ကပ်ဘေးကြီးကျရောက်ခြင်း
Vol. 40 Ch. 551
လုန်ယွိ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ထိုနေရာတွင် မည်သူမှ မရှိသည့်တိုင် သူမသည် အဝေးဆုံးသို့ လှမ်းမျှော်ကြည့်နေမိသည်။
အချိန်အတန်ကြာကြည့်နေပြီးနောက် အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး နဝမောတင်ထွတ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူမ ယန်ရှီးယွင်ရှိရာသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ နောက်တစ်ကြိမ် ယန်ရှီးယွင်နှင့် ဆုံတွေ့ချိန်သည် သူတို့ နှုတ်ဆက်လမ်းခွဲရမည့်အချိန်ဖြစ်ကောင်းဖြစ်နိုင်သည်။
ထို့နောက် သူမ နဝမတောင်ထွတ်သို့ ထွက်ခွာလာခဲ့ပြီး ကျန်းလန်ကို ကြည့်လိုက်သည်။
ကျန်းလန်ကတော့ ပြင်ပမှအဖြစ်အပျက်များက သူ့ကိုသက်ရောက်မှုမရှိသည့်အလား တစ်ယောက်တည်းကျင့်ကြံလျှက် ရှိသည်။
သူမ ကျန်းလန်ဘေးနားတွင်ထိုင်ရင်း အရင်အကြောင်းများကို ပြန်စဉ်းစားနေမိသည်။
ထိုစဉ်က ကျန်းလန်သည် တစ်ယောက်တည်းသီးသန့်နေတတ်သူ ဖြစ်သည်။ သူအဖော်ပြုသည့် တစ်ခုတည်းသောအရာမှာ သဘာဝတရားသာလျှင် ဖြစ်သည်။
ရှောင်ယွိက နဝမတောင်ထွတ်တွင် တစ်နှစ်ခန့်နေထိုင်ရင်း သန့်ရှင်းရေးလုပ်စရာရှိသည်များလုပ်ပေးပြီးနောက် ကျောက်စိမ်းရေကန်သို့ ပြန်လာကာ တစ်ယောက်တည်းဆက်လက်ကျင့်ကြံနေခဲ့သည်။
ကျန်းလန်၏ တံခါးပိတ်ကျင့်ကြံခြင်း မပြီးဆံးသရွေ့ သူမလည်း ကျင့်ကြံရင်းစောင့်ဆိုင်းနေရန် ဆုံးဖြတ်ထားသည်။
ထိုသို့ဖြင့် နောက်ထပ် အချိန် (၉)နှစ်ကြာသွားခဲ့သည်။
ရှောင်ယွိ နဝမတောင်ထွတ်သို့ ပြန်လာသည့်အချိန်မှာပင် ချီလင်မျိုးနွယ်များ ခွန်လွန်တောင်သို့ ရောက်ရှိလာကြကြောင်း သတင်းကြားရသည်။ ယခုတစ်ကြိမ်လည်း သူမက ဆရာဖြစ်သူကျူးချင်နှင့်အတူ ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်သို့ လိုက်လာခဲ့သည်။
နဂါးမျိုနွယ်များကဲ့သို့ပင် ချီလင်မျိုးနွယ်များကလည်း ယန်ရှီးယွင်ကို ပြန်လည်ခေါ်ဆောင်သွားရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။ နဂါးမျိုးနွယ်များအလားတူပင် နောက်ဆက်တွဲတိုက်ပွဲတွင် သူတို့ ပါဝင်ကြမည် မဟုတ်ပေ။
ခွန်လွန်တောင်က သဘောတူခဲ့ပြီး ယန်ရှီးယွင်ကို ပြန်ထည့်ပေးရန် သဘောတူလိုက်သည်။
နောက်တစ်နေ့တွင်တော့ လုန်ယွိက ယန်ရှီးယွင်ကို နှုတ်ဆက်စကားဆိုရန် သေရည်ဆိုင်သို့ ထွက်လာခဲ့သည်။ ကျန်းလန်ကတော့ သူမကို နှုတ်ဆက်စကားဆိုနိုင်တော့မည် မဟုတ်ပေ။
ကျန်းလန် တံခါးပိတ်ကျင့်ကြံနေသည်မှာ နှစ်ပေါင်း (၄၀) ရှိပြီဖြစ်ပြီး ခွန်လွန်တောင်သို့ ရောက်ရှိသည့်သက်တမ်း နှစ်ပေါင်း (၉၇၀) ရှိပြီဖြစ်သည်။
သေရည်ဆိုင်သို့ရောက်သည့်အခါ မြေကြီးပေါ်တွင်ထိုင်ရင်း ဝမ်းနည်းစွာ ငိုကြွေးနေသည့် ယန်ရှီးယွင်ကို တွေ့ရသည်။ သူမက ခွန်လွန်တောင်မှ ပြန်ရမည့်အတွက် ဝမ်းနည်းနေခြင်း မဟုတ်ပေ။
သူမက ကမ္ဘာမြေကြီးအတွက် ဝမ်းနည်းပြီး ငိုကြွေးနေခြင်းဖြစ်သည်။
“ကမ္ဘာမြေက ကျွန်မကို လိုအပ်နေတယ်ထင်တယ် ၊ ဒါပေမဲ့ ကျွန်မ သူ့ကို ဘယ်လိုကူညီရမလဲ မသိဘူး ၊ သူက အခု နာကျင်နေသလိုပဲ ငိုနေတယ်”
ယန်ရှီးယွင်က ရေရွတ်လိုက်သည်။
ထို့နောက် သူမက မြေပြင်ကို လက်တစ်ဖက်ဖြင့် လေးလေးနက်နက် ထိကိုင်လိုက်သည်။ သူမ ကူညီချင်သော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။
ရှောင်ယွိ အနားသို့ရောက်လာတော့ ယန်ရှီးယွင်က ခေါင်းမော့ကြည့်သည်။ သူမ၏မျက်ဝန်းတွင် မျက်ရည်များ ဝေ့၀ဲလျှက်ရှိလေသည်။
“အစ်မ… ကမ္ဘာမြေက အကူအညီလိုနေတယ်”
လုန်ယွိက သူမကို နှစ်သိမ့်လိုက်သည်။
“မင်း သူ့ကို သေချာပေါက် ကူညီပေးနိုင်မှာပါ ၊ မင်းရဲ့မျိုးနွယ်ကလူတွေက မင်း ကမ္ဘာမြေကိုကူညီနိုင်အောင် လုပ်ပေးပါလိမ့်မယ်”
အရှေ့ဘက်စွန့်ပစ်နယ်မြေတွင် မြေများပြိုကျနေပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး ပရမ်းပတာဖြစ်နေကြောင်း သူမ သတင်းကြားခဲ့ရသည်။
ချီလင်မျိုးနွယ်များသည် ကမ္ဘာမြေ၏ဗဟိုမဏ္ဍိုင်ကိုရှာဖွေတွေ့ရှိခဲ့ကြသည့်အတွက် အရှေ့ဘက်စွန့်ပစ်နယ်မြေကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ရန်နည်းလမ်းကို သိရှိခဲ့ကြသည်။ ကမ္ဘာမြေ၏ဗဟိုမဏ္ဍိုင်သို့ ချဉ်းကပ်ခွင့်ရမည့် တစ်ဦးတည်းသောသူကတော့ ကမ္ဘာမြေ၏ချစ်ခင်ခြင်းကိုခံရသည့် ယန်ရှီးယွင်ပင် ဖြစ်သည်။ သူမက ကမ္ဘာမြေ၏သမီးတော်ပင် ဖြစ်သည်။
ကောင်းကင်ဘုံတွင် အကြောင်းအရာများစွာ ဖြစ်ပျက်ခဲ့ပြီ ဖြစ်သည်။ ထိုအရာများက ကမ္ဘာမြေကြီးကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိမည်ဖြစ်ရာ ကမ္ဘာမြေ၏မိခင်သည် ထိုအရာများကို တွန်းလှန်ရန် လိုအပ်သည်။ ထို့ကြောင့် ယန်ရှီးယွင်က ကမ္ဘာမြေအတွက် တာဝန်ထမ်းဆောင်ပေးရမည် ဖြစ်သည်။
ကောင်ငယ်လေးက…
“အခြေအနေတွေအားလုံးတည်ငြိမ်သွားရင် ပြန်လာမှာလား ယန်ရှီးယွင်”
ယန်ရှီးယွင်က အဖြေမပေးသလို ဟုန်ယာသည်လည်း တိတ်ဆိတ်လျှက် ရှိသည်။
နောက် (၃)ရက်ခန့်တွင်တော့ ယန်ရှီးယွင်သည် ချီလင်မျိုးနွယ်များနှင့်အတူ အရှေ့ဘက်စွန့့်ပစ်နယ်မြေသို့ ပြန်လည်လိုက်ပါသွားသည်။
ကျန်းလန်၏ စကားများကို သတိရမိသည့်အခါ ဘေးအန္တရယ်ကပ်ဆိုးကြီးကြားတွင် သူမ ရှင်သန်နိုင်ပါမည်လား မသေချာသလိုခံစားရသည်။
“အသက်ရှင်သန်နိုင်ဖို့ အကောင်းဆုံးကြိုးစားပါ့မယ်”
ဟု တိုးတိုးလေး ရေရွတ်လိုက်၏။
သူမက ဟုန်ယာနှင့် ကောင်ငယ်လေးကို လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်ရင်း…
“ကျွန်မ အိမ်ပြန်တော့မယ် မောင်ငယ်လေးနဲ့ ညီမလေး ၊ နှုတ်ဆက်ခဲ့ပါတယ်”
ဟုန်ယာကလည်း သူမကို လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။ သူမလည်း အိမ်ပြန်သင့်သည်ဟု ခံစားနေရသည်။ သို့ပေသိ သူမကတော့ ပြန်ခွင့်ရမည်မဟုတ်ဟု စိတ်ထဲမှတွေးထင်နေမိသည်။
***
နောက်ထပ် အချိန် (၁၀)နှစ်ကြာသွားပြီးနောက်…
ကောင်းကင်ထက်မှ မီးတောက်များကျဆင်းလာပြီး မြေပြင်တစ်ခုလုံး မီးလျှံများ ဖုံးလွှမ်းသွားသည်။
ဟုန်ယာက ကောင်းကင်ထက်မှ ကျဆင်းလာသည့် မီးတောက်များကို မော့ကြည့်လိုက်သည်။ ယခုအချိန်ဆိုလျှင် ဇာမဏီမျိုးနွယ်က သူမကိုလိုအပ်နေတော့မည်ကို သူမ နားလည်လိုက်သည်။ သူမက အင်မော်တယ်မီးတောက်အတွင်းမှ မွေးဖွားလာခဲ့သူဖြစ်လေရာ ကောင်းကင်မီးတောက်များကို ကာကွယ်နိုင်စွမ်းရှိသည်။
သူမ မျှော်လင့်ထားသည့်အတိုင်းပင် မကြာမီ ဇာမဏီမျိုးနွယ်များ ခွန်လွန်တောင်သို့ ရောက်ရှိလာကြသည်။
တောင်သခင်များနှင့် ဇာမဏီမျိုးနွယ်အကြီးအကဲများ တွေ့ဆုံစည်းဝေးကြလေရာ လုန်ယွိသည်လည်း ဆရာဖြစ်သူနှင့်အတူ ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်သို့ ရောက်ရှိလာသည်။
ယခုတစ်ကြိမ်တာ့ ခွန်လွန်တောင်က ဟုန်ယာကို ပြန်ထည့်ပေးလိုက်မည်ဟု သူမ တွေးထင်လိုက်သည်။
သို့သော်…
လျိုကျင်းက ငြင်းဆိုလိုက်သည်။
“ဟုန်ယာကို ပြန်ထည့်မပေးနိုင်ဘူး”
ဇာမဏီမျိုးနွယ်အကြီးအကဲ မိန်းမပျိုက ဒေါသတကြီးဖြင့်…
“ဘာကြောင့်လဲ”
သူမက ဆက်ပြောသည်။
“ခွန်လွန်တောင်ရဲ့ နောက်ဆုံးတိုက်ပွဲမှာ ကျွန်မတို့က ပါဝင်မှာမဟုတ်ဘူး ၊ ကျွန်မတို့က ပျက်သုဉ်းတစ်စပြင်လောကကြီးကို ကျဆင်းလာတဲ့ ကောင်းကင်မီးတောက်တွေကို ကာကွယ်ဖို့ပဲ စဉ်းစားထားတယ် ၊ အဲဒီအန္တရယ်ကို ကျွန်မတို့ ဇာမဏီတွေကလွဲပြီး ဘယ်သူမှ ကာကွယ်ေးနိုင်မှာ မဟုတ်ဘူး ၊ ဟုန်ယာက အင်မော်တယ်မီးတောက်ကနေ မွေးဖွားလာတဲ့သူဖြစ်တယ် ၊ ဆိုတော့… ကျွန်မတို့မျိုးနွယ်တွေအကုန်လုံးကို သူက ကာကွယ်ပေးနိုင်တယ် ၊ ကျွန်မတို့လုပ်နေတဲ့အလုပ်က ကျွန်မတို့ မျိုးနွယ်တစ်ခုတည်းအတွက်မဟုတ်ဘူး ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးအတွက်ပဲလေ ၊ ဘာလို့ ဟုန်ယာကို ပြန်ပေးဖို့ ငြင်းဆိုရတာလဲ”
လျိုကျင်းက ပုလဲလုံးတစ်လုံးကိုထုတ်ယူပြီး ဇာမဏီမျိုးနွယ်မိန်းမပျိုဆီသို့ ကမ်းပေးလိုက်သည်။
“ဒီပုလဲလုံးကို ယူသွားပါ ၊ ဇာမဏီမျိုးနွယ်တွေ အန္တရယ်ကျရောက်တဲ့အခါ အသုံးဝင်ပါလိမ့်မယ်”
လုန်ယွိသည် အခြားအကြောင်းများကို နားမလည်သော်လည်း ဇာမဏီမျိုးနွယ်များအနေဖြင့် ဟုန်ယာကို ပြန်ခေါ်နိုင်ကြမည်မဟုတ်ကြောင်း နားလည်လိုက်သည်။
ဇာမဏီမျိုနွယ်မိန်းမပျိုက…
“ရှင်တို့ ဟုန်ယာကို ပြန်မပေးနိုင်ဘူးဆိုတာကို ကျွန်မ မယုံနိုင်ဘူး”
လျိုကျင်းက သက်ပြင်းချလိုက်ရင်း…
“ဟုန်ယာက နှိမ့်နှိမ့်ချချ နေတတ်ပေမယ့် သူက ကျုပ်တို့အတွက် တွန်းအားတစ်ခုပါ ၊ နောက်ဆုံးတိုက်ပွဲမှာ သူက အများကြီးအချိန်ဆွဲပေးနိုင်တဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ်”
ဇာမဏီမျိုးနွယ်မိန်းမပျိုက လျိုကျင်းနှင့်အခြားတောင်သခင်များကို မကျေမနပ်ဖြင့် အံတင်းတင်းကြိတ်ကာ ကြည့်လိုက်ရင်း…
“ဒါပေမဲ့ ဟုန်ယာမရှိရင် ကျွန်မတို့ ဇာမဏီမျိုးနွယ်တွေအကုန်လုံး ပျောက်ကွယ်သွားနိုင်တယ်”
လျိုကျင်းက…
“အဲဒီလိုမဖြစ်အောင် ကျုပ်တို့ဘက်က အများကြီး ကူညီပေးပါ့မယ်”
ထို့နောက် ဇာမဏီမျိုးနွယ်များ မကျေမနပ်ဖြင့်ပင် ခွန်လွန်တောင်မှ ပြန်သွားကြလေသည်။ ဟုန်ယာကတော့ သူမ၏မျိုးနွယ်များ ပြန်သွားကြသည်ကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
အရင်အချိန်များတုန်းက သူမက ခွန်လွန်တောင်တွင်ပင် နေထိုင်ရမည်ဖြစ်သောကြောင့် မည်သည့်အရာမှ လိုအပ်ခြင်းမရှိဟု ကျန်းလန်က ပြောခဲ့သည့်စကားကို သူမ ပြန်သတိရနေမိသည်။
ဘာပဲဖြစ်ဖြစ် သူမမရှိလျှင် ဇာမဏီမျိုးနွယ်များ ကြီးကြီးမားမား ဒုက္ခရောက်မည်ကို သိရှိသည့်အတွက် သူမ နေရပ်သို့ ပြန်လိုခဲ့သည်။ ဟုန်ယာ၏ရင်ထဲမှ ရုန်းကန်နေရမှုများကို လုန်ယွိကတော့ နားလည်သဘောပေါက်မိလေသည်။
ယခုဆိုလျှင် ကျန်းလန် တံခါးပိတ်ကျင့်ကြံနေသည့်မှာ အနှစ် (၅၀) ရှိပြီ ဖြစ်သော်လည်း ယခုအချိန်ထိတိုင် တုံ့ပြန်မှု မရှိသေးပေ။
“ဘုန်း”
ကျယ်လောင်သည့်အသံကြီးတစ်သံ ထွက်ပေါ်လာသည့်အတွက် နဝမတောင်ထွတ် ခြံဝင်းထဲတွင်ရှိနေသည့် လုန်ယွိက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
ကောင်းကင်ထက်မှ တစ်စုံတစ်ခုက ဗလာနယ်လေထုကို ဖြတ်ကျော်ကာ ပျက်သုဉ်းတစ်စပြင်လောကကြီးဆီသို့ ဆင်းသက်လာတော့မည်ကို သူမ အာရုံခံမိသည်။
နောက်ထပ် (၅)နှစ်အကြာတွင်တော့ ပထမတောင်ထွတ်ဆီမှ ကျယ်လောင်သည့်အသံကြီးတစ်သံထွက်ပေါ်လာပြီး ခွန်လွန်တောင်တစ်ခုလုံး တုန်ခါသွားသည်။
ပထမတောင်ထွတ်မှ ပြင်းထန်လွန်းသည့် ပရမ်းပတာစွမ်းအားများ ထက်ပေါ်လာလေရာ တံခါးပိတ်ကျင့်ကြံနေသည့် လုန်ယွိသည်ပင် ထိတ်လန့်သွားခဲ့ရသည်။ သူမက ချက်ချင်းပင် ကျောက်စိမ်းရေကန်၏ တန်ခိုးစွမ်းအားကို စုစည်းကာ ပထမတောင်ထွတ်မှထွက်ပေါ်လာသည့် ပရမ်းပတာစွမ်းအားကို ဖိနှိပ်ပေးထားခဲ့သည်။
“ဘုန်း”
ကျောက်စိမ်းရေကန်၏ တန်ခိုးစွမ်းအားက ပရမ်းပတာစွမ်းအားကို ချက်ချင်းပင် ဖိနှိပ်ထားလိုက်သည်။
လုန်ယွိတစ်ယေက်တည်းသာ ပထမတောင်ထွတ်မှထွက်ပေါ်လာသည့် ပရမ်းပတာစွမ်းအားကို အရှင်းလင်းဆုံး ခံစားနိုင်ခဲ့ပြီး အခြားသူများကတော့ ခံစားချင်မှ ခံစားရပေလိမ့်မည်။
“အဲဒါက ဂိုဏ်းတူမောင်လေးနဲ့ အခြားသူတွေ ရင်ဆိုင်ရမယ့်အရာလား”
ထိုသို့တွေးမိသည့်အခါ လုန်ယွိ မယုံကြည်နိုင်လောက်အောင် ကြောက်ရွံ့သွားသည်။ ဤအရာက ပရမ်းပတာစွမ်းအားတစ်ခုမျှသာဖြစ်သော်လည်း သူမသာ ထိုစွမ်းအားကို ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင် တစ်စစီ ပျက်စီးသွားနိုင်သည်။
အခြေအနေအနည်းငယ် တည်ငြိမ်သွားသည်နှင့် လုန်ယွိ ပထမတောင်ထွတ်သို့ ထွက်ခွာလာခဲ့သည်။ ပထမတောင်ထွတ်မှတပည့်များ အခြားတောင်ထွတ်များတွင် ရွှေ့ပြောင်းနေထိုင်ရန် ပြင်ဆင်နေကြသည်ကို တွေ့မြင်လိုက်ရသည်။
ပထမတောင်ထွတ်တစ်ခုလုံး အပျက်အစီးများဖြင့် ဖုံးလွှမ်းလျှက် ရှိသည်။
လုန်ယွိက အခြေအနေများကို အချိန်ကြာမြင့်စွာလေ့လာြ့ပီးနောက် ကျောက်စိမ်းရေကန်သို့ ပြန်လာခဲ့သည်။ လမ်းတစ်ဝက်တွင် ဆရာဖြစ်သူကျူးချင်နှင့် ဆုံတွေ့ခဲ့ပြီး ကျောက်စိမ်းရေကန်နတ်ဘုရားမအနေဖြင့် ပထမတောင်ထွတ်မှ စိမ့်ထွက်လာသည့် ပရမ်းပတာစွမ်းအားများကို ဆက်လက်ဖိနှိပ်ထားရန် တာဝန်ပေးခြင်း ခံရသည်။
မိုးနှင့်မြေမှ တန်ခိုးစွမ်းအားများ စုစည်းရာဖြစ်သော ကျောက်စိမ်းရေကန်သာလျှင် ထိုပရမ်းပတာစွမ်းအားများကို ဖိနှိပ်ထားနိုင်စွမ်း ရှိသည်။
လုန်ယွိသည် ကျောက်စိမ်းရေကန်၏တန်ခိုးစွမ်းအားကို အသုံးပြုကာ ပရမ်းပတာစွမ်းအားများကို ဖိနှိပ်ထားရသဖြင့် ကျောက်စိမ်းရေကန်မှ ထွက်ခွာနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် နဝမတောင်ထွတ်သို့ လာရောက်နိုင်သည့် နေ့ရက်များသည်လည်း နည်းပါးလာခဲ့သည်။ နဝမတောင်ထွတ်တွင် တစ်ပတ်ခန့်သာနေထိုင်နိုင်ပြီး ကျောက်စိမ်းရေကန်သို့ ပြန်သွားရသည်ချည်းပင်။
***
(၅)နှစ်ဆိုသောအချိန်က လျှပ်တပြက်အတွင်း ကုန်ဆုံးသွားသည်။
လုန်ယွိ ပထမတောင်ထွတ်၏ အခြေအနေကို ကြည့်ရှုရန်ထွက်လာခဲ့သည်။ နက်ရှိုင်းသည့်အမှောင်ထုတစ်ခုက ပထမတောင်ထွတ်ကို ဖုံးလွှမ်းသွားပြီး ပထမတောင်ထွတ်သည် အမှောင်ထုထဲတွင် ပျောက်ကွယ်သွားပြီ ဖြစ်၏။ အမှောင်ထုထဲမှ တစ်စုံတစ်ရာထွက်ပေါ်လာတော့မည်လားဟုပင် ထင်မှတ်ရသည်။
“ဘုန်း”
ကောင်းကင်ထက်မှ ကျယ်လောင်သည့်အသံကြီးတစ်သံ ထပ်မံထွက်ပေါ်လာသည်။ ယခုတစ်ကြိမ်တော့ ကောင်းကင်ကြီးအမှန်တကယ် နိမ့်ဆင်းပြိုကျလာသည်ကို သူမ မျက်စိဖြင့် ထပ်အပ်တွေ့မြင်လိုက်ရသည်။
ယခုဆိုလျှင် ကျန်းလန် တံခါးပိတ်ကျင့်ကြံနေသည်မှာ အနှစ် (၆၀) ရှိပြီ ဖြစ်သည်။ နောက်ထပ် (၁၀)နှစ်ဆိုလျှင် ကျန်းလန် ခွန်လွန်တောင်ရောက်ရှိသည်မှာ နှစ်ပေါင်း (၁၀၀၀) ပြည့်လေပြီ။
ကျန်းလန် ဘယ်အချိန်တွင် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာမည်ကို လုန်ယွိ မသိရှိသော်လည်း ပျက်သုဉ်းတစ်စပြင်လောကကြီးကတော့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ထက်မှ မီးတောက်မိုးများကျဆင်းလျှက် နေရာအရပ်ရပ်တွင် ရေလွှမ်းမိုးမှုများလည်း ဖြစ်ပေါ်နေသည်။ ငလျင်များလည်း အဆက်မပြတ်လှုပ်ခတ်နေလေရာ တိရိစ္ဆန်များ ၊ လူသားများအားလုံး သေကြေပျက်စီးကြကာ ဆင်းရဲဒုက္ခနှင့် တွေ့ကြုံကြရသည်။
ခွန်လွန်တောင်မှလူတိုင်းက ကမ္ဘာဖျက်ကပ်ဘေးကြီးနီးကပ်လာပြီဖြစ်ကြောင်း ရိပ်မိကြသည်။ ကျင့်ကြံခြင်းအဆင့် နိမ့်သည်ဖြစ်စေ ၊ မြင့်သည်ဖြစ်စေ ဤကပ်ဘေးကြီးကိုရင်ဆိုင်ရန် အသင့်ပြင်ထားကြသည်။
လင်စီးယာက လုန်ယွိဆီသို့ ရောက်လာသည်။
သဘာဝဘေးအန္တရယ်များက အနောက်ဘက်စွန့်ပစ်နယ်မြေအထိပါ ရောက်ရှိလာပြီဖြစ်သောကြောင့် ကျင့်ကြံရန်ပင် အချိန်မရှိတော့ကြောင်း သူမက လုန်ယွိကို ပြောပြသည်။
သာမန်လူအတော်များများမှာလည်း ခက်ခဲသည့်ကာလကို ရင်ဆိုင်နေကြရပြီး အင်မော်တယ်များက သူတို့ကို ဘေးအန္တရယ်ကင်းသည့်နေရာများသို့ ပို့ဆောင်ပေးနေကြရသည်။
သဘာဝဘေးအန္တရယ်များက ကာလရှည်ကြာ ပြင်းထန်လွန်းလေရာ အင်မော်တယ်များအတွက် ဆယ်စုနှစ်အနည်းငယ်သာ ဖြစ်သော်လည်း သာမန်လူသားများအတွက်တော့ တစ်ဘဝစာ ဖြစ်သည်။
အချို့ လှည့်လည်သွားလာနေကြသည့် ကျင့်ကြံသူများသည်လည်း တစ်ဘဝလုံးဆုံးရှုံးခဲ့ရသည်များ ရှိသည်။ ယနေ့ အန္တရယ်ကင်းနိုင်သော်လည်း မနက်ဖန်တွင် သဘာဝဘေးအန္တရယ်များကြောင့် အသက်ပျောက်သွားနိုင်သည်။
“ဂိုဏ်းတူအစ်မ ၊ ဒီကမ္ဘာဖျက်ကပ်ဘေးကြီးမှာ ကျွန်မတို့ ရှင်သန်နိုင်ကြပါတော့မလား”
လင်စီးယာက သူမ၏ဓားပေါ်တွင် မတ်တတ်ရပ်နေရင်း ကောင်းကင်ထက်သို့မော့ကြည့်ကာ မေးခွန်းထုတ်သည်။
လုန်ယွိက…
“တကယ်တော့ ဒီကပ်ဆိုးကြီးက ကျင့်ကြံသူတွေကို ပစ်မှတ်ထာတာမဟုတ်ဘူူး ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးကိုပဲ ပစ်မှတ်ထားတယ်လို့ ဆရာပြောတာ ကြားဖူးတယ် ၊ ဒီတော့ ငါတို့တွေ ရှင်သန်နိုင်မှာပါ”
သေချာပေါက် သူတို့အားလုံး ရှင်သန်နိုင်မည် လုန်ယွိ ယုံကြည်ထားသည်။ ကျန်းလန် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာလျှင်အရာအားလုံးက ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ရသည်။
သူတို့စကားပြောနေစဉ်မှာပင်…
“ဘုန်း”
ကျယ်လောင်သည့် မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။
“ဘုန်း”
“ဘုန်း”
“ဘုန်း”
ပြတ်ပြတ်သားသား ကျယ်လောင်လွန်းသည့် အသံကြီးများကြောင့် လုန်ယွိနှင့် လင်စီးယာတို့ နားများကို အုပ်ထားလိုက်မိကြသည်။ ထိုပေါက်ကွဲသံကြီးများကြောင့် သူတို့နေထိုင်သည့် ကမ္ဘာကြီး ပေါက်ကွဲသွားလေသလား ထင်မှတ်ရသည်။
သူတို့ဘဝတွင် တစ်ခါမှ မကြုံစဖူးသည့် ကြောက်မက်ဖွယ်ရာ အသံနက်ကြီးများပင် ဖြစ်သည်။ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်တော့ သူတို့ (၂)ယောက်လုံး အံ့အားသင့်သွားကြသည်။
အပြာရောင်ကောင်းကင် စုတ်ပြဲပွင့်ထွက်သွားပြီး ကောင်းကင်အက်ကွဲကြောင်းမှ နက်ရှိုင်းသည့် အမှောင်ထုတစ်ခု ထွက်ပေါ်လာသည်။ အမှောင်ထုထဲတွင် သွေးနီရောင်များ ရောယှက်လျှက် မြေပြင်ထက်သို့ ဆင်းသက်လာသည်ကို တွေ့မြင်ရသည်။
သွေးနီရောင်များကြားတွင် ပုံပျက်ပန်းပျက်ဖြင့် ကြောက်မက်ဖွယ်ကောင်းအောင် ပျက်စီးနေသည့် တန်ခိုးစွမ်းအားများ ၊ အဖျက်တရားများ ၊ အမျက်ဒေါသများ ပြည့်နက်နေသည်။
ကောင်းကင်ဘုံ…။
ကောင်းကင်ဘုံပြိုကျခဲ့ပြီး ဘေးအန္တရယ်ကပ်ဆိုးကြီး ဆင်းသက်လာပြီ ဖြစ်၏။
လင်စီးယာမှာ ကြောက်ရွံ့ထိတ်လန့်သွားပြီး လုန်ယွိကို နှုတ်ဆက်ကာ တတိယတောင်ထွတ်သို့ အလျှင်အမြန် ပြန်ပြေးတော့သည်။ လုန်ယွိလည်း သူမနှင့်အတူ လိုက်သွားချင်သည့်တိုင် လောလောဆယ်တွင် ကျောက်စိမ်းရေကန်ကို စွန့်ခွာသွားရန် မဖြစ်နိုင်ပေ။
ယခုအချိန်တွင် သူမက ခွန်လွန်တောင်အတွက် အလွန်အရေးကြီးသူတစ်ယောက် ဖြစ်နေလေရာ ပေါ့ပေါ့ဆဆဖြင့် ထွက်ခွာမသွားဝံ့ပေ။ မထွက်ခွာခင် ကြိုတင်ပြင်ဆင်မှုများစွာကို ပြုလုပ်ရမည် ဖြစ်သည်။
ကောင်းကင်ဘုံပြိုလဲပြီး ကမ္ဘာဖျက်ကပ်ဘေးကြီးဆင်းသက်လာသည်။ တာအိုတရားသည် လက်ရှိလောကနှင့် ဝေးကွာသွားသည်ဟု သူမ ခံစားမိသည်။
မိုးကောင်းကင်တာအို…။
လက်ရှိလောက၏မိုးကောင်းကင်တာအိုအား တစ်စုံတစ်ခုက ဖျက်စီးနေသည်ကို ခံစားမိသည်။
လုန်ယွိ နဝမတောင်ထွတ် တည်ရှိရာအရပ်ဆီသို့ စူးစူးစိုက်စိုက်လှမ်းကြည့်လိုက်သည်။
“ဂိုဏ်းတူမောင်လေး ၊ ဒီအကြောင်းတွေကို အစောကြီးကတည်းက သိနေခဲ့တာလား”
“ဒီ ဘေးအန္တရယ်ကပ်ဆိုးကြီးပြီးရင် ကျွန်မတို့ ပြန်တွေ့နိုင်ကြသေးတယ် မဟုတ်လား ၊ ရှင် တံခါးပိတ်ကျင့်ကြံရာက ထွက်လာရန် ကျွန်မတို့ စိန်ခေါ်ပွဲလုပ်ကြဦးမယ်လို့ သဘောတူထားတယ်လေ”
လုန်ယွိ၏စိတ်ထဲတွင် ဆိုးဝါးသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
“ဘုန်း”
သေရည်ဆိုင်ရှေ့တွင် မတ်တတ်ရပ်နေသည့်ကောင်ငယ်လေးမှာ မိုးကုပ်စက်ဝိုင်းဆီ မျှော်ကြည့်ရင်း ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
ကမ္ဘာဖျက်ကပ်ဘေးကြီး။
မိုးကောင်းကင်တာအိုဖျက်စီးခံရပြီး ကောင်းကင်ကြီးတစ်ခုလုံး အက်ကွဲသွားခြင်းက ကြီးကျယ်ခမ်းနားလွန်းသည်။ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး ပျက်စီးတော့မည်။
ဟုန်ယာလည်း အံ့အားသင့်သွားသည်။ ကောင်းကင်ထက်တွင် ဘာရှိလဲ သူမ နားမလည်နိုင်ခဲ့ပေ။ သို့သော် ကောင်းကင်ကြီးက ပျောက်ကွယ်သွားပြီး ဘေးအန္တရယ်ကပ်ဆိုးကြီး ဆင်းသက်လာသည်ကို မည်သူမှ ရှောင်လွှဲမရနိုင်ခဲ့ပေ။
လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများသည် ကမ္ဘာဖျက်ကပ်ဘေးကြီး ဆင်းသက်လာသည့် လက္ခဏာသာ ဖြစ်သည်။ သို့ပေသိ ထိုကပ်ဘေးကြီးကို မည်သို့ရင်ဆိုင်နိုင်ပါမည်နည်း။
ကောင်းကင်ဘုံပြိုကျလျှင် လူသားများ မည်သို့ခုခံနိုင်ပါမည်နည်း။
“မဖြစ်နိုင်မှန်းသိပေမယ့် ရင်ဆိုင်ရမှာပဲ ၊ တခြားရွေးချယ်စရာမရှိဘူး”
သေရည်ဆိုင်ရှင်အဘိုးအိုက သူတို့အနားသို့ရောက်လာပြီး တိုးလျသည့်လေသံဖြင့် ပြောလိုက်သည်။
“ကမ္ဘာဖျက်ကပ်ဘေးကြီးဆင်းသက်လာပြီ ၊ ခွန်လွန်တောင်က အားလုံးရဲ့ အဆုံးသတ်ပဲ ၊ ဒီနေရာမှာ နောက်ဆုံးတိုက်ပွဲကြီးဖြစ်ပွားတော့မယ် ၊ မင်းတို့လည်း ရှောင်တိမ်းနိုင်မှာ မဟုတ်ဘူး”
***
ပင်လယ် (၄)ခု ဒေသ။
အဋ္ဌမမင်းသားသည် ကောင်းကင်နဂါးဓားကိုကိုင်လျှက် အဆုံးမရှိသော ပင်လယ်ပြင်ထက်တွင် မတ်တတ်ရပ်လျှက် ရှိသည်။
သူက ပင်လယ်အတွင်းမှထွက်ပေါ်လာသည့် ကြီးမားလှသော ရေဝဲဂယက်ကြီးတစ်ခုကို ကြည့်နေသည်။ ထိုအရာက ပင်လယ်မျက်လုံးဖြစ်ပြီး အထဲမှ မရေမတွက်နိုင်သည့် မရဏမိစ္ဆာကောင်များ ထွက်ပေါ်လာသည်ကို တွေ့ရသည်။ နဂါးမျိုးနွယ်ပေါင်းများစွာ အသက်စတေးခဲ့ကြပြီး ဖြစ်သည့်တိုင် ပင်လယ်မျက်လုံးကို ဖိနှိပ်ထားနိုင်ခြင်း မရှိခဲ့ပေ။
“ဘုန်း”
မိုးကောင်းကင်အက်ကွဲသံကြီးထွက်ပေါ်လာကာ အမှောင်ထုကျဆင်းလာသည်ကို တွေ့မြင်ရသည်။ ထိုအမှောင်ထုထဲတွင် သွေးနီရောင်အလင်းတန်းများ စီးဆင်းလျှက် ရှိသည်။
လုန်မန်က ကောင်းကင်ထက်သို့ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ သူ့ကိုပိုပြီး စိတ်ပျက်သွားစေသည်မှာ ကောင်းကင်ထက်မှ အမှောင်ထုကို တွေ့မြင်လိုက်သည်နှင့် ပင်လယ်မျက်လုံးထဲမှ မိစ္ဆာကောင်များ ပိုပြီး သောင်းကြမ်းလာကြခြင်း ဖြစ်၏။
ထိုသတ္တဝါများကို အဋ္ဌမမင်းသားက ခါးသီးသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီအတိုင်းဆက်သွားနေလျှင် သူ ထိန်းနိုင်မည် မဟုတ်တော့ပေ။
နဂါးမျိုးနွယ်များသာ ရှုံးနိမ့်သွားမည်ဆိုလျှင် ပင်လယ် (၄)စင်းမှရေများက ကမ္ဘာမြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားမည် ဖြစ်ပြီး သက်ရှိများအားလုံး ပင်လယ်ရေအောက် အသက်ပျောက်သွားကြမည် ဖြစ်သည်။ နဂါးမျိုးနွယ်များသည်လည်း အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။
“ဂရား”
နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် ပင်လယ်ထဲမှ ဧရာမနဂါးကြီးတစ်ကောင် ထိုးထွက်လာပြီး ကောင်းကင်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုနဂါးကြီးသည်ကား ချန်ယွမ်နဂါးမင်းပင် ဖြစ်၏။
သူ၏နဂါးခန္ဓာမှ ထွက်ပေါ်လာသည့် ရွှေရောင်အလင်းတန်းများက ကောင်းကင်တစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး ပင်လယ်မျက်လုံးကို ဖိနှိပ်ထားကာ အထဲမှ မိစ္ဆာများကို နှိမ်နင်းပစ်လိုက်သည်။
“အဖေ”
နဂါးကြီးကိုတွေ့သည်နှင့် လုန်မန်အနည်းငယ် စိတ်သက်သာရာရသွားသည်။ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေရသဖြင့် သူ အတော်လေး ပင်ပန်းနေပြီ ဖြစ်သည်။ သို့သော် သူ အနားယူရန် မဝံ့ရဲခဲ့ပေ။
ယခုတော့ ဖခင်ဖြစ်သူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့လေပြီ။
“လုန်မန် ၊ ကောင်းကင်နဂါးဓားကို ဝှေ့ယမ်းလိုက် ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးက နောက်ဆုံးအခြေအနေရောက်နေပြီ ၊ တစ်ခုတည်းသောမျှော်လင့်ချက်က ခွန်လွန်တောင်ပဲ ၊ ဒါပေမဲ့ အဲဒီမျှော်လင့်ချက်ထွက်ပေါ်မလာခင် ကျုပ်တို့တွေက ပင်လယ် (၄)စင်းကို ကာကွယ်ထားရမယ်”
ချန်ယွမ်နဂါးမင်း၏အသံက ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။
လုန်မန်က မည်သည့်စကားမှမဆိုဘဲ ကောင်းကင်နဂါးဓားကို ဝှေ့ယမ်းလိုက်သည်။ တစ်ချိန်တည်းပင် သူ၏မျက်ခုံး (၂)ခုကြားတွင် ကျန်းလန်ထည့်သွင်းပေးထားသည့် ဓားဝိညာဉ် ထွက်ပေါ်လာသည်။
ကောင်းကင်နဂါးဓားမှ ဓားခြိမ်းသံကြီးထွက်ပေါ်လာပြီး နဂါးမျိုးနွယ်များ၏ တိုက်ခိုက်လိုစိတ်များ မြင့်တက်လာကြသည်။ တိုက်ပွဲအတွင်း နဂါးမျိုးနွယ်များစွာ ကျဆုံးခဲ့ရသဖြင့် ဦးရေလျော့ကျသွားပြီဖြစ်သော်လည်း သူတို့အားလုံး အစွမ်းကုန် တိုက်ခိုက်နေကြဆဲပင်။ သို့သော် ချန်ယွမ်နဂါးမင်း၏ ဦးဆောင်မှုဖြင့်ဆိုလျှင်တောင်မှ အချိန်မည်မျှကြာအောင် တောင့်ခံနိုင်မည်လဲ မသိနိုင်ပေ။
ထိုအချိန်…
“ဂရား”
အဝေးတစ်နေရာမှ နဂါးဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာသဖြင့် အားလုံး လှမ်းကြည့်လိုက်ကြသည်။
နက်မှောင်နေသည့် နဂါးနက်ကြီးတစ်ကောင်ကို သူတို့ တွေ့မြင်လိုက်ကြရသည်။
“ကျုပ်တို့လည်း နဂါးမျိုးနွယ်တွေပါပဲ ၊ ကျုပ်တို့ရဲ့ တိုက်လိုက်လိုစိတ်တွေ ထွက်ပေါ်လာဖို့ မင်းရဲ့ နဂါးဓားသိုင်းကို အသုံးပြုပါ နဂါးမင်းသား”
ထို့နောက် တွင်းနက်ကြီးထဲမှ မရေမတွက်နိုင်သည့် နဂါးနက်များထွက်ပေါ်လာပြီး အစစ်အမှန်နဂါးမျိုးနွယ်များဖြင့် လာရောက်ပူးပေါင်းကြသည်။ နဂါးနက်ပင်ဖြစ်စေ ၊ အစစ်အမှန်နဂါးပင်ဖြစ်စေ သူတို့အားလုံးက တူညီသော မျိုးနွယ်များ ဖြစ်ကြသည် မဟုတ်ပါလား။
***
အရှေ့ဘက်စွန့့်ပစ်နယ်မြေ။
ကောင်းကင်မီးတောက်များက မြေပြင်တစ်ခုလုံးအားလောင်ကျွမ်းနေပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက ကမ္ဘာမြေကြီးအတွင်း ကျူးကျော်ဝင်ရောက်လာပြီး ကမ္ဘာမြေကြီး ဗဟိုမဏ္ဍိုင်ကို ပျက်စီးသွားစေသည်။
ကမ္ဘာမြေကြီးက ငိုကြွေးနေပြီး တဟုန်ထိုးဝင်ရောက်လာသည့် အနက်ရောင်မြူခိုးများကို ရသမျှစွမ်းအားဖြင့် တွန်းလှန်နေသည်။
အနက်ရောင်မြူခိုးအများစုကို ချီလင်မျိုးနွယ်များက ပိတ်ဆိုးပေးထားသော်လည်း အချို့မှာ ကျန်ရှိနေဆဲဖြစ်ပြီး ကမ္ဘာမြေကြီး၏ ဗဟိုမဏ္ဍိုင်ဆီသို့ ကျူးကျော်ဝင်ရောက်နေဆဲ ဖြစ်သည်။
ယန်ရှီးယွင်၏ တာဝန်မှာ ကမ္ဘာမြေကြီး၏ ဗဟိုမဏ္ဍိုင်ကိုကာကွယ်ပေးပြီး အနက်ရောင်မြူခိုးများကို တိုက်ထုတ်ရန် ဖြစ်သည်။
“ဟူး”
ကမ္ဘာမြေကြီးဗဟိုမဏ္ဍိုင်မှ ခုခံမှုစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ယန်ရှီးယွင်က ထိုနေရာသို့ ဖြည်းဖြည်းချင်းတိုးကပ်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက ပူလောင်လွန်းသဖြင့် သူမ၏ခန္ဓာကိုယ် အရည်ပျော်သွားမတတ် ခံစားရသည်။
ယန်ရှီးယွင်က ကမ္ဘာမြေကြီးဗဟိုမဏ္ဍိုင်ရှိရာသို့ လှမ်းကြည့်လိုက်ရင်း…
“မကြောက်နဲ့နော် ၊ မင်းကို ငါ ကာကွယ်ပေးမယ်”
“ဘုန်း”
ထိုအချိန် အနက်ရောင်ဖြူခိုးများက ယန်ရှီးယွင်ကို ရုတ်တရ် ဝင်ရောက်တိုက်ခိုက်လိုက်သည်။
“ဝှစ်”
သူမလက်မောင်းတွင် ချက်ချင်းပင် အက်ကြောင်းများ ထင်သွားသည်။
ကံကောင်းသည်မှာ သူမ၏မျက်ခုံးနှစ်ခုကြားမှ တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူမကို ကာကွယ်ပေးထားသည်။ ထိုတန်ခိုးစွမ်းအားက ကျန်းလန်ထည့်သွင်းပေးထားသည့် တန်ခိုးစွမ်းအား ဖြစ်၏။
ယန်ရှီးယွင် ရှေ့သို့ တစ်လှမ်းချင်းတိုးလာသည်။
ထိုအချိန် ကောင်းကင်ထက်မှ ကြောက်မက်ဖွယ်ရာမိုးကြိုးတစ်ချက် ပစ်ချလိုက်ပြီး ကမ္ဘာမြေကြီး၏ ဗဟိုမဏ္ဍိုင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။
“ဘန်း”
ကမ္ဘာမြေကြီးဗဟိုမဏ္ဍိုင် အက်ကွဲသွားသည်။
ယန်ရှီးယွင်က ချက်ချင်းပင် မန္တန်အသုံးပြုပြီး ကမ္ဘာမြေကြီးဗဟိုမဏ္ဍိုင်ကို ပြန်လည်တည်ငြိမ်စေသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်မြူခိုးများက ယန်ရှီးယွင်ကို ဒေါသတကြီးဖြင့် ဝင်ရောက်တိုက်ခိုက်ကြသည်။
“အား…”
“ဘုန်း”
ယန်ရှီးယွင် ကြောက်လန့်တခြားဖြင့် မျက်လုံးများကို မှိတ်လိုက်သော်လည်း တိုက်ခိုက်မှုက သူမထံသို့ ဝင်ရောက်လာခြင်း မရှိပေ။
မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အဝေးတစ်နေရာတွင် မတ်တတ်ရပ်ရင်း အနက်ရောင်မြူခိုးများကို တိုက်ခိုက်နေသည့် ကမ္ဘာမြေ၏မိခင်ကို တွေ့လိုက်ရသည်။
“ကမ္ဘာမြေရဲ့ဗဟိုမဏ္ဍိုင်ကို ဆက်ပြီးကာကွယ်ပါ ၊ အပြင်မှာ ငါတို့က တိုက်ခိုက်ပေးမယ် ၊ မင်းက ကောင်းကင်ဘုံအရှင်နဲ့ ကမ္ဘာမြေရဲ့ အကာအကွယ်ကို ရရှိထားတယ် ၊ ဘာပြဿနာမှ မရှိလောက်ပါဘူး”
စကားဆုံးသွားသည်နှင့် ကမ္ဘာမြေ၏မိခင်ကလည်း ယန်ရှီးယွင်ကို ကာကွယ်ပေးရန် တန်ခိုးစွမ်းအားတစ်ခု ထည့်သွင်းပေးလိုက်သည်။
“ဟုတ်…”
ယန်ရှီးယွင် ကမ္ဘာမြေ၏ဗဟိုမဏ္ဍိုင်ကို ဆက်လက်ကာကွယ်ပေးနေသည်။ သူမ အသက်ရှင်သန်နိုင်ပါမည်လား မသိရှိပေ။ သို့ပေသိ သူမကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့သည့် ကမ္ဘာမြေက သူမ၏အကူအညီ လိုအပ်နေချိန်တွင် နောက်မဆုတ်နိုင်ပေ။
သူမ အသက်စွန့်ရမည်ဆိုလျှင်တောာင်မှ အကောင်းဆုံးကြိုးစားသွားမည် ဖြစ်သည်။
***
အလယ်ပိုင်းလွင်ပြင်ဒေသ ၊ ဝူထုန်တောင်။
ကောင်းကင်ထက်မှကျဆင်းလာသည့် မီးတောက်မိုးများကို ဇာမဏီမျိုးနွယ်များက အစွမ်းကုန်ကာကွယ်နေကြသည်။
ကောင်းကင်ထက်မှကျရောက်လာသည့် မီးပင်လယ်ကြီးကို ဇာမဏီမျိုးနွယ်များက ကာကွယ်ပေးနေကြသည်။ သို့မှသာ ကမ္ဘမြေကြီးကို ထိခိုက်စေမည်မဟုတ်ဘဲ သက်ရှိသတ္တဝါများ အသက်ရှင်နေထိုင်နိုင်ကြမည် ဖြစ်သလို ပျက်သုဉ်းတစ်စပြင်လောကကြီးသည်လည်း အဆုံးထိ တည်တံ့စေမည် ဖြစ်သည်။
ယခုနှစ်များအတွက် ဇာမဏီမျိုးနွယ်များသည်လည်း အရေအတွက် သိသိသာသာ လျော့ကျသွားခဲ့သည်။
နောက်ဆုံးတွင်တော့ ဘိုးဘေးဇာမဏီနတ်ဘုရားသည်လည်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့သည်။ သူမ ဝူထုန်တောင်မှပျံသန်းထွက်ခွာလာစဉ် ဇာမဏီငှက်အော်သံများကို ကြားလိုက်သည်။
သူမ၏ အင်မော်တယ်မီးတောက်က ပျက်သုဉ်းတစ်စပြင်လောကကြီးမှ ဇာမဏီမျိုးနွယ်များအားလုံးကို ထွန်းလင်းတောက်ပလာစေသည်။
ဘိုးဘေးဇာမဏီနတ်ဘုရား၏ အင်မော်တယ်မီးတောက် အကူအညီကို ရရှိခြင်းအားဖြင့် သူတို့အားလုံး ပိုပြီးသက်သက်သာသာဖြင့် ကောင်းကင်မီးတောက်များကို တားဆီးနိုင်ခဲ့ကြသည်။
အလယ်ပိုင်းလွင်ပြင်ဒေသ ၊ မီးတောင်ကျွန်း။
နတ်လူသားမျိုးနွယ်ယွင်ရှောင်းသည် လေထုထဲတွင် မတ်တတ်ရပ်လျှက် ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။
ကမ္ဘာဟောင်း၏ မိုးကောင်းကင်တာအို ပြိုကျလာပြီးနောက် ကောင်းကင်ဘုံသည်လည်း ဆင်းသက်လာသည်။ ယခုအချိန်သည် ပျက်သုဉ်းတစ်စပြင်လောကကြီးအနေဖြင့် ကမ္ဘာဖျက်ကပ်ဘေးကြီးကို ရင်ဆိုင်ရမည့်အချိန် ဖြစ်သည်။
ယွင်ရှောင်းက စကားတစ်ခွန်းမှမဆိုဘဲ နေရာမှာပင် မတ်တတ်ရပ်နေလေသည်။
ထိုအချိန် နတ်လူသားမျိုးနွယ်အကြီးအကဲတစ်ယောက် သူ့အနားသို့ ရောက်လာသည်။ ထိုသူက တာအိုအင်မော်တယ်တစ်ယောက် ဖြစ်သည်။
“ဘေးအန္တရယ်ကပ်ဆိုးကြီး ကျရောက်လာတော့မယ် ၊ ယွင်ရှောင်းဧကရာဇ် ဘာလုပ်ဖို့ စီစဉ်ထားသလဲ”
ယွင်ရှောင်းက…
“မင်းတို့က ကျုပ်ကို ဘာလုပ်စေချင်သလဲ”
နတ်လူသားမျိုးနွယ်အကြီးအကဲက…
“ခွန်လွန်ကို စစ်ချီပြီး သူတော်စင်ရာထူးအတွက် ယှဉ်ပြိုင်ပါ ၊ မင်းမှာ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်”
***