အခန်း (၃၆၈)
Vol. 25 Ch. 368
အပြင်ဘက် တည်နေရာတွင်တော့ ကြီးမားလွန်းလှသော သွေးတိမ်ကြီးများသည် ဖြည်းညှင်းစွာဖြင့် စုဝေးလာခဲ့၏။ နက်မှောင်လျက် ရှိနေသည့် သွေးမိုးများသည် ရွာချလာခဲ့၏။ အခြေအနေတစ်ခုလုံးသည် ခြောက်ခြားဖွယ်ရာ အခြေအနေတစ်ခု အဖြစ်သို့ ပြောင်းလဲလာ၏။
သက်ရှိသတ္တဝါပေါင်း များစွာတို့သည် ခေါင်းကိုမော့ကာဖြင့် ကောင်းကင်ယံသို့ ကြည့်ရှုလိုက်၏။ ၎င်းတို့၏ သွင်ပြင်အမူအရာအားလုံးသည် အမှန်ပင် လေးလံလျက် ရှိနေသည်။
“ဘာတွေဖြစ်နေတာလဲ”
တော်ဝင်သဲကန္တာရမြို့ကြီးထဲတွင် ရှိနေသည့် တစ်စုံတစ်ယောက်သည် ထကာ ရေရွတ်လိုက်၏။ သူသည် ကောင်းကင်ယံတွင် ရှိနေသည့် သွေးတိမ်များကို စူးစိုက်ကြည့်မိနေ၏။ “နတ်ဘုရား အပြစ်ပေးမှုလား”
“အဲလိုမဟုတ်ဘူး။ ဒီလောကကြီး ဘာတွေဖြစ်ကုန်တာလဲ” ရေတွက်၍မရအောင် များပြားလှသည့် လူများသည် ဇဝေဇဝါ ဖြစ်နေကြသည်။
အတိတ်တုန်းက နတ်ဘုရား အပြစ်ပေးမှု ကျဆင်းလာခဲ့သည့် အခြေအနေကို မျက်မြင်တွေ့ခဲ့သည့် လူပေါင်းများစွာတို့သည် ဤအရာမှာ နတ်ဘုရားအပြစ်ပေးမှု မဟုတ်မှန်း သိရှိပြီးသားဖြစ်၏။ ယနေ့ ပေါ်ပေါက်လာခဲ့သည့် သွေးတိမ်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အခြေအနေကို ဖန်တီး နေသည်ဆိုသော်လည်း နတ်ဘုရားအပြစ်ပေးမှု၏ အော်ရာများ ပါဝင်မနေချေ။ သို့ပေမဲ့ အားလုံးသော သူမျာအား ကြောက်မက်ဖွယ်ကောင်းလှသည့် ဖိအားကြီး ပေးစွမ်းလျက် ရှိနေ၏။
“ကောင်းကင်ကြီးတစ်ခုလုံး ကွဲအက်နေတယ်။ တစ်စုံတစ်ယောက်က လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတာလား” တော်ဝင်သူတော်စင် တစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
လောကကြီးတစ်ခုလုံး အဆုံးသတ်ဆီသို့ ရောက်ရှိသည့်အချိန်တွင် များပြားလှသည့် ပတ်ဝန်းကျင် ပြောင်းလဲမှုများ ဖြစ်တည်လာခဲ့၏။ ကောင်းကင်မူလလောကကြီးသည် လောကကြီးတစ်ခုလုံး ဖျက်ဆီးခံရမှု ကို တစ်ခါမှ မတွေ့ကြုံခဲ့ရဖူးချေ။ အကယ်၍ တွေ့ကြုံခဲ့ဖူးသည်ဆိုလျှင်လည်း ဤလောကကြီးသည် တည်ရှိနေမှာမဟုတ်ပေ။
ထို့ကြောင့် အားလုံးသော သူတို့သည် ဘာမှန်းမသိသည့် အခြေအနေကို ကြည့်ရှုပြီးသည့်နောက် တစ်ယောက်နှင့်တစ်ယောက် ပြောဆို သုံးသပ်လျက် ရှိနေကြ၏။
“မဖြစ်နိုင်ဘူး”
လူသားသူတော်စင် တစ်ယောက်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်ကာဖြင့် အထက်တွင် ရှိနေသည့် မြင်ကွင်းကို လှမ်းကြည့်ကာ မှတ်ချက်ပြုလိုက်သည်။
“အင်ပါယာတစ်ယောက်တောင် အများဆုံး တည်နေရာကို အက်ကွဲအောင်ပဲ ပြုလုပ်နိုင်တယ်။ လောကကြီး တစ်ခုလုံးကို အဆုံးသတ်ရောက်ဖို့ဆိုတာက အဝေးကြီးပဲ။ ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒါကောင်းကင်မူလ လောကကြီးထဲမှာလေ။ စီနီယာ နန်းဆောင်သခင်ရှိနေတယ် ဆိုမှတော့ ဘယ်သူက လောကကြီးကို လာပြီး ဖျက်ဆီးရဲမှာလဲ” တစ်စုံတစ်ယောက်သည် စိတ်အား ထက်သန်စွာဖြင့် ပြောဆို လိုက်၏။
လက်ရှိအခြေအနေတွင် ကောင်းကင်မူလလောကကြီးကို ပြောဆိုရမည်ဆိုလျှင် ဝိညာဉ်လောက၊ သွေးနတ်ဆိုး လောက၊ မြေအင်မော်တယ်လောက၊ ခရမ်းရောင်နက်နဲလောက စသည်ဖြင့် လောကအသီးသီးတို့ အကြောင်းကိုလည်း ပြောဆိုရမှာဖြစ်၏။ ထိုအရာများ ကြားထဲတွင် မြေအင်မော်တယ်လောကသည် လောကကြီးတစ်ခုကို သုတ်သင်ရှင်းလင်းပစ်နိုင်စွမ်း ရှိသည့် စွမ်းအင်ကို ပိုင်ဆိုင်၏။ အစစ်အမှန် အင်မော်တယ်များသည်သာ ကောင်းကင်မူလလောကကို ရှာဖွေတွေ့ရှိသွားသည်ဆိုပါက ကျိန်းသေပေါက် သူတို့၏ မျိုးဆက်သစ်များအား သုတ်သင်ရှင်းလင်းပစ် ပေလိမ့်မည်။ ဤအရာမှာ ကျိုးကြောင်း ဆီလျော်လွန်းလှသည်။
“ဒီလိုဆိုရင် ကောင်းကင်မူလလောကကြီးက တကယ့်ကို ဘေးဒုက္ခကြီး ကျရောက်နေပြီပေါ့” စောဏက ပြောဆိုခဲ့သည် သူတော်စင်သည် ဖြည်းညင်းစွာ ဆက်လက်ပြောဆိုလိုက်၏။
နတ်ဘုရားအပြစ်ပေးမှုသည် အကွာအဝေး တိတိကျကျတည်ရှိပြီး ထိုနေရာအတွင်းကိုသာ ဖျက်ဆီးမှု ပြုလုပ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကောင်းကင်တွင် တည်ရှိသည့် သွေးတိမ်များသည် အဆုံးအစမဲ့ တည်ရှိလို့နေ၏။ လောကကြီးတစ်ခုလုံး ပျက်ဆီးလုမတတ်ပင်။
လောကကြီးတစ်ခုလုံး၏ ကောင်းကင်ယံထက်တွင် များပြားလှသည့် အက်ကွဲကြောင်းကြီးများ ဖြစ်တည်လာခဲ့ပြီး ထိုအရာများ အားလုံးသည် အချိန်မရွေး ပဲ့ကွာကာဖြင့် ပျောက်ကွယ်သွားတော့မည့် ဟန်ပန်မျိုးကို ထုတ်ဖော်နေသည်။
“ဒီလိုအခြေအနေမျိုးမှာ ဒီမုန်တိုင်းကြီး တစ်ခုလုံးကို တည်ငြိမ်သွားအောင် ပြုလုပ်နိုင်စွမ်းရှိတဲ့ စွမ်းရည် က စီနီယာ နန်းဆောင်သခင်ဆီမှာပဲ ရှိတယ်” တစ်စုံတစ်ယောက်သည် ဝင်ရောက်ကာ ပြောဆိုလိုက်၏။
တော်ဝင်သဲကန္တာရမြို့ဆီသို့ ရောက်ရှိလာသည့် ကွာစီအင်ပါယာတစ်ယောက်သည် ထိုသူ၏စကားကို လေးလေးနက်နက် ထောက်ခံမိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် မလှုပ်ရှားသေးချေ။
နန်းဆောင်သခင်အနေနှင့် ဝင်ရောက်ကာလှုပ်ရှား တိုက်ခိုက်ပေးမလား ဆိုသည်ကလည်း သူတို့အနေနှင့် မသေချာလှပေ။ ကောင်းကင်မူလလောကကြီးသည် ဖျက်ဆီးခြင်းကို ခံလိုက်ရသည်ဆိုပါက အင်္သေချေ များပြားလှသော သက်ရှိသတ္တဝါများအားလုံးသည် ပျောက်ကွယ်သွားမှာဖြစ်၏။ သို့ပေမဲ့ စီနီယာ နန်းဆောင်သခင်ကိုတော့ သက်ရောက်လိမ့်မည်မဟုတ်ချေ။ သူ့အနေနှင့် ခရမ်းရောင်နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်စွမ်း ရှိသည်ဖြစ်သောကြောင့် ကောင်းကင် မူလလောကကြီးကို ထပ်မံကာ ချဲ့ထွင်ဖန်တီးနိုင်သေး၏။
ဝုန်း
မိုးခြိမ်းသံကဲ့သို့အသံကြီး ထွက်ပေါ်လာပြီး သွေးကဲ့သို့ နီရဲလှသော မိုးကြိုးများသည် ကောင်းကင်ယံထက်တွင် ထွန်းလင်းလာခဲ့၏။ အရာအားလုံးတို့သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေ တစ်ခုဆီသို့ ဖြစ်တည်လာခဲ့ပြီးနောက် အောက်သို့ကျဆင်းလာခဲ့၏။ ကမ္ဘာပျက်သကဲ့သို့ပင် မိုးခြိမ်းသံများ တဂျိန်းဂျိန်းနှင့် လောကကြီးတစ်ခုလုံးက ဆူညံနေခဲ့သည်။
“ဒါ တကယ့်ကို လောကကြီးရဲ့အဆုံးသတ်ပဲ”
အသက်တရှိုက်စာ အနည်းငယ်အတွင်းမှာပဲ လောကကြီး တစ်ခုလုံးထဲတွင် တည်ရှိနေသည့် အင်ပါယာများနဲ့ သာမန်လူအားလုံးတို့သည် တူညီသည့်ဘေးဒုက္ခကို စတင်ကာခံစားလာခဲ့ကြ၏။ ချက်ချင်းဆိုသလိုပဲ တချို့သော အင်ပါယာများသည် တားမြစ်တည်နေရာထဲမှ လှမ်းလျှောက်ကာ ထွက်လာခဲ့ကြပြီး သွေးနတ်ဆိုးကလန် ၏ ဘိုးဘေးနယ်မြေ တည်ရှိရာနေရာဆီသို့ လှမ်းကာဦးတည်လိုက်ကြ၏။
တချို့မှာမူ ခရမ်းရောင်နက်နဲလောကဆီသို့ တည့်တည့် ဦးတည်သွားခဲ့ကြ၏။ ဤမြင်ကွင်းသည် အားလုံးသော သူတို့၏ နှလုံးသားများကို အေးခဲသွားစေခဲ့၏။ အင်ပါယာများပင်လျှင် မတူညီသည့် အတွေးအမြင်များ တည်ရှိနေခဲ့၏။ သွေးနတ်ဆိုးကလန်၏ ဘိုးဘေးမြေနေရာဆီသို့ သွားရောက်ခဲ့ကြသည့် အင်ပါယာများသည် အရာအားလုံးကို တားဆီးရန် ရည်မှန်းချက်ကြောင့် ဖြစ်ကြောင်းသိရှိနိုင်ပြီး ခရမ်းရောင်နက်နဲလောကဆီသို့ သွားသည့် အင်ပါယာများမှာတော့ ကျိန်းသေပေါက် ဒုက္ခမှ ရှောင်ရှားခြင်းသာလျှင်ဖြစ်သည်။
တစ်စုံတစ်ယောက်၏ အားအင်အဆင့်သည် ပိုမိုမိုအားကောင်းလာလေ လောကကြီးထဲတွင် ဖြစ်တည် နေသည့် အရှုပ်အထွေးများ ကြားထဲသို့ ပါဝင်လိုစိတ် နည်းပါးလာလေဖြစ်၏။ ထိုကဲ့သို့သော အရာများကို စကားလုံးဖြင့်သာ ကြားမြင်ခဲ့ရ၏။ ကောင်းကင်မူလလောကကြီးသည် တကယ်တမ်း ထိုကဲ့သို့သော အရာများကို ကြုံတွေ့ရသည့် အချိန်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် သာမာန်လူများကဲ့သို့ပင် ထွက်ပြေးချင်စိတ်ကို ပိုင်ဆိုင်လျက်ရှိကြောင်း သူတို့က သိရှိလိုက်ကြရ၏။
ဘုန်း
ကျယ်လောင်လွန်းသော အသံကြီးတစ်ခုက ထွက်ပေါ်လာခဲ့ပြီး အမဲရောင်ပုဆိန်ကြီးတစ်ခုသည် လောကကြီး၏ အထက်တွင် တုန်ခါလျက် ရှိနေ၏။ များပြားလှသည့် အင်မော်တယ်အလင်းတန်းများသည် လွှမ်းခြုံလျက် ရှိနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာကို ထုတ်ဖော်ပြသနေ၏။ ၎င်းသည် ရီစုန်ပင်ဖြစ်နေ၏။ သူသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် စိတ်ဝိညာဉ်သားရဲလေးကောင်နှင့် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လျက်ရှိ၏။
တိုက်ပွဲသည် ဘယ်လောက်အချိန်ကြာမြင့်နေမှန်း မသိခဲ့ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဒဏ်ရာများဗရပွနှင့် သွေးများရွှဲစိုလျက်ရှိနေ၏။ တချို့သောနေရာ များသည် အရိုးများပင် ပေါ်လျက်ရှိနေပြီး ကြည့်ရှုရသည်မှာ အသည်းယားစရာ ကောင်းလှသည်။
အနောက်ဘက်တွင်တော့ ရွှေကျီးကန်းကလန်မှ ဘိုးဘေးသည် ထိုကဲ့သို့ပင် တူညီသည့် ဆိုးရွားသော အခြေအနေ နှင့် ဖြစ်တည်နေ၏။ ၎င်း၏ ရင်ဘတ်သည် ထွင်းဖောက်ခြင်းကို ခံထားရပြီး ကြီးမားလှသော အပေါက်ကြီးတစ်ခုက ရင်ဘတ်၌ ရှိနေ၏။ ရွှေရောင်သွေးများသည် ထိုနေရာဆီမှ ကျဆင်းနေ၏။ အင်ပါယာနှစ်ယောက် တို့သည် မျက်စိနှင့်သိသာစွာပင် ရုန်းကန်နေရ၏။ ဤမြင်ကွင်းသည် လူပေါင်းများစွာတို့ကို အသက်ရှူ မှားစေခဲ့၏။
ယခု တိုက်ခိုက်နေသည့်သူများသည် စိတ်ဝိညာဉ်သားရဲများသာလျှင် ဖြစ်၏။ ၎င်းတို့၏ နောက်ကွယ်၌ တည်ရှိနေသော အစစ်အမှန် ဆရာကြီးက ပေါ်ပေါက်မလာသေးချေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် တောင်မှ အင်ပါယာနှစ်ယောက်တို့သည် အခြေအနေ ဆိုးဆိုးဝါးဝါး ဖြစ်တည်လျက် ရှိနေ၏။ နောက်ကွယ်မှ ဆရာကြီးသည် မည်မျှကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်နေ သနည်း။
ဝေါင်း
ကောင်းကင်ယံ၏ အထက်တွင်တော့ အစစ်အမှန်နဂါး၏ အော်သံကထွက်ပေါ်လာ၏။ နဂါး၏ လက်သည်းကြီးတစ်ဖက်သည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် ရီစုန်ကို ဦးတည်ကာဖြင့် တိုက်ခိုက်၏။ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ကြီးမားလွန်း လှသည့် ပုဆိန်ကြီး တစ်ခုလုံးသည်တုန်ခါသွား၏။
အင်ပါရီယာစိတ်ဆန္ဒသည် အကွာအဝေးသန်းပေါင်းများစွာကို ဖိနှိပ်လျက်ရှိနေပြီး တည်နေရာတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာကောင်းလှစွာဖြင့် ပျက်စီးနေသည်။
ဘုန်း
တချို့သော သတ္တဝါများသည် အသက်ရှူရန်ပင် အခွင့်အရေးမရကြပေ။ မွန်းကြပ်လျက် ရှိနေ၏။ ၎င်းတို့ အားလုံးတို့သည် လေဟာနယ်ထဲသို့ လွင့်စင်သွားခဲ့ပြီဖြစ်သော ရီစုန်အား လှမ်းကာကြည့်ရှုလိုက်၏။ ရိုက်ချက်သည် အလွန်ပြင်းထန်လွန်းလှ၏။ အင်ပါယာတစ်ယောက်ပင်လျှင် ထိုအရာကို မတားဆီးနိုင်ခဲ့ချေ။
ရီစုန်သည် ထိုတိုက်ခိုက်ချက်ကို ခုခံရင်း ခန္ဓာကိုယ်တစ်ခုလုံး ကွဲအက်လျက် ရှိနေ၏။ သွေးများသည် တတောက်တောက်နှင့် ကျဆင်းနေလေ၏။ ကြီးမားလွန်းလှသည့် ပုဆိန်ကြီးကို ကိုင်ဆောင်ထားသော ၎င်း၏ လက်တစ်ခုလုံးသည်လည်း တုန်ယင်လျက်ရှိနေ၏။
ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် သက်ရှိ သတ္တဝါပေါင်းများစွာတို့၏ နှလုံးသားများသည် တုန်ယင်လျက် ရှိနေကြ၏။ အင်ပါယာတစ်ယောက်ပင်လျှင် ဤကဲ့သို့သော အခြေအနေမျိုးကို ရောက်ရှိနေပြီး အင်ပါရီယာလက်နက်တစ်ခုကိုပင် မြဲမြဲကိုင်ဆောင်ထားနိုင်စွမ်း မရှိတော့ချေ။ အခြေအနေသည် သူတို့ ထင်မှတ်ထားသည်ထက် ပိုမိုကာ ဆိုးရွားလျက် ရှိနေတော့၏။ ဆက်တိုက် တိုက်ခိုက်မှုများ၏ အဆုံးမှာတော့ အင်ပါယာတစ်ယောက်သည် အချိန်မရွေး သေဆုံးသွားနိုင်သည်။
လက်ရှိ အခြေအနေမှာတော့ ရီကလန်နှင့် ရွှေကျီးကန်းကလန်တို့၏ ဘိုးဘေးတို့သာလျှင် တည်ရှိ၏။ ဤအင်ပါယာများသည်သာ သေဆုံးသွားသည်ဆိုပါက မည်သို့ဆက်လုပ်မည်နည်း။
တည်နေရာလေးခုဆီမှ စိတ်ဝိညာဉ်သားရဲကြီး လေးကောင်တို့၏ အော်ဟစ်သံများသည် ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိ၏။ ကျန်းထျန်၏ နတ်ဘုရားစိတ်ဝိညာဉ်သားရဲ လေးကောင်တို့သည် တည်နေရာလေးခု ဆီသို့ ဖြန့်ကျက်ပြီးနောက် ကြီးမားလွန်းလှသည့် သတ်ဖြတ်လိုခြင်းဆန္ဒများကို ထုတ်ဖော်ကာ ရီစုန်အား ဝင်ရောက်တိုက်ခိုက် ပြန်၏။
မိုင်သန်းနှင့်ချီ ကွာဝေးနေသော တည်နေရာကြီးအတွင်းမှ ဝင်ရောက်ကာ တိုက်ခိုက်သည် ဆိုသော်လည်း ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဟုန်မျိုးကို ဖြစ်တည်စေခဲ့၏။ ပထမဦးဆုံး သေဆုံးရမည့် သူသည် ရီစုန် ဖြစ်သည်ဟု အားလုံးသောသူတို့က သတ်မှတ်လိုက်ကြသည်။
အနီးအနားတွင်ရှိနေသည့် ရွှေကျီးကန်းကလန်၏ ဘိုးဘေးပင်လျှင် လက်ရှိအခြေအနေတွင် တုံ့ပြန် ကူညီနိုင်စွမ်းမရှိတော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင်လျှင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် ရုန်းကန်နေရသည် မဟုတ်ပါလား။
လက်ရှိအခြေအနေမှာတော့ ရီစုန်သည် ခြောက်ကပ်သည့် အပြုံးတစ်ခုကို ပြုံးလိုက်မိ၏။ ဤတိုက်ပွဲသည် သူ့ဘဝ၏ နောက်ဆုံးတိုက်ပွဲဖြစ်ကြောင်းကို သူက နားလည်လိုက်မိ၏။ မကြာခင်တွင် သူသည် အင်ပါယာဆိုသည့် ပလ္လင်ထက်မှ ဆင်းသက်ကာဖြင့် အရာအားလုံး၏ ချုပ်ငြိမ်းရာ တည်နေရာဆီသို့ ရောက်ရှိ သွားရပေတော့မည်။
နဂါးအော်သံများသည် ကောင်းကင်ယံတစ်ခုလုံးသည် လှုပ်ခါစေခဲ့၏။ အစစ်အမှန် ပုံရိပ်ယောင်များသည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် နဂါးအော်ရာများသည် စကြဝဠာတစ်ခုလုံးကို ဖိနှိပ်ထား ခဲ့၏။ ပြိုင်ဘက်ကင်းအောင် ပြင်းထန်လွန်းလှသည့် အားအင်အဆင့်များသည် တည်နေရာ တစ်ခုလုံးကို ဆွဲဆုပ်ထားခဲ့ပြီး ကြီးမားလွန်းလှသည့် နဂါးကြီးတစ်ကောင်သည် ရီစုန်ဆီသို့ ကျဆင်းလာပြန်၏။
ထိုကဲ့သို့သော အခြေအနေမျိုးမှာတော့ .........
“ဟင်း”
ပေါ့ပေါ့ပါးပါး သက်ပြင်းချသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် တိုးညင်းလွန်းလှ၏။ သို့ပေမဲ့ အားလုံးသော သူတို့၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။ ထိုသက်ပြင်းချသံ ပြီးသွားပြီးနောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မြင်ကွင်းတစ်ခုသည် ဖြစ်တည်လာခဲ့သည်။
ကောင်းကင်တွင် ရှိနေသည့် သွေးတိမ်များ အားလုံးသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့၏။ အောက်သို့ ကျဆင်းလျက်ရှိနေသည့် သွေးရောင်မိုးကြိုးများသည်လည်း လေထုထဲတွင် ပြတ်ထွက်သွားခဲ့၏။ အစစ်အမှန်နဂါး၏ ကြမ်းတမ်းလှသော ရိုက်ချက်ပင်လျှင် ရီစုန်၏ ခေါင်းပေါ်သို့ မကျခင်တွင် လေဟာနယ်ထဲ၌ ရပ်တန့်လျက် ရှိနေ၏။
ဤအရာသည် အလွန်ရှားပါးလှသည့် မြင်ကွင်းမျိုးပင် ဖြစ်လေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ကောင်းကင်မူလလောကကြီးတစ်ခုလုံးသည် အချိန်အတိုင်းအတာအတောအတွင်း အေးခဲသွားပုံပေါ်၏။ သက်ရှိသတ္တဝါများ အားလုံးတို့သည် ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်ခဲ့ကြချေ။ ပြောရမည်ဆိုလျှင် လက်ညိုးလေး တစ်ချောင်းကိုပင် လှုပ်နိုင်စွမ်း မရှိစွာ ရပ်တန့်လျက် ရှိနေကြခြင်းပင်။ သို့ပေမဲ့ ၎င်းတို့၏ ဦးနှောက်သည် တွေးတောခြင်းများကိုတော့ ပြုလုပ်လျက် ရှိနေကြသည်။