အခန်း (၃၆၅)
Vol. 25 Ch. 365
သူ၏ ဂျူနီယာမှ ပေးပို့လိုက်သည့် သတင်းအချက်အလက်များ ပါဝင်သော ကျောက်စိမ်းပြားကို ထုတ်ယူပြီးသည့်နောက် ရွှေကျီးကန်းကလန် ဘိုးဘေး၏မျက်နှာတစ်ခုလုံးသည် ပြောင်းလဲသွားခဲ့၏။ ပြီးနောက် အဝေးတစ်နေရာရှိ တိုက်ပွဲကို လှမ်းကြည့်ရင်း သက်ပြင်းချကာဖြင့် ကျောက်စိမ်းပြားကို နှမျောတသဖြင့် ပြန်သိမ်းလိုက်မိ၏။
လက်ရှိအချိန်အထိ သူ၏ ဂျူနီယာသည် သတင်းစကားနှစ်ခုကိုသာ ပေးပို့ခဲ့၏။ မည်သို့ပင်ကြည့်ကြည့် ဤအရာသည် ပုံမှန်မဟုတ်ချေ။ သူ၏ဂျူနီယာအနေဖြင့် သူ့အား မဆက်သွယ်ခြင်း ဖြစ်ပုံမပေါ်ချေ။ လောကကြီး၏ အကန့်အသတ်သည် တားဆီးခံလိုက်သောကြောင့် ပြင်ပမှ သတင်းအချက်အလက်များ မဝင်ရောက်နိုင်လာခြင်းသာ ဖြစ်ပေလိမ့်မည်။
တော်ဝင်အင်ပါယာ ကျန်းထျန်အနေဖြင့် ကောင်းကင်မူလလောကကြီးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက် ရှိနေမှတော့ အထဲတွင် ရှိနေသည့် သက်ရှိ သတ္တဝါ အကုန်လုံးတို့အား မည်သို့မှ သနားညှာတာမှု ပြလိမ့်မည် မဟုတ်ချေ။ သက်ရှိတို့သည် ၎င်းတို့၏ ပထမဆုံး ပစ်မှတ်သာလျှင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် တွေးတောနေစရာပင် မလိုအပ်ချေ။ ဤတည်နေရာဆီမှ ထွက်ခွာသွားရန် ဆိုသည်မှာ သူတို့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့၏။
"အင်း …. အဆုံးသတ်တော့ တိုက်ခိုက်ရတော့မှာပဲ"
ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် ထပ်မံကာ သက်ပြင်းချလိုက်၏။ ရှေ့ဆီသို့ လှမ်းတက်လာပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှေရောင်အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ ကောင်းကင်ယံတွင် ခြစ်ခြစ်တောက် ပူလောင်သော နေလုံးကြီးတစ်ခု ပေါ်ပေါက်လာခဲ့လေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အပူဓာတ်သည် လေဟာနယ် တစ်ခုလုံးကိုပင် ကျွမ်းလောင်စေခဲ့သည်။
သူသည် ကောင်းကင်မူလလောကကြီး တည်ရှိရာ နေရာဆီသို့ လှမ်းကြည့်ကာ ရေရွတ်လိုက်၏။ "စီနီယာ နန်းဆောင်သခင်အနေနဲ့ ဒီမှာရှိတဲ့ အရာအားလုံးကို နားလည်ပြီး လှုပ်ရှားတိုက်ခိုက်လာဖို့ပဲ မျှော်လင့်မိတယ်"
ပြောပြီးပြီးချင်းမှာပဲ အော်သံတစ်ခုကို ထုတ်ဖော်လိုက်၏။ ရွှေကျီးကန်းကလန်ဘိုးဘေး၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးသည် မိုင်သောင်းနှင့်ချီကို တစ်ခါတည်း လွှမ်းခြုံသွားခဲ့၏။ တောင်ပံကို တစ်ချက် ယမ်းခါလိုက်ချိန်မှာတော့ လေထုထဲတွင် ရွှေရောင် ခေါင်းလောင်းကြီးတစ်ခုလုံးက ပေါ်ပေါက်လာခဲ့ပြီး တည်ရှိနေသော အရာအားလုံးကို စတင်ကာ ဖိနှိပ်တော့သည်။
ဤအရာသည် မွန်းစတားအင်ပါယာ ခေါင်းလောင်းပင် ဖြစ်၏။ ရွှေကျီးကန်းကလန်၏ ဘိုးဘေးသန့်စင်ခဲ့သည့် အင်ပါရီယန် လက်နက်တစ်ခုပင် ဖြစ်လေ၏။ သို့ပေမဲ့ တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်သည့် အရာတော့ မဟုတ်ချေ။
မွန်းတားအင်ပါယာခေါင်းလောင်း ပေါ်ပေါက်လာပြီးနောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်တို့သည် ဘုံကိုးပါးတွင် ဖုံးလွှမ်းလျက် ရှိနေ၏။ ရှိရှိသမျှသော မွန်းစတားအားလုံးက အရိုအသေပေးရလေ၏။ မွန်းစတားအုပ်စိုးသူ ပြန်လည်မွေးဖွားလာသလိုပင် အားလုံးသော သူတို့ကို ဖိနှိပ်လျက် ရှိနေ၏။
အသက်ရှင်လျက် ထွက်ပြေးရန် မဖြစ်နိုင်သောကြောင့် ရွှေကျီးကန်းကလန်သည် ရှိရှိသမျှကို ထုတ်ဖော်ကာ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့လေခြင်း ဖြစ်၏။ ထို့ပြင် သူသည် ရီစုန် နှင့် ပူးပေါင်း၍ တိုက်ခိုက်ခြင်းဖြင့် အင်ပါယာကျန်းထျန်ကို အနိုင်မယူနိင်ဘူး ဆိုလျှင်တောင်မှ လောကကြီးကို ကယ်တင်ရန် အချိန်ခဏတော့ ဆွဲထားနိုင်သေးသည်။
ရွှေကျီးကန်းကလန်သည် ကောင်းကင်မူလလောကကြီး၏ အစိတ်အပိုင်းတစ်ခုသာလျှင် ဖြစ်၏။ မိမိတို့လောကကြီး အန္တရာယ် ကျရောက်နေသည့် အချိန်တွင် လူသားနှင့်မွန်းစတားတို့၏ ရန်ငြိုးကို ဖယ်ဖျောက်ကာဖြင့် အတူပူးပေါင်းကာ တိုက်ခိုက်ရပေလိမ့်မည်။
ဘုန်း ဘုန်း ဘုန်း …>
တော်ဝင်အင်ပါယာအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ ဝင်ရောက်တိုက်ခိုက်သည့် အချိန်မှာတော့ ပိုမိုကာ ကြမ်းတမ်းလာခဲ့လေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တိုက်ပွဲကြီးသည် ဖြစ်တည်လာခဲ့၏။
ရီစုန် နှင့် ရွှေကျီးကန်းကလန်တို့၏ ဘိုးဘေးတို့သည် ရှိရှိသမျှ တိုက်ကွက်တို့ကို အသုံးပြုကာဖြင့် တိုက်ခိုက်လျက် ရှိနေ၏။ တည်နေရာတစ်ခုလုံး ပေါက်ကွဲထွက်နေပြီး အင်မော်တယ်အလင်းတန်းများသည် လင်းလက်နေ၏။ များပြားလှသည့် တာအို၏ နိယာမများသည် ရစ်သိုင်းလွှမ်းခြုံလျက် ရှိနေပြီး ကောင်းကင်နှင့်မြေကြီးတို့သည် ပျက်စီးခြင်း အဖြစ်သို့ပင် ရောက်ရှိနေသည်။
တော်ဝင်အင်ပါယာနှစ်ယောက်တို့သည် ကောင်းကင်မူလလောကကြီးကို ကယ်တင်ရန်အတွက် အစစ်အမှန် တိုက်ခိုက်နေကြပြီ ဖြစ်၏။ ဤအရာသည် သမိုင်းမှတ်တမ်းထဲတွင် မဖြစ်မနေ မှတ်တမ်းရေးထိုးရသည့် တိုက်ပွဲမျိုး ဖြစ်လာခဲ့၏။
ထိုအတောအတွင်း တော်ဝင်သဲကန္တာရမြို့၏ အပြင်ဖက်တွင်တော့ လူနှစ်ယောက်သည် ပျံသန်းကာ ဝင်ရောက်လာခဲ့လေ၏။ ၎င်းတို့သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေကြသည်။
" စီနီယာရှန်း …. ဒါတော်ဝင်သဲကန္တာရမြို့တော်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ရဲ့ သခင်က ဒီထဲမှာနေတယ်" ပိုင်ချမ်းဟန်က အသာပြောလိုက်၏။
ဤနေရာသို့ လာသည့် ခရီးစဉ်အတွင်း သူနှင့် ရှန့်တုရှင်းတို့သည် သေသေချာချာ စကာပြောဆိုခဲ့ပြီးသား ဖြစ်၏။ ၎င်းတို့၏ ပြောဆိုခဲ့သည် စကားများအရဆိုလျှင် သွေးနတ်ဆိုးလောကထဲရှိ အဖွဲ့ဝင်များ အားလုံးတို့သည် သွေးဆာလောင်သည့် လူများမဟုတ်ချေ။ ရှန်းတုရှင်း သည် သွေးနတ်ဆိုးသောကထဲတွင် တုနှိုင်းမဲ့ ကြင်နာတတ်သည့် စိတ်ထားကို ပိုင်ဆိုင်သည့် သွေးနတ်ဆိုးတစ်ကောင်သာလျှင် ဖြစ်လေသည်။
တော်ဝင်သဲကန္တာရမြို့
ဟမ်
ရှန်းတုရှင်းသည် ပိုင်ချမ်းဟန်နှင့် ပုခုံးချင်းယှဉ်ကာ ရပ်လျက် ရှိနေ၏။ သူသည် မျက်ခုံးကို အသာပင့်ကာဖြင့် လေဟာနယ်ထဲတွင် လွင့်မျောနေသည့် မြို့ကြီးကို အသာကြည့်ရှုနေမိ၏။ ဤအရာကို မြို့ဟုခေါ်၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ ဤအရာကို ကုန်းမြေအစိတ်အပိုင်းတစ်ခုဟု ခေါ်လျှင် ပိုမှန်ပေလိမ့်မည်။
လီယွင်သည် တော်ဝင်သဲကန္တာရမြို့ကြီးအား ကောင်းကင်ယံ လေဟာနယ်ဆီသို့ လွင့်တင်ထားခဲ့သည်မှာ မကြာသေးချေ။ လေထဲ၌ လွင့်မျောနေသော ကုန်းမြေအစိတ်အပိုင်း တစ်ခုဟု သမုတ်ရပေမည်။
"ကောင်းကင်မူလလောကကြီးရဲ့ အားအကောင်းဆုံး တည်ရှိသူတစ်ယောက် ပီသတာပဲ။ ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် သူများတွေ မလုပ်နိုင်တာကို လုပ်နိုင်တယ်"
ရှန်းတုရှင်း က မှတ်ချက်ပြုလိုက်၏။ သူသည် ဤလွင့်မျောနေသော ကုန်းမြေပေါ်ရှိ စွမ်းအားမြင့် ကျင့်ကြံသူများ ကို ကြည့်ရှုနေမိ၏။ အပြင်ဖက်တွင် ဖန်တီးထားခဲ့သည့် အစီအရင်ကပင်လျှင် သူ့အား အံ့အားသင့်စေခဲ့၏။ ကျိန်းသေပေါက် သာမန်အစီအရင်မျိုး မဟုတ်ချေ။ အင်ပါယာအဆင့်ထက်ပင် ပိုမိုကာ သာလွန်သည့် အရာမျိုး ဖြစ်နေနိုင်၏။
"ဟုတ်တယ်။ နန်းဆောင်သခင်ရဲ့ အားအင်အဆင့်က ခန့်မှန်းလို့ မရနိုင်ဘူး။ လောကကြီးထဲမှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးကို သူက သိရှိတယ်။ သွေးနတ်ဆိုးလောကထဲမှာ ဖြစ်ပျက်နေတဲ့ အရာတွေကိုတောင်မှ နန်းဆောင်သခင်က ကောင်းကောင်းသိတယ်။ " ပိုင်ချမ်းဟန်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။