← Chapters

အခန်း (၃၅၉)

Vol. 25 Ch. 359

အခန်း (၃၅၉)

Vol. 25 Ch. 359

လီယွင်သည် ခန္ဓာကိုယ်ကို အသာလှည့်ပြီးနောက် ပြုံးပြလိုက်လေ၏။ လေထုထဲတွင် ကြည့်ကောင်းလှစွာဖြင့် လက်ကို အသာရမ်းခါပြီးသည့်နောက် ထိုင်ခုံသုံးခုက အလိုလို ပေါ်ပေါက်လာခဲ့၏။

၎င်းတို့သုံးယောက်လုံးသည် ထိုအရာကို အသားကြနေပြီးသား ဖြစ်၏။ ထို့ကြောင့် ခပ်မဆိပ်ပင် ထိုင်ချလိုက်ကြသည်။

"သွေးနတ်ဆိုးလောကက တည်နေရာဖြတ်သန်းလာမယ်ဆိုတဲ့ သတင်းကို အားလုံးသိရှိပြီး ဖြစ်လိမ့်မယ်" လီယွင်သည် အရင်ဆုံး ပြောဆိုလိုက်လေ၏။ သူသည် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ခြင်းပင်။

“စီနီယာထုတ်ဖော်လိုက်တဲ့ အင်ပါရီယန် ဆက်ခံသူစာရင်းကို ကျေးဇူးတင်ရပါမယ်"

ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် အသာဦးညွှတ်ကာဖြင့် ပြောလိုက်၏။ "အင်ပါရီယန် ဆက်ခံသူစာရင်းသာ မရှိဘူးဆိုရင် ကျုပ်တို့ ဒီသတင်းအချက်အလက်ကို သိတောင်သိမှာ မဟုတ်ဘူး"

အရင်တုန်းကနှင့် မတူချေ။ သွေးနတ်ဆိုးကလန်သည် ဂိုဏ်းကဏ္ဍခြောက်ခုနှင့် တိုက်ခိုက်ခဲ့ရ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သာ မရှိပါက သူတို့အနေဖြင့် အောက်စည်းဖက်သို့ ရောက်ရှိမှာ သေချာ၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင် တည်ရှိနေသောကြောင့် ကောင်းကင်မူလလောကကြီးသည် တစ်ပန်းသာလျက် ရှိနေလေ၏။ သွေးနတ်ဆိုးကလန်မှ အင်ပါယာရောက်ရှိလာလျှင်တောင်မှ သူတို့သည် အရမ်းကြီး စိုးရိမ်လိမ့်မည် မဟုတ်ချေ။ လီယွင်၏ တည်ရှိမှုသည် အားလုံးသောသူတို့ကို စိတ်သက်သာရာ ရစေခဲ့၏။ ကောင်းကင်မူလလောကကြီး ဖျက်ဆီးခံရမည့် အခြေအနေကိုလည်း လျော့ကျစေခဲ့သည်။

"အင်း မြောက်ပင့်ပြောနေစရာ မလိုတော့ပါဘူး။ ကျုပ်ဒါတွေကို ကြားရတာ ရိုးနေပြီ" လီယွင်သည် လက်ကိုယမ်းကာ ပြောဆိုလိုက်၏။

ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွင်း ဝင်ရောက်လာကြသည့် သက်ရှိတိုင်းသည် သူ့ကြောင်းကို မြောက်ပင့်ပြောဆိုကြသည်မှာ သဘာဝပင်ဖြစ်လေ၏။ လီယွင်သည် ထိုအရာများ အားလုံးကို အသားကျနေပြီ ဖြစ်၏။ ထပ်တလဲလဲ နားထောင်ရပြီးနောက် သူ၏ ကောင်းကြောင်းများကို နားထောင်ရသည်မှာ ခေါင်းကိုက်စရာပင် ဖြစ်လာခဲ့သည်။

“အင်း ….”

ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် အနည်းငယ် ဆွံ့အသွားခဲ့၏။ ပြီးနောက် ရယ်မောကာဖြင့် ဆက်လက် ပြောဆိုလိုက်၏။ "စီနီယာ … ကျုပ်တို့ ဒီတစ်ကြိမ်လာတာက သွေးနတ်ဆိုးလောကရဲ့ အကြောင်းကို လာပြီးတော့ စုံစမ်းတာပါ။ သွေးနတ်ဆိုးလောကဆီက ဘယ်လောက်များတဲ့ သတ္တဝါတွေ ရောက်လာမှာလဲ သိချင်မိတယ်။ ပြီးတော့ သူတို့ရဲ့ အင်ပါယာက လက်ရှိ ဘယ်အားအင်အဆင့်ရှိလဲ။ ကောင်းကင်မူလလောကကြီးထဲကို ရောက်နှင့်နေပြီလား။ "

၎င်း၏ စကားလုံးများသည် မြန်ဆန်လွန်းလှ၏။ ​မေးခွန်းများကလည်း ဆတ်တိုက်ပင်။

လီယွင်၏ အမူအရာသည် မပြောင်းလဲချေ။ ခပ်တည်တည်ဖြင့် ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်ပြောသမျှကို နားထောင်နေ၏။ ပြီးနောက် တစ်ခွန်းချင်းစီ ပြောလိုက်သည်။ "ခင်ဗျားရဲ့မေးခွန်း တစ်ခုချင်းစီတိုင်းက တန်ဖိုးကြီးမားနေတယ်"

ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် လက်တွင်ရှိနေသည့် လက်စွပ်ကို ချွတ်ကာဖြင့် လီယွင်၏ အရှေ့တွင် ထားလိုက်၏။ ဘေးတစ်ဖက်တွင် ရှိနေသော ရီချင်းမင်နှင့် လင်းကလန်တို့၏ ခေါင်းဆောင်တို့ကလည်း ၎င်းတို့၏ ပစ္စည်းများကို အသီးသီး ထုတ်လိုက်ကြ၏။

သွေးနတ်ဆိုးလောကကြီးနှင့် ပတ်သက်သည့် အကြောင်းအရာသည် ကောင်းကင်မူလလောကကြီး တစ်ခုလုံးနှင့် သက်ဆိုင်နေသည့် အကြောင်းအရာပင် ဖြစ်လေ၏။ ထို့ကြောင့် အစဦးကတည်းက စတင်လှုပ်ရှားခဲ့ပြီဖြစ်သော ဂိုဏ်းဂဏ အသီးသီးတို့ အနေဖြင့် ငြိမ်ငြိမ်သက်သက် စောင့်နေ၍ မဖြစ်ချေ။ အရင်ဦးဆုံး ခံစားရမည်မှာ သူတို့ပင်ဖြစ်သည် မဟုတ်ပါလား။

“ဒီတစ်ကြိမ် သွေးနတ်ဆိုးလောကကြီးကနေ တည်နေရာကို ဖြတ်သန်းလာမယ့် လူတွေက သိသိသာသာကြီးတော့ မဟုတ်ပါဘူး”

လီယွင်သည် သိုလှောင်လက်စွပ်များကို သိမ်းဆည်းပြီးသည့်နောက် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ သူ၏ အမူအရာသည် လုံးဝတစ်ချက်ကလေးမှ မပြောင်းလဲချေ။ စနစ်မှ ဖော်ညွှန်းပြသထားသော အကြောင်းအရာများကို တစ်ချက် လှမ်းကြည့် လိုက်၏။ ပြီးနောက် အရှေ့တွင် ရှိနေသည့် လူသုံးယောက်ဘက် လှည့်ကာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ကွာစီအင်ပါယာ တစ်ယောက်တည်းပဲ”

“ကွာစီအင်ပါယာ တစ်ယောက်တည်း ဟုတ်လား”

ရီချင်းမင်သည် ဇဝေဇဝါဖြင့် မျက်မှောင်ကုတ်လိုက်မိသည်။ သူက စုံစမ်းလိုက်၏။ “စီနီယာ... ကွာစီအင်ပါယာက အင်ပါယာဆက်ခံသူစာရင်းထဲမှာ ပါဝင်တဲ့ ရှန်းတုရှင်းများလား”

“ဟုတ်တယ်” လီယွင်က ခေါင်းညိတ်လိုက်၏။

“သွေးနတ်ဆိုးလောကကြီးကို ကြည့်ရတာ ယုံကြည်ချက် တချို့တော့ ရှိနေပုံပဲလေ။ ကွာစီအင်ပါယာ တစ်ယောက်ကို အရင်ဆုံး စေလွှတ်လိုက်တယ်ဆိုတော့ သူတို့က ဘာလုပ်ချင်တာလဲ” ရီချင်းမင်က တီးတိုး ရေရွတ်လိုက်၏။ သူသည် ဇဝေဇဝါ ဖြစ်လို့နေပုံပင်။

မူလအားဖြင့် သွေးနတ်ဆိုးလောကကြီးသည် များပြားလှသည့် စစ်သည်များနှင့် ဦးဆောင်သူ ကွာစီအင်ပါယာ တစ်ယောက်ကို စေလွှတ်လိုက်လိမ့်မည်ဟု သူတို့က ထင်မှတ်ခဲ့၏။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ ကွာစီအင်ပါယာတစ်ယောက်တည်းသာ အရင်ဆုံး ရောက်ရှိလာခဲ့၏။

ကြည့်ရသည်မှာ ဤအရာသည် သွေးနတ်ဆိုးလောကကြီး၏ လုပ်ထုံးလုပ်နည်း၊ လုပ်ပုံကိုင်ပုံနှင့် မတူညီလှချေ။ ကြီးကြီးမားမား စစ်ပွဲကြီးတစ်ခု ဖန်တီးပြုလုပ်မည့်ပုံလည်း မပေါ်လှချေ။

ထို့အပြင် လောကကြီးတစ်ခုလုံးကို လွှမ်းမိုးချင်သည်ဆိုပါက တစ်စုံတစ်ယောက် အနေနှင့် များပြားလှသည့် အရာများကို ပြုလုပ်ရန် လိုအပ်နေ၏။ ကွာစီအင်ပါယာတစ်ယောက်သည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာသည် ဆိုလျှင်တောင်မှ အရာအားလုံးကို သိရှိအောင် စုံစမ်းနိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် များပြားလှသော ကိစ္စရပ်များကို ပြုလုပ်ရန် ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

“စီနီယာ... သွေးနတ်ဆိုးလောကက စစ်သည်တွေ ဘယ်အချိန်မှာ ရောက်လာမှာလဲ” လင်းကလန်၏ ခေါင်းဆောင် က မေးမြန်းလိုက်သည်။

ကွာစီအင်ပါယာတစ်ယောက် ရောက်ရှိလာခြင်းသည် အစဦးပိုင်းသာ ဖြစ်လိမ့်မည်ဟု သူက တွေးတောထားမိ၏။ တကယ့် စိန်ခေါ်မှုသည် များပြားလှသည့် ကွာစီအင်ပါယာများ ထပ်မံရောက်ရှိလာမည့် အချိန်ပင်ဖြစ်၏။

“စစ်သည်တွေ ဟုတ်လား”

လီယွင်သည် အသာရယ်မောကာဖြင့် ပြောလိုက်သည်။ “သူတို့ လာမှာ မဟုတ်ဘူး”

“ဟမ်”

ထိုအရာကို ကြားသည့်အချိန်မှာတော့ လင်းကလန်၏ ခေါင်းဆောင်သည်‌ ကြောင်တောင်တောင် ဖြစ်သွားမိ၏။ သူသည် တခြားသူနှစ်ယောက်ကို လှမ်းကြည့်လိုက်၏။

တခြားသော လူနှစ်ယောက်တို့၏ မျက်လုံး ထဲတွင်လည်း နဝေတိမ်တောင် အမူအရာများဖြင့် ပြည့်နှက်လျက် ရှိနေသည်။

“စီနီယာ ဆိုလိုတာက”

ရီချင်းမင်၏ နှလုံးသားတစ်ခုလုံးသည် လှုပ်ရှားသွားခဲ့၏။ သူက တီးတိုး မေးမြန်းလိုက်၏။ “သွေးနတ်ဆိုးလောက ရဲ့ အင်ပါယာက စိတ်ပြောင်းသွားတာလား”

ကြည့်ရသည်မှာ ဖြစ်နိုင်ဖွယ်ရာ တစ်ခုတည်းသာလျှင် ရှိ၏။ သွေးနတ်ဆိုးလောကမှလူများ ရောက်ရှိမလာခြင်း ဆိုသည်မှာ အင်ပါယာ စိတ်ပြောင်းသွားခြင်းသာ ဖြစ်နိုင်သည်။

“မဟုတ်ဘူး”

လီယွင်သည် ဆက်လက်ကာ တုံ့နှေးမနေတော့ချေ။ တီးတိုးပြောဆိုလိုက်၏။ “သွေးနတ်ဆိုး လောကကြီးထဲမှာ သွေးနတ်ဆိုးက နှစ်ယောက်ပဲ ကျန်တော့လို့”

“ဒါက”

အားလုံးသောသူတို့သည် လေအေးများ ရှူရှိုက်လိုက်မိကြ၏။ လောကကြီး ဘာတွေဖြစ်သွားသနည်း။ သူတို့ အနေဖြင့် သွေးနတ်ဆိုးလောကကြီးဆီသို့ မရောက်ဖူးသော်လည်း ဤအရာသည် လောကကြီး တစ်ခုသာလျှင်ဖြစ်၏။ ပြောရမည်ဆိုလျှင် ကောင်းကင်မူလလောကကြီးနှင့် အနည်းငယ် နှိုင်းယှဉ်လို့ ရနိုင်သည့် လောကကြီးတစ်ခုဖြစ်၏။ ထိုကဲ့သို့သော လောကကြီးသည် သေးငယ်သည့် လောကကြီးတစ်ခု မဟုတ် နိုင်ပေ။

တူညီစွာပင် သွေးနတ်ဆိုးလောကမှ လူများသည် ကောင်းကင်မူလလောကကြီးမှ လူများထက် အနည်းငယ် သာလျှင် လူဦးရေ နည်းပေလိမ့်မည်။ လူဦးရေ သန်းထောင်နှင့်ချီ နေနိုင်သည့် လောကကြီးပင် ဖြစ်ပေလိမ့်မည်။ ယခင်တုန်းက သွေးနတ်ဆိုးလောကမှ လူများသည် အရေအတွက် အရလည်း ပိုမိုကာ များပြားခဲ့ပုံပေါ်၏။ သွေးနတ်ဆိုးလောကထဲမှ ကလန်တစ်ခုလောက် ပျက်စီး ပျောက်ကွယ်သွားခြင်းသည် သမုဒ္ဒရာထဲမှ ရေတစ်စက် လျော့ကျသွားသကဲ့သို့ပင် ဖြစ်၏။

သွေးနတ်ဆိုးကလန်သည် သွေးနတ်ဆိုးလောကကြီးတွင် ဦးစီးဦးဆောင် ကလန်အဖြစ် ရပ်တည်လျက် ရှိနေသည် ဖြစ်သော်လည်း တခြားများပြားလှသည့် ကလန်များမှ စစ်သည်တော်များ အားလုံးကတော့ တည်ရှိလို့ နေသေး၏။ ယခု သွေးနတ်ဆိုးနှစ်ကောင်သာလျှင် ကျန်ရှိတော့သည်လား။

ရှန်းတုရှင်းသည် ၎င်းတို့နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်နေသည်လား။ ကျန်ရှိနေသည့် တစ်ယောက်သည် သွေးနတ်ဆိုးလောကကြီး၏ အင်ပါယာ ဖြစ်နေလေသည်လား။ သွေးနတ်ဆိုးလောကကြီး၏ ကလန်တစ်ခုလုံး သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရသည်ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်နေလေ၏။

တခြားသောလောကထဲတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို သူတို့ သေသေချာချာ မသိရှိနိုင်သော်လည်း သွေးနတ်ဆိုးလောကကြီးတွင် သွေးနတ်ဆိုးများသည် လွယ်လွယ်ကူကူဖြင့် ပျောက်ကွယ်သွားနိုင် သည့်အရာမျိုး မဟုတ်ပေ။

“စီနီယာ”

ရွှေကျီးကန်းကလန်ခေါင်းဆောင်၏ မျက်လုံးထဲတွင် နဝေတိမ်တောင် အမူအရာများ ဖြစ်တည်လျက် ရှိနေ၏။ သူက မေးမြန်းလိုက်သည်။ “သွေးနတ်ဆိုးလောကကြီးက ကြီးမားတဲ့ ကပ်ဘေးကြီးကို ကြုံခဲ့ရတာလား”

ဤစကားစုသည် တခြားသောသူ နှစ်ယောက်တို့ကိုလည်း ဇဝေဇဝါပင် ဖြစ်စေခဲ့၏။

“အဲလို ဖြစ်လိမ့်မယ်”

လင်းကလန်၏ ခေါင်းဆောင်သည် စိတ်သက်သာရာရသလို သက်ပြင်းချကာဖြင့် ပြောလိုက်သည်။ “သွေးနတ်ဆိုးလောကထဲမှာ ရှိနေတဲ့ တခြားသော မျိုးနွယ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီးတော့ သွေးနတ်ဆိုးကလန်ကြီး တစ်ခုလုံး ပျက်စီးသွားတာလည်း ဖြစ်နိုင်တယ်”

ဤကဲ့သို့သော တွက်ချက်မှုသည် တကယ်ပင် ဖြစ်နိုင်ဖွယ်ရာ ဖြစ်၏။ သို့ပေမဲ့ ထိုကဲ့သို့ ပြောဆိုလိုက်သည့် လင်းကလန်၏ ခေါင်းဆောင်သည်ပင်လျှင် ၎င်း၏ စကားများထဲတွင် မသေချာ၊ မရေရာမှုများ ပါဝင်လျက် ရှိနေလေ၏။

လောကထဲတွင် မျိုးနွယ်စုတစ်ခုအား ဝိုင်းဝန်းတိုက်ခိုက်ခြင်းဆိုသည်မှာ ဖြစ်နိုင်ဖွယ်ရာ ကိစ္စပင် ဖြစ်လေ၏။ ဥပမာအားဖြင့် ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် လူသားမျိုးနွယ်များပင် ဖြစ်သည်။ ၎င်းတို့သည် အသင်္ချေ များပြားလှသည့် မျိုးနွယ်စုများ၏ တန်ပြန်တိုက်ခိုက်မှုကို ခံရပြီးသည့်နောက် လူသားမျိုးနွယ် တစ်ခုလုံး နိမ့်ကျသည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ကြ၏။ ယခုအချိန်တွင် ပြည့်စုံသည့် ကျင့်ကြံခြင်း နည်းစနစ် ကိုပင် မပိုင်ဆိုင်ဘဲ လူသားမျိုးနွယ်၏ အားအကောင်းဆုံးသော ကျင့်ကြံသူသည် သူတော်စင်အဆင့်၌သာ ရှိတော့၏။ ဤမျှ ဆိုးယုတ်သည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ရသည်။

All Chapters