← Chapters

အခန်း (၄၆၆-၄၇၀)

Vol. 19 Ch. 466-470

အခန်း (၄၆၆-၄၇၀)

Vol. 19 Ch. 466-470

အပိုင်း(၄၆၆) သူပဲ

ကြမ်းတမ်းတဲ့ စွမ်းအင်လှိုင်းတွေက အချိန်တစ်ခဏ ကြာမှပဲ ငြိမ်သက်သွားခဲ့တယ်။

တလက်လက်တောက်ပနေတဲ့ ကြယ်ရောင်တို့ ပျောက်ကွယ်သွားတဲ့အခါ ရန်ကိုင် ချောင်းတစ်ချက် ဆိုးလိုက်ရပြီး မီတာဒါဇင်ပေါင်းများစွာ အကွာသို့ နောက်ပြန်ဆုတ်လိုက်ရတယ်။

လျူချင်းယောင်ရဲ့ ဆန်းကြယ်အလယ်အလတ် အဆင့် သိုင်းပညာရပ်နဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ တိုက်ပွဲ၌ ရန်ကိုင်ရဲ့ ကြယ်အမှတ်အသား ပညာရပ်က အနည်းငယ်‌ အောက်စီး ရောက်သွားခဲ့ရတယ်။ ပြီးတော့ သူတို့ကြားက ကျင့်ကြံခြင်း အဆင့်ကွာခြားချက်က အရမ်းကိုကြီးမာပါတယ်။ အဆင့်ကြီး တစ်ဆင့်တောင် ကွာခြားနေခဲ့တာပါ။

ရန်ကိုင်က နောက်သို့ တွန်းပို့ခံလိုက်ရတဲ့အခါ လျူချင်းယောင်ရဲ့ ခန္ဓာကိုယ်လည်း အသာအယာလေး လှုပ်ခါသွားခဲ့တယ်။ အားလုံး မျက်ဝန်းထဲက ဧရာမပုံရိပ်ကြီးက လေလျှော့ခံရတဲ့ ပူပေါင်းတစ်လုံးလို အလျင်အမြန် ကျုံ့ဝင်သွားခဲ့တယ်။

ပတ်ဝန်းကျင်တစ်ခွင်ကို လွှမ်းမိုးနေတဲ့ ကြောက်မက်ဖွယ် ဖိအားကြီးလည်း ပျောက်ကွယ်သွားခဲ့တယ်။ မိုးတိမ်တွေ ကင်းစင်သွားပြီး တောက်ပတဲ့ လပြည့်ဝန်းကြီးကို နောက်တစ်ဖန် ပြန်မြင်တွေ့လိုက်ရသလို အားလုံး ခံစားလိုက်ရတယ်။

လူငယ်လေး နှစ်ယောက်က ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခုကို မဆင်နွှဲခဲ့တဲ့ ပုံစံမျိုးနဲ့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့ကြတယ်။

ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေ အကုန်လုံးကတော့ ကြက်သေသေနေခဲ့လေပြီ။

ရန်ကိုင် ဒီလောက်အထိ သန်မာလိမ့်မယ်လို့ ဘယ်သူမှ စိတ်ကူးမထားခဲ့ပါဘူး။

ရန်ကိုင်ရဲ့ ကိုယ်ပိုင်ခွန်အားက အားမနည်းမှန်း သူတို့ သိထားပါတယ်။ ဒါပေမယ့် ရန်ကိုင်ရဲ့ အလားအလာကို မြင့်မြင့်ကြီး တွေးထားခဲ့ရင်တောင်မှ သူက သူတို့ထဲမှာ အငယ်ဆုံး ဖြစ်နေတုန်းပါပဲ။ အခု သူတို့သာ တစ်ယောက်ချင်း ယှဉ်တိုက်မယ် ဆိုရင် သူတို့ထဲက ဘယ်သူကမှ ရန်ကိုင်ရဲ့ ပြိုင်ဘက်မဟုတ်မှန်း အားလုံး နားလည်သွားခဲ့ကြလေပြီ။

သူတို့အကုန်လုံး မေးချင်နေတဲ့ မေးခွန်းတစ်ခုက အစစ်အမှန်ဒြပ်စင်အဆင့်၈သာ ရှိသေးတဲ့ ရန်ကိုင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်ဖြစ်တဲ့ လျူချင်းယောင်ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုများ ခုခံကာကွယ် သွားခဲ့တာလဲ ဆိုတာကိုပါ။

ရန်ကျောင်းနဲ့ ကျန်တဲ့ သခင်လေးတွေ အကုန်လုံး မျက်နှာ အမူအရာ မကောင်းကြပါဘူး။ အမွေခံတိုက်ပွဲမှာ ကိုယ်ပိုင်ခွန်အားက အရမ်းကြီး အရေးမကြီးဘူး ဆိုပေမယ့် ကျင့်ကြံသူတွေ ဖြစ်တာနဲ့အညီ အားလုံးက ကျင့်ကြံခြင်း လမ်းစဉ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိချင်ကြပါတယ်။ အားလုံးက တစ်နေ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို တက်လှမ်းနိုင်ပြီး လူပေါင်းများစွာရဲ့ ရိုလေသေးစားမှုကို ခံချင်တဲ့ လူတွေချည်းပါပဲ။

ဒီရည်မှန်းချက်က အမွေခံတိုက်ပွဲ ဒါမှမဟုတ် မိသားစုခေါင်းဆောင် ဆက်ခံသူနေရာနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။

ရန်ဝေတစ်ယောက်သာ ခေါင်းခါရမ်းလိုက်ပြီး ပြုံးလိုက်တယ်။ စိတ်ထဲမှာလည်း ကြိတ်ပြီး စိတ်သက်သာရာ ရသွားခဲ့တယ်။

“တစ်ကွက်ကျန်သေးတယ်” ရန်ကိုင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် လှမ်းအော်ပြောလိုက်တယ်။ လျူချင်းယောင်ကို စိုက်ကြည့်နေရင်း ဖွဖွလေး ရယ်လိုက်တယ်။

လျူချင်းယောင်က ရန်ကိုင်ကို လေးနက်တည်ကြည်တဲ့ အမူအရာနဲ့ ပြန်စိုက်ကြည့်လိုက်တယ်။ ဒါပေမယ့် အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် လျူချင်းယောင်က ခေါင်းခါရမ်းကာ ပြန်ပြောလိုက်တယ် “မလိုတော့ဘူး၊ အခု မင်းက ငါ့ပြိုင်ဘက် မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် မင်းမှာ ငါ့ကို စိန်ခေါ်ဖို့ အရည်အချင်း ရှိတယ်ဆိုတာကိုတော့ ငါလက်ခံလိုက်ပြီ”

ပြောပြီးတာနဲ့ သူ့လက်ထဲက ဆန်းကြယ်အဆင့် လက်နက်ကို ရန်ကိုင်ဆီ လှမ်းပစ်ပေးလိုက်တယ်။ ပေးပြီးတာနဲ့ ရန်မိသားစုရဲ့ အငယ်ဆုံး သခင်လေးကို ထက်ရှစွာ စိုက်ကြည့်နေလိုက်ပြီး ပြောလိုက်တယ် “ငါမင်းကို စောင့်နေမယ်။ မင်းအင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ချိုးဖျက်သွားတဲ့ အခါကျ ငါတို့ နောက်တစ်ကြိမ် ထပ်တိုက်ကြတာပေါ့”

ရန်ကိုင်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး လျူချင်းယောင် ပစ်ပေးလိုက်တဲ့ လက်နက်ကို လှမ်းဖမ်းလိုက်တယ်။ သူ့မျက်ဝန်းအစုံက တစ်ဒင်္ဂလောက် တောက်ပသွားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘာမှ မပြောဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

အရင်နှစ်ကွက်တုန်းက လျူချင်းယောင် သူ့ခွန်အား အပြည့် ထုတ်မသုံးခဲ့မှန်း ရန်ကိုင် နာလည်ပါတယ်။

ဒါပေမယ့် လျူချင်းယောင် မသိခဲ့တာက သူလည်း သူ့ခွန်အား အပြည့်ကို ထုတ်မသုံးခဲ့ဘူး ဆိုတာကိုပါပဲ။ ဆန်းကြယ်အဆင့် လက်နက်ကို လိုချင်လို့သာ သူရှေ့တက်လိုက်တာပါ။ အဲ့အကြောင်းသာ မဟုတ်ရင် လျူချင်းယောင်နဲ့ လေကုန်ခံပြီးတော့ စကားပြောနေမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီမောက်မာပြီး အထက်ဆန်တဲ့ လူငယ်လေးက ဥာဏ်နီဥာဏ်နက် များပြီး ကောက်ကျစ်တဲ့ လူတစ်ယောက်တော့ မဟုတ်ဘူးဆိုပြီး ရန်ကိုင် ကောက်ချက် ချလိုက်တယ်။

လက်နက်က သူ့လက်ထဲ ရောက်နေပြီ ဆိုမှတော့ ဒီပြိုင်ပွဲကို ဆက်လုပ်စရာ မလိုတော့ဘူးလို့ သူလည်း ထင်ပါတယ်။

လလှိုင်းပြာ ဝတ်ရုံကို စတေးပြီးမှ အရယူနိုင်ခဲ့တဲ့ ဆန်းကြယ်အဆင့် လက်နက်ကို နည်းနည်းလေးတောင် တုန့်ဆိုင်းမနေပဲ ရန်ကိုင်ဆီ ပစ်ပေးလိုက်တာကို မြင်တော့ ရန်သခင်လေးတွေ အကုန်လုံးရဲ့ မျက်လုံးတွေ နီရဲလာခဲ့ပြီး သူတို့ရဲ့ အသက်ရှူသံတွေလည်း မြန်ဆန်လို့ လာခဲ့တယ်။

မျက်တောင် တစ်ခတ်အတွင်းမှာပဲ သူတို့ရဲ့ ကိုးယောက်မြောက် ညီငယ်လေးက ဆန်းကြယ်အဆင့် လက်နက်နှစ်ခုကို ရရှိပြီး အားလုံးကို ဦးဆောင်သွားခဲ့ပါတယ်။

ထို့နောက် လျူချင်းယောင်က ရန်ဝေဘက်လှည့်ကာ ပြောလိုက်တယ် “အကြီးဆုံးသခင်လေး၊ မင်းတို့ ရန်မိသားစုရဲ့ အကန့်အသတ်ကို ငါနားလည်သွားခဲ့ပြီ။ မင်းရဲ့ ကိုးယောက်မြောက် ညီလေးက မင်းထက် ပိုပြီး အလားအလာရှိတယ်။ ဒါပေမယ့် ငါ၊ လျူချင်းယောင်ကလည်း ငါ့ရဲ့ အကန့်အသတ်ကို ရောက်သေးတာ မဟုတ်ဘူး။ ဒီကိစ္စကို နောက်ကျမှာ ရှင်းကြမယ်။ အဲ့အချိန်ကျမှ ဘယ်သူက လူငယ်မျိုးဆက်ရဲ့ ခေါင်းဆောင်လဲ ဆိုတာကို တစ်ကြိမ်တည်း တန်းဆုံးဖြတ်ကြတာပေါ့။ အဲ့အချိန် ရောက်လာမယ့်နေ့ကို ငါစောင့်နေမယ်”

ပြောပြီးတာနဲ့ ပြတ်ပြတ်သားသားပဲ လှည့်ထွက်သွားလိုက်တယ်။

ငါးယောက်မြောက် သခင်လေးရဲ့ မျက်နှာက်ထက် စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်တို့ ထင်ဟပ်နေခဲ့တယ်။ ရန်ကိုင်ဆီ လှမ်းကြည့်လိုက်တဲ့ အခိုက် သူ့မျက်ဝန်းထဲ မနာလိုသည့် အရိပ်ယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။ ကိုးယောက်မြောက် ညီငယ်လေးနဲ့ ပက်သက်တဲ့ သူတို့ရဲ့ အထင်အမြင်တွေကို နောက်တစ်ကြိမ် ပြန်ပြီး ဆန်းစစ် တွက်ချက်ရတော့မယ့် ပုံပါပဲ။

ရန်ကိုင်ကတော့ ဘာမှ မဖြစ်ပျက်သွားသလိုပါပဲ။ လျူချင်းယောင် ထွက်သွားတာနဲ့ ရေကန်ဆီ ချက်ချင်းပဲ ပျံသန်းသွားလိုက်တယ်။

“ငါ့လခွမ်း၊ နောက်တစ်ခု ရှိနေသေးတယ်ဟ” ရန်ခန်း အသိပြန်ဝင်လာတာနဲ့ ရန်ကိုင်နောက် ချက်ချင်း ပြေးလိုက်သွားပါတော့တယ်။ ဆန်းကြယ်အဆင့် လက်နက်ရှစ်ခုအနက် ညီအစ်ကိုခြောက်ယောက်က တစ်ယောက်ကို တစ်ခုစီရခဲ့ပြီး လျူချင်းယောင်က တစ်ခု ရယူနိုင်ခဲ့ကာ ကျန်တစ်ခုကတော့ ပိုကျင်းရေကန်ထဲ ကျသွားခဲ့ပါတယ်။

ဒါပေမယ့် ဆန်းကြယ်အဆင့် လက်နက်ထဲမှာ ချိတ်ပိတ်ထားတဲ့ စွမ်းအားနဲ့ ချီချုပ်နှောင် ချိတ်တံဆိပ်ရဲ့ အစွမ်းကို ကိုယ့်မျက်လုံးနဲ့ တပ်အပ် မြင်လိုက်ရပြီးတဲ့ အချိန်မှာတော့ ရေကန်ထဲဆင်းပြီး ထိုလက်နက်ကို ဘယ်သူမှ သွားမယူရဲခဲ့ပါဘူး။ ထို့ကြောင့် ထိုလက်နက်က အခုအချိန်အထိ ပိုင်ရှင်မဲ့ ဖြစ်နေတုန်းပါပဲ။

ရန်ခန်းရဲ့ ဆဲဆိုသံကို ကြားလိုက်တာနဲ့ ကျန်တဲ့ ညီအစ်ကိုတွေ ပြန်အသိပြန်ဝင်လာခဲ့ပြီး ချက်ချင်းပဲ ရေကန်ဆီ ပျံဆင်းသွားလိုက်ကြတယ်။

ဒါပေမယ့် သခင်လေးတွေထဲက ဘယ်သူပဲဖြစ်ဖြစ် ရန်ကိုင်နား အရမ်းကြီး တိုးကပ်မသွားရဲပါဘူး။

အခု သူတို့ကို စောင့်ရှောက်ကာကွယ် ပေးနေတဲ့ သွေးစစ်သည်တော်တွေက ချီချုပ်နှောင် ချိတ်တံဆိပ်စာ မိထားကြပါတယ်။ ထို့ကြောင့် သူတို့ကို ကာကွယ် စောင့်ရှောက်ပေးနေတဲ့လူ မရှိတော့ပါဘူး။ အစောပိုင်းတုန်က ပြသခဲ့တဲ့ စွမ်းရည်အရ ဆိုရင် ရန်ကိုင်က ဒီအခွင့်အရေးကို လက်မလွှတ်တမ်း အသုံးချလာနိုင်ပါတယ်။

ဒီအကြောင်းပြချက်ကြောင့်သာ အမွေခံတိုက်ပွဲကို သူတို့ရှုံးနိမ့်သွားခဲ့ရမယ် ဆိုရင် အရမ်းကို သနားစရာ၊ ရယ်စရာ ကောင်းနေမှာပါ။

အားလုံးက သူနဲ့ခပ်ဝေးဝေး ရှောင်ခွါနေကြတာကို ရန်ကိုင် သတိပြုမိပါတယ်။ ဒါပေမယ့် ဒီလိုအကျိုးမရှိတဲ့ တိုက်ပွဲတစ်ခုကို စတင်ဖို့အတွက် သူစိတ်မဝင်စားပါဘူး။ သူတို့ မဟာမိတ်တွေ အများကြီး ရှိနေတဲ့အချိန်မှာ သူရဲ့ အစ်ကိုကြီးတွေကို ဖမ်းဆီးဖို့ ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်ကူနိုင်ပါ့မလဲ။

အချိန်တစ်ခဏကြာသွားပြီးနောက် ဘယ်လိုဆက်လုပ်လို့ လုပ်ရမှန်း မသိတာနဲ့ ညီအစ်ကို ခြောက်ယောက်စလုံး သူတို့ အဖွဲ့သားတွေ ရှိနေတဲ့ နေရာဆီပဲ ပြန်သွားလိုက်ကြတယ်။

ကောင်းကင်အဆင့် လက်နက်တိုက်ပွဲက မပြီးဆုံးသေးပါဘူး။ ဒါပေမယ့် လက်နက်တစ်ဝက် ကျော်လောက်ကတော့ ပိုင်ရှင်တွေ ရှိနေခဲ့ပါပြီ။ လက်နက် နည်းနည်းလေးလောက်ပဲ ပိုင်ရှင်တွေ တစ်လှည့်ပြီး တစ်လှည့်ပြောင်းလဲ နေသေးတာပါ။

အဖွဲ့ခြောက်ခုစလုံး ဒီတစ်ကြိမ် တော်တော်လေး အထိနာသွားခဲ့ကြပါတယ်။

ဟော်ရှင်းချန်က ပြန်ဆုတ်နေခဲ့ နှင့်ပြီးပါပြီ။ ကံကောင်းစွာနဲ့ သူ့ဟော်မိသားစုက လူအများကြီး မဆုံးရှုံးခဲ့ပါဘူး။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ကျင့်ကြံသူ နှစ်ယောက်စလုံး ဒဏ်ရာရထားပေမယ့် သူတို့ ဒဏ်ရာတွေက အရမ်းကြီး မပြင်းထန်လှပါဘူး။ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူ နှစ်ယောက်၊ သုံးယောက်လောက်ပဲ သေဆုံးသွားခဲ့တာပါ။

“သခင်လေးကိုင်” ဟော်ရှင်းချန်က ဆူပုပ်နေတဲ့ မျက်နှာထားနဲ့ အော်ခေါ်လိုက်တယ် “အဲ့ရှန်နဲ့ နန်မိသားစု အဖွဲ့သားတွေကို ငါ့လူတွေကို ခေါ်ပြီး သွားရှင်းပစ်လိုက်ရမလား”

ရန်ကိုင်က ဟော်ရှင်းချန်ဘက် လှမ်းကြည့်လိုက်တယ်။ ထိုငနဲကောင် အခုလို မေးခွန်းတွေ ဘာလို့ လာမေးနေမှန်း သူမသိပါဘူး။

“အဲ့ခွေးသူတောင်းစား ရှန်ချူ၊ နန်ရှန်း သူတို့ရဲ့ နောက်လိုက်ခွေးက ဘာသောက်လုပ်မှ မယ်မယ်ရရ မလုပ်ပဲ ငါတို့လူတွေကိုပဲ သီးသန့်ကြီး လိုက်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကွ။ ငိုးပဲ၊ ဒီသခင်လေးကိုတောင် သူတို့ မျက်လုံးထဲ မထည့်ဘူး။ ရန်ကိုင်၊ ပြောသာပြောလိုက်၊ ငါ့လူအိုကြီးကို လူအချို့တောင်းပြီး အဲ့မိသားစုနှစ်ခုကို သွားရှင်းပစ်လိုက်မယ်”

ဒါပေမယ့် ရန်ကိုင်ကတော့ နှာခေါင်းသာရှုံ့လိုက်ပြီး “နည်းနည်းလေးတောင် အဆုံးရှုံးမခံနိုင်တာလား၊ အဲ့လိုဆိုရင် အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်မနေနဲ့တော့”

ဟော်ရှင်းချန်က ပြတ်ပြတ်သားသားပဲ အောက်ကျမခံ ပြန်ပြောလိုက်တယ် “ငါတို့ ဟော်မိသားစုက အဆုံးရှုံးမခံနိုင်ဘူးလို့ ဘယ်သူပြောလဲ။ သူတို့ အပြုအမူတွေက အရမ်းကို သောက်ရှက်မဲ့လွန်းနေတာ ကြောင့်ပဲ ဒီသခင်လေး ဒေါသထွက်သွားခဲ့တာ။ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် အမွေခံတိုက်ပွဲ ဖြစ်နေတဲ့အချိန် ပါဝင်တဲ့ အင်အားစုတွေကို သွားပြဿနာ ရှာလို့မရဘူးလို့ စည်းမျဉ်း ရှိပေမယ့် ဒီသခင်လေးက ကျော်ကြားတဲ့ လူမိုက်သခင်လေး ဟော်ရှင်းချန်လေ။ ဒီဘာမဟုတ်တဲ့ စည်းမျဉ်းတွေကို ငါဘာလို့ လိုက်ဂရုစိုက်နေရမှာလဲ”

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “အဲ့ကိစ္စနဲ့ ခေါင်းရှုပ်ခံမနေနဲ့။ အနေနဲ့အမြန်တော့ တန်ဖိုးတစ်ခုခုကို သူတို့ ပြန်ပေးဆပ်ရလိမ့်မယ်”

ရန်ကိုင်လည်း ထိုအခြေအနေကို သတိပြုမိပါတယ်။ ရှန်ချူနဲ့ နန်ရှန်းတို့ သူ့အပေါ် ဘယ်လောက် မုန်းတီးနေတယ် ဆိုတာကိုလည်း သူနားလည်ပါတယ်။ ထို့ကြောင့် သူ့လူတွေကိုပဲ သီးသန့်ကြီး လိုက်ပစ်မှတ်ထားနေတာ ဘာမှမထူးဆန်းပါဘူး။ ဒါပေမယ့် ဒီကိစ္စလေးကြောင့်နဲ့ ရှန်မိသားစုနဲ့ နန်မိသားသားစုကို သွားပြဿနာ ရှာလို့ မရသေးပါဘူး။

သူသာ အဲ့လိုလုပ်လိုက်တာနဲ့ မခန့်မှန်းနိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အခုလိုမျိုးသာ လက်စားချေခွင့်ရှိရင် နောက်ပိုင်း အမွေခံတိုက်ပွဲ ကျင်းပတဲ့ အခါမျိုးမှာ ဘယ်သူကများ အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရဲတော့မှာလဲ။

“ကောင်းပြီ၊ ကောင်းပြီ၊ မင်းက ခေါင်းဆောင် ဆိုတော့လည်း နောက်ဆုံးစကားက မင်းစကားပဲပေါ့” ဟော်ရှင်းချန်လည်း ဆက်ပြီး စောဒက တက်မနေတော့ပါဘူး။ “ရှန်နဲ့နန် မိသားစုတင် မဟုတ်ဘူး။ ဟိုသောက်ရူး လူဆောင်းလည်း ပါတယ်ဆိုတာကို ဒီသခင်လေး မှတ်ထားတယ်။ အကြွေးပြန်တောင်းမယ့် နေ့ကျ ဒီသခင်လေးကိုပါ ခေါ်သွားစမ်းကွာ၊ ငါသူတို့ကို ကောင်းကောင်း ခံစားသွားရအောင် လုပ်ပေးလိုက်မယ်”

“အဲ့နေ့ ကျိန်းသေရောက်လာမှာပါ” ရန်ကိုင် ကြိတ်ရယ်လိုက်တယ်။

“ပြီးတော့၊ ခွေးကောင်လေး ချူဇိရိုဆိုတဲ့ ကောင်လည်း တော်တော်လွန်တယ်။ အဲ့ခွေးကောင်က ဟိုသုံးယောက်လောက် မဆိုးပေမယ့် ဒီကောင်လည်း ငါတို့ကို တိုက်ခိုက်တဲ့အထဲ ပါတယ်။ မင်းကို အနိုင်ယူပြီး မိသားစုထဲက သူ့ရာထူးကို တည်ငြိမ်အောင် လုပ်ချင်နေတာနဲ့ တူတယ်”

သက်ပြင်းတစ်ချက် ချလိုက်ပြီး ဟော်ရှင်းချန်က ဆက်ပြောလိုက်တယ် “ချူရီမန်လို အစ်မကြီး တစ်ယောက် ရှိနေတာ သူ့ဘဝက တော်တော်လေး ခက်ခဲနေမှာပဲ။ ဒါကြောင့်မို့ ဗဟိုမြို့တော်က လူတွေချင်း အတူတူ ဖြစ်နေတာကို ထောက်ထားပြီး အနည်းဆုံးတော့ အဲ့ကောင်ရဲ့ ခွေးအသက်ကို ချမ်းသာပေးလိုက်ပါမယ်လေ၊ ဒီလောက်ပဲ”

အောင်နိုင်မှုက သူ့လက်ထဲ ရောက်နေသလို ဟော်ရှင်းချန်က ပြောလိုက်တယ်။

“အဲ့အကြောင်းပြောတာ တော်ပြီ။ လက်နက် အခြေအနေ ဘယ်လိုရှိလဲ” ရန်ကိုင်က ပိုကျင်းရေကန်ဘက်လှည့်ပြီး မေးလိုက်တယ်။

“အောက်မှာ ရှိနေတုန်းပဲ” ဟော်ရှင်းချန်က ဝေ့ကြည့်လိုက်ပြီး ပြောလိုက်တယ် “အားလုံးက ကြည့်သာ ကြည့်နေတာ။ အောက်ဆင်ပြီး ဘယ်သူမှ သွားမယူရဲဘူး”

ရန်ကိုင် ခေါင်းညိတ်လိုက်တယ်။ ချိတ်ပိတ်ထားတဲ့ တိုက်ခိုက်မျုနဲ့ ချီချုပ်နှောင် ချိတ်တံဆိပ် ရှိနေသေးတဲ့အတွက် ဘယ်သူမှ မလှုပ်ရှားရဲတာ သဘာဝကျပါတယ်။ အရင်သွားတဲ့ လူတိုင်း အခြားလူတွေရဲ့ ခြေနင်းကျောက်တုံး ဖြစ်သွားရပါလိမ့်မယ်။ ထို့ကြောင့် ဘယ်သူကမှ ထိုကဲ့သို့ အကျိုးမရှိတဲ့ အလုပ်မျိုး လုပ်လိမ့်မှာ မဟုတ်ပါဘူး။

လက်နက်ထဲ ချိတ်ပိတ်ထားတဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ဖို့အတွက် အနည်းဆုံး အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ကျင့်ကြံသူတစ်ယောက် ဖြစ်နေရပါမယ်။ ထိုတိုက်ခိုက်မှုကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့တယ် ဆိုရင်တောင် ချီချုပ်နှောင် ချိတ်တံဆိပ် ရှိနေပါသေးတယ်။

တစ်နည်းပြောရရင်တော့ လက်နက်ထဲက ချိတ်ပိတ်ထားတဲ့ တိုက်ခိုက်မှုနဲ့ ချီချုပ်နှောင် ချိတ်တံဆိပ်ကို ခုခံချင်တယ်ဆိုရင် သခင်လေးတွေ အနေနဲ့ အနည်းဆုံး အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ပညာရှင် တစ်ယောက်ကို စတေးဖို့ လိုအပ်ပါတယ်။

ဘယ်သူကမှ ထိုကဲ့သို့ စတေးမှုမျိုးကို မလုပ်ချင်ကြပါဘူး။

ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ကာ အခြေအနေက ပိုပြီး ခက်ခဲလာပါလားလို့ တွေးလိုက်တယ်။

သူသာမကာ ကျန်တဲ့ သခင်လေးတွေနဲ့ လောဘနဲ့ အကြောင်းပြချက်ကြား လွန်ဆွဲနေခဲ့ပါတယ်။

ရန်ကိုင်က ဆန်းကြယ်အဆင့် လက်နက်နှစ်ခု ရပြီးနေပါပြီ။ နောင်ပိုင်း တိုက်ခိုက်တဲ့အခါြဖစ်ဖြစ်၊ ခုခံတဲ့ အခါမျိုးမှာ ဖြစ်ဖြစ်၊ သူက အသာရနေမှာ လုံးဝ သံသယ ရှိစရာ မလိုပါဘူး။ ထို့ကြောင့် လက်ကျန်တစ်ခုကို လူတိုင်း မျက်စိကျနေကြတာပါ။

အားလုံး ကူကယ်ရာ မဲ့နေတုန်းမှာပဲ ပိုကျင်းရေကန် အောက်ခြေကနေ ပြင်းထန်တဲ့ စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာခဲ့တယ်။

ရန်မိသားစု သခင်လေးတွေ ဖြစ်စေ၊ သူတို့ရဲ့ အဖွဲ့သားတွေ ဖြစ်စေ၊ ပွဲကြည့်နေတဲ့ လူတွေဖြစ်စေ အကုန်လုံး စိတ်ရှုပ်သွားခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ငေးကြောင်ကြည့်လိုက်ကြတယ်။

ထိုစွမ်းအင်လှိုင်းတွေက ဆန်းကြယ်အဆင့် လက်နက်ကို သွားထိလို့ ချိတ်ပိတ်ထားတဲ့ စွမ်းအင်တွေ ထွက်ပေါ်လာတာကြောင့် ဖြစ်လာခဲ့တာပါ။

တစ်ယောက်ယောက်က ကန်အောက်ခြေဆီ ခိုးဆင်းသွားတာလား။ ဘယ်အဖွဲ့လူလဲ မသိဘူး

သူ့အစ်ကိုတွေကို လှမ်းကြည့်လိုက်ပြီးတာနဲ့ ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့တယ်။ ဘာလို့လဲ ဆိုတော့ သူ့ညီအစ်ကို ငါးယောက်စလုံးကလည်း သူ့လိုမျိုး လက်သည် တရားခံကို စဉ်းစားမရနိုင်တဲ့ အမူအရာတွေနဲ့ ရှိနေကြလို့ပါပဲ။

ဘာကိုမှသေချာ မစဉ်းစားရသေးခင်မှာပဲ ကန်အောက်ခြေကနေ အားကောင်းတဲ့ စိတ်စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့တယ်။

ဘုန်း…

ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးတစ်သံ မြည်ဟည်း သွားခဲ့ပြီး ပိုကျင်းရေကန်တစ်ခုလုံး ပြောင်းလဲသွားခဲ့တယ်။ သွေးစွန်းနေတဲ့ ရေတွေက ကြောက်မက်ဖွယ် စိတ်စွမ်းအင် လှိုင်းတစ်ခုရဲ့ တွန်းဖယ်ထုတ်ခြင်းကို ခံလိုက်ရပြီး နဂါးတစ်ကောင် ပင်လယ်ထဲ ထိုးဆင်သွားတဲ့အခါ ရေပွက်သွားသလိုမျိုး ပေဒါဇင်ကျော်အထိ လေထဲ မြင့်တက်သွားခဲ့တယ်။

ရန်ကိုင်က ထိုရေပန်းတွေနဲ့ ရေကန်အောက်ခြေကို တည်တည်ငြိမ်ငြိမ်နဲ့ စစ်ဆေးကြည့်လိုက်တယ်။

မကြာခင်မှာပဲ ကန်အောက်ခြေသို့ ပြုတ်ကျသွားတဲ့ ဆန်းကြယ်အဆင့် လက်နက်ရဲ့ မှိန်ဖျဖျအရောင်လေးကို သူလှမ်းမြင်တွေ့လိုက်ရတယ်။

လက်နက်ထွက်ပေါ်လာတဲ့ တစ်ချိန်တည်းမှာပဲ အပြာရောင်ဖဲကြိုးတစ်ချောင်း ထွက်ပေါ်လာခဲ့တယ်။

ချီချုပ်နှောင် စည်းတံဆိပ်

ချီချုပ်နှောင် စည်းတံဆိပ်က ဘာမှမရှိတဲ့ လေထုကို လေးငါးပတ်လောက် ရစ်ပတ်သွားပြီးတဲ့ အခါမှာတော့ ရေကန်အထက်၌ ဝေဝါးတဲ့ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့တယ်။

“သူပဲ” အမြဲတစေ တိတ်ဆိတ်နေတဲ့ ရင်းဂျုက အလန့်တကြား ထပြောလာခဲ့တယ်။

ရန်ကိုင်လည်း တုန့်ဆိုင်းမနေတော့ပဲ ပိုကျင်းရေကန် အလယ်ဆီ ချက်ချင်း ပြေးဝင်သွားလိုက်တယ်။ သူ့နှုတ်ခမ်းထောင့်စွန်းတွေက ထက်ရှတဲ့ အပြုံးတစ်ခု အဖြစ်သို့ ကွေးတက်သွားခဲ့ပြီး သူ့ရဲ့ အစစ်အမှန်ချီကို အကန့်အသတ် ရောက်တဲ့အထိ တိုးမြှင့်လိုက်တယ်။

ရွှစ်… ရန်ကိုင်လက်ထဲ အသူရာဓါး ထွက်ပေါ်လာခဲ့တယ်။ မြောက်မြားစွာသော ချီဓါးသွားတွေက ငှက်မွှေးတောင် တွေအလား သူ့နား ရစ်ဝဲနေခဲ့တယ်။ ထိုချီဓါးသွားတွေက ဓါးလှိုင်းတစ်ခုအဖြစ် သိပ်သည်းသွားခဲ့ပြီး ကန်ရေပြင်ထက်က ပုံရိပ်ဆီ တိုးဝင်သွားခဲ့တယ်။

ထိုဝေဝါးတဲ့ ပုံရိပ်ကို သူမှတ်မိပါတယ်။

ထိုလူက သူ့ဆေးဖော်စပ်ခန်းနားဆီ ခိုးဝင်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်ပါ။

ဒီနေရာကိုတောင် ခိုးဝင်လာရဲလိမ့်မယ်လို့ ရန်ကိုင် မထင်ထားခဲ့ပါဘူး။ လျူချင်းယောင်နဲ့ သူတိုက်ခိုက်နေတုန်း ထိုလူက ကန်အောက်ခြေဆီ ဘယ်သူမှမသိအောင် ငုပ်လျှိုးသွားခဲ့တာပဲ ဖြစ်ရပါမယ်။

သွေးစစ်သည်တော်တွေရဲ့ အစစ်အမှန်ချီက ပိတ်လှောင်ထားခြင်း ခံရတဲ့အတွက် ထိုလျှို့ဝှက်ဆန်းကြယ်တဲ့ လူကို သူတို့ မထောက်လှမ်းနိုင်ခဲ့ပါဘူး။ ရန်ကိုင် တစ်ယောက်ပဲ သူ့ကို အာရုံခံနိုင်တာပါ။ ဒါပေမယ့် ရန်ကိုင်က ထိုလူအတွက် အရမ်းကို အားနည်းလှတဲ့အတွက် ထိုဆန်းကြယ်တဲ့လူက ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့ ကြိုးစားလိုက်တာပါ။

ဒါပေမယ့် လက်နက်ပိုင်ရှင်ကိုတော့ အခုထိ မဆုံးဖြတ်ရသေးပါဘူး။

မင်းက အားလုံးရှေ့မှာ ကိုယ်ထင်ပြဖို့ ဆုံးဖြတ်ပြီးမှတော့ မင်းဘယ်လို ထွက်ပြေးမလဲ ဆိုတာကို ငါသိချင်သေးတယ် ရန်ကိုင်က စိတ်ထဲကနေ ကြိတ်ပြီး လှောင်ပြောင်လိုက်တယ်။

ဒါပေမယ့် သူအဲ့လို တွေးနေတ့ အချိန်မှာပဲ ချီချုပ်နှောင် ချိတ်တံဆိပ်နဲ့ ချုပ်နှောင်ထားခြင်း ခံရတဲ့ ပုံရိပ်က မြူတွေအဖြစ် ပေါက်ကွဲထွက်သွားခဲ့တယ်။ နေလာနှင်းပျောက် သလိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့ လူက အားလုံးရဲ့ မြင်ကွင်းထဲကနေ အစအန ရှာမရအောင် ပျောက်ကွယ်သွားခဲ့တယ်။

Martial Peak

အပိုင်း(၄၆၇) မတွေ့ရတောင် ကြာပြီနော်

ရန်ကိုင် မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်ကာ ဆန်းကြယ်အဆင့် လက်နက်ကို လိုက်ရှာကြည့်လိုက်တယ်။

တစ်ခဏကြာပြီးနောက် သူ့လက်ထဲက ဓါးကို ခုတ်ပိုင်းချလိုက်တယ်။ ဓါးလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့ပြီး ဘာမှမရှိတဲ့ လေဟာနယ်တစ်ခုစီ တိုးဝင်သွားခဲ့တယ်။

သူဓါးချက် ထိမှန်သွားတဲ့ နေရာဆီမှ ဝေဝါးဝါးပုံရိပ် နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့တယ်။ နောက်ဆုံး ကျန်ရှိနေတဲ့ ဆန်းကြယ်အဆင့် လက်နက်ကို ဆုပ်ကိုင်ရင်း ထိုပုံရိပ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။

ထိုလျှို့ဝှက်ဆန်းကြယ်တဲ့လူ ထွက်ပြေးသွားတဲ့ အမြန်နှုန်းက အရမ်းကို မြန်ဆန်းလွန်းလို့ ရန်ကိုင်အနေနဲ့ တုန့်ပြန်ချိန်လေးတောင် မရလိုက်ပါဘူး။

အားလုံးက မြန်မြန်ဆန်ဆန်ပဲ စတင်ခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်သွားခဲ့တယ်။ ထိုလျှို့ဝှက် ဆန်းကြယ်တဲ့ ပညာရှင် လက်နက်ကို လုယူပြီး ထွက်ပြေးသွားပြီးတဲ့ အချိန်ထိတောင် သူ့ရဲ့ အစ်ကိုငါးယောက် စလုံးက လှုပ်ရှားဖို့ အင်တင်တင် ဖြစ်နေကြပါတယ်။

ပိုကျင်းရေကန်ထက် သွေးစွန်းနေတဲ့ ရေတွေ တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်လည်း ပျောက်ကွယ်သွားခဲ့ပါတယ်။

ရန်ကိုင်က အသူရာဓါးကို လက်ထဲ ကိုင်ဆွဲရင်း ခါးသီးနေတဲ့ အမူအရာနဲ့ လေထဲ ဝဲနေခဲ့တယ်။

တစ်နေ့တည်းမှာပဲ ထိုလူက သူ့လက်ထဲကနေ နှစ်ကြိမ်တိုင်တိုင် လွတ်ထွက်သွားခဲ့ပါတယ်။

ဘယ်လောက်တောင် ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ် လိုက်တဲ့လူလဲ

ရုတ်တရက် ရန်ကိုင် တစ်ခုခုကို သတိထားမိသွားပြီး သူ့လက်ကို ဆန့်ထုတ်လိုက်ကာ လှမ်းဖမ်းလိုက်တယ်။ ဒါပေမယ့် သူဖမ်းလိုက်တာ ဘာမှန်း မြင်တွေ့လိုက်ရပြီးနောက် ရန်ကိုင် ထိတ်လန့်သွားခဲ့ရတယ်။

ထိုပစ္စည်းကို သူ့အင်္ကျီအိတ်ထဲ ထည့်ပြီးတာနဲ့ သူ့အဖွဲ့သားတွေ ရှိနေတဲ့နေရာဆီ ချက်ချင်းပဲ ပြန်သွားလိုက်တယ်။

သူဘာကို ဖမ်းမိလိုက်လဲ ဆိုတာကို ဘယ်သူမှ မသိခဲ့ပါဘူး။ ဒါပေမယ့် ရန်ကိုင် အမူအရာကို မြင်ပြီးနောက် သူဘာကို ဖမ်းမိလိုက်လဲ ဆိုတာကို အားလုံး သိချင်မိသွားခဲ့တယ်။

သခင်လေး ခြောက်ယောက်စလုံး တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။ သူတို့ ပြိုင်ဘက်တွေဆီကနေ သဲလွန်စလေး၊ ဘာလေးများ ရမလား စူးစမ်းကြည့်နေခဲ့ပေမယ့် အားလုံးရဲ့ မျက်ဝန်းတွေက သံသယ၊ စိတ်ရှုပ်မှုတွေနဲ့သာ ပြည့်နေခဲ့ပါတယ်။

သူတို့ရဲ့ ဘယ်ညီအစ်ကိုကများ ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်တစ်ယောက်ကို စည်းရုံးသိမ်းသွင်း ထားနိုင်လဲ ဆိုတာကို သူတို့အားလုံး စဉ်းစားမရနိုင်အောင် ဖြစ်နေခဲ့ကြတယ်။

…..

လက်နက်လုပွဲကြီးလည်း ပြီးဆုံးပါတော့မယ်။ ဆန်းကြယ်အဆင့် လက်နက်တွေကို ရယူပြီးသွားပြီ ဖြစ်လို့ ပိုင်ရှင်မဲ့နေသေးတဲ့ ကောင်းကင်အဆင့် လက်နက်အချို့သာ ကျန်ရစ်ပါတော့တယ်။

လက်ဖက်ရည် ခွက်တစ်ဝက်စာလောက် ကြာပြီးနောက် လက်နက်လုပွဲကြီး ပြီးဆုံးသွားခဲ့ပြီး ကျင့်ကြံသူတွေ အကုန်လုံး သူတို့အဖွဲ့သားတွေ ရှိနေတဲ့ နေရာဆီ ပြန်သွားလိုက်ကြတယ်။

စရောက်တုန်းကလိုပဲ အဖွဲ့၆ခုက ပိုကျင်းရေကန်စပ် နားမှာ စုဝေးနေခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လူအရေအတွက်တော့‌ လေးပုံတစ်ပုံလောက်ကို လျော့နည်းသွားခဲ့ပါပြီ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်များစွာတောင် ကျဆုံးသွားခဲ့ရပါတယ်။

ညီအစ်ကိုခြောက်ယောက်ထဲ၌ ရန်ခန်း၊ ရန်ရှန်းနဲ့ ရန်ရင်တို့ အကျအဆုံး အများဆုံး ဖြစ်ခဲ့တယ်။ တတိယအသုတ် လက်နက်တွေ ထွက်လာခဲ့တဲ့တုန်းက သူတို့သုံးယောက်စလုံး ထောက်ချောက်ထဲ ကျဆင်းသွားခဲ့တဲ့အတွက် သူတို့ရဲ့ အဖွဲ့ဝင်တော်တော်များများ သေဆုံးသွားခဲ့ရပါတယ်။

အချိန်တွေ ကြာလာတာနဲ့အမျှ ထိုအားနည်းချက်က ပိုပြီး သိသာလာခဲ့ပါတယ်။ တိုက်ပွဲက ခဏတာပဲ ကြာမြင့်သွားခဲ့တာ ကံကောင်းသွားခဲ့ပါတယ်။ မဟုတ်ရင် သူတို့ ခေါ်လာတဲ့ အင်အားစုတွေအကုန်လုံး ဒီနေရာမှာတင် အပြတ်ရှင်းခံလိုက်ရနိုင်ပါတယ်။

အခု ရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး စိတ်ကြား တက်ကြွနေခဲ့ကြတယ်၊ တစ်ယောက်ချင်းစီက သူတို့ရဲ့ ပြိုင်ဘက်ရန်သူတွေကို မုန်းတီးမှုတွေနဲ့ ပြည့်နေတဲ့ မျက်ဝန်းအစုံနဲ့ စိုက်ကြည့်နေခဲ့ကြတယ်။ ဒါက သာမန် အခြေအနေ တစ်ရပ်ပါပဲ။

အမွေခံတိုက်ပွဲ ဖြစ်ပွါးနေတဲ့အချိန် အင်အားစု အချင်းချင်း လက်တုန့်ပြန်ခွင့်ကို ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် အမွေခံတိုက်ပွဲ ပြီးဆုံးသွားတာနဲ့ အင်အားစုတွေကြား မကျေပျက်နိုင်တဲ့ ရန်ငြိုးတွေ ဖွဲ့တည်လာခဲ့ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အသေအကြေ ဆော်ကုန်ကြပါတော့တယ်။

ထို့ကြောင့် လက်နက်လုတိုက်ပွဲ ပြီးဆုံးသွားခဲ့တာတောင် ကျင့်ကြံသူတွေကြားက လေထုက လက်နက်လုပွဲ ဖြစ်နေသလိုမျိုး ပြင်းထန်နေဆဲပါ။

ရန်ကိုင်လည်း အဖွဲ့သားအချို့ ဆုံးရှုံးသွားခဲ့ပါတယ်။ ဒါပေမယ့် အကျိုးအမြတ်ကတော့ မြိုးမြိုးမြတ်မြတ်ကို ရလိုက်တာပါ။ ကျန်တဲ့အဖွဲ့တွေနဲ့ယှဉ်ရင် သူရလိုက်တဲ့ လက်နက်တွေက သံသယရှိစရာမလိုအောင်ကို ပိုများလှပါတယ်။

ရန်ကိုင် တစ်ယောက်တည်းနဲ့တင် ဆန်းကြယ်အဆင့် လက်နက်နှစ်ခုကို အပိုင်ရသွားခဲ့ပါတယ်။ ထိုဆန်းကြယ် အဆင့် လက်နက်နှစ်ခုက အဆင့်နိမ့်လက်နက် အများကြီးထက်ကို ပိုတန်ဖိုးကြီးပါတယ်။

ရန်ဝေက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ကန်ပတ်လည်မှာ ရှိနေတဲ့ လူအားလုံးကို ခေါင်းညိတ်ပြလိုက်တယ်။ ပြီးတာနဲ့ သူ့လူတွေနဲ့ ရထားတဲ့ လက်နက်တွေကို သယ်ပြီး ပိုကျင်းရေကန်ဆီကနေ ထွက်ခွါသွားပါတော့တယ်။

ရန်ဝေ ထွက်သွားပြီးတာနဲ့၊ ရန်ကျောင်းနဲ့ ရန်ခန်တို့လည်း ချက်ချင်း လိုက်ပါထွက်ခွါသွားကြပါတယ်။ မကြာခင်မှာပဲ တုန့်ဆိုင်းနေတဲ့ ရန်ရှန်းနဲ့ ရန်ရင်တို့တောင် ပိုကျင်းရေကန် ဆီကနေ ထွက်ခွါသွားခဲ့ကြပါတယ်။

တိုက်ပွဲကြီး ပြီးပြီးချင်း နောက်ထပ်တိုက်ပွဲ တစ်ခုကို ဘယ်သူမှ မတိုက်ခိုက် ချင်ကြသေးပါဘူး။

“ရင်းဂျု၊ ခင်ဗျား အခြေအနေ ဘယ်လိုလဲ” ရန်ကိုင်က အနားက မြေကြီးပေါ်မှာ တင်ပလင်ခွေ ထိုင်နေတဲ့ ရင်းဂျုကို လှမ်းမေးလိုက်တယ်။

ရင်းဂျုက ဖြေးဖြေးချင်း ခေါင်းခါရမ်းလိုက်ပြီး “ကျုပ်ရဲ့ အစစ်အမှန်ချီ နည်းနည်းလေးကိုတောင်မှ ထုတ်သုံးလို့ မရသေးဘူး။ ပြီးတော့ ကျုပ်ရဲ့ သွေးကြောတွေ အကုန်လုံးလည်း ပိတ်ဆို့ထားခံရတယ်။ ဒီချီချုပ်နှောင် ချိတ်တံဆိပ်ကို ချိုးဖျက်ဖို့ အနည်းဆုံး ၂လလောက် အချိန်ယူရမယ် ထင်တယ်”

အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် တစ်ယောက်ရဲ့ ချုပ်နှောင်ခြင်း ပညာရပ် ထိမှန်ခံလိုက်ရတာ ဖြစ်တဲ့အတွက် သွေးစစ်သည်တော်တွေက သန်မာရင်တောင် ထိုအချုပ်အနှောင်ကို အလွယ်တကူနဲ့ ဖယ်ရှားနိုင်လိမ့်မှာ မဟုတ်ပါဘူး။

ရန်ကိုင် မျက်ခုံးကြောတို့ အသာအယာလေး တွန့်ကွေးသွားခဲ့တယ်။ ရင်းဂျုရဲ့ အစစ်အမှန်ချီတွေ ချိတ်ပိတ်ထားခံရတာက သူ့အတွက် ဆုံးရှုံးမှုကြီး တစ်ခုပါ။ အရိပ်ထဲမှာ ပုန်းကွယ်တည်ရှိနေတဲ့ သူရဲ့ တည်ရှိမှု သက်သက်နဲ့တင် ရန်သူတွေကို ထိတ်လန့်ကြောက်ရွံ့ စေနိုင်ပါတယ်။

အခု ရင်းဂျုက တိုက်ခိုက်လို့ မရတော့ပါဘူး။ သူ့အနေနဲ့ ကျုကောင်းရီနဲ့ ရှောင်ရှန်တို့အပေါ် မှီခိုဖို့ပဲ ရှိပါတော့တယ်။ သူတို့တွေက အားကောင်းပေမယ့် ရင်းဂျုက ပုန်းကွယ်ပြီး သတ်ဖြတ်တဲ့ နေရာမှာ ပိုပြီး ကျွမ်းကျင်ပါတယ်။

ဒီချိတ်တံဆိပ်ကို မန်ဝူရ ဖြေပေးနိုင်မလား ဆိုတာပဲ ကြည့်ရတော့မယ်။ ဘဏ္ဏာထိန်းမန်တောင် မကူညီနိုင်ရင်တော့ ရင်းဂျုအနေနဲ့ မလှုပ်ရှားပဲ နှစ်လလောက် နေရတော့မှာပေါ့

“ပြန်ကြစို့” ရန်ကိုင်က အသာအယာလေး ပြောလိုက်တယ်။

“ရော့… မင်းအတွက်” ဒေါင်ချင်းဟန်က ရန်ကိုင်နား လမ်းလျှောက် လာလိုက်ပြီး လက်ဝါးအရွယ် ဓါးပုံစံ လက်နက်တစ်ခုကို ရန်ကိုင်လက်ထဲ ထည့်ပေးလိုက်တယ်။ ထိုလက်နက်က ရန်ကိုင် လိုချင်နေခဲ့တဲ့ ဝိဥာဉ်အမျိုးအစား တိုက်ခိုက်ရေးလက်နက် တစ်ခုပါ။

“မင်ရခဲ့တာပေါ့” ရန်ကိုင်က ပြုံးလိုက်ပြီး ထိုလက်နက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံလိုက်တယ်။ ထိုလက်နက်ကို သွားထိလိုက်တာနဲ့ အအေးဓါတ်တစ်ခုက သူ့ရဲ့ ကောင်းကင် စိတ်အာရုံကို သက်ရောက်လာခဲ့တယ်။ ဒါက သူ့ရဲ့ စိတ်စွမ်းအင်နဲ့ တကယ်ကို လိုက်ဖက်တဲ့ လက်နက်တစ်ခုပါ။

“မင်းရဲ့ ဝမ်းကွဲကိုယ်တိုင် မင်းအတွက် သွားယူပေးတာလေ။ မရပဲ ဘယ်နေမှာလဲကွ” ဒေါင်ချင်းဟန်က ဂုဏ်ယူဝံ့ကြွားစွာနဲ့ သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး “အဲ့လူဆောင်းက ဒီသခင်လေးကိုများ လာတားချင်နေသေးတယ်။ ဒါပေမယ့်၊ ဟတ်… သူ့ကိုယ်သူ အရမ်းကြီးနေတာ သက်သက်ပါပဲကွာ၊ ဘာမှလည်း ဒီလောက် ဟုတ်တာ မဟုတ်ဘူး”

ပြောနေရင်းနဲ့ တစ်ချက် ရပ်တန့်လိုက်ပြီး မလုံမလဲ မျက်နှာလေးနဲ့ ဆက်ပြောလိုက်တယ် “ငါ့အနေနဲ့ ဒီလက်နက်ကို အောင်အောင်မြင်မြင် ရယူနိုင်ခဲ့တာက အဲ့မိန်းမပျိုလေးကို ကျေးဇူးတင်ရမယ်ကွ”

“မိန်းမပျိုလေးလား” ရန်ကိုင်က ဓါးလေးကို သူ့လက်ထဲ ဆော့ကစားနေရင်း အမှုမထားသည့် အမူအရာမျိုးနဲ့ ပြန်မေးလိုက်တယ်။

“ဟုတ်တယ်” ဒေါင်ချင်းဟန်က ပြန်ပြောလိုက်ပြီး စဉ်းစားခန်းဝင်နေတဲ့ အမူအရာမျိုးနဲ့ “သူ့ကို တစ်နေရာရာမှာ တွေ့ခဲ့ဖူးသလိုပဲကွ၊ ဒါပေမယ့် ဘယ်နေရာမှာလဲ ဆိုတာကို ငါလုံးဝ မမှတ်မိဘူး ဖြစ်နေတယ်။ သူကပဲ မင်းလိုချင်တဲ့ လက်နက်ကို ငါ့ဆီ လှမ်ပစ်ပေးလိုက်တာလေ”

“သူ ဘယ်အဖွဲ့က လာခဲ့တာလဲ” ရန်ကိုင် ရုတ်တရက် စိတ်ရှုပ်သွားခဲ့တာလဲ။

“ပွဲကြည့်နေတဲ လူတွေထဲကပဲကွ”

“မိန်းမလှလေးတစ်ယောက်လား” … ‘မိန်းမ’ ဆိုတဲ့ စကားကို ကြားလိုက်တာနဲ့ ဟော်ရှင်းချန်ရဲ့ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ချက်ချင်း အပြေးလာမေးလိုက်တယ်။

“လှရုံတင်မကဘူး၊ အရမ်းကိုလည်း ဆွဲဆောင်မှုရှိတာကွ” ဒေါင်ချင်းဟန် ‘မင်းဘာတွေးနေလဲ ဆိုတာကို ငါသိပါတယ်ကွာ’ ဆိုတဲ့ မျက်နှာထားတဲ့ ပြန်ပြုံးပြလိုက်တယ် “ပြီးတော့ သူ့မှာ အမွှာညီအစ်မ တစ်ယောက် ရှိနေတဲ့ပုံပဲ။ သူနဲ့ လုံးဝကို ရုပ်ချင်းဆင်တာနော်။ ပြီးတော့ အဲ့မိန်းကလေး အရမ်းလည်း သန်မာတယ်ကွ။ အစစ်အမှန်ဒြပ်စင်အဆင့်၇ ရောက်နေပြီး ပထမအဆင့် အင်အားစုတစ်ခုရဲ့ သခင်လေး ဖြစ်တဲ့ လူဆောင်းတောင် သူမရဲ့ တစ်ကွက်တည်းနဲ့ လွင့်ထွက်သွားခဲ့ရတာ”

“အမွှာတွေလား” ရန်ကိုင်ရဲ့ လေသံက ရုတ်တရက် ကျယ်သွားခဲ့ပြီး “ဘယ်လို အမွှာမျိုးလဲ”

‘အမွှာ’ ဆိုတဲ့ စကားကို ကြားလိုက်တာနဲ့ သူနဲ့ ရင်းနှီးတဲ့ နှစ်လိုစွဲမက်ဖွယ်ကောင်းသည့် ပန်းလေးနှစ်ပွင့်ကို ရန်ကိုင် ချက်ချင်း သွားသတိရလိုက်တယ်။ တကယ်တော့ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်ကလူတွေက သူ့စံအိမ်ဆီ ရောက်လာခဲ့မယ်လို့ သူထင်နေခဲ့တာပါ။ ဒါပေမယ့် အခုအချိန်ထိ သူတို့ထဲက တစ်ယောက်ကိုမှ သူ မတွေ့ရသေးပါဘူး။

ထိုအမွှာပန်းလေးနှစ်ပွင့်က သူ့ကိုများ မကျေမနပ် ဖြစ်နေတာလား ဆိုပြီးတော့တောင် ရန်ကိုင်ကို အတွေးဝင်သွားစေခဲ့ပါတယ်။ တကယ်တော့ ထိုက်ဖန်းတောင်မှာ လမ်းခွဲခဲ့တုန်းက ဟူကျောင်းအာရဲ့ စိတ်အခြေအနေက တော်တော်လေးကို သုန်မှုန် နေခဲ့တာလေ။

သူ့ဝမ်းကွဲရဲ့ ပြောင်းလဲသွားတဲ့ ရုတ်တရက် တုန့်ပြန်မှုကြောင့် ဒေါင်ချင်းဟန် ကြက်သေသေသွားခဲ့တယ်။ ထိုအခိုက်အတန့်၌ သူတွေ့ခဲ့တဲ့ မိန်းမပျိုလေးရဲ့ ပုံစံကို ဘယ်လိုဖော်ပြလို့ ဖော်ပြရမှန်းမသိအောင် ဖြစ်နေခဲ့တယ်။

ထို့ကြောင့် အရပ်မျက်နှာ တစ်ခုကိုသာ လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်တယ် “သူတို့တွေက အဲ့နေရာကနေ ပွဲကြည့်နေခဲ့ကြတာ။ သူတို့ အခုဘယ်ရောက်နေလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး”

လက်နက်လုပွဲ ပြီးတဲ့နောက် ပွဲကြည့်နေတဲ့ လူအုပ်ကြီးလည်း အလျှိလျှို ထွက်ခွါသွားခဲ့ကြပါတယ်။ လူတော်တော်များများက စစ်ပွဲမြို့တော်ဆီ ပြန်သွားခဲ့ကြပါတယ်။

ရန်ကိုင်လည်း ဒေါင်ချင်းဟန် ညွှန်ပြတဲ့အရပ်ဆီ ချက်ချင်း လှမ်းကြည့်လိုက်တယ်။ ဒါပေမယ့် သူရှာနေတဲ့ လူနဲ့တူတဲ့ လူတစ်ယောက်ကိုမှ သူ မတွေ့ခဲ့ရပါဘူး။ ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး ကီလိုမီတာ၂၀ ဝန်းကျင်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်တယ်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီးနောက် ထူးခြားတဲ့ အရှိန်အဝါနှစ်ခုကို ရန်ကိုင် အာရုံခံမိလိုက်တယ်။

ထိုနှစ်ယောက်က အခြားလူတွေနဲ့ ကွဲပြားနေခဲ့ပါတယ်။

လူနှစ်ယောက်က တူတယ်ဆိုရင်တောင် သူတို့မှာ ထူခြားတဲ့ ကိုယ်ပိုင်လက္ခဏာလေးတွေတော့ ရှိသင့်ပါတယ်။

ဒါပေမယ့် ထိုနှစ်ယောက်ရဲ့ အရှိန်အဝါက လုံးဝကို ထပ်တူကျနေခဲ့ပါတယ်။ နှစ်ယောက်စလုံး တစ်ယောက်တည်းကနေ ခွဲထွက်လာသလားတောင် ထင်မှတ်ရတဲ့အထိပါ။

ပြီးတော့ ထိုနှစ်ယောက်မှာ တူညီတဲ့ အရှိန်အဝါတွေ ရှိနေရုံမကလို့ သူတိုရဲ့ အစစ်အမှန်ချီတွေကလည်း တစ်ခုနဲ့တစ်ခု ပေါင်းစပ်နေတဲ့ ပုံပါပဲ။

တွေ့ပြီ

ရန်ကိုင် မပြုံးပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး အရပ်မျက်နှာ တစ်ခုဆီ ပျံသန်းထွက်သွားလိုက်တယ်။

“မင်းဘာလုပ်နေတာလဲ” ဟော်ရှင်းချန် ထိတ်လန့် တုန်လှုပ်သွားခဲ့တယ်။ ဒီနေရာတစ်ခုလုံးက မလုံမခြုံ ဖြစ်နေတဲ့အတွက် ဟော်ရှင်းချန်လည်း ခပ်မြန်မြန်ပဲ အော်ဟစ်လိုက်တယ် “သူ့နောက်ကို လိုက်သွားကြမယ်”

အမွေခံတိုက်ပွဲကို ပါဝင်ယှဉ်ပြိုင်နေတဲ့ ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေ မျိုးမှာဖြစ်ဖြစ် သူ့အနေနဲ့ တစ်ယောက်တည်း မလှုပ်ရှားသင့်ပါဘူး။ မဟုတ်ရင် အားကောင်းတဲ့ ပညာရှင်တွေရဲ့ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံရနိုင်ပါတယ်။

အားလုံးရဲ့ တုန်ပြန်မှုက တော်တော်လေးကို မြန်ကြပါတယ်။ ဟော်ရှင်းချန်က ရန်ကိုင် နောက်လိုက်ဖို့ အော်လိုက်တာနဲ့ လုယူရရှိထားတဲ့ လက်နက်တွေကို အလျင်အမြန်ပဲ စုစည်းလိုက်ပြီး ရန်ကိုင်နောက် ပြေးလိုက်သွားကြပါတယ်။

စစ်ပွဲမြို့တော်ဆီ သွားနေတဲ့ လူအုပ်ကြီးထဲ ယောကျာ်းတစ်ယောက်နဲ့ မိန်းမနှစ်ယောက်တို့ ဘေးချင်းယှဉ် မတ်တပ်ရပ် လမ်းလျှောက်နေခဲ့ကြတယ်။

လူငယ်လေးရဲ့ မျက်နှာက ရှစ်ခေါက်ချိုး ဖြစ်နေခဲ့တယ်။ သူမြင်ခဲ့လိုက်ရတဲ့ တိုက်ပွဲကို ပြန်မြင်ယောင်မိလိုက်တာနဲ့ သူ့သွေးတွေ ဆူပွက်လာခဲ့ပြီး ထိုတိုက်ပွဲထဲ ကိုယ်တိုင်ကိုယ်ကျ ဝင်မပါလိုက်ရတာကို တော်တော်လေး နောင်တရမိနေခဲ့တယ်။

မိန်းမပျိုလေး နှစ်ယောက်ကတော့ ဘာတစ်ခွန်းမှ မပြောပဲ ပုံမှန်အတိုင်းသာ လမ်းလျှောက်နေခဲ့ကြတယ်။

ပန်းလေးနှစ်ပွင့်ရဲ့ ရုပ်ရည်ကြောင့် သူမတို့နားမှာ ရှိနေတဲ့ ကျင့်ကြံသူတွေအကုန်လုံး သူမတို့ဆီ မကြာခဏ လှည့်ကြည့်နေခဲ့ကြတယ်။ မိန်းမပျိုလေး နှစ်ယောက်ကတော့ သူတို့ စိုက်ကြည့်နေလို့ ပျော်ရွှင်တဲ့ အရိပ်အယောင်၊ ဒေါသထွက်တဲ့ အရိပ်အယောင်တို့ နည်းနည်းလေးမှ မပြပဲ ပုံမှန်အတိုင်းသာ ရှိနေခဲ့တယ်။ သူမတို့တွေက အခုလို အဖြစ်အပျက်မျိုးနဲ့ မကြာခဏ ကြုံဖူးတဲ့ပုံပါပဲ။

သူမတို့ရဲ့ ကျိုးကျိုးနွံ့နွံ့နဲ့ ငြိမ်ခံနေတဲ့ပုံစံကို ကြည့်ရင်း လူအချို့ရဲ့ စိတ်ထဲ စိတ်ဆန္ဒရိုင်းတို့ ဆူဝေတက်လာခဲ့တယ်။ အချို့ကတော့ သူတို့သာ ထိုမိန်းကလေး နှစ်ယောက်နဲ့ အခုနေ သွားစကာပြောခဲ့ရင် မမျှော်လင့်ထားတဲ့ အကျိုးအမြတ် အချို့ကို ရိတ်သိမ်းနိုင်မှာပဲလို့ တွေးနေခဲ့ကြတယ်။

“ကျောင်းအာ၊ မေးအာ၊ နင်တို့ကို စိုက်ကြည့်နေတဲ့ လူတွေကို ငါမောင်းထုတ်ပေးလိုက်ရမလား” လူငယ်လေးက ရုတ်တရက် ကောက်မေးလိုက်တယ်။

ဟူကျောင်းအာရဲ့ မျက်ဝန်းထဲ ကူကယ်ရာမဲ့၊ မနှစ်မြို့သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး အသာအယာလေး ခေါင်းခါရမ်းလိုက်ရင်း “ထားလိုက်တော့၊ စစ်ပွဲမြို့ဆီပဲ ပြန်ကြမယ်”

ရန်ကိုင်က သူမတို့ အနောက်မှာ ရှိနေတုန်းပါပဲ။ ဒီနေရာမှာသာ ထိုလူတွေနဲ့ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်ခဲ့ရင် ရန်ကိုင် သူမတို့ကို ရှာတွေ့သွားနိုင်ပါတယ်။

မိန်းမပျိုလေးနဲ့ လူငယ်ကြားက ပြောစကားကို ဘေးနားမှာ ရှိနေတဲ့ လူအုပ်ကြီးလည်း ကြားခဲ့ပါတယ်။ ကံစမ်းချင်နေတဲ့ လူတွေကလည်း ဟူကျောင်းအာက ပြဿနာ မဖြစ်ချင်ဘူးဆိုတာကို သတိထားမိလိုက်ပါတယ်။

သူမက အခြားသူတွေကို ရန်စမိမှာ စိုးရိမ်နေတာ ဆိုရင် သူမမှာ နောက်ခံကောင်းကောင်း မရှိလို့ပဲ ဖြစ်ရပါမယ်။ ပြီးတော့ သူတို့သုံးယောက်စလုံး အရမ်းကြီး အသက်ကြီးတဲ့ပုံ မပေါက်ပါဘူး။ ထို့ကြောင့် သူတို့ရဲ့ ခွန်အားက အရမ်းကြီး မမြင့်လောက်ပါဘူး။

ထိုအချက်တွေကို အားလုံးကို စဉ်းစားတွက်ချက် ပြီးတာနဲ့ ဘေးနားမှာ ရှိနေတဲ့ လူအုပ်ထဲကနေ ရင့်ကျက်ပြီး မှီခိုအားကိုးနိုင်ပုံ ရတဲ့ လူငယ်လေးတစ်ယောက်က အပြုံးကြီးပြုံးရင်း မိန်းမပျိုလေး နှစ်ယောက်ဆီ လမ်းလျှောက်သွားလိုက်တယ်။ ဒါပေမယ့် မိန်းကလေး နှစ်ယောက်နဲ့ စကားမပြောရသေးခင်မှာပဲ လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ့လမ်းကို ပိတ်လိုက်တယ်။

ထိုလူက သူ့လမ်းကို ပိတ်လိုက်ရုံ မကလို့ ဟူညီအစ်မ နှစ်ယောက်နဲ့ ဖန်ဇီကျိရဲ့ လမ်းကိုပါ ပိတ်လိုက်ပါတယ်။

သုံးယောက်စလုံး သူတို့ရဲ့ အစစ်အမှန်ချီကို လှည့်ပတ်လိုက်ပြီး ရုတ်တရက် ထွက်ပေါ်လာခဲ့တဲ့လူကို တန်ပြန်တိုက်ခိုက်ဖို့ လုပ်လိုက်တယ်။

ဒါပေမယ့် ရောက်လာတဲ့ လူရဲ့ မျက်နှာကို မြင်လိုက်တဲ့ အခါမှာတော့ ဟူကျောင်းအာမှာ ပျာယာခတ်သွားခဲ့ပြီး ဟူမေးအာ မျက်နှာထက်မှာတော့ ပျော်ရွှင်ကြည်နူးနေသည့် အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာခဲ့တယ်။

ထိုနှစ်လိုစွဲမက်ဖွယ် ကောင်းတဲ့ အပြုံးကို မြင်တွေ့လိုက်တာနဲ့ လူငယ်လေး အနည်းငယ် စိတ်ပျက်သွားခဲ့ပြီး ရဲဆေးတင်ကာ သူ့ရှေ့မှာ ပိတ်ရပ်နေတဲ့လူကို ခပ်ရိုင်းရိုင်းပဲ မေးလိုက်တယ် “မင်း ဘယ်ကကောင်လဲ”

ထိုအသံကို ကြားလိုက်တာနဲ့ ရန်ကိုင်က ထိုလူငယ်လေးကို နောက်ပြန်လှည့်ကြည့်လိုက်တယ်။

“က… ကိ… ကိုးယောက်မြောက် သခင်လေး…” ချက်ချင်းဆိုသလို လူငယ်လေးရဲ့ မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး ပြောနေတဲ့ စကားလည်း အထစ်ထစ် အငေါ့ငေါ့တွေ ဖြစ်ကုန်ပါတော့တယ်။

“မင်းဘာလိုချင်လို့လဲ” ရန်ကိုင်က မျက်မှောင်ကြုံ့ပြီး ပြန်မေးလိုက်တယ်။

“ဘာမှ မရှိပါဘူး၊ လုပ်စရာ ရှိတာသာ ဆက်လုပ်ပါ သခင်လေး၊ ဒီနိမ့်ကျတဲ့တစ်ယောက် သွားလိုက်ပါဦးမယ်” ကြောက်လန့်တုန်လှုပ်နေတဲ့ လူငယ်လေးက ရှိသမျှသတ္တိ အကုန်အစင်ကို စုစည်းပြီး ထိုစကားတွေကို ပြောလိုက်တယ်။ ပြီးတာနဲ့ သူ့အပေါင်းအပါတွေနဲ့ အတူ နောက်ကနေ ကျားလိုက်သလို တန်းနေအောင် ထွက်ပြေးသွားပါတော့တယ်။

ရန်ကိုင်နဲ့ လျူချင်းယောင်ကြားက တိုက်ပွဲကို သူကိုယ်တိုင်လည်း မြင်တွေ့ခဲ့ပါတယ်။ သူ့ကိုယ်ပိုင်ခွန်အားက ကြောက်ဖို့ကောင်းနေရုံသာကမ သူ့လက်အောက်မှာ အမိန့်ပေးခိုင်းစေနိုင်တဲ့ အားကောင်းတဲ့ ပညာရှင်တွေ အများကြီး ရှိနေပါသေးတယ်။ သူ့လိုမျိုး တတိယအဆင့် အင်အားစုတစ်ခုက တပည့်တစ်ယောက်က ရန်ကိုင်လို လူမျိုးကို ဘယ်လိုလုပ်ပြီး သွားပြဿနာ ရှာရဲပါ့မလဲ။

သူ့ရဲ့ အဖိုးတန် အသက်လေး ဆုံးရှုံးသွားမှာကို ကြောက်လန့်နေတဲ့အတွက် လူငယ်လေးက နောက်တောင် လှည့်မကြည့်တော့ပဲ အမြီးကုတ်ပြီး တန်းနေအောင် ထွက်ပြေးသွားပါတော့တယ်။

“ညီအစ်ကိုရန်” လူငယ်လေး ထွက်ပြေးသွားတာနဲ့ ဖန်ဇီကျိုက ပြုံးကာ လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်တယ်။

“ညီအစ်ကိုဖန်၊ မတွေ့ရတာတောင် ကြာပြီနော်”

ထိုက်ဖန်းတောင်မှာ လမ်းမခွဲခင်တုန်းက အမွေခံတိုက်ပွဲမှာ လာဝင်ပြိုင်မယ်လို့ ဖန်ဇီကျိက သူ့ကို ပြောခဲ့ပါတယ်။ ထို့ကြောင့် သူအခု ဒီနေရာက်နေတာကို ရန်ကိုင် နည်းနည်းလေးမှ မအံ့ဩခဲ့ပါဘူး။

ထိုက်ဖန်းတောင်မှာတုန်းက သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က သူ့ဘက်ကနေ မားမားမတ်မတပ် ရပ်တည်ပြီး ရှန်နဲ့နန်မိသားစုဝင်တွေကို ရင်ဆိုင် ပေးခဲ့ပါတယ်။ ထို့ကြောင့် ထိုလူငယ်လေးအပေါ် ရန်ကိုင်ရဲ့ အထင်အမြင်က တော်တော်လေး ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။

Martial Peak

အပိုင်း (၄၆၈) အားတက်သရော စည်းရုံးခြင်း

“မင်းတို့ သုံးယောက် စကားကောင်းကောင်း ပြောနှင့်လိုက်ဦး၊ ဟဲဟဲ” နှုတ်ဆက်ပြီးနောက် ဖန်ဇီကျိက သူတို့ သုံးယောက်ကို ထားခဲ့ပြီး ခပ်မြန်မြန်ပဲ ဟော်ရှင်းချန်နဲ့ ကျန်တဲ့လူတွေကို သွားနှုတ်ဆက်လိုက်တယ်။

“အန်၊ စီနီယာအစ်ကိုဖန်လား” လန်ချူးတျယ်ရဲ့ မျက်ဝန်းလှလှလေးတို့ အနည်းငယ် အရောင်လက် သွားခဲ့တယ်။ သူတို့ နှစ်ယောက်က ဂိုဏ်းချင်းမတူညီ ကြပေမယ့် နှစ်ယောက်စလုံးက နယ်မြေတစ်ခုတည်းက လာခဲ့တာပါ။ အချိန်အတော်ကြာပြီးနောက် ပြန်တွေ့တာ ဖြစ်တဲ့အတွက် သူမလည်း အတိတ်က အကြောင်းအရာ တွေကို အနည်းငယ် လွမ်းမောတသ ဖြစ်မိပါတယ်။

“နင်က… ကောင်းကင်စံအိမ်က ဂျူနီယာညီမလေး တစ်ယောက်လား” လန်ချူးတျယ်က ကျော်ကြားတဲ့ လူတစ်ယောက် မဟုတ်ခဲ့တဲ့အတွက် ဖန်ဇီကျိ အနေနဲ့ သူမကို မမှတ်မိတာ မထူးဆန်းခဲ့ပါဘူး။

လန်ချူးတျယ်က အပြုံးလေးနဲ့ ခေါင်းညိတ်လိုက်တယ်။

ဒေါင်ချင်းဟန် မျက်မှောင် ကြုံ့နေခဲ့တယ်။ ဖန်ဇီကျိကို အချိန်အတော်ကြာအောင် စစ်ဆေးကြည့်နေလိုက်ပြီးနောက် ရုတ်တရက် ကောက်ပြောလိုက်တယ် “ငါမှတ်မိပြီ။ အဲ့မိန်းကလေး နှစ်ယောက်ကို ရင်းနှီးနေပါတယ်လို့ မှတ်နေတာ၊ လတ်စသတ်တော့ သူတို့ နှစ်ယောက်က သွေးတိုက်ပွဲဂိုဏ်းရဲ့ ပန်းလေးနှစ်ပွင့် ဖြစ်နေတာကိုး”

ကောင်းကင်စံအိမ်ဆီ ဒေါင်ချင်းဟန် သွားခဲ့တုန်းက မုန်တိုင်းစံအိမ်နဲ့ သွေးတိုက်ပွဲဂိုဏ်းက ကျင့်ကြံသူတွေကိုလည်း သူအာရုံစိုက်ခဲ့ပါတယ်။ ဆွဲဆောင်မှုရှိလှတဲ့ ပန်းလေးနှစ်ပွင့်နဲ့ ဖန်ဇီကျိက သူတို့ဂိုဏ်းအသီးသီးရဲ့ လူငယ်ခေါင်းဆောင်တွေပါ။

ဒါပေမယ့် သူက ထိုသုံးယောက်နဲ့ အဆက်အသွယ် မလုပ်ဖူးတဲ့အတွက် သူတို့တွေကို မှတ်မိဖို့ အချိန်အတော် ကြာသွားခဲ့တာပါ။

ဒါဆိုရင် သူမက လက်နက်ကို ဘာလို့ သူ့ဆီ လှမ်းပစ်ပေးလိုက်လဲ ဆိုတာ ရှင်းသွားခဲ့ပါပြီ။

ဟော်ရှင်းချန် နောက်က လူအုပ်ကြီးကလည်း ထိုသုံးယောက်အဖွဲ့ကို စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် ဟူကျောင်းအာ မျက်နှာထက်က စိတ်ရှုပ်ထွေးနေသည့် အမူအရာကို မြင်လိုက်ရတဲ့ အခါမှတော့ ဘယ်သူမှ သူတို့တွေကို သွားမနှောက်ခဲ့ကြပါဘူး။ အဲ့အစား ဖန်ဇီကျိကိုသာ နှုတ်ဆက်ရင်း ရန်ကိုင်တို့ သုံးယောက်သား ပြောနေတာကို တိတ်တဆိတ် ချောင်းနားထောင် နေခဲ့ကြတယ်။

“ရောက်နေတာကို ဘာလို့ ငါ့ဆီကနေ ပုန်းနေကြတာလဲ” ရန်ကိုင်က ဟူကျောင်းအာကို မေးလိုက်တယ်။

“ဘယ်သူက နင့်ဆီကနေ ပုန်းနေလို့လဲ” ဟူကျောင်းအာက နှာခေါင်းရှုံ့လိုက်တယ်၊ သူမ မျက်နှာလေးက ရဲရဲကိုနီနေလို့ပါ။

“နင်တကယ်ပဲ ငါ့ဆီကနေ ပုန်းနေတာ မဟုတ်ဘူးလား” ရန်ကိုင် နှုတ်ခမ်းအစုံက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့ပြီး ရှေ့ကို တစ်လှမ်းတိုးလိုက်တယ်။

“ဘာလို့ ဟုတ်ရမှာလဲ…” ဟူကျောင်းအာက တိုးတိုးလေး ပြောလိုက်တယ်။ သူမ မျက်ခမ်းတွေက တဆတ်ဆတ်နဲ့ လှုပ်ခါနေခဲ့ပါတယ် “ငါတို့ဒီကို ဒီနေ့မှပဲ ရောက်လာခဲ့တာ”

ရန်ကိုင်က ဟူမေးအာဆီ လှမ်းကြည့်လိုက်တယ်။ ဟူမေးအာကတော့ မဲ့ပြုံးပြုံးရင်း သူမ အစ်မကြီး လိမ်နေတယ် ဆိုတာကို တိတ်တဆိတ် ထုတ်ဖော်နေခဲ့တယ်။

“ကောင်းပြီလေ၊ အဲ့လိုဆိုမှတော့ နင်တို့ ငါ့အိမ်ကို လိုက်ခဲ့သင့်တယ်” ဟူကျောင်းအာကို ဆက်မစချင်တော့တဲ့ အတွက် ရန်ကိုင်လည်း ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်တယ်။

ဟူကျောင်းက ပြန်ပြီး နှာခေါင်းရှုံ့ပြလိုက်ပြီး “ငါတို့က စစ်ပွဲမြို့တော်ကို အပျော်သက်သက် လာခဲ့တာ၊ နင်နဲ့အတူ အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ လာခဲ့တာ မဟုတ်ဘူး။ ငါနင်နဲ့ လိုက်မှာ မဟုတ်ဘူး”

“မေးအာ၊ နင်ရော” ရန်ကိုင်က ပြုံးပြီး မေးလိုက်တယ်။

“လိုက်မယ်” ဟူမေးအာက ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်တယ်။

“မေးအာ…” ဟူကျောင်းအာ အော်ဟစ်လိုက်တယ်၊ ခဏကြာပြီးနောက် သူမ သက်ပြင်း အမောကြီး ချလိုက်တယ်။ သူမညီမလေးက ဒီလောက်အထိ ပြတ်သားလိမ့်မယ်လို့ ဟူကျောင်းအာ မထင်ထားခဲ့ပါဘူး။ ရန်ကိုင်က မေးရုံလေးပဲ မေးလိုက်တာကို သူမကတော့ မလိုက်ရမှာ စိုးသည့်အလား ချက်ချင်းကို တန်းသဘော တူလိုက်ပါတယ်။

ဟူမေးအာက လျှာလေး တစ်လစ်တစ်လစ် လုပ်ရင်း ပြုံးလိုက်တယ်။

“ငါတို့တွေက ဒုတိယအဆင့် အင်အားစု တစ်ခုသာသာပဲလေ။ ငါတို့က နင့်ကို များများစားစား ကူညီပေးနိုင်မှာလည်း မဟုတ်ဘူး။ နင်တကယ်ပဲ ငါတို့ကို နင်နဲ့အတူ လိုက်စေချင်တာလား” ဟူကျောင်းအာက ရှက်ရွံ့နေတဲ့ လေသံလေးနဲ့ တိုးတိုလေးး မေးလိုက်တယ်။

ဒီအချက်ကြောင့်ပဲ သူမ တုန့်ဆိုင်းနေခဲ့တယ် ဆိုတာကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့တယ်။

ဒုတိယအဆင့် အင်အားစုတစ်ခု ဖြစ်တဲ့ ချန်ယွဲ့ရှုနဲ့ စုရှောင်းယုတို့ရဲ့ လရောင်ပြန်ဂိုဏ်းက လွဲပြီး သူ့စံအိမ်မှာ စုဝေးနေတဲ့ ကျန်တဲ့ အင်အားစုတွေ အကုန်လုံးက ပထမအဆင့် အင်အားစုတွေ ချည်းပါပဲ။ ဟူကျောင်းအာက ထိုအချက်ကို ကြိုတင်သိထားပြီး ထိုအင်အားစုတွေနဲ့ ယှဉ်ရင် သူမကိုယ်သူမ နိမ့်ကျနေသလို ခံစားရတဲ့အတွက် သူ့ဆီကနေ ပုန်းအောင်းနေခဲ့တာပါ။

“ကျောင်းအာ၊ အနာဂတ်ကကျရင် နင်နဲ့မေးအာက ဒီလောကကြီးရဲ့ အထွတ်အထိပ်မှာ ရပ်တည်နိုင်မယ့် လူတွေလေ။ နင့်လာခဲ့တဲ့ နေရာက ဒုတိယအဆင့် အင်အားစု တစ်ခုဖြစ်တယ် ဆိုတာတွေကို ဂရုစိုက်နေစရာ မလိုပါဘူး” ရန်ကိုင်က အလေးအနက်နဲ့ ဟူကျောင်းအာကို ပြောလိုက်တယ်။

သူတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့တုန်းက ညီအစ်မ နှစ်ယောက်က အစစ်အမှန်ဒြပ်စင်အဆင့်၅ ကျင့်ကြံသူတွေပဲ ရှိပါသေးတယ်။ ဒါပေမယ့် အခုတော့ နှစ်ယောက်စလုံးက အစစ်အမှန်ဒြပ်စင်အဆင့်၈ကို ရောက်နေခဲ့ကြပါပြီ။ ပြီးတော့ သူမတို့နှစ်ယောက် လေ့ကျင့်ထားတဲ့ အမွှာစိတ်ဝိဥာဉ်ချီကျင့်စဉ်က အရမ်းကို ထူးခြားပါတယ်။ ထို့ကြောင့် သူမတို့ကိုသာ အချိန်လုံလုံ လောက်လောက် ပေးခဲ့ရင် နှစ်ယောက်စလုံး အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို မချိုးဖျက်နိုင်စရာ အကြောင်းမရှိပါဘူး။

အနာဂတ်မှာ၊ ဒီလောကကြီးရဲ့ အထွတ်အထိပ် ကျင့်ကြံသူတွေကြား သူမတို့နှစ်ယောက် အတွက် နေရာနှစ်နေရာ ရှိနေလိမ့်မယ်ဆိုတာ ယုံမှား သံသယရှိစရာ မလိုပါဘူး။

“နင်တကယ်ပဲ အဲ့လိုတွေးတာလား” ရန်ကိုင် အခုလို ပြောလာလိမ့်မယ်လို့ ဟူကျောင်းအာ မထင်မှတ်ထားခဲ့ပါဘူး။ ဟူကျောင်းအာရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာကလေးက အပျော်တွေနဲ့ ပြည့်သွားခဲ့ပြီး တောက်ပစွာပြုံးရင်း ရန်ကိုင်ကို ငေးစိုက်ကြည့်နေခဲ့တယ်။ ရန်ကိုင်က သူမတို့ ညီအစ်မ နှစ်ယောက်အပေါ် ဒီလောက်အထိ မျှော်မှန်းထားလိမ့်မယ်လို့ သူမ မထင်မှတ်ထားခဲ့တာ အမှန်ပါ။

ရန်ကိုင်က တုန့်ဆိုင်းခြင်းမရှိ ခေါင်းညိတ်ပြလိုက်တယ်။

“ဒါ.. သူတို့ ကြွေနေတဲ့ပုံပဲ” ဟော်ရှင်ချန်းက ထိုသုံးယောက်ကို ခိုးကြောင်ခိုးဝက်နဲ့ လေ့လာစူးစမ်းနေရင်း တိုးတိုးလေး ပြောလိုက်တယ်။

“မင်းမှားနေပြီ။ သူတို့က အစကတည်းက ကြွေပြီးသား” ဖန်ဇီကျိက အဓိပ္ပါယ်ပါပါ ပြုံးလိုက်တယ်။

“ဟားဟား၊ ဟုတ်တယ်၊ ငါလည်း ထောက်ခံတယ်” ဟော်သခင်လေးက သူ့ရဲ့ အမှတ်သညာဖြစ်တဲ့ ခေါက်ယပ်တောင်လေးကို ဖွင့်ခတ်လိုက်ရင်း ပြန်ပြောလိုက်တယ်။

“အန်… ငါအဲ့အကြောင်းကို သေချာစဉ်းစားလိုက်ဦးမယ်။ ဆုံးဖြတ်ချက်ချပြီး တော့မှပဲ မေးအားနဲ့အတူ ငါနင့်ကို လာတွေ့မယ်” ဟူကျောင်းအာက သူမ ပျော်နေတာကို ဖုံးကွယ်ထားရင် သိမ်မွေ့စွာနဲ့ ပြောလိုက်တယ်။ သူမရဲ့ အနီရောင်နှုတ်ခမ်းပါးလေးတွေကို ကွေးထားတဲ့ပုံစံလေးက အရမ်းကို ဆွဲဆောင်မှု ရှိလှပါတယ်။

ရန်ကိုင်က ရုတ်တရက် သူမရှေ့တည့်တည့် ပိတ်ရပ်လိုက်တယ်။

“ဘ.. ဘာလဲ” ဟူကျောင်းအာ စိတ်ရှုပ်သွားခဲ့တယ်။ ရန်ကိုင်မျက်နှာက် သူမမျက်နှာနား တိုးကပ်လာတဲ့အတွက် ဟူကျောင်းအာရဲ့ ကိုယ်လေးက တစ်ဖက်သို့ အသာအယာလေး ယိမ်းသွားခဲ့တယ်။

ဟူကျောင်းအာပုံစံကို ကြည့်ရင်း ရန်ကိုင်စိတ်ထဲ ကြိတ်ရယ်လိုက်ပြီး သူမနားနားကပ်ကာ တိုးတိုးလေး ပြောလိုက်တယ် “နင်ဆက်ပြီး ထွက်ပြေးနေမယ် ဆိုရင်တော့ နင်လျှို့ဝှက်ကို ငါထုတ်ပြောလိုက်မှာနော်”

“ဘာလျှို့ဝှက်ချက်လဲ” ရန်ကိုင်ရဲ့ လေပူတွေက သူမနားတစ်လျှောက် ပွတ်သပ်သွားတာနဲ့ ဟူကျောင်းအာရဲ့ လည်တိုင်ကျော့ကျော့လေးမှ ခေါင်းထိပ်ထိ ရဲရဲနီသွားခဲ့တယ်။ ထောင်ပေါင်းများစွာသော ပုရွက်ဆိတ်တွေက သူမအရေပြားပေါ် သွားလာနေသလို ဟူကျောင်းအာ ခံစားနေခဲ့ရတယ်။

“တစ်ဖက်ကြီးပြီး တစ်ဖက်သေးတဲ့ အကြောင်းလေ” ပြောပြီးတာနဲ့ ရန်ကိုင် ခါးမတ်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်တယ်။ သူ့မျက်ဝန်းအစုံက သူမရဲ့ တင်ပါးနှစ်ဖက်ဆီ အလိုလို ရောက်နေခဲ့တယ်။

ရန်ကိုင်ရဲ့ ပူလောင်ပြင်းပြတဲ့ အကြည့်အောက်၌ သူမ ကိုယ်ထက် ဘာအဝတ်အစားမှ မရှိတော့သလို ဟူကျောင်းအာ ခံစားလိုက်ရတယ်။ သူမ ကျောပြင်တစ်ခုလုံး ချမ်းစိမ့်သွားခဲ့ပြီး သူမ မျက်နှာဆိုရင်လည်း ရှက်ရွံ့မှု၊ ဒေါသတို့ကြောင့် နီးမြန်သွားခဲ့ကာ “လျှာအရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့”

ပြောပြီးတာနဲ့ သူမရဲ့ တင်းပါးလေး နှစ်ဖက်ကို မရည်ရွယ်ပဲ ပင့်မိလိုက်တယ်။ ‘သေချာကြည်ကြည့်လိုက်၊ နှစ်ဖက်စလုံးက အတူတူပဲ’လို့ ပြောနေသယောင်ယောင်။

“သိပြီးသားကို ငါ့ဆီ ဘာလို့ လာမေးနေတာလဲ။ ဘာပဲဖြစ်ဖြစ်၊ နင့်ဘာသာ စစ်ဆေးကြည့်လိုက်၊ မေးအာနဲ့ ငါ အရင်သွားနှင့်လိုက်မယ်” ပြောချင်တာ ပြောပြီးသွားတာနဲ့ ရန်ကိုင်က ဟူမေးအာလက်ကို ကိုင်ပြီး စစ်ပွဲမြို့တော်ဆီ ဦးတည်သွားလိုက်တယ်။

“ရန်ကိုင်၊ အရှက်မရှိတဲ့ လူယုတ်မာကြီး” ဟူကျောင်းအာ ဒေါသတကြီး ခြေဆောင့်ရင်း အော်ပြောလိုက်တယ်။

“အရှက်မရှိတဲ့ လူယုတ်မာကောင်လား” ဟော်ရှင်းချန်က ခါးကိုမတ်လိုက်ပြီး မခံမရပ်နိုင် ဖြစ်နေတဲ့ပုံစံနဲ့ ပြောလိုက်တယ် “မိန်းကလေး၊ ရန်ကိုင် နင့်ကို ဘာလုပ်လိုက်တာလဲ”

“နင်သောက်ပူမပါဘူး” ဟူကျောင်းအာက ဒေါသတကြီး ပြန်ပြောလွှတ်လိုက်တယ်။ အကြိမ်အနည်းငယ်လောက် ဆက်ပြီး ခြေဆောင့်နေလိုက်ပြီးနောက် ရန်ကိုင်တို့နောက် အလျင်စလို ပြေးလိုက်သွားလိုက်ပြီး သူ့ ဘယ်ဘက်လက်ကို ဖမ်းဆွဲလိုက်ကာ စိတ်တိုတိုနဲ့ အော်ပြောလိုက်တယ် “ငါနင့်နဲ့ မပြီးသေးဘူး။ ဒီနေ့ နင့်ငါ့ကို ရှင်းရှင်းလင်းလင်း ပြောကိုပြောပြရမယ်”

“သူမက မိန်းမကြမ်းလေးပဲကွ။ ဒါပေမယ့် ရန်ကိုင် ရှေ့မှာတော့ ကျိုးကျိုးနွံနွံနဲ့ ပြုမူနေတာဟ” ဟော်ရှင်းချန်က သူ့စိတ်ထဲကနေ တွေးလိုက်တယ်။ ထိုမိန်းမလှလေးက ရန်ကိုင်ကို ကြိုက်နေတာပဲ ဖြစ်ရမယ်လို့ ကောက်ချက် ချလိုက်ပြီး ရန်ကိုင်ကိုလည်း လေးစားမိသွားခဲ့တယ်။

ဟူညီအစ်မ နှစ်ယောက်နဲ့ ဖန်ဇီကျိတို့တင် လာခဲ့တာ မဟုတ်ပါဘူး။ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က လူ၂၀ကျော်စီ စေလွှတ်ခဲ့ပါတယ်။ ပထမအဆင့် အင်အားစုတွေနဲ့ သွားယှဉ်လို့ မရပေမယ့် တကယ်ကို များပြားတဲ့ လူအင်အားစု တစ်ခု ဖြစ်နေတုန်းပါပဲ။

ကောင်းကင်စံအိမ်ကြောင့် ထိုအင်အားစု နှစ်ခုဆီမှ ပညာရှင်တွေအကုန်လုံး တိမ်မိစ္ဆာနယ်မြေနဲ့ ဖြစ်တဲ့ တိုက်ပွဲ၌ ရှေ့တန်းဆီ အတင်းအကြပ် စေလွှတ်ခြင်း ခံခဲ့ရပါတယ်။

သူတို့တွေရဲ့ ဆုံးရှုံးမှုက အခြား အင်အားစုတွေထက် ပိုများတယ်လို့တောင် ပြောလို့ရပါတယ်။

ထို့ကြောင့် သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်စံအိမ်က လွှတ်လိုက်တဲ့လူတွေထဲ၌ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် လေးယောက်ပဲ ပါခဲ့ပါတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းကလည်း အရမ်းကြီး မမြင့်လှပါဘူး။

သူမတို့ ခေါ်လာတဲ့ လူအင်အားက ရန်ကိုင်အိမ်မှာ စုဝေးနေတဲ့ အခြားအင်အားစုတွေနဲ့ ယှဉ်ရင် နိမ့်ကျနေတဲ့ အတွက်ကြောင့်ပဲ ဟူကျောင်းအာက ရန်ကိုင်ကို‌ သွားမတွေ့ခဲ့တာပါ။ ရန်ကိုင်က အမွေခံတိုက်ပွဲမှာ ယှဉ်ပြိုင်နေတာ ဖြစ်တဲ့အတွက် သူအလိုအပ်ဆုံးက အားကောင်းတဲ့ ပညာရှင်တွေပါ။

ဒါပေမယ့် သူမတို့ဆီမှာ အားကောင်းတဲ့ ပညာရှင်တွေ ရှိမနေခဲ့ပါဘူး။ သူမတို့ ခေါ်လာတဲ့လူတွေထဲ၌ + အားအကောင်းဆုံး လူတောင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄ပဲ ရောက်ပါသေးတယ်။

ထိုက်ဖန်းတောင်မှာတုန်းက သူတို့နဲ့အတူ ရှိခဲ့တဲ့ သွေးတိုက်ပွဲဂိုဏ်းရဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၃ အကြီးအကဲ ဖြစ်သည့် ကွမ့်ချီလဲ့လည်း သူမတို့နဲ့အတူ ပါလာခဲ့ပါတယ်။

စစ်ပွဲမြို့တော်ဆီ ပြန်တဲ့ လမ်းတစ်လျှောက်လုံး ရန်ကိုင်၊ ဟူကျောင်းအာနဲ့ ဟူမေးအာတို့ သုံးယောက် တပူးတွဲတွဲနဲ့ ရှိနေခဲ့ပါတယ်။ စစ်ပွဲမြို့တော်ဆီ ရောက်တာနဲ့ ဟူကျောင်းအာတို့ တည်းခဲ့တဲ့ တည်းခိုခန်းဆီ သွားလိုက်ပြီး သူမတို့ခေါ်လာတဲ့ လူတွေကို သွားခေါ်လိုက်တယ်။

ထိုအင်အားစုနှစ်ခုရဲ့ လက်ရှိအခြေအနေ အကြောင်းကို အခြားသူတွေထက် ရန်ကိုင် ပိုပြီးကောင်းကောင်း သိထားပါတယ်။ ထို့ကြောင့် သူတို့ စေလွှတ်လိုက်တဲ့ လူအင်အားနဲ့ ပက်သက်ပြီး နည်းနည်းလေးတောင် မကျေမနပ် မဖြစ်တဲ့အပြင်‌ ကျေးဇူးတောင် တင်နေလိုက်ပါသေးတယ်။

ရန်ကိုင်ရဲ့ မဟာမိတ်တွေကို မြင်တဲ့အချိန် ထိုလူတွေ အကုန်လုံး သတိချပ်ပြီး လှုပ်ရှားနေခဲ့ကြတယ်။ အရင် အဖြစ်အပျက်တွေကြောင့် သူတို့တွေ အရင်ကထက် ပိုကြောက်လာကြတဲ့ပုံပါပဲ။ တစ်ယောက်ယောက်ကို ရန်စမိပြီး သူတို့ဂိုဏ်းကို ပြဿနာတက်အောင် လုပ်မှာကို ကြောက်ရွံ့နေတဲ့အတွက် အကုန်လုံး တိုးတိုးတိတ်တိတ်နဲ့သာ ရှိနေခဲ့ကြတယ်။

စံအိမ်ဆီ ပြန်ရောက်တာနဲ့ ချူရီမန်က လူတစ်အုပ်ကြီးကို ဦးဆောင်ပြီး သူတို့ကို အပြုံးလေးနဲ့ လာကြိုဆိုခဲ့တယ်။

စံအိမ်ရဲ့ အရေးကိစ္စမှန်သမျှကို စီမံကိုင်တွယ် နေရတဲ့ ဒုတိယမြောက် လူတစ်ယောက် အနေနဲ့ ချူမိသားစုရဲ့ ပထမသခင်လေးက သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က ကျင့်ကြံသူတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးဦးကြို ပြုခဲ့ပါတယ်။ ဟူညီအစ်မ နှစ်ယောက်နဲ့တောင် ပျော်ပျော်ရွှင်ရွှင် ရင်းရင်းနှီးနှီး စကားစမြည် ပြောနေခဲ့ပါသေးတယ်။ ထိုကဲ့သို့ စကားပြောနေရင်း သူမအကြည်က ရန်ကိုင်ဆီ ရောက်ရောက်သွားခဲ့ပါတယ်။

ထိုအမွှာမိန်းမလှလေး နှစ်ယောက်နဲ့ ရန်ကိုင်ကြားက ဆက်ဆံရေးက ပုံမှန်မဟုတ်ပါဘူး။ စိတ်ပေါက်ပေါက်နဲ့ အံတင်းတင်းကြိတ်ရင်း ရန်ကိုင်ကို စိတ်ထဲကနေ ကြိတ်ပြီး ကျိန်ဆဲလိုက်တယ်။ အပြင်ထွက်သွားတာ နာရီပိုင်းလောက်ပဲ ရှိသေးတာကို ပြန်လာတော့ မိန်းမလှလေး နှစ်ယောက်နဲ့တဲ့၊ ဘယ်လိုကောင်လဲ မသိဘူး

တိုက်ပွဲကြီးပြီးနောက် ဆက်လုပ်စရာ ကိစ္စတွေ အများကြီး ပုံထပ်နေခဲ့ပါတယ်။

သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်အတွက် နေစရာ တွေကိုတော့ ချူရီမန်ကပဲ စီစဉ်ပေးလိုက်ပါတယ်။ တိုက်ပွဲကြီးမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ကျန်တဲ့ အင်အားစုတွေ ကတော့ အရှုံးနဲ့အမြတ်ကို ပြန်ပြီးတွက်ချက်နေခဲ့တယ်။

သိပ်မကြာခင်မှာပဲ ရလဒ်တွေ ထွက်လာခဲ့တယ်။

ဒီတစ်ကြိမ် လက်နက်လုပွဲ၌ ရန်ကိုင်ဘက်က အဖွဲ့သား ၃၆ယောက် သေဆုံးသွားခဲ့ရပါတယ်။ လေးယောက်က အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်တွေ ဖြစ်ပြီး ကျန်တဲ့လူတွေကတော့ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေပါ။ ဒါပေမယ့် သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်ရဲ့ အချိန်ကိုက် ရောက်ရှိလာမှုက ထိုဆုံးရှုံးမှုကို ဖာထေးပေးလိုက်သလို ဖြစ်သွားခဲ့တယ်။

ဘယ်သူမှ စောဒက မတက်ခဲ့ကြပါဘူး။ အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ကတည်းက အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ အားလုံး မျှော်လင့်ထားပြီးသားပါ။

ပိုကျင်းရေကန်ထက် ထွက်ပေါ်လာခဲ့တဲ့ လက်နက်၁၀၀၀ အနက် ရန်ကိုင်တို့အဖွဲ့က လက်နက်၂၀၄ခု ရယူနိုင်ခဲ့ပါတယ်။

လက်နက်၂၀၄ခုက များတယ်ထင်ရပေမယ့် သူတို့အတွက်ကတော့ မလုံလောက်သေးပါဘူး။ ဒါပေမယ့် ချူရီမန်က ထိုလက်နက်တွေကို အင်အားစု အသီးသီးဆီ မျှမျှတတနဲ့ ခွဲဝေးပေးနိုင်လိမ့်မယ်လို့ ရန်ကိုင် ယုံကြည်ထားပါတယ်။

သူ့အခန်း ပြန်ရောက်လာတဲ့အခါ ရှနင်းချန်က စားပွဲခုံထက် ခေါင်းတင်ပြီး အိပ်ပျော်နေတာကို ရန်ကိုင် တွေ့လိုက်ရတယ်။

သူ့ရဲ့ စီနီယာမမလေးက ဆေးလုံး‌တွေကို မနားတမ်းနီးပါး ဖော်စပ်နေခဲ့တာပါ။ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေက ရှနင်းချန်ရဲ့ နည်းလမ်းတွေနဲ့ ရင်းနှီးပြီး သူမရဲ့ ဝန်ထုပ်ကို ကူထမ်းပေးနိုင်တယ် ဆိုပေမယ့် ရန်ကိုင်တို့ အဖွဲ့သားတွေ လိုအပ်တဲ့ ပမာဏကို ထောက်ပံ့ပေးနိုင်ဖို့ သူမအနေနဲ့ စိတ်ရောကိုယ်ပါ ပင်ပင်ပန်းပန်းနဲ့ ကြိုးစား အားထုတ်နေခဲ့ရပါတယ်။

အခန်းတံခါး ဖွင့်သံကြားလိုက်တာနဲ့ ရှနင်းချန် နိုးလားခဲ့တယ်။ ရန်ကိုင် ဘေးမသိရန်မခနဲ့ ပြန်လာနိုင်တာကို တွေ့လိုက်ရတော့မှပဲ ရှနင်းချန် စိတ်သက်သာရာ ရသွားခဲ့တယ်။

ရန်ကိုင်က သူရဲ့ စီနီယာမမလေးကို မချီလိုက်တဲ့အခါ ရှနင်းချန်အနေနဲ့ အရင်လိုမျိုး ထိတ်လန့် မနေတော့ပါဘူး။ အခုလိုပုံစံမျိုးနဲ့ သူမအသားကျ သွားတဲ့ပုံပါပဲ။

သူမကို အိပ်ရာထက် အသာအယာလေး ချပေးလိုက်ပြီး အိပ်ရာခင်းကို သူမအပေါ် ခြုံပေးလိုက်တယ်။ ရန်ကိုင်က သူရဲ့ စီနီယာမမလေး ဘေးနားမှာ ထိုင်ရင်း သူမအိပ်ပျော်သွားတဲ့ အထိ စောင့်နေခဲ့တယ်။

အသာအယာလေး ပြုံးလိုက်ပြီး ရန်ကိုင်က သူမ မျက်နှာထက် ပြုတ်ကျနေတဲ့ ဆံပင်အချို့ကို ပြန်သပ်တင် ပေးလိုက်တယ်။ သူမရဲ့ ဇာပုဝါတပ်ဆင်ထားသည့် ရိုးသာအပြစ်ကင်းစင်တဲ့ မျက်နှာလေးကို ကြည့်ရင်း ရန်ကိုင် စိတ်နှလုံးသား တစ်ခုလုံး ကြည်နူးမှုတို့ဖြင့် ပြည့်သွားခဲ့တယ်။

အခုအချိန်ထိ သူ့စီနီယာမမလေးရဲ့ မျက်နှာ အစစ်အမှန်ကို သူမတွေ့ဖူးသေးပါဘူး။ မျက်နှာ တစ်ဝက်ကိုတော့ သူမြင်တွေ့ခဲ့ဖူးပါတယ်။ ယင်ကိုးသွယ် နှင်းတောင်ကြားမှာ သူမရဲ့ ဇာပုဝါတစ်ဝက်ကို ဖယ်ပြီး သူနဲ့ အနမ်းပေးခဲ့တဲ့ အချိန်တုန်းကပေါ့။

စီနီယာမမလေးရဲ့ မျက်နှာ အစစ်အမှန်ကို သူလည်း မသိချင်ပဲ ဘယ်နေပါ့မလဲ။

ဒါပေမယ့် အချိန်ကျလာတဲ့အခါ စီနီယာမမလေးက သူမရဲ့ အစစ်အမှန်မျက်နှာကို သူ့အား ကျိန်းသေ ပြလိမ့်မယ်လို့ ရန်ကိုင် ယုံကြည်နေခဲ့ပါတယ်။

အခုအချိန်တော့… ဒီအလွှာပါးပါးလေးက ရှနင်းချန်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အချက်တွေထဲက တစ်ချက် ဖြစ်နေခဲ့ပါတယ်။

တစ်ခဏကြာပြီးနောက် ရန်ကိုင်က ဇာပုဝါအောက် ဘယ်လို မျက်နှာလေး ရှိနေလဲဆိုတာကို ချောင်းကြည့်မယ့် အကြံဥာဏ်ကို ပယ်ဖျက်လိုက်ပြီး အခန်းထဲကနေ တိတ်တဆိတ် ထွက်ခွါသွားလိုက်တယ်။ ထို့နောက် လပြည့်ဝန်းကြီးဆီ ငေးစိုက်ကြည့်လိုက်တယ်။

“ရင်းဂျု” ရန်ကိုင်က ရုတ်တရက်‌ အော်ခေါ်လိုက်တယ်။

အမှောင်ရိပ်ထဲကနေ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့တယ်။ အစစ်အမှန်ချီကို အသုံးမပြုနိုင်ရင်တောင် သူ့ကိုယ်သူ ဖုံးကွယ်ပြီး နေနေတာက ရင်းဂျုရဲ့ ပင်ကိုယ်စရိုက် တစ်ခု ဖြစ်လာတဲ့ပုံပါပဲ။

“ကျုပ်နဲ့လိုက်ခဲ့”

ရင်းဂျုက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး။

ရန်ကိုင်က ဘေးဘက်အခန်းဆီ သွားလိုက်ပြီး အခန်းတံခါးကို အသာအယာလေး ခေါက်လိုက်တယ်။ မကြာခင်မှာပဲ အခန်းထဲကနေ မန်ဝူရရဲ့ အသံထွက်လာခဲ့တယ် “ဝင်လာခဲ့”

ရန်ကိုင်က တံခါးကို တွန်းဖွင့်လိုက်ပြီး အခန်းထဲကို လမ်းလျှောက် ဝင်သွားလိုက်တယ်။

ဘဏ္ဏာထိန်းမန်က သူ့အိပ်ရာထက် တင်ပလင်ခွေ ထိုင်နေခဲ့ပြီး နက်နဲဆန်းကြယ်တဲ့ ကျင့်စဉ်တစ်ခုကို လှည့်ပတ်နေခဲ့တယ်။

ထိုလူအိုကြီးကို မြင်လိုက်တဲ့အချိန် ရှေးဟောင်းရေကန် တစ်ခုလို အမြဲတည်ငြိမ်နေတဲ့ ရင်းဂျု မျက်နှာ မသိမသာလေး ရှုံ့မဲ့သွားခဲ့တယ်။ ရန်ကိုင်စံအိမ်ကို မန်ဝူရ ရောက်လာတဲ့ အချိန်ကတည်းက ရင်းဂျုက ထိုလူကို အထူးဂရုစိုက်နေခဲ့တာပါ။

ရင်းဂျုသာမဟုတ်၊ ကျုကောင်းရီနဲ့ ရှောင်ရှန်တို့လည်း ထိုလူအိုကြီး ဘယ်သူမှန်း သိချင်နေကြတာပါ။

Martial Peak

အပိုင်း(၄၆၉) လှည့်ကွက်လေး

မန်ဝူရရဲ့ ထူးဆန်းတဲ့ အရှိန်အဝါနဲ့ ဖိအားကြောင့် သူ့နားရောက်တဲ့ အခါတိုင်း သွေးစစ်သည်တော် သုံးယောက်စလုံး အရမ်းကို အားကောင်းလွန်းတဲ့ ဖိအားကို အလိုလို ခံစားရပါတယ်။ ဘယ်လို အင်အားစုကများ ဒီလို ပညာရှင်တစ်ယောက်ကို ပြုစုပျိုးထောင် ပေးနိုင်တာလဲ ဆိုတာကို သူတို့ ဘယ်လိုမှ မခန့်မှန်းနိုင်ခဲ့ကြပါဘူး။

အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်ဆီကနေ ထိုကဲ့သို့ ခြိမ်းခြောက်ခံရသလို ခံစားရသည့် ခံစားချက်မျိုး သူတို့ တစ်ခါမှ မရခဲ့ဖူးပါဘူး။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူဆီကနေသာ သူတို့ ခံစားခဲ့ဖူးတာပါ။

သွေးစစ်သည်တော် သုံးယောက်စလုံးက ဘာမှ ထုတ်မပြောကြပေမယ့် သူတို့ စိတ်ထဲမှာတော့ မန်ဝူရက ဘယ်ကရောက်လာလဲ ဆိုတာကို တိတ်တဆိတ် ခန့်မှန်း နေခဲ့ကြတယ်။ ဒါပေမယ့် သူတို့ တွေးလိုက်တဲ့ ခန့်မှန်းချက် တိုင်းက အမှန်တရားနဲ့ တောင်နဲ့မြောက်လို ဖြစ်နေခဲ့ပါတယ်။

ရန်ကိုင်က သူ့ကို မန်ဝူရဆီ ခေါ်လာမှန်း သိလိုက်တာနဲ့ ဘာလို့ ခေါ်လာမှန်း အရိပ်အမြွက်တော့ နားလည်လိုက်ပေမယ့် ပုံမှန်အတိုင်းပဲ တိတ်တိတ်လေးသာ နေလိုက်တယ်။

ချီချုပ်နှောင် ချိတ်တံဆိပ်ကို ရန်မိသားစုရဲ့ အကြီးအကဲချုပ် ဟွမ့်ဂျုကျို့ ကိုယ်တိုင် ပြင်ဆင်ထားတာပါ။ မန်ဝူရက အရမ်းကို ထူးခြားထူးကဲတဲ့ ပညာရှင်တစ်ယောက် ဖြစ်နေရင်တောင် ဒီအချုပ်အနှောင်ကို ဖြေရှင်း ပေးနိုင်လိမ့်မှာ မဟုတ်ပါဘူး။

တကယ်တော့ ဟွမ်ဂျုကျို့က အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက် ဖြစ်ပြီး မန်ဝူရက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့် ပညာရှင်တစ်ယောက်ပဲ ရှိပါသေးတယ်လေ။ သူတို့ကြားမှာ ကွာဟချက် အကြီးကြီး ရှိနေခဲ့ပါတယ်။

“ဘဏ္ဏာထိန်းမန်” ရဣ်ကိုင်က အသာအယာလေး နှုတ်ဆက်လိုက်တယ်။ မန်ဝူရက ပြန်ခေါင်းညိတ်ပြလိုက်ပြီး သင်္ကာမကင်း အကြည့်နဲ့ ရင်းဂျုဆီ လှမ်းကြည့်လိုက်ကာ မကြာခင်မှာပဲ သက်ပြင်းတစ်ချက် ချလိုက်ပြန်တယ်။

“ချိတ်တံဆိပ်တစ်ခုလား” မန်ဝူရက သွားပေါ်အောင် ပြုံးလိုက်ပြီး ရင်းဂျုကို လှမ်းကြည့်လိုက်တယ်။

ရင်းဂျုက ဘာမှပြန်မပြောခဲ့ပဲ ဒီအတိုင်းသာ ရပ်နေခဲ့ပါတယ်။

“ဘဏ္ဏာထိန်းမန်၊ ခင်ဗျားမှာ သူ့ကိုယ်ထဲက ချိတ်တံဆိပ်ကို ဖြေပေးနိုင်မယ့် နည်းလမ်းလေး ဘာလေး တစ်ခုခုများ မရှိဘူးလား” ရန်ကိုင်က ထိုင်ချလိုက်ပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့သောက်လိုက်ပြီး လည်ချောင်း ရှင်းလိုက်တယ်။

“ငါတစ်ချက် ကြည့်ကြည့်ရအောင်” မန်ဝူရက ငြင်းလည်း မငြင်းဆန်ခဲ့လို့၊ လက်ခံတယ်လည်း မပြောခဲ့ပါဘူး။ ရင်းဂျုကိုသာ လက်ယပ်ခေါ်လိုက်တယ် “ဒီကိုလာခဲ့”

ရင်းဂျုက ရန်ကိုင်ဆီ လှမ်းကြည့်လိုက်တယ်။ ရန်ကိုင် ခေါင်းညိတ်ပြနေတာကို မြင်တော့ မန်ဝူရဆီ လှမ်းလျှောက်သွားလိုက်တယ်။

ရင်းဂျုရဲ့ မဲ့နေတဲ့ ရုပ်ကိုကြည့်ရင်း မန်ဝူက မရယ်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး “စိတ်အေးအေးထား ကောင်လေး၊ မင်းမှာ အရည်အချင်းအချို့ ရှိမှန်း ငါသိတယ်။ ဒါပေမယ့် အခုမင်းက ဒုက္ခိတတစ်ယောက်နဲ့ ဘာမှ ခြားတာ မဟုတ်ဘူး။ ဒီလူအိုကြီးကို သတိထားနေလို့လည်း ဘာမှ ထူးမှာမှ မဟုတ်တာ”

ပြောနေရင်းနဲ့ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ရန်ရင်ရဲ့ လက်ကောက်ဝတ်ကို လှမ်းဖမ်းကိုင်လိုက်တယ်။

အခန်းက တစ်ခဏတာလောက် တိတ်ဆိတ်သွားခဲ့တယ်။ ရန်ကိုင်က သူ့လက်ထဲက ခွက်ကို ပါးစပ်နားတေ့လိုက်ပြီး သောက်ရုံလေး သောက်ရင်း စိုးရိမ်ပူပန်စွာနဲ့ စောင့်ဆိုင်း နေခဲ့တယ်။ မန်ဝူရ ကူညီနိုင်မလား၊ မကူညီနိုင်ဘူးလား ဆိုတာကို သူလည်း မသိသေးပါဘူး။

ရင်းဂျုရဲ့ အမူအရာက လုံးဝကို ပေါ့ပါးနေခဲ့ပါတယ်၊ သူ့ကိုယ်ထဲက ချိတ်တံဆိပ်ကို မန်ဝူရ ဖြေရှင်းပေးနိုင်မယ်လို့ အစကတည်းက မထင်ထားတဲ့ ပုံပါပဲ။

“ဟဲဟဲ” ခဏကြာပြီးနောက် မန်ဝူရက လှောင်ပြောင်လိုတဲ့ လေသံနဲ့ ရယ်မောလိုက်ပြီး “မဆိုးပါဘူး။ ဒီချိတ်တံဆိပ်ကို ဖန်တီးခဲ့တဲ့လူက ချုပ်နှောင်တဲ့ ပညာရပ်ပိုင်းမှာ အောင်မြင်မှု တစ်ချို့ ရထားတဲ့ပုံပဲ”

ရင်းဂျုက ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “ဟုတ်တာပေါ့၊ ဒါက ကျုပ်တို့ ရန်မိသားစုရဲ့ အကြီးအကဲချုပ် ဟွမ်ဂျုကျို့ ကိုယ်တိုင် ဖန်တီးထားခဲ့တာလေ”

“သူဘာသာ ဘာကျို့ပဲ ဖြစ်ဖြစ် ငါဂရုမစိုက်ဘူး” မန်ဝူရက အထင်အမြင် သေးသေးနဲ့ “ဒီလူအိုကြီဂက သူ့အကြောင်း တစ်ခါမှတောင် ကြားဖူးတာ မဟုတ်ဘူး”

ရင်းဂျုက တစ်ခွန်းနှစ်ခွန်းလောက် ပြန်ပြောချင်ပေမယ့် ရန်ကိုင်က ချက်ချင်းပဲ သူ့ကို ဝင်တားလိုက်တယ်။

အမြဲလိုလို တိတ်တိတ်နေတတ်တဲ့ ရင်းဂျုက မန်ဝူရနဲ့ ရုတ်တရက်ကြီး ငြင်းခုံစကားများချင်သလို ဖြစ်သွားခဲ့ရတာက ဟွမ်ဂျုကျို့ကို သူအလွန်အမင်း လေးစားတာကြောင့်ပါ၊ အခြားတစ်ယောက်က သူလေးစားရတဲ့လူကို လာအထင်အမြင် သေးနေတာကို မြင်တော့ ရင်းဂျုလည်း ငြိမ်မခံနိုင် ဖြစ်သွားခဲ့ရတာပါ။

တကယ်တော့ ဟွမ်ဂျုကျို့ဆိုတာ သွေးစစ်သည်တော် ခန်းမသမိုင်းတစ်လျှောက် အကြီးအကဲချုပ် ရာထူးကို လက်ခံရရှိခဲ့တဲ့ တစ်ဦးတည်းသော သွေးစစ်သည်တော်လေ။ သွေးစစ်သည်တော် အားလုံးက သူ့ကို စံနမူနာ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြတာပါ။

မန်ဝူရက ဟွမ်ဂျုကျို့ရဲ့ ချုပ်နှောင်ခြင်း ပညာရပ်ကို တကယ်ပဲ ချီးကျူးခဲ့ပါတယ်၊ ဒါပေမယ့် ရင်းဂျုရဲ့ အမြင်မှာတော့ လူအိုကြီးက ချီကျုးနေတာ မဟုတ်ပဲ အထင်အမြင်သေးသေးဖြင့် ရှုတ်ချနေတာနဲ့တောင် ပိုတူနေပါသေးတယ်။ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ကများ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်ကို ဝေဖန်ချင်သေးတယ်၊ သူ့မှာ ဘာအရည်အချင်း ရှိလို့လဲ။

“ဘဏ္ဏာထိန်းမန်၊ ခင်ဗျား ကူညီပေးနိုင်လား” ရန်ကိုင်က ရှေ့တိုးသွားလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်တယ်။

“အင်း” မန်ဝူရက ပေါ့ပေါ့ပါးပါးနဲ့ပဲ ပြန်ဖြေလိုက်တယ်။

ရင်းဂျုရဲ့ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး မန်ဝူရကို ထိတ်လန့်တဝက်၊ သံသယတစ်ဝက်နဲ့ ငေးစိုက် ကြည့်နေလိုက်တယ်၊ မန်ဝူရဆီကနေ အခုလို တုန့်ပြန်စကား ထွက်လာလိမ့်မယ်လို့ သူလုံးဝကို မမျှော်လင့်ထားခဲ့ပါဘူး။

အခုမှပဲ ရန်ကိုင် စိတ်သက်သာရာ ရနိုင်တော့တယ်။ မန်ဝူရက ဘယ်လိုမှော်ဆန်တဲ့ နည်းလမ်းတွေကို သုံးပြီး ချိတ်တံဆိပ်ကို ချိုးဖျက်ဖို့ ကြိုးစားမလဲ ဆိုတာကို သူမသိပေမယ့် သူ့အမြင်မှာတော့ မန်ဝူရက အရမ်းကို လျှို့ဝှက်ဆန်းကြယ် နက်နဲတဲ့ လူတစ်ယောက်ပါ။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေ ဖြစ်ကြတဲ့ လူစီ၊ ရန်ရင်ဟောင်နဲ့ ရန်မိသားစုရဲ့ အကြီးအကဲချုပ် များစွာကို ရန်ကိုင် မြင်တွေ့ခဲ့ဖူးပါတယ်။

ဒါပေမယ့် သူတို့ထဲက ဘယ်သူကမှ မန်ဝူရဆီက ခံစားရတဲ့ ဖိအားမျိုး မပေးစွမ်းနိုင်ကြပါဘူး။

မန်ဝူရက သူဥာဏ်မမှီနိုင်လောက်တဲ့အထိ နက်နဲလွန်းတဲ့ ပညာရှင်တစ်ယောက်လို့ သူ့ရဲ့ မသိစိတ်က ပြောနေခဲ့တယ်။ မန်ဝူရဆိုတဲ့ လူက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းတာ ဖြစ်နိုင်ပါတယ်။

မန်ဝူရက အဖြေကို ကြားလိုက်တာနဲ့ စိုးရိမ်ပူပန်မှုတွေ ပြည့်နေတဲ့ ရန်ကိုင် နှလုံးသားလေး ချက်ချင်းဆိုသလို တည်ငြိမ်သွားခဲ့တယ်။ မန်ဝူရ သူကူညီနိုင်တယ်လို့ ပြောလာမှတော့ ဆက်မေးနေစရာ မလိုတော့ပါဘူး။

“ခင်ဗျား ဒါကို တကယ်ပဲ ချိုးဖျက်နိုင်လို့လား” ရင်းဂျုက မေးလိုက်တယ်။ သူကြားလိုက်တာကို အခုထိ မယုံနိုင်သေးပါဘူး။ မန်ဝူရက လူအထင်ကြီးအောင် လျှောက်ပြောနေတယ်လို့တောင် သူတွေးနေတာပါ။

မန်ဝူရက ရင်းဂျုကို လှမ်းကြည့်လိုက်ပြီး ခေါင်းသာ ပြန်ညိတ်ပြလိုက်တယ်။

“ဘယ်လောက် ကြာမှာလဲ” ရင်းဂျုက နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်။

ချီချုပ်နှောင်ချိတ်တံဆိပ်ကို သူကိုယ်တိုင် မဖျက်စီးနိုင်တာ မဟုတ်ပါဘူး။ ဖျက်စီးနိုင်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် ဖျက်စီးဖို့ ကြိုးစားမယ်ဆိုရင် အနည်းဆုံး နှစ်လလောက် ကြာမှာပါ။

မန်ဝူရရဲ့ နည်းလမ်းက အရမ်းကို ကြာမယ်ဆိုရင် သူကိုယ်တိုင် ဖြေရှင်းလိုက်တာကပဲ ပိုကောင်းမှာပါ။

ဟွမ်ဂျုကျို့ကိုတောင် မျက်လုံးထဲ မထည့်တဲ့ ထိုလူအိုကြီးရဲ့ မောက်မာတဲ့ ပုံစံကို ရင်းဂျု ကြည့်မရပါဘူး။ ထို့ကြောင့် မလိုအပ်ရင် ထိုလူအိုကြီးဆီကနေ အကူအညီကို မယူချင်တာပါ။

ရင်းဂျုကို မေးတာကို ကြားလိုက်တာနဲ့ မန်ဝူရက လက်နှစ်ချောင်းသာ ပြန်ထောင်ပြလိုက်တယ်။

ရန်ကိုင်က မျက်ခုံးပင့်လိုက်ပြီး အသာအယာလေး ပြုံးလိုက်ရင်း “နှစ်လလား၊ ရက်နှစ်ဆယ်လား”

အဲ့လိုပြောလိုက်ပေမယ့် ရန်ကိုင် စိတ်ထဲမှာတော့ ရက်နှစ်ဆယ် ဖြစ်ဖို့ကိုသာ ပိုပြီး တောင့်တနေခဲ့တယ်။ သူ့အမြင်မှာတော့ မန်ဝူရအနေနဲ့ ထိုချီချုပ်နှောင် ချိတ်တံဆိပ်ကို ရက်နှစ်ဆယ်အတွင်း ဖြေရှင်းနိုင်တာက တကယ်ကို အကျိုးအကြောင်း သင့်လှပါတယ်။

ရင်းဂျုလည်း သူဘယ်လို ပြန်ဖြေမလဲဆိုတာကို သိချင်စိတ် ပြင်းပြတဲ့အတွက် မန်ဝူရကို မယုံသင်္ကာနဲ့ ငေးကြည့်နေလိုက်တယ်။

“နှစ်ရက်” မန်ဝူရက ပေါ့ပေါ့ပါးပါးနဲ့ ပြန်ပြောလိုက်တယ်။

ရန်ကိုင်နဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး နေရာမှာတင် အေးခဲသွားခဲ့ကြတယ်။ နှစ်ယောက်စလုံး အံ့ဩလွန်းလို့ စကားတောင် မပြောနိုင်တော့ပါဘူး။

မန်ဝူရရဲ့ စွမ်းရည်ကို အထင်သေးမိနေတုန်းပဲ ဆိုတာကို အခုမှပဲ ရန်ကိုင် နားလည်သွားခဲ့တယ်၊ ဘဏ္ဏာထိန်းမန်က သူထင်သလောက် လုံးဝ မရိုးရှင်းပါဘူး။

“စီနီယာ…” ရင်းဂျု အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး အနည်းငယ် ကိုးယိုးကားယာ ဆန်တဲ့ အမူအရာနဲ့ “ဒီရင်းဂျုက ခင်ဗျာကို မယုံသင်္ကာဖြစ်တာ မဟုတ်ပေမယ့် ဒါက နည်းနည်း…”

“မောက်မာတာလား” မန်ဝူရက မှုန်တေတေ အမူအရာနဲ့ နှာခေါင်းရှုံ့လိုက်ပြီး “အဲ့ချိတ်တံဆိပ်သာ ဒီလူအိုကြီးကိုယ်မှာ ရှိနေတာဆိုရင် လက်ဖျောက်တစ်ချက်နဲ့တင် ဖျက်စီးပစ်လိုက်လို့ ရတယ်ကွ။ မင်းကိုယ်ပေါ်မှာ ရှိနေလို့သာ နှစ်ရက်ကြာသွားခဲ့တာ။ တကယ်တော့ ဒီလူအိုကြီး ကိုယ်တိုင်ကလည်း ချုပ်နှောင်တဲ့ ပညာရပ်ပိုင်းကို နည်းနည်းပါးပါးလောက် လေ့လာထားခဲ့တာလေ။ ဒီလှည့်ကွက်လေးက ဒီလူအိုကြီးအတွက်တော့ ကလေးကစားစရာ သာသာလောက်ပဲ ရှိတယ်”

လှည့်ကွက်လေးလား….

ရင်းဂျုရဲ့ အမြဲတမ်း တည်ငြိမ်နေတဲ့ ရုပ်သေကြီး ရှုံ့မဲ့နေတာကို မြင်လိုက်ရချိန် မှာတော့ ရန်ကိုင်လည်း ရယ်ချင်စိတ်ကို မနည်းအောင့်အည်း ထားလိုက်ရတယ်။ အသာအယာလေး ချောင်းဟန့်လိုက်ပြီး ရန်ကိုင်က ဝင်ပြောလိုက်တယ် “ဘဏ္ဏာထိန်းမန်၊ ခင်ဗျား တကယ်ကော သေချာ…”

“မင်းတို့ကောင်တွေ မယုံကြည်ဘူးဆိုရင် လှည့်ထွက်သွားလို့ ရတယ်နော်၊ တံခါးပေါက်က ဟိုမှာပဲ။ ဒီလူအိုကြီးရဲ့ အချိန်တွေက အားယားနေတာ မဟုတ်ဘူး” မန်ဝူရက နှာခေါင်းရှုံ့လိုက်ပြီး ရင်းဂျုကို မျက်လုံးမှေးစဉ်းကြည့်လိုက်ကာ “မင်းရဲ့ စွမ်းရည်နဲ့ ဆိုရင် နှစ်လ ဒါမှမဟုတ် အဲ့ထက်တော့ အချိန်ယူရမှာပေါ့။ ကဲ… အလုပ်ကြိုးစားလိုက်ပါဦး”

ရင်းဂျု မျက်မှောင် ထပ်ကြုံ့သွားခဲ့တယ်။

သူ့ကိုယ်ထဲမှာ ရှိနေတဲ့ ချီချုပ်နှောင် ချိတ်တံဆိပ်ကို သေသေချာချာ စစ်ဆေးပြီးတော့မှပဲ ထိုချိတ်တံဆိပ်ကို ချိုးဖျက်ဖို့ နှစ်လလောက် ကြာလိမ့်မယ်လို့ သူခန့်မှန်းခဲ့တာပါ။ ဒါပေမယ့် မန်ဝူရက အကြည့်တစ်ချက်နဲ့တင် သူအချိန် ဘယ်လောက် ယူရမလဲ ဆိုတာကို ဆုံးဖြတ်သွားနိုင်ခဲ့ပါတယ်။ ထိုလူအိုကြီးက တကယ်ကို အမြင်းစူးရှ လွန်းပါတယ်။

မက်မှောင်ကြုံ့လိုက်ပြီး ရင်းဂျုက တည်တည်ငြိမ်ငြိမ်နဲ့ လက်သီးဆုပ်ကာ ပြန်ပြောလိုက်တယ် “ဂျူနီယာရင်းဂျုက စီနီယာကို ကူညီပေးဖို့ တောင်းဆိုပါတယ်၊ အစောပိုင်းတုန်းက ဂျုနီယာဘက်က ပြောမှားဆိုးမှား ရှိခဲ့ရင် စီနီယာအနေနဲ့ ဗွေမယူဖို့ ဂျူနီယာ မျှော်လင့်ပါတယ်”

ဘာပဲဖြစ်ဖြစ်၊ ဒါက နှစ်ရက်လေးပဲလေ။ နှစ်ရက်ကြာပြီးရင် အအဖြေထွက်လာမှာပါ။

မန်ဝူရက ပြောသလောက် တကယ်ပဲ အားကောင်းလား၊ မကောင်းဘူးလား ဆိုတာကို ရင်းဂျုလည်း တော်တော်လေး သိချင်နေမိပါတယ်။

“ဒါဆိုရင် ဘဏ္ဏာထိန်းမန်၊ ဒီကိစ္စကို ခင်ဗျားဆီပဲ အပ်ထားလိုက်မယ်နော်…” ရန်ကိုင်က မန်ဝူရဆီ ကြည့်လိုက်ပြီး သွားပေါ်အောင် ပြုံးလိုက်တယ်။

လူအိုကြီးမန်က စိတ်မရှည်ဟန်နဲ့ သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ကောင်းပြီ၊ သွားသာသွားတော့၊ မင်းကို နှစ်ရက်ကြာရင် သူလာတွေ့လိမ့်မယ်”

ရန်ကိုင်က ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်လိုက်တယ်။ ရင်းဂျုကို မန်ဝူရပြောတဲ့ အတိုင်းလုပ်ဖို့ သတိပေးပြီးတာနဲ့ အခန်းထဲကနေ ထွက်သွားလိုက်တယ်။

ဘေးအခန်းဆီ ပြန်ရောက်သွားတဲ့ အချိန်မှာတော့ ရှနင်းချန်ကို မတွေ့ရတော့ပါဘူး။ သူမ ဆေးဖော်စပ်ခန်းဆီ ပြန်သွားလောက်ပြီနဲ့ တူပါတယ်။

အိပ်ရာထက် ခြေချိတ် ထိုင်လိုက်ပြီး ရန်ကိုင်က သူ့အင်္ကျီလက်ထဲကနေ တစ်ခုခုကို ထုတ်ယူလိုက်တယ်။

သူထုတ်ယူလိုက်တာက ဆံပင်ရှည်တစ်ချောင်းပါ။

ပိုကျင်းရေကန်မှာတုန်းက ရှစ်ခုမြောက် ဆန်းကြယ်အဆင့် လက်နက်ကို လာလုယူခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်ကို သူ့ဓါးနဲ့ လှမ်းပိုင်းလိုက်တုန်းက ဒီဆံပင် ကျကျန်ခဲ့တာပါ။

ဒါပေမယ့် တစ္ဆေတစ်ကောင်လို အချိန်မရွေး ထွက်ပေါ်လာပြီး ပြန်ပျောက်သွားတဲ့ လျှို့ဝှက်ဆန်းကြယ်သည့် ပညာရှင်က မိန်းကလေး တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်ထားပါ့မလဲ။

တစ်နေ့တည်း နှစ်ကြိမ်တိုင်တိုင် တွေ့ခဲ့ပေမယ့် သူမရဲ့ မျက်နှာကိုတောင် မတွေ့ရသေးတာကို စဉ်းစားမိလိုက်တဲ့ အချိန်၌ ရန်ကိုင် အနည်းငယ် စိတ်ဓါတ်ကျချင် သွားခဲ့တယ်။

ထိုမိန်းမက အရမ်းလည်း မြန်သလို သူမရဲ့ ပုန်းကွယ်တဲ့ ပညာရပ်တွေကလည်း အရမ်းကို နက်နဲလွန်းလှပါတယ်။ လူအုပ်ကြီး တစ်ခုလုံးရဲ့ မျက်စိရှေ့မှာပဲ ရှစ်ခုမြောက် ဆန်းကြယ်အဆင့် လက်နက်ကို ဘယ်သူမှ သတိမပြုမိအောင် လုယူသွားနိုင်ခဲ့တာက တကယ်ကို လေးစားစရာပါပဲ။

သူမ ဘယ်လိုလုပ်ခဲ့လဲ ဆိုတာကို ရန်ကိုင် လုံးဝ မစဉ်စားနိုင်ခဲ့တာပါ။ အထူးသဖြင့် ဆန်းကြယ်အဆင့် လက်နက်ထဲမှာ ချိတ်ပိတ်ထားတဲ့ တိုက်ခိုက်မှုနဲ့ ဟွမ်ဂျုကျို့ရဲ့ ချီချုပ်နှောင် ချိတ်တံဆိပ်ကို သူမ ဘယ်လိုခုခံနိုင်လဲ ဆိုတာကိုပေါ့။

လျူချင်းယောင်က ချီချုပ်နှောင် ချိတ်တံဆိပ်ကနေ သူ့ရဲ့ ဆန်းကြယ်အဆင့် လက်နက်ကို စတေးပြီးတော့မှ လွတ်မြောက် နိုင်ခဲ့တာပါ။ ဒါပေမယ့် ထိုမိန်းမကကော…

ရန်ကိုင်ကို ပိုပြီး စိုးရိမ်သွားစေတာက ထိုမိန်းမက ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေလဲ ဆိုတာကိုပါ။ ထိုအချိန်တုန်းက ရန်ဝေ၊ ရန်ကျောင်း၊ ရန်ခန်း၊ ရန်ရှန်းနဲ့ ရန်ရင်တို့ရဲ့ မျက်နှာတွေက သံသယနဲ့ စိတ်ရှုပ်မှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်၊ ထိုမိန်းမ ဘယ်သူလဲ ဆိုတာကို သူတို့လဲ မသိတဲ့ပုံစံပါ။ ဒါပေမယ့် စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး သွားဆုံးဖြတ်လို့ မရဘူးလေ။ သူတို့တွေ ဟန်ဆောင်နေတာလည်း ဖြစ်နိုင်သေးတာပဲ။

ထိုအကြောင်းကို အချိန်အတော်ကြာအောင် စဉ်းစားပြီးတာတောင် ဘာသဲလွန်စမှ မရသေးတဲ့အတွက် ရန်ကိုင်အနေနဲ့ ထိုကိစ္စကို ခဏဘေးချထားရုံသာ တတ်နိုင်ခဲ့တယ်။

အခု သူ့ရှေ့၌ လက်နက်သုံးခု ရှိနေခဲ့ပါတယ်… ဒီနေ့လက်နက်လုပွဲတုန်းက ရခဲ့တဲ့ လက်နက်တွေပေါ့။

သူ့အဖွဲ့သားတွေက လက်နက်အခု၂၀၀ကျော် လုယူနိုင်ခဲ့ပေမယ့် ထိုလက်နက် အခု၂၀၀ကျော်ရဲ့ တန်ဖိုးက ဒီလက်နက်သုံးခုရဲ့ တန်ဖိုးကို မမှီပါဘူး။

ပထမတစ်ခုက လက်ဝါးအရွယ်အစားလောက်သာ ရှိတဲ့ အေးစက်စက် အရှိန်အဝါကို ပေးစွမ်းနေသည့် ဓါးလေးတစ်ချောင်းပါ… ကောင်းကင်အဆင့် ဝိဥာဉ်အမျိုးအစား လက်နက်တစ်ခု ဖြစ်ပါတယ်။

သေသေချာချာ စစ်ဆေးပြီးနောက် ထိုလက်နက်က ကောင်းကင်အထွတ်အထိပ် အဆင့် ဖြစ်နေတာကို တွေ့ရှိလိုက်ရတဲ့အတွက် ရန်ကိုင် ပိုပြီး ပျော်ရွှင်သွားခဲ့တယ်။

ဝိဥာဉ်အမျိုးအစား လက်နက်တွေက ပိုပြီး တန်ဖိုးကြီးသလို ပိုပြီးတော့လည်း သန့်စင်ရ ခက်ခဲပါတယ်။

ကောင်းကင် အထွတ်အထိပ်အဆင့် ဝိဥာဉ်အမျိုးအစား လက်နက်တစ်ခုက သာမန်ဆန်းကြယ်အဆင့် လက်နက် တစ်ခုအောက် တန်ဖိုးမနိမ့်ပါဘူး။

ဒါပေမယ့် ရန်ကိုင်အတွက် ထိုဝိဥာဉ်အမျိုးအစား လက်နက်ကို သန့်စင်ဖို့ရာ တော်တော်လေး ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ သူက အသိစိတ်ပင်လယ်ကိုမှ မဖွင့်လှစ်ရသေးတာကိုး။ တစ်ခဏတာလောက် ကြာအောင် စိတ်ထဲ မပြတ်မသား ဖြစ်နေပြီးတဲ့နောက် ထိုလက်နက်ကို ဘေးချထားလိုက်ပြီး ကျန်တဲ့ လက်နက်နှစ်ခုကို စတင် စစ်ဆေးလိုက်တယ်။

လက်နက် နှစ်ခုထဲက တစ်ခုက သူအရင်စရခဲ့တဲ့ ကြေးမုံတစ်ချပ်ပါ။ ထိုကြေးမုံဆီကနေလည်း အေးစက်စက် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့ပါတယ်။ ဒါပေမယ့် ဝိဥာဉ်အမျိုးအစား လက်နက်ဆီကနေ ထုတ်လွှတ်နေတဲ့ အေးစက်စက် အရှိန်အဝါနဲ့ မတူပါဘူး။ ဓါးလေးဆီကနေ ထုတ်လွှတ်နေတဲ့ အေးစက်စက် အရှိန်အဝါက တစ်စုံတစ်ယောက်ရဲ့ ဝိဥာဉ်ကို သက်ရောက်တဲ့ စူးရှရှ အအေးဓါတ်မျိုးပါ။ ဒါပေမယ့် ကြေးမုံကနေ ပေးစွမ်းနေတဲ့ အအေးဓါတ်က နက်နဲပြီး ဒီလောကကြီး တစ်ခုလုံးကို အေးခဲသွားအောင် လုပ်ချင်နေတဲ့ အအေးဓါတ်မျိုးပါ။

ကြေးမုံထဲ အစစ်အမျန်ချီ ဖြည့်သွင်းလိုက်တဲ့အခါ ကြေးမုံမျက်နှာပြင် လက်သွားခဲ့ပြီး ထူးခြားဆန်းကြယ်တဲ့ မြင်ကွင်းတစ်ခုကို ရန်ကိုင် ရုတ်တရက် တွေ့မြင်လိုက်ရတယ်။

ကြေးမုံထဲ ကြီးကျယ်ခမ်းနားသည့် နှင်းဖုံးနေတဲ့ တောင်တစ်တောင်ကို သူတွေ့လိုက်ရတယ်။ တောင်ပတ်လည် မှာတော့ မရေမတွက်နိုင်တဲ့ နှင်းပွင့်လေးတွေက ကောင်းကင်ထက် ဝဲပျံနေခဲ့တယ်။ ဆောင်းလေးအေးက တသုန်သုန် တိုက်ခတ်နေခဲ့ပြီး ဖြူစင်သန့်ရှင်းတဲ့ သုခဘုံတစ်ခုကို ဖန်တီးလို့ နေခဲ့တယ်။

စံအိမ်တစ်ခုလုံးရဲ့ အပူချိန် ရုတ်ချည်း ထိုးကျသွားခဲ့ပြီး အေးစက်စက်လှိုင်းတစ်ခုက အလျင်အမြန်ပဲ ပျံ့နှံ့လာခဲ့တယ်။ ရန်ကိုင်လည်း အစစ်အမှန်ချီကို သုံးပြီး ခပ်မြန်မြန်ပဲ ခုခံလိုက်ရတယ်။

ဆန်းကြယ်အလယ်အလတ် အဆင့်လက်နက်လား

ထိုအချက်ကို နားလည်လိုက်တာနဲ့ ရန်ကိုင် ထိတ်လန့်တုန်လှုပ် သွားခဲ့တယ်။

ကျန်တဲ့ ဆန်းကြယ်အဆင့် လက်နက်၇ခုအကြောင်း မသိပေမယ့်လို့ ထိုလက်နက်တွေထဲမှာမှ တစ်ခု၊ နှစ်ခုလောက်ကပဲ ဆန်းကြယ် အလယ်အလတ်အဆင့် လက်နက်ဆိုတာ သူကျိန်းသေပါတယ်။ သူ ရယူခဲ့တဲ့ ပထမဆုံး လက်နက်ဖြစ်တဲ့ ကြေးမုံက တကယ်ပဲ ဆန်းကြယ် အလယ်အလတ် အဆင့်လက်နက် တစ်ခု ဖြစ်နေခဲ့ပါတယ်။

ဆန်းကြယ်အလယ်အလတ် အဆင့် လက်နက် တစ်ခုက ဆန်းကြယ် အဆင့်နိမ့်လက်နက်၁၀ခုနဲ့ ညီမျှပါတယ်။

ဒီတစ်ကြိမ်တော့ သူအချီကြီးကို မြတ်သွားခဲ့ပါပြီ။

သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ဖို့ ရန်ကိုင် အချိန်တစ်ခဏလောက် ယူလိုက်ရတယ်။ ကြေးမုံထဲ အစစ်အမှန်ချီ ဖြည့်သွင်းနေတာကို ဖြေးဖြေးချင်းပဲ ရပ်တန့်လိုက်တယ်။ အစစ်အမှန်ချီ ဖြည့်သွင်းမှု ရပ်တန့်လိုက်တာနဲ့ ကြေးမုံလည်း အရောင်ပြန်မှိန်သွားခဲ့ပြီး အဆုံးမရှိတဲ့ နှင်းတောင်ကြီးလည်း ပြန်လည် ပျောက်ကွယ် သွားခဲ့တယ်။

ထိုကြေးမုံကို အပြည့်အဝ မသန့်စင်ရသေးခင်အထိ ကြေးမုံက ဘယ်လိုစွမ်းရည်တွေ ပိုင်ဆိုင်လဲ ဆိုတာကို ရန်ကိုင် သိရဦးမှာ မဟုတ်သေးပါဘူး။

ကြေးမုံကို ချထားလိုက်ပြီး နောက်ဆုံးလက်နက်ကို ကြည့်လိုက်တယ်။

ဒီလက်နက်ကို လျူချင်းယောင်ဆီကနေ ရလာခဲ့တာပါ။

အရိုးဒိုင်းတစ်ခု…

Martial Peak

အပိုင်း(၄၇၀) အိမ်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သူများစွာ

အရိုးဒိုင်းက မကြီးပါဘူး၊ ပန်ကန်ပြား တစ်ချပ် အရွယ်လောက်ပဲ ရှိပါတယ်။ ပြီးတော့ ဒီအရိုးဒိုင်းကို ဘယ်မိစ္ဆာသားရဲရဲ့ အရိုးကိုသုံးပြီး ပြုလုပ်ထားလဲ ဆိုတာကိုလည်း ရန်ကိုင် မခွဲခြားနိုင်ခဲ့ပါဘူး။ ဒိုင်းရဲ့ ပုံစံက ညီညာမှု မရှိပါဘူး။

အစွန်း နှစ်ဖက်စလုံး ဆင်စွယ်ရောင် သန်းနေခဲ့ပြီး အခုံး၊ အချွန်အတက်တွေ အများကြီး ရှိနေခဲ့ပါတယ်။ အချို့က ချွန်ပြီး အချို့က ဝိုင်းကာ ဒိုင်းမျက်နှာပြင်ကိုတော့ ပါးစပ်ဟထားတဲ့ သားရဲတစ်ကောင်ရဲ့ မျက်နှာပုံစံ ထုလုပ်ထားခဲ့ပါတယ်။

သားရဲရဲ့ ပါးစပ်တစ်ခုလုံး ထက်ရှတဲ့ အစွယ်နေနဲ့ ပြည့်နေခဲ့ပြီး ရန်လိုပြီး သတ်ဖြတ်လိုစိတ် ပြင်းပြသည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့တယ်။

ထိုသားရဲမျက်နှာကို လေ့လာနေရင်း သွေးဆာတဲ့ အရှိန်အဝါ တစ်ခုက သူ့ကိုယ်ထဲ တိုးဝင်လာတာကို ခံစားမိတော့ ရန်ကိုင်လည်း အနည်းငယ် အံ့အားသင့် သွားခဲ့ရတယ်။

ဒီအရိုးဒိုင်းရဲ့ အဆင့်က ကြေးမုံမှန်လောက် မမြင့်ပါဘူး။ ဆန်းကြယ်အဆင့်နိမ့် အဆင့်ပဲ ရှိပါတယ်၊ ဒါပေမယ့် အရိုးဒိုင်းက အကာအကွယ် လက်နက်တစ်ခု ဖြစ်နေတဲ့အတွက် ဒိုင်းရဲ့ တန်ဖိုးကလည်း အရမ်းကြီး နိမ့်ကျမသွားခဲ့ပါဘူး။

လက်နက်အမျိုးအစား အများကြီး ရှိပေမယ့် ယေဘုယျအားဖြင့် အကာအကွယ် အမျိုးအစား လက်နက်တွေက တိုက်ခိုက်ရေး အမျိုးအစား လက်နက်တွေထက် ပိုပြီး ရှားပါးတဲ့အတွက် ပိုပြီး အဖိုးတန်ပါတယ်။

လက်နက်တစ်မျိုးစီတိုင်းက သာမန်လက်နက်နဲ့ မတူတဲ့ အားသာချက်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ရန်ကိုင်သာ ထိုလက်နက် သုံခုစလုံးကို သန့်စင်နိုင်ခဲ့ရင် သူ့ရဲ့ တိုက်ပွဲစွမ်းရည်က တော်တော်ကြီးကို တိုးတက်သွားမှာပါ။

အခုအချိန်ထိ သူအသုံးပြုနိုင်တဲ့ လက်နက်သုံးခုပဲ ရှိပါသေးတယ်။

အသူအရာဓါး၊ ပွင့်ချပ်တစ်ထောင် သွေးပန်းနဲ့ မိစ္ဆာချုပ်နှောင် ချိန်းကြိုးတို့ပါ။

ပထမလက်နက် နှစ်ခုကို အချိန်အတော်ကြာအောင် အသုံးပြုလာခဲ့ပြီးတဲ့နောက် ထိုလက်နက်နှစ်ခုက ကောင်းကင် အထွတ်အထိပ်အဆင့်တွေဆိုတာ ရန်ကိုင် သေချာသွားခဲ့ပါပြီ။ တကယ်တော့ ထိုလက်နက် နှစ်ခုစလုံးက အဆုံးမဲ့ပင်လယ်က ပထမအဆင့် ဂိုဏ်းတွေရဲ့ ထွတ်မြတ်ရတနာတွေလေ။ ထို့ကြောင့် လက်နက်နှစ်ခုစလုံးရဲ့ အဆင့်က နိမ့်ကျနေခြင်း မရှိခဲ့တာပါ။

ပထမအဆင့်ဂိုဏ်းတွေမှာ အနည်းဆုံး ဆန်းကြယ်အဆင့် လက်နက်တစ်ခုလောက်ကတော့ ရှိတတ်ကြပါတယ်။ ဒါပေမယ့် အသူရာဓါးနဲ့ ပွင့်ချပ်တစ်ထောင် သွေးပန်းက ထိုဂိုဏ်းတွေရဲ့ ထွတ်မြတ်ရတနာတွေအဖြစ် သတ်မှတ်ခံထား ရတာက လက်နက် နှစ်ခုစလုံးက သူတို့အတွက် တစ်ခုခု ထူးခြားနေလို့ပဲ ဖြစ်ရပါမယ်။

မိစ္ဆာချုပ်နှောင်ချိန်းကြိုးရဲ့ အဆင့်ကိုတော့ ရန်ကိုင်လည်း သေချာမသိပါဘူး။ မိစ္ဆာဗိုလ်ချုပ် မန်ကဲရဲ့ ဝိဥာဉ်ကိုယ်ပွါးကို မိစ္ဆာချုပ်နှောင် ချိန်းကြိုးနဲ့ ချိတ်ပိတ်ပြီးကတည်က ထိုချိန်းကြိုးက အလုပ်မလုပ်တော့တာပါ။ ရန်ကိုင်က ထိုချိန်းကြိုးကို သူ့ရဲ့ အစစ်အမှန်ချီနဲ့ ဖြည်းဖြည်းချင်း ပြန်အားဖြည့်ပေးနေခဲ့ရပါတယ်။

အခု သူမှာ အရည်အသွေးမြင့် လက်နက်အသစ် သုံးခုရှိလာပြီ ဖြစ်တဲ့အတွက် ရန်ကိုင်လည်း ထိုလက်နက် သုံးခုစလုံးအား အရမ်းကို သန့်စင်နေချင်မိပါပြီ။

သေသေချာချာ စဉ်းစားတွေးတောပြီးတဲ့နောက် ရန်ကိုင်က ဝိဥာဉ်အမျိုးအစား လက်နက်နဲ့ ကြေးမုံကို ဘေးဖယ်ထားလိုက်ပြီး အရိုးဒိုင်းကို ကောက်ယူလိုက်ကာ အစစ်အမှန်ချီကို လှည့်ပတ်လိုက်တယ်။

သူ့ရဲ့ သန့်စင်သိပ်သည်းတဲ့ အစစ်အမှန်ချီတွေက အရိုးဒိုင်းထဲကို ဖြည်းဖြည်းချင်း စီးဝင်သွားခဲ့တယ်၊ အရိုးဒိုင်းကို ရန်ကိုင် သန့်စင်တဲ့နှုန်းက တော်တော်လေး မြန်ဆန်ပါတယ်။

အချိန်တွေ တဖြည်းဖြည်းနဲ့ ကုန်ဆုံးနေခဲ့ပြီး လက်နက်လုပွဲမှ ပြန်ရောက်လာကတည်းက ရန်ကိုင်က တောက်လျှောက်ကို အခန်းတွင်းပိတ် လေ့ကျင့်နေခဲ့ပါတယ်။ သူ့ရဲ့ စီနီယာမမလေးက တစ်နေ့တစ်ကြိမ် ပြန်လာခဲ့ပေမယ့် သူ့ကို တစ်ခါမှ အနှောင့်အယှတ် မပေးခဲ့ပါဘူး။ အိပ်ရာပေါ်တက်ပြီး သူ့ဘေးနားမှာသာ ငြိမ်ငြိမ်လေး လဲလျောင်းအိပ်စက်ခဲ့ပါတယ်။

သူတို့ရဲ့ ဂိုဏ်းတူညီအစ်ကို၊ ညီအစ်မတွေ သေဆုံးသွားခဲ့လို့ ဝမ်းနည်းနေခဲ့တဲ့ လူတွေလည်း တဖြည်းဖြည်းနဲ့ ထူထူထောင်ထောင် ပြန်ဖြစ်လာခဲ့ကြပါတယ်။ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က လူတွေလည်း ရန်ကိုင် အဖွဲ့သားတွေနဲ့ အလျင်အမြန်ပဲ ရင်းနှီးကျွမ်းဝင်သွားခဲ့တယ်။ ဟူညီအစ်မ နှစ်ယောက်လည်း အမျိုးမျိုးသော အင်အားစုတွေက လူငယ်ခေါင်းဆောင်တွေနဲ့ ကောင်းကောင်း အဆင်ပြေနေခဲ့ပါတယ်။

သူတို့ကို စိတ်ဓါတ်ကျစေတဲ့ တစ်ခုတည်းသော အရာက ဒီရက်ပိုင်းအတွင် ရန်ကိုင်ရဲ့ အရိပ်ကို တစ်ချက်ကလေးတောင် မတွေ့ရတာပါပဲ။

သူတို့ မပြောနဲ့၊ ချူရီမန်တောင် ရန်ကိုင်ကို အခုထိ မတွေ့ရသေးပါဘူး။

ဒါပေမယ့် ရန်ကိုင်က သူရခဲ့တဲ့ လက်နက် အသစ်တွေကို သန့်စင်နေမှန်း အားလုံး သိထားတဲ့အတွက် ဘယ်သူကမှ သူ့ကို သွားမနှောက်ယှတ်ခဲ့ပါဘူး။

နှစ်ရက်ကြာပြီးနောက် အလံကို စောင့်ရှောက်ရင်း ခန်းမထဲ ထိုင်နေခဲ့တဲ့ ကျုကောင်းရီက သူ့မျက်နှာထက် ပွတ်သပ်သွားတဲ့ လေညင်းတစ်ခုကို ခံစားမိလိုက်တာနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တယ်။

မျက်လုံးဖွင့်ဖွင့်ချင်း သူမြင်တွေ့လိုက်ရတာက သူ့ကို ငေးစိုက်ကြည့်နေတဲ့ ရင်းဂျုပါ။

“မင်းက သခင်လေး‌နောက် လိုက်နေတာ မဟုတ်ဘူးလား။ ဘာလို့ ဒီကို ရောက်လာတာလဲ” ကျုးကောင်းရီက သင်္ကာမကင်း အမူအရာနဲ့ မေးလိုက်တယ်။

ရန်ကိုင်ရဲ့ လုံခြုံရေးက ရင်းဂျုရဲ့ တာဝန်ပါ။ ရင်းဂျုက ရန်ကိုင်ဆီကနေ ဘယ်တော့မှ ခွဲထွက်လာလေ့ မရှိပါဘူး။

“သခင်လေးငယ်လေးက တံခါးပိတ် ကျင့်စဉ်ဝင်နေတယ်။ သူ့ရဲ့ လုံခြုံရေးကတော့… ဘာမှ စိုးရိမ်စရာ မရှိပါဘူး” ရန်ကိုင်ဘေးခန်းမှာ ရှိနေတဲ့ လူအိုကြီး အကြောင်းကို ပြန်စဉ်းစားမိလိုက်တာနဲ့ ရင်းဂျု နည်းနည်းလေးတောင် စိတ်မပူတော့ပါဘူး။

“အဲ့လိုဆိုရင်တောင် အခုလိုမျိုး မပေါ့ဆသင့်ဘူးလေ” ကျုကောင်းရီက စတင်ပြီး ဝေဖန်ပြောဆိုလိုက်တယ်။

“မပြောတော့နဲ့” ရင်းဂျုက အသာအယာလေး သက်ပြင်းချလိုက်ပြီး ခပ်မြန်မြန်ပဲ ဆက်ပြောလိုက်တယ် “ကျုကြီး၊ အားကောင်းတဲ့ ပညာရှင်တစ်ယောက်ကို ငါတွေ့ခဲ့တယ် သိလား”

“ဘယ်လောက် သန်မာလဲ” ကျုကောင်းရီ ကြောင်သွားခဲ့တယ်။ သွေးစစ်သည်တော်တွေ အကုန်လုံးက အရမ်းကို အားကောင်းတဲ့ ပညာရှင်တွေချည်းပါပဲ။ သူတို့တွေ အကုန်လုံးက ဟိုးငယ်ငယ်ကတည်းက ရန်မိသားစုရဲ့ တင်းကြပ်တဲ့ နည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်လာခြင်း ခံခဲ့ရတာပါ။ ပြီးတော့ သူတို့ရဲ့ ခွန်အားကို ယာယီတိုးမြှင့် ပေးနိုင်တဲ့ သွေးရူးသွပ်ခြင်း ပညာရပ်ကိုလည်း ပိုင်ဆိုင် ထားကြပါသေးတယ်။ ထို့ကြောင့် သွေးစစ်သည်တော်တွေ အကုန်လုံးက မောက်မာတဲ့ လူတွေချည်း ဖြစ်နေကြတာပါ။

“အရမ်းကို အားကောင်းတယ်” ရင်းဂျုကလို နဂိုအတိုင်း လိုရင်းတိုရှင်းပါပဲ။

“ဘယ်လောက်တောင် အားကောင်းတာလဲ” ကျုကောင်းရီ မျက်ခွံ့လှန်လိုက်တယ်။ နှစ်ယောက်စလုံးက ပုခုံးဖက် တိုက်ခိုက်လာခဲ့ကြတဲ့ ညီအစ်ကိုတွေ ဖြစ်ကြတဲ့အတွက် သူတို့အချင်းချင်း စကားပြောတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ပဲ ပြောဆို‌လေ့ ရှိကြပါတယ်။ ဒါပေမယ့် ထိုလူက အရမ်းကို သန်မာတယ်လို့ ရင်းဂျုက ပြောနေတဲ့အတွက် ထိုလူရဲ့ ခွန်အားက အရမ်းကို အားကောင်းမှာ သံသယရှိစရာ မလိုပါဘူး။

ကျုကောင်းရီလည်း စိတ်ဝင်စားသွားခဲ့တယ်၊ ဘယ်လိုလူနဲ့များ ရင်းဂျု ကြုံလာခဲ့လဲ ဆိုတာကို သူလည်း သိချင်နေမိပါတယ်။

“မင်းဖြစ်ဖြစ်၊ ငါဖြစ်ဖြစ် သူနဲ့ တစ်ယောက်ချင်း ယှဉ်တိုက်ရင် သုံးကွက်အတွင်းပဲ ငါတို့ ရှုံးနိမ့်သွားရလိမ့်မယ်” ရင်းဂျုက လေးနက်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။

ကျုကောင်းရီ ပါးစပ်အဟောင်းသာ ဖြစ်သွားခဲ့တယ်။ စကားပြောနည်းတဲ့ ရင်းဂျုက တစ်စုံတစ်ယောက်ကို ဒီလောက်အမြင့်ထိ ချီးကျူးတာမျိုး သူတစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ ထို့ကြောင့် တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ပြန်မေးလိုက်မိတယ် “သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးမယ် ဆိုရင်ကော”

“သူ့ပြိုင်ဘက် မဖြစ်နိုင်သေးဘူး၊ အများဆုံးမှ ဆယ်ကွက်လောက်ပဲ ခံနိုင်လိမ့်မယ်”

“အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်လား”

“အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်”

“မဟုတ်တရုတ်တွေ” ကျုကောင်းရီက ပါးစပ်မှ တံတွေးတွေ လွင့်စင်ထွက်လာခဲ့ပြီး ရင်းဂျုမျက်နှာကို သွားမှန်ခဲ့တယ်။

သူ့မျက်နှာထက်က တံတွေးတွေကို သုတ်လိုက်ပြီး ရင်းဂျုက ရုပ်တည်ကြီးနဲ့ ပြန်ပြောလိုက်တယ် “ငါအတည် ပြောနေတာ”

ကျုကောင်းရီက မယုံသင်္ကာ အမူအရာနဲ့ ရင်းဂျုကို အထက်အောက် စူးစမ်းကြည့်လိုက်တယ်၊ ရင်းဂျု ပြောတာကို အခုထိ သူမယုံနိုင်သေးပါဘူး။

အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တွေက ရှားပါတယ်။ သူတို့လည်း ထိုပညာရှင်တွေ တော်တော်များများကို တွေ့ခဲ့ဖူးပါတယ်။ ပထမအဆင့် အင်အားစုတွေမှာတောင် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တွေ အများကြီး မရှိလှပါဘူး။ ဒါပေမယ့် သွေးရူးသွပ်ခြင်း ပညာရပ်ကို အသက်သွင်းပြီးနောက် ထိုပညာရှင်တွေ အားလုံးကို သူတို့ အနိုင်ယူနိုင်ခဲ့ပါတယ်။

ကျင့်ကြံသူတစ်ယောက် ဘယ်လောက်ပဲ သန်မာပါစေ၊ သူတို့မှာ အကန့်အသတ်ဆိုတာ ရှိကြစမြဲပါ။ သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးပြီးတာတောင် သူတို့ကို ဆယ်ကွက်အတွင်း အနိုင်ယူနိုင်တဲ့ ပညာရှင်တစ်ယောက် ရုတ်တရက်ကြီး ဘယ်လိုလုပ် ရှိလာရတာလဲ။

သွေးစစ်သည်တော်ခန်းမရဲ့ ခန်းမခင် ဖုန်းရှန်တောင်မှ အခုလိုမျိုး မလုပ်နိုင်ပါဘူး။ ဖုန်းရှန်က ကျုကောင်းရီ မြင်တွေ့ခဲ့ဖူးတဲ့ အားကောင်းဆုံး အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ပါ။ ဖုန်းရှန်ထက် အားကောင်းတဲ့ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် ဒီလောကကြီးမှာ မရှိတော့ပါဘူး။

“ငါ့ကို အခုကြည့်ကြည့်” ရင်းဂျုက သူ့လက်မောင်း နှစ်ဖက်ကို မြှောက်လိုက်ပြီး တစ်ခုခု လုပ်ပြလိုက်တယ်။

“ဘာကိုကြည့်ရမှာလဲ…” ကျုကောင်းရီ မျက်မှောင် ကြုံ့လိုက်ပြီး ရုတ်တရက် ထိတ်လန့်တကြား ထအော်လိုက်တယ် “မင်းရဲ့ အစစ်အမှန်ချီ…”

မူမမှန်တာ တစ်ခုကို သူနောက်ဆုံး သတိထားမိသွားခဲ့ပါပြီ။

“အဲ့ပညာရှင်ရဲ့ အကူအညီနဲ့ ချီချုပ်နှောင် ချိတ်တံဆိပ်ကို ငါချိုးဖျက်နိုင်ခဲ့တာ”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ကျုကောင်းရီ ထိတ်လန်မှု မပြေနိုင်သေး။

နှစ်ရက်ပဲ ရှိပါသေးတယ်… နှစ်ရက်အတွင်းမှာပဲ ချီချုပ်နှောင် ချိတ်တံဆိပ်ကို ဖျက်စီးနိုင်ခဲ့တယ်… ဘယ်လိုတောင် မှော်ဆန်ရတာလဲ။ ဒါပေမယ့် ရင်းဂျုရဲ့ အစစ်အမှန်ချီက အတားအဆီး နည်းနည်းလေးမှ မတွေ့ပဲ သူ့သွေးကြောတွေထဲ လွတ်လွတ်လပ်လပ်နဲ့ စီးဆင်းနေနိုင် ခဲ့ပါတယ်။ ကျုကောင်းရီတောင် မယုံကြည်နိုင်ပေမယ့် ယုံကြည်ခဲ့ရပါတယ်။

“ဘယ်သူလဲ” နောက်ဆုံးမှာတော့ အဓိက အချက်ကို ကျုကောင်းရီက မေးလာခဲ့ပါပြီ။

ရင်းဂျုက ဟိုကြည့်ဒီကြည့် လုပ်လိုက်ပြီး ကျုးကောင်းရီ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်တယ်။

“အဲ့လူအိုကြီးလား…” မန်ဝူရ အရမ်းသန်မာမှန်း ကျုကောင်းရီလည်း သိပါတယ်၊ ဒါပေမယ့် ဒီလောက်အထိ သန်မာလိမ့်မယ်လို့တော့ သူ့အိမ်မက်ထဲမှာတောင် ထည့်မမက်ဖူးပါဘူး။

“ဟုတ်တယ်၊ သူပဲ။ အဲ့အကြောင်းနဲ့ ပက်သက်ပြီး ငါကိုယ်တိုင်တောင် စိတ်ရှုပ်နေတုန်း” ရင်းဂျု အဆက်မပြတ် ခေါင်းခါရမ်းနေခဲ့တယ်။ သူ့မှာ ဖြစ်ပျက်ခဲ့တာတွေကို အခုထိ မယုံနိုင် ဖြစ်နေတုန်းပါပဲ။ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ဘာမျှော်လင့်ချက်မှ မရှိပဲ မန်ဝူရဆီကနေ သွားအကူအညီ တောင်းခဲ့တာပါ၊ ဒါပေမယ့် အခုတော့ အောင်မြင်သွားခဲ့ပါပြီ။

ပြန်စဉ်းစားကြည့်မယ်ဆိုရင် လူအိုကြီးက သူ့ကိုယ်က ကြုံရာနေရာအချို့ကိုပဲ ဟိုတို့၊ဒီတို့ လုပ်ခဲ့ပြီး ထူးဆန်းတဲ့ အသက်ရှူပညာရပ် အချို့ကိုသာ သင်ကြားပေးခဲ့တာပါ။ အဲ့နောက် နှစ်ရက်လည်း ကြာပြီးရော သူ့ကိုယ်ထဲက ချီချုပ်နှောင် ချိတ်တံဆိပ်လည်း ပျက်စီးသွားခဲ့ပါတယ်။

အရမ်းကို မယုံကြည်နိုင်ဖွယ်ရာ ကောင်းတဲ့အတွက် သူ့ကိုယ်သူ အိမ်မက်ထဲ ရောက်နေတာလား လို့တောင် ရင်းဂျု ထင်ခဲ့တာပါ။

အဲ့အချိန်ကျမှ ချုပ်နှောင်တဲ့ ပညာရပ်တွေနဲ့ ပက်သက်တဲ့ နယ်ပယ်ပိုင်းကို နည်းနည်းပါးပါးလောက် လေ့လာဖူးတယ်လို့ မန်ဝူရ ပြောခဲ့တာကို ရင်းဂျုနားလည်သွားခဲ့တယ်။ မန်ဝူရက နည်းနည်းပါးပါး လောက်ပဲ တတ်ကျွမ်းတယ်လို့ သူကိုယ်သူ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူပြသခဲ့တဲ့ အဆင့်က နည်းနည်းပါးပါးလေးပဲ တတ်ကျွမ်းထားခဲ့တဲ့ အဆင်မျိုး မဟုတ်ပါဘူး၊ ချုပ်နှောင်မှု ပညာရပ် နယ်ပယ်ပိုင်းမှာ လုံးဝကို ဆရာကြီးအဆင့် ရောက်နေတာပါ။

“ချူကြီး၊ ဒီအိမ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်တွေ အများကြီး ရှိနေတာကို ငါသတိထားမိတယ်၊ မင်းရော သတိထားမိသေးလား” ရင်းဂျုက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။

“ဟုတ်တယ်၊ ငါလည်း အဲ့အချက်ကို သတိထားမိတယ်” ကျုကောင်းရီက ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

ပြောစရာ မလိုအောင်ပဲ၊ ဟွမ်ဂျုကျုရဲ့ ချီချုပ်နှောင် ချိတ်တံဆိပ်ကို အက်ကွဲအောင် လုပ်ခဲ့တဲ့ မန်ဝူရကတင် အံ့အားသင့်စရာ ကောင်းနေပါပြီ။

စံအိမ်ကို ရောက်ရှိလာခဲ့တဲ့ အမွှာညီအစ်မ နှစ်ယောက် ကလည်း ပုံမှန်မဟုတ်ပါဘူး။ နှစ်ယောက်စလုံး အစစ်အမှန်ဒြပ်စင် အဆင့်၈ ကျင့်ကြံသူတွေပါ။ ဒါပေမယ့် နှစ်ယောက်စလုံးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်အောက် မနိမ့်ကျဘူးလို့ သူတို့ ခံစားနေခဲ့ရပါတယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃၊ အဆင့်၄ ပညာရှင်တွေတောင် သူမတို့ နှစ်ယောက်ရဲ့ ပြိုင်ဘက် မဟုတ်လောက်ပါဘူး။

ပြီးတော့ ရန်ကိုင်ရဲ့ စီနီယာမမလေး ဆိုတဲ့လူလည်း ရှိပါသေးတယ်။ ဇာပုဝါတပ်ဆင်ထားတဲ့ မိန်းကလေး ဆေးဖော်စပ်ခန်းမကို နေ့တိုင်းသွားပါတယ်။ ပြီးတော့ ဆေးဖော်စပ်ခန်းကနေ အမျိုးမျိုးသော အဆင့်မြင့် ဆေးလုံးတွေ အများကြီး ထွက်လာခဲ့ပါတယ်။ ဆေးလုံးတွေက အဆင့်မြင့်ရုံ မကလို့ ၂၀ရာခိုင်နှုန်း လောက်က ဆေးသွေးကြောတွေ ပါတဲ့ ဆေးလုံးတွေ ဖြစ်နေခဲ့ကြပါသေးတယ်။

ရန်ကိုင့် စံအိမ်မှာ ဆန်းကြယ်အဆင့် ဆေးလုံးတွေဆိုတာ လမ်းဘေးက ဂေါဖီထုပ်တွေလို ပေါ့သောနေလို့ပါ။

ပြီးတော့ ထိုဇာပုဝါတပ်ထားတဲ့ မိန်းကလေးရဲ့ ခွန်အားကလည်း အံ့ဩစရာကြီးပါ။ ရန်ကိုင် စံအိမ်ဆီ သူမ စရောက်တုန်းက အင်မော်တယ် တက်လှမ်းခြင်း ပထမအဆင့်ကို ချိုးဖျက်ပြီးရုံပဲ ရှိပါသေးတယ်။ ဒါပေမယ် ရက်နည်းနည်းလောက် ကြာလည်းကြာပြီးရော ထိုမိန်းကလေးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂ကို ချိုးဖျက်သွားခဲ့ပါတယ်။

အခု သူမရဲ့ ကျင့်ကြံခြင်းက လုံးဝကို ကျစ်လစ်ခိုင်မာ သွားခဲ့ပြီး နောက်တစ်ဆင့်ကို ချိုးဖျက်မယ့် အရိပ်အယောင်တွေတောင် ပြလာခဲ့ပါပြီ။

သူမ တံခါးပိတ်ကျင့်စဉ် ဝင်တာ သူတို့ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ ဒါဆိုရင် သူမခွန်အား တိုးတက်နေတဲ့ နှုန်းက ဘာလို့ ဒီလောက်မြန်နေရတာလဲ။

ပြီးတော့ အဲ့ဆေးလုံးတွေကို သောက်သုံးပြီးတဲ့ သခင်လေး၊ သခင်မလေးတွေ အကုန်လုံးလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြပါတယ်။ ယောကျာ်းတွေရော၊ မိန်းမတွေရော အကုန်လုံး ပိုပြီး ရုပ်ချော၊လှပ လာခဲ့ကြသလို ကျင့်ကြံမှုပိုင်းနဲ့ ပက်သက်ရင် သူတို့အကုန်လုံးက ပြန်မွေးဖွား လာကြသလိုပါပဲ။ သူတို့ထဲက ဘယ်သူမှ ဇာပုဝါတပ်ထားတဲ့ မိန်းကလေး အဆင့်ကို မရောက်ပေမယ့် သူတို့ကျင့်ကြံတဲ့ အမြန်နှုန်းက ပုံမှန်မဟုတ်တဲ့ အဆင့်ထိ မြင့်တက်လာခဲ့ကြပါတယ်။

ဟုတ်တာပေါ့… ဆန်းကြယ်မှုအပေါင်း သရဖူဆောင်းတဲ့ လူကတော့ သူတို့ သခင်ငယ်လေးပါပဲ။

ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံးရဲ့ ဒဏ်ရာတွေ သက်သာပျောက်ကင်း သွားခဲ့ပါပြီ။ အဲ့ဒါတင် မကသေး၊ နှစ်ပေါင်းများစွာကြာအောင် ကုသလို့ မပျောက်ကင်းနိုင် ဖြစ်ခဲ့တဲ့ သူတို့ရဲ့ အတွင်းဒဏ်ရာတွေလည်း အရှင်း သက်သာ ပျောက်ကင်းသွားခဲ့ပါပြီ။

မကြာသေးခင်တုန်းကမှ သူတို့ဆီ လာပူးပေါင်းခဲ့တဲ့ ရှန်ရှောင်တောင် ထိုပဉ္စလက်ဆန်ဆန် ပြောင်းလဲမှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ပြောလာခဲ့ပါတယ်။ ပြီးတော့ ကျင့်ကြံရတာ ပိုပြီး ချောမွေ့လာခဲ့သလို ပိုပြီး မြန်ဆန်လာတာ ကိုလည်း သုံးယောက်စလုံး သတိပြုမိကြပါတယ်။

ဒါတွေအားလုံးက သူတို့ သခင်လေးပေးခဲ့တဲ့ ထူးခြားဆန်းကြယ်တဲ့ မြေကမ္ဘာအဆင့် ဆေးလုံးတွေ ကြောင့်ပါပဲ။ ထိုဆေးလုံးတွေက အခြားဆေးလုံးတွေထဲ လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုခု ရှိကိုရှိနေရပါမယ်။

ပြီးတော့ သခင်လေးရဲ့ ကိုယ်ပိုင်နည်းလမ်း တွေကလည်း မှော်ဆန်လွန်းလှပါသေးတယ်။ အမွေခံတိုက်ပွဲ စကတည်းက ဘယ်သူမှ မထင်မှတ်ထားတဲ့ အံ့အားသင့်စရာတွေကိုချည်း လုပ်ပြသွားခဲ့တာပါ၊ ကျုကောင်းရီနဲ့ ရင်းဂျုတောင် သူတို့ သခင်လေးကို မလေးစားပဲ မနေနိုင်ခဲ့ပါဘူး။

မဟာပါရမီရှင်တွေက မျိုးဆက်တစ်ခုမှာ တစ်ယောင်တောင် ပေါ်ခဲ့တယ်လို့ ပြောကြပါတယ်။ ဒါဆိုရင် ဒီမျိုးဆက်ထဲမှာပဲ မွန်းစတားဆန်တဲ့ ဂျီးနီးယပ်တွေ တစ်ယောက်ပြီး တစ်ယောက် ဘာလို့ ထွက်ပေါ် လာနေရတာလဲ။ ပြီးတော့ ထိုမွန်းစတားတွေ အကုန်လုံးက ရန်ကိုင်အိမ် တစ်ခုတည်းမှာပဲ စုဝေးနေခဲ့ကြပါတယ်။

“ကျုကြီး၊ မကြာခင်မှာပဲ ငါအင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ကို ချိုးဖျက်နိုင်တော့မယ်ကွ” ရင်းဂျုရဲ့ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့တယ်။

“ဟဲ ဟဲ၊ ငါလည်း နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့ မလိုတော့ပါဘူးကွ၊ ငါ့ကောင်ရ” ကျုကောင်းရီ အားကျမခံ ပြန်ပြောလိုက်တယ်။

“အရင်တုန်းက ငါတို့ ကျင့်ကြံနှုန်းက ဒီလောက် မြန်ခဲ့လို့လား” ရင်းဂျုက ကျုကောင်းရီကို တည့်တည့် စိုက်ကြည့်လိုက်ပြီး မေးလိုက်တယ်။

“မမြန်ဘူးလေ” ကျုကောင်းရီ မျက်မှောင် ကျုံ့လိုက်ပြီး တိုးတိုးလေး ပြန်မေးလိုက်တယ် “မင်းဘာပြောချင်နေတာလဲ”

“တကယ်ကို အံ့ဩစရာကောင်းပြီး လျှို့ဝှက် ဆန်းကြယ်တဲ့ လူတွေအကုန်လုံးက သူတို့ ဆန္ဒအလျောက် သခင်ငယ်လေးဆီ လာရောက် စုဝေးနေကြတာ တကယ်ကို ပုံမှန်မဟုတ်ဘူးကွ၊ ဒါပေမယ့် အဲ့လိုမတွေးပဲနဲ့ ဒီလိုမျိုး ပြန်တွေးကြည့်ရင်ကော၊ အဲ့လူတွေ အကုန်လုံးက သခင်ငယ်လေးကြောင့် အံ့ဩစရာ ကောင်းလာတာ ဆိုရင်…” ရင်းဂျုက လေးနက်တဲ့ အဓိပ္ပါယ်နဲ့ ပြောလိုက်တယ်။

ကျုကောင်းရီ မျက်နှာထက် ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။

ထိုအကြောင်းကို ရင်းဂျု ပြောလိုက်တာနဲ့ သူ ရုတ်တရက် နားလည်သွားခဲ့တယ်။

သခင်လေးနားမှာ စုဝေးနေတဲ့ ဂျီးနီးယပ်တွေနဲ့ ပညာရှင်တွေ အကုန်လုံး မွန်းစတားဆန်နေတာ နည်းနည်းတော့ ယုတ္တိမရှိလှပါဘူး။ ထိုသခင်လေးတွေ၊ သခင်မလေးတွေ ရန်ကိုင်စံအိမ်ဆီ စရောက်တုန်းက သူတို့ အရည်အချင်းတွေက သာမန်လူတွေထက် နည်းနည်း ပိုသာတာလေးပဲ ရှိတာပါ။ ဒါက ပထမအဆင့် အင်အားစုတွေက လူငယ်ခေါင်းဆောင်မှာ ရှိသင့်တဲ့ အရည်အချင်းပါ။ ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့ သူတို့ရဲ့ အရည်အချင်းနဲ့ ပါရီမီက တဖြည်းဖြည်းနဲ့ တိုးတက်လာခဲ့ပါတယ်။

အချိန်တိုအတွင်းမှာပဲ အတားအဆီးကို ချိုးဖျက်ပြီး နောက်တစ်ဆင့်ကို တက်နိုင်ခဲ့တဲ့ လူအရေအတွက်က တကယ်ကို ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှပါတယ်။

ဒါပေမယ့် ဒါတွေအားလုံးရဲ့ အရင်းခံက ရန်ကိုင်ဆိုရင် သူဘယ်လိုလုပ်ခဲ့တာလဲ။ ရန်မိသားစုဆီက နဂါးအသွင်ပြောင်း ရေကန်မှာတောင် ဒီလို အစွမ်းမျိုး မရှိပါဘူး။

All Chapters