← Chapters

အခန်း (၃၇၃)

Vol. 25 Ch. 373

အခန်း (၃၇၃)

Vol. 25 Ch. 373

“ထင်တားတဲ့အတိုင်းပဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ အားအင်အဆင့်က တကယ့်ကို ခန့်မှန်းလို့ မရဘူးပဲ”

လီယွင်တစ်ယောက် အင်ပါယာကျန်းထျန်ကို ဖိနှိပ်ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ပြန်သွားသည့် အချိန်တွင် ကောင်းကင်မူလလောကကြီး၏ အပြင်ဘက် ရှုပ်ထွေးလှသည့် တည်နေရာကြီးထဲမှာတော့ မြူများ ရစ်သိုင်းလျက် ရှိနေသည့် ထာဝရမြို့ .........

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သင်္ကေတများသည် ထိုအထဲတွင် ထွန်းတောက်လျက် ရှိနေပြီး အင်မော်တယ်အလင်းတန်းများသည် အရာအားလုံးကို ထွန်းလင်းစေခဲ့၏။

မြို့၏ အတွင်းဘက်တွင်တော့ နန်းတော်တစ်ခုက တည်ရှိလို့နေခဲ့ပြီး ထိုနန်းတော်ကို ရှေးသစ်ပင်ကြီးတစ်ခုက လွှမ်းခြုံကာ အရိပ်ပေးထားခဲ့၏။ ထိုရောင်စုံနတ်ဘုရားသစ်ပင်ကြီးသည် နန်းတော်၏ ဘေးတစ်ဖက်တွင် ပေါက်ရောက်လျက် ရှိနေပြီး အားလုံးသော သူတို့ကို စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်လွှင့်ပေးလျက် ရှိနေ၏။ နန်းတော်ကြီးနှင့် ရှေးသစ်ပင်ကြီး၏ ကြားထဲတွင်တော့ ကျောက်စိမ်းဖြူများ ခင်းကျင်းထားသည့် လမ်းလေးတစ်ခု ရှိသည်။

မြင်ကွင်းကို ကြည့်ရှုရမည်ဆိုလျှင် ပန်းချီရေးဆွဲထားသည့် မြင်ကွင်းတစ်ခုကဲ့သို့ပင် ကြည့်၍ ကောင်းလွန်းလှ၏။

ထိုလမ်း၏ အထက်တွင်တော့ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ထွန်းတောက်လျက် ရှိနေသည့် ဟုန်ရွှမ်သည် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းသည် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လေးလေးစားစားဖြင့် ရပ်လျက် ရှိနေခြင်းပင်။ ထာဝရမြို့၏ အထက်ဆီမှ မြို့တော်ဝန်၏ အသံကို ကြားရသည့်အချိန်မှာတော့ ဟုန်ရွှမ်သည် လုံးဝ အံ့အားသင့်ခြင်း မရှိချေ။

သူကိုယ်တိုင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် နန်းဆောင်သခင်၏ အားအင်အဆင့်ကို မျက်မြင်သုံးသပ်၍ မရနိုင်ခဲ့သော်လည်း တော်ဝင်အင်ပါယာ နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်၏ မျက်လုံးထဲတွင်တော့ တစ်ဖက်လူသည် သူတို့၏ မြို့တော်ဝန်ထက် ပိုမိုကာ အားကောင်းသည့် လူဖြစ်ကြောင်း ခန့်မှန်းပြီးသား ဖြစ်၏။

ယခု မြို့တော်ဝန်၏ စကားကို ကြားရသည့်အချိန်မှာတော့ ကျိန်းသေပေါက် သူ၏ တွက်ချက်မှုသည် မှန်ကန်သည်ဟု သုံးသပ်လိုက်မိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်သည် မြို့တော်ဝန်ထက် တကယ်ပင် သာလွန်လျက် ရှိနေသည်။

“ကျုပ် မေးချင်ပါတယ် မြို့တော်ဝန်။ အခု တိုက်ပွဲကို အခြေခံရမယ်ဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ သခင်က အစစ်အမှန် အင်မော်တယ်အဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသားလို့ ပြောနိုင်ပါသလား” ဟုန်ရွှမ်သည် ဦးညွတ်ကာဖြင့် သူ၏သံသယများကို ထုတ်ဖော်ကာ မေးမြန်းလိုက်၏။

ကောင်းကင်မူလလောကကြီးထဲတွင် အင်ပါယာအဆင့် အားအင်ကို ပိုင်ဆိုင်သည့် ကျင့်ကြံသူများ များများစားစား မရှိချေ။ ထို့အပြင် အစစ်အမှန် အင်မော်တယ်ဆိုသည်မှာလည်း တကယ်ပင် ရှားပါးလွန်း၏။ ကြည့်ရသည်မှာ မြို့တော်ဝန်နှင့် နန်းဆောင်သခင်တို့သာလျှင် ရှိမည့်ပုံပင်။

“ဒါက ပြောဖို့ခက်တယ်”

အသံတစ်ခုသည် နန်းတော်အတွင်းမှ ပဲ့တင်ကာ ထွက်ပေါ်လာသည်။ “စောဏတုန်းက ထုတ်ဖော်ပြသခဲ့တဲ့ နန်းဆောင်သခင်ရဲ့ အားအင်အဆင့်က သူရဲ့ အင်ပြည့်အားပြည့် တိုက်ခိုက်ချက်လို့ ထင်နေတာလား”

“မဟုတ်ဘူးလား” ဟုန်ရွှမ်၏ နှလုံးသားများသည် တုန်ယင်သွား၏။ မြို့တော်ဝန်၏ စကားကို နားထောင်ရမည် ဆိုလျှင် ဤအရာသည် တကယ့်ကို အရေးကြီးသည့် အဓိပ္ပာယ် ပေါ်ပေါက်လာခဲ့၏။ စောဏတုန်းက ကောင်းကင်မူလလောကကြီး တစ်ခုလုံးအပြင် တည်နေရာလမ်းကြောင်းတစ်ခုထဲ ရှိနေသော သူတို့ပါ အေးခဲ ရပ်တန့်ခဲ့၏။ တစ်ချက်ကလေးမှပင် မလှုပ်နိုင်ခဲ့ချေ။ ဆိုလိုသည်မှာ နန်းဆောင်သခင်သည် ထိုထက်ပိုမိုကာ အားကောင်းသည့် စွမ်းအင်အဆင့်ကို ထုတ်ဖော်ပြသနိုင် သေးသည်လား။

“ဟမ့်”

ထာဝရမြို့တော်ဝန်သည် အသာရယ်မောကာဖြင့် ပြောဆိုလိုက်၏။ “ဒါ မြင်နေရတဲ့ အမြင်ပိုင်းသက်သက်ပဲ ရှိနေသေးတယ်။ ဒီထက် နက်ရှိုင်းတဲ့ အရာတွေ ရှိနေနိုင်သေးတယ်လေ။ အင်း...”

ခဏလောက် ရပ်တန့်ပြီးသည့် နောက် သူက ဆက်ပြောလိုက်သည်။ “အစကနေ အဆုံးအထိ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့ အစစ်အမှန် ပုံရိပ်က ပေါ်မလာခဲ့ဘူး။ ကျုပ်တို့ ခုဏတုန်းက မြင်ခဲ့တာ သူ့ရဲ့ နတ်ဘုရားသိစိတ် အမျှင်တစ်ခုပဲ။ သူ့ရဲ့ အစစ်အမှန် အားအင်ကို ကျုပ်တကယ်ပဲ တွက်ချက်လို့ မဖြစ်နိုင်ဘူး”

ဤစကားစုသည် တကယ်ပင် အံ့အားသင့်စရာ ဖြစ်လို့နေခဲ့၏။ ထာဝရမြို့တော်ဝန်သည် သူ့ကိုသူ အစစ်အမှန် အင်မော်တယ်ဟု သုံးသပ်ခဲ့ပြီးသားဖြစ်၏။ နန်းဆောင်သခင်ထက် မည်သို့မှ အားနည်းလိမ့်မည် မဟုတ်ဟုလည်း တွေးထင်ထား၏။ သို့ပေမဲ့ တကယ်တမ်း နန်းဆောင်သခင်သည် သူတို့ လောကကြီး၏ အကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့သည့် အချိန်မှာတော့ သူ၏ ယုံကြည်ချက်များသည် ပျောက်ကွယ်သွားခဲ့၏။

အင်ပါယာကျန်းထျန် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် အစစ်အမှန် အင်မော်တယ်တစ်ပိုင်းအဆင့်ကို ရောက်ရှိလျက် အင်ပါယာကျန်းထျန်အား နန်းဆောင်သခင်သည် တိုက်ခိုက်ချက်တစ်ခုတည်းနှင့် ဖိနှိပ် အနိုင်ယူနိုင်ခဲ့၏။ ထို့ကြောင့် ၎င်းနှင့် နန်းဆောင်သခင်တို့အကြား ကွာခြားချက်သည် မည်မျှ ကြီးမားသည်ကို ထိုအချက်ကို ထောက်ကာ သုံးသပ်နိုင်သည်။

“နတ်ဘုရားသိစိတ် အမျှင်တစ်ခု ဟုတ်လား”

ဟုန်ရွှမ်သည် အံ့အားသင့်သွား၏။ စောဏတုန်းက ထာဝရမြို့ တစ်ခုလုံးပင်လျှင် သက်ရောက်ခဲ့၏။ သူတို့သည် ကောင်းကင်မူလလောကကြီးတွင် ဖြစ်ပျက်သမျှ အရာ အားလုံးကို ကြည့်ရှုနေမိခဲ့၏။ အင်မော်တယ်တစ်ယောက် ဆင်းသက်လာခဲ့ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အားအင်အဆင့်ကို ပြသခဲ့၏။

သို့ပေမဲ့ ထိုအရာသည် နန်းဆောင်သခင်၏ အင်ပြည့်အားပြည့် စွမ်းအင်အဆင့် မဟုတ်ဘဲ သိစိတ်အမျှင်လေး တစ်ခုမျှသာ ဖြစ်သည်ဟု ထာဝရမြို့တော်ဝန်က ပြောဆိုလျက် ရှိနေ၏။ အချက်အလက်သည် သူ နားလည်ထားသမျှ အရာအားလုံးကို ပြောင်းပြန်လှန်စေခဲ့သည်။

နန်းဆောင်သခင် ဘယ်လို လုပ်ခဲ့သနည်း။ ကောင်းကင်မူလလောကကြီး၏ ကောင်းကင်တာအိုသည် အလှပြသက်သက် ဖြစ်နေသည်လား။

“ခင်ဗျားရဲ့ အားအင်အဆင့်က အမှန်တရားကို မြင်နိုင်ဖို့အတွက် အရမ်းကို နိမ့်ကျလွန်းတယ်။ ကျုပ်ရဲ့ တွက်ချက်မှု အရ နန်းဆောင်သခင်ရဲ့ အားအင်အဆင့်က အစစ်အမှန် အင်မော်တယ်တွေထက်တောင် ပိုပြီး သာလွန်နေလိမ့်မယ်”

ထာဝရမြို့တော်ဝန်သည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “သူ့ရဲ့အဆင့်က ဘာဖြစ်တယ်ဆိုတာ ဖြေရှင်းနိုင်ဖို့ဆိုရင် သူက ဘယ်နေရာက လာလဲဆိုတာ သိရှိဖို့ လိုလာပြီ”

“မွေးရပ်မြေလား” ဟုန်ရွှမ်က စဉ်းစားလိုက်မိသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ရရှိခဲ့သည့် သတင်းအချက်အလက်များ အားလုံးကို မြို့တော်ဝန်အား သတင်းပေးခဲ့ပြီးသားဖြစ်၏။ သတင်းကို သိရှိပြီးသည့်နောက် မြို့တော်ဝန်သည် အချိန်အတော်ကြာ တိတ်ဆိတ် ငြိမ်သက်သွားဖူး၏။

သက်တမ်း အဆုံးထိ ရောက်ရှိလျက် ရှိနေသည်ကို သိရှိသည့် တစ်စုံတစ်ယောက် - ထိုသူသည် တကယ်ပင် အားအင်ကောင်းမွန်သည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူ့၌ မည်သည့်မျှော်လင့်ချက်မှလည်း မရှိတော့ချေ။ သူ၏ သက်တမ်းကလည်း နီးကပ်လျက် ရှိနေ၏။ သူသည် သေမိန့်ချခံထားရသည်နှင့်ပင် ဆင်တူနေသည်။

“မြို့တော်ဝန်... နန်းဆောင်သခင် ပြောတာက နက်နဲမီးတောက်လောကကြီးက အစိတ်အပိုင်း သုံးခုအဖြစ် ပိုင်းခြားသွားတယ်တဲ့။ ကျုပ်တို့ အခု ဘာလုပ်ကြမလဲ”

ဟုန်ရွှမ်သည် တီးတိုး မေးမြန်းလိုက်၏။ သူတို့အနေနှင့် စွမ်းအားမြင့်လောကကြီးဆီသို့ သွား၍ မရတော့ချေ။ ထို့အတူ အဆင့်မြင့်လောကထဲသို့လည်း သွား၍ မဖြစ်နိုင်ပေ။ လက်ရှိ အခြေအနေမှာတော့ အပေါ်တက်ရမလား။ အောက်ဆင်းရမလား အခြေအနေတွင် ကြောင်တောင်တောင် ဖြစ်လို့နေခဲ့၏။

“ခဏစောင့်အုံး”

ထာဝရမြို့တော်ဝန်က ပြောဆိုလိုက်သည်။ “ကြည့်ရတာ”

သူသည် မည်သည့်စကားကို‌မှ မဆိုဘဲ အချိန်အတော်ကြာသည်အထိ တွေးတောစဉ်းစားနေသည့်ပုံပေါ်၏။ လက်ရှိအခြေအနေသည် ကောင်းမွန်လှသည် မဟုတ်ချေ။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် စည်းကို ချိုးဖြတ်ပြီး သွားခြင်းကလည်း သူ၏သက်တမ်းကို ပိုမိုကာ ယုတ်လျော့စေမှာ သေချာ၏။

အလျင်စလိုအနေဖြင့် လောကကြီးတစ်ခုထဲသို့ ဝင်သွားသည်ဆိုပါက တခြားလောကထဲတွင် ရှိနေသည့် ထိပ်တန်း စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရပြီး သူ၏ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည့် ကျင့်ကြံခြင်းများသည် တရိပ်ရိပ်ဆိုသလို ပျောက်ကွယ်သွားမှာဖြစ်၏။ ကောင်းကင်မူလလောကကြီးထဲတွင် နေထိုင်မည်ဆိုလျှင်လည်း ဘာမှမတတ်နိုင်ချေ။ သူ၏ သက်တမ်းများသည် တဖြည်းဖြည်းနှင့် ယုတ်လျော့သွားမှာပင်။

“အင်း”

ဟုန်ရွှမ်သည် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိပုံပေါ်၏။ ထို့ကြောင့် ဆက်ပြောလိုက်၏။ “ခရမ်းရောင်နက်နဲ လောကကြီးနဲ့ ကောင်းကင်မူလလောကကြီးတို့ ပေါင်းစပ်သွားတဲ့အခြေအနေကို ကြည့်ရတာ စီနီယာနန်းဆောင်သခင်က လှုပ်ရှားပေးလိမ့်မယ်။ ဒါပေမဲ့ ကျုပ် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို သွားတဲ့အချိန်မှာ စီနီယာက တစ်စုံတစ်ခုကို အရိပ်အမြွက် ပြောခဲ့သေးတယ်”

“ဟမ်”

ကောင်းကင်ပေါ်တွင် ရှိနေသည့် ထာဝရမြို့တော်ဝန်သည် ဟုန်ရွှမ်၏ စကားကို ကြားရသည့်အချိန်မှာတော့ စိတ်ပါဝင်စားမှုများဖြင့် ပြည့်နှက်လာခဲ့၏။ သူက မေးမြန်းလိုက်သည်။ “ဘာကြီးလဲ”

“စီနီယာ ပြောခဲ့တာက မြေအင်မော်တယ်လောကကြီးမှာရှိတဲ့ တည်နေရာလမ်းကြောင်းက ဘယ်တော့မှ ပေါ်မလာ တော့ဘူးတဲ့” ဟုန်ရွှမ်သည် ထိုစကားစုများကို သေသေချာချာ ပြောဆိုလိုက်၏။

“မြေအင်မော်တယ်လောက ဟုတ်လား”

ထာဝရမြို့တော်ဝန်သည် ထိုစကားစုများကို တီးတိုးရေရွတ်လိုက်၏။ မြေအင်မော်တယ်လောက၏ ဂုဏ်သတင်းသည် ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကကြီးတွင် လက်ရှိ ပျံ့နှံ့နေသည့် အရာပင်ဖြစ်၏။ ထိုလောကကြီးဆီမှ သတ္တဝါများ တည်နေရာဖြတ်သန်းကာ ရောက်ရှိလာသည့် သတင်းသည် အားလုံးနီးပါး သိပြီးသား ဖြစ်သည်။

သို့ပေမဲ့ မြေအင်မော်တယ်လောကတွင် ရှိနေသော တချို့သော လျှို့ဝှက်ချက်များကို သူတို့က ကြိုတင်ကာ သိရှိပြီး ဖြစ်၏။ ထိုအထဲတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အရေးပါမှုသည် တကယ် အရေးကြီးသည့် အခြေအနေ၌ ရှိလို့နေ၏။

All Chapters