့လဲဆိုတော့ သူတို့ကြားမှာ မကျေနပ်ချက် အချို့ရှိနေတာကိုး။ သူသာ သာမန်လူတစ်ယောက်ဆိုရင် အခြားသခင်လေး တစ်ယောက်ကို ထောက်ခံပြီး ရန်ကိုင်ကို ဖိနှိပ်ဖို့ ကြိုးစားမှာပါ။ ဒါပေမယ့် အခုတော့ သူ့နဲ့မကျေနပ်ချက်တွေ ရှိနေတဲ့လူကို သွားရွေးတယ် ဆိုတော့ သူဘာတွေးနေလဲ ဆိုတာကို ရန်ကိုင် လုံးဝ မစဉ်းစားတတ်တော့ပါဘူး။
“ဘယ်သူလဲ” ဟော်ကျန်း ကိုးယိုးကားယား ဖြစ်သွားခဲ့တယ်။
“သခင်လေးကိုင်လေ” ဟော်ရှင်းချန်က အပြုံးလေးနဲ့ ပြန်ပြောလိုက်တယ်။
မိသားစုခေါင်းဆောင် ခုနှစ်ယောက်စလုံး မျက်မှောင် ကြုံ့လိုက်ကြပြီး ချူရှို့ချန်ကတော့ ပိုပြီး ဇဝေဇဝါ ဖြစ်လာခဲ့တယ်။
“ဟေး၊ ကြယ်တာရာခန်းမကို အခုပဲ ကျုပ်ဆီ ပေးလိုက်တော့” ဟော်ရှင်းချန်က စိတ်လှုပ်ရှားနေတဲ့ပုံစံနဲ့ ပြောလိုက်တယ် “ကြယ်တာရာခန်းမနဲ့ ကျုပ်နာမည်က ခပ်ဆင်ဆင်ပဲ။ အဲ့ဒါကြောင့် အဲ့ခန်းမကို ကျုပ်ကပဲ ကိုင်တွယ်သင့်တာ။ ခင်ဗျားလည်း အသက်တော်တော်လေး ကြီးနေပြီဆိုတော့ အဲ့လို မိန်းမလှလေးတွေကို ဆက်ပြီး ဖက်တွယ်မနေသင့်တော့ဘူး”
ဟော်ကျန်းမျက်နှာတစ်ခုလုံး ဘီလူး သံပုရာသီး ကိုက်လိုက်ရသလို ဖြစ်သွားခဲ့တယ်။ လူမြင်ကွင်းမှာ ဖြစ်နေတဲ့အတွက် ထိုသကောင့်သားကို ပြင်းပြင်းထန်ထန် နှပ်ပစ်ကျိန်ဆဲ ပစ်ချင်ပေမယ့် သူ့ကိုယ်သူ အတတ်နိုင်ဆုံး ချုပ်တည်းထားခဲ့ပါတယ်။ အချိန်အတော်ကြာ သွားတော့မှပဲ ဒေါသတကြီးနဲ့ ပြန်ပြောလိုက်တယ် “ခွေးသူတောင်းစားလေး၊ ကြယ်တာရာခန်းမကို မင်းလက်ထဲ ငါထည့်ပေးမှာ မဟုတ်ဘူး”
ဟော်ရှင်းချန်က ရုတ်တရက် အံ့ဩသွားသည့် အမူအရာလေးနဲ့ “ခင်းဗျားစကားတွေ ချီးထုပ်လိုပဲ တန်ဖိုးမရှိတာလား။ ကျုပ်ရွေးပြီးသွားတာနဲ့ ကြယ်တာရာခန်းမကို ကျုပ်လက်ထဲ ထည့်ပေးမယ်လို့ ခင်ဗျားကြီးပဲ ပြောခဲ့တာလေ။ အခုတော့ ခင်ဗျားကြီးက မပေးဘူး လုပ်ပြန်ရော၊ ခင်းဗျားကြီးမှာ အရှက်ရော ရှိသေးရဲ့လား”
ဘေးနားမှာ ရှိနေတဲ့ မိသားစုခေါင်းဆောင်တွေ အကုန်လုံး မရယ်မိအောင် သူတို့ကိုယ်သူတို့ မနည်းထိန်းထား နေခဲ့ရတယ်။ တစ်ယောက်ချင်းစီက ပြုံးစိပြုံးစိ လုပ်ရင်း သားအဖ နှစ်ယောက် ပြောဆိုနေတာတွေကို မသိချင်ယောင် ဆောင်နေလိုက်တယ်။
ဟော်ရှင်းချန် ပြောတာကို ကြားလိုက်တာနဲ့ ဟော်ကျန်းက ဒေါသတကြီး ပြန်အော်လိုက်တယ် “တစ်ယောက်ယောက်ကို ရွေးပြီးတော့မှပဲ ကြယ်တာရာခန်းမကို မင်းလက်ထဲ ထည့်ပေးမယ်လို့ ငါပြောခဲ့တာလေ။ ဒါပေမယ့် မင်း… မင်း… ကောင်းတဲ့လူ တစ်ယောက်လောက် ရွေးခဲ့ရင် တော်သေးတယ်။ ဒါပေမယ့် မင်းက ဒါကိုမှာ လာရွေးခဲ့ရလား…”
ရန်ကိုင် အမူအရာ ချက်ချင်းဆိုသလို ရှုံ့မဲ့သွားခဲ့ပြီး ထူးထူးဆန်းဆန်း ပြုံးရင်း ဟော်ကျန်းကို စိုက်ကြည့်လိုက်တယ်။
ဟော်ကျန်းလည်း သူ့ကိုယ်သူ ခပ်မြန်မြန်ပဲ ပြန်ထိန်းချုပ်လိုက်တယ်။ ခြောက်ကပ်ကပ်နဲ့ ချောင်းဟန့်လိုက်ပြီး ထိုခေါင်းစဉ်ကို ဆက်မပြောတော့ပဲ ခေါင်းလေး တရမ်းရမ်းနဲ့ ချက်ချင်းပဲ ခေါင်းစဉ် ပြောင်းလိုက်တယ် “မကောင်းဘူ၊ ဒါက မကောင်းဘူး။ အခြားတစ်ယောက်ကို ရွေးလိုက်”
“ယောကျာ်း တစ်ယောက်အနေနဲ့ ပြောပြီးသား စကားကို ပြန်ပြင်လို့ ဘယ်ဖြစ်မလဲဗျ။ ဒါက ကျုပ်ရဲ့ မဟာမိတ်ကို ရွေးချယ်နေတာလေ။ ကိုယ်လုပ်တော် တစ်ယောက်ကို ရွေးချယ်နေတာမှ မဟုတ်တာ။ ကျုပ်စိတ်ကို ဘယ်လိုလုပ်ပြီး ချက်ချင်း ပြန်ပြင်လို့ ဖြစ်ပါ့မလဲ” ဟော်ရှင်းချန်က ယောကျာ်းကောင်း တစ်ယောက်ရဲ့ လေသံမျိုးနဲ့ သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ဆက်ပြောစရာ မလိုတော့ဘူး။ ကျုပ်ဆုံးဖြတ်ပြီးသွားပြီ”
“မင်း… မင်းက ကျေးဇူးမသိတတ်တဲ့ သားမိုက်တစ်ယောက်ပဲ” ဟော်ကျန်းက ဒေါသတကြီး အော်လိုက်တယ်။ သူနဖူးကြောတွေဆို ထောင်ထွက်နေခဲ့ပြီး သူ့မျက်နှာ တစ်ခုလုံးကလည်း ရဲရဲနီ နီမြန်းနေခဲ့ပါတယ်။ သူ့ရဲ့ အစစ်အမှန်ချီတွေတောင် မတည်မငြိမ်နဲ့ လှုပ်ခတ်နေခဲ့ပါပြီ။
“ဟေး၊ အဖေ၊ ခင်ဗျားကြည့်ရတာ အရမ်းဒေါသ ထွက်နေတဲ့ပုံပဲ။ ကျုပ်ကို ရိုက်ချင်လို့လား” ဟော်ရှင်းချန်က အားနည်းတဲ့ ကလေး တစ်ယောက် ပုံစံလေးနဲ့ ပြန်မေးလိုက်တယ်။ မသိတဲ့လူသာဆိုရင် ဟော်ရှင်းချန်က သူ့အဖေကို ဒေါသထွက်ပြီး မြန်မြန်သေအောင် လုပ်နေတယ်လို့တောင် ထင်သွားနိုင်ပါတယ်။
ကောင်းမိုတောက်က အရင်စဝင်ပြောလိုက်တယ် “လူအိုကြီးဟော်၊ အဲ့အကြောင်းကို မေ့လိုက်တော့။ မင်းသားမှာလည် သူ့အတွေးနဲ့ သူရှိမှာပေါ့၊ သူ့ကို ဘာလို့ ဒီလောက်တောင် အသည်းအသန် တားနေရတာလဲ” (၄၁၃တုန်းက ကောင်းမိုဂျင်းလို့ ရေးခဲ့ပါတယ်၊ အခု ကောင်းမိုတောက်လို့ ရေးပြန်ပါပြီ။ သူ့အတိုင်းပဲ ရေးထားလိုက်တယ်။ နောက်ပိုင်း ရေးသွားမယ့် နာမည်က အမှန်ဖြစ်လောက်ပါတယ်)
မန်ရှိပင်ကလည်း ဝင်ပြောလိုက်တယ် “အဲ့ဒါအမှန်ပဲ၊ ဒီအတိုင်းသာ လွှတ်ပေးလိုက်စမ်းပါကွာ။ ဒီလောက်ကြီးလည်း အရေးပါတာမှ မဟုတ်တာကို”
ဟော်ကျန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်ရင်း ပြန်ပြောလိုက်တယ် “ဘာမှ အရေးမပါတာ ဟုတ်လား။ ဒါက ငါတို့ ဟော်မိသားစုက သေသေချာချာ ပြုစုပျိုးထောင်ထားတဲ့ အင်အားစုကွ။ မင်းတို့ မိသားစုက ပြုစုပျိုးထောင်ထားတဲ့ အင်အားစုတွေကိုကော မင်းတို့ ဂရုမစိုက်ပဲ နေလို့လား”
ထိုတုန့်ပြန် စကားကို ကြားလိုက်တာနဲ့ ကျန်ရှိနေတဲ့ မိသားစု ခေါင်းဆောင်တွေ အကုန်လုံး ကိုးယိုးကားယားနဲ့ ရယ်မောလိုက်ကြပြီး ဘာမှ ပြန်မပြောနိုင်တော့ပါဘူး။
“ဟော်ကျန်း” ရန်ရင်ဟောင်လည်း ထိုသားအဖနှစ်ယောက်ကြားက အဖြစ်အပျက်ကို ဆက်မကြည့် နိုင်တော့တဲ့အတွက် အော်ပြောလိုက်တယ် “အမွေခံတိုက်ပွဲက ငါတို့ ရန်မိသားစုရဲ့ နောက်မိသားစုခေါင်းဆောင်ကို ရွေးဖို့ ကျင်းပတဲ့ အခမ်းအနားကြီး တစ်ရပ်နော်။ လူငယ်မျိုးဆက်တွေ သူတို့ အစွမ်းကို ပြသရမယ့် ပွဲတစ်ခုဆိုလည်း မမှားဘူး။ ရှင်းချန်က သူ့ရွေးချယ်မှုကို သုလုပ်ပြီးသွားပြီ။ ဝင်ပါသင့်တာထက် ပိုပြီး မင်းဝင်မပါသင့်ဘူးနော်”
ရန်ရင်ဟောင်ရဲ့ စကားကို ကြားလိုက်တာနဲ့ ဟော်ကျန်း မျက်မှောင်ကြုံ့လိုက်တယ်။
ဟော်ရှင်ချန်က ပြုံးလိုက်ပြီး “ရန်မိသားစုရဲ့ မိသားစု ခေါင်းဆောင်က ဟိုမရေမရာ၊ ဒီမရေမရာ ဖြစ်နေတဲ့ ငါတို့အိမ်က သက်ကြားအိုကြီးထက် ပိုပြီး အသိဥာဏ်ရှိတာပဲ”
“အခုလိုမျိုး သွေးနားထင်ရောက်နေတဲ့ ပုံစံ ထပ်လုပ်ရဲလုပ်ကြည့်၊ ငါမင်းကို ဒီနေရာမှာပဲ သတ်ပစ်လိုက်မှာ” ဟော်ရှန်းက ဒေါသတကြီး အော်ဟစ်လိုက်တယ်။
“ကောင်းပြီ၊ ကောင်းပြီ။ ခင်ဗျားကြီးကလည်း ငယ်တော့တာလည်း မဟုတ်ဘူး။ ခင်ဗျားအသက်အရွယ်နဲ့ဆို အိမ်မှာပဲ အေးအေးဆေးဆေး နားနေသင့်တာ။ ဟော်မိသားစုကို ကျုပ်လက်ထဲသာ ထည့်ပေးလိုက်။ ကျုပ်ကောင်းကောင်း ကိုင်တွယ်ပေးလိုက်မယ်” ဟော်ရှင်းချန်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး စိတ်မရှည်တဲ့ပုံစံနဲ့ ပြောလိုက်တယ်။
“မသိတတ်တဲ့ သောက်ကလေးကွာ” ဟော်ကျန်းက မကျေမချမ်းနဲ့ အံ့ကြိတ်လိုက်ပြီး “မင်းရွေးချင်တာသာရွေးတော့၊ ဒီလူအိုကြီး မင်းကို မတားတော့ဘူး။ ဒါပေမယ့် ကြယ်တာရာခန်းမကို မင်းလက်ထဲ ထည့်ပေးမယ်လို့ ထင်နေရင်တော့ မင်းအိမ်မက် မက်နေတာပဲ ဖြစ်လိမ့်မယ်”
ပြောပြီးတာနဲ့ ဟော်ရှန်း စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားလိုက်တယ်။
ဟော်ရှင်းကျန်က ဟော်ကျန်းပြောတာကို နည်းနည်းလေးတောင် ဂရုမစိုက်ပါဘူး။ အဲ့အစား ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်ရင်း “သခင်လေးကိုင်၊ ကြည့်ရတာ ငါတို့ ညီအစ်ကိုတွေ အချင်းချင်း ပုခုံးဖက်ပြီဂ တိုက်ခိုက်ရတော့မယ့် ပုံပဲနော်”
ရန်ကိုင်ကတော့ ဟော်ရှင်းချန်ကို အမှုမထားသည့်ဟန်နဲ့သာ ပြန်စိုက်ကြည့်လိုက်တယ်။
အားလုံးလည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်လို့ ပြီးသွားပါပြီ။
ရန်သခင်လေး ရှစ်ယောက်လည်း တိမ်သွားမြင်းတွေကို အပြင်းနှင်ပြီး စစ်ပွဲမြို့တော်ဆီ စတင် ချီတက်နေကြပါပြီ။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ကိုးယိုးကားယား အမူအရာနဲ့ ရန်ကိုင်ကို အသာအယာလေး ခေါင်းညိတ်လိုက်ပြပြီး တာနဲ့ ရန်ခန်းနောက် လိုက်သွားခဲ့ကြတယ်။
ရန်ကိုင်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း အငြိုးကြီးတဲ့ မြွေတစ်ကောင်လို ပြုံးလိုက်ပြီး ကျုကောင်းရီနဲ့ ရင်းဂျုကို အချက်ပြလိုက်တယ် “သွားကြမယ်”
“ဟုတ်ကဲ့ပါ” နှစ်ယောက်စလုံး သံပြိုင် အော်ဟစ်လိုက်ကြတယ်။
ဟော်ရှင်းချန်က ရန်ကိုင်နား ကပ်သွားခဲ့ပြီး ရန်ကိုင်ကို စိတ်ဝင်တစားနဲ့ ကြည့်လိုက်တယ်။ ထို့နောက် ကျုကောင်းရီနဲ့ ရင်းဂျုကို ပြန်ကြည့်လိုက်ပြီး ရယ်ကာမောကာနဲ့ ပြောလိုက်တယ် “စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ။ ဘယ်အင်အားစုကမှ မင်းကို မထောက်ပံ့ချင်ကြဘူး၊ ပြီးတော့ သင်္ချိုင်းကုန် ခြေတစ်ဖက်လှမ်းနေတဲ့ သွေးစစ်သည်တော် နှစ်ယောက်နဲ့၊ မင်းအခြေအနေ သိပ်မကောင်းတော့ဘူးလားလို့”
“မဟုတ်တာတွေပဲ ဆက်ပြောနေမယ်ဆိုရင် ငါမင်းကို ကန်ထုတ်ပစ်မှာကို မယုံမရှိနဲ့” ရန်ကိုင်က ဟော်ရှင်းချန်ကို အေးစက်စက်နဲ့ ပြန်စိုက်ကြည့်လိုက်တယ်။
ရန်ကိုင် ပြောတာကို ကြားလိုက်တာနဲ့ ဟော်ရှင်းချန် ကြောင်သွားခဲ့တယ်။ ရန်ကိုင် သူ့ကို အခုလိုမျိုး ရက်ရက်စက်စက်နဲ့ ခွန်းတုန့်ပြန်လိမ့်မယ်လို့ သူတကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး။ ရန်ကိုင်ရဲ့ ကြိမ်းမောင်းဟန်တို့ ပါဝင်နေတဲ့ စကားကို ကြားလိုက်ရပေမယ့် စိတ်မဆိုးသွားခဲ့ပဲ ပိုပြီးတော့တောင် စိတ်ဝင်စားသွားခဲ့ကာ “မင်းရဲ့ ညီအစ်ကိုတွေ အားလုံးက ကြင်နာပြီး ဖော်ရွေကြတဲ့ လူတွေချည်းပဲ။ ဒါကိုတောင် မင်းက ငါ့ကို အခုလိုမျိုး ဆက်ဆံရဲတယ်ပေါ့။ မင်းက တကယ်ကို စိတ်ဝင်စားစရာပဲ။ ဒီညကို မင်းဘယ်လို ကျော်ဖြတ်မလဲ ဆိုတာကို ဒီသခင်လေး တော်တော်လေး စိတ်ဝင်စားမိနေပြီ”
“ငါရှုံးတော့မယ်လို့ မင်းထင်နေတာလား” ရန်ကိုင်က ပြုံရင်း ဟော်ရှင်းချန်ဆီ ရုတ်တရက် လှည့်ကြည့်လိုက်တယ်။
ဟော်ရှင်းချန် သူ့ကို ထောက်ခံမယ်လို့ ရန်ကိုင် အိမ်မက်ထဲမှာတောင် ထည့်မမက်ခဲ့ဖူးပါဘူး။ ရန်ကိုင်က ဟော်ရှင်းချန်ကို အားကိုးဖိုး မကြိုးစားသလို ဟော်ရှင်းချန်ဆီက အကူအညီ ယူဖို့ကိုလည်း နည်းနည်းလေးမှ မစဉ်းစားထားပါဘူး။ အခုမှပဲ ထိုကောင် ဘာတွေ တွေးနေလဲ ဆိုတာကို သူနားလည်သွားတော့တယ်။
သူက ပွဲကြည့်ဖို့ ရှေ့ခုံတစ်ခုံ လိုချင်နေတာကိုး။
“ဒီသခင်လေး ဘာလို့ ရွေးလိုက်တယ်လို့ မင်းထင်နေတာလဲ” ဟော်ရှင်းချန်က ထေ့ငေါ့တဲ့ လေသံနဲ့ “အစွယ်မရှိ၊ လက်သည်း မရှိတဲ့ ကျားတစ်ကောင် ဒီအမွေခံတိုက်ပွဲမှာ ဘယ်လို ရှုံးနိမ့်သွားမလဲ ဆိုတာကို ကြည့်ချင်လို့ ဒီသခင်လေးက မင်းကို ရွေးလိုက်တာကွ”
“အဲ့လိုဆိုရင် မင်းစိတ်ပျက်ရတော့မှာကိုပဲ ငါကြောက်မိတယ်” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ရင်း ယုံကြည်ချက်တို့ ပြည့်လျမ်းနေတဲ့ မျက်ဝန်းအစုံနဲ့ ဟော်ရှင်းချန်ကို ကြည့်ကာ ပြန်ပြောလိုက်တယ်။
ဟော်ရှင်းချန်က အထင်အမြင်သေးစွာနဲ့ နှာခေါင်းရှုံ့လိုက်ပြီး “မင်းရဲ့ ကိုယ်ပိုင်ခွန်အားက တကယ်ကို ကြောက်ဖို့ ကောင်းတယ် ဆိုတာကို ငါဝန်ခံပါတယ်။ ဒါပေမယ့် အမွေခံတိုက်ပွဲဆိုတာ တစ်ယောက်ကောင်းလို့ ရတဲ့ တိုက်ပွဲမျိုးမှ မဟုတ်တာ”
ထို့နောက် ဟော်ရှင်းချန်က ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်ကို လက်ညိုးထိုးပြလိုက်ပြီး “အဲ့နှစ်ယောက်က မင်းကို ကူညီပေးနိုင်မယ်လို့ မင်းထင်နေတာလား။ မင်းလည်း ငါ့အိမ်က လူအိုကြီးလိုပဲ ဦးနှောက်တွေ မကောင်းတော့ဘူးနဲ့ တူတယ်”
ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံးရဲ့ အမူအရာ သုန်မှုန်သွားခဲ့ပြီး နှစ်ယောက်စလုံးက ပြတ်သားသည့် လေသံနဲ့ ပြန်ပြောလိုက်တယ် “ကျုပ်တို့ လက်အောက်ငယ်သား နှစ်ယောက်စလုံး အသက်ပေးရမယ် ဆိုရင်တောင် ၊ သခင်လေးနားကို ဘယ်သူ့ကိုမှ ကပ်ခွင့် ပေးမှာမဟုတ်ဘူး”