အခန်း (၃၇၂)
Vol. 25 Ch. 372
“ဒါက ဘာမှမဟုတ်တဲ့ စွမ်းရည်လေး တစ်ခုပါပဲ” လီယွင်၏ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်လျက် ရှိ၏။ ၎င်း၏ အမူအရာသည် တည်ငြိမ်အေးချမ်းလျက် ရှိနေပြီး တစ်ချက်ကလေးမှ စိတ်လှုပ်ရှားမှု မရှိချေ။ မျက်လုံးများလည်း ကြယ်စင်စုကဲ့သို့ နက်ရှိုင်းလျက် ရှိနေ၏။ လက်ကို တစ်ချက် ဝှေ့ယမ်းပြီးသည့်နောက် လက်ချောင်းများနှင့် အသာတောက်လွှတ်လိုက်၏။
ဒင်...
ရွှေနှင့်သံတို့ ထိပ်တိုက်ရင်ဆိုင် တွေ့သကဲ့သို့ပင် ကျယ်လောင်လှသော အသံကြီးသည် ကောင်းကင်ယံထက်တွင် ထွက်ပေါ်လာခဲ့၏။ ရေတွက်လို့မရအောင် များပြားသည့် နတ်ဘုရားဓားများသည် ကောင်းကင်ယံထက်၌ ဖြစ်တည်လာခဲ့ပြီး အရာအားလုံးကို အစိတ်စိတ်၊ အပိုင်းပိုင်း တိုက်ခိုက်သည်။
အင်ပါယာကျန်းထျန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ ၎င်း၏ ကျောရိုးမကြီး တစ်ခုလုံး သည်လည်း စိမ့်တက်နေခဲ့၏။ အလွန်ဆန်းကြယ်လှပါသည်ဆိုသော အစစ်အမှန် အင်မော်တယ် တစ်ယောက်နှင့် နှိုင်းယှဉ်ရသည့် အချိန်မှာတော့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသည့် သွေးများပင်လျှင် ဖိနှိပ်ခြင်း ခံခဲ့ရ၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိအားဒဏ်သည် သူ၏ခန္ဓာကိုယ်ရှိ အရိုးများကို နင်းချိုးနေ သကဲ့သို့ပင်။
ဇွိ ဇွိ ဇွိ
ဓားအလင်းများ ဖြတ်သန်းသွားပြီးသည့်နောက် အင်ပါယာကျန်းထျန်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် များပြားလှသည့် ဓားရာများနှင့် ပြည့်နှက်သွား၏။ သူ့အနေနှင့် ဖြစ်စဉ်တစ်ခုလုံး၌ တစ်ချက်ကလေးမှ မခုခံနိုင်ခဲ့ချေ။
မနီးမဝေးတွင် ရှိနေသည့် ရီစုန်နှင့် ရွှေကျီးကန်းကလန်၏ ဘိုးဘေးတို့မှာတော့ ထိုမြင်ကွင်းကို ကြည့်ရှုရင်း နှုတ်ခမ်းများ တဆတ်ဆတ်နှင့် တုန်ခါနေ၏။ ၎င်းတို့၏ နှလုံးသားများသည် စည်ကြီး တီးသကဲ့သို့ပင် တဝုန်းဝုန်းနှင့် လှုပ်ခါနေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။
အင်ပါယာကျန်းထျန်ကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် စီနီယာ နန်းဆောင်သခင်နှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ ဆိုးဆိုးရွားရွား အခြေအနေမျိုးသို့ ရောက်ရှိနေ၏။ ၎င်းတို့နှစ်ယောက်ကြား ကွာခြားချက်သည် တကယ်ပင် ကြီးမားလွန်းလှ၏။ တူညီသည့် ကျင့်ကြံခြင်းအဆင့်တွင် တည်ရှိနေခြင်း မဟုတ်သည်မှာ သေချာသည်။
နန်းဆောင်သခင်သည်သာ စိတ်ပါသည်ဆိုပါက တစ်ဖက်လူအား လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ဖိနှိပ်သတ်ဖြတ်နိုင်စွမ်း ရှိနေ၏။ ထိုအတွေးသည် လက်ရှိအချိန်မှာတော့ ထင်ပေါ်လာခဲ့၏။
လီယွင်သည် လက်ကို အသာဆန့်တန်းပြီးသည့်နောက် လေထုထဲသို့ လှမ်းဆွဲလိုက်၏။ လက်ဝါးထက်တွင် များပြားပြီး တောက်ပလွန်းလှသည့် သင်္ကေတများ ပေါ်ပေါက်လာခဲ့ပြီး ထိုသင်္ကေတများသည် စူးရှလွန်းလှ၏။ ၎င်း၏ လက်သည် သွေးများ စွန်းထင်းလျက် ရှိနေသည့် တစ်စုံတစ်ယောက်ကို လှမ်းဆွဲလိုက်၏။ ထိုလူသည် အစစ်အမှန် အင်မော်တယ် တစ်ယောက် ဖြစ်လာရန်အတွက် တကယ့်ကို ကြိုးစားပမ်းစားနှင့် နက်နက်ရှိုင်းရှိုင်း ကြိုးစားခဲ့ရသည့် လူတစ်ယောက်လည်း ဖြစ်သည်။
လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် သူသည် လေဟာနယ် တစ်ခုလုံးကို ချုပ်နှောင်လိုက်ပြီးသည့်နောက် သူ၏ လက်ထဲသို့ အင်ပါယာကျန်းထျန်က ပါလာ၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်များသည် ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိနေပြီး သက်ရှိသတ္တဝါပေါင်း များစွာတို့ကို ဖိနှိပ်ထားခဲ့၏။
နန်းဆောင်သခင်နှင့် အင်ပါယာကျန်းထျန်တို့သည် ကောင်းကင်မူလလောကြီး၏ ထိပ်တည်နေရာတွင် မတ်မတ် ရပ်လျက် ရှိနေကြပြီး အလွန်ပြင်းထန်လှသည့် တိုက်ခိုက်မှုကြီး တစ်ခုကို ထုတ်ဖော်ပြသလျက် ရှိနေ၏။ လူပေါင်း များစွာတို့သည် ထိုမြင်ကွင်းကို လှမ်းကြည့်ရင်း နှလုံးသားထဲ၌ မှတ်သားထားမိကြသည်။
“နန်းဆောင်သခင်... ကျုပ်.. ကျုပ် မသေချင်ဘူး။ ကျူပ်သေမှာ မဟုတ်ဘူး” အင်ပါယာကျန်းထျန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများ စွန်းထင်းလျက် ရှိနေသည်။ ခုဏတုန်းက ဖြစ်ခဲ့သည့် တိုက်ခိုက်ချက်သည် သူ၏ အရိုးများ အားလုံးကို ကျိုးသွားစေခဲ့၏။ သူ၏ ဒဏ်ရာများသည် ပြင်းပြင်းထန်ထန် အခြေအနေသို့ ရောက်ရှိနေခဲ့၏။ သို့ပေမဲ့ သူ၏ အကြည့်များကတော့ ကြောက်မက်ဖွယ်ရာ ကောင်းနေသေး၏။ မျက်လုံးများ ချာချာလည်လျက် ရှိနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပြန်လည်မွေးဖွားခြင်း အော်ရာများ ဖြစ်တည်လျက် ရှိနေ၏။ သက်ရှိသတ္တဝါများ အားလုံးကို ပြန်လည်မွေးဖွားစေသော အော်ရာမျိုးပင်။
သူ၏ ရှေ့ဘက်တွင်တော့ ရှေးကျပြီး ရိုးရှင်းလွန်းလှသည့် ယစ်စင်မြင့် တစ်ခုက ပေါ်ပေါက်လာခဲ့၏။ ထိုအရာဆီမှ သွေးများ စီးဆင်းလျက် ရှိနေပြီး မကောင်းသည့် အော်ရာများသည် တည်နေရာ တစ်ခုလုံးကို လွှမ်းခြုံစေခဲ့၏။ ရေတွက်လို့ မရအောင် များပြားသော ဝိညာဉ်များ၏ အော်ငြီးသံက ထွက်ပေါ်လာခဲ့၏။
သွေးနတ်ဆိုးလောကတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်း များစွာတို့၏ အသက်ကို အသုံးပြုကာဖြင့် သူသည် ဤကြမ်းတမ်းလှပါသည် ဆိုသော လက်နက်ကို သန့်စင်ခဲ့ခြင်းဖြစ်၏။ ၎င်းပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံး၌ ဝိညာဉ်များ၏ အော်သံသည် စူးရှစွာ ထွက်ပေါ်လာ၏။ ဤစင်မြင့်သည် အင်ပါရီယာလက်နက်တစ်ခုဖြစ်သော်လည်း အင်ပါရီယာလက်နက်များ အားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိသည်။ အစစ်အမှန် အင်မော်တယ်စွမ်းရည်များကို ထုတ်ဖော်နိုင်စွမ်း ရှိနေသည့် လက်နက်တစ်ခုကို ညွှန်းဆိုပြသပါ ဆိုပါက ဤအရာကိုပင် ညွှန်းဆိုပြသရပေလိမ့်မည်။
အင်ပါယာကျန်းထျန်သည် အလင်းတန်းများနှင့် တောက်ပလျက် ရှိနေ၏။ ၎င်းသည် အင်ပါရီယာလက်နက်ကို ကိုင်ဆောင်ထားပြီးသည့်နောက် ယစ်ပုလ္လင်စင်မြင့်ပေါ်သို့ လှမ်းကာ ခုန်တက်လိုက်၏။
ရီစုန်နှင့် ရွှေကျီးကန်းကလန်မှာ ဘိုးဘေးတို့ နှစ်ယောက်လုံးသည် ကြောက်လန့်သွားခဲ့ကြ၏။ စင်မြင့်ကြီးသည် လေပေါ်တွင် လွင့်မျောလျက်ရှိနေပြီး သွေးနတ်ဆိုးလောကမှ လူများ၏ ဝိညာဉ်များကိုပါ သူတို့က မြင်နေကြ၏။ သွေးနတ်ဆိုးလောကကြီးသည် တကယ့်ကို ကြီးမားလွန်းလှသည့် လောကကြီးဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အင်ပါယာကျန်းထျန်ကြောင့် အသက်မဲ့သည့် လောကကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
အချိန်၏ မြစ်ရေစီးကြောင်း ပြောင်းပြန်လည်လာသကဲ့သို့ပင် ဤစင်မြင့်ကြီးသည် တဖြည်းဖြည်း အသက်ဝင်လာ ၏။ ကောင်းကင်မူလလောကကြီးကို စတေးပစ်ရန် ကြံစည်စဉ်းစားနေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
“စီနီယာနန်းဆောင်သခင်”
ရီစုန်သည် ထကာဖြင့် သတိပေးရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ သူသည် စွမ်းအား ကင်းမဲ့လို့ နေခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချုပ်နှောင်ခြင်းကို ခံခဲ့ရပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် တွေးတောခြင်းမှလွဲလျှင် တခြား မည်သည့်အရာကိုမှ ပြုလုပ်နိုင်စွမ်း မရှိချေ။ ပါးစပ်ကိုပင် မဖွင့်နိုင်ချေ။ သူသည် လောကကြီးထဲ၌ ပေါ်ပေါက်လာသည့် စင်မြင့်ကြီးကိုသာလျှင် ကြည့်ရှုနေမိ၏။
“နားငြီးလိုက်တာ”
လီယွင်က ပြောဆိုလိုက်၏။ သူ၏ တခြားသော လက်တစ်ဖက်ကို အသာဆန့်ပြီးသည့်နောက် လက်ဝါးထက်တွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအရာကြီးသည် ကောင်းကင်အထက်ဆီမှ ကြီးမားလွန်းလှသည့် နတ်စည်းကြီးတစ်ခုအဖြစ် ဖြစ်တည်ကာ ကျဆင်းလာသည်။
ခေါင်းလောင်းတီးသံများသည် တဒေါင်ဒေါင်နှင့် ထွက်ပေါ်လျက် ရှိနေပြီး ယစ်စင်မြင့်ကြီးကလည်း မိုင်သန်း ထောင်နှင့်ချီ အကွာအဝေးဆီသို့ လွင့်စင်သွားခဲ့၏။ မြေပေါ်သို့ မကျခင်မှာပဲ လီယွင်သည် ထိုအရာကို သင်္ကေတ တစ်ခုဖြင့် ထုနှက်ကာ ဖိနှိပ်လိုက်၏။
“ဒီစင်မြင့်က မဆိုးဘူးပဲ”
လီယွင်က မှတ်ချက်ပေးလိုက်၏။ သူသည် စင်မြင့်ကြီးကို အသာလှမ်းကာ ယူလိုက်၏။ အောက်ခြေမှ အပေါ်ထိ သေသေချာချာ ကြည့်ရှုပြီးသည့်နောက် သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ယူဆောင်သွားမည် ဆိုပါက ကောင်းကင်လျှို့ဝှက်အမှတ် တော်တော်များများနှင့် လဲလှယ်နိုင်မည်ဟု သုံးသပ်လိုက်မိသည်။
သူ့တစ်ကိုယ်ရေ တကာယ အသုံးပြုရန်အတွက်တော့ ဘယ်တော့မှ စဉ်းစားလိမ့်မည် မဟုတ်ချေ။ ဤယစ်စင်မြင့် ကြီးသည် ဆိုးရွားလွန်းလှ၏။ ထုတ်လိုက်သည်နှင့်တပြိုင်နက် သူ ယခင်က တည်ဆောက်ခဲ့ရသည့် ဂုဏ်သိက္ခာ ကြီးမားလှပါသည်ဆိုသော် နန်းဆောင်သခင်၏ ဂုဏ်ပုဒ်များသည် တစ်ခါတည်း ပျောက်ကွယ်သွားမှာဖြစ်၏။ ကြီးကျယ်မြင့်မြတ်လှပါသည်ဆိုသော နန်းဆောင်သခင်သည် အဘယ်ကြောင့် ဤမျှဆိုးယုတ်သော ယစ်ပုလ္လင်ကြီးကို ထုတ်ဖော်ကာ လောကကြီး တစ်ခုလုံးကို စတေးပစ်ရမည်နည်း။
“ခင်ဗျား လုပ်ရဲတာလား”
အင်ပါယာကျန်းထျန်သည် အလွန်အမင်း ဒေါသထွက်လျက် ရှိနေ၏။ ထိုဒေါသတရား များသည် သူ၏နှလုံးသားကိုပင် လာရောက် တိုက်ခိုက်လျက် ရှိနေ၏။ သူ၏ တသက်တာလုံး အချိန်များကို အသုံးပြုကာဖြင့် သွန်းလုပ်ခဲ့ရသည်ဖြစ်သော ဤစင်မြင့်ကြီးသည် အနာဂတ်တွင် ကြီးကြီးမားမား တိုးတက်လာရမည့်အရာဖြစ်ပြီး သူ့အတွက် အသုံးဝင်ဆုံး အရာလည်း ဖြစ်လာပေလိမ့်မည်။
အင်မော်တယ်တစ်ယောက်သာ ဖြစ်လာမည်ဆိုပါက ဤစင်မြင့်ကြီးသည် အင်မော်တယ်လက်နက် အစစ်အမှန် ဖြစ်လာမှာဖြစ်၏။ သို့ပေမဲ့ ဘာမှ မကြာသေးသည့် အချိန်မှာပဲ တစ်ဖက်လူက ယူဆောင်သွား၏။ ထို့အပြင် တစ်ဖက်လူသည် သင်္ကေတအမှတ်အသား တစ်ခုကိုပါ ထုနှက်ကာ သိမ်းဆည်းသွားခြင်းဖြစ်၏။ ဆိုလိုသည်မှာ ဤယစ်ပုလ္လင်စင်မြင့်ကြီးသည် သူနှင့် ဘာမှ မသက်ဆိုင်တော့ခြင်းပင်။
“ဘာလို့ မလုပ်ရဲရမှာလဲ” လီယွင်က နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် ဘေးတစ်ဖက်ဆီသို့ ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် ရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။
အင်ပါယာကျန်းထျန်၏ ရင်ဘတ်ဆီသို့ လက်ဝါးရိုက်ချက်တစ်ခု ကျဆင်းလာခဲ့ပြီးသည့်နောက် အင်ပါယာကျန်းထျန်သည် သွေးများ အန်ထွက်လာခဲ့၏။ အစောကြီးကတည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားပြီးဖြစ်သော အင်ပါယာကျန်းထျန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပွင့်ထွက်သွားခဲ့၏။ ခန္ဓာကိုယ်ရှိ အရိုးများသည် ကျိုးကြေသွားခဲ့သည်။ သူသည် အသက်ရှုနေသေးသည် ဆိုသော်လည်း သူ၏ အသက်ရှူသံများမှာ တဖြည်းဖြည်းနှင့် နှေးကွေးလာခဲ့၏။
လီယွင်သည်သာ အနည်းငယ် အားစိုက်လိုက်သည်ဆိုပါက နိဗ္ဗာနဖြစ်စဉ်ကို ဆယ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီးပြီ ဖြစ်သော အင်ပါယာကျန်းထျန် အနေနှင့် ဘာမှမလုပ်ရသေးခင်တွင် တစ်ခါတည်း သေဆုံးသွားနိုင်သည်။
လီယွင်သည် သဘောတကျဖြင့် ခေါင်းကို ညိတ်လိုက်မိ၏။ ပြီးနောက် လေဟာနယ်ထဲကို လှမ်းကြည့်ကာ လက်ကို ဝှေ့ယမ်းလိုက်၏။ ကောင်းကင်မူလလောကကြီး တစ်ခုလုံးကို ချုပ်နှောင်ထားမှုသည် ချက်ချင်း ပြေလျော့ သွား၏။ သူသည် အင်ပါယာကျန်းထန်ကို အသာဆွဲယူကာဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ပြန်လာခဲ့၏။
ရီစုန်သည် ပြန်လည်လွတ်မြောက်လာပြီးသည့်နောက် ပထမဦးဆုံး အသက်ကို ပြင်းပြင်းရှုလိုက်၏။ သူ၏ ခံစားချက်များသည် မတည်မငြိမ် ဖြစ်လို့နေခဲ့၏။ အင်ပါယာကျန်းထျန်ကို ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားခဲ့မိ၏။ သို့ပေမဲ့ သူသည် အင်ပါယာကျန်းထျန်ကို မပြောနှင့် ၎င်း၏ စိတ်ဝိညာဉ်သားရဲ တစ်ကောင်ကိုပင် အနိုင်မယူနိုင် ခဲ့ချေ။ သို့ပေမဲ့ စီနီယာ နန်းဆောင်သခင်မှာတော့ ရိုက်ချက်တစ်ခုတည်းနှင့် ပြိုင်ဘက်အား ဆိုးဆိုးရွားရွား ဒဏ်ရာ ရရှိအောင် ပြုလုပ်ခဲ့၏။ ကွာခြားချက်က တကယ့်ကို ကြီးမားလွန်းလှသည်။
“နန်းဆောင်သခင်က ဘယ်လောက်ထိ အားကောင်းတာလဲ” ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် လီယွင် ထွက်ခွာသွားသည်ကို လှမ်းကာ ကြည့်ရှုရင်း ရီစုန်ကို မေးလိုက်၏။
“ပြောဖို့ခက်တယ်”
ရီစုန်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ သေချာတာ တစ်ခုတော့ရှိတယ်”
“ဘာလဲ” ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် အသာလှည့်ကာ မေးမြန်းလိုက်၏။
“အသင်္ချေ များပြားလှတဲ့ လောကတွေမှာ ရှိတဲ့ အစစ်အမှန် အင်မော်တယ်တွေတောင်မှ ဒီလိုကိစ္စမျိုးကို လုပ်နိုင်မှာ မဟုတ်ဘူး” ရီစုန်သည် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒီတော့ နန်းဆောင်သခင်က ကောင်းကင်မူလလောကကြီးရဲ့ ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလို့ အစ်ကိုရီက ယုံကြည်နေတာလား” ရွှေကျီးကန်းကလန်၏ ဘိုးဘေးက စူးစမ်းလိုက်၏။
အစစ်အမှန် အင်မော်တယ်များသည် အသင်္ချေများပြားလှသည့် လောကကြီးရှိ သတင်းအချက်အလက်များကို စုံစမ်းဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ စီနီယာနန်းဆောင်သခင်၏ အားအင်အဆင့်သည် အစစ်အမှန် အင်မော်တယ် အဆင့်တွင် ကန့်သတ်ချက် တည်ရှိနေလိမ့်မည်မဟုတ်ဟု ရီစုန်က သတ်မှတ်ထားခဲ့၏။ ကောင်းကင်မူလ လောကကြီးနှင့် အဆင့်နှင့် ပြောရမည်ဆိုလျှင် ဤကဲ့သို့သော ပြိုင်စံရှားစွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်စွမ်း မရှိချေ။
“ဒါက ကျုပ်ရဲ့ တွက်ချက်မှု သက်သက်ပါပဲ။ အစစ်အမှန်တရားလို့ ပြောလို့ မရဘူး” ရီစုန်က ခေါင်းကို ခါယမ်းလိုက်သည်။
နန်းဆောင်သခင်သည် အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဆိုပါက သူတို့အနေဖြင့် ကောင်းကင်မူလ လောကကြီး၏ ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်စွမ်းရှိသည်။ သို့ပေမဲ့ နန်းဆောင်သခင်သည် ပိုမိုကာ အားကောင်းလွန်းလှသည့် အားအင်အဆင့်ကို ထုတ်ဖော် ပြသခဲ့၏။ ထို့ကြောင့် သူတို့သည် သူတို့၏ ထင်မြင်ချက် များမှာ မသေချာကြောင်း တွေးတောလာမိကြ၏။
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်မူလလောကကြီး ကဲ့သို့သော တည်နေရာငယ်လေးတွင် ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။ နန်းဆောင်သခင်သည် အလွန်တရာ ကြီးမားဆန်းကြယ်လွန်းလှသည့် လောကကြီးတစ်ခုဆီမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ကောင်းကင်မူလ လောကကြီးထဲသို့ ရောက်ရှိပြီးနောက် ဆော့ကစားခြင်းကို ပြုလုပ်နေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။