အခန်း (၄၄၆-၄၅၀)
Vol. 18 Ch. 446-450
အပိုင်း(၄၄၆) ငါတို့က ဒီကို ဆေးပညာလေ့လာဖို့ အတွက်လာခဲ့တာ
ဒါပေမယ့် ဆေးဘုရင်တောင်ကြားက လာတဲ့ ဆေးပညာရှင်တိုင်း ဒီအတိုင်းချည်းပါပဲ။ ဘယ်သူ့ကိုမှ မျက်လုံးထဲ မထည့်သလို အရမ်းကိုလည်း မောက်မာကြပါတယ်။ သခင်လေး လေးယောက်စလုံးကိုလည်း လေးစားမှုမရှိတဲ့အပြင် သူ့တို့ကိုတောင် ပြန်ပြီး လေးစားစေချင် နေပါသေးတယ်။
“စီနီယာအစ်ကိုချင်” ဒေါင်ချင်းရန်က စိတ်ညစ်နေတဲ့ လေသံလေးနဲ့ အထွန့်တက်လိုက်တယ် “မြို့ထဲမဝင်ခင် အရင်ဆုံးရုပ်ဖျက် သွားသင့်တယ်လို့ ကျွန်မပြောခဲ့တယ်လေ။ ကျွန်မအကြံပေးတာကို ဘာလို့ နားမထောင်ခဲ့တာလဲ။ အခု ကျွန်မတို့ မျောက်တွေ ဝိုင်းတာခံရပြီ။ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ”
“ပြဿနာမရှိပါဘူး” ချင်ကျဲက အမှုမထားဟန်နဲ့ သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ဆေးဘုရင်တောင်ကြားက တပည့်တွေကို သူတို့ တိုက်ရိုက်ရဲမှာ မဟုတ်ပါဘူး။ သူတို့ကို ငါကိုယ်တိုင်ပဲ ပြန်ပို့ပေးလိုက်မယ်”
ပြောပြီးတာနဲ့ ချင်ကျဲက လူအုပ်ကြီးကို မထူးခြားနားဟန်ဖြင့် ဝေ့ကြည့်လိုက်ပြီး အေးစက်စက်လေသံနဲ့ အော်လိုပေါက်တယ် “သခင်လေး လေးယောက်တို့၊ ဒီချင်နဲ့ ကျုပ်ရဲ့ ရောင်းရင်းတွေကို ဝိုင်းထာပြီး ကျုပ်တို့ ဆေးဘုရင်တောင်ကြားက တပည့်တွေကို တိုက်ခိုက်ဖို့ စီစဉ်နေတာလား”
သူ့လေသံက ပါးထရိုက်ချင်စရာ ကောင်းလှပေမယ့် ထိုစကားက သခင်လေး လေးယောက်ကို တကယ်ပဲ ပြဿနာ တက်သွားစေခဲ့ပါတယ်။ အားလုံးက သူတို့လက်ကို အလျင်အမြန် ဝှေ့ရမ်းလိုက်ပြီး ပြန်ပြောလိုက်တယ် “စီနီယာချင် နောက်နေတာလား၊ ကျုပ်တို့ ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်ရဲမှာလဲ”
ချင်ကျဲက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ် “အရင်ဆုံး တိမ်မိစ္ဆာနယ်မြေက ငါတို့ ဆေးဘုရင်တောင်ကြားကို ကျူးကျော်တိုက်ခိုက်တယ်၊ အိမ်တွေကို မီးရှို့ပြီး ငါတိုရဲ့ ညီအစ်ကို၊ ညီအစ်မ များစွာကို သတ်ဖြတ်သွားခဲ့တယ်။ အခု မင်းတို့ ရန်မိသားစုက ကလေးတွေကတောင် ငါတို့ ဆေးဘုရင်တောင်ကြားကို အလေးအနက်နဲ့ မဆက်ဆံတော့ဘူးပဲ။ ကောင်းတယ်၊ ကောင်းတယ်၊ မင်းတို့ ရန်မိသားမှာ ဗဟိုမြို့တော်က မဟာအင်အားစုကြီး တစ်ခုရှိသင့်တဲ့ သတ္တိရှိတာပဲ”
သခင်လေး လေးယောက်စလုံး လည်ပင်းလေး ကျုံ့လိုက်ကြပြီး ဘာမှပြန်မပြောနိုင် ဖြစ်သွားခဲ့တယ်။
“မင်းတို့ ဂျူနီယာလေးကို အသာထား၊ ရန်ရင်ဟောင် ကိုယ်တိုင် ဒီချင်ကို တွေ့ရင်တောင် အခုလိုမျိုး မလေးမစား မလုပ်ရဲဘူး” ချင်ကျဲက သခင်လေးလေးယောက်ကို နည်းနည်းလေးတောင် မျက်နှာသာမပေးပဲ ဆူပူကြိမ်းမောင်း လိုက်ပါတယ်။
ရန်ခန်းနဲ့ ကျန်တဲ့ သခင်လေးသုံးယောက် လူမြင်ကွင်းမှာ ဆူပူကြိမ်းမောင်း ခံနေရပေမယ့် မကျေမနပ်တဲ့ အမူအရာ လုပ်မပြရဲပါဘူး။ အတတ်နိုင်ဆုံးသာ အားတင်းပြီး ပြုံးထားခဲ့ကြပါတယ်။
သခင်လေး လေးယောက်စလုံး ဆေးပညာတောင်ကြားက တပည့်တွေရဲ့ လမ်းကို ပိတ်ဆို့ထားရုံချင် မဟုတ်ပါဘူး၊ ထိုဆေးပညာရှင်တွေကို သူတို့ဘက်ကိုပါ ဆွဲခေါ်ချင်တဲ့အတွက် တစ်ဖက်က အဖွဲ့သားတွေကို ဘယ်လိုလုပ်ပြီး သွားရန်စရဲပါ့မလဲ။
ဒါကြောင့်ပဲ သူတို့ကိုယ်သူတို့ အတတ်နိုင်ဆုံး နိမ့်ချပြီး လေးစားတဲ့ လေသံနဲ့ ပြောဆိုနေခဲ့တာပါ။ ချင်ကျဲက သူတို့ကို ရစရာမရှိအောင် လှောင်ပြောင် ပြစ်တင်ပြောဆို နေရင်တောင် နည်းနည်းလေးမှ ပြန်ငြင်းဆန်ပြောဆိုခြင်း မပြုရဲခဲ့ပါဘူး။
ပြန်လည်း မပြောသလို လက်လည်း မလျှော့ပါဘူး။ ပြုံးပြီးတော့တော့သာ ထိုဆေးပညာရှင်တွေရဲ့ လမ်းကို ပိတ်ဆို့ထားခဲ့ပါတယ်။
ချင်ကျဲ ပြောလို့ဆိုလို့ ပြီးသွားတော့မှပဲ ရန်ကျောင်းက အပြုံးကြီး ပြုံးလိုက်ပြီး လေးလေးစားစားနဲ့ စပြောလိုက်တယ် “စီနီယာချင် အဝေးကြီးကနေ လာခဲ့ရတော့ မောနေမှာပေါ့၊ စီနီယာ အလျင်မလိုဘူးဆိုရင် ကျုပ်အိမ်ဆီ လိုက်ခဲ့ပါလား”
ရန်ကျောင်းပြောတာ ကြားလိုက်တာနဲ့ ကျန်တဲ့ ညီအစ်ကို သုံးယောက်စလုံး ချင်ကျဲကို သူတို့အိမ်ဆီ ဖိတ်ခေါ်ဖို့ အလုအယက် ကြိုးစားကြပါတော့တယ်။ ထိုကဲ့သို့ ဖိတ်ခေါ်စကား ပြောနေချိန်မှာလည်း သူတို့ စိတ်ထဲလာတဲ့ စကားကို ပြောသလိုပုံစံလေးနဲ့ အတတ်နိုင်ဆုံး နှိမ့်ချနိုင်သမျှ နှိမ့်ချထားခဲ့ပါတယ်။ အားလုံးက ချင်ကျဲကို သူတို့စံအိမ်ဆီ လိုက်ပါအနားယူခိုင်းဖို့ အရမ်းကို စိတ်အား ထက်သန် နေခဲ့ကြပါတယ်။
ချင်ကျဲက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး ငြင်းဆန်လိုက်တယ် “မလိုက်တော့ပါဘူး၊ အလုပ်မလုပ်တဲ့ လူက စားဖို့ မထိုက်တန်ဘူး၊ လမ်းသာ ဖယ်ပေးစမ်းပါ။ ငါတို့ သွားစရာ ရှိသေးတယ်”
ရန်ကျောင်းနဲ့ ကျန်တဲ့ သခင်လေး သုံးယောက်စလုံး နေရာကနေ နည်းနည်းလေးတောင် မရွေ့ကြပါဘူး။ နှိမ့်ချဖားယား လွန်းရတဲ့ သူ့တို့ကိုယ်သူတို့တောင် ရှက်လာမိခဲ့ကြပါတယ်။ ဆေးဘုရင်တောင်ကြားက လူတွေက သာမန်အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေထက်တောင် ပိုပြီး စည်းရုံးရခက်ခဲပါတယ်။ သူတို့နဲ့ တိုက်ခိုက်လို့မရ၊ စည်းရုံးရလည်း အခက် ဖြစ်နေတော့ သခင်လေး လေးယောက်စလုံး ပိုပြီး စိတ်ညစ်လာခဲ့ကြတာပေါ့။
ရန်ကျောင်းကို ပိုပြီး စိုးရိမ်သွားစေတဲ့ အကြောင်းအရင်းက ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေ စစ်ပွဲမြို့တော်မှာ ဘာလို့ ထွက်ပေါ်လာရတာလဲ ဆိုတာပါပဲ ။ ဆေးဘုရင် တောင်ကြားက အမွေခံတိုက်ပွဲမှာ တစ်ကြိမ်တစ်ခါမှ ဝင်မပြိုင်ဖူးပါဘူး။ ဒါပေမယ့် အခုတော့ စစ်ပွဲမြို့တော်ဆီ ရုတ်တရက်ကြီး လူ၃၀ ပို့လိုက်ပါတယ်။ ရည်ရွယ်ချက်မရှိပဲနဲ့ စစ်ပွဲမြို့တော်ဆီ ရောက်လာတာလို့ လာပြောရင် ရန်ကျောင်း ဘယ်တော့မှ ယုံလိမ့်မှာ မဟုတ်ပါဘူး။
ထိုဆေးပညာရှင်တွေကို သူ့ဘက်ပါအောင် စည်းရုံးနိုင်ဖို့အတွက် သူစဉ်းစားနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက သူတို့ စိတ်ဝင်စားလောက်မယ့် ပစ္စည်း တစ်ခုခုကို အသုံချဖို့ပဲ ရှိပါတော့တယ်။ အဲ့နည်းနဲ့ပဲ ထိုဆေးပညာရှင်တွေက လိုလိုလားလားနဲ့ သူ့ဆီ ပူးပေါင်း လာမှာပါ။
ဒါပေမယ့် သူတို့ စိတ်ဝင်စားလာအောင် သူဘာပြောရမှာလဲ။
ခပ်မြန်မြန် ခေါင်းကို အလုပ်ပေးလိုက်ပြီး ခဏအကြာ မှာတော့ ရန်ကျောင်း မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး စကားစပြောလိုက်တယ် “စီနီယာချင်ကို ဒီဂျူနီယာ မေးချင်တာလေး တစ်ခုရှိလို့ ဒီဂျူနီယာရဲ့ သံသယတွေကို စီနီယာဖြေရှင်းပေးလို့ ရနိုင်မလား မသိဘူး”
ချင်ကျဲ ပိုပို စိတ်ညစ်လာခဲ့ပြီး သူ့ဒေါသကို ဆက်ပြီး မချုပ်တည်းနိုင်တော့တဲ့အတွက် အသံအကျုယ်ကြီးနဲ့ ပြန်အော်ပြောလိုက်တယ် “မင်းတို့အားလုံးက ငါတို့သွားမယ့် လမ်းကို ပိတ်ထားတာလေ။ ငါဖြေချင်ချင်၊ မဖြေချင်ချင်၊ ဘာထူးသွားတော့မှာ မို့လို့လဲ”
စီနီယာချင် ဒေါသထွက် စိတ်ပျက်နေမှန်း သိလိုက်တဲ့အတွက် အပိုစကားတွေ ဆက်ပြောမနေတော့ပဲ လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်တယ် “လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဒီဂျူနီယာ အတွေ့အကြုံ ရှာထွက်နေတဲ့ အချိန်တုန်းကပေါ့…. အဲ့တုန်းက လမ်းပျောက်သွားလို့လို့ တောင်အတွင်းပိုင်းထဲကို ရောက်သွားခဲ့တယ်။ ညသန်းခေါင်လည်း ရောက်ရော ကလေးငိုသံတစ်သံကို ကြားလိုက်ရလို့ သိချင်မိတာနဲ့ ကျုပ်လည်း ဘေးပတ်ဝန်းကျင် တစ်ဝိုက်ကို လိုက်စူးစမ်းကြည့်တာပေါ့။ စူးစမ်းရင်းနဲ့ ကလေးမျက်နှာလေးနဲ့ အရောင်အခုနှစ်ရောင် တောက်ပနေတဲ့ အရမ်းထူးခြားတဲ့ စိတ်ဝိဥာဉ်ဆေးပင် တစ်ပင်ကို ကျုပ်တွေ့ခဲ့တယ်လေ…”
အစက အရုပ်ဆိုးနေတဲ့ ချင်ကျဲ၊ ရန်ကျောင်းက စိတ်ဝိဥာဉ် ပန်းပွင့်တစ်ပွင့်အကြောင်း ပြောလာလည်း ပြောလာရော၊ သူ့မျက်နှာထက် စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး စိတ်ပျက်နေသည့် အမူအရာတို့ကလည်း ဘယ်ရောက်လို့ ဘယ်ပျောက်မှန်း မသိရအောင် ပျောက်ကွယ် သွားခဲ့ပါတယ်။
“ပြီးတော့ကော” ချင်ကျဲက အလျင်စလို ပြန်မေးလိုက်တယ်။
ရှားပါတဲ့ စိတ်ဝိဥာဉ် ဆေးပင်ကို အသုံးပြုပြီး ချင်ကျဲကို စိတ်ဝင်စားလာအောင် ရန်ကျောင်း အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်လိုက်မှန်း သိလိုက်တာနဲ့ ကျန်တဲ့ သခင်လေး သုံးယောက်စလုံး စိတ်ညစ်သွားခဲ့ကြတယ်။ သူတို့တောင် မထိန်းချုပ်နိုင်တဲ့ အရမ်းကို မောက်မာတဲ့ ဆေးဘုရင် တောင်ကြားက တပည့်တွေကို ကိုယ်တွယ်သွားအောင် လုပ်ဆောင်ပေးနိုင်တဲ့ ဒုတိယအစ်ကိုကြီးရဲ့ ကြံရည်ဖန်ရည်ကို သူတို့ မုန်းတီးမိသွားခဲ့တယ်။ သူတို့မှာကော ရန်ကျောင်းလို ရှားပါတဲ့ အတွေ့အကြုံများ ရှိမလားဆိုပြီး သခင်လေး သုံးယောက်စလုံး ခေါင်းခြောက်အောင် စတင် စဉ်းစားကြပါတော့တယ်။
“အဲ့ကောင်ကင်နဲ့ မြေပြင်ကနေ ပေါက်ဖွားလာတဲ့ ရတနာက အသိစိတ် ဖွံ့ဖြိုးပြီးနေခဲ့ပြီ။ ဒီတော့ ဂျူနီယာက အဲ့ဆေးပင်ကို ဆွဲနှုတ်ဖို့ ကြိုးစားလိုက်တာနဲ့ အဲ့ကောင်က တန်းထွက်ပြေးတော့တာပဲ”
“အရူး” ချင်ကျဲက ဆဲဆိုလိုက်တယ်။
ချင်ကျဲပြောတာကို စိတ်ထဲမထားပဲ ရန်ကျောင်းက ပြုံးပြီးတော့သာ ဆက်ပြောလိုက်တယ် “ဟုတ်တယ်၊ ဒီဂျူနီယာက အရမ်း အလျင်စလို နိုင်သွားတော့ ဆေးပင်ကို ထွက်ပြေးသွားအောင် လုပ်မိလိုက်တယ်”
“နောက်ဆုံး ဘယ်လိုဖြစ်သွားလဲ၊ အဲ့စိတ်ဝိဥာဉ် ပန်းပွင့်ကို မင်းပြန်ဖမ်းမိခဲ့ရဲ့လား”
ရန်ကျောင်းက အပြုံးကြီး ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “ကံကောင်းစွာနဲ့ပဲ ဂျူနီယာက မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ခဲ့တော့ အဲ့စိတ်ဝိဥာဉ် ဆေးပင်ကို ပြန်ဖမ်းနိုင်ခဲ့တယ်လေ။ နောက်ပိုင်း ဂိုဏ်းပြန်ရောက်ပြီး အဲ့ဆေးပင် အကြောင်း လိုက်ရှာကြည့်တော့ ကျုပ်ဖမ်းမိခဲ့တဲ့ ဆေးပင်က ဆန်းကြယ် အထွတ်အထိပ် အဆင့်ဖြစ်တဲ့ ခုနှစ်ရောင်ခြယ် ကလေးမျက်နှာ ပန်းပွင့် ဖြစ်နေမှန်း သိလိုက်ရတယ်။ ဂိုဏ်းက ဆေးပညာရှင် တစ်ယောက်ရဲ့ အကြံပေးချက်အတိုင်း အဲ့စိတ်ဝိဥာဉ်ပန်းပွင့်ကို မိုးမြေစွမ်းအင်တွေ စုပ်ယူပေးနိုင်တဲ့ စိတ်ဝိဥာဉ်အစီအရင် တစ်ခု ခင်းကျင်းထားတဲ့ သဲကျောက်ထဲ ထည့်စိုက်ပျိုး ထားလိုက်တယ်။ အခု အချိန်ထိတော့ အဲ့စိတ်ဝိဥာဉ် ပန်းပွင့်က ရှင်သန်နေတုန်းပဲ။ ဒါပေမယ့် သိပ်မကြာသေးခင်တုန်းကပဲ အဲ့စိတ်ဝိဥာဉ်ပန်းပွင့်က နွမ်းခြောက်ချင်တဲ့ အရိပ်အယောင်တွေ ပြလာတယ်လေ။ ကျုပ်လည်း ဘာလို့ အဲ့လိုဖြစ်လာမှန်း နားမလည်နိုင် ဖြစ်နေလို့ စီနီယာများ ဖြေရှင်းပေးနိုင်မလား ဆိုပြီး မေးကြည့်တာပါ”
“ငတုံးတွေပဲ၊ အရူးတွေပဲ၊ မင်းတို့အားလုံး အရူးတွေပဲ” ချင်ကျဲက အကျယ်ကြီး အော်ဆဲလိုက်တယ်။ ထို့နောက် ဒေါသတကြီး ထပ်အော်ပြောလိုက်တယ် “ခုနှစ်ရောင်ခြယ် ကလေးမျက်နှာ ပန်းပွင့်ကို သဲကျောက်ထဲ ထည့်စိုက်ပျိုးရမယ်လို့ မင်းကို ဘယ်သူက ပြောခဲ့တာလဲ”
“စီနီယာ ရှင်းပြပေးနိုင်မယ်လို့ ဒီဂျူနီယာ မျှော်လင့်ပါတယ်” ရန်ကျောင်းက ခပ်မြန်မြန်ပဲ အကြံဥာဏ် တောင်းလိုက်တယ်။
ချင်ကျဲ သူ့စိတ်ငြိမ်သွားအောင် လုပ်လိုက်ပြီးနောက် သူ့ရဲ့ အမူအရာက မောက်မာပြီး အထက်စီးဆန်တဲ့ ဟန်ပန်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့တယ်။ ပြီးတော့မှပဲ စပြီး ရှင်းပြပါတော့တယ် “မွေးကင်းစ ကလေးငိုသံနဲ့ ဆင်တူတဲ့ အသံကို ထုတ်လွှတ်နိုင်တဲ့ ခုနှစ်ရောင်ခြယ် ကလေးမျက်နှာ ပန်းပွင့်က အရွယ်ရောက်နေပြီလို့ ပြောလို့ရတယ်။ အဲ့အသံကိုသာ ကျင့်ကြံသူတစ်ယောက်က နှစ်ပေါင်းများစွာ နားထောင်ပေးရင် သူတို့ရဲ့ ကောင်းကင် စိတ်အာရုံကို တိုးတက်လာစေနိုင်တယ်။ ဒီစိတ်ဝိဥာဉ်ပန်းပွင့်က ဆန်းကြယ်အဆင့် ဝိဥာဉ်အားဖြည်ဆေးလုံးရဲ့ အဓိက ဆေးအမယ်ဆိုလည်း ဟုတ်တယ်”
“စီနီယာပြောတာ အမှန်ပဲ။ ဒီစိတ်ဝိဥာဉ်ပန်းပွင့်ရဲ့ အဆင့်က အရမ်းမြင့်လွန်းတော့ ဂရမ်းမာစတာ ရှောင်ကလွဲပြီး ဘယ်သူမှ အဲ့ဆေးပင်ကို သုံးပြီး ဆေးဖော်စပ်ရဲမှာ မဟုတ်ဘူးလို့ ထင်လို့ ဂျူနီယာက အဲ့ဆေးပင်ကို ဒီအတိုင်းပဲ ပြုစုပျိုးထောင်ထားခဲ့တာ” ရန်ကျောင်းက ခပ်မြန်မြန်ပဲ ဝင်ပြောလိုက်တယ်။
“ဂရမ်းမာစတာရှောင်ကလွဲပြီး အခြားလူ မသန့်စင်နိုင်ဘူလို့ မင်းကို ဘယ်သူပြောလဲ” ရန်ကျောင်းရဲ့ မသိမိုက်မဲပုံကို ကြည့်ပြီး ရန်ကျောင်းက အထင်အမြင် သေးသေးနဲ့ ပြောလိုက်တယ်။ ဒါပေမယ့် ထပ်မံ ရှင်းပြ မနေတော့ပဲ ဆက်ပြီးတော့သာ ပြောလိုက်တယ် “ဒါပေမယ့် ဒီစိတ်ဝိဥာဉ် ပန်းပွင့်က အအေးကို ကြိုက်နှစ်သက်တယ်။ မိုးမြေစွမ်းအင်နဲ့ ထောက်ပံ့ပြီး သဲကျောက်ထဲမှာ စိုက်ပျိုးတာက ရေတိုဆိုရင် ပြဿနာမရှိပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ ဆေးပင်ရဲ့ ဂုဏ်သတ္တိက တဖြည်းဖြည်း ပျောက်ကွယ်လာပြီး ညိုးခြောက်စ ပြုလာလိမ့်မယ်။ မင်းရဲ့ ရန်မိသားစုက ချမ်းသာကြွယ်ဝတာပဲ။ ဆေးပင်စိုက်ဖို့အတွက် ရေခဲအမျိုးအစား သတင်းကျောက်တွေ ရှာရတာက အဲ့လောက်ကြီး ပြဿနာ မရှိလောက်ပါဘူး။ သဲကျောက်ထဲ ဆေးပင်ကို ထည့်စိုက်ရမယ်လို့ ပြောခဲ့တဲ့ ဆေးပညာရှင်က ရူးနေလို့ပဲ မင်းကို အဲ့လို ပြောခဲ့တာ။ သူ့ကိုယ်သူများ ဆေးပညာရှင်လို့ ခေါ်ရဲသေးတယ်။ ဒါက ငါတို့ ဆေးပညာရှင်တွေကို စော်ကားလိုက်တာနဲ့ အတူတူပဲ”
“ကျုပ်သိသွားပြီ။ စီနီယာ အခုလို ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ရန်ကျောင်းက စိတ်အားတက်ကြွနေတဲ့ လေသံလေးနဲ့ ပြန်ပြောလိုက်တယ်။
ချင်ကျဲက ခေါင်းညိတ်လိုက်ပြီး ဂုဏ်ယူစွာနဲ့ ထပ်ပြောလိုက်တယ် “အခုအရမ်း နောက်မကျသေးဘူး။ မင်းသာ နောက်နှစ်ဝက်လောက် နောက်ကျသွားခဲ့ရင် အဲ့စိတ်ဝိဥာဉ် ပန်းပွင့်က ဘာတန်ဖိုးမှ ရှိတော့မှာ မဟုတ်ဘူး”
“ဟုတ်တယ်၊ ဟုတ်တယ်၊ စံအိမ် ပြန်ရောက်တဲ့အခါကျ စီနီယာပြောတဲ့အတွက် ဒီဂျူနီယာ လိုက်လုပ်လိုက်ပါ့မယ်” ပြောပြီးတာနဲ့ ရန်ကျောင်းက နွေးထွေးစွာ ပြုံးလိုက်ပြီး သူ့ရဲ့ အဓိကခေါင်းစဉ်ဆီ သွားလိုက်တယ် “ဒါပေမယ့် ဂျူနီယာက ဆေးပညာနဲ့ပက်သက်ပြီး ဘာမှမတတ်တော့ အဆင်ပြေရင် စီနီယာ…”
ရန်ကျောင်း ပြောလို့ မပြီးသေးခင်မှာပဲ ချင်ကျဲက နှာခေါင်းရှုံ့ပြီး ကြားဖြတ် ပြောလိုက်တယ် “အလှုပ်ရှုပ် ခံမနေနဲ့တော့။ ကောင်းကင်ကြီး ပြိုကျလာနေပြီလို့ မင်းပြောရင်တောင် ဒီချင်ကျဲက မင်းနဲ့လိုက်မှာ မဟုတ်ဘူး”
ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကျောင်းရဲ့ ပြုံးနေတဲ့ မျက်နှာလေး မဲ့ရွဲ့သွားခဲ့တယ်။ ချင်ကျဲဘက်က ဒီလောက် ခါးခါးသီးသီးနဲ့ ငြင်းဆန်လိမ့်မယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။ ပုံမှန်ဆို ဆန်းကြယ် အထွတ်အထိပ်အဆင့် ဆေးအမယ် အကြောင်း ကြားလိုက်တာနဲ့ ဆေးပညာရှင်တိုင်းက သည်းသည်းလှုပ် ဖြစ်နေကြတာပါ။
ဒါပေမယ့် အခု လောကကြီး တစ်ခုလုံးကပဲ ပြောင်းပြန်တွေ ဖြစ်ကုန်တာလား။
ရန်ကျောင်းကို ချင်ကျဲ ငြင်းလိုက်တာ မြင်တော့ ကျန်တဲ့ သခင်လေး သုံးယောက်စလုံး ပျော်သွားခဲ့ကြတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ မျက်မှောင် ကြုံ့မိလိုက်ကြ ပြန်တယ်။ သူတို့ ဘာနဲ့ပဲ ဆွဲဆောင်ဖို့ ကြိုးစားကြိုးစား၊ ချင်ကျဲက နည်းနည်းလေးတောင် လှုပ်မယ့် အရိပ်အယောင် မပြပါဘူး။
သူတို့ လေးယောက်စလုံး နောက်ဘာဆက်လုပ်ရမလဲ စဉ်းစားတွေးတော နေစဉ်မှာပဲ အဖွဲ့သစ်တစ်ခု ထပ်ရောက်လာခဲ့တယ်။
ညီအစ်ကိုလေးယောက်စလုံးရဲ့ မျက်ဝန်းအစုံ မသိမသာလေး ကျုံ့သွားခဲ့တယ်။ ဘာလို့လဲ ဆိုတော့ အခုအသစ် ရောက်လာတဲ့ လူက သူတို့ရဲ့ အကြီးဆုံးအစ်ကို ရန်ဝေ ဖြစ်နေတာကြောင့်ပါပဲ။
အမွေခံတိုက်ပွဲစကတည်းက ရန်ဝေဘက်က နည်းနည်းလေးတောင် စပြီး မလှုပ်ရှားခဲ့သေးပါဘူး။ ဒါပေမယ့် စစ်ပွဲမြို့တော်ထဲ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေ ရောက်နေတယ် ဆိုတဲ့ သတင်းကို ကြားလည်းကြားရော ချက်ချင်းဆိုသလို သူပေါက်ချ လာခဲ့ပါတယ်။
သူတို့ရဲ့ အကြီးဆုံးအစ်ကို ရောက်လာတာ မြင်တော့ ညီအစ်ကို လေးယောက်စလုံး အနည်းငယ် အံ့အားသင့်သွားခဲ့တယ်။
“ဂျူနီယာရန်ဝေက စီနီယာကို နှုတ်ဆက်ပါတယ်” ချင်ကျဲနား ရောက်လာတာနဲ့ ရန်ဝေက မထူးခြားနားဟန်ဖြင့် နှုတ်ဆက်လိုက်တယ်။
“အင်း” ချင်ကျဲက အသာအယာလေး ခေါင်းပြန်ညိတ်ပြလိုက်တယ်။ သူ့အမူအရာက အေးစက်စက်လည်း မရှိသလို နွေးနွေးထွေးထွေးလည်း မရှိလှပါဘူး။
“ဂျူနီယာမှာ တောင်းဆိုစရာ တစ်ခုရှိတယ်။ စီနီယာ ဖြေကြားပေးဖို့ ဂျူနီယာ မျှော်လင့်ပါတယ်”
ချင်ကျဲက မျက်မှောင်ကြုံ့လိုက်ပြီး ရန်ဝေကို ကြည့်ကာ ပြန်ပြောလိုက်တယ် “ငါ့ကို မင်းအတွက် ဆေးဖော်စပ်ခိုင်းဖို့ မတောင်းဆိုသရွေ့ အခြားကိစ္စဆို ဆွေးနွေးလို့ရတယ်”
ရန်ဝေက ခေါင်းညိတ်လိုက်ပြီး “ကျုပ်က စီနီယာကို ကျုပ်အတွက် ဆေးဖော်စပ်ခိုင်းချင်နေတာ”
ထိုစကားကို ကြားလိုက်တာနဲ့ အားလုံးရဲ့ စိတ်ထဲ ထိတ်လန့် အံ့အားသင့်သွားခဲ့တယ်။ ဒီကို ရောက်လာတဲ့ သခင်လေး လေးယောက်စလုံးကလည်း ထိုရည်ရွယ်ချက်နဲ့ ပါပဲ။ ဒါပေမယ့် သူလိုမျိုး ဘယ်သူကမှ ပေါ်တင် ထုတ်မပြောခဲ့ကြပါဘူး။ နောက်ဆုံးမှ ရောက်ရှိလာတဲ့ ရန်ဝေက ဒီလောက်အထိ တည့်တိုးဆန်လိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ပါဘူး။
ချင်ကျဲ ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို တွေးရင်း အားလုံးစိတ်ထဲ စိုးရိမ်ပူပန် သွားခဲ့ကြတယ်။
ချင်ကျဲသာ သဘောတူလိုက်ရင် သူတို့လေးယောက် စလုံး သွေးအန်ရမှာပါ။
ဒါပေမယ့် ရန်ဝေစကား ကြားလို့ ချင်ကျဲက နည်းနည်းလေးတောင် ဒေါသမထွက်ပဲ ရန်ဝေကို အပြုံးလေးနဲ့ ပြန်ကြည့်လိုက်ကာ “ရန်မိသားစုရဲ့ အကြီးဆုံးသခင်လေး၊ ဟုတ်တယ်နော်၊ မင်းပုံစံကို ငါကြိုက်သွားပြီ။ ဒါပေမယ့် ဒီချင် ဒီတစ်ကြိမ် စစ်ပွဲမြို့တော်ဆီ လာခဲ့တာ မင်းကို ကူညီဖို့ မဟုတ်ဘူး”
ရန်ဝေက အံ့အားသင့်သွားသည့် အရိပ်အယောင် နည်းနည်းလေးတောင် မပြပါဘူး။ ခေါင်းသာ ပြန်ညိတ်ပြလိုက်ပြီး လက်သီးဆုပ်ကာ လေးလေးစားစားနဲ့ ပြောလိုက်တယ် “စီနီယာကို နှောင့်ယှတ်မိသလို ဖြစ်သွားခဲ့ပြီ”
ပြောပြီးတာနဲ့ ရန်ဝေက နည်းနည်းလေးတောင် တုန့်ဆိုင်းမနေပဲ သူ့လူတွေကိုခေါ်ကာ ချက်ချင်းပဲ ပြန်လှည့်ထွက်သွားခဲ့တယ်။
ချင်ကျဲ ပြောခဲ့တဲ့ စကားတွေအရ အဓိပ္ပါယ်အချို့ကို ရန်ကျောင်း ဖမ်းဆုပ်မိလိုက်ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ချင်ကျဲကို မေးကြည့်လိုက်တယ် “စီနီယာချင်တို့ စစ်ပွဲမြို့တော်ဆီ လာတာ ဘယ်သူ့ကို ထောက်ပံ့ဖို့လဲဟင်”
“ငါတို့က ဒီကို ဘယ်သူ့ကိုမှ ကူညီဖို့ လာခဲ့တာ မဟုတ်ဘူး။ ဆေးပညာကို လေ့လာဖို့ပဲ လာခဲ့တာ” ချင်ကျဲက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ ဆက်ပြောမနေတော့ပါဘူး။
ရန်ကျောင်း ကြက်သေသေသွားခဲ့တယ်… ဆေးပညာ လေ့လာဖို့လား။ ဘယ်သူကများ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေကို ဆေးပညာနဲ့ ပက်သက်ပြီး ညွှန်ကြား ပြသနိုင်မှာလဲ။ ပြီးတော့ ထိုစကားတွေကို ချင်ကျဲက ပြောခဲ့တာပါ။ ချင်ကျဲ ကိုယ်တိုင်က ဆန်းကြယ်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေပြီ ဆိုတာကိုတော့ မေ့မထားသင့်ပါဘူး။
ဒီအကြောင်းပြချက်က အရမ်းကို ယုတ္တိမဲ့ မနေလွန်းဘူားလား။
အားလုံးကို သေချာ စဉ်းစားကြည့်လိုက်ပြီးနောက် ရန်ကျောင်း အမူအရာ တဖြည်းဖြည်း တည်ကြည်သွားခဲ့တယ်။
ရန်မိသားစု အမွေခံတိုက်ပွဲထဲ ပါဝင်ယှဉ်ပြိုင်နေတဲ့ သခင်လေးတွေထဲ ငါးယောက်က ဒီနေရာကို ရောက်ရှိလာခဲ့ပြီးပါပြီ။ ဒါပေမယ့် ချင်ကျဲက သူတို့နဲ့ ပူးပေါင်းမယ့် အရိပ်အယောင် နည်းနည်းလေးမှ မပြတဲ့အတွက် ဖြစ်နိုင်ချေ နှစ်ခုပဲ ကျန်ပါတော့တယ်။
ရန်ချွမ်က မဖြစ်နိုင်ပါဘူး။
ဒါကြောင့်…
ရန်ကျောင်းအမူအရာ ရုတ်တရက် ချောက်ချား သွားခဲ့တယ်။ ထိုအတွေး သူ့ခေါင်းထဲ ပေါ်လာရုံပဲ ရှိသေး၊ အေးစက်စက် နှာခေါင်းရှုံ့သံ တစ်သံနှင့်အတူ အဝေးကနေ လူများစွာ ထွက်ပေါ်လာခဲ့တယ်။
ရန်ကိုင်က ဦးဆောင်လာခဲ့ပြီး ရန်သခင်လေးနဲ့ ဆေးဘုရင်တောင်ကြားက တပည့်တွေကြားထဲ လျှောက်ဝင်သွားခဲ့ကာ အဖြူရောင်ဝတ်စုံဝတ် ဆေးပညာရှင်တွေဆီ တိုက်ရိုက် သွားလိုက်တယ်။ ဟော်ရှင်းချန်က ရယ်ရယ်မောမောနဲ့ အသာအယာလေး ယပ်တောင်လေး ခတ်ရင်း ရန်သခင်လေး လေးယောက်စလုံးကို မတွေ့ရတာ ကြာတဲ့ ငယ်သူငယ်ချင်း မိတ်ဆွေတွေလို ရွှင်ရွှင်မြူးမြူးနဲ့ နှုတ်ဆက်နေခဲ့တယ်။
Martial Peak
အပိုင်း (၄၄၇) သူတို့ကို ဖမ်းလိုက်
ရန်ကိုင်ဘေးနားမှာ သွေးစစ်သည်တော် တစ်ယောက်မှ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ရောက်နေတဲ့ ပညာရှင်တိုင်း မျက်ဝန်းတစ်စုံက အမှောင်ထဲကနေ သူတို့ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေတယ် ဆိုတာကို ခံစားမိပါလိမ့်မယ်။
ရင်းဂျု…
ထိုအားကောင်းတဲ့ သွေးစစ်သည်တော်က တစ္ဆေတစ်ကောင် လိုပါပဲ။ သူဘယ်မှာ ပုန်းနေလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ တစ်ယောက်ယောက်သာ ရန်ကိုင်အပေါ် လှုပ်ရှားဖို့ ကြိုးစားလိုက်တာနဲ့ ရက်ရက်စက်စက် အသတ်ခံရပါလိမ့်မယ်။
“အားလုံး ရောက်လာခဲ့ပြီပဲ” ရန်ခန်း အရမ်းကို စိတ်ချဉ်ပေါက်နေခဲ့တယ်။ သူ့စံအိမ်က ဒီဆေးပညာရှင်တွေနဲ့ အနီးဆုံးမှာ ရှိနေခဲ့တာပါ။ သူလှုပ်ရှားတာသာ မြန်ခဲ့ရင် ထိုဆေးပညာရှင်တွေ အားလုံးကို စည်းရုံးနိုင်မယ့် အခွင့်အရေးကို သူတစ်ယောက်တည်းပဲ ရခဲ့မှာပါ။
ဒါပေမယ့် အခုတော့ ထိုအတွေးတွေက အဓိပ္ပါယ် မဲ့သွားခဲ့လေပြီ။ အခုအချိန်လောက်ဆို ဆေးဘုရင်တောင်ကြားက တပည့်တွေ ရောက်လာတဲ့ သတင်းကို စစ်ပွဲမြို့တော်မှာ ရှိနေတဲ့ လူတိုင်း သိပြီးသွားလောက်ပါပြီ။
ရန်ကိုင် ပုံရိပ်ကို မြင်တွေ့လိုက်တာနဲ့ ဆေးပညာရှင် အဖွဲ့ထဲက မျက်ဝန်းတစ်စုံ တောက်ပ လက်ဖြာသွားခဲ့တယ်။ ထိုမျက်ဝန်း တစ်စုံပိုင်ရှင်ရဲ့ နှလုံးသားလေးဟာတော့ အပျော်တွေ၊ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်လို့ပေါ့။
ရန်ကိုင် အကြည့်က ထိုမျက်ဝန်းတစ်စုံမှ အကြည့်နဲ့ ထိပ်တိုက်တွေ့သွားသည့် အခိုက် သူ့ဆီကနေ ထွက်ပေါ်နေတဲ့ သတ်ဖြတ်လိုစိတ်တို့ ရုတ်ချည်း ပျောက်ကွယ် သွားခဲ့ပြီး နွေးထွေးကြင်နာမှုတို့ အစားထိုး ဝင်ရောက်လာခဲ့ကာ သူ့ နှုတ်ခမ်းအစုံက ပျော်ရွှင်နေသည့် အပြုံးတစ်ခု အဖြစ်သို့ ကွေးတက်သွားခဲ့တယ်။
ရန်ကိုင်က သူမကို ပြန်စိုက်ကြည့်နေမှန်း သတိပြုမိ လိုက်တာနဲ့ ရှနင်းချန်လေး ရှက်သွားခဲ့တယ်။ သူမရဲ့ ဂျူနီယာမောင်လေး ဘာတွေများ လုပ်နေမလဲ ဆိုတာကို ရှနင်းချန် သိချင်နေခဲ့တာ အသိသာကြီးပါ။ အခု ရန်ကိုင်နဲ့ တွေ့ပြီးမှပဲ သူအဆင်ပြေနေမှန်း သူမ အတည်ပြုနိုင်လိုက်တယ်။ နှစ်ယောက်သား အကြည့်ချင်း ဆုံသွားတာနဲ့ ရှနင်းချန်မှာ အကြည့်မလွှဲဖယ်နိုင် ဖြစ်သွားခဲ့တယ်။ ပါးလေးနှစ်ဖက်ဆိုလည်း ရဲရဲကိုနီလို့၊ နှလုံးခုန်သံ ဆိုရင်လည်း ကုလာဘုရား လှည့်နေသလားတောင် မှတ်ရပါတယ်။
ရှနင်းချန်ရဲ့ ရှက်ရွံ့နေတဲ့ ပုံစံလေးက တစ်မျိုးတစ်ဖုံ ထူးခြားသစ်လွင်တဲ့ အလှအပကို ပေးစွမ်းနေခဲ့ပါတယ်။ သူမရဲ့ မျက်နှာကို ဇာပုဝါပါးတစ်ခုနဲ့ ကာရံထားတဲ့အတွက် သူမရဲ့ အစစ်အမှန်သွင်ပြင်ကို ဘယ်သူမှ မမြင်တွေ့နိုင် ပေမယ့် အခုအချိန်၌ သူမကို မြင်လိုက်တဲ့ လူတိုင်း သူမက မဟာဆန်တဲ့ အလှပိုင်ရှင်တစ်ယောက် ဆိုတာကို ဘယ်သူကမှ သံသယရှိလိမ့်မှာ မဟုတ်ပါဘူး။
ရိုးသားပြီး အပြစ်ကင်းစင်တဲ့ အရှိန်အဝါလေးက သူမရဲ့ ဆွဲဆောင်မှုကို ပိုလို့ တိုးသွားစေခဲ့တယ်။ မျက်နှာကို ကာရံထားတဲ့ ဇာပုဝါလေးကြောင့် သူမက အခြားသူတွေရဲ့ အမြင်ကို ဖမ်းစားနိုင်စွမ်း မရှိဘူး ဆိုပေမယ့် အခုအချိန်မှာတော့ သူမရဲ့ အစစ်အမှန် ရုပ်သွင်ပြင်ကို ကာရံထားတဲ့ ထိုဇာပုဝါလေးက သူမရဲ့ ဆွဲဆောင်နိုင်စွမ်းကို လျော့ကျ မသွားစေရုံသာမက ပိုလို့တောင် တိုးသွားစေပါသေးတယ်။
အားလုံးက အငမ်းမရ သိချင်နေခဲ့မိတယ်… ထိုဇာပုဝါပါးပါးအောက် ဘယ်လို ပြိုင်ဘက်ကင်း မျက်နှာလေးများ ရှိနေမလဲ ဆိုတာကိုပေါ့။
ရန်ကိုင်နဲ့ ရှနင်းချန်တို့ အကြည့်ချင်း ဖလှယ်သွားတာက အရမ်းကို သိသာလွန်းနေတဲ့အတွက် ရန်သခင်လေး လေးယောက်စလုံးရဲ့ အကြည့်အောက်က မလွတ်မြောက် နိုင်ခဲ့ပါဘူး။ အကျိုးဆက်အနေနဲ့ သခင်လေး လေးယောက်စလုံးရဲ့ မျက်နှာတွေက ဘီလူး သံပုရာသီး ကိုက်လိုက်ရသလို အရုပ်ဆိုးသွားခဲ့ကြတယ်။
သူတို့ရဲ့ ကိုးယောက်မြောက် ညီလေးက ထိုမိန်းကလေးနဲ့ သိနေတဲ့ပုံပါပဲ။ ဒါကြောင့် ဆေးပညာရှင်အဖွဲ့နဲ့ အနီးကပ်ဆီ သူသွားခဲ့တာပဲ ဖြစ်ရပါမယ်။
“ဂျူနီယာညီလေးရန်” ဘယ်သူ့ကိုမှ လူမထင်သည့် မျက်နှာထားနဲ့ ချင်ကျဲက ရန်ကိုင်ကိုလည်း မြင်ရော တရင်းတနှီးနဲ့ ပြုံးကာ နှုတ်ဆက်လိုက်ပါတယ်။ သူခေါ်ဝေါ်လိုက်တဲ့ အသုံးအနှုန်းက ကျန်တဲ့ သခင်လေးတွေကို စိတ်ရှုပ်၊ စဉ်းစား သွားရစေခဲ့တယ်။
“စီနီယာအစ်ကိုချင်” ရန်ကိုင်က ပြန်ပြုံးပြလိုက်ပြီး ခေါင်းညိတ်လိုက်ပြီးနောက် ချင်ကျဲဘေးနားရှိ မိန်းမလှ နှစ်ယောက်ဘက် လှည့်ကာ “ဒေါ်လေးရှန်၊ ဒေါ်လေးလန်”
အမျိုးသမီး လှလှ နှစ်ယောက်စလုံး ရန်ကိုင်ကို ပြန်ပြုံးပြလိုက်ကြတယ်။
“ဘဏ္ဏာထိန်းမန်”
မန်ဝူရက ခပ်ပြတ်ပြတ်ပဲ ခေါင်းပြန် ညိတ်ပြလိုက်တယ်။
ရန်ကိုင်က ထိုလူအုပ်ကို ရင်းရင်းနှီးနှီးနဲ့ လိုက်နှုတ်ဆက် နေတာကို ကြည့်ရင်း ရန်ကျောင်း မျက်ဝန်းအစုံ ထက်ရှသွားခဲ့တယ်။
အခုမှပဲ ထိုအမျိုးသမီး ချောချောလေး နှစ်ယောက်က ဘယ်သူမှန်း သူသိသွားခဲ့တယ်။ သူမှတ်မိတာသာ မှန်မယ်ဆိုရင် ထိုနှစ်ယောက်က တိမ်ဖုံးတောင်ထွတ်မှာ နေပြီး ရှောင်ဖူချန်းရဲ့ နေ့စဉ်ဝေယျာဝစ္စ ကိစ္စအဝဝကို ဆောင်ရွက်ပေးတဲ့ မိန်းမ အစေခံနှစ်ယောက်ပဲ ဖြစ်ရပါမယ်။
နှစ်ပေါင်းဒါဇင်ကျော်တဲ့အထိ ထိုအမျိုးသမီးနှစ်ယောက် တစ်ခါမှ တောင်ပေါ်ကနေ ဆင်းမလာခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ သူမတို့ နှစ်ယောက် တောင်အောက် ဆင်းလာခဲ့လေပြီ။
ထိုအမျိုးသမီး ချောချောလေး နှစ်ယောက်က ဘာကျင့်ကြံခြင်းမှ မရှိတဲ့ သာမန်အမျိုးသမီး နှစ်ယောက်လို့ ကောလဟာလတွေ ထွက်ခဲ့ပါတယ်။ အမျိုးသမီး နှစ်ယောက်က သာမန်လူတွေ ဖြစ်နေလို့ဆိုပြီး ဘယ်သူကမှ သူမတို့ကို မလေးမစား သွားမလုပ်ရဲပါဘူး။ ဘာလို့လဲ ဆိုတော့ သူမတို့ နှစ်ယောက်စလုံးက ရှောင်ဖူချန်းကို စောင့်ရှောက်ဖို့ အတွက်နဲ့ သူမတိုရဲ့ အဖိုးတန် အချိန်လေးတွေကို ပေးဆပ်ကုန်ဆုံး စေခဲ့တာကြောင့်ပါပဲ။ သူတို့ရဲ့ အကူအညီ မပါပဲနဲ့ ကျင့်ကြံခြင်း လောကတစ်ခုလုံး လျှမ်းလျှမ်းတောက် ကျော်ကြားနေတဲ့ ရှောင်ဖူချန်းဆိုတာ ရှိလာခဲ့မှာ မဟုတ်ပါဘူး။
ထိုနှစ်ယောက်က ရှောင်ဖူချန်းအတွက် မိသားစုလိုပါပဲ။
ဒီလိုလူတွေ ဘယ်လိုလုပ်ပြီး စစ်ပွဲမြို့တော်ဆီ ရောက်လာခဲ့ရတာလဲ။ ထိုလူတွေကို ပို့လိုက်တာက ရှောင်ဖူချန်း ဘာကို ပြောချင်နေတာလဲ။ ရှောင်ဖူချန်း ဘာလို့ ဒီလို လုပ်ခဲ့ရတာလဲ။
အားလုံးကို သေချာစဉ်းစား ကြည့်လိုက်ပြီးနောက် ရန်ကျောင်း မထိတ်လန့်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။ ထို့နောက် ရန်ကိုင်အား မနာလိုမှုအပြည့်နဲ့ လှမ်းကြည့်လိုက်တယ်။
ရန်ခန်း၊ ရန်ရှန်းနဲ့ ရန်ရင်တို့လည်း သိမ်မွေ့နူးညံ့တဲ့ လေထုကို သတိပြုမိပါတယ်။ ဆေးဘုရင်တောင်ကြားက လူတွေက ရန်ကိုင်နဲ့ ရင်းနှီးနေမှတော့ သူတို့တွေက ရန်ကိုင်အတွက် ဒီကို လာခဲ့တာပဲ ဖြစ်ရပါမယ်။ အခြား အင်အားစု တစ်ခုသာဆိုရင် သူတို့က စပြီး တိုက်ခိုက်မှာပါ။ သူတို့စံအိမ်ဆီ အတင်းအကြပ် ဖမ်းခေါ်သွားရင် ဖမ်းခေါ်သွား မဟုတ်ရင် စစ်ပွဲမြို့တော် အပြင်ဘက်ဆီ မောင်းထုတ်မှာပါ။
ဒါပေမယ့် ဆေးဘုရင်တောင်ကြားက တပည့်တွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ သူတို့ထဲက ဘယ်သူကမှ မဆင်မခြင် မလှုပ်ရှားရဲပါဘူး။ အားလုံး ရန်ကျောင်း ဘယ်လိုလုပ်မလဲ ဆိုတာကိုပဲ စောင့်ကြည့် နေခဲ့ကြတယ်။
ရန်ကျောင်းက အခြေအနေကို လိုက်ပြီး ကောင်းကောင်း လှုပ်ရှားတတ်ပါတယ်။ ဆေးဘုရင်တောင်ကြားက လူတွေ ဖြစ်နေလို့ ရန်စလို့ မဖြစ်ဘူး ဆိုရင်တောင် ဒီတစ်ကြိမ်တော့ ကျိန်းသေ ရန်စရပါတော့မယ်။ မဟုတ်ရင် နောက်ပိုင်းကျ မရှုနိုင်မကယ်နိုင် ဖြစ်သွားရတော့မှာပါ။
အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ရန်ကျောင်းက နောက်တစ်ကြိမ် ထပ်ပြောလိုက်တယ် “စီနီယာချင်၊ ဆေးဘုရင်တောင်ကြားက အမွေခံတိုက်ပွဲမှာ တစ်ခါမှ ပါဝင်ယှဉ်ပြိုင်ဖူးတာ မဟုတ်ပါဘူး။ အဲ့အစဉ်အလာကို ဘာလို့ ချိုးဖျက်ချင်ရတာလဲ။ စီနီယာချင်ဘက်ကနေ ရှင်းပြချက် တစ်ခုပေးမယ်လို့ ဂျူနီယာမျှော်လင့်ပါတယ်”
ထိုစကားကို ကြားလိုက်တာနဲ့ ချင်ကျဲမျက်နှာထက် စိတ်မရှည်သည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့ပြီး အေးစက်စက်နဲ့ ပြန်ပြောလိုက်တယ် “ဒုတိယသခင်လေး၊ ဒီချင် ပြောခဲ့ပြီးသွားပြီလေ။ ဆေးပညာကို လေ့လာဖို့အတွက် ငါတို့ ဒီကိုလာခဲ့တာ။ ဘာမဟုတ်တဲ့ အမွေခံတိုက်ပွဲကို ဝင်ပြိုင်ဖို့လာခဲ့တာ မဟုတ်ဘူး။ မင်းတို့ ရန်မိသားစု အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ပြန်ရိုက်ရိုက်၊ သတ်သတ်၊ ငါတို့ ဆေးဘုရင်တောင်ကြားရဲ့ သောက်ရေး မဟုတ်ဘူးကွ”
ထိုစကားကို ကြာလိုက်တာနဲ့ ရန်ကျောင်းက အသာအယာလေး ပြုံးလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်မေးလိုက်တယ် “ဆေးပညာကို လေ့လာဖို့ လာခဲ့မှတော့ စီနီယာချင်ကို ကျုပ်တို့စံအိမ်ဆီ လာဖို့ ဒီဂျူနီယာက ဖိတ်ခေါ်ချင်ပါတယ်။ ဒီသခင်လေးက စီနီယာတို့ လိုအပ်တဲ့ ဆေးပစ္စည်းတွေ အကုန်လုံးကို ထောက်ပံ့ပေးမှာပါ။ ကျုပ်ပြောခဲ့တဲ့ ခုနှစ်ရောင်ခြယ် ကလေးမျက်နှာ ပန်းပွင့်ကိုတောင် စီနီယာဆီ လက်ဆောင် ပေးနိုင်ပါတယ်”
အရမ်းကို စိတ်ပျက်၊ စိတ်ညစ်နေတဲ့ အမူအရာနဲ့ ချင်ကျဲ မျက်မှောင်ကြုံ့လိုက်ပြီး “ပြောချင်တာတွေ လျှောက်ပြောမနေနဲ့။ မင်းတို့ စံအိမ်ဆီ ငါတို့ ဘာလို့ လာရမှာလဲ။ ငါတို့ ဆေးဘုရင်တောင်ကြားက တပည့်တွေကို သင်ကြားပြသ ပေးနိုင်တဲ့ ဂရမ်းမာစတာအဆင့် ဆေးပညာရှင် မင်းဆီမှာ ရှိလို့လား”
“ကျုပ်ဆီမှာ အဲ့လိုမျိုး ဆေးပညာရှင်တော့ မရှိပါဘူး။ ဒါပေမယ့် ကိုးယောက်မြောက် ညီလေးဆီမှာကော ရှိလို့လား” ရန်ကျောင်းရဲ့ လေသံက တဖြည်းဖြည်းနဲ့ ပိုပိုကျယ်လာပြီး ခက်ထန်လာခဲ့တယ်။ ဘယ်နည်းလမ်းကိုပွဲ သုံးသုံး ထိုခေါင်းပေါ် မျက်လုံးတက်ပေါက်နေတဲ့ ဆေးပညာရှင်တွေကို သူ့ဘက်ပါအောင် ဆွဲခေါ်လို့ ရမှာ မဟုတ်မှန်း ရန်ကျောင်း သိသွားခဲ့ပါပြီ။ အနုနည်းနဲ့ မရမှတော့ အကြမ်းနည်းသုံးဖို့ပဲ ရှိပါတော့တယ်။
နောက်ဆုံးစကား ပြောပြီးတာနဲ့ ရန်ကျောင်းက ကျန်တဲ့ သခင်လေး သုံးယောက်ကို ကြိုတင်ပြင်ဆင်ထားဖို့ တိုးတိုးတိတ်တိတ်နဲ့ အချက်ပြလိုက်တယ်။
“ရှိတယ်” ရန်ကျောင်းရဲ့ မေးခွန်းကို ချင်ကျဲက သူပြောတာ ဟုတ်ကြောင်း၊ မှန်ကြောင်း ပြန်လည် ထောက်ခံပြောဆိုလိုက်တယ်။
ဆေးဘုရင်တောင်းကြား အဖွဲ့သားတွေ ပေးတဲ့ အကြောင်းပြချက် အရမ်းကို ရယ်စရာကောင်းတာပဲလို့ တွေးရင်း ရန်ကျောင်း မဲ့ပြုံးပြုံးလိုက်ပြီး ခေါင်းခါရမ်းလိုက်တယ်။
ဒီရက်အတွင်း သူ့ရဲ့ ကိုးယောက်မြောက် ညီလေးက ဆေးပညာရှင် တစ်ယောက်ကိုတောင် ခေါ်ယူရသေးတာ မဟုတ်သေးပါဘူး။ တိတ်တဆိတ်နဲ့ ခေါ်ယူထားတယ် ဆိုရင်တောင် ဘယ်အပြင် ဆေးပညာရှင်ကမှ ဆေးဘုရင် တောင်ကြားက တပည့်တွေကို သင်ကြားပေးဖို့ အရည်အချင်း ပြည့်မှီမှာ မဟုတ်ပါဘူး။
ရန်ကျောင်း မျက်ဝန်းထဲက အကြည့်က တဖြည်းဖြည်း အေးစက်သွားခဲ့ပြီး ခေါင်းခါရမ်းလိုက်ရင်း ပြောလိုက်တယ် “စီနီယာချင်က ဆုံးဖြတ်ပြီးမှတော့၊ ဂျူနီယာမှာလည်း ဘာမှ ပြောစရာ မရှိတော့ပါဘူး။ ဆေးဘုရင်တောင်ကြားကို လေးစားရတဲ့ အကြောင်းအရင်းက ဆေးဘုရင် တောင်ကြားက ဆေးပညာရှင်တွေ စုဝေးရာ အရပ်တစ်ခုတင် ဖြစ်နေရုံလို့ မဟုတ်ပဲ ဆေးဘုရင်တောင်ကြားက နှစ်ပေါင်းများစွာ ကြာအောင် ကြားနေအဖြစ် ရပ်တည်ခဲ့တာကြောင့်လည်း ပါတယ်။ စီနီယာချင်က ဒီရှေးဟောင်း အစဉ်အလာကြီးကို ချိုးဖျက်ချင်နေမှတော့ ဂျူနီယာဘက်ကလည်း ရိုင်းပြရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးပေါ့”
ချင်ကျဲက ထိတ်လန့်တကြားနဲ့ ပြန်အော်လိုက်တယ် “မင်းဘာလုပ်ချင်နေတာလဲ”
“ဒီကိစ္စနဲ့ ပက်သက်ပြီး ဂျူနီယာလည်း ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ စီနီယာရဲ့ ခွင့်လွှတ်ပေးမှုကိုပဲ ကျုပ်တောင်းဆို ရတော့မယ်။ ဒါပေမယ့် ကျုပ်နဲ့ ကျုပ်ရဲ့ ညီလေးတွေက အရမ်းကာရော ပြုမူမှာ မဟုတ်ပါဘူး။ စီနီယာရော၊ စီနီယာရဲ့ ရောင်းရင်းတွေရော တစ်ယောက်မှ ဒဏ်ရာမရစေ ရဘူးလို့ ကျုပ်အာမခံပါတယ်” ရန်ကျောင်း အမူအရာ နည်းနည်းလေးတောင် ပြောင်းလဲမသွားခဲ့ပါဘူး။ အမှန်တရား ဘက်တော်သား တစ်ယောက်ရဲ့ လေသံနဲ့ အားလုံးကို လေသံကျယ်ကျယ်နဲ့ ပြောဆိုသွားခဲ့တယ်။ အဲ့လိုမှပဲ ဒီသတင်း ပြန့်သွားခဲ့ရင် သူကို အခြားသူတွေ အပြစ်မတင်မှာလေ။
နောက်ဆုံးစကားကို ပြောပြီးတာနဲ့ ရန်ကျောင်းက သူ့နောက်မှာ ရှိနေတဲ့ လူတွေကို အချက်ပြလိုက်ပြီး သူကတော့ နောက်တစ်လှမ်း ဆုတ်သွားလိုက်တယ်။
တစ်ချိန်တည်းမှာပဲ ရန်ခန်း၊ ရန်ရှန်းနဲ့ ရန်ရင်တို့ သုံးယောက်ကလည်း သူ့တို့ အဖွဲ့သားတွေကို အမိန့်ပေးလိုက်ကြတယ်။ သူတို့ သုံးယောက်က ရန်ကျောင်းလောက် သွေးမရဲပါဘူး။ ထို့ကြောင့် ဆေးဘုရင်တောင်ကြားကို ရန်စဖို့ တုန့်ဆိုင်းနေမိခဲ့ပါတယ်။ ဒါပေမယ့် ရွေးချယ်စရာ မရှိတော့တာရယ်၊ ဦးဆောင်မဲ့လူ ရှိနေခဲ့တာကြောင့်ရယ်၊ ညီအစ်ကို သုံးယောက်စလုံး ရန်ကျောင်းနဲ့ ယာယီပူးပေါင်းပြီး ချင်ကျဲကို ဖိအားပေး ကြပါတော့တယ်။
ထိုကဲ့သို့ လုပ်ဆောင်နေရင်း သူတိုရဲ့ ခြိမ်းခြောက်မှု အလုပ်ဖြစ်ပါစေ ဆိုပြီး ညီအစ်ကို သုံးယောက်စလုံ စိတ်ထဲကနေ ကြိတ်ဆုတောင်းနေခဲ့ကြတယ်။ အားလုံက နောက်တစ်လှမ်းဆုတ်ပြီး အခြေအနေကို ပြေပြေလည်လည်နဲ့ ဖြေရှင်းနိုင်မယ် ဆိုရင်တော့ အားလုံးအတွက် အကောင်းဆုံးပဲပေါ့။
လမ်းဆုံနားက လေထုက ရုတ်ချည်း တင်းကြပ်သွားခဲ့တယ်။
ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေ စစ်ပွဲ မြို့တော်ထဲ ရောက်နေကြောင်း သတင်းရလို့ ပွဲလာကြည့်တဲ့ လူတွေအားလုံး ရန်မိသားစု သခင်လေးတွေရဲ့ ရဲတင်းမှုကို ကြည့်ရင်း ထိတ်လန့်အံ့ဩသွားခဲ့ကြတယ်။
တိမ်မိစ္ဆာနယ်မြေ ဝင်ရောက် တိုက်ခိုက်တုန်းက ဆေးဘုရင်တောင်ကြားဘက်က အဆုံးရှုံးကြီး ဆုံးရှုံးခဲ့ရပြီး ဆေးသူတော်စင်ရုပ်ထုပါ ဖျက်စီးခံခဲ့ရပေမယ့် ဆေးဘုရင်တောင်ကြားက ဆေးဘုရင်တောင်ကြား ဖြစ်နေတုန်းပါပဲ။ သူတို့ရဲ့ ဂုဏ်အဆင့်အတန်းက နည်းနည်းလေးတောင် နိမ့်ကျမသွားခဲ့ပါဘူး။
ဒီအပြင်လောကကြီးမှာ ရှိနေတဲ့ ဘယ်သူကမှ ဆေးဘုရင်တောင်ကြားကို ရန်မစရဲပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ တစ်ယောက်ယောက်က မော်ကွန်းသစ်ကို ရေးထိုးလိုက်ပါပြီ။
“ငါ့ကို ဘာမှမရှိသလို ဆက်ဆံတယ်ပေါ့” တစ်ချိန်းလုံး အေးစက်စက် မျက်ဝန်းအစုံနဲ့ ဘေးကနေ စိုက်ကြည့်နေတဲ့ ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီး သတ်ဖြတ်လိုစိတ် အပြည့်နဲ့ “ငါ့ရဲ့ မဟာမိတ်တွေကို တိုက်ခိုက်ချင်တဲ့ လူမှန်သမျှ ငါ့ကို အရင်ကျော်ဖြတ် သွားနိုင်မှပဲ ရလိမ့်မယ်”
ရန်ကျောင်းက ဖြေးဖြေးချင်း ခေါင်းခါရမ်းလိုက်ပြီး “ကိုးယောက်မြောက်ညီလေး၊ မင်းခေါ်လာတဲ့ လူအင်အားက အားမနည်းဘူးဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမယ့် အဲ့လူနည်းနည်းလေးနဲ့ မင်းအစ်ကိုကြီး သုံးယောက်ပေါင်းရဲ့ တိုက်စစ်ကို ခုခံနိုင်မယ်လို့ စဉ်းစားနေရင်တော့ မင်းအရမ်း တုံးအရာ ကျမနေဘူးလား။ သတိထားနော်၊ ဆန်လည်ဆုံး၊ ကြက်လည်းဆုံး ဖြစ်သွားမယ်”
ရန်ခန်း၊ ရန်ရှန်းနဲ့ ရန်ရင်တို့ သုံးယောက်စလုံး ချက်ချင်းဆိုသလို ရက်စက်တော့မယ့် အမူအရာနဲ့ ရန်ကိုင်ကို စိုက်ကြည့်လိုက်ကြတယ်။
ဆေးဘုရင်တောင်ကြားကို မျက်နှာသာ ပေးရပေမယ့် ရန်ကိုင်ကို ဆိုရင်တော့ နည်းနည်းလေးတောင် မျက်နှာသာ ပေးမှာမဟုတ်ပါဘူး။ သူတို့ ရန်ကိုင်ကို သမချင်နေတာ တစ်ပိုင်းကို သေနေပါပြီ။
“ဒုတိယအစ်ကိုကြီး ကြိုးစားကြည့်ချင်ရင် ကြိုးစားကြည့်လို့ရတယ်” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ်။
ရန်ကျောင်းမျက်နှာ လေးနက်သွားခဲ့ပြီး ရန်ကိုင် ခေါ်လာတဲ့ လူတွေကို တစ်ချက် ဝေ့ကြည့်လိုက်တယ်။
သူမြင်သလောက်ဆိုရင် ရန်ကိုင်နဲ့အတူ အင်အားစု နှစ်ခုပဲ ပါလာခဲ့တာပါ။ တစ်ခုက ဟော်မိသားစု ဖြစ်ပြီး၊ ထိုဟော်မိသားစု လူတွေထဲက နှစ်ယောက်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ကျင့်ကြံသူတွေပါ။ နောက်မိသားစု တစ်ခုက ဒေါင်မိသားစု ဖြစ်ပြီး သူတို့မှာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇ ကျင့်ကြံသူ နှစ်ယောက် ပါလာခဲ့ပါတယ်။ ထိုအဆင့်မြင့် ကျွမ်းကျင်သူတွေ အပြင် များစွာသော အင်မော်တယ် တက်လှမ်းခြင်း အလယ်အလတ် အဆင့်၊ အဆင့်နိမ့်အဆင့် ကျင့်ကြံသူ တော်တော်များများနဲ့ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူ များစွာ ပါလာခဲ့ပါတယ်။
ပြီးတော့ အနီးအနားက တစ်နေရာရာမှာ ပုန်းအောင်းနေတဲ့ ရင်းဂျုလည်း ရှိပါသေးတယ်။
ထိုလူအင်အားက အားမနည်းလှပေမယ့် သူတို့ လေးယောက်ပေါင်းရဲ့ အင်အားနဲ့ ယှဉ်လိုက်ရင်တော့ လုံးဝကို အကျဘက် ရောက်နေခဲ့ပါတယ်၊ ဒါဆိုရင် ကိုးယောက်မြောက် ညီလေးက ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ။
ပထမညက အဖြစ်အပျက် ပြီးကတည်းက ရန်ကျောင်း ရန်ကိုင်ကို ပေါ့သေးသေး မမှတ်ရဲတော့ပါဘူး။ သူရဲ့ ကိုးယောက်မြောက် ညီလေးက ပါးနပ်ရုံမကလို့ အရမ်းကိုလည်း ဥာဏ်နီဥာဏ်နက် များပါတယ်။ တစ်ခါတစ်လေကျ ရဲတင်းပြီး သူ့ကို ခန့်မှန်းဖို့ရာ ပိုမို ခက်ခဲသွားစေတဲ့ ခန့်မှန်းမရနိုင်တဲ့ အကွက်တွေကိုလည်း ရွှေ့တတ်ပါသေးတယ်။
တစ်ချက်ကတော့ လုံးဝကို သေချာပါတယ်။ ရန်ကိုင် အနေနဲ့ လူနည်းနည်းလေး ခေါ်လာပြီး ကိုယ့်သေလမ်း ကိုယ်လာရှာတာ မဟုတ်တာတော့ လုံးဝကို ကျိန်းသေပါတယ်။ သူ့ဘက်ကနေ ကြိုတင်ပြင်ဆင်မှုတွေ ကျိန်းသေ လုပ်ထားပါလိမ့်မယ်။
တစ်ခုတည်းသော မေးခွန်းက သူဘာတွေ စီစဉ်နေတာလဲ ဆိုတာပါပဲ။ သူရထားတဲ့ သတင်းတွေအရ အရင်ရက်တွေ အတွင်း အင်အားစု၁၁ခုက ရန်ကိုင်ဆီ သွားရောက် ပူးပေါင်းခဲ့ပါတယ်။ အင်အားစုနှစ်ခုပဲ သူနဲ့ ပါလာတယ် ဆိုရင် ကျန်တဲ့ အင်အားစု ကိုးခုကကော ဘယ်ရောက်နေတာလဲ။
ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ ရန်ကျောင်း အမူအရာ မဲ့ရွဲ့သွားခဲ့ပြီး ရန်ကိုင်ဆီ လှမ်းကြည့်လိုက်တယ်။ ရန်ကိုင်က မိစ္ဆာဆန်ဆန်ပြုံးလိုက်ပြီး သူ့ကို ပြန်ပြီး စိုက်ကြည့်နေခဲ့တယ်။
ဆက်ပြီး မတုန့်ဆိုင်းရဲတော့တာနဲ့ ရန်ကျောင်းက အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်တယ် “ငါးယောက်မြောက် ညီလေး၊ ခြောက်ယောက်မြောက် ညီလေး၊ ခုနှစ်ယောက်မြောက် ညီလေး၊ ငါတို့အတူ လက်တွဲပြီး အကြီးတွေကို ဘယ်လိုရိုသေရမလဲ ဆိုတာကို ကိုးယောက်မြောက်ညီလေး သိအောင် သင်ပေးလိုက်ကြတာပေါ့”
“အဆင့်သင့်ပဲ၊ ဒုတိယအစ်ကိုကြီး” ကျန်တဲ့သုံးယောက် စလုံး ပြိုင်တူ ခေါင်းညိတ်လိုက်ကြတယ်။
ချက်ချင်းပဲ များစွာသော သိုင်းပညာရပ်တွေနဲ့ လက်နက်တွေက ရန်ကိုင်နဲ့ သူ့မဟာမိတ်တွေဆီ ပျံသန်းတိုးဝင် လာခဲ့တယ်။
ညီအစ်ကို လေးယောက်စလုံးက ပူးပေါင်း တိုက်ခိုက် လာတဲ့အတွက် ဟော်မိသားစုနဲ့ ဒေါင်မိသားစုက လူတွေအကုန်လုံး ကျဉ်းထဲကြပ်ထဲ ရောက်သွားခဲ့ရတယ်။
အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်တွေ အကုန်လုံး သူတို့ရဲ့ အကာအကွယ် လက်နက်တွေကို ထုတ်ယူလိုက်ကြပြီး အစွမ်းကုန် ခုခံကာကွယ် ခဲ့ကြပေမယ့် လှိုင်းလုံးသဖွယ် တိုးဝင်လာနေတဲ့ တိုက်ခိုက်မှုတွေကို အပြည့်အဝ ကာဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။
မုန်တိုင်းဝေနေတဲ့ တိုက်ခိုက်မှုတွေ ကြားထဲ ဟော်ရှင်းချန်၊ ဒေါင်ချင်းဟန်နဲ့ ရန်ကိုင်တို့ လုံခြုံတဲ့နေရာ ရှာရခက်နေခဲ့တယ်။
ရန်ကိုင် အဖွဲ့သား အကျဘက်ရောက်နေတာကို မြင်တော့ ဒီနေ့ ရန်ကိုင် ရှုံးနိမ့်တော့မယ့် မြင်ကွင်းကို မြင်ယောင်ရင်း ရန်ခန်း ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ပြုံးလိုက်တယ်။
ဒါပေမယ့် ရန်ကျောင်းကတော့ ကျန်တဲ့ လူတွေက ပိုသိပါတယ်။ ရင်းဂျုသာ အရိပ်ထဲကနေ ချောင်းမြောင်း နေသရွေ့ ရန်ကိုင် ဒီနေရာမှ ထွက်ရမယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ သူတို့ရဲ့ သုံးယောက်သော သွေးစစ်သည်တော်တွေ ပူးပေါင်းပြီး မတိုက်ခိုက် သရွေ့ပေါ့။ ကံမကောင်းစွာနဲ့ အဲ့လို ပူးပေါင်းမှုက ဖြစ်လာလိမ့်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သွေးစစ်သည်တော် သုံးယောက်သာ ပူးပေါင်းပြီး ရင်းဂျုကို တိုက်ခိုက်ဖို့ ကြိုးစားလိုက်တာနဲ့ သူတို့ သုံးယောက်စလုံးရဲ့ လုံခြုံရေးကို အာမမခံနိုင်တော့လို့ပါပဲ။
“သူတို့ကိုဖမ်းလိုက်” ရန်ကျောင်းက ရန်ကိုင် အဖွဲ့သားတွေကို တိုက်ခိုက်နေရာမှာ ချက်ချင်းပဲ ဆေးဘုရင်တောင်ကြားက တပည့်တွေဆီ ပစ်မှတ်ပြောင်းလိုက်တယ်။
Martial Peak
အပိုင်း (၄၄၈) သူနိုင်သွားပြီ
ရန်ကျောင်း အမိန့်ပေးသံကို ကြားလိုက်တာနဲ့ အဖွဲ့ထဲက ပညာရှင် များစွာက ဆေးဘုရင်တောင်ကြား အဖွဲ့သားတွေဆီ ပြေးဝင်သွားခဲ့ကြတယ်။
ဆေးဘုရင်တောင်ကြား တပည့်တွေက ဆေးပညာမှာသာ တော်တာပါ၊ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က သာမန် ကျင့်ကြံသူ တစ်ယောက်အောက်တောင် နိမ့်ကျပါသေးတယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင် များစွာက ဆေးဘုရင် တောင်ကြား အဖွဲ့သားတွေဆီ ပြေးဝင်သွားခဲ့ပြီး သူတို့ရဲ့ လက်ကို ဆန့်ထုတ်လိုက်ကာ ဆေးဘုရင်တောင်ကြား တပည့်တွေကို ဖမ်းဆီးဖို့ ကြိုးစားလိုက်တယ်။
ထိုအခြင်းအရာကို မြင်လိုက်ပေမယ့် ချင်ကျဲက ဒီအတိုင်းပဲ ရပ်နေခဲ့ပါတယ်။ သူ့အမူအရာက အေးစက်စက် မထူးခြားဟန်နဲ့ ရှိနေဆဲ ဖြစ်ပြီး သူ့နဲ့ ကျန်ဆေးပညာရှင်တွေ အကုန် အဖမ်းခံလိုက်ရမှာကို နည်းနည်းလေးတောင် စိုးရိမ်ခြင်း မရှိတဲ့ပုံပါပဲ။ သူသာမက ကျန်တဲ့ ဆေးပညာရှင်တွေ အကုန်လုံးကလည်း မောက်မာ ဝံ့ကြွားသည့် အမူအရာ ကိုယ်စီနဲ့ ရှိနေတုန်းပါပဲ။
ရန်ကျောင်း စိတ်ထဲ မသက်သာသလို ခံစားလိုက်ရတယ်။
ထိုဆေးပညာရှင်တွေက အရမ်းကို မောက်မာ လွန်းနေတယ် ဆိုရင်တောင် အခုလို အခြေအနေမျိုးနဲ့ ကြုံတွေ့ရတဲ့အခါ ထိတ်လန့်တုန်လှုပ်တဲ့ အမူအရာလေးတွေတော့ ပြသင့်တာပေါ့။ ဒါပေမယ့် အခု သူတို့ရဲ့ အမူအရာတွေက နည်းနည်းလေးတောင် စိုးရိမ်နေတဲ့ ပုံပေါက်မနေခဲ့ပါဘူး။
ဒါပေမယ့် ဘာလို့လဲ။
ရန်ကျောင်းဘက်က ပညာရှင်တွေ ဆေးပညာရှင်တွေနား ရောက်တော့မယ့် အချိန်မှာပဲ ရှနင်းချန်ရဲ့ နဖူးထက်က အပြာရောင် ကျောက်တုံးလေးက ရုတ်တရက် တောက်ပလာခဲ့ပြီး မိုးပြာရောင် စက်ဝိုင်းပြတ်တစ်ခု ထွက်ပေါ်လာခဲ့ကာ အယောက်သုံးဆယ်သော ဆေးပညာရှင်တွေ အကုန်လုံးကို ဖုံးအုပ်သွားခဲ့တယ်။
ချဉ်းကပ်လာနေတဲ့ ပညာရှင်တွေ အကုန်လုံး အချိန်မှီ ပြန်မဆုတ်နိုင်ခဲ့ပဲ ထိုအလင်းအကာအရံနဲ့ ဝင်ဆောင့်မိကာ နောက်ပြန်လွင့်ထွက် ကုန်ကြတယ်။
“သူတို့မှာ အားကိုးစရာ ရှိနေတာကိုး” ဆေးဘုရင် တောင်ကြားက တပည့်တွေက အလွယ်တကူ အဖမ်းခံလိမ်မှာ မဟုတ်ဘူးဆိုတာကို ရန်ကျောင်း သိထားပါတယ်။ ထို့ကြောင့် အလင်းအကာအရံကို မြင်တွေ့လိုက်တဲ့အခါ သူ မအံ့ဩသွားခဲ့တာပါ။ စိတ်ခိုင်ခိုင် ထားပြီးတော့သာ အော်ဟစ်လိုက်တယ် “ဖျက်စီးပစ်လိုက်”
အကာအကွယ် လက်နက်တစ်ခုကို အားကိုးပြီး ထိုပညာရှင်တွေ အားလုံးကို ခုခံဖို့ ကြိုးစားမယ် ဆိုရင်တော့ သူတို့ အထင်မှားနေတာပဲ ဖြစ်ရပါမယ်။
ထိုအကာအကွယ် လက်နက်က တကယ်ကို အထင်ကြီးစရာ ကောင်းပါတယ်။ ဒါပေမယ့် သူတို့ဘက်မှာ ကျင့်ကြံသူ အရေအတွက် များစွာ ရှိနေရုံမကလို့ သူတို့တွေက အင်အားစု အသီးသီးရဲ့ လက်ရွေးစင်တွေလည်း ဖြစ်ကြပါတယ်။
အမျိုးမျိုးသော သိုင်းပညာရပ်တွေ၊ လက်နက်တွေ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့ပြီး ရှနင်းချန် ဖန်တီးထားတဲ့ အကာအရံက ထိုတိုက်ခိုက်မှုတွေ အောက်မှာပဲ စတင်အက်ကွဲလာခဲ့တယ်။
ဒါပေမယ့် ဆေးဘုရင်တောင်ကြား တပည့်တွေရဲ့ မျက်နှာထက် စိုးရိမ်ပူပန်သည့် အရိပ်အယောင် နည်းနည်းလေးတောင်မှ မတွေ့ရပါဘူး။
ရန်ကျောင်း အမူအရာ လေးနက်သွားခဲ့ပြီး ဆေးဘုရင်တောင်ကြား အဖွဲ့သားတွေရဲ့ တုန်ပြန်မှုကို ဆက်ပြီး လေ့လာ ကြည့်နေခဲ့တယ်။ အချိန် ကြာလာတာနဲ့ အမျှ သူ့စိတ်ထဲက မသက်မသာ ခံစားချက်က ပိုပိုပြီး အားကောင်းလာခဲ့တယ်။ ဆေးဘုရင်တောင်ကြား အဖွဲ့သားတွေကို ဖမ်းဆီးဖို့ကို လက်လျှော့ပြီး ဒီနေရာကနေ ချက်ချင်း ထွက်သွားချင်တဲ့ အတွေးတို့ သူ့စိတ်ထဲ ထွက်ပေါ်လာခဲ့တယ်။
အလင်းအကာအရံ တစ်ခုလုံး အက်ကြောင်းတွေနဲ့ ပြည့်သွားခဲ့ပြီး ပျက်စီးသွားတော့မလို ဖြစ်နေစဉ်မှာပဲ မဟူရာ ညကောင်းကင်ထက်က ကြယ်တာရာတွေလို တလက်လက် တောက်ပနေတဲ့ အလင်းတန်းတွေက လေထုတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့တယ်။ ထိုမျက်စိကျိန်းမတတ် တလက်လက် တောက်ပနေတဲ့ အလင်းတန်းတွေက ရုတ်တရက် ဆိုသလို လျှပ်စီးတမျှ မြန်ဆန်သည့် မြောက်များလှစွာသော အလင်းဓါးသွားတွေကို ပစ်လွှတ်လိုက်တယ်။
ထိုဓါးသွားတွေ အကုန်လုံးက အစစ်အမှန်ချီ သက်သက်ဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပြီး ဓါးသွား တစ်ချောင်းချင်းစီ တိုင်းက မျက်စိကျိန်းမတတ် တောက်ပနေခဲ့ကာ ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်နေခဲ့တယ်။
ရွှစ်… ရွှစ်… ရွှစ်…
ဓါးသွားတွေက ကြယ်တာရာမိုး ရွာကျသလို ဘေးပတ်ပတ်လည်မှာ ရှိနေတဲ့ ပညာရှင်တွေ အကုန်လုံးကို မယုံနိုင်စရာ စွမ်းအားနဲ့ တိုက်ရိုက် ထိုးဖောက်သွားခဲ့တယ်။
ပြိုင်ဘက်ကင်း ဓါးတွေအလား ထိုချီဓါးသွားတွေက မရပ်တန့်နိုင်တဲ့ အမြန်နှုန်းဖြင့် လေထုကို ထိုးခွင်းသွားခဲ့တယ်။
ဘေးပတ်ပတ်လည်မှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် အားလုံးရဲ့ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက်ကြီး ထွက်ပေါ်လာတဲ့ ဓါးသွားများစွာကို အသည်းအသန် ခုခံဖို့ ကြိုးစားလိုက်ကြတယ်။
အုန်း… အုန်… အုန်း…
အားလုံးရဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ထိုအစစ်အမှန်ချီ ဓါးသွားတွေကို သူတို့တွေ ခုခံနိုင်ခဲ့တယ်။ ဒါပေမယ့် ဓါးသွားတစ်ခုချင်းစီတိုင်းမှာ ပါဝင်နေတဲ့ စွမ်းအင်တို့ ပေါက်ကွဲ ထွက်သွားသည့် အချိန်မှာတော့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် အားလုံးကို အတင်းအကြပ် နောက်ပြန်ဆုတ်သွားရစေခဲ့ပြီး အဆင့်နိမ့်တဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ ဆိုရင် နေရာမှာတင် သွေးအန်သွားခဲ့ရပါတယ်။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇ ဒါမှမဟုတ် အထက်အဆင့်တွေပဲ ဘေးကင်းကင်းနဲ့ လွတ်မြောက် နိုင်ခဲ့တာပါ။
ရန်ကျောင်းရဲ့ အကြည့်က ဆေးဘုရင်တောင်ကြား အဖွဲ့သားတွေကို ချက်ချင်းဆိုသလို ဖြတ်သန်းသွားခဲ့ပြီး နောက်ဆုံးမှာတော့ သူ့အကြည်က တစ်ဦးတည်းသော လူအိုကြီးပေါ်သို့ ရောက်ရှိသွားခဲ့တယ်။
ထိုလူအိုကြီး ဘယ်သူမှန်း သူမသိသလို ထိုလူအိုကြီး လှုပ်ရှားလိုက်တာကိုလည်း သူမတွေ့ခဲ့ပါဘူး။ ဒါပေမယ့် အကြောင်းပြချက် အချို့ကြောင့် ထိုလူအိုကြီးကို ရန်ကျောင်း အလိုလို စိုက်ကြည့်မိနေခဲ့တယ်။ အစောပိုင်းတုန်းက တိုက်ခိုက်မှုက ထိုလူအိုကြီးနဲ့ တစ်မျိုးတစ်ဖုံ ဆက်စပ်နေလိမ့်မယ်လို့ ရန်ကျောင်း မတွေးပဲ မနေနိုင်အောင် ဖြစ်နေခဲ့တယ်။
လူသားတွေနဲ့ တိရစ္ဆာတွေကို အန္တရာယ် မပေးနိုင်ဘူးလို့ ထင်ရတဲ့ လူအိုကြီးကို စိုက်ကြည့်နေရင်း ထူးဆန်းပြီး ရှင်းပြမရနိုင်တဲ့ ဖိအားတစ်ခုကိုလည်း သူခံစားခဲ့ရပါသေးတယ်။
တစ်ကွက်တည်း… အားကုန်မသုံးပဲ တိုက်ခိုက်လိုက်တဲ့ တစ်ကွက်တည်းနဲ့တင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇ယောက်ကျော်ကို နောက်ပြန်ဆုတ်သွားအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ ထိုလူအိုကြီး ဘယ်လောက်တောင် သန်မာလိမ့်မလဲ။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်များ ဖြစ်နေမလား။ ဆေးဘုရင်တောင်ကြားမှာ အဲ့လိုမျိုး ပညာရှင်တစ်ယောက် ဘယ်တုန်းကများ ရှိသွားခဲ့တာလဲ။
နောက်သို့ တွန်းပို့ခံလိုက်ရတဲ့ ပညာရှင် ခုနှစ်ယောက်စလုံး ဖြူလျော်နေတဲ့ အမူအရာနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့ကို ဘယ်သူ တိုက်ခိုက်ခဲ့မှန်း သူတို့ထဲက ဘယ်သူမှ မသိခဲ့ပါဘူး။
ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်း အံ့အားသင့်နေခဲ့ကြတယ်။
ဒါပေမယ့် အမှန်တရားကို ရှာမတွေ့နိုင်သေးခင်မှာပဲ တလက်လက် တောက်ပနေတဲ့ ကြယ်တာရာ ကောင်းကင်က တစ်ဖန်ပြန်လည် စုစည်းသွားခဲ့ပြီး တလက်လက် တောက်ပနေတဲ့ လက်စွပ် တစ်ကွင်းအဖြစ် ကျုံသွားခဲ့ကာ ဇာပုဝါဝတ်ဆင်ထားတဲ့ မိန်းကလေးရဲ့ လက်ထဲ ကျဆင်းသွားခဲ့တယ်။
“လက်နက်တစ်ခုလား” ရန်ကျောင်း မျက်ဝန်းအစုံ လက်သွားခဲ့ပြီး မယုံနိုင်သည့် အမူအရာနဲ့ ထိုလက်စွပ်ကို ငေးကြောင်ကြည့် နေမိခဲ့တယ်။
ဆေးဘုရင်တောင်ကြား အဖွဲ့ထဲမှာ ပြိုင်ဘက်ကင်း ပညာရှင် တစ်ယောက် ရှိနေလိမ့်မယ်လို့ သူထင်ထားခဲ့တာပါ။ ဒါပေမယ့် အစောပိုင်းတုန်းက တိုက်ခိုက်မှုက လက်နက် တစ်ခုစီကနေ လာခဲ့တာလို့တော့ သူဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။
ဆန်းကြယ် အလယ်အလတ် အဆင့်ထက် မြင့်တဲ့ လက်နက်တစ်ခုကပဲ ထိုကဲ့သို့ စွမ်းအားမျိုးကို ထုတ်ဖော် ပြသနိုင်ပါလိမ့်မယ်။
ဇာပုဝါ ဝတ်ဆင်ထားတဲ့ မိန်းကလေးကို ကြည့်ရင်း သူ့စိတ်ထဲ ရှုံးနိမ့်သွားသလို ရန်ကျောင်း ခံစားလိုက်ရတယ်။
သူက ရန်မိသားစုရဲ့ ဒုတိယအကြီးဆုံး သခင်လေး တစ်ယောက်ပါ။ ဒါတောင်မှ သူ့မှာ ဆန်းကြယ်အဆင့် လက်နက်တစ်ခုတောင် ရှိမနေခဲ့ပါဘူး။ ထိုမိန်းကလေးက ဘယ်သူများလဲ။
သူမ အသုံးပြုခဲ့တဲ့ လက်နက်နှစ်ခုစလုံးက သာမန်ထက် ထူးကဲ့တဲ့ လက်နက်တွေ ချည်းပါပဲ။ သူမမှာ နောက်ထပ် လက်နက်တွေ ထပ်ပြီး မရှိတော့ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။
ရန်ကျောင်းရဲ့ မျက်ဝန်းထဲ တုန့်ဆိုင်းမှုတို့နဲ့ မလိုလားမှုတို့ ရောပြွမ်းနေခဲ့တယ်။ ဒါပေမယ့် ခဏလောက် ကြာအောင် ဆုံးဖြတ်မရ ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာတော့ အံတင်းတင်း ကြိတ်လိုက်ကာ သူ့သွေးစစ်သည်တော်နဲ့ ရီရှင်းရို့ကို တိုးတိုးလေး ပြောလိုက်တယ် “ပြန်ကြမယ်”
“ပြန်ဖို့လား” ရီရှင်းရို့ရဲ့ စိတ်အာရုံအစုံက ရှနင်းချန်ဆီကိုသာ ရောက်ရှိနေခဲ့ပါတယ်။ နာမည် မသိရသေးတဲ့ မျက်နှာထက် ဇာပုဝါ ဝတ်ဆင်ထားသည့် မိန်းကလေးနဲ့ သူမကိုယ်သူမ တိတ်တဆိတ် နှိုင်းယှဉ် ကြည့်နေခဲ့တယ်။ ရန်ကျောင်းရဲ့ အမိန့်ပေးသံကို ကြားလိုက်တဲ့ အခါမှာတော့ ရီရှင်းရို့ စိတ်ရှုပ်ရှုပ်နဲ့ တိုးတိုးလေး ရေရွတ်မိလိုက်တယ်။
ဒါပေမယ့် သူမအသိပြန်ဝင် မလာသေးခင်မှာပဲ ရန်ကျောင်းနဲ့ သူ့ရဲ့ သွေးစစ်သည်တော်တွေက တိတ်တဆိတ်နဲ့ စတင်ဆုတ်ခွါနေကြပါပြီ။
ရီရှင်းရို့က ရန်ကျောင်းနောက် အလျင်စလို ပြေးလိုက်သွားလိုက်ပြီး သိချင်စိတ်နဲ့ မေးလိုက်တယ် “ဒုတိယသခင်လေး၊ ဘာလို့ ဒီလောက် လွယ်လွယ်နဲ့ လက်လျှော့လိုက်ရတာလဲ။ ဒါက နင့်ရဲ့ ပုံစံ မဟုတ်ပါဘူး”
ရန်ကျောင်းက ဘာမှ ပြန်မဖြေးရသေးခင်မှာပဲ သူဆုတ်ခွါနေသည့်ဘက်မှ တစ်ယောက်ယောက်က သူ့ဆီ အလျင်စလို ပြေးလာခဲ့ပြီး စိုးရိမ်တကြီးနဲ့ ပြောလိုက်တယ် “ဒုတိယသခင်လေး၊ ရန်ကိုင်ရဲ့ စံအိမ်မှာ လှုပ်ရှားမှု အကြီးကြီး ဖြစ်သွားတယ်။ သူ့ရဲ့ မဟာမိတ် အင်အားစု ကိုးခုစလုံးကို အပြင်ဘက်ဆီ စေလွှတ်လိုက်ပြီ။ အခု သူ့စံအိမ်မှာ ကျုကောင်းရီ တစ်ယောက်ပဲ ကျန်ခဲ့တယ်”
“ငါသိတယ်” ရန်ကျောင်း ပြန်ပြောလိုက်တယ်။ အရှိန်မြှင့်လိုက်ပြီး ခါးခါးသီးသီး ပြုံးလိုက်ရင်း “ကိုးယောက်မြောက် ညီလေးက သူ့စံအိမ်မှာ သွေးစစ်သည်တော် တစ်ယောက်ပဲ ချန်ထားရဲလောက်တဲ့ အထိ သတ္တိကောင်းတာပဲ။ ဒီတစ်ကြိမ်တော့ သူနိုင်သွားပြီ”
ရန်ကျောင်းက ဘာလို့ ပြတ်ပြတ်သားသားနဲ့ လက်လျှော့လိုက်လဲ ဆိုတာကို အခုမှပဲ ရီရှင်းရို့ နားလည်သွားခဲ့တယ်။ မအောင်မြင်မှာကို သူ မစိုးရိမ်ပါဘူး။ ရန်မိသားစု သခင်လေး လေးယောက်ပူးပေါင်းပြီး တိုက်ခိုက် နေတာ ဖြစ်တဲ့အတွက် ရန်ကိုင်ခွန်အားက မယုံနိုင်ဖွယ်ရာ ကောင်းနေရင်တောင် ထိုဆေးပညာရှင်တစ်သိုက်ကို အပြည့်အဝ သူကာကွယ်ပေးနိုင်လိမ့်မှာ မဟုတ်ပါဘူး။
အခြေအနေတွေက ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင် ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် အချို့ကို အနည်ဆုံး သူတို့အတူ အပါခေါ် သွားနိုင်လောက်ပါတယ်။
ဒါပေမယ့် အဲ့လိုလုပ်ဖို့ အချိန်လိုပါတယ်။ သူတို့ အဲ့လို လုပ်နေတဲ့အချိန်အတွင်း ရန်ကိုင် လွှတ်လိုက်တဲ့ အင်အားစု ကိုးခုက ဘယ်သူ့စံအိမ်ဆီ သွားမှာလဲ။
သူသာ ရန်ကျောင်းရဲ့ စံအိမ်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ရင် သူချန်ထားရစ်ခဲ့တဲ့ လူတွေက အလံကို ကာကွယ်ပေးနိုင်မှာလား။
ရန်ကိုင်မှာ ဒီလို ဝှက်ဖဲရှိထားမှတော့ ရန်ကျောင်းအနေနဲ့ ပြန်ဆုတ်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။ ရန်ကျောင်းသာမက ရန်ရောင်း၊ ရန်ခန်းနဲ့ ရန်ရင်တို့ပါ သူတို့ စံအိမ်ဆီ အမြန်ပြန်ပြီး ခံစစ်ကို တိုးမြှင့်ထားရပါမယ်။
ထိုအင်အားစု ကိုးခုက ဘယ်စံအိမ်ကို သွားပြီး တိုက်ခိုက်မယ်မှန်း သူတို့ထဲက ဘယ်သူမှ မသိထားကြပါဘူး။
ထိုအင်အားစု ကိုးခုပေါင်းရဲ့ ခွန်အားကို သူတို့ထဲက ဘယ်သူမှ အထင်မသေးရဲကြပါဘူး။
ပိုဆိုးတာက ဇာပုဝါဝတ်ဆင်ထားတဲ့ မိန်းကလေးဆီမှာ ဆန်းကြယ် အလယ်အလတ်အဆင့် ဒါမှမဟုတ် အဲ့ထက် ပိုမြင့်ကောင်း ပိုမြင့်နိုင်တဲ့ လက်နက်တွေ ရှိနေ နိုင်ပါသေးတယ်။ သူမရဲ့ ဇာစ်မြစ်ကလည်း သာမန် မဟုတ်လောက်ပါဘူး။ သူမ ဘယ်သူဘယ်ဝါမှန်း မသိသေးပဲ ထိုမိန်းကလေးကို ရန်ကျောင်း မတိုက်ခိုက်ဝံ့ပါဘူး။
ရန်ကိုင် အင်အားစုကိုးခု သူ့စံအိမ်ထဲကနေ ထွက်သွားပြီ ဆိုတဲ့ သတင်းကို ရန်ကျောင်း ရလိုက်တဲ့ တစ်ချိန်တည်းမှာပဲ ရန်ခန်း၊ ရန်ရှန်းနဲ့ ရန်ရင်တို့လည်း ထိုသတင်းကို ရလိုက်ပါတယ်။ သူတို့ အားလုံး တုန်လှုပ် ချောက်ချား သွားခဲ့ပြီး ရန်ကိုင်ရှိရာဆီ လှမ်းကြည့်လိုက်ကြတယ်။
ရန်ကိုင်က သူတို့ကို ထေ့ငေါ့ဟန်ဖြင့် ပြန်ပြုံးပြလိုက်ပြီး စိတ်ထဲမှာတော့ တိတ်တဆိတ် သက်ပြင်းချလိုက်တယ်။
“ဒုတိယ်အစ်ကိုရော” ရန်ကျောင်းက ဘေးဘီဝဲရာကို ဝေ့ကြည့်လိုက်ပေမယ့် ရန်ကျောင်း ဒါမှမဟုတ် သူ့အင်အားစု တွေရဲ့ အရိပ်ကိုတောင် မတွေ့ရတော့ပါဘူး။ ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ သူ့မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး သူ့မျက်ဝန်းအစုံက အေးစက်သွားခဲ့တယ်။ သတိပေးစကား တစ်ခွန်းတောင် မပြောပဲ ဒုတိယအစ်ကိုကြီးက သူ့ကို စွန့်ပစ်သွားတဲ့အတွက် ရန်ခန်းစိတ်ထဲ မကျေမနပ် ဖြစ်မိတာ သဘာဝပါပဲ။
“ကိုးယောက်မြောက် ညီလေးရဲ့ ဗျူဟာက တကယ်ကို အထင်ကြီး လေးစားစရာကောင်းတာပဲ။ ဒီနေ့ ကိစ္စက ဒီမှာတင် အဆုံးသတ်ပြီပေါ့။ နောက်တစ်ကြိမ် ပြန်တွေ့တဲ့ အခါကျ မင်းရဲ့ ငါးယောက်မြောက် အစ်ကိုကြီးက ဒီအကြွေးကို ကျိန်းသေပြန်ပေးပါ့မယ်” ရန်ခန်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ကို ဝှေ့ရမ်းလိုက်ကာ သူ့လူတွေကို ပြန်ဆုတ်ဖို့ အချက်ပြလိုက်တယ်။
“ကိုးယောက်မြောက် ညီလေးရဲ့ သင်ခန်းစာကို ကောင်းကောင်း မှတ်ထားပါ့မယ်” ရန်ရှန်းက ဒေါသတကြီး ရေရွတ်လိုက်ပြီး အလျင်အမြန်ပဲ ပြန်ဆုတ်သွားလိုက်တယ်။
ရန်ရင်လည်း သူ့လူတွေကို ခေါ်ပြီး သူ့စံအိမ်ရှိရာဆီ ဒရောသောပါး ပြန်ပြေးကြပါတော့တယ်။ ပရမ်းပတာ ဖြစ်နေတဲ့ တိုက်ပွဲကြီးဟာ အခုအချိန်၌ အဆုံးသတ် သွားခဲ့ပါပြီ။ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဘေးကနေ စောင့်ကြည့်နေတဲ့ ပွဲကြည့်ပရိတ်သတ် တွေကတော့ စိတ်ရှုပ်ရှုပ်နဲ့ပဲ ကျန်ရစ်ခဲ့လေရဲ့။ သခင်လေး လေးယောက်က အထက်စီး ရောက်နေတာတောင် ဘာလို့ ရုတ်တရက်ကြီး အူးယားဖားယားနဲ့ ပြန်ဆုတ်သွားကြလဲ ဆိုတာကို သူတို့ နားမလည်နိုင် ဖြစ်နေခဲ့ရပါတယ်။
တိုက်ပွဲကို ဘေးကနေ စောင့်ကြည့်နေတဲ့ လူတွေသာ နားမလည်တာ မဟုတ်ပါဘူး၊ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေလည်း နားမလည်နိုင် ဖြစ်နေခဲ့ပါတယ်။ မန်ဝူရက ဒီကောင်စုတ်လေး ဒီနှစ်အတောအတွင်း တော်တော်လေး ကြီးပြင်းတိုးတက် လာခဲ့တာပဲ ဆိုတာကို နားလည်လိုက်တဲ့ ဟန်နဲ့ ရန်ကိုင်ဆီ တွေးတွေးဆဆနဲ့ လှမ်ကြည့်လိုက်တယ်။ သူ့ခွန်အားရော၊ ဥာဏ်ရည် ဥာဏ်သွေးပါ တော်တော်လေး တိုးတက်လာတဲ့ ပုံစံပါပဲ။
ရန်ကိုင်က ပြန်ဆုတ်ခွါသွားတဲ့ သူ့အစ်ကိုတွေကို တားဆီးဖို့ မကြိုးစားကြပါဘူး။ သူက လူအများကြီး ခေါ်လာတာ မဟုတ်တဲ့အတွက် အခုအချိန်က တိုက်ခိုက်ဖို့ အချိန်ကောင်း တစ်ခု မဟုတ်ပါဘူး။ မန်ဝူရကလည်း လှုပ်ရှားမယ့် အရိပ်အယောင် မပြတဲ့အတွက် ရန်ကိုင်လည်း ပြဿနာကို မီးသွားရှို့လိမ့်မှာ မဟုတ်ပါဘူး။
“စီနီယာအစ်ကိုချင်တို့ကို ဒုက္ခရောက်အောင် လုပ်မိသွားခဲ့ပြီ” ရန်ကိုင်က ဆေးဘုရင်တောင်ကြား အဖွဲ့သားတွေဆီ လမ်းလျှောက် သွားလိုက်ပြီး လက်သီး ဆုပ်ကာ ဦးညွှတ်တောင်းပန်လိုက်တယ်။
“ဘာမှ မဟုတ်ပါဘူး” ချင်ကျဲက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ငါတို့ထဲက ဘယ်သူကမှ ဒဏ်ရာ မရခဲ့ဘူးလေ”
ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ရှနင်းချန်ဆီ အကြည့်ရွှေ့လိုက်ကာ မျက်နှာတည်ကြီးနဲ့ အများအံအား သင့်သွားစေလောက်မယ့် စကားကို ထုတ်ပြောလိုက်တယ် “စီနီယာမမလေးကို အရမ်း လွမ်းတာပဲ”
ထိုစကားတွေက ရိုးရှင်းပါတယ်၊ ချဲ့ကား ပြောထားတာလည်း မဟုတ်ပါဘူး၊ သူ့စိတ်ထဲက ရှိတဲ့အတိုင်း ပြောလိုက်တဲ့ စကားလုံးတွေပါ။
ရှနင်းချန်က ရန်ကိုင်ကို ရှိုးတိုးရှန့်တန့်လေးနဲ့ ပြန်စိုက်ကြည့်လိုက်တယ်။ သူမရဲ့ ကျော့ရှင်းတဲ့ မျက်ဝန်းအစုံထဲက တည်ငြိမ်မှုတွေ နေရာ၌ အံ့အားသင့်မှုနဲ့ ရှက်ရွံ့မှုတို့က အစားထိုး ဝင်ရောက်လာခဲ့တယ်။ ပြန်မဖြေရဲတာနဲ့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။
“ဟေ့ကောင်၊ ဒီလူအိုကြီး ရှေ့မှာတောင် မင်းက ငါ့ရဲ့ အဖိုးတန် တပည့်လေးကို လာပြီး ပရောပရည် လုပ်ရဲတယ်ပေါ့” မန်ဝူရက လေသံအကျယ်ကြီးနဲ့ အော်ပြောလိုက်တယ်။ အပြာရောင် သွေးကြောကြီးတွေက သူ့နဖူးထက် ထောင်တက်လို့ နေခဲ့ပြီး သူ့မျက်နှာ တစ်ခုလုံး ဆေးခါးကြီး စားထားရသလို ရှုံ့မဲ့နေခဲ့တယ်။ ရန်ကိုင်ရဲ့ အနာဂတ်က အကန့်အသတ်မဲ့တယ် ဆိုတာကို သူသိထားပေမယ့် ထိုကောင့်ရဲ့ အပေါစား စကားတွေကို သူ့ရဲ့ ရတနာတုံးလေးက သည်းသည်းလှုပ် တုန့်ပြန်နေတာကို တွေ့တော့ မန်ဝူရ စိတ်ဓါတ်မကျပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရတယ်။
“ဝမ်းကွဲ၊ ငါ့ကိုရော လွမ်းလားဟင်” ဒေါင်ချင်းဟန်က လူအုပ်ထဲကနေ ခုန်ထွက်လာပြီး အပြုံးလေးပြုံးရင်း ရန်ကိုင်ကို မေးလိုက်တယ်။
“ဘာလို့လွမ်းရမှာလဲ၊ မလွမ်းပါဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး နည်းနည်းလေးတောင် တုန့်ဆိုင်းမနေပဲ ချက်ချင်း ဘူးခါငြင်းခံလိုက်တယ်။
ဒေါင်ချင်းဟန်ရဲ့ ချစ်စဖွယ် အပြုံးလေး မဲ့ရွဲ့ သွားခဲ့ပြီး ရန်ကိုင်ကို မုန်းမုန်းတီးတီးနဲ့ စိုက်ကြည့်လိုက်ရင်း “ဥာဏ်မရှိ တုံးအတဲ့ ဝမ်းကွဲ၊ နံစော်ညစ်ပတ်နေတဲ့ ဝမ်းကွဲ၊ ငါနင့်ကို မုန်းတယ်”
ရန်ကိုင်က ပွစိပွစိ လုပ်နေတဲ့ သူ့ရဲ့ ဝမ်းကွဲကို လျစ်လျူရှုထားလိုက်ပြီး သူ့အဖွဲ့သားတွေဘက် လှည့်ကာ “အရင်ပြန်ကြတာပေါ့”
ညီအစ်ကို လေးယောက်စလုံးက သူတို့ ခံစစ်ကို အားဖြည့်ဖို့ရာတွက် အလျင်အမြန် ပြန်ဆုတ်သွားခဲ့ကြပါပြီ။ သူ့စံအိမ်မှာလည်း ကျုကောင်းရီ တစ်ယောက်ပဲ ရှိတော့တဲ့ အတွက် သူလည်း သူ့ခြံဝန်းဆီ မြန်မြန်ပြန်မှ ဖြစ်ပါလိမ့်မယ်။
ရှနင်းချန်နဲ့ ရန်ကိုင်တို့ တရင်းတနှီးနဲ့ စကားပြော နေတာကို ကြည့်ရင်း လန်ချူးတျယ် ခါးခါးသီးသီး ပြုံးလိုက်မိတယ်။
ဒီဂျူနီယာမောင်လေးနဲ့ သူမတို့ကြား ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ဖူးပါတယ်။
အခွင့်အရေး ရှိခဲ့တုန်းက သူမသူ့ကို တင်းတင်းကြပ်ကြပ် မဆုပ်ကိုင်ထားနိုင်ခဲ့ပါဘူး။ အခက်အခဲ တွေ့တဲ့ အချိန်တုန်းကလည်း သူ့ကို တစ်ယောက်တည်း ထားပစ်ခဲ့ဖို့ကိုတောင် ရွေးချယ်ခဲ့ပါသေးတယ်။
ဒါပေမယ့် နောက်ပြန် လှည့်မကြည့်ရ သေးခင်မှာပဲ ထိုအခွင့်အရေးက ပျောက်ကွယ်သွားခဲ့ပါပြီ။
ကောင်းကင်စံအိမ်ကနေ ထွက်ခွါပြီး ဒေါင်မိသားသစုထဲ ဝင်လိုက်ပြီးနောက် ကောင်းကင်စံအိမ်မှာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေ အကြောင်းကို သူမနည်းနည်းလေးမှ ပြန်မစဉ်းစားတော့ပါဘူး။ ဒါပေမယ့် ရန်မိသားစုရဲ့ အမွေခံတိုက်ပွဲ စတော့မယ့် သတင်း ထွက်ပေါ်လာတာနဲ့ ရန်ကိုင်ရဲ့ နာမည်ကို သူမ ပြန်ကြားလိုက်ရပါတယ်။
အဲ့အချိန်မှပဲ သူမ စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့တဲ့ ကျောက်စိမ်းတုံးက ဘယ်လောက်တောင် အဖိုးတန်မှန်း သူမ နားလည်သွားခဲ့တယ်။
ထိုအကြောင်းကို ပြန်တွေးလိုက်မိတဲ့အခါ အဖြစ်အပျက် အားလုံးက ရယ်ချင်စရာ ကောင်းနေခဲ့တယ်။
“လန်မိန်းကလေး” သူမဘေးနားမှာ ရှိနေတဲ့ ဒေါင်ချင်းဟန်က လေသံတိုးတိုးလေးနဲ့ သူမကို ရုတ်တရက် ကောက်ပြောလိုက်တယ် “ငါ့ဝမ်းကွဲက လူငယ် တစ်ယောက် ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် နှစ်ပေါင်းများစွာ အချိန်ကို သူတစ်ယောက်တည်း အပြင်မှာ ကုန်ဆုံးခဲ့ပြီးတဲ့ နောက်ပိုင်း သူ့စိတ်ပိုင်းဆိုင်ရာက သူ့အသက်အရွယ်ထက် ပိုပြီး ရင့်ကျက်နေခဲ့ပြီ။ သူ့ရဲ့ နောက်ခံနဲ့ ကြောက်မက်ဖွယ် ကိုယ်ပိုင်စွမ်းရည်နဲ့ပါ ဆိုတော့ သူ့ရဲ့ အပြုအမူ၊ အထူးသဖြင့် ကျေးဇူးနဲ့ ရန်ကြွေးတွေနဲ့ ပက်သက်လာရင် သူက အရမ်းကို တင်းကြပ်လွန်းတယ်။ ဒါပေမယ့် နင်သာ သူ့အပေါ် လုံလောက်အောင် ရိုးသားပြမယ် ဆိုရင်တော့ နင်တို့ကြားက ဆက်ဆံရေးကို တိုးတက်အောင် လုပ်ဖို့ ပြဿနာမရှိဘူးလို့ ထင်ရတာပဲ။ တကယ်တော့ သူက လူသား တစ်ယောက် ဖြစ်နေတုန်းပဲလေ”
Martial Peak
အပိုင်း(၄၄၉) တိရိစ္ဆာန်ကောင်
ထိုစကားကို ကြားတဲ့အချိန် လန်ချူးတျယ် မျက်နှာလေး တစ်ခဏတာလောက် အေးခဲသွားခဲ့ပြီး ဒေါင်ချင်းဟန်ဆီ လှည့်ကြည့်လိုက်ကာ ပြုံးပြလိုက်ရင်း “သခင်လေး ဘာလို့ ဒီအကြောင်းတွေ လာပြောနေရတာလဲ”
ဒေါင်ချင်းဟန်က ပုခုံးတွန့်လိုက်ပြီး “စိတ်ထဲပေါ်တဲ့ ဟာကို ပြောကြည့်တာလေ”
ပြောပြီးတာနဲ့ ဒေါင်ချင်းဟန်က သူ့ဘေးမှာ ရှိနေတဲ့ ဒေါင်ချင်းရန်ကို စကား သွားပြောပါတော့တယ်။
လန်ချူးတျယ်က ပါးစပ်လေးဟပြီး ဒေါင်ချင်းဟန်နဲ့ ရန်ကိုင်အကြောင်း ဆက်ပြီး ဆွေးနွေးဖို့ လုပ်ခဲ့ပေမယ့် သူမပါးစပ်က စကားတစ်ခွန်းမှ ထွက်မလာနိုင် ဖြစ်ခဲ့ရတယ်။
သူမရှေ့က ပုံရိပ်လေးကို ကြည့်ရင်း လန်ချူးတျယ် ခေါင်းခါလိုက်တယ်။ သူမဘာပဲ လုပ်လုပ် ထိုကဲ့သို့ အခွင့်အရေး နောက်တစ်ကြိမ် ရတော့မှာ မဟုတ်မှန်း လန်ချူးတျယ် သိပြီးသားပါ။
နာရီဝက် ကြာပြီးနောက် အားလုံး ရန်ကိုင် ခြံဝန်းဆီ ရောက်ရှိလာခဲ့တယ်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေခဲ့ပြီး လူသူအရိပ်အယောင် နည်းနည်းလေးတောင်မှ မတွေ့ရပါဘူး။ အလံဘေးနားမှာ မတ်တပ်ရပ်နေတဲ့ ကျုကောင်းရီနဲ့ အစေခံမလေးတွေက လွဲလို့ ကျန်တဲ့လူတွေ အားလုံးကို ချူရီမန် ခေါ်ဆောင်သွားခဲ့ပါပြီ။
ရန်ကိုင်က ဆေးဘုရင်တောင်ကြားက လူတွေအတွက် စတင်ပြီး စီမံဆောင်ရွက် ပေးပါတော့တယ်။ သူတို့တွေကို ခန်းမထဲ ခေါ်သွားခဲ့ပြီး လက်ဖက်ရည်နဲ့ ဧည့်ခံရင်း အလုပ်ရှုပ်နေတဲ့ အတွက် သူ့ရဲ့ စီနီယာမမလေးနဲ့တောင် စကားပြောချိန်မရှိ ဖြစ်ခဲ့ရပါတယ်။
အခုအချိန်မှာတော့ ဆေးဘုရင်တောင်ကြားက လူတွေက အပြင်မှာလို ဟိတ်ဟန်တကြီးနဲ့ ပြုမူနေခြင်း မရှိသလို မောက်မာခြင်းလည်း မရှိကြတော့ပါဘူး။ ရန်ကိုင်က အပြင်လူ တစ်ယောက် မဟုတ်တဲ့အတွက် သူတို့ကြားက လေထုက နှစ်လိုပျော်ရွှင်ဖွယ် ကောင်းနေခဲ့တယ်။
နာရီဝက်လောက် ကြာပြီးနောက် ချူရီမန်က လူတစ်အုပ်ကြီးကို ခေါ်ပြီး ပြန်လာခဲ့တယ်။ သူမက ထိုအင်အားစု ကိုးခုကို ဦးဆောင်ပြီး စစ်ပွဲမြို့တော်ကို လမ်းပတ်လျှောက် ခဲ့တာပါ။ ဘယ်အင်အားစုကိုမှ သွားတိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ သူမအလုပ်က သခင်လေး လေးယောက်ကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားအောင် လုပ်ဖို့ သက်သက်ပါပဲ။
သူတို့ ပြန်ရောက်တာနဲ့ ရန်ကိုင်က အင်အားစု တစ်ခုချင်းစီကို ချင်ကျဲနဲ့ လိုက်လံ မိတ်ဆက်ပေးလိုက်တယ်။ ချင်ကျဲက ခေါင်းသာ ညိတ်ပြခဲ့ပြီး ဘာမှ မပြောခဲ့ပါဘူး။
ဆေးပညာရှင်တွေက တကယ်ကို မောက်မာ လှပါတယ်။ အခုလို ခေါင်းညိတ်ပြတာတောင် ရန်ကိုင် မျက်နှာကြောင့်လို့ ပြောလို့ရပါတယ်။ သာမန် အခြေအနေမျိုးမှာဆို ချင်ကျဲ ထိုလူတွေကို တွေ့မှာတောင် မဟုတ်ပါဘူး။
ချူရီမန်က ဆေးဘုရင်တောင်ကြားက တပည့်တွေ အတွက် နေစရာ အလျင်အမြန်ပဲ ပြင်ဆင်ပေးလိုက်ပါတယ်။ ချင်ကျဲက အခြားသူတွေကို ဆက်ဆံရာမှာ ခေါင်းသာ ညိတ်ပြတယ် ဆိုပေမယ့် ချူရီမန်ကိုတော့ ချီမွမ်းစကားလေး ဘာလေး ပြောခဲ့ပါတယ်၊ သူမလို အရည်အချင်းရှိတဲ့ ဆက်ခံသူ တစ်ယောက် ချူမိသားစုမှာ ရှိနေခဲ့တာ ချူမိသားစု အတွက်တော့ တကယ်ကို ကံကောင်းတာပဲလို့ ဘာတို့လိုပေါ့။ ချူရီမန်ကတော့ ချင်ကျဲစကားကို ကြားတဲ့အချိန် တခစ်ခစ်နဲ့သာ ရယ်မောနေခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ အားလုံးကို စီစဉ်လို့ ပြီးသွားခဲ့တယ်။
ချူရီမန်က အလုပ်ရှုပ်နေတဲ့အချိန် ရန်ကိုင်လည်း အားယား မနေခဲ့ပါဘူး။ ဒီတစ်ကြိမ် အဖြစ်အပျက်ကြောင့် သူလုပ်မယ် ရည်ရွယ်ထားတဲ့ အကြံအစည်တွေ နှောင့်နှေး သွားခဲ့ရပါတယ်။ သူ့ညီအစ်ကိုတွေ အတူ ပူးပေါင်းပြီး ဒီည သူ့ကို လာတိုက်ခိုက်ခဲ့သည် ရှိသော်… သူ့ဘက်ကလည်း အဆင်သင့် ဖြစ်နေဖို့ လိုအပ်ပါတယ်။ အခု သူ့ခြံဝန်းရဲ့ ခံစစ်အင်အားကို မြှင့်တင်ရပါတော့မယ်။
တစ်နေ့လုံး မအားလပ်နိုင်အောင် အလုပ်ရှုပ် နေခဲ့ပြီးနောက် ညနေရောက်တော့မှပဲ သူ့အလုပ်တွေ ပြီးသွားခဲ့တယ်။
အလုပ်ပြီးသွားလို့ အနားယူဖို့ လုပ်နေတုန်းမှာပဲ ချူမိသားစုရဲ့ ပထမသခင်မလေးက မှောင်မည်းနေတဲ့ စင်္ကြံလမ်းတစ်ခုကနေ သူ့ကို ဖြတ်တားလိုက်တယ်။
“မေးချင်တာ တစ်ခုခု ရှိလို့လား” ရန်ကိုင်က အမှောင်ထဲမှာ ရှိနေတဲ့ အလှလေးကို ကြည့်ရင်း သိချင်စိတ်နဲ့ မေးလိုက်တယ်။
“အင်း၊ နင်ဘာတွေ ဆက်လုပ်ဖို့ စဉ်းစားထားလဲလို့ ငါနင့်ကို မေးချင်နေတာ၊ ပြီးတော့ နင့်ပုံစံက စိုးရိမ်နေတဲ့ ပုံစံ ဘာလို့ ပေါက်နေရတာလဲ” ချူရီမန်က ရန်ကိုင်ဆီသို့ ဖြေးဖြေးချင်း လမ်းလျှောက် သွားလိုက်ပြီး သူမရဲ့ မျက်ဝန်းလှလှလေးနဲ့ ရန်ကိုင်ကို အထက်အောက် စူးစမ်းကြည့်လို့ နေခဲ့တယ်။
“နင့်ကိစ္စမဟုတ်ဘူး”
ချူရီမန်က အသာအယာလေး နှာခေါင်းရှုံ့လိုက်ပြီး အနည်းငယ် ထူးဆန်းနေတဲ့ လေသံလေးနဲ့ “နင်မပြောရငတောင် ငါသိပြီးသား။ နင့်ရဲ့ စီနီယာ မမလေးကို သွားတွေ့ဖို့မလား”
“ဟုတ်တယ်” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ဝန်ခံလိုက်တယ်။
“နင်တို့ကြားက ဆက်ဆံရေး ပုံမှန်မဟုတ်မှန်း ငါသိတာကြာပြီ” ချူရီမန်က အထင်အမြင် သေးသေးနဲ့ ပြောလိုက်ပြီးနောက် ခါးသီးတဲ့ လေသံလေးနဲ့ ပြန်မေးလိုက်တယ် “သူမက နင့်ဂိုဏ်းကလား”
“ဟုတ်တယ်၊ သူမကလည်း ကောင်းကင်စံအိမ်ကပဲ”
“ဒါပေမယ့် ချင်ကျဲက သူမကို အရမ်းလေးစားနေ ရတာလဲ၊ နင့်ထက်တောင် ပိုလေးစားနေတဲ့ ပုံပဲ။ သူမက ငယ်ငယ်လေးပဲ ရှိသေးတာလဲ၊ ဘာတွေများ ဒီလောက် ထူးခြားနေလို့ ချင်ကျဲက သူမကို အရမ်း လေးစားနေရတာလဲ” ချူရီမန် နားမလည်နိုင် ဖြစ်နေခဲ့တယ်။
သူမက ဆေးဘုရင်တောင်ကြားက အဖွဲ့သားတွေအတွက် နေစရာတွေ စီစဉ်ပေးနေတာ ဖြစ်တဲ့အတွက် ချင်ကျဲနဲ့ ရှနင်းချန်တို့ စကားဝိုင်းက အကြောင်းအရာတွေကို နားစွန်နားဖျား ကြားခဲ့ရပါတယ်။ သူတို ပြောနေတဲ့ ပုံစံက ဂျူနီယာနဲ့ အကြီးအကဲ တစ်ယောက် ပြောနေသလိုမျိုး ဖြစ်နေပြီး ဂျူနီယာအချင်းချင်း ပြောဆိုနေတဲ့ ပုံစံ ဟုတ်မနေခဲ့ပါဘူး။
“အကြောင်းပြချက် အချို့ရှိပြီးသား၊ ရက်နည်းနည်း လောက်သာ ထပ်စောင့်ကြည့်နေလိုက်၊ နင်နားလည်လာလိမ့်မယ်” ရန်ကိုင်က ဆက်ပြီး ရှင်းပြမနေခဲ့ပါဘူး။
“အဲ့လူတွေက နင်စောင့်နေတဲ့ လူတွေမလား”
“ဟုတ်တယ်၊ ဒါပေမယ့် ငါထင်ထားတာထက် အများကြီး ပိုများနေခဲ့တယ်”
ချူရီမန်က ကျီစယ်နောက်ပြောင်လိုတဲ့ အပြုံးလေးနဲ့ “ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် အယောက်သုံးဆယ်နဲ့ သူတို့ထဲက တစ်ယောက်က ဆန်းကြယ်အဆင့် ဆေးပညာရှင်။ ရန်ကိုင်က နင်ရွှေပုံထဲ ခြေချမိလိုက်တာပဲ။ ဒီသတင်းသာ ပြန့်သွားခဲ့ရင် လူတွေအများကြီးက နင့်ဆီ လာပူးပေါင်းကြမှာ အသေအချာပဲ”
ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းခါရမ်းလိုက်ပြီး “ကောင်းကျိုးရှိရင် ဆိုးကျိုးလည်း ရှိမှာပဲ၊ အဲ့အချက်ကို နင်နားလည်ပါတယ်”
ချူရီမန်က ခေါင်းညိတ်ပြလိုက်ပြီး “သစ်တောထဲကနေ တစ်ပင်တည်း ထိုးထွက်နေတဲ့ သစ်ပင်တစ်ပင် နင်မဖြစ်ချင်တာ မလား။ ဒါပေမယ့် လေတွေက ထန်လာနေခဲ့ပြီ။ နင်ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။ အခုထိ သိုသိုသိပ်သိပ်နဲ့ နေချင်နေတုန်းပဲလား”
“ဘာလို့ မနေရမှာလဲ” ရန်ကိုင်က ပြုံးဖြီးဖြီး လုပ်လိုက်ပြီး “အလှလေး၊ နင်က အပေါ်ယံကိုပဲ လျှပ်မြင်နေတာလေး၊ ဆေးဘုရင်တောင်ကြားက အဖွဲ့တွေ ရောက်လာလို့ ငါတို့ ခွန်အားဘယ်လောက်တောင် တိုးတက်သွားလဲ ဆိုတာကို နင်တွေးကြည့်ဖူးလား။ သူတို့ ငါ့ဆီရောက်လာခဲ့တာ ငါ့ညီအစ်ကိုတွေကို မနာလိုဖြစ်စေခဲ့တယ် ဆိုတာ အမှန်ပဲ။ ဒါပေမယ့် သူတို့တွေ အကုန်လုံးက အားကောင်းတဲ့ တိုက်ခိုက်ရေး သမားတွေ မဟုတ်ဘူး ဆိုတာကိုလည်း မမေ့နဲ့ဦး။ ငါ့ညီအစ်ကိုတွေ စိတ်ငြိမ်သွားလို့ အားလုံးကို သေချာ ပြန်စဉ်းစားကြည့်ပြီးတဲ့နောက် ဒီကိစ္စကို အရမ်းကြီး အလေးအနက် ထားလိမ့်မှာ မဟုတ်ဘူး”
ချူရီမန် တစ်ခဏလောက် တန့်သွားခဲ့ပြီး သက်ပြင်းလေး ချလိုက်ကာ “ဟုတ်တယ်၊ သူတို့ ရောက်လာလို့ ငါအရမ်း စိတ်လှုပ်ရှားသွားခဲ့ပြီး ဒီအချက်ကို မမြင်မိလိုက်ဘူး”
ဆေးပညာရှင်တွေ ရောက်လာခဲ့တယ် ဆိုရင်တောင် ရန်ကိုင်တို့ အဖွဲ့သားတွေ ခွန်အား တိုးတက်လာဖို့အတွက် အနည်းဆုံး ၃လလောက် ကြာပါမယ်။ အဲ့ဒါတောင် သူတို့ဘက်က လိုအပ်တဲ့ ဆေးအမယ်တွေကို အလုံးလိုက်အထည်လိုက် ထောက်ပံ့ပေးမှပါ။
သုံးလ… အဲ့သုံးလအတွင်း ဘာမဆို ဖြစ်ပျက်သွား နိုင်ပါတယ်။
ကျန်တဲ့ ရန်သခင်လေးတွေမှာလည်း သူတို့ကို ထောက်ပံ့ပေးနေတဲ့ ဆေးပညာရှင်တွေ ရှိပါသေးတယ်။ တစ်ခုတည်းသော ခြားနားချက်က ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေက ထိုဆေးပညာရှင်တွေထက် ပိုတော်တာလေးပဲ ရှိတာပါ။
ချူရီမန်သာ မှန်မှန်ကန်ကန် တွက်ချက်နိုင်မယ် ဆိုရင် ရန်ကိုင်တို့ အဖွဲ့သားတွေရဲ့ ခွန်အားကို တိုးမြှင့်ဖို့အတွက် ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေ အနေနဲ့ အနည်းဆုံး အချိန်သုံးလလောက် ယူရပါလိမ့်မယ်။ သူ့နဲ့ သူ့ ညီအစ်ကိုတွေကြားက ခွန်အားကွာခြားချက်ကို လုံးဝ ချဲ့ပစ်ချင်တယ် ဆိုရင်တော့ အနည်းဆုံး ၆လလောက် အချိန်ယူရပါမယ်။
ဒီနေ့ ဖြစ်ပျက်သွားတဲ့ အကြောင်းအရာတွေက ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေ စစ်ပွဲမြို့တော်ထဲ ရောက်ရှိလာလို့ ရန်မိသားစု သခင်လေးတွေ ထိတ်လန့်သွားတယ် ဆိုရုံလောက်ပါပဲ။
ချူရီမန်က ခဏလောက် ကြာအောင် စဉ်းစားနေလိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်တယ် “နင်ပြောချင်တာက ဆေးဘုရင်တောင်ကြားက လူတွေက သူတို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူးလို့ နောက်ဆုံးကျ သူတို့ စဉ်းစားမိသွားလိမ့်မယ်၊ ရေတိုအတွင်းမှာပေါ့၊ ဟုတ်တယ်မလား”
ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ ဆေးပညာရှင်တောင်ကြားက ဆေးပညာရှင်တွေ ရှိတဲ့ဘက်က ပိုပြီး အားသာလာပါလိမ့်မယ်။
“သူတို့ အဲ့လို စဉ်းစားတတ်လား၊ မစဉ်းစား တတ်ဘူးလား ဆိုတဲ့အပေါ်မှာလည်း မူတည်သေးတယ်လေ” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်တယ်။ ရန်ကိုင်ရဲ့ ဖြူဖွေးနေတဲ့ သွားတန်းနှစ်စုံက အမှောင်ထဲမှာ ထင်းနေခဲ့ပါတယ်။
မျက်မှောင်လေး အသာအယာ ကြုံ့လိုက်ပြီး ရုတ်တရက် ချူရီမန်က တခစ်ခစ် ရယ်မောလိုက်ပြီး “ဒီရက် အတောအတွင်း နင်ငါ့ကို ဆက်ဆံတဲ့ ပုံစံက အရင်ကနဲ့ နည်းနည်း ကွဲပြားသွားသလိုပဲနော်၊ အနည်းဆုံးတော့ အရင်ကလို ငါ့အပေါ် မအေးစက်တော့ဘူးလေ”
“အား” ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့တယ်။
ဒါပေမယ့် တွေးကြည့်လိုက်တော့လည်း သူမပြောတာ မမှားပါဘူး။ အရင်တုန်းက ချူရီမန်ဆိုတာ အရမ်းကို အကင်းပါးပြီး ဥာဏ်များတယ်လို့ ထင်တဲ့အတွက် သူမကို ဝေးဝေးကနေ ရှောင်ရှားချင်တာပါ။ ဒါပေမယ့် အမွေခံတိုက်ပွဲ စစချင်းမှာပဲ ချူရီမန်က သူမမိသားစုဆီကနေ ယာယီခွဲထွက် လာခဲ့ပြီး သူ့ကို လာရောက်ကူညီ ထောက်ပံ့ပေးခဲ့တဲ့ အတွက် သူမအပေါ် အရင်လို မအေးစက်တော့တာလည်း ဖြစ်နိုင်တာပါပဲ။
“ငါဘယ်လောက်တောင် ဆွဲဆောင်မှု ရှိလဲဆိုတာကို နောက်ဆုံးတော့ နင်သတိပြုမိသွားပြီးလား။ ဘာလဲ၊ ငါ့ကို ကြွေသွားတာလား” ချူရီမန်က တခစ်ခစ် တခစ်ခစ်နဲ့ ရယ်မောရင်း ရန်ကိုင်ကို စနောက်လိုက်တယ်။
ရန်ကိုင်က ချူရီမန်ကို တစ်ခဏလောက် ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် သူ့နှုတ်ခမ်းအစုံက အဓိပ္ပါယ်ပါတဲ့ အပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့ပြီး စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပဲ ချူရီမန်ဆီကိုသာ တိုးသွားလိုက်တယ်။
ရန်ကိုင်ရဲ့ ရုတ်ချည်း ပြောင်းလဲသွားတဲ့ အပြုအမူကို သတိပြုမိတာနဲ့ ချူမိသားစု ပထမသခင်မလေးက ကယောင်ချောက်ချား ဖြစ်သွားခဲ့တယ်။ ဘေးဘီဝဲရာကို ကမန်းကတန်း ဝေ့ကြည့်လိုက်ပေမယ့် ဘယ်သူ့ကိုမှ မတွေ့ခဲ့ရ။ ဒီလိုနဲ့ အလျင်စလို နောက်ပြန်ဆုတ်ရင်း နောက်မှာ နံရံပဲ ရှိတော့တယ် ဆိုတာကို သူမ သတိပြုမိလိုက်တယ်။
ခဏအကြာ၌ လေပူတွေက သူမပါးပေါ် လျှပ်ပြေးသွားတာကို ချူရီမန် ခံစားမိလိုက်တယ်။ ရန်ကိုင်က သူမနား တိုးကပ်လာခဲ့ပြီး လက်တစ်ဖက်ကို နံရံပေါ်ထောက်၊ ကျန်တစ်လက်ကို သူမပုခုံးပေါ် တင်ထားခဲ့တယ်။
အခု သူတို့ကြားက အကွာအဝေးက လက်နှစ်ချောင်း၊ သုံးချောင်းစာ အကျယ်လောက်ပဲ ရှိပါတော့တယ်။ ရန်ကိုင်ပုံစံကို ကြည့်ရင်း ချူရီမန် ထိတ်လန့် လာခဲ့တယ်။ ရန်ကိုကို ဟန့်တားပြီး သူနဲ့စကားပြောဖို့ မလုပ်ခဲ့သင့်သလို သူ့ကို အစောပိုင်းတုန်ကလိုမျိုး သွားရန်မစသင်လိုက်ဘူးလို့ ချူရီမန် တွေးမိလိုက်ပြီး သူမလုပ်ခဲ့မိတာတွေကြောင့် နောင်တရချင်လာခဲ့တယ်။
“နင်ဘာလုပ်ချင်နေတာလဲ” ချူရီမန်ရဲ့ အသက်ရှူသံ မြန်ဆန်လာခဲ့ပြီး သူမ မျက်ဝန်းအစုံက တစ်ချက် လက်သွားခဲ့ကာ “ဒီနေကနေ ဘယ်အရပ် ၂၀မီတာအကွာမှာ ပုန်းအောင်းနေတဲ့ ရှန်မိသားစုက လူတွေ ရှိနေတယ်နော်။ ညာဘက်အရပ် မီတာ၁၀၀အကွာမှာ ဟော်မိသားစု လူတွေရှိနေသလို ငါတို့အရှေ့ မီတာ၃၀အကွာက ခေါင်မိုးပေါ်မှာလည်း တွမ့်မူမိသားစုက ပညာရှင်တွေ ရှိနေတယ်နော်။ ရှုပ်ရှုပ်ယှတ်ယှတ် မလုပ်ဖို့ ငါနင့်ကို အကြံပေးလိုက်မယ်”
“ဟားဟား” ရန်ကိုင်က ငေါ့ပြုံးပြုံးလိုက်ပြီး “နင်ဘာတွေ ကြောက်နေတာလဲ၊ ငါတို့တွေက မဟာမိတ်တွေပဲလေ။ ငါက နင့်နားလေး တိုးလာရုံလေးပဲကို”
“ဒီလောက်အထိ နီးကပ်စရာ မလိုဘူးလော… နင် နည်းနည်းလောက် နောက်ပြန်ဆုတ်လို့ မရဘူးလား” သူမ တစ်ကြိမ်တစ်ခါမှ အခုလောက် မစိုးရိမ်ခဲ့ရဖူးပါဘူး။ ရန်ကိုင်နဲ့ အကြည့်ချင်း မဆိုင်ရဲတဲ့အတွက် ခေါင်းလေးငုံ့လိုက်ပြီး နံရံဘက် အတင်းဖိကပ်ရင်း လွတ်လမ်းတစ်ခုကို အသည်းအသန် ရှာကြံနေခဲ့တယ်။
“ငါဆက်တိုးလို့ ရသေးတယ်နော်၊ နင်ကြိုးစားကြည့်ချင်လား” ရန်ကိုင်က ညစ်ပြုံးပြုံးလိုက်ပြီး သူမကို ရင်းရင်းနှီးနှီး ပုံစံလေးနဲ့ တိုးတိုးလေး ကပ်ပြောလိုက်တယ်။
နောက်ဆုံးမှာတော့ ချူမိသားစု ပထမသခင်မလေးက ရန်ကိုင်ကို ပြန်စိုက်ကြည့်လိုက်တယ်၊ ရန်ကိုင် မျက်ဝန်းထဲက ဘဝင်ခိုက်နေတဲ့ အကြည့်ကို သတိပြုမိလိုက်တာနဲ့ ဆေးခါးလေးကို စားလိုက်ရသလို သူမပါးစပ် တစ်ခုလုံး ခါးတတလေး ဖြစ်သွားခဲ့တယ်။
အံတင်းတင်း ကြိတ်လိုက်ရင်း ရုတ်တရက် တောက်တောက်ပပနဲ့ ပြုံးလိုက်တယ်။ ထို့နောက် သူမရဲ့ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပိုးသားလေးလို ပျော့ပျောင်းတဲ့ သူမရဲ့ လက်အစုံနဲ့ ရန်ကိုင်လည်ပင်းကို သိုင်းဖက်လိုက်ကာ ကြားလိုက်သူတိုင်းကို ပျော့ခွေသွားစေနိုင်တဲ့ အရမ်းကို ညင်သာတဲ့ လေသံလေးနဲ့ တိုးတိုးလေး ကပ်ပြောလိုက်တယ် “အင်း၊ ငါ့ကို ပြစမ်းပါ၊ ဒါပြီးသွားတာနဲ့ နင့်ရဲ့ စီနီယာမမလေးကို ဘယ်လို မျက်နှာချင်းဆိုင်မလဲ ဆိုတာကို ငါသိချင်မိသေးတယ်”
ပြောနေရင်းနဲ့ ချူရီမန်က သူမကိုယ်လုံးလေးကို အသာအယာလေး ပင့်လိုက်ပြီး နွေးထွေးကာ ပျော့ပျောင်း အိစက်နေတဲ့ သူမရဲ့ ရင်အစုံနဲ့ ရန်ကိုင်ရဲ့ ရင်အုပ်ကို ဖိကပ်လိုက်တယ်။
ရန်ကိုင် မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး ချက်ချင်းပဲ သူ့လက်ကို ဆန့်ထုတ်လိုက်ကာ ချူရီမန်ရဲ့ ပါးလေးနှစ်ဖက်ကို ဖျစ်ညစ်ပစ်လိုက်တယ်။ ခဏလောက် ကြာအောင် ရယ်မောနေပြီးမှပဲ သူမကို လွှတ်ပေးလိုက်တယ်။
“ကစားတာက အဆင်ပြေတယ် ဆိုပေမယ့် ဒီလောက်ကြီး လေးနက်နေဖို့ မလိုဘူးလေ။ ငါ့နှလုံးသားလေးက အဲ့အတိုင်း အတာထိ ခံစားနိုင်မှာ မဟုတ်ဘူး” သူ့အသံက တဖြည်းဖြည်း တိုးလျ ပျောက်ကွယ်သွားခဲ့တယ်။ သူမ အသိပြန်ဝင် လာတဲ့အချိန်မှာတော့ ရန်ကိုင်က သူမ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါပြီ။
“တိရစ္ဆာန်ကောင်” ချူရီမန်က မဆိုသလောက်လေး နာကျင်နေတဲ့ သူမပါးလေးကို ပွတ်သပ်ရင်း ကျိန်ဆဲလိုက်တယ်။
ထိုကောင်စုတ်က မိန်းမတစ်ယောက်ကို ဘယ်လိုမျိုး ကြင်ကြင်နာနာနဲ့ ဆက်ဆံရမလဲ ဆိုတာကို သိရဲ့လားတောင် မသိပါဘူး၊ သူမပါးကို အားရပါးရနဲ့ကို ဖျစ်ညစ် သွားခဲ့တာပါ။
သူမ ဘယ်လိုတွေ မတရားခံခဲ့ရကြောင်း ခဏကြာတဲ့အထိ တစ်ယောက်တည်း ရေရွတ်နေခဲ့ပြီးနောက် ရန်ကိုင် ပျောက်ကွယ်သွားတဲ့ နေရာဆီ ငေးကြည့်လိုက်တယ်။ တစ်ခုခု ဆုံးရှုံးသွားသလို သူမ ခံစားလိုက်ရတယ်။ သူက သူမတွေ့ခဲ့တဲ့ လူတွေထဲမှာ အတော့်တကာ အတော်ဆုံး လူတစ်ယောက်၊ ဒီလောကကြီး တစ်ခုလုံးရဲ့ အရည်အချင်း အရှိဆုံး လူတစ်ယောက်တောင် ဖြစ်နိုင်ပါသေးတယ်။
ထိုကဲ့သို့ လူတစ်ယောက်က သူမရဲ့ ချစ်ခင်နှစ်သက်ခွင့်ကို ရဖို့ ထိုက်တန်နေပါပြီ။ သူမကိုယ်တိုင်လည်း သူ့အပေါ် ခံစားချက်အချို့ ရှိနေခဲ့ပါတယ်။
ဒါပေမယ့်… သူနဲ့ပက်သက်တဲ့ ထိုကဲ့သို့ အတွေးမျိုး သူမ မတွေးရဲပါဘူး။ ဘာလို့လဲ ဆိုတော့ သူ့လိုလူမျိုးက သူမနဲ့အတူ မရှိနေနိုင်သေးလို့ပါပဲ။
သူနဲ့အတူ ရှိနေရမယ့်အစား သူဘယ်လောက် ဝေးဝေးထိ ဆက်လျှောက်လှမ်းနိုင်မလဲ ဆိုတာကိုပဲ သူမပိုပြီး စိတ်ဝင်စားမိပါတယ်။ တစ်နေ့ သူ ဒီလောကြီးရဲ့ အမြင့်ဆုံးမှာ ရပ်တည်ပြီး အားလုံးကို အထက်စီးကနေ ငုံကြည့်နိုင်မလား ဆိုတာကိုပေါ့။
အဲ့နေ့ကျ အရာအားလုံးကို စွန့်လွှတ်ပြီး သူ့နောက်ကို သူမ ကျိန်းသေလိုက်သွားမှာပါ။ ဒါပေမယ့် အခုတော့ လုံးဝ မဟုတ်သေးပါဘူး။
ရှနင်းချန်ရဲ့ အခန်းတံခါးက ပိတ်နေခဲ့ပါတယ်။ ဇာပုဝါဝတ်ဆင်ထားတဲ့ မိန်းမပျိုလေးက စားပွဲခုံပေါ် လက်ထောက် မေးတင်ရင်း တလက်လက် တောက်ပနေတဲ့ မီးရောင်လေးကို မမှိတ်မသုံ ထိုင်ကြည့်နေခဲ့တယ်။
ရန်ကိုင် ထိုနေ့တုန်းက ပြောခဲ့တဲ့ စကားတွေ သူမနားထဲ ပဲ့တင်ထပ်နေတုန်းပါပဲ။ ထိုအကြောင်း ပြန်တွေးလိုက်မိတိုင်း ရှနင်းချန်ရဲ့ နှလုံးသားလေး ပျာရည်သောက်လိုက် ရသလိုမျိုး အရမ်းကို ချိုမြသွားခဲ့ပြီး သူမရဲ့ ကြွေရုပ်လေးလို လှပတဲ့ မျက်နှာထက် ရိုးသားအပြစ်ကင်းစင်တဲ့ အပြုံးလေးတစ်ခု ပွင့်လန်းလာခဲ့ပါတယ်။ သို့ပေမယ့် ထိုအပြုံးကို ဘယ်သူမှ မမြင်နိုင်ခဲ့ပါဘူး။
အရင်တုန်းက ရန်ကိုင် သူမကို ဒီနေ့မနက်တုန်းကလိုမျိုး တစ်ခါမှ ပွင့်ပွင့်လင်းလင်းနဲ့ ဝန်မခံခဲ့ဖူးပါဘူး။
သူပြောလိုက်တဲ့ စကားတွေက ရိုးစင်းပေမယ့် ထိုရိုးရှင်းတဲ့ စကားလုံးတွေကို ပြန်တွေးရင်း ရှနင်းချန်ရဲ့ ပါးနှစ်ဖက်စလုံး ပိုပိုပြီး နီမြန်းလာခဲ့တယ်။ သူမရှက်နေတာ ပေါ်သွားမှာ စိုးတာကြောင့်လား မသိ သူမရဲ့ လက်နှစ်ဖက်နဲ့ မျက်နှာလေးကို အလိုလို အုပ်ထားလိုက်တယ်။ အခန်းထဲမှာ ဘယ်သူမှ မရှိပေမယ့်လို့ပေါ့။
သူမရဲ့ ဂျူနီယာမောင်လေးနဲ့ အတူတူ ကုန်ဆုံးခဲ့ရတဲ့ ကောင်းကင်စံအိမ်က အချိန်တွေက သူမတစ်ဘဝလုံးရဲ့ ပျော်ရွှင်ဖွယ် အကောင်းဆုံး အချိန်တွေပါပဲ။ ဒါပေမယ့် ထိုပျော်ရွှင်ဖွယ်ရာ အချိန်အခိုက်အတန့်က အရမ်းကြီး မကြာညောင်းခဲ့ပါဘူး။
ရုတ်တရက် သူမရဲ့ အခန်းတံခါး ပွင့်သွားခဲ့ပြီး လူတစ်ယောက်က အခန်းထဲကို ပြေးဝင်လာခဲ့တယ်။ ရှနင်းချန်လည်း အတွေးထဲ နစ်မြောနေရာကနေ ရုတ်ချည်း လန့်နိုးလာခဲ့ပြီး ထိတ်လန့်တကြား အော်သံလေး အော်ပြီးရုံပဲ ရှိသေး သန်မာတဲ့ လက်မောင်းတစ်စုံက သူမအား ကုတင်ထက်သို့ မခေါ်သွားခဲ့တယ်။
အစစ်အမှန်ချီနဲ့ ကောင်းကင်စိတ်အာရုံကို သုံးပြီး ခုခံဖို့ ကြိုးစားနေတာကို သူမ ချက်ချင်းပဲ ရပ်တန့်ပစ်လိုက်တယ်။ မှောင်နေလို့ အခန်းထဲကို ဘယ်သူ ဝင်လာလဲ ဆိုတာကို သူမအသေအချာ မမြင်တွေ့ရပေမယ့် ထိုရင်းနှီးနေတဲ့ ကိုယ်သင်းရနံ့လေးကို ရလိုက်တာနဲ့ သူမဆီ ဘယ်သူရောက်လာလဲ ဆိုတာကို ရှနင်းချန် ချက်ချင်းပဲ သိလိုက်ပါတယ်။
Martial Peak
အပိုင်း(၄၅၀) အစစ်အမှန် ဆေးပညာနည်းလမ်းကို သင်ကြားပေးခြင်း
အလင်းရောင် မှိန်မှိန်လေးထဲ ရှနင်းချန်က ရန်ကိုင်ပေါင်ထက် ထိုင်ရင်း သူ့လက်မောင်းထဲ ခွေနေခဲ့ကာ သူမရဲ့ ဂျူနီယာမောင်လေးကို ရှက်ကိုးရှက်ကန်းနဲ့ ချောင်းကြည့်လိုက်၊ ခပ်မြန်မြန်ပဲ အကြည့်ပြန်လွှဲလိုက် လုပ်နေခဲ့တယ်။
သူမရဲ့ ပိုးဖယောင်းလေးလို နူးညံ့လှသည့် နားသီးလေးတွေဆိုရင် မီးဖုတ်ထားသလို ရဲရဲနီနေခဲ့ကာ ထိုပုံစံလေးကြောင့်ပဲ သူမရဲ့ အသွင်အပြင် လေးက ပိုပြီး နှစ်လိုဖွယ် ကောင်းနေခဲ့ပါတယ်။
ရန်ကိုင်က ကြင်နာယုယတဲ့ အပြုံးလေးနဲ့ ရှနင်းချန်ကို စိုက်ကြည့်နေခဲ့တယ်။ သူမပုံရိပ်ကို သူ့စိတ်ထဲ ထာဝရ စွဲမြဲနေအောင် တံဆိပ်ခတ်နှိပ်ထားချင်တဲ့ ပုံပါပဲ။
နှစ်ယောက်အတွဲက အချိန်အတော် ကြာသည်အထိ အခုအတိုင်းလေးပဲ ရှိနေခဲ့တယ်၊ သူတို့ နှစ်ယောက်ကြား ကမ္ဘာလေးက လုံးဝကို ငြိမ်းချမ်း တိတ်ဆိတ်လို့ နေခဲ့ပါတယ်။
အခုလိုမျိုးလေး ထိတွေ့နေရုံနဲ့တင် သူတို့ စိတ်ထဲက အထီးကျန်မှုတို့ ပြေလွင့်သွားခဲ့ရကာ ရိုးရှင်တဲ့ ပျော်ရွှင်မှု တစ်ခုသာ သူတို့စိတ်ထဲ ကျန်ရှိနေခဲ့ပါတော့တယ်။
သူမတစ်ဘဝလုံး အခုလောက် တစ်ခါမှ စိတ်ကျေနပ်ခြင်း မရှိခဲ့ပါဘူး။ အရင်တုန်းက ရန်ကိုင်က သူမကို ကြည့်တဲ့ အကြည့်ထဲ ချစ်ရိပ်တို့ လွှမ်းခဲ့တယ်ဆိုပေမယ့် ဒီလောက် အထိတော့ တစ်ခါမှ တိုက်ရိုက် မဆန်ခဲ့ပါဘူး။
သူ့ နှလုံးသားထဲမှာ ငါ့အတွက် နေရာတစ်ခု ရှိနေသေးတာပဲ
ရှနင်းချန်စိတ်ထဲ တိတ်တဆိတ် တွေးတောလိုက်တယ်။ သူမ မျက်နှာထက် ပျော်ရွှင်ကြည်နူးနေသည့် အပြုံးတစ်ခု ပွင့်လန်းလာခဲ့ပြီး သူမရဲ့ ကိုယ်လုံးလေးကို ရန်ကိုင် လက်မောင်းထဲ ထပ်ပြီး ကျုံ့ဝင်သွားစေခဲ့တယ်။
ထိုအချိန်မျာပဲ မမြင်နိုင်တဲ့ ကောင်ကင်စိတ်အာရုံ တစ်ခုက သူတို့နှစ်ယောက်ကို ရုတ်ချည်း ဖုံးလွှမ်းသွားခဲ့ပြီး ရန်ကိုင် စိတ်ထဲသို့ သတင်းစကား တစ်ခု ရောက်ရှိလာခဲ့တယ်။
“ကောင်စုတ်လေး၊ ဒီလူအိုကြီးက မင်းတို့ အခန်းဘေးမှာပဲ၊ ငါမင်းကို အမဲဖြတ်ရ လောက်တဲ့အထိ တွန်းအားလာမပေးနဲ့နော်”
ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်က ပြုံးလိုက်ပြီး သူ့ရဲ့ ကောင်းကင် စိတ်အာရုံ အမျှင်တန်း တစ်ခုကို ဘေးအခန်းဆီ လှမ်းပို့လိုက်တယ် “ဘဏ္ဏာထိန်းမန်၊ ကိုယ့်ရဲ့ အဖိုးတန်ချစ်တပည့်လေးကို တိတ်တဆိတ် ခိုးပြီး ချောင်းကြည့်နေတာက စီနီယာတွေ လုပ်သင့်တဲ့ အလုပ်တစ်ခု မဟုတ်ဘူးနော်။ ခင်ဗျား ကိုယ့်ကိုယ့်ကိုတော့ လေးစားမှုလေး ရှိသင့်တယ်ဗျာ”
ထိုသတင်းစကားကို ပို့လွှတ်ပြီးတာနဲ့ မန်ဝူရရဲ့ ကောင်းကင်စိတ်အာရုံ လှုပ်ခါသွားတာကို ရန်ကိုင် ခံစားမိလိုက်တယ်။ ပြီးတာနဲ့ ထူးဆန်းတဲ့ ရေရွတ်သံတို့ တစ်ဖက်ခန်းကနေ ညံထွက်လာပါတော့တယ်။
“ဆရာ၊ ဘာဖြစ်တာလဲ” ရှနင်းချန်က ခပ်မြန်မြန်ပဲ မေးလိုက်တယ်။
“မစိုးရိမ်ပါနဲ့၊ သူအိမ်မက်ဆိုးတွေ မက်နေလို့ နေမှာပါ”
ရန်ကိုင် မဟုတ်တုတ်ကတွေ လျှောက်ပြောနေမှန်း သိလိုက်တာနဲ့ ရှနင်းချန် ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်မိတယ်။
ရန်ကိုင်က သူ့ကို ဖော်လိုက်တဲ့အတွက် မန်ဝူရလည်း သူ့ကိုယ်သူ ဖုံးကွယ်ဖို့ မကြိုးစားတော့ပဲ ပွင့်ပွင့်လင်းလင်းပဲ အော်ပြောလိုက်တယ် “ကောင်စုတ်လေး၊ မင်းကိစ္စပြီးတာနဲ့ ဒီဘက်ကို လာခဲ့ဦး။ ငါ့မှာ မင်းကို မေးစရာ အချို့ရှိနေလို့”
“ကောင်းပြီလေ၊ ကျုပ်မှာလည်း ခင်ဗျားနဲ့ ဆွေးနွေးစရာ ကိစ္စအချို့ ရှိနေတာနဲ့ အတော်ပဲ”
ပြောပြီးတာနဲ့ မန်ဝူရက သူ့ကောင်းကင် စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်တယ်။ သူတို့ နှစ်ယောက်ကို စောင့်ကြည့်နေတာမျိုး ဆက်မလုပ်တော့ပါဘူး။
အခန်းထဲမှာတော့ ရန်ကိုင်နဲ့ ရှနင်းချန်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ပြုံးလိုက်ကြတယ်။ အခုမှပဲ သူတို့ အေးအေးဆေးဆေး နေနိုင်တော့တယ်။ မန်ဝူရမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုပေမယ့် အားကောင်းတဲ့ ပညာရှင်တစ်ယောက်ရဲ့ ကောင်းကင် စိတ်အာရုံနဲ့ အနီးကပ် စောင့်ကြည့်နေခြင်း ခံရတာက သူ့တို့ကို တကယ်ပဲ မသက်မသာ ဖြစ်စေပါတယ်။
သူ့ရဲ့ စီနီယာမမလေးကို လက်ထဲမှာသာ ထွေးပိုက်ထားခဲ့ပြီး ဟိုကိုင်တွယ် ပွတ်သပ်တာတို့၊ ဒီကိုင်တွယ် ပွတ်သပ်တာတို့ နည်းနည်းလေးမှ မလုပ်ခဲ့ပါဘူး။ တစ်ယောက်ရဲ့ ကိုယ်အနွေးဓါတ်ကို အခြားတစ်ယောက်ဆီ ဝေမျှ ခံစားနေခဲ့ကြတယ်။
ရှနင်းချန်ရဲ့ ကိုယ်လုံးလေးက အရိုးတစ်ရိုးမှ မရှိသည့်အလား အရမ်းကို နူးညံ့ပျော့ပျောင်း လှပါတယ်။ သူမကိုယ်ထက် ရစ်သိုင်းနေသည့် ညက်ညောတဲ့ သင်းရနံ့ကလည်း စင်ကြယ်ပြီး သစ်လွင်လန်းဆန်း လှနေရဲ့။
“စီနီယာမမလေးက အရမ်း အံ့ဩစရာ ကောင်းတာပဲနော်၊ အချိန်ခဏလေးပဲ ရှိသေးတယ်၊ အင်မော်တယ် တက်လှမ်းခြင်း ပထမအဆင့်ကို ရောက်နေခဲ့ပြီ” ရန်ကိုင်က သက်ပြင်းချမိလိုက်တယ်။ သူတိမ်ဖုံးတောင်ထွတ်က ထွက်လာတုန်းက ရှနင်းချန်းက အစစ်အမှန်ဒြပ်စင်အဆင့်၇ ကျင့်ကြံသူ တစ်ယောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် အခုတော့ သူမက အင်မော်တယ် တက်လှမ်းခြင်း ပထမအဆင့်ကို ချိုးဖျက်သွားခဲ့ပါပြီ။ ဒီအမြန်းနှုန်းက သူ့အောက် မကျပါဘူး။
“ဂျူနီယာမောင်လေးကို ကျေးဇူးတင်ရမှာပဲ။ ငါ့ကို ပေးခဲ့တဲ့ အရည်က ဘာအရည်လဲဟင်။ အဲ့အရည်ကို တစ်နေ့တစ်စက် သောက်သုံးပြီးတဲ့ နောက်ပိုင်း ငါ့ကျင့်ကြံနှုန်းက အရင်ကထက်တောင် ပိုမြန်လာခဲ့တယ်လေ။ ဆေးဘုရင်တောင်ကြားမှာ ရှိနေတဲ့ တစ်ချိန်လုံး ငါက ကျင့်ကြံရာမှာ အာရုံစိုက်နေမယ့် အစား ဂရမ်းမာစတာနဲ့ ဆေးပညာအကြောင်း ဆွေးနွေးလိုက်၊ ဂျူနီယာမောင်လေး ပေးခဲ့တဲ့ စိတ်ဝိဥာဉ် အစီအရင်နှစ်ခုကို လေ့လာလိုက်ပဲ လုပ်နေခဲ့တာ”
ရန်ကိုင် အံ့အားသင့်သွားခဲ့တယ်။
တကယ်မကြိုးစားပဲနဲ့ ရှနင်းချန်က သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ဒီလောက်အထိ မြှင့်တင်နေနိုင်ခဲ့ရင် သူမသာ ကြိုးစားလို့ကတော့ အခုလောက်ဆို ဘယ်အဆင့်များ ရောက်နေခဲ့မလဲ။
စီနီယာမမလေးရဲ့ အထူးခန္ဓာကိုယ်က ကောင်းကင် နိယာမတွေကိုတောင် သွေဖယ်နေခဲ့ပါပြီ။
“အဲ့ဒါကို ဆေးပါင်းရည်လို့ ခေါ်တယ်၊ ဆေးပေါင်းရည်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သလို သူတို့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကိုလည်း တိုးတက် စေနိုင်တယ်လေ။ စီနီယာမမလေး ထပ်လိုသေးရင် ပြောနော်၊ ကျွန်တော့်မှာ အများကြီး ရှိသေးတယ်”
ရှနင်းချန်က ခေါင်းညိတ်လိုက်ပြီး “ငါ့မှာ ရှိပါသေးတယ်။ ငါက တစ်နေ့တစ်စက်ပဲ အသုံးပြုတာလေ။ ဆရာက အဲ့ဒါကို အသုံးပြုပြီး သူ့ဒဏ်ရာကို ကုသဖို့ ကြိုးစားကြည့်သေးတယ်၊ ဒါပေမယ့် အသုံးမဝင်ခဲ့ပါဘူးလေ”
“ဘဏ္ဏာထိန်းမန်က ဒဏ်ရာရနေတာလား” ရန်ကိုင် ထိတ်လန့် အံ့အားသင့်သွားခဲ့တယ် “သူဘယ်လိုလုပ်ပြီး ဒဏ်ရာရထားတာလဲ”
စီနီယာမမလေးက သူမပါးလေးကို ကုတ်လိုက်ရင်း မျက်မှောင်လေး ကြုံ့ကာ တိုးတိုးလေး ပြန်ပြောလိုက်တယ် “ငါလည်း အများကြီး မသိဘူး။ ဆရာက တစ်ခါမှ အကြောင်းစုံ ပြောမပြခဲ့ဖူးဘူး။ ဆရာ ဒဏ်ရာရထားတာရယ်၊ သူ့ကို ကူညီပေးနိုင်ဖို့အတွက် ငါ့ဘက်က အားတက်သရော ကြိုးစားဖို့ လိုတယ် ဆိုတာကိုပဲ ငါသိထားတယ်”
ရန်ကိုင် အမူအရာ တည်ကြည်သွားခဲ့တယ်။
မန်ဝူရလို အားကောင်းတဲ့ ပညာရှင် တစ်ယောက်က တကယ်ပဲ ဒဏ်ရာရနေခဲ့ပါတယ်။ မန်ဝူရ ဘယ်လောက်တောင် အားကောင်းလဲ ဆိုတာကို သူမြင်တွေ့ခဲ့ပြီးပါပြီ။ တိုက်ပွဲစွမ်းရည် အရဆိုရင် မန်ဝူရက သာမန် အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေထက်တောင် ပိုပြီး အားကောင်း ပါသေးတယ်။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူတွေလောက်ပဲ သူ့ကို အနိုင်ယူနိုင်ပါလိမ့်မယ်။
မန်ဝူရပုံစံက ဒဏ်ရာရထားတဲ့ပုံ နည်းနည်းလေးမှ ပေါက်မနေခဲ့ပါဘူး။ ဘယ်တော့မှ အမြစ်ပြတ်အောင် မကုသနိုင်ခဲ့တဲ့ ဒဏ်ရာဟောင်း တစ်ခု ဖြစ်နိုင်တာပဲလေ။
အတွင်းဒဏ်ရာ တစ်မျိုးမျိုးသာ ဆိုရင် ဆေးပေါင်းရည်က အလုပ် လုပ်သင့်ပါတယ်။ မန်ဝူရကို နောက်တစ်ကြိမ် တွေ့တဲ့အခါကျ အဲ့အကြောင်းကို မေးမြန်းကြည့်ရမယ်လို့ ရန်ကိုင် ဆုံးဖြတ်လိုက်တယ်။
ရန်ကိုင် ရှနင်းချန်နဲ့ နီးကပ်နေတာကို မန်ဝူရဘက်က နည်းနည်းလေးတောင် ကျေနပ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့လို မကျေနပ်တာကလည်း သူ့ရဲ့ တပည့်လေးကို အရမ်းချစ်တာကြောင့်ပါ။ တကယ်တော့ မန်ဝူရက ရန်ကိုင်ကို ကောင်းကောင်း ဂရုစိုက်ခဲ့ပါတယ်။ အထူးသဖြင့် ကောင်းကင်စံအိမ်မှာ ရှိနေစဉ်တုန်းကပေါ့။ ထိုကျေးဇူးကို ရန်ကိုင်ဘယ်တော့မှ မေ့လျော့သွားလိမ့်မှာ မဟုတ်ပါဘူး။
“ဂျူနီယာမောင်လေး၊ စုယန်အကြောင်း သတင်းလေး ဘာလေး ကြားမိသေးလား” ရှနင်းချန် ရုတ်တရက် ကောက်မေးလိုက်တယ်။
ထိုမေးခွန်းကို ကြားလိုက်တာနဲ့ ရန်ကိုင်မျက်နှာလေး ညိုးကျသွားခဲ့ပြီး အသာအယာလေး ခေါင်းခါရမ်းလိုက်ရင်း “သူမတို့ အကြောင်း စုံစမ်းဖို့ လူတွေ လွှတ်ထားခဲ့ပေမယ့် အခုထိ ဘာသတင်းစကားမှ မကြားရသေးဘူး။ သူမနဲ့ ကောင်းကင်စံအိမ်က ကျန်တဲ့လူတွေ ဘယ်လောက်နေလဲ ဆိုတာကို ကျွန်တော်အခုထိ မသိရသေးဘူး”
“စိတ်မပူပါနဲ့၊ သူမဆို့ အဆင်ပြေနေမယ် ဆိုတာ သေချာပါတယ်” ရှနင်းချန်က ပျာသကာလို ချိုမြတဲ့ လေသံလေးနဲ့ တိုးတိုးလေး ကပ်ပြောလိုက်ပြီး သူမလက်ကလေးနဲ့ ရန်ကိုင်ဆံပင်ကို ပွတ်သပ်ပေးလိုက်ရင်း နှစ်သိမ့်ပေးလိုက်တယ် “နင်ဒီမှာ ရှိနေတယ် ဆိုတာကိုသာ သူမကြားသိခဲ့ရင်၊ သူမ နင့်ကို ကျိန်းသေ လာရှာပါလိမ့်မယ်”
“ကျွန်တော်လည်း အဲ့လို မျှော်လင့်တာပဲ” ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး သူ့စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်တယ်။ ပြီးတာနဲ့ ချက်ချင်းပဲ ခေါင်းစဉ် ကောက်ပြောင်းလိုက်တယ် “ဒီနေ့မနက်တုန်းက စီနီယာမမလေး သုံးခဲ့တာ ဘယ်လို လက်နက်မျိုးလဲ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်တွေ အများကြီးကိုတောင် တစ်ချက်တည်း နောက်ပြန် ဆုတ်သွားအောင် လုပ်နိုင်တာဆိုတော့လေ”
ရှနင်းချန်က ပြုံးလိုက်ပြီး ကြယ်ပုံစံ လက်စွပ်လေး တစ်ခုကို ထုတ်ပြလိုက်တယ် “ဒါက ငါအင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ချိုးဖျက်သွားခဲ့တုန်းက ဆရာငါ့ကို ပေးခဲ့တာလေ၊ ကြယ်စုဆောင်းခြင်း လက်စွပ်တဲ့။ ဆရာ ပြောတာကတော့ ဒီလက်စွပ်က ဆရာရဲ့ အားအပြည့်သုံးထားတဲ့ တိုက်ကွက်သုံးကွက်ကို စုဆောင်း ပေးထားနိုင်တဲ့ ဆန်းကြယ် အလယ်အလတ်အဆင့် လက်နက်တစ်ခုတဲ့။ ငါ့အနေနဲ့ ဒီလက်စွပ်ကို အသုံးပြုဖို့အတွက် အစစ်အမှန်ချီနည်းနည်းနဲ့ ကောင်းကင်စိတ်အာရုံကိုပဲ လိုအပ်တယ်”
ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင် မထိတ်လန့်ပဲ မနေနိုင် ဖြစ်သွားခဲ့တယ်၊ မနာလိုသည့် အရိပ်အယောင် အချို့တောင် သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့တယ်။
သူမရဲ့ အထူးခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ အင်မော်တယ် တက်လှမ်းခြင်း ပထမအဆင့် ကျင့်ကြံခြင်း အဆင့်လေးနဲ့တင် ထိုကဲ့သို့ ကြောက်မက်ဖွယ် ခွန်အားကို ရှနင်းချန် ဘယ်လို ထုတ်သုံးနိုင်ခဲ့တာလဲလို့ သူတွေးနေခဲ့တာပါ။ ဆန်းကြယ်အဆင့် လက်နက်ကို အသုံးပြုခဲ့တယ် ဆိုရင်တောင် အဲ့လောက် အရမ်းအားမကောင်း နိုင်ပါဘူး။
တကယ်တော့ လက်နက်တစ်ခုက ဘယ်လောက်ပဲ အဆင့်မြင့်နေပါစေ၊ နောက်ဆုံးမှာတော့ ထိုလက်နက်ကို အသုံးပြုဖို့ရာ ကျင့်ကြံသူတစ်ယောက်ရဲ့ အစစ်အမှန်ချီနဲ့ စိတ်စွမ်းအင်ကို လိုအပ်သေးတယ်လေ။
ဒါပေမယ့် သူမပြောတာ နားထောင်ပြီးနောက် အားလုံးက ရှင်းသွားခဲ့ပါပြီ။
သူတို့ ကြုံတွေ့ခဲ့ရတဲ့ တိုက်ခိုက်မှုက မန်ဝူရရဲ့ အားကုန်သုံး တိုက်ကွက်တစ်ကွက်ပါ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇၊ အဆင့်၈ မှာရှိနေတဲ့ ကျင့်ကြံသူတွေက ထိုတိုက်ကွက်ကို ဘယ်လိုလုပ်ပြီး ခုခံနိုင်ပါ့မလဲ။
“ဘဏ္ဏာထိန်းမန်က တော်တော် ချမ်းသာတာပဲ” ရန်ကိုင် ပါးစပ် မဆိုသလောက်ကလေး မဲ့ရွဲ့သွားခဲ့တယ်။ သူ့စိတ်ထဲမှာတော့ မန်ဝူရဆီကနေများ ဆန်းကြယ်အဆင့် လက်နက်တစ်ခု၊ နှစ်ခုလောက် သွားငှားရင် ကောင်းမလား ဆိုပြီး စဉ်းစားနေခဲ့တာပါ။
ဒါပေမယ့် မန်ဝူရရဲ့ စရိုက်အရ ဆိုရင်တော့ ထိုကိစ္စက တော်တော်လေး ခက်ခဲမှာ သေချာပါတယ်။ သူ့မှာသာ ရတနာတွေ ရှိနေခဲ့ရင် သူ့ရဲ့ ချစ်တပည့်လေး ရှနင်းချန်ကိုပဲ အမြဲပေးခဲ့တာပါ။ ကျန်တဲ့ သူတွေ အတွက်ကတော့ ရန်ကိုင်တောင်၊ မန်ဝူရဆီကနေ အမြတ်ထုတ်ဖို့ ကြိုးစားချင်တယ် ဆိုရင်တော့ အရူး စိတ်ကူးယဉ်နေတာပဲ ဖြစ်ပါလိမ့်မယ်။
“ကဲ၊ အဲ့အကြောင်း တော်လောက်ပြီ” ရန်ကိုင်က သူ့အတွေးကို ခပ်မြန်မြန်ပဲ စုစည်းလိုက်ပြီး ပြောလိုက်တယ် “စီနီယာမမလေး ဒီကို ရောက်လာပြီဆိုတော့ ဒီနေ့ကစပြီး စီနီယာမမလေး ကျိန်းသေ အလုပ်ရှုပ်ရတော့မှာ၊ ဆေးပညာနဲ့ သက်ဆိုင်တဲ့ ကိစ္စအားလုံးကို စီနီယာမမလေးဆီပဲ လက်လွှဲထားလိုက်မယ်နော်။ ကျွန်တော့် လူတွေရဲ့ ခွန်အားကို တတ်နိုင်သမျှ မြန်မြန် မြှင့်ဖို့ လိုအပ်နေလို့ပါ”
“ရတယ်လေ၊ ဆေးပညာပိုင်းနဲ့ ပက်သက်ရင် ငါ့ဆီသာ လွှဲထားလိုက်” ရှနင်းချန်ရဲ့ မျက်ဝန်းအစုံက ဆန်းသစ်စ လခြမ်းလေးအသွင် ကွေးတက်သွားခဲ့ပြီး “ငါ့ရဲ့ ဆေးပညာစွမ်းရည်ကို တော်တော်လေး တိုးတက်အောင် ကြိုးစားခဲ့ပြီးပြီ ဆိုတော့ ဂျူနီယာမောင်လေးကို ကောင်းကောင်း ကူညီပေးနိုင်ပါတယ်”
“စီနီယာမမလေး ဒီမှာ ရှိနေတာနဲ့တင် ကျွန်တော်ကို ကူညီပေးရာ ရောက်နေပါပြီ. အရမ်းကြီး အလုပ်ကြိုးစားစရာ မလိုပါဘူး။ မဟုတ်ရင် ဘဏ္ဏာထိန်းမန်က ကျွန်တော့်ကို လွှတ်ပေးမှာ မဟုတ်ဘူး” ရန်ကိုင်က ပြုံးလိုက်ကာ ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်တယ် “စီနီယာမမလေးရဲ့ အသိစိတ်ပင်လယ် အတာအဆီးကို ဖြေလျှော့လိုက်ပါလား”
“အန်” ရှနင်းချန်က ရန်ကိုင် ဘာလို့ ဒီလိုမျိုး ထူးဆန်းတာကြီး ရုတ်တရက် တောင်းဆိုလာရတာလဲ ဆိုတာကို စဉ်းစားရင်း ရန်ကိုင်ကို သိချင်စိတ် အပြည့်နဲ့ ကြည့်လိုက်တယ်။
“စီနီယာမမလေးကို ဆေးပညာနဲ့ ပက်သက်တဲ့ အကြောင်းအရာ သင်ပေးစရာ ရှိတယ်လေ”
ရှနင်းချန်ရဲ့ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး “စိတ်ဝိဥာဉ် အစီအရင် နှစ်ခုနဲ့ ပက်သက်တာလား”
ရန်ကိုင် ခေါင်းညိတ်လိုက်တယ်။
ရှနင်းချန်က သူမရဲ့ အသိစိတ်ပင်လယ် အတားအဆီးကို ချက်ချင်းပဲ ဖြေလျှော့ပေးလိုက်တယ်။ ထို့နောက် အားကောင်းပြီး ထိတ်လန့်ဖွယ်ကောင်းတဲ့ စိတ်စွမ်းတစ်ခုက သူမရဲ့ အသိစိတ်ပင်လယ်ထဲ ဝင်ရောက်လာခဲ့တာကို ရှနင်းချန် ခံစားမိလိုက်တယ်။
ထိုကောင်းကင် စိတ်အာရုံက အရမ်းကို အားကောင်းပြီး ကြမ်းကြုတ်ပါတယ်။ ထိုကောင်းကင်စိတ်အာရုံက ရက်စက်ယုတ်မာပြီး မိစ္ဆာဆန်သည့် ထက်ရှသည့် အသွားတစ်ဖက်လိုပါပဲ။ ကံကောင်းစွာနဲ့ သူမအပေါ် မကောင်းသည့် ရည်ရွယ်ချက် နည်းနည်းလေးမှ ရှိမနေခဲ့လိုပေါ့၊ အဲ့လိုဆိုရင်တောင် ထိုအရာက ရှနင်းချန်ကို ကြောက်လန့်မိသွား စေခဲ့ပါသေးတယ်။
သူမရဲ့ အသိစိတ်ပင်လယ်ထဲ၊ ရှနင်းချန်ရဲ့ ကောင်းကင် စိတ်အာရုံက သူမပုံစံ ကိုယ်ပွါးတစ်ခုအဖြစ် သိပ်သည်းသွားခဲ့ပြီး မရဲတရဲနဲ့ အော်ခေါ်လိုက်တယ် “ဂျူနီယာမောင်လေး”
“အင်း” ရန်ကိုင်လည်း သူ့ပုံစံ ပုံရိပ်တစ်ခုအဖြစ် သိပ်သည်းလိုက်ပြီး ပြန်ထူးလိုက်တယ်။
“နင်ဘယ်လိုလုပ်…” ရှနင်းချန်က သူမရဲ့ စိတ်စွမ်းအင်ထက်တောင် ပိုပြီး အားကောင်းသည့် ရန်ကိုင်ပုံစံ ဖွဲ့စည်းထားတဲ့ သူရဲ့ ကောင်းကင် စိတ်အာရုံကို ငေးကြောင် စိုက်ကြည့်နေခဲ့တယ်။ သူမစိတ်ထဲမှာတော့ အစစ်အမှန်ဒြပ်စင် အဆင့်လေးက ဂျူနီယာမောင်လေးက ဘယ်လိုလုပ်ပြီး ကောင်းကင် စိတ်အာရုံကို အသုံးပြုနေနိုင်ရတာလဲပေါ့။
“ကျွန်တော် ကိုယ်တိုင်တောင် ဒါကို မရှင်းပြတတ်ဘူး၊ ဒါပေမယ့် ဒါကဆိုးတဲ့ အရာတစ်ခုတော့လည်း မဟုတ်ပါဘူးလေ” ရန်ကိုင်က သွားပေါ်တဲ့အထိ ပြုံးလိုက်ပြီး ဘေးဘီဝဲရာကို ဝေ့ကြည့်လိုက်တယ်။ စီနီယာမမလေးရဲ့ အသိစိတ်ပင်လယ်က သူမရဲ့ စိတ်ထားအတိုင်းပဲ ရိုးသားပြီး ပြစ်ချက်ကင်းစင်လှပါတယ်။
သူ့အောက်မှာတော့ ကောင်းကင်စိတ်အာရုံ အမျှင်တန်း များစွာဖြင့် ဖွဲ့စည်းထားသည့် အဆုံးမယ့် ပင်လယ်တစ်ခု ရှိနေခဲ့တယ်။ ကျင့်ကြံသူ တစ်ယောက် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ရောက်တဲ့အခါ သူတို့ရဲ့ အသိစိတ်ပင်လယ်ကို ဖွင့်လှစ်နိုင်ပြီး စိတ်စွမ်းအင်ကို တိုးတက်အောင် လေ့ကျင့်နိုင်ကြပါတယ်။ ထိုအသိစိတ် ပင်လယ်ကြီး ကျယ်ပြန့်လာတာနဲ့အမျှ သူတို့ရဲ့ စိတ်စွမ်းအင်လည်း ပိုပြီး အားကောင်းလာမှာပါ။
ရှန်ချင်းလော့ရဲ့ အသိစိတ်ပင်လယ်ထဲ ရန်ကိုင် ရောက်ခဲ့ဖူးပါတယ်။ ရှနင်းချန်နဲ့ ရှန်ချင်းလော့တို့ရဲ့ အသိစိတ်ပင်လယ် နှစ်ခုက မတူညီတဲ့ ကမ္ဘာနှစ်ခုလိုပါပဲ။
ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မ ဖြစ်တဲ့ ရှန်ချင်းလော့ရဲ့ အသိစိတ်ပင်လယ်ထဲ စွဲမက်နှစ်သက်ဖွယ်ကောင်းတဲ့ ဆွဲဆောင်ဖြာယောင်းမှုတို့ ပေါင်းစပ်ပါဝင်နေခဲ့ပြီး စီနီယာမမလေးရဲ့ အသိစိတ်ပင်လယ်ကတော့ သာယာနာပျော်ဖွယ် ကောင်းတဲ့ ငြိမ်သက်အေးချမ်းမှုကို ပေးစွမ်းလို့ နေခဲ့ပါတယ်။
ရှနင်းချန်ရဲ့ အသိစိတ်ပင်လယ်က လူတွေရဲ့ စိတ်နှလုံးသားထဲက အတွင်းမိစ္ဆာစိတ်ရိုင်းတွေကို သန့်စင်ပေးနိုင်တဲ့ ပုံပါပဲ။
ထိုငြိမ်းသက်အေးချမ်းတဲ့ အသိစိတ်ပင်လယ်ထက် ပုံရိပ်နှစ်ခုက မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေခဲ့ကြတယ်။
“ကောင်းကင် စိတ်အာရုံကို အသုံးပြုပုံနဲ့ ပက်သက်ပြီး မရင်းနှီးသေးတော့ ကျွန်တော်သိတဲ့ အရာတွေကိုပဲ စီနီယာမမလေးကို ရှင်းပြလို့ ရဦးမယ်။ စီနီယာမမလေး ရသလောက် မှတ်ထားလိုက်လေ၊ မသိတာ တစ်ခုခုရှိရင် ကျွန်တော့်ကို မေးဖို့ တုန့်ဆိုင်းနေစရာ မလိုဘူး” ရန်ကိုင်က ကူကယ်ရာမဲ့စွာနဲ့ သက်ပြင်းချလိုက်တယ်။
ကောင်းကင် စိတ်အာရုံကို အသုံပြုတာနဲ့ ပက်သက်ပြီး ဝိဥာဉ်ပညာရပ်တွေကို ဘယ်လို အသုံးပြုရမလဲ ဆိုတာကိုပဲ ရန်ကိုင် သိထားပါတယ်။ သူသာ ပိုပြီးကျွမ်းကျင်ခဲ့ရင် သူ့စိတ်ထဲက မှတ်ဥာဏ်တွေကို ကူးယူပြီး ရှနင်းချန်ရဲ့ အသိစိတ်ပင်လယ်ထဲ တိုက်ရိုက် ပို့ပေးလိုက်လို့ ရပါတယ်။ အခုလိုမျိုး ပြဿနာအတက်ခံနေစရာ မလိုတော့ပါဘူး။
ရှနင်းချန်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။
ဒီလိုနဲ့ ရန်ကိုင်က အစစ်အမှန် ဆေးပညာနည်းလမ်းနဲ့ ပက်သက်ပြီး သူသိသလောက် တတ်သလောက်ကို ရှနင်းချန်အား စတင်ရှင်းပြပါတော့တယ်။
ဒီနေ့အထိ အစစ်အမှန် ဆေးပညာနည်းလမ်းထဲက အစွန်အဖျား လောက်ကိုသာ သူလေ့လာရပါသေးတယ်။ ဒါပေမယ့် ထိုအစွန်းအဖျားထဲမှာတင် အမျိုးမျိုးသော စိတ်ဝိဥာဉ် အစီအရင်တွေနဲ့ ဆေးပညာရှင်ကြီးတွေရဲ့ အတွေ့အကြုံများစွာတို့ ပါဝင်နေခဲ့ပါတယ်။
ထိုအချက်အလက်တွေက အရမ်းကို ဆန်းကြယ်ပြီး နက်နဲလွန်းတဲ့အတွက် သာမန်လူတွေနဲ့ သာမန် ဆေးပညာရှင်တွေကိုသာ ပေးလိုက်မယ်ဆိုရင် အရူးလက်ထဲ ရွှေတုံးထည့်ပေးလိုက်တာနဲ့ အတူတူပဲ ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် ရှနင်းချန်လို ဆေးပညာရှင် အတွက်တော့ ထိုအချက်အလက်တွေက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ လိုပါပဲ။
နေထွက်လာလိုက်၊ လထွက်လာလိုက်နဲ့ အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးနေခဲ့တယ်။ ရှနင်းချန်ရဲ့ အသိစိတ် ပင်လယ်ထဲမှာတော့ ပုံရိပ်နှစ်ခုက မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေခဲ့ပြီး တစ်ယောက်က သင်ကြားပို့ချနေကာ အခြားတစ်ယောက်က နားထောင်နေခဲ့တယ်။ သူတို့ကြားက လေထုက အေးချမ်းပေမယ့် လေးနက်နေခဲ့ပါတယ်။
ရှနင်းချန်ရဲ့ နာလည်နိုင်စွမ်းက အံ့မခန်းပါပဲ။ အစစ်အမှန် ဆေးပညာနည်းလမ်းထဲကနေ ထုတ်ယူရရှိခဲ့တဲ့ သူနားမလည်သေးတဲ့ အချက်အလက် များစွာ ရှိနေခဲ့ပေမယ့် ရှနင်းချန်ကို ရှင်းပြပြီး သူမနဲ့ ဆွေးနွေးခဲ့ပြီးနောက် သူကိုယ်တိုင်လည်း အကျိုးအမြတ် တော်တာ်များများ ရခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ တစ်ယောက်က သင်ကြားပြီး တစ်ယောက်က နားထောင်နေတဲ့ ပုံစံမှ တစ်ယောက်နဲ့ တစ်ယောက် သူတို့ရဲ့ အထင်အမြင်ကို ထုတ်ဖော်ဆွေးနွေးနေတဲ့ ပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။