← Chapters

အခန်း (၃၆၃)

Vol. 25 Ch. 363

အခန်း (၃၆၃)

Vol. 25 Ch. 363

ဘုန်း ....။

တည်နေရာတစ်ခုလုံး ပေါက်ကွဲထွက်သွား၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူတစ်ယောက်သည် ကောင်းကင်မူလလောကကြီး၏ အပြင်ဘက်ဆီမှ ခြေတစ်လှမ်းချင်းဆီ လှမ်းကာ ဝင်ရောက်လာခဲ့၏။ လောကကြီးတစ်ခုလုံး ပြိုကွဲလုမတတ်ပင်။

“ဒီအော်ရာတွေ”

ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် အနောက်သို့ အနည်းငယ် ဆုတ်လိုက်၏။ သူသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူကျယ်နေမိသည်။ “အင်မော်တယ်လား”

သူသည် ထိုစကားစုကိုပင် မနည်း ဖျစ်ညှစ်ကာ ပြောဆိုလိုက်၏။

“အင်မော်တယ် ဟုတ်လား”

ဤစကားစုသည် ကောင်းကင်မူလလောကကြီး၏ သမိုင်းကြောင်း ဒဏ္ဍာရီထဲတွင် မရှိသည့် စကားစုပင် ဖြစ်လေ၏။ ဆိုလိုရင်းသည် အလွန်တရာ စွမ်းအားမြင့်မားလွန်းပြီး ပြိုင်ဆိုင်၍ မရနိုင်သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပင်။

ရွှေကျီးကန်းကလန်ဘိုးဘေးနှင့် ရီစုန်တို့သည် သွေးနတ်ဆိုးလောကထဲမှ အင်မော်တယ် တစ်ယောက် ပေါ်ပေါက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ အင်မော်တယ် တစ်ယောက် ရောက်ရှိမလာခင် ကတည်းက တည်နေရာလမ်းကြောင်း တစ်ခုလုံးသည် ပျက်စီးသွားခဲ့ပြီဖြစ်၏။

ဘာကို ဆိုလိုသနည်း။ ရောက်ရှိလာခဲ့ပြီး ဘယ်တော့မှ ပြန်ထွက်မသွားဟု ဆိုလိုခြင်းပင် ဖြစ်နေသည်လား။

“ကောင်းကင်မူလလောကကြီးထဲမှာ နန်းဆောင်သခင် တစ်ယောက်တည်းက အင်မော်တယ် ဖြစ်လိမ့်မယ်။ သွေးနတ်ဆိုးလောကကြီးရဲ့ အင်မော်တယ် ဘယ်လိုပေါ်လာတာလဲ။ ဘယ်လို ဖြစ်နိုင်မှာလဲ” ရီစုန်သည် အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။

အဝေးတစ်နေရာတွင် ရှိနေသည့် လူကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် သူ၏ အမူအရာ တစ်ခုလုံးသည် ကြောင်အအဖြစ်လို့ နေခဲ့သည်။ တစ်ဖက်လူ ရောက်ရှိမလာခင်ကပင်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားဒဏ်ကို ခံစားနေရပြီ ဖြစ်၏။ အင်မော်တယ်တစ်ယောက် လောကကို ဖြတ်သန်းကာ ရောက်ရှိလာမည့် အချိန်တွင် မည်မျှ ခက်ခဲမည်ဖြစ်ကြောင်း စိတ်ကူးကြည့်ရုံနှင့်ပင် သိရှိနိုင်စွမ်းရှိ၏။

“သူက အင်မော်တယ်တစ်ယောက် မဟုတ်ဘူး”

ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားသော ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် မျက်နှာများ ဖြူလျော်သွားခဲ့တော့၏။ “သူက အစစ်အမှန် အင်မော်တယ်တစ်ပိုင်းအဆင့်ပဲ။ စီနီယာ နန်းဆောင်သခင်က ပြောထားတယ်။ သူက တစ်ပိုင်းအဆင့်တဲ့။ မှားစရာအကြောင်း မရှိဘူး”

“အစစ်အမှန် အင်မော်တယ်တစ်ပိုင်းအဆင့် ဟုတ်လား” ရီစုန်၏ အမူအရာသည် ပိုမိုကာ ကောင်းမွန်လာခြင်းတော့ မရှိပေ။

“စီနီယာရဲ့ စကားအရဆိုရင် ဒီလူက တော်ဝင်အင်ပါယာ ကျန်းထျန်လို့ ခေါ်တယ်။ သူက သွေးနတ်ဆိုး လောကတစ်ခုလုံးကို သွေးစတေးမှု ပြုလုပ်ခဲ့တဲ့ လူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အားအင်အဆင့်က အစစ်အမှန် အင်မော်တယ်အနားကို ချဉ်းကပ်နေပြီ။ ကျုပ်တို့ သူ့ကို ခုခံနိုင်မှာ မဟုတ်ဘူး” ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် ဖြည်းညှင်းစွာ နောက်ဆုတ်ရင်း ပြောဆိုလိုက်၏။

သူသည် သူ၏ ဂျူနီယာဆီမှ သတင်းအချက်အလက်များကို ရယူပြီးပြီးချင်းပဲ နောက်ပြန်ဆုတ်ရန် ရည်မှန်းချက် ထားရှိခဲ့ပြီးသားဖြစ်၏။ အရာအားလုံးသည် သူတို့ မျှော်မှန်းထားသည့်အရာထက် သာလွန်လို့ နေခဲ့၏။ အင်ပါယာ ကျန်းထျန်သည် နာမည်နှင့် လိုက်ဖက်အောင် အသက်ရှင် နေထိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ရောက်ရောက် လာချင်းမှာပဲ တည်နေရာလမ်းကြောင်းကြီး တစ်ခုလုံးကို ဖျက်ဆီးခဲ့၏။ ထို့အပြင် သွေးနတ်ဆိုး လောကကြီးသည် မရှိတော့ချေ။ တည်နေရာလမ်းကြောင်း ရှိခြင်း၊ မရှိခြင်းသည် ၎င်းအတွက် ထူးခြားသည့် ကိစ္စမျိုး မဟုတ်တော့ချေ။

“သူလာပြီ ဆိုမှာတော့ အဆုံးမဲ့တဲ့ ကပ်ဘေးကြီး ကြုံရတော့မှာပဲ” ရီစုန်သည် လက်ကို အသာမြှောက်ပြီးသည့်နောက် လေဟာနယ်ကို ဖမ်းဆုပ်လိုက်၏။ အမဲရောင်ပုဆိန်ကြီး တစ်ခုသည် တောက်ပလျက် ရှိနေသည့် အလင်းရောင်ကို ထုတ်ဖော်ကာ ကောင်းကင်ယံ၌ ပေါ်ပေါက်လာခဲ့၏။ ကြီးမားလွန်းလှသည့် ပုဆိန်ကြီး ပေါ်ပေါက်လာသည့် အချိန်မှာ‌တော့ အင်ပါရီယာအော်ရာများသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ် လာခဲ့၏။

“ရီစုန်... ဘာလုပ်ချင်တာလဲ”

ရွှေကျီးကန်းကလန်၏ ဘိုးဘေးက လှမ်းကာ အော်ဟစ်လိုက်၏။ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည် ဟု သူ မထင်မှတ်ထားချေ။ သို့ပေမဲ့ ရီစုန်သည် ဆက်လက်ကာ တိုက်ခိုက်ရန် စဉ်းစားလျက် ရှိနေ၏။ သေလမ်းရှာနေလေသည်လား။

“မတိုက်ဘဲနဲ့ ကျုပ်တို့ကြားမှာ ရှိနေတဲ့ ကွာခြားချက်ကို ဘယ်လိုလုပ် နားလည်မှာလဲ” ရီစုန်၏ အသံက ပေါ်ပေါက် လာခဲ့သည်။

ကောင်းကင်ထက်တွင် ပုဆိန်ကြီးကို ချာချာလည်အောင် ဝှေ့ယမ်းပြီးသည့်နောက် သူ၏ အမဲရောင် ဆံနွယ်ရှည်များသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေ၏။ ဝတ်စုံတစ်ခုလုံးသည်လည်း တဝုန်းဝုန်းနှင့် လှုပ်ခါလျက် ရှိနေ၏။ သူသည် ခြေထောက်ကို‌ မြှောက်ကာဖြင့် လေဟာနယ်ထဲသို့ ကန်ကျောက်လိုက်၏။ သူသည် ပြိုင်ဘက်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် စဉ်းစားနေခြင်းပင် ဖြစ်၏။ သို့ပေမဲ့ သူ၏ ခြေထောက်သည် လေဟာနယ်ထဲဆီသို့ပင် ကောင်းကောင်း မဆန့်ရသေးချေ။

ဆန်းကြယ်လွန်းလှသည့် ပုံရိပ်သည် ရုတ်တရက် ရပ်တန့်သွားခဲ့တော့၏။ ရှုပ်ထွေးလှသည့် လေဟာနယ် တည်နေရာကြီးထဲတွင် မတ်မတ်ရပ်ပြီးသည့်နောက် ကောင်းကင်မူလလောကကြီးကို လှမ်းကာကြည့်ရှုလိုက်၏။ ၎င်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး သူ၏မျက်လုံးများသည် နေနှင့်လကဲ့သို့ပင် စူးရှတောက်ပလွန်းလှချေ၏။

ဝုန်း

သိသာသည့် လှုပ်ရှားမှု တစ်ခုမှ ပြုလုပ်သည် မဟုတ်သော်လည်း တည်နေရာဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အသံကျယ်ကြီး ပေါ်ပေါက်လာပြီးသည့်နောက် ရှိရှိသမျှသော လူများ၏ ဝိညာဉ်များကိုပင် တုန်ခါစေခဲ့သည်။

ရီစုန်နှင့် ရွှေကျီးကန်းကလန်၏ ဘိုးဘေးတို့၏ မျက်နှာများသည် ဖြူလျော်သွားခဲ့ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် စိတ်အခြေခံသည်ပင်လျှင် ပျက်ယွင်းလုမတတ် ဖြစ်နေ၏။ သူတို့သည် အမှန်ပင် တုန်လှုပ်နေမိကြ၏။ လှုပ်ရှားတိုက်ခိုက်မှုကိုပင် မပြုလုပ်ရသေးချေ။

ရီစုန်မှာတော့ အစောကြီးကတည်းက အောက်စည်းသို့ ရောက်ရှိနေပြီ ဖြစ်၏။

တော်ဝင်အင်ပါယာ ကျန်းထျန်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မတ်မတ်ရပ်နေသည် ဆိုလျှင်တောင်မှ အားလုံးသော သူများ၏ ဝိညာဉ်များကို တုန်ခါအောင် ပြုလုပ်နိုင်စွမ်း ရှိလို့နေခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်တွင် အစစ်အမှန် နဂါးတစ်ကောင်သည် ကခုန်ကာဖြင့် ရစ်သိုင်းလျက် ရှိနေသည်။

ဖြောက် ဖြောက် ဖြောက်

အသံများ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ရွှေကျီးကန်းကလန်၏ ဘိုးဘေးနှင့် ရီစုန်တို့သည် အမှန်ပင် အံ့အားသင့်လျက် ရှိနေ၏။ တဖြည်းဖြည်းချင်း ကြီးမားလာသည့် ဖိအားဒဏ်ကို အားလုံးက ခံစားလာမိကြ၏။ သက်ရှိသတ္တဝါပေါင်း များစွာတို့သည်လည်း ဤကဲ့သို့သော ခံစားချက်ကို ရရှိနေခဲ့ကြ၏။

တော်ဝင်အင်ပါယာများပင်လျှင် ကြီးမားသည့် ဖိအားဒဏ်ကို ခံနေရသောကြောင့် ရှိရှိသမျှသော ပတ်ဝန်းကျင်ရှိ တောင်များ၊ ချောင်းများ အရာအားလုံးတို့သည် ပျက်စီးလျက် ရှိနေ၏။ ကောင်းကင်ယံတွင် ရှိနေသည့် ကြယ်တာရာ များပင်လျှင် တစ်ခုပြီးတစ်ခု အောက်သို့ ပြုတ်ကျကုန်သည်။

ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် သူတော်စင်အဆင့်နှင့်အထက် သက်ရှိသတ္တဝါများ အားလုံး တို့သည် ထိတ်လန့်ကြောက်ရွံ့နေမိကြ၏။ ၎င်းတို့၏ အားအင်သည် ပိုမိုကာ အားကောင်းလေ လက်ရှိဖြစ်တည် နေသည့် ကြောက်မက်ဖွယ်ရာ အော်ရာများကို ပိုမိုခံစားမိလေဖြစ်၏။

“သူ ဘာတွေ လုပ်နေတာလဲ”

ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် မယုံကြည်နိုင်သလိုပင် တုန်လှုပ်လျက် ရှိနေသည်။

အချိန်အတိုင်းအတာတိုအတွင်းမှာပဲ ကောင်းကင်မူလလောကကြီး၏ တည်နေရာ တော်တော်များများတို့သည် ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိကုန်၏။ ထိုနေရာတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့သည် အရိုးဖြူများ အဖြစ်သာ ကျန်ရှိခဲ့တော့၏။ အရာအားလုံးတို့သည် အချိန်၏ မြစ်ရေစီးကြောင်းအတိုင်း ပျက်စီးပျောက်ကွယ် သွားသကဲ့သို့ပင်။ မည်သူမှ မတို့မထိရသေးသော ဤအရိုးဖြူများ အားလုံးတို့သည် တဖြည်းဖြည်းနှင့် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

“သူက ကောင်းကင်မူလလောကကြီးကို ဖျက်ဆီးပြီး အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းချင်တာလား” ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် တစ်စုံတစ်ခုသော အကြောင်းအရာကို သတိပြုလိုက်မိသည်။

လက်ရှိအချိန်တွင် သူသည် ထွက်ခွာသွားရန် စဉ်းစားခဲ့မိ၏။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ မယုံကြည် နိုင်လောက်အောင် ပြင်းထန်လွန်းလှသည့် အားအင်များသည် သူ့ကို ရစ်သိုင်းလျက် ရှိနေလေပြီး တည်နေရာဆီမှ ထွက်ခွာမရအောင် ပြုလုပ်နေ၏။

သူသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အကြည့်နှင့် တစ်ဖက်လူကိုသာ ကြည့်ရှုနေမိ၏။ သူအနေနှင့် ထွက်ပြေးရန် ကြိုးစားသည်ဆိုပါက ကျိန်းသေပေါက် ကြမ်းတမ်းလွန်းလှသည့် တိုက်ခိုက်ချက်ကို ခံစားရမှာ သေချာ၏။ ထို့ကြောင့် ငြိမ်ငြိမ်သက်သက် ရပ်တန့်နေခြင်းသာလျှင် အကောင်းဆုံး ဖြစ်သည်။

All Chapters