← Chapters

အခန်း (၃၆၉)

Vol. 25 Ch. 369

အခန်း (၃၆၉)

Vol. 25 Ch. 369

“ဒါက” ရီစုန်၏ နှလုံးသားများသည် အေးခဲသွားခဲ့၏။ သူ၏ အရှေ့ဘက်တွင်တော့ အစစ်အမှန်နဂါးကြီး၏ လက်သည်းကြီးသည် လက်တကမ်းတွင် တည်ရှိလို့နေခဲ့၏။ ထိုအရာကြီးသာ ကျဆင်းလာသည်ဆိုပါက သူ့အနေနှင့် မသေဆုံးလျှင်တောင်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိမှာ သေချာ၏။ သို့ပေမဲ့ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် နဂါးလက်သည်းကြီးသည် လေထုထဲ၌ ရပ်တန့်လျက်ရှိ၏။ အချိန်တစ်ခုလုံး အေးခဲသွားသည့်ပုံပေါ်ပြီး အစစ်အမှန်နဂါးကြီးသည် ရှေ့ဆီသို့ နည်းနည်းလေးတောင် ဆက်မတိုးနိုင်တော့ချေ။

“ဘာတွေဖြစ်နေတာလဲ။ ဘယ်သူလုပ်လိုက်တာလဲ။ အချိန်ကိုတောင် အေးခဲထားနိုင်စွမ်း ရှိတာလား” ရီစုန်၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက်ရှိနေပြီး သူ၏စိတ်ထဲတွင် များပြားလှသည့် အတွေးများ ဝင်လာ၏။ သူသည်သာမက တစ်လောကလုံးတွင်ရှိသော သက်ရှိသတ္တဝါများသည်လည်း ထိုနည်းလည်းကောင်းပင်။

အားလုံးသောသူတို့၏ နှလုံးသားသည် တုန်ယင်လျက် ရှိနေကြပြီး သူတို့ ရှေ့တွင်ဖြစ်ပျက်နေသည့် အရာအားလုံးကို ယုံကြည်ရန် ဆိုသည်ကိုပင် ခက်ခဲလျက်ရှိနေ၏။ မယုံကြည်နိုင်ဖွယ်ရာ ကောင်းလွန်းလှ၏။ ရှေးယခင်ထဲက ယခုအထိ ချက်ခြင်းဆိုသလိုပဲ အချိန်ကာလအရာအားလုံးကို အေးခဲသွားအောင် ပြုလုပ်နိုင်သည့်သူဟူ၍ သူတို့ တစ်ခါမှ မကြားခဲ့ဖူးချေ။

လက်ရှိအခြေအနေမှာတော့ အေးခဲရပ်တန့်လျက် ရှိနေသည့် လူများထဲတွင် အင်ပါယာ အဆင့်စွမ်းအားမြင့် ကျင့်ကြံသူများပင် ပါဝင်လျက်ရှိနေ၏။ ထို့ကြောင့် ယခု ဝင်ရောက်တိုက်ခိုက်သည့်သူသည် အင်ပါယာထက် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လူတစ်ယောက်ဖြစ်ပြီး အင်ပါယာတစ်ယောက်ကိုပင် ချက်ချင်း သုတ်သင် ရှင်းလင်းပစ်နိုင်စွမ်းရှိသည့် လူတစ်ယောက်သာလျှင် ဖြစ်ပေလိမ့်မည်။

“အချိန်မဟုတ်ဘူး။ ဒါအချိန်စွမ်းအင် မဟုတ်ဘူး။ တည်နေရာ စွမ်းအင်ပဲ ဖြစ်ရမယ်”

အခြားတစ်ဖက်တွင် ရှိနေသည့် ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှား၍ မရနိုင်သော်လည်း သူ့ဦးနှောက်ထဲတွင် ရှိနေသည့် အတွေးများမှာတော့ ဆက်တိုက်ဆိုသလိုပဲ စဉ်းစား ဆင်ခြင်လျက် ရှိနေ၏။

မျက်လုံးထဲတွင်တော့ ကြောက်မက်ဖွယ်ရာကောင်းသည့် မြင်ကွင်းတစ်ခုကို မြင်နေရ၏။ ပထဦးဆုံး သူသတိပြုမိသည်မှာ တစ်စုံတစ်ခု လွဲမှားနေခြင်းပင်ဖြစ်၏။ အချိန်စွမ်းအင်သာဆိုပါက အားလုံးသောသူတို့၏ အတွေးများ အေးခဲသွားမှာ ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ အားလုံးသောသူတို့သည် တွေးတော ဆင်ခြင်နိုင်စွမ်းကို တည်ရှိနေကြ၏။ ထိုလူသည် အချိန်၏စွမ်းအင်များကို ထုတ်ဖော်အသုံးပြုခြင်း မဟုတ်ဘဲ တည်နေရာ၏ စွမ်းအင်များကို ထုတ်ဖော်အသုံးပြုခြင်းသာလျှင် ဖြစ်မည်။

ရွှေကျီးကန်းကလန်၏ဘိုးဘေး စိတ်ထဲတွင်တော့ ဤအတွေးများသည် ထပ်တလဲလဲ ပေါ်ပေါက်လျက် ရှိနေတော့၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် - လောကကြီး၏အောက်တွင် အလွန်ဆန်းကြယ်ပြီး ပြိုင်ဘက်ကင်းလှပါသည်ဆိုသော ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာ တည်နေရာ၏ စွမ်းအင်များကို ချုပ်ကိုင်နိုင်စွမ်း ရှိပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် လောကကြီးနှစ်ခုကိုပင် ပေါင်းစပ် ဖူးသည့် လူတစ်ယောက် ဖြစ်သောကြောင့်ပင်။ ၎င်း၏ တည်နေရာနှင့် ပတ်သက်သော နိယာများအပေါ် နားလည်မှုသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသော အခြေအနေတစ်ခုဆီသို့ ရောက်ရှိနေပြီဖြစ်၏။ လောကကြီးထဲတွင် ဤကဲ့သို့သောအရာမျိုးကို ပြုလုပ်နိုင်သော ဒုတိယမြောက်လူ ဆိုသည်က ရှိလိမ့်မည် မထင်ချေ။

ဝှစ်

ထိုအချိန်မှာတော့ ရေကျသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ လောကကြီးတစ်ခုလုံတုန်ခါသွားခဲ့ပြီး စကြဝဠာကြီး၏ ထောင့်ရှစ်ထောင့်တွင် ရှိနေသည့် အရာအားလုံးတို့သည် တဝုန်းဝုန်းနှင့် လှုပ်ခါလာခဲ့၏။ ခရမ်းရောင်နက်နဲလောကထဲတွင် ရှိနေသည့် အင်ပါယာမိုယွမ်၊ အင်ပါယာတိုင်တို့ ကဲ့သို့သော အင်ပါယာများ ပင်လျှင် သတိအပြည့်နှင့် ဖြစ်သွားခဲ့ကြ၏။ ၎င်းတို့သည် ရုတ်တရက် မတ်တပ်ထရပ်ပြီး ကောင်းကင်မူလ လောကကြီး တည်ရှိရာနေရာဆီသို့ အံ့အားတသင့်ဖြင့် လှမ်းကာကြည့်မိနေ၏။

ဘုန်း ဘုန်း ဘုန်း

ရေတွက်၍မရအောင် များပြားလှသည့် နိယာမများ ကျဆင်းလာခဲ့ပြီး တည်နေရာတစ်ခုလုံး၌ ရှုပ်ထွေးလွန်းလှသည့်မြူများ စုဝေးလာခဲ့၏။ မူလအားဖြင့် ငြိမ်းချမ်းလျက်ရှိနေသည့် အော်ရာများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ ကောင်းကင်ယံထက်တွင် အက်ကွဲကြောင်းကြီးများသည် တဖြည်းဖြည်း ပြန်လည်ကာ ကောင်းမွန်လာခဲ့ပြီး အကန့်အသတ်မဲ့ များပြားလွန်းလှသော သွေးတိမ်များသည် တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့လေ၏။ မမြင်ရသည့် လက်ကြီးတစ်ဖက်ဖြင့် ဖယ်ရှားလိုက်သကဲ့သို့ပင်။

မူလအားဖြင့် လောကကြီး၏ အဆုံးသတ်ကို ရောက်ရှိလျက် ရှိနေသော ကောင်းကင်မူလလောကကြီး တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပဲ ပြန်လည်ကာ ကောင်းမွန်သွားခဲ့၏။ စောဏက ဖြစ်တည်ခဲ့သည့် အရာအားလုံးတို့သည် ပုံရိပ်ယောင် အိမ်မက်တစ်ခုကဲ့သို့ပင်။ ၎င်းတို့နားတွင်ရှိနေသည့် အပျက်အစီး တချို့ကသည်သာ ကောင်းကင်မူလလောကကြီး ဖျက်ဆီးခံရလုနီးပါး အခြေအနေကို ရောက်ရှိခဲ့သည် ဖြစ်ကြောင်း သတိပြုမိနိုင်စေ၏။

“ဒီလိုအားအင်အဆင့်နဲ့ ဝင်ရောက်လှုပ်ရှားတဲ့လူက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား”

“အင်း... ကောင်းကင်မူလလောကကြီးကို ဖျက်ဆီးချင်တဲ့လူက ဘယ်သူလဲဆိုတာ ကျုပ်တို့ မသိဘူးဆိုပေမဲ့ ကျုပ်တို့ကို ကယ်တင်လိုက်တဲ့လူကတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆိုတာ သံသယ ရှိစရာမလိုဘူး” လူပေါင်းများစွာတို့သည် တွေးတောနေမိကြသည်။

“ဘယ်သူလဲ”

တစ်ချိန်တည်းမှာပဲ လေဟာနယ်ကြီးတစ်ခုထဲတွင် ဆန်းကြယ်လွန်းလှသည့် လူတစ်ယောက် သည် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းသည် မျက်လုံးကို ဖွင့်ပြီးသည့်နောက် ၎င်း၏ အကြည့်များသည် နတ်ဘုရားဓားများကဲ့သို့ပင် စူးရှလျက်ရှိနေ၏။ ရှုပ်ထွေးလွန်းလှသည့် မြူကဲ့သို့သော တည်နေရာကြီး တစ်ခုလုံး သည် နှစ်ပိုင်းအဖြစ် ပြတ်တောက်သွားခဲ့၏။

သူသည် သွေးနတ်ဆိုးလောကကြီး၏ အင်ပါယာကျန်းထျန်ပင်ဖြစ်၏။ အလွန်တရာ အားကောင်းလွန်းလှပြီး ပြိုင်ဘက်ကင်းလှ၏။ သူသည် အေးစက်လှသည့် ဟန်ပန်အမူအယာမျိုးဖြင့် ကောင်းကင်မူလလောကကြီးကို စူးစိုက်ကာ ကြည့်ရှုလိုက်သည်။ သူသည် အင်မော်တယ်တစ်ယောက်၏ အော်ရာမျိုးကို ထုတ်ဖော်လျက် ရှိနေသော ထာဝရ မသေဆုံးနိုင်သူ တစ်ယောက်ကဲ့သို့ပင်။

ကြမ်းတမ်းလွန်းလှသော စွမ်းအင်များသည် တဝုန်းဝုန်းနှင့် ဖြစ်တည်လျက်ရှိပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလျက် ရှိနေ၏။ သူသည် တစ်ချက်ကလေးမှ လှုပ်ရှားခြင်းမရှိချေ။ သို့ပေမဲ့ သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည့် စွမ်းအားများနှင့်ပင် လူပေါင်းများစွာတို့၏ နှလုံးသားများကို တုန်ယင်စေခဲ့‌၏။ ၎င်း၏ အသက်ရှူနှုန်းကပင်လျှင် စကြဝဠာတစ်ခုလုံးကို ကွဲအက်သွားစေနိုင်သော နိယာမများ ပါဝင်လျက်ရှိသည်။

“အရာအားလုံးက ရှိနေသေးတယ်။ ကောင်းကင်မူလလောကကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက ဘယ်လိုဖြစ်ပြီး အနောက်ဘက်ကို ပြန်စီးနေတာလဲ။ ကောင်းကင်မူလလောကကြီးရဲ့ တစ်စုံတစ်ယောက်က လှုပ်ရှား တိုက်ခိုက်ခဲ့တာလား” အင်ပါယာကျန်းထျန်သည် တွေးတောလိုက်မိ၏။

၎င်းသည် ကောင်းကင်မူလလောကကြီး၏ဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်၏။ ၎င်း၏ မျက်လုံးများသည် နီရဲလွန်းလှသည့် မီးလုံးကြီးနှစ်ခုကဲ့သို့ပင် ဖြစ်တည်လျက် ရှိနေပြီး လူပေါင်းများစွာတို့သည် ထိုအကြည့်ကို ခံယူရသည့်အချိန်မှာ‌တော့ အင်ပါယာဖြစ်သည် ဆိုလျှင်တောင်မှ တုန်လှုပ်မှုများကို ခံစားလိုက်ရ၏။

ရှေးဆန်လွန်းလှသည့် အင်ပါယာဝတ်စုံသည် ရောင်စဉ်ကိုးပါးကို ထုတ်လွှတ်လျက်ရှိနေပြီး သက်ရှိသတ္တဝါများ အားလုံးတို့တွင် ထင်ထင်ကြီး ပေါ်ပေါက်နေ၏။ အင်ပါရီယာ စိတ်ဆန္ဒသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ ဤအရာသည် အင်ပါရီယာလက်နက်တစ်ခုသာလျှင် ဖြစ်သည်။ နှစ်ပေါင်းများစွာ ကျော်ဖြတ်ပြီးသည့်နောက် ၎င်း၏ စွမ်းအင်များသည် ခန့်မှန်း၍မရအောင် အားကောင်းသည် ဖြစ်ကြောင်းကို ထင်ထင်ရှားရှားသိရှိနိုင်သည်။

ခေါင်းအထက်တွင် အင်ပါရီယာသရဖူတစ်ခုကို ဆင်မြန်းထားပြီး ထိုအရာဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ရောင်စဉ်ရောင်ဝါများ ထွက်ပေါ်လျက် ရှိနေလေ၏။ ပြောရမည်ဆိုလျှင် နောက်ထပ်အင်ပါရီယာ လက်နက်တစ်ခုလည်း ဖြစ်၏။

တော်ဝင်အင်ပါယာတစ်ယောက်သည် လှုပ်ရှားမှုကို မပြုလုပ်ရသေးချေ။ အင်ပါရီယာလက်နက်နှစ်ခုက ပေါ်ပေါက်လာခဲ့ပြီး ဖြစ်၏။ သံသယရှိစရာမလိုပဲ ကြောက်မက်ဖွယ်ရာကောင်းသည့်လူ ဖြစ်ကြောင်း အားလုံးသော သူတို့က တွေးကြည့်ရုံနှင့်ပင် သိရှိနိုင်သည်။

မှတ်ထားဖို့လိုသည်မှာ အင်ပါရီယာလက်နက်တစ်ခုသည် အင်ပါယာတစ်ယောက်၏ သွေး၊ ချွေးများကို အသုံးပြု၍ ဖန်တီးပြုလုပ်ထားသည့် အရာပင်ဖြစ်၏။ တော်ဝင်အင်ပါယာ တစ်ယောက်အနေဖြင့် လက်နက် တစ်ခုကို သန့်စင်နိုင်ဖို့ဆိုသည်မှာ အတော်အတန် ကြိုးစားရသည့်အရာမျိုး ဖြစ်၏။

သို့ပေမဲ့ လက်ရှိ အချိန်မှာတော့ အင်ပါယာကျန်းထျန်သည် အင်ပါရီယာ လက်နက်နှစ်ခုကို ထုတ်ဖော်ပြသလျက် ရှိနေ၏။ ထို့ကြောင့် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေခံနှင့် အရင်းအမြစ်ကို ပိုင်ဆိုင်သည်ဖြစ်ကြောင်း သိသာထင်ရှားလွန်းလှသည်။

“ကျုပ်ရဲ့လမ်းစဉ်ကို ပိတ်ထားမယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် အားလုံးက သုတ်သင်ရှင်းလင်းခြင်း ခံရမယ်”

အင်ပါယာကျန်းထန်၏ အမူအယာသည် အေးစက်လျက် ရှိနေလေ၏။ ၎င်း၏ မျက်လုံးများသည် လေဟာနယ်ထဲကို ဖြတ်သန်းကာ ကြည့်ရှုပြီးသည့်နောက် သူ၏အနား ပတ်ဝန်းကျင်တွင်ရှိနေသည့် အရာ အားလုံးသည် အေးခဲသွားခဲ့၏။

သူ့အနေနှင့် အင်ပါယာတစ်ယောက် ဖြစ်လာရန်အတွက် အတိတ်ဘဝတုန်းက ဖန်တီးခဲ့သည့် နည်းလမ်း တစ်ခုသာလျှင် ဖြစ်တော့၏။ အဆင့်တူချင်းတွင် ပြိုင်ဘက်ကင်းစွမ်းအားမြင့် အဆင့်ကို ပိုင်ဆိုင်စေသည့် နည်းစနစ်လည်း ဖြစ်လို့နေခဲ့၏။ များပြားလှသည့် ရန်သူများနှင့် တိုက်ခိုက်ခဲ့ဖူးသည်ဆိုလျှင်တောင်မှ သူသည် အမြဲတမ်း အထက်စည်းမှ တိုက်ခိုက်နိုင်ခဲ့၏။

သို့ပေမဲ့ လက်ရှိအခြေအနေတွင် သူသည် လှုပ်ရှားမှုကင်းမဲ့လျက် ရှိနေပြီး တိတ်တဆိတ် ကြိတ်ကာ လှုပ်ရှား တိုက်ခိုက်ခဲ့သည့်သူသည် သူ့ထက် မည်သို့မှ အားနည်းလှသည့်သူ မဟုတ်ဘဲ ပိုမိုကာ အားကောင်းသည့် သူလည်း ဖြစ်နိုင်လေသည်။

အင်မော်တယ်တစ်ယောက် လှုပ်ရှားတိုက်ခိုက်ခဲ့သည်ဆိုသည်ကိုတော့ သူသည် ဘယ်သောအခါကမှ တွေးတောလိမ့်မည် မဟုတ်ပေ။ ကောင်းကင်မူလလောကကြီးဆီသို့ တစ်ခါမှ မရောက်ရှိခဲ့ဖူးသည် ဆိုလျှင်တောင်မှ တည်နေရာလမ်းကြောင်း မှတစ်ဆင့် သူသည် သေသေချာချာ ကြည့်ရှုပြီးဖြစ်၏။ ဤလောကကြီးသည် သွေးနတ်ဆိုးလောကကြီးထက် အနည်းငယ်သာလျှင် အားကောင်း၏။ အားအင်အဆင့်သည် အကန့်အသတ်ဖြင့် တည်ရှိလို့နေခဲ့၏။ အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာခဲ့သည့် အရိပ်သင်္ကေတမျိုး မရှိချေ။

ပြောရမည်ဆိုလျှင် ကောင်းကင်မူလလောကကြီးထဲသို့ လှမ်းဝင်လာခဲ့ပြီးသည့်နောက် ရှုပ်ထွေးသည့် ကိစ္စရပ်မျိုးကို ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းသည် ထိုကဲ့သို့သော အထင်အမြင်သေးသည့် စိတ်က အခြေခံခဲ့၏။ လောကကြီးနှစ်ခုကို စတေးမှုပြုလုပ်ပြီးသည့်နောက် သူသည် အင်မော်တယ်အဆင့်ဆီသို့ ရောက်ရှိသွားရန် အခွင့်အရေးကို ပိုင်ဆိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကောင်းကင်နိယာမများပင်လျှင် သူ့ကို တားဆီးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

“ဒီတော့”

အင်ပါယာကျန်းထျန်သည် စတင်ကာ ပြောဆိုလိုက်၏။ သို့ပေမဲ့ သူသည် စကားကို ဆုံးအောင် မပြောလိုက်ရချေ။ သူ၏ မျက်မှောင်သည် ရုတ်တရက် ကုတ်ဝင်သွားခဲ့၏။ သူ၏နှလုံးသားထဲတွင် အန္တရာယ်၏ အငွေ့အသက်များ စတင်ကာ ခံစားလာခဲ့ကြ၏။

အနားပတ်ဝန်းကျင် တစ်ခုလုံး ရပ်တန့်နေခြင်းသာလျှင် မဟုတ်ဘဲ သူကိုယ်တိုင်ပင်လျှင် ဖိနှိပ်ခြင်းကို ခံနေရသည်ဖြစ်ကြောင်းကို သိရှိ နားလည်လိုက်မိ၏။ သူသည်သာ ဤကဲ့သို့ စကားမပြောဆိုခဲ့သည်ဆိုပါက တစ်ချက်ကလေးမှ သတိပြုမိမည် မဟုတ်ချေ။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

အင်ပါယာကျန်းထျန်သည် အံအားသင့်သွား၏။ သူသည် နိဗ္ဗာနဖြစ်စဉ်ကို ဆယ်ကြိမ်တိတိ ကျော်ဖြတ်ဖူးသည့် လူတစ်ယောက်ဖြစ်ပြီး အဆင့်တူချင်းတွင် ပြိုင်ဘက်ကင်းလှ၏။ လောကကြီး၏ အကန့်အသတ်များကြောင့်သာ မဟုတ်ပါက သူသည် ကောင်းကင်နှင့်မြေပြင်၏ အသင်္ချေ များပြားလှသော လောကများထဲတွင် ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်တည်နေလိမ့်မည်ဟု ယုံကြည်မိ၏။

ယခု သွေးနတ်ဆိုးလောကဆီမှ စထွက်လာလာချင်း မှာပဲ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်တွေ့လျက်ရှိနေသည်။ ကောင်းကင်မူလလောကကြီးထဲတွင် အစစ်အမှန် အင်မော်တယ်များ တည်ရှိနေလေသည်လား။

All Chapters