အခန်း (၄၆၁-၄၆၅)
Vol. 19 Ch. 461-465
အပိုင်း(၄၆၁) ဝိဥာဉ်အမျိုးအစား လက်နက်
လက်နက်တွေကို အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်တွေအား စောင့်ကြပ်ခိုင်းခဲ့ပါတယ်။ ထိုအဆင့် ပညာရှင်တွေကပဲ အခြားသူတွေ သူတို့လက်နက်တွေအား လာရောက်လုယူမှာကို ဟန့်တားကောင်း ဟန့်တားနိုင်ပါလိမ့်မယ်။
ဒါပေမယ့် ဒီအနည်းအတိုင်း လုပ်မယ်ဆိုရင် သူတို့ အသုံးပြုနိုင်တဲ့ ပညာရှင်အရေအတွက်က ငါးယောက်အထိ လျော့ကျသွားပါလိမ့်မယ်။
ဒါပေမယ့် တတိယအသုတ် ဖြစ်ရပ်ကြောင့် အဖွဲ့၆ခုကြားက အင်အားက ချိန်ခွင်လျှာ မညီမျှတော့ပါဘူး။ ရန်ခန်းနဲ့ ကျန်တဲ့ သခင်လေးတွေသာ လက်ရှိ အခြေအနေကို ဖြေရှင်းဖို့အတွက် သူတို့မှာရှိသမျှ အကုန်ကို မပုံအောခဲ့ရင် အချိန်တွေ ကြာလာတာနဲ့ သူတို့တွေက အောက်စည်း ရောက်သွားမှာ ဖြစ်သလို့ သူတို့ရနိုင်တဲ့ အကျိုးအမြတ်တွေကလည်း နည်းသထက် နည်းသွားမှာပါ။
ရန်ကိုင် မျက်မှောင် ကြုံ့လိုက်ပြီး သူ့ရဲ့ လက်ရှိ အားသာချက်ကို ဘယ်လို အကျိုးရှိရှိ အသုံးချရမလဲ ဆိုတာကို စဉ်းစားတွေးတောလိုက်တယ်။
သိပ်မကြာခင်မှာပဲ လေးသုတ်မြောက် လက်နက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ပါဘူး။ စိတ်ဝိဥာဉ် အစီအရင် တောက်ပသွားပြီး ရေကန်အောက်ခြေကနေ လက်နက်တွေ ထွက်ပေါ်လာတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ဘယ်သူကမှ မဆင်မခြင် မလှုပ်ရှားရဲတော့ပါဘူး။ လူပေါင်းများစွာက လက်နက်တွေဆီ ပြေးဝင်သွားပေမယ့် လက်နက်တွေဆီက တိုက်ခိုက်မှုတွေ ကိုတော့ သတိထားနေခဲ့ပါတယ်။
အားလုံးက ရန်သူရဲ့ လှုပ်ရှားမှုတွေကို သတိချပ်ထားရုံ မကလို့ လက်နက်တွေက တန်ပြန်တိုက်ခိုက် လာမှာကိုလည်း သတိချပ်ထားခဲ့ပါတယ်။ တကယ်တော့ နည်းနည်းလေး ဂရုမစိုက်မိရင် မရဏလမ်း မြန်းသွားရနိုင်တာကိုး။
အဖွဲ့၆ခုက ကျင့်ကြံသူတွေ အကုန်လုံး ကန်ရေပြင်အလယ်ဆီ ရောက်ရှိသွားတဲ့အချိန် အားလုံး ရုတ်တရက် ရပ်တန့်လိုက်ကြတယ်။ ဘယ်သူကမှ အခြားတစ်ယောက်အတွက် လမ်းရှင်းပေးတဲ့ လူတစ်ယောက် မဖြစ်ချင်ကြပါဘူး။ ထို့ကြောင့် အားလုံးက တစ်ဖက်လူ အရင်စလှုပ်ရှားမှာကို စောင့်ဆိုင်းနေခဲ့ကြတယ်။ စောင့်ဆိုင်းနေရင်းနဲ့ လက်နက်တွေထဲမှာ ချိတ်ပိတ်ထားတဲ့ တိုက်ခိုက်မှုတွေက ဘယ်လိုလုပ်နိုင် ချိတ်ပြေနိုင်လဲ ဆိုတာကို စဉ်းစားရင်း ဖြစ်လာနိုင်ချေတွေကို ဘယ်လို ကိုင်တွယ်ရင် ကောင်းမလဲ ဆိုတာကို ကြိုတင် စဉ်းစားနေခဲ့ကြတယ်။
အခြေအနေက မတိုးသာ မဆုတ်သာ အခြေအနေသို့ ရုတ်တရက်ကြီး ရောက်သွားခဲ့တယ်။ လက်နက်တွေက လေထဲမှာ ဝဲနေပြီး ကျင့်ကြံသူတွေက လက်နက်တွေကို ဝိုင်းထားခဲ့ကြတယ်။ ထိုကဲ့သို့ ဝိုင်းထားရင် ရန်သူတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း သတိမပြတ် စောင့်ကြည့် နေခဲ့ကြတယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင် မျက်မှောင် ကြုံ့လိုက်တယ်။ ဒီလို ဖြစ်လာမယ်မှန်း မျှော်လင့်ထာခဲ့ပေမယ့် ထိုအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းကောင်း တစ်ခုလောက် သူ့မှာ ရှိမနေခဲ့ပါဘူး။
အခု အရင်သွားတဲ့ ဘယ်သူမဆို ကျိန်းသေ ခံစားရမှာပါ။ ဒါပေမယ့် ဒီအတိုင်း ဆက်သွားနေလို့လည်း မဖြစ်ပါဘူး။ ငါးသုတ်မြောက် လက်နက်တွေ ထွက်ပေါ်လာဖို့ သိပ်မလိုတော့ပါဘူး။ ဒီအသုတ် လက်နက်တွေကို မယူနိုင်သေးပဲနဲ့ ငါးသုတ်မြောက် လက်နက်တွေသာ ထွက်ပေါ်လာခဲ့ရင် အခြေအနေက ပိုပြီး ဆိုးရွားသွားဖို့ပဲ ရှိပါတယ်။
နောက်ဆုံးမှာတော့ ရန်ကိုင်က လှောင်ပြောင်စကား ဆိုလိုက်တယ် “ဒီမှာ ရှိနေတဲ့လူအားလုံး ဒီလောက်တောင် ကြောက်နေတာလား။ ရှေ့တက်တဲ့ လူမှန်သမျှ အခွင့်အရေး တစ်ခုကို ရမှာပဲ။ အဲ့လက်နက်တွေကို ရယူဖို့ မဖြစ်နိုင်ဘူးလို့ ငါမယုံဘူး”
သူ့အသံထွက်လာတာနဲ့ တစ်ပြိုင်နဲ့ လက်နက်တွေ ကြားထဲ အားပျော့တဲ့ စိတ်စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာခဲ့တယ်။
ဝိဥာဉ်ပညာရပ်… ရုတ်တရက် ထွက်ပေါ်လာတဲ့ ဝိဥာဉ် ပညာရပ်က မတိုးသာ မဆုတ်သာ ဖြစ်နေတဲ့ အခြေအနေကို ဖျက်စီးသွားခဲ့တယ်။
မမြင်နိုင်တဲ့ အားတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး ထိုစွမ်းအင်က လေပေါ်လွင့်မျောနေတဲ့ လက်နက်တွေ အကုန်လုံးကို လူအုပ်ကြီးဆီ တွန်းပို့လိုက်တယ်။
လက်နက်တွေထဲမှာ ပါတဲ့ စွမ်းအင်တွေ အကုန်လုံး တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ကုန်ပြီး လှိုင်းလုံးသဖွယ် တိုက်ခိုက်မှုတွေက ဘေးပတ်ပတ်လည် အနှံ့ပျံ့သွားခဲ့တယ်။ လက်နက်တွေကို ဝိုင်းထားတဲ့ လူတွေ အားလုံးလည်း အလျင်စလို ရှောင်တဲ့လူကရှောင်၊ ကာကွယ်တဲ့လူက ကာကွယ် ဖြစ်သွားခဲ့ကြရတယ်။
ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး လျူချင်းယောင်ဆီ ချက်ချင်း လှမ်းကြည့်လိုက်တယ်။
အစောပိုင်းတုန်းက ဝိဥာဉ်ပညာရပ်က ထိုငနဲဆီက လာတာပါ။ လျူချင်းယောင် ဒီကို ဘာလို့ ရောက်နေမှန်း ဘယ်သူမှ မသိကြပါဘူး။ သူက ဘယ်ရန်မိသားစု သခင်လေးကိုမှ မကူညီပေးသလို ဘာပြဿနာကိုမှလည်း မဖန်တီးခဲ့ပါဘူး… အစောပိုင်းတုန်းကအထိပေါ့။ သူက စစ်ပွဲမြို့တော်မှာပဲ နေပြီး သခင်လေးတွေ ကြားက တိုက်ပွဲကို စောင့်ကြည့်နေခဲ့တာပါ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ပိုကျင်းရေကန်ဆီ သူရောက်လာခဲ့ပါတယ်။ သူဘာလုပ်ချင်နေလဲ ဘယ်သူမှ မသိကြပါဘူး။
ဒါပေမယ့် အခုတော့ သူက မတိုးသာ မဆုတ်သာ အခြေအနေကို ကြားဝင်ပြီး ဖြိုခွဲလိုက်ပါပြီ။
ကံကောင်းစွာနဲ့ ဒီတစ်ကြိမ်မှာ အားလုံးက ကြိုတင်ပြင်ဆင်ထာခဲ့ကြပါတယ်။ လက်နက်တွေ ထွက်ပေါ်လာကတည်းက အားလုံးက ဘာထောင်ချောက်များ ထပ်ဆင်ထားမလဲ ဆိုတာကို မစဉ်မပြတ် သတိထားနေခဲ့ ကြတာပါ။ ကံကောင်းစွာနဲ့ ထိုလက်နက်တွေရဲ့ အဆင့်က အရမ်းမမြင့်တော့ တိုက်ခိုက်နိုင်စွမ်းကလည်း အရမ်းကြီး မမြင့်လှပါဘူး။
အားလုံးသာ အတူတူပူးပေါင်း လုပ်ဆောင်သရွေ့ ထိုအစီအစဉ်မကျ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေ အကုန်လုံးကို အလွယ်တကူ ခုခံနိုင်ပါလိမ့်မယ်။
ထိုပရမ်းပတာ တိုက်ခိုက်မှုတွေကို ကာကွယ်လို့ ပြီးတာနဲ့ ကျင့်ကြံသူတွေ အကုန်လုံး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တိုက်ခိုက်ကြပြန်ပါတော့တယ်။ ရန်ကိုင်ရဲ့ အမိန့်ကြောင့် သူ့အဖွဲ့သားတွေက ရန်ဝေရဲ့ အဖွဲ့သားတွေကို သွားပြဿနာ မရှာခဲ့ပါဘူး။ ရန်ဝေ အဖွဲ့သားတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ အဖွဲ့နှစ်ဖွဲ့ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက်ရဆိုတဲ့ စိတ်ချင်း သဘောတူညီချက် လုပ်ထားသလိုပါပဲ။
မတိုးသာ မဆုတ်သာ အခြေအနေ ကျိုးပျက်သွားတာနဲ့ လေးသုတ်မြောက် လက်နက်တွေ အကုန်လုံး ကျင့်ကြံသူတွေ လက်ထဲ ရောက်ရှိသွားခဲ့ပါတယ်။
ဒါပေမယ့် အမောတောင် မဖြေနိုင်သေးခင်မှာပဲ ငါးသုတ်မြောက် လက်နက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
အံ့အားသင့်စရာ တစ်ချက်က ထိုငါးသုတ်မြောက် လက်နက်တွေက ကန်အောက်ခြေကနေ ထွက်ပေါ်လာခဲ့တာ မဟုတ်ပဲ ကောင်းကင်ကနေ ကျလာခဲ့တာပါ။
လေထဲ၌ မျောနေရင်း များစွာသော ရွှေရောင်အလင်း လုံးလေးတွေက ရွှေရောင်အလင်းတန်းတွေ အဖြစ် ပြောင်းလဲသွားခဲ့ကာ အရပ်ရှစ်မျက်နှာသို့ ဝှစ်ခနဲ ထိုးထွက်သွားခဲ့တယ်။
လေးသုတ်မြောက် လက်နက်တွေကို လာရောက် လုယူကြတဲ့ ကျင့်ကြံသူတွေမှာ သူတို့ အဖွဲ့သားတွေဆီ မပြန်နိုင်သေးခင်မှာပဲ ငါးသုတ်မြောက် လက်နက်တွေ ရုတ်တရက်ကြီး ထွက်ပေါ်လာတာနဲ့ ကြုံကြိုက်သွားခဲ့ပါတယ်။
ထိုရွှေရောင် အလင်းတန်းတွေက အရမ်းကို ဖြစ်ကတတ်ဆန်း နိုင်လွန်းပါတယ်။ အချို့လက်နက်တွေဆို အဖွဲ့၆ခုကို ကျော်ပြီး ပွဲကြည့်နေတဲ့ လူအုပ်ကြီးတွေ ဆီတောင် ရောက်ရှိသွားခဲ့ပါတယ်။
မမျှော်လင့်ထားသည့် ငါးသုတ်မြောက် လက်နက်တွေရဲ့ ထွက်ပေါ်လာမှုကြောင့် တိုက်ပွဲကွင်းပြင်လည်း ပိုမို ကျယ်ပြန့်သွားခဲ့ရတယ်။ တိုက်ပွဲက ပိုကျင်းရေကန်သာမက ဘေးပတ်ပတ်လည်တွေဆီပါ ပြန့်နှံ့သွားပါတော့တယ်။
ရွေးချယ်စရာ မရှိတော့တာနဲ့ အဖွဲ့၆ခုမှာ ကျန်နေရစ်ခဲ့တဲ့ လူတွေတောင် ထိုအသစ်ထွက်ပေါ်လာတဲ့ လက်နက်တွေအတွက် ဝင်ရောက် ယှဉ်ပြိုင်ကြပါတော့တယ်။
လက်နက်တွေ ယူဖို့ လာခဲ့တဲ့ သခင်လေး ၆ယောက်ရဲ့ အဖွဲ့တွေရာ၊ ပွဲကြည့်ရုံသက်သက် လာခဲ့တဲ့ လူတွေပါ ပါဝင်လာခဲ့ကြတဲ့အတွက် မြင်ကွင်းတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့ရတယ်။
အခြေအနေတွေက အခုလို ဖြစ်လာပြီ ဖြစ်တဲ့အတွက် ပွဲကြည့်နေတဲ့ လူတွေတောင် လက်နက် တစ်ခုတစ်လေများ ရလိုရငြား ဝင်ရောက် ယှဉ်ပြိုင်ကြပါတော့တယ်။
သခင်လေးခြောက်ယောက်က သူတို့ အဖွဲ့သားတွေကို ပြန်လည် စီစဉ်ညွှန်ကြားလိုက်တယ်။ ညွှန်ကြားနေရင်း ကျန်တဲ့ သခင်လေးတွေနဲ့ ဝင်ပါဖို့ ဆုံးဖြတ်လိုက်တဲ့ အပြင်လူတွေရဲ့ လှုပ်ရှားမှုတွေကို သေသေချာချာ စောင့်ကြည့်နေပြီး အစီအစဉ် အသစ်တွေကို ထပ်မံ စဉ်းစားနေခဲ့တယ်။
အားလုံး စိတ်ဝင်စားသွားတဲ့ တစ်ချက်က ရန်ဝေ လုပ်သမျှတိုင်းက ရန်ကိုင်လုပ်သမျှနဲ့ ထပ်တူညီနေတာပါပဲ။ ရန်ကိုင် လူအင်အား ထပ်တိုးလိုက်တိုင်း ရန်ဝေလည်း သူ့လူတွေကို ထပ်မံ စေလွှတ်လိုက်ပါတယ်။ ရန်ကိုင်က သူ့အင်အားစုတွေကို ပြန်ခေါ်လိုက်တဲ့အခါ ရန်ဝေလည်း သူ့တပ်အင်အားစုတွေကို ပြန်ဆင့်ခေါ်လိုက်ပါတယ်။ လက်နက်တွေကို ကာကွယ်တဲ့ နေရာမျိုးမှာတောင် ရန်ဝေက ရန်ကိုင်လိုမျိုး အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်ငါးယောက်ကိုပဲ အသုံးပြုခဲ့ပါတယ်။
ရန်ကိုင်လည်း ထိုအချက်ကို သတိပြုမိပေမယ့် ဘာမှတော့ မပြောခဲ့ပါဘူး။ ဒါက သူ့ရဲ့ လုပ်ပိုင်ခွင့်လေ။
လက်နက်တွေထဲမှ ခေါင်းလောင်ပုံသဏ္ဍာန် လက်နက်တစ်ခုကနေ မှော်ဆန်ဆန် စွမ်းအင်လှိုင်းတွေ ရုတ်တရက် ပျံ့နှံ့လာတဲ့အတွက် အနားမှာ ရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့ကြတယ်။ အစစ်အမှန်ချီတွေကို ထိန်းချုပ်လို့ မရဖြစ်သွားခဲ့ကြပြီး သွေးတွေလည်း နောက်ပြန်စီးဆင်း ကုန်ကြပါတယ်။ အသံ ပျောက်ကွယ်သွားတာနဲ့ အနီးအနားမှာ ရှိနေတဲ့ လူတွေအားလုံး ထိုလက်နက်ဆီ အတင်းပြေးဝင် သွားကြတယ်။ ဒီလိုနဲ့ လက်နက်တစ်ခုကို လူအများ ဝိုင်းလုတဲ့ လက်နက်လုပွဲကြီး တစ်ခု ဖြစ်လာခဲ့ပြန်ပါတယ်။
ထိုလက်နက် ဒီနေရာမှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ အခိုက် လူအုပ်ကြီးလည်း စိတ်လှုပ်ရှားမှုကြောင့် သွေးဆူသွားခဲ့ပြီး ရှိရှိသမျှ စွမ်းအင် အကုန်အစင်ကို ထုတ်သုံးကာ ထိုလက်နက်ကို ရဖို့ အသည်းအသန် ကြိုးစားကြပါတော့တယ်။
သိပ်မကြာခင်မှာပဲ ထိုလက်နက် ပျောက်ကွယ် သွားခဲ့တယ်။ ထိုလက်နက်ကို ဘယ်သူယူလို့ ယူသွားမှန်း ဘယ်သူမှ မသိကြပါဘူး။
ထိုလက်နက်ကို မရယူနိုင်တဲ့ လူတွေဆီကနေ နားမခံသာလောက်တဲ့ ပြစ်တင်ဆဲဆိုစကားတွေ ထွက်ပေါ်လာခဲ့တယ်။ ဒါက တကယ်ကို ရှားပါတဲ့ အခွင့်အရေးတစ်ခုပါ။ လက်နက်များစွာ ထွက်ပေါ်လာခဲ့ပေမယ့် ထိုတစ်ခုပဲ ဒီနေရာဆီ ကျလာခဲ့တာပါ။ အခုတော့ ထိုလက်နက်က ပါသွားခဲ့လေပြီ။ ဘယ်သူက နောင်တမရပဲ နေပါ့မလဲ။
ဒါပေမယ့် လက်နက်ကို ဘယ်သူများ ယူသွားလဲ ဆိုတာကို အားလုံး စူးစမ်းနေတဲ့အချိန် အသက်၄၀လောက် ရှိမယ့် သက်လတ်ပိုင်း လူကြီး တစ်ယောက်ဆီကနေ နာနာကျင်ကျင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်။ ထိုလူကြီး မြေကြီးထက် လဲကျသွားခဲ့ပြီး သွေးတွေက သူ့ရင်ဘတ်ကနေ စမ်းချောင်းလေး တစ်ခုအလား စီးကျလို့ နေခဲ့ပါတယ်။ သူ့မျက်ဝန်းထဲက အလင်းရောင်လည်း အလျင်အမြန်ပဲ တိုးမှိန်ပျောက်ကွယ် သွားခဲ့တယ်။
အားလုံး ထိတ်လန့်တုန်လှုပ် သွားခဲ့တယ်။
ထိုသက်လတ်ပိုင်း လူကြီးရဲ့ အင်္ကျီလက်ထဲကနေ ခေါင်းလောင်းပုံသဏ္ဍာန် လက်နက်တစ်ခု ထွက်ပေါ်လာခဲ့တယ်။ မမြင်နိုင်တဲ့ အားတစ်ခုရဲ့ ဆွဲယူခြင်းကို ခံနေရသည့်အလား ထိုခေါင်းလောင်းလေးက ပိုကျင်းရေကန် အလယ်ဆီ အလျင်အမြန် ပျံသန်းသွားခဲ့တယ်။
အားလုံး ကြောက်လန့်ချောက်ချား သွားခဲ့ပြီး ထိုလက်နက်တွေကို ဝင်လုယူမယ့် အကြံကို ချက်ချင်းပဲ ဖယ်ရှားပစ်လိုက်ကြတယ်။
ထိုသက်လတ်ပိုင်း လူကြီးက အကြောင်းမရှိပဲ အလကားသက်သက် သေသွားတာ မဟုတ်မှန်း သူတို့ သိလိုက်ကြတယ်။ ထိုလက်နက်ကို လုယူခဲ့လို့ ကိုယ့်သေတွင်း ကိုယ်တူးခဲ့သလို ဖြစ်သွားတာပါ။
ပျံသန်းနေတဲ့ လက်နက်တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ ပညာရှင်တွေ လူအုပ်ကြီးထဲမှာ ရှိနေပါလိမ့်မယ်။ မဆိုင်တဲ့လူတွေက ထိုလက်နက်တွေကို ရယူဖို့ ကြိုးစားလိုက်တာနဲ့ ချက်ချင်း အသတ်ခံရမှာပါ။
ထိုအချက်ကို နားလည်လိုက်တာနဲ့ ခေါင်းလောင်း ပုံဏ္ဍာန် လက်နက်ကို လုယူဖို့ ကြိုးစားခဲ့တဲ့ လူတွေအားလုံး ပျော်ပျော်ရွှင်ရွှင် ပြုံလိုက်ကြတယ်။ လက်နက်ကို သူတို့ မရသွားတာ ကံကောင်းသွားခဲ့ပါတယ်၊ မဟုတ်ရင် အခုအချိန် သေမင်းနဲ့ သွားတွေ့နေရမှာက သူတို့ ဖြစ်သွားနိုင်ပါတယ်။
ဗဟိုမြို့တော်က ရန်မိသားစုရဲ့ မောက်မာ အထက်စီးဆန်တဲ့ သဘာဝကို ဒီမှာ ရှိနေတဲ့ လူအားလုံး တွေ့မြင်သွားခဲ့ပါပြီ။
လက်နက်တွေကို လုယူဖို့ ကြိုးစားခဲ့တဲ့ ပွဲကြည့်သူတွေထဲက တံငါသည် တော်တော်များများ သေဆုံးသွားခဲ့ပြီးနောက် ပွဲလာကြည့်တဲ့ လူတွေအားလုံး ဘယ်သူကမှ ထိုလက်နက်တွေကို လုယူဖို့ မကြံရဲကြတော့ပါဘူး။ လောဘကြီးပြီး လှုပ်ရှားလိုက်တာနဲ့ သေမင်းက သူတို့ကို လက်ကမ်း ကြိုဆိုနေမှာပါ။
တိုက်ပွဲက ပိုပြီး ပရမ်းပတာ ဖြစ်လာခဲ့တယ်။ အစပိုင်း အသုတ်တွေ ပြီးနောက် နောက်ပိုင်း အသုတ်တွေကြားက အချိန်ကွာခြားချက်က ပိုပိုပြီး ကျဉ်းမြောင်းလာခဲ့တယ်။
တစ်ခါတစ်ရံ လက်နက်တစ်သုတ်ကို ခွဲဝေယူလို့ မပြီးသေးခင်မှာပဲ နောက်အသုတ် တစ်သုတ် ထပ်မံ ထွက်ပေါ်လာတာမျိုးလည်း ရှိပါတယ်။ ထိုလက်နက်တွေ ထွက်ပေါ်လာတဲ့ နေရာတိုင်း ပရမ်းပတာ တိုက်ပွဲတွေ ဖြစ်ကုန်ကြပါတယ်။
လူတွေ ပိုပိုပြီး သေဆုံးနေခဲ့ကြတယ်။ ဘယ်သခင်လေးရဲ့ အဖွဲ့ဖြစ်ဖြစ်၊ လူမသေဘူးဆိုတာ မရှိပါဘူး။
အချိန်တွေ ကြာလာတာနဲ့အမျှ သခင်လေး၆ယောက်ဘေး ရပ်နေခဲ့တဲ့ လူအရေအတွက် ပိုပိုပြီး နည်းလာခဲ့ရတယ်။ အရင်ဆုံး အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် တစ်ဝက်လောက်ကို စေလွှတ်လိုက်ပါတယ်။ နောက် လူငယ်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဟော်ရှင်းချန်လို လူတွေတောင် ထိုအရှုပ်အထွေးထဲ ဝင်ပါလာခဲ့ကြပါတယ်။
တက်သစ်စ လူငယ်ကြယ်ပွင့်တိုင်းကို အားကောင်းတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် တစ်ယောက်က လိုက်ပါစောင့်ရှောက် ပေးနေခဲ့ပါတယ်၊ မဟုတ်ရင် သူတို့ရဲ့ ခွန်အားလေးနဲ့ ဒီပရမ်းပတာ တိုက်ပွဲကြားထဲမှာ အသက်ရှင်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
နောက်ဆုံးမှာတော့ သခင်လေး၆ယောက်အပြင် သွေးစစ်သည်တော်တွေနဲ့ လက်နက်တွေကို စောင့်ရှောက်ဖို့ စေခိုင်းခြင်းခံထားရတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်တွေပဲ ကျန်ပါတော့တယ်။
ခုနှစ်သုတ်မြောက် လက်နက်တွေ ထွက်ပေါ်လာတဲ့ အချိန်မှာတော့ ပိုကျင်းရေကန်ထက်ရှိ တိုက်ပွဲက ပိုပြီး ပြင်းထန်လို့ လာခဲ့တယ်၊ ဘာလို့လဲ ဆိုတော့ ထိုလက်နက်တွေထဲ ကောင်းကင် အဆင့်လက်နက်တွေပါ ပါလာတာကြောင့်ပါ။
ရှစ်သုတ်မြောက်မှာတော့ လက်နက်အများစုက ကောင်းကင်အဆင့်တွေ ဖြစ်လာကြပါပြီ.
ကိုးသုတ်မြောက်ကတော့ အကုန်လုံး ကောင်းကင်အဆင့်တွေ ချည်းပါပဲ။
လက်နက်တွေကို လုယူနေတဲ့ လူအားလုံးရဲ့ မျက်လုံးတွေ ရဲနေခဲ့ကြပါပြီ။ မိမိကိုယ်တိုင်က လွဲပြီး ကျန်တဲ့ လူအားလုံးက ရန်သူတွေပါ။ ဖြစ်ချင်ရာဖြစ် ဆိုပြီး ဘာကိုမှ ဂရုမထားတော့ပဲ စိတ်ရှိလက်ရှိ တိုက်ခိုက်နေကြပါပြီ။ အားကောင်းတဲ့ လက်နက်တွေကို ရယူပြီး သူတို့ စခန်းချရာ နေရာဆီ ပြန်ယူသွားနိုင်ဖို့အတွက် ရသမျှ နည်းလမ်း အကုန်အစင်ကို ထုတ်သုံးလာခဲ့ ကြပါတယ်။
ဘေးကနေ ရပ်ကြည့်နေတဲ့ လူတွေမှာ အခြေအနေက ပိုပြီး ဝရုန်းသုန်းကား ဆန်လာတာကို မြင်တော့ စိတ်လှုပ်ရှား တက်ကြွစွာနဲ့ အားပေးအားမြှောက် ပြုကြပါတယ်။
ကျင့်ကြံသူတွေ ထွက်လာကြတယ်၊ လက်နက်ကို လုယူတယ်။ ပြီးရင် တိုက်ခိုက်ရင်း စခန်းချနေတဲ့ နေရာဆီ ပြန်သယ်သွားတယ်၊ ရောက်တာနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်တွေရဲ့ စောင့်ကြည့်မှု အောက်မှာ ထားလိုက်တယ်။ ဒီတိုက်ပွဲမှာ ချီစွမ်းအင် ကုန်ဆုံးနှုန်း အရမ်းကို များပြားခဲ့ပါတယ်။ ဒါပေမယ့် ရှနင်းချန်နဲ့ ဆေးဘုရင်တောင်ကြားက တပည့်တွေက ဆေးလုံးများစွာကို ဖော်စပ်ပေးထားတဲ့ အတွက် ခံနိုင်ရည်ပိုင်းမှာ ရန်ကိုင်တို့အဖွဲ့က အခြားအဖွဲ့တွေထက် ပိုသာနေခဲ့ပါတယ်။
ထိုတိုက်ပွဲအတွင်း ချီစွမ်းအင် ပြန်မဖြည့်ရတဲ့ လူမရှိပါဘူး။
ထို့ကြောင့် သူ့တို့ ကိုယ်ခန္ဓာတွေ မောပန်းလာတာက လွဲလို့ အစစ်အမှန်ချီ ကုန်ဆုံးမှာကို စိုးရိမ်နေစရာ မလိုပဲ စိတ်ရှိလက်ရှိ အစွမ်းကုန်ထုတ်သုံး တိုက်ခိုက် နေခဲ့ကြပါတယ်။
ရုတ်တရက် အေးစက်စက် ခံစားချက် တစ်ခုကို ပေးစွမ်းနေတဲ့ စိတ်စွမ်းအင်လှိုင်းတစ်ခု လေထုထဲ ပေါက်ကွဲထွက်လာခဲ့တယ်။
ဝိဥာဉ်အမျိုးအစား လက်နက်… ပြီးတော့ တိုက်ခိုက်ရေး လက်နက် အမျိုးအစား။ ဒါပေမယ့် အရေးအကြီးဆုံးက ထိုလက်နက်ရဲ့ ဝိသေသလက္ခဏာတွေက ရန်ကိုင်ရဲ့ စိတ်စွမ်းအင်နဲ့ လုံးဝကို ကီးကိုက်နေခဲ့တာပါပဲ။
သူသာ ထိုဝိဥာဉ်အမျိုးအစား လက်နက်ကို ရယူနိုင်ခဲ့ရင် သူ့ဝိဥာဉ် ပညာရပ်ရဲ့ စွမ်းအားလည်း တိုးတက် သွားပါလိမ့်မယ်။
သူကိုယ်တိုင် ရှေ့ထွက်ပြီး ထိုလက်နက်ကို သွားယူချင်ပေမယ့် သူ့စိတ်ကို ထိန်းထားနိုင်ခဲ့ပါတယ်။ အဲ့အစား လက်နက်ပေါ်လာတဲ့ နေရာအနီးမှာ ရှိနေတဲ့ ဒေါင်ချင်းဟန်ကိုသာ လှမ်းခေါ်လိုက်တယ်။
လေနဲ့တိမ်အစောင့်အကြပ် နှစ်ယောက်က ခါတိုင်းလိုပဲ ဒေါင်ချင်းဟန် အနားမှာ ရှိနေခဲ့ပါတယ်။ ထို့ကြောင့် သူနားမလည် ရင်တောင် သူ့ရဲ့ သက်တော်စောင့် နှစ်ယောက်ကတော့ နားလည်ပါတယ်။
စိတ်စွမ်းအင်လှိုင်း ထွက်ပေါ်လာခဲ့တာနဲ့ လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်စလုံး ထိုဝိဥာဉ် အမျိုးအစား လက်နက်ဘယ်လောက် အဖိုးတန်မှန်း နားလည်လိုက်ကြတယ်။
ရန်ကိုင် မျက်ဝန်းထဲက အကြည့်ကို သတိပြုမိတာနဲ့ ဒေါင်ချင်းဟန်က သူရင်ဆိုင်နေတဲ့ ပြိုင်ဘက်ကို စွန့်ခွါလိုက်ပြီး အသစ်ထွက်ပေါ်လာတဲ့ ဝိဥာဉ်အမျိုးအစား လက်နက်ဆီ သွားလိုက်တယ်။ လေနဲ့ တိမ်အစောင့်အကြပ် နှစ်ယောက်က ဒေါင်ချင်းဟန်နဲ့ နီးနီးကပ်ကပ်ကနေ လိုက်ပါသွားခဲ့တယ်။
လက်နက်နားဆီ ရောက်ရှိလာခဲ့ပြီး လက်နက်ကို ယူဖို့ မကြိုးစားရသေးခင်မှာပဲ လူတစ်ယောက် သူ့ရှေ့ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ ထိုလူက မိစ္ဆာဆန်ဆန် ပြုံးလိုက်ရင်း ဒေါင်ချင်းဟန်ကို စိုက်ကြည့်လိုက်ကာ “ဟေး၊ ဝတုတ်၊ မင်းကရန်ကိုင်ရဲ့ အဖွဲ့သားတစ်ယောက်မလား”
‘ဝတုတ်’ ဆိုတဲ့စကားကို ကြားလိုက်တာနဲ့ ဒေါင်ချင်းဟန် နဖူးထက် သွေးကြောကြီးတွေ ထောင်တက်လာခဲ့ပြီး သူ့အမူအရာ တစ်ခုလုံး မည်းမှောင်သွားခဲ့တယ်။
ဟော်ရှင်းချန် သူ့ကို ဝတုတ်အစ်ကိုလို့ ခေါ်ခဲ့တုန်းက ဟော်ရှင်းချန်က သူ့မသိစိတ်အရ ရင်းရင်းနှီးနှီးနဲ့ ခေါ်လိုက်တာပါ။ ဒါပေမယ့် သူရှေ့ကကောင်ကတော့ သူ့ကို လှောင်ပြောင်ထေ့ငေါ့ပြီး ရွဲ့ခေါ်လိုက်တာပါ။ ခေါ်တာချင်း တူပေမယ့် ဆိုလိုချင်တဲ့ အဓိပ္ပါယ်ချင်း မတူပါဘူး။
ဒေါင်ချင်းဟန်က သူ့ရှေ့မှာ လာပိတ်ရပ်နေတဲ့ လူငယ်ကို အေးစက်ပြီး စူးရှတဲ့ မျက်ဝန်းတစ်စုံနဲ့ စိုက်ကြည့်လိုက်တယ်။ သူတကယ်ကို ဒေါသထွက်သွားခဲ့ပါပြီ။
Martial Peak
အပိုင်း(၄၆၂) မင်းကအရမ်း နမော်နမဲ့နိုင်တာပဲ
ဒေါင်ချင်းဟန်က သူ့ရှေ့မှာ ရှိနေတဲ့ သခင်လေးကို အေးစက်စက်နဲ့ စိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်တယ်။ သူ့အာရုံကို အခြားတစ်ခုစီ ရောက်အောင် လုပ်ဖို့ ကြိုးစားနေတာလား။ အခုအချိန်က ထိုငနဲကောင်နဲ့ အချင်းများနေဖို့ အချိန်မဟုတ်သေးမှန်း ဒေါင်ချင်းဟန် သိထားပါတယ်။ အရေအကြီးဆုံးက ထွက်ပေါ်လာတဲ့ ဝိဥာဉ်အမျိုးအစား လက်နက်ကို ရယူနိုင်ဖို့ပါ။
ဒါပေမယ့် တစ်ဖက်လူက သူ့ကို လွှတ်ပေးဖို့ လုံးဝ အစီအစဉ် မရှိတဲ့ပုံပါပဲ။ သူ့ကို အမှီလိုက်ပြီး သူ့လမ်းကို လိုက်ပိတ်နေခဲ့ပါတယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ဒေါင်ချင်းဟန်က လှောင်ပြုံးပြုံးလိုက်တယ်။ သူ့အမူအရာက နည်းနည်းလေးမှ မပြောင်းလဲသွားပေမယ့် သူ့အရှိန်အဝါကတော့ တဖြည်းဖြည်း အန္တရာယ်များလာခဲ့ပါပြီ။
“မင်းက ရန်ကိုင်ရဲ့ မဟာမိတ်တစ်ယောက် ဖြစ်နေမှတော့ ငါ့ကို ကျော်ဖြတ်ပြီးသွားဖို့ စဉ်းကိုမစဉ်းစားနဲ့တော့” ထိုလူငယ်လေးက ခပ်ပြတ်ပြတ်ပဲ ပြောလိုက်တယ်၊ သူ့ပုံစံက အရမ်းကို မောက်မာပြီး ရမ်းကားလွန်းပါတယ်။
“ဘယ်သူလဲလို့ စဉ်းစားနေခဲ့တာ၊ လတ်စသတ်တော့ သခင်လေးလူ ဖြစ်နေတာကိုး” ဒေါင်ချင်းဟန်က အထင်အမြင် သေးသေးနဲ့ ပြောလိုက်တယ်။ ထိုလူငယ်နဲ့ သူမစိမ်းပါဘူး။ အရင်တုန်းက လူဆောင်းက လက်ဆောင်နဲ့ လူတွေသယ်လာပြီး ရန်ကိုင်ဆီ လာရောက် ပူးပေါင်းခဲ့ပါတယ်။
ဒါပေမယ့် ထိုကောင်က အရမ်းတုံးလွန်းလှပါတယ်၊ ချူရီမန် လှည့်စားတာကို အလွယ်တကူပဲ ခံလိုက်ရပြီး ရန်ကိုင်ကို ဒေါသထွက်အောင် လုပ်မိသွားခဲ့ကာ စံအိမ်ထဲကနေ မောင်းထုတ်ခံလိုက်ရပါတယ်။ အဲ့တာတင် မကသေး ဟော်ရှင်းချန်ကိုပါ သွားပြဿနာရှာခဲ့လို့ စုတ်ပြတ်သတ်သွားအောင် ထပ်ပြီး သမခံလိုက် ရပါသေးတယ်။
ထိုအဖြစ်အပျက်နောက်ပိုင်း လူဆောင်းက ရန်ကိုင်ကို အမုန်းကြီး မုန်းတီးသွားခဲ့ပါတယ်။ ထို့ကြောင့် သူ့ဒဏ်ရာတွေကို ပြန်သက်သာသွားတာနဲ့ ရန်ကိုင်ကို လက်စားပြန်ချေနိုင်ဖို့အတွက် သူ့လူတွေကို ခေါ်ပြီး ရန်ခန်းနဲ့ သွားပူးပေါင်းပါတော့တယ်။
အမွေခံတိုက်ပွဲထဲ ပါဝင်ယှဉ်ပြိုင်နေတဲ့ လူငယ် သခင်လေးတွေအနက် သုံးယောက်က ရန်ကိုင်ကို အမုန်းကြီး မုန်းတီးနေခဲ့ပါတယ်။ တစ်ယောက်က ရှန်မိသားစုက ရှန်ချူ ဖြစ်ပြီး အခြားတစ်ယောက်က နန်မိသားစုမှ နန်ရှန်းဖြစ်ကာ နောက်ဆုံးတစ်ယောက်ကတော့ လူဆောင်းဖြစ်ပါတယ်။
ထိုသုံးယောက်စလုံးက ရန်ကိုင်ကို အသေဆိုးနဲ့ သေစေချင်နေတဲ့ သူတွေပါ။ ထို့ကြောင့် လက်နက်လု တိုက်ပွဲမှာ ထိုသုံးယောက်က သူတို့ရဲ့ အင်အားစု အသီးသီးကို ခေါ်ဆောင်လာခဲ့ပြီး ရန်ကိုင်ရဲ့ အဖွဲ့သားတွေကိုပဲ သီးသန့်လိုက်ပြီး ပစ်မှတ်ထား တိုက်ခိုက်ကြပါတယ်။
လူဆောင်းက ပြန်ပြီး လှောင်ပြောင်လိုက်တယ် “သခင်လေးဒေါင်၊ မင်းနဲ့ငါ့ကြားမှာ ဘာရန်ကြွေးမှ မရှိပေမယ့် မင်းက ရန်ကိုင်ရဲ့ မဟာမိတ် ဖြစ်နေတာ ငါ့ကို မပျော်မရွှင် ဖြစ်စေတယ်။ ဒီသခင်လေး မပျော်ရင် မင်းလည်း ပျော်ရမှာ မဟုတ်ဘူး။ ဒါကြောင့် ရန်ကိုင်ကို စွန့်လွှတ်လိုက်ဖို့ မင်းကိုငါ အကြံပေးလိုက်မယ်။ အဲ့လိုမှ မင်းအသေဆိုးနဲ့ မသေရမှာ”
“မင်းလုပ်နိုင်ရင် ကြိုးစားကြည့်လိုက်လေ” လူဆောင်းက သူ့ကို နှောင့်နှေးအောင် လုပ်ဖို့ ရည်ရွယ်ချက် သက်သက်နဲ့သာ ရောက်ရှိလာမှန်း သိထားတဲ့အတွက် ဒေါင်ချင်းဟန်က ထိုကောင်နဲ့ ဆက်ပြီး သောက်စကား မပြောချင်တော့ပါဘူး။ ပြောပြီးတာနဲ့ သူ့ရဲ့ ဝတုတ်တုတ် ခန္ဓာကိုယ်က လက်ခနဲ ဖြစ်သွားပြီး လျှပ်စီးတန်း တစ်ခုအလား ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့တယ်။
လေနဲ့တိမ် အစောင့်အကြပ်ကလည်း ဒေါင်ချင်းဟန်နောက် ခပ်မြန်မြန်ပဲ လိုက်သွားလိုက်ပြီး သူ့ဘယ်နဲ့ညာဘက်မှာ အသီးသီး နေရာယူလိုက်ကြတယ်။
လူဆောင်းအမူအရာ သုန်မှုန်သွားခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်တယ် “ထွက်သွားချင်နေတာလား၊ အိမ်မက်သာ မက်နေလိုက်။ သူတို့ကို သွားတားကြ”
လူဆောင်းနောက် အဖော်ပြု လိုက်ပါနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်လည်း လေနဲ့တိမ် အစောင့်အကြပ်ကို သွားတားလိုက်ကြတယ်။
တစ်ချိန်တည်းမှာပဲ မရေမတွက်နိုင်တဲ့ အနက်ရောင် အလင်းတန်းတွေ လူဆောင်းလက်ကနေ ထွက်ပေါ်လာခဲ့ပြီး သူ့အမူအရာ ကြမ်းကြုတ်တဲ့ အသွင်အပြင်သို့ ပြောင်းလဲသွားခဲ့တယ်။
ထိုအနက်ရောင် အလင်းတန်းတွေက ချောက်ချားဖွယ် ကောင်းတဲ့ အရှိန်အဝါကို ပေးစွမ်းနေခဲ့ပြီး အေးစက်စက် စွမ်းအင်တို့ ပါဝင်နေခဲ့ကာ လူဆောင်းရဲ့ လက်နှစ်ဖက်ကို မြန်ဆန်စွာ လှည့်ပတ်နေခဲ့ကြတယ်။
လူဆောင်းလက်ဝါး နှစ်ဖက်ဆီကနေ သတ်ဖြတ်လိုစိတ် တို့ဖြင့် ပြည့်နေတဲ့ လက်ဆေးဇလုံ အရွယ်အစားလောက် ရှိသည့် အနက်ရောင် စက်လုံးနှစ်ခု အလျင်အမြန် ထွက်ပေါ်လာခဲ့တယ်။
သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်တဲ့အချိန် ထိုအနက်ရောင် စွမ်းအင်လုံးနှစ်လုံးက ဒေါင်ချင်းဟန်ဆီ တိုးဝင်းသွားခဲ့ပြီး သူ့ကို ပိတ်လှောင်ထားလိုက်တယ်။
လူဆောင်းက မောက်မာပြီး သွေးနာထင်ရောက်နေတဲ့ သောက်ရူး တစ်ယောက် ဖြစ်ပေမယ့် သူက ပထမအဆင့် အင်အားစုတစ်ခုရဲ့ သခင်လေး တစ်ယောက် ဖြစ်နေတုန်းပါပဲ။ ပေါကြွယ်ဝတဲ့ အရင်းအမြစ်တွေနဲ့ နှစ်ပေါင်းများစွာ ကြာအောင် လေ့ကျင့်လာခဲ့ပြီးနောက် ဒီလောက်မှ သောက်လုံးမကျရင် သူလူမလုပ် သင့်တော့ပါဘူး။
အစစ်အမှန်ဒြပ်စင် အဆင့်၇ ကျင့်ကြံခြင်းနဲ့ အားကောင်းတဲ့ သိုင်းပညာရပ် တစ်ခုရဲ့ ပူးပေါင်းစွမ်းအားဖြင့် လူဆောင်းက သူနဲ့ကျင့်ကြံခြင်း အဆင့်တူတဲ့ ပြိုင်ဘက်တစ်ယောက်ကို အထက်စီးကနေ တိုက်ခိုက်နိုင်ပါတယ်။
ထိုထောင်ချောက်ထဲမှာသာ ပိတ်မိသွားခဲ့ရင် နွံအိုင်တစ်ခုထဲကို ကျသွားသလိုပဲ ထိုကျင့်ကြံသူရဲ့ လှုပ်ရှားမှုတွေက တဖြည်းဖြည်း နှေးကျသွားမှာပါ။
ထိုတိုက်ကွက်ကို မြင်လိုက်တာနဲ့ လူဆောင်းအပေါ် သူ့အထင်အမြင်ကို ဒေါင်ချင်းဟန်အနေနဲ့ ဒုတိယအကြိမ် ပြန်လည် သုံးသပ်ရပါတော့တယ်။ နှစ်ယောက်စလုံးက အဆင့်မြင့် လက်နက်တွေချည်းပဲ သုံးပြီး တကယ်တမ်း တိုက်ခိုက်ရင် သူတို့ကြားက ကျင့်ကြံခြင်းအဆင့်က အရမ်းကြီး ကွာခြားခြင်း မရှိတဲ့အတွက် ဒေါင်ချင်းဟန် အနေနဲ့ လူဆောင်းကို အနိုင်ယူချင်တယ် ဆိုရင် အချိန်တော်တော် ယူရနိုင်ပါတယ်။
ကံမကောင်းစွာနဲ့ အခုအချိန်၌ ဒေါင်ချင်းဟန်အတွက် မလုံလောက်ဆုံးက အချိန်ဖြစ်နေခြံပါတယ်။
သူ့ဆီ ပျံသန်းလာနေတဲ့ စွမ်းအင်လုံးနှစ်လုံးရဲ့ လှုပ်ရှားမှုကို အာရုံစိုက်နေရင်း ဒေါင်ချင်းဟန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မာန်သွင်းအော်ဟစ်လိုက်တယ်။ သူ့ရဲ့ ဝပြဲနေတဲ့ ကိုယ်လုံးလေးက တဖြည်းဖြည်း ကျုံ့သွားခဲ့ပြီး ကြံခိုင်တောင့်တင်းတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ မိုးချိန်းသံတမျှ ကျယ်လောင်တဲ့ မြည်ဟည်းသံနှင့်အတူ လခြမ်းကွေးသဏ္ဍာန် လေးဓါးတစ်စင်းက အနက်ရောင်စွမ်းအင်လုံး နှစ်ခုကို ခုတ်ပိုင်းသွားခဲ့တယ်။
ထိုပြင်းထန်တဲ့ ထိပ်တိုက် တွေ့ဆုံမှုအောက်၌ တိုက်ခိုက်မှုနှစ်ခုစလုံး ကြေပျက်သွားခဲ့တယ်။
လူဆောင်း ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး တဒင်္ဂလောက် အေးခဲသွားခဲ့တယ်။ လူဆောင်း ကြက်သေသေနေတဲ့ အခိုက်အတန့်ကို အခွင့်ကောင်းယူက ဒေါင်ချင်းဟန်က လူဆောင်းနဲ့ အကွာအဝေး တစ်ခု ခြားလိုက်တယ်။ အခုအချိန်၌ သူ့ရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်ကို လေးစွမ်းအားတွေက ဝိုင်းရံထားတဲ့အတွက် ဒေါင်ချင်းဟန်ရဲ့ အမြန်နှုန်းက အရင်ကထက် ပိုပြီး မြန်ဆန်နေခဲ့တယ်။
ဒေါင်ချင်းဟန်က လေအမျိုးအစား သိုင်းပညာရပ် တစ်ခုကို လေ့ကျင့်ထားလိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်ထားလိမ့်မှာ မဟုတ်ပါဘူး။ ထိုဝတုတ်ကို မြင်လိုက်တဲ့လူတိုင်း သူတို့ ပထမဆုံး တွေးလိုက်မိမှာက ဒီကောင်က ဖင်လေးမယ့် ကောင်မျိုးပဲ။ ဒါပေမယ့် အခုအချိန်မှာတော့ ဒေါင်ချင်းဟန်ရဲ့ လှုပ်ရှားမှုတွေက ပိုပြီး မြန်ဆန်လာခဲ့ပြီး သိမ်မွေ့ နက်နဲလာခဲ့တယ်။ သူ့ပုံစံက တောအုပ်ထက် ပျံဝဲရင်း သားကောင်းကို ချောင်းမြောင်နေတဲ့ သိမ်းငှက် တစ်ကောင်နဲ့တောင် တူနေပါသေးတယ်။
လူဆောင်း အသိပြန်ဝင်လာတဲ့ အချိန်မှာတော့ သူ့အနေနဲ့ ဒေါင်ချင်းဟန်ကို လိုက်မှီဖို့ နောက်ကျသွားခဲ့ပါပြီ။
ဒါပေမယ့် လူဆောင်းက ဒေါင်ချင်းဟန်ကို နှောင့်နှေးအောင် လုပ်ဆောင်ခဲ့တဲ့အတွက် အခြား ကျင့်ကြံသူ တစ်ယောက် ရန်ကိုင် လိုချင်နေတဲ့ လက်နက်ကို ရယူသွားနိုင်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ထိုလူက သာမန် အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူ တစ်ယောက် သာသာပဲ ဖြစ်နေခဲ့ပါတယ်။ ထို့ကြောင့် တိုက်ကွက်တစ်ကွက် အတွင်းမှာပဲ ဒေါင်ချင်းဟန်ရဲ့ အမှောက်သိပ်ခြင်းကို ခံလိုက်ရပါတယ်။
ကျင့်ကြံခြင်း အဆင့်တူတွေ ဖြစ်ပေမယ့် သူက အသစ်ရောက်လာတဲ့ လူရဲ့ ပြိုင်ဘက် မဟုတ်မှန်း သိတာနဲ့ ထိုလူက သူရထားတဲ့ ဝိဥာဉ်လက်ကို လွှင့်ပစ်လိုက်ပြီး ချက်ချင်း တန်းထွက်ပြေးပါတော့တယ်။
ရည်ရွယ်ပြီးပဲ လုပ်လိုက်တား၊ မတော်တဆပဲ ဖြစ်သွားခဲ့တာလား မသိပေမယ့် သူပစ်လိုက်တဲ့ဘက်က ပွဲကြည့်သူတွေ ရှိနေတဲ့ ဘက်ဖြစ်နေခဲ့တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ လူဆောင်းက ရယ်မောလိုက်ပြီး လက်နက် ကျသွားတဲ့နေရာဆီ အပြေးသွားလိုက်တယ်။
ဒေါင်ချင်းဟန်က ထိုကောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး လက်နက်ကျသွားတဲ့ အရပ်ဆီ အလျင်အမြန် ပျံသန်းသွားလိုက်တယ်။
အရောင်မှိန်မှိန်လေး တောက်နေတဲ့ ထိုလက်နက်က ပွဲကြည့်သူတွေကြားထဲ ကျရောက်သွားခဲ့တယ်။ အရင် အဖြစ်အပျက်တွေကြောင့် ထိုလူတွေ အကုန်လုံး ဒီလက်နက်လုပွဲကြီးမှာ နည်းနည်းလေးတောင် ဝင်မပါရဲတော့ပါဘူး။ လက်နက်ကျသွားတဲ့ နေရာမှာ ရှိနေတဲ့ လူအုပ်ကြီးတစ်ခုလုံး ဝံပုလွေ ဝင်ဆွဲခံရတဲ့ သိုးအုပ်တစ်အုပ်လို မြင်မြင်ရာအရပ်ဆီ ကမန်းကတန်းနဲ့ ထွက်ပြေးကြပါတော့တယ်။ ဘယ်သူမှ ထိုလက်နက်ကို မထိချင်ကြပါဘူး။
လူတစ်ယောက်နဲ့ မိန်းကလေး နှစ်ယောက်ပဲ ကျန်ရစ်ခဲ့ပါတယ်။
အသက်၂၇လောက် ရှိမယ့် လူငယ်လေးနဲ့ အမွှာညီအစ်မ ချောချောလေး နှစ်ယောက်က သူတို့ဆီ ပျံသန်းလာနေတဲ့ လက်နက်ကို ငေးကြောင်ကြည့်နေခဲ့ကြတယ်။ သူတို့ မျက်နှာထက် မဲ့ပြုံးကိုယ်စီကို ဆင်မြန်းရင်းနဲ့ပေါ့။
လက်ရှိ ပုံစံအရ တစ်ယောက်ယောက်ရဲ့ နှောင့်ယှတ်မှုသာ မရှိရင် ထိုလက်နက်က သူတို့ သုံးယောက်ဆီ ရောက်လာခဲ့မှာပါ။ မမြင်နိုင်တဲ့ အားတစ်ခုက ထိုလက်နက်ကို သုံးတို့ သုံးယောက်ဆီ ဆွဲခေါ်နေသလိုပါပဲ။
လက်နက်ကို ကြည့်နေတဲ့ လူငယ်လေး သုံးယောက်ရဲ့ မျက်ဝန်းထဲ တုန့်ဆိုင်းမှုတို့ ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အခြားသူတွေလိုမျိုး သူတို့ ရှောင်ထွက် မသွားခဲ့ကြပါဘူး။
မကြာခင်မှာပဲ လက်နက်က ညီအစ်မနှစ်ယောက်ထဲက တစ်ယောက်ရဲ့ ခေါင်းပေါ် ကျလာခဲ့တယ်၊ ထိုနှစ်လိုဖွယ် ကောင်းတဲ့ ပန်းပွင့်လေးက သူမလက်ကို ဆန့်ထုတ်ုလိုက်ပြီး လက်နက်ကို လှမ်းဖမ်းလိုက်တယ်။
“နင်အရမ်း နမော်နမဲ့ နိုင်တာပဲ” လူငယ်လေးရဲ့ မျက်နှာ အနည်းငယ်လေး ဖြူလျော်သွားခဲ့တယ်။ လက်နက်ကို လုယူဖို့ ကြိုးစားတဲ့လူတွေ အားလုံး အသက်ရှင်နေတဲ့လူ တစ်ယောက်မှ မရှိခဲ့ပါဘူး။ ခဏလေး ဖမ်းယူထားလိုက်တယ် ဆိုရင်တောင် သူတို့အတွက် အန္တရာယ် များနေပါပြီ။
စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းကို စောင့်ကြည့်နေတဲ့ လူတွေရဲ့ မျက်နှာထက် သနားသည့် အရိပ်အယောင်အချို့ ထွက်ပေါ်လာခဲ့တယ်။ ညီအစ်မ နှစ်ယောက်စလုံး ငယ်ရွယ်ပြီး၊ လှပနှစ်လိုဖွယ် ကောင်းပါတယ်။ ဘာမှဟုတ်တဲ့ အကြောင်းပြချက်လေးကြောင့် သူမတို့ နှစ်ယောက်သာ အသတ်ခံရမယ်ဆိုရင် တော်တော်လေး ဝမ်းနည်းဖွယ် ကောင်းမှာပါ။
ထိုကောင်မလေးရဲ ရဲတင်းတဲ့ အပြုအမူကို ဒေါင်ချင်းဟန်နဲ့ လူဆောင်းတို့ နှစ်ယောက်စလုံး မြင်တွေ့လိုက်ကြပါတယ်။ အရင်ဆုံး ရောက်လာတဲ့ လူဆောင်းက အောင်မြင်မှု သူ့လက်ထဲ ရောက်နေသည့် အလား မောက်မာစွာဖြင့် ရယ်မောလိုက်ပြီး “မိန်းကလေး၊ အဲ့လက်နက်ကို ငါ့ဆီပေးစမ်း၊ မဟုတ်ရင် နင်သေရမယ်”
ဒေါင်ချင်းဟန်ရဲ့ အမူအရာ အေးစက်သွားခဲ့ပြီး သူ့နှလုံးသား တစ်ခုလုံး စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နေခဲ့ပေမယ့် သူလုပ်နိုင်တာ ဘာမှ ရှိမနေခဲ့ဘူးလေ။ ဘေးကနေ ကြည့်နေတဲ့ သူတွေရဲ့ အမြင်အရ အရင်ရောက်တဲ့လူက လူဆောင်းဖြစ်ဖြစ်၊ ဒေါင်ချင်းဟန် ဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အသတ်ခံရမယ့် ကံကြမ္မာကနေ လွတ်မြောက် နိုင်ဖို့အတွက် အရင်ရောက်တဲ့ လူကို ပေးလိုက်တာ အကောင်းဆုံးပါပဲ။
ဒီလက်နက်ကိုသာ လူဆောင်းရသွားရင် သူ့ဆီကနေ ပြန်ယူဖို့ တော်တော်လေး ခက်ခဲပါလိမ့်မယ်။
ထိုမိန်းမပျိုလေးက လူဆောင်းကို ကြည့်လိုက်ပြီး မြင်သူတကာ ရီဝေသွားစေနိုင်တဲ့ အပြုံးလေးတစ်ခုကို ဆင်မြန်းလိုက်ရင်း ခေါင်းညိတ်လိုက်ကာ “ကောင်းပါပြီ”
ထိုနှစ်လိုဖွယ်ကောင်းတဲ့ အပြုံးနဲ့ လူတိုင်းရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူငင်သွားနိုင်တဲ့ အသံလေးက လူဆောင်းကို တဒင်္ဂတာလောက် မိန်းမောသွားစေခဲ့တယ်။ ထို့ကြောင့် အခုလို အန္တရာယ်များပြီး ပရမ်းပတာ အခြေအနေထဲ ရောက်နေတာတောင် လူဆောင်း နှလုံးခုန် မမြန်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရတယ်။
သူမရဲ့ အပြုံးလေးနဲ့ အသံလေးကြောင့် လူဆောင်း မိန်းမောနေတုန်းမှာပဲ မိန်းမပျိုလေးက သူမလက်ထဲက လက်နက်ကို လှမ်းပစ်ပေးလိုက်တယ်။ ဒါပေမယ့် ထိုလက်နက်က သူမလက်ထဲကနေ လွတ်ထွက်သွားတာနဲ့ ဥက္ကာပျံ တစ်ခုအလား လူဆောင်းရဲ့ ခေါင်းကို ဖြတ်ကျော်ပြီး ဒေါင်ချင်းဟန်ဆီ ရောက်ရှိသွားခဲ့တယ်။
ဒေါင်ချင်းဟန်က အစကတည်းက သူ့ပတ်ပတ်လည်က ဘေးအန္တရာယ်တွေကို အစဉ်မပြတ် အာရုံစိုက်နေခဲ့တာပါ။ ထို့ကြောင့် ထိုလက်နက်က သူ့ဆီ ပျံသန်းလာနေတာကို တွေ့လိုက်ရတဲ့ အခါ၌ သူ့လက်ကို ဆန့်ထုတ်ပြီး ထိုလက်နက်ကို အလိုလို လှမ်းဖမ်းမိလိုက်တယ်။ ဒေါင်ချင်းဟန် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး သူ့လက်ထဲက လက်နက်ကို ငုံ့ကြည့်လိုက်တယ်၊ ထို့နောက် မနီးမဝေးမှာ ရှိနေတဲ့ မိန်းမပျိုလေးကို လှမ်းကြည့်လိုက်ပြီး သူ့မျက်ခုံးကြောတို့ မသိမသာလေး တွန့်ကွေး သွားခဲ့တယ်။
ထိုမိန်းကလေးကို.. တစ်နေရာမှာ သူမြင်ဖူးနေသလိုပါပဲ။
လူဆောင်းကတော့ လက်ဆန့်ထုတ်လျက်သားနဲ့ ရပ်နေဆဲပါ။ မိန်းမပျိုလေးက လက်နက်ကို သူ့ဆီမပေးပဲ ဒေါင်ချင်းဟန်ဆီး ပေးလိုက်တဲ့ အခါမှာတော့ လူဆောင်း အလွန်အမင်း ရှက်သွားခဲ့တယ်။ သူ့အမူအရာက ပြိုတော့မယ့်မိုးလို သုန်မှုန်သွားခဲ့ပြီး သူ့ရှေ့က မိန်းမပျိုးလေးကို စားတော့ဝါးတော့မတတ် စိုက်ကြည့်လိုက်ရင်း ဒေါသတကြီး အော်ဟစ်လိုက်တယ် “သေချင်နေတာပဲ”
အစစ်အမှန်ချီတို့ သူ့ကိုယ်ကနေ လှိုင်းလုံးသဖွယ် ထွက်ပေါ်လာခဲ့ပြီး သူ့ရှေ့မှာ ရှိနေတဲ့ မိန်းကလေးကို နည်းနည်းလေးတောင် မညှာတာပဲ သတ်ဖြတ်လိုစိတ် အပြည့်နဲ့ ထိုးချလိုက်တယ်။
မိန်းမပျိုးလေးကတော့ ပြုံးရင်းနဲ့သာ သူမလက်ကို အသာအယာလေး ဝှေ့ရမ်းလိုက်တယ်။
တဒင်္ဂအတွင်းမှာပဲ မိန်းမပျိုလေး ရှေ့မှောက်ရှိ လေဟာနယ်ထက် ထိုးဖောက်မရနိုင်တဲ့ အကွာအကွယ် တစ်ခု ဖြစ်တည်လာခဲ့တယ်။ ထိုအကာအကွယ်က လူဆောင်းရဲ့ တိုက်ခိုက်မှုကို ကာကွယ်ပိတ်ဆို့ ခဲ့လိုက်ရုံမကလို့ လူဆောင်းရဲ့ အသေသတ် တိုက်ကွက်ကိုပါ ပြန်ကန် ထွက်သွားစေခဲ့တယ်။ လူဆောင်းလည်း သူ့လက်သီးချက် ပြန်မှန်တာ ခံလိုက်ရပြီး ကိုးယိုးကားယား ပုံစံနဲ့ နောက်သို့ သုံး၊လေး၊ငါးပတ်လောက် ကျွမ်းပြန်လွင့်စင် ထွက်သွားခဲ့တယ်။
ဘေးပတ်လည်ကနေ သက်ပြင်းရှိုက်သံတို့ ထွက်ပေါ်လာခဲ့တယ်။ ဒေါင်ချင်းဟန်တောင် ကြက်သေသေနေခဲ့တယ်။
ပန်းလေးတစ်ပွင့်လို နူးညံ့သိမ်မွေ့တယ်လို့ ထင်ရတဲ့ ထိုနှစ်လိုဖွယ် ကောင်းတဲ့ မိန်းကလေးက ဒီလောက် ကြောက်မက်ဖွယ် ကောင်းတဲ့ ခွန်အားကို ဖုံးကွယ်ထားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပါဘူး။
အရမ်းကို ငယ်ရွယ်ပေမယ့် ပထမအဆင့် အင်အားစု တစ်ခုက သခင်လေးကို တစ်ကွက်တည်းနဲ့ နောက်ပြန်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တယ်။ ဒီလို စွမ်းရည်မျိုးက သာမန် လူတစ်ယောက် ပိုင်ဆိုင်နိုင်တာမျိုး မဟုတ်ပါဘူး။
“ဟန့်” မိန်းမပျိုးလေးရဲ့ ပြုံးနေတဲ့ မျက်နှာထက် ရွံရှာစက်ဆုပ်ပြီး အထင်အမြင်သေးတဲ့ အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ပမာမခန့် အမူအရာနဲ့ နှာခေါင်းရှုံ့လိုက်တယ်။ ပြီးတာနဲ့ လှည့်ထွက်သွားလိုက်ပြီး သူမရဲ့ အမွှာညီအစ်မနဲ့ လူအုပ်ကြီးထဲ တိုးဝင်ပျောက်ကွယ် သွားခဲ့တယ်။ လူငယ်လေးလည်း သူမတို့နောက် အလျင်စလို ပြေးလိုက်သွားခဲ့တယ်။
လူဆောင်းကတော့ ထိတ်လန့်တုန်လှုပ် နေရာကနေ အခုထိ အသိပြန်ဝင်မလာ သေးပါဘူး။ ဒေါင်ချင်းဟန်နဲ့ တိုက်ခိုက်တုန်းကတောင် ထို့ကောင့်ကို မနိုင်ရင်သာ မနိုင်မယ်၊ အခုလိုမျိုး ခုခံဖို့ ကူကယ်ရာမဲ့တဲ့ အခြေအနေထိတော့ မရောက်ခဲ့ပါဘူး။ ထိုမိန်းမပျိုလေးက သာမန် မိန်းကလေး တစ်ယောက် မဟုတ်ပါဘူး။ သူမက သူနဲ့ ဒေါင်ချင်းဟန် နှစ်ယောက်စလုံးထက် အများကြီး ပိုသန်မာပါတယ်။
သူ့ခေါင်းတစ်ခုလုံး ယောက်ယတ်ခတ်နေခဲ့တယ်။ လူဆောင်းရဲ့ မျက်နှာ တဖြည်းဖြည်းနဲ့ ကြက်သွေးရောင် ပြောင်းသွားခဲ့ပြီး သူ့ရဲ့ အစစ်အမှန်ချီတွေတောင် မတည်မငြိမ် ဖြစ်လာခဲ့တယ်။
ပထမအဆင့် အင်အားစု တစ်ခုက သခင်လေး တစ်ယောက်နဲ့ ရင်ဆိုင်တုန်းက သူရှုံးနိမ့်ခဲ့ရတယ်၊ ဒါက ကိစ္စမရှိသေးပါဘူး။ ဒါပေမယ့် လူမသိသူမသိ ကြုံရာ ကျင့်ကြံသူတစ်ယောက်ရဲ့ ပြတ်ပြတ်သားသား အနိုင်ယူခြင်းကို ခံလိုက်ရတဲ့ အခါမှာတော့ လူဆောင်းမှာ ရှက်လွန်းလို့ ခေါင်းမဖော်နိုင်အောင် ဖြစ်သွားခဲ့တယ်။
သူ့ကိုသူ ပြန်ထိန်းလိုက်နိုင်ပြီးနောက် သူပထမဆုံး တွေးမိလိုက်တဲ့အရာက သူ့လက်အောက် ငယ်သားတွေကို ထိုမိန်းကလေး နှစ်ယောက်အား ဖမ်းခိုင်းပြီး သူမတို့ နှစ်ယောက်ကို ရက်ရက်စက်စက် နှိပ်စက်ပစ်ဖို့ပါ။ ဒါပေမယ့် ထိုမိန်းကလေး နှစ်ယောက်ကို လိုက်ပတ်ရှာလိုက်ပေမယ့် နှစ်ယောက်စလုံးရဲ့ ခြေရာလက်ရာ အစအနလေးကိုတောင် လူဆောင်း မတွေ့ရတော့ပါဘူး။ သူ့စိတ်ဓါတ်ကျသလို ခံစားလိုက်ရပြီး ကူကယ်ရာမဲ့သွားခဲ့တယ်။
“လူဆောင်း ဒီလက်နက်ကို ဒီသခင်လေးက သဘောထားကြီးကြီးနဲ့ လက်ခံပေးလိုက်ပါ့မယ်” ဒေါင်ချင်းဟန်က ဝိဥာဉ်အမျိုးအစား လက်နက်ကို မြှောက်ကိုင်ပြလိုက်ရင်း လှောင်ပြုံးပြုံးကာ ပြောလိုက်တယ်။
လေနဲ့တိမ်အစောင့်အကြပ် နှစ်ယောက်လည်း လူဆောင်းရဲ့ သက်တော်စောင့် နှစ်ယောက်နဲ့ တိုက်ခိုက်နေတာကို ရပ်တန့်လိုက်ပြီး ဒေါင်ချင်းဟန် ဘေးဆီ ချက်ချင်း ပြန်သွားလိုက်တယ်။
“မင်းစောင့်နေစမ်းပါ” လူဆောင်းက ဒေါသတကြီး ပြန်ပြောလိုက်တယ်။
လူဆောင်းကို စိုက်ကြည့်နေရင်း ဒေါင်ချင်းဟန်ရဲ့ အမူအရာ လေးနက်သွားခဲ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “သခင်လေးလျူ၊ စစ်ပွဲမြို့တော်ကနေ ထွက်ပြီး ဗဟိုမြို့တော်ကနေ ထွက်သွားဖို့ ငါမင်းကို အကြံပေးလိုက်မယ်။ ဒါမှမဟုတ်ရင် မင်းအနှေးနဲ့အမြန် သေရလိမ့်မယ်။ ငါ့ဝမ်းကွဲကို ရန်စခဲ့တဲ့ လူတွေရဲ့ အဆုံးသတ်က ဘယ်တော့မှ ကောင်းမွန်လေ့ မရှိဘူး”
“ဘယ်သူအရင်သေမလဲ ကြည့်ရတာပေါ့ကွာ၊ သူပဲ ဖြစ်မလား၊ ငါပဲဖြစ်မလား” လူဆောင်က နည်းနည်းလေးတောင် ငြိမ်မခံပဲ ပြန်ပြောလိုက်တယ်။
ဒေါင်ချင်းဟန် ဖြည်းဖြည်းချင်း ခေါင်းရမ်းလိုက်တယ်။ လူဆောင်းကို ဆက်ပြီး ဂရုစိုက်မနေတော့ပဲ ရန်ကိုင် ရှိနေတဲ့ နေရာဆီသာ ပြန်သွားလိုက်တယ်။
သူတို့နှစ်ယောက်ကြား ထိပ်တိုက်တွေ့ဆုံမှုက တိုက်ပွဲတစ်ခုလုံးနဲ့ ယှဉ်ရင် စာမဖွဲ့လောက်ပါဘူး။ ထိုလျှို့ဝှက် ဆန်းကြယ်တဲ့ အမျိုးသမီးရဲ့ စွမ်းဆောင်ရည်ကို လူနည်းနည်းလောက်ပဲ မြင်တွေ့ခဲ့ပါတယ်။ ဒါပေမယ့် မြင်တွေ့ပြီး သိပ်မကြာပါဘူး၊ ပြန်မေ့သွားပါရော။ ဘာလို့လဲ ဆိုတော့ သူတို့ရှေ့က ပရမ်းပတာ ဖြစ်နေတဲ့ တိုက်ပွဲကြီးကို ကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားနေကြတာကိုး။
ဒေါင်ချင်းဟန် တစ်ယောက်သာ မျက်မှောင်ကြုံ့ရင်း အတွေးနက်နေခဲ့တယ်။ ထိုအမွှာမိန်းကလေး နှစ်ယောက်ကို သူဘယ်မှာ တွေ့ခဲ့ဖူးလဲ ဆိုတာကို ဒေါင်ချင်းဟန် မမှတ်မိနိုင် ဖြစ်နေခဲ့တယ်။ မျက်နှာတွေကို ရင်နှီးပေမယ့် သူ့မှတ်ဥာဏ်ထဲ သူမတို့နဲ့ ကိုက်ညီမယ့် လူတစ်ယောက်ကိုမှ ရှာမတွေ့ခဲ့ပါဘူး။
သူပိုပြီး ဂရုစိုက်တာက ထိုမိန်းမပျိုလေးရဲ့ ခွန်အားပါ။ သူမရဲ့ ခွန်အားက သူ့ထက် ပိုပြီး အားကောင်းတယ် ဆိုတာကို လုံးဝ သံသယရှိစရာ မလိုပါဘူး။
ကိုးသုတ်မြောက် လက်နက်တွေ ထွက်ပေါ်လာတဲ့ အချိန် ပိုကျင်း ကန်ရေပြင်တစ်ခုလုံး ကောင်းကင် လက်နက်တွေနဲ့ ပြည့်သွားခဲ့တယ်။ အားလုံးရဲ့ မျက်ဝန်းတွေက လောဘ မီးတောက်တို့ဖြင့် ရဲရဲနီနေခဲ့ပါပြီ။ တိုက်ပွဲတိုင်းကလည်း အရင်ကထက် ပိုပြီး ရက်စက်ကြမ်းတမ်း လာနေခဲ့ပါပြီ။
သူတို့အတွက် လက်နက် အကန့်အသတ်ပဲ ရှိတယ်ဆိုတာကို အားလုံး နားလည်ထားတဲ့အတွက် သူတို့ လက်ထဲ လက်နက်တစ်ခု ရောက်ရှိလာတာနဲ့ ထိုလူနားမှာ ရှိနေတဲ့ မရေမတွက်နိုင်တဲ့ လူတွေက ထိုလက်နက် ရထားတဲ့ လူကို ပစ်မှတ်ထားလာခဲ့ကြပါတယ်။ လက်နက် ကိုင်ထားတဲ့ ကျင့်ကြံသူတိုင်းက ကျင့်ကြံသူအားလုံးရဲ့ ပစ်မှတ် ဖြစ်လာခဲ့ကြတယ်။
အဲ့လိုဆိုရင်တောင် ကျင့်ကြံသူတွေက အရဲစွန့်ပြီး လက်နက်တွေကို လုယူဖို့ ကြိုးစားနေကြတုန်းပါပဲ။ ဒီအကြောင်းကြောင့်ပဲ လက်နက်တွေကို ကိုင်ဆောင်တဲ့ လူတွေက တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲလို့ နေခဲ့ကြပါတယ်။
Martial Peak
အပိုင်း(၄၆၃) လလှိုင်းပြာဝတ်ရုံ
သခင်လေး ခြောက်ယောက်ကလွဲပြီး ကျန်တဲ့ လူတွေ အကုန်လုံး ထွက်ပေါ်လာတဲ့ ကောင်းကင်အဆင့် လက်နက်တွေကိုသာ အာရုံစိုက်နေခဲ့ကြတယ်။
လက်နက်လု တိုက်ပွဲ စတင်ကတည်းက ဘယ်သခင်လေးကမှ ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားခဲ့သေးပါဘူး။ သူတို့ရဲ့ အဖွဲ့သားတွေကိုသာ စေလွှတ်ပြီး လက်နက်တွေကို လုယူခိုင်းခဲ့ပါတယ်။
ခြောက်ယောက်စလုံးက တစ်ယောက် လှုပ်ရှားမှုကို တစ်ယောက် မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ကြတယ်။ ရန်ကိုင်၊ ရန်ဝေနဲ့ ရန်ကျောင်းတို့က စိုးရိမ်နေပုံ မပေါက်ပေမယ့် ရန်ခန်း၊ ရန်ရှန်းနဲ့ ရန်ရင်တို့ကတော့ အနည်းငယ် စိုးရိမ်နေတဲ့ပုံ ပေါက်နေခဲ့ပါတယ်။
သူတို့ အဖွဲ့သားတစ်ယောက် လက်နက်တစ်ခုကို ဆုံးရှုံးသွားခဲ့ရင် သူတို့ မျက်နှာတွေ ခါးသီးသွားခဲ့ပြီး သူတို့ အဖွဲ့သား တစ်ယောက်က လက်နက်တစ်ခုကို ရလိုက်ရင်တော့ သူတို့ မျက်နှာတွေက ပြုံးဖြီးသွားခဲ့ကြပါတယ်။ အထူးသဖြင့် လက်နက်ရဲ့ အဆင့်က မြင့်နေတဲ့ အခါမျိုးမှာပေါ့။
ဒါပေမယ့် သူတို့ထဲက ဘယ်သူပဲဖြစ်ဖြစ် အားလုံးက ဆန်းကြယ်အဆင့် လက်နက်တွေ ထွက်ပေါ်လာမှာကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြတယ်။
ရုတ်တရက် မီတာတစ်ထောင်အထက်၌ မှိတ်တုတ်မှိတ်တုတ် လက်နေတဲ့ ကြယ်လေးတွေလို မှိန်ဖျဖျ အလင်းအချို့ လက်သွားခဲ့ပြီး ထိုနေရာဆီမှ သာမန် မဟုတ်တဲ့ ချီစွမ်းအင်လှိုင်းတွေ ပျံ့နှံ့လာခဲ့တယ်။
ထိုစွမ်းအင်လှိုင်းတွေကို ခံစားမိလိုက်တာနဲ့ အားလုံး မော့ကြည့်လိုက်ကြတယ်။
သူတို့ မြင်လိုက်တာကတော့ ကန်ရေပြင်ဆီ မယုံနိုင်ဖွယ် အမြန်နှုန်းနဲ့ ထိုးဆင်းလာနေတဲ့ တလက်လက် တောက်ပနေတဲ့ အမှတ်အသားလေးတွေပါ။ ထိုအမှတ်အသားလေးတွေက ပိုပိုပြီး တောက်ပလာနေခဲ့ပြီး ကြွေကျနေတဲ့ ကြယ်စဉ်လေး တစ်ခုအလား ငါးရောင်သော ရောင်စဉ်တန်းလေးတွေက ထိုအမှတ်အသားတွေနောက် ကျန်ရစ်နေခဲ့ပါတယ်။
ညီအစ်ကိုခြောက်ယောက်စလုံးရဲ့ အမူအရာတွေ တောက်ပသွားခဲ့ပြီး သူတို့ နှလုံးသားထဲ မီးတောက်လာခဲ့တယ်။
နောက်ဆုံးမှာတော့ ဆန်းကြယ်အဆင့် လက်နက်တွေ ထွက်ပေါ်လာခဲ့လေပြီ။
ပြီးတော့ လက်နက်က ရှစ်ခုကြီးများတောင်ပါ။
ဒါက လက်နက်လုပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲပါ၊ ထိုလက်နက်တွေကလည်း လက်နက်လုပွဲရဲ့ အဖိုးအတန်းဆုံး လက်နက်တွေဆိုလည်း မမှားပါဘူး။
ဆန်းကြယ်အဆင့် ဆိုတာ ဒီလောကကြီးရဲ့ အမြင့်ဆုံး အဆင့်ပါ။ လက်နက်မှာဖြစ်စေ၊ ဆေးလုံးမှာဖြစ်စေ ဆန်းကြယ်အဆင့်ဆိုတာ အမြင့်ဆုံးပါပဲ။ ဆန်းကြယ်အဆင့် ဆေးလုံးကို ဖော်စပ်သန့်စင်ဖို့ အရမ်းကို ခက်ခဲပါတယ်။ ဆန်းကြယ်အဆင့် လက်နက်ကို ထုလုပ်ဖို့ဆိုရင်တော့ ပိုပြီးတော့တောင် ခက်ခဲပါသေးတယ်။ ထို့ကြောင့် ဆန်းကြယ်အဆင့် လက်နက်တစ်ခုစီတိုင်းက ပထမအဆင့် အင်အားစုတွေရဲ့ အုတ်မြစ်အမွေအနှစ်တွေ ဖြစ်တယ်လို့တောင် ပြောလို့ရပါတယ်။
တစ်ကြိမ်တည်းမှာပဲ ဆန်းကြယ်အဆင့် လက်နက်ရှစ်ခုကို တန်းထုတ်နိုင်တာဆိုလို့ ဗဟိုမြို့တော်က မိသားစုကြီး ရှစ်ခုပဲ အခုလိုမျိုး လုပ်နိုင်ပါလိမ့်မယ်။
သိပ်မကြာခင်မှာပဲ ဆန်းကြယ်အဆင့် လက်နက်တွေက ကန်ရေပြင်အထက် မီတာတစ်ထောင်သို့ ရောက်ရှိလာခဲ့တယ်။ ဒါပေမယ့် ရပ်တန့်ခြင်း မရှိသေးပါဘူး။
ပွဲကြည့်နေတဲ့ လူအုပ်ကြီး ဖြစ်စေ၊ တိုက်ခိုက်နေတဲ့ကြတဲ့ ကျင့်ကြံသူတွေဖြစ်စေ သူတို့အပေါ်ကို တောင်တစ်လုံးလို လေးလံလှတဲ့ ဖိအားတစ်ခု သက်ဆင်းလာတာကို အားလုံး ခံစားမိလိုက်တယ်။ ဒီအရှိန်အဝါက ဒီလောကကြီး ပျက်ကိန်ဆိုက်တော့မှာကို ကြိုတင်သတိပေးနေတဲ့ ရှေ့ပြေးနိမိတ် တစ်ခုနဲ့တောင် တူနေခဲ့ကာ လူအားလုံးကို ကြောက်ရွံ့မှုနဲ့ တုန်ရီသွားစေခဲ့တယ်။
“ပြေး” တစ်ယောက်ယောက်က ထိတ်လန့်တကြား ထအော်လိုက်ပြီး လူအုပ်ကြီးတစ်ခုလုံး လွတ်ရာကျွတ်ရာ အရပ်ဆီ သွေးရူးသွေးတန်း ထွက်ပြေးကြပါတော့တယ်။
တတိယအသုတ် လက်နက်တွေထည်းက လက်နက်တွေထဲမှာ တိုက်ခိုက်မှုတစ်ခုစီ ထည့်သွင်း ထားခဲ့တာပါ။ ကျင့်ကြံသူ တစ်ယောက်သာ ထိုလက်နက်ကို လိုချင်တယ်ဆိုရင် ထိုလက်နက်ထဲမှာ ချိတ်ပိတ်ထားတဲ့ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိရပါမယ်။
ထိုဆန်းကြယ်အဆင့် လက်နက်တွေလည်း အတူတူပါပဲ။ ဆန်းကြယ်အဆင့် လက်နက်ဆီက တိုက်ခိုက်မှု တစ်ခုကို အင်မော်တယ်တက်လှမ်းခြင်း အဆင့်၇၊ အဆင့်၈ ကျင့်ကြံသူတွေတောင် ခုခံနိုင်ချင်မှ ခုခံနိုင်မှာကို သူတို့က ရောယောင်ပြီး ဘာလို့ ဓါးခုတ်ရာ လက်ဝင်လျှိုနေရဦးမှာလဲ။
ထိုအော်သံ ထွက်ပေါ်လာတာနဲ့ လူအုပ်ကြီး တစ်ခုလုံး ကြောက်လန့်တကြား ထွက်ပြေးနေတဲ့ လမ်းဘေးခွေး တစ်အုပ်လို ဖြစ်သွားခဲ့တယ်။ တစ်ယောက်ချင်းစီက သူတို့ရဲ့ လှုပ်ရှားမှုပညာရပ်တွေကို အသက်သွင်းပြီး ပိုကျင်းရေကန်ဆီကနေ ဝေးနိုင်သမျှ ဝေးနိုင်အောင် ထွက်ပြေးနေခဲ့ကြတယ်။
ပွဲကြည့်နေတဲ့ လူတွေသာမက၊ လက်နက်တွေကို လုယက်တိုက်ခိုက်နေတဲ့ လူတွေတောင် ကမန်းကတန်းနဲ့ ပြန်ဆုတ်နေကြပါပြီ။
သခင်လေးခြောက်ယောက်ကတော့ မလှုပ်ရှားခဲ့ပါဘူး။ ခြောက်ယောက်စလုံးက ကြယ်စဉ်တွေလို ကြွေကျလာနေတဲ့ လက်နက် ရှစ်ခုကိုသာ စူးစိုက်ကြည့်နေခဲ့ပြီး သူတို့ မျက်ဝန်းတွေကလည်း အချိန်နှင့်အမျှ ပိုပိုတောက်ပ လာနေခဲ့တယ်။
ရှစ်ရာမီတာ… ခုနှစ်ရာ…
ထိုအကွာအဝေးလောက် ရောက်တာနဲ့ လက်နက်ရှစ်ခုရဲ့ ပုံစံတွေကို တွေ့မြင်နေရပါပြီ။ ရှစ်ခုစလုံးက ကွဲပြားသော အရွယ်အစားနဲ့ ပုံစံတို့ကို ပိုင်ဆိုင်ထားကြပါတယ်။
ရန်ကိုင်က သူ့ရဲ့ကောင်းကင် စိတ်အာရုံကို ထုတ်လွှတ်ပြီး လက်နက်ရှစ်ခုစလုံးကို စစ်ဆေးကြည့်ပြီးသွားခဲ့ပြီ။ သူအများဆုံး သေသေချာချာ စစ်ဆေးကြည့်ခဲ့တဲ့ လက်နက် ကတော့ မှန်နဲ့တူတဲ့ လက်နက်ကိုပါ။
ထိုမှန်ဆီကနေ လျှို့ဝှက်ဆန်းကြယ်သည့် အေးစက်စက် စွမ်းအင်လှိုင်းတို့ ထွက်ပေါ်နေခဲ့တယ်၊ ထိုလက်နက်က အအေးစွမ်းအင် အမျိုးအစား လက်နက်တစ်ခု ဖြစ်နိုင်လောက်ပါတယ်။ သူက အစစ်အမှန်ယန်ကျင့်စဉ်ကို လေ့ကျင့်ထားပေမယ့် ထိုမှန်လက်နက်က အခြားလက်နက် တွေထက် ပိုပြီးအားကောင်းတယ်လို့ ရန်ကိုင် ခံစားနေခဲ့ရတယ်။
ငါးရာမီတာ…
အစကတည်းက ကြိုတင်ဆွေးနွေးထားသည့်အလား လက်နက်လုပွဲ စကတည်းက နည်းနည်းလေးတောင် မလှုပ်ရှားခဲ့တဲ့ သခင်လေး ခြောက်ယောက်စလုံး ရုတ်တရက် ကောင်းကင်ပေါ် ပျံတက်သွားကြပြီး လက်နက်ရှစ်ခုစီ ပြေးဝင်သွားကြပါတယ်။
လေထဲ ဝဲနေရင်း ညီအစ်ကိုခြောက်ယောက် စလုံး တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။ စစချင်းမှာပဲ ဘယ်သူကမှ အချင်းမများချင်ကြပါဘူး။
လက်နက်ရှစ်ခု ရှိတဲ့အတွက် တစ်ယောက်ကို လက်နက်နှစ်ခုစီ ရပါလိမ့်မယ်။ ကျန်တဲ့ လက်နက် နှစ်ခုကိုတော့ ရနိုင်တဲ့လူ ယူပေါ့။
ကံကောင်းစွာနဲ့ ရန်ကိုင် လိုချင်နေတဲ့ လက်နက်ကို သူ့ ညီအစ်ကိုတွေထဲ ဘယ်သူကမှ ပစ်မှတ် မထားခဲ့ကြပါဘူး။ ထိုဆန်းကြယ်အဆင့် လက်နက်တွေရဲ့ အသုံးဝင်ပုံကို သေချာ မသိရသေးတဲ့အတွက် အားလုံးလည်း မလိုလားအပ်တဲ့ တိုက်ပွဲတွေ မဖြစ်ချကြင်ပါဘူး။
ညီအစ်ကိုခြောက်ယောက်နဲ့ လက်နက်ရှစ်ခုကြားက အကွာအဝေး တဖြည်းဖြည်း နီးကပ်လို့ လာနေခဲ့တယ်။
အားလုံးရဲ့ အစစ်အမှန်ချီစွမ်းအင်လှိုင်းတွေ လှုပ်ခတ်လာခဲ့ပြီး ညီအစ်ကိုခြောက်ယောက်နဲ့ အတူ လိုက်ပါလာတဲ့ သွေးစစ်သည်တော်တွေလည်း သူတို့ရဲ့ ခွန်အားတွေကို ကြိုတင်စုဆောင်း ထားလိုက်ကြတယ်။
မျက်တောင် တစ်ခတ်အတွင်းမှာပဲ လူ၁၂ယောက်နဲ့ လက်နက်ရှစ်ခုတို့ ထိပ်တိုက်တွေ့သွားခဲ့တယ်။
သွေးစစ်သည်တော် ခြောက်ယောက်ရဲ့ အမြန်နှုန်းက မဆိုသလောက်ကလေး ပိုမြန်နေခဲ့ပါတယ်။ သူတို့ သခင်လေးရှေ့ အရင်ပြေးတက်သွားလိုက်ပြီး ဆိုင်ရာဆိုင်ရာ လက်နက်တစ်ခုစီက တန်ပြန်တိုက်ခိုက်မှုတွေကို ကာကွယ်လိုက်ကြတယ်။
ဆန်းကြယ်အဆင့် လက်နက်တစ်ခုစီက အားအပြည့်သုံး တိုက်ခိုက်မှုတစ်ခုက သခင်လေးတွေ ခုခံနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။ ထို့ကြောင့် သခင်လေးတွေ ထိုလက်နက်တွေကို မယူရသေးခင် သွေးစစ်သည်တော်တွေက လက်နက်တွေရဲ့ တိုက်ခိုက်မှုကို ရှေ့သို့ ပြေးတက်ပြီး ခုခံကာကွယ်ထားလိုက်တာပါ။
မျက်စိကျိန်းမတတ် တောက်ပသည့် အလင်းရောင်တွေနဲ့ အတူ ကြောက်မက်ပြင်းထန်တဲ့ စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲ ထွက်လာခဲ့တယ်။
မပီပြင်တဲ့ နှာခေါင်းရှုံ့သံခြောက်သံ တစ်ချိန်တည်းမှာပဲ ထွက်ပေါ်လာခဲ့တယ်၊ ထိုတလက်လက် တောက်ပနေတဲ့ အလင်းရောင်ထဲကနေ လျှို့ဝှက်ဆန်းကြယ်သည့် ပုံစံကွက်တစ်ခု ဖြစ်လာသယောင် ထင်မှတ်ရပါတယ်။
ကျန်ရှိနေတဲ့သည့် လက်နက်နှစ်ခုက အောက်သို့ ပြုတ်ကျသွားခဲ့တယ်။ ပူလောင်နေတဲ့ အကြည့်ခြောက်ခုက ထိုလက်နက်တွေကို စူးစိုက်ကြည့်နေခဲ့ပေမယ့် ဘယ်သူကမှ ထိုလက်နက်တွေကို သွားပြေးယူဖို့ မစဉ်းစားကြပါဘူး။ ရန်ကိုင်တောင် ထိုဆန်းကြယ်အဆင့် လက်နက်တွေပေါ် ခတ်ထားသည့် ချိတ်တံဆိပ်တွေကို သွားမထိရဲပါဘူး။
ဒါပေမယ့် သခင်လေးခြောက်ယောက်စလုံးရဲ့ အကြည့်အောက်မှာပဲ ပုံရိပ်တစ်ခုက အောက်သို့ ပြုတ်ကျနေတဲ့ လက်နက်နှစ်ခုထဲက တစ်ခုစီ ပြေးဝင်သွားခဲ့တယ်။ ထိုလူက ညီအစ်ကိုခြောက်ယောက် လှုပ်ရှားပြီးတာနဲ့ ချက်ချင်း လှုပ်ရှားလာခဲ့တဲ့ ပုံပါပဲ။
ထိုလူမျက်နှာကို မြင်တွေ့လိုက်ပြီးနောက် ရန်ခန်းက အော်ဟစ်ဆဲဆိုလိုက်တယ် “ခွေးသူတောင်းစား၊ လျူချင်းယောင်”
လက်နက်နှစ်ခုထဲက တစ်ခုစီ ပြေးဝင်သွားနေတဲ့ လူက ဗဟိုမြို့တော်ရဲ့ နံပါတ်တစ် လူငယ်ပါရမီရှင် လျူချင်းယောင်က လွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ ကျန်တဲ့ ရန်သခင်လေးတွေလိုပဲ သူလည်း ပိုကျင်းရေကန်ကို စရောက်ကတည်းက မလှုပ်ရှားခဲ့တာပါ။
ဒါပေမယ့် ဆန်းကြယ်အဆင့် လက်နက်တွေ ထွက်ပေါ်လာတဲ့ အချိန်မှာတော့ သူလည်း စလှုပ်ရှားလာခဲ့ပါပြီ။ သူဒီကို ရောက်လာတဲ့ အကြောင်းပြချက်က ဆန်းကြယ်အဆင့် လက်နက်တွေကြောင့်ပဲ ဖြစ်ရပါမယ်။
“သေချင်နေတာပဲ” ရန်ရှန်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။ ဆန်းကြယ်အဆင့် လက်နက်တစ်ခုရဲ့ တိုက်ခိုက်မှုကို ပေါ့သေသေမှတ်နေရင်တော့ ပြင်းထန်တဲ့ အကျိုးဆက်ကို ခံစားသွားရပါလိမ့်မယ်။
လျူချင်းယောင်က အင်မော်တယ် တက်လှမ်းခြင်းအဆင့်၃ ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်တဲ့အတွက် ထိုဆန်းကြယ်အဆင့် လက်နက်ပေါ်ရှိ ချိတ်တံဆိပ်ကို ထိလိုက်တာနဲ့ တစ်ပြိုင်နက် သူမသေရင်တောင် အနည်းဆုံးတော့ ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရသွားပါလိမ့်မယ်။
ဒါပေမယ့် လျူချင်းယောင် မျက်နှာက် တုန်လှုပ်ချောက်ချား နေသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ သူ့ကိုယ်ကနေ အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာခဲ့ပြီး သူဝတ်ထားတဲ့ ဝတ်စုံလည်း ရုတ်တရက် စူးရှစွာ တောက်ပလာခဲ့တယ်။
သူ့ဝတ်စုံထက် မြစ်ကြီးတစ်စင်းနဲ့ လခြမ်းကွေးတစ်စင်း ထွက်ပေါ်လာခဲ့တယ်။ မြစ်ကြီးထဲ ကူးခတ်သွားလာနေသည့် ငါးတစ်ကောင် ရှိနေခဲ့ကာ တကယ်ကို အသက်ဝင်လှပါတယ်။ မြစ်ကြီးက အပြာရောင်လှိုင်းလုံးတွေနဲ့ ဆန်တက်လာခဲ့ပြီး ရေစီးကြမ်းသည့် ရေစီးကြောင်းတစ်ခုအဖြစ် ဖွဲ့တည်လာခဲ့ပြီး လျူချင်းယောင်ရဲ့ ပုံရိပ်ကို အလျင်အမြန်ပဲ လွှမ်းခြုံသွားခဲ့တယ်။
တစ်ပြိုင်တည်းမှာပဲ လခြမ်းကွေးဆီကနေ အလင်းတန်းတစ်ထောင် ထိုးထွက်လာခဲ့ပြီး ဆန်းကြယ်အဆင့် လက်နက်ဆီ တိုးတင်သွားခဲ့တယ်။ သာမန်လို့ ထင်ရသည့် ငါးကလည်း ရေအောက်ထဲကနေ ခုန်ထွက်လာခဲ့ပြီး ကြီးကျယ်ခမ်းနားသည့် နဂါးတစ်ကောင် အဖြစ်အသွင်ပြောင်း သွားခဲ့ကာ ပါးစပ်ဟပြီး ဆန်းကြယ်အဆင့်လက်နက်ကို လှမ်းကိုက်လိုက်တယ်။
“လလှိုင်းပြာ ဝတ်ရုံလား”ထိုရတနာကို တွေ့လိုက်တာနဲ့ ရန်ကျောင်း ထိတ်လန့်တကြား ဆိုလိုက်တယ်။
ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့တယ်။ လလှိုင်းပြာဝတ်ရုံကို တစ်ခါမှ မကြားဖူးခဲ့ပေမယ့် လျူချင်းယောင် အနေနဲ့ ဆန်းကြယ်အဆင့် လက်နက်ကို တစ်ယောက်တည်း လုယူရဲတာက ထိုဝတ်ရုံကြောင့်ဆိုတာ အသေအချာပါပဲ။
ထိုဝတ်ရုံက တိုက်ခိုက်တာရော၊ ခုခံတာမှာပါ အသုံးပြုလို့ရတဲ့ ရှားပါရတနာတစ်ခုပါ။ ဝတ်ရုံကိုယ်တိုင်ကကို ဆန်းကြယ်အဆင့် လက်နက် တစ်ခု ဖြစ်တဲ့ပုံပါပဲ။
လျူချင်းယောင်က ဗဟိုမြို့တော်ရဲ့ နံပါတစ်လူငယ် ပါရမီရှင်ပါ။ သူက လျူမိသားစုရဲ့ အမွေဆက်ခံသူဆိုလည်း မမှားပါဘူး။ ထို့ကြောင့် သူ့ဆီမှာ ကိုယ်ပိုင် ဆန်းကြယ်အဆင့် လက်နက်တစ်ခုရှိနေတာ ဘာမှ မထူးဆန်းပါဘူး။
နဂါးနဲ့လရောင်တို့ ဆန်းကြယ်အဆင့် လက်နက်ရဲ့ အကာအရံကို တိုက်ခိုက်လာတာနဲ့ လက်နက်ပေါ်ရှိ ချိတ်တံဆိပ် ချက်ချင်းဆိုသလို အသက်ဝင်သွားခဲ့ပြီး မရေမတွက်နိုင်တဲ့ ရွှေရောင်အလင်းတို့ တောက်ပလာခဲ့ကာ တစ်ထောင်သော လရောင်ခြည်တန်းတွေကို လွှမ်းမိုးသွားခဲ့တယ်။
နဂါးတည်း တစ်ခဏလောက်ကြာအောင် ရုန်းကန်နေခဲ့ပြီး နောက်ဆုံးမှာတော့ မြူမှုတွေအဖြစ် ပေါက်ကွဲသွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့တယ်။
လျူချင်းယောင်က ထိုအခွင့်ကောင်း အမိအရယူကာ လက်နက်ကို ဖမ်းကိုင်လိုက်တယ်။ ဒါပေမယ့် မရေမတွက်နိုင်တဲ့ ရွှေရောင်အလင်းတွေက သူ့ဆီ တိုးဝင်လာခဲ့တဲ့အတွက် သူ့ကို လွှမ်းခြုံထားတဲ့ ရေအကာအရံကိုတောင် ပြင်းပြင်းထန်ထန် တုန်ခါသွားစေခဲ့တယ်။
ရန်ခန်းနဲ့ ကျန်တဲ့လူတွေက ထိုမြင်ကွင်းကို ကြည့်ရင်း လျူချင်းယောင် အသတ်ခံရရင်ရ၊ မရခင် လွင့်ထွက်သွားပါစေ ဆိုပြီး စိတ်ထဲကနေ ကြိတ်မှိတ် ဆုတောင်းနေခဲ့တယ်။
ဒါပေမယ့် သူတို့ ဆုတောင်းနေသလို ဖြစ်မလာခဲ့ပဲ ရွှေရောင်အလင်းတန်းတွေက လုံးဝကို ပျောက်ကွယ် သွားခဲ့ပါတယ်။ လျူချင်းယောင်ကတော့ အကောင်းအတိုင်းပဲ ကျန်ရှိနေခဲ့ပါတယ်။ ဗဟိုမြို့တော်ရဲ့ နံပါတစ် လူငယ်ပါရမီရှင်က ထိုနေရာမှာ မတ်တပ်ရပ်နေခဲ့ပြီး ဘာကိုမှ ဂရုမစိုက်တဲ့ ပုံစံနဲ့ လက်နက်ကို သူ့လက်ထဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့တယ်။
သူအောင်မြင်သွားပြီလို့ အားလုံး ထင်မှတ်နေတဲ့ အချိန်မှာပဲ လျူချင်းယောင်ရဲ့ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူ့မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့တယ်။
လက်နက်ဆီကနေ ဖဲကြိုးသဏ္ဏာန် အပြာရောင် စွမ်းအင်တွေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး လူချင်းယောင်ကို ချက်ချင်း ရစ်ပတ်လွှမ်းခြုံသွားခဲ့တယ်။ ထိုအပြာရောင်စွမ်းအင်တွေက အရမ်းကို ထူးဆန်းလှပါတယ်။ သူ့ရဲ့ လလှိုင်းပြာ ဝတ်ရုံတောင် ထိုအပြာရောင် စွမ်းအင်တွေကို မကာကွယ်နိုင်ခဲ့ပါဘူး။
“ခုခံစမ်း” လျူချင်းယောင်က ဒေါသတကြီး အော်ဟစ်လိုက်တယ်။ သူ့ကိုယ်ပတ်လည်က ရေအကာအရုံက နိမ့်လိုက်မြင့်လိုက် ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာတော့ အပြာစွမ်းအင်တွေကို သူ့တစ်ကိုယ်အား ရစ်ပတ်လာနေတဲ့ နှုန်းကို လျှော့ချပေးလိုက်နိုင်ခဲ့တယ်။
ထိုမြင်ကွင်းကို ကြည့်ရင်း သခင်လေး ခြောက်ယောက်စလုံး ကြက်သေသေသွားခဲ့တယ်။ ဒါပေမယ့် နောက်ခဏအတွင်းမှာပဲ ရန်ဝေရဲ့ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူ့သွေးစစ်ဆေးသည့်ဘက် လှည့်ကာ လှမ်းအော်ခေါ်လိုက်တယ် “ပြန်လာခဲ့တော့”
ကံဆိုးစွာနဲ့ပဲ သူ့ခေါ်လိုက်တာ နောက်ကျသွားခဲ့ပါတယ်။ လျူချင်းယောင်က သူ့ရဲ့ကိုယ်ပိုင်လက်နက်ကို အားကိုးပြီး ဆန်းကြယ်အဆင့် လက်နက်ကို ရယူဖို့ ကြိုးစားခဲ့ပါတယ်။ သွေးစစ်သည်တော် ခြောက်ယောက်ကကော ထိုနည်းအတိုင်း ဘာလို့ မလုပ်နိုင်ရမှာလဲ။
သူတို့မှာ ကိုယ်ပိုင်ဆန်းကြယ်အဆင့် လက်နက်တွေ ရှိမနေပေမယ့် မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ခွန်အားတို့ ရှိနေပါသေးတယ်။
သွေးစစ်သည်တော် ခြောက်ယောက်စလုံးက သူတို့ သခင်လေးတွေ လိုချင်နေတဲ့ လက်နက်တွေကို ဖမ်းယူပြီးသွားပါပြီ။ ရန်ဝေအော်လိုက်တဲ့ အချိန်မှာပဲ ဖဲကြိုးသဏ္ဏာန် အပြာရောင်စွမ်းအင်တွေက ထွက်ပေါ်လာပြီးနေပြီ ဖြစ်ပြီး သွေးစစ်သည်တော် ခြောက်ယောက်စလုံးကို ရစ်ပတ်သွားခဲ့တယ်။
ထိုအပြာရောင်စွမ်းအင်ကြိုးတွေကို မြင်လိုက်တာနဲ့ သွေးစစ်သည်တော် ခြောက်ယောက်စလုံးရဲ့ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့တယ်။ ထိုအပြာရောင် ဖဲကြိုးတွေက ဘာလဲဆိုတာကို သူတို့ သိထားတဲ့ပုံစံပါပဲ။ တုန့်ဆိုင်းမနေတော့ပဲ သွေးစစ်သည်တော် ခြောက်ယောက်စလုံးက အမြန်ဆုံးပြန်ဆုတ်လိုက်ကြပေမယ့် အပြာရောင်စွမ်းကြိုးတွေက သူတို့နောက် အသည်းအသန် လိုက်သွားခဲ့ပြီး သွေးစစ်သည်တော်တွေကို ရစ်ပတ်သွားခဲ့တယ်။
ဘယ်သူမှ မလွတ်မြောက်နိုင်ခဲ့ပါဘူး… အားလုံး အဖမ်းခံလိုက်ရပါတယ်။
သာမန် ကြိုးတွေလို မဟုတ်ပဲ အပြာရောင် ဖဲကြိုးတွေက သွေးစစ်သည်တော်တွေကို ရစ်ပတ်ပြီးတာနဲ့ ချက်ချင်းပဲ သူတို့ကိုယ်ထဲ တိုးဝင်ပျောက်ကွယ် သွားခဲ့တယ်။ သွေးစစ်သည်တော်တွေရဲ့ လှုပ်ရှားမှုကို နည်းနည်းလေးတောင် အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။
သွေးစစ်သည်တော် ခြောက်ယောက်စလုံး စိတ်ဓါတ်ကျနေသည့် အမူအရာနဲ့ အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။
“ဒီအစုတ်ပလုတ်ကတော့ကွာ” တုဖုန်း သက်ပြင်းချလိုက်တယ်။
ကျန်တဲ့လူတွေကလည်း အံတင်းတင်း ကြိတ်လိုက်ပြီး ကျိန်ဆဲလိုက်တယ် “အရမ်းကို ကောက်ကျစ်တာပဲ”
ရင်းဂျုက စကားတစ်ခွန်းမှ မပြောပဲ ရန်ကိုင်ဆီ ပျံသန်းသွားလိုက်ပြီး မှန်နဲ့တူတဲ့ လက်နက်ကို ရန်ကိုင်လက်ထဲ ထည့်ပေးလိုက်တယ်။ ပြီးတာနဲ့ ကန်စပ်ဆီ ချက်ချင်း ပြန်ပြေးသွားခဲ့ပါတယ်။
ရန်ကိုင်က ရင်းဂျုရဲ့ ကျောပြင်ကို ကြည့်ရင်း မျက်မှောင် ကြုံ့လိုက်တယ်။ ရင်းဂျုက ဒဏ်ရာရထားတဲ့ ပုံစံ ပေါက်မနေပေမယ့် လက်ရှိရင်းဂျုက အရင်ပုံစံ ရင်းဂျုနဲ့ အရမ်းကို ကွာခြားနေသလို ရန်ကိုင် ခံစားနေခဲ့ရတယ်။ အခု ရင်းဂျုက သွားတွေ အကုန်နှုတ်ခံထားရတဲ့ ကျားတစ်ကောင်လို သူခံစားနေခဲ့ရတယ်။
ရင်းဂျုသာမက ကျန်တဲ့ သွေးစစ်သည်တော်တွေလည်း လက်နက်ကို သူတို့ သခင်လေးအသီးသီးဆီ ပြန်ပေးပြီးတာနဲ့ ချက်ချင်း ထွက်ခွါသွားခဲ့တယ်။
“ဘာတွေ ဖြစ်သွားတာလဲ” ရန်ခန်က လက်စွပ်ပုံစံ လက်နက်ကို ကိုင်ထားရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။
“အစ်ကိုကြီး၊ အဆင်ပြေမယ်ဆိုရင် မင်းရဲ့ ညီလေးတွေကို နားလည်သွားအောင် တစ်ချက်လောက် ရှင်းပြပေးလို့ရမလား” ရန်ကျောင်းက ပြုံးကာ ရန်ဝေဆီ လှမ်းကြည့်လိုက်တယ်။
Martial Peak
အပိုင်း(၄၆၄) ငါကြိုးစားကြည့်မယ်
ရန်ဝေက တစ်ခုခုကို သတိပြုမိသွားလို့သာ သူ့သွေးစစ်သည်တော်ကို ချက်ချင်း လှမ်းသတိ ပေးလိုက်တာပါ။ ကံမကောင်းစွာနဲ့ သူသတိပေးတာ နောက်ကျသွားခဲ့ပါတယ်။
ထိုဆန်းကြယ်တဲ့ အပြာရောင် ဖဲကြိုးတွေက ဘာလဲ ဆိုတာကို ရန်ဝေ ကျိန်းသေ သိထားရပါမယ်။
ရန်ကျောင်းရဲ့ တောင်းဆိုချက်ကို ကြားလိုက်ပေမယ့် ရန်ဝေ မကြားချင်ယောင်သာ ဆောင်နေလိုက်တယ်။ သူက ပြန်မဖြေချင်တဲ့ ပုံပါပဲ။ ဒါပေမယ့် အဖြာရောင် ဖဲကြိုးတွေနဲ့ ရစ်ပတ်ခံထားရလို့ မလှုပ်ရှားနိုင် ဖြစ်နေတဲ့ လျူချင်းယောင်ကို မြင်လိုက်တဲ့ အခါမှာတော့ အသာအယာလေး မျက်မှောင် ကြုံ့လိုက်ပြီး ခေါင်းညိတ် လိုက်တယ်။
အပြာရောင် ဖဲကြိုးတွေနဲ့ ပက်သက်တဲ့ အကြောင်းအရာကို ထုတ်ပြောလိုက်လို့ သူ့အတွက် ဆုံးရှုံးသွားတာ ဘာမှ မရှိပါဘူး။ ပြီးတော့ သူညီလေးတွေက သူတို့သွေးစစ်သည်တော်တွေကို သွားပြန်မေးသရွေ့ ဒီအကြောင်းကို သိရမှာပါ။
လျူချင်းယောင်က လလှိုင်းပြာဝတ်ရုံ အကူအညီနဲ့ အပြာရောင်စွမ်းအင် ဖဲကြိုးတွေကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် အခုအချိန်ထိ ချုပ်နှောင် ခံနေရတုန်းပါပဲ။ ထို့ကြောင့် ရန်ဝေ ခေါင်းညိတ်လိုက်တာကို မြင်တော့ လျူချင်းယောင်လည်း ရန်ဝေဆီ လှည့်ကြည့်လိုက်ပြီး သူဘာပြောမလဲ ဆိုတာကို နားစိုက်ထောင်နေလိုက်တယ်။
“ငါတို့ ရန်မိသားစုမှ အကြီးအကဲချုပ် လေးယောက်ရှိတယ်။ အားလုံးက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေချည်းပဲ။ မိသားစုခေါင်းဆောင်ပါ ပါတယ်ဆိုရင်တော့ စုစုပေါင်း ငါးယောက်ပေါ့” ရန်ဝေက တည်တည်ငြိမ်ငြိမ်နဲ့ စရှင်းပြလိုက်တယ် “ကျန်တဲ့ မိသားစုကြီး ခုနှစ်ခုမှာလည်း အကြမ်းဖျင်း ဒီလောက်ပဲ ရှိကြတယ်။ ဒါပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေ အကုန်လုံးက အိုကြီးအိုမတွေချည်းပဲ၊ တစ်ခါမှ တိုက်ခိုက်လေ့ မရှိကြတော့တဲ့ လူတွေပေါ့။ တိမ်မိစ္ဆာနယ်မြေနဲ့ စစ်ဖြစ်တုန်းကတောင် သူတို့ထဲက တစ်ယောက် နှစ်ယောက်လောက်ပဲ သွားခဲ့ကြတာ။ အကြီးအကဲချုပ်တွေထဲမှာ ချုပ်နှောင်ခြင်း နည်းစနစ်တွေကြောင့် နာမည်ကျော်ကြားတဲ့ လူတစ်ယောက် ရှိတယ်။ အဲ့အကြီးအကဲချုပ်က သွေးစစ်သည်တော် ခန်းမကနေ လာခဲ့တာ”
“ဟွမ်ဂျုကျို့လား” ရန်ကျောင်း တုန်လှုပ်အံ့ဩသွားခဲ့တယ်။
ရန်မိသားစုရဲ့ အကြီးအကဲချုပ် လေးယောက်ထဲမှာ သွေးစစ်သည်တော်ခန်းမက လာခဲ့တဲ့ လူတစ်ယောက်ပဲ ရှိပါတယ်။ ထိုလူငယ်ရွယ်စဉ်တုန်းက သူက ရန်မိသားစုရဲ့ သွေးစစ်သည်တော် တစ်ယောက်ပါ။
ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီးနောက် သူက ရန်မိသားစုအတွက် များစွာအကျိုးဆောင် ပေးခဲ့တဲ့အပြင် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် ရန်မိသားစုရဲ့ အကြီးအကဲချုပ် ဆိုတဲ့ ရာထူးပေးအပ်ခြင်း ခံခဲ့ရတယ်။
သူက သွေးစစ်သည်တော်ခန်းမရဲ့ အားအကောင်းဆုံး လူမှန်း ရန်မိသားစုဝင်တိုင်း သိကြပါတယ်။ လူတစ်ယောက်သာ ဇွဲရှိရှိနဲ့ ကြိုးစားကျင့်ကြံမယ် ဆိုရင် တစ်နေ့ကျ ဟွမ်ဂျုကျုလို့ လူမျိုး ဖြစ်လာနိုင်လိမ့်မယ်လို့ အားလုံးက သူ့ကို စံနမူထား ကျင့်ကြံပါတယ်။
“အင်း” ရန်ဝေက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး လျူချင်းယောင်ဆီ လက်ညိုးထိုး ညွှန်ပြလိုက်ကာ “အဲ့ဒါတွေက သူ့ဆီကနေ လာတာလေ။ ချီချုပ်နှောင် ချိတ်တံဆိပ်က ပစ်မှတ်ရဲ့ သွေးကြောတွေထဲမှာ ရှိတဲ့ အစစ်အမှန်ချီကို အသုံးပြုလို့ မရအောင် လုပ်နိုင်တယ်”
“အဲ့ဒါတွေက သူတို့ ဆင်ထားတဲ့ ထောင်ချောက်တွေပေါ့…” ရန်ကျောင်းက ခေါင်လေး တညိတ်ညိတ် လုပ်နေရင်း ရုတ်တရက် တစ်ခုခုကို နားလည်သွားလိုက်ကာ “အဲ့လိုဆို ငါတို့ရဲ့ သွေးစစ်သည်တော်တွေ…”
“သူတို့ရဲ့ အစစ်အမှန်ချီတွေလည်း ပိတ်လှောင်ထားခံ ရလိမ့်မယ်။ ချီချုပ်နှောင် ချိတ်တံဆိပ်တွေကို သူတို့ဘာသာ ပြန်ဖြေလို့ ရပေမယ် အဲ့လိုလုပ်နိုင်ဖို့ နှစ်လ၊ သုံးလလောက် အချိန်လိုတယ်” ရန်ဝေက တိုးတိုးလေး ပြောလိုက်တယ်။
ရန်မိသားစုသခင်လေးတွေ အကုန်လုံး အရုပ်ဆိုးသွားခဲ့ကြတယ်။
အစက သူတို့မှာ သွေးစစ်သည်တော် နှစ်ယောက်ပဲ ရှိခဲ့ပါတယ်။ တစ်ယောက်က အလံကို စောင့်ကြပ်ဖို့ တာဝန်ယူထားရပြီး တစ်ယောက်က သူတို့ကို လိုက်လံစောင့်ရှောက် ပေးထားရပါတယ်။ ဒါပေမယ့် ဟွမ်ဂျုကျုရဲ့ ကျေးဇူးကြောင့် သူတို့အာလုံး အားကောင်းတဲ့ သက်တော်စောင့် တစ်ယောက်စီကို ဆုံးရှုံးလိုက်ရပါတယ်။ တိုက်ခိုက်ရာမှာ ဖြစ်စေ၊ ခုခံရာမှာ ဖြစ်စေ၊ သူတို့ အသုံးပြုနိုင်တဲ့ စွမ်းအားက သိသိသာသာကို လျော့နည်းသွားခဲ့ပါပြီ။
ထိုအချက်ကို စဉ်းစားမိလိုက်တာနဲ့ အားလုံး ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ကြတယ်။ သူတို့အားလုံး ရန်ကိုင်ကို မနာမလိုပဲ မနေနိုင်အောင် ဖြစ်နေခဲ့ကြတယ်။
ရန်ကိုင်တစ်ယောက်မှာသာ သွေးစစ်သည်တော် သုံးယောက် ရှိနေတာ ဖြစ်တဲ့အတွက် ဒီဆုံးရှုံးမှုရဲ့ သူ့အပေါ် ထိချက်က သူတို့လောက် မပြင်းထန်ပါဘူး။
ဆန်းကြယ်အဆင့် လက်နက်ရှစ်ခုပေါ်မှာ ချီချုပ်နှောင် ချိတ်တံဆိပ်တွေ ထည့်သွင်းထားတာက ရန်မိသားစုရဲ့ အစီအစဉ်တွေပဲ ဖြစ်ရပါမယ်။ ဒါက အမွေခံတိုက်ပွဲရဲ့ တိုးတက်နှုန်းကို တိုးမြှင့်အောင် လုပ်မယ့် ရန်မိသားစုရဲ့ အစီအစဉ်ပါ။
သွေးစစ်သည်တော် ခြောက်ယောက်က အခုလောလောဆယ် အချိန်အတွင်း သူတို့ရဲ့ စွမ်းအား အသုံးမပြုနိုင်သေးတဲ့ အတွက် တိုက်ပွဲတွေက ပိုပြီး အန္တရာယ်များလာမှာ ဖြစ်သလို ပိုပြီးတော့လည်း အကျိုးဆက် ပြင်းထန်လာပါလိမ့်မယ်။
“သူနဲ့တန်တယ်” ရန်ခန်းက ချီချုပ်နှောင် ချိတ်တံဆိပ်တွေရဲ့ ချုပ်နှောင်မှုကြောင့် ရုန်းကန်နေတဲ့ လျူချင်းယောင်ကို ကြည့်ရင်း အားရကျေနပ်စွာနဲ့ ပြောလိုက်တယ် “သခင်လေးလျူ၊ ငါတို့ ရန်မိသားစုက သွေးစစ်သည်တော်တွေထောင် အဲ့ဒီ ချီချုပ်နှောင် ချိတ်တံဆိပ်တွေ ဆီကနေ မလွတ်မြောက် နိုင်ခဲ့တာ၊ မင်းရဲ့ ကံကြမ္မာကိုသာ လက်ခံလိုက်စမ်းပါကွာ။ လိမ်လိမ့်မာမာနဲ့ အဲ့လက်နက်ကို ငါတို့ဆီ ပေးလိုက်စမ်းပါ၊ အဲ့လိုဆို ငါတို့ မင်းကို မတိုက်ခိုက်ဘူး”
လျူချင်းယောင်ရဲ့ အမူအရာက နည်းနည်းလေးတောင် ပြောင်းလဲမသွားခဲ့ပါဘူး… အေးစက်စက် မထူးခြားနားဟန်နဲ့ ရှိနေဆဲပါ။ နှာခေါင်းသာ ရှုံ့လိုက်ပြီး ရန်ခန်းရဲ့ လှောင်ပြောင်စကားတွေကို လျစ်လျူရှုထားလိုက်တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ခန်း စိတ်ချဉ်ပေါက်သွားခဲ့ပြီး အေးစက်စက် အမူအရာနဲ့ ထပ်ပြောလိုက်တယ် “လျူချင်းယောင်၊ အမှန်တရားကို လက်ခံဖို့ မင်းငြင်းဆန်နေမယ် ဆိုရင်တောင်မှ မင်းမှာ ရွေးချယ်စရာ မရှိဘူး။ ဒီလက်နက်လုပွဲကို ငါတို့ ရန်မိသားစုက စီစဉ်ထားခဲ့တာ။ မင်းမှာ ဝင်ပါဖို့ ဘာအခွင့်အရေး ရှိလို့လဲ”
“ဒါက ဆန်းကြယ်အဆင့် လက်နက်တစ်ခုလေ၊ ငါ့အတွက် တစ်ခုလောက် လိုချင်တာ ဘာထူးဆန်းလို့လဲ” လျူချင်းယောင်က ပြန်ပြောလိုက်တယ်။ သူလေသံထဲ အေးစက်မှုတို့ ပါဝင်မနေခဲ့သလို ဒေါသထွက်နေသည့် အရိပ်အယောင်တို့လည်း ပါဝင်မနေခဲ့ပါဘူး။ အခုလို ချုပ်နှောင်ခံထားရတာတောင် သူ့မျက်နှာထက် တုန်လှုပ်ချောက်ချား နေသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။
ဒီလောကြီးမှာ ဆန်းကြယ်အဆင့် လက်နက် များများစားစား မရှိလှပါဘူး။ ရန်မိသားစုက အခုလို ဆန်းကြယ်အဆင့် လက်နက်အများကြီးကို တစ်ထိုင်တည်း ထုတ်ပေးလိုက်တာက သူတို့အတွေက် တော်တော်လေး အထိနာသွားမှာ အသေအချာပါပဲ။ ထိုလက်နက်ရှစ်ခုက မိသားစုကြီး တစ်ခုချင်းစီက လက်နက်တွေလည်း ဖြစ်နေနိုင်သေးတာပဲလေ။ မဟုတ်ရင် လက်နက်တွေရဲ့ အရေအတွက်က မိသားစုကြီးရဲ့ အရေအတွက်နဲ့ ဘာလို့ ထပ်တူညီနေရတာလဲ။
ထိုဆန်းကြယ်အဆင့် လက်နက်တွေကို လျူချင်းယောင် တပ်မက်မိတာ မထူးဆန်းပါဘူး။ ထို့ကြောင့် လက်နက်လုပွဲဆီ လာခဲ့ပြီး ဆန်းကြယ်အဆင့် လက်နက်တစ်ခုလောက် အရယူဖို့ လာခဲ့တာပါ။
အခု လက်နက်လုပွဲကို သူဘာလို့ ရောက်လာခဲ့လဲ ဆိုတာ ရှင်းသွားခဲ့ပါပြီ။ ဒါပေမယ့် နောက်ဆုံး လက်နက်ရှစ်ခုထဲမှာ အားကောင်းတဲ့ တိုက်ခိုက်မှုတွေကိုပါ ချိတ်ပိတ်ထားရုံမကလို့ ဟွမ်ဂျုကျုရဲ့ ချီချုပ်နှောင် ချိတ်တံဆိပ်တွေကိုလည်း ဖုံးကွယ်ထားလိမ့်မယ်လို့ ဘယ်သူမှ မထင်မှတ်ထားခဲ့ပါဘူး။ နှစ်ထပ်ထောင်ချောက်က သွေးစစ်သည်တော် ခြောက်ယောက်စလုံးကို တစ်ပြိုင်တည်း ဖမ်းချုပ်နိုင်ခဲ့ပါတယ်။
“မင်းက ငြင်းဆန်နေမှတော့ ငါတို့ ညီအစ်ကိုတွေကို မကြင်နာလို့ဆိုပြီးတော့ အပြစ်လာမတင်နဲ့ပေါ့ကွာ” ရန်ခန်းက လှောင်ပြောင်ပြောဆိုလိုက်ပြီး ကျန်တဲ့ သခင်လေးတွေဆီ အကြည့်ပြောင်းလိုက်ကာ “သခင်လေးလျူ လက်ထဲက လက်နက်ကို ဘယ်သူတွေ သွားယူချင်ကြလဲ”
လက်နက်ထဲမှာ ချိတ်ပိတ်ထားတဲ့ တိုက်ခိက်မှုနဲ့ ချီချုပ်နှောင် ချိတ်တံဆိပ်တွေကို လျူချင်းယောင် အသက်သွင်းပြီး သွားခဲ့ပါပြီ။ ထို့ကြောင့် ထိုဆန်းကြယ်အဆင့် လက်နက်က သူတို့ကို တန်ပြန် တိုက်ခိုက်လိမ့်မှာ မဟုတ်တော့ပါဘူး။ ကျန်တဲ့ လက်နက်တစ်ခုကတော့ ပိုကျင်းရေကန်ထဲ ကျသွားခဲ့ပါပြီ။
ရန်ခန်းပြောတာကို ကြားလိုက်တာနဲ့ ရန်ရှန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး စိတ်လှုပ်ရှားသွားခဲ့တယ်။
လျူချင်းယောင်မှာသာ သူ့ခွန်အား အပြည့်အဝ ရှိနေခဲ့ရင် သူတို့ထဲက ဘယ်သူမှ သူနဲ့ တိုက်ခိုက်ရဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်၌ သူ့ခွန်အား အကုန်လုံးနီးပါးကို ချီချုပ်နှောင် ချိတ်တံဆိပ်တွေကို ခုခံဖို့ အသုံးပြုနေခဲ့ရတာ ဆိုတော့ သူ့မှာ အခြားသူတွေနဲ့ တိုက်ခိုက်ဖို့ ခွန်အား လုံလုံလောက်လောက် ကျန်နေတော့မှာ မဟုတ်ပါဘူး။
ရန်ဝေကတော့ ဘာဆိုဘာမှ မပြောခဲ့ပါဘူး။ ရန်ကျောင်းက ပြုံးပြီးတော့သာ ရပ်နေခဲ့တယ်။ သူဘာတွေးနေလဲ ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။
ထိုလူတွေကို သွားပြီး မမေးရဲတဲ့အတွက် ရန်ခန်းက ရန်ကိုင်ဆီ အကြည့်လှည့်လိုက်ပြီး “ကိုးယောက်မြောက် ညီလေး၊ တစ်ခုခု ပြောဦးလေ”
ရန်ကိုင်က ပုခုံးတွန့်ပြလိုက်ပြီး “ကိုယ့်ဘာသာလုပ်ကြ”
“ကိုးယောက်မြောက် ညီလေး” ရန်ခန်းအမူအရာက ရုတ်ချည်း သုန်မှုန်သွားခဲ့ပြီး “ငါတို့တွေက ပြိုင်ဘက်တွေ ဆိုပေမယ့် အခုလောလောဆယ် မင်းရဲ့ ငါးယောက်မြောက် အစ်ကိုကြီးကို နည်းနည်းပါးပါးလောက် မျက်နှာသာ ပေးလို့ မရဘူးလား။ သူလုယူသွားတဲ့ လက်နက်က ငါတို့အပိုင် ဖြစ်သင့်တဲ့ လက်နက်တစ်ခုနော်”
ရန်ကိုင်က ရိုးရိုးရှင်းရှင်းသာ ခေါင်းခါပြလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “ငါလိုချင်တာရှိရင် ငါ့ဘာသာ ယူမယ်”
“ကောင်းပြီလေ” ရန်ခန်းက လှောင်ပြုံးပြုံးလိုက်ပြီး ရန်ကိုင်ကို ဆက်ပြီး အဖော်ခေါ် မနေတော့ပါဘူး။ အဲ့အစား လျူချင်းယောင်ဆီ စူးစိုက်ကြည့်လိုက်ပြီး “သခင်လေးလျူ၊ ရုန်းမနေပါနဲ့။ ခုခံနေလို့လည်း ဘာမှ ထူးသွားမှာ မဟုတ်ဘူး”
လျူချင်းယောင်က လှောင်ပြုံးပြုံးလိုက်တယ်။ သူ့အမူအရာက အေးစက်သွားခဲ့ပြီး အစစ်အမှန်ချီတွေက သူ့ကိုယ်ကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ လလှိုင်းပြာဝတ်စုံက တလက်လက် တောက်ပလာခဲ့ပြီး မြစ်ပုံတွေ၊ ငါပုံတွေနဲ့ လခြမ်းကွေးပုံတွေ ဟာလည်း တဖြည်းဖြည်းနဲ့ ပုံရိပ်ယောင်တွေ ဖြစ်ကုန်ကြတယ်။
ရန်ခန်းနဲ့ ကျန်တဲ့လူတွေ အမူအရာ အလျင်အမြန် ပြောင်းလဲသွားခဲ့ပြီး အော်လိုက်ကြတယ် “လျူချင်းယောင်၊ မင်းရူးနေတာလား။ အဲ့ဒါက ဆန်းကြယ်အဆင့် လက်နက်တစ်ခုလေ”
လျူချင်းယောင်က ဘာမှ ပြန်မပြောခဲ့ပဲ သူ့ရဲ့ အစစ်အမှန်ချီကိုသာ ဆက်ပြီး တိုးမြှင့်နေခဲ့တယ်။
ဖတ်… လလှိုင်းပြာဝတ်ရုံထက်က မြစ်ပုံစံကွက် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့တယ်။ ထိုမြစ်ပျောက်ကွယ် သွားတာနဲ့ ချီချုပ်နှောင် ချိတ်တံဆိပ်ထက် အက်ရာတို့ ထွက်ပေါ်လာခဲ့တယ်။
ဖတ်… လခြမ်းကွေး ပျောက်ကွယ်သွားခဲ့ပြီး ချီချုပ်နှောင် ချိတ်တံဆိပ်ထက် အက်ကြောင်းရာတို့ ပိုများလာခဲ့တယ်။
ဖတ်… ငါးပုံစံကွက် ပျောက်ကွယ်သွားတာနဲ့ ချီချုပ်နှောင် ချိတ်တံဆိပ်လည်း ကွဲကြေသွားသည့် မှန်တစ်ချပ်လို တစ်စစီ ဖြစ်သွားခဲ့တယ်။
လျူချင်းယောင် ဝတ်ဆင်ထားသည့် လလှိုင်းပြာဝတ်ရုံလည်း လေနှင့်အတူ လွင့်ပါး ပျောက်ကွယ်သွားခဲ့တယ်။
သူ့ကိုယ်ပတ်လည် တစ်ခွင်တောက်ပနေသည့် အလင်းရောင်လည်း တဖြည်းဖြည်းနဲ့ မှိန်ကျသွားခဲ့ပြီး ရှားပါးကာ အဖိုးတန်သည့် ဆန်းကြယ်အဆင့် လလှိုင်းပြာဝတ်ရုံ ပျက်စီးပျောက်ကွယ် သွားခဲ့တယ်။
လှောင်အိမ်ထဲကနေ လွတ်ထွက်လာတဲ့ ကျားတစ်ကောင်လို လျူချင်းယောင်က သက်ပြင်း အရှည်ကြီး ချလိုက်ပြီး သူ့ပတ်ပတ်လည်မှာ ရှိနေတဲ့ လူအားလုံး ထက်ရှသည့် အကြည့်တစ်စုံဖြင့် လှမ်းကြည့်လိုက်ကာ “ဘာမဟုတ်တဲ့ ချီချုပ်နှောင် ချိတ်တံဆိပ်လေးကများ ငါ၊ လျူချင်းယောင်ကို ချုပ်နှောင်ထားချင်တယ်ပေါ့။ မင်းတို့ ရန်မိသားစုက ငါ့ကို အရမ်း အထင်သေးနေတာပဲ”
ရန်ခန်နဲ့ ကျန်တဲ့လူတွေ ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့တယ်။ ဗဟိုမြို့တောက်က သခင်လေးကို ငေးကြောင်စိုက်ကြည့်နေရင်း ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ကာ မဲ့ပြုံးပြုံးလိုက်ကြတယ်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး လူချင်းယောင်ကို စိတ်ထဲကနေ ကြိတ်ပြီး လေးစားသွားခဲ့တယ်။ ထိုလူငယ်လေးရဲ့ အပြုအမူက ‘ငါက အသေပဲခံလိုက်မယ်၊ ဘယ်တော့မှ ဦးညွှတ်မှာ မဟုတ်ဘူး’လို့ အတိအလင်း ပြောနေသလိုပါပဲ။
သွေးစစ်သည်တော် ခြောက်ယောက် ချီချုပ်နှောင် ချိတ်တံဆိပ်ကို မခုခံနိုင်ခဲ့တာက သူတို့ အားနည်းလို့ မဟုတ်ပဲ သူတို့မှာ လျူချင်းယောင်လို့ အားကောင်းတဲ့ လက်နက်တွေ ရှိမနေခဲ့တာကြောင့်ပါ။
လျူချင်းယောင် အနေနဲ့ လလှိုင်းပြာ ဝတ်ရုံကို မစတေးခဲ့ရင် ချီချုပ်နှောင် ချိတ်တံဆိပ်တွေကနေ လွတ်မြောက်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ ဆန်းကြယ်အဆင့် လက်နက်တစ်ခုကို ရလိုက်ပေမယ့် ပြန်ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကလည်း ဆန်းကြယ်အဆင့် လက်နက်တစ်ခုပါ။
ပြီးတော့ လက်နက်တိုင်းက အခုလိုမျိုး လုပ်နိုင်တာ မဟုတ်ပါဘူး။ ဒီအချက်နဲ့တင် လလှိုင်းပြာဝတ်ရုံ ဘယ်လောက် အဖိုးတန်လဲ ဆိုတာ ထင်ရှားနေခဲ့ပါပြီ။
“တစ်ယောက်ချင်း တိုက်ချင်လား၊ စုပြီး တိုက်ချင်လား။ တိုက်မယ်ဆိုလာခဲ့၊ ဒီလျူက အဆင်သင့်ပဲ” လျူချင်းယောင်က ညီအစ်ကို ခြောက်ယောက်ကို အထက်စီးဆန်ဆန်ဖြင့် ကြည့်ကာ ပြောလိုက်တယ်။
ရန်ခန်းမျက်နှာ ရှုံ့မဲ့သွားခဲ့တယ်။
အခုလေးတင်ပဲ သူက လျူချင်းယောင်ကို တိုက်ခိုက်ဖို့ လူစုနေခဲ့တာပါ။ ဒါပေမယ့် အခုပဲ အခြေအနေတွေက လက်ဝါးလက်ဖမိုး လှန်လိုက်သလို ပြောင်းပြန်တွေ ဖြစ်သွားခဲ့ပါတယ်။ သူရှေ့မတက်ရဲ တော့ပါဘူး။ သူသာ လျူချင်းယောင် အနိုင်ယူတာ ခံလိုက်ရမယ်ဆိုရင် သူ့မျက်နှာ ထားစရာ နေရာရှိတော့မှာ မဟုတ်ပါဘူး။
ရန်ရှန်းနဲ့ ရန်ရင်တို့ရဲ့ အမူအရာတွေလည်း အရုပ်ဆိုးသွားခဲ့ပြီး ရန်ဝေဆီ လှမ်းကြည့်လိုက်ကြတယ်။
လျူချင်းယောင်က သူတစ်ယောက်တည်းနဲ့ သူတို့ ညီအစ်ကိုခြောက်ယောက် စလုံးကို စိတ်ခေါ်နေခဲ့ပါပြီ။ သူတို့သာ ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ရင် သူတို့သာ မျက်နှာပျက်ရုံမက ရန်မိသားစုပါ မျက်နှာပျက်ရမှာပါ။ ဒီသတင်းသာ ပြန့်သွားတာနဲ့ ရန်မိသားစုက အပြင်မှာသာ ဟိတ်ဟန်တကြီး လုပ်ပြနေတာ၊ တကယ်တမ်းတော့ ဘာမှမဟုတ်ပါဘူးကွာ ဆိုပြီး အားလုံးက သားပုပ်လေလွင့် ပြောကြတော့မှာပါ။
“လက်နက်က ဒီမှာနော်” လျူချင်းယောင်က သူလုယူခဲ့တဲ့ လက်နက်ကို မြှောက်ပြလိုက်ပြီး လှောင်ပြုံးပြုံးလိုက်ရင်း “မင်းတို့ထဲက ငါ့တိုက်ကွက်သုံးကွက်ကို ခုခံနိုင်တဲ့ ဘယ်သူမဆို ဒီလျူက ဒီလက်နက်ကို မင်းတို့လက်ထဲ လိုလိုလားလားနဲ့ ထည့်ပေးလိုက်မယ်”
ထပ်ခါထပ်ခါ ရန်စခံနေရတော့ ရန်မိသားစု သခင်လေးတွေ အကုန်လုံး မျက်နှာတွေက ဆယ်ရှစ်ခေါက်ချိုးတွေ ဖြစ်လာခဲ့တယ်။
ကိုယ့်အတွေးတွေကို အခြားသူတွေ မမြင်အောင် ဖုံးကွယ်ရာမှာ အတော်ဆုံးဖြစ်တဲ့ ရန်ကျောင်း မျက်နှာထက်တောင် ဒေါသထွက်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့တယ်။
ဒီသွေးလွှမ်းတဲ့ တိုက်ပွဲက ရန်သခင်လေးတွေနဲ့သာ သက်ဆိုင်တဲ့ တိုက်ပွဲပါ။ ညီအစ်ကိုတွေကြားက ဘယ်သူပိုတော်တယ် ဆိုတာကို ပြိုင်ဆိုင်တဲ့ ပြိုင်ပွဲ တစ်ခုဆိုလည်း ဟုတ်ပါတယ်။ ဒါပေမယ့် အခုတော့ အပြင်လူတစ်ယောက် ဖြစ်တဲ့ လျူချင်းယောင်က မဆီမဆိုင် ဝင်ပါဖို့ ဆုံးဖြတ်လိုက်တဲ့ အပြင်ကိုမှ သူတို့ကို လာပြီး လှောင်ပြောင်အထင်သေး နေပါသေးတယ်။ သူတို့ ဒေါသမထွက်ပဲ ဘယ်နေပါတော့မလဲ။
ဒါပေမယ့် သူတို့ထဲမှာ အားအကောင်းဆုံးလူ ဖြစ်တဲ့ ရန်ဝေတောင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂ပဲ ရှိပါသေးတယ်။ ပြီးတော့ ရန်ဝေက လျူချင်းယောင်နဲ့ တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးတဲ့အတွက် ထိုသကောင့်သား ဘယ်လောက်ခွန်အား ကောင်းလဲ ဆိုတာကို သိထားပါတယ်။ သူတောင် လျူချင်းယောင် စိန်ခေါ်တာကို ရှေ့တက်ပြီး လက်မခံရဲတာ သူတို့တွေက ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ။
အားလုံး လုံးဝကို ရှက်ရွံ့နေခဲ့ကြတယ်။
အထူးသဖြင့် ကျင့်ကြံခြင်း လောကကြီးတစ်ခုလုံးက ရန်မိသားစုကို မိသားစုကြီးရှစ်ခုရဲ့ ခေါင်းဆောင်လို့ အသိအမှတ်ပြု လက်ခံထားတာကြောင့်လည်း ပါပါတယ်။
ရန်ဝေ မျက်မှောင် ကြုံ့လိုက်တယ်။ ဒီအတိုင်း ဆက်သွားနေတာ အဖြေမဟုတ်ဘူးမှန်း သူသိထားပါတယ်။ လျူချင်းယောင်က အသံကျယ်ကျယ်နဲ့ အော်ပြောခဲ့တာပါ။ သူတို့သာ အခုရှေ့ထွက်ပြီး မတိုက်ခိုက်ရင် ရန်မိသားစု အနေနဲ့ အခြားသူတွေရဲ့ အထင်သေး လှောင်ပြောင်ခြင်းကို ခံရတော့မှာပါ။
သူက ရှေ့ထွက်ပြီး အနစ်နာခံကာ လျူချင်းယောင်ရဲ့ စိန်ခေါ်မှုကို လက်ခံဖို့ လုပ်နေတုန်းမှာပဲ ရန်ကိုင်က ပြုံးဖြီးဖြီးလုပ်ရင်း ရှေ့တစ်လှမ်းတိုးလိုက်ကာ သာမန်ကာ လျှံကာ လေသံနဲ့ မေးလိုက်တယ် “မင်းရဲ့ တိုက်ကွက် သုံးကွက်ကို လက်ခံနိုင်တဲ့ ဘယ်သူမဆိုလား”
လျူချင်းယောင် ချက်ချင်း မျက်မှောင် ကြုံ့လိုက်တယ်။ သူစိန်ခေါ်တာကို အရင်ဆုံး စဖြေလိုက်တဲ့လူက ရန်ကိုင် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမယ့် ခေါင်းညိတ်ပြီးတော့ပဲ ပြန်ပြောလိုက်ပါတယ် “အမှန်ပဲ”
“မင်းရဲ့ တိုက်ကွက်သုံးကွက်ကို လက်ခံနိုင်ရင် ဒီလက်နက်က ငါ့အပိုင် ဖြစ်ပြီပေါ့”
“ဟုတ်တယ်”
“ကောင်းတယ်။ ပြောပြီးမှတော့ လုပ်ရတော့မှာပေါ့။ ငါကြိုးစားကြည့်မယ်လေ” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး နည်းနည်းလေးတောင် စိုးရိမ်ပူပန်မှု မရှိသည့် အမူအရာလေးနဲ့ ပြောလိုက်တယ်။
သူထိုစကားတွေကို ပြောလိုက်တာနဲ့ ရန်ဝေက အလျင်စလို ဝင်တားလိုက်တယ်” ကိုးယောက်မြောက် ညီလေး၊ စိတ်အလိုကို မလိုက်နဲ့နော်”
“ပြဿနာမရှိပါဘူး” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ပြန်ပြောလိုက်တယ် “အစ်ကိုကြီးရာ၊ ဘေးကနေသာ ရပ်ကြည့်နေစမ်းပါ။ ငါတို့ ရန်မိသားစုဝင်တွေကို အလွယ်တကူ လာအနိုင်ကျင့်လို့ မရမှန်း ဒီကောင့်ကို ငါသက်သေပြပေးလိုက်မယ်”
ရန်ဝေလှုပ်ရှားမှုတို့ နှေးကွေးလေးလံ သွားခဲ့ရတယ်။
ရန်ကျောင်းနဲ့ ကျန်တဲ့ လူတွေလည်း ကြက်သေသေသွားခဲ့တယ်။ သူတို့ရဲ့ ကိုးယောက်မြောက် ညီလေးက ဘာလို့ သူတော်ကောင်း လာလုပ်နေမှန်း သူတို့ နားကို မလည်နိုင်ပါဘူး။ အရင်တိုက်ပွဲတွေအရ ရန်ကိုင် အားမနည်းကြောင်း သူတို့သိထားပေမယ့် ဒီတစ်ကြိမ် သူရဲ့ ပြိုင်ဘက်က သာမန်မဟုတ်ပါဘူး။
သူရင်ဆိုင်ရမယ့်လူက ဗဟိုမြို့တော် လူငယ်မျိုးဆက်ရဲ့ လူသိများကြော်ကြားတဲ့ နံပါတ်တစ်ပါရမီရှင်ပါ။
ရန်ကိုင်က ဒေါသကြောင့် စုံလုံကန်းသွားပြီး ကမူးရှူးထိုး လုပ်နေတာလားလို့တောင် အားလုံး မတွေးပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။
အစစ်အမှန်ဒြပ်စင်အဆင့်၈ ကျင့်ကြံခြင်းနဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၃ ကျင့်ကြံသူ တစ်ယောက်ကို ရင်ဆိုင်ချင်တယ် ဆိုတော့ သူ့မှာ နိုင်ဖို့ လုံးဝ အခွင့်အရေး မရှိပါဘူး။
ရန်ကိုင်မှာ ဘာအားကိုးအားထားတွေ ရှိနေလို့ အခုလို ပြုမူနေရဲလဲ ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ သူ့လက်ထဲ ရောက်နေတဲ့ ဆန်းကြယ်အဆင့် လက်နက်ကလည်း မသန့်စင်ရသေးတော့ အသုံးပြုလို့ မရသေးဘူးလေ။
Martial Peak
အပိုင်း(၄၆၅) ခြေကိုးလှမ်းနဲ့ ကောင်းကင်ဘုံ တစ်ခုလုံးကို ပျက်သုဉ်းသွားစေမယ်
ရန်မိသားစုက ညီအစ်တွေ အံ့ဩသွားရုံ မကလို့ ပွဲကြည့်နေတဲ့ လူတွေတောင် ထိတ်လန့် အံ့အားသင့်နေခဲ့ကြတယ်။ အခုအချိန်၌ အားလုံးက အသက်အောင့်ရင်း ကောင်ကင်ထက်ကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့ကြတယ်။
ရန်မိသားစု သခင်လေးတွေရဲ့ အပြုအမူက အားလုံး အာရုံစိုက်ရာ ဖြစ်နေခဲ့တယ်။ ထို့ကြောင့် အစောပိုင်းတုန်းက အပြုအမူတွေ အကုန်လုံးကို သူတို့တွေ အကုန်လုံး မြင်တွေ့ခဲ့ရပါတယ်။
လေထဲတွင် ဝဲနေရင်း ရန်ဝေ အနည်းငယ် စိုးရိမ်သွားခဲ့တယ်။ ကိုးယောက်မြောက်ညီလေး ဘယ်ကနေ ယုံကြည်ချက်တို့ ရလာမှန်း သူလည်းပဲ သိမနေခဲ့ပါဘူး။ ရန်ကိုင်က အားကောင်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်လို့ ဟိုးအစကတည်းက သူတွေးခဲ့တာပါ။
ဒါပေမယ့် အားလုံးက သူ့ရဲ့ ခန်းမှန်းချက် သက်သက်ပဲ ရှိပါသေးတယ်။ လက်နက် တိုက်ပွဲ မစခင်တုန်းက ရန်မိသားစုမှာ သူ့ထက်အားကောင်းတဲ့ အဖွဲ့ဝင် တစ်ယောက် ရှိနေတယ်လို့ သူပြောခဲ့ပါတယ်။ သူရည်ညွှန်းချင်တဲ့ လူက ရန်ကိုင်ပါ၊ ဒါပေမယ့် ထုတ်မပြောခဲ့ပါဘူး။
ရန်ကိုင်သာ ရင့်ကျက်လာခဲ့ရင် လျူချင်းယောင်နဲ့ ယှဉ်ပြိုင်ဖို့ လုံးဝကို အရည်အချင်း ပြည့်မှီပါတယ်၊ ဒါပေမယ့် အခုက… အရမ်းစောလွန်း နေပါသေးတယ်။
ရန်ခန်းနဲ့ ကျန်တဲ့လူတွေ ရန်ကိုင်ကို အချိန်အတော်ကြာအောင် ငေးကြောင် စိုက်ကြည့် နေလိုက်ပြီးနောက် ခေါင်းခါရမ်းလိုက်ရင်း နောက်ပြန်ဆုတ်လိုက်ကြတယ်။
သူတို့တွေက ရန်ကိုင်နဲ့ ညီအစ်ကိုတွေ ဆိုပေမယ့် အခုအချိန်၌ သူတို့တွေက ပြိုင်ဘက်တွေ ဖြစ်နေခဲ့ပါတယ်။ သူသာ လျူချင်းယောင် အနိုင်ယူတာ ခံလိုက်ရမယ်ဆိုရင် သူ့ရဲ့ ဂုဏ်သတင်းကို ထိခိုက်သွားမှာ အသေအချာပါပဲ။
ရန်ကိုင်ရဲ့ ဂုဏ်သတင်းက နေလိုလလို ထွန်းလင်းနေခဲ့ပါတယ်။ အခု ရန်ကိုင်ကို နောက်ကောက် ချနိုင်မယ့် အခွင့်အရေးတစ်ခု သူတို့ တွေ့လာခဲ့ရပါပြီ။
“ဒီကောင် ရူးနတာလား” လူအချို့က အထင်အမြင် သေးစွာဖြင့် လှောင်ပြောင်ရင်း သူတို့ကြား တိုးတိုး တိုးတိုး ကြိတ်ပြောနေခဲ့ကြတယ် “ဗဟိုမြို့တော်ရဲ့ နံပါတ်တစ်လူငယ် ပါရမီရှင်နဲ့တောင် တိုက်ခိုက်ရဲတယ်ဆိုတော့ ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေက တကယ်ကို မောက်မာလွန်းတာပဲ”
“မင်းဘာသိလို့လဲ။ ဒီလို အခြေအနေမျိုးမှာ သူတို့ တိုက်တိုက်၊ မတိုက်တိုက် ရန်မိသားစုက ကျိန်းသေ မျက်နှာပျက်ရမှာ။ အငယ်ဆုံးကို လွှတ်လိုက်တာလည်း မကောင်းတဲ့ အကြံတစ်ခုတော့ မဟုတ်ဘူး။ သူတို့ ရှုံးရင်တောင် ရန်မိသားစုက ‘ငါတို့ ရန်မိသားစုက မင်းတို့ လျူမိသားစုလောက် မတော်တာ မဟုတ်ဘူး၊ အားလုံးက အရမ်းငယ်လွန်းနေလို့ပဲ’လို့ ပြန်ပြောလို့ရတယ်လေ”
လူများစွာက သူတို့ရဲ့ ကိုယ်ပိုင် အထင်အမြင်တွေကို ထုတ်ဖော် ပြောဆိုနေခဲ့ကြတယ်။ လူတော်တော် များများကလည်း တစ်ဖက်လူတွေရဲ့ အထင်အမြင်ကို နားထောင်ပြီး ခေါင်းညိတ်ထောက်ခံလိုက်ကြတယ်။
ဒါပေမယ့် တိတ်တဆိတ်နဲ့ ရန်ကိုင်ကို စောင့်ကြည့်နေတဲ့ လူအချို့ ရှိနေပါသေးတယ်။ ဘယ်လို တုန်လှုပ်ဖွယ်ရာ ပြကွက်တွေကို သူထုတ်ပြဦးမလဲ ဆိုတာကို သူတို့အားလုံး ကြိတ်ပြီး ခန့်မှန်းနေခဲ့ကြတယ်။
ထိုလူတွေ တွေးနေတာက ရန်ကိုင်ဆိုတာ အခြားလူတွေ ထင်နေသလို မောက်မာပြီး အကြွားသန်တဲ့ လူငယ်လေး တစ်ယောက် မဟုတ်ပါဘူး။ သူက ဗဟိုမြို့တော် နံပါတ်တစ် လူငယ်ပါရမီရှင်ရဲ့ စိန်ခေါ်မှုကို လက်ခံရဲတယ် ဆိုမှတော့ သူစိတ်ချို့ယွင်းနေတာ မဟုတ်ရင် သူ့ ခွန်အားက သူတို့ ထင်ထားတာထက် ပိုပြီး အားကောင်းနေလို့ပဲ ဖြစ်ရပါမယ်။
အခုအချိန်၌ အားလုံးက ထိုလူနှစ်ယောက်ကိုပဲ အာရုံစိုက်နေခဲ့ကြတယ်။ ကောင်းကင်လက်နက်တွေ အတွက် တိုက်ပွဲဝင်နေတဲ့ လူတွေကို ဘယ်သူမှ အာရုံမစိုက် တော့ပါဘူး။
ရန်ကိုင်က နည်းနည်းလေးတောင် စိုးရိမ်နေတဲ့ပုံ မရပါဘူး။ ကျောက်ရုပ်ကြီး တစ်ရုပ်လိုပဲ လေထဲ မတ်တပ်ရပ်နေခဲ့တယ်။ လျူချင်းယောင်ကို စိုက်ကြည့် လိုက်ရင်း ခေါင်းညိတ်လိုက်ပြီး အော်ပြောလိုက်တယ် “သခင်လေးလျူ၊ အဆင်သင့်ဖြစ်ရင် စလို့ရပြီနော်”
လျူချင်းယောင် မျက်မှောင်ကြုံ့သွားခဲ့တယ်။ သူ့ရဲ့ ထီမထင်ဟန် မျက်နှာထက် မကျေနပ်သည့် အရိပ်အယောင် အချို့ ဖြတ်ပြေးသွားခဲ့ပြီး နှာခေါင်းရှုံ့လိုက်ကာ “ငါရဲ့ တိုက်ကွက်သုံးကွက်ကို မင်းဘယ်လို တားမလဲ ငါမြင်ချင်သေးတယ်”
သူ့အသံ ပျောက်ကွယ်သွားတာနဲ့ ကြောက်မက်ဖွယ် စိတ်စွမ်းအင်တစ်ခု ပေါက်ကွဲ ထွက်လာခဲ့တယ်။
ထိုစိတ်စွမ်းအင်က အရာအာလုံးကို ဖျက်စီးပစ်ချင်တဲ့ စိတ်ဆန္ဒတို့ဖြင့် ပြည့်နေခဲ့ပြီး လူတိုင်းရဲ့ စိတ်စွမ်းအင် အကာအကွယ်ကို ချိုးဖျက်နိုင်တဲ့ လှံတံတစ်စင်းအလား အာကာယံထက်ဆီသို့ ထိုးတက်သွားခဲ့တယ်။
ထိုစိတ်စွမ်းအင် ထွက်ပေါ်လာတာနဲ့ လျူချင်းယောင်က အိပ်စက်နေရာမှာ နိုးထလာသည့် ပျက်စီးခြင်းတွေကို သယ်ဆောင်လာတဲ့ နဂါးတစ်ကောင်နဲ့တောင် တူသွားခဲ့တယ်။
ရန်သခင်လေးတွေ ကိုယ်ထက်မှာ ရှိနေသည့် ဝိဥာဥ်အကာအကွယ် လက်နက်တွေ အကုန်လုံး တလက်လက် တောက်ပသွားခဲ့ပြီး မမြင်နိုင်တဲ့ အကာအကွယ် တစ်ခုက သူတို့ကို ဝန်ရံသွားခဲ့တယ်။ ထိုအကာအကွယ်က လျူချင်းယောင်ရဲ့ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကနေ ထွက်ပေါ်လာတဲ့ အကြွင်းအကျန်လှိုင်းတွေကို ကာကွယ်ပေးလိုက်တယ်။
အားလုံးရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့တယ်။ ရန်ဝေရဲ့ အမူအရာတောင် လေးနက်တည်ကြည် သွားခဲ့တယ်။ နောက်ဆုံးအကြိမ် လျူချင်းယောင်နဲ့ တိုက်ခိုက်တုန်းက သူရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် ဆိုးဆိုးရွားရွားကြီး ရှုံးနိမ့်ခဲ့တာတော့ မဟုတ်ပါဘူး။ သူနဲ့ တိုက်ခိုက်ခဲ့တုန်းက လျူချင်းယောင်က သူ့ခွန်အား အချို့တစ်ဝက်ကို ထိန်ချန်ထားခဲ့မှန်း အခုပဲ ရန်ဝေ နားလည်သွားခဲ့တယ်။
ဘယ်သူကမှ သူ့တိုက်ကွက် သုံးကွက်ကို ခုခံနိုင်လိမ့်မှာ မဟုတ်ဘူးလို့ မောက်မာစွာနဲ့ ပြောဆိုရဲတာလည်း အံ့အားသင့်စရာ မဟုတ်တော့ပါဘူး။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂ကို ချိုးဖျက်သွားတဲ့ ရန်ဝေတောင် လျူချင်းယောင်ဆီက တိုက်ကွက်သုံးကွက်ကို ခုခံဖို့ တော်တော်လေး ခဲယဉ်းနေတယ်လို့ ခံစားနေခဲ့ရပါတယ်။
ထိုလူက ဆန်းကြယ်အဆင့် လက်နက်တွေ မရှိတဲ့ ရန်မိသားစု သခင်လေးတွေနဲ့ ကွာခြားပါတယ်။ သူ့မှာ အဆင့်မြင့်လက်နက်တွေရဲ့ အကူအညီ ရှိနေတဲ့အတွက် လျူချင်းယောင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ထက် ပိုတဲ့ ခွန်အားကို ထုတ်ဖော်နိုင်ပါတယ်။
ဝှီ… ဝှီ… ဝှီ…
ထူးဆန်းတဲ့ အသံတို့ ကောင်းကင်ယံထက် ပဲ့တင်ထပ်သွားခဲ့တယ်။ ထိုအသံက အားလုံးရဲ့ နားအတွင်းပိုင်းထိ ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီး အားလုံးကို ပြင်းထန်တဲ့ အဖျက်အစီး ဝဲကတော့တစ်ခုထဲ ရောက်သွားသလို ခံစားသွားစေခဲ့တယ်။ အာကာယံ ကောင်းကင်တောင် သူတို့ရဲ့ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကို မတောင်ခံနိုင်တော့လို့ ပြိုကျတော့မယ့် ပုံပါပဲ။
“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ စိတ်စွမ်းအင်လဲ” လူအုပ်ကြီးထဲက ကျင့်ကြံခြင်းအဆင့်မြင်တဲ့ လူတွေက ရုတ်တရက် ဆိုလိုက်တယ်။
အားနည်းတဲ့ လူတွေကတော့ ပြင်းထန်တဲ့ စွမ်းအင် လှုပ်ခတ်လှိုင်းတွေအောက်၌ သူတို့ရဲ့ မျက်နှာတွေက နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့တယ်။
အားလုံး အသက်ရှူရ ခက်ခဲလာခဲ့တယ်။ သူတို့ ခေါင်းကို ဧရာမတောင်ကြီး တစ်ထောင်နဲ့ ဖိချနေသလို ခံစားလိုက်ရပြီး သူတို့စိတ်ထဲ ဒူးထောက်ဦးညွှတ်ချင်တဲ့ အတွေးတို့ အလိုလို ထွက်ပေါ်လာခဲ့တယ်။
“ကိုးယောက်မြောက်ညီလေး၊ ဂရုစိုက်” ရန်ဝေက လှမ်းသတိပေးပြီးတာနဲ့ အလျင်စလို နောက်ဆုတ်သွားလိုက်တယ်။ ရန်ကျောင်းနဲ့ ကျန်တဲ့ လူတွေလည်း မီတာတစ်ရာလောက် အကွာထိ နောက်ဆုတ်ပြီးမှပဲ ရပ်တန့်လိုက်ကြတယ်။
“အထင်ကြီးစရာပဲ” စိတ်စွမ်းအင် ဝဲကတော့ရဲ့ အလယ်ဗဟိုတွင် ရပ်နေရင်း ရန်ကိုင်ရဲ့ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး မချီးကျူးပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။
လျူချင်းယောင်ရဲ့ စိတ်စွမ်းအင်တိုက်ခိုက်မှုက ဆန်းကြယ်အဆင့် လက်နက်တစ်ခုရဲ့ အကူအညီကို ယူထားတယ် ဆိုရင်တောင် သူ့ရဲ့ အခြေခံက လုံးဝကို ကျစ်လစ်နေခဲ့ပါတယ်။ အနည်းဆုံးတော့ သူခန့်မှန်းထားတာလက် ပိုသာနေခဲ့ပါတယ်။
လျူချင်းယောင်ရဲ့ ကောင်းကင်စိတ်အာရုံက သာမန် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ငါး ဒါမှမဟုတ် အဆင့်၆ တစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံအောက် နိမ့်ကျခြင်း မရှိဘူးလို့ ရန်ကိုင် ကောက်ချက်ချလိုက်တယ်။
လျူချင်းယောင်က ထက်ရှတဲ့ အကြည့်တစ်စုံနဲ့ ရန်ကိုင်ကို စူးစိုက်ကြည့်နေခဲ့တယ်။ ပထမအကွက်နဲ့တင် ဒီလောက် အားကောင်းတဲ့ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုတစ်ခုနဲ့ စလာတယ် ဆိုတော့ လျူချင်းယောင်က ရန်ကိုင်ကို ပထမတစ်ကွက်မှာတင် တန်းအမှောက်သိပ်ချင်တဲ့ ပုံပါပဲ။
ရန်ကိုင်က အငယ်ဆုံး ဖြစ်တာကြောင့် ရှေ့ထွက်လိုက်တာလို့ သူ့စိတ်ထဲ ယုံကြည်နေခဲ့တာပါ။ အဲ့ဒါကြောင့် သူရှုံးနိမ့်ခဲ့ရင်တောင် အရမ်းကြီး ရှက်စရာ မကောင်းတော့ဘူးလေ။ ထို့ကြောင့်ပဲ ရန်ကိုင်ကို တစ်ကွက်တည်းနဲ့ တန်းအနိုင်ယူပစ်ချင်နေတာပါ။
ဒါပေမယ့် မကြာခင်မှာပဲ လျူချင်းယောင်ရဲ့ မျက်ဝန်းတို့ လက်သွားခဲ့တယ်။
သူ့ရဲ့ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကို ခံရပြီးတာတောင် ရန်ကိုင် နည်းနည်းလေးမှ ဒဏ်ရာမရခဲ့ပါဘူး။ သူ့တိုက်ကွက်ရဲ့ နောက်ဆက်တွဲ လက်ကျန်စွမ်းအင်ကို ရှောင်ရှားဖို့အတွက် ရန်ဝေလို လူမျိုးတောင် မီတာတစ်ရာ အကွာထိ ဆုတ်သွားခဲ့ရပါတယ်။
ဒါပေမယ့် သူ့စိတ်ထဲစွမ်းပေါက်ကွဲမှုရဲ့ အလယ်မှာ ရပ်နေတဲ့ ရန်ကိုင်ကတော့ တိုက်ခိုက်ခံနေရတာကိုတောင် သတိပြုမိသည့်အလား လေညင်းခံနေသလို အမူအရာမျိုးနဲ့ ရပ်နေခဲ့ပါတယ်။ သူ့မျက်နှာထက် နာကျင်နေသည့် အရိပ်အေယာင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ အဲ့အစား တိုက်ခိုက်လိုစိတ်တို့ကိုသာ မြင်တွေ့နေခဲ့ရပါတယ်။
ခဏကြာပြီးနောက် ကြောက်မက်ဖွယ် စိတ်စွမ်းအင်လှိုင်း ပျောက်ကွယ်သွားခဲ့တယ်။ ရန်ကိုင်ကတော့ အကောင်းပကတိနဲ့ မတ်တပ်ရပ်နေဆဲပါ။
လျူချင်းယောင်ရဲ့ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်တာကို ခံခဲ့လိုက်ရပေမယ့် ရန်ကိုင်က အကောင်း အတိုင်း ရှိနေခဲ့ပါသေးတယ်။
“ဘုရားရေ၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူဘယ်လိုလုပ်ပြီး ဘာလို့ ဘာမှ မဖြစ်ရတာလဲ။ ငါပဲ အမြင်တွေ မှားနေတာလား”
“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး”
“အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေက အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေ အပေါ် လုံးဝကို အသာရထားတာလေ။ ရန်မိသားစုရဲ့ အငယ်ဆုံး သခင်လေးမှာများ အားကောင်းတဲ့ ဝိဥာဉ် ကာကွယ်ရေး လက်နက်တစ်ခုခု ရှိနေတာများ”
လူအုပ်ကြီး တစ်ခုလုံး ပွက်ပွက်ညံသွားခဲ့တယ်။ လူများစွာက သူတို့မျက်လုံး သူတို့ မယုံနိုင်အောင် ဖြစ်နေခဲ့ကြပါတယ်။ လျူချင်းယောင်ရဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ရင်ဆိုင်ပြီးတာနဲ့ ရန်ကိုင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလိမ့်မယ်လို့ သူတို့ ထင်နေခဲ့ကြတာပါ။ ဒါပေမယ့် အခုတော့ နောက်ဆုံး ထွက်လာတဲ့ ရလဒ်က သူတို့ထင်ထားတာနဲ့ တစ်ခြားစီ ဖြစ်နေခဲ့ပါတယ်။
သူ့မှာ ဝိဥာဉ်အမျိုးအစား လက်နက် တစ်ခုခု ရှိနေတယ် ဆိုရင်တောင် ဟာပေါက်မရှိတဲ့ အကာအကွယ် ဆိုတာ ရှိမှမို့လို့လား။ ပြီးတော့ ရန်ကိုင် အကာအကွယ် အမျိုးအစား လက်နက်တစ်ခုခု သုံးလိုက်တာကိုလည်း သူတို့ မမြင်ခဲ့ပါဘူး။ ရန်ကိုင်က ထိုတိုက်ကွက်ကို ဘာလက်နက်မှ မသုံးပဲ ခုခံခဲ့တာပါ။
“နှစ်ကွက်ကျန်သေးတယ်နော်” ရန်ကိုင်က လျူချင်းယောင်ကို သွားပေါ်အောင် ပြုံးပြရင်း လှမ်းပြောလိုက်တယ်။
“မင်းဘယ်လို…” လျူချင်းယောင် မျက်မှောင် ကြုံ့သွားခဲ့တယ်။ သူ့မျက်နှာထက် သံသယရိပ်တို့ဖြင့် ပြည့်နေခဲ့တယ်။ တိုက်ခိုက်မှုကို စတင်ခဲ့တဲ့ လူတစ်ယောက် အနေနဲ့ သူက အခြားလူတွေထက် ပိုပြီး အံ့အားသင့်နေခဲ့ပါတယ်။
သူ့အမူအရာကို တည်ငြိမ်အောင် ခပ်မြန်မြန် ပြန်လုပ်လိုက်ပြီးတာနဲ့ သူ့အကြည့်က လေးနက်သွားခဲ့ကာ အသာအယာလေး ခေါင်းညိတ်လိုက်ရင်း “မင်းမှာ အရည်အချင်းတော့ ရှိသားပဲ။ ငါမင်းကို အထင်သေးမိသွားပြီ”
ပြောပြီးတာနဲ့ ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်တယ်။ ထိုခြေလှမ်းနဲ့အတူ လျူချင်းယောင်ရဲ့ အရှိန်အဝါ ပြောင်းလဲသွားခဲ့တယ်။ ရန်ကိုင်ရဲ့ အမြင်အာရုံထဲ လျူချင်းယောင်ရဲ့ ပုံရိပ်က ရုတ်တရက် အဆပေါင်းများစွာ ကြီးသွားခဲ့တယ်။ ဒါပေမယ့် သေသေချာချာ စူးစိုက်ကြည့်နေ လိုက်ပြီးနောက် လျူချင်းယောင်က လျူချင်းယောင်ပဲ ဖြစ်နေသေးတာကို ရန်ကိုင်တွေ့လိုက်ရတယ်၊ ဘာမှ ပြောင်းလဲမသွားခဲ့ပါဘူး။
လျူချင်းယောင်ကို တစ်ခဏလောက်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် တစ်ဖက်လူ သုံးနေတဲ့ သိုင်းပညာရပ်က သူ့စိတ်ထဲက ပုံရိပ်ယောင်တွေကို ဖြစ်စေမှန်း သိသွားခဲ့ပြီး သူ့အတွေးတွေကို ခပ်မြန်မြန်ပဲ တည်ငြိမ်အောင် လုပ်လိုက်တယ်။
လျူချင်းယောင် ဒုတိယခြေလှမ်း လှမ်းလိုက်ပြီးနောက် သူအပြည့်အဝ အာရုံစိုက်ထားရင်တောင် သူ့အတွေးတွေကို အပြည့်အဝ မထိန်းချုပ်နိုင်မှန်း ရန်ကိုင် တွေ့လိုက်ရတယ်။ ထို့ကြောင့် သူ့ရှေ့က လူငယ်လေးရဲ့ ပုံရိပ်က နောက်တစ်ကြိမ် ထပ်မံကြီးသွားခဲ့ပြန်ပါတယ်၊ တဒင်္ဂလေးသာ ကြာမြင့်လိုက်တယ် ဆိုရင်တောင်ပေါ့။
တိတယ ခြေလှမ်း…
တတိယမြောက် ခြေလှမ်း အစပြုလာတဲ့ အချိန်၌ လေဟာနယ် အနက်ပိုင်းထဲကနေ တဒုန်းဒုန်း မြည်သံတို့ ထွက်ပေါ်လာခဲ့တယ်။
ဧရာမဒရမ်ကြီး တစ်ခုကို တီးခတ်နေသလိုမျိုး ထိုအသံက လူတိုင်းရဲ့ နှလုံးသားထဲ ပဲ့တင်ထပ် မြည်ဟိန်းသွားခဲ့တယ်။
“လျူမိသားစုရဲ့ ပဲ့တင်သံခြေလှမ်းကိုးသွယ်ပဲ” ရန်ဝေ မျက်နှာအမူအရာ အနည်းငယ်လေး ပြောင်းလဲသွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်။
မိုးမြေစွမ်းအင်တွေ ယောက်ယတ် ခတ်လာခဲ့ပြီး လူချင်းယောင်က ပတ်ပတ်လည်ရှိ မိုးမြေစွမ်းအင်တွေကို ရူးသွပ်စွာ ဝါးမြိုနေသည့် တွင်းပေါက်တစ်ခုအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်လိုက်ရတယ်။
စတုတ္ထမ ခြေလှမ်း…
ဒုန်း…
သူတို့ နှလုံးသား တဒုတ်ဒုတ်နဲ့ ခုန်လာတာကို ခံစားပြီးတဲ့ အားနည်းသည့် ကျင့်ကြံသူတွေရဲ့ သွေးစွမ်းအားနဲ့ အစစ်အမှန်ချီတွေက ပြင်းပြင်းထန်ထန် တုန့်ပြန်လာခဲ့ပြီး မတည်မငြိမ် ဖြစ်လာခဲ့တယ်။
ပဉ္စမခြေလှမ်း…
သွေးအန်သံတွေနဲ့ ချောင်းဆိုးသံတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့တယ်။ အစစ်အမှန်ဒြပ်စင်အဆင့်၅အောက် ကျင့်ကြံသူတွေ အကုန်လုံး သွေးအန်လိုက်ရတယ်။
အဝေးကနေ ကြည့်နေတဲ့ လူတွေကိုတောင် အခုလိုမျိုး ဖြစ်သွားစေခဲ့ပါတယ်။ ဗဟိုမြို့တော်ရဲ့ နံပါတ်တစ်ပါရမီရှင်က သူ့နာမည်နဲ့ တကယ်ပဲ ထိုက်တန်ပါတယ်။
ဆဠမခြေလှမ်း… သတ္တမခြေလှမ်း…
လျူချင်းယောင် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အားကောင်းတဲ့ နှလုံးခုန်သံလိုမျိုး အသံတစ်သံ ပဲ့တင်ထပ်သွားခဲ့တယ်။ သူ့ခြေလှမ်းတိုင်းက လောကကြီး တစ်ခုလုံးကို တုန်ခါသွားစေခဲ့ပြီး ကောင်းကင်နဲ့ မြေကြီးတောင် သူ့ခြေလှမ်းတွေရဲ့ အလေးချိန်ကို တောင့်မခံတော့လုနီးပါပဲ။
ခြေလှမ်းရေ တိုးလာတာနဲ့ အားလုံးရဲ့ မျက်ဝန်းထဲက လျူချင်းယောင်ရဲ့ ပုံရိပ်က အလျင်အမြန်ပဲ ကြီးသထက် ကြီးလာခဲ့တယ်။ အခုအချိန် လျူချင်းယောင်က တိုင်တန်ကြီး တစ်ကောင် ဖြစ်လာခဲ့ပြီး သူ့ ဦးခေါင်းက တိမ်ယံထိတိုင် ရောက်ရှိနေခဲ့ကာ သူ့ခြေလှမ်းတိုင်းက မြေပြင်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေခဲ့ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် သူတို့ အမြင်မှာတော့ လျူချင်းယောင်ဆိုတာက တိုင်တန်ကြီးတစ်ကောင် ဖြစ်နေခဲ့ပါပြီ။
အဠမခြေလှမ်း… နဝမခြေလှမ်း…
လူအုပ်ကြီးတစ်ခုလုံး မျက်ဝန်းထဲ…
ခြေတစ်လှမ်းနဲ့ စစ်ပွဲမြို့တော်တစ်ဝက်ကို ပြားပြားဝပ် နင်းခြေပစ်နိုင်တဲ့ လျူချင်းယောင်က ရန်ကိုင်ဦးခေါင်းကို နင်းခြေပစ်ပါတော့မယ်။ ဒီခြေလှမ်းက ထူးထူးဆန်းဆန်းကို နှေးကွေးနေခဲ့ပေမယ့် ရှောင်းတိမ်းမရနိုင်တဲ့ ခံစားချက်ကို ပေးစွမ်းနေခဲ့ပါတယ်။ သူတို့ ဘယ်လိုပဲ ရှောင်ရှားပါစေ၊ ထိုခြေလှမ်းအောက်ကနေ မလွတ်မြောက် နိုင်သလိုပါပဲ။
ထိုအတွေး သူတို့စိတ်ထဲ ဖြတ်ပြေးသွားတာနဲ့ သူတို့ကိုယ်တိုင် ထိုခြေလှမ်းရဲ့ နင်းခြေခြင်းကို ခံရတော့မလို ခံစားလိုက်ရပြီး လူများစွာတို့ရဲ့ မျက်နှာတွေ ဖြူလျော်သွားခဲ့ကာ သူတို့ တစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်ခါသွားခဲ့တယ်။
လျူမိသားစုရဲ့ ပဲ့တင်သံခြေလှမ်းကိုးသွယ်၊ ဆန်းကြယ်အလယ်အလတ် အဆင့် သိုင်းပညာရပ် တစ်ခုဖြစ်ပြီး လျူမိသားစုရဲ့ အဓိကသိုင်းပညာရပ်တွေထဲ တစ်ခုလည်း ဖြစ်ပါတယ်။
ခြေကိုးလှမ်းနဲ့ ကောင်းကင်ဘုံ တစ်ခုလုံးကို ပျက်သုဉ်းသွားစေမယ်၊
ထိုဧရာမခြေထောက်ကြီးက ရန်မိသားစုရဲ့ အငယ်ဆုံး သခင်လေးခေါင်းပေါ်ကို နင်းချင်တော့မယ့် အချိန်မှာပဲ…
ရန်ကိုင်က ညာဘက်လက်သီးကို တင်းတင်း ဆုပ်လိုက်တယ်။ ထို့နောက် နေ့ခင်းကြောင်တောင် အချိန်ထဲ ကြယ်စဉ်တွေနဲ့ လင်းလက်နေတဲ့ ကြယ်တာရာကောင်းကင် ပုံရိပ်ယောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
မဟူရာညယံထက်က ကြယ်စဉ်တွေက တလက်လက် တောက်ပနေခဲ့ပြီး ညို့ယူဖမ်းစွားနိုင်ဖွယ် မြင်ကွင်းတစ်ရပ်ကို ဖန်တီးလို့ နေခဲ့တယ်။ သူ့လက်သီးနဲ့ ရှေ့တည့်တည့်သို့ ထိုးချလိုက်တာနဲ့ ညကောင်းကင်ယံထက်က ကြယ်စဉ်တွေ အကုန်လုံး မျက်စိကျိန်းမတတ် လင်းလက်သွားခဲ့ကြတယ်။
ကြယ်အမှတ်အသား… ဒီပညာရပ်ကို ရန်ကိုင် မသုံးတာ တော်တော်လေးတောင် ကြာနေခဲ့ပါပြီ။ မသုံးချင်လို့ မသုံးခဲ့တာ မဟုတ်ပဲ သင့်တော်တဲ့ အခွင့်အရေး တစ်ခုမရခဲ့လို့ မသုံးခဲ့တာပါ။
သူ့ ညာဘက်လက် တံတောင်နောက်ဘက်ရှိ လေဟာနယ်ထဲတွင် စုဆောင်းထားသည့် စွမ်းအင်တွေ အကုန်လုံး ပေါက်ကွဲထွက်လာခဲ့ပြီး ဧရာမခြေထောက်ကြီးနဲ့ ကြယ်တာရာကောင်းကင်တို့ ထိပ်တိုက် တွေ့သွားခဲ့တယ်။
ရန်ကိုင် တိုက်ကွက်ရဲ့ စွမ်းအားက တကယ်ကို အံ့အားသင့်ဖို့ ကောင်းပါတယ်။ သူ့တိုက်ခိုက်မှုဆီကနေ လောကကြီးတစ်ခုလုံးကို ထာဝစဉ်လင်းလက် တောက်ပမှုတို့ ဆောင်ကြဉ်းပေးနိုင်တယ်လို့ ထင်မှတ်ရသည့် ကြောက်မက်ဖွယ် ကောင်းတဲ့ အလင်းရောင်ခြည်တစ်ခုကို ထုတ်လွှတ်လို့ နေခဲ့ပါတယ်။
ဝုန်း…
ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်တွေ့သွားခဲ့ပြီး မြေကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေနိုင်တဲ့ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာခဲ့တယ်။
ကြယ်ရောင်တွေ အလျင်အမြန် မှိန်ကျသွားခဲ့သလို ဧရာမခြေထောက်ကြီးလည်း တုန်ခါသွားခဲ့တယ်။ မိုးမြေတစ်ခွင်ကို နင်းခြေပစ်နိုင်တယ်လို့ ထင်မှတ်ရတဲ့ ခြေထောက်ကြီးက ရန်ကိုင်တိုက်ကွက်ကြောင့် နောက်သို့ လွင့်စင်သွားခဲ့ပါတယ်။
ထိပ်တိုက်တွေ့ဆုံးမှုမှာ လျူမိသားစုရဲ့ ပဲ့တင်သံခြေလှမ်း ကိုးသွယ်က တကယ်ပဲ တားဆီးခံလိုက်ရပါတယ်။
ပြီးတော့ သူ့တိုက်ကွက်ကို တားလိုက်တဲ့လူက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကိုတောင် မရောက်သေးတဲ့ အစစ်အမှန်ဒြပ်စင်အဆင့်၈ ကျင့်ကြံသူ တစ်ယောက်ပါ။
အားလုံး ထိတ်လန့်တုန်လှုပ် သွားခဲ့ပြီး သူတို့ရှေ့က မြင်ကွင်းကို မှင်သက်စွာနဲ့ ငေးကြောင် ကြည့်နေခဲ့ကြတယ်။ သူတို့ အတွေးတွေ လုံးဝကို ယောက်ယတ် ခတ်နေခဲ့တယ်။ သူတို့ မျက်စိရှေ့မှာတင် ဖြစ်ပျက်သွားသည့် အမှန်တရားကို လုံးဝ လက်မခံနိုင် ဖြစ်နေခဲ့ရပါတယ်။