← Chapters

အခန်း (၄၇၆-၄၈၀)

Vol. 20 Ch. 476-480

အခန်း (၄၇၆-၄၈၀)

Vol. 20 Ch. 476-480

အပိုင်း(၄၇၆)

ထောင်ရန် ဘာမျှော်လင့်ချက်မှ မထားပါဘူး။ စီနီယာဒဲကို ဒေါသထွက်အောင် လုပ်မိမှာ စိုးတာကြောင့်သာ စိတ်သဘောထား ကြီးချင်ယောင် ဆောင်လိုက်တာပါ။

ဒါပေမယ့် စီနီယာနဲ့ တစ်ခဏလောက် ကြာအောင် စကားပြောပြီးနောက် ထောင်ရန် အမူအရာ ဖြည်းဖြည်းချင်း တည်ငြိမ်သွားခဲ့တယ်။ ဒီသက်လတ်ပိုင်း လူကြီးက လက်သန့်စင်တဲ့ ပညာရပ်ကို တကယ်ပဲ အထူးပြု မလေ့လာ ထားခဲ့ပါဘူး။ သူ့ကိုယ်တိုင်တောင် လက်နက်တစ်ခုတောင် သန့်စင်ခဲ့ဖူးလား မသေချာပါဘူး။

ဒါပေမယ့် လက်နက်သန့်စင်တာနဲ့ ပက်သက်ပြီး ဒီသက်လတ်ပိုင်းလူကြီး တော်တော်လေး နားလည်ထားခဲ့ပါတယ်။ လက်နက်သန့်စင်တဲ့ ပညာရပ်ပိုင်းမှာ စီနီယာရဲ့ နားလည်သဘောပေါက်မှုက သူ့ထက် အများကြီး ပိုမိုသာလွန်ပါတယ်။ သူပြောသွားခဲ့တဲ့ အရာတော်တော် များများကို ထောင်ရန် တစ်ခါမှ မကြားခဲ့ဖူးသလို ပြောသွားသမျှတွေကလည်း ဒီလောကကြီးရဲ့ လက်နက် သန့်စင်တဲ့ ပုံစံနဲ့ လုံးဝကို ခြားနားနေခဲ့ပါတယ်။

မကြာခင်မှာပဲ ထောင်ရန်ရဲ့ တည်ငြိမ်နေတဲ့ အမူအရာ ဟန်ပန်က ထိတ်လန့်တုန်လှုပ်သည့် အမူအရာ အဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။ သက်လတ်ပိုင်းလူကြီးကို အထင်သေးခဲ့တဲ့ ဝူရန်တောင် စီနီယာဒဲပြောတာကို ဝင်ရောက်နားထောင်နေခဲ့ပါပြီ။

နာရီဝက်ကြာပြီးနောက် ဝူရန်လည်း ဝင်ပြောလာခဲ့တယ်။ လက်နက်သန့်စင်တဲ့ ကိစ္စတွေနဲ့ ပက်သက်တဲ့ သူ့အခက်ခဲတွေ၊ အထင်အမြင်တွေကို ထုတ်ပြောလာခဲ့ပြီး စီနီယာဒဲစီကနေ အကြံဥာဏ်တွေ ဘာတွေ တောင်းလာခဲ့ပါတယ်။

စစ်ပွဲမြို့တော်၊ ရန်ကိုင်နဲ့ သူ့ရဲ့ စီနီယာမမလေး အခန်းထဲ၌၊ ရန်ကိုင် သက်ပြင်း အရှည်ကြီးတစ်ချက် ချလိုက်ပြီး သူ့လက်ထဲက အရိုးဒိုင်းက အလင်းတန်းတစ်ခု အဖြစ်ပြောင်းလဲသွားခဲ့ကာ သူ့ကိုယ်ထဲ ဝင်ရောက် ပျောက်ကွယ်သွားခဲ့တယ်။

ဆန်းကြယ်အဆင့် လက်နက်တစ်ခုကို သန့်စင်ဖို့ရာ ရန်ကိုင်အတွက် အချိန်ငါးရက် ကြာခဲ့ပါတယ်။ ဒါတောင် သူ့ရဲ့ အလွန်အမင်း သန့်စင်လှတဲ့ အစစ်အမှန်ချီကြောင့်ပါ။ တစ်ယောက်ယောက်သာ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ဆန်းကြယ်အဆင့် လက်နက်တစ်ခုကို သန့်စင်မယ်ဆိုရင် ဆယ်ရက်ကနေ လဝက်လောက်အထိ ကြာနိုင်ပါတယ်၊ အခြေခံအားဖြင့် မဖြစ်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။

အရိုးဒိုင်း သူ့ကိုယ်ထဲ တိုးဝင်ပျောက်ကွယ် သွားတာနဲ့ ထိုအရိုးဒိုင်းရဲ့ လုပ်ဆောင်ပုံတွေကို သူနားလည်သွားခဲ့ပြီး သူ့မျက်နှာထက် ကျေနပ်သည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တယ်။

ဆန်းကြယ်အဆင့် လက်နက်တွေက တကယ်ကို သာမန်မဟုတ်ပါဘူး။ ဒီလက်နက်ကိုသာ ကောင်းကောင်း အသုံးချနိုင်ရင် တိုက်ပွဲတစ်ခုကို အထက်အောက် ပြောင်းပြန်လှန်လိုက်နိုင်ပါတယ်။

အရိုးဒိုင်းကို သန့်စင်တာနဲ့ ပက်သက်ပြီး ရန်ကိုင်မှာ ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိပါတယ်။

ကြေးမုံရဲ့ အဆင့်က အရိုးဒိုင်းထက် မြင့်တော့ ကြေးမုံကို သန့်စင်ဖို့ လိုအပ်တဲ့အချိန်က အရိုးဒိုင်းကို သန့်စင်ဖို့ လိုအပ်ထက် အချိန်ထက် အများကြီး ပိုကြာမှာ အသေအချာပါပဲ။ ဓါးလေးအတွက်ကတော့ သူ့ရဲ့ ကောင်းကင် စိတ်အာရုံက အားကောင်းပေမယ့် သူ့မှာ အသိစိတ်ပင်လယ် မရှိသေးတဲ့အတွက် ဒီလက်နက်ကို သန့်စင်ဖို့ သူ့အတွက် ခက်ခဲနေခဲ့ပါတယ်။

ထို့ကြောင့် အရိုးဒိုင်းကိုပဲ သူအရင်ဆုံး သန့်စင်လိုက်တာပါ။

အရိုးဒိုင်း သူ့ကိုယ်ထဲ ဝင်ရောက်သွားတာနဲ့ အရိုးဒိုင်ကို ဘယ်လိုဘယ်ပုံ အသုံးပြုနိုင်လဲ ဆိုတာကို သူသိသွားခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ အစစ်အမှန်ဒြပ်စင် အဆင့်၈ ကျင့်ကြံခြင်းကလည်း လုံးဝကို ကျစ်လစ်သွားခဲ့ပါပြီ။

သူသာ အခုနေ ကြေးမုံကို သန့်စင်လိုက်ရင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ကို တန်းပြီး ချိုးဖျက်သွားနိုင်တယ်လို့တောင် ရန်ကိုင် အာရုံရနေပါတယ်။

ကျင့်ကြံသူ တစ်ယောက်ရဲ့ ခွန်အား တိုးတက်လာတာနဲ့ အမျှ နောက်တစ်ဆင့်ကို ချိုးဖျက်ချင်တယ် ဆိုရင် အစစ်အမှန်ချီကို စုဆောင်းရုံသက်သက်နဲ့တင် မလုံလောက် တော့ပါဘူး။ စိတ်စွမ်းအင်ကို တိုးမြှင့်ဖို့ လိုအပ်လာရုံမက သိုင်းတာအိုနဲ့ ပက်သက်တဲ့ နားလည်မှုတွေကိုပါ ပိုပြီး နက်နဲလာအောင် လုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။

လိုအပ်ချက်တွေ ပြည့်စုံသွားတာနဲ့ အစစ်အမှန်ချီကို စုဆောင်းရတာ အရမ်းကို လွယ်ကူသွားမှာပါ။

အရိုးဒိုင်းရဲ့ ဆန်းကြယ်မှုတွေကို လေ့လာနေတုန်းမှာပဲ သူ့ဝိဥာဉ် အနည်းငယ် လှုပ်ခါသွားတာကို ခံစားမိလိုက်သဖြင့် ရန်ကိုင်က ခေါင်းမော့လိုက်ပြီး အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်တယ်။ ထိုသို့ ကြည့်လိုက်တဲ့အခိုက် သူ့မျက်နှာထက် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တယ်။

“နတ်ဆိုးအိုကြီး၊ နောက်ဆုံးတော့ ခင်ဗျား ပေါ်လာခဲ့ပြီပေါ့” ရန်ကိုင်က ပြုံးလိုက်ပြီး ထိုင်ရာက‌နေ ခပ်မြန်မြန်ပဲ ထလိုက်ကာ အခန်းတံခါးကို ဖွင့်လိုက်ပြီး အပြင်ကို ထွက်သွားလိုက်တယ်။

“သခင်လေး” ရင်းဂျုက တစ္ဆေတစ်ကောင်လို ထွက်ပေါ်လာခဲ့တယ်။

ရန်ကိုင်က ရင်းဂျုကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရဲ့ ကောင်းကင် စစ်ဆေးကြည့်လိုက်တယ်။ ရင်းဂျုက သူ့ခွန်အား အပြည့်ကို ပြန်ရရှိသွားပြီ ဆိုတာကို ခပ်မြန်မြန်ပဲ သူနားလည် သွားလိုက်ကာ ပေါ့ပေါ့းပါးပါးနဲ့ ပြန်ပြောလိုက်တယ် “ခင်ဗျားဘာသာ ခင်ဗျားလေ့ကျင့်နှင့်ဦး။ အခု လောလောဆယ်တော့ ခင်ဗျားအတွက် ဘာမှ လုပ်စရာ မရှိသေးဘူး”

“ဟုတ်ကဲ့ပါ” ရင်းဂျုရဲ့ ပုံရိပ်က အရိပ်ထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်။

တကယ်တော့ ရင်းဂျု အနည်းတော့ အံ့အားသင့်သွားခဲ့ ပါတယ်။ ရန်ကိုင်က သူ့ရဲ့ လက်ရှိအခြေအနေကို နည်းနည်း လေးတောင် အံ့အားသင့်မှာ မဟုတ်ဘူးလို့ သူမမျှော်လင့် ထားခဲ့ပါဘူး။ သူ့သခင်ငယ်လေးက မန်ဝူရအပေါ် အပြည့်အဝ ယုံကြည်ချက် ရှိတဲ့ပုံပါပဲ။

ဘေးဘက် အခန်းတံခါး ပွင့်သွားခဲ့ပြီး မန်ဝူရက လေးနက်တည်ကြည် အမူအရာနဲ့ ထွက်လာခဲ့ကာ အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်တယ်။

“အဲ့ဘက်ကနေ အားကောင်းတဲ့ နတ်ဆိုးချီ တစ်ခုကို ငါအာရုံခံမိနေတယ်” ဘဏ္ဏာထိန်းမန်က ရန်ကိုင်ဆီ လှည့်ကြည့်လိုက်ပြီး ထပ်ပြောလိုက်တယ် “ပြီးတော့ အဲ့နတ်ဆိုးချီတွေကို ငါရင်းနှီးနေတယ်”

“ခင်ဗျား သူတို့ကို အရင်က တွေ့ခဲ့ဖူးပါတယ်” ရန်ကိုင် ပြုံးလိုက်တယ်။

မန်ဝူရ မျက်မှောင် ကြုံ့လိုက်ပြီး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားခဲ့ကာ “အဲ့နတ်ဆိုးအရှင်သခင်လား”

“အမှန်ပဲ” ရန်ကိုင်က အသာအယာလေး ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

ဟိုအချိန်တစ်ခါတုန်းက ရစ်ခွေနဂါးစမ်းချောင်း အောက်ဘက်ရှိ သူ့ရဲ့ လိုဏ်ဂူလေးအတွင်း၌ မန်ဝူက နတ်ဆိုးအိုကြီးကို ရန်ကိုင် ကိုယ်ထဲကနေ အတင်းအကြပ် ထုတ်ယူခဲ့ဖူးပါတယ်။ အဲ့အချိန်တုန်းက မန်ဝူရက နတ်ဆိုးအိုကြီးရဲ့ စိတ်ဝိဥာဉ်ကို ရန်ကိုင်ကိုယ်ထဲကနေ အတင်းအကြပ် ထုတ်ယူနိုင်ခဲ့ပေမယ့် မန်ဝူရက နတ်ဆိုးအိုကြီးကို တော်တော်လေး သတိထားနေတယ် ဆိုတာကို ရန်ကိုင် သတိပြုမိပါတယ်။

“သူဖြစ်နေမှတော့ ဒီလူအိုကြီးလည်း သူ့ကို သွားပြဿနာ ရှာမနေတော့ဘူး။ သူဒီကို ရောက်ရင် ငါ့ဆီ လာတွေ့ခိုင်းလိုက်” မန်ဝူရက ပြောလိုက်တယ်။ သူ့မျက်နှာထက် အတိတ်ကို လွမ်းမောတသသည့် အရိပ်အယောင် အချို့ ဖြတ်ပြေးသွားခဲ့တယ်။

ရန်ကိုင် အံ့အားသင့်သွားခဲ့ပေမယ့် အလျင်အမြန်ပဲ ခေါင်းညိတ်ပြလိုက်ပါတယ်။

“ကောင်စုတ်လေး၊ ဒီလူအိုကြီးကိုလည်း အဲ့လောက် အဆိုးမမြင်စမ်းပါနဲ့ကွာ။ အဲ့မိစ္ဆာအရှင်သခင်နဲ့ ပက်သက်ပြီး မင်းဂရုစိုက်သင့်တယ်။ သူက မင်းထင်သလောက် မရိုးရှင်းဘူး”

“ကျုပ်သိတယ်”

“ပြီးတော့ စစ်ပွဲမြို့တော်ကို ပညာရှင် ရှစ်ယောက်က အဆက်မပြတ် စောင့်ကြည့် ထောက်လှမ်းနေတယ် ဆိုတာကိုလည်း မမေ့နဲ့ဦး”

ထိုအချက်ကို ပြန်သတိရလိုက်တာနဲ့ ရန်ကိုင် ခေါင်းကိုက်ချင်လာခဲ့တယ်။ အခုလောလောဆယ် စစ်ပွဲ မြို့တော်က အခြေအနေတွေကို အဆက်မပြတ် စောင့်ကြည့် ထောက်လှမ်းနေတဲ့ ဗဟိုမြို့တော် မိသားစုကြီး ရှစ်ခုက လွှတ်လိုက်တဲ့ ပညာရှင်ရှစ်ယောက် ရှိနေခဲ့ပါတယ်။ နတ်ဆိုးအိုကြီးရဲ့ အရှိန်အဝါကိုလည်း ထိုရှစ်ယောက်စလုံး အာရုံခံမိမှာပါ။ သူက ရန်ကိုင်ဘက်က ဆိုပေမယ့် ထိုပညာရှင်တွေ မျက်စိနောက်တဲ့အထိ လွန်လွန်ကဲကဲ လုပ်ပြလာရင်တော့ ထိုပညာရှင် ရှစ်ယောက်လည်း ဒီအတိုင်း ငြိမ်ပြီး ထိုင်နေလိမ့်မှာ မဟုတ်ပါဘူး”

စကားနည်းနည်းပါးပါး ပြောပြီးတာနဲ့ မန်ဝူရက သူ့အခန်းထဲ ပြန်ဝင်သွားလိုက်တယ်။

ရန်ကိုင်က ကူကယ်ရာ မဲ့နေတဲ့ အမူအရာနဲ့ ခေါင်းခါရမ်းလိုက်ပြီး လမ်းလျှောက်ထွက်သွားလိုက်တယ်။ ဒီလအတောအတွင်း နတ်ဆိုးအိုကြီး ဘာတွေ လုပ်နေလဲ ဆိုတာကို သူလည်း တကယ်ပဲ သိချင်မိပါတယ်။

ပြီးတော့ သူအာရုံခံမိရသလောက် နတ်ဆိုးအိုကြီးက တစ်ယောက်တည်း ရောက်လာခဲ့တာ မဟုတ်ပါဘူး။ သူက လန်ရှန်းနဲ့အတူ လာနေခဲ့တာပါ။

လန်ရှန်းက နတ်ဆိုးအိုကြီးနဲ့အတူ ရှိနေတယ် ဆိုမှတော့ သူသိတဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေလည်း သူမနဲ့အတူ ရှိနေတာပဲ ဖြစ်ရပါမယ်။

စံအိမ်ဝင်ပေါက်စီ လမ်းလျှောက်နေတဲ့ အချိန်မှာပဲ ရန်ကိုင်က ဖြတ်သွားဖြတ်လာ ကျင့်ကြံသူ တစ်ယောက်ကို ခေါ်ပြောလိုက်တယ် “ချူရီမန်ကို သွားခေါ်လိုက်”

“ဟုတ်ကဲ့ပါ” ထိုလူက အလျင်စလိုပဲ ချူရီမန်ကို သွားရှာလိုက်တယ်။

မကြာခင်မှာပဲ ချူရီမန် ရောက်လာခဲ့ပြီး သိချင်စိတ် ပြင်းပြသည့် အမူအရာလေးနဲ့ “ဘာကိစ္စလဲ”

“ဧည့်သည့်တွေကို သွားကြိုရမယ်လေ” ရန်ကိုင်က ပေါ့ပေါ့ပါးပါးပဲ ပြန်ပြောလိုက်တယ်။

“ဧည့်သည်တွေလား” ချူရီမန် မျက်မှောင် ကြုံ့သွားခဲ့ပြီး ချက်ချင်း ပြုံးလိုက်ကာ “တစ်ယောက်ယောက်က နင့်ကို လာကူညီတာလား”

“အဲ့လိုပဲပေါ့” ရန်ကိုင်က မရေရာ မသေချာတဲ့ ပုံစံနဲ့ ပြန်ပြောလိုက်တယ်။

ချူရီမန် ဖွဖွလေး ပြုံးလိုက်ပြီး ရန်ကိုင်ကို ကြည့်လိုက်တယ်။ တစ်ယောက်ယောက် လာနေပြီဆိုတာကို သူဘယ်လိုသိလဲ သူမ မသိပေမယ့် သူက အခုလို ပြောလာမှတော့ တစ်ယောက်ယောက် လာနေလို့ပဲ ဖြစ်ရပါမယ်။ ထို့ကြောင့် ပြန်ပြီးတော့သာ ခေါင်းညိတ်ပြလိုက်ပြီး “လူတွေ ပိုရောက်လာလေ ပိုကောင်းလာလေပဲ။ အဲ့လိုဆို ငါတို့ရဲ့ ခွန်အားကလည်း ပိုပြီး တိုးတက်လာလိမ့်မယ်”

“အခုလာနေတဲ့ လူတွေက နည်းနည်း ထူးခြားတယ်။ သူတို့အတွက် နင်သေသေချာချာ ပြင်ဆင် ပေးရလိမ့်မယ်။ သူတို့တွေကို အခြားအဖွဲ့တွေနဲ့ ပြဿနာ မဖြစ်အောင် နင်သေချာ ဂရုစိုက်ဖို့လိုတယ်”

“နင်ဘာပြောချင်တာလဲ” ဘယ်လို အင်အားစုကများ ရန်ကိုင်ကို ဒီလောက် ဂရုစိုက်စေရလောက်အောင် လုပ်နိုင်မှန်း ချူရီမန် နားမလည်ခဲ့ပါဘူး။ မဟာအင်အားစု ဖြစ်ဖြစ်၊ ပထမအဆင့် အင်အားစု ဖြစ်ဖြစ်၊ ဒုတိယအဆင့် အင်အားစုဖြစ်ဖြစ် အားလုံးကို ရန်ကိုင်က တစ်တန်းတည်း ထားပြီး ဆက်ဆံတာပါ။

အားနည်းတဲ့ အင်အားစုက လူတွေကို အထင်မသေး သလို အားကြီးတဲ့ အင်အားစုက လာတဲ့လူတွေကိုလည်း သွားပြီး ဖားယားမနေပါဘူး။ သူ့ရဲ့ ဘက်မလိုက်တဲ့ အပြုအမူကြောင့်ပဲ စံအိမ်ထဲမှာ ရှိနေတဲ့လူတွေ အကုန်လုံး အေးအေးသက်သက် သာသာနဲ့ နေနိုင်ကြတာပါ။

ဒါပေမယ့် အခုတော့ ရန်ကိုင်က အသစ်ရောက်လာမယ့် လူတွေကို သူမအား အထူးဂရုစိုက်ဖို့ ပြောနေခဲ့ပါတယ်။ ဒီရောက်လာတဲ့ အဖွဲ့က ဘာတွေများ ထူးခြားနေလို့ ရန်ကိုင်ကို အခုလို ပြုမူစေရတာလဲ ဆိုတာကို ချူရီမန် နားမလည်နိုင် ဖြစ်နေခဲ့တယ်။

“သူတို့တွေက တိမ်မိစ္ဆာနယ်မြေက လာတာ။ နင်နားလည်တယ် မလား” ရန်ကိုင်က ချူရီမန်ဆီ လှည့်ကြည့်လိုက်တယ်။

ချူမိသားစု ပထမ သခင်မလေးရဲ့ စိတ်ထဲ မိန်းမနှစ်ယောက်ရဲ့ ပုံရိပ် ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ တစ်ယောက် ရင့်ကျက်ပြီး အရမ်းကို ဆွဲဆောင်မှုရှိတဲ့ အလှလေးတစ်ယောက်၊ နောက်တစ်ယောက်က အဝတ်အစားတွေ ဆုတ်ဖြဲခံထားရပြီး ပါးစပ် ထောင့်စွန်းကနေ အဖြူရောင် အရည်တွေ စီးကျနေတဲ့ အလှလေးတစ်ယောက်၊ “နတ်ဆိုးဘုရင်မ လာတာလား”

“မဟုတ်ဘူး။ သူတို့တွေက တစ္ဆေဘုရင်တောင်ကြားက” ရန်ကိုင် ခေါင်းခါရမ်းလိုက်တယ်။

ထိုစကား ကြားလိုက်မှပဲ ချူရီမန် စိတ်သက်သာရာ ရသွားခဲ့ပြီး သက်ပြင်းတစ်ချက် ချလိုက်ကာ ခေါင်းညိတ်ပြလိုက်တယ် “ငါနားလည်ပြီ”

တိမ်မိစ္ဆာနယ်မြေက လာတဲ့လူတွေ ဖြစ်တဲ့အတွက် အိမ်ထဲမှာ ရှိနေတဲ့ အင်အားစုတွေနဲ့ တည့်ကြလိမ့်မှာ မဟုတ်ပါဘူး။ သူမသာ ကောင်းကောင်း မကိုင်တွယ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် ဒီကောင်စုတ်က တစ္ဆေဘုရင်တောင်ကြားနဲ့ ဘယ်တုန်းကများ အဆက်အသွယ် ရှိသွားခဲ့တာလဲ။

ရန်ကိုင်ရဲ့ မဟာမိတ် အရေအတွက်ကြောင့် ချူရီမန် နောက်တစ်ကြိမ် အံ့အားသင့်သွား ခဲ့ရပြန်ပါတယ်။

မကြာခင်မှာပဲ အဖွဲ့တစ်ခု ရန်ကိုင် စံအိမ်ရှေ့သို့ ရောက်ရှိလာခဲ့တယ်။ အဖွဲ့ထဲမှာ စုစုပေါင်း လူ၃၀ကျော် ပါလာခဲ့ပါတယ်။ ထိုလူတွေကို မြင်လိုက်တာနဲ့ ချူရီမန်က ပြုံးပြုံးရွှင်ရွှင်နဲ့ အားလုံးကို ကြိုဆိုလိုက်တယ်။

ရန်ကိုင်က လက်နောက်ပစ်ရင်း နေရာမှာပဲ တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့တယ်။ သူ့မျက်ဝန်းအစုံက အဖွဲ့အလယ်ရှိ သက်လတ်ပိုင်းလူကြီးထံသို့ ကျရောက်သွားတဲ့ အခိုက် သူ့နှုတ်ခမ်းအစုံက ကွေးတက်သွားခဲ့တယ်။

အခြားသူတွေကို လိုက်ကြည့်လိုက်တဲ့အခါ မိစ္ဆာလိုဏ်ဂူထဲမှာ သူတွေ့ခဲ့ရတဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေ အကုန်လုံး ရှိနေတာကို သူတွေ့လိုက်ရတယ်။

ဒါပေမယ့် သူ့ကို အံ့အားသင့် စိတ်လှုပ်သွားစေတာက ရတနာဂိုဏ်းက တပည့်တွေက ထိုလူတွေနဲ့အတူ ပါလာခဲ့တာပါပဲ။

အမွေခံတိုက်ပွဲစပြီး သိပ်မကြာခင်မှာပဲ ရန်ကိုင်က ဝါးထုံးဂိုဏ်းကနေတစ်ဆင့် စာနှစ်စောင် ပို့ခိုင်းလိုက်ပါတယ်။ ထိုစာကို ရလိုက်တာနဲ့ သူ့စီနီယာမမလေးက ချက်ချင်းပဲ အပြေးရောက်လာခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ ရတနာဂိုဏ်းဆီက ဘာတုန့်ပြန်စကားမှ မကြားခဲ့ရပါဘူး။ ခြံဝန်းထဲမှာ ရှိနေတဲ့ ကျန်တဲ့ အင်အားစုတွေ အကုန်လုံး ရန်ကိုင် ပြောစရာမလိုပဲ သူတို့ဘာသာ ဒီမှာ လာပြီး စုဝေးကြပါတယ်။

အခု ထောင်ရန်တို့အဖွဲ့ ပေါ်လာတာကို မြင်လိုက်ရတော့မှပဲ ရန်ကိုင် ရင်ထဲက အလုံးကြီး ကျသွားခဲ့ရတယ်။ သူ့ကို ခေါင်းရှုပ်သွားစေတဲ့ တစ်ခုတည်းသော အချက်က ထိုအဖွဲ့သုံးခုစလုံး ဘာလို့ တစ်ချိန်တည်းမှာ ထွက်ပေါ်လာရတာလဲ ဆိုတာကိုပါ။

ပြီးတော့ တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက လူတွေအကုန်လုံး နတ်ဆိုးအိုကြီး အရမ်းကို ရိုရိုသေသေ လေးလေးစားစားနဲ့ ဆက်ဆံနေကြပါတယ်။

နတ်ဆိုးအိုကြီး တကယ်ပဲ ဘာတွေလုပ်ခဲ့တာလဲ။ ထိုအကြောင်းကို စဉ်းစားရင်း ရန်ကိုင် မျက်မှောင် ကြုံ့လိုက်တယ်။

အချိန်အတော်ကြာ မတွေ့ရပြီးတဲ့နောက် နတ်ဆိုးအိုကြီး ပုံစံက အနည်းငယ် စိုးရိမ်စိတ် ဝင်နေတဲ့ပုံစံပါပဲ။ သူနဲ့ ရန်ကိုင်ကြားက အစစ်အမှန် ဆက်ဆံရေးကို လူသိရှင်ကြား မထုတ်ဖော်ချင်တဲ့ အတွက် လက်သီးဆုပ်ပြီးတော့သာ လေးလေးစားစားနဲ့ ပြောလိုက်တယ် “သခင်လေး၊ ကျေးဇူးပြုပြီး စိတ်လျှော့ထားပါ… “

ရန်ကိုင်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး ဖြတ်ပြောလိုက်တယ် “ခင်ဗျား ဘယ်တော့မှ ထပ်ပေါ်မလာတော့ ဘူးလို့တောင် ကျုပ်ထင်နေတာ”

နတ်ဆိုးအိုကြီးရဲ့ အမူအရာ ရုတ်ချည်း ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး အလျင်အမြန်ပဲ ရှင်းပြလိုက်တယ် “မဟုတ်ဘူးလေ၊ သခင်လေးရဲ့၊ အခု သခင်လေးဆီ ရောက်လာခဲ့ပြီလေ။ မလာခင်လေး မတော်တဆ အဖြစ်အပျက်လေး တစ်ခု ကြုံတွေ့နေခဲ့လို့ပါ၊ ဟဲဟဲ…”

“အဲ့ အဖြစ်အပျက်ကြောင့် နောက်မှ ပြောတာပေါ့” ရန်ကိုင်က နတ်ဆိုးအိုကြီး ခပ်ရှရှနဲ့ စိုက်ကြည့်လိုက်တယ်။

နတ်ဆိုးအိုကြီးရဲ့ မျက်နှာ လူမမာတစ်ယောက်လို ရှုံ့မဲ့သွားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ခေါင်းညိတ် ပြလိုက်တယ်။ ထို့နောက် ရန်ကိုင်ဘေးနားမှာ ရပ်နေတဲ့ ချူရီမန်ကို ပြုံးကာ လှမ်းကြည့်လိုက်တယ်။ သူမရဲ့ ထက်ရှတဲ့ အမြင်ကို တိတ်တဆိတ် ချီးကျူးရင်း ဒီမိန်းကလေးက အနည်းဆုံးတော့ သူ့သခင်လေးရဲ့ အိပ်ရာကို နွေးထွေးအောင် လုပ်ပေးဖို့ အရည်အချင်း ပြည့်မှီတာပဲလို့ ကြိတ်ပြီး တွေးနေခဲ့တယ်။

ချူရီမန်က နတ်ဆိုးအိုကြီးကို ပြန်ပြုံးပြလိုက်တယ်။ ထိုလူကြီးနား ရပ်နေရတာ သက်သောင့်သက်သာ မဖြစ်ပေမယ့်လို့ သူက ရန်ကိုင်ကို ထောက်ပံ့ပေးဖို့ လာခဲ့တဲ့ လူတစ်ယောက် ဖြစ်နေတုန်းပါပဲ။

အနောက်မှာ ရှိနေတဲ့ တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေက ထိုမြင်ကွင်းကို စိုက်ကြည့် နေခဲ့ကြတယ်။

ပြန်လာတဲ့လမ်းလျှောက်၌ နတ်ဆိုးအိုကြီး ဘယ်လောက်တောင် အားကောင်းမှန်း သူတို့ အင်အားစု နှစ်ခုစလုံး သိသွားခဲ့ပါတယ်။ သူ့ရဲ့ အနက်ရောင်မြူကြောင့် တစ္ဆေဘုရင် တံဆိပ်တော်တွေ နောက်တစ်ကြိမ် အိပ်စက်သွားပြီး အံ့အားသင့်ဖွယ် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကို တွေ့ကြုံနေခဲ့ရပါတယ်။ ဝူရန်နဲ့ ရတနာဂိုဏ်းက တပည့်တွေလည်း နတ်ဆိုးအိုကြီးဆီမှ လက်နက်သန့်စင်တာနဲ့ ပက်သက်ပြီး အသိပညာဗဟုသုတ များစွာ ရခဲ့ပါတယ်။ အပြောအဆိုပဲ ဖြစ်ဖြစ်၊ အပြုအမူပဲ ဖြစ်ဖြစ်၊ အားလုံးက နတ်ဆိုးအိုကြီးကို လေးလေးစားစားနဲ့ ဆက်ဆံကြပါတယ်။

ဒါပေမယ့် ရက်စက်သွေးဆာပြီး အကောင်းလှတဲ့ လျှို့ဝှက်ဆန်းကြယ်သည့် ထိုလူက ရန်ကိုင် ရှေ့မှာတော့ ကြောင်ကိုတွေ့တဲ့ ကြွက်တစ်ကောင်လို ဖြစ်နေခဲ့ပါတယ်။

ဘာတွေ ဖြစ်နေတာလဲ

အားလုံး ကြက်သေသေနေခဲ့တယ်။

“ညီအစ်ကိုရန်၊ မတွေ့ရတာတောင် ကြာပြီနော်” သူတို့ အမူအရာကို ပြန်ထိန်းလိုက်ပြီးနောက် တစ္ဆေဘုရင်‌ တောင်ကြား တပည့်တွေ၊ ထောင်ရန်နဲ့ သူ့ရဲ့ အဖွဲ့သားတွေ အကုန်လုံး ရှေ့တက်လာကာ ရန်ကိုင်ကို နှုတ်ဆက်လိုက်ကြတယ်။

“အင်း၊ တကယ်ကို ကြာသွားခဲ့ပြီ” ရန်ကိုင်က အားလုံးကို ကြည့်လိုက်ပြီး “အခုလို လာခဲ့ပေးလို့ မင်းတို့ အားလုံးကို ငါတကယ်ပဲ ကျေးဇူးတင်တယ်။ လမ်းမှာ ဘာအန္တရာယ်နဲ့မှ မတွေ့ခဲ့ရဘူးမလား”

ပြောနေရင်းနဲ့ ရန်ကိုင်က နတ်ဆိုးအိုကြီးဆီ လှမ်းကြည့်လိုက်တယ်။ ထိုဥာဏ်များတဲ့ နတ်ဆိုးအိုကြီးက သူတို့တွေကို တစ်ခုခု လုပ်ထားခဲ့မှာကို ရန်ကိုင် တကယ်ပဲ ကြောက်နေမိတာပါ။

“မတွေ့ပါဘူး၊ ပြဿနာ သေးသေးလေး အချို့ပါပဲ။ ကံကောင်းစွာနဲ့ပဲ ဒီက စီနီယာက အချိန်မှီ ရောက်လာခဲ့ပြီး ငါတို့ကို ကူညီပေးခဲ့တယ်လေ။ အဲ့ဒါကြောင့်ပဲ ငါတို့တွေ ဒီကို လုံလုံခြုံခြုံနဲ့ ရောက်လာနိုင်ခဲ့တာ” အားလုံးက တစ်ပြိုင်တည်း ပြောလိုက်ကြတယ်။

အားကိုပြောသင့်လဲ၊ ဘာကို မပြောသင့်ဘူးလဲ ဆိုတာကို သူတို့ အားလုံး နားလည်ထားကြပါတယ်။ နတ်ဆိုးအိုကြီးရဲ့ ရက်စက်တဲ့ နည်းလမ်းတွေကို သူတို့ ဘာလို့ ထုတ်ပြောရမှာလဲ။

Martial Peak

အပိုင်း(၄၇၇) ငါ့မှာမေးစရာတစ်ခုရှိတယ်

အဖွဲ့သားတွေကြားက လေထုက ပျော်ရွှင်ဖွယ် ကောင်းနေပြီး တစ်ယောက်နဲ့တစ်ယောက် စည်းကိုက်ဝါးကိုက် ဖြစ်နေခဲ့ကြတယ်။

ချူရီမန်က လူအုပ်ကြီးကို စူးစမ်းကြည့်လိုက်တဲ့အခါ လူငယ်တွေထဲက ရှစ်ယောက်ရဲ့ လက်တွေကို အဖြူရောင် အဝတ်စတွေနဲ့ စည်းနှောင်ထားတာကို သူမတွေ့လိုက်ရတယ်။ ထိုလူတွေက ရန်ကိုင် ပြောတဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေမှန်း ချူရီမန် နာလည်လိုက်တယ်။

ဒါပေမယ့် ကျန်တဲ့အဖွဲ့သားတွေက ဘယ်သူတွေမှန်း သိလိုက်ရတဲ့အချိန် ချူရီမန် အရမ်းကို စိတ်လှုပ်ရှားသွားခဲ့တယ်။

ထိုလူတွေက ရတနာဂိုဏ်းက လက်နက်သန့်စင်သူတွေ ဖြစ်နေခဲ့ပါတယ်။ သူတို့ ခေါင်းဆောင်က ဝူရန်ဖြစ်နေမှန်း သိလိုက်ရချိန် ချူရီမန် ပိုပြီး အံ့အားသင့်သွားခဲ့ရတယ်။ ရတနာဂိုဏ်းမှာ ဂိုဏ်းခေါင်းဆောင်ပြီးနောက် ဝူရန်ရဲ့ လက်နက် သန့်စင်စွမ်းရည်က ဒုတိယလိုက်ပါတယ်။

လက်နက်သန့်စင်ဖို့အတွက် ဒီလောကကြီးမှာရှိတဲ့ အကောင်းဆုံး မီးတောက်တွေကို စုပ်ယူဖို့ရာ ဝူရန်က ဟန်မင်းဆက်အနှံ့နဲ့ အခြား ပြည်ပမင်းဆက်တွေဆီပါ ခြေဆန့်ခဲ့တယ်လို့တောင် ကောလဟာလတွေ ထွက်ခဲ့ပါသေးတယ်။

ဒီလူက ဂရမ်းမာစတာအဆင့် လက်နက်သန့်စင်သူ တစ်ယောက်ဖြစ်ပြီး ဆန်းကြယ်အလယ်အလတ် အဆင့် လက်နက်တွေကိုတောင် သန့်စင်နိုင်ပါတယ်။

လက်နက်သန့်စင်တဲ့ အသိုင်းအဝိုင်းကြားမှာ သူ့ဂုဏ်သတင်းက ဆေးပညာအသိုင်းအဝိုင်းထဲက ရှောင်ဖူချန်းအောက် မနိမ့်ကျပါဘူး။

ဒါပေမယ့် လက်နက်သန့်စင်တာက ဆေးဖော်စပ် ရတာထက် ပိုပြီးရှုပ်ထွေးပါတယ်။ အဆင့်မြင့် လက်နက် တစ်ခုကို သန့်စင်ဖို့အတွက် ကုန်ကြမ်းပစ္စည်း အများကြီး လိုအပ်တဲ့အပြင် အချိန်လည်း အများကြီး ယူရပါတယ်။

ပြီးတော့ ကျင့်ကြံသူတွေက ဆေးလုံးတွေကို အမြဲလိုလို လိုအပ်နေတာပါ၊ လက်နက်တွေကျတော့ တစ်ခုလောက် ရှိရုံနဲ့တင် အဆင်ပြေသွားပါပြီ။ ထို့ကြောင့် ဝူရန်ရဲ့ ဂုဏ်သတင်းက ရှောင်ဖူချန်းထက် အများကြီး ပိုနိမ့်ကျတာပါ။ ထိုအကြောင်းကြောင့်ပဲ ရတနာဂိုဏ်းရဲ့ ဂုဏ်သတင်းက ဆေးဘုရင်တောင်ကြားအောက် နိမ့်ကျနေခဲ့တာပါ။

ဒါပေမယ့် ထိုအချက်တွေက ဝူရန်ရဲ့ လက်နက်သန့်စင်တဲ့ စွမ်းရည်ကို နိမ့်ကျသွားစေခြင်း မရှိပါဘူး။

ထိုဂရမ်းမာစတာအပြင် လက်နက်သန့်စင်ရာမှာ ကျွမ်းကျင်တဲ့ ရတနာဂိုဏ်းက အခြားတပည့် ၂၀ကျော်လည်း ပါလာပါသေးတယ်။

ချူရီမန် သူတို့ကို ဘယ်လိုလုပ်ပြီး လျစ်လျူရှုဝံ့မှာလဲ။

ရန်ကိုင်နဲ့အတူ ချူရီမန်က ရတနာဂိုဏ်းနဲ့ တစ္ဆေဘုရင် တောင်ကြားက တပည့်တွေကို သူတို့ရဲ့ ခြံဝန်းအသီးသီးမှာ အလျင်အမြန်ပဲ နေရာချပေးလိုက်တယ်။

သူမစိတ်ထဲ တိတ်တဆိတ် တွက်ချက်ကြည့်လိုက်တဲ့အခါ ရန်ကိုင်ကို ထောက်ခံပေးတဲ့ အင်အားစု ပမာဏက မယုံနိုင်စရာ အဆင့်ထိရောက်နေတာကို ချူရီမန် တွေ့ရှိလိုက်ရတယ်။ အင်အားစု အကြီးအသေး စုစုပေါင်း ဒါဇင်ကျော်၊ ဆေးဘုရင်တောင်ကြားက တပည့်တွေနဲ့ ရတနာဂိုဏ်းက တပည့်တွေ၊ ဒါတွေအားလုံးက အားလုံးရဲ့ မျက်လုံးတွေကို ရဲရဲနီသွားစေဖို့ လုံလောက်နေခဲ့ပါပြီ။

သူမအသိချင်ဆုံးက သူဘယ်လိုလုပ်ခဲ့တာလဲ ဆိုတာကိုပါ။

သူမရှေ့ကနေ လမ်းလျှောက် သွားနေတဲ့ ပုံရိပ်ကို ကြည့်ရင်း ချူမိသားစုရဲ့ သခင်မလေး သူမရဲ့ နှုတ်ခမ်းကို အသာအယာလေး ဖိကိုက်လိုက်တယ်။ သူ့ဆီကနေ သူမ အကြည့်မခွါနိုင် ဖြစ်နေခဲ့တယ်။

သူမခေါင်းထဲ ရှုပ်ထွေးပွေလီ ထူးဆန်းတဲ့ အတွေးပေါင်း မြောက်မြားစွာကို စဉ်းစားနေရင်း ရန်ကိုင်နောက်ကနေ တိတ်တဆိတ် လိုက်ပါသွားခဲ့တယ်။ ထိုလူငယ်လေးရဲ့ အနာဂတ်က ဘယ်လိုဘယ်ပုံ ရှိမလဲဆိုတာကို သူမစိတ်ထဲ အထပ်ထပ်အခါခါ မြင်ယောင်ကြည့်နေ မိခဲ့တယ်။

ရန်ကိုင်က သူ့ညီအစ်ကိုတွေကို အနိုင်ယူပြီး အမွေခံတိုက်ပွဲရဲ့ အောင်နိုင်သူတစ်ယောက် ဖြစ်လာကာ ရန်မိသားစုရဲ့ ဆက်ခံသူတစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုတာ သေချာနေပြီ ဖြစ်တဲ့အတွက် ရန်ကိုင် အနာဂတ်ကို ထို့ထက် ကျော်လွန်ပြီး သူမ စဉ်းစားတွေးတော နေခဲ့တာပါ။

ထိုအကြောင်းကို စဉ်းစားမိလိုက်တာနဲ့ သူမရဲ့ အသက်ရှူသံ မြန်ဆန်လာခဲ့တယ်။ သူမ မိသားစုကနေ ယာယီခွဲထွက်ပြီး ရန်ကိုင်အား လာထောက်ပံ့ဖို့ ရွေးချယ်မိလိုက်စေတဲ့ ကောင်းကင်ကြီးကို နောက်တစ်ကြိမ် ထပ်မံ ကျေးဇူးတင်နေခဲ့ပြန်တယ်။

“အစေခံအိုကြီးက သခင်လေးကို နှုတ်ဆက်ပါတယ်” သူမ အတွေးထဲ နစ်မြောနေတုန်းမှာပဲ ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံတစ်သံက သူမကို အသိ ပြန်ဝင်လာစေခဲ့တယ်။ သူမ လှမ်းကြည့်လိုက်တဲ့အခိုက် ထိတ်လန့်တုန်လှုပ် ဖွယ်ရာ မြင်ကွင်းတစ်ခုကို လှမ်းမြင်တွေ့လိုက်ရတယ်။

တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေတောင် လေးလေးစားစား ဆက်ဆံနေရတဲ့ သက်လတ်ပိုင်းလူကြီးက မြေကြီးကို ခေါင်းထိပြီး ဒူးထောက်ဦးညွှတ်နေတာကို ချူရီမန် တွေ့လိုက်ရတယ်။

အစေခံအိုကြီးလား… သခင်လေးလား….

ချူရီမန်က အဟောင်းသား ဖြစ်နေတဲ့ သူမပါးစပ်လေးကို လက်လေးနဲ့ အလျင်အမြန် အုပ်ပြီး တုန်တုန်ရီရီနဲ့ သက်ပြင်း တစ်ချက်ရှိုက်လိုက်တယ်။

နတ်ဆိုးအိုကြီး ဘယ်လောက်တောင် အားကောင်းလဲ ဆိုတာကို သူမ မသိပေမယ့် ထိုလူကြီးဆီကနေ ခံစားရတဲ့ ဖိအားက စံအိမ်ထဲမှာ ရှိနေတဲ့ သွေးစစ်သည်တော်တွေကနေ ခံစားရတဲ့ ဖိအားထက်တောင် ပိုကြီးမားပါတယ်။

ထိုအချက်က ထိုသက်လတ်ပိုင်း လူကြီးဟာ စံအိမ်ထဲမှာ ရှိနေတဲ့ ဘယ်သွေးစစ်သည်တော်တွေထက်မဆို ပိုပြီး အားကောင်းတယ်လို့ မီးမောင်းထိုးပြနေခဲ့ပါတယ်။

အခုအချိန်၌ သူက မြေကြီးပေါ် ဒူးထောက်ဦးညွှတ်နေပြီး သူ့ကိုယ်သူ အစေခံတစ်ယောက်လို့ ရည်ညွှန်း ပြောဆို နေခဲ့ပါတယ်။ ရန်ကိုင်နားမှာ ရှိနေတဲ့ သွေးစစ်သည်တော် တွေတောင် ဒီလို သစ္စာစောင့်သိမှုမျိုး မပြခဲ့ဖူးပါဘူး။ ဒါတွေက ဘာတွေလဲ။

ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ပေမယ့် ရန်ကိုင်က သာမန်အတိုင်းပဲ ရှိနေတာကို ချူရီမန် တွေ့ရှိလိုက်ရတယ်။ ဒီအခြေအနေက ဘာမှ မှားယွင်းနေခြင်း မရှိသည့်အလား အသာအယာလေးသာ ပြန်ပြောလိုက်တယ် “ထတော့၊ ခင်ဗျားနဲ့ ကျုပ်ကြားမှာ အခုလိုမျိုးတွေ လုပ်ပြနေစရာ မလိုပါဘူး”

“သခင်လေးကို ကျေးဇူးအများကြီး တင်ပါတယ်” သက်လတ်ပိုင်းလူကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ပြောလိုက်တယ်။ သူ့လေသံထဲ စိတ်သက်သာရာ ရသွားသည့် အရိပ်အယောင် အချို့တောင် ပါနေပါသေးတယ်။

နတ်ဆိုးအိုကြီးက ကြက်သေသေနေတဲ့ ချူရီမန်ဘက် လှည့်ပြုံးပြလိုက်ပြီး ပြောလိုက်တယ် “ကောင်မလေး၊ ဒီမှာ ရှိနေတဲ့လူတွေထဲ ဘယ်သူကမှ အပြင်လူမဟုတ်ဘူး။ ဒါကြောင့် ငါနဲ့ သခင်လေးကြားက ဆက်ဆံရေးကို ဖုံးကွယ်ထားစရာ မလိုဘူး။ ဒါပေမယ့် ဒီအကြောင်းကို အပြင်လူ ဘယ်သူ့ဆီမှ ထုတ်မပြောဖို့ ငါမျှော်လင့်ပါတယ်။ ငါ့ရဲ့ သခင်လေးက နိမ့်နိမ့်ချချ နေရတာကို ကြိုက်နှစ်သက်တာ ဆိုတော့လေ”

ချူရီမန်လည်း ထိတ်လန့်နေရာမှာ အသိပြန်ဝင်လာခဲ့ပြီး ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “အဲ့ကိစ္စနဲ့ ပက်သက်ပြီး စီနီယာ စိတ်အေးအေးသာ ထားပါ၊ ကျွန်မ… အဟမ်း၊ ကျွန်မ ဘာမှ မမြင်ခဲ့ပါဘူး။ ရှင်တို့နှစ်ယောက် စကားဆက်ပြောကြပါ”

အခုအချိန်မျိုးမှာ ထွက်သွားတာက အကောင်းဆုံး ဖြစ်မှန်း ချူရီမန် နားလည်ထားပါတယ်။

သူမသိတဲ့ လျှို့ဝှက်ချက်နည်းလေ သူမ ပိုပြီးလုံခြုံလေပါပဲ။ ဒါပေမယ့် သိလိုစိတ် ပြင်းပြတာက သူမသဘာဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့အတွက် ချူရီမန်က နေရာမှာပဲ ရပ်နေခဲ့ပြီး ထွက်သွားတားမျိုး မလုပ်ခဲ့ပါဘူး။

ထိုလျှို့ဝှက်ဆန်းကြယ်ပြီး အားကောင်းတဲ့ ပညာရှင်က ဘယ်လိုလုပ်ပြီး ရန်ကိုင်နဲ့ သခင်-အစေခံ ဆက်ဆံရေး ရှိနေရတာလဲ ဆိုတာကို သူမစိတ်ထဲ တိတ်တဆိတ် တွေးတောနေမိခဲ့တယ်။

ဒီလိုပညာရှင် တစ်ယောက်ကို အစေခံဖြစ်အောင် ရန်ကိုင်ကောင်စုတ် ဘယ်လိုများ လုပ်ဆောင်ခဲ့တာလဲ။

“ခင်ဗျား ခန္ဓာကိုယ် ဘယ်လိုလဲ” ရန်ကိုင်က ချူရီမန်ကို မောင်းမထုတ်ခဲ့ပါဘူး။ တကယ်တော့ ချူရီမန်က စံအိမ်တစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲတဲ့ နေရာမှာ သူပြီးရင် ဒုတိယနေရာမှာ ရှိနေတဲ့လူပါ။ သူနဲ့ နတ်ဆိုးအိုကြီးကြားက ဆက်ဆံရေးနဲ့ ပက်သက်ပြီး သူမကို လိမ်မပြောရင် အကောင်းဆုံးပါ။ အနည်းဆုံးတော့ သူ့အပေါ် တောက်လျှောက် သံသယဝင်နေတာထက် ပိုကောင်းတယ်လေ။

ရန်ကိုင် မေးတာကို ကြားလိုက်ပြီးနောက် နတ်ဆိုးအိုကြီး မျက်နှာထက် ကျေးဇူးတင်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး အလျင်အမြန်ပဲ ပြန်ပြောလိုက်တယ် “လွန်ခဲ့တဲ့လ အတောအတွင်း ဒီခန္ဓာကိုယ်နဲ့ သင့်တော်အောင် ကျုပ်တော်တော်လေး ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် လာမယ်နှစ်၃၀ အတွင်းမှာတော့ ဘာပြဿနာမှ ရှိဦးမှာ မဟုတ်သေးဘူး”

“နှစ်သုံးဆယ် ကြာပြီးရင်ရော” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်တယ်။

“အဲ့ဒါက ဒီအစေခံအိုကြီးရဲ့ အားထုတ်မှုအပေါ် မူတည်လိမ့်မယ်။ ကျုပ်ရဲ့ ဝိဥာဉ်ကိုသာ ဒီခန္ဓာကိုယ်နဲ့ ပြီးပြည့်စုံအောင် ပေါင်းစပ်နိုင်ခဲ့ရင် နောက်ထပ် ခန္ဓာကိုယ် ထပ်ပြောင်းစရာ လိုတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် အဲ့လို မလုပ်နိုင်ရင်တော့၊ နစ်၃၀ကြာပြီးရင် နောက်ထပ် ခန္ဓာကိုယ် တစ်ခု ထပ်ရှာရလိမ့်မယ်”

“ကောင်းပြီ၊ ကျုပ်ကူညီနိုင်တာ ရှိရင် ပြောသာပြောလိုက်” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။

“ကျေးဇူးပါ၊ သခင်လေး။ အခုလောလောဆယ်တော့ ပြဿနာမရှိသေးပါဘူး”

“ကောင်းပြီလေ၊ ခင်ဗျားမှာ အခြားလုပ်စရာ ဘာမှ မရှိတော့ရင် တစ်ယောက်ယောက်က ခင်ဗျားကို တွေ့ချင်နေတယ်”

“ဘယ်သူလဲ”

“မန်ဝူရပဲ” ရန်ကိုင် နှုတ်ခမ်းအစုံး ကွေးတက်သွားခဲ့ပြီး နတ်ဆိုးအိုကြီးရဲ့ တုန့်ပြန်မှုကို စောင့်ကြည့်နေလိုက်တယ်။ တကယ်ကိုပဲ ကြောက်ရွံသည့် အရိပ်အယောင်တို့ နတ်ဆိုးအိုကြီး မျက်နှာထက် ဖြတ်ပြေးသွားခဲ့တယ်။

“အဲ့တစ္ဆေအိုကြီး” နတ်ဆိုးအိုကြီးက ခါးခါးသီးသီးနဲ့ အံတင်းတင်းကြိတ်လိုက်ရင်း “အဲ့ခွေးအိုကြီးကို ဒီအစေခံအိုကြီး ကိုယ်တိုင် သွားစကားပြောပြီး ကျုပ်တို့ ကြားက မကျေနပ်ချက်တွေကို တစ်ခါတည်း အကုန်ဖြေရှင်းပစ်ရမယ်”

ပြောပြီးတာနဲ့ ‘ငါသိနေတယ်’ ဆိုတဲ့ အကြည့်မျိုးနဲ့ ရန်ကိုင်ဆီ ကြည့်ကာ “သခင်လေး ဒီမိန်းကလေးနဲ့ ကစားနှင့်ပါ၊ ဒီနိမ့်ကျတဲ့ အစေခံအိုကြီးက အဲ့ခွေးအိုကြီးကို သွားရှာလိုက်ပါဦးမယ်”

ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး သူ့လက်ကို ဝှေ့ရမ်းလိုက်တယ်။

တဒင်္ဂအတွင်းမှာပဲ နတ်ဆိုးအိုကြီးရဲ့ ပုံရိပ် ပျောက်ကွယ် သွားခဲ့တယ်။

အခု ခန်းမထဲ၌ လူနှစ်ယောက်ပဲ ရှိပါတော့တယ်။

“အဲ့စီနီယာ ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား” ချူရီမန်က သူမရဲ့ သိချင်စိတ်ကို မအောင့်အည်း နိုင်တော့တဲ့ အတွက် နတ်ဆိုးအိုကြီး ထွက်သွားတာနဲ့ ချက်ချင်းပဲ ကောက်မေးလိုက်တယ်။

ဒါပေမယ့် ရန်ကိုင်က ခေါင်းသာခါပြလိုက်တယ်။

“မေ့လိုက်တော့။ နင်က ဆန်းကြယ်ချင်နေမှတော့ လုပ်ပေါ့။ ငါလည်း အသားကျနေပါပြီ” ချူရီမန်က လှောင်ပြောင်ပြောဆိုလိုက်တယ်။

“လက်နက်အသစ်တွေ သန့်စင်တာ ဘယ်လို အခြေအနေရှိလဲ” ရန်ကိုင်က ချူရီမန်ဘက် လှည့်ပြီး‌ မေးလိုက်တယ်။ အရိုးဒိုင်းကို သူသန့်စင်နေတဲ့ အချိန်တုန်းက စံအိမ်ထဲက သူ့အဖွဲ့သားတွေကလည်း သူတို့ရခဲ့တဲ့ လက်နက် အသစ်တွေကို သန့်စင်နေကြတာပါ။

“အများစုက ပြီးလုနီးပါး ဖြစ်နေပြီ။ နောက်နှစ်ရက်လောက် ကြာရင် တစ်ဝက်ကျော်လောက်က တံခါးပိတ်လေ့ကျင့်နေရာကနေ ထွက်လာလိမ့်မယ်” ချူရီမန်က သွားပေါ်အောင် ပြုံးလိုက်ပြီး “နင်ကော၊ နင့်အခြေအနေ ဘယ်လိုရှိလဲ”

“ငါလက်နက် တစ်ခုပဲ သန့်စင်လို့ ပြီးသေးတယ်”

“မြန်လိုက်တာ” ချူရီမန်ရဲ့ မျက်နှာလှလှလေး ရှုံ့မဲ့သွားခဲ့တယ်။ ရန်ကိုင် ရခဲ့တဲ့ လက်နက်တွေ အကုန်လုံးက ဆန်းကြယ်အဆင့် လက်နက်တွေချည်းပါပဲ။ ငါးရက် ဆိုတဲ့ အတိုင်းအတာက ဆန်းကြယ်အဆင့် လက်နက်တစ်ခုကို သန့်စင်ဖို့ မလုံလောက်သေးပါဘူး။ တစ်ခဏတာလောက်သာ ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပဲ ချူရီမန်က သူမရဲ့ ဟန်ပန်အမူအရာကို ပြန်ထိန်းလိုက်တယ်။ သူမရှေ့မှာ ရှိနေတဲ့လူက မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေကိုမှ တစ်ခုပြီး တစ်ခု လုပ်ပြနေတဲ့လူပါ။ သူမလည်း တော်တော်လေးကို အသားကျနေပြီလို့ ပြောလို့ရပါတယ်။

“ရတနာဂိုဏ်းက လူတွေ ရောက်ပြီဆိုမှတော့ ဒီအတောအတွင်း နင်လည်း အလုပ်ရှုပ်ရဦးမယ်။ သူတို့အတွက် လက်နက်သန့်စင်ရုံ တစ်ခုကို ဆောက်ပေးဖို့ ငါနေရာသတ်မှတ်ပြီးသွားပြီ။ ဒါကြောင့် နင်သူတို့ကို စီစဉ်ပေးရလိမ့်မယ်။ ကုန်ကြမ်းတွေ လိုတယ်ဆိုရင် ငါ့ကိုသာ ပြောလိုက်၊ ငါမှာ ကုန်ကြမ်းပစ္စည်း တော်တော်များများ ရှိတယ်။ ပြီးတော့ အစစ်အမှန်ချီကို အမြန်ပြန်ပြည့်စေနိုင်တဲ့ ဆေးလုံးတစ်သုတ်လောက် ဆေးဖော်စပ်ခန်းကို ဖော်စပ်ခိုင်းလိုက်ဦး။ လက်နက်သန့်စင်တာက အစစ်အမှန်ချီ အရမ်းကုန်တယ်”

“ငါသိတယ်”

“အဲ့ဒါအကုန်ပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်ကာ စံအိမ်ထဲကို လမ်းလျှောက်သွားလိုက်တယ်။

ရန်ကိုင်က တဖြည်းဖြည်း ပျောက်ကွယ်သွားနေတဲ့ ကျောပြင်ကို ကြည့်ရင်း တစ်ခုခု ပြောဖို့လုပ်လိုက်ပေမယ့် သူမပြောမယ့် စကားတွေကို အလျင်အမြန်ပဲ ပြန်မျိုချလိုက်တယ်။ ဘာကြောင့်လဲ မသိပေမယ့် ဒီအတောအတွင်းမှာပဲ ရန်ကိုင်ကို စကားပိုအချို့ အမြဲတမ်း ပြောချင်နေခဲ့မိတယ်။

ရန်ကိုင် ထွက်သွားပြီးနောက် ချူရီမန်က အပြုံးလေးပြုံးရင်း ခေါင်းခါရမ်းလိုက်တယ်။ ထိုလူကို ရစ်ပတ်လွှမ်းခြုံထားတဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို သူမစိတ်ထဲ စွဲလမ်းလာမိနေမှန်း ချူရီမန် ဖြည်းဖြည်း နားလည်လာခဲ့တယ်။ သူမရဲ့ သိချင်စိတ်ကို ဖြေဖျောက် နိုင်ဖို့အတွက် သူ့လျှို့ဝှက်ချက်တွေ အကုန်လုံးကို သူမ အရမ်းကို တူးထုတ်နေချင်မိခဲ့တယ်။

နောက်တစ်နေ့မှာတော့ ရန်ကိုင်က ရတနာဂိုဏ်း အဖွဲ့သားတွေ နေနေတဲ့ နေရာဆီ သွားလိုက်ပြီး ဝူရန်နဲ့ တစ်ခဏကြာအောင် ပြောဆိုဆွေးနွေးခဲ့တယ်။

ရတနာဂိုဏ်းက ဆေးဘုရင်တောင်ကြားနဲ့ မတူပါဘူး။ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေက ရှနင်းချန် ဆီကနေ အစစ်အမှန် ဆေးပညာနည်းလမ်းကို လေ့လာဖို့အတွက် ရောက်လာခဲ့တာပါ။ ရတနာဂိုဏ်းကတော့ အကူအညီတစ်ခုကို ရရှိဖို့အတွက် ရောက်ရှိလာခဲ့တာပါ။

ထောင်ရန် အနေနဲ့ ဝူရန်ကို အမွေခံတိုက်ပွဲမှာ ပါဝင်လာအောင် စည်းရုံးနိုင်ခဲ့တဲ့ အကြောင်းအရင်း တစ်ချက်က ရန်ကိုင် မိသားစုခေါင်းဆောင် ဖြစ်လာခဲ့ရင် သူတို့ ဂိုဏ်းကို ရန်မိသားစုရဲ့ ကာကွယ်မှုအောက်မှာ ရှိနေတယ်လို့ ကြေညာခိုင်းလို့ ရတယ်လို့ ပြောခဲ့လို့ပါ။

ရန်ကိုင်သာ အမွေခံတိုက်ပွဲကို ရှုံးနိမ့်သွားခဲ့ရင် သူ့ကိုယ်ပိုင် အင်အားစုကို အသုံးပြုပြီး ရတနာဂိုဏ်းကို အခြားအင်အားစုတွေရဲ့ နှောက်ယှတ်မှုကနေ ကာကွယ်ပေးရမှာပါ။

ထိုတောင်းဆိုချက်ကို ရန်ကိုင် လက်ခံခဲ့ပါတယ်။

ထောင်ရန် အားနာမိသွားခဲ့တယ်။ ဒါပေမယ့် သူလုပ်နိုင်တာလည်း ဘာမှ မရှိဘူးလေ။ ဒါက သူတို့ဂိုဏ်းရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတာကိုး။ သူ့လို့ တပည့်လေး တစ်ယောက်က ဒီလို အရေးကိစ္စတွေမှာ ဝင်ပြောဆိုခွင့် မရှိပါဘူး။

ဆွေးနွေးညှိနှိုင်းတာ ပြီးဆုံးသွားပြီးနောက် ရတနာဂိုဏ်းက လက်နက်တွေကို စတင် သန့်စင်ပါတော့တယ်။

ဆွေးနွေးနေစဉ်အတွင်း ဝူရန်က ပိုကျင်းရေကန်က ရခဲ့တဲ့ လက်နက်တွေ အကုန်လုံးကို တစ်ချက် စစ်ဆေးကြည့်ခဲ့တယ်။ ဆန်းကြယ်အဆင့်အောက် လက်နက် မှန်သမျှကို အဆင့်မြှင့်တင်ပေးနိုင်မယ်လို့ ဝူရန်က ပြောခဲ့တယ်။ အဆင့်တစ်ဆင့်တောင် တိုးမြှင့်ချင် တိုးမြှင့်ပေးနိုင်ပါသေးတယ်။ အဆင့်တစ်ဆင့် မတိုးမြှင့် ပေးနိုင်ရင်တောင် လက်နက်တွေရဲ့ အရည်အသွေးက အရင်ထက် ပိုပြီး ကောင်းမွန်သွားမှာပါ။

ဝူရန်ကို ရန်ကိုင် အရမ်း ကျေးဇူးတင်သွားခဲ့တယ်။ လက်နက်တစ်ခုကို အဆင့်မြှင့်တာက အသစ်တစ်ခုကို ထုလုပ်တာနဲ့ လုံးဝကို ကွဲပြားခြားနာပါတယ်။ လက်နက် တစ်ခုကို အဆင့်မြှင့်တယ် ဆိုတာက ထုလုပ်ပြီးသား လက်နက်တစ်ခုကို ပြန်လည်ပြင်ဆင် မွမ်းမံရတာ ဖြစ်လို့ အချိန်ကုန်သက်သာလို ကုန်ကြမ်းပစ္စည်းလည်း သက်သာပါတယ်။

ရတနာဂိုဏ်းနဲ့ ပက်သက်တဲ့ ကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းပြီးနောက် ရန်ကိုင် မန်ဝူရ အခန်းဆီ သွားလိုက်တယ်။

နတ်ဆိုးအိုကြီးက မန်ဝူရကို မနေ့ကတည်းက သွားတွေ့ခဲ့တာပါ။ ဒါပေမယ့် သူဆီက ဘာသတင်းမှ မကြားရသေးပါဘူး။ လူအိုကြီးနှစ်ယောက် တွေ့လိုက်တာနဲ့ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ရန်ကိုင်လည်း သေချာ မသိတဲ့အတွက် သူ့စိတ်ထဲ စိုးရိမ်နေမိပါတယ်။

ထိုလူအိုကြီးနှစ်ယောက်သာ တကယ်တမ်း တိုက်ခိုက် ကြမယ်ဆိုရင် သူ့စံအိမ်တစ်ခုလုံး ချက်ချင်းပဲ အပျက်အစီးပုံ တစ်ခုအဖြစ် ပြောင်းလဲသွားမှာပါ။

ဒါပေမယ့် စိုးရိမ်ဖို့မလိုအပ်တာကို စိုးရိမ်နေမှန်း သိပ်မကြာခင်မှာပဲ ရန်ကိုင် တွေ့သွားခဲ့တယ်။

မန်ဝူရ အခန်းထဲ ဝင်လာပြီးနောက် နတ်ဆိုးအိုကြီးက မန်ဝူရရှေ့ မျက်နှာချင်းဆိုင်ထိုင်ပြီး နှစ်ယောက်သား အပြန်အလှန် လှောင်ပြောင် ပြောဆိုနေကြတာကို ရန်ကိုင် တွေ့လိုက်ရတယ်။ စကားလည်းပြော၊ တိုက်လည်းတိုက် လုပ်နေကြတဲ့ပုံပါပဲ။

“ခင်ဗျားတို့ စကားကောင်းနေကြတာလား” ရန်ကိုင်က နှစ်ယောက်သားကြား ကြားဝင် ဖြတ်ပြောလိုက်တယ်။

“အင်း” မန်ဝူရက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး နတ်ဆိုးအိုကြီး ဆီကနေတော့ ဘာအသံမှ မထွက်လာခဲ့ပါဘူး။ သူ့အမူအရာအရ နတ်ဆိုးအိုကြီးက အရှုံးဘက် ရောက်နေတဲ့ပုံပါပဲ။

“ကောင်းပြီလေ၊ ခင်ဗျားတို့ အလှုပ်ရှုပ်မနေရင် ခင်ဗျားတို့ကို မေးစရာ ကိစ္စတစ်ခု ရှိတယ်” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ရင်း ပြောလိုက်တယ်။

“သခင်လေး ဘာအကြောင်း ဆွေးနွေးချင်တာလဲ” နတ်ဆိုးအိုကြီးက ခပ်မြန်မြန်ပဲ ပြန်မေးလိုက်တယ်။

“ဆန်းကြယ်အဆင့် ပညာရှင် အကြောင်းလေ” ရန်ကိုင်က မျက်မှောင်ကြုံ့နေတဲ့ မန်ဝူရဆီ လှမ်းကြည့်လိုက်တယ်။

နောက်ဆုံးအကြိမ်တုန်းက သူနဲ့ရန်ကိုင်တို့ နှစ်ယောက်စလုံး ထိုဆန်းကြယ်တဲ့ပညာရှင် ကျူးကျော်လာတာကို သတိပြုမိခဲ့ပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံး ဘာမှ မလုပ်ရသေးခင်မှာပဲ သူမက ထွက်ပြေးသွားခဲ့ပါပြီ။

ပိုကျင်းရေကန်မှာတုန်းက ထိုလျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်က အားလုံး မျက်စိရှေ့မှာပဲ ဆန်းကြယ်အဆင့် လက်နက်ကို လုယူသွားခဲ့ကြပါတယ်။

ထိုဆန်းကြယ်တဲ့ ပညာရှင်ရဲ့ တည်ရှိမှုက ရန်ကိုင်ကို နေမထိထိုင်မထိ ဖြစ်နေစေခဲ့ပါတယ်၊ ထို့ကြောင့် ထိုလူနဲ့ စောစောရင်ဆိုင်လေ ပိုကောင်းလေပါပဲ။

Martial Peak

အပိုင်း(၄၇၈) သူက မိန်းမတစ်ယောက်ပဲ

ထိုဆန်းကြယ်တဲ့ပညာရှင်က ဘယ်သူမှန်း မသိတဲ့အတွက် နတ်ဆိုးအိုကြီးကို သိချင်စိတ်နဲ့ ပြန်မေးလိုက်တယ်။

ရန်ကိုင်လည်း နတ်ဆိုးအိုကြီးနဲ့ ထိုဆန်းကြယ်အဆင့် ပညာရှင်အကြောင်း အကျဉ်းချုဉ်း ရှင်းပြလိုက်တယ်။

ရန်ကိုင် ရှင်းပြတာကို နားထောင်ပြီးနောက် နတ်ဆိုးအိုကြီး အနည်းငယ် ထိတ်လန့်သွားသလို ခံစာလိုက်ရပြီး မန်ဝူရကို ကြည့်ကာ “ခင်ဗျားတောင် အဲ့လူမျက်နှာကို တစ်ချက်ကလေးမှ မတွေ့လိုက်ရဘူးပေါ့”

ဘဏ္ဏာထိန်းမန်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “အဲ့လူပတ်လည်မှာ အခြားလူတွေ စူးစမ်းထောက်လှမ်းလို့ မရအောင်လို့ ခွဲခြားထားတဲ့ ထူးခြားတဲ့ အရှိန်အဝါ တစ်ခု ရှိနေတယ်ဟ။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်အတွက်တောင် မလွယ်ကူဘူးလို့ ငါထင်တာပဲ။ အဲ့လူသာ ပုန်းချင်နေသရွေ့ ဘယ်သူကမှ သူ့ကို ရှာလို့တွေ့မှာ မဟုတ်ဘူး”

“အထင်ကြီးစရာပဲ” နတ်ဆိုးအိုကြီးက ပြောပြီးတာနဲ့ အလျင်အမြန်ပဲ လှောင်ပြုံးပြုံးလိုက်ပြီး “ဒါပေမယ့် အဲ့လူက ရင်းဂျုရဲ့ ဓါးချက်ကြောင့် ဒဏ်ရာရသွားခဲ့တယ် ဆိုတော့ သူ့ရဲ့ ခွန်အားက အရမ်းကြီး မမြင့်လောက်ဘူး”

ဆေးဖော်စပ်ခန်း နားမှာတုန်းက ထိုပညာရှင်က ရင်းဂျုရဲ့ လေဟုန်ခွင်း အရိပ်ဓါးချက် ထိမှန်းခြင်း ခံလိုက်ရကာ ဒဏ်ရာရသွားခဲ့ရပါတယ်။ ပိုကျင်းရေကန်မှာတုန်းကလည်း ရန်ကိုင် ဓါးချက်ကို အပြည့်အဝ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။ သူ့ခွန်အားသာ မန်ဝူရရဲ့ ထောက်လှမ်းမှု အောက်ကနေ ရှောင်တိမ်းနိုင်တဲ့အထိ မြင့်နေခဲ့ရင် ထိုကဲ့သို့ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။

ရန်ကိုင်က ထောက်ခံသည့် အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး “ဒါပေမယ့် အဲ့လိုဆိုရင်တောင်၊ အဲ့လူက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်”

“သခင်လေး ဘာလုပ်ချင်တာလဲ” နတ်ဆိုးအိုကြီးက ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ပြီး သွားပေါ်အောင် ပြုံးလိုက်တယ်။

“ငါအရင် ကြိုပြောထားလိုက်မယ်၊ ဒီလူအိုကြီး ဝင်ကူဖို့ကို နည်းနည်းလေးမှ မမျှော်လင့်နေနဲ့” မန်ဝူရက ရန်ကိုင်ကို ကြည့်လိုက်ပြီး “ဒီလူအိုကြီးက ချန်အာကို ကာကွယ်ဖို့အတွက် သက်သက်ပဲ ဒီကို ရောက်နေတာပဲ။ အမွေခံတိုက်ပွဲကိုတော့ ဒီလူအိုကြီးက နည်းနည်းလေးတောင် ဝင်ပါမှာ မဟုတ်ဘူး”

ပြောပြီးတာနဲ့ မောပန်းနွမ်းနယ်နေတဲ့ ပုံစံနဲ့ သက်ပြင်းတစ်ချက် ချလိုက်ပြီး “ဒီလူအိုကြီးက အသက်ကြီးနေပြီကွ။ ငါသာ မင်းတို့ လူငယ်တွေကြား ဝင်ရှုပ်လိုက်ရင် မျက်နှာထားစရာ ရှိတော့မှာ မဟုတ်ဘူး”

“ကျုပ်လည်း ခင်ဗျားကို ဝင်ကူခိုင်းဖို့ မစဉ်းစားထားပါဘူး” ရန်ကိုင်က ရယ်မောလိုက်ပြီး “အဲ့လူ ဘယ်သူလဲ ဆိုတာကို သိရအောင် လုပ်နိုင်မယ့် နည်းလမ်းလေး၊ ဘာလေးများ ခင်ဗျားတို့မှာ ရှိလားဆိုတာကိုပဲ ကျုပ်မေးချင်နေတာ”

မန်ဝူရက ခေါင်းခါရမ်းလိုက်ပြီး နတ်ဆိုးအိုကြီးရဲ့ မျက်နှာကတော့ မဲ့ရွှဲ့သွားခဲ့တယ်။ မန်ဝူရတောင် မလုပ်နိုင်မှတော့ သူလည်း လုပ်နိုင်လိမ့်မှာ မဟုတ်ပါဘူး။ ထိုလူသာ ရန်ကိုင်စံအိမ်မှာ နောက်တစ်ကြိမ် ထပ်ထွက်ပေါ်လာမှပဲ အခွင့်အရေး ရကောင်းရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံးအကြိမ်တုန်းက အဖမ်းခံရလုနီးပါး ဖြစ်ခဲ့တာဆိုတော့ အဲ့လူသာ အရူးတစ်ယောက် မဟုတ်သရွေ့ လာမယ့်အချိန်အတွင်း ထပ်ပြီး ထွက်ပေါ်လာလိမ့်မှာ မဟုတ်ပါဘူး။

“သခင်လေးမှာ အဲ့လူနဲ့ ပက်သက်တဲ့ အချက်အလက်လေး နည်းနည်းပါးပါးမှ မရှိဘူးလား။ ဒီအစေခံအိုကြီးတောင် ဆန်မရှိပဲ ဆန်ပြုတ်မလုပ်နိုင်ဘူးလေ” နတ်ဆိုးအိုကြီးက မေးလိုက်တယ်။

“အချက်အလက်လား… တစ်ခုရှိတယ်” ရန်ကိုင်က ရုတ်တရက် ကောက်ပြောလိုက်တယ်။

“အို၊ ပြောစမ်းပါဦး” မန်ဝူရနဲ့ နတ်ဆိုးအိုကြီးတို့ နှစ်ယောက်စလုံး ရန်ကိုင်ဆီ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြတယ်။

“သူမက မိန်းမတစ်ယောက်ပဲ” ရန်ကိုင် မျက်ဝန်းအစုံ လက်သွားခဲ့တယ်။

“မင်းဘယ်လိုသိတာလဲ” မန်ဝူရ မျက်မှောင် ကြုံ့လိုက်တယ်။

ရန်ကိုင်က ပြုံးလိုက်ပြီး အပြာရောင် ပိုးချည်မျှင်နဲ့တူတဲ့ ဆံပင်တစ်ချောင်းကို သူ့အင်္ကျီလက်ထဲကနေ ထုတ်ယူလိုက်တယ် “ပိုကျင်းရေကန်မှာတုန်းက ကျကျန်ခဲ့တာလေ”

တစ်ခဏလောက် ရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်တယ် “ဒါပေမယ့် သူ့ဆံပင်က ဘာလို့ ဒီလို ဖြစ်နေတာလဲ ကျုပ်နားမလည်ဘူး။ ခင်ဗျားတို့ နှစ်ယောက်စလုံးက အတွေ့အကြုံ ကြွယ်ဝတဲ့ လူတွေ ဆိုတော့ ခင်ဗျားတို့ကော ဒီလိုအရောင်နဲ့ ဆံပင်မျိုး မြင်ဖူးလား”

မန်ဝူရနဲ့ နတ်ဆိုးအိုကြီးတို့ နှစ်ယောက်စလုံး ထိုအပြာရောင် ဆံပင်ကို တစ်ပြိုင်တည်း စူးစိုက်ကြည့်လိုက် ကြပြီး သူတို့ မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။

ထိုဆံချည်မျှင်လေးက သာမန်မိန်းမတစ်ယောက်ရဲ့ ဆံပင်နဲ့ လုံးဝကို ကွဲပြားနေခဲ့ပါတယ်။ ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ အားလုံးရဲ့ ဆံပင်အရောင်က အနက်ရောင်ပါ၊ ဒါပေမယ့် ဒီဆံပင်အမျှင်က အပြာရောင်ဖျော့ဖျော့လေး ဖြစ်နေခဲ့ပါတယ်။

ပြီးတော့ အရမ်းကို ပျော့ပျောင်းချောမွတ်ပြီး အရောင်ကလည်း သာမန်ဆံပင်တွေနဲ့ လုံးဝကို မတူ ကွဲပြားနေခဲ့ပါတယ်။

တစ်ခဏကြာပြီးနောက် မန်ဝူရနဲ့ နတ်ဆိုးအိုကြီးတို့ အကြည့်ချင်း ဖလှယ်လိုက်တယ်။ နှစ်ယောက်စလုံးရဲ့ မျက်နှာ အမူအရာက အနည်းငယ် ထူးဆန်းလို့ နေပါတယ်။

ထိုနှစ်ယောက်ရဲ့ အပြုအမူကို မြင်တာနဲ့ သူတို့ နှစ်ယောက် ဘာတွေ တွေးနေလဲဆိုတာကို ရန်ကိုင်က စိတ်ထဲကနေ ကြိတ်ပြီး စဉ်းစားကြည့်လိုက်တယ်။

တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် မန်ဝူရက ပြောလိုက်တယ် “ဒီမိန်းကလေး ဘယ်သူလဲ ဆိုတာက ငါမသိသလို ဒီလို ထူးခြားတဲ့ဆံပင်နဲ့ မိန်းကလေး အကြောင်းကိုလည်း ငါတစ်ခါမှ မကြားဖူးဘူး။ ဒါပေမယ့် ဒီဆံပင်အရောင်က သူမလေ့ကျင့်တဲ့ ကျင့်စဉ်ရယ်၊ သူမရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံရယ်၊ အဲ့နှစ်မျိုးနဲ့ သက်ဆိုင်မယ်လို့ ငါထင်တယ်။ ရန်ကိုင် သူ့ကို အရမ်းကြီး ခက်ခဲအောင် သွားမလုပ်နဲ့။ သူ့ရဲ့ နောက်ခံက အရမ်းကို အားကောင်းတဲ့ နေရာတစ်ခုက ဖြစ်နိုင်တယ်”

မန်ဝူရက အခုလို ပြောလာမှတော့ အသေးစိတ်ကျကျ ပြောမသွားခဲ့ရင်တောင် ရန်ကိုင်က လေးနက်တဲ့ အမူအရာနဲ့ ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

အစကတည်းက ထိုမိန်းကလေးအပေါ် ရက်စက်ဖို့ သူမစဉ်းစားထားခဲ့ပါဘူး။

ရုတ်တရက် နတ်ဆိုးအိုကြီးက မိစ္ဆာန်ဆန် ရယ်မောလိုက်ပြီး “သခင်လေး၊ ဒီဆံပင်က အဲ့မိန်းကလေးရဲ့ ဆံပင်သာ တကယ်မှန်တယ် ဆိုရင် အစေခံအိုကြီးမှာ သူ့ကို ခြေရာခံနိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ်”

“အို” ရန်ကိုင် မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး “ခင်ဗျား ဘယ်လောက်အထိ သေချာလဲ”

“ဟဲ ဟဲ…. ဝိဥာဉ်ခြေရာခံတယ် ဆိုတာ ဒီလူအိုကြီးရဲ့ အထူးစွမ်းရည်တစ်ခုလေ။ သခင်လေး၊ အေးဆေးထိုင်ပြီး ပြပွဲကောင်းကိုသာ ကြည့်ဖို့စောင့်နေလိုက်။ သူ့ဆံပင်ရှိနေမှတော့ သူဘယ်လိုမှ ပုန်းလို့လွတ်မှာ မဟုတ်ဘူး” နတ်ဆိုးအိုကြီးက ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်တယ်။

“မိစ္ဆာနတ်ဆိုး ပညာရပ်တွေ” မန်ဝူရက အထင်အမြင် သေးသေးနဲ့ နှာခေါင်းရှုံ့လိုက်တယ်။

အထင်အမြင် သေးခံရပေမယ့် နတ်ဆိုးအိုကြီးက ဂုဏ်ယူဝံ့ကြွားစွာနဲ့တောင် ပြန်ပြီး ပြုံးပြလိုက်ပါသေးတယ်။

ထိုဆန်းကြယ်တဲ့ မိန်းကလေးကိုသာ ရှာတွေ့နိုင်သရွေ့ နတ်ဆိုးအိုကြီး ဘယ်လိုနည်းလမ်းတွေပဲ သုံးသုံး သူဂရုမစိုက်ပါဘူး “ခင်ဗျား အချိန်ဘယ်လောက်လောက် လိုလဲ”

“ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့အတွက် ဆယ်ရက်လောက် ကြာမယ်။ ဒါပေမယ့် ပြင်ဆင်ပြီးရင်တော့ နောက်ပိုင်းက ကံပေါ် မူတည်သွားပြီ။ အဲ့မိန်းမသာ ဒီနေရာဆီ ဘယ်တော့မှ ထပ်မလာခဲ့ရင် သူ့ကို ဘယ်လိုမှ ခြေရာခံနိုင်မှာ မဟုတ်ဘူး”

“အဲ့လိုဆိုရင် မြန်နိုင်သမျှ မြန်မြန်သာ ပြင်ဆင်လိုက်” ရန်ကိုင်က ပြန်ပြောလိုက်တယ်။

ဆေးဖော်စပ်ခန်းကို ဘာရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာသည် ဖြစ်စေ၊ ပထမတစ်ကြိမ် မအောင်မြင်မှတော့ နောက်တစ်ကြိမ် ထပ်ကြိုးစားဦးမှာ အသေအချာပါပဲ။ ပိုကျင်းရေကန် ကိစ္စနဲ့ကို ထောက်ချင့်ပြီး သုံးသပ်ရမယ် ဆိုရင် ထိုမိန်းကလေး ဘယ်သူ့ကိုမှ မကြောက်သလို ဘယ်သူ့ကိုမှလည်း မျက်လုံးထဲ မထည့်တဲ့ လူတစ်ယောက်လို့ ပြောလို့ရပါတယ်။

ဒီလောကကြီးရဲ့ ပညာရှင်တွေ မျက်စိရှေ့မှာတင် သူတို့ ရယူဖို့ကြိုးစားနေတဲ့ လက်နက်ကို လုယူရဲတယ် ဆိုတော့ ထိုမိန်းကလေးမှာ သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိနေလို့ပဲ ဖြစ်ရပါမယ်။ သူမရဲ့ မောက်မာမှုကြောင့်လည်း ပါပါတယ်။ သူမက တစ်ကြိမ်မအောင်မြင်လို့ လက်လျှော့သွားမယ့် လူစားမျိုး မဟုတ်ပါဘူး။ သူမရဲ့ အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့တာနဲ့ ဒီနေရာဆီ နောက်တစ်ကြိမ် ထပ်လာပါလိမ့်မယ်။

ရန်ကိုင် လုပ်ဖို့ဆိုတာဆိုလို့ ထောင်ချောက်ဆင်ပြီး သူမ ထပ်လာမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းဖို့ပါပဲ။

နတ်ဆိုးအိုကြီးဆီ ထိုအပြာဖျော့ဖျော့ရောင် ဆံချည်မျှင်လေးကို ပေးလိုက်ပြီးတာနဲ့ ခပ်မြန်မြန်ပဲ ပြန်ထွက်သွားလိုက်တယ်။

လက်နက်သန့်စင်ရုံနားမှာ ရှိနေတဲ့ ချူရီမန်ကို ခပ်မြန်မြန်ပဲ ရှာလိုက်ပြီး သူမကို တိတ်တဆိတ်နဲ့ စကားအချို့ ပြောလိုက်တယ်။ သူတို့ နှစ်ယောက် ဘာတွေ ပြောခဲ့လဲ ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ရန်ကိုင် ပြောလို့ ပြီးသွားတာနဲ့ ချူရီမန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကာ ရန်ကိုင်လက်ကို ဖမ်းဆွဲထားလိုက်ပါတယ်။

ချူမိသားစုရဲ့ ပထသခင်မလေး ချူရီမန် အခုလိုမျိုး ရဲရဲတင်းတင်း ပြုမူတာ တကယ်ကို ရှားပါတယ်။ မွေးကတည်းက မိသားရဲ့ ကြပ်မတ်တဲ့ အထိန်းအကွပ် အောက်မှာ ကြီးပြင်းလာခဲ့ရတာပါ။ ဒါပေမယ့် အခုအချိန် မှာတော့ ချူရီမန်က လူမြင်ကွင်းရှေ့မှာပဲ ရန်ကိုင်လက်ကို အတင်းဖမ်းဆွဲ နေခဲ့ပါတယ်။

သူမလုပ်နေတဲ့ ပုံစံက ကျွန်မကို ထားမသွားပါနဲ့ဆိုပြီး ပြောနေတာနဲ့တောင် တူနေပါသေးတယ်။ ဘေးပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူအားလုံးလည်း ဘာတွေ ဖြစ်နေတာလဲဆိုတာကို တိတ်တဆိတ် ခန့်မှန်း တွေးတောနေခဲ့ကြတယ်။

နောက်ဆုံးမှာတော့ ရန်ကိုင်က ချူရီမန်လက်ကို ဆွဲဖယ်ပြီး ခြေလှမ်းကျဲကျဲနဲ့ လှမ်းထွက်သွားလိုက်တယ်။ ချူရီမန် တစ်ယောက် စိတ်ပျက်ဒေါသထွက်ထွက်နဲ့ ကျန်နေရစ်ခဲ့ရတယ်။

“မိန်းကလေးချူ၊ ဂျူနီယာမောင်လေးရန် ဘာတွေ ပြောခဲ့တာလဲ” လန်ချူးတျယ်က အခုလေးတင်ပဲ သူမရဲ့ လက်နက်ကို သန့်စင်တာ ပြီးသွားခဲ့တာပါ။ လေကောင်းလေသန့် ထွက်ရှူတဲ့အချိန် ရန်ကိုင်နဲ့ ချူရီမန်တို့ အဖြစ်အပျက်ကို တွေ့ပြီး သိချင်မိတာနဲ့ မေးကြည့်လိုက်တာပါ။

“ဘာမှမဟုတ်ပါဘူး” ချူရီမန်က သူမအမူအရာကို ခပ်မြန်မြန်ပဲ ပြန်ထိန်းလိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းခါ ရမ်းလိုက်တယ်။

သူမရဲ့ လက်ရှိ အဆင့်အတန်းနဲ့ အဆင့်မြင့် လျှို့ဝှက်ချက်တွေကို သိခွင့်မရသေးမှန်း သိလိုက်တာနဲ့ လန်ချူးတျယ်က ပြုံးသာပြုံးလိုက်ပြီး ဆက်မမေးတော့ပါဘူး။

ဟူညီအစ်မနှစ်ယောက်လည်း ထိုမြင်ကွင်းကို ပြတင်းပေါက်ကနေတစ်ဆင့် မြင်တွေ့ခဲ့ရပါတယ်။

“နင်မြင်လား၊ အဲ့ကောင်စုတ်က အရမ်းကို အရှက်မဲ့လွန်းတယ်။ လူမြင်ကွင်းမှာတောင် ချူမိသားစုက မိန်းမနဲ့ ပလူးပလဲ လုပ်နေသေးတယ်။ မေးအာ၊ အဲ့ကောင်ကို နင်သတိထားရမယ်နော်။ သူ့ထောင့်ချောက်ထဲ ကျမသွားစေနဲ့” ဟူကျောင်းအာက အံတင်းတင်း ကြိတ်ရင်း သူမရဲ့ ညီမလေးကို သတိပေးလိုက်တယ်။

ဟူမေးအာက ရဲရဲနီမြန်းနေတဲ့ သူမရဲ့ ပါလေးကို ကိုင်ရင်း ရန်ကိုင် ထွက်သွားတဲ့ နေရာကိုသာ ငေးစိုက်ကြည့်နေခဲ့တယ်။ သူမအစ်မကြီး ပြောသွားတဲ့ စကားတစ်ခွန်းကိုမှ မကြားခဲ့သလိုပါပဲ။

ဆေးမိနေတဲ့ သူမညီမလေးရဲ့ ပုံစံကို ကြည့်ရင်း ဟူကျောင်းအာ သက်ပြင်းချလိုက်တယ်။ သူမရဲ့ ကျောက်စိမ်းသဖွယ် လက်ကလေးကို ဆန့်ထုတ်လိုက်ပြီး ဟူမေးအာရဲ့ ဖြောင့်စင်းလှတဲ့ နှာတံလေးကို ဆွဲညစ်လိုက်ကာ အသာအယာလေး ရယ်မောလိုက်ရင်း ပြောလိုက်တယ် “ကျင့်ကြံကြမယ်”

“အာ… အင်း” ဟူမေးအာ ခေါင်းညိတ်လိုက်ပြီး အင်တင်တင်နဲ့ သူမအကြည့်ကို ပြန်ရုတ်လိုက်တယ်။

သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က အခြားအင်အားစု တွေထက် နောက်ကျမှ ရောက်လာခဲ့ပေမယ့် သူတို့ ရရှိတဲ့ ဆေးလုံးတွေကကတော့ အခြားအင်အားစုတွေနဲ့ အတူတူပါပဲ။ ဆန်းကြယ်အဆင့် ဆေးလုံးတွေရဲ့ အကူအညီကြောင့် ဟူညီအစ်မနှစ်ယောက်ရဲ့ ကျင့်ကြံနှုန်းက အရင်ကထက် ပိုမိုမြန်ဆန်လာခဲ့ပြီး နောက်တစ်ဆင့် ချိုးဖျက်တော့မယ့် အရိပ်အယောင်တွေတောင် ပြနေခဲ့ပါပြီ။

ထိုဆေးလုံးတွေကို ထပ်ခါထပ်ခါ သောက်သုံးခဲ့ပြီးနောက် သူမတို့ရဲ့ ခန္ဓာကိုယ် အရင်ကနဲ့ အနည်းငယ် ကွဲပြားသွားတာကို ညီအစ်မ နှစ်ယောက်စလုံး ခံစားမိလိုက်ကြတယ်။ မိုးမြေစွမ်းအင်တွေကို စုပ်ယူရတာ အရင်ကထက် ပိုပြီး မြန်ဆန်လာခဲ့ပါတယ်။ သူတို့ သွေးကြောတွေက အရင်ကထက် ပိုပြီး မာကျောလာခဲ့သလို အစစ်အမှန်ချီကို လှည့်ပတ်ရတာကလည်း အရင်ကထက် ပိုပြီး ချော့မွေ့လာခဲ့ပါတယ်။ ထို့ကြောင့် သူတို့ရဲ့ ကျင့်စဉ်ကို လှည့်ပတ်ရတာ ပိုပြီး မြန်ဆန်လာခဲ့ပါတယ်။

ရန်ကိုင်ရဲ့ ခွန်အားနဲ့ အရည်အချင်းက သူမတို့ နှစ်ယောက်စလုံးကို ဖိအားများသွားစေခဲ့ပါတယ်။ သူမတို့သာ ကြိုးကြိုးစားစား မလေ့ကျင့်ရင် သူ့နောက်မှာ ပြတ်ကျန်ခဲ့လိမ့်မယ် ဆိုတာကို နှစ်ယောက်စလုံး သိထားကြပါတယ်။ ထို့ကြောင့် သူမတို့ နှစ်ယောက်စလုံး ကြိုးစားပန်းစားနဲ့ လေ့ကျင့်နေခဲ့ကြတာပါ။

……………

ညအချိန်၊ စစ်ပွဲမြို့တော်ရဲ့ အရှေ့ဘက်စွန်း၊ ရန်ဝေရဲ့ စံအိမ်…

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရခဲ့တဲ့ သန့်စင်နေတုန်းမှာပဲ တံခါးခေါက်သံ တစ်သံကို ရန်ဝေ ကြားလိုက်ရတယ်။ မျက်မှောင်ကြုံ့လိုက်ပြီး ပြန်မေးလိုက်တယ် “ဘာလဲ”

“အကြီးဆုံးသခင်လေးဆီ တစ်ယောက်ယောက် လာလည်တယ်” အခန်းအပြင်ဘက်ကနေ မန်ရှန်းရီရဲ့ အသံ ထွက်ပေါ်လာခဲ့တယ်။

“ဘယ်သူလဲ” ရန်ဝေ မျက်ဝန်းအစုံ လက်သွားခဲ့တယ်။ သူဆန်းကြယ်အဆင့် လက်နက်အား သန့်စင်နေတယ် ဆိုတာကို မန်ရှန်းရီ သိထားပါတယ်။ ဒါတောင် သူ့ကို လာနှောင့်ယှတ်တယ် ဆိုတော့ အခုရောက်လာတဲ့ ဧည့်သည်က သာမန်မဟုတ်လို့ပဲ ဖြစ်ရပါမယ်။

ဒါပေမယ့် ဘယ်လိုလူကများ မန်ရှန်းရီကို သူ့အား လာနှောင့်ယှတ်တဲ့အထိ ဖြစ်စေရတာလဲ။

“ရန်ကိုင်လို့ ထင်တာပဲ”

“ကိုးယောက်မြောက် ညီလေးလား” ရန်ဝေ အသံနှုန်း မြင့်တက်သွားခဲ့တယ်။ သူ့အသံက အနည်းငယ် ချုပ်တည်းထားရတဲ့ ပုံစံမျိုး ပေါက်နေခဲ့တယ်။

သိပ်မကြာခင်မှာပဲ အခန်းတံခါးပွင့်သွားခဲ့ပြီး ရန်ဝေက သုန်မှုန်နေတဲ့ အမူအရာနဲ့ ထွက်လာခဲ့တယ်။ ထွက်လာပြီးပြီးချင်းမှာပဲ လေးနက်တဲ့ လေသံနဲ့ ချက်ချင်း တန်းမေးလိုက်တယ် “ကိုးယောက်မြောက် ညီလေးဆိုတာ သေချာလား”

မန်ရှန်းရီက ကိုးယိုးကားယား အမူအရာနဲ့ ပြုံးလိုက်ပြီး ခေါင်းကုတ်လိုက်ရင်း “သူ့မျက်နှာကို မမြင်နိုင်ခဲ့ပေမယ့် စီနီယာရင်းဂျုက သူ့ဘေးနားမှာ ရှိနေခဲ့တယ်။ ရင်းဂျုက ရန်ကိုင်ကလွဲပြီး အခြားသူတစ်ယောက်နောက် လိုက်စရာ အကြောင်းမှ မရှိတာ”

ရန်ဝေ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး ခေါင်းညိတ်လိုက်ရင်း “ရင်းဂျုက ဘေးနားမှာ ဆိုတော့ ကိုးယောက်မြောက် ညီလေးပဲ ဖြစ်ရမယ်”

ရုတ်တရက် သွားပေါ်တဲ့အထိ ပြုံးလိုက်ပြီး ရန်ဝေက တိုးတိုးလေး ရေရွတ်လိုက်တယ် “ဘယ်လောက်တောင် ရဲလိုက်လဲ။ ကိုးယောက်မြောက် ညီလေးကို ငါတကယ် နားမလည်နိုင်တော့တဲ့ပုံပဲ”

ပိုကျင်းရေကန်မှာတုန်းက ရန်ကိုင်နဲ့ ယာယီ မဟာမိတ်ဖွဲ့ခဲ့ပေမယ့် နောက်ဆုံးတော့ သူတို့ နှစ်ယောက်က ပြိုင်ဘက်တွေ ဖြစ်နေတုန်းပဲလေ။ ထို့ကြောင့် ရင်းဂျုနဲ့ နှစ်ယောက်တည်း သူ့စံအိမ်ဆီ လာရဲတာကိုက ရန်ကိုင် ဘယ်လောက်တောင် သွေးရဲလဲဆိုတာကို ပြသနေခဲ့ပါတယ်။

“အကြီးဆုံးသခင်လေး၊ ဒါက ရှားပါးတဲ့ အခွင့်အရေးကြီးနော်” မန်ရှန်းရီက ကတုန်ကရင် လေသံနဲ့ ပြောလိုက်တယ် “အမွေခံတိုက်ပွဲ စတင်ကတည်းက ရန်ကိုင်ရဲ့ စွမ်းဆောင်ရည်အရ သူက ဒုတိယသခင်လေး ထက်တောင် ပိုပြီး အားကောင်းတဲ့ ပြိုင်ဘက် တစ်ယောက် ဖြစ်လာနိုင်တယ်။ ဒါကြောင့် ကျုပ်တို့ ပိုက်နက်ထဲ ရင်းဂျုနဲ့ နှစ်ယောက်တည်း ရောက်လာတုန်း…”

ပြောနေရင်းနဲ့ လည်ပင်းကို တိခဲနဲဖြတ်ချတဲ့ ပုံစံ လုပ်ပြလိုက်တယ်။

ဒါပေမယ့် ရန်ဝေက ကြိတ်ပြီးတော့သာ ရယ်မောလိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ်။

“အကြီးဆုံးသခင်လေး” မန်ရှန်းရီလေသံက နောက်တစ်ကြိမ် မြင့်တက်သွားခဲ့တယ်။ ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို ရန်ဝေ ဘာလို့ အသုံးမချချင်လဲ ဆိုတာကို သူတကယ်ကို နားမလည်နိုင်ပါဘူး။

“ဒါက နောက်တစ်ကြိမ် ပြန်မရနိုင်တဲ့ အခွင့်အရေး ကောင်းတစ်ခုနော်။ မင်းသာ အခွင့်အရေး ရတုန်း အမိအရ ဆုပ်ကိုင်ဖို့ မကြိုးစားရင် ဒုတိယအခွင့်အရေးဆိုတာ ရှိတော့မှာ မဟုတ်ဘူး”

အမွေခံတိုက်ပွဲ မစခင်တုန်းကတော့ ရန်ကိုင် ပထမညမှာပဲ ထွက်ရလိမ့်မယ်လို့ ၉၉ ရာခိုင်နှုန်းလောက်က ထင်နေကြတာပါ။ ဒါပေမယ့် ပထမညမှာတင်ပဲ ရန်ကိုင်က အားလုံးရဲ့ အထင်အမြင်ကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်ပြလိုက်ပါတယ်။ အခု ရန်ကိုင် နိုင်မယ်လို့ တွက်နေတဲ့ လူတွေ ပိုပိုများလာနေခဲ့ပါပြီ။ ဒါကလည်း ရမ်းသန်းပြီး ဇွတ်ခန့်မှန်းနေတာမျိုး မဟုတ်ပါဘူး။ ရန်ကိုင် အဖွဲ့သားတွေကိုပဲ ကြည့်၊ သူ့အဖွဲ့သားတွေရဲ့ ခွန်အားက တရိပ်ရိပ်နဲ့ တိုးတက်လာနေခဲ့တာလေ။

သူနဲ့သူညီအစ်ကိုတွေကြားက ခွန်အားက တရိပ်ရိပ်နဲ့ တိုးတက်လာနေခဲ့ပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ ထိုကွာခြားချက်က ပိုပြီးတော့တောင် ကြီးမားလာဦးမှာပါ။ နောက်ဆုံးအချိန် ရောက်လာခဲ့ရင် သူတစ်ယောက်တည်းနဲ့ အားလုံးကို ရှင်းထုတ်ပြီး အမွေခံတိုက်ပွဲရဲ့ အောင်နိုင်သူ တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

ထိုကဲ့သို့နေ့မျိုး အနှေးနဲ့အမြန် ရောက်ရှိလာလိမ့်မယ်လို့ မန်ရှန်းရီ မြင်ယောင်နေမိပါတယ်။ ထို့ကြောင့် ရန်ဝေရဲ့ မဟာမိတ်တစ်ယောက် အနေနဲ့ သူမစိုးရိမ်ပဲ ဘယ်နေပါ့မလဲ။

ဒါပေမယ့် ဒီလောက်ကောင်းမွန်တဲ့ အခွင့်အရေးကြီးကို မြင်တွေ့နေရတာတောင် အကြီးဆုံးသခင်လေးက ညီအစ်ကိုကြားက ဆက်ဆံရေးတွေကို ထည့်တွက်စဉ်းစား နေတဲ့ပုံပါပဲ။ ဒါက ရူးမိုက်တာကလွဲပြီး ဘာမှ မဟုတ်ပါဘူး။

“ငါ့အတွေးနဲ့ငါပဲ၊ ဒီအကြောင်းကို ဆက်မပြောနဲ့တော့” ရန်ဝေက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ခြေလှမ်းကျဲကျဲနဲ့ လှမ်းထွက်သွားလိုက်တယ်။

မန်ရှန်းရီ စိတ်ဓါတ်ကျသွားခဲ့ပြီး ခါးခါးသီးသီးနဲ့ ပြုံးလိုက်တယ်။ ဒါပေမယ့် ခဏတာလောက် စဉ်းစားလိုက်ပြီး စိတ်ဒုံးဒုံးချလိုက်ကာ အမှောင်ထုထဲ ခပ်မြန်မြန်ပဲ တိုးဝင် ပျောက်ကွယ်သွားခဲ့တယ်။

Martial Peak

အပိုင်း(၄၇၉) အခြားတစ်ခုခု အကြောင်းပြောရအောင်

အဓိကခန်းမထဲ၌ ရန်ကိုင်က တစ်ကိုယ်လုံးအပြည့် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားခဲ့ပြီး တိတ်တိတ်လေး ထိုင်နေခဲ့တယ်။ သူ့နောက်မှာရင်းဂျုက မထူးခြားနားဟန်နဲ့ ရပ်နေခဲ့တယ်။

ရန်ကိုင်ရဲ့ တည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါး အမူအရာကို ကြည့်ရင်း သူ့စိတ်ထဲကနေ ရင်းဂျု ကြိတ်ပြီး လေးစားသွားခဲ့တယ်။

အစောပိုင်းတုန်းက ရန်ကိုင်က သူ့နောက်ကနေ လိုက်ခဲ့ဖို့ ပြောလာခဲ့ပါတယ်။ ရင်းဂျုကလည်း ဘာမှပြန်မမေးပဲ ရန်ကိုင် နောက်ကနေပဲ လိုက်သွားလိုက်ပါတယ်။ မကြာခင်မှာတော့ သူအကြီးအကျယ် ထိတ်လန့်သွားခဲ့ရပါတယ်။

ရန်ကိုင် သွားမယ့်နေရာက ရန်ဝေရဲ့စံအိမ် ဖြစ်နေခဲ့ပါတယ်။ ထို့ကြောင့် ရန်ကိုင် ဘေးနား၌ ရပ်နေစဉ် ရင်းဂျုအနေနဲ့ နည်းနည်းလေးတောင် သတိ မလျှော့ပေါ့ရဲပါဘူး။

သူ့သခင်ငယ်လေးနဲ့ ချူရီမန်ကြားက အငြင်းပွါးဖွယ် အဖြစ်အပျက်ကို ပြန်တွေးမိလိုက်တာနဲ့ ချူမိသားစု သခင်မလေးက ရုတ်တရက် ဘာလို့ထဖောက်မှန်း အခုမှပဲ ရင်းဂျု နားလည်သွားခဲ့တယ်။

ခန်းမထဲ ဝင်ရောက်လာပြီးနောက် များစွာသော အားကောင်းတဲ့ ကောင်းကင်စိတ်အာရုံတွေက သူတို့ နှစ်ယောက်အား လာရောက်ထောက်လှမ်းတာကို ရင်းဂျု အာရုံခံမိပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ရှေ့ထွက်မလာခဲ့ပါဘူး။ ရန်ဝေတောင် မထွက်လာသေးပါဘူး။

ရန်ဝေစံအိမ်ထဲမှာ ရှိနေတဲ့ ပညာရှင်တွေ အကုန်လုံးရဲ့ ကောင်းကင်စိတ်အာရုံတွေက သူတို့ နှစ်ယောက်ကို စောင့်ကြည့်နေမှန်း ရင်းဂျု သိပါတယ်။

ဒါပေမယ့် သူသာမက သူ့သခင်လေးက ထိုအချက်ကို သိထားမှန်း ရင်းဂျု သိထားပါတယ်။ ဒါတောင် သူ့သခင်ငယ်လေးက သာမန်အတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေနိုင်ခဲ့ပါတယ်။

“ကိုးယောက်မြောက် ညီလေးက တကယ်ကို ရဲတာပဲ။ ငါ့အိမ်ကိုတောင် နှစ်ယောက်တည်း လာရဲတယ်ဆိုတော့ ဒီကနေ ဘယ်တော့မှ ပြန်ထွက်သွားလို့ မရအောင် ငါတားမှာကို မင်းမကြောက်ဘူးလား” အေးစက်စက် အသံတစ်သံက စံအိမ်အတွင်းပိုင်းထဲကနေ ထွက်ပေါ်လာခဲ့ပြီး အဓိကခန်းမထဲ ပဲ့တင်ထပ်သွားခဲ့တယ် “ဒါမှမဟုတ် မင်းကို တားမယ့်လူ ဘယ်သူမှ မရှိဘူးလို့ ထင်ပြီး ဒီနေရာဆီ နှစ်ယောက်တည်း ဝင်လာရဲတာလား”

ရန်ဝေရဲ့ အသံက နေရာစုံကနေ ထွက်ပေါ်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ စိတ်စွမ်းအင်တစ်ခုက သူ့ဆီ လာရောက် ရိုက်ခတ်ခဲ့တယ်။ ဒါပေမယ့် ထိုစိတ်စွမ်းအင်ထဲ သတ်ဖြတ်လိုစိတ်တို့ ပါဝင်မနေခဲ့ပါဘူး။ စစ်ဆေးကြည့်ရုံ သက်သက်ပဲနဲ့တူပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရန်ကိုင်နဲ့ လျူချင်းယောင်တို့ တိုက်ကွက်နှစ်ကွက် ဖလှယ်ခဲ့ပါတယ်။ ရန်ဝေလည်း ထိုတိုက်ပွဲကို မီတာတစ်ထောင် အကွာအဝေး ကနေ ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် ထိုတိုက်ပွဲကနေ ရန်ကိုင်ရဲ့ ခွန်အား အစစ်အမှန်ကို သူမသိခဲ့ရပါဘူး။ ထို့ကြောင့် ရန်ကိုင် ဘယ်လောက်ထိ အားကောင်းလဲ ဆိုတာကို သူသိချင်တာ သဘာဝပါပဲ။

ရန်ကိုင်ကတော့ မထူးခြားနားဟန်နဲ့ပဲ ထိုင်နေခဲ့တယ်။ သူ့ဆီ တိုးဝင်လာနေတဲ့ စိတ်စွမ်းအင်အား နည်းနည်းလေးတောင် မခုခံခဲ့ပါဘူး။ ရယ်ရယ်မောမောနဲ့သာ ပြန်ပြောလိုက်တယ် “ကြောက်ရမှာလား။ အစ်ကိုကြီးသာ အဲ့လိုလုပ်မယ်လို့ ငါထင်နေခဲ့ရင် လာတောင် လာခဲ့မှာ မဟုတ်ဘူး”

“ဟား ဟား” ရန်ဝေက ရယ်မောလိုက်ပြီး နောက်ဆုံးမှာတော့ အမှောင်ထုထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်။

ရင်းဂျုက ထိုနေရာတစ်ဝိုက်ကို ခပ်မြန်မြန်ပဲ စစ်ဆေးကြည့်လိုက်တယ်။ ဒါပေမယ့် ရန်ဝေ တစ်ယောက်တည်းပဲ ရှိနေတာကို သူတွေ့လိုက်ရတယ်။ သူ့ကို ကာကွယ်စောင့်ရှောက် ပေးနေတဲ့ သွေးစစ်သည်တော် တစ်ယောက်ကိုမှ သူမတွေ့ခဲ့ရပါဘူး။ ခန်းမတစ်ဝိုက်၌ အားကောင်းတဲ့ ပညာရှင်များစွာ ရှိနေပေမယ့် ရင်းဂျုသာ ရန်ဝေကို ဖမ်းချင်တယ်ဆိုရင် တဒင်္ဂအချိန်ပဲ လိုအပ်ပါတယ်။

ဒီညီအစ်ကိုနှစ်ယောက်… ရင်းဂျု အသာအယာလေး ခေါင်းရမ်းလိုက်တယ်။ နှစ်ယောက်စလုံး တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်မှုရှိနေတဲ့ပုံပါပဲ။

ရန်ကိုင်က ဆောင်းထားတဲ့ ခမောက်ကို ချွတ်လိုက်ပြီး ရန်ဝေကို ပြုံးပြလိုက်တယ်။ ရန်ဝေက လက်ခုပ်တီးကာ လက်ဖက်ရည်ချပေးဖို့ အစေခံမလေးကို ခေါ်လိုက်တယ်။

အစေခံမလေး ထွက်သွားပြီးနောက် ရန်ကိုင်က စပြောလိုက်တယ် “အစ်ကိုကြီး၊ ငါတို့ ဒီလိုမျိုး စကားပြောဖူးတာ ပထမဆုံးအကြိမ်ပဲနော်”

“အမှန်ပဲ” ရန်ဝေ ခေါင်းညိတ်လိုက်တယ်။ ကလေးဘဝ ကတည်းက ရန်ဝေက တစ်ကိုယ်တည်းသာ နေလေ့ရှိပါတယ်။ သူ့ရဲ့ ဘယ်ညီအစ်ကိုတွေနဲ့မှ နီးနီးကပ်ကပ် နေလေ့မရှိပါဘူး။ ဒါကြောင့် အခုမှပဲ ရန်ကိုင်က ရန်ဝေနဲ့ ပထမဆုံးအကြိမ် အဖြစ် မျက်နှာချင်းဆိုင် စကားပြောဖူးတာပါ။

“ကိုးယောက်ညီလေး၊ မင်းက အခုအချိန်မျိုးမှာ ငါ့ကို လာတွေ့တာဆိုတော့ မင်းလှုပ်ရှားတော့မလို့လား” ရန်ဝေက လိုရင်းကို တိုက်ရိုက်မေးလိုက်တယ်။ ရန်ကိုင် ရောက်လာရတဲ့ အကြောင်းအရင်းကို သူ့စိတ်ထဲ ကြိုတင်ခန့်မှန်းပြီးသားပါ။

“အင်း” ရန်ကိုင် ခေါင်းညိတ်ပြလိုက်တယ်။ ဆက်မပြောခင် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး “မိသားစုက အမွေခံတိုက်ပွဲ ငြိမ်နေတာနဲ့ ပက်သက်ပြီး တော်တော်လေး မကျေမနပ် ဖြစ်နေတာလေ။ မဟုတ်ရင် တိုက်ပွဲအရှိန်ကို တိုးမြှင့်ဖို့အတွက် လက်နက်၁၀၀၀ကို ရင်းနှီးခဲ့လိမ့်မှာ မဟုတ်ဘူး။ သူတို့က မြန်ချင်နေမှတော့ ငါတို့ကလည်း မြန်ပေးဖို့ပဲ ရှိတော့တာပေါ့။ မဟုတ်ရင် အတင်းအကြပ် တွန်းအားပေးတဲ့ နည်းလမ်းတွေကို အသုံးပြုလာနိုင်တယ်။ အစ်ကိုကြီးလည်း ဒီအချက်ကို နားလည်ထားမယ်လို့ ငါထင်တယ်”

“ဟုတ်တယ်၊ အားလုံး နားလည်ထားမယ်ဆိုတာ သေချာတယ်” ရန်ဝေ ခေါင်းညိတ်ပြလိုက်တယ်။

“အဲ့လိုဆိုမှတော့ ငါတို့သာ အခုစမလှုပ်ရှားရင် အခြားသူတွေ အရင်စလှုပ်ရှားလိမ့်မယ်” ရန်ကိုင်က လေသံတိုးတိုးနဲ့ ပြောလိုက်တယ်။ မိသားစုရဲ့ သဘောထားက အရမ်းကို ရှင်းလင်းပါတယ်။ လက်နက်လုပွဲက သူတို့တွေကို မြန်မြန်တိုက်ကြဖို့ တွန်းအားပေးတဲ့ သဘောပါ။ ညီအစ်ကို ခြောက်ယောက်စလုံး ထိုအချက်ကို သိထားကြပါတယ်။

လက်နက်တွေကို သန့်စင်ပြီးတဲ့အချိန်က တိုက်ပွဲတွေ ကျိန်းသေ ဖြစ်လာတော့မှာပါ။

“ပထမဆုံး တိုက်ခိုက်ခံရမယ့် ပစ်မှတ်ဘယ်သူ ဖြစ်မယ်လို့ အစ်ကိုကြီးထင်လဲ”

ရန်ဝေက ရန်ကိုင်ကို ပြန်ကြည့်လိုက်ပြီး ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်တယ် “မင်းသိနေပြီးမှကို ဘာလို့ လာမေးနေသေးတာလဲ။ ငါ့ကို မေးရမှာမဟုတ်ဘူး၊ မင်းကိုယ်မင်း ပြန်မေးရမှာ”

“ငါလည်း အဲ့လိုပဲ ထင်တယ်” ရန်ကိုင်က သွားပေါ်အောင် ပြုံးပြလိုက်တယ်။

ကျန်ရှိနေတဲ့ ညီအစ်ကို ခြောက်ယောက်ထဲမှာ ရန်ကျောင်းနဲ့ ရန်ခန်းက ညီအစ်ကိုအရင်းတွေ ဖြစ်ကြပြီး ရန်ရှန်းနဲ့ ရန်ရင်တို့ကလည်း ညီအစ်ကိုအရင်းတွေ ဖြစ်ကြပါတယ်။ သူတို့တွေက ပြိုင်ဘက်တွေ ဖြစ်ကြပေမယ့် ရန်သူတွေ ရှိနေသေးရင်တော့ သူတို့တွေ အချင်းချင်း ပူးပေါင်းထားကြဦးမှာပါ။

သူတို့စလှုပ်ရှားပြီ ဆိုတာနဲ့ အင်အားစု နှစ်ခုပူးပေါင်းပြီး တစ်ယောက်တည်း သီးခြားဖြစ်နေတဲ့ ရန်ကိုင်၊ ဒါမှမဟုတ် ရန်ဝေကို တိုက်ခိုက်ကြမှာပါ။

ရန်ဝေက ညီအစ်ကို ခြောက်ယောက်ထဲမှာ အကြီးဆုံးပါ။ အမွေခံတိုက်ပွဲရဲ့ ပထမညတုန်းက ညီလေးတွေကို မျက်နှာသာ ပေးတဲ့အနေနဲ့ ထိုညမှာ သူမလှုပ်ရှားခဲ့ပါဘူး။ ထို့ကြောင့် ညီအစ်ကို လေးယောက်စလုံး သူ့ကို အရင်တိုက်ခိုက်ကြမှာ မဟုတ်ပါဘူး။

ထို့ကြောင့် ဆယ်ရက်အတွင်းမှာပဲ ရန်ကိုင်က အားလုံး ပူးပေါင်းတိုက်ခိုက်တာကို ခံရမှာပါ။

သူက အရမ်းကို ကျော်ကြားနေတာလေ။ မကြာခင်တုန်းကပဲ သူက ဆန်းကြယ်အဆင့် လက်နက် နှစ်ခုကို ရယူခဲ့ပါသေးတယ်။ သူ့ညီအစ်ကိုတွေက အခွင့်အရေး ရတာနဲ့ သူ့ကို အသက်ရှူခွင့်လေးတောင် ပေးလိမ့်မှာ မဟုတ်ပါဘူး။

တစ်ယောက်ချင်းဆိုရင် ထို့အဖွဲ့တွေ အကုန်လုံးကို ရန်ကိုင် နည်းနည်းလေးမှ သောက်ဂရုမစိုက်ပေမယ့် သူတို့သာ ပူးပေါင်းလိုက်မယ် ဆိုရင်တော့ ရန်ကိုင်အနေနဲ့ လုံးဝကို ကျဉ်းထဲ၊ ကြပ်ထဲ ရောက်သွားမှာပါ။ မန်ဝူရနဲ့ နတ်ဆိုးအိုကြီးတို့ နှစ်ယောက်စလုံး လှုပ်ရှားလာမှပဲ ဆုံးရှုံးမှုတွေကို နည်းနည်းပါးပါး လျှော့ချနိုင်ပါလိမ့်မယ်။

သူ့ရဲ့ လက်ရှိ အခြေအနေကို နားလည် ထားတာကြောင့်ပဲ ရန်ကိုင်က ရန်ဝေနဲ့ ဆွေးနွေးဖို့ သူ့ဆီ ရောက်လာခဲ့တာပါ။

“မင်းဘယ်သူ့ကို တိုက်မယ်လို့ စီစဉ်ထားလဲ” ရန်ဝေ မျက်ဝန်းထဲ စိတ်လှုပ်ရှားသည့် အရိပ်အယောင် အချို့ ဖြတ်ပြေးသွားခဲ့တယ်။

“ငါးယောက်မြောက် အစ်ကိုလေ” ရန်ကိုင် သွားပေါ်အောင် ပြုံးလိုက်တယ်။

ရန်ဝေက ခဏလောက် စဉ်းစားကြည့်လိုက်တယ်။ နောက် ရုတ်တရက် တစ်ခုခုကို နားလည်သွားခဲ့ကာ အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ် “ငါယောက်မြောက် ညီလေး တုဖုန်းနဲ့ တန်ယုရှန်းတို့ကို ရွေးလိုက်တာ မှားယွင်းတဲ့ ရွေးချယ်မှု တစ်ခုကို လုပ်လိုက်တာပဲ”

ကျန်ရှိနေတဲ့ ညီအစ်ကိုခြောက်ယောက်ထဲမှာ ရန်ခန်းက အားအနည်းဆုံး မဟုတ်ပါဘူး။ ဒါပေမယ့် ရန်ကိုင်က ရန်ခန်းကို ပထမပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ရန်ကိုင် ဘာလို့ အခုလို ရွေးလိုက်တာလဲလို့ မေးလာခဲ့ရင် ရှင်းပြစရာ တစ်ခုပဲ ရှိပါတယ်။ တုဖုန်းနဲ့ တန်ယုရှန်းတို့က ရန်ခန်းကို ကာကွယ်ပေးနေတဲ့ သွေးစစ်သည်တော် နှစ်ယောက် ဖြစ်နေတာကြောင့်ပဲလို့ပဲ ပြန်ဖြေရမှာပါ။

မတော်တဆ ဖြစ်ရပ်အချို့ကြောင့် မဟုတ်ရင် အခုအချိန်လောက်ဆို တုဖုန်းနဲ့ တန်ယုရှန်းက ရန်ကိုင်နောက် လိုက်နေခဲ့ရမှာပါ။

ရန်ကိုင်က ရန်ခန်းကို ပထမပစ်မှတ်အဖြစ် ရွေးချယ်လိုက်တာကို ကြည့်ရင် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကို သူတော်တော်လေး ဂရုစိုက်တယ် ဆိုတာ သိသာပါတယ်။

“အဲ့လိုဆိုတော့၊ မင်းရဲ့ အကြီးဆုံးအစ်ကိုကို ဘာလုပ်စေချင်တာလဲ” ရန်ဝေက သိချင်စိတ်နဲ့ မေးလိုက်တယ်။

“ဒုတိယအစ်ကိုကို တားပေးစေချင်တယ်။ ဘာတွေ ဖြစ်နေလဲဆိုတဲ့ သတင်းကြားတာနဲ့ ဒုတိယအစ်ကို ဒီအတိုင်း ငြိမ်ပြီးထိုင်နေမှာ မဟုတ်ဘူး” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်တယ်။

“ပြဿနာမရှိဘူး” ရန်ဝေက ခေါင်းညိတ်လိုက်ပြီး ‘ငါသိနေပါတယ်’ ဆိုတဲ့အပြုံးနဲ့ “ငါ့အတွက်ကကော”

ရန်ဝေလည်း ဒီကနေ အကျိုးအမြတ်အချို့ ရိတ်သိမ်းချင်ပါတယ်။ တကယ်တော့ သူနဲ့ ရန်ကိုင်တို့ နှစ်ယောက်စလုံးက ပြိုင်ဘက်တွေလေ။ ဒါကြောင့် ဘာအကျိုးအမြတ်မှ မရပဲ ရန်ကိုင်ကို အလကား ကူညီပေးဖို့ မဖြစ်နိုင်ပါဘူး။ သူကူညီပေးချင်ရင်တောင် သူ့ရဲ့ အဖွဲ့သားတွေက ကူညီပေးလိမ့်မှာ မဟုတ်ပါဘူး။

ရန်ကိုင်က သူ့အား ရန်ကျောင်းကို တားပေးစေချင်တယ် ဆိုမှတော့ ရန်ကိုင်ဘက်ကနေ တစ်ခုခု ပြန်ပေးရမှာပါ။

“အစ်ကိုကြီး ဘာလိုချင်လဲ” ရန်ကိုင်က ဒီအချက်ကို ထည့်စဉ်းစားပြီးသွားပါပြီ။ ထို့ကြောင့် ရန်ဝေ အခုလို မေးလာတာကို မြင်တော့ သူနည်းနည်းလေးတောင် မအံ့ဩသွားခဲ့တာပါ။

အသာအယာလေး ချောင်းဟန့်လိုက်ပြီး ရန်ဝေက ပြုံးကာ ပြောလိုက်တယ် “အစ်ကိုကြီးက မင်းအိမ်မှာ ရှိနေတဲ့ ဆေးပညာရှင်တွေကို မျက်စိကျနေတာ။ ငါအများကြီး မလိုချင်ပါဘူး၊ ငါးယောက်ဆိုရင်ကော ဘယ်လိုလဲ”

ရန်ကိုင် ကြက်သေသေသွားခဲ့ပြီး “အစ်ကိုကြီးက တကယ်ကို လောဘကြီးတာပဲ”

“လောဘကြီးတာလား” ရန်ဝေက မဲ့ပြုံးပြုံးလိုက်ပြီး “မင်းမှာရှိနေတဲ့ ဆေးပညာရှင် အယောက်၃၀ထဲကမှ ငါက ငါးယောက်ပဲ တောင်းတာလေ”

“သူတို့နဲ့ ပက်သက်ပြီး ငါဘာသာငါ ဆုံးဖြတ်လို့ မရဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “အဲ့ဆေးပညာရှင်တွေရဲ့ စိတ်နေစိတ်ထားကို အစ်ကိုကြီးလည်း သိတာပဲ။ သူတို့က ငါ့အိမ်မှာ နေနေတယ်ဆိုပေမယ့် အများဆုံးမှ ငါနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပဲ ရှိတာ။ ငါ့အနေနဲ့ သူတို့ကို သွားအမိန့်ပေးလို့ မရဘူး။ ဆေးပညာရှင်တွေအစား၊ ဆန်းကြယ်အဆင့် ဆေးလုံးတစ်သုတ် ပေးမယ်ဆိုရင်ကော ဘယ်လိုလဲ”

“ဆန်းကြယ်အဆင့် ဆေးလုံးတွေလား” ထိုစကားကို ကြားလိုက်တာနဲ့ ရန်ဝေက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး “ငါ့ဆီကို ဆန်းကြယ်အဆင့် ဆေးလုံးတစ်သုတ် ပို့ပေးရဲ့တဲ့ ကိုးယောက်မြောက် ညီလေးရဲ့ သတ္တိက တကယ်ကို ကြီးမားတာပဲ။ ကောင်းပြီလေ၊ မင်းအစ်ကိုကြီး လက်ခံတယ်”

ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် ငါးယောက်ကို ရဖို့ မဖြစ်နိုင်မှန်း အစကတည်းက သူသိထားပါတယ်။ ထို့ကြောင့် ဆေးပညာရှင် ငါးယောက်ရဖို့ အစကတည်းက မမျှော်လင့်ထားခဲ့တာပါ။ သူက အကျိုးအမြတ် များများစားစားရဖို့ ဈေးစစ်ချင်ရုံသက်သက်ပါပဲ။

ပြုံးနေရင်း ရန်ဝေ မျက်ဝန်းထဲ အန္တရာယ်များသည့် အလင်းရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင်ကို မေးလိုက်တယ် “ဘယ်တော့ လှုပ်ရှားဖို့ စီစဉ်ထားလဲ”

“မနက်ဖြန်”

ရန်ဝေ မျက်မှောင်ကြုံ့သွားခဲ့ပီး သူ့မျက်နှာထက် သံသယရိပ် တစ်စွန်းတစ်စ ထွက်ပေါ်လာခဲ့တယ်။

ရန်ကိုင် ဒီလောက် မြန်မြန် လှုပ်ရှားလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။

မနက်ဖြန်လောက်ဆို သူ့စံအိမ်က အဖွဲ့သားတွေ တော်တော်များများ သူတို့ရခဲ့တဲ့ လက်နက်တွေကို သန့်စင်တာ ပြီးလောက်ပါပြီ။ ရန်ကိုင်က ထိုအချက်ကို ထည့်သွင်းပြီး ပြောခဲ့တာဆိုရင် သူရခဲ့တဲ့ ဆန်းကြယ်အဆင့် လက်နက်ကရော။

ရန်ဝေတောင် သူရခဲ့တဲ့ ဆန်းကြယ်အဆင့် လက်နက်ကို သန့်စင်ဖို့ အနည်းဆုံး ရှစ်ရက်လောက် အချိန်ယူရပါလိမ့်မယ်။ ကျန်တဲ့လူတွေလည်း အတူတူလောက်ပါပဲ။

“မင်းအချက်ပြမှာကို ငါစောင့်နေမယ်” ရန်ဝေက ထိုကိစ္စနဲ့ ပက်သက်ပြီး ဆက်မမေးတော့ပါဘူး။ သူသိသလောက်ဆိုရင် ဆန်းကြယ်အဆင့် လက်နက်တွေကို တစ်ယောက်က အသုံးပြုနေနိုင်ရင် ကျန်တဲ့လူတွေလည်း အသုံးပြုနိုင်ပါလိမ့်မယ်။ တစ်ယောက်က အသုံးမပြုနိုင်သေးရင် ကျန်တဲ့လူတွေလည်း အသုံပြုနိုင်ဦးမှာ မဟုတ်သေးပါဘူး။

ရန်ကိုင်နဲ့ စကားပြောနေစဉ်အတွင်း ရန်ဝေအကြည့်က ရင်းဂျုဆီ အလိုလို ရောက်သွားခဲ့ပြီး သံသယရိပ်တို့ သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့တယ်။

ပိုကျင်းရေကန်မှာတုန်းက ချီချုပ်နှောင် ချိတ်တံဆိပ်စာ မိသွားတဲ့ သွေးစစ်သည်တော် ခြောက်ယောက်ထဲမှာ ရင်းဂျုပါပါတယ်။ အဲ့ဒါကို ရန်ကိုင်ကို လိုက်လံစောင့်ရှောက် ပေးနေတဲ့လူက ဘာလို့ ရင်းဂျုဖြစ်နေလဲ ဆိုတာကို သူနားမလည်နိုင်ပါဘူး။ ဒါပေမယ့် သူစိုက်ကြည့်နေရင်း ရင်းဂျုရဲ့ အစစ်အမှန်ချီ ချုပ်နှောင်ထားခံရခြင်း မရှိဘူးဆိုတာကို ရန်ဝေ တွေ့ရှိလိုက်ရတယ်။

ဒါဘာကို ဆိုလိုတာလဲ။ သူ့ရဲ့ ချီချုပ်နှောင် ချိတ်တံဆိပ်ကို ချိုးဖျက်ပြီးသွားပြီလို့ ပြောချင်တာလား။

“အဲ့လိုဆိုရင် သဘောတူညီချက် ရသွားပြီပေါ့နော်” ရန်ကိုင်က ထလိုက်ပြီး ပြုံးကာ “စီးပွါးရေး ကိစ္စပြီးသွားပြီ ဆိုတော့ အခြားကိစ္စတစ်ခုခုအကြောင်း ပြောကြတာပေါ့”

ရန်ဝေမျက်နှာထက် စိတ်ရှုပ်ထွေးသွားခဲ့တယ်။

“ပုန်းနေတုန်းပဲလား။ ထွက်လာခဲ့တော့လေ” ရန်ကိုင်အကြည့်က ခန်းမတစ်ဝိုက် ဝဲကျသွားခဲ့ပြီး အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။

တစ်ချိန်းတည်းမှာပဲ ရင်းဂျုရဲ့ ပုံရိပ်က ဘယ်တုန်းကမှ မရှိသည့်အလား လေထဲ တိုးဝင် ပျောက်ကွယ် သွားခဲ့တယ်။

ရန်ဝေ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်တဲ့အခါ သူ့မျက်နှာ ချက်ချင်းဆိုသလို နီမြန်းသွားခဲ့တယ်။

ရွှစ်… ရွှစ်… ရွှစ်…

ပတ်ပတ်လည်ကနေ လူတစ်အုပ် ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ကို ဝိုင်းလိုက်ကြတယ်။ မန်ရှန်းရီက သက်ပြင်းတစ်ချက် ချလိုက်ရင်း စံအိမ်ဝင်ပေါက်ကနေ လမ်းလျှောက် ဝင်လာခဲ့တယ်။

“ရှန်းရီ” ရန်ဝေ အမူအရာ အရုပ်ဆိုးသွားခဲ့ပြီး အော်ဟစ်လိုက်တယ် “မင်းဘာလုပ်နေတာလဲ”

ပြောနေရင်းနဲ့ သူ့ဆီကနေ အစစ်အမှန်ချီတို့ လှိုင်းလုံးသဖွယ် ထွက်ပေါ်လာခဲ့ပြီး သူ့မျက်နှာထက် ဒေါသရိပ်တို့ ဖြတ်ပြေးသွားခဲ့တယ်။

မန်ရှန်းရီက ရန်ဝေကို ကြည့်ရင်း အံတင်းတင်း ကြိတ်ကာ လက်သီးဆုပ်ပြီး ပြောလိုက်တယ် “အကြီးဆုံးသခင်လေး၊ ငါ့ကို ခွင့်လွှတ်ပေးပါ။ ရှန်ရီက ဒီအခွင့်အရေးကို အသုံးချပြီး ကိုးယောက်မြောက် သခင်လေးကို ရှင်းပစ်ချင်လို့ပါ”

ပြောပြီးတာနဲ့ ရန်ကိုင်ဘက်လှည့်ပြီး ဆက်ပြောလိုက်တယ် “ဒီလိုမျိုး အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးလို့ဆိုပြီး ကျုပ်ကို အပြစ်မတင်ပါနဲ့ ကိုးယောက်မြောက် သခင်လေး။ ဒီလို ရှားပါတဲ့ အခွင့်အရေးကြီးက မျက်စိရှေ့ရောက်နေတော့ ဒီမန်ကလည်း မဖမ်းဆုပ်ပဲ မနေနိုင်ဖြစ်သွားလို့ပါ။ သခင်လေးကိုင်သာ တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ် ဆိုရင် ဒီကို နှစ်ယောက်တည်း လာရဲတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်သင့်တယ်။ ဒီဆုံးဖြတ်ချက်က အကြီးဆုံး သခင်လေးနဲ့ ဘာမှ မပက်သက်ပါဘူး။ အကုန်လုံးက ဒီမန်ရဲ့ ကိုယ်ပိုင်အကြံဥာဏ်ပါပဲ။ မကျေနပ်လို့ နောက်ပိုင်းကျ တုန့်ပြန်ချင်တယ်ဆိုရင် ဒီမန်ဆီကိုပဲ လာခဲ့ပါ”

ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီး “အစ်ကိုကြီးက ဒီအကြောင်းကို တကယ်ပဲ မသိခဲ့ဘူး။ သူသာ သိခဲ့ရင် လေကုန်ခံပြီး စကားထိုင်ပြောနေမှာတောင် မဟုတ်ဘူး”

ရန်ကိုင်ပြောတာကို ကြားပြီးနောက် မန်ရှန်းက အသာအယာလေး ခေါင်းညိတ်လိုက်ကာ “ကိုးယောက်မြောက် သခင်လေး နားလည်သရွေ့ပေါ့”

ရန်ဝေက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်တယ်။ ပြီးတာနဲ့ သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလိုက်တယ် “ရှန်းရီ၊ မင်းဒီတစ်ကြိမ်တော့ မှားသွားခဲ့ပြီ”

ဒါပေမယ့် မန်ရှန်းရီက ပြန်ပြီးတော့သာ ပြုံးပြလိုက်ပြီး ခေါင်းခါရမ်းလိုက်ကာ “အကြီးဆုံးသခင်လေးက မရက်စက် ချင်မှတော့ ဒီမန်ကပဲ သခင်လေးအစား ဝင်ရက်စက် ပေးရတော့မှာပါ”

“ငါအဲ့ဒါကို ပြောချင်တာ မဟုတ်ဘူး” ရန်ဝေက ကူကယ်ရာမဲ့စွာနဲ့ သက်ပြင်းချလိုက်ပြီး စိတ်ပျက်နေတဲ့ လေသံနဲ့ “ကိုးယောက်မြောက် ညီလေးက သူပြန်ဆုတ်နိုင်မယ် ဆိုတာကို မသေချာပဲနဲ့ ဒီနေရာကို လာလိမ့်မယ်လို့ မင်းထင်နေတာလား။ ဒီလူ နည်းနည်းလောက်နဲ့ သူ့ကို နေရစ်ခိုင်းလို့ ရမယ်လို့ မင်းတကယ်ပဲ ထင်နေတာလား”

Martial Peak

အပိုင်း(၄၈၀) မင်းငါ့ကို သတ်ချင်နေတာလား

“မင်းထင်သလို ဖြစ်လာမယ်ဆိုရင် ကြိုးစား ကြည့်လို့ရတယ်” ရန်ဝေက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။

မန်ရှန်းရီလည်း ကိုးယိုးကားယား ဖြစ်သွားခဲ့ရတယ်။

သူ့အစီအစဉ်ကို ရန်ဝေက တားဆီးလိမ့်မယ်လို့ မန်ရှန်းရီ မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် ခဏကြာပြီးနောက် ပြုံးကာ စိတ်ပိုင်းဖြတ်ပြီးတဲ့ ပုံစံနဲ့ ခေါင်းညိတ်လိုက်ပြီး “အကြီးဆုံး သခင်လေးကို ကျေးဇူးအများကြီး တင်ပါတယ်”

ရန်ဝေက ဘာမှမပြောခဲ့ပဲ မန်ရှန်းရီကိုသာ ဂရုဏာ သက်သည့်အကြည့်ဖြင့်သာ စိုက်ကြည့်နေခဲ့တယ်။

“ကိုးယောက်မြောက်သခင်လေး၊ ပြစ်မှားရန်စမိသလို ဖြစ်သွားခဲ့ရင် သခင်လးဘက်ကပဲ ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်” မန်ရှန်းရီရဲ့ အမူအရာ တည်ငြိမ်သွားခဲ့ပြီး သူ့အဖွဲ့သားတွေကို တိုက်ခိုက်ဖို့ အချက်ပြလိုက်တယ်။

ချက်ချင်းဆိုသလို အနည်းဆုံး အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆ ရောက်နေတဲ့ ပညာရှင်တွေ အကုန်လုံး ရန်ကိုင်ကို တစ်ပြိုင်တည်း ဝိုင်းတိုက်လိုက်ကြတယ်။

ဒါက ရန်ဝေစံအိမ်ရဲ့ အဓိကခန်းမပါ၊ မကျယ်ပေမယ့် ကျဉ်းလည်း မကျဉ်းပါဘူး။ မန်ရှန်းရီက လူအများကြီး ခေါ်မလာနိုင်ခဲ့တဲ့အတွက် အားကောင်းတဲ့ ကျင့်ကြံသူ တွေကိုသာ ခေါ်ဆောင်လာခဲ့ပါတယ်။ သူခေါ်လာတဲ့ ပညာရှင်တွေ ထဲမှာ ငါးယောက်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ကို ရောက်ရှိနေခဲ့ပါပြီ။ ဒီလောက် အားကောင်းတဲ့ လူအင်အားနဲ့ဆိုရင် ရန်ကိုင် အနိုင်ယူနိုင်မယ်လို့ မန်ရှန်းရီ အပြည့်အဝ ယုံကြည်ထားပါတယ်။

အမိန့်ပေးပြီးလိုက်တဲ့ တစ်ချိန်တည်းမှာပဲ မန်ရှန်းရီက ရင်းဂျု ရပ်နေခဲ့တဲ့ နေရာကို လှမ်းကြည့်လိုက်တယ်။

ရင်းဂျု ထွက်ပေါ်မလာခဲ့ပါဘူး။ ဒါပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေရဲ့ တိုက်ခိုက်မှုတွေက ရန်ကိုင်နဲ့ ၂မီတာအကွာလောက် ရောက်တဲ့အချိန်မှာပဲ ရန်ကိုင် နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့တယ်။

အေးစက်ပြီး ထိုင်းမှိုင်းသည့် အလင်းတစ်ခု ရန်ကိုင် ကိုယ်ကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး အနက်ရောင် စွမ်းအင်လှိုင်းတွေက ဘေးပတ်ပတ်လည်ကို ပြန့်ထွက်သွားခဲ့တယ်။ သူတို့ရဲ့ သိုင်းပညာရပ်တွေ အကုန်လုံး သမုဒ္ဒရာထဲ ကျသွားတဲ့ ကျောက်တုံးတစ်လုံးလို ဖြစ်သွားတာကို ခံစားမိလိုက်တာနဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်တွေ အကုန်လုံး ထိတ်လန့်ချောက်ချား သွားခဲ့ကြတယ်။

အားလုံးရဲ့ အမူအရာတွေက ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။

သေသေချာချာ စိုက်ကြည့်ပြီးနောက် အစောပိုင်းတုန်းက အဖြစ်အပျက်ရဲ့ အဓိကတရားခံကို သူတို့ ရှာတွေ့သွားခဲ့တယ်။

ရန်ကိုင်လက်ထဲ၌ အရိုးဒိုင်း သေးသေးလေး တစ်ခု ရှိနေခဲ့ပါတယ်။ အကြမ်းဖျင်း ပန်ကန်ပြားတစ်ချပ် အရွယ်စာ ရှိတဲ့ အရိုးဒိုင်းရဲ့ မညီမညာ ထောင့်စွန်းတွေကို စူးချွန်တွေနဲ့ ဖုံးထားခဲ့ပါတယ်။ ဒိုင်းရဲ့ မျက်နှာပြင်မှာတော့ ဧရာမပါးစပ်ကြီး တစ်ခု ရှိနေခဲ့ပြီး ထိုပါးစပ်မှာ ရှိနေတဲ့ အစွယ်တွေက ကြည့်မိသူတိုင်းရဲ့ ကျောရိုးတစ်လျှောက်ကို စိမ့်တက်သွား စေနိုင်ပါတယ်။

အခုအချိန်၌ ရန်ကိုင်လက်ထဲက အရိုးဒိုင်းက အရောင် မှိန်မှိန်လေး တောက်ပနေခဲ့တယ်။ ရန်ကိုင်က အရိုးဒိုင်းကို ကိုင်ရင်း ရွေ့လို့မရနိုင်တဲ့ တောင်ကြီးတစ်လုံးလို နေရာမှာပဲ တည်တည်ငြိမ်ငြိမ်နဲ့ မတ်တပ်ရပ်နေခဲ့တယ်။

ရန်ဝေ အမူအရာ ရှုံ့မဲ့သွားခဲ့ပြီး မန်ရှန်းရီကတော့ သူမြင်လိုက်ရတာကို မယုံကြည်နိုင် ဖြစ်နေခဲ့တယ်။

ထိုအရိုးဒိုင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက လျူချင်းယောင် ရယူခဲ့ပြီး ရန်ကိုင်ဆီ ပေးခဲ့တဲ့ ဆန်းကြယ်အဆင့် လက်နက်ပါ။

ဒါပေမယ့် ဆန်းကြယ်အဆင့် လက်နက်တွေ ရပြီးတာ ခုနှစ်ရက်ပဲ ရှိသေးတယ်လေ။ ဒါဆိုရင် ရန်ကိုင်က ခုနှစ်ရက်အတွင်းမှာပဲ ဆန်းကြယ်အဆင့် လက်နက်တစ်ခုကို ဘယ်လိုလုပ်ပြီး သန့်စင်ပြီးနေရတာလဲ။

ဆန်းကြယ်အဆင့် အကာအကွယ် လက်နက်တစ်ခုရဲ့ ခုခံမှုကို ကျော်လွှားနိုင်ဖို့က တကယ်ကို မလွယ်ကူပါဘူး။ ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အစောပိုင်းတုန်းက တိုက်ခိုက်မှုက အားလုံးရဲ့ အားကုန်သုံး တိုက်ခိုက်မှု မဟုတ်ပါဘူး။ မဟုတ်လို့ ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေသာ အားကုန်သုံး တိုက်ခိုက်ခဲ့ရင် အရိုးဒိုင်းလည်း ခုခံနိုင်လိမ့်မှာ မဟုတ်ပါဘူး။

တွေးနေဖို့ အချိန်မရှိမှန်း သိတဲ့အတွက် မန်ရှန်းရီက နောက်တစ်ကြိမ် အော်ပြောလိုက်တယ် “ထပ်တိုက်”

ထိုဒါဇင်၊ ဒါမှမဟုတ် အဲ့ထက်များတဲ့ ပညာရှင်တွေ အကုန်လုံး သူတို့ခွန်အားကို ဆက်ပြီး ထိန်ချန်မထားတော့ပဲ အားအကောင်းဆုံး သိုင်းပညာရပ်တွေနဲ့ လက်နက်တွေကို သုံးပြီး ရန်ကိုင်ကို တိုက်ခိုက်လိုက်ကြတယ်။

ဝုန်း… ဝုန်း… ဝုန်း…

ပေါက်ကွဲသံတွေ ထွက်ပေါ်လာခဲ့ပြီး ခန်းမတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ကာ ခန်းမနံရံတွေထက် များစွာသော အက်ကြောင်းရာလေးတွေ ထွက်ပေါ်လာခဲ့တယ်။

ထိုတရစပ်ရရောက်လာတဲ့ တိုက်ခိုက်မှုတွေ အောက်၌ ရန်ကိုင်လည်း အဆက်မပြတ် နောက်ဆုတ်နေခဲ့ရကာ သူ့မျက်နှာဆိုရင် ရဲရဲနီလို့နေခဲ့ပါတယ်။ ဒါပေမယ့် အရိုးဒိုင်းက သူ့ကို အပြည့်အဝ ကာကွယ်ပေးထားနိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ အကုန်လုံး အရိုးဒိုင်းကို မဖြတ်ကျော်နိုင်ခဲ့ပဲ အရိုးဒိုင်းကသာ တိုက်ခိုက်မှုတွေ အကုန်လုံးကို ဘာဆိုဘာမှ မကျန်အောင် စုပ်ယူသွားခဲ့တယ်။

အားလုံးကို ခေါင်းရှုပ်သွားစေတာက စွမ်းအင်တွေကို စုပ်ယူနေတာနဲ့အမျှ အရိုးဒိုင်းရဲ့ အရွယ်အစားက မြန်ဆန်စွာနဲ့ ကြီးမားလာနေခဲ့တာပါ။

သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခံရပြီးတာနဲ့ အရိုးဒိုင်းရဲ့ အရွယ်အစားက နဂိုထက်၃ဆလောက် ကြီးမားလာခဲ့ပြီး ရန်ကိုင်လည်း အရိုးဒိုင်းနောက် လုံလုံခြုံခြုံ ပုန်းကွယ် နေနိုင်ခဲ့ပါတယ်။

မန်ရှန်းရီ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့တယ်။ ဆန်းကြယ်အဆင့်နိမ့် လက်နက်တစ်ခုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် များစွာရဲ့ တရစပ် ခုခံနိုင်လိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။

သူ့မှာလည်း ဆန်းကြယ်အဆင့် လက်နက်တစ်ခု ရှိပေမယ့် သူ့မှာ ရှိတဲ့လက်နက်က ရန်ကိုင်လက်ထဲမှာ ရှိနေတဲ့ ဆန်းကြယ်အဆင့် လက်နက်ရဲ့ ခြေဖျားတောင် မမှီပါဘူး။

ဒီလောကကြီး ဘာတွေ ဖြစ်ကုန်တာလဲ

ထိုထူးဆန်းပြီး ကြောင်တောင်တောင် နိုင်တဲ့ မြင်ကွင်းကို စိုက်ကြည့်နေရင်း ရန်ကိုင် မျက်ဝန်းအစုံက တဖြည်းဖြည်းနဲ့ ကြောက်စရာ ကောင်းလာတာကို သူသတိပြုမိလိုက်တယ်။ ရုတ်တရက် ရန်ကိုင်က သူ့ဒိုင်းကို မြှောက်လိုက်ပြီး ကြမ်းပြင်ပေါ် ရိုက်ချလိုက်တယ်။ ရိုက်ချခံလိုက်ရတဲ့ နေရာ ချိုင့်ဝင်သွားခဲ့ပြီး တွင်းပေါက်ကြီးတစ်ပေါက် ဖြစ်သွားခဲ့တယ်။

ပြီးတာနဲ့ အရိုးဒိုင်းရဲ့ ထောင့်စွန်းမှာ ရှိနေတဲ့ အရိုးဆူးတွေ အကုန်လုံး ကျွတ်ထွက်သွားခဲ့ပြီး အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်တွေဆီ တိုးဝင်သွားခဲ့တယ်။

ရွှစ်… ရွှစ်… ရွှစ်…

ထိုဆူးချွန်တွေက ချွန်ထက်ပြီး မြန်ဆန်လှကာ ကြောက်မက်ဖွယ်ကောင်းပြီး မရပ်တန့်နိုင်သည့် အရှိန်အဝါကို ပေးစွမ်းနေခဲ့တယ်။

မျက်တောင် တစ်ခတ်အတွင်းမှာပဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်တွေ အကုန်လုံးရဲ့ မျက်နှာ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူတို့ကိုယ်သူတို့ အလျင်စလို ခုခံကာကွယ်လိုက်ကြတယ်။

ဝုန်း…

အရိုးဒိုင်းရဲ့ ဧရာမပါးစပ်ကြီးဆီမှ အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်တယ်။ ထိုအလင်းတန်းကို မြင်တွေ့လိုက်တာနဲ့ အကုန်လုံး အထိတ်ထိတ် အပျာပျာတွေ ဖြစ်ကုန်ကြပါတော့တယ်။

အရားအားလုံးကို ဖျက်စီပစ်နိုင်တဲ့ အထင်အမြင်ကို ပေးစွမ်းနေတဲ့ စွမ်းအင်တန်းက ယောကျာ်းတစ်ယောက်ရဲ့ ပေါင်တစ်လုံးစားလောက် ထူထဲပြီး မန်ရှန်းရီ တည့်တည့် တိုးဝင်သွားခဲ့တယ်။

ထိုတိုက်ခိုက်မှုဆီကနေ ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ် ဖိအားက မန်ရှန်းရီပေါ် ကျဆင်းလာခဲ့တယ်။ သေခြင်းတရားနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါ၌ မန်ရှန်းရီမှာ အသိစိတ်ကင်းမဲ့သွားသလို ဖြစ်သွားခဲ့ပြီး ထွက်ပြေးဖို့တောင် မကြိုးစား နိုင်တော့ပါဘူး။

“ကျိလီ” ရန်ဝေ အော်ခေါ်လိုက်တယ်။

မန်ရှန်းရီရှေ့ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ သူ့မျက်နှာထက် ခံစားချက် အရိပ်အယောင် စိုးစဉ်းမျှ မတွေ့ရပဲ သူ့မျက်ဝန်းတွေသာ ထက်ရှတဲ့ အလင်းတန်းတို့ဖြင် လက်နေခဲ့တယ်။

ရန်ဝေကို ကာကွယ်ပေးနေတဲ့ သွေးစစ်သည်တော် နှစ်ယောက်ထဲက တစ်ယောက်ပါ။

သူပေါ်လာတာနဲ့ မာန်သွင်းအော်ဟစ်လိုက်ပြီး သူ့ရဲ့ ကြံ့ခိုင်တောင့်တင်းတဲ့ ကိုယ်ကနေ ရွှေရောင်အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့တယ်။ သူ့တစ်ကိုယ်လုံး ရွှေရောင်ရုပ်ထု အဖြစ်ပြောင်းလဲသွားသည့်အလား သူ့ရေပြားတွေက ရွှေရောင်တလက်လက်ဖြင့် တောက်ပနေခဲ့တယ်။

လက်သီးချက်နှစ်ချက်က အလင်းတန်းနဲ့ ထိပ်တိုက် တွေ့သွားခဲ့လေပြီ။

ဘန်းဆိုတဲ့ မြည်သံနဲ့အတူ ကျိလီ နောက်ပြန် လွင့်သွားခဲ့ပြီး သူ့ကိုယ်ကနေ ထွက်ပေါ်လာတဲ့ ရွှေရောင်အလင်းတွေကလည်း သိသိသာသာကို မှိန်ကျသွားခဲ့တယ်။ စွမ်းအင် အလင်းတန်းကတော့ လုံးဝကို ပျောက်ကွယ်သွားခဲ့ပါတယ်။

မန်ရှန်းရီက ကျောက်ရုပ်ကြီး တစ်ရုပ်လို နေရာမှာပဲ ငေးကြောင်ရပ်နေခဲ့တယ်။ ချွေးအေးတွေက သူ့နဖူးကနေ ရေတံခွန်အလား စီးကျနေခဲ့ပြီး သူ့မျက်နှာ တစ်ခုလုံးကတော့ ကြောက်ရွံ့တုန်လှုပ်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။

ရန်ကိုင်ဆီ ဖြည်းဖြည်းချင်း လှမ်းကြည့်လိုက်တဲ့အခါ သူ့မျက်ဝန်းထဲ ကြောက်ရွံ့သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။

ရွှစ်… ရွှစ်… ရွှစ်…

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေဆီ တိုးဝင်သွားခဲ့တဲ့ အရိုးစူးချွန်တွေ အကုန်လုံး အရိုးဒိုင်းဆီ ပြန်ရောက်လာခဲ့တယ်။ စွမ်းအင်အလင်းတန်းကို ပစ်လွှတ် ပြီးတာနဲ့ အရိုးဒိုင်းရဲ့ အရွယ်အစားကလည်း နဂိုအတိုင်း ပြန်ဖြစ်သွားခဲ့လေပြီ။

ခန်းမတစ်ခုလုံး အပ်ကျသံတောင် ကြားရလောက် တဲ့အထိ တိတ်ဆိတ်သွားခဲ့ပြီး ဘယ်သူမှ အလျင်စလို မလှုပ်ရှားရဲတော့ပါဘူး။

ရန်ကိုင်က သူတို့အားလုံးရဲ့ တိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့ပြီး သူ့ရဲ့ ဆန်းကြယ်အဆင့် လက်နက်နဲ့ တန်ပြန်တိုက်ခိုက်မှုတစ်ခုကိုတောင် လုပ်လိုက် နိုင်ပါသေးတယ်။ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ ရင်းဂျုကတော့ အခုထိ ထွက်ပေါ်မလာသေးပါဘူး။

ဒီတစ်ကြိမ် သူတို့ ရန်ကိုင်ကို အနိုင်ယူနိုင်မယ် ဆိုရင်တောင် ပေးဆပ်ရတဲ့ တန်ဖိုးကတော့ နည်းလိမ့်မှာ မဟုတ်တာ အသေအချာပါ။

“တိုက်ခိုက်မှုရော၊ ခုခံမှုပါ နှစ်မျိုးစလုံး လုပ်နိုင်တယ် ဆိုတော့ ကိုးယောက်မြောက် ညီလေးက လက်နက်ကောင်း တစ်ခုကို ရသွားခဲ့တာပဲ” ဘာမှ မဖြစ်ပျက် သွားခဲ့သည့် အလား ရန်ဝေက ရန်ကိုင်ကလက်ထဲက အရိုးဒိုင်းကိုသာ စူးစိုက်ကြည့်နေခဲ့ပြီး အားကျနေတဲ့ လေသံနဲ့ ပြောလိုက်တယ်။

“အစ်ကိုကြီးရဲ့ လက်နက်လည်း မဆိုးဘူးမလား” ရန်ကိုင်းက ပြုံးကာ အရိုးဒိုင်းကို ပြန်သိမ်းထားလိုက်တယ်။

ရန်ဝေက တစ်ချက်သာ ရယ်မောလိုက်ပြီး ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။ ရန်ဝေရဲ့ လက်နက်က ကောင်းပေမယ့် ရန်ကိုင်ရဲ့ အရိုးဒိုင်းနဲ့ ယှဉ်လို့မရဘူး ဆိုတာကိုတော့ နှစ်ယောက်စလုံး သိထားကြပါတယ်။

ဖြစ်ပျက်သွားခဲ့တာတွေအရ အရိုးဒိုင်းမှာ တိုက်ခိုက်မှုတွေကို ဝါးမြိုကာ သိုလှောင်ထားပြီး ပြန်လည်ပစ်လွှတ်နိုင်တဲ့ အထူးစွမ်းရည် တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အရိုးဒိုင်းလို လက်နက်မျိုး နည်းနည်းပါးပါးလောက်ပဲ ဒီကျင့်ကြံခြင်းလောကကြီးထဲမှာ ထွက်ပေါ်လာဖူးတာပါ။

ထိုအကြောင်းကို စဉ်းစားမိလိုက်တဲ့အခါ ရန်ဝေ မျက်မှောင် ကြုံ့မိလိုက်တယ်။ အရိုးဒိုင်းရဲ့ အသုံးဝင်မှုက လူနဲ့လိုက်ပြီး အမျိုးမျိုးကွဲပြားသွားနိုင်ပါတယ်။

“ကိုးယောက်မြောက် သခင်လေး” မန်ရှန်းရီက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မကျေနပ်သေးတဲ့ ပုံစံနဲ့ ရန်ကိုင်ကို တည့်တည့် စိုက်ကြည့်ပြီး အသံအောအောကြီးနဲ့ မေးလိုက်တယ် “ခုဏတုန်းက… မင်းငါ့ကို တကယ်ပဲ သတ်ချင်နေတာလား”

စွမ်းအင်အလင်းတန်ရဲ့ အဖျက်စွမ်းအားက အရမ်းကို ကြောက်မက်ဖွယ်ကောင်းပါတယ်။ မန်ရှန်းရီမှာ ကိုယ်ပိုင် ဆန်းကြယ်အဆင့် လက်နက်တစ်ခု ရှိပေမယ့် ထိုလက်နက်နဲ့ သူ့အသက်ကို ကယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

သူသာ ထိုတိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်လိုက်တာနဲ့ သေဖို့က လုံးဝကို သေချာပါတယ်။

အမွေခံတိုက်ပွဲမှာ လူသေတယ်ဆိုတာ ပုံမှန်ပါပဲ။ ဒါပေမယ့် သေသွားခဲ့တဲ့ လူတွေ အကုန်လုံးက သာမန် ပညာရှင်တွေနဲ့ သာမန် တပည့်တွေပါ။ ဗဟိုမြို့တော် မိသားစုကြီး ရှစ်ခုက သခင်လေး၊ သခင်မလေးတွေကိုတော့ ဘယ်သူမှ မသတ်ရဲကြပါဘူး။ ထို့ကြောင့် အရင် အမွေခံတိုက်ပွဲတွေတုန်းက ဗဟိုမြို့တော် မိသားစုကြီး ရှစ်ခုမှ ဘယ်သခင်လေး၊ သခင်မလေးမှ မသေဆုံးခဲ့တာပါ။ သူတို့တွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့ အခါမျိုးတောင် ရှားလှပါတယ်။

ဒါပေမယ့် ခုဏတုန်းက ကျိလီရဲ့ အချိန်ကိုက် လှုပ်ရှားမှုကြောင့်သာ မဟုတ်ရင် ထိုအစဉ်အလာကို ချိုးဖျက်လူက သူဖြစ်သွားမှာကိုတောင် မန်ရှန်းရီ ကြောက်မိပါတယ်။

ရန်ကိုင် သူ့ကိုသတ်ဖို့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ၊ မန်ရှန်းရီကတော့ မစိုးရိမ်ပဲ မနေနိုင်ပါဘူး။

“မင်းဘယ်လိုထင်လဲ” ရန်ကိုင်က ပြန်မဖြေခဲ့ပဲ သွားဖြဲပြီးတော့သာ ပြုံးပြလိုက်တယ်။

မန်ရှန်းရီ အမူအရာ မည်းမှောင်သွားခဲ့ပြီ သူ့နှလုံးခုန်သံ မြန်ဆန်သွားခဲ့တယ်။ ကြည့်ရတာကတော့ ကိုးယောက်မြောက် သခင်လေးက… သူ့ကို တကယ်ပဲ သတ်ချင်နေတဲ့ ပုံပါပဲ။

“အစ်ကိုကြီး၊ လာရင်းကိစ္စလည်း ပြီးသွားပြီဆိုတော့ ကိုးယောက်မြောက်ညီလေး သွားလိုက်ပါဦးမယ်” ရန်ကိုင်က ရန်ဝေကို ခေါင်းညိတ်ပြလိုက်ပြီး ချွတ်ထားတဲ့ ခမောက်ကို ပြန်ဆောင်းလိုက်ကာ ဝင်ပေါက်ဆီ လမ်းလျှောက် ထွက်သွားလိုက်တယ်။

ဘယ်သူမှ သူ့ကို မတားခဲ့ကြပါဘူး။ မန်ရှန်းရီလည်း နောက်တစ်ကြိမ် ထိပ်တိုက်ခိုက်ဖို့ အမိန့်မပေး ရဲတော့ပါဘူး။ ရန်ဝေက ရန်ကိုင်ကို တားဖို့ မပြောမှတော့ ကျန်ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်တွေလည်း မဆင်မခြင် မလှုပ်ရှားရဲခဲ့ပါဘူး။

ရန်ကိုင် ထွက်သွားပြီးနောက် ရန်ဝေက မန်ရှန်းရီ ပုခုံးကို ပုတ်လိုက်ပြီး “ကိုးယောက်မြောက် ညီလေးက မင်းကို သတိပေးချင်ရုံပဲ၊ သူမင်းကို တကယ် သတ်ချင်နေတာ မဟုတ်ဘူး”

“ဘယ်သူသိမှာလဲ’ မန်ရှန်းရီက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ကာ “ဘာပဲဖြစ်ဖြစ် ကိုးယောက်မြောက် သခင်လေး ဘယ်လောက်တောင် ရူးသွပ်မှန်း ငါသိသွားခဲ့ပြီ”

မဲ့ပြုံးပြုံးရင်း ခေါင်းခါရမ်းလိုက်ပြီး “ဒါပေမယ့် ငါပြောခဲ့သလိုပဲလေ၊ ကိုးယောက်မြောက် သခင်လေးက ဒီကို ရင်းဂျုနဲ့ နှစ်ယောက်တည်း လာရဲမှတော့ သူပြန်ထွက်သွားနိုင်မယ်လို့ သေချာနေလို့ပေါ့ဟ။ အဲ့အရိုးဒိုင်း… အရမ်းကို ထူးဆန်းလွန်းတယ်။ ဆန်းကြယ်အဆင့် အကာအကွယ် လက်နက်တစ်ခု ဆိုရင်တောင် အဲ့လောက်အထိ အားမကောင်းသင့်ဘူး”

ဆန်းကြယ်အဆင့် လက်နက်တွေ အကုန်လုံးသာ အရမ်းကို အားကောင်းနေခဲ့ရင် ဘာလို့ ကျင့်ကြံနေရဦးမှာလဲ။

ယေဘုယျကျကျ ပြောရမယ် ဆိုရင် ဆန်းကြယ်အဆင့် အကာအကွယ် လက်နက်တစ်ခုက ပညာရှင်တွေ အများကြီးဆီက တိုက်ခိုက်မှုတွေကို မခုခံနိုင်သင့်ပါဘူး။

“ငါးယောက်မြောက် ညီလေးတော့ မြွေပွေး ခေါင်းသွားပုတ်မိလိုက်ပြီနဲ့ တူတယ်” ရန်ဝေက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ်။

“အမှန်ပဲ” မန်ရှန်းရီက ဝင်ထောက်ခံလိုက်တယ်။

အခြားသူတွေထက် အရင်စောပြီး ဆန်းကြယ်အဆင့် လက်နက်ကို ကြိုတင်သန့်စင်ပြီးစီး ထားတဲ့အပြင် ရင်းဂျုကလည်း ချီချုပ်နှောင် ချိတ်တံဆိပ်တွေရဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်သွားခဲ့ပြီ ဆိုတော့ ရန်ကိုင်က ရန်ခန်းထက် လူအားရော၊ လက်နက်အင်အားရော အများကြီး ပိုသာနေခဲ့ပါတယ်။

ရန်ခန်း ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်မှာလဲ။

ရန်ကိုင်က သူ့အဖွဲ့သားတွေကို ရန်ခန်းကို သွားတိုက်ခိုက်တဲ့ အချိန် ရန်ခန်းက သူ့ရဲ့ ဆန်းကြယ်အဆင့် လက်နက်ကို သန့်စင်နေတုန်းပဲ ရှိပါဦးမယ်။ တစ်ယောက်က ပြင်ဆင်ပြီးသွားပြီ၊ အခြားတစ်ယောက်က သတိလက်လွတ် ဖြစ်နေတဲ့အချိန်၊ သွေးစစ်သည်တော် အရေအတွက်နဲ့ လက်နက်အရေအတွက် ကွာခြားမှုပါ ထပ်ထည့်ပေါင်းလိုက်တော့ ရန်ခန်းရှုံးဖို့က လုံးဝကို သေချာသွားခဲ့ပါပြီ။

“ရှန်ရီ၊ မင်းက အကွက်ချကြံစည်တာမျိုးနဲ့ မသင့်တော်ဘူး” ရန်ဝေက မျက်မှောင်ကြုံ့လိုက်ပြီး ပြန်ပြောလိုက်တယ် “ငါသာ မင်းနေရာမှာဆိုရင် ငါ့လူတွေကို သုံးပြီး သူ့ကို ဒီမှာတိုက်ခိုက်ဖို့ မကြိုးစားပဲ၊ ကိုးယောက်မြောက် ညီလေးဘယ်မှာ ရှိနေလဲ ဆိုတာကို ငါ့ညီအစ်ကိုတွေဆီ တိတ်တဆိတ် သတင်းပို့လိုက်မှာ။ ပြီးတော့ အေးအေးဆေးဆေး ထိုင်ပြီး ပြပွဲကောင်း တစ်ခုကို ထိုင်ကြည့်ရုံပဲ”

ရန်ဝေပြောတာကို ကြားပြီး မန်ရှန်းရီ ကြောင်သွားခဲ့တယ်။ ပြီးနောက် ရန်ဝေကို အံ့အားသင့်တကြီး ပြန်လှည့်ကြည့်လိုက်တယ်။ ရန်ဝေလို ထူတူတူအတတ ပုံစံမျိုးနဲ့ လူက ဒီလိုမျိုး ကောက်ကျစ်တဲ့ အကြံဥာဏ်တွေကို စဉ်းစားတတ်လိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။

ဒါပေမယ့် သေချာစဉ်းစား ကြည့်လိုက်တော့ သူပြောသွားတဲ့ အစီအစဉ်က တကယ်ကို ကောင်းမွန်လှပါတယ်။ သူသာ အဲ့လိုလုပ်လိုက်ရင် သူ့ရန်သူတွေ အချင်းချင်း ပြန်တိုက်ခိုက်တာကို ဇိမ်ပြေနပြေနဲ့ စောင့်ကြည့်နေရုံပဲ မဟုတ်ပါလား။

ရုတ်တရက် စိတ်ပျက်သွားသလို ခံစားရတာနဲ့ မန်ရှန်းရီက မနေနိုင်ပဲ စောဒကတက်လိုက်တယ် “အကြီးဆုံး သခင်လေး၊ မင်းအဲ့လိုစဉ်းစားမိမှတော့ ဘာလို့ငါ့ကို မပြောခဲ့တာလဲ”

ရန်ဝေကတော့ ဖြည်းဖြည်းချင်းသာ ခေါင်းခါရမ်းလိုက်ပြီး “နောက်မှ ကိုးယောက်မြောက် ညီလေးနဲ့ ရှင်းမယ်။ အမွေခံတိုက်ပွဲရဲ့ အဆုံးသတ် မတိုင်ခင် အချိန်ထိ ကိုးယောက်မြောက် ညီလေးကို ငါတိုက်မှာ မဟုတ်ဘူး”

“ငါနားလည်သွာပြီး” မန်ရှန်းရီ အသာအယာလေး ခေါင်းညိတ်လိုက်တယ်။ သေမင်းနဲ့ လက်တစ်ကမ်း အလို အခြေအနေကို ပြန်စဉ်းစားမိလိုက်တာနဲ့ သူ့နှလုံးသား တစ်ခုလုံး အေးစက်သွားခဲ့ပြီး ရန်ဝေကို ပြောတာကို ထပ်ပြီး အထွန့်မတက်ရဲတော့ပါဘူး။

ရန်ဝေ စံအိမ်အပြင်ဘက်၌ ရန်ကိုင်က အမှောင်ထုထဲ တစ်ယောက်တည်း လမ်းလျှောက်နေခဲ့တယ်။ ရန်ဝေ စံအိမ်မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲက လူပေါင်းများစွာရဲ့ အာရုံကို ဆွဲဆောင်မိသွားမှာ အသေအချာပါပဲ။

ခိုးထွက်လာပြီးတာနဲ့ သူ့ကိုယ်သူ ခပ်မြန်မြန်ပဲ ဖုံးကွယ်ခဲ့တဲ့အတွက် လူတစ်ဦးတစ်ယောက်ရဲ့ အာရုံစိုက်မှုကိုမှ မခံခဲ့ရပါဘူး။

ရင်းဂျုကတော့ အရိပ်ထဲမှ ရန်ကိုင်နောက်ကနေ အနီးကပ် လိုက်ပါသွားခဲ့တယ်။ ရန်ကိုင်က အမှောင်လမ်းကြား တစ်ခုထဲ အလျင်အမြန် တိုးဝင်သွားလိုက်ပြီး သွားနေတာကို ရပ်တန့်လိုက်တယ်။ သူ့ရင်ဘတ်ထဲမှ ဆူဝေတက်လာနေတဲ့ သွေးတွေကို တည်ငြိမ်အောင်လုပ်ဖို့အတွက် အကြိမ်ပေါင်းများစွာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ရတယ်။

All Chapters