← Chapters

ရင်ထဲမှ ပျော်ရွှင်မှု

Vol. 39 Ch. 546

ရင်ထဲမှ ပျော်ရွှင်မှု

Vol. 39 Ch. 546

ရက်ပေါင်းများစွာကြာလာပြီးနောက် ရာသီဥတုက ပိုအေးလာသည်။ ဆောင်းရာသီရောက်ခဲ့ပြီ ဖြစ်သည်။

အဖွဲ့ခွဲပြီး အမဲလိုက်ခြင်းက အခြေအနေမဆိုးလှပေ။ အရင်ကထက်ပင် ပိုမိုထိရောက်သည်ဟု ဆိုနိုင်သည်။ သို့သော် စွမ်းအားကြီးမားပြီး အမြတ်အစွန်းများစွာ ရရှိနိုင်သည့် သားကောင်ကြီးများနှင့် ကြုံတွေ့လျှင်တော့ အနည်းငယ် ဒုက္ခဖြစ်ရသည်။ လူနည်းသဖြင့် သားကောင်ကြီးကို ထိန်းထားနိုင်ရန် အတော်ခက်ခဲသည်။

ကျန်းလန်တို့အုပ်စုကတော့ အရာအားလုံး အဆင်ပြေလေသည်။ သူတို့က နေ့တိုင်း သားကောင်မရသည့်နေ့ မရှိသော်လည်း သားကောင်ကြီးများရရှိလျှင်တော့ လျိုတာ့ကျူးက အခြားအဖွဲ့သို့ မပေးအပ်မီ သူ့လ (၂)ောက်ကို အမြဲတမ်း ခွဲဝေပေးလေ့ရှိသည်။

အခြားတစ်ဖွဲ့က သားကောင်မဖမ်းမိသည့်နေ့များတွင် ကျန်းလန်တို့အဖွဲ့မှပေးသည့်သားကောင်းကိင မလိုချင်ကြသော်လည်း မတတ်နိုင်သည့်အဆုံး လက်ခံကြရစမြဲပင်။

ကျန်းလန်တို့အုပ်စုကတော့ သားကောင်မရသည့်နေ့ မရှိသလောက်ပင်။ တစ်ခါတစ်ရံ သားကောင်မရသည့်အခါမျိုးတွင်တော့ တစ်ဖက်အုပ်စုက သူတို့ကို ခွဲဝေပေးတတ်သော်လည်း ကျန်းလန်အတွက်တော့ မပါဝင်ပေ။ ထိုအခါမျိုးတွင် လျိုတာ့ကျူးနှင့် ယန်လူငယ်လေးက သူတို့ရသည့်အသားများထဲမှ သုံးပုံတစ်ပုံကို ကျန်းလန်ကို ပေးတတ်သည်။

အမှန်တော့ ကျန်းလန်တို့အိမ်တွင် သိုလှောင်ထားသည့်အသားခြောက်များစွာရှိလေရာ ရက်အနည်းငယ် သားကောင်မရ၍လည်း ကြီးကြီးမားမား ပြဿနာမရှိပေ။ အိမ်တွင် သူနှင့် ရှောင်ယွိ (၂)ယောက်တည်းသာရှိပြီး အစားကြီးသူများလည်း မဟုတ်လေရာ ဆောင်းရာသီအတွက်ပင် အလုံအလောက် ရှိနေခဲ့သည်။

အခြားသူများကတော့ မိသားစုဝင်များကြသည့်အပြင် ကလေးများနှင့် သက်ကြီးရွယ်အိုများလည်း ရှိကြသည်။ ရှောင်ယွိက သူမတွင်ပိုလျှံနေသည့်အသားခြောက်များကိုကြည့်ရင်း အခြားသူများကို ပေးကမ်းချင်ခဲ့သည်။

သူမက ကျန်းလန်၏ သဘောတူညီမှုရယူပြီးနောက် အသားများကို ခွဲဝေပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူမ ပေးသည့်အသားများကို ရွာတံခါးနားတွင် စွန့်ပစ်ထားသည်ကို အမြဲတမ်းတွေ့မြင်ရသည်။ ထိုအခါမျိုးတွင် သူမက အသားများကို တိတ်တဆိတ်ပြန်ကောက်ယူရစမြဲပင်။

ယနေ့တော့ ရာသီဥတုကောင်းမွန်သည့်တိုင် နေ့လည်ပိုင်းအချိန်တွင် ရုတ်တရက် နှင်းများကျလာခဲ့သည်။

ကျန်းလန်က ထမင်းစားပွဲတွင်ထိုင်ရင်း ပူနွေးသည့် အသားဟင်းရည်တစ်ပန်းကန်ကို သောက်လိုက်သည်။ ရှောင်ယွိ၏လက်ရာ အရင်ကထက်ပိုကောင်းလာသည်ဟု ခံစားမိ၏။

ရှောင်ယွိက ဝမ်းသာအားရဖြင့်…

“စားလို့ကောင်းတယ်မဟုတ်လား ၊ အဲဒါ ယန်မိန်းကလေး ကျွန်မကို တိတ်တိတ်လေးသင်ပေးထားတာ”

ယခုဆိုလျှင် အရွယ်ရောက်ပြီးသူများထဲတွင် သူမအနားချဉ်းကပ်ရဲသူဆို၍ ယန်မိန်းကလေးတစ်ယောက်သာ ရှိသည်။ သို့သော် သူမသည်လည်း တိတ်တဆိတ်သာ ချဉ်းကပ်ရဲသည်။

အခြားသူများသာ သိရှိသွားလျှင် ယန်မိန်းကလေးကို ကျိန်ဆဲကြပြီး ဝိုင်းပယ်ကြမည်မှာ အမှန်ပင်။ ထိုသို့ဖြစ်မည်ကိုတော့ ယန်မိန်းကလေးက ကြောက်ရွံ့လေသည်။

ယောကျ်ားဖြစ်သူ အိမ်တွင်ရှိနေချိန် ယန်မိန်းကလေးက အပြင်သို့ထွက်မလာဲပေ။ ခင်ပွန်းမရှိချိန်မှသာ ရှောင်ယွိကို သင်ပေးဝံ့လေသည်။

ကျန်းလန်က ခေါင်းညိတ်ရင်း ပြုံးလိုက်သည်။

“အင်း… တကယ်အရသာရှိတယ်”

ဟင်းရည်က ယနေ့အမဲလိုက်ရာမှရရှိထားသည့် လတ်ဆတ်သောအသားငြဖ့် ချက်ပြုတ်ထားခြင်းဖြစ်လေရာ အရာသာက အတော်ကောင်းသည်။

ရှောင်ယွိက ဟင်းရည်ထဲမှ အသားများကို ကျန်းလန်ပန်းကန်ထဲ ခပ်ထည့်ပေးရင်း…

“ဒါဆို မနက်ဖန် စီးစီးတို့တွေလာရင်လည်း ချက်တိုက်ဦးမယ် ၊ သူတို့က အရမ်းအစားကြီးတာ”

ရှောင်ယွိက ဟင်းရည်ချက်တိုင်း လျိုတာ့ဟူကို အမြဲတမ်း ပိုကျွေးသည်။ ထိုကောင်လေးက ယောကျ်ားလေးဖြစ်သည့်အတွက် ကောင်မလေးများထက်ပိုပြီး စားနိုင်လေသည်။

ထိုစဉ်…

“ဒေါက် ဒေါက်…”

အိမ်တံခါးခေါက်သံ ကြားလိုက်ရသည်။

ကျန်းလန်က အံ့အားသင့်သွားပြီး…

“ဘယ်သူလဲ”

“ကျုပ်ပါ ညီလေးကျန်း”

ထိုအသံက လျိုတာ့ကျူး၏အသံဖြစ်သည်။ သူ့အသံထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပါဝင်နေသည်။

တစ်ခုခုဖြစ်ပြီဟု ကျန်းလန်စိတ်ထဲ အတွေးရောက်လာသည်။

ကျန်းလန်တံခါးဖွင့်လိုက်တော့ အလွန်တရာ စိတ်ရှုတ်ထွေးနေဟန်ရှိသည့် လျိုတာ့ကျူးကို တွေ့လိုက်ရသည်။

ကျန်းလန်က…

“အစ်ကိုကြီးလျို ၊ ဘာများဖြစ်လို့လဲ”

အစ်မကြီးလျိုလည်း လျိုတာ့ကျူးနှင့်အတူ လိုက်လာသည်။ သူမက ပြောစရာတစ်ခုခု ရှိနေဟန်တူသော်လည်း ထိန်းချုပ်ထားသည်။

လျိုတာ့ကျူးက…

“ရှောက်ဟူနဲ့ တခြားကလေးနှစ်ယောက် မင်းတို့နဲ့အတူ ရှိသလား”

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…

“မရှိဘူး ၊ သူတို့ဘာဖြစ်လို့လဲ”

လျိုတာ့ကျူးက…

“ကလေးတွေ ပျောက်နေလို့ကွာ ၊ သူတို့ဦးလေးအိမ်မှာ ကစားနေတယ်ထင်တယ် ၊ ဒါပေမဲ့ အဲဒီမှာလည်း မရှိဘူး”

ရှောင်ယွိက…

“မနက်က သူတို့ကို တွေ့လိုက်တယ် ၊ ကို့တန်းနဲ့ကစားမလို့ အစ်မကြီးကျိုးအိမ်ကိုသွားမယ်ပြောတယ်”

ကျန်းလန်က အဝတ်အစားများကိုဝတ်ကာ ကလေးများကို ရှာဖွေရန် အသင့်ပြင်လိုက်သည်။

“အစ်ကိုကြီးလျို ၊ အရမ်းစိတ်မပူပါနဲ့ ၊ အခု မမှောင်သေးဘူး ၊ နှင်းထဲမှာ ပိတ်မိနေတာ ၊ ဒါမှမဟုတ်တောထဲမှာ လမ်းပျောက်နေကြတာ ဖြစ်နိုင်တယ်”

ထိုအချိန် လျိုအာ့ကျူး အပြေးရောက်လာသည်။

“အစ်ကိုကြီး ၊ ကျုပ်မေးပြီးပြီ ၊ ကျိုးအိမ်က ကို့တန်းက နေ့လည်လောက်က သူတို့အတူတူကစာနေတယ်လို့ ပြောတယ် ၊ ပြီးတော့ တောထဲမှာ သစ်သီးတွေသွားခူးမယ်ဆိုပြီး ထွက်သွားတယ်တဲ့”

ထိုစကားကိုကြားတော့ အစ်မကြီးလျိုက ချက်ချင်းမေးသည်။

“သူတို့ တောထဲကို ဘယ်လမ်းက သွားမှာတဲ့လဲ”

လျိုအာ့ကျူးက ခေါင်းခါယမ်းလိုက်ရင်း…

“အဲဒတော့ ကို့တန်းကလည်း မသိဘူးလို့ ပြောလိုက်တယ်”

အစ်မကြီးလျိုက…

“ဒါဆို ကလေးတွေ အခု နှင်းတောထဲ ပိတ်မိနေလောက်ပြီ”

ထို့နောက် ကလေးများကို ချက်ချင်းရှာဖွေရန် ဟန်ပြင်ကြတော့သည်။

လျိုတာ့ကျူးက…

“ညီလေးကျန်း ၊ မင်းလည်း အချိန်ရရင် ကူရှာပေးပါဦးကွာ”

ကျန်းလန်က ခေါင်းညိတ်လိုက်သည်။

“ရှာပေးမှာပေါ့ဗျာ”

အစ်မကြီးလျိုက ရှောင်ယွိကို သံသယဝင်နေသော်လည်း သူမက ထိန်းချုပ်ထားပြီး ကျယ်ကျယ်လောင်လောင် မပြောဆိုခဲ့ပေ။

လျိုတာ့ကျူးတို့အုပ်စု ပြန်သွာကြသည်နှင့် ရှောင်ယွိက ကျန်းလန်ကို ချက်ချင်းပြောလိုက်သည်။

“သစ်သီးတွေပေါတဲ့ တောအုပ်တွေက များသောအားဖြင့် ရွာရဲ့ တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ ရှိတယ် ၊ ကျွန်မက မြောက်ပိုင်းကိုသွားရှာမယ် ၊ ယောကျ်ားက တောင်ပိုင်းကိုသွား”

ကျန်းလန်ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ”

ဤကလေး (၃)ယောက်သည် ရှောင်ယွိအတွက် အလွန်ရေးပါလေသည်။ ထို့ကြောင့် သူမသည်လည်း အေးအေးဆေးဆေး မနေနိုင်ဘဲ ဝင်ရောက်ရှာဖွေရသည်။

လျိုတာ့ကျူးနှင့် အခြားသူများ ပတ်ဝန်းကျင်တွင် ရှာဖွေနေကြစဉ် ကျန်းလန် ရွာတောင်ဘက်သို့ ထွက်ခွာလာခဲ့သည်။ ရှောင်ယွိကတော့ ရွာမြောက်ဘက်သို့ ထွက်ခွာသွားလေသည်။

နှင်းများက ဆက်တိုက်ကျနေပြီး သိပ်သည်းထူထပ်လျှက် ရှိသည်။

နှင်းတောထဲ တစ်ယောက်တည်းသွားရသည်မှာ အလွန်အန္တရယ်မျာသည်။ ယခုတစ်ကြိမ်တော့ ကျန်းလန်က သာမန်လူတစ်ယောက်လို လမ်းလျှောက်မသွားတော့ဘဲ တန်ခိုးစွမ်းအားအသုံးပြုကာ နှင်းတောထဲတွင် ပျောက်ကွယ်သွားသည်။

သူက အရှေ့ဆီမှ တောအုပ်ကိုတစ်ချက်ကြည့်လိုက်ပြီး တောင်ပေါ်သို့ ဆက်တက်သွားသည်။

နောက်ဆုံးတော့ ခေါင်းခါယမ်းလိုက်ရင်း…

“ဒီဘက်မှာတော့ မရှိဘူး ၊ ရှောင်ယွိဘက်မှာ ရှိမယ်ထင်တယ်”

သေမျိုးလူသားလောကတွင် အခါးသက်ဆုံးအရာက အဘယ်နည်း။

လူတစ်ယောက်၏ စေတနာမေတ္တာကိုနားလည်ပြီး ပြန်လည်ပေးဆပ်လိုသည့်အချိန်တွင် ထိုသူက အနားတွင်မရှိတော့သည့် အခြေနေမျိုးဖြစ်လေသည်။ ဘာတွေပဲလုပ်နေပါစေ အသုံးဝင်မည် မဟုတ်တော့ပေ။ ဤသည်က ဘဝတွင် ဖျောက်ဖျက်မရသည့် နာကျင်မှုဖြစ်လေရာ ထိုသို့ မဖြစ်စေရန် ရှောင်ရှားရမည် ဖြစ်သည်။

ကျန်းလန်က ချက်ချင်းပင် တန်ခိုးစွမ်းအားအသုံးပြုကာ မြောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ပျက်စီးနေသည့် နတ်ကွန်းတစ်ခုထဲတွင် လဲကျနေသည့် ကလေး (၃)ယောက်ကို ကျန်းလန် တွေ့မြင်လိုက်ရသည်။ ထို့နောက် ကျန်းလန် အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

ကလေးများကို တွေ့ရှိခဲ့ပြီ ဖြစ်လေသည်။

***

ရှောင်ယွိကလည်း တန်ခိုးစွမ်းအားအသုံးပြုကာ ထွက်ခွာသွားပြီး နှေးကွေးခြင်း မရှိပေ။ သူမ အာရုံခံလိုက်သည့်အခါ ကလေးများက ရွာနှင့် အလွန်နီးသည့် နေရာတွင် ရှိနေကြောင်း သိလိုက်သည်။

ကောင်းကင်က မှောင်စပျိုးလာပြီဖြစ်ပြီး ပျက်စီးနေသည့် နတ်ကွန်းတစ်ခုဆီသို့ ရှောင်ယွိရောက်လာသည်။ နတ်ကွန်းထဲတွင် ကလေး (၃)ယောက် လဲကျလျှက် ရှိသည်။

“ဒါက သာမန်အအေးဒဏ် မဟုတ်ဘူးပဲ”

ရှောင်ယွိက နတ်ကွန်းထဲသို့ ဝင်ပြီး ကလေးများအနားတွင် ထိုင်ချလိုက်သည်။ ကလေးများ အန္တရယ်ကင်းသွားပြီဖြစ်ကြောင်း သူမ သိလိုက်သည်။

သူတို့လေးများ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ကြောက်မက်ဖွယ်ရာ ရောင်ဝါတစ်ခု လှည့်ပတ်နေသည်။ စိုးရိမ်စရာ ကြီးကြီးမားမား မရှိသော်လည်း ကလေးငယ်များကို အပြင်းအထန် ဖျားစေနိုင်လေသည်။

ရှောင်ယွိက လက်ကိုဆန့်ထုတ်လိုက်ပြီး သူမလက်မှ မီးတောက်များ ထွက်ပေါ်လာသည်။ သူမ၏ အစစ်အမှန် နဂါးတန်ခိုးစွမ်းအားကို အသုံးပြုခြင်းအားဖြင့် ကလေးများ၏ ခန္ဓာကိုယ်ထက်မှ မိစ္ဆာရောင်ဝါကို ဖယ်ရှားပစ်နိုင်မည်ဖြစ်သည်။

ရှောင်ယွိ၏ နဂါးလက်သည်းများ ထွက်ပေါ်လာပြီး မီးတောက်များက ကြောက်မက်ဖွယ်ရာ တောက်လောင်လာသည်။ မီးတောက်က ကလေး (၃)ယောက်ကို ရစ်ပတ်ထားသည့် မိစ္ဆာရောင်ဝါကို လောင်ကျွမ်းသွားသည်။

ထိုအခါမှ ကလေးငယ် (၃)ယောက်မှာ အနည်းငယ် သက်သာလာပြီး လှုပ်ရှားလာကြသည်။ ရှောင်ယွိလည်း သူမလက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

ထိုစဉ်…

“ချွင်…”

အပြင်ဘက်မှ အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသဖြင့် ရှောင်ယွိ ထိတ်လန့် တုန်လှုပ်စွာဖြင့် အပြင်သို့ လှမ်းကြည့်လိုက်သည်။

သို့သော် ထူထဲသည့် နှင်းလွင်ပြင်ကြီးမှလွဲပြီး မည်သည့်အရာကိုမှ မတွေ့မြင်ရပေ။

သူမကို တစ်စုံတစ်ယောက် တွေ့သွားသည်လား။ ရှောင်ယွိ အနည်းငယ် စိတ်ပူသွားသည်။

ထိုအချိန် လျိုရှောင်ရှောင်၏အသံ ထွက်ပေါ်လာသည်။

“အစ်ကိုကြီးဟူ ၊ ငါ အရမ်းချမ်းတာပဲ”

လင်စီးစီးကလည်းအော်သည်။

“အစ်ကိုကြီးဟူ ၊ ငါလည်းချမ်းတယ်”

လျိုရှောက်ဟူက ပြန်အော်သည်။

“ငါ့အင်္ကျီကိုမဆွဲနဲ့ ၊ ငါလည်းချမ်းလို့ သေတော့မယ်”

ထိုအချိန် လျိုရှောင်ရှောင်က မျက်လုံးများဖွင့်ကြည့်လိုက်ရာ ရှောင်ယွိကို တွေ့လိုက်ရသည်။

“ဟမ်… ဒေါ်လေးကျန်း ၊ ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ ၊ အရမ်းချမ်းတာပဲ ၊ သမီးကို အမြန်ဖက်ထားပေး”

သူမက ရှောင်ယွိထံ ပြေးလာပြီး ပွေ့ဖက်လိုက်သည်။

ရှောင်ယွိက ကလေး (၃)ယောက်ကို ဆူပူလိုက်သည်။

“နင်တို့တွေ ဘာလို့ လျှောက်သွားရတာလဲ ၊ ပြီးတော့ အိမ်ကို အချိန်မီပြန်မလာဘူး”

လျိုရှောက်ဟူက…

“သားတို့က ဒေါ်လေးကျန်းစားဖို့ သစ်သီးတွေ သွားခူးတာပါ ၊ လမ်းရောက်မှ နှင်းတွေက ကျလာတာ ၊ အဲဒီလိုဖြစ်မယ်လို့ ဘယ်လိုထင်မှာလဲ ၊ အဲဒါနဲ့ ဒီနေရာမှာ ခဏဝင်ခိုရင်း အိပ်ပျော်သွားတာ”

“နောက်တစ်ခါဆိုရင် နှင်းကျတာနဲ့ အိမ်ကိုသာ တန်းပြန် ၊ မင်းတို့ နှင်းတောထဲမှာ အိပ်လို့မရဘူးဆိုတာ သိထားစမ်းပါ”

ရှောင်ယွိက သူတို့ကိုထပ်ပြီး ဆူပူလိုက်သည်။

လျိုရှောက်ဟူက…

“ကောင်းပါပြီ ဒေါ်လေးကျန်း ၊ ဒေါ်လေးကလည်း အမေ့လိုပဲ ဗျစ်တောက်ဗျစ်တောက်နဲ့”

လင်စီးစီးက…

“ဒေါ်လေးကျန်းက စေတနာနဲ့ပြောတာကို အစ်ကိုကြီးဟူက နားမလည်ဘူး ၊ နောက်တစ်ခါ သူ့ကို သကြားလုံးပေးမယ့်အစား သမီးကိုပဲပေးပါ”

လျိုရှောင်ရှောင်က ပျော်ရွှင်စွာဖြင့်…

“သူ့ကိုမပေးနဲ့ ၊ သမီးကိုပေး ၊ သမီးကိုပေး”

လျိုတာ့ဟူမှာ အနိုင်ကျင့်ခံရသကဲ့သို့ ခံစားရပြီး ငိုတော့မလိုဖြစ်သွားသည်။

“ငါ့သကြားလုံးကို နင်တို့နှစ်ယောက်ကို ဘာလို့ ပေးရမှာလဲ”

***

ကလေး (၃) ယောက်ကို ပြန်တွေ့ပြီ ဖြစ်သည်။

နှင်းတောထဲတွင် ပိတ်မိနေခဲ့ကြသည့် ကလေး (၃)ယောက်မှာ အိမ်ပြန်ရောက်တော့လည်း ဆော်ပလော်အတီးခံလိုက်ကြရသည်။

ရှောင်ယွိကတော့ အလွန်ပျော်ရွှင်နေဟန်ဖြင့် အိမ်ပြန်ရောက်လာသည်။

ကျန်းလန်က…

“အသားဟင်းရည်ကျန်သေးလား”

ရှောင်ယွိက ရယ်မောလိုက်ရင်း…

“ကျန်သေးတယ် ၊ ဒါနဲ့ မနက်ဖန် အဲဒီကလေးတွေ ထပ်ပြီးခိုးထွက်သွားရင် ဘယ်လိုလုပ်မလဲ”

ကျန်းလန်က မည်သည့်စကားမှ မပြောတော့ပေ။ နောက်ကျနေပြီဖြစ်ရာ အနားယူရန် အချိန်တန်ပြီ ဖြစ်သည်။

ရုတ်တရက် ရှောင်ယွိ၏ ပျော်ရွှင်မှုများက အနည်းငယ်မှေးမှိန်သွားပြီး…

“ယောကျ်ား ၊ ကျွန်မ နဂါးလက်သည်းတွေထုတ်လိုက်တာကို တစ်ယောက်ယောက် တွေ့သွားတယ်ထင်တယ်…”

အကြေးခွံကိစ္စနှင့်ပင် အတော်လေးပြဿနာတက်သည်ဖြစ်ရာ လက်သည်းချွန်များကိုသာ တွေ့မြင်လိုက်ရပါက ထိတ်လန့်သွားမည်မှာ အသေအချာပင် ဖြစ်သည်။

အထူးသဖြင့် သူမက လက်သည်းချွန်များကို အသုံးပြုပြီး ကလေး (၃)ယောက်၏ ဝိညာဉ်ကို စုပ်ယူနေသည်ဟု ထင်မှတ်သွားလျှင် မည်သို့ရှိမည်နည်း။

ကျန်းလန်က ရှောင်ယွိ၏ ခေါင်းလေးကို အသာပုတ်လိုက်ရင်း သူမကို နှစ်သိမ့်လိုက်သည်။

“နှင်းတွေကျနေလို့ မနက်ဖန် အမဲလိုက်မထွက်ဘူး ၊ နောက်ထပ် ဘာသတင်းတွေထွက်လဲဆိုတာသိရဖို့ ကိုယ်တို့ ရွာထဲလျှောက်ကြည့်ကြမယ်လေ”

ရှောင်ယွိ ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ် ကောင်းတယ်”

***

နောက်တစ်နေ့။

ကျန်းလန်နှင့် ရှောင်ယွိ ရွာထဲသို့ထွက်လာကြသည်။ ရွာသူရွာသားများ၏ အကြည်များက သူတို့နှစ်ယောက်အပေါ် အရင်ကလောက် ဆိုးရွားခြင်း မရှိတော့ပေ။

သို့သော် ရွာထဲမှ လူငယ်တစ်ယောက်ကတော့ မြို့တွင်အလုပ်လုပ်ရန် ရွာမှထွက်ခွာသွားသည်ဟု သတင်းရသည်။ မနေ့ညက သူမကို တွေ့မြင်သွားသူမှာ ထိုသူ ဟုတ် မဟုတ် ရှောင်ယွိ သိချင်မိသည်။ ထိုလူငယ်က သူမကိုကြောက်ရွံ့သည့်အတွက် ရွာမှ တိတ်တဆိတ်ထွက်ခွာသွားရန် ရွေးချယ်ခဲ့သည်လား။

ကျန်းလန်လည်း ဇဝေဇဝါဖြစ်သွားသည်။

“အင်း… အဲဒါဖြစ်နိုင်တယ်”

နောက်ရက်များတွင်တော့ ရွာ၏သဘောထားက ရှောင်ယွိအပေါ် အနည်းငယ်ပြောင်းလဲလာလေရာ သူမ များစွာစိတ်သက်သာရာရလာခဲ့သည်။

သားငါးဈေးချိန်ရောက်သည့်အခါမှာတော့ လူတိုင်းက ဆောင်းရာသီအတွက် ရိက္ခာများ ဝယ်ယူကြသည်။ နောက်လတွင် ဆောင်းဝင်တော့မည် ဖြစ်လေရာ ယခု သားငါးဈေးက ရွာအတွက် နောက်ဆုံးအကြိမ် သားငါးဈေး ဖြစ်သည်။

နှင်းများက အဆက်မပြတ်ကျဆင်းနေပြီဖြစ်လေရာ လမ်းများအားလုံး နှင်းများဖုံးလွှမ်းနေသဖြင့် မြို့သို့တက်ရန်လည်း မဖြစ်နိုင်တော့ပေ။

ရှောင်ယွိက…

“တုတ်ထိုးသကြားလုံးတွေ ဝယ်ချင်တယ်”

ကျန်းလန်က…

“ဝယ်လေ ၊ တုတ်ထိုးသကြားလုံး မစားရတာလည်း ကြာနေပြီ မဟုတ်လား”

ရှောင်ယွိက တုတ်ထိုးသကြားလုံး (၄)ချောင်း ဝယ်လိုက်သည်။ တုတ်ထိုးသကြားလုံးများက အလွန်ဈေးကြီးလေသည်။

အပြန်လမ်းတွင်တော့ ရှောင်ယွိက တုတ်ထိုးသကြားလုံးတစ်ချောင်းကို ထက်ဝက်ပိုင်းလိုက်ပြီး…

“ယေကျ်ား ၊ တစ်ယောက်တစ်ဝက်စားမယ်”

ကျန်းလန် : “……”

ကျန်ရှိသည့် တုတ်ထိုးသကြားလုံး (၃)ချောင်းကတော့ ကလေးများအတွက် ဖြစ်သည်။

ရွာသို့ပြန်ရောက်သည်နှင့် ရှောင်ယွိက ကလေး (၃)ယောက် ရောက်လာမည့်အချိန်ကို စောင့်နေလေသည်။ သို့သော် ကလေးများက တော်တော်နှင့် ရောက်မလာလေရာ တုတ်ထိုးသကြားလုံးများ အရသာပျက်စီးသွားမည်ကို သူမ စိုးရိမ်လာမိသည်။

သို့သော် ညနေပိုင်းတွင်တော့ ကလေး (၃)ယောက် ရောက်လာကြသည်။

လျိုရှောင်ရှောင်က စိတ်လှုပ်ရှားနေဟန်ဖြင့်…

“ဒေါ်လေးကျန်း ၊ သမီးတို့ ရောက်ပါပြီ”

ရှောင်ယွိက လျှို့ဝှက်သည့်အပြုံးတစ်ခုကို ပြုံးလိုက်ရင်း…

“ဒီနေ့ ဘာဝယ်လာလဲဆိုတာ မှန်းကြည့်စမ်း”

“တုတ်ထိုးသကြားလုံး”

“တုတ်ထိုးသကြားလုံး”

“တုတ်ထိုးသကြားလုံး”

ရှောင်ယွိ : “……”

သူမ အံ့အားသင့်သွားပြီး…

"မင်းတို့ ဘယ်လိုသိတာလဲ"

လျိုရှောက်ဟူက…

“ဦးလေးကျန်းက တိတ်တိတ်လေးပြောသွားတာ ၊ မလွဲနိုင်ဘူးလေ”

“ဒါဖြင့်လည်း ပေးရတော့မှာပေါ့”

ရှောင်ယွိက ကလေးများအတွက် တုတ်ထိုးသကြားလုံး တစ်ယောက်တစ်ချောင်းစီ ဝေငှပေးလိုက်သည်။

ကလေး (၃)ယောက်သား ရွှင်မြူးသွားကြသည်။

သို့သော် တုတ်ထိုးသကြားလုံးများ မစားရသေးခင်မှာပင် ကလေး (၃)ယောက် ရှောင်ယွိဆီရောက်နေသည်ကို အစ်မကြီးလျို သိရှိသွားတော့သည်။

သူမက ချက်ချင်းပင် ကလေးများကို လာခေါ်တော့၏။

“ဒီကလေးတွေကတော့လေ ၊ တစ်နေ့တခြား ရဲတင်းလာကြတယ်”

ကလေး (၃)ယောက်က တုတ်ထိုးသကြားလုံးများကို ချက်ချင်းဝှက်လိုက်ကြသော်လည်း အချိန်မမီဘဲ မိသွားလေသည်။

အစ်မကြီးလျိုက…

“မင်းတို့တွေ ဘာစားကြတာလဲ”

လျိုရှောင်ရှောင်က ချက်ချင်းပင် ငြင်းလိုက်သည်။

“ဒါက တုတ်ထိုးသကြားလုံးတွေ မဟုတ်ပါဘူး”

လျိုတာ့ဟူက…

“ဟုတ်တယ် ၊ ဒါက အစားအသောက်မဟုတ်ပါဘူး”

လင်စီးစီးက ဆက်ပြောသည်။

“ဒါက ဒေါ်လေးကျန်းပေးလိုက်တာလည်း မဟုတ်ပါဘူး”

အစ်မကြီးလျိုက ဒေါသတကြီးဖြင့် ကလေး (၃)ယောက်ကို ဆွဲခေါ်သွားရင်း…

“နေ့တိုင်း စားဖို့ပဲ ချောင်းနေတဲ့ဟာတွေ ၊ နင်တို့တွေ ကြာရင် ဗိုက်နာလိမ့်မယ်”

ရှောင်ယွိမှာ မြင်ကွင်းကိုငေးကြည့်ရင်း အံ့သြဝမ်းသာသွားသည်။

ကျန်းလန် အပြင်မှ ပြန်လာသည့်အခါ ရှောင်ယွိ အလွန်ပျော်ရွှင်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းလန်က ပြုံးလိုက်ရင်း…

“ဘာလို့ပျော်နေတာလဲ”

“ယောကျ်ားရေ ၊ ဒီနေ့ ပျော်စရာတစ်ခုရှိတယ်သိလား”

သူမက ကျန်းလန်ဆီသို့ ပြေးလာသည်။ သူမ၏ ပျော်ရွှင်မှုကို ကျန်းလန်နှင့်အတူ မျှဝေရန် စိတ်အားထက်သန်လျှက် ရှိသည်။

“ဒီနေ့လေ ရှောက်ဟူတို့စားဖို့ တုတ်ထိုးသကြားလုံးတွေ ပေးလိုက်တာ အစ်မကြီးလျို သိသွားတယ် သိလား ၊ သူက ရှောက်ဟူတို့ကို ဆွဲခေါ်သွားပေမယ့် ကျွန်မပေးလိုက်တဲ့ တုတ်ထိုးသကြားလုံးတွေကို လွှင့်မပစ်ဘူး”

ကျန်းလန်က…

“အဲဒါကို ဒီလောက်ပျော်နေတာလား”

ရှောင်ယွိက ပျော်ရွှင်စွာဖြင့် ခုန်ပေါက်လိုက်ရင်း…

“ဒါပေါ့ ၊ ရှင် နားမလည်ဘူး မဟုတ်လား ၊ ရှင်က အင်မော်တယ်တစ်ယောက်ဆိုတော့ လူသားတွေရဲ့ စိတ်ခံစားချက်ကို နားမလည်နိုင်တာ မဆန်းပါဘူး”

ကျန်းလန်က စကားများစွာမပြောတော့ဘဲ ရှောင်ယွိ ပျော်ရွှင်နေသည်ကိုသာ ငေးကြည့်နေခဲ့သည်။

***

ထိုသို့ဖြင့် နေ့ရက်များ ကုန်ဆုံးသွားသည်။

ရံဖန်ရံခါ နှင်းကျနေပြီဖြစ်သောကြော့် အမဲလိုက်ရန် မလွယ်ကူတော့ပေ။

ရှောင်ယွိက ရွာထဲမှ မိသားစုများထံသို့ အသားခြောက်များ ပို့ပေးရန် ဆုံးဖြတ်လိုက်သည်။ အားလုံး ဆောင်းရာသီကိုဖြတ်သန်းရလေရာ စားစရာများလေလေ နွေးထွေးမှု ပိုမိုရရှိလေပဲ ဖြစ်သည်။

တစ်နေ့နေ့မှာတော့ ဤရွာမှလူများ သူမကို လက်ခံလာမည်ဟု ယုံကြည်လေသည်။

သူမက အသားခြောက်များကို ယူပြီး ရွာထိပ်ကွင်းပြင်ဆီသို့ ရောက်လာသည်။

“ကျွန်မအိမ်မှာ အသားခြောက်တွေ ပိုလုပ်ထားလို့ လာပေးတာပါ”

အမျိုးသမီးများမှာ ထိတ်လန့်သွားကြပြီး သူမအနားသို့ မကပ်ရဲကြပေ။

အစ်မကြီးလျိုက…

“အနားမလာနဲ့ ၊ အဲဒီအသားတွေကို အောက်ချထား”

ရှောင်ယွိက အသားခြောက်များကို ချထားလိုက်ပြီး တစ်နေရာတွင် ပုန်းအောင်းကာ ချောင်းကြည့်နေလိုက်သည်။

အမျိုးသမီးတစ်ယောက်က…

“အဲဒီအသားတွေ ဒီအတိုင်းပစ်ထားလိုက်စမ်းပါ ၊ တော်ကြာ မိစ္ဆာက အဆိပ်ခတ်မှဖြင့်…”

နောက်တစ်ယောက်က…

“ဟုတ်ပ ဟုတ်ပ”

ယန်မိန်းကလေးကတော့ မည်သည့်စကားမှ မပြောဝံံ့ဘဲ ငြိမ်သက်နေလေသည်။

အစ်မကြီးလျိုက ရုတ်တရက် မေးလိုက်သည်။

“သူက တစ်ယောက်ယောက်ကို နာကျင်အေင်လုပ်မယ်လို့ ထင်သလား”

အစ်မကြီးကျိုးက…

“လူတွေကို ဒုက္ခမပေးတဲ့ မိစ္ဆာရယ်လို့ ရှိလို့လား”

အစ်မကြီးလျိုက…

“ဒါပေမဲ့ သူက မိစ္ဆာမဟုတ်ရင် ဘယ်လိုလုပ်မလဲ ၊ ပြီးတော့ လူားတစ်ယောက်ကို ချစ်ကြိုက်မိလို့ လူ့လောကထဲလိုက်လာတဲ့ အင်မော်တယ်မိန်းမပျိုတွေလည်း ရှိတယ်လို့ ကြားဖူးတယ် ၊ ငါတို့ သူ့ကို အထင်လွဲနေကြတာများလား ၊ သူသာ လူတွေကို ဒုက္ခပေးချင်တယ်ဆိုရင် ယန်မိန်းကလေး မြစ်ထဲပြုတ်ကျတုန်းက ကယ်တင်မှာမဟုတ်ဘူးလေ”

ယန်မိန်းကလေးက…

“အမှန်ပဲ ၊ သူတို့လင်မယား ရွာမှာနေတာ လနဲ့ချီပြီးကြာနေပြီ ၊ သူတို့သာ ကျွန်မတို့ကို အန္တရယ်ေးချင်တယ်ဆိုရင် ခဏလးနဲ့ အန္တရယ်ပေးမှာပေါ့ ၊ ဒီလောက်အကြာကြီး ဘယ်စောင့်နေမှာလဲ ၊ ပြီးတော့ သူ့လက်ပေါ်က အကြေးခွံတွေကို တွေ့လိုက်ရတာကလည်း ကျွန်မကိုကယ်လို့ ဖြစ်သွားတာ”

အစ်မကြီးဝူက…

“ဒါဖြင့် သူပေးတဲ့အသားတွေကို မင်းတို့တွေ စားရဲရင် ယူကြပေါ့”

သူမကတော့ ယုံကြည်ခြင်း မရှိသေးပေ။

အစ်မကြီးလျိုက…

“ယောက်ျားတွေ အမဲလိုက်ရတာ လွယ်တာမဟုတ်ဘူး ၊ စဉ်းစားကြည့်လေ ၊ ဆောင်းတွင်းကို ဖြတ်ကျော်ဖို့ဆိုတာ ပိုလို့တောင်မလွယ်ဘူး ၊ ဘာပဲဖြစ်ဖြစ် ငတ်ပြီးသေတာထက်တော့ ပိုကောင်းမှာပေါ့”

အားလုံးခဏမျှ တုံ့ဆိုင်းသွားကြသည်။ အသားများများ စားခြင်းက ဆောင်းတွင်းတွင် အသက်ရှင်သန်ရန် အခွင့်အလမ်းကို ပိုမိုများပြားစေသည်။ တကယ်တမ်းငတ်မွတ်သည့်အခါ မည်သည့်အစားအသောက်ကို စားသောက်ရပါစေ အရေးမပါတော့ပေ။

နောက်ဆုံးတွင် ရှောင်ယွိပေးသည့် အသားများကို မည်သူမှ မယူကြသော်လည်း ရှောင်ယွိကတာ့ ပြုံးနေခဲ့လေသည်။

နေက်တစ်ခါဆိုလျှင် အသားထဲတွင် အဆိပ်ခတ်မထားကြောင်းသေချာစေရန် ကျန်းလန်ကို စမ်းသပ်ခိုင်းရမည်လားဟု သူမ တွေးမိသည်။

သို့သော် ဤသည်က ရယ်စရာကောင်းသည်။ သူမက အစကတည်းက အဆိပ်မခတ်ခဲ့လေရာ သက်သေပြစရာလည်း မလိုအပ်ခဲ့ပေ။

သူမက မိစ္ဆာဖြစ်နေလျှင်တောင်မှ ထိုသူများကို လက်ခံစေချင်သည်။ အရမ်းခက်ခဲမည်ကို သူမ သိရှိလေသည်။ လူတစ်ယောက်ရင်ထဲမှ အမုန်းတရားနှင့် ကြောက်စိတ်က လွယ်လွယ်နှင့် ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ထို့ပြင် နောင်တစ်ချိန် ရွာတွင် ဘေးအန္တရယ်တစ်ခုခု ဖြစ်ပါက အားလုံးက သူမကို သံသယဝင်ကြမည် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူမကတော့ ကြိုးစားကြည့်ချင်လေသည်။

ရက်များစွာကြာလာသည်နှင့်အမျှ အစ်မကြီးလျိုက ကလေး (၃)ယောက်အပေါ် သိပ်ပြီး မတင်းကျပ်တော့ပေ။ ကလေများ သူမထံသို့ ပွင့်ပွင့်လင်းလင်းပင် လာရောက်နိုင်ကြသည်။

ရံဖန်ရံခါ အစ်မကြီးလျိုက သူမ မသိသောအရာများကိုပင် သင်ပြပေးတတ်သည်။ အချို့သူများကလည်း သူမပေးသည့် အသားများကို စတင်လက်ခံလာကြသည်။

အကြောင်းရင်းကတော့ သူမထားခဲ့သည့်အသားကို ခွေးတစ်ကောင်က စားခဲ့သော်လည်း မည်သည့်ဘေးအန္တရယ်မှ မဖြစ်ဘဲ နေကောင်းနေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

အရာအားလုံးက အဆင်ပြေနေခဲ့ပြီး ရှောင်ယွိသည်လည်း နေ့တိုင်းပြုံးပျော်နေခဲ့သည်။

ရှောင်ယွိ ပျော်ရွှင်နေသည်ကိုကြည့်ပြီး ကျန်းလန်၏ရင်ထဲတွင်လည်း ဖော်မပြနိုင်သည့် ပျော်ရွှင်မှုကို ခံစားရသည်။ ရှောင်ယွိ၏ အပြုံးလေးများက ဆောင်းရာသီတွင် နေရောင်ခြည်ကို တွေ့မြင်ရသလို သူ့ဘဝကို နွေးထွေးစေလေသည်။

***

အခြားဘက်တွင်တော့…

လျိုအာ့ကျူးနှင့်အဖွဲ့မှာ တောအုပ်ထဲတွင် ထိုင်နေကြသည်။ သူတို့အားလုံး မျက်မှောင်များကြုတ်ထားပြီး တစ်စုံတစ်ခုကို ဆွေးနွေးနေကြဟန် ရှိသည်။

“အခု ကျုပ်တို့ဘာလုပ်ရမလဲ ၊ အိမ်ကမိန်းမတွေက ဟိုလင်မယားနဲ့ အဆင်ပြေကုန်ပြီလေ”

***

All Chapters