အခန်း (၄၄၁-၄၄၅)
Vol. 18 Ch. 441-445
အပိုင်း(၄၄၁) နင့်မျက်နှာ တကယ်ကို အရေထူလွန်းတာပဲ
“အခုလို စဉ်းစားပေးတာနဲ့တင် လုံလောက်နေပါပြီ” တိမ်မိစ္ဆာနယ်နေတဲ့ တိုက်ပွဲမှာ ပထမအဆင့် အင်အားစုအကုန်လုံးနီးပါး ပါဝင်ခဲ့ပါတယ်။ ပါဝင်ခဲ့တဲ့ အင်အားစုတွေ အကုန်လုံးနီးပါး အထိနာခဲ့ပြီး အချို့ဆိုရင် ပြင်းပြင်းထန်ထန်ကို အထိနာသွားခဲ့တာပါ။ သူက ရန်မိသားစု သခင်လေးတွေထဲ တစ်ယောက် ဖြစ်မှန်း သိလိုက်တာနဲ့ သူမေ့လျော့လုလု ဖြစ်နေတဲ့ လူတွေအကုန်လုံးက အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ပြီး သူ့ကို ထောက်ခံပေးလိမ့်မယ်လို့ ရန်ကိုင် တကယ်ကို မမျှော်လင့်ထားခဲ့တာပါ။
ပန်းပေါင်းတစ်ထောင် နန်းတော်က မိန်းကလေးတွေ အနေနဲ့ အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ရာ သူမတိုရဲ့ ရာစုနှစ်တာ အစဉ်အလာကို ချိုးဖျက်ခဲ့ရပါတယ်။ ထိုကဲ့သို့ အစဉ်အလာကို ချိုးဖျက်တဲ့အခါ အခက်အခဲများစွာကို သူမတို့ ကြုံခဲ့ရမှာ အသေအချာပါပဲ။
အရေးအကြီးဆုံးကတော့ မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေ သူတို့နားသို့ မပေါက်ကြားသေးတာပါပဲ။ ထို့ကြောင့် စစ်ပွဲမြို့တော်ရဲ့ လက်ရှိအခြေအနေကို သူတို့ မသိသေးဘူးလို့ ပြောလို့ ရပါတယ်။ ရန်ကိုင်ရဲ့ လက်ရှိ အခြေအနေကို မသိသေးပဲနဲ့တောင် ရန်ကိုင်ဘက်ကနေ ရပ်တည်ပေးဖို့ သူတို့ ကြိုးစားခဲ့ပါတယ်။ ဒါကို သူဘယ်တော့မှ မေ့လို့ရလိမ။
ထိုလူတွေအကုန်လုံးက သူနဲ့ သီးခြားကမ္ဘာမှာတွေ့ခဲ့တဲ့ လူတွေချည်းပါပဲ။ အခုလိုမျိုး ဗဟိုမြို့တော်အထိ ရောက်လာခဲ့ရတာကလည်း သူ့ကို ရိုးရိုးသားသားနဲ့ ကူညီပေးချင်လို့ပါ။ တကယ်တော့ ရန်ကိုင်က သူတို့ အားလုံးရဲ့ အသက်ကို တန်းလန်မင်းဆက် ကျင့်ကြံသူတွေရဲ့ လက်ထဲကနေ ကယ်တင်ပေးခဲ့တာလေ။
ပြီးတော့ ထိုလူတွေအားလုံးက သူတို့ဂိုဏ်းအသီးသီးရဲ့ လူငယ်မျိုးဆက် ခေါင်းဆောင် တွေချည်းပါပဲ။
“ရေလန်ခန်းမ၊ သန့်စင်နှလုံးသားနန်းတော်၊ ငှက်မွှေးပျံအိမ်တော်၊ ပန်းပေါင်းတစ်ထောင် နန်းတော်…” ချူရီမန်မျက်နှာလေး လပြည့်ဝန်းတစ်ခုပမာ ဝင်းပသွားခဲ့ပြီး စိတ်လှုပ်ရှားနေတဲ့ လေသံလေးနဲ့ ပြန်ပြောလိုက်တယ် “အင်အားစုတွေ အကုန်လုံးက ပထမအဆင့် အင်အားစုတွေချည်းပဲ။ ပထမဆုံး အင်အားစု သုံးခုကို ဘေးဖယ်ထားရင်တောင် ပန်းပေါင်းတစ်ထောင် နန်းတော်က နင့်ကို လာရောက်ထောက်ပံ့ ကူညီပေးတာနဲ့တင်… ရန်ကိုင်… နင်တော်တော် မျက်နှာပန်း ပွင့်နေပြီလို့ ပြောလို့ရတယ်၊ အဲ့အင်အားစုတွေ အကုန်လုံးကို နင်ဘယ်လိုများ တွေ့ခဲ့တာလဲ”
ဒေါင်ချင်းဟန်နဲ့ ဖန်ဟောင်လည်း ရန်ကိုင်ကို အံ့အားသင့်စွာနဲ့ စိုက်ကြည့်နေခဲ့တယ်။ ရန်ကိုင်ရဲ့ အသိုင်းအဝိုင်း အဝန်းက ဒီလောက်အထိ ကျယ်ပြန့်လိမ့်မယ်လို့ သူတို့ မထင်ထားခဲ့တာ အမှန်ပါ။
ချန်ယွဲ့ရှုက ပြုံးကာ ခေါင်းခါရမ်းလိုက်ပြီး “တကယ်တမ်း ပြောရမယ် ဆိုရင် အဆက်အသွယ် မရသေးတဲ့ နောက်ထပ် အင်အားစု နှစ်ခုရှိသေးတယ်။ ညီအစ်ကိုရန်က အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အကြောင်းကိုသာ သူတို့ ကြားသွားမယ်ဆိုရင် သူတို့လည်း ရန်ကိုင်ကို အပြေးလာကူမှာ”
“အို၊ ဘယ်အင်အားစု နှစ်ခုလဲ” ချူရီမန်က စိတ်ဝင်စား သွားခဲ့တယ်။ သူမစိတ်ထဲမှာလည်း ရန်ကိုင့် အဆက်အသွယ် ဘယ်လောက်အထိ ကျယ်ပြန့်လဲ ဆိုတာကို အတိအကျ သိချင်နေမိခဲ့တယ်။
“တစ်ခုက အဆုံးမဲ့ပယ်လယ်ကျွန်းက အသူရာဂိုဏ်းပဲ၊ အခြား တစ်ခုကတော့ တန်းလန်မင်းဆက်က ဆန်းလော့ဘုရားကျောင်းပေါ့”
သူပြောလိုက်တဲ့စကားကို ကြားလိုက်တာနဲ့ ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံး ကြက်သေသေသွားခဲ့တယ်။
အဆုံးမဲ့ပင်လယ်ကျွန်းက အသူရာဂိုဏ်း… အသူရာဂိုဏ်း အကြောင်းကို အသေးစိတ်ကျကျ သိတဲ့လူဆိုလို့ ဒီအဖွဲ့ထဲမှာ ချူရီမန် တစ်ယောက်ပဲ ရှိပါတယ်။ ထိုအသူရာဂိုဏ်းက ပထမအဆင့် အင်အားစု တစ်ခုဖြစ်ပြီး ဟန်မင်းဆက်က သာမန်ပထမအဆင့် အင်အားစုတွေအောက် မနိမ့်ကျပါဘူး။ တကယ်တော့ အဆုံးမဲ့ပင်လယ်ကျွန်းမှ ဂိုဏ်းတွေက မိုးမြေစွမ်းအင်တွေ သိပ်သည်းတဲ့ ကျွန်းတွေကို ပိုင်ဆိုင်ထားကြသဖြင့် ဟန်မင်းဆက်မှာ မရှိတဲ့ ရှားပါးပစ္စည်းတွေကို သူတို့ဆီမှာ ရလေ့ရှိပါတယ်။ ထို့ကြောင့် ဟန်မင်းဆက်မှာထက် စာရင် အဆုံးမဲ့ပင်လယ်ကျွန်းက ကျင့်ကြံဖို့အတွက် ပိုပြီး ကောင်းမွန်တဲ့ နေရာတစ်ခုလို့ ပြောလို့ ရပါတယ်။
ဆန်းလော့ဘုရာကျောင်းကိုတော့ အခန်းထဲမှာ ရှိနေတဲ့ လူအားလုံး ကြားခဲ့ဖူးကြပါတယ်။
ဆန်းလော့ဘုရားကျောင်းက တန်းလန်မင်းဆက်ရဲ့ မဟာအင်အားစုကြီး တစ်ခုဖြစ်ပြီး ဗဟိုမြို့တော်က မိသားစုကြီး ရှစ်ခုနဲ့ အဆင့်အတူတူလို့ ပြောလို့ ရပါတယ်။ ဒီလောကကြီးနဲ့သာ အဆက်အသွယ် မပြတ်သေးဘူး ဆိုရင် ဆန်းလော့ဘုရားကျောင်း နာမည်ကို သူတို့ ကြားဖူးကြမှာပါ။ ရန်ကိုင်ရဲ့ ခန်းမထဲမှာ စုဝေးနေတဲ့ သခင်လေးတွေ၊ သခင်မလေးတွေ အကုန်လုံးက ပထမအဆင့် အင်အားစုတွေက လာတဲ့လူတွေချည်း ဖြစ်တဲ့အတွက် သူတို့လည်း ဆန်းလော့ဘုရားကျောင်း အကြောင်း ကြားဖူကြပါတယ်။
“သခင်လေးကိုင်က တကယ်ကို အံ့အားသင့်စရာ ကောင်းတာပဲနော်။ အဆုံးမဲ့ပင်လယ်ကျွန်းက အင်အားစုက လူတွေနဲ့ မိတ်ဆွေဖွဲ့ထားနိုင်ရုံတင် မဟုတ်ပဲ ဟန်မင်းဆက်ကို ကျော်ပြီး အခြားမင်းဆက်က မဟာအင်အားစုကြီး တစ်ခုက လူတွေနဲ့တောင် မိတ်ဆွေဖွဲ့ ထားနိုင်သေးတယ်။ ဒီဖန်ဟောင် သခင်းလေးကိုင်ကို တကယ်ပဲ လုံးဝကို အထင်ကြီးလေးစားမိသွားပြီ”
“လိမ်ဖို့ညာဖို့ပဲ တတ်တဲ့ကောင်စုတ်…” ချူရီမန်က အံတင်းတင်း ကြိတ်ပြီး “နင့်ကို ကူညီပေးမယ့် အင်အားစုတွေ ဘယ်လောက်ရှိလဲလို့ ငါမေးတုန်းက ဘာမှမရှိဘူးဆို။ နင့်ရဲ့ မဟုတ်တုတ်က စကားတွေကို ငါမှာ ယုံမိလုနီးနီးပဲ… ဟတ်၊ နင်ငါ့ကို ဘယ်လိုထပ်ပြီး အရူးလုပ်မလဲ ဆိုတာကို ကြည့်ချင်မိသေး”
ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး ယဲ့ယဲ့လေးသာ ရယ်မောလိုက်တယ်။ ဘာတစ်ခွန်းမှတော့ ပြန်မပြောခဲ့ပါဘူး။
အစတုန်းက ချန်ယွဲ့ရှု ပြောတဲ့ အင်အားစုတွေကို ထည့်မတွက်ပဲ သူပြောခဲ့တာပါ။ ဒါပေမယ့် ထိုဂိုဏ်းသားတွေရဲ့ အပြုအမူက သူ့ကို တကယ်ပဲ အံ့အားသင့်သွားစေခဲ့တယ်လို့တော့ ပြောလို့ ရပါတယ်။
“ဂျူနီယာညီလေးရန်၊ ဒီက သခင်လေးကိုင်က မင်းဖြစ်နေမှတော့ ဒီသတင်းကောင်းကို ငါ့ဂိုဏ်းက လူတွေဆီ သွားပို့လိုက်ဦးမယ်။ ငှက်မွှေးပျံနန်းတော်၊ ရေလခန်းမ၊ သန့်စင်နှလုံးသား နန်းတော်နဲ့ ပန်းပေါင်းတစ်ထောင် နန်းတော်ကိုပါ တစ်ခါတည်း သတင်းသွားပေးလိုက်မယ်။ ဒီမှာ ရှိတဲ့ သခင်လေးရန်ကိုင်က သူတို့သိတဲ့ ရန်ကိုင် ဟုတ်လား၊ မဟုတ်လား ဆိုတာကို သူတို့ ခန့်မှန်းနေလိမ့်မယ် ဆိုတာ သေချာသလောက်ပဲ။ မင်းသာ သူတို့သိတဲ့ ရန်ကိုင် ဖြစ်နေမှန်း သိခဲ့ရင် သူတို့ ပျော်သွားလိမ့်မယ်လို့ ငါအတပ် ပြောရဲတယ်” ချန်ယွဲ့ရှုက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုရင် စီနီယာအစ်ကိုပဲ ကျုပ်ဒုက္ခပေးရတော့မှာပေါ့”
ပြောပြီးတာနဲ့ တစ်ချက်လောက် ရပ်တန့်လိုက်ပြီး ရန်ကိုင်က လှမ်းအော်ခေါ်လိုက်တယ် “ရင်းဂျု”
ရုတ်တရက် ခန်းမထဲ ဝေဝါးတဲ့ ပုံရိပ်တစ်ခုက တစ္ဆေတစ်ကောင်လို ထွက်ပေါ်လာခဲ့တယ်။ သူ ဘယ်အချိန်က ရောက်လာလဲ ဒါမှမဟုတ် ဒီမှာ ဘယ်လောက်ကြာအောင် ပုန်းအောင်းနေလဲ ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ တကယ်တော့ သူက ဒီမှာ တစ်ချိန်လုံး ရှိနေတာလည်း ဖြစ်နိုင်သေးတာပါပဲ။ ထိုဝေဝါးဝါး ပုံရိပ်က အကြိမ်အနည်းငယ်လောက် ယိမ်းထိုးနေခဲ့ပြီးနောက် ရင်းဂျုပုံစံအဖြစ် တဖြည်းဖြည်း သိပ်သည်းသွားခဲ့တယ်။
ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံး တုန်လှုပ်ချောက်ချား သွားခဲ့တယ်။ အထူးသဖြင့် သူတို့ရဲ့ သခင်လေး၊ သခင်မလေး ကိုယ်စီနောက် မတ်တပ်ရပ်နေကြတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်တွေပေါ့။ ဒီကို ရောက်လာခဲ့တုန်းက သူတို့တောင် ရင်းဂျုရဲ့ အရှိန်အဝါကို အာရုံမခံ မိခဲ့ပါဘူး။
ဒီသွေးစစ်သည်တော်က… တကယ်ကို ပုံမှန်မဟုတ်ဘူးပဲ။
“ရင်းဂျု ရောက်ပါပြီ သခင်လေး”
“စီနီယာအစ်ကိုချန်ကို မြို့ပြင် လိုက်ပို့ပေးလိုက်”
“ဟုတ်ကဲ့ပါ”
ချန်ယွဲ့ရှုနဲ့ စုရှောင်းယုတို့ နှစ်ယောက်စလုံး ရန်ကိုင်ဆီ ဘေးကင်းကင်း၊ အနှောက်အယှတ် ကင်းကင်းနဲ့ ရောက်လာ နိုင်ခဲ့ပေမယ့် ရန်ကိုင် ခြံဝန်းထဲကနေ ပြန်ထွက်သွားမယ် ဆိုရင်တော့ သူ့ ညီအစ်ကိုတွေက သူတို့ နှစ်ယောက်ကို ရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်မှာ အသေအချာပါပဲ။ သူတို့ကိုသာ လိုက်လံစောင့်ရှောက်ပေးမယ့် ပညာရှင် တစ်ယောက် ရှိမနေခဲ့ရင် လမ်းတစ်ဝက်မှာတင် ကြားဖြတ် တိုက်ခိုက်ခံရနိုင်ပါတယ်။
ရန်မိသားစုရဲ့ သခင်လေးကိုယ်စီမှာ ကိုယ်ပိုင်း သတင်းစုဆောင်းပေးမယ့် အဖွဲ့အစည်းတွေ ရှိကြပါတယ်။ ထို့ကြောင့် သူတို့ရဲ့ ပြိုင်ဘက်တွေရဲ့ အင်အား တိုးမလာ စေဖို့အတွက် ရသမျှ နည်းလမ်းအကုန်သုံးပြီး နှောင့်ယှတ်ဖို့ ကြိုးစားမှာ အသေအချာပါပဲ။
ချန်ယွဲ့ရှုကလည်း ထိုအချက်ကို နားလည်ထားပါတယ်။ ထို့ကြောင့် ငြင်းပယ်ဖို့ မကြိုးစားခဲ့ပဲ့ ရင်းဂျုဘက်သာ လှည့်ပြီး တည်တည်ငြိမ်ငြိမ် လေးလေးစားစားနဲ့ ပြောလိုက်တယ် “စီနီယာရဲ့ ကာကွယ် စောင့်ရှောက်ပေးမှု အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဂျုနီယာညီလေးရန်၊ ဂျုနီယာညီမလေးစုနဲ့ ငါအခုပဲ ထွက်သွားတော့မယ်”
“ညီမလေးစု ဒီမှာပဲ နေကျန်ခဲ့ပါလား။ သတင်းပို့တာ တစ်ယောက်နဲ့တင် လုံလောက်နေပြီလေ” ချူရီမန်က ရုတ်တရက် ကောက်လိုက်တယ်။ ပြုံးနေရင်းနဲ့ ဆက်ပြီး ပြောလိုက်ပါတယ် “နားလည်မှုလည်း မလွဲနဲ့ဦး။ ငါက သီးခြားကမ္ဘာတွေထဲမှာ ဘာတွေဖြစ်ခဲ့ပြီး ဒီက ကောင်စုတ်ကို နင်တို့ ဘယ်လိုသိသွားခဲ့တာလဲ ဆိုတာကို ပိုပြီး အသေးစိတ်ကျကျ သိချင်လို့ နင့်ရဲ့ဂျူနီယာ ညီမလေးကို မေးမလို့ပါ”
ထိုစကားကို ကြားလိုက်တာနဲ့ ချန်ယွဲ့ရှုက ကူကယ်ရာမဲ့စွာနဲ့ ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “ကောင်းပြီလေ။ ဒါဆိုရင် ဂျူနီယာညီမလေးစု၊ နင်ဒီမှာပဲ သခင်မလေးချူကို အဖော်ပြုပြီး နေကျန်ရစ်ခဲ့ပေါ့။ ငါသွားတာ မကြာပါဘူး”
ပြောပြီးတာနဲ့ ရန်ကိုင်ကို လက်သီးဆုပ် နှုတ်ဆက်ဟန် ပြုလိုက်ပြီး ဝင်ပေါက်ဆီ ထွက်သွားလိုက်တယ်။
ရင်းဂျုက တိတ်တဆိတ်နဲ့ ခေါင်းညိတ်လိုက်ပြီး သူ့ပုံရိပ်က နောက်တစ်ကြိမ် ဝေဝါးပျောက်ကွယ် သွားခဲ့တယ်။
“ချူရီမန်၊ သူတို့အတွက် နေစရာ စီစဉ်ပေးလိုက်ဦး” ရန်ကိုင်က ချူရီမန်ကို ညွှန်ကြား လိုက်ပြီးနောက် ခန်းမထဲမှာ ရှိတဲ့ အခြားသူတွေဘက် လှည့်ကာ “မင်းတို့အားလုံး လုပ်စရာ ရှိတာတွေ ရှိသေးရင် လုပ်ထားလို့ ရတယ်နော်။ အချိန်တို အတွင်းတော့ တိုက်ပွဲတွေ ဖြစ်လာဦးမှာ မဟုတ်လောက် သေးဘူး။ ဒီအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး အနားယူရင်း တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် လုပ်ထားသင့်တယ်”
“နင်ဘာလုပ်ဦးမလို့လဲ” ချူန်ရီမန်က မေးလိုက်တယ်။
“ကျင့်ကြံမှာလေ” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး လှည့်ထွက်သွားလိုက်တယ်။
“ကျင့်ကြံဖို့ပဲ ခေါင်းထဲရှိတဲ့ သိုင်းရူးပဲ” ချူရီမန်က ခေါင်းခါရမ်းလိုက်ပြီး မဲ့ပြုံးပြုံးလိုက်တယ်။
“သူဒီလောက် အားကောင်း နေရတာလည်း ယုတ္တိမဆန်တာတော့ မဟုတ်ဘူးပဲ” ဟော်ရှင်းချန်က တွေးတွေးဆဆနဲ့ ရေရွတ်လိုက်ရင်း သူ့မျက်နှာက ရုတ်တရက်ကြီး ခါးသီးသွားခဲ့ကာ “ငါသာ သူ့တစ်ဝက်လောက် ကြိုးစားခဲ့ရင် သူနဲ့ငါ့ကြားက ကွာခြားချက်က ဒီလောက်အထိ ကြီးမားနေလိမ့်မှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား”
ချူရီမန်ကတော့ ပြန်ဖြေဖို့ကို ပျင်းရိလွန်းနေခဲ့တယ်။
အခန်းထဲ၌ ရန်ကိုင်က တင်ပလင်ခွေ ထိုင်လိုက်ပြီး အနက်ရောင်စာအုပ်ရဲ့ သိုလှောင်နေရာလွတ်ထဲက ပစ္စည်းတွေကို စစ်ဆေးကြည့်နေခဲ့တယ်။
အရင်အချိန်တွေအတွင်း ရန်ကိုင်က အရင်းအမြစ် များစွာကို ရသလောက် စုဆောင်းနေခဲ့တာပါ။ ထို့ကြောင့် သူ့ရဲ့ အနက်ရောင်စာအုပ်က အခုအချိန်၌ အမျိုးမျိုးသော အထောက်အပံ့ ပစ္စည်းတွေနဲ့ ပြည့်လို့နေခဲ့ပါတယ်။ ဖော်စပ်ပြီးသား ဆေးလုံးတွေ၊ လက်နက်တွေ အကုန်လုံး သူ့ရဲ့ အနက်ရောင်စာအုပ်ရဲ့ သိုလှောင်နေရာလွတ်ထဲမှာ ရှိနေခဲ့ပါတယ်။ ဟော်ရှင်းချန် ယူလာခဲ့တဲ့ မြေကမ္ဘာအဆင့် လက်နက်တွေတောင် အနက်ရောင် စာအုပ်ရဲ့ သိုလှောင်နေရာလွတ်ထဲမှာ ရှိနေခဲ့ပါတယ်။
ထိုလက်နက်တွေနဲ့ ဆိုရင် သူ့ကို ထောက်ပံ့ပေးနေတဲ့ လက်ရှိ လူအားလုံးကို လက်နက်ကိုယ်စီ တပ်ဆင်ပေးလို့ ရသွားပါပြီ။
အခု ရန်ကိုင်က အားကောင်းတဲ့ အင်အားစုတစ်ခု တည်ထောင်ပြီးသွားခဲ့ပါပြီ. ဒါပေမယ့် သူ့ရှေ့က တလက်လက် တောက်ပနေတဲ့ ပစ္စည်းပုံကြီးကို ကြည့်ရင်း ရန်ကိုင် စိတ်မလှုပ်ရှားပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။
ထိုပစ္စည်းတွေထဲ အဆင်မြင့် စိတ်ဝိဥာဉ် မြက်တွေနဲ့ ဆေးပင်တွေ၊ ရှားပါးပြီး အဖိုးတန်တဲ့ သတ္တုကုန်ကြမ်း ပစ္စည်းများစွာနဲ့ အမျိုးမျိုးသော ဖော်စပ်ပြီးသား ဆေးလုံးတွေ ပါဝင်နေခဲ့ပါတယ်။
သူသာ ဆေးပညာရှင် ကောင်းကောင်းနဲ့ လက်နက် ထုလုပ်တဲ့ ပညာရှင် ကောင်းကောင်း ငှားနိုင်ခဲ့ရင် ရှားပါးပြီး အသုံးဝင်တဲ့ စိတ်ဝိဥာဉ် ဆေးလုံးများစွာနဲ့ လက်နက်တွေကို သန့်စင်ဖို့ ရပါပြီ။
ရသလောက် စုဆောင်းနေရင်း သူ့ရဲ့ ချမ်းသားကြွယ်ဝမှုက အလယ်အလတ်အဆင့် မိသားစု တစ်ခုရဲ့ ပိုင်ဆိုင်မှု နီးပါးအထိ ရောက်ရှိလာခဲ့တာကို ရန်ကိုင် မတော်တဆ သတိပြုမိသွားခဲ့တယ်။ ဒါတောင် အစပဲ ရှိပါသေးတယ်။
ဒီကျင့်ကြံခြင်း လောကကြီး တစ်ခုလုံးမှ ဗဟိုမြို့တော် အတွင်းသို့ တင်သွင်းနေသော ကုန်ကြမ်းပစ္စည်း များစွာကို ဝါးထုံးဂိုဏ်းက အဆက်မပြတ် ဝယ်ယူနေခဲ့ပါတယ်။ ပြီးတော့ အင်အားစုများစွာက သူနဲ့ လာပြီး ပူးပေါင်းလာခဲ့တာနဲ့ အမျှ သူ့ရဲ့ ကြွယ်ဝမှုကလည်း ပိုပြီး တိုးများလာမှာ အသေအချာပါပဲ။
ရန်ကိုင် တစ်ယောက်တည်း လိုအပ်တဲ့ ပစ္စည်းတွေ စုဆောင်းနေတာ မဟုတ်ပါဘူး။ သူ့ အစ်ကိုတွေလည်း စုဆောင်းနေခဲ့ပါတယ်။ ဒီနေရာမှာတော့ ရန်ကိုင်က သူ့ အစ်ကိုကြီးတွေထက် ခြေတစ်လှမ်း သာနေခဲ့ပါတယ်။
အမွေခံတိုက်ပွဲ စလိုက်တာနဲ့ အပြင်လူတွေ ပထမဆုံး သတိပြုမိတဲ့ အချက်က ဆေးအမယ်တွေနဲ့ လက်နက် သန့်စင်တဲ့ ကုန်ကြမ်းပစ္စည်း ဈေးနှုန်းတွေ တစ်ဟုန်ထိုး မြင့်တက်လာတာကိုပါ။
ထိုပစ္စည်းတွေရဲ့ တန်ဖိုးတွေ မြင့်တက်လာတာနဲ့ ဆေးပညာရှင်တွေနဲ့ လက်နက်သန့်စင်သူတွေရဲ့ အဆင့်အတန်းကလည်း မြင့်တက်လာပါလိမ့်မယ်။ ဆေးပညာရှင် များစွာနဲ့ လက်နက်ပညာရှင်တွေလည် ရန်မိသားစု သခင်လေးတွေနဲ့ ပူးပေါင်းနိုင်ဖို့အတွက် စစ်ပွဲမြို့တော်နဲ့ ဗဟိုမြို့တော်ဆီ ရောက်ရှိလာပါလိမ့်မယ်။
မနေ့တုန်းက အမွေခံတိုက်ပွဲရဲ့ ပထမနေ့ ဖြစ်တဲ့အတွက် သခင်လေးတွေ အကုန်လုံးနီးပါးက သူတို့ရဲ့ တာထွက်ကို ပထမဆုံး နိုင်ပွဲတစ်ခုနဲ့ စတင်ချင်ရုံသက်သက်ပါ။ ဒီနေ့မှာတော့ ထိုသခင်လေးတွေက အဆင့်မြင့် ဆေးပညာရှင်တွေနဲ့ လက်နက်သန့်စင်တဲ့ ပညာရှင်တွေကို စတင်ဖိတ်ခေါ်ဖို့ ကြိုးစားကြပါပြီ။ ဆေးပညာရှင် ဒါမှမဟုတ် လက်နက်သန့်စင်တဲ့ ပညာရှင် တစ်ယောက်ကို ခေါ်ယူနိုင်ဖို့ တော်တော်လေး အကုန်အကျ များပါတယ်။ အဆင့်မြင့် ဆေးပညာရှင် ဒါမှမဟုတ် လက်နက်သန့်စင်တဲ့ ပညာရှင်ဆိုရင် ပိုဆိုးပေါ့။
ထိုကဲ့သို့ ဆေးပညာရှင်တွေ၊ လက်နက်ပညာရှင်တွေကို ဖိတ်ခေါ်စာ မပို့ခဲ့ကြတဲ့ လူတွေကတော့ ရှစ်ယောက်မြောက် သခင်လေးရန်ချွမ်နဲ့ ရန်ကိုင်တို့ပဲ ရှိပါတယ်။
ရန်ချွမ်က သူ့မှာ ဒီအမွေခံတိုက်ပွဲကို နိုင်ဖို့ အခွင့်အရေး မရှိဘူးဆိုတာကို နားလည်ထားပါတယ်။ ထို့ကြောင့် ဆေးပညာရှင်နဲ့ လက်နက်ပညာရှင်အချို့ကို ဖိတ်ခေါ် နိုင်ခဲ့မယ် ဆိုရင်တောင် ထိုလူတွေက သူ့ကို အလေးအနက်နဲ့ ဆက်ဆံကြလိမ့်မှာ မဟုတ်ပါဘူး။ ရန်ကိုင်ကတော့ အပြင်က ဆေးပညာရှင်တွေနဲ့ လက်နက်ပညာရှင်တွေကို သွားပြီး ဖိတ်ခေါ်မယ့် အတွေးကို မရှိတာပါ။
အားလုံးကို သူကြိုတင် စီမံပြီးသွားပါပြီ။
အနက်ရောင် စာအုပ်ရဲ့ သိုလှောင်နေရာလွတ်မှာ ရှိနေတဲ့ ဆေးလုံးတွေ အကုန်လုံးကို အမျိုးအစား အမျိုးမျိုး ခွဲလိုက်တယ်။ ဒါပေမယ့် ယန်စွမ်းအင် အမျိုးအစား ဆေးလုံးတွေနဲ့ စိတ်စွမ်းအင်အတွက် အသုံးဝင်တဲ့ ဆေးလုံးတွေ အကုန်လုံးကိုတော့ သူပဲ ယူထားလိုက်ပါတယ်။
ယင်ယန်မွန်းစတား ဂျင်းဆင်းကို တွေ့လိုက်တဲ့အခိုက် ရန်ကိုင်မျက်နှာလေး မှိန်ကျသွားခဲ့ရတယ်။
စုယန် ဘယ်တွေများ ရောက်လို့နေမလဲ။ ဝါးထုံးဂိုဏ်းက လူရာကျော်ကို စုယန်တို့ အကြောင်း စုံးစမ်းခိုင်းထားပေမယ့် အခုအချိန်အထိ သူတို့နဲ့ ပက်သက်တဲ့ သတင်းအစအနေ လေးတောင် မရသေးပါဘူး။ သူ့ရဲ့ ဆရာဖိုးဖိုး လင်းတိုင်ရှုနဲ့ ကောင်းကင်စံအိမ်က အကြီးအကဲတွေလည်း ဒီလောကကြီးကနေ အငွေ့ပျံသွားသည့် အလား ခြေရာခံမရအောင် ပျောက်ကွယ်နေကြပါတယ်။
သက်ပြင်းတစ်ချက် ချလိုက်ရင်း ကောင်းကင်စံအိမ်ကို မိစ္ဆာဂိုဏ်းတစ်ခုအဖြစ် ခေါင်းစဉ် တပ်ထားတာကို ပြန်သတိ ရလိုက်တယ်။ ဒီလောကကြီး တစ်ခုလုံး မိစ္ဆာအရှင်သခင်ရဲ့ တည်ရှိမှုနဲ့ ပက်သက်ပြီး ကောင်းကင်စံအိမ်ကို မုန်းတီး နေကြတုန်းပါပဲ။ ထို့ကြောင့် အမွေခံတိုက်ပွဲကို နိုင်ဖို့ ပိုကြာလေ ကောင်းကင်စံအိမ်ရဲ့ နာမည်ဆိုးကို ရှင်းလင်းဖို့ ပိုကြာသွားလေပါပဲ။
မိစ္ဆာဂိုဏ်းတစ်ခုအဖြစ် ကြေညာခံရတာက ပြဿနာကြီး တစ်ခုမဟုတ်ပါဘူး။ အဓိက ပြဿနာက လက်ရှိ မိစ္ဆာအရှင်သခင်က ကောင်းကင်စံအိမ်ကနေ ထွက်ပေါ်လာတဲ့ အချက်ပါပဲ။ ထိုအချက်ကြောင့်ပဲ ကောင်းကင်စံအိမ် အခုလိုမျိုး အခြေအနေသို့ ရောက်သွားခဲ့ရတာပါ။ နတ်ဆိုးအရှင်သခင် တစ်ပါးကို မွေးထုတ်ပေးနိုင်မှတော့ နောက်ထပ် နတ်ဆိုးအရှင်သခင် တစ်ပါးကိုလည်း မွေးမထုတ်ပေးနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ၊ ဘယ်သူမှ မပြောနိုင်ပါဘူး။
အတွေး အားလုံးကို ပြန်လည် စုစည်းလိုက်ပြီးနောက် ရန်ကိုင်က ယန်စွမ်းအင် အမျိုးအစား ဆေးလုံးတွေထဲ စွမ်းအင်တွေကို စတင်စုပ်ယူပါတော့တယ်။
စစ်ပွဲမြို့တော်ကို မျက်ခြေမပြတ် စောင့်ကြည့် ထောက်လှမ်းနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ယောက် ရှိပါတယ်။ သူသာ အင်မော်တယ် တက်လှမ်းခြင်းအဆင့်သို့ အလျင်မြန် မချိုးဖျက်နိုင်ရင် တစ်နေ့ကျ သူ့ရဲ့ လျှို့ဝှက်ချက်တွေကို အကုန်လုံးကို ထိုလူအိုကြီးရှစ်ယောက် တွေ့မြင်သွားနိုင်ချေ ရှိပါတယ်။
အခု သူက အစစ်အမှန်ဒြပ်စင်အဆင့်၈ကို ရောက်ရှိနေခဲ့ပါပြီ။ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ရောက်ဖို့ နောက်ထပ် အဆင့်သေးနှစ်ဆင့်ကို ထပ်ပြီး ချိုးဖျက်ဖို့ပဲ လိုပါတော့တယ်။
အနက်ရောင်စာအုပ်ရဲ့ သိုလှောင်နေရာလွတ်ထဲမှာ ရှိတဲ့ ယန်စွမ်းအင် အမျိုးအစား ဆေးလုံးတွေ အကုန်လုံးကို စုပ်ယူဖို့ တစ်ရက်ကြာအောင် ရန်ကိုင် အချိန်ယူခဲ့ရတယ်။ ဒါပေမယ့် ဆေးစွမ်းအင်တွေ အကုန်လုံးကို စုပ်ယူလို့ ပြီးသွားတာနဲ့ သူ့ဒန်တန်ထဲမှာ ရှိနေတဲ့ ယန်အရည်စက်တွေရဲ့ သိပ်သည်းမှုနဲ့ သန့်စင်မှုပါ တိုးတက်လာတာကို ရန်ကိုင် သေသေချာချာ ခံစားမိလိုက်တယ်။
မသုံးတာကြာပြီ ဖြစ်တဲ့ မွှေးရနံ့အိုကို ထုတ်ယူလိုက်ပြီး ဆေးပင်အချို့ကို မီးရှို့ကာ အစစ်အမှန်ယန်ကျင့်စဉ်ကို စတင်လှည့်ပတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ရန်ကိုင်က အစစ်အမှန်ဆေးပညာ နည်းလမ်းထဲက ဆန်းကြယ်မှုတွေကို လေ့လာရင်း သူ့ရဲ့ စိတ်စွမ်းအင်ကို စတင် လေ့ကျင့်ပါတော့တယ်။
မွှေးရနံ့အိုးကနေ ထွက်တဲ့ မွှေးရနံ့က ဖိအားတစ်မျိုးမျိုးကို ထုတ်လွှတ်ပြီး အစစ်အမှန် ယန်ကျင့်အား သူလှည့်ပတ်နိုင်တဲ့ အမြန်နှုန်းကို ဖိနှိပ်နိုင်ပါတယ်။ ထို့ကြောင့် မွှေးရနံ့အိုးကို အသုံးမပြုတော့တဲ့ အချိန်၌ အစစ်အမှန်ယန်ကျင့်စဉ်ကို လှည့်ပတ်တဲ့ နှုန်းက အနည်းငယ် ပိုမြန်လာခဲ့ပါတယ်။ ရေစက်တွေ စုပေါင်းပြီး ရေကန်ကြီးတစ်ကန် ဖြစ်လာနိုင်သလို အခုလိုမျိုး လုပ်ပါများတော့ အစစ်အမှန်ယန်ကျင့်စဉ်ကို လှည့်ပတ်နိုင်တဲ့ အမြန်နှုန်းက အရင်ကထက် အများကြီး ပိုမိုမြန်ဆန်လာခဲ့တာပေါ့။
အစစ်အမှန် ဆေးပညာနည်းလမ်းကို လေ့လာမှပဲ သူ့စိတ်စွမ်းအင်ကို အမြန်ဆုံးကုန်ဆုံးစေနိုင်မှာပါ။ ဒီနည်းကပဲ သူ့စိတ်စွမ်းအင်းကို အမြန်ဆုံးနည်းလမ်းနဲ့ တိုးတက်လာစေနိုင်တာပါ။
Martial Peak
အပိုင်း(၄၄၂) မိန်းမပျိုတစ်ယောက်ရဲ့ အလှပဆုံး အချိန်က ချစ်ရိပ်ထဲ ရစ်မူးနေတဲ့အချိန်ပဲ
အစစ်အမှန် ဆေးပညာနည်းလမ်းက အရမ်းကို ကျယ်ပြန့်ပြီး နက်နဲပါတယ်။ ထိုဆေးပညာ နည်းလမ်းထဲ မှော်ဆန်တဲ့ ဆေးပညာဆိုင်ရင် စိတ်ဝိဥာဉ် အစီအရင်များစွာကို အသေးစိတ်ကျကျ မှတ်သားထားရုံ မကလို့ များစွာသော ဆေးပညာရှင်ကြီးတွေရဲ့ အတွေ့အကြုံတွေကိုလည်း မှတ်သားထားပါတယ်။
ထိုအရာတွေက ရန်ကိုင် တစ်ဘဝလုံး လေ့လာနိုင်တာ ထက်ကို ပိုနေပါပြီ။ ဒါပေမယ့် သူ့စိတ်ထဲ တံဆိပ် ခတ်နှိပ်ထားတဲ့ အစစ်အမှန် ဆေးပညာနည်းလမ်းပါ အကြောင်းအရာများကို လေ့လာချင်တယ် ဆိုရင်တော့ စိတ်စွမ်းအင် အများအပြား လိုအပ်ပါတယ်။
ထိုကဲ့သို့ လုပ်ဖန်များလာခဲ့ရင် သူ့ဝိဥာဉ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွား စေနိုင်ပါတယ်။ ဒါပေမယ့် သူ့မှာ ဝိဥာဉ်ကြာပန်း ရှိနေတဲ့အတွက် ထိုကိစ္စက သူ့အတွက် ပြဿနာတစ်ခု မဟုတ်တော့ပါဘူး။
ဒီလိုနည်းလမ်းအတိုင်း လေ့ကျင့်မယ်ဆိုရင် စိတ်စွမ်းအင် ဆေးလုံး အများအပြား လိုအပ်မှာ သံသယရှိစရာ မလိုပါဘူး။ ရန်ကိုင်ရဲ့ ကျင့်ကြံခြင်းနဲ့ စိတ်စွမ်းအင်က မြန်ဆန်တဲ့ အမြန်နှုန်းနဲ့ တိုးတက်လို့ နေခဲ့တယ်။
မနက်တိုင်း မနက်တိုင်း ရန်ကိုင်က နေထွက်ရာဘက်ကို မျက်နှာမူပြီး ခန္ဓာသန့်စင်ခြင်း မှတ်တမ်းကို လေ့ကျင့်ပါတယ်။ ဆေးပေါင်းရည်ကိုလည်း တစ်နေ့တစ်စက် မှန်မှန် သောက်သုံးပါတယ်။
ဆေးပေါင်းရည်ကို တစ်နေ့တစ်စက် မှန်မှန် သောက်သုံးလာရတဲ့ အကျိုးကျေးဇူးကို ရန်ကိုင် စတင်ခံစား နေခဲ့ရပါပြီ။ အခုဆိုရင် သူ့ကျင့်ကြံနှုန်းက အရင်ကထက် ပိုပြီး မြန်ဆန်လို့ လာနေခဲ့ပါပြီ။
အရေးကြီးဆုံး အချက်ကတော့ သူ့ရဲ့ မွေးရာပါ ကျင့်ကြံခြင်း အရည်အချင်းကိုပါ တိုးတက်သွားစေတာပါပဲ။ လုံးဝကို အကန့်အသတ်မဲ့ အကျိုးကျေးဇူးတစ်ခုပေါ့။ သူ့ခွန်အား တိုးတက်လာတာနဲ့ အမျှ ဆေးပေါင်းရည်ကို တစ်နေ့တစ်စက် ပုံမှန် မှန်မှန် သောက်သုံးပေးလို့ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကလည်း ပိုပိုပြီး သိသာလာခဲ့ပါတယ်။
ထိုကဲ့သို့ အကျိုးကျေးဇူးက နှင်းတောင်ပေါ်ကနေ နှင်းဘောလုံး တစ်ခု လိမ့်ကျလာတာနဲ့ အတူတူပါပဲ။
စစ်ပွဲမြို့တော်၊ အရှေ့ခြမ်းဘက်၊ အကြီးဆုံး သခင်လေးရန်ဝေရဲ့ အိမ်တော်…
ရက်အနည်းငယ်လောက် တံခါးပိတ် လေ့ကျင့်နေရာကနေ ရန်ဝေထွက်လာခဲ့တယ်။ ထွက်လာလာချင်းမှာပဲ သူ့ခြံဝန်းထဲ မတ်တပ်ရပ်နေတဲ့ မန်မိသားစုရဲ့ မန်ရှန်းရီကို တွေ့လိုက်ရတယ်။ မန်ရှန်းရီက သူ့ကို ဒီနေရာမှာ လာရပ်စောင့်နေတဲ့ ပုံစံပါပဲ။ မတ်တပ်ရပ်နေရင်း မျက်မှောင်လေးကြုံကာ အတွေးထဲ မျောလို့ နေခဲ့ပါတယ်။
“ညီအစ်ကိုမန်” ရန်ကိုင်ဝေက နှုတ်ဆက်လိုက်တယ်။
“ပထမသခင်လေး” ရန်ဝေကို အသံကို ကြားလိုက်တာနဲ့ မန်ရှန်းရီက ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်နှုတ်ဆက်လိုက်တယ်။ ထို့နောက် ရန်ဝေဆီ ကမန်းကတန်း လမ်းလျှောက် သွားလိုက်ပြီး ရန်ဝေနား ရောက်တာနဲ့ သူ့အမူအရာက ရုတ်တရက် ဝင်းပတောက်ပသွားခဲ့ကာ “ပထမသခင်လေးရဲ့ ကျင့်စဉ်က နောက်တစ်ဆင့်ကို ချိုးဖျက်သွားတဲ့ ပုံပဲ”
ရန်ဝေက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်တယ် “ဟုတ်တယ်၊ ကျုပ် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂ကို ချိုးဖျက်ဝင်ရောက်တော့မှာ။ နောက်ရက်နည်းနည်းလောက်ဆို ချိုးဖျက်နိုင်မယ်လို့ ထင်ရတာပဲ”
မန်ရှန်းရီ မျက်နှာထက် ဖုံးဖိမရနိုင်တဲ့ လေးစား အားကျမနာလိုသည့် အရိပ်အယောင်တို့ကို အထင်သား မြင်တွေ့နေခဲ့ရတယ်။ သူက မန်မိသားစုရဲ့ အကြီးဆုံး သားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အရည်အချင်းက အထူးကောင်းမွန်တယ် ဆိုပေမယ့် သူက အစစ်အမှန်ဒြပ်စင် အဆင့်၉မှာပဲ ရှိပါသေးတယ်။ သူနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်က သိပ်မဝေးတော့ဘူး ဆိုပေမယ့် ရန်မိသားစုရဲ့ အကြီးဆုံး သခင်လေးရန်ဝေကို မှီဖို့ကတော့ အဝေးကြီးလိုပါသေးတယ်။
ဗဟိုမြို့တော်က လူငယ်တွေထဲမှာ ဂျီးနီးယပ်တွေ တော်တော် မျာများတာပဲ မန်ရှန်းရီ စိတ်ထဲကနေ တွေးလိုက်တယ်။
လူမိသားစုရဲ့ လူချင်းယောင်ကို ကြိုတင် ထည့်တွက် ပြီးသားပါ။ ပြီးတော့ လူသိများ ကျော်ကြားတဲ့ ချူမိသားစုရဲ့ ပထမသခင်မလေး ချူရီမန်ကလည်း လွန်ခဲ့တဲ့ နှစ်လကတည်းက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက် ဝင်ရောက်သွားခဲ့ပါပြီ။ အခု သူ့ရှေ့မှာ ရှိနေတဲ့ ရန်မိသားစုရဲ့ အကြီးဆုံး သခင်လေးကလည်း အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ပါ။ ထိုသုံးယောက် အပြင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ရောက်နေတဲ့သူ အခုထိတော့ ထပ်မရှိသေးပါဘူး။ ဒါပေမယ့် ချိုးဖျက်လုဆဲဆဲ သခင်လေးတွေကတော့ အများကြီးပါပဲ။
ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ မကောင်းတော့တဲ့ အနာဂတ်ကို မန်ရှန်းရီ ကြိုတင် မြင်ယောင် မိနေခဲ့တယ်။
သူက မန်မိသားစုရဲ့ အကြီးဆုံး သခင်လေး ဖြစ်ပြီး သူ့ခွန်အားကလည်း လူငယ်မျိုးဆက်ရဲ့ ထိပ်ဆုံးမှာ ရှိနေဖို့ မလိုအပ်ပေမယ့် အစွမ်းမထက်ချင်တဲ့လူ ဘယ်သူ ရှိလို့လဲ။ လူတိုင်းက အစွမ်းထက်ချင်ကြတာပဲလေ။
“မင်းဒီမှာ ဘာလုပ်နေတာလဲ” ရန်ဝေက တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ်။
“ဒီလိုပါ ပထမသခင်လေးရဲ့။ ပထမသခင်လေးက စစ်ပွဲမြို့တော်ကို ရောက်ပြီးကတည်းက တံခါးပိတ် ကျင့်စဉ်ဝင်နေခဲ့တာလေ။ အခုဆို လေးရက်ရှိသွားခဲ့ပြီ။ သခင်လေး တံခါးပိတ် လေ့ကျင့်ရာကနေ ထွက်လာတာနဲ့ စစ်ပွဲမြို့တော်ရဲ့ လက်ရှိအခြေအနေကို တင်ပြပေးဖို့ ဒီမှာ လာစောင့်နေခဲ့တာ”
ရန်ဝေက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး အိမ်ထဲသို့ လှည့်လိုက်ကာ “အထဲသွားပြောကြတာပေါ့”
အခန်းထဲ၌ နှစ်ယောက်သား စားပွဲခုံသေးသေး တစ်ခုနား မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြပြီး ရန်ဝေက ပထမည၌ သူ့ရဲ့ တတိယညီလေးခြံဝန်းမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို တိတ်တဆိတ်နဲ့ ငြိမ်ပြီး နားထောင်နေခဲ့တယ်။ ပထမအပိုင်း ပြီးတဲ့အချိန်ထိ သူ့အမူအရာက နည်းနည်းလေးတောင် ပြောင်းလဲမသွားခဲ့ပါဘူး။ အားလုံးက သူကြိုတင်တွက်ထားတဲ့ အတိုင်း ဖြစ်ပျက်လာခဲ့တဲ့ ပုံစံအတိုင်းပါပဲ။
ဒါပေမယ့် ရန်ကိုင်က ညီအစ်ကိုနှစ်ယောက်ရဲ့ အကြည့်အောက်မှာပဲ အလံနဲ့ ရန်ထိုက်ကိုပါ လုယူသွားနိုင်တဲ့ အကြောင်း ကြားလိုက်ရတဲ့ အချိန်မှာတော့ ရန်ဝေ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး သူ့မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင် အချို့ ထွက်ပေါ်လာခဲ့တယ်။
မန်ရှန်းရီက ခါးခါးသီးသီး ပြုံးလိုက်ပြီး “မင်းရဲ့ ကိုးယောက်မြောက် ညီလေးရဲ့ အပြုအမူက အားလုံး မျှော်လင့်ထားတာနဲ့ တစ်ခြားစီပဲ။ ရန်ခန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး ငါးသွားမျှားပေမယ့် ငါးလည်းမရ၊ ငါးစာလည်း ဆုံတဲ့အဖြစ်နဲ့ ပြန်လာခဲ့ရတယ်။ ပြီးတော့ ရန်ကိုင်က ရန်ထိုက်ကို မိသားစုဆီ ပြန်ခေါ်မသွားပဲ ဗဟိုမြို့တော်ဆီ ဒီအတိုင်း ပြန်လွှတ်လိုက်တယ်နဲ့ တူတယ်”
“သူအဲ့လိုလုပ်ခဲ့တာလား” ရန်ဝေးက အနည်းငယ် စိတ်ရှုပ်သွားတဲ့ ပုံစံနဲ့ မေးလိုက်တယ်။
“အဲ့ဒါကြောင့် သူ့ရဲ့ လုပ်ရပ်တိုင်းက ငါတို့ တွေးထင်ထားတာနဲ့ တစ်ခြားစီ ဖြစ်နေတယ်လို့ ငါပြောတာပေါ့” မန်ရှန်းရီက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “သူဘာတွေးနေလဲ၊ သူဘာဆက်လုပ်မလဲ ဆိုတာကို ငါလုံးကို နားမလည်နိုင်တော့ဘူး။ အစတုန်းကတော့ အားလုံးက အားပြန်ဖြည့်နေတဲ့အချိန် သူက ရန်ချွမ်းကို သွားတိုက်လိမ့်မယ်လို့ ငါထင်နေခဲ့တာ။ ဒါပေမယ့် ဒီရက်အတောအတွင်း သူ့ဘက်က လှုပ်ရှားတာ တစ်ချက်ကလေးတောင် ငါမတွေ့ရသေးဘူး”
“သူက မြင်ရသလောက်ရဲ့ တစ်ဝက်လောက်ပဲ ဥာဏ်ရှိမယ် ဆိုရင်တောင် အဲ့လိုလုပ်မှာ မဟုတ်ဘူး” ရန်ဝေ မျက်ဝန်းအစုံ လက်သွားခဲ့တယ်။
“ဟုတ်တယ်၊ ငါလည်း အစတုန်းက နားမလည်ခဲ့ဘူး။ ဒါပေမယ့် နည်းနည်းပါးပါးလောက် တွေးပြီးတဲ့အခါမှာတော့ သူဘာလို့ မလှုပ်ရှားလဲ ဆိုတာကို ငါနားလည်သွားခဲ့တယ်။ သူက ညီအစ်ကိုတွေ အားရဲ့ ပစ်မှတ်ဖြစ်မလာချင်တဲ့ ပုံပဲ” မန်ရှန်းရီ မျက်နှာထက် လေးစားရိပ်တို့ လျှပ်ပြေးသွားခဲ့ပြီး “သူက ငါမြင်နိုင်တာထက်ကို ပိုပြီး လှမ်းလှမ်း မြင်နေခဲ့တာပဲ”
“ငါ့ရဲ့ ကိုးယောက်မြောက် ညီလေးကို အထင်မသေးနဲ့၊ သူဒီလောက်နဲ့ မပြီးသေးဘူးလို့ ငါ့ရဲ့ မသိစိတ်က ပြောနေတယ်” အကြီးအကဲ ခန်းမရှေ့ ရန်ကိုင်နဲ့ တွေ့တုန်းက သူ့ရဲ့ အစစ်အမှန်ချီ လှုပ်ခတ်သွားတာကို ပြန်စဉ်းစားမိတဲ့ အခါ ရန်ကိုင် မျက်မှောင် ကြုံ့မိသွားခဲ့တယ်။
“ပထမသခင်လေး ပြောချင်တာက…”
“ကိုးယောက်မြောက် ညီလေးက ဒီအမွေခံတိုက်ပွဲမှာ ငါ့ရဲ့ အကြီးမားဆုံး ရန်သူတစ်ယောက် ဖြစ်လာလိမ့်မယ်။ ငါ့ရဲ့ ဒုတိယညီလေး ထက်တောင် ပိုပြီး သန်မာတဲ့ ရန်သူတစ်ယောက်ပေါ့”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ရန်ဝေ ပြောတဲ့စကားကို မန်ရှန်းရီ မယုံကြည်နိုင် ဖြစ်သွားခဲ့တယ်။ အကြီးဆုံး သခင်လေးက ရန်ကိုင်ကို အရမ်းအထင်ကြီးလွန်း နေတာလို့တောင် သူ့စိတ်ထဲ ထင်သွားခဲ့ပါတယ်။
“လူတော်တော်များများက သူ့ဆီ သွားပူးပေါင်း ကြပေမယ့် ကျန်တဲ့ သခင်လေးတွေလည်း အတူတူပါပဲ။ လွန်ခဲ့တဲ့ နှစ်တွေအတွင်းက သခင်လေးနဲ့ သိခဲ့တဲ့ အသိးအကျွမ်း မိတ်ဆွေတွေ အခု ရောက်လာနေခဲ့ပြီ။ သူတို့တွေက သခင်လေးနဲ့ တွေ့ချင်နေတယ်”
“အင်း” ရန်ဝေက အညင်အသာလေး ခေါင်းညိတ်လိုက်ပြီး “ငါကိုယ်တိုင် သူတို့နဲ့ သွားတွေ့လိုက်မယ်”
မန်ရှန်ရီက ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့ပြီး “ပထမသခင်လေး စတင် လှုပ်ရှားတော့မလို့လား”
“ဘာကို လှုပ်ရှားရမှာလဲ” ရန်ဝေက မန်ရှန်းရီကို ဇဝေဇဝါနဲ့ ပြန်ကြည့်လိုက်တယ်။
ထိုမေးခွန်းကို ကြားလိုက်တာနဲ့ မန်ရှန်းရီ မသိမသာလေး မျက်မှောင် ကြုံ့သွားခဲ့ပြီး “ပထမသခင်လေးက ရန်ချွမ်ကို တိုက်ခိုက်ဖို့ မစီစဉ်ထားဘူးလား။ ရန်ကိုင်က အရမ်းကြီး အာရုံစိုက်မခံချင်တဲ့အတွက် အခုလောလောဆယ် ငြိမ်နေခဲ့တယ်။ ကျန်တဲ့ သခင်လေးတွေ ကျတော့လည်း သူတို့ရဲ့ ဆုံးရှုံးမှုတွေကို ပြန်လည်ဖာထေးဖို့ ကြိုးစားနေတုန်း။ အခုအချိန်က တကယ်ကို ရှားပါတဲ့ အခွင့်အရေးကြီးလေ။ ပထမသခင်လေးသာ ရန်ချွမ်ကို သွားတိုက်မယ် ဆိုရင် ရန်ချွမ်ဘက်ကလည်း အသည်းအသန် ခုခံဖို့ ကြိုးစားမှာ မဟုတ်ဘူး။ တကယ်တော့ မင်းက သူတို့ရဲ့ အကြီးဆုံး အစ်ကိုကြီး ဖြစ်နေတုန်းပဲလေ။ အကြီးဆုံး အစ်ကိုကြီးဆိုတဲ့ ဂုဏ်ဒြပ်က ညီငယ်လေးတွေပေါ် အနည်းနဲ့အများတော့ သက်ရောက်မှုရှိမှာပေါ့”
ရန်ချွမ်မှာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ရောက်နေတဲ့ သွေးစစ်သည်တော် တစ်ယောက်ပဲ ရှိသလို သူ့အမေကလည်း ဒုတိယအဆင့် အင်အားစု တစ်ခုကနေ လာခဲ့တာပါ။ သူ့ရဲ့ လက်ရှိ ခွန်အားနဲ့ ဆိုရင် အကြီးဆုံး သခင်လေး အနေနဲ့ သူ့ကို အနိုင်ယူဖို့က ထမင်းစားရေသောက် လောက်ကို လွယ်ကူပါတယ်။
“ငါတို့သာ အခုလှုပ်ရှားရင် ရှစ်ယောက်မြောက် ညီလေးကို အနိုင်ယူဖို့က အလွယ်လေးပဲ” ရန်ဝေက မန်ရှန်းရီရဲ့ သုံးသပ်ချက်ကို မငြင်းဆန်ခဲ့ပါဘူး။ “သူခုခံမယ် ဆိုရင်တောင် ကြက်ဥနဲ့ ကျောက်တောင်ကို ပစ်သလိုပဲ ဖြစ်နေမှာ”
“လုံလောက်တဲ့ အကျိုးအမြတ် မရှိရင် ငါလှုပ်ရှားမှာ မဟုတ်ဘူး” ရန်ဝေက ခေါင်းခါလိုက်ပြီး “ဒီခေါင်းစဉ်ကို ဒီမှာပဲ ရပ်လိုက်ကြတာပေါ့။ တိုက်ခိုက်ဖို့ အခွင့်ကောင်း တစ်ခုပေါ်လာတာနဲ့ ငါတိုက်ခိုက်မှာပါ။ အခုတော့၊ ညီအစ်ကိုမန်၊ မင်ပြောတဲ့ လူတွေနဲ့ ငါ့ကို အဖော်ပြုပြီး လိုက်တွေ့ပေးပါဦး”
ပြောပြီးတာနဲ့ ရန်ကိုင်က ထိုင်ရာကနေ ထလိုက်ပြီး လမ်းလျှောက် ထွက်သွားလိုက်တယ်။
သူ့စိတ်ထဲ မကျေနပ်ပေမယ့် မန်ရှန်းရီက ဘာမှ ထပ်မပြောခဲ့ပါဘူး။ ဒါပေမယ့် ရန်ဝေ ပြောသွားတာကိုတော့ သူ့စိတ်ထဲ မစဉ်းစားရ မနေနိုင်အောင် ဖြစ်နေခဲ့တယ်… ရန်ချွမ်ကို တိုက်ခိုက်တာ တကယ်ပဲ သူ့အတွက် အကျိုးမရှိဘူးလား။ ရန်ချွမ်ကို ဘေးဖယ်ထား ရင်တောင် သူ့ဆီက အလံနဲ့တင် မိသားစုဆီကနေ ပစ္စည်းကောင်း တော်တော်များများကို ပြန်ပြီး လဲလှယ်လို့ ရနေပါပြီ။ ပြီးတော့ ရန်ချွမ်ကို ရှင်းထုတ်ပြီးတာနဲ့ သူ့ဘက်မှာ ရှိနေတဲ့ အင်အားစုတွေကို ကိုယ့်ဘက် သိပ်သွင်းလို့ ရသေးတယ်လေ။
အကျိုးအမြတ် မရှိတာ ဘယ်လိုလုပ်ပြီး ဖြစ်ရမှာလဲ။
ထိုအချိန် စစ်ပွဲမြို့တော်နှင့် ကီလိုမီတာ၃၀၀ အကွာ၌…
ဖုန်းထူနေတဲ့ လမ်းမထက် နှစ်လိုစွဲမက်ဖွယ် ကောင်းတဲ့ မိန်းမလေးနှစ်ယောက် ရယ်ကာမောကာနဲ့ အတူတူ လမ်းလျှောက် နေခဲ့ကြတယ်။ ထိုအလှလေး နှစ်ယောက်ဘေးမှာတော့ ရိုးသားအပြစ်ကင်းစင်ပြီး ချစ်ခင်နှစ်လိုဖွယ် ကောင်းတဲ့ မိန်းမလှလေး နှစ်ယောက် ရှိနေခဲ့တယ်။ တစ်ယောက်က တော်တော်လေး ကဲပါတယ်။ သူမက ဒေါ်လေးရှန်၊ ဒေါ်လေးလန်လို့ တရပ်စပ် ခေါ်ရင်း သိချင်သမျှ မေးခွန်းအစုံကို တောက်လျှောက် မေးမြန်းနေခဲ့ပါတယ်။ ကောင်းမလေးရဲ့ ချစ်စရာကောင်းပုံကို ကြည့်ပြီး အမျိုးသမီး လှလှနှစ်ယောက်က နွေးထွေးစွာ ပြုံးလိုက်ကြတယ်။
ကျန်တစ်ယောက်ကတော့ ပထမမိန်းကလေးနဲ့ ဆန့်ကျင်ဘက်လို့ ပြောရလောက်အောင်ကို အရမ်းကို တည်ငြိမ်လှပြီး ဣန္ဒြေရှိလှပါတယ်။ မိန်းမပျိုလေးက သူမရဲ့ မျက်နှာကို ပါးလွှာသည့် ဇာပုဝါတစ်ခုဖြင့် ဖုံးအုပ်ထားခဲ့ပေမယ့် တလက်လက် တောက်ပနေသည့် ကန်ရေပြင်တစ်ခုလို ရွှန်းစိုတောက်ပနေတဲ့ သူမရဲ့ မျက်ဝန်းအစုံကိုတော့ ဖုံးအုပ်ထားနိုင်ခြင်း မရှိခဲ့ပါဘူး။
သူမ နဖူးထက်မှာတော့ မိုးပြာရောင်ကျောက်မျက် တစ်လုံးကို ဝတ်ဆင်ထားခဲ့ပြီး သူမရဲ့ ရှုမငြီးနိုင်တဲ့ အလှကို ပိုပြီး အသက်ဝင်နေစေခဲ့တယ်။ သူမပုံစံက ဒီလောကကြီးရဲ့ အညစ်အကြေးတို့ မြူမှုန်တစ်ခုစာမျှ စွန်းထင်းနေခြင်း မရှိသည့် အင်မော်တယ် နတ်သမီးတစ်ပါးလိုပါပဲ။
စစ်ပွဲမြို့တော်ကို ငေးကြည့်နေတဲ့ မျက်နှာထက် ဇာပုဝါအုပ်ထားတဲ့ မိန်းမပျိုလေးရဲ့ အကြည့်ထဲ မျှော်လင့်တောင့်တမှု၊ ပျော်ရွှင်မှုနဲ့ ရှက်ရွံ့မှု အရိပ်အယောင် တစ်စွန်းတစ်စတို့ ပါဝင်နေခဲ့တယ်။ သူမ မှတ်ဥာဏ်ထဲက ပုံရိပ်အကြောင်း စဉ်းစားမိလိုက်တာနဲ့ ဇာပုဝါအောက် ဖုံးကွယ်ခြင်း ခံရတဲ့ သူမရဲ့ ပါးလေးနှစ်ဖက် ရဲသွားခဲ့တယ်။
မိန်းမပျိုလေးတစ်ယောက်ရဲ့ အလှပဆုံးအချိန်ကို ပြောပါဆိုရင် သူမမေတ္တာသက်ဝင်နေတဲ့ အချိန်ကိုပဲ ပြောရပါမယ်။
အခု သူမရဲ့ အလှအပက အရင်အချိန်တွေကထက် အများကြီး ပိုပြီး တောက်ပလို့ နေပါတယ်။ သူမနဲ့ မကြာခဏ ပြောဆိုဆက်ဆံခဲ့ဖူးတဲ့ မိန်းမလှလေး နှစ်ယောက်တောင် သူမရဲ့ ပုံစံကိုမြင်ပြီး အနည်းငယ် အံ့အားသင့်သွားခဲ့ရတယ်။
အငြိမ်မနေနိုင်တဲ့ ကောင်မလေးက မျက်နှာထက် ဇာပုဝါအုပ်ထားတဲ့ မိန်းမပျိုလေးဘေးနား ရုတ်တရက်ကြီး ရောက်ရှိလာခဲ့ပြီး လက်မောင်းချင်း ချိတ်လိုက်ရင်း စနောက်လိုက်တယ် “အစ်မက ငါ့ရဲ့ ဝမ်းကွဲအကြောင်း တွေးနေပြန်တာလား”
ထိုစကားကို ကြားလိုက်တာနဲ့ ရှနင်းချန် ရှက်သွားခဲ့ပြီး သူမရဲ့ နားဖျားလေးတွေ ရဲတွတ်သွားခဲ့တယ်။ “ငါ… အဲ့ဒါ… ငါဆိုလိုတာ… မဟုတ်တာတွေ လျှောက်မပြောနဲ့” ရှနင်းချန်က ကမန်းကတန်း ပြန်လည် ငြင်းဆိုလိုက်တယ်။
“ဟဲဟဲဟဲ” ဒေါင်ချင်းဟန်က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ဆက်ပြောလိုက်တယ် “မဟုတ်တာတွေလား။ ဒါဆိုရင် သူ့အကြောင်း ပြောလိုက်တဲ့ အချိန်တိုင်း အစ်မ ဘာလို့ ရှက်နေရတာလဲ”
“ငါရှက်နေတာလား” ရှနင်းချန်လည်း သူမရဲ့ လက်လေးကို ဆန့်ထုတ်ပြီး ပါးနှစ်ဖက်ကို အုပ်ထားလိုက်တယ်။ ပါးနှစ်ဖက်ကို လက်နဲ့ အုပ်လိုက်တော့မှပဲ သူမဇာပဝါဝတ်ထားမှန်း ရှနင်းချန် သတိရလိုက်တယ်။ သူမ ရှက်နေတယ် ဆိုရင်တောင် အခြားသူတွေ မြင်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် သူမပါးနှစ်ဖက် ပူတူတူလေး ဖြစ်နေတာကို ရှနင်းချန် ခံစားမိပါတယ်။
“အစ်မရဲ့ ပျာယာခတ်နေတဲ့ ပုံစံကိုလည်း ကြည့်ပါဦး” ဒေါင်ချင်းဟန်က ဆက်ပြီး စနောက်လိုက်တယ် “အစ်မရှ၊ ကျွန်မရဲ့ ဝမ်းကွဲနဲ့ ပက်သက်ပြီး အစ်မ ဘာကို ကြိုက်တာလဲဟင်။ သူ့ကြည့်ရတာ သာမန်ပါပဲ။ ဘာမှ ထူးခြားတာလည်း မရှိဘူး”
“ငါသူ့ကို မကြိုက်ပါဘူး” ရှနင်းချန်က ဘူးခံငြင်းလိုက်တယ်။
“ဒါဆိုရင် သူအမွေခံတိုက်ပွဲမှာ ဝင်ပြိုင်တော့မယ်လို့ ကြားလိုက်တာနဲ့ တိမ်းဖုံးတောင်ထွတ်ကနေ ဘာလို့ ချက်ချင်းကြီး ထွက်လာခဲ့ရတာလဲ။ ဆရာတောင် တော်တော်လေး စိတ်ညစ်နေသေးတယ်။ အစ်မသာ မရှိတော့ရင် သူနဲ့ ဆေးပညာအကြောင်း ဆွေးနွေးဖို့ ဘယ်သူမှ မရှိတော့လို့တဲ့”
“ငါက သူ့ရဲ့ စီနီယာမမလေးပဲလေ၊ စီနီယာအစ်မတွေက သူတို့ရဲ့ ဂျူနီယာမောင်လေးတွေကို ဂရုစိုက်ပေးရမယ်လေ။ အဲ့ဒါပါပဲ” ရှနင်းချန်က ကိုယ်ကိုယ်တိုင်ပဲ ကြားရလောက်တဲ့ အရမ်းကို တိုးညင်းသည့် လေသံလေးနဲ့ ပြောလိုက်တယ်။ သူမပြောတဲ့ အကြောင်းပြချက်ကို သူမကိုယ်တိုင်တောင် မယုံကြည်နိုင် ဖြစ်နေမှတော့ အခြားသူတွေ ယုံဖို့ကတော့ နောက်ဘုရားတစ်ဆူ ပွင့်လာမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။
မိန်းကလေး နှစ်ယောက် ပြောနေတာကို နားထောင်ရင်း ဒေါ်လေးရှန်နဲ့ ဒေါ်လေးလန်တို့ မရယ်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။
ထိုရိုးသား အပြစ်ကင်းစင်လှသည့် မိန်းမပျိုလေး ရှနင်းချန်ကို သူမတို့ နှစ်ယောက်စလုံး ချစ်မြတ်နိုးကြပါတယ်။ သူတို့ နှစ်ယောက်စလုံးမှာ ကိုယ်ပိုင် သားသမီးတွေ မရှိကြပေမယ့် ရှနင်းချန်နဲ့ လပေါင်းများစွာ ကြာအောင် အတူတူ နေလာခဲ့ပြီးနောက် ရှနင်းချန်တို့ သူမတို့ရဲ့ သမီး မှတ်ယူထားပြီးပါပြီ။ ရှနင်းချန် ရန်ကိုင်နဲ့ မေတ္တာသက်ဝင် နေတဲ့အချက်ကိုလည်း သူမတို့တွေ သတိပြုမိပါတယ်။ ဒါပေမယ့် ကန့်ကွက်လိုစိတ်လည်း မရှိပါဘူး။
သူမတို့ အမြင်အရ ရန်မိသားစုက သခင်လေး တစ်ယောက်သာ သူမတိုရဲ့ သမီးနဲ့ ထိုက်တန်ကောင်း ထိုက်တန်ပြီး ကာကွယ်ပေးနိုင်စွမ်း ရှိပါလိမ့်မယ်။
“အစ်မ ကျွန်မရဲ့ ဝမ်းကွဲကို မကြိုက်ဘူးလား” ဒေါင်ချင်းဟန်က ရှနင်းချန်ကို အဓိပ္ပါယ် စိုက်ကြည့်လိုက်တယ်။
ရှနင်းချန်က ဒေါင်ချင်းဟန်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလိုက်ပြီး နောက်ဆုံးမှာတော့ ခေါင်မာမာနဲ့ ခေါင်းညိတ်လိုက်တယ်။
“တော်သေးတာပေါ့၊ အဲ့လိုဆိုရင် ဘာကိုမှ စိုးရိမ်စရာ မလိုပဲ ကျွန်မရဲ့ ဝမ်းကွဲကို လက်ထပ်ယူလို့ ရပြီ” ဒေါင်ချင်းဟန်က တခစ်ခစ် ရယ်မောရင်း အားလုံး ထိတ်လန့်သွားစေမယ့် စကားကို ဘာမဟုတ်သည့်အလား ထုတ်ပြောလိုက်တယ်။
“အာ…” ရှနင်းချန် ကြက်သေသွေားခဲ့ပြီး ဒေါင်ချင်းဟန်ကို အချိန်အတော်ကြာတဲ့အထိ မှင်သက်စွာနဲ့ စိုက်ကြည့်နေခဲ့တယ်။
“တော်ပေတော့၊ နင့်အစ်မကို ဆက်ပြီး စမနေနဲ့တော်။ တော်ကြာ နင့်အစ်မကို ငိုအောင် လုပ်မိနေဦးမယ်” ဒေါ်လေးရှန်က သူတိုရဲ့ ဒရမ်မာ ဇာတ်လမ်းတွဲကို ဆက်ပြီး မကြည့်နိုင်တော့တဲ့အတွက် ဒေါင်ချင်းဟန်ကို သူမဘေးနား ဆွဲခေါ်လိုက်ပြီး ရှနင်းချန်ဆီ ကြည့်လိုက်ကာ တိုးတိုးလေး ပြောလိုက်တယ် “သူမ ပြောတဲ့ မဟုတ်တရုတ် စကားတွေကို နားထောင်မနေနဲ့။ ကောင်မလေးက သမီးကို စနေတာ”
ရှနင်းချန်က သိမ်သိမ်မွေ့မွေ့နဲ့ ခေါင်းညိတ်ပြလိုက်ပြီး ပြုံးကာ ပြန်ပြောလိုက်တယ် “ညီမလေးဒေါင် ဂျူနီယာ မောင်လေးကို လက်ထပ်လို့ ရပါတယ်။ သူမသာ ဂျူနီယာမောင်လေးနဲ့ လင်မယား ဖြစ်သွားခဲ့ရင် သူတို့ကြား ပိုပြီး နီးကပ်သွားနိုင်တယ်လေ”
ထိုစကားကို ကြားလိုက်တာနဲ့ ဒေါင်ချင်းဟန်က ရှနင်းချန်ဆီ ချက်ချင်း လှည့်ကြည့်လိုက်ပြီး သူမရဲ့ လက်ကလေးကို ကမန်းကတန်းနဲ့ ဝှေ့ရမ်းလိုက်ရင်း “ဝမ်းကွဲလို အမြဲတမ်း ဟိုးပြေးလွှားလိုက်၊ ဒီပြေးလွှားလိုက် လုပ်နေတဲ့ လူမျိုးကို ကျွန်မ လက်ထပ်မှာ မဟုတ်ဘူး။ ကျွန်မကို ချစ်မြတ်နိုးပြီး ကျွန်မနဲ့ အတူ အချိန်ဖြုန်းပေးမယ့် သာမန် လူတစ်ယောက်ကိုပဲ ကျွန်မ လက်ထပ်ချင်တာ။ အဲ့လိုမှပဲ ဘဝကြီးက ပျော်စရာကောင်းမှာ”
ရှနင်းချန်ရဲ့ ရက်ရောမှုနဲ့ ပက်သက်ပြီး ဒေါ်လေးရှန်နဲ့ ဒေါ်လေးလန်တို့ နှစ်ယောက်စလုံး အံ့အားသင့်မိသွားခဲ့တယ်။ ထိုကောင်မလေးက ရန်ကိုင်ကို စိတ်ဝင်စားနေတာ အသိသာကြီးပါ။ ရန်ကိုင် တိမ်ဖုံးတောင်ထွတ်က ထွက်သွားတာနဲ့ သူမမှာ သူ့အကြောင်းကို နေ့စဉ်နဲ့အမျှ စဉ်းစားနေခဲ့တာပါ။ ဒါပေမယ့် တစ်ယောက်ယောက်က သူမချစ်ရတဲ့ သူကို လက်ထပ်ချင်တယ်လို့ ပြောတာကို ကြားတဲ့အခါမှတော့ သူမက ဆန့်ကျင်ကန့်ကွက်ဖို့ မကြိုးစားရုံ မကလို့ အပြုံးကြီးပြုံးရင်း သဘောတောင် တူနေလိုက်ပါသေးတယ်။
Martial Peak
အပိုင်း(၄၄၃)
ရှနင်းချန်က ထိုအကြောင်း ဆက်မပြောချင်တော့တဲ့ အတွက် ခပ်မြန်မြန်ပဲ ခေါင်းစဉ် ပြောင်းပြီး မေးလိုက်တယ် “ဒေါ်လေးရှန်၊ ဒီလောက် လူအများကြီး လွှတ်လိုက်တာ ဆေးဘုရင် တောင်ကြားအတွက် သင့်တော်ပါ့မလား”
မေးနေရင်းနဲ့ ရှနင်းချန်က နောက်ပြန် လှည့်ကြည့်လိုက်တယ်။
မိန်းမ လေးယောက် နောက်မှာတော့ လူအိုကြီးမန် ရှိနေခဲ့တယ်။ လူအိုကြီးမန်က မယားအလုခံလိုက်ရတဲ့ မျက်နှာထားနဲ့ သက်ပြင်းချလိုက်တယ်။ အစုတ်ပလုတ်ကောင်စုတ် ရန်ကိုင်ကို မကြာခင်မှာပဲ တွေ့ရတော့မယ်လို့ တွေးမိလိုက်တာနဲ့ သူ့ရဲ့ ချစ်တပည့်လေးအတွက် သူ့နှလုံးသား နာကျင်သွားခဲ့ရတယ်။
ထိုအတွေးတွေ သူ့ခေါင်းထဲ ဖြတ်ပြေး သွားတာနဲ့ မန်ဝူရ နောက်ထပ် သက်ပြင်းအရှည်ကြီး ချလိုက်ပြန်တယ်။ ဒါပေမယ့် ဒီအတိုင်းအတာအထိ ရောက်ရှိလာတဲ့ အခြေအနေကို တားဆီးဖို့ရာ သူဘယ်လိုတောင် ကူကယ်ရာမဲ့ခဲ့လဲ ဆိုတာကို စဉ်းစားမိလိုက်တာနဲ့ မန်ဝူရက ဘီလူးငိုတာထက် အရုပ်ဆိုးတဲ့ အပြုံးတစ်ခုကို အားတင်းဖျစ်ညစ်ပြီး ပြုံးလိုက်တယ်။
မန်ဝူရနောက်မှာတော့ တူညီတဲ့ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူ၃၀ရှိနေခဲ့တယ်။ ထိုလူတွေရဲ့ ခွန်အားက ဒီလောက်ကြီး မမြင့်ပါဘူး။ သူတို့ရဲ့ ခေါင်းဆောင်တောင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂ကိုပဲ ရောက်ပါသေးတယ်။ အားအနည်းဆုံး လူဆိုရင် ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်ကိုသာ ရောက်ရှိနေခဲ့ပါတယ်။ ဒီလူတစ်အုပ်သာ အစစ်အမှန် ပညာရှင် တစ်ယောက်နဲ့ တိုက်ခိုက် ရမယ်ဆိုရင် ထွက်ပြေးဖို့တောင် အချိန်ရှိမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ထိုလူတွေ အကုန်လုံးက ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေပါ။ သူတို့ရဲ့ ခွန်အားက နိမ့်ကျနေရင်တောင် သူတို့တွက အများလေးစား ရတဲ့ တည်ရှိမှုတွေ ဖြစ်နေပါသေးတယ်။ ဘယ်သူကမှ သူတို့ကို အရင်စပြီး ရန်မစရဲပါဘူး။
အဖိုးတန် ရတနာတွေကို အဆင့်ခွဲထားသလို ဆေးပညာရှင်တွေကိုလည်း သာမန်အဆင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့်၊ ဆန်းကြယ်အဆင့်…. အဆင့်တစ်ဆင့် စီတိုင်းကိုလည်း အဆင့်နိမ့်အဆင့်၊ အလယ်အလတ် အဆင့်၊ အထွတ်အထိပ်အဆင့် ဆိုပြီး ထပ်ခွဲထားပါသေးတယ်။
ဆေးပညာရှင်တွေရဲ့ အဆင့်ကို ကိုယ်စားပြုတဲ့ ပန်းပွင့်ပုံ တံဆိပ်ကိုတော့ သူတို့ ရင်ဘတ်မှာ ချိတ်ဆွဲထားပါတယ်။
ထိုပန်းပွင့်မှာ ရှိတဲ့ ပွင့်ချပ် အရေအတွက်က ဆေးပညာရှင်ရဲ့ အဆင့်ကို ကိုယ်စားပြုပြီး ပန်းပွင့်ရဲ့ အရောင်တွေ ဖြစ်တဲ့ ရွှေရောင်၊ ငွေရောင်နဲ့ အဖြူရောင်ကတော့ အထွတ်အထိပ်အဆင့်၊ အလယ်အလတ် အဆင့်၊ အဆင့်နိမ့်အဆင့်တို့ကို ကိုယ်စားပြုပါတယ်။ သူတို့ ရင်ဘတ်၌ ချိတ်ဆွဲထားသည့် ပန်းပွင့် တံဆိပ်ရာ တစ်ချက် ကြည့်ရုံနဲ့တင် ဘယ်အဆင့် ဆေးပညာရှင်လဲ ဆိုတာကို တန်းသိနိုင်ပါတယ်။
ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေက ပန်းပွင့် တံဆိပ်တွေကို သူတို့ရင်ဘတ်ထက် ဂုဏ်ယူစွာနဲ့ ချိတ်ဆွဲထားကြပါတယ်။ အားလုံးမှာ အနည်းဆုံး ပွင့်ချပ် နှစ်ခုစီ ရှိကြပြီး တစ်ဝက်ကျော်မှာတာ့ ပွင့်ချပ်သုံးခု ရှိကြပါတယ်။ ချင်ကျဲမှာတော့ ပွင့်ချပ်လေးခုတောင် ရှိနေခဲ့ပါတယ်။
ပွင့်ချပ်လေးခု…. ဆိုလိုတာက သူက ဆန်းကြယ်အဆင့် ဆေးပညာရှင် တစ်ယောက်ပေါ့။
ဟမန်ဆင်းဆက် တစ်ခုလုံးမှာတော့ ဆန်းကြယ်အဆင့် ဆေးပညာရှင် အရေအတွက်က ဒါဇင်လောက်ပဲ ရှိပါတယ်။ လေးပုံတစ်ပုံလောက်က ဆေးဘုရင်တောင်ကြားကပါ။
ပွင့်ချပ်သုံခု ဆေးပညာရှင်တွေက ကောင်းကင်အဆင့် ဆေးလုံးကို သန့်စင်နိုင်တဲ့ ကောင်းကင်အဆင့် ဆေးပညာရှင်တွေ ဖြစ်ကြပြီး ပွင့်ချပ်နှစ်ခု ဆေးပညာရှင်တွေ ကတော့ မြေကမ္ဘာအဆင့် ဆေးလုံးကို သန့်စင်နိုင်တဲ့ မြေကမ္ဘာအဆင့် ဆေးပညာရှင်တွေပါ။
“ဆရာဒေါ်လေး၊ ဘာများ ညွှန်ကြားချင်လို့လဲ” ရှနင်းချန် နောက်လှည့်ကြည့်တာကို မြင်တော့ ချင်ကျဲက ရှနင်းချန်ဆီ ခပ်မြန်မြန်ပဲ သွားလိုက်ပြီး လေးလေးစားစားနဲ့ မေးလိုက်တယ်။
ရှနင်းချန်က ပျာယာခတ်နေတဲ့ လေသံလေးနဲ့ အလျင်စလို ပြန်ပြောလိုက်တယ် “စီနီယာအစ်ကိုချင်၊ ကျွန်မကို အဲ့လို မခေါ်ပါနဲ့။ ကျွန်မက ရှင့်ထက်တောင် အသက်ငယ်လေးသေးတယ်လေ”
ဒါပေမယ့် ချင်ကျဲက အလွန်အမင်း လေးနက်တဲ့ အမူအရာနဲ့ ခေါင်းရမ်းလိုက်ပြီး “အဲ့လို လုပ်လို့ မဖြစ်ဘူး၊ ဆရာဒေါ်လေး။ ဆရာဒေါ်လေးက သူနဲ့ အဆင့်တူတဲ့ ဆေးပညာရှင် တစ်ယောက်လို့ ဆရာဦးလေးရှောင်က ဆေးဘုရင်တောင်ကြားကို ကြေညာခဲ့လို့ ကျုပ်တို့ရဲ့အသက် ဘယ်လိုပဲ ကွာခြားနေပါစေ၊ ခင်ဗျားက ကျုပ်ချင်ကျဲရဲ့ ဆရာဒေါ်လေး ဖြစ်နေမှာပါပဲ”
ရှနင်းချန် ခါးခါးသီးသီး ပြုံးလိုက်ပြီး ဘာပြန်ပြောလို့ ပြောရမှန်း မသိဖြစ်သွားခဲ့တယ်။
ရန်ကိုင်က အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်တော့မယ်လို့ ကြားလိုက်တာနဲ့ ရန်ကိုင်ကို သွားကူဖို့ မန်ဝူရနဲ့အတူ နှစ်ယောက်တည်း သွားချင်တယ်လို့ သူမပြောခဲ့တယ်။ ဒါပေမယ့် ရှောင်ဖူချန်းက ဆေးပညာရှင် အယောက်သုံးဆယ် ကိုပါ သူမနဲ့ တစ်ခါတည်း ထည့်ပေးလိုက်တယ်။
ရှနင်းချန်က တိမ်ဖုံးတောင်ထွတ်မှာ နေတာ တော်တော် ကြာသွားပါပြီ။ ဒါပေမယ့် သူမရဲ့ ဆေးပညာ စွမ်းရည်ကို တိမ်ဖုံးတောင်ထွတ်က လူတွေသာ သိကြပါတယ်။
ဆေးပညာရှင်က သဘာဝအားဖြင့် မောက်မာ ကြတာ များပါတယ်။ ထို့ကြောင့် ချင်ကျဲနဲ့ ကျန်တဲ့ တပည့်တွေက ရှနင်းချန်ကို အထင်သေးကြပါတယ်။ ထို့ကြောင့် ရှောင်ဖူချန်းရဲ့ ဆုံးဖြတ်ချက်က တပည့်ပေါင်း များစွာကို မနာလိုမရှုစိမ့် ဖြစ်သွားစေခဲ့တယ်။
ပြီးတော့ ရှနင်းချန်ရဲ့ ဆေပညာဆိုင်ရာ ကျွမ်းကျင်မှုက သူနဲ့အဆင့်တူမှာ ရှိနေတယ်လို့ ရှောင်ဖူချန်းက လူသိရှင်ကြား ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ပြီးတော့ သူမရဲ့ ပါရမီက သူ့ထက် အများကြီး ပိုမိုသာလွန်ကာ သူမရောက်နိုင်တဲ့ အဆင့်ကိုတောင် တစ်နေ့ ရောက်ရှိလိမ့်မယ်လို့ ပြောခဲ့ပါသေးတယ်။
ရှောင်ဖူချန်း ပြောတာကို ချင်ကျဲ မယုံခဲ့ပါဘူး။ တကယ်တော့ ဒီလောကကြီးထဲမှာ ရှောင်ဖူချန်းနဲ့ အဆင့်တူတဲ့ ဆေးပညာရှင် ဘယ်မှာများ ရှိလို့လဲ။
ဆန်းကြယ်အဆင့်ကို ချိုးဖျက်ထားတဲ့ သူရဲ့ ဆေးစွမ်းရည်ကို ချင်ကျဲက အလွန်အမင်း ယုံကြည်ချက် ရှိနေတဲ့အတွက် ရှနင်းချန်ကို တိုက်ရိုက်ပဲ စိန်ခေါ်လိုက်ပါတယ်။
ရလဒ်ကတော့ ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားခဲ့ ရတာပါပဲ။ ထိုအဖြစ်အပျက် နောက်ပိုင်း ချင်ကျဲက ရှနင်းချန်ကို အသွေးအသား၊ ဝိဥာဉ်ထဲကပါ လေးစားသွားခဲ့ပြီး သူမအား နည်းနည်းလေးတောင် မရိုမသေ မလုပ်ရဲတော့ပါဘူး။
ဆေးပညာရှင်တွေ ဆိုတာ ဒီလိုပါပဲ။ သူတို့က ဘယ်သူ့ကိုမှ အလျှော့မပေး၊ မျက်နှာသာ မပေးချင်ကြပါဘူး။ မင်းကို လေးစားစေချင်ရင် သူတို့ကို ဆေးပညာနဲ့ အနိုင်ယူပြလိုက်ပါ။ နိုင်သွားရင် လေးစားလာပါလိမ့်မယ်၊ ရှုံးသွားရင်တော့ မင်းကို သောက်ဖတ်တောင် လုပ်နေမှာ မဟုတ်ပါဘူး။ ဆေးပညာရှင်တွေက ပွင့်ပွင့်လင်းလင်းနဲ့ တည့်တိုးပဲ ပြောတတ်ကြတာ များပါတယ်။
ဆေးဘုရင်တောင်ကြားက တပည့်တွေ အနေနဲ့ ရှောင်ဖူချန်းဆီက ဆေးပညာသင်ယူဖို့ကို အသာထား၊ သူ့ကို တွေ့ရရင်တောင် ကံကောင်းနေပြီလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် အခုတော့ ရှောင်ဖူချန်းနဲ့ ယှဉ်နိုင်တဲ့ မဟာဆေးပညာရှင်ကြီး နောက်တစ်ယောက် ထပ်မံ ထွက်ပေါ်လာခဲ့ပါပြီ။ သူမရဲ့ အသက်ကလည်း ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ ထို့ကြောင့် သူတို့ ရှနင်းချန်ကို လေးစားတာ ဘာမှ မထူးဆန်းပါဘူး။
အစတုန်းက ထိုလူသုံးဆယ်လုံးက အင်တင်တင် ဖြစ်နေကြပါသေးတယ်။ ဒါပေမယ့် ရှနင်းချန်က ချင်ကျဲအား ပြတ်ပြတ်သားသားနဲ့ အနိုင်ယူလိုက်တာကို မြင်တွေ့လိုက်ရပြီးနောက် သူတို့ရဲ့ သဘောထားတွေက ၁၈၀ဒီဂရီ တိတိ ပြောင်းလဲသွားခဲ့ပြီး ရှနင်းချန်နောက် လိုက်ကာ သူမဆီကနေ ဆေးပညာနည်းလမ်းတွေ သင်ယူဖို့ကို အသည်းအသန် ဖြစ်နေခဲ့ကြပါတယ်။
သူမဆီကနေ ဆေးပညာနည်းလမ်းကို သင်ယူစေနိုင်ဖို့ ထိုလူသုံးဆယ်ကို သူမနဲ့အတူ ထည့်ပေးလိုက်တာလို့ ရှောင်ဖူချန်း ပြောနေခဲ့ပေမယ့် တကယ်တော့ ရန်ကိုင်ကို ကူညီဖို့အတွက် အခုလို လုပ်လိုက်တာမှန်း ရှနင်းချန် သိပါတယ်။
“ဘာမှမဟုတ်ပါဘူး၊ ငါတို့ စကားစမြည် ပြောရုံလေးပါ” ဒေါ်လေးရှန်က သူ့လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်တယ်။
ချင်ကျဲက ဘာမှပြန်မပြောခဲ့ပဲ ခေါင်းသာ ညိတ်ပြလိုက်ပြီး ချက်ချင်း နောက်ပြန်ဆုတ်သွားခဲ့တယ်။
“ကျွန်မ မှတ်မိတာသာ မှန်မယ်ဆိုရင် ဆေးဘုရင်တောင်ကြားက အမွေခံတိုက်ပွဲမှာ တစ်ကြိမ်တစ်လေတောင် ဝင်မပြိုင်ဘူးဖူးမလား။ ကျွန်မရဲ့ အပြုအမူကြောင့် ဆေးဘုရင်တောင်ကြားကို ဒုက္ခတွင်းထဲ ခေါ်သွားသလို ဖြစ်နေမလားမသိဘူး” ရှနင်းချန်က စိုးရိမ်ပူပန်နေတဲ့ ပုံစံလေးနဲ့ ပြောလိုက်တယ်။
ထိုစကားကို ကြားတဲ့အချိန် ဒေါ်လေးရှန်က ပြုံးပြီးတော့သာ ညင်သာသိမ့်မွေ့စွာနဲ့ ပြန်ပြောလိုက်တယ် “စိတ်မပူပါနဲ့။ ဆေးဘုရင်တောင်ကြား လုပ်တဲ့အလုပ်ကို ဘယ်သူ့မှာမှ ဝေဖန်ထောက်ပြဖို့ အရည်အချင်း မရှိပါဘူး။ ဂရမ်းမာစတာရှောင်က ရန်ကိုင်ကို တော်တော် ဂရုစိုက်တာပဲ။ မဟုတ်ရင် အခုလိအမိန့်မျိုး သူပေးခဲ့လိမ့်မှာ မဟုတ်ဘူး။ ဆေးပညာရှင် သုံးဆယ်အပြင် နင့်ရဲ့ ဒေါ်လေးလန်နဲ့ ငါ့ကိုတောင် နင်နဲ့အတူ လိုက်လာခိုင်းလိုက်သေးတယ်”
ရှနင်းချန်က ခေါင်းညိတ်လိုက်တယ်။
ရှောင်ဖူချန်း ရန်ကိုင်ကို ဂရုမစိုက်ပဲ ဘယ်နေပါ့မလဲ. ရန်ကိုင်က သူအနှစ်နှစ် အလလကြာအောင် ကြိုးစားလေ့လာခဲ့ရတဲ့ စိတ်ဝိဥာဉ် အစီအရင်နှစ်ခုကို သူမနဲ့လူစီကနေ တစ်ဆင့် သူ့ဆီကို ပေးခိုင်းလိုက်တာလေ။ ဂရမ်းမာစတာရှောင် အတွက်တော့ ထိုစိတ်ဝိဥာဉ် အစီအရင် နှစ်ခုက ဒီလောကကြီး တစ်ခုလုံးမှာ ရှိတဲ့ ဘယ်ရတနာထက်မဆို ပိုပြီး တန်ဖိုးရှိပါတယ်။ ထို့ကြောင့် ဂရမ်းမာစတာရှောင် အနေနဲ့ ရန်ကိုင်ရဲ့ လုံခြုံရေးကို မစိုးရိမ်ပဲ ဘယ်နေပါ့မလဲ။
ဆေးဘုရင်တောင်ကြားက နှစ်ထောင်ပေါင်း များစွာကြာအောင် ကြားနေအဖြစ် နေခဲ့တာကို ဘယ်သူ ဂရုစိုက်မှာလဲ။ ဆေးဘုရင်တောင်ကြားက ဒီလောကကြီးရဲ့ အရေးကိစ္စတွေမှာ ဝင်ပါတာ၊ မပါတာ ဘာရေးကြီးမှာ မို့လို့လဲ။ ရန်ကိုင် ပေးခဲ့တဲ့ စိတ်ဝိဥာဉ် အစီအရင်နှစ်ခုရဲ့ ရှေ့မှာတော့ အားလုံးက ဖွဲစကွဲနဲ့သဲ ဖြစ်သွားခဲ့တာပါပဲ။
ထိုအမိန့်ကြောင့် ဂရမ်းမာစတာရှောင်နဲ့ ဆေးဘုရင်တောင်ကြား သခင်တို့ အချင်းများ ခဲ့ရပါသေးတယ်။
ဂရမ်းမာစတာရှောင်ရဲ့ အားနည်းချက်ကို ဖုံးကွယ်ပြီး လုပ်ချင်တာကို ဇွတ်တရွတ် လုပ်ခဲ့တဲ့ အကြောင်းကို ပြန်စဉ်းစားမိလိုက်တာနဲ့ ရှနင်းချန် မပြုံပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။
တစ်ခဏကြာပြီးနောက် မှောင်ရီပျိုးစ ပြုလာတဲ့အတွက် အားလုံး မြစ်ကမ်းတစ်ခုနားမှာ အနားယူဖို့ ရပ်တန့်လိုက်ကြတယ်။
စစ်ပွဲမြို့ရှိရာ အရပ်ဆီ လှမ်းကြည့်ရင်း ရှနင်းချန်ရဲ့ နှလုံးခုန်သံတို့ မြန်ဆန်နေခဲ့တယ်။
မနက်ဖြန်ကျရင် ဂျူနီယာမောင်လေးကို ပြန်တွေ့ရတော့မယ်။ သူနဲ့ တွေ့တဲ့အခါကျ ငါဘယ်လို နှုတ်ဆက်သင့်လဲ။ ငါအရင်ဆုံး ဘယ်လို စပြောသင့်လဲ။
တစ်ခဏကြာပြီးနောက် ရှနင်းချန် အတွေးရေယဉ်ကြောထဲ နစ်မြောသွားခဲ့တယ်။
……
ရန်ကိုင်စံအိမ်၊ သူ့အခန်းထဲ အတွင်း၌…
အခန်းတစ်ခုလုံး မွှေးရနံ့အိုးကထွက်တဲ့ သင်းပျံ့ပျံ့ ရနံ့တို့ဖြင့် သင်းကြိုင်နေခဲ့တယ်။ ရန်ကိုင်ရဲ့ ကျင့်စဉ်က ပက်ကျိသွားသလိုနှုန်းနဲ့ လှည့်ပတ်နေခဲ့ပါတယ်။ သူ့ရဲ့ အစစ်အမှန်ချီတွေက ဧရာမတောင်တစ်လုံးနဲ့ ဖိနှိပ်ထားခြင်း ခံရသည့်အလား လှည့်ပတ်နေတယ် ဆိုရုံလေးသာ လှည့်ပတ်နေနိုင်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရန်ကိုင်က အစစ်အမှန်ဆေးပညာ နည်းလမ်းကို စိတ်နှစ်ပြီး လေ့လာနေခဲ့တယ်။
အစစ်အမှန် ဆေးပညာနည်းလမ်းကို ပိုပြီး နားလည်လာတနဲ့ အမျှ အစစ်အမှန် ဆေးပညာ နည်းလမ်းထဲမှာ ပါတဲ့ အသိပညာတွေက ဘယ်လောက်တောင် အဖိုးတန်လဲ ဆိုတာကို သူသိလာခဲ့တယ်။ သူ့အမူအရာက ဆယ့်နှစ်မျိုး ဂျင်းသုပ်လိုမျို အခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောင်းလဲလို့ နေခဲ့တယ်။ အခု ထိတ်လန့် အံ့အားသင့်နေပေမယ့် မကြာခင်အချိန်၌ စိတ်လှုပ်ရှားနေနိုင်သလို၊ စိတ်လည်း ရှုပ်နေနိုင်ပါတယ်။
အချိန်တော်တော် ကြာသွားခဲ့ပြီးနောက် အစစ်အမှန် ဆေးပညာနည်းလမ်းထဲ ရန်ကိုင် လုံးဝဥဿုံ နစ်မြောသွားခဲ့တယ်။ အပြင်ဘက်က အချိန်စီးဆင်းမှုကို သတိမပြုမိတော့သလို အပြင်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကိုလည်း သတိမပြုမိတော့ပဲ အစစ်အမှန် ဆေးပညာနည်းလမ်းထဲ ဆန်းကြယ်မှုတွေကို လေ့လာတဲ့ နေရာမှာသာ နစ်မြောနေခဲ့တယ်။
အမျိုးမျိုးသော ဆေးပညာရှင်ကြီးတွေရဲ့ အတွေ့အကြုံတွေကို သူသေချာနားလည် သဘောပေါက်အောင် လုပ်ဆောင်နေခဲ့တယ်။
ပုံရိပ်အသစ်တစ်ခုက သူ့စိတ်ထဲ တဖြည်းဖြည်း ရုပ်လုံး ပေါ်လာခဲ့တယ်။ အစစ်အမှန် ဆေးပညာနည်းလမ်းကို လေ့လာရင်း သိုင်းတာအိုအပေါ် သူ့ရဲ့ နာလည်မှုက တဖြည်းဖြည်း တိုးတက်လာနေတာကို မကြာခင်မှာပဲ ရန်ကိုင် တွေ့ရှိလိုက်ရတယ်။
ထိုကဲ့သို့ အဖြစ်အပျက်မျိုးနဲ့ ရင်ဆိုင် လာရချိန်၌ ဆေးဖော်စပ်ချင်တဲ့ သူစိတ်ကို ရန်ကိုင် အသည်းအသန် ထိန်းချုပ်ထားလိုက်ရတယ်။ ပထမဆုံး ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်လိုက်နိုင်တာနဲ့ ဘယ်လိုမျိုး ထူးခြားသစ်လွင်တဲ့ မိုးကုတ်စက်ဝိုင်းတစ်ခုက သူ့ကို စောင့်ကြိုနေမလဲ ဆိုတာကို ရန်ကိုင် အရမ်းကို သိချင်နေမိခဲ့တယ်။
ဒါပေမယ့် ရှောင်ဖူချန်း ပြောခဲ့တာကို ပြန်သတိရလိုက်တဲ့ အခါမှာတော့ သူ့စိတ်ဆန္ဒကို အတတ်နိုင်ဆုံး ပြန်လည်ချုပ်တည်း ထားခဲ့တယ်။
အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို မရောက်သေးခင်အထိ ဆေးပညာကို မလေ့ကျင့်သင့်ဘူး။ အခု အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို သူပိုပြီး ချိုးဖျက်ချင်မိသွားခဲ့လေပြီ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ရောက်ပြီး အားလပ်ချိန် ရှိတာနဲ့ သူ့ရဲ့ ပထမဆုံး ဆေးလုံးကို စတင်ဖော်စပ်ရပါမယ်။
ကျင့်ကြံသူ တစ်ယောက်ရဲ့ ခွန်အားက သူ့တို့ရဲ့ အစစ်အမှန်ချီ ပမာဏအပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်ဖို့ အတွက်ဆိုရင် ရုပ်ခွန်အားနဲ့ သိုင်းတာအိုအပေါ် ဘယ်လောက် နားလည်ထားလဲ ဆိုတဲ့အချက်က အခရာကျပါတယ်။ ထို့ကြောင့်ပဲ ကျင့်ကြံသူတွေ နောက်တစ်ဆင့်သို့ ချိုးဖျက်ရာ၌ အတားအဆီး တစ်ခုခုနဲ့ ကြုံတဲ့အခါကျ တံခါးပိတ် ကျင့်စဉ်ဝင်လေ့ မရှိပဲ လောကကြီးထဲ ထွက်ပြီး အတွေ့အကြုံ ရှာလေ့ရှိကြတာပါ။
အစစ်အမှန် ဆေးပညာနည်းလမ်းကို လေ့လာတာက သူ့ရဲ့ စိတ်စွမ်းအင်ကို တိုးတက် စေနိုင်ရုံမကလို့ သူ့ရဲ့ သိုင်းတာအိုအပေါ် နားလည်ဆင်ခြင်နိုင်စွမ်းကိုလည်း တိုးတက်စေတာကို ရန်ကိုင် အမှတ်မထင် တွေ့ရှိခဲ့ရတယ်။
အစစ်အမှန် ဆေးပညာနည်းလမ်းကို လေ့လာရာမှာ စိတ်နှစ်ထားတဲ့ အတွက် အပြင်မှာ အချိန်တွေ ဘယ်လောက် ကုန်ဆုံးသွားလဲ ဆိုတာကို ရန်ကိုင် သတိမပြုမိခဲ့ပါဘူး။
မျက်လုံးဖွင့်လိုက်ပြီး အစစ်အမှန် ယန်ကျင့်စဉ်ကို လှည့်ပတ်ကြည့်လိုက်တဲ့ အခါ အရင်ကထက် ပိုပြီး မြန်မြန်နဲ့ လှည့်ပတ် နေနိုင်တာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။ သူ့ကိုယ်ထဲက အစစ်အမှန်ချီတွေက ဖိအားကို လိုက်ပြီး လှည့်ပတ်နေတဲ့ ပုံပါပဲ။ ထို့ကြောင့် အချိန်ကြာလာတာနဲ့ အစစ်အမှန်ချီ လှည့်ပတ်နှုန်းကလည်း ပိုပို မြန်ဆန် လာခဲ့ပါတယ်။
ပြီးတော့ သူ့ရဲ့ အစစ်အမှန်ဒြပ်စင်အဆင့်၈ ကျင့်ကြံခြင်း ကလည်း လုံးဝကို တည်ငြိမ်သွားတဲ့ ပုံပါပဲ။
လေပူတွေကို တစ်ချက် မှုတ်ထုတ်လိုက်ရင်း ရန်ကိုင်စိတ်ထဲ ပျော်ရွှင် ကျေနပ်နေခဲ့တယ်။
ထိုင်ရာကနေ ထလိုက်ပြီး မွှေးရနံ့အိုးကို အနက်ရောင် စာအုပ်ရဲ့ သိုလှောင် နေရာလွတ်ထဲ ပြန်ထည့်သိမ်း ထားလိုက်တယ်။ ထို့နောက် အစစ်အမှန်ချီမျှင် တစ်ခုနဲ့ ဝဲကတော့ တစ်ခုကို ဖန်တီးပြီး အခန်းထဲ ကျန်ရှိနေတဲ့ မွှေးရနံ့တွေကို အကုန်လုံးကို ဝဲကတော့ထဲ စုပ်ယူပစ်လိုက်တယ်။
မွှေးရနံ့အိုးကနေ ထွက်တဲ့ မွှေးရနံ့က တော်တော်လေး ပြင်းပါတယ်။ ရွှေရောင်အရိုးခြောက်ရဲ့ အကူအညီ ရှိတဲ့ သူကိုယ်တိုင်ကလွဲလို့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်အောက်မှာ ရှိနေတဲ့ ဘယ်သူကမှ ထိုမွှေးရနံ့တွေကနေ ထုတ်လွှတ်တဲ့ ဖိအားကို ခံနိုင်ရည် ရှိလိမ့်မှာ မဟုတ်ပါဘူး။
အိမ်ထဲမှာ ရှိနေတဲ့ အစေခံတွေထဲက တစ်ယောက်သာ ဒီနားကို လမ်းရောက်လာရင်း ထိုမွှေးရနံ့ကိုသာ မတော်တဆ ရှူရှိုက်မိလိုက်ပါက ချက်ချင်း သေဆုံးသွားနိုင်တဲ့အထိ အကျိုးဆက်က ပြင်းထန်ပါတယ်။
သန့်ရှင်းပြီးသွားတာနဲ့ ရန်ကိုင်က အခန်းထဲကနေ လမ်းလျှောက် ထွက်သွားလိုက်တယ်။
ရက်တော်တာ်ကြာအောင် တံခါးပိတ် ကျင့်စဉ် ဝင်ခဲ့တဲ့ အတွက် ချန်ယွဲ့ရှု ပြောခဲ့တဲ့လူတွေ ရောက်နေလောက်ပါပြီ။ စံအိမ်ပိုင်ရှင် တစ်ယောက် အနေနဲ့ သူ့မိတ်ဆွေဟောင်းတွေကို သူကိုယ်တိုင် ထွက်ကြိုသင့်တာ သဘာဝပါပဲ။
စင်္ကြံလမ်းတစ်လျှောက် သွားနေရင်း အဓိကခန်းမဆီ သွားနေတဲ့ လမ်းတစ်ဝက် ရောက်တဲ့အခိုက် လန်ချူးတျယ်နဲ့ လော့ရှောင်မန်တို့ စကားပြောနေတာကို ရန်ကိုင် တွေ့လိုက်ရတယ်။
မိန်းကလေးနှစ်ယောက် အတူတူထိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေတဲ့ မြင်ကွင်းက မျက်စိအာရုံကို တကယ်ပဲ ဖမ်းစားနိုင်လွန်းပါတယ်။ နှစ်ယောက်စလုံးရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း အတူတူ၊ မိုးထိမတတ် ထိုးထွက်နေတဲ့ မဟာတောင်ထွတ် နှစ်လုံးကလည်း အတူတူ ဖြစ်နေတော့ မြင်ရသူတိုင်း မျက်စိမလွှဲချင်မိမှာ အသေအချာပါပဲ။
“စီနီယာအစ်မလန်၊ မိန်းကလေးလော့” ရန်ကိုင်က သာမန်ကာလျှံကာ လေသံနဲ့ လှမ်းအော်ခေါ် လိုက်တယ်။
လန်ချူးတျယ်က အသံထွက်လာတဲ့ဘက်ဆီ ချက်ချင်း လှည့်ကြည့်လိုက်ပြီး သူ့အား ပျော်ရွှင်စွာနဲ့ ပြုံးပြလိုက်တယ်။ လန်ချူးတျယ်ကတော့ ထိုင်ရာကနေ ထခုန်လုနီးပါး ဖြစ်သွားခဲ့ပြီး သူမ မျက်နှာတစ်ခုလုံး သွေးမရှိတော့မတတ် ဖြူလျော်သွားခဲ့ကာ သူမရဲ့ မျက်စိသူငယ်အိမ်ကတော့ ဂနာမငြိမ် ဖြစ်သွားခဲ့ပါတယ်။
“နင်ငါ့ကို ဒီလောက်တောင် ကြောက်တာလား” ရန်ကိုင်က ပြုံးရင်း လော့ရှောင်မန်ကို စိတ်ဝင်တစားနဲ့ ကြည့်လိုက်တယ်။ လော့ရှောင်မန်ကတော့ ဘေးဘီဝဲရာကို မျက်လုံးစွေစောင်း ကြည့်ရင်း ပုန်းဖို့နေရာတစ်ခု ရှာဖွေနေခဲ့တယ်။ ဒါပေမယ့် ထိုကဲ့သို့ ပုန်းအောင်းနိုင်တဲ့ နေရာမျိုး ရှိမနေခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ လန်ချူးတျယ်ကိုသာ အားကိုးအားထားနဲ့ လှမ်းကြည့် ရပါတော့တယ်။
“ဂျူနီယာမောင်လေး၊ သူမကို အနိုင်မကျင့်ပါနဲ့” လန်ချူးတျယ်က ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ပြီး ပြောလိုက်တယ်။ ရုတ်တရက် သူမအရာက ထူဆန်းသွားခဲ့ပြီး လက်ကိုင်ပုဝါ တစ်ထည်ကို ထုတ်လိုက်ကာ ရန်ကိုင် မျက်နှာကို ညင်ညင်သာသာလေး သုတ်ပေးရင်း ပြုံးကာ ပြောလိုက်တယ် “နင့်မျက်နှာက ပေကျံနေတာပဲ။ ဂျူနီယာမောင်လေး၊ နင့်မျက်နှာကို သေချာ သွားဆေးကြော သင့်တယ်။ နင်သာ ဒီပုံစံကြီးနဲ့ လူမြင်းကွင်းထဲ ထွက်သွားရင် နင့်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေနိုင်တယ်နော်”
သူမက အခုလိုမျိုး ရင်းရင်းနှီးနှီးနဲ့ ပြုမူနေတာကို မြင်တော့ ရန်ကိုင်ပါးစပ် မဆိုသလောက်ကလေး မဲ့ရွဲ့သွားဦးခဲ့ပြီး အဓိပ္ပါယ်ပါပါ ပြုံးလိုက်ကာ “စီနီယာအစ်မလန်က အရမ်း တွေးတတ်တာပဲ။ အခုကစပြီး ကျုပ်ဂရုစိုက်လိုက်ပါ့မယ်”
Martial Peak
အပိုင်း(၄၄၄) အင်အားစု၁၁ခု
ပြောပြီးတာနဲ့ လော့ရှောင်မန်ဘက် လှည့်လိုက်ပြီး “ငါကို ပြောစမ်းပါဦး၊ နင်ဘာလို့ ငါ့ကို ဒီလောက်တောင် ကြောက်နေရတာလဲ။ နင်ဒီလောက်တောင် ကြောက်နေရလောက်တဲ့အထိ ငါနင့်ကို ဘာများ လုပ်ခဲ့လို့လဲ”
လော့ရှောင်မန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ခေါင်းလေး ငုံ့လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ် “ငါလည်းမသိဘူး… ဘာပဲဖြစ်ဖြစ်၊ ငါနင့်ကို ကြောက်တယ်”
“ဘယ်လောက်အထိ ကြောက်တာလဲ” ရန်ကိုင်က ရှေ့တစ်လှမ်း တိုးလိုက်တယ်။
လော့ရှောင်မန်က ကြောက်လန့် တကြားနဲ့ ထအော်ပါတော့တယ် “ငါ့နားကပ်မလာနဲ့”
ရန်ကိုင်က ကြက်သေသေသွားခဲ့တယ်။ သူသာ ရှေ့ဆက်တိုးနေရင် ထိုငကြောက်မလေး ငိုသွားမှာ စိုးတဲ့အတွက် ရန်ကိုင်လည်း ရှေ့ဆက်မတိုးတော့ပဲ ဒီအတိုင်းပဲ ရပ်နေလိုက်တယ်။
“မေ့လိုက်တော့၊ နင်တို့ လုပ်စရာရှိတာသာ ဆက်လုပ်နေတော့” အနည်းငယ် ကိုးယိုးကားယား ကျနေတယ်လို့ ခံစားမိလိုက်တာနဲ့ ရန်ကိုင်လည်း တစ်ယောက်တည်း ထွက်လာလိုက်တယ်။
ရန်ကိုင် မျှော်လင့်ထားခဲ့သလိုပဲ လရောင်ပြန်ဂိုဏ်းက လူတွေ ရောက်နေခဲ့ပါပြီ။ လရောင်ပြန်ဂိုဏ်းသာမက ချန်ယွဲ့ရှု ပြောခဲ့တဲ့ ဂိုဏ်းတွေလည်း ရောက်နေခဲ့ပါတယ်။
အားလုံးက လမ်းတစ်ဝက်မှာ ရောက်နေကြတာ ဖြစ်တဲ့အတွက် ချန်ယွဲ့ရှုဆီက သတင်းစကား ကြားတာနဲ့ အရှိန်မြှင့်ပြီး ခရီးနှင်ခဲ့ကြတဲ့အတွက် ဒီလောက် မြန်မြန်နဲ့ ရောက်လာခဲ့တာပါ။
ချူရီမန်ရဲ့ စီမံကြီးကြပ်မှုအောက်၌ အားလုံးက ကိုယ့်ခြံကိုယ့်ဝန်းနဲ့ နေနေခဲ့ကြတယ်။
ရန်ကိုင် တံခါးပိတ်လေ့ကျင့် နေရာကနေ ထွက်လာပြီမှန်း ကြားသိလိုက်တာနဲ့ လူငယ်လေးတွေ အကုန်လုံး အဓိကခန်းမဆီ သုတ်သီးသုတ်ပျာနဲ့ ပြေးကြပါတော့တယ်။
ရေလခန်းမက ဖန်ချန်းဟန်၊ သန့်စင်နှလုံသား နန်းတော်က ကျိုးဖန်၊ ပန်းပေါင်းတစ်ထောင် နန်းတော်က ဟန်ရှောင်ချီ၊ ရီဟန်၊ လျူချင်းရုနဲ့ ဟွာရို့ရင်၊ တစ်ယောက်ချင်းစီက လူငယ်မျိုးဆက်ရဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ကြပါတယ်။ ချန်ယွဲ့ရှုနဲ့ စုရှောင်းယုတို့ပါ ရောက်နေပြီ ဖြစ်တဲ့အတွက် သီးခြားကမ္ဘာထဲမှာ ရန်ကိုင်နဲ့ သိကျွမ်းခဲ့တဲ့ မိတ်ဆွေအားလုံးနီးပါး ရောက်ရှိနေပြီလို့ ပြောလို့ရပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အချိန်အတော်ကြာအောင် မတွေ့ခဲ့ရပြီးနောက်မှာတော့ ဂိုဏ်းအသီးသီးရဲ့ လူငယ်မျိုးဆက် ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ သူတို့ တစ်ယောက်ချင်းစီရဲ့ ကျင့်ကြံခြင်းက သိသိသာသာကို တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့် ရန်ကိုင်ရဲ့ တိုးတက်နှုန်းကို တွေ့မြင်ရပြီးနောက် ထိုလူငယ်မျိုးဆက် ခေါင်းဆောင်တွေ အကုန်လုံး သက်ပြင်းချပြီး ဆလံမြှောက်ပြရုံသာ တတ်နိုင်ခဲ့တယ်။ သူတို့ စိတ်ထဲမှာတော့ ဒီကောင်ကို ငါတစ်ဘဝလုံး လိုက်မှီနိုင်ပါတော့မလားလို့ အားလုံး တွေးနေခဲ့ကြတာပေါ့။
သူတို့ ပထမဆုံးအကြိမ် စတွေ့တုန်းက အားလုံးက ရန်ကိုင်ထက် အဆင့်ကြီးတစ်ဆင့် မြင့်ကြပါတယ်။ ဒါပေမယ့် အခု ရန်ကိုင်က သူတို့ကို ကျော်တက်သွားခဲ့လေပြီ။
ပြီးတော့ ရန်ကိုင်ရဲ့ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံခြင်းကို သာမန်လူတစ်ယောက်နဲ့ သွားယှဉ်လို့ မရပါဘူး။ အချိန်တွေ ကြာလာတာနဲ့အမျှ သူတို့ကြားက ကွာခြားချက်က ပိုပိုပြီး ကြီးမားလာခဲ့ပါတယ်။
ခန်းမတစ်ခုလုံး စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေတဲ့ နှုတ်ဆက်သံတို့ဖြင့် ညံသွားခဲ့တယ်။
“ရီချင်းစီနဲ့ ကျိုးဘတို့ရဲ့ အသူရာဂိုဏ်းက အဆုံးမဲ့ပင်လယ်မှာ ရှိနေတာ ဆိုးသွားတာပဲ။ ကျိမိုရဲ့ ဆန်းလော့ဘုရားကျောင်းကျတော့ အခြားနိုင်ငံ တစ်ခုမှာ။ အဲ့လိုမှမဟုတ်ရင် သူတို့လည်း လာကြမှာ” ချန်ယွဲ့ရှုက သက်ပြင်းချလိုက်တယ်။
ထိုစကားကို ကြားလိုက်တာနဲ့ အားလုံး မျက်နှာထက် လွမ်းဆွေးရိပ်တို့ ဖြတ်ပြေးသွားခဲ့တယ်။ အားလုံးက သီးခြားကမ္ဘာထဲမှာ အတူတူပူးပေါင်းပြီး သေရေး၊ ရှင်းရေး အခြေအနေတွေကို ကြိုးစားကျော်ဖြတ်ခဲ့ရတာ ဖြစ်တဲ့အတွက် သူတို့အချင်းချင်း တော်တော်လေး ရင်းနှီးကြတယ်လို့ ပြောလို့ရပါတယ်။
“သူတို့ကို နောက်ပိုင်းကျ တွေ့နိုင်မယ့် အခွင့်အရေး ရှိလာမှာပါ” ရန်ကိုင်က ပြုံးလိုက်ပြီး ရုတ်တရက် ကျိုးဖန်ဘက် လှည့်ကာ “လီရှင်းယွမ်ရဲ့ အခြေအနေကော ဘယ်လိုလဲ”
သီးခြားကမ္ဘာထဲ သွားတုန်းက သန့်စင်နှလုံသား နန်းတော်မှ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူ၂ယောက် ရှိခဲ့ပါတယ်။ တစ်ယောက်က ကျိုးဖန်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ လီရှင်းယွမ်ပါ။ ဒါပေမယ့် လီရှင်းယွမ်ကို ကံကြမ္မာက မျက်နှာသာ မပေးတဲ့အတွက် တန်းလန်းမင်းဆက်က ကျင့်ကြံသူ ထိန်းချုပ်ထားတဲ့ ဝိဥာဉ်အင်းဆက် တစ်ကောင်ကြောင့် သူ့ဒန်တန် ပျက်စီးသွားခဲ့ရပါတယ်။
ရန်ကိုင် မေးတာကို ကြားလိုက်တဲ့ အခါ ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံး ကျိုးဖန်ဆီ လှမ်းကြည့်လိုက်ကြတယ်။
အားလုံးရဲ့ အကြည့်က သူ့ဆီရောက်လာတော့ ကျိုးဖန်က ကိုးယိုးကားယားနဲ့ ခေါင်းလေးကုတ်လိုက်ပြီး ခါးခါးသီးသီး ပြုံးလိုက်ရင်း ပြန်ပြောလိုက်တယ် “သီးခြားကမ္ဘာထဲကနေ ပြန်ရောက်ပြီး ကတည်းက စီနီယာအစ်ကိုလီက အပေါ်ယံမှာသာ အဆင်ပြေနေတဲ့ ပုံစံလုပ်ပြနေတာ၊ သူဘယ်လောက် နာကျင်နေလဲ ဆိုတာကို သူကိုယ်တိုင်ပဲ သိတယ်။ ငါ့ဆရာလည်း ဆေးဘုရင်တောင်ကြားဆီ သွားပြီး သူ့ဒန်တန်ကို ပြန်ကုသလို့ ရမလားဆိုပြီး နည်းလမ်းလေး ဒါပေမယ့် ကံကောင်းပြီး နည်လမ်းတွေ့ခဲတယ်လေ။ ကောင်းကင်ညွှတ်ယူခြင်း ဆေးလုံး လို့ခေါ်တဲ့ ဆေးလုံးက ပျက်စီးနေတဲ့ ဒန်တန်တွေကို ပြန်လည် ပြုပြင်ပေးနိုင်တယ်တဲ့။ ငါ့ဆရာက အဲ့လိုဆေးလုံး ရှိမှန်း သိပြီးကတည်းက ဆေးလုံးအတွက် လိုအပ်တဲ့ ဆေးအမယ်တွေကို စုဆောင်းထားခဲ့တာ။ ဒါပေမယ့် အစောပိုင်းတုန်းက တိမ်မိစ္ဆာနယ်မြေက ဆေးဘုရင်တောင်ကြားကို ဝင်တိုက်သွားခဲ့တော့ ဆေးဘုရင်တောင်ကြားက ပြန်လည်ပြုပြင်နေတာနဲ့တင် အလှုပ်ရှုပ်နေတယ်လေ။ ဆေးဖော်စပ်ဖို့ တောင်းဆိုတာတွေကိုလည်း သိပ်ပြီး လက်ခံလေ့ မရှိတော့ဘူး။ ဒါကြောင့် ငါတို့အနေနဲ့ စောင့်ဖို့ပဲ ရှိတော့တယ်”
“ကောင်းတယ်၊ သူ့ဒန်တန်ကို ပြန်လည်ပြုပြင်နိုင်တဲ့ ဆေးလုံး ရှိတယ်ဆိုမှတော့ အားလုံးက လွယ်ကူသွားပြီပေါ့” ရန်ကိုင်က ပျော်ရွှင်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး “ဆေးဖော်စပ်ဖို့လူကို စိတ်မပူနဲ့၊ ငါ့တာဝန်ထားလိုက်”
“အဲ့လို ဆေးလုံးမျိုးကို ဖော်စပ်သန့်စင်နိုင်တဲ့ ဆေးပညာရှင်ကို ညီအစ်ကိုရန် သိတာလား” ကျိုးဖန် ကြောင်သွားခဲ့တယ်။ ထို့နောက် သူရှေ့မှာ ရှိနေတဲ့ ရန်ကိုင်က သီးခြားကမ္ဘာထဲမှာ တွေ့ခဲ့ဖူးတဲ့ ရန်ကိုင် မဟုတ်တော့ပဲ ရန်မိသားစုရဲ့ သခင်လေး တစ်ယောက် ဖြစ်နေတယ် ဆိုတာကို ပြန်အမှတ်ရလိုက်တဲ့ အခါမှတော့ ကျိုးဖန်း ရုတ်တရက် အရမ်းပျော်သွားခဲ့တယ်။
“အင်း၊ ငါသိတယ်။ နောက်ရက်နည်းနည်းလောက်ဆို သူတို့ ရောက်လာလိမ့်မယ်” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်တယ်။ သိမ်မွေ့နူးညံ့ပြီး ရိုးသားအပြစ်ကင်းစင်တဲ့ မျက်နှာလေးကို သူ့စိတ်ထဲ မြင်ယောင်မိလိုက်တယ်။
ချူရီမန်က သွားပေါ်အောင် ပြုံးရင်း ရုတ်တရက် ကြားဖြတ် ဝင်ပြောလိုက်တယ် “ရန်ကိုင်၊ အခု နင့်ကို ထောက်ပံ့ထားတဲ့ အင်အားစု ဘယ်နှစ်ခု ရှိနေပြီလဲ ဆိုတာကို နင်သိလား”
“ဆယ်ခုတော့ မကျော်လောက်ဘူးမလား” ရန်ကိုင်က သူမကို ကြည့်ပြီး ပြန်မေးလိုက်တယ်။
ချူရီမန်က ပေါ့ပါးတဲ့ အမူအရာလေးနဲ့ စတင်ပြီး ရေတွက်ပြပါတော့တယ် “ချူမိသားစု၊ ဟော်မိသားစု၊ ရှန်မိသားစု၊ ဒေါင်မိသားစု၊ ခရမ်းဖန်းတောင်ကြား၊ လရောင်ပြန်ဂိုဏ်း၊ သန့်စင်နှလုံးသားနန်းတော်၊ ငှက်မွှေးပျံအိမ်တော်၊ ပန်းပေါင်းတစ်ထောင်နန်းတော်၊ စုစုပေါင်း ကိုးခုရှိနေပြီ”
“မဆိုးပါဘူး” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။ ဒီရက်အတောအတွင်း သူတံခါးပိတ် ကျင့်စင်ဝင်နေပေမယ့် ဒီကိစ္စက သူ့စိတ်ထဲ အမြဲတမ်း ရှိနေခဲ့တာပါ။
“ဘာလို့လဲ၊ ဘာမှားနေလို့လဲ”
“နင်မသိတဲ့ အခြားအင်အားစုတွေလည်း ရှိသေးတယ်” ချူရီမန်က အဓိပ္ပါယ်ပါပါ ပြုံးပြီး ပြောလိုက်တယ်။
“ငါကို ထောက်ပံ့ပေးထားတဲ့ ငါမသိသေးတဲ့ အခြားအင်အားစုတွေလား” ရန်ကိုင်က အံ့အားသင့်သွားခဲ့ပြီး ယဲ့ယဲ့လေး ရယ်မောလိုက်ရင်း ပြန်မေးလိုက်တယ် “စိတ်ဝင်စားစရာပဲ၊ ငါကို ပြောစမ်းပါဦး၊ အဲ့အင်အားစုတွေက ဘယ်အင်အားစုတွေလဲလို့”
“ငါနင့်ကို ပြောဖို့ပဲ လုပ်နေတာ၊ ရှန်းယွမ်မြို့က လူအင်အားနဲ့ အထောက်အပံ့ ပစ္စည်းတွေ ပို့ပေးလိုက်တယ်”
“ရှန်းယွမ်မြို့လား” ရန်ကိုင်က ကြောင်သွားခဲ့တယ်။
ချူရီမန်က ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါလိုက်ပြီး “နင်ခြိမ်းခြောက်ခဲ့တဲ့ အင်အားစုကို နင်မမှတ်မိတော့ဘူးလား”
“လန်မြစ်နားက ပထမအင်အားစုလား” ထိုစကား ကြားလိုက်တော့မှပဲ ရန်ကိုင် တစ်ခုခုကို ပြန်သတိရသွားခဲ့တယ်။ ဗဟိုမြို့တော်ဆီ အပြန်လမ်းမှာ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ရန်ကိုင်က လူမိသားစုကိုသာမက ရှန်ယွမ်မြို့တော်ကိုပါ အပြစ်တင် ခြိမ်းခြောက်ခဲ့ပါတယ်။
သူက ရှန်ယွမ်မြို့တော်ဆီကနေ ဘာကိုမှ မတောင်းဆိုခဲ့သလို မြို့တော်ဆီကိုလည်း ဘာစာမှ မပို့ခဲ့ပါဘူး။ အခု ရှန်ယွမ်မြို့တော်ကို အုပ်ချုပ်နေတဲ့ လူက တော်တော်လေးလည်တဲ့ပုံပါပဲ။ သူဘက်က ဘာမှ မပြောပဲနဲ့တောင် လူနဲ့အထောက်အပံ့ ပစ္စည်းတွေကို သူ့ဆီ ပို့ပေးပြီးနေပါပြီ။
“အင်း” ချူန်ရီမန်က ခေါင်းညိတ်လိုက်တယ် “သူတို့ ရောက်လာတုန်းက သူတို့ကို အရင်စစ်ဆေးလိုက်ပြီး ငါတို့နဲ့ ပူးပေါင်းခွင့် ပြုလိုက်တယ်။ သူတို့အဖွဲ့ကို ဦးဆောင်လာတဲ့ လူငယ်ခေါင်းဆောင်က ရှန်ယွမ်မြို့တော် မြို့တော်ဝန်ရဲ့ သားပဲ။ သူ့ရဲ့ စရိုက်က ညင်သာသိမ်မွေ့တယ်လို့ ပြောလို့ရတယ်။ ဒီနှစ်ရက်အတွင်း သူနဲ့သူ့ရဲ့ လက်အောက်ငယ်သားတွေကို ငါစောင့်ကြည့်နေခဲ့တာ၊ သူတို့တွေက ရိုးရိုးသားသားပဲ။ ဘာပြဿနာမှလည်း မရှာကြဘူး”
“သူသာ လူဆောင်းလို မျက်ကန်း တစ္ဆေမကြောက်တဲ့ ကောင်ဖြစ်မနေသရွေ့ အားလုံး အဆင်ပြေတယ်” ရန်ကိုင်က ထိုကိစ္စကို အာရုံဆက်မထားတော့။ သူ့လက်ကို ဝှေ့ရမ်းပြလိုက်ပြီး “အဲ့လိုကိစ္စတွေကို နင်ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်။ သူတို့ အသုံးဝင်တယ် ထင်ရင် နေခိုင်းလိုက်။ အသုံးမဝင်ဘူးလို့ ထင်ရင်တော့ ပြန်သာလွှတ်လိုက်ပေါ့”
ချူရီမန် မျက်ဝန်းအစုံ တောက်ပသွားခဲ့တယ်။ ရန်ကိုင်က အခုလို တာဝန်တွေကို သူမဆီ ယုံယုံကြည်ကြည်နဲ့ အပ်နှံလာတဲ့အတွက် ချူရီမန်စိတ်ထဲ ကြိတ်ပျော်သွားခဲ့ရတယ်။
ငါ့မသိစိတ်အတိုင်း ချူမိသားစုကနေ ယာယီခွဲထွက် လာလိုက်ပြီး သူ့ကို လာထောက်ပံ့လိုက်တာ ကံကောင်းသွားတယ်။ ငါသာ ရန်ရှန်းကို သွားထောက်ပံ့ခဲ့ရင် အများဆုံးမှ မဟာမိတ်တစ်ခုလိုပဲ ဆက်ဆံခံရမှာ
“ဒါပေမယ့် ရှန်းယွမ်မြို့တော်က လူတွေက အကြောင်းပြချက် ရှိလို့ လာခဲ့တာ။ ငါမသိတဲ့ အခြားတစ်ယောက်သာ လာခဲ့ရင် သူတို့ကို လက်မခံနဲ့” ရန်ကိုင်က နောက်တစ်ကြိမ် ထပ်သတိပေးလိုက်တယ်။
“အင်း၊ ငါသိတယ်” ချူရီမန်က ပျော်ရွှင်စွာနဲ့ ပြန်ပြောလိုက်တယ်။
“ရှန်ယွမ်မြို့က အဖွဲ့အပြင် ငါမသိတဲ့ အခြားအဖွဲ့တွေကော ရှိသေးလား” ရန်ကိုင် နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်။
ချူရီမန်ရဲ့ အမူအရာ လေးနက်တည်ကြည် သွားခဲ့ပြီး အလျင်အမြန်ပဲ ပြန်ပြောလိုက်တယ် “တွမ့်မူမိသားစုက လူတစ်ဖွဲ့ရောက်လာသေးတယ်။ သူတို့ကို နင်ကြားဖူးလား မသိဘူး”
“တွမ့်မူ မိသားစုလား” ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ကာ တစ်ခဏလောက် ကြာအောင် စဉ်းစားလိုက်ပြီးနောက် “ဒီနာမည်ကို ရင်းနှီးနေသလိုပဲ၊ ဒါပေမယ့် ငါဘယ်မှာ ကြားခဲ့ဖူးလဲ ဆိုတာကိုတော့ မမှတ်မိတော့ဘူး။ သူတို့ မိသားစုက ငါ့ကို လာထောက်ပံ့ရအောင် သူတို့နဲ့ ငါ့ကြားမှာ ဘယ်လို ဆက်ဆံရေးမျိုး ရှိနေလို့လဲ”
“တွမ့်မူမိသားစုက နင့်ရဲ့ တတိယအစ်ကိုကြီး ရန်ထိုက် အမေဘက်က အင်အားစုလေ။ ငါဒီလောက်ပြောရင် နင်နားလည်လောက်ရောပေါ့၊ ဟုတ်တယ်မလား” ချူရီမန်က ပြုံးကာ ပြန်ပြောလိုက်တယ်။
“ငါ့ရဲ့ တတိယအစ်ကိုကြီးလား” ရန်ကိုင် အံ့အားသင့်သွားခဲ့တယ်။
“တွမ့်မူမိသားစု အဖွဲ့မှာ လူနည်းနည်းပဲ ပါလာတယ်၊ စုစုပေါင်း ငါးယောက်ပဲ၊ ဒါပေမယ့်… ငါးယောက်စလုံးက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ ချည်းပဲ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ကျင့်ကြံသူ တစ်ယောက်၊ အဆင့်၇တစ်ယောက်၊ အဆင့်၆ တစ်ယောက်နဲ့ အဆင့်၅နှစ်ယောက်ပဲ”
“အဲ့ညတုန်းက အသက်ရှင်ခဲ့တဲ့ လူငါးယောက်လား” ရန်ကိုင် မျက်ခုံးပင့်မိလိုက်တယ်။ ထိုညတိုက်ပွဲက တွမ့်မူမိသားစုက အင်အားစုတွေအတွက်တော့ ကပ်ဘေးလို့ပဲ ပြောရပါမယ်။ ၃၀ကနေ၄၀လောက် ရှိတဲ့ လူအုပ်ကြီးကနေမှ ငါးယောက်ပဲ အသက်ရှင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထိုပရမ်းပတာ တိုက်ပွဲကြီးကနေ အသက်ရှင်နိုင်ခဲ့တယ် ဆိုတဲ့အချက်နဲ့တင် သူတို့ငါးယောက်က သာမန်ပညာရှင်တွေ မဟုတ်မှန်း သေချာနေပါပြီ။
ထိုအချိန်တုန်းက ရန်ခန်းနဲ့ ရန်ရင်တို့က ရန်ကိုင် နောက်ကိုသာ သည်းကြီးမည်းကြီး လိုက်နေခဲ့တဲ့အတွက် ထိုငါးယောက်နဲ့ ရင်ဆိုင်ဖို့ အချိန်မရှိ ဖြစ်သွားခဲ့တယ်။ မဟုတ်ရင် အမွေခံတိုက်ပွဲရဲ့ သဘောသဘာဝအရ ရန်ခန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး ထိုငါးယောက်ကို သူတို့ဘက် ပါအောင် စည်းရုံးကြမှာပါ။
ထိုညီအစ်ကိုနှစ်ယောက် ကြိုးစားခဲ့မယ် ဆိုရင်တောင် အိတ်ပေါက်နဲ့ ဖားကောက်သလိုသလို အချည်းနှီးပဲ ဖြစ်သွားရမှာပါ။ ဘာလို့လဲ ဆိုတော့ သူတို့နှစ်ယောက်ရဲ့ လက်ထဲမှာ သေသွားခဲ့ရတဲ့ တွမ့်မူမိသားစုက ကျင့်ကြံသူတွေ နည်းမှ မနည်းတာကိုး။
“ဟုတ်တယ်၊ အဲ့ငါးယောက်ပဲ” ချူရီမန်က ရန်ကိုင်ကို နက်နက်နဲနဲ စိုက်ကြည့်လိုက်ရင်း ဖူးအိနေတဲ့ သူမရဲ့ နှုတ်ခမ်းလေးကို လျှာ့နဲ့သပ်လိုက်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ ပုံစံလေးနဲ့ ပြောလိုက်တယ် “ငါကို ရိုးရိုးသားသားပြော၊ အဲ့ည နင့်ရဲ့ တတိယအစ်ကို လွှတ်ပေးလိုက်တုန်းက နင့်စိတ်ထဲမှာ အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ကြိုတင်စဉ်းစား ထားပြီးသားလား”
ချူရီမန်ရဲ့ မေးခွန်းကို ကြားလိုက်တဲ့အခါ ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “နင့် ငါ့ကို အရမ်းအမြင့်ကြီး တွေးနေတာပဲ။ ငါက အဲ့လောက်အထိ ဥာဏ်နီဥာဏ်နက် များတဲ့လူ မဟုတ်ပါဘူးနော်။ ငါ့ရဲ့ တတိယအစ်ကိုကို သွားခွင့် ပေးလိုက်တာက လွှတ်ပေးချင်လို့ကို လွှတ်ပေးလိုက်တာ။ ငါ့မှာ အခြားဘာအစီအစဉ်မှ မရှိဘူး”
ထိုစကားကို ကြားလိုက်တာနဲ့ ချူရီမန်က စိတ်သက်သာရာ ရသွားတဲ့ပုံစံနဲ့ သက်ပြင်းလေး တစ်ချက်ချလိုက်ပြီး သူမရဲ့ ရင်ဘတ်လေးကို ပုတ်ရင်း “နင့်ရဲ့ ကိလိမ်ဥာဏ်က ဒီလောက်အထိ မပြေးတာ ဘုရားမတာပဲ။ မဟုတ်ရင် နောက်ပိုင်းကျ နင့်ကို ငါဘယ်လို မျက်နှာချင်းဆိုင်ရမှန်း သိတော့မှာ မဟုတ်ဘူး”
ချူမိသားစုရဲ့ ပထမသခင်လေး ချူရီမန်က အခုလိုမျိုး နိမ့်ချရိုကျိုးစွာနဲ့ ပြောနေတဲ့ ပုံစံကိုကြည့်ရင်း ခန်းမထဲမှာ ရှိနေတဲ့လူအားလုံး တုန်လှုပ်ချောက်ချား သွားခဲ့တယ်။ ရန်ကိုင်နဲ့ ရင်ဆိုင်ရတဲ့အခါ ချူရီမန်အတွက် ဘယ်လောက်တောင် ဖိအားများလဲ ဆိုတာကို အခုမှပဲ သူတို့ နားလည်သွားပါတော့တယ်။
“ကဲဘာပဲဖြစ်ဖြစ်၊ နင်ရဲ့ မတော်တဆ အပြုအမူ တစ်ခုက မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေကို သယ်ဆောင်လာခဲ့ပြီလေ” ချူရီမန်က ပြုံးလိုက်ပြီး “အဲ့ငါးယောက် နင်နဲ့လာပူးပေါင်းတာ ရန်ထိုက် ခိုင်းလို့ပဲ ဖြစ်ရမယ်”
ရန်ကိုင် ခေါင်းညိတ်ပြလိုက်တယ်။ သူ့ရဲ့ တတိယအစ်ကိုက အခုလိုမျိုး ကျေးဇူးပြန်ဆပ်လိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပါဘူး။ ထို့ကြောင့် ရန်ကိုင် ပျော်ရွှင်စွာ ပြုံးလိုက်မိတယ်။
“အခု နင့်ကိုထောက်ပံ့နေတဲ့ အင်အားစု ၁၁ခုရှိသွားပြီ” ချူရီမန်ရဲ့ လေသံထဲ စိတ်လှုပ်ရှားသည့် အရိပ်အယောင်အချို့ ပါဝင်နေခဲ့တယ်။ ဒီသခင်မလေးချူကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တဲ့အရာ များများစားစား မရှိဘူးဆိုတာကိုတော့ သိထားဖို့ လိုပါတယ်။
ထိုအင်အားစု ၁၁ခုထဲ၌၊ နှစ်ခုက မဟာအင်အားစုကြီး ဖြစ်ပြီး ရှစ်ခုက ပထမအဆင့် အင်အားစုတွေ ဖြစ်ကာ ကျန်တစ်ခုက ဒုတိယအဆင့် အင်အားစုဖြစ်တဲ့ လရောင်ပြန်ဂိုဏ်းပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်တုန်းက ရန်ကိုင်ကို ဘယ်သူကမှ မထောက်ပံ့ချင်ကြပါဘူး။ ဘာလို့လဲ ဆိုတော့ သူ့မှာ ဒီအမွေခံတိုက်ပွဲကို နိုင်နိုင်မယ့် အခွင့်အရေး မရှိဘူးလို့ အားလုံး ထင်နေတာကြောင့်ပါပဲ။ ၉၀ ရာခိုင်နှုန်းသော လူတွေက ရန်ကိုင် ပထမညမှာပဲ ထွက်ရလိမ့်မယ်လို့ တွက်ထားကြတာပါ။ ဒါပေမယ့် အခုအချိန်၌ အင်အားစု၁၁ခုက ရန်ကိုင်ကို ထောက်ပံ့နေခဲ့ပါပြီ။
ရန်ကိုင်ရဲ့ အင်အားစုဆောင်းတဲ့ အမြန်နှုန်းက သူသာ ဒုတိယလို့ ပြောလိုက်ရင် ဘယ်သူကမှ ပထမနေရာကို ယူရဲလိမ့်မှာ မဟုတ်တဲ့အထိပါ။
အောင်မြင်မှုက သူတို့လက်ခုပ်ထဲ ရောက်ရှိနေသလို ချူရီမန် ခံစားနေခဲ့ရတယ်။
သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်လိုက်ပြီး ချူမိသားစု သခင်မလေးက လေးနက်တည်ကြည်တဲ့ လေသံနဲ့ ဆက်ပြောလိုက်တယ် “အခု၊ နင့်ရဲ့ အင်အားစုက နင့်ညီအစ်ကိုတွေထက် ပိုပြီး သာသွားပြီ။ ငါရထားတဲ့ သတင်းအရဆိုရင် ရန်ကျောင်းတစ်ယောက်မှာပဲ သူ့ကို ထောက်ပံ့နေတဲ့ အင်အားစု အခု၂၀ ရှိနေတာ။ ဒါပေမယ့် အဲ့အင်အားစု အများစုက ဒုတိယအဆင့်နဲ့ တတိယအဆင့်တွေ ချည်းပဲ။ သူ့ဟာက အရေအတွက်သာ များတာ၊ အရည်အသွေးပိုင်းက နင့်ထက် အများကြီး နိမ့်ကျတယ်။ ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ နင့်ရဲ့ လက်ရှိအားသာချက်က ပိုပိုပြီး သေးငယ်သွားမှာ။ နင်သာ အာရုံမစိုက်ရင် နင့်ရဲ့ ညီအစ်ကိုတွေ တစ်ယောက်ပြီး တစ်ယောက် နင့်ကို ကျော်ဖြတ်သွားနိုင်တယ်။ နင့်စိတ်ကို ကြိုတင်ပြင်ထားဖို့ ပြောထားတာ”
“ငါသိတယ်” ရန်ကိုင်က ပြောလိုက်ပြီးတာနဲ့ ယုံကြည်ချက် အပြည့်နဲ့ ပြုံးလိုက်ကာ “အချိန်မတိုင်သေးဘူးလေ”
ချူရီမန် မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး နှာခေါင်း ရှုံ့လိုက်ရင်း “နောက်တစ်ရက်ကျ၊ နင်နဲ့ သေချာစကား ပြောရဦးမယ်၊ မဟုတ်ရင် ဒီနေရာကို မရောက်သေးတဲ့ နင့်ရဲ့ အခြားအကူအညီတွေ ဘယ်လောက်တောင် ရှိနေမလဲ ဆိုတာကို ငါသိမှာ မဟုတ်ဘူး”
ချူရီမန် မျက်ဝန်းထဲက ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်ကို သတိပြုမိလိုက်တာနဲ့ အခန်းထဲမှာ ရှိနေတဲ့ လူအားလုံး ကြောင်အသွားခဲ့ကြတယ်။ အားလုံး စိတ်ထဲမှာတော့ လျှို့ဝှက်ချက်ကြီး တစ်ခုကို ငါတို့အခုပဲ ထပ်သိလိုက်ရတာလားဆိုပြီး တွေးတောနေခဲ့တာပေါ့။
ပန်းပေါင်းတစ်ထောင် နန်းတော်က ရီဟန်က ရုတ်တရက်ကြီး ဝါးလုံးကွဲ ရယ်မောလိုက်ကာ “သခင်မလေးချူ၊ ရန်ကိုင်ကို ဆွဲဆောင်ဖို့က ဒီလောက် မလွယ်ဘူးနော်”
“သူက ငါ့ကိုတောင် မျက်လုံးထဲ ထည့်တာ မဟုတ်ဘူး” ချူရီမန် စိတ်ဓါတ်ကျ သိမ်ငယ်နေတဲ့ အမူအရာလေးနဲ့ ပြန်ပြောလိုက်ပြီး ရန်ကိုင်ရဲ့ အမူအရာကို တိတ်တဆိတ် စူးစမ်းလိုက်တယ်။
ရန်ကိုင်က ညစ်ပြုံးပြုံးလိုက်ပြီး “ဒီည နင့်အခန့းဆီ ငါလာခဲ့မယ်၊ အဲ့ကျမှ စကားလေး ကောင်းကောင်း ပြောကြတာပေါ့”
ရန်ကိုင်မျက်နှာထက်က အပြုံးကို မြင်တွေ့လိုက်တာနဲ့ ချူရီမန် ရှက်သွေးဖြာသွားခဲ့တယ်။
“ဟန့်၊ အခုထိ မပြောင်းလဲသေးဘူးပဲ” ဟန်ရှောင်ချီက အထင်အမြင်သေးစွာနဲ့ နှာခေါင်းရှုံ့လိုက်တယ်။ သီးခြားကမ္ဘာမှာတုန်းက စုရှောင်းယု တစ်ယောက်ကလွဲပြီး ကျန်တဲ့ မိန်းကလေးတွေ အကုန်လုံး ရန်ကိုင် အသားယူတာ ခံခဲ့ရပါတယ်။ ထိုအချိန်တုန်းက အဖြစ်အပျက်ကို သူမစိတ်ထဲ ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲပါ။
Martial Peak
အပိုင်း (၄၄၅) ဆေးပညာရှင်တွေ နှောင့်ယှတ်ခံရခြင်း
စီနီယာအစ်မ ဖြစ်တာကြောင့်လာတော့မသိ ဟန်ရှောင်ချီရဲ့ ဟန်ပန်အမူအရာက အေးစက်စက် နိုင်လှပါတယ်၊ ရီဟန်က ချစ်ဖို့ကောင်းပြီး လျူချင်းရုက နှစ်လိုစွဲမက်ဖွယ် ကောင်းကာ ဟွာရို့ရင်ကတော့ ဣန္ဒြေသိက္ခာကြီးမားလှတဲ့ မိန်းမတစ်ယောက်ရဲ့ ပုံစံမျိုးပေါ့။
ဟန်ရှောင်ချီရဲ့ ပုံစံထဲ စုယန်ရဲ့ အရိပ်ကို ရေးတေးတေးလေး မြင်တွေ့နေရတဲ့အတွက် ရန်ကိုင် မျက်ဝန်းထဲက စူးရှမှုတို့ ပျော့ပျောင်းသွားခဲ့ရတယ်။
နှစ်ယောက်စလုံးက ဂိုဏ်းအသီးသီးရဲ့ စီနီယာ အစ်မကြီးတွေ ဖြစ်ကြပြီး သူတို့ရဲ့ စရိုက်ကလည်း ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် စုယန်က ဟန်ရှောင်ချီထက် ပိုပြီး အေစက်စက်နိုင်လှပါတယ်။ စုယန်က အပြင်လူတွေကိုသာ အေးစက်စက် အမူအရာနဲ့ ဆက်ဆံတာပါ၊ ရန်ကိုင်ရှေ့မှာ ဆိုရင်တော့ သူမရဲ့ အေးစက်စက် ရေခဲလွှာကြီးက ဘယ်ရောက်လို့ ဘယ်ပျောက်သွားမှန်းတောင် မသိရပါဘူး။
ရန်ကိုင်ရဲ့ မီးတောက်မတတ် ကြည့်ကြောင့် ဟန်ရှောင်ချီ ရှက်သွေးဖြာသွားခဲ့ပြီး ဆက်ပြီး သည်းမံနိုင်တော့တဲ့ အဆုံး တိုးတိုးလေး ရေရွတ်လိုက်တယ် “ငါက အမှန်ကို ပြောနေတာ။ ငါ့ကို အခုလိုမျိုး စိုက်ကြည့်နေလို့လည်း ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး”
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ချူရီမန်လည်း နှာခေါင်းရှုံ့ အံကြိတ်လိုက်ပြီး သူမဘာသာ သူမတွေးလိုက်တယ်… ယောကျ်ားတွေ အကုန်လုံးက အတူတူနဲ့ အနူနူပဲ၊ မိန်းမလှလေး တစ်ယောက်မြင်တာနဲ့ မျက်လုံးထွက်ကျတော့မတတ်ကို ငေးစိုက်ကြည့်နေတာ။
ရန်ကိုင် အမူအရာကို မြင်လိုက်တဲ့သူတိုင်း သူ့နှလုံးသားထဲ နူးညံ့သိမ်မွေ့လှတဲ့ ခံစားချက်တွေကို သတိပြုမိပါတယ်။ ဒီမှာ ရှိနေတဲ့ လူအားလုံးထဲမှာ ဘယ်သူကမှ ကလေးမဟုတ်တဲ့ အတွက် သူတို့ နားမလည်ပဲ ဘယ်နေပါ့မလဲ။
“ရန်ကိုင်၊ မင်းအနေနဲ့ ဒီလောက်ကြီးလည်း တည့်တိုး ဆန်စရာ မလိုပါဘူး” ကျိုးဖန်က နှာခေါင်းရှုံ့လိုက်တယ် “စီနီယာအစ်မဟန်က လည်ပြန်ငေးရလောက်တဲ့အထိ လှတယ် ဆိုပေမယ့် ကြည့်ချင်တယ် ဆိုရင်လည်း မသိမသာလေး ချောင်းကြည့်ပေါ့။ ဘာလို့ အခုလိုမျိုး လုပ်နေရတာလဲ”
ရန်ကိုင်ရဲ့ စိုက်ကြည့်ခြင်း ခံရတာက သိပ်ပြီး သက်သောင့်သက်သာ မရှိလှဘူးဆိုပေမယ့် ကျိုးဖန် ပြောတဲ့စကားကို ကြားလိုက်တဲ့ အချိန်၌ ဟန်ရှောင်ချီက ကျိုးဖန်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ် “နင်ရော ဘာထူးလို့လဲ၊ နင်တို့ နှစ်ယောက်စလုံး အတူတူနဲ့အနူနူပဲ”
ထိုတုန့်ပြန်စကားကို ကြားတော့ ကျိုးဖန် ရယ်သာရယ်လိုက်ပြီး ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။
ရန်ကိုင်က ပြန်လည်း မဖြေခဲ့သလို ရှင်းပြဖို့လည်း မကြိုးစားခဲ့ပါဘူး။ သူ့မျက်ဝန်းထဲက အကြည့်တွေက တဖြည်းဖြည်းနဲ့ ပြန်လည်တည်ငြိမ်သွားခဲ့ပြီး သာမန်အခြေအနေအဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့ကာ ခန်းမအပြင်ဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်တယ်။
အလျင်စလို ပြေးလာနေတဲ့ ခြေသံတွေကို သူကြားနေခဲ့ရတယ်။
တစ်ခဏကြာပြီးနောက် ဒေါင်ချင်းဟန်က စိုးရိမ်ပူပန်နေတဲ့ အမူအရာနဲ့ ခန်းမထဲ ဒရောသောပါး ပြေးဝင်လာခဲ့တယ်။ ခန်းမထဲ ရောက်လာတာနဲ့ အားလုံးကိုတောင် မနှုတ်ဆက်နိုင်တော့ပဲ ပြောစရာ ရှိတာကိုသာ အော်ပြောလိုက်တယ် “ရန်ကိုင်၊ မကောင်းတော့ဘူး။ မင်းလူလွှတ်ပြီး အခြေအနေကို သွားစစ်ဆေးကြည့်သင့်တယ်”
“ဘာဖြစ်လို့လဲ” ရန်ကိုင် မျက်မှောင်ကြုံ့ပြီး ပြန်မေးလိုက်တယ်။
ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံးရဲ့ အမူအရာ လေးနက်တည်ကြည် သွားခဲ့တယ်။ သူတို့က ရန်ကိုင်ကို ထောက်ပံ့ပေးဖို့ လာခဲ့တာ ဖြစ်တဲ့အတွက် တိုက်ပွဲရောက်လာခဲ့ရင် အားလုံးက တိုက်ခိုက်နိုင် ဖို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
“ချင်းရန် စစ်ပွဲမြို့ကို ရောက်နေပြီ။ ဒါပေမယ့် သူမတို့တွေ ကြားဖြတ်နှောင့်ယှတ်ခံရပြီး အဝိုင်းခံထားရတယ်”
“သူတို့ ရောက်တောင် ရောက်နေပြီလား” ရန်ကိုင် ထိတ်လန့်အံ့ဩသွားခဲ့ပြီး ချက်ချင်း ပျော်သွားခဲ့ကာ နည်းနည်းလေးတောင် တုန့်ဆိုင်းမနေတော့ပဲ ထခုန်လိုက်ပြီး အော်လိုက်တယ် “ရင်းဂျု၊ ငါ့နောက်ကနေ လိုက်ခဲ့”
ဘာကိစ္စကြောင့်ပဲ ဖြစ်ဖြစ် နေ့ခင်းကြောင်တောင်ကြီး သွေးစစ်သည်တော်တစ်ယောက် မပါပဲ အပြင်ထွက်တာက တကယ်ကို အန္တရာယ်များပါတယ်။
“မဟုတ်ဘူး၊ အဲ့လိုမလုပ်နဲ့။ အနည်းဆုံး ဒီမှာ ရှိနေတဲ့ လူတစ်ဝက်လောက်ကို မင်းနဲ့အတူ ခေါ်သွားလိုက်။ အဲ့က အခြေအနေက ဘယ်လောက်တောင် အသည်းအသန် ဖြစ်နေလဲ ဆိုတာကို မင်းနားမလည်ဘူး” ဒေါင်ချင်းဟန်က အလျင်စလို ပြောလိုက်တယ်။ ချွေးအေးတို့က သူ့နဖူးထက်ကနေ တတောက်တောက်နဲ့ စီးကျနေခဲ့တယ်။ ကြည့်ရတာက အခြေအနေက သူထက်သလောက် မရိုးရှင်းတဲ့ပုံပါပဲ။
ရန်ကိုင်က ဒေါင်ချင်းဟန်ကို ခဏကြာတဲ့အထိ စိုက်ကြည့်နေလိုက်ပြီးနောက် ဘာမှ ထပ်မမေးတော့ပဲ ခေါင်းညိတ်ကာ အမိန့်ပေးလိုက်တယ် “ဟော်မိသားစု၊ ရှန်မိသားစု၊ ဒေါင်မိသားစုနဲ့ တွမ်မူမိသားစုက လူတွေ အကုန်လုံး ငါနဲ့လိုက်ခဲ့။ ချူရီမန်က ငါမရှိတုန်း ဒီနေရာကို တာဝန်ယူထားလိုက်”
“အင်း” ချူမိသားစုရဲ့ ပထမသခင်လေးက အလျင်အမြန်ပဲ ခေါင်းညိတ်လိုက်တယ်။
“ငါတို့ကကော” ဟန်ရှောင်ချီက မေးလိုက်တယ်။
“နင်တို့က လောလောလတ်လတ်ကပဲ ရောက်ထားတာ ဆိုတော့ အရင်နားလိုက်ဦးပေါ့။ ဒီတစ်ကြိမ် အဖြစ်အပျက်က အရမ်းကြီးတော့ မကြီးမားလောက်ပါဘူး”
ပြောပြီးတာနဲ့ ဒေါင်ချင်းဟန်နဲ့အတူ အပြင်ကို ပြေးထွက်သွားလိုက်တယ်။ ခန်းမအပြင် ရောက်သွာတာနဲ့ ဒေါင်ချင်းဟန်က အသံအကျယ်ကြီး လေချွန်လိုက်တယ်။ မကြာခင်မှာပဲ အဝတ်စလေးတိုးသံနှင့်အတူ ရန်ကိုင် ခြံဝန်းတစ်ခုလုံး လူပေါင်းများစွာတို့ရဲ့ ခြေသံတွေနဲ့ ပဲ့တင်ထပ်သွားခဲ့တယ်။
ရန်ကိုင် အဓိကဝင်ပေါက် ရှေ့ရောက်တာနဲ့ ဟော်ရှင်းချန်နဲ့ ရှန်ထန်းရှောင်းတို့က လူတစ်အုပ်နဲ့ အပြင်ကနေ သူ့ကို ကြိုစောင့်နေခဲ့တယ်။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်ငါးယောက်က ရန်ကိုင်ကို မြင်တာနဲ့ မတ်မတ်ရပ်လိုက်ပြီး လေးလေးစားစားနဲ့ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်တယ် “သခင်လေးကိုင်ကို နှုတ်ဆက်ပါတယ်”
“အင်း၊ ကျုပ် ခင်ဗျားတို့ကို ဒုက္ခပေးရတော့မယ်” ရန်ကိုင်က တွမ့်မူမိသားစုက ပညာရှင် ငါးယောက်ကို အသာအယာလေး ခေါင်းပြန်ညိတ်ပြလိုက်တယ်။
“ရန်ကိုင်၊ ဘာတွေ ဖြစ်လို့လဲ” ဟော်ရှင်းချန်က သိချင်စိတ်အပြည့်နဲ့ မေးလိုက်တယ်။ ရန်ကိုင် အခုလိုမျိုး လူစုပြီး စလှုပ်ရှားတာ ပထမအဆုံး အကြိမ်ဖြစ်တဲ့အတွက် ဟော်ရှင်းချန်လည်း သိချင်းစိတ်ပြင်းပြ သွားခဲ့ပါတယ်။
“ငါလည်း အများကြီး မသိသေဘူး။ လမ်းကျမှပဲ ရှင်းပြမယ်” ရန်ကိုင်က အလျင်စလို ပြန်ပြောလိုက်ပြီး ပြေးထွက်သွားလိုက်တယ်။
“သူတို့ ချင်းရန်ကို ဘာလို့ တားရတာလဲ” ရန်ကိုင်က သိချင်စိတ်နဲ့ မေးလိုက်တယ်။ သူမက ရှောင်ဖူချန်းရဲ့ တပည့်ဆိုပေမယ့် ရှောင်ဖူချန်းဆီကနေ သူမ ဆေးပညာသင်ကြားခဲ့တာ ဘယ်လောက်များ ကြာသေးလို့လဲ။ အခု သူမ အလွန်ဆုံး သန့်စင်နိုင်ရင်တောင် မြေကမ္ဘာအဆင့် ဆေးလုံးတွေကိုပဲ သန့်စင်နိုင်ဦးမှာပါ။ ဒါပေမယ့် ရှောင်ဖူချန်းရဲ့ အစီအစဉ်နဲ့ ဆိုရင် ဒေါင်ချင်းရန် အနေနဲ့ ဆေးပညာကို စတင်ပြီး မလေ့လာရသေးတာတောင် ဖြစ်ကောင်း ဖြစ်နိုင်ပါသေးတယ်။
ထိုကဲ့သို့ ဆေးပညာရှင် တစ်ယောက်ကို ဘာများ သွားတာစရာ လိုသေးလို့လဲ။
ဒေါင်ချင်းဟန်က ခါးခါးသီးသီး ရယ်မောလိုက်ပြီး “ချင်းရန် သက်သက်ပဲ ဆိုရင် ဘယ်သူမှ သူမလာတာကို တားဆီးကြမှာ မဟုတ်ဘူး။ ဒါပေမယ့် သူမနဲ့အတူ လူဘယ်လောက်တောင် ခေါ်လာလဲ မင်းသိလား”
“လူသုံးဆယ်ကွ” ဒေါင်းချင်းဟန်က စိတ်လေးလံနေတဲ့ ပုံစံမျိုးနဲ့ “ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် အယောက်သုံးဆယ်လေ။ တစ်ဝက်လောက်က ကောင်းကင်အဆင့် ဆေးပညာရှင်တွေ၊ ဆန်းကြယ်အဆင့် ရောက်နေတဲ့ ဆေးပညာရှင် တစ်ယောက်တောင် ရှိသေးတယ်”
“ဘယ်လို” သူကြားလိုက်ရတဲ့ သတင်းကြောင့် ရန်ကိုင် ထိတ်လန့် အံ့အားသင့်သွားခဲ့တယ်။ ဘာကိုမှ အလေးမထား၊ ဂရုမစိုက်တဲ့ ဟော်ရှင်းချန်တောင် ပါးစပ်အဟောင်းသားကို ဖြစ်လို့။
“ဆေးဘုရင်တောင်ကြားက ဘယ်လိုလုပ်ပြီး အမွေခံတိုက်ပွဲကို ဝင်ပါလာရတာလဲ” ဟော်သခင်လေးမှာ သူပဲ နားကြားလွဲမှားသွားတာလို့တောင် ထင်မှတ်သွားပြီး သူ့နားသူ မယုံနိုင်အောင် ဖြစ်သွားခဲ့တယ်။
ဒေါင်ချင်းဟန်က ခေါင်းခါရမ်းလိုက်ပြီး “ငါလည်း အသေးစိတ်အခြေအနေကို မသိထားဘူး။ သိချင်ရင် ရန်ကိုင်ကိုသာ မေးလိုက်။ သူတို့အားလုံး သူ့အတွက် ရောက်လာတာ ဖြစ်လိမ့်မယ်”
ပြောနေရင်းနဲ့ သူ့အကြည့်က ရန်ကိုင်ဆီ ရောက်ရှိသွားခဲ့တယ်။ သူ့စိတ်ထဲ တစ်ခုခုကို ခန့်မှန်ပြီးသွားတာတော့ အသေအချာပါပဲ။
ဟော်ရှင်းချန် ခဏတာလောက် မှိုင်းမိသွားခဲ့ပြီးနောက် အကျယ်ကြီး အော်မေးလိုက်တယ် “ရန်ကိုင်၊ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် အများကြီးကို ဒီကိုရောက်လာအောင်လို့ မင်းဘယ်လိုများ လုပ်လိုက်တာလဲ။ အဲ့လူတွေ အကုန်လုံးက ဒီသခင်လေးထက်တောင် မောက်မာပြီး မာနကြီးတဲ့ ကောင်တွေချည်းပဲကွ။ ငါတို့ရဲ့ အကြီးအကဲတွေကိုတောင် မျက်လုံးထဲ ထည့်တဲ့ကောင်တွေ မဟုတ်ဘူး။ မင်းမျက်နှာက ဘယ်တုန်းကများ ဒီလောက်အထိ ကြီးသွားရတာလဲ”
ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး ဟော်ရှင်းချန်ရဲ့ မေးခွန်းကို မသိချင်ယောင် ဆောင်ထားလိုက်ကာ သူ့စိတ်ထဲက စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေကို ထိန်းချုပ်ဖို့ အကောင်းဆုံး ကြိုးစားနေလိုက်တယ်။
ဒေါင်ချင်းရန် ရောက်လာမှတော့ စီနီယာမမလေးလည်း ရောက်လာပြီလို့ ဆိုလိုက်တာပေါ့
စစ်ပွဲမြို့တော်ထဲမှာ သူ့ရဲ့ စီနီယာမမလေးသာ တစ်ခုခု ဖြစ်သွားခဲ့ရင်… သူ့ရဲ့ ညီအစ်ကိုတွေ ဆိုရင်တောင်…
သူ့ခေါင်းထဲ ထိုအတွေးတွေ ဖြတ်ပြေးသွားတာနဲ့ ရန်ကိုင် မျက်ဝန်းအစုံက အေးစက်သထက် အေးစက်လာခဲ့ပြီး သူ့ဆီကနေ ထွက်ပေါ်နေတဲ့ အစစ်အချီ အရှိန်အဝါလည်း မုန်တိုင်းသဖွယ် ပြင်းထန်လာခဲ့တယ်။
သူ့ဘေးနာမှာ ရပ်နေတဲ့ ဒေါင်ချင်းဟန်နဲ့ ဟော်ရှင်းချန်တို့ နှစ်ယောက်စလုံး တုန်ရီသွားခဲ့ပြီး ရင်းနှီးဖွယ်မရတဲ့ ရန်ကိုင် ပုံစံကို ကြောက်လန့်တကြား ငေးစိုက်ကြည့်လိုက်ကြတယ်။ သူ့ရဲ့ အရှိန်အဝါ တစ်ခုလုံးက ရုတ်တရက်ကြီး အရမ်းကို ထက်ရှပြင်းထန် သွားခဲ့ကာ သတ်ဖြတ်လိုစိတ်ကလည်း အရမ်ကို သိပ်သည်းလွန်းတဲ့အတွက် အကွာအဝေး တစ်နေရာမှာ ရှိနေတဲ့ သူတို့ကိုတောင် လာပြီး သက်ရောက်နေခဲ့ပါတယ်။
ခဏနေတော့ ရန်ကိုင် ရုတ်တရက် ရပ်တန့်လိုက်ပြီး တောက်ပတဲ့ အကြည့်အစုံနဲ့ ရှန်ထန်းရှောင်ဆီ စောင်းကြည့်လိုက်ကာ “ဒုတိယသခင်လေး၊ ငါမှာ မင်းကို လုပ်ခိုင်းစရာလေး တစ်ခုရှိတယ်”
ရှန်ထန်းရှောင်က ဘာမှ ပြန်မပြောခဲ့ပဲ ရန်ကိုင် ပြောမှာကိုသာ စောင့်နေခဲ့တယ်။
ရန်ကိုင်က ရှန်းထန်းရှောင်ကို သူ့နားလာဖို့ လက်ယပ်ခေါ်လိုက်ပြီး အနားရောက်တာနဲ့ နားနား တိုးတိုးလေး ကပ်ပြောလိုက်ကာ ခေါင်းညိတ်ပြလိုက်တယ်။
ထို့နောက် တွမ့်မူမိသားစုက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် ငါးယောက်ကို လှမ်းကြည့်လိုက်ပြီး လက်သီးဆုပ်ကာ “ဒီကစီနီယာတို့ ကျေးဇူးပြုပြီး သခင်လေးရှောင်နဲ့ လိုက်သွားပေးလိုက်ပါလား။ အစီအစဉ် အသေးစိတ်ကိုတော့ ချူရီမန်ကိုပဲ မေးလိုက်ပါ။ သူမ စီစဉ်ပေးပါလိမ့်မယ်”
တွမ့်မူမိသားစုက ပညာရှင် ငါးယောက်စလုံး အလျင်အမြန် ခေါင်းညိတ်လိုက်ပြတယ်။
ရှန်ထန်းရှောင်က သူ့လူတွေနဲ့ တွမ့်မူမိသားစုက ပညာရှင်ငါးယောက်ကို ဦးဆောင်ပြီး ရန်ကိုင် စံအိမ်ရှိရာဆီ ချက်ချင်း ပြန်ထွက်သွားလိုက်တယ်။
“မင်းဘာတွေ ကြံနေပြန်ပြီလဲ” ဟော်ရှင်းချန်က မေးလိုက်တယ်။
ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး အလေးအနက်နဲ့ ပြန်ပြောလိုက်တယ် “အစတုန်းက အခြေအနေကို ငါမသိခဲ့လို့၊ အခုတော့ ငါသိသွားခဲ့ပြီ။ ဒါကြောင့် ငါ့ဘက်ကလည်း နည်းနည်းပါးပါး ပြင်ဆင်ထားလိုက်ရတာပေါ့။ မဟုတ်ရင် သူတို့အားလုံးကို အကုန်ပြန်မခေါ်လာနိုင်မှာ စိုးရတယ်”
“သူတို့တွေက ဆေးဘုရင်တောင်ကြား တပည့်တွေကို တိုက်ခိုက်ရဲမှာလား” ဟော်ရှင်းချန်ရဲ့ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့တယ်။
“အခုလို အချိန်မျိုးမှာ သတိဆိုတာ ပိုတယ်မရှိဘူးကွ” ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ် “ငါ့ညီအစ်ကိုတွေ နေရာမှာ ငါသာဆိုရင်၊ အဲ့ဆေးပညာရှင် တစ်သိုက်ကြီးကို ကိုယ့်ရန်သူဘက် အပါခံမယ့်အစား သူတို့ကိုပဲ ရန်စလိုက်မယ်။ သူတို့ကို သတ်မှာမဟုတ်ပေမယ့် အကြောင်းပြချက် တစ်ခုရှာပြီး သူတို့ကို ဖမ်းဆီးမှာကတော့ အသေအချာပဲ”
ရန်ကိုင် ရှင်းပြတာကို နားထောင်ပြီး ဒေါင်ချင်းဟန်နဲ့ ဟော်ရှင်းချန်တို့ နှစ်ယောက်စလုံး အသာအယာလေး ခေါင်းညိတ်လိုက်ကြတယ်။ လူသာမသတ်သရွေ့ ဆေးဘုရင်တောင်ကြားနဲ့ ရန်ငြိုးဖွဲ့စရာလည်း မလိုတော့ပါဘူး။ လက်ဆောင်ကောင်းကောင်းသာ ပြင်ဆင်ပေးလိုက်ရင် ရန်ငြိုးတွေကို ကြေအေးလို့ ရပါသေးတယ်။
စစ်ပွဲမြို့တော်ရဲ့ ဗဟိုလမ်းဆုံနေရာ၌…
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် တစ်သိုက်က မာနာတစ်ခွဲသားနဲ့ ဒေါင်ချင်းရန်၊ ရှန်နင်းချန်၊ ဒေါ်လေးလန်နဲ့ ဒေါ်လေးရှန်တို့နဲ့အတူ ဘေးချင်းယှဉ် မတ်တပ်ရပ်နေခဲ့တယ်။
ထိုလူတွေ အကုန်လုံးကို လူပေါင်းများစွာက အဘက်ဘက်ကနေ ဝန်ရံပိတ်ဆို့ ထားခဲ့ကြတယ်။ အချိန်တွေ ကြာလာတာနဲ့ ရန်သခင်လေးတွေ ပိုပိုပြီး ရောက်ရှိလာခဲ့ပါတယ်။
အဝိုင်းခံထားရပေမယ့် ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် တစ်သိုက်ရဲ့ အမူအရာက မောက်မာမြဲ မောက်မာဆဲပါပဲ။ အားလုံးက သူတို့ကို ဝိုင်းထားတဲ့ လူတွေအား အထင်အမြင်သေးသေးနဲ့ စိုက်ကြည့်လို့။ ဒေါ်လေးလန်နဲ့ ဒေါ်လေးရှန်တို့ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရှိနေခဲ့ကြပါတယ်။
ဒေါင်ချင်းရန်တစ်ယောက်သာ အံတကြိတ်ကြိတ်နဲ့ ရှိနေခဲ့ပြီး ရှနင်းချန်ကတော့ အနောက်မြောက် အရပ်ကို အချိန်နှင့်အမျှ စိုးရိမ်တကြီးနဲ့ ငေးငေးကြည့်နေခဲ့တယ်။
သူမ ဂျူနီယာမောင်လေးရဲ့ စံအိမ်က အနောက်မြောက် အရပ်မှာ ရှိနေခဲ့တာလေ။
ရန်သခင်လေးတွေရဲ့ လူတွေကတော့ သူတို့ရှေ့မှာ ရှိနေတဲ့ ဆေးပညာရှင်တွေကို နည်းနည်းလေးတောင် မရိုမသေ မပြုရဲကြပါဘူး။ မရိုမသေ မပြုရဲတဲ့ အပြင်ကိုမှ အားလုံးကိုယ်စီက အပြုံးကိုယ်စီကို ဆင်မြန်းထားကြပါသေးတယ်။
ရန်ကျောင်း၊ ရန်ခန်း၊ ရန်ရှန်းနဲ့ ရန်ရင်တို့ လေးယောက်စလုံး အရပ်မျက်နှာ တစ်ခုစီကို အပိုင်စီးထားခဲ့ကြတယ်။
စိတ်ဓါတ်ကျနေတဲ့ အမူအရာနဲ့ ရန်ခန်းကလွဲလို့ ကျန်တဲ့ ညီအစ်ကို သုံယောက်စလုံး တစ်ယောက်ကို တစ်ယောက် သတိထား စောင့်ကြည့်နေခဲ့ကြတယ်။
ရန်ခန်း တကယ်ကို စိတ်ဓါတ် ကျနေခဲ့တာပါ။ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် အယောက်သုံးဆယ် စစ်ပွဲမြို့တော်ထဲ ဝင်လာတုန်းက သူ့စံအိမ်နဲ့ အနီးဆုံးဝင်ပေါက်ကနေ လာခဲ့တာပါ။ သတင်း ရရချင်း တစ်ယောက်ယောက်က သူ့ကို ချက်ချင်း လာသတင်းပေးခဲ့ပေမယ့် ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် အယောက်သုံးဆယ် စစ်ပွဲမြို့တော်ထဲ ရောက်လာတယ် ဆိုတဲ့ သတင်းကတော့ ပြန့်သွားခဲ့ပါပြီ။
ထိုအယောက်သုံးဆယ်ကို အောင်အောင်မြင်မြင်နဲ့ သူတားလိုက် နိုင်ခဲ့ပေမယ့် သူတို့ ရောက်လာတဲ့ သတင်း ပြန့်တာ မြန်သွားတဲ့အတွက် မနှေးမမြန်ဆိုသလို ရန်ကျောင်း၊ ရန်ရှန်းနဲ့ ရန်ရင်တို့ ရောက်ရှိလာခဲ့ပါတယ်။
အခုအချိန်၌ ရန်မိသားစု သခင်လေးတွေက ဆေးပညာရှင်တွေ၊ လက်နက်ပညာရှင်တွေကို အရူးအမူး ခေါ်ယူနေခဲ့ကြတာပါ။ ထို့ကြောင့် ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် အယောက်သုံးဆယ်ရဲ့ ရောက်ရှိလာမှုက စစ်ပွဲမြို့တော် တစ်ခုလုံးကို မုန်တိုင်းထန်သွားစေမှာ အသေအချာပါပဲ။
ရန်ခန်းကို သွေးအန်မတတ် စိတ်ဓါတ်ကျသွားစေတဲ့ အချက်က အပြင်လောကကြီးရဲ့ ဘယ်ဆေးပညာရှင်ကမှ ဆေးဘုရင်တောင်ကြားရဲ့ ဆေးပညာရှင်တွေကို မယှဉ်နိုင်တာပါပဲ။
ပြီးတော့ ဆေးဘုရင်တောင်ကြားအဖွဲ့ကို ဦးဆောင်လာတဲ့ ဆေးပညာရှင်က ချင်ကျဲဖြစ်နေခဲ့ပါတယ်။
ချင်ကျဲက အသက်လေးဆယ်နား ကပ်နေပြီ ဆိုပေမယ့် သူက လူငယ်မျိုးဆက်ထဲ ပါဝင်နေပါသေးပြီး ဆေးဘုရင်တောင်ကြားက တောင်ကြားငယ်သခင်လေး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လူအများလေးစားခြင်းကို ခံထားရတဲ့သူပါ။
ချင်ကျဲက ဆေးပညာလောကတစ်ခုလုံးမှာ လျှမ်းလျှမ်းတောက် ကျော်ကြားပါတယ်။ သူ့ရဲ့ အထုံပါရမီက အရမ်းကို ထူးကဲကောင်းမွန်တဲ့အတွက် ရှောင်ဖူချန်းအဆင့်ကို တစ်နေ့ ရောက်ရှိနိုင်မယ်လို့တောင် ပြောစမှတ် ပြုကြတာပါ။
မကြာသေးခင် အချိန်တုန်းက ချင်ကျဲက ဆန်းကြယ်အဆင့်နိမ့် ဆေးပညာရှင် တစ်ယောက် ဖြစ်သွားခဲ့ပြီး ဆေးဘုရင်တောင်ကြားရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်သွားခဲ့ပြီဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါသေးတယ်။ ကြည့်ရတာ ထိုသတင်းတွေက အမှန် ဖြစ်နေတဲ့ပုံပါပဲ။
သူ့ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ ပွင့်ချပ်လေးခု ပန်းပွင့်က အထင်သာ၊ အမြင်သာဆုံး သက်သေတစ်ခုပါ။
ထိုအယောက်သုံးဆယ်ထဲ တစ်ဝက်လောက်က ကောင်းကင်အဆင့် ဆေးပညာရှင်တွေ ဖြစ်ပြီး ကျန်တဲ့လူတွေ အကုန်လုံးက မြေကမ္ဘာအထွတ်အထိပ်အဆင့် ဆေးပညာရှင်တွေ ဖြစ်တာကိုလည်း သူတို့ တွေ့ရှိလိုက်ရတယ်။
ထိုလူအင်အားကို ကြည့်ရင်း ရန်မိသားစု သခင်လေးတွေရဲ့ နှလုံးသားထဲ လောဘမီးတို့ တောက်လောင် လာခဲ့တယ်။
ထိုဆေးပညာရှင် အဖွဲ့လိုက်ကြီးကိုသာ သူတို့ဘက် ဆွဲခေါ်နိုင်ခဲ့မယ် ဆိုရင် ဆေးလုံးဘယ်လောက် များများကို သူတို့ သန့်စင်နိုင်လိမ့်မလဲ။
သခင်လေးလေးယောက်စလုံး အတွေးကိုယ်စီထဲ နစ်မြောနေခဲ့ကြတယ်။ ထိုဆေးပညာရှင်တွေကိုသာ ဆေးအမယ် လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်သရွေ့ သုံးလအတွင်း သူတို့ရဲ့ ခွန်အားက သိသိသာသာ တိုးတက်လာမှာကို သခင်လေး လေးယောက်စလုံး စဉ်းစားမိလိုက်ကြတယ်။
တစ်နည်းဆိုရသော် ထိုဆေးပညာရှင် အုပ်လိုက်ကြီးကို ကိုယ့်ဘက်ပါအောင် ဆွဲခေါ်နိုင်တဲ့ဘက်က ဒီတစ်ကြိမ် အမွေခံတိုက်ပွဲမှာ လုံးဝကို အသာစီး ရသွားမှာပါ။ အချိန်ကြာလေ ပိုအသာစီးရလေ ဖြစ်လာမှာပါ။
ထိုအကြောင်း စဉ်းစားမိလိုက်တာနဲ့ ရန်သခင်လေး လေးယောက်စလုံး မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး သူ့ရဲ့ အသက်ရှုသံတွေတောင် ပူလောင်လာခဲ့တယ်။
ထိုဆေးပညာရှင် အယောက်သုံးဆယ်ရဲ့ ဆွဲဆောင်မှုက ဘာဆိုဘာမှ မဝတ်ဆင်ထားတဲ့ မိန်းမလှလေး အယောက်သုံးဆယ်က သခင်လေးလာခဲ့လေ၊ ကျွန်မတို့ ပြုစုပေးမယ် ဆိုပြီး သူတို့ကို ဆွဲဆောင်နေတာနဲ့ အတူတူပါပဲ။
တစ်ခုတည်းသော ခေါင်းခြောက်ရမယ့် ပြဿနာက ထိုဆေးပညာရှင် သုံးဆယ်စလုံးရဲ့ မောက်မာတဲ့ စရိုက်ပါ။