← Chapters

အခန်း (၄၉၁-၄၉၅)

Vol. 20 Ch. 491-495

အခန်း (၄၉၁-၄၉၅)

Vol. 20 Ch. 491-495

အပိုင်း(၄၉၁) နောက်ကျသွားပြီ

ဒီလိုနဲ့ သားအဖနှစ်ယောက် စတင်ပြီး ငြင်းခုံကြပါတော့တယ်။ ရန်ဖြစ်ငြင်းခုံနေတဲ့ သားအဖ နှစ်ယောက်ကို ကြည့်ရင်း ချူရီမန် မျက်မှောင် ကြုံ့လိုက်ပြီး အေးစက်စက်လေသံနဲ့ ပြောလိုက်တယ် “ဦးလေး၊ ဦးလေးသားကို ပညာပေးချင်ရင် အိမ်ကိုသာ ပြန်လိုက်ပါ။ ဒီနေရာမှာ လာသင်ပြနေစရာ မလိုပါဘူး”

ချူရီမန်ရဲ့ လေသံကြောင့် လူလျန် ထိတ်လန့် သွားခဲ့တယ်။ ဒါပေမယ့် သူ့သားအတွက်တော့ နည်းနည်း‌လေးတောင် စိတ်ဒုက္ခရောက်တာမျိုး မရှိပါဘူး။ လူဆောင်းဆီသွားလိုက်ပြီး ပုခုံးကနေကိုင်ဆွဲကာ ကြမ်းပြင်ပေါ်ကို ဖိချလိုက်တယ်။

ကြမ်းပြင်ပေါ်ကို အတင်းအကြပ် ဖိချခံလိုက်ရတဲ့ အတွက် လူဆောင်း ဒူးထောက်လိုက်ရပြီး သူ့မျက်နှာ တစ်ခုလုံးက ရှက်ရွံ့မှုကြောင့် ရဲတက်သွားခဲ့တယ်။ လူလျန်ကို မုန်းတီးမှုနဲ့ ပြည့်နေတဲ့ မျက်ဝန်းအစုံနဲ့ ပြန်စိုက် ကြည့်လိုက်တယ်။

“မင်းကများ ဒီလူအိုကြီးကို ခေါင်းမာမာနဲ့ ပြန်ခံပြောရဲတယ်။ မင်းထပ်ပြောရဲ ပြောကြည့် ငါမင်းကျင့်ကြံခြင်းကို ဖျက်စီးပစ်မယ်” လူလျန်က အေးစက်ပြီး တည်ကြည်တဲ့ အမူအရာနဲ့ လူဆောင်းကို စိုက်ကြည့်လိုက်တယ်။

သူတကယ် ပြောနေတာပါ။

လူလျန်ရဲ့ လေးနက်တည်ကြည်တဲ့ အမူအရာကို သတိပြုမိလိုက်တာနဲ့ လူဆောင်း ဆက်ပြီး အသံ မထွက်ရဲတော့ပါဘူး။

“သခင်မလေးချူကို မမြင်သင့်တာတွေ မြင်စေမိလိုက်ပြီ” လူလျန်က လက်သီးဆုပ်ပြီး ပြောလိုက်တယ်။

လူလျန် လာရောက်လည်ပတ်တာ ဘာအဓိပ္ပါယ်မှ မရှိသလို ချူရီမန် ခံစားလိုက်ရတယ်။ လူလျန်ရဲ့ ရည်ရွယ်ကို သူမသိထားပါတယ်။ ဒါပေမယ့် ထိုကောင့်လို ထိန်းမရ ဖြစ်နေတဲ့လူမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ သူမလည်း ခေါင်းကိုက်ရမှာပါ။

လူဆောင်းက ဟော်ရှင်းချန်ကို မမှီပါဘူး။ ဟော်ရှင်းချန်က အထက်စီးဆန်ပြီး စည်းလွတ်ဝါးလွတ် ပြုမူတတ်ပေမယ့် ရန်ကိုင်နောက်လိုက်တာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုမှန်း သူမြင်တတ်ပါတယ်။

“လိုရင်းကိုပဲ သွားကြတာပေါ့၊ ဦးလေး” လူဆောင်း မျက်နှာကို နည်းနည်းလေးတောင် ထပ်မမြင်ချင်တော့ပေမယ့် ချူရီမန်က အရမ်း ယဉ်ကျေးလွန်းနေတော့ ထိုအကြောင်း ပြောမထွက်နိုင် ဖြစ်ခဲ့တယ်။

လူလျန် သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ် “ဒီတစ်ကြိမ် အကြီးအကဲက သမီးအဖေနဲ့ တွေ့ဖို့ ဗဟိုမြို့တော်ဆီ သွားနေတုန်း၊ ဒီအကြီးအကဲကို လုံးဝ အံ့အားသင့်သွားစေတဲ့ သတင်းတစ်ခုကို မမျှော်လင့်ပဲ ကြားလိုက်ရတယ်”

“ဒီကျက်သရေယုတ်တဲ့ ကောင်က ကိုးယောက်မြောက် သခင်လေးရဲ့ စံအိမ်ကနေ နှင်ထုတ်ခံလိုက် ရတာနဲ့ ဒီလူအိုကြီးဆီ စာတစ်စောင်တောင် မပို့ပဲ ကျုပ်မသိအောင် ဖုံးကွယ်ထားခဲ့တယ်။ သူက ကိုးယောက်မြောက် သခင်လေးနောက် လိုက်နေတယ်လို့ပဲ ဒီအကြီးအကဲ ထင်နေခဲ့တာ။ ဒီသတင်းအကြောင်း ကြားလိုက်ရတော့မှပဲ သူက ငါးယောက်မြောက် သခင်လေးနဲ့ ပူးပေါင်းနေမှန်း ဒီလူအိုကြီး သိလိုက်ရတယ်”

“ဦးလေး…” အရေးမပါတွေ ဆက်မပြောတော့ဖို့ ချူရီမန် လူလျန်ကို လှမ်းအော်လိုက်တယ်။ သူ့သား ဘာတွေ လုပ်နေတယ်ဆိုတာကို လူလျန် သိသိမသိသိ၊ ဖြစ်ခဲ့ပြီးတာတွေက ဖြစ်ခဲ့ပြီးပါပြီ၊ ပြန်ပြင်လို့ ရတော့တာ မဟုတ်ပါဘူး။ အခုလောလောဆယ် လူလျန် ဘာလုပ်မယ် ဆိုတာပဲ အရေးပါပါတယ်။

လူလျန်လည်း ဆက်မပြောတော့ပဲ၊ အပြုံးလေးနဲ့သာ ပြန်ပြောလိုက်တယ် “သခင်မလေးချူ၊ ဒီလူအိုကြီးက တစ်ဆိတ်လောက် သိချင်တယ်… ဒီကိစ္စနဲ့ပက်သက်ပြီး ကိုးယောက်မြောက် သခင်လေးရဲ့ သဘောထားကရော ဘယ်လိုနေလဲဟင်”

“သူ့သဘောထားလား” ချူရီမန် သက်ပြင်းချလိုက်ပြီး အပြုံးခါးခါးလေးနဲ့ “ဦးလေးက ဘာမဟုတ်တဲ့ ကိစ္စလေးကို အဖက်လုပ်နေတာပဲ”

“အား” ထိုစကားကို ကြားလိုက်တာနဲ့ လူလျန် ဇဝေဇဝါ ဖြစ်သွားခဲ့တယ်။

“ရန်ကိုင် မျက်လုံးထဲမှာ လူဆောင်းဆိုတာ ဘာမှ မဟုတ်ဘူး။ သူ့ကို အခုလိုဘဝရောက်တောင် ရိုက်နှက်ခဲ့တာက ဒေါင်မိသားစုရဲ့ သခင်လေးပဲ။ လူဆောင်းသာ ရန်ကိုင်ကို ဒေါသထွက်အောင် သွားလုပ်ခဲ့ရင်၊ သူအခုထိ အသက်ရှင်နေဦးမယ်လို့ ဦးလေးထင်လား”

“သူငါ့ကိုသတ်ရဲမှာလား” လူဆောင်းက ချက်ချင်းပဲ ပြန်ပြောလိုက်တယ်။

“သူနင့်ကို သတ်ရဲလား၊ မသတ်ရဲလား သိချင်ရင် သွားစမ်းကြည့်လို့ရတယ်” ချူရီမန်က အေးစက်စက် လေသံနဲ့ ပြန်ပြောလိုက်တယ်။

လူဆောင်း နှလုံးသား အေးစက်သွားခဲ့ပြီး သူ့မျက်နှာက အစွယ်ချိုးခံရတဲ့ မြွေတစ်ကောင်ပမာ ဖြစ်သွားခဲ့တယ်။

“ဦးလေး” ချူရီမန်က လူလျန်ဘက်လှည့်ပြီး တည်တည် ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ် “လူဆောင်းက ရန်ကိုင်ဆီ လာပူးပေါင်းခဲ့တယ်။ သူရန်ကိုင်စံအိမ်ကနေ မောင်းထုတ် ခံခဲ့ရတာက ကျွန်မကြောင့်လည်း ပါတယ်။ ဘာလို့လဲ ဆိုတော့ သူက ရန်ကိုင်နောက်လိုက်ဖို့ မသင့်တော်ဘူးလို့ ကျွန်မထင်လို့ပဲ။ ဦးလေးသားအကြောင်း ဦးလေး ကောင်းကောင်း သိလောက်မှာပါ။ သူသာ ရန်ကိုင် နောက်လိုက်ရင် ၊ တစ်နေ့ကျ၊ သူအသတ်ခံရနိုင်တယ်။ ဒါကြောင့် ကျွန်မသူ့ကို တစ်ခုခု ပြောခဲ့ပြီး သူ့ကို မောင်းထုတ်လို့ ရအောင် ရန်ကိုင်အတွက် အကြောင်းပြချက် တစ်ခုရအောင် လုပ်ပေးလိုက်တာပဲ”

လူလျန်က ခါးခါးသီးသီး ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “သခင်မလေးချူ လုပ်ခဲ့တာ မှန်ပါတယ်။ သခင်မလေးချူရဲ့ အကူအညီအတွက် ဒီလူအိုကြီး သခင်မလေးကို ကျေးဇူးတင်ပါတယ်”

“နောက်နေ့ကျ၊ စစ်ပွဲမြို့တော်ကနေ ထွက်သွားဖို့ သူ့ကို ကျွန်မပြောခဲ့တယ်။ ဒါပေမယ့် သူက ကျွန်မ ပြောတာကို နည်းနည်းလေးတောင် အရေးမစိုက်ပဲ ရန်ခန်းနဲ့ သွားပူးပေါင်းခဲ့တယ်လေ။ အဲ့ဒါ သူ့အပြစ်ပဲပေါ့”

“ရန်ကိုင် သူ့သတင်းအကြောင်း မကြားခဲ့ဘူး။ ကြားခဲ့ရင်လည်း ဒီကိစ္စနဲ့ပက်သက်ပြီး စိတ်ဝင်စားမှာကို မဟုတ်ဘူး။ ဦးလေးဘက်က ကူညီဖို့ ငြင်းဆန်လို့ ဦးလေးကို သူအပြစ်တင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ကို ကူညီပေးမယ့်လူ ဘယ်သူမှ မရှိဘူးလို့ ဦးလေး ထင်နေတာလား” ချူရီမန်လေသံက ကြမ်းတမ်းပေမယ့် လူလျန်ကို မကျေနပ်လို့ အခုလိုမျိုး ပြောနေတာ မဟုတ်ပါဘူး။

“အခု၊ အဲ့ကိစ္စက ပြီးသွားပြီ။ သူ့ကိုယ်သူပဲ အပြစ်တင်ရမှာ” ချူရီမန်က ပြောလိုက်တယ်။ ထို့နောက် လူလျန်ကို စိုက်ကြည့်လိုက်ပြီး “တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင်၊ သူ့ကို အမွေခံတိုက်ပွဲမှာ လာဝင်ပြိုင်ခိုင်းတဲ့ ဦးလေးကိုပဲ ဦးလေး ပြန်အပြစ်တင်သင့်တယ်”

“အမှန်ပါပဲ၊ ဒီကိစ္စက ဒီလူအိုကြီးရဲ့ အပြစ်ပါ” လူလျန် အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့တယ်။ သူသား အကြောင်း သူကောင်းကောင်း သိပါတယ်။ သူက လူဆောင်းကို အတွေ့အကြုံ ရစေချင်လို့ အမွေခံတိုက်ပွဲဆီ လွှတ်လိုက်တာပါ။ အတွေ့အကြုံအပြင် လူလျန်က လူဆောင်းရဲ့ အရည်အသွေးကို အမွေခံတိုက်ပွဲကို အသုံးပြုပြီး သွေးပေးချင်တာပါ။ အဲ့ဒါမှ နောက်ပိုင်းကျ လူမိသားစု ခေါင်းဆောင် ရာထူးကို အဆင်ပြေပြေနဲ့ ဆက်ခံနိုင်မှာလေ။

လူဆောင်း ထွက်မသွားခင်ကတည်းက လူလျန်က သူ့သားကို အထပ်ထပ်အခါခါ သတိပေးခဲ့တယ်၊ ဒါပေမယ့် ထိုကောင်က သူ့စကားကို ပေါ့ပေါ့တန်တန်ပဲ သဘေားထားခဲ့ပါတယ်။

“ရန်ကိုင်က ဦးလေးကို အပြစ်မတင်ပါဘူး။ ဒီကိစ္စနဲ့ ပက်သက်ပြီး ဦးလေး စိတ်အေးအေး ထားလို့ရပါတယ်။ ရန်ကိုင်က ရန်မိသားစုရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ရင်တောင် လူမိသားကို သွားပြဿနာ ရှာမှာမဟုတ်ပါဘူး”

ထိုစကားကို ကြားလိုက်တော့မှပဲ လူလျန် စိတ်သက်သာရာ ရသွားခဲ့တယ်။

သူအကြောက်ဆုံးက ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်လာမှာကိုပါ။ ရန်ကိုင်က ရန်မိသားစုရဲ့ မိသားစု ခေါင်းဆောင်တစ်ယောက် ကျိန်းသေ ဖြစ်လာမယ့်လူပါ။ တစ်နေ့ကျ၊ လူဆောင်းလုပ်ခဲ့တဲ့ အပြုအမူကြောင့် လူမိသားစုကို မုန်းတီးပြီး ပြဿနာလာရှာခဲ့ရင်၊ လူမိသားစု အကြီးအကျယ် ဒုက္ခရောက်သွားနိုင်ပါတယ်။

“အခုလို ညွှန်ပြပေးလို့ သခင်မလေးချူကို ကျေးဇူးတင်ပါတယ်” လူလျန်က ချူရီမန်ကို အထပ်ထပ် အခါခါ ကျေးဇူးတင်နေလိုက်တယ်။ တော်တော်လေးလည်း စိတ်သက်သာရာ ရသွားခဲ့တယ်။ ပြောနေရင်းနဲ့ တစ်ချက် ရပ်လိုက်ပြီး ရှက်ရှက်နဲ့ ဆက်ပြောလိုက်တယ် “သခင်မလေးချူ၊ ဒီလူအိုကြီး နောက်တစ်ကြိမ် ထပ်မေးလို့ ရမလား၊ ကိုးယောက်မြောက် သခင်လေး လူအင်အား လိုသေးလားလို့လေ”

ချူရီမန်က လူလျန်ကို မော့ကြည့်လိုက်ပြီး မေးလိုက်တယ် “ဦးလေး ဘာလုပ်ချင်လို့လဲ”

လူလျန်က လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ပြုံးကာ “ဒီလူအိုကြီးက ဒီကောင်စုတ်လေးရဲ့ အမှားတွေအတွက် ပြန်အလျော်ပေးချင်လို့ပါ။ စိတ်မပူပါနဲ့၊ ကိုးယောက်မြောက် သခင်လေးသာ ပြောလိုက်တာနဲ့ ကျုပ်တို့ လူမိသားက ဘာမှ ပြန်မတောင်းပဲ အလကား ကူညီပေးမှာ”

“အဲ့လို အခွင့်အရေးမျိုး မရှိတော့မှာကိုတောင် ကျွန်မ စိုးရိမ်မိတယ်” ချူရီမန်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ်။

“သခင်မလေးချူက ဒီအရူးကောင် လူဆောင်းနဲ့ ပက်သက်ပြီး မကျေနပ်သေးလို့လား။ ဒီတစ်ကြိမ် ဆုံးရှုံးမှုကို သူမှတ်မိနေမှာပါ။ ဒီအဖြစ်အပျက်ကို သူကောင်းကောင်း မှတ်ထားလိမ့်မယ်လို့ ကျုပ်ထင်ပါတယ်။ တစ်ခုတည်းပဲ…”

“ဦးလေး၊ ရန်ကိုင်နဲ့ ကျွန်မ လူမိသားစု လာတုန်းက၊ ကျွန်မသာ ဦးလေးနေရာမှာဆိုရင် ရန်ကိုင်ကိုပဲ ကျိန်းသေ ရွေးချယ်မှာလို့ ကျွန်မ ပြောခဲ့တယ်မလား”

“ဟုတ်တယ်” ချူရီမန် ပြောတာကို ပြန်သတိရ လိုက်တာနဲ့ လူလျန် အမူအရာ ခါးသီးသွားခဲ့တယ်။ ဒါပေမယ့် ထိုအချိန်တုန်းက သူဆုံးဖြတ်ချက် မှန်ကန်တယ်လို့သာ ဇွတ်ယုံနေတဲ့အတွက် ချူရီမန် ပြောတာကို အားရုံမစိုက်ခဲ့ပါဘူး။ အခုမှပဲ သူ့ဆုံးဖြတ်ချက် မှားယွင်းသွားခဲ့မှန်း လူလျန် နားလည်သွားခဲ့တယ်။

ဒါပေမယ့် ဦးလေး…” ချူရီမန်က လှောင်ပြောင် ပြောဆိုလိုက်တယ် “ရန်ကိုင်ကို ငွေသုံးသန်းပေးပြီး ပြန်လွှတ်လိုက်တယ် ဆိုတော့ ဦးလေးက အရမ်းကို ရက်ရောခဲ့တာပဲနော်”

လူလျန်ရဲ့ မျက်နှာ မြေပုံသီးတစ်လုံးလို ရဲတက်သွားခဲ့တယ်။ သူ့မှာ ရှက်လွန်းလို့ တွင်းတစ်တွင်း တူပြီးတော့သာ ပြေးပုန်းလိုက်ချင်ပါတော့တယ်။

ငွေးသုံးသန်းက တကယ်ကို များပါတယ်။ ဒါပေမယ့် လူမိသားစုနဲ့ အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ရန်သခင်လေးတွေ အတွက်တော့ ငွေးသုံးသန်းက ရေပုံးထဲက ရေတစ်စက်သာသာပဲ ရှိပါတယ်။ ရန်ကိုင် လူမိသားစုကနေ ထွက်သွားတုန်းက လူလျန်က ရန်ကိုင်ကို ငွေသုံးသန်းပဲ ပေးခဲ့ပါတယ်။ ဒါတောင် ဆေးဘုရင်တောင်ကြားက ရှောင်ဖူချန်းရဲ့ မျက်နှာကြောင့် ပေးခဲ့တာပါ။

သူဘယ်လိုလူလဲ ဘယ်သူသိမှာလဲ။

အခုအချိန်၌ သူ့က ဗဟိုမြို့တော်တစ်ခွင် နာမည်ကျော်ကြားနေပြီး သူ့ခွန်အားက အခြားသခင်လေးတွေ အကုန်လုံးထက်ကို သာလွန်နေလိမ့်မယ်လို့ ဘယ်သူ သိခဲ့မှာလဲ။

ရန်ကိုင် အခုလို ဖြစ်လာမယ်မှန်းသာ သိခဲ့ရင် ထိုအချိန်ကတည်းက ရန်ကိုင်နဲ့ သူပူးပေါင်းခဲ့ပါတယ်။ လူပဲတောင်းတောင်း၊ ငွေပဲတောင်းတောင်း၊ အခြား ပစ္စည်းတွေပဲ တောင်းတောင်း သူ့ဘက်က နည်းနည်းလေးတောင် တုန့်ဆိုင်းမနေပဲ လက်ခံပေးခဲ့မှာပါ။

ရန်ကိုင်နောက် မလိုက်ခဲ့မိတာကို လူလျန် နောင်တရနေခဲ့လေပြီ။ ဒါပေမယ့် နောင်တကို ကုသပေးနိုင်တဲ့ ဆေးမရှိတာ ဆိုးလှပါတယ်။

“နောက်ကျသွားပြီ ဦးလေး၊ ဆောင်းရာသီမှာ မီးသွေး လက်ဆောင်ပေးတာက ကိတ်မုန့်ပေါ် သကာလောင်းတာနဲ့ မတူဘူးနော်။ ကျွန်မမှာ သွားစရာ ရှိသေးလို့ ဦးလေးတို့ကို လိုက်မပို့တော့ပါဘူး” ပြောလို့ပြီးသွားတာနဲ့ ချူရီမန် လမ်းလျှောက် ထွက်သွားလိုက်တယ်။

လူလျန် နေရာမှာပဲ ကြောင်ပြီး ရပ်နေခဲ့တယ်။ သူ့မျက်နှာက ဆယ်နှစ်မျိုးဂျင်းသုပ်အလား အမူအရာ အမျိုးမျိုး‌ ပြောင်းလဲနေခဲ့တယ်။ သူ့နှလုံးသား တစ်ခုလုံး ရှုပ်ထွေးတဲ့ ခံစားချက်မျိုးစုံတို့ဖြင့် ပြည့်နေခဲ့တယ်။

လူမိသားစုကို အခုလိုမျိုး ဖြစ်လာအောင် လုပ်ဆောင် ပေးခဲ့တာ သူပါ။ အရင်လူမိသားစု ဒုတိယအင်အားစု တစ်ခုသာသာပါပဲ။ သူက မဟာအင်အားစုကြီး တစ်ခုဖြစ်တဲ့ ချူမိသားစုရဲ့ ခြေထောက်ကို ဖက်တွယ်ခဲ့လို့ ဒုတိယအဆင့် အင်အားစုတစ်ခုကနေ ပထမအဆင့် အင်အားစု တစ်ခုအဖြစ် အဆင့်တက်လာနိုင်ခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်အတောအတွင်း လူလျန်က လူမိသားစုကို နောက်တစ်ဆင့်ဆီသို့ အမြဲ တက်လှမ်းနေစေချင်ခဲ့တာပါ။ အမွေခံတိုက်ပွဲက အဲ့လိုလုပ်နိုင်ဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။ လူရွေးတာသာ မှန်သရွေ့၊ လူမိသားစုက နောက်တစ်ဆင့်ကို ထပ်မံ တက်လှမ်းနိုင်ပါလိမ့်မယ်။

ကံမကောင်းစွာနဲ့ လူလျန်က ထိုအခွင့်အရေးကို သူ့လက်ချောင်း ကြားထဲကနေ လွတ်ထွက် သွားစေမိခဲ့ပါတယ်။

လူဆောင်းကို လက်ဆောင်တွေ သယ်သွားခိုင်းတဲ့ အချိန်တုန်းကတောင် သူ့မှာ အခွင့်အရေး တစ်ရပ် ရှိနေခဲ့ပါသေးတယ်။ လူလျန်သာ လက်ဆောင်တွေပို့ဖို့ လူဆောင်းကို မစေလွှတ်ခဲ့ပဲ အခြားတပည့် တစ်ယောက်ကိုသာ စေလွှတ်ခဲ့ရင် အခုအချိန်လောက်ဆို ရန်ကိုင် လက်အောက်မှာ ရှိနေတဲ့ အခြားကျင့်ကြံသူတွေနဲ့ အတူတူ ရယ်မောနေနိုင်လောက်ပါပြီ။

“သောက်ကျက်သရေ မရှိတဲ့ ခွေးသူတောင်းစား” လူလျန်က လူဆောင်းမျက်နှာကို အားပြင်းပြင်းနဲ့ ဖြတ်ရိုက်ချလိုက်တယ်။ အားပြန်းလွန်းလို့ ထိုရိုက်ချက်နဲ့တင် လူဆောင်းမှာ စံအိမ်အပြင်ဘက်ဆီ လွင့်ထွက်သွားခဲ့ရတယ်။

“ဟေး၊ ကျုပ်ကို ဘာလို့ ရိုက်တာလဲ” လူဆောင်း ပါးနှစ်ဖက်စလုံး ဖူရောင်နေခဲ့ပြီး လူလျန်ကို မယုံသင်္ကာနဲ့ ငေးကြည့်ရင်း လှမ်းမေးလိုက်တယ်။

လူလျန်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်တယ် “မိသားစု အမွေဆက်ခံသူ နေရာကနေ ဆင်းလိုက်တော့၊ မင်းညီလေးက မင်းထက် ပိုပြီးသင့်တော်တယ်”

ဒီအဖြစ်အပျက်တွေ ပြီးနောက် မိသားစုခေါင်းဆောင် ရာထူးကို လူဆောင်းလက်ထဲ ထည့်ပေးလိုက်တာနဲ့ လူမိသားစု တစ်ခုလုံး ပျက်စီးကိန်း ဆိုက်သွားနိုင်တယ် ဆိုတာကို လူလျန် နားလည်သွားခဲ့လေပြီ။ လူမိသားစုသာ လူဆောင်းလက်ထဲ ရောက်သွားတာနဲ့ မိသားစုတစ်ခုလုံး ပျက်စီးဖို့ နှစ်နည်းနည်းလောက်ပဲ ကြာမှာပါ။

“ဒါပေမယ့် ကျုပ်ညီလေးက ဒုတိယဦးလေးရဲ့ သားလေ…” လူဆောင်း နေရာကနေ မရွေ့နိုင်သေးပါဘူး။

“ငါပြောပြီးသွားတာကို နောက်တစ်ကြိမ် ထပ်မပြောဘူး။ အိမ်ပြန်တော့” လူလျန်က သူ့သားကို တစ်ချက်တောင် မကြည့်ပဲ လက်နောက်ပစ်ရင်း ခြေလှမ်းကျဲကျဲနဲ့ လှမ်းထွက်သွားလိုက်တယ်။ လူဆောင်းက ဝိဥာဉ် ဆွဲထုတ်ခံလိုက်ရတဲ့ လူတစ်ယောက်လိုမျိုး လူလျန် ကျောပြင်ကို ငေးစိုက်ကြည့်နေခဲ့တယ်။

အမွေခံတိုက်ပွဲက သူ့ရဲ့ အပြုအမူတွေကြောင့် မိသားစု ခေါင်းဆောင် ဆက်ခံသူ ရာထူးကနေ ထုတ်ပယ် ခံလိုက်ရမယ်လို့ လူဆောင်း မထင်မှတ်ထားခဲ့တဲ့ ပုံပါပဲ။

…………………..

စီနီယာမမလေး အခန်းထဲ၌၊ ရန်ကိုင်က ဒီအခန်းကို သူ့ကိုယ်ပိုင် အခန်းလို သဘောထားပြီး နေနေတာပါ။ အရေးကြီးတဲ့ ကိစ္စသာ မရှိရင် ဒီမှာရက်တော်တော် များများ နေတတ်ပါတယ်။

လောလောလတ်လတ်ကမှ ရှနင်းချန် သန့်စင်ခဲ့တဲ့ ဆေးလုံးတစ်သုတ်ကို ရန်ကိုင်ရခဲ့တယ်။ ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ စိတ်နှစ်ပြီး ကျင့်ကြံပါတော့တယ်။

တုဖုန်းနဲ့ ရန်လင်းရှင်တို့ဆီက ချီချုပ်နှောင် ချိတ်တံဆိပ်ကို ဖယ်ရှားဖို့ ရက်အနည်းငယ်လောက် ကြာပါလိမ့်မယ်။ ရင်းဂျု၊ ကျုကောင်းရီနဲ့ တန်ယုရှန်းတို့က ဆေးပေါင်းရည်တစ်စက်နဲ့ ကုသရေး ဆေးလုံးကို သောက်သုံးထားပါတယ်။ ဒါပေမယ့် အဲ့ဆေးလုံးတွေရဲ့ အကူအညီနဲ့တောင် အပြည့်အဝ ပြန်ကောင်းဖို့ ရက်အနည်းငယ်လောက် အချိန်ယူရဦးမှာပါ။

ရန်ကိုင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။ သူ့အနေနဲ့ ဘယ်လိုလုပ်ပြီး ပျင်းရိနေနိုင်ပါ့မလဲ။

ကျင့်ကြံနေရင်း လက်နက်ကို သန်စင်…

မနေ့ညတိုက်ပွဲတုန်းက အရိုးဒိုင်းဆီကနေ တော်တော်လေး အကူအညီ ရခဲ့ပါတယ်။ ထိုအချက်နဲ့တင် ဆန်းကြယ်အဆင့် လက်နက်တွေ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းကြောင်း သိနိုင်ပါတယ်။ ပြီးတော့ ဆန်းကြယ် အလယ်အလတ်အဆင့် လက်နက်ကို မြန်မြန် သန့်စင်ဖို့လိုအပ်နေတာကိုလည်း သက်သေ ပြသွားခဲ့ပါတယ်။

စီနီယာမမလေး ဖော်စပ်ထားတဲ့ ဆန်းကြယ်အဆင့် ဆေးလုံးတွေနဲ့ လက်နက်သန့်စင်ရင်း ကုန်ဆုံးသွားတဲ့ အစစ်အမှန်ချီတွေကို အလျင်အမြန်ပဲ ပြန်လည် ဖြည့်တင်း ပေးနိုင်ပါတယ်။ ပြီးတော့ အစစ်အမှန် ဆေးပညာနည်းလမ်းကို လေ့လာရင်း ကုန်ဆုံးသွားတဲ့ စိတ်စွမ်းအင်ကိုလည်း အလျင်အမြန် ပြန်လည် ဖြည့်တင်းနိုင်ပါတယ်။

ရုတ်တရက် ဥာဏ်အလင်း ပွင့်သွားခဲ့ပြီး အစစ်အမှန် ဆေးပညာနည်းလမ်းရဲ့ အစစ်အမှန် အနှစ်သာရကို ရန်ကိုင် နားလည်သွားခဲ့တယ်။ သူ့မျက်နှာတစ်ခုလုံး ထိတ်လန့် တုန်လှုပ်သည့် အမူအရာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ထိုအနှစ်သာရကို ဖမ်းဆုပ်မိနိုင်ဖို့ သေချာ အာရုံစိုက်လိုက်တယ်။

အစစ်အမှန်ဆေးပညာနည်းလမ်းထဲက ဆေးပညာ နည်းလမ်းက သာမန် ဆေးပညာနည်းလမ်းတွေနဲ့ လုံးဝကို ကွဲပြားပါတယ်။ အစစ်အမှန် ဆေးပညာနည်းလမ်းရဲ့ လျှို့ဝှက်ဆန်းကြယ် ရှုပ်ထွေးမှုကို သာမန် အမြင်နဲ့ တိုင်းတာလို့ မရပါဘူး။

အစစ်အမှန် ဆေးပညာနည်းလမ်းထဲကနေ အရင်တုန်းက သဘောပေါက် နားလည်ခဲ့တဲ့ ထိုးထွင်းသိမြင်မှုတွေကို ပေါင်းစပ်ပြီးတာနဲ့ ဆေးပညာ အကြောင်းကို ပိုပြီး နက်နက်နဲနဲ နားလည်သွားခဲ့လေပြီ.

အစစ်ဆေးပညာ နည်းလမ်းကြောင့် ဆေးပညာနဲ့ ပက်သက်တဲ့ ဗဟုသုတပိုင်းမှာ ရန်ကိုင်က ဒီလောကကြီးရဲ့ အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်နေခဲ့ပါပြီ။ သူလိုအပ်နေတာဆိုလို့ လက်တွေ့ လေ့ကျင့်မှုပဲ ရှိပါတော့တယ်။

သူအခု ငယ်ရွယ်သေးတာကြောင့် နောက်ပိုင်းကျ အခွင့်အရေးတွေ ရလာနိုင်မှန်း ရန်ကိုင် သိထားပါတယ်။

သူ့မှာ အချိန်အများကြီး ကျန်ပါသေးတဲ့ အတွက် ကွဲပြားခြာနားတာ တစ်ခုခုကို အမြဲတမ်း ကြိုးစားနိုင်ပါတယ်။ ဆေးပညာကို လေ့လာပြီး သိုင်းတာအိုရဲ့ ဆန်းကြယ်မှုတွေကို ထွင်းဖောက်သိမြင်ဖို့က မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဆေးပညာရှင်တွေလည်း သိုင်းပညာလမ်းစဉ်ရဲ့ အထွတ်အထိပ်မှာ ရပ်တည်နိုင်တယ်လို့ ရှောင်ဖူချန်း ပြောခဲ့ဖူးပါတယ်။

Martial Peak

အပိုင်း(၄၉၂) အကြီးအကဲခန်းမဆီ ဆင့်ခေါ်ခံရခြင်း

အချိန်က တဖြည်းဖြည်းနဲ့ ကုန်ဆုံးနေခဲ့ပြီး နေထွက်လာတာတောင် ရန်ကိုင်က ကျင့်ကြံခြင်းထဲ နစ်မြောနေတုန်းပါပဲ။

တံခါးခေါက်သံ ကြားတော့မှပဲ ရန်ကိုင် ကျင့်ကြံနေရာကနေ နိုးထလာခဲ့တယ်။

မျက်မှောင်ကြုံ့ရင်း သူ့လက်ကို အသာအယာလေး ဝှေ့ရမ်းလိုက်တယ်။ လေညင်းတစ်ခုက တံခါးကို တွန်းဖွင့်လိုက်သည့်အလား တံခါးပွင့်သွားခဲ့ပြီး တံခါးပေါက်၌ ရပ်နေသည့် ချူရီမန်ကို သူမြင်တွေ့လိုက်ရတယ်။

“ဘာကိစ္စရှိလို့လဲ” ရန်ကိုင်က ချူရီမန်ကို ကြည့်ပြီး မေးလိုက်တယ်။

ချူမိသားစု ပထမသခင်မလေးက ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်တယ် “ရန်မိသားစုက တစ်ယောက်ယောက်က အကြီးအကဲခန်းမရဲ့ အမိန့်ကို ယူလာပြီး ရောက်လာတယ်… နင့်အနေနဲ့ ဗဟိုမြို့တော်ဆီ မြန်မြန် ပြန်လာရမယ်တဲ့” ပြောပြီးတာနဲ့ စိုးရိမ်ပူပန်စွာဖြင့် ရန်ကိုင် မျက်လုံး တည့်တည့်ကို စိုက်ကြည့်လိုက်တယ်။

အကြီးအကဲခန်းမက ရန်ကိုင်ကို ရုတ်တရက်ကြီး ဘာလို့ ဆင့်ခေါ်မှန်း သူမလည်း နားမလည်ပါဘူး။

ရန်ကိုင်လည်း စိတ်ရှုပ်ထွေးသွားခဲ့တယ်၊ မေးလေးကို အကြိမ်အနည်းငယ်လောက် ပွတ်သပ်ပြီးနောက် ပြန်မေးလိုက်တယ် “သူတို့တွေက ငါတစ်ယောက်တည်းကို ပြန်လာစေချင်တာလား၊ အကြီးဆုံးအစ်ကိုရယ်၊ ဒုတိယအစ်ကိုရယ်၊ ခုနှစ်ယောက်မြောက်အစ်ကိုရယ်၊ သူတို့ သုံးယောက်ကျတော့ကော”

“နင်တစ်ယောက်ကိုတည်းပဲ ဆင့်ခေါ်တာနဲ့ တူတယ်” ချူရီမန်က ခြောက်ကပ်နေတဲ့ နှုတ်ခမ်းလေးတွေကို လျှာဖြင့် သပ်လိုက်ရင်း ပြန်ပြောလိုက်တယ်။

“ငါသိပြီ” ရန်ကိုင် ဖြည်းဖြည်းချင်း ထလိုက်ပြီး သူ့မျက်ခုံးကြောတို့ကလည်း ပိုပိုပြီး တွန့်ကွေးသွားခဲ့တယ်။

မိသားစုက အခုလိုမျိုးဆင့်ခေါ်လိုက်တာ တော်တော်လေးကို ပုံမှန်မဟုတ်ပါဘူး။ ဗဟိုမြို့တော်ဆီ သူ့တစ်ယောက်တည်းကိုပဲ ဘာလို့ ဆင့်ခေါ်ရတာလဲ။ အရင်အကြိမ်တုန်းက ပိုကျင်းရေကန်မှာ လက်နက်တွေ ထွက်ပေါ်လာမယ်လို့ သတင်းပေးချင်လို့ ဆတ်သားတွေကို စေလွှတ်လိုက်တာပါ။ ဒီတစ်ကြိမ်ကျတော့ကော။

“ရန်ကိုင်၊ ဘာကြောင့်လဲ ငါမသိပေမယ့် ဒီတစ်ကြိမ် ဆင့်ခေါ်တာက ကောင်းတဲ့ပုံတော့ မပေါ်ဘူး” ချူရီမန်ရဲ့ လေသံက အနည်းငယ်လေး တည်ငြိမ်နေတယ်ဆိုပေမယ့် သူမရဲ့ ကျောက်စိမ်းလက်အစုံကို ဆုပ်လိုက်၊ ဖြန့်လိုက် လုပ်နေတာကို ကြည့်ရင် သူမ စိုးရိမ်နေမှန်း ခန့်မှန်းလို့ ရပါတယ်။

ရန်မိသားစုက ရန်ကိုင် တစ်ယောက်တည်းကိုပဲ ပြန်ဆင့်ခေါ်တာက အကြောင်းမဲ့သက်သက် မဟုတ်ပါဘူး။ ဒါပေမယ့် ဘာလို့ သူ့တစ်ယောက်တည်းကိုပဲ ဆင့်ခေါ်တာလဲ ဆိုတာကိုလည်း သူမလည်း မသိပါဘူး။

ပြီးတော့ ရန်ကိုင်သာ ဗဟိုမြို့တော်ဆီ ပြန်သွားလိုက်ရင် သူ့ညီအစ်ကိုတွေ အခွင့်အရေး ယူနိုင်မယ့်လမ်းပေါက် တစ်ခု ဖွင့်ပေးလိုက်သလို ဖြစ်နေပါလိမ့်မယ်။

“မိသားစုက အမိန့်ဖြစ်နေမှတော့ ငါ့လုံခြုံရေးနဲ့ ပက်သက်ပြီး စိုးရိမ်နေစရာ မလိုပါဘူး” ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်တယ်။ သူသာ ဗဟိုမြို့တော်ဆီကနေ အသွားအပြန်လုပ်ရင်း ချုံခို တိုက်ခိုက်ခံရလို့ အမွေခံတိုက်ပွဲကနေ ထွက်သွားခဲ့ရရင် မိသားစုဘက်က တစ်ခုခုပြောမှပဲ ရပါလိမ့်မယ်၊ မဟုတ်ရင် ရန်မိသားစု လုံးဝကို မျက်နှာပျက်ရမှာပါ။

“ဘာပဲဖြစ်ဖြစ် ကြိုတင် ပြင်ဆင်သွားသင့်တယ်” ချူရီမန်က ခေါင်းခါရမ်းလိုက်ပြီး ဆက်ပြောလိုက်တယ် “ရင်းဂျုနဲ့ တန်ယုရှန်းကို ပြင်ဆင်ထားဖို့ ငါလှမ်းသတိ ပေးပြီးသွားပါပြီ။ သူတို့ နှစ်ယောက် နင့်ကို လိုက်စောင့်ရှောက် ပေးလိမ့်မယ်”

ရန်ကိုင် ခေါင်းပြန်ညိတ်ပြလိုက်တယ်။

မိသားစုက ဗဟိုမြို့တော်ဆီ မြန်မြန်ပြန်လာဖို့ သူ့ကို အမိန့်ပေးလာမှတော့ သူဘက်ကလည်း ဆက်ပြီး နှောင့်နှေးနေလို့ မဖြစ်ပါဘူး၊ ထို့ကြောင့် သတင်းရရချင်းပဲ ဗဟိုမြို့တော်ဆီ စထွက်ဖို့ ပြင်လိုက်တယ်။

အိမ်အပြင်ဘက်၌ ဒဏ်ရာတွေ ပြန်လည် သက်သာသွားပြီ ဖြစ်တဲ့ ရင်းဂျုနဲ့ တန်ယုရှန်းတို့က မတ်တပ် ရပ်စောင့်နေခဲ့တယ်။ ရင်းဂျုကတော့ အရင်လိုပါပဲ၊ စကားမပြော ဆိတ်ဆိတ်ကြီးနေလို့ပါ၊ ရင့်ကျက်တဲ့ အလှလေး တန်ယုရှန်းကတော့ ပျော်ရွှင်နေတဲ့ အမူအရာနဲ့ ပြောလိုက်တယ် “သခင်ငယ်လေး”

ရန်ကိုင်ဆီ ပြန်ရောက်လာတာက တန်ယုရှန်းနဲ့ တုဖုန်းတို့ နှစ်ယောက်ကို တော်တော်လေး စိတ်ကျေနပ် သွားစေခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ဝက်အတွင်း ရန်ခန်းကို သစ္စာရှိရှိနဲ့ ကာကွယ်စောင့်ရှောက် ပေးခဲ့ပေမယ့် သူတို့ သခင်လေးနဲ့ ဘယ်အချိန်မှများ ပြန်လည်ပေါင်းစည်း နိုင်မလဲလို့ သူတို့စိတ်ထဲ တစ်ချိန်လုံး တွေးနေခဲ့တာပါ။

“ခင်ဗျားတို့ ဒဏ်ရာတွေ သက်သာသွားပြီလား” ရန်ကိုင်က ကျေနပ်နေတဲ့ လေသံနဲ့ မေးလိုက်တယ်။

“သခင်ငယ်လေးရဲ့ လက်ဆောင်ကြောင့် ကျွန်မ လုံးဝကို ပြန်လည်သက်သာသွားခဲ့ပါပြီ” တန်ယုရှန်းက တောက်ပစွာ ပြုံးလိုက်ပြီး သူမရဲ့ မျက်ဝန်းလှလှလေးတွေထဲ ကျေးဇူးတင်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။

သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးပြီး ရင်းဂျုနဲ့ ရင်ဆိုင်တိုက်ခိုက်ပြီးနောက် ပြန်လည် သက်သာဖို့ရာ အချိန်တော်တော်လေး လိုအပ်ပါတယ်။ ဒါပေမယ့် ရန်ကိုင်ပေးတဲ့ မှော်ဆန်ဆန် ဆေးလုံးကို သောက်သုံး ပြီးနောက် တန်ယုရှန်းနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး တစ်ရက်၊ နှစ်ရက်အတွင်းမှာပဲ အပြည့်အဝ ပြန်လည် သက်သာသွားခဲ့ပါတယ်။

ဒီလိုမျိုး တစ်ကြိမ်ခံစားခဲ့ဖူးပေမယ့် တန်ယုရှန်းမှာ ယုံဖို့ ခက်ခဲနေတုန်းပါပဲ။

“ကောင်းတယ်၊ နောက်ပိုင်း အချိန်ရှိရင် ဝိဥာဉ် ပညာရပ်တွေ အသုံးပြုပုံနဲ့ ပက်သက်ပြီး ခင်ဗျားနဲ့ ဆွေးနွေးရမယ်” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး တိမ်သွားမြင်းပေါ် တက်လိုက်တယ်။

“သခင်လေး သဘောပါပဲ။ မေးချင်တာရှိရင် ကြိုက်တဲ့အချိန် မေးလို့ရပါတယ် သခင်လေး” တန်ယုရှန်းက ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်တယ်။

သွေးစစ်သည်တော်တွေထဲ ဝိဥာဉ် ပညာရပ်တွေနဲ့ ကောင်းကင်စိတ်အာရုံကို အသုံးပြုတဲ့နေရာမှာ အပိုင်နိုင်၊ အကျွမ်းကျင်ဆုံးက တန်ယုရှန်းပါ။ သွေးစစ်သည်တော် တစ်ယောက်ချင်းစီတိုင်းမှာ ကိုယ်ပိုင်ထူးခြားချက် တစ်ခုစီ ရှိကြပါတယ်၊ ကျုကောင်းရီက အချိန်တိုအတွင်း သူ့ခွန်အားကို တိုးမြှင့်နေရာမှာ ကျွမ်းကျင်ပြီး ရင်းဂျုက ပုန်းကွယ်ပြီး လုပ်ကြံသတ်ဖြတ်တဲ့ နေရာမှာ ဆရာတစ်ဆူ ဖြစ်ပါတယ်။ တုဖုန်းက ထိပ်တိုက်ရင်ဆိုင်တာမျိုးမှာ အထူးအားကောင်းပြီ ဝိဥာဉ်ပညာရပ်ကို အသုံးပြုတဲ့ နေရာမှာ တန်ယုရှန်းကသာ နံပါတ်နှစ်ဆိုရင်၊ သွေးစစ်သည်တော် ခန်းမက ဘယ်သူကမှ နံပါတ်တစ်နေရာကို ရနိုင်မှာ မဟုတ်ပါဘူး။

“မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့၊ လမ်းမှာလည်း သတိထားဦး” ချူရီမန်က ထိုသုံးယောက်ကိုကြည့်ရင်း ရန်ကိုင်ကို လှမ်းသတိပေးလိုက်တယ်။

ရန်ကိုင် အသာအယာလေး ခေါင်းပြန်ညိတ်ပြလိုက်ပြီး စတင် ခရီးနှင်တော့တယ်။ မကြာခင်မှာပဲ တိမ်သွားမြင်း သုံးကောင် ဗဟိုမြို့တော်ဆီ စတင် ခရီးနှင်းကြပါတော့တယ်။

စံအိမ်အပြင်ဘက်၌ ဖြတ်သန်းတိုက်ခတ်သွားသည့် အေးစက်စက် လေညင်းကြောင့် ချူရီမန်ရဲ့ အပြာရောင် ပိုးသားဝတ်စုံလေး တဖျတ်ဖျတ် လှုပ်ခါသွားခဲ့တယ်။ ချူမိသားစုရဲ့ ပထမသခင်မလေးက ထိုနေရာမှာပဲ အချိန်အတော်ကြာအောင် မတ်တပ်ရပ်နေခဲ့တယ်၊ အချိန်ကြာလေ သူမရင်ထဲက စိုးရိမ်ပူပန်မှုတို့က ပိုပြီး ကြီးထွာလာနေ ဖြစ်နေခဲ့တယ်။

“အားလုံးကိုပြောလိုက်၊ သူတို့ရဲ့ ကျင့်ကြံခြင်းကို ခဏတာ ရပ်တန့်ထားရမယ်လို့။ အဖွဲ့နှစ်ဖွဲ့ခွဲပြီး စံအိမ်ကို အလှည့်ကျ စောင့်ကြည့်ခိုင်းလိုက်။ ရန်သူ‌ ပေါ်လာတာ မြင်ရင် တုန့်ဆိုင်းမနေပဲ တန်းသတ်ပစ်လိုက်။ ရန်ကိုင် ပြန်ရောက်လာတဲ့အထိ စံအိမ်ရဲ့ လုံခြုံရေးကို အမြင့်ဆုံးထိ မြှင့်တင်ထားရမယ်လို့”

“ဟုတ်ကဲ့ပါ”

ညအချိန်အခါသမယသို့ ရောက်ရှိလာတဲ့အခါ ကြီးမားလှတဲ့ ဗဟိုမြို့တော်ကြီးက နယ်မြေတစ်ကြောကို ဖြတ်သန်းလဲလျောင်းပြီး အိပ်စက်နေတဲ့ နဂါးတစ်ကောင်ပမာ… ညအမှောင် ကောင်းကင်ယံထက် ကြယ်စင်လေးတွေက တလက်လက် တောက်ပနေခဲ့တယ်။

တိမ်းသွားမြင်းသုံးကောင်က ရန်မိသားစုရဲ့ တောင်းပိုင်းဂိတ်ပေါက်ဆီ အပြင်းနှင်လာနေခဲ့တယ်။

တံခါးစောင့်တွေ ဘာမှပြန်မပြောရသေးခင်မှာပဲ ထိုတိမ်သွားမြင်း သုံးကောင်က သူတို့ကို ဖြတ်ကျော်သွားခဲ့ပြီး လမ်းကြောင်းတစ်လျှောက် တိမ်တိုက်ပမာ ထူထဲများပြား လှတဲ့ ဖုန်တွေကိုသာ ချန်ရစ်ခဲ့တယ်။

“ကိုးယောက်မြောက်သခင်‌လေး ပြန်လာပြီ။ လမ်းဖယ်ပေးကြစမ်း” တန်ယုရှန်းက လှမ်းအော် လိုက်တယ်။ အစောင့်အကြပ်တွေ ရုတ်တရက် ရပ်တန့်သွားခဲ့ကြပြီး အချို့ဆိုရင် ကတုန်ကရင်တောင် ဖြစ်နေခဲ့ကြပါတယ်။

ကိုးယောက်မြောက်သခင်လေး… ရန်ကိုင်လား။

ထိုနာမည်က မိုးချိန်းသံတစ်သံအလား အစောင့်အကြပ် တွေရဲ့ နားအတွင်းပိုင်းထိ ထိုးဖောက်သွားခဲ့တယ်။ ရန်ကိုင်ကို ရန်စဖို့မပြောနဲ့ ဘယ်သူမှတောင် ရှေ့မတက်ရဲကြပါဘူး။ ချက်ချင်းဆိုသလိုပဲ ဂိတ်ပေါက်ဆီ ပြန်ဆုတ်သွားကြပြီး မသိချင်ယောင် ဆောင်နေလိုက်ကြတယ်။

တိမ်သွားမြင်းတွေရဲ့ အသံကြောင့် လေးယောက်မြောက် သခင်ကြီးနဲ့ ဒေါင်စုကျုတို့ ကျင့်ကြံနေရာမှ နိုးထလာခဲ့တယ်။ နှစ်ယောက်စလုံး အပြင်ကို ပြေးထွက်သွားခဲ့ကြတဲ့အခါ ရင်းဂျုနဲ့ တန်ယုရှန်းတို့ကို ဦးဆောင်ပြီး လာနေတဲ့ ရန်ကိုင်ကို လှမ်းတွေ့လိုက်ရတယ်။

“ကိုင်အာလား” ရန်ရင်ဖုန်း အံ့အားသင့်သွားခဲ့ပြီး ဒေါင်စုကျုကတော့ မျက်ရည်ဝဲတက်သွားခဲ့တယ်။ ချက်ချင်းပဲ ရန်ကိုင်ဆီ ပြေးသွားလိုက်ပြီး သူမသားကို အားရပါးရ ဖက်လိုက်ရင်း ရန်ကိုင်နဖူးကို အသာအယာလေး နမ်းရှုံ့လိုက်တယ်။ ထို့နောက် ဒဏ်ရာတွေ ဘာတွေများ ရလားဆိုပြီး ကပျာကယာ စစ်ဆေးကြည့်ပါတော့တယ်။

မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ဝင်တွေကို စစ်ပွဲမြို့တော်ဆီ ဝင်ရောက်ခွင့် မပြုထားတဲ့အတွက် အမွေခံတိုက်ပွဲ စကတည်းက သားအမိနှစ်ယောက်မှာ စကားတစ်ခွန်းတောင် မပြောခဲ့ရပါဘူး။

“အမေ…” ရန်ကိုင်မှာ ရှက်လွန်းလို့ တွင်းတစ်တွင်း လောက်တူပြီးတော့သာ ပုန်းအောင်းလိုက်ချင်ပါတော့တယ်။ သူ့နောက်မှာ ရှိနေတဲ့ တန်ယုရှန်းနဲ့ ရင်းဂျုတို့ နှစ်ယောက် စလုံးက သူ့ကို ကြည့်နေကြတယ်လေ။ နောက်ပိုင်း ထိုနှစ်ယောက်ကို ဘယ်မျက်နှာနဲ့ သူမျက်နှာချင်းဆိုင် ရတော့မှာလဲ။

ပြောပြီးတာနဲ့ အနောက်ကို လှည့်ကြည့်လိုက်တယ်။ ဒါပေမယ့် တန်ယုရှန်းဖြစ်ဖြစ်၊ ရင်းဂျုဖြစ်ဖြစ်၊ နှစ်ယောက် စလုံးက ရုပ်ကို အတတ်နိုင်ဆုံး တည်ထားပြီး သူတို့ရဲ့ ခြေထောက်ကို ငုံ့ကြည့်နေခဲ့ပါတယ်။

အချိန်တစ်ခဏကြာပြီးမှပဲ ဒေါင်စုကျု စိတ်သက်သာရာ ရသွားခဲ့တယ်။ မျက်ရည်ဝဲနေတဲ့ မျက်ဝန်းအစုံနဲ့ ရန်ကိုင် လက်ကို ကိုင်ရင်း စိတ်ကျေနပ်နေလို့ပါ။

“ကိုင်အာ၊ မင်းဘာလို့ ပြန်လာတာလဲ” ရန်ရင်ဖုန်းက အဓိကမေးခွန်းကို ကောက်မေးလိုက်တယ်။

“အကြီးအကဲခန်းမက ဆင့်ခေါ်လိုက်လို့လေ” ရန်ကိုင်က ပြန်ပြောလိုက်တယ်။ ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးနေခဲ့ပြီး သူ့အဖေကို စိုက်ကြည့်နေခဲ့တယ်။ အကြီးအကဲ ခန်းက သူ့ကိုဆင့်ခေါ်လိုက်တာကို သူ့အဖေ မသိထားတဲ့ပုံပါပဲ။

“အကြီးအကဲခန်း…” ဒီကိစ္စနဲ့ ပက်သက်ပြီး ရန်ရင်ဖုန်း ဘာသတင်းမှ မကြားခဲ့ပါဘူး။ သူက ရန်မိသားစုဝင် တစ်ယောက်ဆိုပေမယ့် သူ့အဆင့်အတန်းက အရမ်းကြီး မမြင့်လှပါဘူး။ ထို့ကြောင့် အကြီးအကဲခန်းမရဲ့ ဆုံးဖြတ်ချက်တိုင်းကို သူမသိတာပါ။

“အရင်ဝင်လာခဲ့လိုက်လေ” ရန်ရင်ဖုန်းက အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ပြောလိုက်တယ်။

“သားအတွက် အရသာရှိတာအတွေ အမေချက်ပေးမယ်” ဒေါင်ကျုစု ပြောလိုက်ပြီး တန်ယုရှန်းကို အလျင်စလို လက်ယပ်ပြလိုက်တယ် “ယုရှန်း၊ ငါ့ကိုလာကူပေးဦး”

“အင်း”

စံအိမ်တစ်ခုလုံး မီးထိန်ထိန်လင်းနေခဲ့တယ်။

မိသားစုဝင် သုံးယောက် စားပွဲပတ်လည်၌ ထိုင်နေခဲ့ကြပြီး ရင်းဂျုနဲ့ တန်ယုရှန်းတို့ကတော့ ရန်ကိုင် နောက်၌ မတ်တပ်ရပ်နေခဲ့ကြတယ်။ ဒေါင်စုကျု ဘယ်လိုခေါ်ခေါ် နှစ်ယောက်စလုံးက ထိုင်ဖို့ကို ငြင်းဆန်ခဲ့ကြပါတယ်။

“အကြီးအကဲခန်းမက မင်းကို ဗဟိုမြို့တော်ဆီ ဘာလို့ ခေါ်လိုက်တာလဲ။ သူတို့ မင်းကို တစ်ခုခု ပြောခဲ့သေးလား” ရန်မိသားစု လေးယောက်မြောက် သခင်ကြီးက မေးလိုက်တယ်။ အကြီးအကဲခန်းမက သူ့သားကို ရုတ်တရက်ကြီး ဆင့်ခေါ်လိုက်တဲ့အကြောင်းကြားတော့ သူ့ခေါင်းထဲ အတွေးများစွာ ထွက်ပေါ်လာခဲ့တယ်။

“ဘာမှမပြောခဲ့ဘူး” ရန်ကိုင်လည်း ဘာမှ မသိထားခဲ့ပါဘူး။ ဒါပေမယ့် အကြီးအကဲခန်းမက မြန်မြန် ပြန်လာဖို့ပြောနေလို့ သူလည်း မြန်မြန် ပြန်လာခဲ့ရတာပါ။

သူတို့ ရောက်တဲ့အချိန် ညရောက်နေခဲ့ပါပြီ။ ထို့ကြောင့် သူ့မိဘအိမ်မှာ ညအိပ်ပြီး မနက်ရောက်မှပဲ အကြီးအကဲခန်းမ ဆီသွားဖို့ ရန်ကိုင် ဆုံးဖြတ်လိုက်တယ်။

“မင်းလည်း ဘာမှ မခန့်မှန်းမိဘူးလား။ အကြီးအကဲ ခန်းမ စိတ်ဝင်စားလောက်မယ့် တစ်ခုခုလောက် မင်းလုပ်ခဲ့သေးလား” ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးက ပြောလိုက်တယ်။

“အဲ့နတ်ဆိုးနဲ့ ပက်သက်ပြီး အဖေတွေးနေတာလား” ရန်ကိုင်က ပြုံးကာ ခေါင်းခါရမ်းလိုက်ပြီး “သူ့ကြောင့် အကြီးအကဲခန်းမ ကျုပ်ကို ဆင့်ခေါ်တာ မဖြစ်နိုင်ဘူး။ သူနဲ့ပက်သက်ပြီး အကြီးအကဲချုပ် ရန်လီတင်းနဲ့ ကျွန်တော် သဘောတူညီချက် တစ်ခုလုပ်ပြီးသွားပြီ။ အကြီးအကဲချုပ်က သူ့ကို အမွေခံတိုက်ပွဲမှာ ပါဝင်ခွင့်ပြုခဲ့တယ်။ ဒါပေမယ့် အမွေခံတိုက်ပွဲ ပြီးတာနဲ့ သူချက်ချင်း ထွက်သွားရမယ်တဲ့”

“အကြီးအကဲချုပ်က မင်းကို ဆင့်ခေါ်ခဲ့တာလား” ရန်ရင်ဖုန်း အံ့အားသင့်သါားခဲ့တယ်။

ရန်လီတင်းက ရန်မိသားစုရဲ့ လူအိုမျိုးဆက် အဖွဲ့ဝင်တစ်ယောက်ပါ။ လေးယောက်မြောက် သခင်ကြီးနဲ့ သူတစ်ခါမှ စကားမပြောခဲ့ဖူးပေမယ့် သူ့သားက အကြီးအကဲချုပ်ရဲ့ ဆင့်ခေါ်ြခင်း ခံခဲ့ရပါတယ်။

ဒါက ရန်မိသားစု လေးယောက်မြောက် သခင်ကြီး အတွက် ဂုဏ်ယူစရာတစ်ခုပါ။ ဒါပေမယ့် ရန်လီတင်း အကြောင်းပြောလိုက်တာနဲ့ ရန်ကိုင်အမူအရာ တစ်မျိုးတစ်ဖုံ ခါးသီးသွားတာကို ရန်ရင်ဖုန်း သတိပြုမိလိုက်တယ်။ သူတို့နှစ်ယောက်ကြား ဘာတွေများ ဖြစ်ခဲ့တာလဲလို့ ရန်ရင်ဖုန်း တွေးတောမိလိုက်တယ်။

“ကိုင်အာ၊ မင်းဘယ်လိုပဲတွေးတွေး၊ မင်းက ရန်မိသားစုဝင် တစ်ယောက်ဆိုတာကိုလည်း သတိထားဦး၊ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေကို ရှောင်နိုင်ရင် တတ်နိုင်သမျှ ရှောင်တာ အကောင်းဆုံးပဲ” ရန်ရင်ဖုန်းက တည်တည်ငြိမ်ငြိမ်နဲ့ သတိပေးလိုက်တယ်။

ရန်ကိုင် ပြန်ခေါင်းညိတ်ပြလိုက်တယ်၊ သူ့အဖေ ဘာပြောချင်နေတာလဲ ဆိုတာကို သူနားလည်ပါတယ်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ရန်မိသားစုက တိမ်မိစ္ဆာနယ်မြေကို ဆန့်ကျင်တဲ့နေရာမှာ ထိပ်ဆုံးကနေ ဦးဆောင်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ ရန်ကိုင်က အရမ်းကို အားကောင်းလွန်းတဲ့ မိစ္ဆာတစ်ကောင်နဲ့ ပူးပေါင်း အလုပ်လုပ်နေခဲ့ပါတယ်။

ထိုနတ်ဆိုးအိုရဲ့ အကူအညီနဲ့ ရန်ကိုင်သာ ရန်မိသားစုရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ရင် အခြားသူတွေအတွက် အတင်းပြောစရာ ဖြစ်သွားနိုင်ပါတဘ်။

“အဲ့နတ်ဆိုးကြောင့် မဟုတ်ဘူးဆိုရင်…” ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးက စားပွဲခုံကို တတောက်တောက် ခေါက်နေရင်း မျက်ဝန်းအစုံကို မှေးကျဉ်းလိုက်ပြီး “အဲ့လိုဆိုရင် ချီချုပ်နှောင် ချိတ်တံဆိပ်ကို ချိုးဖျက်နိုင်ခဲ့တဲ့ ကိစ္စကြောင့်ဖြစ်မယ်”

ရန်ကိုင်နဲ့ ပြောဆိုနေတဲ့ အတောအတွင်း ရင်းဂျုရဲ့ အခြေအနေကို လေးယောက်မြောက် သခင်ကြီး သတိပြုမိပါတယ်။ သတိပြုမိမိချင်း သူလည်း ခေါင်းရှုပ်သွားခဲ့ရပါတယ်။

ချီချုပ်နှောင် ချိတ်တံဆိပ်မိထားတဲ့ သွေးစစ်သည်တော် ခြောက်ယောက်ထဲ ငါးယောက်က သူတို့ရဲ့ အစစ်အမှန်ချီကို အသုံးမပြုနိုင်သေးပါဘူး။ ဒါပေမယ့် ရင်းဂျုက လုံးဝကို အကောင်းအတိုင်း ရှိနေခဲ့ပါတယ်။

ချီချုပ်နှောင် ချိတ်တံဆိပ်က ရန်မိသားစု အကြီးအကဲချုပ် ဟွမ်ဂျုကျို့ရဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ရန်ကိုင်ကို ဗဟိုမြို့တော်ဆီ ရုတ်တရက် ဆင့်ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက ရင်းဂျုက သူ့ရဲ့ ချီချုပ်နှောင် ချိတ်တံဆိပ်ကို အလွယ်တကူ ချိုးဖျက်နိုင်ခဲ့တာနဲ့ ပက်သက်ပြီး မေးမြန်းချင်တာကြောင့် ဖြစ်နိုင်ပါတယ်။

“ခန့်မှန်းနေလို့လည်း ဘာမှထူးတာ မဟုတ်ဘူး။ သူတို့ ဘာလို့ ခေါ်လိုက်ရတာလဲ ဆိုတာကို မနက်ဖြန်ကျ သိရမှာပဲလေ” ရန်ကိုင်က ခေါင်းခါလိုက်ပြီး ထိုအကြောင်း ပြောနေတာကို ရပ်တန့်လိုက်တယ်။

“ကဲ၊ မင်းလည်း ကောင်းကောင်း နားလိုက်ဦး။ အကြီးအကဲခန်းမက မင်းကို ဘာအကြောင်းကြောင့်ပဲ ဆင့်ခေါ်ဆင့်ခေါ်၊ ကောင်းတဲ့ကိစ္စ တစ်ခု မဟုတ်တာတော့ သေချာတယ်” ရန်ရင်ဖုန်း သက်ပြင်းချလိုက်တယ်။ အတိတ်တုန်းက သူလည်း အကြီးအကဲခန်းမရဲ့ ဆင့်ခေါ်ခြင်းကို အကြိမ်ပေါင်းများစွာ ခံခဲ့ရပါတယ်။

ခေါ်လိုက်တဲ့အကြိမ်တိုင်းက အရမ်းကို အန္တရာယ်များ အသင့်တော်တဲ့ တာဝန်အချို့ကို ပေးဖို့ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် မိသားစုစည်းမျိုးအချို့ကို ချိုးဖောက်မိလို့ အပြစ်ပေးဖို့ပါပဲ။ ထို့ကြောင့် အကြီးအကဲခန်းမကို သူဘယ်လိုမှ အကောင်းမြင်လို့ မရတာပါ။

ထိုခေါင်းစဉ်အကြောင်း ဘေးဖယ် ထားလိုက်တာနဲ့ အခန်းက ရုတ်တရက်ကြီး ပြန်လည် အသက်ဝင်လာခဲ့တယ်။ သုံးယောက်သား ရယ်ရယ်မောမောနဲ့ စကားပြောနေရင်း အခန်းတစ်ခုလုံး နွေးထွေးငြိမ်းချမ်းလို့ နေခဲ့တယ်။

ဒီလိုနဲ့ တိတ်ညိတ်တဲ့ ညတစ်ည ကုန်ဆုံးသွားခဲ့တယ်။

နောက်တစ်နေ့၊ ရန်ကိုင်က သူ့အဖေနဲ့ အမေကို နှုတ်ဆက်စကားပြောပြီး ဒေါင်စုကျုရဲ့ ငိုတော့မယ့် အကြည့်အောက်မှာပဲ တန်ယုရှန်း၊ ရင်းးဂျုတို့နဲ့အတူ အကြီးအကဲ ခန်းမဆီ ထွက်သွားလိုက်တယ်။

“ကိုးယောက်မြောက်ညီလေး” အကြီးအကဲခန်းမ ဝင်ပေါက်ရှေ့ ရောက်တာနဲ့ တစ်ယောက်ယောက်ရဲ့ အော်ခေါ်သံကို ရန်ကိုင် ကြားလိုက်တယ်။

အသံကြားရာဆီ လှမ်းကြည့်လိုက်တဲ့အခါ သူ့ကို စောင့်နေပုံရတဲ့ တတိယမြောက်အစ်ကို ရန်ထိုက်အား သူတွေ့လိုက်ရတယ်။

မနေ့ညက တောင်းပိုင်းဂိတ်ကို ဖြတ်ကျော်ပြီး ရန်ကိုင် မိသားစုဆီ ပြန်ရောက်လာတဲ့ သတင်းက ခပ်မြန်မြန်ပဲ ပြန့်နှံ့သွားခဲ့တယ်။ ထို့ကြောင့် သူဒီကို ရောက်နေမှန်း ရန်ထိုက် သိနေတာ အံ့အားသင့်စရာ တစ်ခုမဟုတ်ပါဘူး။

“တတိယမြောက်အစ်ကို” ရန်ကိုင် ရှေ့တက်ကာ မေးလိုက်တယ် “ဘာဖြစ်လို့လဲ”

ရန်ထိုက် ရယ်မောလိုက်ပြီး တစ်ချက်ရပ်လိုက်ကာ “တတိယမြောက်အစ်ကိုက တွမ့်မူမိသားစုကို လက်စားပြန်ချေနိုင်အောင် ကူညီပေးခဲ့တဲ့ ကိုးယောက်မြောက်ညီလေးကို ကျေးဇူးတင်ချင်လို့ပါ”

Martial Peak

အပိုင်း (၄၉၃) ကျုပ်နားမလည်ဘူး

“မလိုပါဘူး။ သူတို့လည်း ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲလေ။ ဒီလို အားကောင်းတဲ့ ပညာရှင် ငါးယောက်ကို စေလွှတ်ပေးခဲ့တဲ့ တတိယအစ်ကိုကိုသာ ငါက ကျေးဇူးတင်ရမှာပါ” ရန်ကိုင် အသာအယာလေး ပြန်ပြုံးပြလိုက်တယ်။ အမွေခံတိုက်ပွဲ ပထမည၌ ရန်ကိုင်က ရန်ထိုက်ကို ဖမ်းမိခဲ့ပါတယ်။

ဒါပေမယ့် သူ့ကို မိသားစုဆီ ပြန်ခေါ်သွားပြီး အရင်းအမြစ်တွေနဲ့ လဲလှယ်မယ့်အစား ဒီအတိုင်းပဲ ပြန်လွှတ်လိုက်ပါတယ်။ အကြွေးပြန်ဆပ်ဖို့ရာ ရန်ထိုက်က အသက်ရှင်ကျန်ရစ်တဲ့ ပညာရှင်ငါးယောက်ကို ရန်ကိုင်ဆီ စေလွှတ်ပေးခဲ့ပါတယ်။

ဒီရက်အတောအတွင်း တိုက်ပွဲတော်တော် များများကို ဆင်နွှဲခဲ့ရပါတယ်၊ ထိုတိုက်ပွဲတွေထဲ ရန်ထိုက်လွှတ်လိုက်တဲ့ ပညာရှင်ငါးယောက်က သူ့ကို တော်တော်လေး ကူညီပေးနိုင်ခဲ့ပါတယ်။ ငါးယောက်စလုံးက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်တွေ ဖြစ်ကြတဲ့အပြင် သူတို့ထဲက တစ်ယောက်ဆိုရင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ကိုတောင် ရောက်နေခဲ့ပါပြီ။

ရန်ထိုက် အသာအယာလေး ခေါင်းပြန်ညိတ် ပြလိုက်တယ်။ သူ့မျက်ဝန်းအစုံက ရုတ်တရက် လေးနက်တည်ကြည် သွားခဲ့ပြီး “အကြီးအကဲတွေနဲ့ တွေ့ရင် အားနည်းတဲ့ပုံစံ နည်းနည်းလေးတောင် လုပ်မပြမိစေနဲ့၊ မဟုတ်ရင် မင်းခံစားသွားရလိမ့်မယ်”

ရန်ကိုင်ကြောင်သွားခဲ့ပြီး ရန်ထိုက်ကို ပြန်မေးဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် သူအသိပြန်ဝင်လာတာနဲ့ ရန်ထိုက်က သူ့ကို ပြန်ပြောခွင့်တောင် မပေးပဲ ထွက်သွားခဲ့ပါပြီ။

တတိယမြောက်အစ်ကိုက တစ်ခုခုကို သိနေတာလား ရန်ကိုင် တိတ်တဆိတ် စဉ်းစားလိုက်တယ်။

ရန်ထိုက်ရဲ့ ကိုယ်ပိုင်ခွန်အားက အရမ်းကြီး မထူးချွန်သလို အမွေခံတိုက်ပွဲက သူ့စွမ်းဆောင်ရည်ကလည်း လုံးဝကို နိမ့်ကျတယ်ဆိုပေမယ့် သူ့အဖေက မိသားစုထဲမှာ တော်တော်လေး ဩဇာ‌ညောင်းပါတယ်။

အနည်းဆုံး ရန်မိသားစု လေးယောက်မြောက် သခင်ကြီးနဲ့ ယှဉ်ရင် ရန်ထိုက်ရဲ့အဖေက ပိုပြီး အဆင့်အတန်း မြင့်သလို ရန်မိသားစုရဲ့ လျှို့ဝှက်ချက်‌ တော်တော်များများ ကိုလည်း ပိုသိထားပါတယ်။

တတိယအစ်ကိုက သူ့အဖေဆီက သတင်း တစ်ခုခုများ ကြားခဲ့တာလား။ ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး တတိယအစ်ကို ပြောသွားတဲ့စကားတွေကို တစ်ခဏလောက် စဉ်းစားနေလိုက်ပြီးနောက် ခေါင်းသာ ခါရမ်းလိုက်တယ်။

ဘာပဲဖြစ်ဖြစ် အကြီးအကဲခန်းမ သူ့ကို ပြန်ခေါ်ရတဲ့ အကြောင်းအရင်းကို ခဏနေရင် သိရတော့မှာပဲလေ။

မဲ့ပြုံးပြုံးလိုက်ရင်း အကြီးအကဲခန်းမထဲ လှမ်းဝင်သွားလိုက်တယ်။

အကြီးအကဲခန်းမဆီ သူလာတာ ဒီတစ်ကြိမ်ပါ အပါဆိုရင် စုစုပေါင်း သုံးကြိမ်ရှိသွားခဲ့ပါပြီ။ ပထမ တစ်ကြိမ်က ရွှေရောင်ငှက်မွှေးသိမ်းငှက် ကြောင့်ပါ။ ဒုတိယတစ်ကြိမ်က သွေးစစ်သည်တော်တွေ ကြောင့်ပါ။ သူရောက်လာတဲ့အခါတိုင်း သူတို့ရဲ့ ကိုယ်ပိုင် ကိစ္စတွေထဲ နစ်မြောနေတဲ့ ဆံဖြူလူအိုကြီးတွေကို အမြဲတွေ့ရပါတယ်။

ဒီတစ်ကြိမ်တော့ အခြေအနေက အနည်းငယ် ကွဲပြားနေခဲ့ပါတယ်။

ရင်းဂျုနဲ့ တန်ယုရှန်းကို ဦးဆောင်ပြီး ခန်းမထဲ ဝင်လာတဲ့အခါ ဒါဇင်ထက်မကတဲ့ အကြီးအကဲတွေ အကုန်လုံး ထိုင်နေကြတာကို ရန်ကိုင် ရုတ်တရက် တွေ့လိုက်ရတယ်။

ထိုအကြီးအကဲတွေက အဖွဲ့နှစ်ဖွဲ့ခွဲကာ ခန်းမရဲ့ ဘယ်ဘက်နဲ့ညာဘက် အသီးသီးမှာ ဘာကိုမှ စိတ်မဝင်စားတဲ့ အမူအရာတွေနဲ့ ထိုင်နေခဲ့ကြတယ်။

ခန်းမထိပ်မှာ ထိုင်နေတဲ့လူကတော့ ရန်ကိုင် ရင်းနှီးတဲ့ အကြီးအကဲချုပ် ရန်ကျန်းပဲ ဖြစ်ပါတယ်။

အားလုံးက သူ့ကို စောင့်နေကြတဲ့ပုံပါပဲ။

ဒီပုံစံကြီးက… အပြစ်သား တစ်ယောက်ယောက်ကို စီရင်တော့မယ့် ပုံစံမျိုးနဲ့တောင် တူနေပါတယ်။ ဒီလောက် အကြီးအကဲတွေ အများကြီး လာရအောင် သူဘာတွေများ လုပ်ခဲ့လို့လဲလို့ ရန်ကိုင် သူ့ကိုယ်သူ ပြန်တွေးလိုက်တယ်။

သူ့စိတ်ထဲ သံသယရိပ်တို့ လွှမ်းနေခဲ့ပေမယ့် တည်ငြိမ်တဲ့ အမူအရာကို ထိန်းထားရင်း လက်သီးဆုပ်ပြီး “ဂျူနီယာရန်ကိုင်က အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်”

ရင်းဂျုနဲ့ တန်ယုရှန်းတို့ နှစ်ယောက်လည်း နှုတ်ဆက်လိုက်ကြတယ်။

“မင်းတို့နှစ်ယောက်၊ ပြန်ဆုတ်နှင့်” ရန်ကျန်းက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး သွေးစစ်သည်တော် နှစ်ယောက်ကို ပြောလိုက်တယ်။ သူ့မျက်ဝန်းအစုံက ရင်းဂျုဆီ တစ်ခဏလောက်ကြအောင် ဝဲနေခဲ့ပါတယ်။

သူသာမက ကျန်တဲ့အကြီးအကဲတွေ အကုန်လုံးရဲ့ မျက်နှာထက် အံ့အားသင့်၊ ခေါင်းရှုပ်နေသည့် အမူအရာတို့ ရှိနေခဲ့ကြတယ်။

အမွေခံတိုက်ပွဲ မစခင်တုန်းက ရင်းဂျုက သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေတဲ့ လူတစ်ယောက်နဲ့ အတူတူပါပဲ။ ပြီးတော့ မကြာသေးခင် အချိန်တုန်းကပဲ ချီချုပ်နှောင် ချိတ်တံဆိပ် ထိမှန်းခြင်း ခံလိုက်ရပါသေးတယ်။ ဒါပေမယ့် အခုတော့ သူ့က အကောင်းပကတိအတိုင်း ရှိနေရုံမက သူ့အရှိန်အဝါက အရင်ကထက်တောင် ပိုပြီး အားကောင်း နေခဲ့ပါတယ်။ ဒါကြောင့် အကြီးအကဲတွေ အကုန်လုံး သူ့ကို စိတ်ဝင်စားသွားခဲ့တာပါ။

အမှန်အတိုင်းပြောရင် ရင်းဂျု ဘာလို့ အခုလိုမျိုး ပြောင်းလဲသွားလဲ ဆိုတာကို သူတို့ထဲက ဘယ်သူမှ မသိကြပါဘူး။

ရင်းဂျုနဲ့ တန်ယုရှန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး နောက်ပြန်ဆုတ်သွားခဲ့တယ်၊ သူတို့ထဲက ဘယ်သူမှ ရန်ကျန်း အမိန့်ကို မနာခံပဲ မနေရဲပါဘူး။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့အမူအရာလည်း လေးနက်သွားခဲ့တယ်။

အကြီးအကဲတွေက သူ့ကို ခမ်းခမ်းနားနားနဲ့ ကြိုဆိုနေရုံ မကလို့ သူရဲ့ သွေးစစ်သည်တော် နှစ်ယောက်ကိုပါ ခန်းမထဲကနေ ထွက်သွားခိုင်းခဲ့ပါတယ်။ စကတည်း အာဏာပြချင်နေတာလား။

သူနေ့ရာမှာသာ အခြားတစ်ယောက်ဆိုရင် ကျိန်းသေ ကြောက်ဒူးတုန်နေတော့မှာပါ။ အကြီးအကဲတွေ တစ်ခုခု ပြောလိုက်တာနဲ့ ဘာတစ်ခွန်းမှ ပြန်းငြင်းချက် မထုတ်ရဲပဲ ပြောသမျှအားလုံးကို ခေါင်းညိတ်နာခံကောင်း နာခံသွားနိုင်ပါတယ်။

ငါ့ကို လာပြီး အာဏာပြနေတာလား

သူတို့ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ

ရင်းဂျုနဲ့ တန်ယုရှန်းတို့ ထွက်သွားပြီးနောက် အကြီးအကဲတွေ အကုန်လုံး ရန်ကိုင်ရဲ့ တုန့်ပြန်မှုကို တိတ်တဆိတ် လေ့လာလိုက်ကြတယ်။ ရန်ကိုင် တည်တည်ငြိမ်ငြိမ်ပဲ ရှိနေသေးတာကို မြင်တော့ သူတို့အားလုံး အံ့အားသင့်သွားမိခဲ့ကြတယ်။

ဒီလောက် စိတ်ဓါတ်ကြံ့ခိုင်တဲ့ လူငယ်မျိုး သူတို့တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ သူတို့အားလုံးရဲ့ စုပေါင်းဖိအား အောက်၌ အကြီးဆုံးသခင်လေးဖြစ်တဲ့ ရန်ဝေတောင် ထိတ်လန့် ကြောက်ရွံ့သွားမှာပါ။

“ဘာအရေးကြီးတဲ့ ကိစ္စတွေများရှိလို့ အကြီးအကဲတွေက ဒီဂျူနီယာ တစ်ယောက်တည်းကို သီးသန့်ဆင့်ခေါ်လိုက်ရတာလဲ ဆိုတာကို မေးလို့ရမလား” ရန်ကိုင်က အကြီးအကဲတွေရဲ့ အကြည့်ကို လျစ်လျူရှု ထားလိုက်ပြီး လိုရင်းအချက်ကိုသာ တိုက်ရိုက် တန်းမေးလိုက်တယ်။

“မင်းကို အကြောင်းမရှိပဲနဲ့ မိသားစုဆီ ပြန်မခေါ်ပါဘူး” ရန်ကျန်းက အကြီးအကဲခန်းမမှာ တစ်နှစ်ပတ်လုံး နေပြီး မိသားစုကိစ္စတွေကို ကိုင်တွယ်နေရတော့ သူ့ရဲ့ အေးစက်စက် မျက်နှာက ပုံမှန်မျက်နှာထား တစ်ခုလို ဖြစ်နေခဲ့တယ်။ လူတွေ သူ့ကိုမြင်တဲ့အခါ အများစုက တုန်လှုပ်ကြောက်လန့် သွားကြတာ များပါတယ်။

“ဒီလူအိုကြီး မင်းကိုမေးမယ်၊ ရင်းဂျုကို သူ့ဒဏ်ရာတွေကနေ ပြန်သက်သာစေဖို့ ဘယ်လို နည်းလမ်းတွေကို မင်းအသုံးပြုခဲ့တာလဲ။ ချီချုပ်နှောင် ချိတ်တံဆိပ်ကို ရက်နည်းနည်းလေးအတွင်း ဖယ်ရှားနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေကို မင်းအသုံးပြုခဲ့တာလဲ။ ပြီးတော့၊ ဒီလူအိုကြီးရထားတဲ့ အချက်အလက်တွေအရ မင်းအိမ်မှာ ရှိနေတဲ့ သွေးစစ်သည်တော်တွေက မကြာခဏ ဒဏ်ရာရကြပေမယ့် တစ်ရက်၊ နှစ်ရက်အတွင်းမှာပဲ သူတို့ အကုန်လုံး အပြည့်အဝ ပြန်ကောင်းသွားကြတယ်တဲ့။ မင်းဘယ်လို နည်းလမ်းတွေကို သုံးပြီး သူတို့ကို ကုသပေးခဲ့တာလဲ”

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ပြန်မေးလိုက်တယ် “ဒီလို အရေးကြီးတဲ့ အခိုက်အတန့် ရောက်နေတဲ့ အချိန်ကြီးမှာ ဒီဂျူနီယာကို ဆင့်ခေါ်လိုက်ရတာက ဒီအရေးမပါတဲ့ ကိစ္စတွေကို မေးချင်ရုံသက်သက် ကြောင့်လား”

သူ့လေသံက တုံးတိတိ ဖြစ်နေပေမယ့် သူ့စကားလုံးတွေထဲ မေးခွန်းထုတ်လိုသည့် အဓိပ္ပါယ်တို့ ပါဝင်နေတာကို လူတိုင်းခံစားမိနိုင်ပါတယ်။

အခုလောလောဆယ် အချိန်အခိုက်အတန့်က အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ရန်သခင်လေးတွေ အကုန်လုံးအတွက် အရမ်းကို အရေးကြီးပါတယ်။ အကြီးအကဲခန်းမက ဒီမေးခွန်းတွေ မေးချင်ရုံသက်သက် ကြောင့်သာ သူ့ကို ဆင့်ခေါ်လိုက်တာ ဆိုရင် ဒါတော်တော်လေး များသွားပါပြီ။

အကြီးအကဲခန်းမထဲမှာ ရှိနေတဲ့ လူအိုကြီးတွေ အကုန်လုံးက ဒီမှာပဲ တစ်နှစ်ပတ်လုံး နေနေလေ့ရှိတာပါ။ သူတို့အနေနဲ့ ဒီလောက်အထိ အားယားပျင်းရိ နေမယ်လို့ သူမထင်ပါဘူး။

ရန်ကျန်း အသာအယာလေး ချောင်းဟန့်လိုက်ပြီး လေးလေးနက်နက်နဲ့ ပြန်ပြောလိုက်တယ် “အဲ့လိုတော့ ဘယ်ဟုတ်ပါ့မလဲ”

“ခုဏတုန်းက မေးခွန်းတွေကို မိသားစုကပဲ မေးချင်တာလား။ ဒါမှမဟုတ်… အကြီးအကဲတွေကပဲ သိချင်နေတာလား”

ရန်ကျန်း ကြောင်သွားခဲ့တယ်။ ရန်မိသားစု အကြီးအကဲ ဒါဇင်ကျော်ကို ရင်ဆိုင်နေရတာတောင် ရန်ကိုင်အနေနဲ့ အခုလိုမျိုး တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းရှင်းရှင်း ထားနိုင်လိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး “ဒီလူအိုကြီးနဲ့ ကျန်တဲ့ အကြီးအကဲတွေပဲ သိချင်နေတာပါ။ အားလုံးက မင်းရဲ့ နည်းလမ်းတွေကို အရမ်းကို သိချင်နေတာလေ”

“မိသားစုရဲ့ ဆန္ဒမဟုတ်မှတော့…” ရန်ကိုင်က ပြုံးကာ ခေါင်းခါရမ်းလိုက်ပြီး “ကျေးဇူးပြုပြီး ဒီဂျူနီယာ မဖြေခွင့်ပြုပါ”

ထိုစကားကို ကြားလိုက်တာနဲ့ ဒါဇင်ကျော်တဲ့ အကြီးအကဲတွေ အကုန်လုံး နောင်တရရနဲ့ ခေါင်းခါရမ်း လိုက်ကြတယ်။ ရန်ကျန်း အမူအရာတောင် အနည်းငယ် ရုပ်ဆိုးသွားခဲ့တယ်။

ရန်ကိုင်က သူတို့မေးခွန်းကို ပြန်မဖြေရုံမက အရမ်းကောင်းတဲ့ အကြောင်းပြချက် တစ်ခုရှာပြီး သူပြန်မဖြေတာကို တရားမျှတတဲ့ပုံစံမျိုး လုပ်သွား လိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မတွေးခဲ့ပါဘူး။

မိသားစုရဲ့ ဆန္ဒမဟုတ်မှတော့ သူဖြေစရာ မလိုတော့ပါဘူး။ အဲ့လိုဆိုရင် ဒီလူအိုကြီးတွေကတော့ သူတို့ မျက်နှာပျက်မှာကို အရေးမစိုက်ပဲ စီနီယာအဆင့်အတန်းကို သုံးပြီး ရန်ကိုင်ကို ဖိအားပေး မေးမြန်းမှာလား။ ဘယ်မေးပါ့မလဲ။

“လေးစားရပါသော အကြီးအကဲတို့၊ ဂျူနီယာမှာ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ပြောချင်တာရှိရင် ပြောသာပြောလိုက်ပါ” ရန်ကိုင်လေသံထဲ စိတ်မရှည်သည့် အရိပ်အယောင်တို့ ပါဝင်လာခဲ့တယ်။ အကြီးအကဲခန်းမထဲရှိ လူအုပ်ကြီးတွေရဲ့ လုပ်ကာ သူ့ကို အရမ်းပဲ ဒေါသထွက်စေခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ သူမှာ ပြန်ပြောဖို့ သတ္တိမရှိအောင် သူ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့တယ်။ သူတို့တွေက သူ့ဆီကနေ တစ်ခုခုကို လိုချင်နေတာ အသေအချာပါပဲ။ မဟုတ်ရင် အခုလိုမျိုး အလုပ်ရှုပ်ခံပြီး အကြီးအကဲအများကြီးကို ဘာလို့ တစ်ပြိုင်တည်း ဆင့်ခေါ်ထားမှာလဲ။

သူတို့တွေက သူ့ကို ခက်ခဲအောင် လုပ်ဖို့ ကြိုးစားနေမှတော့ တတိယအစ်ကို ပြောခဲ့တဲ့ စကားကို သတိရလိုက်တာနဲ့ ရန်ကိုင်လည်း ယဉ်ကျေး မနေတော့ပါဘူး။

“ကဲ၊ ဒီလူအိုကြီးလည်း ဟိုကွေ့ပတ်၊ ဒီကွေ့ပတ်ပြီး ပြောမနေတော့ဘူး” ရန်ကျန်းက ခေါင်းညိတ်လိုက်ပြီး သူ့မျက်ဝန်းအစုံက ထက်ရှသွားခဲ့ကာ ရန်ကိုင်ကို အသေအချာ စိုက်ကြည့်လိုက်ပြီး “မင်းကို စောင့်ကြပ် ကာကွယ်ပေးနေတဲ့ သွေးစစ်သည်တော်တွေနဲ့ ပက်သက်ပြီး မိသားစုက ဆုံးဖြတ်ချက် တစ်ခုချခဲ့တယ်”

“သွေးစစ်သည်တော်တွေလား” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့ပြီး သူ့စိတ်ထဲ မကောင်းတဲ့ အငွေ့အသက်တို့ ရလာခဲ့တယ်။ ဒါပေမယ့် ရန်ကျန်းရှေ့ အားနည်းသည့် အရိပ်အယောင် နည်းနည်းလေးမှ မပြမိစေဖို့ အကောင်းဆုံး ကြိုးစားနေခဲ့ပါတယ်။

နှစ်ယောက်သား အပြန်အလှန် စိုက်ကြည့်နေရင်း ရန်ကျန်းစိတ်ထဲ အကြည့်လွှဲပစ်ချင်စိတ်တို့ လှိုက်တက်လာခဲ့တယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်တယ် “အင်း၊ ဒီလူအိုကြီး ရခဲ့တဲ့ သတင်းအချက်အလက်တွေအရ မင်းမှာ ရှိတဲ့ သွေးစစ်သည်တော် အရေအတွက်က စုစုပေါင်း ၇ယောက်မလား”

“ဟုတ်တယ်” ရန်ကိုင် ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

ရင်းဂျုနဲ့ ကျုကောင်းရီတို့က အမွေခံတိုက်ပွဲ စကတည်းက ရန်ကိုင်နောက် လိုက်ခဲ့တာပါ။ ရှောင်ရှန်က ရှစ်ယောက်မြောက် အစ်ကိုထွက်သွားရတဲ့အခါ သူ့ဆီ ရောက်လာခဲ့တာပါ။ တုဖုန်း၊ တန်ယုရှန်း၊ လော့ဟိုက်နဲ့ ရန်လင်းရှင်တို့က ရန်ခန်းနဲ့ ရန်ရှန်းတို့ကို အနိုင်ယူခဲ့တဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ် လောက်တုန်းက သူ့ဆီ ပူးပေါင်း ဝင်ရောက်လာခဲ့တာပါ။

စုစုပေါင်း ရန်ကိုင်မှာ သွေးစစ်သည်တော် ၇ယောက် ရှိနေခဲ့ပါပြီ။ အားလုံးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ကျင့်ကြံသူတွေချည်းပါပဲ။

“မင်းမှာသာ ချီချုပ်နှောင် ချိတ်တံဆိပ်ကို ပြန်ဖြေဖို့ နည်းလမ်းရယ်၊ ဒဏ်ရာတွေကို အမြန်ပြန် သက်သာစေနိုင်တဲ့ နည်းလမ်းတွေရယ် မရှိရင် အားလုံးက အဆင်ပြေတယ်။ သွေးစစ်သည်တော် ၇နှစ်ယောက်စလုံး မင်းနားမှာ စုနေရင်တောင် အစွမ်းအများကြီး ထုတ်ပြနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းမှာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေ တကယ်ပဲ ရှိနေခဲ့တယ်”

ရန်ကျန်း ထိုင်ရာကနေ ထလိုက်ပြီး လက်နောက်ပစ်ရင်း ရန်ကိုင် မျက်နှာချင်းဆိုင် ရှေ့တည့်တည့်ဆီ လမ်းလျှောက် သွားလိုက်ကာ “ဒီလူအိုကြီး ခန့်မှန်းတာသာ မှန်ရင် မင်းမှာ ရှိနေတဲ့ သွေးစစ်သည်တော်တွေ အကုန်လုံးရဲ့ သူတို့ စွမ်းအား အပြည့်အဝကို ပြန်ရသွားပြီမလား”

ရင်းဂျုနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ရန်ကိုင်ကို လိုက်ပါစောင့်ရှောက်တဲ့ အခြေအနေကို ကြည့်ရင် ဒီမေးခွန်းရဲ့ အဖြေက ရှင်းနေပါပြီ။

“ဟုတ်တယ်” ရန်ကိုင် နောက်တစ်ကြိမ် ထပ်ပြီး ခေါင်းညိတ်လိုက်တယ်။

“အဲ့ဒီတော့၊ ဒီလူအိုကြီးသာ မှန်မယ်ဆိုရင်၊ မင်း နောက်လုပ်မှာက သွေးစစ်သည်တော် ၇ယောက် အကူအညီကို ယူပြီး ကျန်တဲ့ သခင်လေးတွေ တစ်ယောက်ချင်းစီကို ပြန်ပွဲကနေ ဖယ်ထုတ်မှာမလား။ အဲ့လို ဖယ်ထုတ်နေရင်း သူတို့ဘက်က သွေးစစ်သည်တော်တွေကို ထပ်ပြီး စုဆောင်းသွားမှာပေါ့။ ဒီလူအိုကြီးရဲ့ သုံးသပ်ချက်ထဲ အမှားပါသွားသေးလား”

“အကြီးအကဲ ပြောတာ မမှားပါဘူး။ ဂျူနီယာသာ မိသားစုဆီ ဆင့်ခေါ်ခံရတာကြောင့်သာ မဟုတ်ရင် ဒီညပဲ စလှုပ်ရှားတော့မှာ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ဝန်ခံလိုက်တယ်။

ရန်ကျန်း အသာအယာလေး သက်ပြင်းချလိုက်ပြီး “သွေးစစ်သည်တော် ခုနှစ်ယောက်၊ ဟဲဟဲ၊ ဘယ်သူမှ မင်းကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး။ အခုလို ဖြစ်ရပ်ဆန်းမျိုး မင်းတကယ်ပဲ ဖန်တီးလိုက်နိုင်တယ်။ မင်းကြောင့် ဒီလူအိုကြီး တွေတောင် တော်တော်လေး ထိတ်လန့် တုန်လှုပ်သွားခဲ့ရတယ်။ ရန်ဝေ၊ ရန်ကျောင်းနဲ့ ရန်ရင်တို့ကို ထောက်ပံ့ပေးနေတဲ့ အင်အားစုတွေ ရှိနေပေမယ့် သူတို့မှာ အသုံးပြုလို့ရတဲ့ သွေးစစ်သည်တော်ဆိုလို့ တစ်ယောက်ပဲ ရှိထားတယ်။ မင်းသာ သွေးစစ်သည်တော် ခုနှစ်ယောက်ကို ဦးဆောင်ပြီး အားကုန်သုံး သွားတိုက်တာနဲ့ သူတို့ထဲက ဘယ်သူမှ တောင့်ခံနိုင်လိမ့်မှာမဟုတ်ဘူး”

ပြောနေရင်းနဲ့ ရန်ဝေ၊ ရန်ကျောင်းနဲ့ ရန်ရင်တို့ ကူကယ်ရာမဲ့စွာဖြင့် အသည်းအသန် ခုခဲ့နေခဲ့သော်လည်း ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားတဲ့ မြင်ကွင်းကိုတောင် ရန်ကျန်း မြင်ယောင်ကြည့်ပြီးသွားပါပြီ။ သူတွေးထားသလိုပဲ ရန်ကိုင် လှုပ်ရှားဖို့ စီစဉ်ထားတာပါ။

“ဒါပေမယ့်…” ရန်ကျေန်းက ရန်ကိုင်ဘက် လှည့်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “ ဒါက အမွေခံတိုက်ပွဲကို ကျင်းပရတဲ့ မူရင်း ရည်ရွယ်ချက်ကနေ လွှဲဖယ်နေတယ်။ ပြီးတော့ သွေးစစ်သည်တော်တွေကို ပါဝင်ခွင့်ပြုရတဲ့ ရန်မိသားစုရဲ့ ရည်ရွယ်ချက်နဲ့လည်း မကိုက်ညီဘူး ဖြစ်နေတယ်”

ထိုစကားတွေကို ကြားလိုက်တာနဲ့ ရန်ကိုင် လှောင်ပြုံးပြုံးလိုက်တယ်။ အကြီးအကဲခန်းမက သူ့ကို ဘာလို့ ဆင့်ခေါ်လိုက်လဲ ဆိုတာကို အခုအချိန်ထိတောင် မသိသေးရင် သူရူးနေလို့ပဲ ဖြစ်သွားမှာပေါ့။

ဒေါသမီးတောက်တို့ သူ့ရင်ထဲ လှိုက်တက်လာခဲ့တယ်။ ရန်ကိုင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ရန်ကျန်းကို ကြည့်ရင်း ထေ့ငေါ့ပြီး မေးလိုက်တယ် “လေးစားရတဲ့ အကြီးအကဲတွေက ကျုပ်ဆီမှာ ရှိနေတဲ့ သွေးစစ်သည်တော် တွေကို ပြန်ဆင့်ခေါ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား”

ရန်ကိုင် သဘောထားနဲ့ လေသံ ပြောင်းလဲသွားတာကို သတိပြုမိပေမယ့် ရန်ကျန်းက ထိုအချက်တွေကို စိတ်ထဲမထားပါဘူး။ လူငယ်တွေဆိုတာ အမြဲတမ်း သွေးဆူလွယ်တဲ့ လူတွေချည်းပါပဲ။ ရန်ကိုင်သာ ဒေါသမထွက်ရင် သူ့အနေနဲ့ လူငယ်တစ်ယောက် မဟုတ်တော့လို့ပဲ ဖြစ်ရပါမယ်။

“အမှန်ပဲ၊ မင်းနားလည်တာ ကောင်းတယ်” ရန်ကျန်း တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းညိတ်လိုက်တယ်။

“ကျုပ်နားမလည်ဘူး” ရန်ကိုင် အမူအရာ သုန်မှုန်သွားခဲ့တယ်။ တစ်ဖက်လူက ရန်မိသားစု အကြီးအကဲ ဖြစ်ဖြစ်၊ သူ့ဘိုးဘေးပဲ ဖြစ်ဖြစ် ရန်ကိုင် ဂရုမစိုက်တော့ပါဘူး။

ရန်ကျောင်းက အမှုမထားသည့် ပုံစံမျိုးနဲ့ ဆက်ပြောလိုက်တယ် “ဒီလူအိုကြီး ပြောခဲ့သလိုပဲ သွေးစစ်သည်တော် ၇ယောက်ကို ဦးဆောင်ပြီး ကျန်တဲ့ သခင်လေးတွေကို သွားတိုက်ခိုက်တာက အမွေခံတိုက်ပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ကွဲလွဲနေတယ်။ အမွေခံတိုက်ပွဲရဲ့ မူရင်းရည်ရွယ်ချက်ကို မင်းလည်း ကောင်းကောင်း သိမှာပဲလေ။ ဒါက သခင်လေးတွေရဲ့ အဆက်အသွယ်နဲ့ ကိုယ်ပိုင်ဆွဲဆောင်မှုကို စစ်ဆေးတဲ့ ပြိုင်ပွဲတစ်ခုပဲ။ အဆက်အသွယ် ပေါကြွယ်ဝတဲ့ လူတွေနဲ့ ခေါင်းဆောင်မှုပိုင်းမှာ ကျွမ်းကျင်တဲ့လူတွေက လူများများ ပိုပြီး စုဆောင်း နိုင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ အမွေခံတိုက်ပွဲရဲ့ အောင်နိုင်သူက နောက်မိသားစုခေါင်းဆောင် ဖြစ်လာမှာ မို့လို့ပဲ။ ရန်မိသားစုကို ဦးဆောင်ချင်တယ်ဆိုရင် ပြင်ပ အင်အားစုအများကြီးကို စုဆောင်ပြီး မင်းပြိုင်ဘက်တွေကို ပါးပါးနပ်နပ်နဲ့ အနိုင်ယူနိုင်မှပဲ ရမယ်။ ရန်မိသားစုမှာ မွေးပြီး ရန်မိသားစုက ပြုစုပျိုးထောင်းပေးထားတဲ့ သွေးစစ်သည်တော်တွေကို သုံးပြီး အမွေခံတိုက်ပွဲကို အနိုင်ယူဖို့ ကြိုးစားတာက မင်းအရည်အချင်းကို ပြသရာ မရောက်ဘူး”

Martial Peak

အပိုင်း(၄၉၄) ကျုပ်မှာ တောင်းဆိုစရာ တစ်ခုရှိတယ်

အကြီးအကဲခန်းမထဲ ရန်ကျန်းက ရန်ကိုင်ကို သင်ခန်းစာ ပို့ချနေခဲ့တယ်။

“အကြီးအကဲ၊ သွေးစစ်သည်တော်တွေ ကျုပ်ကို ရွေးချယ်ခဲ့တာကကော ကျုပ်ရဲ့ ကိုယ်ပိုင်ဆွဲဆောင်မှုနဲ့ နည်းလမ်းတွေကို ပြသနေတာ မဟုတ်ဘူးလား” ရန်ကိုင်က ရန်ကျန်းကို အေးစက်စက် မျက်ဝန်းအစုံနဲ့ စိုက်ကြည့်ပြီး ပြန်ပြောလိုက်တယ်။

“အာ…” ရန်ကျန်း စကား အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ အသိပြန်ဝင်လာကာ “မတူဘူး။ အဲ့အချက်က မင်းက အခြားသူတွေထက် ရှေ့ကို ကြိုမြင်တတ်ပြီး နည်းပရိယာယ် ကြွယ်ဝတာကိုပဲ သက်သေပြတာ”

ကျုကောင်းရီနဲ့ ရင်းဂျုကို ရွေးပြီး သွေးစစ်သည်တော် ခန်းမတစ်ခုလုံးရဲ့ လေးစားမှုနဲ့ မျက်နှာသာပေးမှုကို ရရှိခဲ့တဲ့ အကြောင်းကို ရန်ကျန်း ရည်ညွှန်းချင်တာပါ။

အစတုန်းကတော့ ရန်ကိုင်ရဲ့ သွေးရဲမှုကို သူအံ့အားသင့်ခဲ့တယ်။ အခုတော့ ဒီကောင်စုတ်လေးက ကျုကောင်းရီနဲ့ ရင်းဂျုကို ကုသပေးနိုင်မယ့် နည်းလမ်းတွေ ရှိပြီးသား ဖြစ်နေလို့ ထိုနှစ်ယောက်ကို ရွေးချယ်လိုက်တာမှန်း အကြီးအကဲ နားလည်သွားခဲ့ပါပြီ။

ဒါပေမယ့် အမှန်တရား တစ်ခုကတော့ သူတစ်ယောက်ပဲ အခုလို လုပ်နိုင်တာပါ။ ရန်မိသားစုရဲ့ ကျန်တဲ့ ဘယ်သခင်လေးမှ အခုလိုမျိုး လုပ်နိုင်မှာ မဟုတ်ပါဘူး။

“ကျုပ်ရဲ့ နည်းလမ်းတွေက အခြားသခင်လေးတွေထက် ပိုပြီး သာလွန်နေတယ် ဆိုတာကို သက်သေပြနေတာ မဟုတ်ဘူးလား” ရန်ကိုင် မျက်နှာ သုန်မှုန်နေခဲ့လေပြီ။

“အင်း၊ ဟုတ်တော့လည်း ဟုတ်ပါတယ်” ရန်ကျန်းက တစ်ခဏလောက် စဉ်းစားနေလိုက်ပြီး ဝန်ခံလိုက်တယ် “ဒါပေမယ့် အမွေခံတိုက်ပွဲမှာ သွေးစစ်သည်တော်တွေကို ဝင်ပြိုင်ခွင့်ပေးလိုက်တာက မင်းတို့ တစ်ယောက်ချင်းစီရဲ့ လုံခြုံရေးကို သေချာသွားစေချင်လို့ပဲ။ အရင်အချိန်တွေ ကတည်းက ဒီနည်းအတိုင်းပဲ လုပ်ဆောင်လာခဲ့ကြတာ၊ တစ်ခါမှ မပြောင်းလဲခဲ့ဘူး။ မင်းသာ သွေးစစ်သည်တော် အများကြီးကို ဦးဆောင်ပြီး မင်းညီအစ်ကိုတွေကို သွားတိုက်ခိုက်မယ်ဆိုရင် မိသားစုက သွေးစစ်သည်တော် တွေကို ဝင်ပါခွင့်ပေးလိုက်ရတဲ့ မူရင်း ရည်ရွယ်ချက်နဲ့ ကွဲလွဲနေမှာပေါ့”

“ဒါက မိသားစုဘက်က အတွက်အချက် မှားခဲ့တာလေ။ ကျုပ်နဲ့ ဘာဆိုင်လို့လဲ” ရန်ကိုင်က ပြန်ပြီး လှောင်ပြောင်လိုက်တယ်။ နောက်ဆုတ်ပေးရမလား၊ ဘာလို့ နောက်ဆုတ်ပေးရမှာလဲ။

ညီအစ်ကိုတွေ အကုန်လုံးကို လွှမ်းမိုးနိုင်တဲ့ စွမ်းအားကို ရရှိဖို့ ရန်ကိုင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာပါ။ အင်အားစုတွေကို ဦးဆောင်ပြီး အမွေခံတိုက်ပွဲကို တစ်ခါတည်း အပြီးဖြတ်ဖို့ လုပ်နေတုန်းမှာပဲ၊ အကြီးအကဲ ခန်းမရဲ့ ဆင့်ခေါ်ခြင်းကို ခံလိုက်ရပါတယ်။ ရောက်လည်း ရောက်ရော၊ သူ့သွေးစစ်သည်တော်တွေ အကုန်လုံးကို မိသားစုဆီ ပြန်ခေါ်မယ်လို့ အတင်းအကြပ် ပြောလာခဲ့ပါတယ်။ ရန်ကိုင်က သူတို့တောင်းဆိုလာတိုင်း ခေါင်းညိတ်ပြီး ငြိမ်ခံလက်ခံပေးလိုက်မယ့် လူစားမျိုးမှ မဟုတ်တာ။

“မိသားစုဘက်က မှားယွင်းတွက်ချက်မိတာ အမှန်ပဲ။ ဒီလောက် များတဲ့ သွေးစစ်သည်တော်တွေကို စုဆောင်းနိုင်တဲ့ ရန်မိသားစုဝင် ဂျူနီယာတစ်ယောက် ရှိနေလိမ့်မယ်လို့ ဘယ်သူကမှ စိတ်မကူးခဲ့ဖူးဘူး” ရန်ကျန်း သက်ပြင်း ချလိုက်ပြီး “အရင်နှစ်တွေ အတောအတွင်း ရန်မိသားစု သွေးစစ်သည်တော်တွေက အမွေခံတိုက်ပွဲမှာ အကြိမ်ပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုး တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးဘူး။ မင်းက ဒီလူအိုကြီးတွေ အကုန်လုံး လေးစားရလောက်တဲ့ ဖြစ်ရပ်ဆန်း တစ်ခုကို လုပ်ပြလိုက်တာပဲ”

“အကြီးအကဲ၊ ပြောပြီးသာ အကြောင်းအရာတွေကိုပဲ ဆက်ပြီး ပြောမနေပါနဲ့၊ ဒီဂျူနီယာ လက်မခံနိုင်ပါဘူး” ရန်ကိုင် အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။

ရန်ကျန်း မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့တယ်။ သူဒေါသထွက်လာခဲ့လေပြီ။ ဒါပေမယ့် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားခဲ့ပါတယ်။ ခန်းမထဲ ရှိနေတဲ့ အကြီးအကဲတွေရဲ့ အမူအရာက စိုးစဉ်းမျှ ပြောင်းလဲခြင်း မရှိပေမယ့် ရန်ကျန်း အကြံအိုက်နေတဲ့ပုံစံကို ကြည့်ရင်း သူတို့အားလုံး စိတ်ထဲကနေ ကြိတ်ပြီး ပျော်နေခဲ့တယ်။ အထူးသဖြင့် ဂျူနီယာတစ်ယောက်ကြောင့် တိုင်ပတ်နေရတဲ့ အခါမျိုးပေါ့။

“ငါရှင်းပြသင့်တာကို ရှင်းပြပြီးသွားပြီ။ မင်းနားမှာ ရှိနေတဲ့ သွေးစစ်သည်တော် အများစု မိသားစုဆီ ပြန်ကိုပြန်လာရမယ်” ရန်ကျန်းက ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်တယ်။

“ဒါ မိသားစုက ကျုပ်ကို တစ်ဖက်သတ် ဖိနှိပ်ဖို့ ကြိုးစားနေတာပဲ” ရန်ကိုင် ပြန်အော်ပြောလိုက်တယ် “သွေးစစ်သည်တော် ဘယ်လောက်ပဲ ကျုပ်စုဆောင်း စုဆောင်း၊ ကျုပ်ကိုယ်ပိုင် အစွမ်းနဲ့ စုဆောင်းခဲ့တာ။ မိသားစုမှာ သူတို့ကို ပြန်ခေါ်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ။ သွေးစစ်သည်တော်တွေကို ဘယ်လိုပဲသုံးသုံး ဒါက ကျုပ်ရဲ့ လွတ်လပ်ခွင့်ပဲ။ ကျုပ်အခုလိုမျိုး လုပ်လိုက်လို့ ကျင့်ကြံခြင်း လောကကြီးမှာရှိတဲ့ လူတွေရဲ့ လှောင်ရယ်ခံမှာကို မိသားစုက ကြောက်နေတာလား။ ခင်ဗျာတို့ အကြီးအကဲတွေ အသိစိတ်လေးတော့ ရှိသင့်တယ်။ အမွေခံတိုက်ပွဲက နှစ်ပေါင်းများစွာ ကြအောင် ကျင်းပလာတဲ့ တိုက်ပွဲတစ်ခု၊ အစဉ်အလာရှိတဲ့ ပွဲတစ်ခုလည်း ဟုတ်တယ်။ စည်းမျဉ်း စည်းကမ်းတွေကို ခင်ဗျားတို့ ပြင်ချင်သလို ပြင်လို့ရတဲ့ ကလေးကစားပွဲတစ်ခုမဟုတ်ဘူးဗျ”

“မောက်မာလိုက်တာ” နောက်ဆုံးမှာတော့ ရန်ကျန်းလည်း သူ့ဒေါသကို ဆက်ပြီး မထိန်းနိုင်တော့ပါဘူး။ ဒေါသတကြီး‌ အော်ဟစ်လိုက်ပြီး သူ့ကိုယ်ကနေ အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာခဲ့ကာ အနားမှာ ရှိနေတဲ့ စားပွဲခုံကိုတောင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားစေခဲ့တယ်။ “မင်းကများ ဒီလူအိုကြီးကို ပြန်ခံပြောရဲတယ်၊ မင်းပုန်ကန် ချင်နေတာလား”

“အကြီးအကဲ မှားနေတာကို ဒီဂျူနီယာက ဘာလို့ ထောက်ပြလို့ မရတာလဲ။ ကျုပ်ပြောတဲ့အထဲ ဘာအမှားပါသွားလို့လဲ” ရန်ကိုင်က ရန်ကျန်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး ပြန်ပြီး လှောင်ပြောင်ပြောဆိုလိုက်တယ်။

ရန်ကျန်း အံတင်းတင်းကြိတ်လိုက်ပြီး မကျေမချမ်းသံ ပြုလိုက်ပေမယ့် နောက်ဆုံးမှာတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး။

အခန်းထဲမှာ ရှိနေတဲ့ အခြားအအကြီးအကဲတွေ အကုန်လုံး အခြေအနေ မဟန်တော့တာကို သတိပြုမိ လိုက်တာနဲ့ ထိုင်ကြည့်မနေနိုင်တော့ပဲ သူတို့ထဲက တစ်ယောက်က အလျင်အမြန် ထရပ်လိုက်ပြီး ပြောလိုက်တယ် “ရန်ကိုင်၊ မင်းဒေါသကို ထိန်းဦး။ ဒီတစ်ကြိမ် မိသားစုဘက်က မှားတာပါ။ တကယ်တော့ သွေးစစ်သည်တော် အများကြီးကို စုစည်းနိုင်တဲ့ လူတစ်ယောက် ရှိလိမ့်မယ်လို့ ငါတို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးတာကိုး။ ဒါပေမယ့် ရန်ကျန်း ပြောတာလည်း ယုတ္တိရှိတယ်လေ။ မင်းတွေးကြည့်ကွာ၊ မင်းသာ အမွေခံတိုက်ပွဲကို သွေးစစ်သည်တော်တွေကြောင့် နိုင်သွားခဲ့ရင် ဂုဏ်ရှိပါဦးမလား။ ဒီတစ်ကြိမ် တိုက်ပွဲပြီးတာနဲ့ နောက်ပိုင်း သွေးစစ်သည်တော်တွေ ဝင်ပြိုင်ခွင့်ပေးမယ့် ကိစ္စကို မိသားစုက သေသေချာချာ ဆုံးဖြတ်မှာပါ။ ဒါပေမယ့် အခုလောလောဆယ်တော့ ငါတို့ အခုလို မလုပ်လို့ မရဘူးကွ”

“ကျုပ်က ဖြစ်စဉ်ထက် ရလဒ်ကိုပဲ တန်ဖိုးထားတယ်” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ကျက်သရေပဲ ရှိရှိ၊ ကျက်သရေပဲ ယုတ်ယုတ်၊ ဒါက အကြီးအကဲခန်းမက ဂရုစိုက်ရမယ့်ကိစ္စလေ။ ပြီးတော့ နောက်တစ်ကြိမ် အမွေခံတိုက်ပွဲလို့ ပြောရအောင် နောက်တစ်ကြိမ် အမွေခံတိုက်ပွဲက ကျုပ်နဲ့ ဘာမှ မသက်ဆိုင်တာ။ ဒီသွေးစစ်သည်တော်တွေ အကုန်လုံးကို ခြိမ်းခြောက်၊ အကျပ်ကိုင်၊ အခြား အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးပြီး စုစည်းထားတာလည်း မဟုတ်ဘူး။ သူတို့တွေ ကိုယ်တိုင်ကကို ကျုပ်ဆီ လိုလိုလားလားနဲ့ လာပူးပေါင်းကြတာလေ။ အခုလောလောဆယ်တော့ မိသားစုက သွေးစစ်သည်တော်တွေကို ပြန်ခေါ်ချင်ရင် ကျုပ်လုံးဝကို ကန့်ကွက်တယ်”

ပြောနေရင်းနဲ့ တစ်ချက်ရပ်လိုက်ပြီး ရန်ကိုင်က တည်ကြည်တဲ့ မျက်နှာထက်နဲ့ ထပ်ပေါင်း ပြောလိုက်တယ် “မိသားစုက ပြန်ခေါ်ရမှ ဖြစ်မယ်ဆိုရင်လည်း ကျုပ်လည်း အမွေခံတိုက်ပွဲကို ဆက်မပြိုင်တော့ရုံပဲ ရှိတော့တာပေါ့”

“မင်းငါတို့ကို ခြိမ်းခြောက်ရဲတယ်လား” ရန်ကျန်း မျက်ဝန်းအစုံထဲ မှုန်မှိုင်းနေသည့် အလင်းရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး သူ့ဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါက တဖြည်းဖြည်းနဲ့ ကြောက်မက်ဖွယ် ကောင်းလာနေခဲ့တယ်။

“အကြီးအကဲတို့ အဲ့လိုထင်လည်း ထင်ပေါ့။ စည်းမျဉ်းတွေကိုသာ အကြီးအကဲတို့ စိတ်ကြိုက် ပြောင်းလို့ ရနေမယ်ဆို အမွေခံတိုက်ပွဲက ကလေးကစားပွဲတစ်ခုနဲ့ ဘာမှ မခြားတော့ဘူး။ ဒီလို ဘာမှမဟုတ်တဲ့ ပွဲမျိုးကို ဝင်ပြိုင်ဖို့ ကျုပ်စိတ်မဝင်စားဘူး” ရန်ကိုင်က လှောင်ပြောင် ‌ပြောဆိုလိုက်ပြီး လက်သီးဆုပ်ကာ အော်ပြောလိုက်တယ် “နှုတ်ဆက်ပါတယ်”

“အဲ့မှာရပ်နေစမ်း” ရန်ကျန်း အော်ပြောလိုက်တယ်။

ရန်ကိုင်က ရန်ကျန်းရဲ့ သတိပေးချက်ကို လျစ်လျူရှုပြီး ဝင်ပေါက်ဆီသာ ဆက်လျှောက်သွားလိုက်တယ်။ ဒါပေမယ့် ခြေနှစ်လှမ်း၊ သုံးလှမ်းလောက် လှမ်းပြီးရုံပဲ ရှိသေး၊ တည်ကြည်ခံညားတဲ့ အရှိန်အဝါနဲ့ ပုံရိပ်တစ်ခုက သူ့ရှေ့ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

သူ့မျက်နှာ အမူအရာက နည်းနည်းလေးမှ ပြောင်းလဲ မသွားခဲ့ပေမယ့် တောင်ကြီးတစ်လုံးကို ရင်ဆိုင်နေရသလို ရန်ကိုင် ခံစားနေခဲ့ရတယ်။ အကြည့်တစ်ချက်နဲ့တင် သူ့အသက်ရှူသံ ကစဉ့်ကလျား ဖြစ်သွားခဲ့ရတယ်။

တစ်ခဏကြာပြီးနောက် ထိုပြင်းထန်လှတဲ့ ဖိအားကြီး ပျောက်ကွယ်သွားခဲ့တယ်။

ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လက်သီးဆုပ်ကာ လေသံကျယ်ကျယ်နဲ့ အော်ဟစ် နှုတ်ဆက်လိုက်တယ် “ဦးလေးကြီးကို နှုတ်ဆက်ပါတယ်”

သူ့ရှေ့မှာ ပေါ်လာတဲ့လူက လက်ရှိ ရန်မိသားစု ခေါင်းဆောင်ဖြစ်တဲ့ ရန်ရင်ဟောင်ပါ။

ရန်ရင်ဟောင်က အသာအယာလေး ခေါင်းညိတ် ပြလိုက်ပြီး ခန်းမထဲ လမ်းလျှောက် ဝင်သွားလိုက်ကာ “အလျင်မလိုပါနဲ့ဦး၊ မင်းနဲ့ငါ စကားပြောကြတာပေါ့”

“မိသားစုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်” ကျန်တဲ့ အကြီးအကဲတွေ အကုန်လုံး မတ်တပ်ရပ်လိုက်ကြပြီး ဦးညွှတ်နှုတ်ဆက်လိုက်ကြတယ်။ သူတို့ တစ်ယောက် ချင်းစီတိုင်းက ရန်ရင်ဟောင်က မျိုးဆက် တစ်ခု၊ နှစ်ခုလောက် ပိုမြင့်ပေမယ့် ရန်မိသားစုထဲမှာတော့ မိသားစုခေါင်းဆောင်က တိုင်းပြည်တစ်ခုရဲ့ ဘုရင်တစ်ပါးနဲ့ အတူတူပါပဲ။ ရန်ကျန်းနဲ့ ကျန်တဲ့အကြီးအကဲတွေတောင် မိသားစုခေါင်းဆောင်ကို ရိုရိုသေသေနဲ့ နှုတ်ဆက်ရပါတယ်။

“အားလုံး ထိုင်ကြပါ” ရန်ရင်ဟောင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပြီး ရန်ကျန်း ထိုင်နေတဲ့ နေရာဆီ လမ်းလျှောက်သွားလိုက်တယ်။ ကျိုးကြေနေတဲ့ စားပွဲခုံနဲ့ အနားက ပုံထပ်နေတဲ့ ဖုန်မှုန့်တွေကို သတိပြုမိလိုက်တာနဲ့ ရန်ရင်ဟောင် မျက်မှောင် ကြုံ့လိုက်ပြီး သက်ပြင်းချကာ “အကြီးအကဲကျန်း၊ ဒီလောက် နှစ်တွေ ကြာသွားတောင် မင်းစိတ်က ပြောင်းလဲမသွားပါလား”

ရန်ကျန်းက နှာခေါင်းရှုံပြီးတော့သာ ပြန်ပြောလိုက်တယ် “နှစ်ပေါင်းများစွာ ကြာသွားရင်တောင် ကျုပ်စိတ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး”

အကြီးအကဲတွေထဲက တစ်ယောက်က ရယ်ရယ်မောမောနဲ့ ဝင်ပြောလိုက်တယ် “မြေခွေးတွေက အသားကို လောကကြီးကို လှည့်လည် သွားလာကြသလို ခွေးတွေက ချီးကို စားပြီး လောကကြီးကို လှည့်လည် သွားလာကြတာ၊ ဒါက သက်ရှိတွေရဲ့ အသက်ရှင်သန်ပုံ နည်းလမ်းပဲ”

ထိုစကားကို ကြားလိုက်တာနဲ့ အားလုံး ရယ်မောလိုက်ပြီး ခန်းမထဲက လေထုကလည်း အနည်းငယ် ရွှင်ပြလာခဲ့တယ်။

ရင်ရင်ဟောင် ပေါ်လာတာဟာ ဒီက အခြေအနေတွေ အဆင်ပြေမှာမဟုတ်မှန်း သိထားတဲ့အတွက် သူကိုယ်တိုင် ရန်ကိုင်နဲ့ စကားပြောဖို့ လိုအပ်တယ်လို့ ရည်ညွှန်း နေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်သူမဆို မိသားစု ခေါင်းဆောင်ကို မျက်နှာသာပေးဖို့တော့ လိုတယ်လေ။ ထို့ကြောင့် ရန်ကိုင် အနေနဲ့ ဆန္ဒမရှိရင်တောင် ထွက်သွားလို့ မရသေးပါဘူး။

“အခြေအနေ အရတော့ မင်းတို့ ရန်ကိုင်ကို သတိပေးပြီးသွားလောက်ပြီမလား” ရန်ရင်ဟောင်က မေးလိုက်တယ်။

“ဟုတ်တယ်” သူ့ဘေးနားမှာ ရပ်နေတဲ့ ရန်ကျန်းက ခေါင်းညိတ်ပြလိုက်တယ်။

ရန်ကိုင်ကို ကြည့်ရင်း ရန်ရင်ဟောင်က ပြောလိုက်တယ် “ဒါက မိသားစုရဲ့ အမှားပဲ။ မိသားစုကိုယ်စား ဦးလေးကြီးကပဲ မင်းကို တောင်းပန်သင့်တယ်”

“ဂျူနီယာ လက်မခံရဲပါဘူး” သူ့စိတ်အခြေအနေကို ခပ်မြန်မြန်ပဲ ရန်ကိုင် ပြန်ထိန်းလိုက်တယ်။ သွေးစစ်သည်တော်တွေကို ပြန်ခေါ်ဖို့လုပ်တဲ့ မိသားစုရဲ့ ဆုံးဖြတ်ချက်က သူ့ကို တော်တော်လေး ဒေါသ သွားစေခဲ့ပါတယ်။ ဒါပေမယ့် မိသားစုနဲ့ အကြီးအကဲခန်းမရဲ့ ခွန်အားကြောင့် သူ့စိတ်ထဲ စွမ်းအားမဲ့သလို ရန်ကိုင် ခံစားလိုက်ရတယ်။

ဘာပဲဖြစ်ဖြစ်၊ သူက ရန်မိသားစုဝင်တစ်ယောက် ဖြစ်နေသေးသလို သူ့မိဘကတွေကလည်း ရန်မိသားစု ထဲမှာ ရှိနေပါသေးတယ်။ သူသာ အကြောက်အကန် ငြင်းဆန်ခုခံ နေရင် အကျိုးဆက်တွေဆိုတာ ရှိလာမှာ အသေအချာပါပဲ။ ပြီးတော့ သူ့စိတ်ထဲ အမွေခံတိုက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရတဲ့ အကြောင်းပြချက် တစ်ခု ရှိသေးတယ်လေ။

“မင်းလက်မခံသေးမှန်း ငါသိတယ်။ ဒါပေမယ့် ဒါက မိသားစုရဲ့ ဆုံးဖြတ်ချက်ပဲ။ ပြောင်းလဲလို့ မရဘူး။ အခုကနေစပြီး အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ သခင်လေးတိုင်းကို ထောက်ပံ့ပေးနေတဲ့ သွေးစစ်သည်တော် စုစုပေါင်း နှစ်ယောက်ထက် ပိုလို့မရဘူး”

ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး ပြန်ပြီး လှောင်ပြောင် ပြောဆိုလိုက်တယ် “ဆိုလိုတာက ကျုပ်ညီအစ်ကိုတွေကို အနိုင်ယူနိုင်ရင်တောင် သူတို့ဘက်က သွေးစစ်သည်တော်တွေကို ကျုပ်ဘက် ဆွဲသွင်းလို့ မရတော့ဘူးပေါ့”

“အမှန်ပဲ” ရန်ရင်ဟောင်က ခေါင်းညိတ်လိုက်ပြီး “သွေးစစ်သည်တော်တွေက အရမ်းကို အားကောင်းလွန်းတယ်။ အထူးသဖြင့် သူတို့ရဲ့ သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးထားတဲ့ အခါမျိုးမှာပေါ့။ မင်းလည်း သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးထားတဲ့ သွေးစစ်သည်တော်တွေကို ကြုံဖူးမှာပါ”

“ဒီတော့ ဒီစည်းမျဉ်းက ကျုပ်အတွက် အထူးသီးသန့် ဖန်တီးလိုက်တာပေါ့” ရန်ကိုင်က လှောင်ရယ်လိုက်ပြီး “ကိုယ့်ကိုယ်ပဲ ဂုဏ်ယူရမလား၊ မယူရဘူးလား ဆိုတာတောင် မသေချာချင် ဖြစ်နေပြီ။ အခုလောလောဆယ်တော့ ကျုပ်စိတ်တွေကို လုံးဝကို ရှုပ်ထွေးလွန်းနေတယ်”

“မင်းတစ်ယောက်တည်း အတွက်မဟုတ်ဘူး။ အရင်တုန်းက သွေးစစ်သည်တော်တွေ အကုန်လုံးကို အခုလိုမျိုး မင်းဘက်ဆွဲသွင်းမှာကို မိသားစုက အကြီးအကဲတွေ စိုးရိမ်ခဲ့ကြတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲ့လိုလုပ်ဖို့က မဖြစ်နိုင်ဘူလို့ ထင်လိုက်မိပြန်ရော။ ဒါပေမယ့် အခုတော့ မင်းက အဲ့လို လုပ်ပြသွားခဲ့ပြီ။ ဒါကြောင့် ငါတို့ဘက်ကလည်း ရွေးချယ်စရာ မရှိတဲ့အဆုံး အခုလိုမျိုး လုပ်လိုက်ရတာ”

ပြောနေရင်းနဲ့ တစ်ချက်ရပ်လိုက်ပြီး ဆက်ပြောလိုက်တယ် “ပြီးတော့ မင်းဘက်မှာ ရှိနေတဲ့ ဆေးဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက အဖွဲ့ဝင်တွေနဲ့တင် မင်းတော်တော်လေး အသာရနေပြီလေ။ အဲ့အင်အားစုနှစ်ခုက အမွေခံတိုက်ပွဲမှာ ဝင်မပြိုင်သင့်တာ။ ဆေးဘုရင်တောင်ကြား အဖွဲ့သားတွေ မင်းဆီ ပူးပေါင်းလာတုန်းက ကျန်တဲ့ ရန်သခင်လေးတွေ အကုန်လုံး ပူးပေါင်ပြီး မိသားစုဆီ ကန့်ကွက်စာ ပို့ခဲ့တာကို မင်းလည်း ကြားမှာပါ။ ဒါပေမယ့် မိသားစုက အဲ့ကိစ္စနဲ့ ပက်သက်ပြီး ဝင်မရှုပ်ခဲ့ဘူး။ ဘာလို့လဲ ဆိုတော့ ဒါက မင်းရဲ့ ကိုယ်ပိုင် အဆက်အသွယ်တွေ ဖြစ်နေခဲ့လို့ပဲ။ ဒါပေမယ့် သွေးစစ်သည်တော်တွေ ကျတော့ မတူတော့ဘူး။ သူတို့တွေက မိသားစုအတွက် တာဝန်ထမ်းဆောင်နေကြတာ။ ဒါကြောင့် အမွေခံတိုက်ပွဲမှာ သူတို့ပါဝင်လာရတာက မင်တို့ရဲ့ ကိုယ်ပိုင် အဆက်အသွယ် တွေကြောင့် မဟုတ်တော့ဘူးလေ”

ရန်ကိုင်ကတော့ မပြောင်းလဲတဲ့ အမူအရာနဲ့ ဆိတ်ဆိတ်သာ နေခဲ့တယ်။ ဒါပေမယ့် အခုလေးတင်က ရန်ရင်ဟောင် ပြောသွားတဲ့ စကားတွေကလည်း သူ့အကြောင်းနဲ့သူ ယုတ္တိရှိမှန်း သူနားလည်လိုက်ပါတယ်။

“မိသားစုက မျှတတယ်။ မင်းစုဆောင်းထားတဲ့ သွေးစစ်သည်တော် အများစုကို မိသားစုက ပြန်ခေါ်ရမှာ ဆိုတော့ ငါတို့မင်းကို အလျော်ပေးမှာပါ။ မင်ဘာလိုချင်လဲ။ ပြောသာပြောလိုက်၊ မိသားစုဘက်က ဆောင်ရွက် ဖြည့်ဆည်းပေးနိုင်သရွေ့ ငါတို့မင်းကို မနစ်နာစေရပါဘူး”

အခု အခြေအနေတွေက ဒီအထိ ရောက်လာခဲ့လေပြီ။ သူ့ဘက်ကလည်း ခုခံပြောဆိုဖို့ရာ စွမ်းအားမဲ့နေခဲ့တယ်။ မိသားစုနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ သူ့မှာ စွမ်းအားကို မရှိတာပါ။ ဒါကြောင့် ဒီနေရာမှာ သူ့ဒေါသကို ဖွင့်ထုတ်လိုက်လို့ ပိုပြီးနေလို့ထိုင်လို့ ကောင်းသွားမယ် ဆိုရင်တောင် အဲ့လို လုပ်လိုက်လို့ သူ့အတွက် ဘာမှ အကျိုးမရှိသွားပါဘူး။

“ကျုပ်မှာ တောင်းဆိုစရာ တစ်ခုရှိတယ်” ရန်ကိုင်က တစ်ခဏလောက် စဉ်းစားနေလိုက်ပြီးနောက် ပြန်ပြောလိုက်တယ်။

“ပြော” ရန်ရင်ဟောင်က အချက်ပြလိုက်တယ်။

“ကျုပ်ဆရာဖိုးဖိုးနဲ့ ကောင်းကင်စံအိမ်ရဲ့ နာမည်ကို ပြန်ရှင်းပေးစေချင်တယ်” ရန်ကိုင်က ရန်ရင်ဟောင် မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်ပြီး “ကောင်းကင်စံအိမ်က မိစ္ဆာဂိုဏ်းတစ်ခု မဟုတ်ဘူး။ နတ်ဆိုးအရှင်သခင်ကပဲ မိစ္ဆာဖြစ်တာ”

ထိုစကားကို ကြားလိုက်တာနဲ့ အခန်းထဲမှာ ရှိနေတဲ့ လူအားလုံး မဆိုသလောက်ကလေး တုန်ရင်သွားခဲ့ကြတယ်။ သူတို့မျက်ဝန်းထဲ ကြောက်ရွံ့သည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့တယ်။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ရောက်နေတဲ့ ရန်ရင်ဟောင်တောင် ချွင်းချက်မဟုတ်ပါဘူး။

နတ်ဆိုးအရှင်သခင်…

တိမ်မိစ္ဆာနယ်မြေနဲ့ တိုက်ပွဲမှာ ရန်ရင်ဟောင်လည်း ထိုလူကို တွေ့ခဲ့ဖူးပါတယ်။ နှစ်ယောက်စလုံးက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်တွေ ဖြစ်ကြပေမယ့် ထိုလူဆီကနေ အားကောင်းတဲ့ ဖိအားကို သူခံစားခဲ့ရပါတယ်။

ထိုလူနဲ့ရင်ဆိုင်ရတဲ့အခါ နောက်ပြန်ဆုတ်ပြီး လက်လျှော့ အရှုံးပေးချင်းစိတ်တို့တောင် ရန်ရင်ဟောင်စိတ်ထဲ ထွက်ပေါ်လာခဲ့ရတယ်။

အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ရောက်နေတဲ့ နတ်ဆိုးအရှင်သခင်ရဲ့ ခွန်အားက သူ့ထက် သာလွန်မှန်း ရန်ရင်ဟောင် သိနားလည် ထားပါတယ်။

“ဒါက မင်းရဲ့ တောင်းဆိုချက်လား” ရန်ရင်ဟောင် အနည်းငယ် တုန်လှုပ်သွားခဲ့တယ်။ နတ်ဆိုးအရှင်သခင်နဲ့ ပက်သက်တဲ့ ကိစ္စမှန်သမျှက အရေးကြီးပါတယ်။ ရန်မိသားစုရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ကော၊ တိမ်မိစ္ဆာနယ်မြေကို ဆန့်ကျင်တဲ့ အင်အားစုရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ကော၊ နတ်ဆိုးအရှင်သခင်ကို မွေးထုတ်ပေးလိုက်တဲ့ ဂိုဏ်းတစ်ခုရဲ့ နာမည်ကို ရှင်းလင်းပေးဖို့က တော်တော်လေး ခက်ခဲပါတယ်။

“ဒါက ကျုပ်ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်ပဲ” ရန်ကိုင်က အလေးအနက်နဲ့ ပြန်ပြောလိုက်တယ်။

သူအမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရတဲ့ အကြောင်းအရင်းက အခြားသူတွေနဲ့ မတူပါဘူး။ တကယ်တမ်း ပြောရရင်း မိသားစုခေါင်းဆောင်ရာထူးကို သူစိတ်မဝင်စားပါဘူး။ အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရတဲ့ အကြောင်းအရင်းက သူ့ကိုယ်ပိုင် ခွန်အားကို အသုံးပြုပြီး ကောင်းကင်စံအိမ်ရဲ့ နာမည်ဆိုးကို ရှင်းလင်းပေးချင်တာပါ။ ဒါက လေးယောက်မြောက် သခင်ကြီးဖြစ်တဲ့ သူ့အဖေရဲ့ ဆန္ဒလည်း ဖြစ်ပါတယ်။

ဂိုဏ်းရဲ့ နာမည်ဆိုးကိုသာ ရှင်းလင်းလိုက်နိုင်သရွေ့၊ လင်းတိုင်ရှုနဲ့ ကျန်တဲ့အကြီးအကဲတွေ၊ ဂိုဏ်းရဲ့ တပည့်တွေ အကုန်လုံး သူတို့ရဲ့ အိမ်ဆီ ပြန်လာလို့ရပါပြီ။

“မိသားစုခေါင်းဆောင်သာ ဒီကိစ္စနဲ့ပက်သက်ပြီး ကျုပ်ကို ကူညီပေးမယ်ဆိုရင် သွေးစစ်သည်တော်ကို ပြန်ခေါ်ဖို့ မပြောနဲ့၊ အမွေခံတိုက်ပွဲကနေတောင် ထွက်ပေးလိုက်လို့ ရတယ်” ရန်ကိုင်က ပြတ်ပြတ်သားသားပဲ ပြောလိုက်တယ်။

ထိုစကားကို ကြားလိုက်တာနဲ့ ခန်းမထဲမှာ ရှိနေတဲ့ လူတွေအကုန်လုံး ထိတ်လန့်တုန်လှုပ် သွားခဲ့ကြတယ်။ တစ်ယောက်ချင်းစီတိုင်းက သူတို့ရှေ့မှာ ရှိနေတဲ့ လူငယ်လေးကို အံ့အားသင့်တကြီးနဲ့ စိုက်ကြည့်နေခဲ့ကြတယ်။

Martial Peak

အပိုင်း(၄၉၅) ကံကောင်းမှုနဲ့ကံဆိုးမှုက အမြဲတမ်း ဒွန်တွဲလာတယ်

ရန်ကိုင် အမူအရာက တည်ငြိမ်နေပြီး သူ့မျက်ဝန်းအစုံက သလင်းကျောက်အလား ကြည်လင်နေခဲ့တယ်၊ သူရိုးရိုးသားသား ပြောနေတာပါ။

ရန်ကိုင် နောက်ပြောင်ပြောနေတာ မဟုတ်မှန်း သိလိုက်တာနဲ့ ရန်ရင်ဟောင် အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ထိတ်လန့်တကြား ပြန်ပြောလိုက်တယ် “ဒီတော့ မင်းအမွေခံတိုက်ပွဲ ဝင်ပြိုင်ရတဲ့ အဓိက အကြောင်းအရင်းက ဒီအချက်ကြောင့်ပေါ့၊ ဟုတ်လား”

“အမှန်ပဲ” ရန်ကိုင် ပြန်ခေါင်းညိတ်ပြလိုက်ပြီး “ရန်မိသားစုရဲ့ မိသားစုခေါင်းဆောင်မှာပဲ ကောင်းကင်စံအိမ်ရဲ့ နာမည်ဆိုးကို ရှင်းလင်းပေးနိုင်မယ့် အရည်အချင်းရှိတယ်”

“မင်းရန်မိသားစုခေါင်းဆောင် မဖြစ်ချင်ဘူးလား။ ဒီလောကကြီးရဲ့ အထွတ်အထိပ်မှာ ရပ်တည်ပြီး လက်တစ်ချက် ဝှေ့ရမ်းလိုက်ရုံနဲ့တင် လေနဲ့မိုးကို ဆင်ခေါ်နိုင်တဲ့ လူမျိုး မင်းမဖြစ်ချင်ဘူးလား” ရန်ရင်ဖုန်းရဲ့ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး ရန်ကိုင်ကို စူးစိုက်ကြည့်လိုက်ရင်း ပြန်မေးလိုက်တယ်။

ဒါပေမယ့် ရန်ကိုင် မျက်နှာထက် လှောင်ရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး ပြန်ပြုံးပြလိုက်ကာ “ရန်မိသားစု ခေါင်းဆောင် ဖြစ်ရတာ ဘာကောင်းလို့လဲ။ တစ်ချိန်လုံး ထိုင်ခုံပေါ်မှာပဲ ထိုင်နေရတာ၊ ကျင့်ကြံဖို့တောင် အချိန်ရှိတာ မဟုတ်ဘူး။ ဦးလေးကြီးက အကောင်းဆုံး ဥပမာပဲ မဟုတ်ဘူးလား။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ရောက်ထားပေမယ့် ကျုပ်အမြင်အရဆို အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူတွေထဲမှာ ဦးလေးကြီးက တော်တော်လေးကို အားနည်းတဲ့အထဲ ပါတယ်မလား”

“ရိုင်းစိုင်းလိုက်တာ” ရန်ကျောင်းရဲ့ မျက်ဝန်းအစုံ နီရဲသွားခဲ့တယ်။ ရန်ရင်ဟောင်ကို အခုလိုမျိုး မလေးမစား ပြောဆိုတဲ့လူတစ်ယောက်မှ သူမတွေ့ခဲ့ဖူးပါဘူး။

ဒါပေမယ့် ရန်ရင်ဟောင်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ရန်ကျန်းကို လှမ်းတားထားလိုက်တယ်။ ပြီးတာနဲ့ ပြုံးလိုက်ရင်း ခေါင်းညိတ်ပြလိုက်ပြီး “အမှန်ပဲ၊ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူတွေထဲမှာ ငါအားအနည်းဆုံးပဲ။ ဒီလိုမျိုး တည်ရှိမှုတစ်ခု ဖြစ်လာရတာက ရန်မိသားစုခေါင်းဆောင် ဖြစ်လာတဲ့ လူတွေရဲ့ ဝမ်းနည်းဖွယ်ရာ ကံကြမ္မာတစ်ခုပဲ။ မင်းအခုလို ထွင်းဖောက်မြင်နိုင်လိမ့်မယ်လို့ ငါတကယ်ကို မထင်မှတ်ထားခဲ့ဘူး”

ဒါပေမယ့် တစ်ချက်လောက် ရပ်လိုက်ပြီး ရန်ရင်ဟောင်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဆက်ပြောလိုက်တယ် “ဒါပေမယ့် ရန်မိသားစု ခေါင်းဆောင်တိုင်းက အင်မော်တယ်တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက် ဘာလို့ ဖြစ်နေရတာလဲ ဆိုတာကို မင်းတွေးကြည့်ဖူးရဲ့လား”

“ဘာလို့လဲ” ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင် ရုတ်တရက် သိချင်မိသွားခဲ့တယ်။

ရင်ရင်ဟောင် ပြောတာ အမှန်ပါပဲ၊ မိသားစု မှတ်တမ်းတွေအရ ရန်မိသားစုခေါင်းဆောင်တိုင်းက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူတွေ ချည်းပါပဲ။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ဆိုတာ ဒီလောကကြီးရဲ့ အထွတ်အထိပ် ကျင့်ကြံခြင်း အဆင့်ဖြစ်သလို လူအားလုံးကို ငုံ့ကြည့်နိုင်တဲ့ အဆင့်တစ်ခုလည်း ဖြစ်ပါတယ်။

ရန်မိသားစုခေါင်းဆောင်တိုင်းက ဒီလိုမျိုး အံ့အားသင့်ဖွယ် အရည်အချင်းနဲ့ ပါရမီကို ပိုင်ဆိုင် ထားတာရော ဟုတ်ရဲ့လား။

ပြီးတော့ ရန်ရင်ဟောင်ရဲ့ အသက်က အရမ်းကြီး မကြီးသေးပါဘူး။ နှစ်ငါးဆယ်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီအသက်အရွယ်မှာတောင် သူက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်နေနိုင်ခဲ့ပါပြီ။ ဒါဆိုရင် သူ့ရဲ့ ပါရမီက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ။

ဒါပေမယ့် ဒီလောက် မြင့်မားတဲ့ ပါရမီနဲ့တောင် သူ့ခွန်အားက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေထဲမှာ ဘာလို့ အနိမ့်ကျဆုံး ဖြစ်နေရတာလဲ။

“ဘာလို့လဲဆိုတော့ ရန်မိသားစုရဲ့ အမွေအနှစ်က မိသားစု ခေါင်းဆောင်တိုင်းကို အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ဆီ ရောက်ရှိစေလို့ပဲ” ရန်ရင်ဟောင်က ရန်ကိုင်ကို မျက်တောင် မခတ်တမ်း စိုက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။

ရန်ကိုင်အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့တယ် ရန်မိသားစုရဲ့ မဟာလျှို့ဝှက်ချက်ကြီး တစ်ခုကို မရည်ရွယ်ပဲ သိလိုက်ရပြီးမှန်း ရန်ကိုင် ရုတ်တရက် နားလည်လိုက်တယ်။

“ငါဘာပြောချင်လဲ မင်းနားလည်လား” ရန်ရင်ဟောင်က မေးလိုက်တယ်။

ရန်ကိုင် ခေါင်းခါရမ်းလိုက်တယ်။ သူစဉ်းစားထားတာ ရှိပေမယ့် အတည်မပြုရဲပါဘူး။

“ဟားဟား” ရန်ရင်ဟောင် ပြုံးလိုက်ပြီး “ရန်မိသားစု ခေါင်းဆောင်ဖြစ်ရတာ မိသားစုအတွက် အားသွန်ခွန်စိုက် အလုပ်လုပ်ပေးရတာလို့ပဲ မင်းထင်နေတာလား။ မိသားစု ခေါင်းဆောင် ဖြစ်လာရလို့ အကျိုးကျေးဇူး ကြီးကြီးမားမား ရှိတယ်ကွ။ မင်းဦးလေးကြီးရဲ့ အရည်အချင်းက မင်းအဖေနဲ့ ယှဉ်ရင် ကွာခြားချက်ရှိတယ်ဆိုတာကို ငါဝန်ခံတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ မင်းအဖေက ဒဏ်ရာတစ်ခုကြောင့် အဆင့်ဆက်မတက်နိုင်ပဲ ဖြစ်ခဲ့ရတယ်။ ဟုတ်တာပေါ့၊ မကြာသေးခင်တုန်းက အမည်မသိတဲ့ အကြောင်းပြချက် တစ်ချို့ကြောင့် သူ့ကျင့်ကြံခြင်းက ခုန်ပေါက်တိုးတက်လာခဲ့တယ်လေ”

ထိုစကားကို ပြောနေတဲ့အချိန် ရန်ရင်ဟောင်က ရန်ကိုင်ကို သေသေချာချာ စူးစိုက်ကြည့်နေခဲ့တယ်။ သူ့မှာ ကိုယ်ပိုင်စဉ်းစား တွေးတောထားတာတွေ ရှိနေတဲ့ပုံပါပဲ။ ဒီလိုလာလုပ်လို့ ဘယ်ရမလဲ၊ ရန်ကိုင်ကလည်း ဘာမှ မသိတဲ့ပုံစံနဲ့ ပြန်စိုက်ကြည့်ပေးလိုက်တာပေါ့။

“ကဲ၊ ဒီအကြောင်း ဒီမှာပဲ ရပ်လိုက်ကြတာပေါ့။ ဦးလေးကြီးကိုပဲ ဥပမာကြည့်လိုက်။ ငါ့ဘာသာငါ ကြိုးကြိုးစားစား လေ့ကျင့်နေမယ်ဆိုရင် အခုလောက်ဆို အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့်ကိုပဲ ရောက်ဦးမှာ။ ငါ့အရည်အချင်းကို ငါအသိဆုံးပဲ။ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်က ငါ့ရဲ့ အကန့်အသတ်ပဲ။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို နှစ်ငါးဆယ်အတွင်း ငါလုံးဝ ရောက်လိမ့်မှာ မဟုတ်ဘူး။ တကယ်တော့ လူပေါင်းများစွာက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်ကို ရောက်ရှိနိုင်ပေမယ့် နောက်တစ်ဆင့်ကို ဆက်တက်နိုင်တဲ့လူက အရမ်းကို ရှားပါးလွန်းတယ်လေ”

“ဒါပေမယ့် ငါက ရန်မိသားစုရဲ့ ခေါင်းဆောင် ဖြစ်လာတဲ့ အတွက် ဦးလေးကြီးက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်ကို လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက ချိုးဖျက်သွားနိုင်ခဲ့တယ်”

ရန်ကိုင် အမူအရာ နောက်တစ်ကြိမ် ထပ်မံပြောင်းလဲ သွားခဲ့ပြီး အံ့အားသင့်နေတဲ့ အမူအရာနဲ့ “ဒီတော့ ဦးလေးကြီး ဆိုလိုချင်တာက ဦးလေးကြီး အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ရောက်ရှိခဲ့ရတာ မိသားစု ခေါင်းဆောင် ရာထူးကြောင့်လို့ ပြောချင်တာပေါ့”

“မင်းအဲ့လို ပြောလို့ရတယ်” ရန်ရင်ဟောင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “အဲ့နှစ်ခု ဘယ်လို ဆက်စပ်နေလဲ ဆိုတာကိုတော့ ငါမင်းကို ပြောပြလို့ မရဘူး။ မင်းဒီလောက်အထိပဲ သိထားရင်ရပြီ”

“ကျုပ်ကို ဒီအကြောင်းတွေ ဘာလို့ လာပြောပြ နေရတာလဲ” ရန်ကိုင် ပလေဠိဖြစ်နေခဲ့တယ်။ ရန်ရင်ဟောင် ပြောတာကို နားထောင်ပြီး မိသားစုခေါင်းဆောင် ရာထူးကို သိချင်စိတ် ဖြစ်မိသွားပေမယ့် သိချင်ရုံလေးတင် သိချင်တာပါ။

“ပြောချင်လို့ သက်သက်ပါပဲ။ မင်းစိတ်ထဲ ထားနေစရာ မလိုပါဘူး” ရန်ရင်ဟောင် ယဲ့ယဲ့လေး ပြန်ပြုံးပြလိုက်တယ်။

ရန်ကိုင် မျက်မှောင်ကြုံ့သွားလိုက်ပြီးနောက် ခေါင်းခါရမ်းလိုက်ကာ “ကျုပ်ရဲ့ တောင်းဆိုချက်ကကော”

ရန်ရင်ဟောင် တစ်ခဏလောက် တွေးတော နေလိုက်ပြီး မကြာခင်မှာပဲ ပြန်ပြောလိုက်တယ် “ကောင်းကင်စံအိမ်ရဲ့ နာမည်ဆိုးကို ငါရှင်းလင်းပေးနိုင်တယ်။ ဒါပေမယ့် အခုနေသာ မင်းရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်ရင်၊ ငါက ဒီအခွင့်အရေးကို အသုံးပြုပြီး မင်းအမွေခံတိုက်ပွဲကို လက်လျှော့လိုက်အောင် လုပ်နေတယ်လို့ အခြားသူတွေ ထင်ကုန်ကြလိမ့်မယ်၊ ဒါကြောင့်… ဒီတောင်းဆိုချက်ကို ငါငြင်းပယ်တယ်”

ရန်ကိုင် အမူအရာ ငေးငိုင်ထိုင်းမှိုင်းသွားခဲ့တယ်။

“မင်းဂိုဏ်းရဲ့ နာမည်ဆိုးကို ရှင်းလင်းပေးစေချင်တယ် ဆိုရင် မင်းရဲ့ ကိုယ်ပိုင်စွမ်းရည်ကို အသုံးပြုမှပဲ ရလိမ့်မယ်။ ဒါမှမဟုတ် သွေးစစ်သည်တော် နည်းနည်းပါးပါးလောက် လျှော့သွားလို့ အမွေခံတိုက်ပွဲကို မနိုင်တော့ဘူးလို့ မင်းထင်နေတာလား”

ရန်ကိုင်က ရန်ရင်ဟောင် ပြောတာကို ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါရမ်းလိုက်ပြီး “မိသားစုခေါင်းဆောင်၊ ကျုပ်ကို တွန်းအားပေးနေလို့လည်း ဘာမှအကျိုးရှိမှာ မဟုတ်ဘူး”

“အဲ့ဒါဆိုရင် မင်းရဲ့ ကိုယ်ပိုင် အစွမ်းအစကို သုံးပြီး သက်သေပြလိုက်လေ” ရန်ရင်ဟောင်က အသာအယာလေး ပြန်ပြုံးပြလိုက်ပြီး “သွေးစစ်သည်တော်တွေကိုတော့ ပြန်ခေါ်ကို ခေါ်ရလိမ့်မယ်။ ပြီးတော့ မင်းရဲ့ ဆုံးရှုံးမှုအတွက် မိသားစုက ကျိန်းသေ အလျော်ပေးမှာ။ အခြားတစ်ခု တောင်းဆိုလိုက်။ ငါဒီနေ့ ဒီကိစ္စအတွက် ဒီကို အထူးသီးသန့် လာခဲ့တာ”

ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သက်ပြင်း အရှည်ကြီး ချလိုက်တယ်။ သူငြင်းနေလို့လည်း အကျိုးမရှိမှန်း သူသိပါတယ်။

မိသားစုက သွေးစစ်သည်တော်တွေကို ပြန်ခေါ်မယ်လို့ ယတိပြတ် ဆုံးဖြတ်ချက် ချပြီးသွားခဲ့ပါပြီ။ သူလက်မခံဘူး ဆိုရင်တောင် သူတို့ဘက်က အလျှော့ပေးမှာ မဟုတ်ပါဘူး။

အချိန်အတော်ကြာအောင် စဉ်းစားနေလိုက်ပြီးနောက် ရန်ကိုင် မျက်ဝန်းအစုံက ရုတ်တရက် တောက်ပသွားခဲ့ကာ “ကျုပ်နောက်လိုက်နေတဲ့ သွေးစစ်သည်တော်တွေ အကုန်လုံးကို ကျုပ်လိုချင်တယ်။ ကျုပ်ဆီမှာ တာဝန်ထမ်းဆောင် နေတဲ့ သွေးစစ်သည်တော် အကုန်လုံးကို ကျုပ်တစ်ယောက်တည်းပဲ ပိုင်ချင်တယ်”

ရန်ရင်‌ဟောင် အမူအရာ မဲ့ရွဲ့သွားခဲ့ပြီး ရန်ကိုင်ကို ငေးကြောင်စိုက်ကြည့်နေလိုက်တယ်။ ကျန်တဲ့ ဆံဖြူ အကြီးအကဲတွေ အကုန်လုံးကတော့ သက်ပြင်းမရှိုက်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။ ရန်ကိုင်ရဲ့ လောဘကို သူတို့ အထင်သေးမိသွားပြီနဲ့ တူပါတယ်။

“ဒီတောင်းဆိုချက်က… အရမ်းကို ယုတ္တိမဲ့လွန်းတယ်” ရန်ကျန်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။

သွေးစစ်သည်တော်ခန်းမက ပညာရှင်တွေ အကုန်လုံးက မိသားစုကိုပဲ အမြဲတမ်း သစ္စာရှိလာခဲ့တာပါ။ ဘယ်တစ်ဦး တစ်ယောက်တည်းကိုမှ ကွက်ပြီး သစ္စာရှိတာ မဟုတ်ပါဘူး။ ဒါပေမယ့် ရန်ကိုင်က ဘယ်သူမှ မထင်မှတ်ထားတဲ့ တောင်းဆိုချက်ကို လုပ်လာခဲ့လေပြီ။ သူတို့သာ သဘောတူလိုက်ရင် အနည်းဆုံး သွေးစစ်သည်တော် ခုနှစ်ယောက်က သူ့ကိုယ်ပိုင် လက်အောက်ငယ်သားတွေ ဖြစ်လာပါလိမ့်မယ်။

“ကျုပ်လည်း ဒီတစ်ခုပဲ တွေးတတ်တော့တယ်။ ခင်းဗျားတို့ သဘောတူမှာလား၊ မတူဘူးလား၊ ကိုယ့်ဘာသာ စဉ်းစားကြတော့” ရန်ကိုင်က အလေးအနက် အမူအရာနဲ့ ထပ်လောင်းပြောဆိုလိုက်တယ်။

ရန်ရင်ဟောင်က ရန်မိသားစုရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ပြီး မုန်တိုင်းအသွယ်သွယ်ကို ကျော်ဖြတ် လာခဲ့တဲ့ လူတစ်ယောက် ဖြစ်ပေမယ့် အခုအချိန်၌ သူလည်း ခေါင်းစားနေခဲ့ရလေပြီ။

ဘယ်သူကမှ အခုလို ကြီးကျယ်တဲ့ တောင်းဆိုချက်မျိုး မလုပ်ခဲ့ဖူးပါဘူး။

ဒါပေမယ့် အခုလေးတင်က သူက ရန်ကိုင်ရဲ့ အခြား တောင်းဆိုချက်တစ်ခုကို ငြင်းပယ်ခဲ့တာလေ။ သူသာ နောက်တစ်ကြိမ် ထပ်ပြီး ငြင်းဆန်ခဲ့ရင်…

ပြီးတော့ သူအခုလို တောင်းဆိုရတာကလည်း မိသားစုက သူဆုံးရှုံးခဲ့ရတဲ့ သွေးစစ်သည်တော်တွေအတွက် ပြန်အလျော်ပေးမယ်လို့ ပြောလို့လေ။

မဲ့ပြုံးပြုံးလိုက်ပြီး “သွေးစစ်သည်တော် တစ်ဝက်ကျော် လောက်ကို စစ်ပွဲမြို့တော်မှာ ပါဝင်ယှဉ်ပြိုင်ခွင့် မပြုတော့ဘူးလေ။ မင်းကို သစ္စာစောင့်ခိုင်းတော့ရော ဘာထူးမှာမို့လို့လဲ”

“ကျုပ်ကိစ္စနဲ့ ကျုပ်ရှိတာပေါ့” ရန်ကိုင်က မရေမရာ ပြန်ဖြေလိုက်တယ်။

ရန်ရင်ဟောင် သက်ပြင်း အရှည်ကြီး ချလိုက်တယ်။ သူ့မျက်နှာ ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်တို့နဲ့ ပြည့်နေခဲ့ပြီး အချိန်ခဏကြာပြီးနောက် ခေါင်းညိတ်ကာ ပြန်ပြောလိုက်တယ် “ကောင်းပြီ၊ မင်းတောင်းဆိုချက်ကို ငါလက်ခံတယ်”

ရန်ကိုင်လည်း ရန်ရင်ဟောင်ကို အံ့အားသင့်တကြီးနဲ့ စိုက်ကြည့်လိုက်တယ်။ သူ့တောင်းဆိုချက်ကို မိသားစု ခေါင်းဆောင်က ဒီလောက် လွယ်လွယ်ကူကူနဲ့ လက်ခံလိုက်လိမ့်မယ်လို့ ရန်ကိုင် မထင်မှတ်ထားခဲ့ပါဘူး။

ရန်ကျန်း ပျာတီးပျာယာနဲ့ ကန့်ကွက်ဖို့ ကြိုးစားလိုက်ပါတယ် “မိသားစုခေါင်းဆောင်၊ မင်းမလုပ်…”

“အဆင်ပြေပါတယ်” ရန်ရင်ဟောင်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ရန်ကိုင်က ရန်မိသားစု အဖွဲ့ဝင် တစ်ယောက်ပဲလေ။ သွေးစစ်သည်တော်တွေကို သူပိုင်ရင်တောင် သူတို့တွေကို မိသားစုက ပိုင်နေဦးမှာပဲလေ”

“အဲ့ဒါ မှန်တယ်ဆိုပေမယ့်…”

“တော်ပြီ။ ဒီတစ်ကြိမ်က မိသားစုရဲ့ အမှားပဲလေ” ရန်ရင်ဟောင်က ထိုခေါင်းစဉ်အကြောင်း ဆက်မဆွေးနွေး ချင်တော့တာနဲ့ ရန်ကိုင်ဘက် အကြည့်ပြောင်းကာ ပြောလိုက်တယ် “မင်းတောင်းဆိုချက်ကို ငါလက်ခံပြီးသွားပြီ ဆိုတော့ အဲ့သွေးစစ်သည်တော်တွေကို ကောင်းကောင်း အသုံးချနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ တကယ်တော့ သူတို့တွေကို ပြုစုပျိုးထောင်ဖို့ဆိုတာ မိသားစုဘက်က တော်တော်လေး အင်အားစိုက်ထုတ်ခဲ့ရတာလေ”

“ကျုပ်သိပါတယ်။ ဦးလေးကြီးကို ကျေးဇူးအများကြီး တင်ပါတယ်”

“ဒါပေမယ့် အမွေခံတိုက်ပွဲမှာ မင်းနဲ့အတူ ဆက်ပြီး တိုက်ပွဲဝင်မယ့် သွေးစစ်သည်တော် နှစ်ယောက်ကို မင်းရွေးရလိမ့်မယ်။ ဆုံးဖြတ်ပြီးတာနဲ့ ကျန်တဲ့ သွေးစစ်သည်တော်တွေကို အခုကနေစပြီး မင်းကို ကူညီပေးလို့ ရတော့မှာ မဟုတ်ဘူး”

“အခုလား” ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့တယ်။

“အခုပဲ”

ရန်ကိုင် ရုတ်တရက် ခွကျသွားခဲ့တယ်။

ကျုကောင်းရီနဲ့ ရင်းဂျုက သူ့နောက်ကို အရင်ဆုံး လိုက်ပါခဲ့တဲ့ လူတွေပါ။ တုဖုန်းနဲ့ တန်ယုရှန်းက သူပထမဆုံး စသိခဲ့တဲ့ သွေးစစ်သည်တော်တွေပါ။ ရှောင်ရှန်၊ လော့ဟိုက်၊ ရန်လင်းရှင်တို့ကျတော့… ရန်ကိုင်က သူတို့ကို ရထားတာ သိပ်မကြာသေးတဲ့အတွက် သူတို့နဲ့ သိပ်ပြီး မရင်းနှီးလှပါဘူး။ ထို့ကြောင့် သူဘက်က ထိုသုံးယောက်ကို ရွေးချယ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ထိုသုံးယောက်ကို ဘေးဖယ်ထား ရင်တောင် နောက်ထပ် နှစ်ယောက်ကို ထပ်ပြီး ဖယ်ထုတ်ရဦးမှာပါ။

တစ်ခဏတာနောက် စဉ်းစားနေလိုက်ပြီးနောက် ရန်ကိုင်က ပြတ်ပြတ်သားသားနဲ့ ပြန်ပြောလိုက်တယ် “အဲ့လိုဆိုမှတော့ ရင်းဂျုနဲ့ တန်ယုရှန်းကို ကျုပ်ရွေးတဘ်”

“အင်း၊ အဲ့လို ပြတ်သားနေသင့်တာ။ ရန်မိသားစုဝင် တစ်ယောက်ဆိုတာ ဒီလိုမျိုး ဖြစ်နေသင့်တာ” ရန်ရင်ဟောင်က မှတ်ချက်ပေးလိုက်ပြီးနောက် “ငါတို့ ကိစ္စလည်း အဆုံးသတ်သွားပြီဆိုတော့ မင်းလည်း စစ်ပွဲမြို့တော်ကို ပြန်လို့ရပြီ”

“ဂျူနီယာသွားပါတော့မယ်” ရန်ကိုင်က လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး အကြီးအကဲခန်းမကနေ ခပ်မြန်မြန်ပဲ ထွက်သွားလိုက်တယ်။

တံခါးအပြင်မှာတော့ ရင်းဂျုနဲ့ တန်ယုရှန်းတို့နှစ်ယောက် ချွေးတစ်ပြိုက်ပြိုက်နဲ့ ရန်ကိုင်ကို စိုးရိမ်စွာဖြင့် စောင့်ဆိုင်းနေခဲ့ကြတယ်။

အကြီးအကဲခန်းမထဲ ရန်ဖြစ်ငြင်းခုံးသံတွေကို သူတို့ ကြားပါတယ်။ ထို့ကြောင့် သူတို့စိတ်ထဲ ရန်ကိုင်အတွက် စိုးရိမ်နေခဲ့တာပါ။

ရန်ကိုင် ထွက်လာတဲ့အခါ နှစ်ယောက်စလုံး ရန်ကိုင်ကို တောက်ပတဲ့မျက်ဝန်းအစုံဖြင့် ငေးစိုက်ကြည့်လိုက်ကြတယ်။ ရန်ကိုင် သူတို့နှစ်ယောက်ကို ရွေးချယ်လိုက်တာကြောင့် ရင်းဂျုနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ဂုဏ်ယူဝံ့ကြွား မိသွားခဲ့ကြတယ်။

ခန်းမထဲကနေ ထွက်လာပြီးနောက် ရန်ကိုင် ဘာတစ်ခွန်းမှ မပြောခဲ့ပါဘူး။ ဒါပေမယ့် သူ့ကို မြင်လိုက်တဲ့ လူတိုင်း ရန်ကိုင် စိတ်ကောင်းမဝင်နေမှန်း တန်းသတိပြုမိ နိုင်ပါတယ်။

ခန်းမကနေ ထွက်လာပြီးနောက် လေးယောက်မြောက် သခင်ကြီးအိမ်ဆီ ပြန်သွားလိုက်ပြီး ရင်ရင်ဖုန်းနဲ့ ဒေါင်စုကျုတို့ နှစ်ယောက်အတွက် ဆေးပေါင်းရည်အချို့ ချန်ထားရစ်ခဲ့ပြီးနောက် တိမ်သွားမြင်းကို စီးကာ စစ်ပွဲမြို့တော်ဆီ ပြန်သွားခဲ့ကြတယ်။

ရန်ကိုင်က ခရီးလမ်းတစ်လျှောက် တိတ်ဆိတ်နေခဲ့တဲ့ အတွက် ရင်းဂျုနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေခဲ့ကြတယ်။ ရန်ကိုင်ကို ဖြေသိမ့် ပေးချင်ပေမယ့် ဘယ်လို ဖြေသိမ့်ရမှန်းမသိလို့ နှစ်ယောက်စလုံး တိုင်ပတ်နေခဲ့ကြပါတယ်။

ဒီအတိုင်းလေးပဲ ခရီးနှင်နေရင်း တိမ်သွားမြင်းပေါ် ထိုင်နေတဲ့ ရန်ကိုင်က ရုတ်တရက် ဝါးလုံးကွဲ ရယ်မောချလိုက်တယ်။

သွေးစစ်သည်တော် နှဏ်ယောက်စလုံး စိတ်ရှုပ် သွားခဲ့ကြတယ်။ အခု ရန်ကိုင်မျက်နှာထက် အပျော်တွေနဲ့ ပြည့်နေခဲ့ပြီး အစောပိုင်းတုန်းက စိတ်ပျက်စိတ်ညစ်နေတဲ့ အရိပ်အယောင်တို့က နေလာနှင်းပျောက်သလို လုံးဝကို ကင်းပျောက်သွားခဲ့လေပြီ။

“သခင်ငယ်လေး…” တန်ယုရှန်းက သူမရဲ့ နှုတ်ခမ်းလေးကို ကိုင်ပြီး ရန်ကိုင်နာမည်ကို အော်ခေါ်လိုက်တယ်။ ရန်ကိုင့် စိတ်အခြေအနေက ရုတ်တရက်ကြီး ဘာလို့ ပြောင်းလဲသွားလဲ ဆိုတာကို သူမနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး နားမလည်နိုင် ဖြစ်နေခဲ့ကြတယ်။

တန်ယုရှန်းကို အော်ခေါ်သံ ကြားလိုက်တာနဲ့ ရန်ကိုင်က ပိုပြီး ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ပါတယ်။

ရုတ်တရက် တစ်ခုခုကို နားလည်သွားပုံရကာ တန်ယုရှန်းက အံ့အားသင့်နေတဲ့ အမူအရာလေးနဲ့ ပြန်ပြောလိုက်တယ် “ခုဏတုန်းက သခင်ငယ်လေးက အခြားသူတွေမြင်အောင် သရုပ်ဆောင်ပြနေတာပဲ”

“အရှုံးကြီး ဆုံးရှုံးထားမှတော့ ငါကလည်း စိတ်ညစ်၊ စိတ်ဓါတ်ကျပြရတာပေါ့။ ငါက စိတ်လှုပ်ရှားပြနေရင်၊ အကြီးအကဲတွေ အကုန်လုံး သံသယဝင်ကုန်ကြမှာလေ” ရန်ကိုင်က ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တယ်။

ဒီတစ်ကြိမ် သူအချီကြီး မြတ်သွားတယ်လို့ ပြောလို့ ရပါတယ်။

မိသားစုရဲ့ ဆုံးဖြတ်ချက်ကြောင့် ရန်ကိုင်အဖွဲ့ရဲ့ ခွန်အား သိသိသာသာကို လျော့ကျသွားတယ် ဆိုပေမယ့် သူ့ကို ထောက်ပံ့ပေးနေတဲ့ ဆေးဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်း ရှိနေသေးတယ်လေ။ ဒါကြောင့် အချိန်တွေ ကြာလာတာနဲ့ သူက အားအကောင်းဆုံး ပြန်ဖြစ်သွားမှာပါ။

သွေးစစ်သည်တော် များစွာက လူတစ်ယောက်တည်းရဲ့ ကိုယ်ပိုင်လက်အောက်ငယ်သားတွေ ဖြစ်လာတဲ့ အဖြစ်မျိုး ရန်မိသားစုသမိုင်းမှာ တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးပါဘူး။

ကံကောင်းမှုနဲ့ ကံဆိုးမှုက ဒွန်တွဲလာတယ်ဆိုတာ ဒါကို ပြောတာပဲ ဖြစ်ရပါမယ်။

ပြီးတော့ အမွေခံတိုက်ပွဲမှာ သွေးစစ်သည်တော် နှစ်ယောက်ကိုပဲ ပါဝင်ယှဉ်ပြိုင်ခွင့် ပေးလိုက်လို့ သူရှုံးသွားမှာလား။ ပေါက်တတ်ကရတွေ၊ ဒီအမွေခံတိုက်ပွဲကို အနိုင်ရမယ်လို့ ရန်ကိုင် ယုံကြည်ချက် အပြည့်ရှိပြီးသားပါ။

အပြန်လမ်းတစ်လျှောက် ရန်ကိုင် အရမ်းကို အူမြူးတက်ကြွ နေခဲ့တယ်။

နာရီဝက်လောက် ဆက်ပြီး ခရီးနှင်လာပြီးနောက် သူ့စံအိမ်သို့ ရန်ကိုင် ပြန်ရောက်လာခဲ့တယ်။

တိမ်သွားမြင်းသံက ချူရီမန်ကို သတိပေးလိုက်သလို ဖြစ်သွားခဲ့တယ်။ ထို့ကြောင့် အသံကြားကြားချင်း၊ စံအိမ်ထဲ စိုးရိမ်တကြီးနဲ့ စောင့်ဆိုင်းနေတဲ့ မိန်းမပျိုလေးချူက ပျာတီးပျာယာနဲ့ ပြေးထွက်လာခဲ့ပါတယ်။ တွေ့တာနဲ့ ချူရီမန်ရဲ့ လှပတဲ့မျက်ဝန်းအစုံက ရန်ကိုင်ကို အသေအချာ လေ့လာကြည့်လိုက်တယ်။ ရန်မိသားစုက ရန်ကိုင်ကို ဗဟိုမြို့တော်ဆီ ဘာလို့ ဆင့်ခေါ်လိုက်လဲ ဆိုတာကို သူမ သိချင်နေမိခဲ့တယ်။

ရန်ကိုင်ရဲ့ သုန်မှုန်နေတဲ့ အမူအရာကို မြင်တွေ့တာနဲ့ ချူရီမန် တုန်ရီသွားခဲ့ပြီး သူမစိတ်ထဲ မကောင်းတဲ့ အငွေ့အသက်တို့ကို ရလာခဲ့တယ်။

All Chapters