← Chapters

ဇာတ်သိမ်း

Vol. 40 Ch. 558

ဇာတ်သိမ်း

Vol. 40 Ch. 558

တောင်ခြေသေရည်ဆိုင်။

အဋ္ဌမမင်းသားနှင့် လူငယ်က ရိုက်နှက်မည်ကို စိုးရိမ်သည့်အတွက် ယန်ရှီးယွင်က ဟုန်ယာ၏နောက်သို့ ဝင်ပုန်းလိုက်သည်။

အဋ္ဌမင်းသားက…

“ဒါဆိုရင် ခွန်လွန်ဗလာနယ်ထဲက ထွက်လာတဲ့လူတိုင်းကို ခွန်လွန်က ဂရုတစိုက်စောင့်ကြည့်ပေးနေတာလား”

လူငယ်က ခဏမျှစဉ်းစားလိုက်ရင်း…

“အင်း… ဟုတ်တယ် ၊ ခွန်လွန်ဗလာနယ်ထဲက ထွက်လာတဲ့သူတွေအားလုံးက အင်မော်တယ်ဖြစ်တဲ့အထိ ခွန်လွန်တောင်မှာ အေးအေးဆေးဆေး ကျင့်ကြံနိုင်တယ် ၊ အဲဒါက ရွေးချယ်စရာမရှိ လုပ်ကိုလုပ်ရမယ့်အလုပ်ပဲ”

ယန်ရှီးယွင်က အံ့အားသင့်သွားဟန်ဖြင့်…

“ဒါဆို ကျွန်မလည်း ခွန်လွန်တောင်ကို သွားချင်တယ် ၊ ဘယ်ကိုသတင်းပို့ရမလဲ”

လူငယ်က…

“ဘယ်သူမှ မင်းကိုလာမကြိုဘူးလား”

ယန်ရှီးယွင်က ခေါင်းညိတ်ပြလိုက်သည်။

လူငယ်က…

“ဒါ မဖြစ်သင့်ဘူး ၊ ခွန်လွန်ကလူတွေက ခွန်လွန်ဗလာနယ်ထဲက ထွက်လာတဲ့သူတွေကို ခေါ်သွားလေ့ရှိတာပဲ ၊ မင်းက ဘာလို့ ကျန်ခဲ့ရတာလဲ”

ဟုန်ယာက…

“ခွန်လွန်ဗလာနယ်ထဲက ထွက်လာတဲ့သူတွေက ဘယ်တောင်ထွတ်မှာမဆို ပညာသင်ယူလို့ ရသလား ၊ အဲဒါဆိုရင်တော့ နဝမတော်ထွတ်ကို သွားသင့်တယ်”

အဋ္ဌမမင်းသားက…

“ဒါဆို သူက ကျုပ်ယောက်ဖရဲ့ ဂိုဏ်းတူညီမလေး ဖြစ်သွားမှာပေါ့”

နဝမတောင်ထွတ်ကို ရွေးချယ်ခြင်းက တန်ခိုးစွမ်းအား အမြင့်မားဆုံးနေရာကို ရွေးချယ်ခြင်း ဖြစ်သည်။

လူငယ်က ခေါင်းခါယမ်းလိုက်ရင်း…

“မရဘူး ၊ နဝမတောင်ထွတ်ထွတ်က ဘယ်သူ့ကိုမှ တပည့်အဖြစ်လက်မခံဘူး ၊ မဟုတ်ရင် အကုန်လုံး နဝမတောင်ထွတ်ကို ရောက်နေလောက်ပြီ”

အဋ္ဌမမင်းသားက…

“ဒါပေမဲ့ ကျုပ် လိုက်ပြောပေးမယ်ဆိုရင်တော့ ယန်ရှီးယွင်ကို နဝမတောင်ထွတ်က လက်ခံချင်လက်ခံမှာပေါ့ ၊ တခြားသူတွေက ရွေးချယ်စရာမရှိပေမယ့် သူက ရွေးချယ်လို့ရတယ်လေ”

လူငယ်က…

“မဖြစ်နိုင်ဘူး ၊ အဲဒီလိုလုပ်လို့ရမယ် မထင်ဘူး”

လူငယ်နှင့် လုန်မန် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည်။ အရင်ကလိုပင် တစ်ယောက်နှင့်တစ်ယောက် အချိန်မရွေး ထသတ်ကြတော့မည့် သဘောရှိသည်။

ထိုအချိန်…

ကောင်းကင်ထက်မှ “ဝုန်း” ကနည်း အော်မြည်သံကြီးတစ်ချက် ထွက်ပေါ်လာသည်။

ထိုအသံက မဟာတာအို၏ ပဲ့တင်သံဖြစ်ပြီး တစ်စုံတစ်ယောက် သူတော်စင်ဖြစ်လာတော့မည့် လက္ခဏာဖြစ်သည်။

အဋ္ဌမမင်းသား တုန်လှုပ်ခြောက်ခြားသွားပြီး…

“နတ်လူသားမျိုးနွယ် ယွင်ရှောင်းက သူတောင်စင်ဖြစ်လာတော့မှာလား”

ယခုနှစ်များအတွင်း နတ်ဘုရားရာထူးပိုင်ရှင် (၁၂)ယောက်က သူတော်စင်များဖြစ်လာရန် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့ကြသည်။ သို့သော် မည်မျှပင် ကြိုးစားပါစေ သူတော်စင်တစ်ယောက်ဖြစ်လာရန် နှစ်တစ်ထောင်ခန့် အချိန်ယူရသည်။

နတ်လူသားမျိုးနွယ်ယွင်ရှောင်းကတော့ အနှစ် (၂၀၀)အတွင်း ပထမဆုံး သူတော်စင်ဖြစ်လာသူ ဖြစ်သည်။

လူငယ်က အံ့အားသင့်စွာဖြင့်…

“သူက ပျက်သုဉ်းတစ်စပြင်လောကကြီးရဲ့ ခေတ်သစ်ကာလမှာ ပထမဆုံးသူတော်စင်ပဲ မဟုတ်လား”

ထို့နောက် သူက သားရဲဥလေးကို လှည့်ကြည့်လိုက်သည်။

“တစ်နေ့မှာ ဒီသားရဲဥလေးရော သူတော်စင်ဖြစ်လာမယ်လို့ ထင်သလား”

ဟုန်ယာက…

“သူတော်စင်ဖြစ်ဖို့ဆိုတာ ဘယ်လိုလုပ်လွယ်ကူမှာလဲ ၊ နတ်လူသားမျိုးနွယ် ယွင်ရှောင်းက အခြားသူတွေနဲ့မတူဘူးလို့ ဘိုးဘေးဇာမဏီနတ်ဘုရားက ငါ့ကိုပြောပြဖူးတယ် ၊ သူက စိတ်ခံစားချက်တွေအားလုံးကို ဖြတ်တောက်နိုင်ခဲ့လို့ မိုးကောင်းကင်တာအိုရဲ့ လမ်းညွှန်မှုကိုတောင် ရရှိခဲ့တယ်လို့ ပြောတယ် ၊ မိုးကောင်းကင်တာအိုက သူ့ကို သူတော်စင်ဖြစ်လာစေပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးရဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်စေချင်တယ်လို့ ကြားဖူးတယ်”

မိုးကောင်းကင်တာအိုဆိုသည်မှာ ဧကရာဇ်ရှီးဟယ်ကို ပြောခြင်း ဖြစ်သည်။ သူက ပျက်သုဉ်းတစ်စပြင်လောကကြီး၏ မိုးကောင်းကင်တာအိုထဲသို့ စီးဝင်ပေါင်းစပ်ထားသူ ဖြစ်သည်။

နတ်လူသားမျိုးနွယ် ယွင်ရှောင်းက မီးတောင်ကျွန်းမှ ထွက်ခွာလာခဲ့ပြီး လောကအလယ် လှည့်လည်သွားလာနေသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သည်။ သူက လောကအလယ်တွင် သူ့နာမည်ကို ကျန်ရစ်စေခဲ့ပြီး ယနေ့ခေတ်၏ သူတော်စင်တစ်ပါး ဖြစ်လာခဲ့သည်။

ယွင်ရှောင်းက ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး ကောင်းကင်ယံဆီသို့ ခေါင်းမော့ကြည့်လိုက်၏။

“မင်းက ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ ပထမဆုံးသူတောင်စင် ဖြစ်လာတဲ့လူတစ်ယောက်ပါ ၊ အဲဒီဂုဏ်ပုဒ်ကို ကျုပ်ယူလိုက်မှာကို မင်းမစိုးရိမ်ဘူးလား”

ကောင်းကင်ထက်မှ အသံတစ်သံထွက်ပေါ်လာသည်။

“မင်း ယူလို့ရပါတယ် ၊ ဒါပေမဲ့ မင်း ယူလိုက်မယ်ဆိုရင် သူတော်စင်တစ်ယောက် ဖြစ်လာမှာမဟုတ်တော့ဘူး”

ယွင်ရှောင်းက…

“အဲဒီနေရာမှာရော ဘာအပြောင်းအလဲမှ မရှိဘူးလား”

သူတော်စင်ဖြစ်လာပြီးနောက်ပိုင်း ကောင်းကင်ဘုံမှ အကြောင်းအရာအတော်များများကို သူ ကြည့်မြင်နိုင်သည်။ သို့သော် ကျန်းလန်ရှိရာအရပ်ကိုတော့ တွေ့မြင်နိုင်ခြင်း မရှိပေ။

သူမေးသည့်မေးခွန်းကို ပြန်မဖြေဘဲ ကောင်းကင်ထက်မှအသံက တိတ်ဆိတ်သွားသည်။ ယွင်ရှောင်းသည်လည်း ကမ္ဘာမြေပြင်ထက်သို့ ပြန်လည်ဆင်းသက်လာခဲ့သည်။

နေ့နှင့်ညတစ်လှည့်စီပြောင်းလဲကာ အချိန်များတရွေ့ရွေ့ ကုန်ဆုံးသွားပြန်သည်။

ခွန်လွန်ဗလာနယ်ထဲမှ ထွက်လာသူတိုင်း မည်သည့်မျိုးနွယ်ဖြစ်ပါစေ ခွန်လွန်တောင်တွင် အရင်ဆုံးပညာသင်ယူပြီးမှ ပျက်သုဉ်းတစ်စပြင်လောကကြီးသို့ ထွက်ခွာသွားကြသည်။ ခွန်လွန်တောင်က နှစ်စဉ်နှစ်တိုင်း ပြင်ပလောကသို့ တပည့်များစေလွှတ်နေသည့်ပမာ ဖြစ်ပြီး ထိုအိမ်ပြန်ခရီးက တပည့်များအတွက် လေ့ကျင့်ရေးခရီးစဉ်လည်း ဖြစ်သည်။

သို့သော် အချို့သူများကတော့ ခွန်လွန်တောင်မှ ထွက်ခွာသွားခြင်းမရှိကြပေ။ အထူးသဖြင့် လုန်ရဲ့ ဖြစ်သည်။ သူက ခွန်လွန်ဗလာနယ်ထဲမှ ထွက်ခွာလာပြီးနောက် လူသားအင်မော်တယ်ဖြစ်လာသည်အထိ ကျင့်ကြံနိုင်ခဲ့သည်။

သို့ပေသိ သူက ခွန်လွန်တောင်မှ တစ်ဖဝါးမှ မခွာခဲ့ပေ။ အဓိကအကြောင်းရင်းမှာ ရန်သူဟောင်းကြီးဖီရှိုးကို အနိုင်မယူနိုင်သောကြောင့် ဖြစ်သည်။

ခွန်လွန်တောင်၏ ကျော်ကြားမှုအရိပ်အောက်တွင်နေလိုသည့်အတွက် အိမ်မပြန်ဘဲ တောင်ပေါ်တွင်သာ နေထိုင်သူများလည်း ရှိကြသည်။

လက်ရှိတွင် ခွန်လွန်ဝတ်ကျောင်းတော်သည် မိုးကောင်းကင်တာအို စံမြန်းနေထိုင်ရာ နေရာဖြစ်ပြီး နဝမတောင်ထွတ်ကတော့ လောကပထမသူတော်စင်နေထိုင်ရာနေရာဖြစ်သည်။

ခွန်လွန်သည် အမှန်တကယ်ပင် ပျက်သုဉ်းတစ်စပြင်လောကကြီး၏ မြင့်မြတ်သောနယ်မြေ ဖြစ်သည်။

လင်စီးယာ နဝမတောင်ထွတ်ဆီသို့ လှမ်းကြည့်လိုက်သည်။

“ဂိုဏ်းတူအစ်မကိုတောင် မတွေ့ရတာကြာပြီ”

ကျင်းထင်နှင့် မုရှိုးတို့လည်း သက်ပြင်းကိုယ်စီချလိုက်ကြသည်။ နှစ်ပေါင်း (၃၀၀) နီးပါးရှိပြီဖြစ်သည့်တိုင် ကျောက်စိမ်းရေကန်နတ်ဘုရားမသည် အပြင်လောသို့ ထွက်မလာခဲ့ပေ။

အရင်က နဝမတောင်ထွတ်တွင် တပည့်တစ်ယောက်မှ မရှိဟု ထင်မှတ်ခဲ့ကြသလို ယခုလည်း ခွန်လွန်တောင်တွင် ကျောက်စိမ်းရေကန်နတ်ဘုရားမ ရှိပါသေးရဲ့လားဟု တွေးမိကြသည်။

မုရှိုးက…

“ဂိုဏ်းတူမောင်လေးကျန်းလန် ပြန်လာမယ်လို့ ထင်သလား”

ကျင်းထင်က…

“ပြန်လာနိုင်ပါတယ် ၊ ဂိုဏ်းတူညီလေးကျန်းလန်က သိုသိုသိပ်သိပ်နေတတ်ပေမယ့် သူ့အတွက် လွတ်လမ်းကိုတော့ အမြဲတမ်းရှာဖွေထားတတ်တဲ့သူပါ”

ဤသည်က ခန့်မှန်းကြည့်ခြင်းသာ ဖြစ်သည်။ သူတို့အဆင့်ဖြင့် သူတော်စင်တစ်ယောက်ကို မည်သို့နားလည်နိုင်ပါမည်နည်။

ခွန်လွန်ဝတ်ကျောင်းတော်…။

ဧကရာဇ်ရှီးဟယ်သည် ကောင်းကင်ထက်သို့ လှမ်းကြည့်နေသည်။ သူ၏တန်ခိုးစွမ်းအားဖြင့် ကောင်းကင်ဘုံမှ အပြောင်းအလဲများကို တွေ့မြင်နိုင်စွမ်းရှိသည်။

လွန်ခဲ့သည့်နှစ်များတစ်လျှောက်လုံး သူက ကောင်းကင်ဘုံ၏အခြေအနေကို တစ်ရက်မပျက် လေ့လာနေခဲ့သည်။ သို့သော် ကောင်းကင်ဘုံသည် တိတ်ဆိတ်နေခဲ့ပြီး မည်သည့်အပြောင်းအလဲမှ မရှိခဲ့ပေ။

ကမ္ဘာဟောင်း၏သွေးပင်လယ်ကြီးကတော့ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။ ဧကရာဇ်ရှီးဟယ် မယုံကြည်နိုင်စွာဖြင့် မိုးကောင်းကင်တာအိုတန်ခိုးစွမ်းအားကိုထုတ်လွှတ်ပြီး စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့သည့်တိုင် ကောင်းကင်ဘုံတွင် မည်သည့်အရာမှ မရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

***

ထိုသို့ဖြင့် ဘေးအန္တရယ်ကပ်ဆိုးကြီး ပြီးဆုံးသွားခဲ့သည်မှာ နှစ်ပေါင်း (၃၀၀) ကြာမြင့်သွားခဲ့သည်။

ယနေ့တော့ ကောင်းကင်ဘုံတွင် လေပြေညင်းများ ဖြည်းညင်းစွာ တိုက်ခတ်လာသည်။ ကောင်းကင်ဘုံတွင် ရှေးဟောင်းဧကရာဇ်နန်းတော်အနည်းငယ်ရှိပြီး အနိမ့်ပိုင်းနန်းတော်အနောက်ဘက်တွင် များပြားလှသည့် မြေပုံမို့မို့များ ရှိနေသည်။ ထိုမြေပုံများတည်ရှိရာနေရာ၏ တောင်ကုန်းငယ်တစ်ခုထက်တွင် ဓားကျိုးတစ်လက် ထိုးစိုက်ထား၏။

ထိုနေရာက သင်္ချိုင်းမြေတစ်ခုဖြစ်ကြေင်း လူအတော်များများ သိရှိကြသည်။ ကမ္ဘဟောင်း၏အန္တရယ်ကို ခံစစ်စည်းဖြင့် နောက်ဆုံးအချိန်ထိ ကာကွယ်သွားကြသူများ အသက်စွန့်သွားခဲ့သည့် နေရာဖြစ်သည်။

ယနေ့တော့ ထိုသချုႋင်းမြေထက်တွင် လေပြေတစ်ချက် တိုက်ခတ်လာသည်။ ဓားကြိုးတည်ရှိရာ တောင်ကုန်းထက်တွင် နံ့သာပေါင်းမီးရှို့ထားသည့် အိုးတစ်လုံးထွက်ပေါ်လာပြီး အခြားသော မြေပုံမို့မို့များအားလုံးထက်တွင် အမွှေးတိုင်တစ်တိုင်စီး ထိုးစိုက်ထားသည်ကို တွေ့ရသည်။

နံ့သာပေါင်းအခိုးအငွေ့များသည် လေပြေနှင့်အတူ လွင့်မျောလျှက် ရှိသည်။

ထိုအချိန်…

သချုႋင်းမြေဆီသို့ ဧကရာဇ်ရှီးဟယ် ရောက်ရှိလာသည်။

သူက မြေပုံများထက်တွင် ထွန်းညှိထားသည့် အမွှေးတိုင်များကို အံ့သြတကြီးဖြင့် ကြည့်နေသည်။

“ဒါ ဘယ်တုန်းက ဖြစ်သွားတာလဲ ၊ သတိတောင် မထားမိဘူး”

ခဏအကြာတွင် ဧကရာဇ်ရှီးဟယ် စိတ်သက်သာရာရစွာဖြင့် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။ တိုက်ပွဲတွင် အောင်မြင်မှုရသည့်အခါ ရှေးဟောင်းဧကရာဇ်နန်းတော်မှ ပေးဆပ်ခဲ့သူများအားလုံးအတွက် နံ့သာပေါင်းပူဇော်ပေးမည်ဟု ကတိပေးခဲ့သူတစ်ယောက် ရှိခဲ့သည်။

“ကြည့်ရတာ ကမ္ဘာဟောင်းရဲ့ ဘေးအန္တရယ်ကို ထပ်ပြီး စိုးရိမ်ပူပန်နေစရာ မလိုတော့ဘူးပဲ”

ထိုသို့ရေရွတ်ပြီးသည်နှင့် ဧကရာဇ်ရှီးဟယ် နေရာမှာပင် ပျောက်ကွယ်သွားသည်။

***

တောင်ခြေသေရည်ဆိုင်။

ဟုန်ယာက ယန်ရှီးယွင်အတွက် မြေပဲများပေးလိုက်ရင်း…

“တကယ်လို့ ခွန်လွန်တောင်ကိုသွားဖို့ တခြားနည်းလမ်းမရှိရင် ငါ လိုက်ပို့ပေးမယ်လေ”

ယန်ရှီးယွင်က ခေါင်းမာစွာဖြင့်…

“မဟုတ်ဘူး ၊ ကျွန်မကိုယ်တိုင်ပဲ သွားချင်တယ်”

ထိုစဉ် လူငယ်နှင့် အဋ္ဌမမင်းသား ရန်ဖြစ်နေသည့်အသံကို ကြားလိုက်ရသည်။

လူငယ်က…

“ကျွန်တော်နဲ့ ဟုန်ယာ မွေးလာတဲ့ကလေးက ခင်ဗျားကို ဘာလို့ ဦးလေးလို့ ခေါ်ရမှာလဲ”

အဋ္ဌမမင်းသားက…

“မင်းက ကျုပ်ကို အစ်ကိုကြီးလို့ခေါ်မှတော့ မင်းရဲ့ကလေးက ကျုပ်ကိ ဦးလေးလို့ခေါ်တာ မှားသလား”

လူငယ်က…

“ဘယ်တုန်းက ကျွန်တော်က ခင်ဗျားကို အစ်ကိုကြီး ခေါ်ဖူးလို့လဲ”

သူတို့၏စကားများကို ကြားလိုက်သည်နှင့် ယန်ရှီးယွင်က ဟုန်ယာ၏ဗိုက်ကိုလှမ်းကြည့်လိုက်သည်။

ဟုန်ယာက…

“မဟုတ်ဘူး ၊ ငါ ဘာမှမဖြစ်ဘူး ၊ သူတို့ လျှောက်ပြောနေတာ”

အဋ္ဌမမင်းသားနှင့် လူငယ်တို့က ထိုအတိုင်းပင် အလုပ်မရှိအလုပ်ရှာ ငြင်းခုန်နေကြခြင်း ဖြစ်သည်။

ယန်ရှီးယွင်ကလည်း အနည်းငယ် စိတ်ဝင်စားသွားပြီး…

“ဒါဖြင့် မင်းမှာ ကလေးရှိလာရင် ကျွန်မကိုရော ဘယ်လိုခေါ်မှာလဲ”

ဟုန်ယာ : “……”

ဒီလူတွေက ဒီအကြေင်းကိုပဲ ဘာလို့ စိတ်ဝင်စားနေကြတာလဲ။

အမှန်တော့ သူမကလည်း သေရည်ဆိုင်မှလူများနှင့် ရင်းနှီးလာပြီ ဖြစ်သလို လူငယ်လေးနှင့် လက်ထပ်ပြီးလျှင်လည်း သားသမီးလေးများရရှိရန် စိတ်ကူးထားသည်။ သို့သော် သူမက ငယ်ရွယ်သည့်အတွက် မိခင်ကောင်းတစ်ယောက် ဖြစ်မလာမည်ကိုလည်း စိတ်ပူနေမိသည်။

လောလောဆယ်မှာတော့ သူမနှင့် လူငယ်လေးက မည်သည့်အမှားအယွင်းမှ မဖြစ်သေးရာ ကလေးရရန် မဖြစ်နိုင်သေးပေ။

ထိုအချိန်…

“ဟူး”

လေပြေတစ်ချက်တိုက်ခတ်လာသည်။

ယန်ရှီးယွင်လက်ထဲတွင်ကိုင်ထားသည့် မြေပဲများ မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။ ဟုန်ယာက သူမကို ကြည့်လိုက်သည့်အခါ ထိတ်လန့်တုန်လှုပ်သည့်မျက်ဝန်းများဖြင့် သေရည်ဆိုင်တံခါးဝသို့ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဟုန်ယာသည်လည်း သေရည်ဆိုင်တံခါးဝသို့ လှမ်းကြည့်လိုက်၏။ ထို့အတူ လုန်မန်နှင့် လူငယ်လေးတို့သည်လည်း လှမ်းကြည့်လိုက်ကြသည်။

လူတိုင်းအံ့အားသင့်သွားပြီး သူတို့အားလုံး မျက်ဝန်းများတွင် မျက်ရည်များဝဲလာကြသည်။

တံခါးဝတွင်ရပ်နေသူ စကားစမပြောခင်မှာပင် လူငယ်က အရင်ဆုံး စကားစပြောလိုက်သည်။

“အကောင်းစားသေရည်ရှိတယ် အစ်ကိုကြီး ၊ ကျွန်တော် ပြင်ဆင်ထားပြီးသား”

လူငယ်လေးက နေ့တိုင်း အကောင်းစားသေရည်တစ်အိုး အဆင်သင့်ပြင်ဆင်ထားပြီး ထိုသူလာရောက်ဝယ်ယူချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ နောက်ဆုံးတော့ သူ စောင့်မျှော်နေသူ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

ထို့နောက် လေက ခွန်လွန်တောင်ရှိရာသို့ ဆက်လက်တိုက်ခတ်သွားလေသည်။

***

လူသားအင်မော်တယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော မြောင်ယွဲ့က နဝမတောင်ထွတ်သို့ ရောက်ရှိလာသည်။ ယခု သူမက နဝမတောင်ထွတ်သို့လာလျှင် မျက်နှာထက်တွင် ပုဝါဖုံးအုပ်ထားခြင်း မရှိတော့ပေ။

“ဂိုဏ်းတူအစ်ကို…”

မြောင်ယွဲ့က ပြုံးရယ်နှုတ်ဆက်စကားဆိုရင်း မော့ကျန်းသုန့်အနားသို့ ပျံသန်းဆင်းသက်လာသည်။

ယနေ့ မော့ကျန်းသုန့်က ထူးဆန်းနေ၏။ သူက ရွှင်ရွှင်ပျပျဖြင့် သေရည်သောက်နေလေသည်။

မြောင်ယွဲ့က အံ့အားသင့်စွာဖြင့်…

“အာ… ဂိုဏ်းတူအစ်ကို သေရည်သောက်နေတာလား… ၊ ကျန်းလန် လက်ဆောင်ပေးတဲ့ သေရည်လား”

မော့ကျန်းသုန့်က မြောင်ယွဲ့ကိုကြည့်ကာ ရယ်မောလိုက်သည်။

မြောင်ယွဲ့က…

“ဒါဖြင့်… ကျန်းလန် ပြန်လာပြီဆိုတော့ ခွန်လွန်တောင်မှာ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲတစ်ခု ကျင်းပလို့ရပြီပေါ့နော်”

သူမက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး အပြုံးပါးပါးလေးတစ်ချက်ပြုံးသည်။ ကြီးကျယ်ခမ်းနားသည့် မင်္ဂလာပွဲဆိုသည်မှာ သူမနှင့် မော့ကျန်းသုန့်၏ မင်္ဂလာပွဲပင်ဖြစ်သည်။

ခွန်လွန်ဗလာနယ်ထဲမှ ထွက်လာပြီးနောက်ပိုင်း သူမက နဝမတောင်ထွတ်တွင် အချိန်ကြာမြင့်စွာ လာရောက်နေထိုင်တတ်သည်။ သို့သော် မော့ကျန်းသုန့်က မင်္ဂလာပွဲအကြောင်း မပြောခဲ့သလို သူမကလည်း မေးမြန်းခဲ့ခြင်း မရှိပေ။

တပည့်ဖြစ်သူ ပြန်မလာမချင်း မော့ကျန်းသုန့်က မင်္ဂလာပွဲကျင်းပလိုခြင်း မရှိကြောင်းကို မြောင်ယွဲ့ ရိပ်မိလေသည်။

မော့ကျန်းသုန့် ခေါင်းညိတ်လိုက်သည်။

“အင်း… ဒါပေါ့”

မြောင်ယွဲ့က ပြုံးလိုက်ရင်း…

“ဒါဖြင့် ဂိုဏ်းတူအစ်ကိုက ကျွန်မနဲ့အတူ ဂိုဏ်းတူအစ် ဂိုဏ်းတူအစ်မချန်ရှီကို လိုက်တွေ့ပေးဦးနော် ၊ မင်္ဂလာရက် ရွေးရအောင်လေ ၊ သူလည်း အခု ခွန်လွန်ဗလာနယ်ကနေ ပြန်ရောက်လာပြီ ၊ ပြီးတော့ ကျွန်မရဲ့ မင်္ဂလာဝတ်စုံပြင်ဆင်ပေးဖို့ ဂိုဏ်းတူညီမလေးကျူးချင်ကိုလည်း အကူအညီတောင်းရဦးမယ်”

မော့ကျန်းသုန့်က တည်ကြည်လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်ရင်း…

“အင်း… ကျုပ်တို့မင်္ဂလာပွဲမှာ သက်သေလုပ်ပေးဖို့ ဂိုဏ်းချုပ်ကိုလည်း အကူအညီတောင်းရဦးမယ်”

အရာရာက ရေကန်အသင့် ကြာအသင့် ဖြစ်လေသည်။

လေပြေလေးက မက်မွန်တောအုပ်လေးကို ဖြတ်သန်းတိုက်ခတ်လာသည်။

လုန်ယွိကတော့ ပန်းခင်းအလယ်တွင် မြက်ပင်ပေါင်းပင်များကို သန့်ရှင်းရေးလုပ်နေသည်။ သူမ၏ ဖြူစင်ချောမွေ့သောလက်ချောင်းလေးများတွင် ရွှံ့များပေကျံလျှက်ရှိပြီး အင်္ကျီထောင့်စွန့်များသည်လည်း ညစ်ပေလျှက်ရှိသည်။

လေပြေ တိုက်ခတ်လာသည့်အခါ သူမ တစ်စုံတစ်ခုကို ခံစားမိပြီး ခေါင်းမော့ကြည့်လိုက်သည်။

လုန်ယွိ နေရာတွင်ပင် အေးခဲသွားပြီး လှပသည့်မျက်ဝန်းအစုံက ဝိုင်းစက်ပြူးကျယ်သွားသည်။ ထို့နောက် သူမ မျက်ဝန်းထောင့်မှ မျက်ရည်များကျလာသည်။

သူမက မျက်ရည်များကို လက်ဖြင့်အသာသုတ်လိုက်ပြီး ပြုံးရယ်လိုက်သည်။

“ယောကျ်ား ၊ ပြန်လာတာ ကြိုဆိုပါတယ်”

ကျန်းလန်သည်လည်း လုန်ယွိကိုကြည့်ရင်း ပြုံးပြလိုက်သည်။

“ကိုယ် ပြန်လာပြီ”

ကောင်းကင်ဘုံကို ကျော်လွန်ထွက်ခွာသွားသည့် ကျန်းလန်သည် နှစ်ပေါင်း (၃၀၃)နှစ်အကြာတွင် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကျန်းလန် အသက်ရှင်လျှက် ပြန်ရောက်လာခဲ့သည်။ သူက အန္တရယ်များကို ရှင်းလင်းပြီးသည်နှင့် တန်ခိုးစွမ်အားအကုန်လုံး အသုံးပြုကာ အမြန်ဆုံး ပြန်လာခဲ့ခြင်း ဖြစ်သည်။

***

ထိုသို့ဖြင့် အချိန် (၁၁)နှစ်ကြာသွားခဲ့သည်။

ကျန်းလန်သည် ခြံဝင်းရှေ့တွင် မတ်တတ်ရပ်လျှက်ရှိသည်။ သူ့ပုံစံက ငြိမ်သက်နေသော်လည်း သူ့စိတ်များကတော့ ဂဏာမငြိမ်ဖြစ်နေ၏။

အဋ္ဌမမင်းသားတို့အုပ်စုသည်လည်း ခြံဝင်းထဲသို့ ရောက်နေကြသည်။

သေမျိုးလူသားလောကတွင် ရရှိခဲ့သည့်အတွေ့အကြုံများဖြင့် လုန်ယွိသည် တဖြည်းဖြည်း လူသားတစ်ယောက်နှင့် ပိုတူလာသည်။ နောက်ဆုံးတွင် သူမသည် ညဘက် ကျန်းလန်နှင့် ချစ်ကျွမ်းဝင်ချိန်များတွင် နဂါးတစ်ဝက်အသွင် မပြောင်းလဲတော့ဘဲ လူသားတစ်ယောက်အသွင် ထိန်းချုပ်လာနိုင်သည်။

အချိန် (၁၀)နှစ်ကျော် ကြိုးစားအားထုတ်ခဲ့ကြပြီးနောက် နောက်ဆုံးတော့ လုန်ယွိ ကလေးတစ်ယောက် မွေးဖွားရန် အချိန်ကျရောက်ခဲ့ပြီ ဖြစ်သည်။

ကျန်းလန်လည်း စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။ ကလေးက လူသားတစ်ယောက်လိုမွေးဖွားလာမလား ၊ နဂါးမျိုးနွယ်လို ဥခွံဖြင့်မွေးလာမလား မသေချာပေ။

အဋ္ဌမမင်းသားကလည်း စိတ်လှုပ်ရှားနေဟန် ရှိသည်။

“ကျုပ်တော့ ဦးလေးဖြစ်တော့မယ် ၊ ကလေးအတွက် ကျုပ်ရဲ့ ဥခွံကို လက်ဆောင်ပေးဖို့ အဆင်သင့်ပြင်ထားတယ်”

လူငယ်လေးကလည်း စိတ်လှုပ်ရှားနေဟန်ဖြင့်…

“ကျွန်တော်လည်း ဦးလေးတစ်ယောက်ပဲဆိုတော့ ကလေးအတွက် အကောင်းစားသေရည်တွေ ပြင်ဆင်ထားတယ်”

“မင်း…”

“နဂါးစုတ် ၊ ကျုပ်နဲ့ ဟုန်ယာလည်း လက်ထပ်တော့မှာ ၊ လက်ထပ်ပြီးရင် ကလေးရတော့မယ် ၊ ခင်ဗျားမှာ ကျုပ်တို့လို စော်ရှိလား ပြော”

ကျန်းလန်ကတော့ သူတို့ ငြင်းခုန်နေကြသည်ကို အရေးမစိုက်ဘဲ ဘေးနားတွင်သာ မတ်တတ်ရပ်နေသည်။

အမှန်တော့ အဋ္ဌမမင်းသားသည်လည်း တစ်ယေက်တည်း မဟုတ်နိုင်တော့ပေ။ ရှောင်ယွိက သူ့ကို မိန်းမပေးစားရန် စီစဉ်နေပြီ ဖြစ်သည်။

ယခုအချိန်တွင် ရှောင်ယွိက လောကကြီးကို ကယ်တင်ခဲ့သော ကောင်းကင်ဘုံအရှင်၏ ဇနီးဖြစ်လေရာ သူမကို အားလုံးက မျက်နှာသာပေးကြသည်။ ထို့ကြောင့် နဂါးမျိုးနွယ်များနှင့် ချီလင်မျိုးနွယ်များသည်လည်း မျက်နှာသာပေးမည်ဟု မျှော်လင့်သည်။

ကျန်းလန်ကတော့ သူ့ဘေးနားရပ်နေသည့် အဋ္ဌမမင်းသားအတွက် သက်ပြင်းချမိသည်။

မာနကြီးပြီး အကောင်းအဆိုးမသိသည့် ရှောင်ယွိကတော့ လုန်မန်နှင့် ယန်ရှီးယွင်တို့ လက်ထပ်သည်မှာ မှန်ကန်သည်ဟု ယူဆထားသည်။

ထို့နောက် ကျန်းလန် အိမ်ထဲသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

အဘယ့်ကြောင့် ဤမျှနှေးကွေးနေရပါသနည်း။ ဒီနဂါးမလေးက သူ့ကို ရည်ရွယ်ချက်ရှိရှိ နှိပ်စက်နေလေသလား။

လုန်ယွိကလေးမွေးပြီး နောက်ထပ်နှစ်အနည်းငယ်ဆိုလျှင် ဆရာဖြစ်သူလည်း မင်္ဂလာဆောင်တော့မည် ဖြစ်သည်။ ထိုမင်္ဂလာပွဲက ကျန်းလန်နှင့် လုန်ယွိ၏ မင်္ဂလာပွဲကဲ့သို့ပင် ခွန်လွန်တောင်တွင် အခမ်းနားဆုံး မင်္ဂလာပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။

ငရဲတံခါးက သူ့နေရာသူ ရှိနေဆဲ ဖြစ်သော်လည်း အရင်ကလို စောင့်ကြည့်ရန် မလိုအပ်တော့ပေ။

လွန်ခဲ့သည့်နှစ်အနည်းငယ်က ဧကရာဇ်ရှီးဟယ်က ကမ္ဘာမြေတစ်နေရာတွင် မရဏလောကအတွက် ဝင်ပေါက်ထွက်ပေါက်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပြီး မရဏလောကကိုလည်း အဆင်ပြေစွာ တိုးတက်လာစေခဲ့သည်။

ခေတ်သစ်တစ်ခု စတင်ခဲ့ပြီး သူတော်စင်များလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်ဖြစ်လေရာ မရဏလောကသားများသည်လည်း မည်သူ့ကိုမှအနှောက်အယှက်မပေးရဲဘဲ ငြိမ်သက်လျှက် ရှိကြ၏။

အနာဂတ်က မည်သို့ရှိမည်ကို မသိသော်လည်း ကျန်းလန်ကတော့ နဝမတောင်ထွတ်တွင်သာ အခြေချနေထိုင်လိုသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က ဆရာဖြစ်သူက သူ့ကို နဝမတောင်ထွတ်၏ တောင်သခင်ရာထူးကို ပေးအပ်ခဲ့သည်။ မော့ကျန်းသုန့်ကတော့ မြောင်ယွဲ့နှင့်လက်ထပ်ပြီး အနားယူတော့မည် ဖြစ်သည်။

ခဏအကြာတွင်…

ကျူးချင်အိမ်ထဲမှထွက်လာပြီး ကျန်းလန်ကို ခေါ်လိုက်သည်။

ကျန်းလန် : “……”

ကျူးချင်၏မျက်နှာကိုတွေ့လိုက်သည်နှင့် တစ်ခုခုလွဲနေသလို ကျန်းလန် ခံစားရသည်။

သူ အခန်းထဲဝင်သွားသည့်အခါ ကုတင်ခေါင်းရင်းကိုမှီရင်း လက်နှစ်ဖက်ဖြင့် သားရဲဥတစ်လုံးကိုကိုင်ကာ ကူရာကယ်ရယမဲ့စွာဖြင့် ငေးစိုက်ကြည့်နေသည့် လုန်ယွိကို တွေ့လိုက်ရသည်။

နောက်ထပ် ဥတစ်လုံး ထပ်မွေးရဦးမည်လား…။

ကျန်းလန်ရင်ထဲ မအီမလည်ဖြစ်သွားလေတော့၏။

All Chapters